Tips to grow your Instagram followers
Tips to grow your Instagram followers
2020ခုနစ်မှာ Instagram ကို အသုံးပြုသူအရေအတွက်အဟာ စုစုပေါင်း 1 billion အထိ မြင့်တက်လာခဲ့ပါတယ် ။ Instagram ဟာ အခုဆိုရင် ဒုတိယလူသုံးအများဆုံး Social Media တစ်ခု ဖြစ်လာပြီး ပထမနေရာမှာတော့ 2.8 billion users အရေအတွက်နဲ့ Facebook က ရပ်တည်နေပါတယ် ။ Instagram ဟာ Facebook နဲ့ ကွဲပြားတဲ့ features တစ်ချို့ ပါဝင်သလို Instagram မှာ followersအရေအတွက် များများရဖို့ လည်း ခက်ခဲပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ Instagram account followers များများရဖို့ tips တစ်ချို့ကို ဝေမျှပေးချင်ပါတယ် ။
Tip 1 : အမှန်တကယ် ဂရုစိုက်ခြင်း ( Truly Care )
ကိုယ့်ရဲ့ Instagram accountကို followers အများကြီးနဲ့ grow ဖြစ်စေချင်တယ် ဆိုရင်တော့ ပထမဆုံးအချက်အနေနဲ့ ကိုယ့်ရဲ့ followers တွေကို အမှန်တကယ် ဂရုစိုက်ရမှာဖြစ်ပါတယ် ။ ဒါ့အပြင် 100 % ဆုံးဖြတ်ချက်ခိုင်မာ ဖို့လိုအပ်ပါတယ် ။ ဒီလိုပြောခြင်းက တနေ့တာလုံးကို Instagramမှာ အချိန်ဖြုန်းဖို့ ပြောတာမဟုတ်ပါဘူး ။ ဒါပေမဲ့ အမှန်တကယ်ကို ဆုံးဖြတ်ချက်ခိုင်မာပြီး စိတ်ဝင်စားဖို့လိုအပ်ပါတယ် ။
ကိုယ့်ရဲ့ followers တွေနဲ့ Communicate လုပ်ဖို့ စိတ်ဆန္ဒရှိရပါမယ် ။ စကားစမြည်ပြောဖို့ လည်း လိုအပ်ပါတယ် ။သူတို့ရဲ့ story တွေကို ဝင်ကြည့်ပြီး respond ပြန်လုပ်ပေးသင့်ပါတယ် ။ ဒီလိုလုပ်ခြင်းက ကိုယ့်အတွက် Instagramမှာ အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ် ။
( သင်ကိုယ်တိုင် တစ်ခါမှ မလုပ်ဖူးရင်တော့ အခုဘဲ စမ်းသပ်ကြည့်လိုက်ပါ ! )
Tip 2 : ကိုယ့်ကိုသတိပြုမိစေတဲ့ comments များရေးပါ
အခြားသူတစ်ယောက်ရဲ့ post အောက်မှာ commentရေးခြင်းကလည်း ကိုယ်နဲ့ သူရဲ့ engagementကို တည်ဆောက်တဲ့နေရာမှာ အရမ်းကို အရေးကြီးပါတယ် ။
ယေဘုယျအားဖြင့် ကိုယ်က တစ်စုံတစ်ယောက်ရဲ့ post မှာ comment ရေးလိုက်ရင် ကိုယ်ရေးလိုက်တဲ့ comment ကို reply ပြန်တာမျိုး လုပ်ပါလိမ့်မယ် ။ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်ရဲ့ Profile ကို ဝင်ကြည့်ပြီးတော့ ဓာတ်ပုံ တစ်ပုံ သို့မဟုတ် နှစ်ပုံ ကို like ဝင်ပေးသွားနိုင်ပါတယ် ။
