The untold trust of makbang







Mukbang eating show တွေဟာတောင်ကိုရီးယားနိုင်ငံကစတင်ပျံ့နှံ့လာတာဖြစ်ပြီး အခုလို YouTube၊Facebook တို့လို social Media Platform တွေမှာလူသိပ်မသိခင် Afreeca တို့၊Twitch တို့လို streaming platform တွေမှာစတင်ထုတ်လွှင့်ခဲ့ကြတာဖြစ်ပါတယ်။ 



Mukbang video တွေ ပြုလုပ်ပြီးအောင်မြင်မှုရဖို့လွယ်ကူတယ်ထင်ပါသလား 

ဒီလို eating show တွေဟာကျွန်တော်တို့ထင်ထားသလောက်မရိုးရှင်းပါဘူး။ စားတဲ့သူတွေက သူတို့ကို sponsor ပေးမယ့် company တွေနဲ့စာချုပ်ချုပ်ဆိုရပါတယ်။ live streaming လုပ်ပြီးစားပြတာပဲဖြစ်ဖြစ်၊ Prerecorded video တွေတင်ပြီးစားပြတာပဲဖြစ်ဖြစ် စားတဲ့သူက ရှေ့မှာကင်မရာလေးထောင်ပြီးရိုက်လိုက်၊ edit လိုက်၊ တင်လိုက်လုပ်တယ်မထင်ပါနဲ့။ ကျွန်တော်တို့မြင်ရတော့သာ တစ်ယောက်တည်းအစားတွေအများကြီးပြုံးပြုံးလေးနဲ့စားပြတာကိုပဲမြင်တာပါ။ တကယ်တမ်းအဲ့ဒီ video တစ်ခုထွက်လာဖို့ ရုပ်ရှင်ရိုက်သလိုပဲ မီးထိုး/မှန်ထိုး၊ Camera Man၊ မိတ်ကပ်သမား၊ ဇာတ်လမ်း၊ဇာတ်ညွှန်း၊ တည်းဖြတ်သမားစသဖြင့် Team ကြီးတစ်ခုလုံးနဲ့အကုန်ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ပြီး စားတဲ့ video ကိုရှုထောင့်ပေါင်းစုံကရိုက်ပြဖို့ Camera တွေလည်းအများကြီးချိန်ထားရတာပါ။


Mukbanger တွေကတကယ်ပဲအစားအသောက်အများကြီးကိုတစ်ထိုင်တည်းစားတာလား 

စားတဲ့သူလည်းရှိသလို မစားတဲ့သူလည်းရှိပါတယ်။ 
နာမည်ကြီး Mukbang eater တစ်ယောက်ဖြစ်တဲ့ Eat With Boki Channel က Mon-Bok-Hee ဆိုသူဟာ သူ့ video တွေမှာအစားအသောက်တွေကိုဝါးပြီးမြိုချတဲ့ scene မပါလို့ netizen တွေရဲ့ဝေဖန်ရှုတ်ချတာကိုပြင်းထန်စွာခံခဲ့ရဖူးပါတယ်။ တချို့ Mukbanger တွေက အစားအသောက်အများကြီးစားပြနေပေမယ့် ခန္ဓာကိုယ်အလေးချိန်တက်မှာစိုးတဲ့အတွက် ဝါးပြီးထွေးထုတ်ပစ်တာတို့၊ video ရိုက်ပြီးမှ လည်ချောင်းထဲလက်ထိုးအန်တာတို့ပြုလုပ်တတ်ကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့မြင်တွေ့နေရတဲ့ mukbang video တွေဟာ များသောအားဖြင့်အစစ်အမှန်မဟုတ်ပါဘူး။ edit ပေါင်းများစွာလုပ်ပြီးပြုပြင်ထားတာဖြစ်ပါတယ်။ သို့ပေမယ့် အကုန်လုံးကိုတော့မဆိုလိုပါဘူး။ အစားအသောက်တွေကိုတကယ်စားပြပြီး ကျန်တဲ့အချိန်တွေမှာ အားကစားပြင်းထန်စွာလုပ်ကာ ကိုယ်အလေးချိန်ပြန်ထိန်းတဲ့ Mukbang YouTuber တွေလည်းရှိပါတယ်။



Mukbang video ထုတ်လွှင့်ခြင်းကိုတရားမဝင်အဖြစ်တားမြစ်ထားတဲ့နိုင်ငံရှိလား။ 



ရှိပါတယ် China ပါ။ China မှာ TV stations တွေနဲ့ media တွေကနေ ဒီလို eating show တွေလွှင့်ခွင့်၊ဖော်ပြခွင့်မရှိပါဘူး။ တကယ်လို့တရားမဝင်ထုတ်လွှင့်တာကို အစိုးရကမိသွားမယ်ဆိုရင်တော့ ဒဏ်ကြေးအဖြစ် $16,000 ပေးဆောင်ရမှာဖြစ်ပါတယ်။

