The Importance of Mental Health Awareness
Unicode
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအသိအမြင်၏ အရေးပါမှု

စိတ်ရောဂါဟာ အရွယ်ရောက်ပြီးသူ ဦးရေ၏ ၁၉%၊ ဆယ်ကျော်သက် ၄၆% နှင့်ကလေး ၁၃% ကို သက်ရောက်မှုရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ခံစားရုန်းကန်နေရတဲ့ လူတွေဟာ သင့်မိသားစုထဲမှာလည်း ရှိနိုင်တယ်၊ အိမ်နီးချင်းတွေထဲမှာလည်း ရှိနိုင်တယ်၊ သင့်ကလေးတွေကို သင်ကြားပေးနေတဲ့ လူတွေထဲမှာလည်း ရှိနိုင်တယ်၊ သင့်ရဲ့အလုပ်က ကပ်လျက်အခန်းမှာ အလုပ်လုပ်နေတဲ့ လူတွေထဲမှာလည်း ရှိနိုင်တယ်၊ သင်နဲ့ ဘုရားကျောင်းအတူတူတက်တဲ့ အဖော်တွေထဲမှာလည်း ရှိနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ခံစားနေရတဲ့သူတွေ ဒီလောက်များနေပေမယ့် အနည်းငယ်သာ ကုသမှုခံယူကြတာကို တွေ့ရပါတယ်။ အများအားဖြင့် စိတ်ကျန်းမာရေးနှင့် ဆက်နွယ်တဲ့ အမည်းစက်ကို ကြောက်ရွံ့ကြတာကြောင့်ဖြစ်ပါတယ်။ စိတ်ရောဂါခံစားနေရပေမယ့် မကုသပဲနေမယ်ဆိုရင် ကျန်းမာရေးကုန်ကျစရိတ် ပိုမိုမြင့်မားစေခြင်း၊ ကျောင်းနှင့်အလုပ်ခွင်မှာ စွမ်းဆောင်ရည်နိမ့်ခြင်း၊ အလုပ်အခွင့်အလမ်း နည်းပါးခြင်း၊ အဆိုးဆုံးအနေနဲ့တော့ မိမိကိုယ်ကို အဆုံးစီရင်နိုင်တဲ့ အန္တရာယ်ပိုများနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
စိတ်ရောဂါဆိုတာ ဘာလဲ

စိတ်ရောဂါလို့ ပြောလိုက်တာနဲ့ ရူးနေတာ စိတ်နောက်နေတာ အဲတာတွေကိုချည်း ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ရောဂါဆိုသည်မှာ စဉ်းစားတွေးခေါ်မှု၊ အပြုအမူ၊ စွမ်းအင် (သို့) စိတ်ခံစားမှုများတွင် အနှောက်အယှက်ဖြစ်စေတဲ့ ဦးဏှောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုဖြစ်ပြီး သာမန်ဘဝလိုအပ်ချက်တွေကို ဖြေရှင်းရ ခက်ခဲစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဒီလို စိတ်ရောဂါခံစားရနိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ မျိုးရိုးဗီဇ၊ ဦးဏှောက်ဖွဲ့စည်းတည်ဆောက်ပုံ၊ စိတ်ဒဏ်ရာရဖူးခြင်း ဒါမှမဟုတ် နှလုံးရောဂါလိုမျိုး အခြားကျန်းမာရေးအခြေအနေများစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အတွေ့ရများတဲ့ စိတ်ကျန်းမာရေးအခြေအနေနှစ်မျိုးမှာ
စိုးရိမ်ပူပန်မှုရောဂါများ -

နှစ်စဉ်အရွယ်ရောက်သူ ၁၈ ရာခိုင်နှုန်းကျော်ဟာ စိုးရိမ်ပူပန်မှုများလွန်းတဲ့ စိတ်ရောဂါအမျိုးမျိုးကို ခံစားနေရပါတယ်။ စိတ်ဒဏ်ရာကြောင့် ဖြစ်တဲ့စိတ်ဖိစီးမှုရောဂါ ( Post-traumatic stress disorder PTSD )၊ အစွဲအလမ်းကြီးမှုစိတ်ရောဂါ ( Obsessive - compulsive disorder OCD )၊ ယေဘုယျတွေ့ရတတ်တဲ့ စိုးရိမ်မှုလွန်ကဲစိတ်ရောဂါ၊ ထူးခြားတဲ့ အကြောက်လွန်ရောဂါတို့ပဲ ဖြစ်ပါတယ်။
စိတ်ခံစားမှုဖရိုဖရဲဖြစ်တဲ့ဝေဒနာများ -

