Tik Tok နေရာအစားထိုးနိုင်မယ့် Youtube shorts
Tik Tok ကို boycott လုပ်ကြတဲ့အခါ ဘာကိုအစားထိုးသုံးကြမလဲ
မြန်မာနိုင်ငံမှာ China application တွေကို boycott လုပ်ကြတဲ့အခါ နိုင်ငံတွင်း လူသုံးများတဲ့ Tik Tok နေရာမှာ ဘယ် application ကို အစားထိုးသုံးကြမလဲ... Tik Tok လိုမျိုး ကိုယ်ကြိုက်တဲ့သီချင်းထည့်လို့ရ effect တွေအစုံအလင်နဲ့ ဘယ် application ရှိသေးလဲဆိုရင်တော့ YouTube Short ရှိပါတယ်။ ဒါဆို YouTube Short ဆိုတာကရော ဘာလဲ ဘယ်လိုသုံးကြမလဲ?
YouTube မှာပုံမှန်ဆိုရင် ကြော်ငြာတွေအတွက်နဲ့ viewer experience အတွက် အလျားလိုက်ရိုက်ထားတဲ့ Video တွေကိုသာ အများဆုံး အသုံးပြုခဲ့ပါတယ်။ Viewer တွေအနေနဲ့ကလည်း အဲ့ဒီအတိုင်း လက်ခံခဲ့ကြပါတယ် ဒါပေမဲ့ တခြားသော Social Media တွေအတိုင်း YouTube ကလည်းအပြောင်းအလဲတစ်ခုကို 2020 မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
YouTube Short ဆိုတာက 2020 ခုနှစ် September တုန်းက YouTube ကနေမိတ်ဆက်လိုက်တဲ့ Function တစ်ခုပါ။ အတိုဆုံး 15 စက္ကန့်ကနေ အရှည်ဆုံး စက္ကန့် 60 ထိ Video clip တွေ ဖန်တီးလို့ရမဲ့ Function တစ်ခုဖြစ်ပါတယ် ။ စမိတ်ဆက်ကာစက Creator တွေအတွက်သီးသန့်ဖြစ်ပြီး Subscriber 10000 ကျော်ရှိတဲ့ Channel တွေကသာ Short တွေ Create လုပ်နိုင်တာဖြစ်ပေမဲ့ အခု Beta version မှာတော့ လူတိုင်း အသုံးပြုလို့ရနေပါပြီ။
ကိုယ့် Channel မှာ subscriber တွေများလာဖို့ Short လန်းလန်းလေးတွေနဲ့ ဆွဲဆောင်လို့ရပါပြီ။ Short ကို စမိတ်ဆက်ကာစက နာမည်ကြီး Gamer YouTuber Mr.Beast ဟာ Short တွေ Create ပြီး Subscriber အသစ်တွေအများကြီး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ Short clip တွေက Random လာတာဖြစ်တဲ့အတွက် Search Box မှာရိုက်ရှာလို့တော့မရပါဘူး။ Channel ကို ရိုက်ရှာပြီး အဲ့ Channel ကတင်ထားတဲ့ Short ကိုကြည့်မယ်ဆိုရင်တော့ ရပါတယ်။
YouTube Short မှာ နောက်ခံသီချင်းအတွက်တော့ YouTube မှာရှိသမျှ သီချင်းတွေအားလုံးကို ထည့်လို့ရပါတယ်။ Effect တွေလည်းစုံတဲ့အပြင် Watermark ကြီးလည်းမပါပါဘူး။ Video ကို Mobile နဲ့ YouTube application မှာတင် အလွယ်တကူ Creat ပြီး Upload လို့ရပါတယ်။ YouTube ထဲဝင်လိုက်တာနဲ့ Short ထဲဝင်ပြီး Background sound ကိုရွေး Time Duration ရွေးပြီး Creat လုပ်ယုံပါပဲ။ ရိုးရှင်းပါတယ်။ Video resolution ကတော့ Device ရဲ့ Camera နဲ့ Connection speed ပေါ်မူတည်ပြီး ကွာသွားမှာပါ။
Viewer တွေဟာ Short clip တွေကနေတဆင့် သင့်ရဲ့ Channel ကို ဝင်လေ့လာနိုင်ပါတယ်။ သဘောကျရင် subscribe တောင် လုပ်သွားနိုင်တာမလို့ Short Clip function ဟာ သင့်ရဲ့ Channel အတွက် အကျိုးရှိပါတယ်။ ဒါကြောင့်မလို့ အားလုံးတက်ညီလက်ညီ China Application တွေကို Boycott လုပ်ကြပြီး Subscriber များရင်များသလို ဝင်ငွေရလမ်းပါရှိတဲ့ ကိုယ့်ရဲ့ YouTube Channel တွေအတွက် တန်ဖိုးရှိမဲ့ YouTube Short ကို စမ်းသုံးကြည့်လိုက်ရအောင်လို့ တိုက်တွန်းပါရစေ။
Tiktokကို boycottလုပ်ပြီးကတည်းက yt shortကို သုံးနေတာ အရမ်းအဆင်ပြေတယ်🤩
ReplyDeleteဟုတ်ကဲ့ပါ
ReplyDeleteYT shorts is way more better than TikTok.
ReplyDeleteတာဇံတွေကတော့ tt နဲ့ကမျင်းလို့ကောင်းနေကြတုန်း
ReplyDeleteအမှန်ပဲ
DeleteGood
ReplyDeleteဟုတ်တယ်အဲ့တာလေးတေအတော်မိုက်တယ်
ReplyDeletecheer!YTshort.
ReplyDeleteThanks!
ReplyDelete