Mukbang video တွေရိုက်ကူးခြင်းကို ဘယ်လိုအချက်တွေကြောင့်ဝေဖန်သံတွေမြင့်တက်လာတာလဲ

၁။ကျန်းမာရေးထိခိုက်စေတဲ့ eating habits တွေကိုလူထုထဲပျံ့နှံ့စေခြင်း

ဒါကတော့ အထွေအထူးပြောနေစရာမလိုလောက်တော့ပါဘူး။ Mukbang video တွေမှာ များပြားလွန်းတဲ့အစားအသောက်တွေကိုတစ်ထိုင်တည်းစားပြတဲ့အပြင် ၎င်းအစားအသောက်တွေကလည်းများသောအားဖြင့် Junk Food တွေဖြစ်တဲ့ ဟမ်ဘာဂါ၊ အားလူးကြော်၊ ကြက်ကြော်၊ ဆိုဒါပါဝင်တဲ့အအေးတွေ၊ ခေါက်ဆွဲပြုတ်တွေ စသဖြင့်ဖြစ်ပါတယ်။ ကြည့်ရှူမိတဲ့သူတွေအနေနဲ့လည်း Mukbanger တွေစားသလို လိုက်စားကြည့်ချင်လာပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံတွေကြောင့် အဝလွန်ခြင်းနဲ့တခြားရောဂါပေါင်းများစွာကိုဖြစ်ပေါ်စေနိုင်ပါတယ်။


၂။ အစားအသောက်ပြုန်းတီးခြင်း

Mukbang video တွေမှာ လူတစ်ယောက်စာ စားသုံးဖို့အတွက်အလွန်များပြားလှတဲ့ ပမာဏကိုအသုံးပြုပြီး စားသုံးသူတွေကလည်း ဟန်ပြမျှသာစားပြတာဖြစ်ပါတယ်။ ပိုလျှံတဲ့အစားအစာတွေကို အန်ထုတ်ပစ်တာ၊ သွန်ပစ်တာ၊ ထွေးထုတ်တာစသဖြင့်ဖြုန်းတီးပစ်ကြတာဖြစ်လို့ Mukbang စားသုံးခြင်းဟာ ကမ္ဘာ့အစားအသောက်အရင်းအမြစ်တွေကိုဖြုန်းတီးပစ်ရာကျပြီး ငတ်မွတ်ဆင်းရဲနေတဲ့လူသန်းပေါင်းများစွာကိုလှောင်ပြောင်နေရာကျတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။

၃။တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်တဲ့ incident များပါဝင်လာခြင်း


အခုနောက်ပိုင်းမှာ တချို့သော mukbang YouTuber တွေဟာ အစားအသောက်ကိုရိုးရိုးစားပြတာမျိုးမဟုတ်ပဲ sea creatures တွေဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်း၊ရေဘဝဲ၊ကင်းမွန်စတာတွေကို အရှင်လတ်လတ်ရေနွေးအိုးထဲထည့်ပြုတ်ခြင်း၊ မသေမရှင်စားသုံးခြင်း၊ အရှင်လတ်လတ်ဓားနဲ့အပိုင်းပိုင်းခုတ်ထစ်ခြင်းစတဲ့လုပ်ရပ်တွေကို mukbang video တွေမှာထည့်သွင်းရိုက်ပြလာကြပါတယ်။ ဒီလိုရက်စက်တဲ့လုပ်ရပ်တွေဟာ ကြည့်ရှုသူအဖို့လည်းအဆင်မပြေတဲ့အပြင် တိရိစ္ဆာန်လေးတွေကိုညှင်းပန်းနှိပ်စက်နေတာဖြစ်လို့ဝေဖန်သူတွေကပြင်းထန်စွာရှုတ်ချကြပါတယ်။ ဖားအကောင်ပေါင်းများစွာကို အရှင်လတ်လတ်ရေနွေးပွက်ပွက်ဆူထဲထည့်ပြုတ်ပြီးစားပြတဲ့ mukbang YouTuber တွေလည်းရှိပါတယ်။ ဒီလိုမြင်ကွင်းတွေဟာ နှလုံးရောဂါရှိသူတွေနဲ့စိတ်ရောဂါတစ်ခုခုခံစားနေရတဲ့သူတွေအဖို့ လုံးဝ trauma အကြီးကြီးရသွားစေနိုင်တဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဖြစ်တာကြောင့် social media platform တွေမှာထုတ်လွှင့်ခိုင်းဖို့မသင့်တော်ဘူးလို့အပြင်းအထန်ဝေဖန်ကြပါတယ်။

