ဘာသာစကားလေ့လာခြင်းအတွက် အသုံးဝင်မယ့် Tipsများအကြောင်း

Image result for language learning
 

ဘာသာစကားလေ့လာခြင်းအတွက် အသုံးဝင်မယ့် Tipsများအကြောင်း

Image result for lamguage learning

ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ပထဝီနေရာဒေသအလိုက် ပြောဆိုဆက်ဆံကြတဲ့ ဘာသာစကားတွေလည်း မတူကွဲပြားသွားကြပါတယ်။ ထိုထဲကမှ စစ်တမ်းများအရ မိခင်ဘာသာစကားအနေနှင့် လူပြောအများဆုံး ဘာသာစကားစာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ Chinese- 1.3 Billion၊ Spanish- 471 Million၊ English- 370 Million၊ Hindi- 342 Million၊ Arabic- 315 Million၊ Portuguese- 232 Million၊ Bengali- 229 Million၊ Russian- 154 Million၊ Japanese- 126 Million၊ Lahnda (Western Punjabi)- 118 Million တို့ပဲ ဖြစ်ပါတယ်။

Image result for lamguage learning

မိခင်ဘာသာစကားအနေနဲ့သာ မဟုတ်ဘဲ မိခင်ဘာသာစကားအနေနဲ့ရော ဒုတိယဘာသာစကားအနေနဲ့ပါ အပြောများကြတဲ့ ဘာသာစကားစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ English - 1.348 Billion၊ Mandarin Chinese- 1.120 Billion၊ Hindi- 600 Million၊ Spanish - 543 Million၊ Standard Arabic- 274 Million၊ Bengali- 268 Million၊ French- 267 Million၊ Russian - 258 Million၊ Portuguese- 258 Million၊ Urdu- 230 Millionတို့ပဲ ဖြစ်ပါတယ်။ 

စစ်တမ်းများအရ လူတွေ သင်ယူကြဆုံး ဘာသာစကားစာရင်း(အစဥ်လိုက်)ကတော့  Mandarin Chinese၊ Spanish၊ German၊ French၊ Arabic၊ Russian၊ Portuguese၊ Japanese၊ Hindi၊ Italian၊ English၊ Koreanတို့ပဲ ဖြစ်ပါတယ်။

၂၁ရာစုမှာ လူငယ်တိုင်းဟာ ဘာသာစကား အနည်းဆုံး နှစ်ခုလောက်အထိ ပြောတတ်အောင် လေ့လာနေကြပါပြီ။ ထိုသို့ ဘာသာစကား လေ့လာသင်ယူတဲ့နေရာမှာ အသုံးဝင်မယ့် Tipsလေးတွေကို ဖော်ပြလိုက်ရပါတယ်။ 


၁။ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာကို ရှာဖွေပါ

Image result for lamguage learning

မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး သင်ယူရမယ့် ဘာသာစကားကို ရွေးချယ်သင့်ပါတယ်။ တချို့သောလူတွေကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ယဥ်ကျေးမှု သို့မဟုတ် အနုပညာတို့ကို သဘောကျပြီးမှ ထိုနိုင်ငံရဲ့ ဘာသာစကားကို သင်ယူဖို့ ရွေးချယ်တတ်ကြပါတယ်။ ဥပမာ- Animeတို့ Mangaတို့ သဘောကျတဲ့လူဟာ ဂျပန်စာလေ့လာတာမျိုး၊ K-Pop၊ K-Dramaနှစ်သက်တဲ့လူများဟာ ကိုရီးယားစာလေ့လာတာမျိုး၊ Operaကို ကြိုက်တဲ့လူဆိုရင် အီတလီစာလေ့လာတာမျိုး.... တို့ကို ပြုလုပ်သင့်ပါတယ်။ အကယ်၍ ထိုသို့ စိတ်ဝင်စားရတဲ့ အကြောင်းအရာ မရှိသေးရင် ဘသာစကားမရွေးချယ်ခင် မိမိစိတ်ဝင်စားလောက်မယ့် အကြောင်းအရာကို ရှာဖွေသင့်ပါတယ်။ မိမိသဘောကျတဲ့ ရုပ်ရှင်၊ ဝတ္တု၊ ဒရမ်မာ၊  သီချင်း၊ အနုပညာရှင်တို့ထဲက တစ်ခုခုကို အရင်ရှာဖွေပြီးမှ ဘာသာစကားသင်ယူတာဟာ အခက်အခဲများစွာနှင့် အချိန်အတော်ကြာ လေ့လာသင်ယူရမယ့် ဘာသာစကားအတွက် Motivationပေးနိုင်မှာမို့လို့ပါ။

