Top 10 High Earning Esport players



Esport ပွဲစဉ်တွေဟာ အခုအချိန်မှာ တဖြည်းဖြည်းခေတ်စားလာသည်နှင့်အမျှ Price polls တွေဟာလဲ လိုက်ပါမြင့်မားလာပြီဖြစ်ပါတယ် ။အဲ့တာကြောင့် Esports Player တွေဂာလည်း တခြား Football , Tennis , Swimming etc ... စတဲ့ အားကစားသမားများကဲ့သို့ အကောင်းဆံုး၀င်ငွေတစ်ခုကို ရှာဖွေနေနိုင်ကြပြီပဲဖြစ်ပါတယ်။ 

အခုဖော်ပြမဲ့ List ထဲမှာတော့ ကမ္ဘာပေါ်မှာ ၀င်ငွေအကောင်းဆုံးမွန်ဆုံးဟု သတ်မှတ်ထားနိုင်တဲ့ Player 10 ယောက်ဖြစ်ပါတယ် ။ ဒီ List ကိုတော့ Tournament အချို့မှာ သူတို့အနိုင်ရရှိခဲ့တဲ့ စံနှုန်းတွေနဲ့ သတ်မှတ်ထားတာကြောင့် လက်ရှိမှာတော့ အနည်းငယ် ကွာခြားနေနိုင်ပါတယ်။ 

1. Johan "Notail" Sundstein (Dota 2)


ဒီ List မှာတော့ အခြား၀င်ငွေကောင်းတဲ့ Dota2 Player တွေကိုထည့်ရေးလို့ရပေမဲ့ အကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့ Notail နဲ့ စတင်မိတ်ဆက်ပေးပါရစေ ။ Notail ဟာ ယခုအချိန်မှာ ၀င်ငွေအကောင်းဆုံး Dota2 player တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပြီး Ti Champion ဆုကိုလဲ နှစ်ကြိမ်တိုင်တိုင်ရရှိထားဖူးသူပါ ။ အဲ့တာကြောင့် လက်ရှိအချိန်မှာ သူဟာ $7 million ထိပိုင်ဆိုင်ထားပြီး ၀င်ငွေအများဆုံးနေရာကို ဦးဆောင်နိုင်နေသူပါ။ 

2. Jesse "JerAx" Vainikka (Dota2)
 



JerAx ကတော့ ဒီ List မှာပါ၀င်တဲ့ နောက်ဆုံး Dota2 player ပါ။ကျွန်တော့်အနေနဲ့ OG တစ်သင်းလုံးကို ဒီ List မှာ ထည့်လို့ရပေမဲ့ Retire ယူသွားတဲ့ JerAx ကိုအဓိကထားပြီး ထည့်သွင်းထားတာပါ။ JerAx အနေနဲ့ 2020 January မှာအနားယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ $6.5 million နဲ့ Dota 2 လောကကို လက်ပြနှုတ်ဆက်သွားပြီပဲ ဖြစ်ပါတယ်။ 

3. Sven Magnus Carlsen (Chess24)




သင့်အနေနဲ့ Chess ကိုထဲထဲ၀င်၀င် ဆော့ကစားဖူးသူဆိုရင်တော့ Magnus ကိုမသိစရာ အကြောင်းမရှိပါဘူး။ Magnus ဟာ ၂၀၂၀ အတွင်းမှာ အကောင်းဆုံး Chess Player တစ်ယောက်ဖြစ်လာခဲ့ပြီး ၀င်ငွေ $ 590,719.96 ကို Tournament ပေါင်း ၄၃ ခုမှ အနိုင်ရရှိခဲ့ပါတယ်။ 
တခြား သူ့ထက်၀င်ငွေကောင်းတဲ့ Esport player တွေများစွာ ရှိပေမဲ့ အထင်ကြီးစရာကောင်းတဲ့ သူ့ရဲ့ Chess စွမ်းရည်တွေကြောင့် ဒီ List ထဲ ထည့်သွင်းထားလိုက်ပါတယ် ။ 

4. Kyle "Bugha" Giersdorf (Fortnite) 




Fortnite Game ဟာဆိုရင်လည်း နှစ်စဉ် million နဲ့ ချီပြီး Player တွေကို ဆုကြေး‌ငွေတွေပေးအပ်နေတဲ့ Game တစ်ခုပါ။ အဲ့လို‌‌ ငွေကြေးပမာဏများပြားတဲ့ ပွဲစဉ်တွေကပဲ ၂၀၁၈ ဆောင်းရာသီ မှာ Kyle "Bugha" ဆိုတဲ့ Winner ကောင်လေးကို မွေးဖွားလာစေခဲ့ပါတယ် ။ Bugha ဟာ ၂၀၁၉ Fornite World Cup မှာလည်း အကောင်းဆုံး Performance တွေနဲ့ အနိုင်ရရှိခဲ့ပြီး အခုအချိန်မှာတော့ ၀င်ငွေ $ 3.2 million ကိုရရှိနေပြီပဲဖြစ်ပါတယ် ။