ဒါပေမဲ့ " Great Pic! " ဆိုတဲ့ comment တိုတိုလေးမျိုးဆိုရင်တော့ အကျိုးရှိမှာမဟုတ်ပါဘူး ။ ကိုယ့်ရဲ့ comment မှာ ပိုပြီး သတိပြုမိစေလောက်တဲ့ စကားလုံးမျိုး ထည့်ရေးသင့်ပါတယ် ။
ဒါက ဘာကိုဆိုလိုတာလဲဆိုရင် တစ်စုံတစ်ယောက်ရဲ့ Post မှာ Caption ကို သေသေချာချာ ဖတ်ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင် ကို ဝေမျှတာမျိုး ၊ မေးခွန်းတွေမေးတာမျိုး ဒါမှမဟုတ် ပြည့်ပြည့်စုံစုံနဲ့ မှန်ကန်တဲ့ respond ကို ပေးသင့်ပါတယ် ။
Tip 3 : သက်ဆိုင်တဲ့ accounts တွေကို ပုံမှန် follow လုပ်ပါ
သက်ဆိုင်တဲ့ accounts တွေလို့ ပြောတဲ့အခါမှာ ကိုယ်နဲ့ ပုံစံတူ အမျိုးအစားတူတဲ့ accounts တွေကို ပြောခြင်း ဖြစ်ပါတယ် ။ (ဥပမာ - ကိုယ်က Instagramမှာ Online shop လုပ်တယ်ဆိုရင် အခြား Online shop လုပ်တဲ့ accounts တွေက ကိုယ်နဲ့ ပုံစံတူတဲ့ accounts တွေ ဖြစ်ပါတယ် ။ ကိုယ်က Blogတွေ ရေးတယ်ဆိုရင်လည်း အခြားBlog ရေးတဲ့ accounts တွေကို ရှာကြည့်ပါ ။ )
ကိုယ်နဲ့ ပုံစံတူတဲ့ Profile တွေကို research လုပ်ပြီး ပထမဆုံးအနေနဲ့ သူတို့ရဲ့ followers အရေအတွက်ကို စစ်ဆေးကြည့်ပါ ။ သူတို့ကို follow မလုပ်ခင်မှာ သူတို့ရဲ့ stories တွေကို စစ်ဆေးခြင်း ၊ post တွေ မှာ comment ပေးခြင်းတွေကို အရင်ပြုလုပ်ပြီး engage အရင်လုပ်ပါ ။ ပြီးရင် ပုံအချို့ကို like ပေးပါ ။
Followလုပ်ဖို့ ပုံ ၃ ပုံ လောက်ကိုဘဲ like လုပ်ပြီး account ထဲကနေ ထွက်သွားမယ်ဆိုရင်တော့ ကိုယ့်အတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ပါဘူး ။
Tip 4 : Hashtags (#) အသုံးပြုပါ
ကိုယ့်ရဲ့ stories တွေ posts တွေ တင်တဲ့အခါမှာ Hashtags (#) အသုံးပြုခြင်းက တကယ်ကိုဘဲ အရေးကြီးပါတယ် ။ Online shop ပြုလုပ်တယ် ဆိုရင် Product name Hashtags (#) တွေကို အသုံးပြုပါ ။ (ဥပမာ - #menclothes , #womenclothes ) Brand Hashtags (#) နဲ့ location Hashtags (#) တွေကိုလည်း အသုံးပြုလို့ရပါတယ် ။
(မှတ်ချက် ; Instagram post တစ်ခုအတွက် Hashtags (#) အခု 30 သာ ထည့်ခွင့်ရပြီး Story တစ်ခုအတွက် Hashtags (10) ခု သာ ထည့်ခွင့်ရမှာဖြစ်ပါတယ် ။)