စိတ်ဓာတ်ကျခြင်းနှင့် စိတ်ကြွစိတ်ကျရောဂါ ( Bipolar ) ကဲ့သို့သော စိတ်ခံစားမှု ဖရိုဖရဲဖြစ်တဲ့ ဝေဒနာများဟာ နှစ်စဉ် အရွယ်ရောက်ပြီး လူကြီးတွေရဲ့ ၁၀% နီးပါးကို အကျိုးသက်ရောက်စေနိုင်ပြီး လူတစ်ဦးရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ရာမှာ အခက်အခဲရှိတဲ့ လက္ခဏာရပ်တွေအဖြစ် တွေ့ရှိရတတ်ပါတယ်။
ဘယ်လို အကူအညီပေးနိုင်မလဲ

လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စိတ်ရောဂါနဲ့ ပတ်သတ်တဲ့ ယေဘုယျအမြင် တိုးတက်လာပေမယ့်လည်း လေ့လာမှုများအရ ကျန်းမာရေးအသိနည်းမှုများကြောင့် စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အရိပ်မည်းက အားကောင်းနေဆဲပဲ ဖြစ်ပါတယ်။ လူတွေဟာ ကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ရောဂါတွေနဲ့ နှိုင်းယှဉ်ရင် စိတ်ကျန်းမာရေး အခြေအနေတွေအပေါ်မှာ မကောင်းတဲ့ အမြင်သာ အားကောင်းနေဆဲပါပဲ။
အရိပ်မည်းရဲ့ သက်ရောက်မှုဟာ ကုသမှုခံယူလိုသူ အရေအတွက်အပေါ်သာမကပဲ သင့်လျော်တဲ့ ကုသမှုအတွက်ရရှိနိုင်တဲ့ အရင်းအမြစ်များ ( ဥပမာ - မိသားစု၊ ပတ်ဝန်းကျင်စသဖြင့် ) ကိုပါ သက်ရောက်မှုရှိပါတယ်။ စိတ်ရောဂါနဲ့ ပတ်သတ်တဲ့ သတင်းအမှားများနဲ့ အရိပ်မည်းများက စိတ်ကျန်းမာရေး အခြေအနေကို ခံစားရုန်းကန်နေရသူအတွက် ကြီးမားတဲ့ အတားအဆီးများပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ ကူညီလုပ်ပေးနိုင်တဲ့ အားကောင်းတဲ့အရာများ

- စိတ်ကျန်းမာရေးကို ခံစားနေရတဲ့ လူတစ်ဦးချင်းစီအား လေးစားမှုနဲ့ လက်ခံမှုကို ပြသခြင်းဟာ သူတို့ရဲ့ ရောဂါကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကြုံတွေ့ရနိုင်တဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်စေပါတယ်။ ထူးခြားတဲ့ ရောဂါသည်တစ်ဦးအဖြစ် မမြင်မဆက်ဆံပဲ သာမန်လူတစ်ယောက်လိုပဲ ဆက်ဆံပေး အလေးထားပေးခြင်းဟာ စိတ်ကျန်းမာရေးကို ခံစားရုန်းကန်နေရတဲ့ လူတစ်ယောက်အတွက် အင်မတန်ကြီးမားတဲ့ အကူအညီဖြစ်စေပါတယ်။
- အသိုင်းအဝိုင်းတစ်ခုခုရဲ့ ဩဇာလွှမ်းမိုးမှုအတွင်းမှာ ( ဥပမာ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ အလုပ်နေရာ စသဖြင့် ) စိတ်ကျန်းမာရေး ခံစားနေရတဲ့လူတွေကို သာမန်လူတွေအတိုင်း ထောက်ခံပေးခြင်းဟာ သူတို့အတွက် တန်းတူအခွင့်အရေးရနိုင်ဖို့ သေချာစေပါတယ်။
- စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပိုမိုလေ့လာခြင်းဟာ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများမှာ စိတ်ကျန်းမာရေး ခံစားထိခိုက်နစ်နာသူများအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
Zawgyi
စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအသိအျမင္၏ အေရးပါမႈ