Mukbang ရိုက်ကူးနေစဉ်သေဆုံးသွားသူများ
    



2020 ခုနှစ်၊ June လ 23 ရက်နေ့မှာ Chinese Vlogger တစ်ဦးဟာ သူရဲ့ YouTube Channel မှာ အစားအသောက်များစွာစားသုံးရင်း live streaming လုပ်နေခဲ့ပါတယ်။ အသက်၃၀အရွယ် ထိုအမျိုးသားဟာ စားသုံးနေစဉ်အတွင်း မူးဝေထုံထိုင်းလာကာ သတိလစ်သွားတာကြောင့်ချက်ချင်းပဲ သူ့အမျိုးသမီးကဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။ ၎င်းအဖြစ်အပျက်ဖြစ်ပြီး ၇ရက်အကြာမှာပဲ ထိုအမျိုးသားသည် ဦးနှောက်သွေးယိုစိမ့်မှု၊ သွေးဖိအားအလွန်အမင်းမြင့်တက်မှုနဲ့ သွေးတွင်းအဆီဓာတ်မြင့်တက်မှုတွေကြောင့်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ဒါပထမဦးဆုံးမဟုတ်ပါဘူး။ 2013 ခုနှစ်တုန်းကလည်း တောင်ကိုရီးယားနိုင်ငံသူအမျိုးသမီးတစ်ဦးဟာ ရေဘဝဲကိုအရှင်လတ်လတ်စားသုံးနေစဉ် အသက်ရှူလမ်းကြောင်းပိတ်ပြီး သူမအသံလွှင့်နေစဉ်မှာပဲ သေဆုံးသွားခဲ့ဖူးပါတယ်။ 2019 ခုနှစ်၊ April မှာလည်း Japanese YouTuber တစ်ဦးဟာ အစားအသောက်များကိုတနင့်တပိုး ထိုးသိပ်စားသုံးတာကြောင့် အသက်ရှူကြပ်စားပိုးနင့်ပြီးသေဆုံးသွားတဲ့အဖြစ်အပျက်နဲ့ အလားတူဖြစ်ရပ်ပေါင်းများစွာရှိခဲ့ပါတယ်။

Mukbang eating show တွေကို ဘာကြောင့်လူသန်းပေါင်းများစွာဝင်ကြည့်ကြတာလဲ၊ ဘယ်လိုလူတွေကြည့်ကြတာလဲ။ 






တိုးတက်လာတဲ့လူနေမှုစနစ်တွေအရ လိုအင်တွေဖြည့်ဆည်းဖို့ လူတိုင်းကရုန်းကန်လျက်ရှိကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာဆို အလုပ်လုပ်ရတဲ့အချိန်သိပ်ကိုများလွန်းတဲ့အတွက် လက်ထပ်ပြီးသားတစ်အိမ်ထဲနေကြတဲ့ဇနီးမောင်နှံတွေတောင်တစ်ယောက်နဲ့တစ်ယောက် တစ်ပတ်နေလို့တစ်ခါ မျက်နှာချင်းဆိုင်တွေ့ဖို့ခဲယဉ်းတယ်လို့စစ်တမ်းတွေအရသိရပါတယ်။ ဒီလိုနဲ့လူတွေဟာ တဖြည်းဖြည်းအထီးကျန်လာကြပါတယ်။ ကျန်တဲ့အချိန်တွေအထီးကျန်တာသိပ်မသိသာပေမယ့် ထမင်းစားရတဲ့အချိန်ဆိုရင်တော့ တစ်ယောက်တည်းစားရတဲ့အခါ အလွန်စိတ်ဓာတ်ကျဖွယ်ဖြစ်တာကိုတွေ့ရှိရပါတယ်။ ဒါ့ကြောင့်ပဲ တစ်ယောက်ထဲထမင်းမစားချင်တော့တဲ့လူတွေဟာ virtual world ဖြစ်တဲ့ social media ကနေတစ်ဆင့် ကိုယ်ကြိုက်နှစ်သက်တဲ့ mukbang တင်ဆက်သူတစ်ယောက်ယောက်နဲ့အတူစားသုံးခြင်းဖြင့်အထီးကျန်ခြင်းကိုဖြေဖျောက်တတ်ကြပါတယ်။ အဲ့လိုလူတွေများလာတဲ့အခါ mukbang videos တွေဟာသန်းတဲ့ချီတဲ့ views တွေရရှိလာပြီး mukbang ဖန်တီးသူတွေအနေနဲ့လည်း တစ်နှစ်ကိုဒေါ်လာတစ်သန်းကျော်ထိရရှိလာကြတာဖြစ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာကြတဲ့ စီးပွါးရေးသမားတွေကတော့ mukbanger တွေကို မမျှတတဲ့ sponsorship စာချုပ်တွေချုပ်ဆိုခိုင်းပြီး ရသမျှဝင်ငွေကိုခေါင်းပုံဖြတ်တဲ့လုပ်ရပ်တွေလည်းကျွန်တော်တို့မသိနိုင်တဲ့ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာဖြစ်ပျက်လျက်ရှိပါတယ်။

