ခက်ခက်ခဲခဲ သားဖွားရတဲ့ သတ္တဝါငါးမျိုး

 Unicode

 

1. သစ်ကုလားအုတ် (Giraffe)

သစ်ကုလားအုတ်အမတစ်ကောင်ဟာ ရင်သွေးကိုမွေးဖွားတဲ့အချိန်မှာ ခွေးတွေကြောင်တွေလိုမျိုး လှဲလျက် အိပ်လျက်မမွေးပါဘူး။ မတ်တပ်ရပ်လျက်အနေအထားနဲ့ပဲ ရင်သွေးကို မွေးဖွားတာပါ။ ပထမဦးစွာ ကုလားအုတ်ရင်သွေးလေးရဲ့ ခေါင်းအပေါ်ပိုင်းလေး စတင်ပြီးထွက်လာပါတယ်။ အဲ့ဒီနောက်မှာမှ နှာခေါင်း၊ တစ်ဖြည်းဖြည်းချင်း မိခင် ကုလားအုတ်မကြီးဟာ ရင်သွေးကို ညှစ်ထုတ်ပါတယ်။ အချိန်ကာလအားဖြင့် တစ်နာရီ နီးပါးခန့်ကြာမြင့်လေ့ရှိပြီး မွေးဖွားလာတဲ့ ရင်သွေးကုလားအုတ်လေးဟာ မွေးဖွားပြီးတာနဲ့ တစ်ပြိုင်နက် မြေကြီးပေါ်ကို ပြုတ်ကျလာပါတယ်။ အမြင့် 2 မီတာ (6.5) ပေအမြင့်ကနေ‌ပြုတ်ကျလာတာဖြစ်ပြီး ဒီလိုပြုတ်ကျတာဟာ သူတို့တွေအတွက်အဆန်းတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုလားအုတ်ရင်သွေးလေးဟာ မိခင်၀မ်းဗိုက်ထဲမှာ နေစဉ်တုန်းက အန္တရာယ်ကင်းအောင် အိတ် (embryo sac) ထဲမှာနေရတာဖြစ်ပြီး အပြင်ကိုလည်း အဲ့ဒီအိတ်လိုက် ထွက်ကျလာတာပါ။ ကုလားအုတ်ငယ်လေးဟာ ‌အသက်ရှူဖို့အတွက် ဒီအိတ်ကို ဖောက်ရပါလိမ့်မယ်။ ဒါပေမယ့် ပြုတ်ကျတဲ့အရှိန်ကြောင့် မြေကြီးနဲ့ထိပြီး အိတ်က ကွဲသွားပါတယ်။ ဒီလိုနည်းနဲ့ ကုလားအုတ်တွေ မွေးဖွားပါတယ်။

 

2. Kiwi

ဒီငှက်ကလေးကတော့ မိခင်ငှက်မကြီးအတွက် အရမ်းခက်ခဲပါတယ်။ ငှက်မကြီးဟာ သူမခန္ဓာကိုယ် အရွယ်အစားရဲ့ 25% လောက်ပမာဏရှိတဲ့ ငှက်ဥကို လွယ်ထားရတဲ့ အတွက်ကြောင့်ပါ။ ဒီငှက်ဥလေးကို မွေးဖွားခြင်းဟာ လူတွေ အတွက်တော့ လေးနှစ်သားအရွယ် ကလေးတစ်ယောက်ကို မွေးဖွားရသလို ဖြစ်နေပါတယ်။

 

3. Spotted hyenas

အမျိုးသားတွေရဲ့ လိင်တံကနေ ကလေးမွေးဖွားရမယ်ဆိုရင် တွေးကြည့်ရုံနဲ့တင် တော်တော်ကို ခံရခက်မှာပါပဲ။ ဒါပေမယ့် spotted hyenas တွေကတော့ ဒီလိုမွေးဖွားပါကြပါတယ်။ ဒါပေမယ့် spotted hyenas အမတွေက မွေးဖွားပေးကြတာပါ။ spotted hyenas တွေဟာ မွေးဖွားခါနီး အချိန်ရောက်တဲ့အခါ မိခင် spotted hyenas ရဲ့ မျိုးပွားအင်္ဂါဟာ ဖွံ့ဖြိုးကြီးထွားပြီး အပြင်ကို ရှည်ထွက်လာပါတယ်။ အရှည်အားဖြင့် 7 လက်မ (18cm) ရှည်ပြီး အကျယ်ကတော့ 2.5 cm အချင်းရှိပါတယ်။ ဒီပြွန်ကနေမှတစ်ဆင့် 2 ပေါင် (0.9 kg) အလေးချိန်ခန့်မှန်းချေရှိတဲ့ ရင်သွေးကို မွေးဖွားပေးတာဖြစ်ပါတယ်။ဒီလို ခက်ခဲတဲ့ မီးဖွားဖြစ်စဉ်ကြောင့် 15% ခန့်သော spotted hyenas တွေဟာသေဆုံးကြပါတယ်။