၂။ Native Speakerတွေ နောက်ကလိုက်ပြောပါ

Image result for native speaker

ဖတ်စာအုပ်တွေထဲမှာ ပါဝင်တဲ့ Conversationတွေကို ဒီတိုင်းလိုက်ဖတ်တာဟာ ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် Native Speakerတွေ ပြောထားတဲ့ Videoတွေကို ရှာလေ့လာကာ အဓိပ်ပါယျ သိသိ မသိသိ နောက်ကလိုက်ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ Videoတွေရှာတဲ့အခါမှာ Youtubeကို အသုံးပြုသင့်ပါတယ်။ Youtubeမှာ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတွေကို ရှာလေ့လာပြီး အသံထွက်လေ့ကျင့်ရင် ပျင်းဖို့လည်း မကောင်းတော့ဘဲ လေယူလေသိမ်းကအစ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

၃။ နည်းပညာကို အသုံးပြုပါ

Image result for lamguage learning

Youtubeတို့လို နေရာမှာ channelsတွေ၊ ဗီဒီယိုတွေရှာပြီး အခမဲ့ လေ့လာလို့ ရသလို Duolingo၊ LingoDeerတို့လို Appလေးတွေကို ဒေါင်းပြီး ဖုန်းထဲမှာ အခမဲ့ လေ့လာလို့လည်း ရပါတယ်။ ထို့ပြင် မိမိသင်ယူမယ့် ဘာသာစကားအလိုက် အခမဲ့လေ့လာလို့ရတဲ့ websitesတွေလည်း ရှိလို့ ၎င်းတို့ကို အသုံးပြုပါ။

၄။ ဝေါဟာရအသစ်များကို စကားစုလိုက် လေ့လာပါ

Image result for write down new vocabs

လေ့လာတွေ့ရှိချက်များအရ ဝေါဟာရအသစ်တွေကို လေ့လာတဲ့အခါမှာ တစ်လုံးတည်း လေ့လာတာထက် စကားစုလိုက် လေ့လာတဲ့အခါမှာ ပိုပြီး မှတ်မိလွယ်ပါတယ်။ ဥပမာ အင်္ဂလိပ်စာမှာဆိုရင် Brush your teeth၊ Go to sleep၊ Commit a crime၊....တို့လိုမျိုး စကားစုလိုက် လေ့လာတဲ့အခါမှာ ပိုထိရောက်၊ ပိုမှတ်မိလွယ်ပါတယ်။

၅။ ဒိုင်ယာရီ ရေးပါ

Image result for write down diary

မိမိလေ့လာနေတဲ့ဘာသာစကားနှင့် တတ်မြောက်သလောက် ဒိုင်ယာရီရေးတဲ့အကျင့်ကို ပြုလုပ်ကြည့်ပါ။ ဒါဆိုရင်တော့ အိမ်ကလူတွေ ယူဖတ်တဲ့ရန်ကနေလည်း ကာကွယ်နိုင်ပြီးတော့ ဘာသာစကားလေ့လာရာမှာလည်း Writingပိုင်းအတွက် အကျိုးရှိနိုင်ပါတယ်။

၆။ သီချင်းစာသားတွေကို ကိုယ်တိုင် လက်ရေးနှင့် ကူးရေး/ချရေးပါ

Image result for write down diary

သီချင်းတွေဟာ ဘာသာစကားလေ့လာရာမှာ များစွာအထောက်အကူပြုတာကြောင့် ဒီတိုင်း နားထောင်နေတာထက်ဆိုင်ရင် အချိန်နည်းနည်းပိုပေးပြီး လက်ရေးနှင့် ကူးရေး/ချရေးတာမျိုးကလည်း နည်းလမ်းတစ်ခုပါပဲ။ စာလုံးရေးတာကို လေ့ကျင့်ပြီးသားလည်း ဖြစ်သလို မသိတာတွေကို အဘိဓာန်မှာရှာရင်း ဝေါဟာရအသစ်တွေကိုလည်း လေ့လာပြီးသား ဖြစ်မှာပါ။ ထို့ပြင် သီချင်းစာသားတွေကို ရေးရင်း နားထောင်ခြင်း၊ လိုက်ဆိုခြင်းတို့ကို ပြုလုပ်တဲ့အခါ နားထောင်ရည်စွမ်းရည်နှင့် အသံထွက်တို့ကိုလည်း များစွာ အထောက်အကူပြုမှာပါ။