Comments

  1. ဗိုက်တောင်ဆာလာပြီ

    ReplyDelete
  2. sponsor ရှိတယ်ဆိုတာ သိပေမဲ့လဲ ခေါင်းပုံဖြတ်ပြီး အကျိုးအမြတ်အများကြီး ယူတဲ့ထိတော့ တကယ်မသိဘူး သနားပါတယ်...

    ReplyDelete
  3. မလွယ်ဘူးနော်

    ReplyDelete
  4. Man I was not going to enter this link since I hate this show but really good to see you educating people and pleased .thanks for the article.

    ReplyDelete
  5. ဖတ်ရင်းလှူရေ ဝင်ကြည့်သူရော
    များရဲ့လား
    တင်ပေးတာတွေကတော့ တကယ်ဖတ်လို့ကောင်း ဗဟုသုတရစရာတွေချည်းပါပဲ

    ReplyDelete
  6. ဖတ်ရင်းလှူကိုတကယ်သဘောကျတယ်။ဗဟုသုတလည်းရအလှူလည်းဖြစ်👍🏼

    ReplyDelete
    Replies
    1. ဟုတ်တယ် ကိုကြီး😘

      Delete
  7. ကိုယ်စားသလိုမျိုးလေးပုံစံပဲတင်ဆက်တာကပို‌‌‌ေကာင်းတာကို။ကိုယ်‌ော့မကြ့်ဖြစ်ပါဘူးး

    ReplyDelete
  8. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  9. ဖတ်ရင်းလှူကနေတင်ပေးတဲ့စာတွေကိုတကယ်သဘောကျတယ်။ အကုန်မလွတ်တမ်းဖတ်ဖြစ်တယ်။ အကြောင်းအရာတစ်ခုရဲ့ ကောင်းကျိူးဆိုးကျိူးတွေကို အမြဲ မျှမျှတတတင်ပေးတဲ့အတွက် လူတွေကို awarenessပေးရာရောက်တယ်။ ဆင်ခြင်စရာတွေးစရာလေးတွေရတာပေါ့။
    အရင်က commentမရေးဖြစ်လို့သာ Mayလမှာ ဖတ်ရင်းလှူpageစကတည်းက ဖတ်ဖြစ်ခဲ့တယ်။ အဲ့မှာစပြီး ouo.io linkတွေကိုစထိတွေ့ခဲ့ရတာ ဖတ်ရင်းလှူက လက်ဉီးဆရာဆိုလည်းမမှားဘူး။😊 စာတွေကိုချစ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် "ဖတ်ရင်းလှူ"က ကိုယ့်အတွက် အချိန်ပေးရကျိုးနပ် အားပေးရကျိုးနပ်တဲ့ channelတစ်ခုပါပဲ။ ပြန်လာပေးလို့လည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. ဗဟုသုတ ရစေပါတယ်ရှင့်

    ReplyDelete
  11. ဗိုက်တောင်ဆာတယ်

    ReplyDelete
  12. တကယ် ဗဟုသုတရပါတယ်

    ReplyDelete
  13. နံပတ်၂နဲ့၃ကြောင့်တော်ရုံမကြည့်ဖြစ်ဘူး
    ကြောက်စရာကြီးလို့တောင်ခံစားရတယ်အများကြီးစားပြတော့

    ReplyDelete
  14. အဲ့ show တေကို အစတည်းကမကြိုက်တာ 🤧

    ReplyDelete
  15. အဲဒီshowတွေကို တကယ်မကြိုက်ဘူး,
    ခုလိုသိရတော့ ပိုပြီး မကြည့်ချင်တော့ဘူး, ဗဟုသုတရစေလို့ကျေးဇူးပါ

    ReplyDelete

Post a Comment