စိတ္ေရာဂါဟာ အ႐ြယ္ေရာက္ၿပီးသူ ဦးေရ၏ ၁၉%၊ ဆယ္ေက်ာ္သက္ ၄၆% ႏွင့္ကေလး ၁၃% ကို သက္ေရာက္မႈရွိပါတယ္။ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ခံစား႐ုန္းကန္ေနရတဲ့ လူေတြဟာ သင့္မိသားစုထဲမွာလည္း ရွိနိုင္တယ္၊ အိမ္နီးခ်င္းေတြထဲမွာလည္း ရွိနိုင္တယ္၊ သင့္ကေလးေတြကို သင္ၾကားေပးေနတဲ့ လူေတြထဲမွာလည္း ရွိနိုင္တယ္၊ သင့္ရဲ႕အလုပ္က ကပ္လ်က္အခန္းမွာ အလုပ္လုပ္ေနတဲ့ လူေတြထဲမွာလည္း ရွိနိုင္တယ္၊ သင္နဲ႕ ဘုရားေက်ာင္းအတူတူတက္တဲ့ အေဖာ္ေတြထဲမွာလည္း ရွိနိုင္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ခံစားေနရတဲ့သူေတြ ဒီေလာက္မ်ားေနေပမယ့္ အနည္းငယ္သာ ကုသမႈခံယူၾကတာကို ေတြ႕ရပါတယ္။ အမ်ားအားျဖင့္ စိတ္က်န္းမာေရးႏွင့္ ဆက္ႏြယ္တဲ့ အမည္းစက္ကို ေၾကာက္႐ြံ႕ၾကတာေၾကာင့္ျဖစ္ပါတယ္။ စိတ္ေရာဂါခံစားေနရေပမယ့္ မကုသပဲေနမယ္ဆိုရင္ က်န္းမာေရးကုန္က်စရိတ္ ပိုမိုျမင့္မားေစျခင္း၊ ေက်ာင္းႏွင့္အလုပ္ခြင္မွာ စြမ္းေဆာင္ရည္နိမ့္ျခင္း၊ အလုပ္အခြင့္အလမ္း နည္းပါးျခင္း၊ အဆိုးဆုံးအေနနဲ႕ေတာ့ မိမိကိုယ္ကို အဆုံးစီရင္နိုင္တဲ့ အႏၱရာယ္ပိုမ်ားနိုင္ျခင္းေတြ ျဖစ္နိုင္ပါတယ္။
စိတ္ေရာဂါဆိုတာ ဘာလဲ

စိတ္ေရာဂါလို႔ ေျပာလိုက္တာနဲ႕ ႐ူးေနတာ စိတ္ေနာက္ေနတာ အဲတာေတြကိုခ်ည္း ဆိုလိုတာ မဟုတ္ပါဘူး။ စိတ္ေရာဂါဆိုသည္မွာ စဥ္းစားေတြးေခၚမႈ၊ အျပဳအမူ၊ စြမ္းအင္ (သို႔) စိတ္ခံစားမႈမ်ားတြင္ အႏွောက္အယွက္ျဖစ္ေစတဲ့ ဦးေဏွာက္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ နာမက်န္းမႈျဖစ္ၿပီး သာမန္ဘဝလိုအပ္ခ်က္ေတြကို ေျဖရွင္းရ ခက္ခဲေစနိုင္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ဒီလို စိတ္ေရာဂါခံစားရနိုင္တဲ့ အေၾကာင္းအရင္းေတြထဲမွာ မ်ိဳးရိုးဗီဇ၊ ဦးေဏွာက္ဖြဲ႕စည္းတည္ေဆာက္ပုံ၊ စိတ္ဒဏ္ရာရဖူးျခင္း ဒါမွမဟုတ္ ႏွလုံးေရာဂါလိုမ်ိဳး အျခားက်န္းမာေရးအေျခအေနမ်ားစတာေတြေၾကာင့္ ျဖစ္နိုင္ပါတယ္။
အေတြ႕ရမ်ားတဲ့ စိတ္က်န္းမာေရးအေျခအေနႏွစ္မ်ိဳးမွာ -
စိုးရိမ္ပူပန္မႈေရာဂါမ်ား -

ႏွစ္စဥ္အ႐ြယ္ေရာက္သူ ၁၈ ရာခိုင္ႏႈန္းေက်ာ္ဟာ စိုးရိမ္ပူပန္မႈမ်ားလြန္းတဲ့ စိတ္ေရာဂါအမ်ိဳးမ်ိဳးကို ခံစားေနရပါတယ္။ စိတ္ဒဏ္ရာေၾကာင့္ ျဖစ္တဲ့စိတ္ဖိစီးမႈေရာဂါ ( Post-traumatic stress disorder PTSD )၊ အစြဲအလမ္းႀကီးမႈစိတ္ေရာဂါ ( Obsessive - compulsive disorder OCD )၊ ေယဘုယ်ေတြ႕ရတတ္တဲ့ စိုးရိမ္မႈလြန္ကဲစိတ္ေရာဂါ၊ ထူးျခားတဲ့ အေၾကာက္လြန္ေရာဂါတို႔ပဲ ျဖစ္ပါတယ္။
စိတ္ခံစားမႈဖရိုဖရဲျဖစ္တဲ့ေဝဒနာမ်ား -