Zawgyi
Tips to grow your Instagram followers
2020ခုနစ္မွာ Instagram ကို အသုံးျပဳသူအေရအတြက္အဟာ စုစုေပါင္း 1 billion အထိ ျမင့္တက္လာခဲ့ပါတယ္ ။ Instagram ဟာ အခုဆိုရင္ ဒုတိယလူသုံးအမ်ားဆုံး Social Media တစ္ခု ျဖစ္လာၿပီး ပထမေနရာမွာေတာ့ 2.8 billion users အေရအတြက္နဲ႕ Facebook က ရပ္တည္ေနပါတယ္ ။ Instagram ဟာ Facebook နဲ႕ ကြဲျပားတဲ့ features တစ္ခ်ိဳ႕ ပါဝင္သလို Instagram မွာ followersအေရအတြက္ မ်ားမ်ားရဖို႔ လည္း ခက္ခဲပါတယ္ ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ Instagram account followers မ်ားမ်ားရဖို႔ tips တစ္ခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္ ။
Tip 1 : အမွန္တကယ္ ဂ႐ုစိုက္ျခင္း ( Truly Care )
ကိုယ့္ရဲ႕ Instagram accountကို followers အမ်ားႀကီးနဲ႕ grow ျဖစ္ေစခ်င္တယ္ ဆိုရင္ေတာ့ ပထမဆုံးအခ်က္အေနနဲ႕ ကိုယ့္ရဲ႕ followers ေတြကို အမွန္တကယ္ ဂ႐ုစိုက္ရမွာျဖစ္ပါတယ္ ။ ဒါ့အျပင္ 100 % ဆုံးျဖတ္ခ်က္ခိုင္မာ ဖို႔လိုအပ္ပါတယ္ ။ ဒီလိုေျပာျခင္းက တေန႕တာလုံးကို Instagramမွာ အခ်ိန္ျဖဳန္းဖို႔ ေျပာတာမဟုတ္ပါဘူး ။ ဒါေပမဲ့ အမွန္တကယ္ကို ဆုံးျဖတ္ခ်က္ခိုင္မာၿပီး စိတ္ဝင္စားဖို႔လိုအပ္ပါတယ္ ။
ကိုယ့္ရဲ႕ followers ေတြနဲ႕ Communicate လုပ္ဖို႔ စိတ္ဆႏၵရွိရပါမယ္ ။ စကားစျမည္ေျပာဖို႔ လည္း လိုအပ္ပါတယ္ ။သူတို႔ရဲ႕ story ေတြကို ဝင္ၾကည့္ၿပီး respond ျပန္လုပ္ေပးသင့္ပါတယ္ ။ ဒီလိုလုပ္ျခင္းက ကိုယ့္အတြက္ Instagramမွာ အသိုင္းအဝိုင္းတစ္ခုကို ဖန္တီးေပးမွာ ျဖစ္ပါတယ္ ။
( သင္ကိုယ္တိုင္ တစ္ခါမွ မလုပ္ဖူးရင္ေတာ့ အခုဘဲ စမ္းသပ္ၾကည့္လိုက္ပါ ! )
Tip 2 : ကိုယ့္ကိုသတိျပဳမိေစတဲ့ comments မ်ားေရးပါ
အျခားသူတစ္ေယာက္ရဲ႕ post ေအာက္မွာ commentေရးျခင္းကလည္း ကိုယ္နဲ႕ သူရဲ႕ engagementကို တည္ေဆာက္တဲ့ေနရာမွာ အရမ္းကို အေရးႀကီးပါတယ္ ။
ေယဘုယ်အားျဖင့္ ကိုယ္က တစ္စုံတစ္ေယာက္ရဲ႕ post မွာ comment ေရးလိုက္ရင္ ကိုယ္ေရးလိုက္တဲ့ comment ကို reply ျပန္တာမ်ိဳး လုပ္ပါလိမ့္မယ္ ။ ဒါမွမဟုတ္ အနည္းဆုံး ကိုယ့္ရဲ႕ Profile ကို ဝင္ၾကည့္ၿပီးေတာ့ ဓာတ္ပုံ တစ္ပုံ သို႔မဟုတ္ ႏွစ္ပုံ ကို like ဝင္ေပးသြားနိုင္ပါတယ္ ။