5. Lee "Faker" Sang-hyeok (League of Legends)




LOL လို့ပြောလိုက်တာနဲ့ Mid God Lee "Faker" ကိုပြေးမြင်ကြမှာပါ။ Faker ဟာ LOL World Championship ကိုသုံးကြိမ်မြောက် အနိုင်ယူထားတဲ့ Player တစ်ယောက်လဲဖြစ်ပါတယ် ။ သူ့ရဲ့ ၀င်ငွေဟာ $1.3 million ဖြစ်ပြီး အခွန်‌ငွေ ၊ ဆက်သွယ်ခ ၊ လခစာတွေပါပေါင်းတွက်မယ်ဆိုလျှင် Premier League player တွေထက်တောင် များပြားတဲ့၀င်ငွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ 

6. Peter “dupreeh” Rasmussen  (CS:GO)



             
သူဟာဆိုရင် Valveကကျင်းပတဲ့ Major Counter Strike : Global Offensive ပြိုင်ပွဲမှာ လေးကြိမ်တိတိ Winner ရခဲ့ပြီးသူဖြစ်ပါတယ်။ အကောင်းဆုံး CSGO အသင်းတစ်ခုဖြစ်တဲ့ Team Astralis မှာ အရေးပါတဲ့နေရာကနေပါဝင်ဆော့ကစားခဲ့ပြီး သူ့ရဲ့ကောင်းမွန်တဲ့ skill  နဲ့ Talent တွေကပဲ သူ့ကို $1.9 Million အထိ ရရှိစေခဲ့ပါတယ်။

7. Andreas “Xyp9x” Hojisleth (CS:GO)
              



 Team Astralis ကပဲ အချိန်တိုအတွင်း တစ်ဟုန်ထိုးကျော်ကြားမှုရလာတဲ့ CS:GO player နောက်တစ်ယောက်ပါ။ သူ့ရဲ့ အသပ်ရပ်ဆုံးနဲ့ပြီးပြည့်စုံတဲ့ Position ယူပြီးကစားကွက်တွေကြောင့် Counter Strike ပြိုင်ပွဲတွေမှာလူစိတ်ဝင်စားမှုတော်တော်လေးရရှိခဲ့ပါတယ်။ပြိုင်ပွဲတွေကရတဲ့ ဝင်ငွေအနေနဲ့တော့ $1.8 Million ကျော်ရရှိထားတဲ့ player တစ်ယောက်ဖြစ်ပါတယ်။

8. Ian “C6” Porter (Call of Duty)



  
 North American Call Of Duty ကစားသမားတွေထဲမှာအဓိကအကျဆုံးကစားသမားဖြစ်ပြီးသူ့ရဲ့ sport career တစ်လျှောက်လုံးမှာ World Champion သုံးခုနဲ့ Major Tournament 37 ခု အနိုင်ရရှိထားတဲ့သူဖြစ်ပါတယ်။ ဂိမ်းအသစ်တွေ၊စည်းမျဉ်းစည်းကမ်းအသစ်တွေကို အမြဲ Up to Date ဖြစ်အောင်လေ့လာနေတတ်ပြီး အံ့ဩဖွယ်ကောင်းတဲ့စွမ်းရည်တွေကပဲ ဒီ list ထဲမှာပါစေဖို့ဖြစ်လာစေခဲ့တာပါ။ ပွဲတွေကရတဲ့အနိုင်ရငွေချည်းပဲ အနည်းဆုံး $ 1.2 Million ရှိပါတယ်။
           
9. Tyler "Ninja" Belvins (Fortnite, etc) 




Twitch ရဲ့ Viewer အများဆုံး Streamer ဖြစ်တဲ့ Ninja ကို No.9 မှာမြင်ရတာ အဲ့ဩဖို့တော့ကောင်းနေမှာပါ။ Ninja ဟာလည်း Esport Event တွေမှ ၀င်ငွေများစွာရရှိထားတဲ့ ကစားသမားဖြစ်သော်လည်း သူရဲ့အဓိက‌၀င်ငွေတွေက Twitch က စီးဆင်းလာတာဖြစ်ပါတယ်။ Twitch ကရရှိတဲ့ ၀င်ငွေတွေသာ ဒီ List မှာထည့်ပေါင်းမယ်ဆိုရင် Ninja ဟာ ထိပ်ဆုံးနေရာ အထိရောက်ရှိနေနိုင်တဲ့ Streamer/Player တစ်ဦးလဲဖြစ်ပါတယ်။


10. Joona “Serral” Sotala(Starcraft 2)




အကောင်းဆုံး Non-Korean Starcraft ll ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံဖွားဖြစ်ပြီး Starcraft ပြိုင်ပွဲဝင်ကစားသမားတွေထဲမှာ ဝင်ငွေအရဆုံးကစားသမားဖြစ်ပါတယ်။ ၂၀၁၈ မှာ Starcraft ll World Championship Series ရဲ့ချန်ပီယံဖြစ်လာခဲ့ပြီး Esport History မှာ StarCraft World Champion ဖြစ်လာတဲ့ပထမဦးဆုံး Non-Korean ကစားသမားပါပဲ။ ဒီပွဲပြီးနောက်မှာတော့ Serral အနေနဲ့ Esport events အများအပြားကနေ စုစုပေါင်းဝင်ငွေ ဒေါ်လာ၁သန်းနီးပါးရရှိခဲ့တာဖြစ်ပါတယ်။

ref : https://www.esportsbets.com/news/highest-earning-esports-players/

Comments

Post a Comment