၇။ တတ်နိုင်သလောက် စာရေးနည်းစနစ်အသစ် (စာလုံး)ကို ရေးပါ

Image result for write down new vocabs

အင်္ဂလိပ်စာ မဟုတ်တဲ့ တခြားဘာသာစကားအသစ်တစ်ခုကို လေ့လာတဲ့အခါ ဗျည်းတွေ၊ သရတွေက လုံးဝ အသစ်ဖြစ်နေမှာပါ။ အထူးသဖြင့် တရုတ်စာ၊ ဂျပန်စာ၊ ကိုရီးယားစာတို့လို ဘာသာစကားတွေမှာ အင်္ဂလိပ်လို ရေးရတဲ့ Pinyinတို့ Romajiတို့ထက်စာရင် Kanji၊ Hiragana၊ Katakana၊ Hangul (တရုတ်စာလုံး၊ ဂျပန်စာလုံး၊ ကိုရီးယားစာလုံး)တို့လို စာလုံးမျိုးတွေကို တတ်နိုင်သလောက် ရေးပေးပါ။

၈။ ဘာသာစကားနှစ်ခုထက် ပိုလေ့လာတဲ့အခါမှာ အပြန်အလှန် အသုံးပြုပါ (third languageသင်ယူရာမှာ second languageကို အသုံးပြုပါ)

Image result for lamguage learning

Third Language ကို လေ့လာရာမှာ အဓိပ်ပါယျတှေ မှတ်တဲ့အခါ၊ ဗွီဒီယိုတွေကြည့်လို့ စာတန်းထိုးတဲ့ ဘာသာစကားရွေးချယ်တဲ့အခါ၊ ဘာသာပြန်ထားတဲ့ စာအုပ်တွေတွက် ဘာသာစကား ရွေးချယ်တဲ့အခါမျိုးတွေမှာ Second Languageကို အသုံးပြုရင် ဘာသာစကားနှစ်ခုစလုံးအတွက် လေ့လာသင်ယူရတာ ပိုမိုထိရောက်လွယ်ကူမှာဖြစ်ပါတယ်။

၉။ ယဥ်ကျေးမှုနှင့် အတွေးအခေါ်ပိုင်းကို လေ့လာပါ

Image result for language culture

မိမိသင်ယူနေတဲ့ ဘာသာစကားကို ပြောကြတဲ့ နိုင်ငံနှင့် လူမျိုးတို့ရဲ့ ယဥ်ကျေးမှုဓလေ့နှင့် အတွေးအခေါ်ပိုင်းတွေကို လေ့လာထားရင် သူတို့ရဲ့ နေထိုင်မှုပုံစံတွေကို နားလည်လွယ်ပြီး ဘယ်စာလုံးတွေ၊ ဘယ်စကားစုတွေက ဘယ်နေရာမှာ သုံးသလဲဆိုတာမျိုးတွေကို နားလည်သဘောပေါက်လွယ်လာပါလိမ့်မယ်။ စာအုပ်ဖတ်တာ၊ Documentariesတွေ ကြည့်တာ၊ Nativesတွေကို စကားပြောကြည့်တာ၊ အက၊ဟင်းချက်၊ ကိုယ်ခံပညာ သင်တန်းတွေတက်တာ၊ နိုင်ငံကို ကိုယ်တိုင် သွားလည်တာတို့ထဲက ကြိုက်တာကို ပြုလုပ်ပြီး ယဥ်ကျေးမှုဓလေ့တွေနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို လေ့လာနိုင်ပါတယ်။

၁၀။ စာအုပ်နှင့် ရုပ်ရှင်တွေကနေ တစ်ဆင့် လေ့လာပါ

Image result for books and movies

ဘာသာမပြန်ထားတဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေကို ဖတ်/ကြည့်ရင်း ကိုယ်တိုင် ဘာသာပြန်ကြည့်တာမျိုးနှင့် မသိတာတွေကို အဘိဓာန်မှာရှာကြတာမျိုး ပြုလုပ်သင့်ပါတယ်။ ဘာသာပြန်စွမ်းရည်နှင့် ဝေါဟာရတွေကို တိုးတက်စေရုံသာမက စာအုပ်ဖတ်ကြသူများအတွက် စာဖတ်စွမ်းရည်နှင့် ရုပ်ရှင်ကြည့်ကြသူများအတွက် နားထောင်စွမ်းရည်နှင့် အပြောစွမ်းရည်တို့ကိုပါ တိုးတက်စေနိုင်ပါတယ်။

Comments

  1. Spanishဆိုရင်ကျ ဘာကိုကြိုက်ပီးလေ့လာရမှာလဲ

    ReplyDelete
  2. ဗဟုသုတ ရမိပါတယ်

    ReplyDelete
  3. thank you for your knowledge sharing :)

    ReplyDelete
  4. ဗဟုသုတ ရလို့ ကျေးဇူးပါဗျ

    ReplyDelete
  5. Great tips for learning new languages. Thanks for sharing.

    ReplyDelete
  6. Doneမင်မင်
    eng လေ့လာနေတာကြာ​ြီ😷

    ReplyDelete

Post a Comment