ဒါေပမဲ့ " Great Pic! " ဆိုတဲ့ comment တိုတိုေလးမ်ိဳးဆိုရင္ေတာ့ အက်ိဳးရွိမွာမဟုတ္ပါဘူး ။ ကိုယ့္ရဲ႕ comment မွာ ပိုၿပီး သတိျပဳမိေစေလာက္တဲ့ စကားလုံးမ်ိဳး ထည့္ေရးသင့္ပါတယ္ ။
ဒါက ဘာကိုဆိုလိုတာလဲဆိုရင္ တစ္စုံတစ္ေယာက္ရဲ႕ Post မွာ Caption ကို ေသေသခ်ာခ်ာ ဖတ္ၿပီးေတာ့ ကိုယ့္ရဲ႕ ကိုယ္ပိုင္အျမင္ ကို ေဝမွ်တာမ်ိဳး ၊ ေမးခြန္းေတြေမးတာမ်ိဳး ဒါမွမဟုတ္ ျပည့္ျပည့္စုံစုံနဲ႕ မွန္ကန္တဲ့ respond ကို ေပးသင့္ပါတယ္ ။
Tip 3 : သက္ဆိုင္တဲ့ accounts ေတြကို ပုံမွန္ follow လုပ္ပါ
သက္ဆိုင္တဲ့ accounts ေတြလို႔ ေျပာတဲ့အခါမွာ ကိုယ္နဲ႕ ပုံစံတူ အမ်ိဳးအစားတူတဲ့ accounts ေတြကို ေျပာျခင္း ျဖစ္ပါတယ္ ။ (ဥပမာ - ကိုယ္က Instagramမွာ Online shop လုပ္တယ္ဆိုရင္ အျခား Online shop လုပ္တဲ့ accounts ေတြက ကိုယ္နဲ႕ ပုံစံတူတဲ့ accounts ေတြ ျဖစ္ပါတယ္ ။ ကိုယ္က Blogေတြ ေရးတယ္ဆိုရင္လည္း အျခားBlog ေရးတဲ့ accounts ေတြကို ရွာၾကည့္ပါ ။ )
ကိုယ္နဲ႕ ပုံစံတူတဲ့ Profile ေတြကို research လုပ္ၿပီး ပထမဆုံးအေနနဲ႕ သူတို႔ရဲ႕ followers အေရအတြက္ကို စစ္ေဆးၾကည့္ပါ ။ သူတို႔ကို follow မလုပ္ခင္မွာ သူတို႔ရဲ႕ stories ေတြကို စစ္ေဆးျခင္း ၊ post ေတြ မွာ comment ေပးျခင္းေတြကို အရင္ျပဳလုပ္ၿပီး engage အရင္လုပ္ပါ ။ ၿပီးရင္ ပုံအခ်ိဳ႕ကို like ေပးပါ ။
Followလုပ္ဖို႔ ပုံ ၃ ပုံ ေလာက္ကိုဘဲ like လုပ္ၿပီး account ထဲကေန ထြက္သြားမယ္ဆိုရင္ေတာ့ ကိုယ့္အတြက္ ဘာေကာင္းက်ိဳးမွ ျဖစ္လာမွာမဟုတ္ပါဘူး ။
Tip 4 : Hashtags (#) အသုံးျပဳပါ
ကိုယ့္ရဲ႕ stories ေတြ posts ေတြ တင္တဲ့အခါမွာ Hashtags (#) အသုံးျပဳျခင္းက တကယ္ကိုဘဲ အေရးႀကီးပါတယ္ ။ Online shop ျပဳလုပ္တယ္ ဆိုရင္ Product name Hashtags (#) ေတြကို အသုံးျပဳပါ ။ (ဥပမာ - #menclothes , #womenclothes ) Brand Hashtags (#) နဲ႕ location Hashtags (#) ေတြကိုလည္း အသုံးျပဳလို႔ရပါတယ္ ။
(မွတ္ခ်က္ ; Instagram post တစ္ခုအတြက္ Hashtags (#) အခု 30 သာ ထည့္ခြင့္ရၿပီး Story တစ္ခုအတြက္ Hashtags (10)ခုသာ ထည့္ခြင့္ရမွာျဖစ္ပါတယ္ ။)
Comments
Post a Comment