စိတ္ဓာတ္က်ျခင္းႏွင့္ စိတ္ႂကြစိတ္က်ေရာဂါ ( Bipolar ) ကဲ့သို႔ေသာ စိတ္ခံစားမႈ ဖရိုဖရဲျဖစ္တဲ့ ေဝဒနာမ်ားဟာ ႏွစ္စဥ္ အ႐ြယ္ေရာက္ၿပီး လူႀကီးေတြရဲ႕ ၁၀% နီးပါးကို အက်ိဳးသက္ေရာက္ေစနိုင္ၿပီး လူတစ္ဦးရဲ႕ စိတ္ခံစားမႈကို ထိန္းခ်ဳပ္ရာမွာ အခက္အခဲရွိတဲ့ လကၡဏာရပ္ေတြအျဖစ္ ေတြ႕ရွိရတတ္ပါတယ္။
ဘယ္လို အကူအညီေပးနိုင္မလဲ

လြန္ခဲ့တဲ့ ဆယ္စုႏွစ္မ်ားအတြင္း စိတ္ေရာဂါနဲ႕ ပတ္သတ္တဲ့ ေယဘုယ်အျမင္ တိုးတက္လာေပမယ့္လည္း ေလ့လာမႈမ်ားအရ က်န္းမာေရးအသိနည္းမႈမ်ားေၾကာင့္ စိတ္က်န္းမာေရးနဲ႕ ပတ္သတ္တဲ့ အရိပ္မည္းက အားေကာင္းေနဆဲပဲ ျဖစ္ပါတယ္။ လူေတြဟာ ကင္ဆာ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါစတဲ့ ေရာဂါေတြနဲ႕ ႏွိုင္းယွဥ္ရင္ စိတ္က်န္းမာေရး အေျခအေနေတြအေပၚမွာ မေကာင္းတဲ့ အျမင္သာ အားေကာင္းေနဆဲပါပဲ။
အရိပ္မည္းရဲ႕ သက္ေရာက္မႈဟာ ကုသမႈခံယူလိုသူ အေရအတြက္အေပၚသာမကပဲ သင့္ေလ်ာ္တဲ့ ကုသမႈအတြက္ရရွိနိုင္တဲ့ အရင္းအျမစ္မ်ား ( ဥပမာ - မိသားစု၊ ပတ္ဝန္းက်င္စသျဖင့္ ) ကိုပါ သက္ေရာက္မႈရွိပါတယ္။ စိတ္ေရာဂါနဲ႕ ပတ္သတ္တဲ့ သတင္းအမွားမ်ားနဲ႕ အရိပ္မည္းမ်ားက စိတ္က်န္းမာေရး အေျခအေနကို ခံစား႐ုန္းကန္ေနရသူအတြက္ ႀကီးမားတဲ့ အတားအဆီးမ်ားပဲ ျဖစ္ပါတယ္။
သင့္အေနနဲ႕ ကူညီလုပ္ေပးနိုင္တဲ့ အားေကာင္းတဲ့အရာမ်ား

- စိတ္က်န္းမာေရးကို ခံစားေနရတဲ့ လူတစ္ဦးခ်င္းစီအား ေလးစားမႈနဲ႕ လက္ခံမႈကို ျပသျခင္းဟာ သူတို႔ရဲ႕ ေရာဂါကို ေအာင္ျမင္စြာ ကိုင္တြယ္ေျဖရွင္းတဲ့အခါမွာ ႀကဳံေတြ႕ရနိုင္တဲ့ အတားအဆီးေတြကို ေက်ာ္လႊားနိုင္ေစပါတယ္။ ထူးျခားတဲ့ ေရာဂါသည္တစ္ဦးအျဖစ္ မျမင္မဆက္ဆံပဲ သာမန္လူတစ္ေယာက္လိုပဲ ဆက္ဆံေပး အေလးထားေပးျခင္းဟာ စိတ္က်န္းမာေရးကို ခံစား႐ုန္းကန္ေနရတဲ့ လူတစ္ေယာက္အတြက္ အင္မတန္ႀကီးမားတဲ့ အကူအညီျဖစ္ေစပါတယ္။
- အသိုင္းအဝိုင္းတစ္ခုခုရဲ႕ ဩဇာလႊမ္းမိုးမႈအတြင္းမွာ ( ဥပမာ ဘုရားရွိခိုးေက်ာင္း၊ စာသင္ေက်ာင္း၊ အလုပ္ေနရာ စသျဖင့္ ) စိတ္က်န္းမာေရး ခံစားေနရတဲ့လူေတြကို သာမန္လူေတြအတိုင္း ေထာက္ခံေပးျခင္းဟာ သူတို႔အတြက္ တန္းတူအခြင့္အေရးရနိုင္ဖို႔ ေသခ်ာေစပါတယ္။
- စိတ္က်န္းမာေရးနဲ႕ ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို ပိုမိုေလ့လာျခင္းဟာ မိသားစုမ်ားႏွင့္ လူမႈအသိုင္းအဝိုင္းမ်ားမွာ စိတ္က်န္းမာေရး ခံစားထိခိုက္နစ္နာသူမ်ားအတြက္ အေထာက္အကူျဖစ္ေစနိုင္ပါတယ္။
Comments
Post a Comment