 

4. Prehensile-tailed porcupine

Prehensile-tailed porcupine ဟာလည်းပဲ မွေးဖွားရခက်ခဲတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ သူဟာ ဖြူကောင်မျိုးဖြစ်ပြီး ကျောကုန်းမှာ ဆူးတွေနဲ့ပြည့်နှက်နေပါတယ်။ ဒီဆူးတောင်တွေဟာ မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ နေစဉ်ကတော့ ပျော့ပျောင်းနေပေမယ့် လေနဲ့ထိတွေ့တဲ့အခါမာလာပါတယ်။ များသောအားဖြင့် ရက်သွေးကို မွေးတဲ့အခါမှာ ခေါင်းပိုင်းကနေမွေးတာဖြစ်ပြီး ဒီအခြေအနေမှာဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ပြောင်းပြန် အောက်ပိုင်းကနေစတင်ထွက်လာမယ် ဆိုရင်တော့ မိခင် Prehensile-tailed porcupine ကြီးဟာ သေမတတ်ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ Prehensile-tailed porcupine အကောင်ငယ်လေးရဲ့ ဆူးတွေဟာ သူမရဲ့ ဝမ်းဗိုက်ထဲမှာ မွေးလမ်းကြောင်းတစ်လျှောက် ထိုးမိပြီး ကပ်ငြိကျန်နေခဲ့မှာပဲ ဖြစ်လို့ပါ။

 

5. Short-eared elephant shrew

သူကလည်း kiwi bird လိုပါပဲ။ ရင်သွေးရဲ့ အရွယ်အစားဟာ မိခင်ရဲ့ အရွယ်နဲ့ယှဉ်ရင်ကြီးလွန်းနေတာပါ။ Short-eared elephant shrew လေးတွေဟာ သေးငယ်ပါတယ်။ အရွယ်အစားအားဖြင့် 4 လက်မ (10 cm) မျှသာရှိပါတယ်။ အလေးချိန်အားဖြင့် 43 ဂရမ်ထက် မပိုပါဘူး။ ဒါပေမယ့် မိခင် Short-eared elephant shrew ရဲ့ အလေးချိန်ဟာ ရင်သွေးကို လွယ်ထားရတဲ့အချိန်မှာ သူမပင်ကိုယ်အလေးချိန်ရဲ့ 50 % အထိတိုးလာနိုင်ပါတယ်။ Short-eared elephant shrew ရင်သွေးလေးတစ်ကောင်ရဲ့အလေးချိန်ဟာ 10 ဂရမ်မျှရှိပါတယ်။ ရင်သွေးနှစ်ကောင်ကို လွယ်ထားရလေ့ရှိပြီး 40 ဂရမ်မျှရှိတဲ့ Short-eared elephant shrew ငယ်လေးတွေကို မွေးထုတ်ရခြင်းပဲဖြစ်ပါတယ်။

 

 

 

 

Zawgyi

 

1. သစ္ကုလားအုတ္ (Giraffe)

သစ္ကုလားအုတ္အမတစ္ေကာင္ဟာ ရင္ေသြးကိုေမြးဖြားတဲ့အခ်ိန္မွာ ေခြးေတြေၾကာင္ေတြလိုမ်ိဳး လွဲလ်က္ အိပ္လ်က္မေမြးပါဘူး။ မတ္တပ္ရပ္လ်က္အေနအထားနဲ႕ပဲ ရင္ေသြးကို ေမြးဖြားတာပါ။ ပထမဦးစြာ ကုလားအုတ္ရင္ေသြးေလးရဲ႕ ေခါင္းအေပၚပိုင္းေလး စတင္ၿပီးထြက္လာပါတယ္။ အဲ့ဒီေနာက္မွာမွ ႏွာေခါင္း၊ တစ္ျဖည္းျဖည္းခ်င္း မိခင္ ကုလားအုတ္မႀကီးဟာ ရင္ေသြးကို ညွစ္ထုတ္ပါတယ္။ အခ်ိန္ကာလအားျဖင့္ တစ္နာရီ နီးပါးခန႔္ၾကာျမင့္ေလ့ရွိၿပီး ေမြးဖြားလာတဲ့ ရင္ေသြးကုလားအုတ္ေလးဟာ ေမြးဖြားၿပီးတာနဲ႕ တစ္ၿပိဳင္နက္ ေျမႀကီးေပၚကို ျပဳတ္က်လာပါတယ္။ အျမင့္ 2 မီတာ (6.5) ေပအျမင့္ကေနျပဳတ္က်လာတာျဖစ္ၿပီး ဒီလိုျပဳတ္က်တာဟာ သူတို႔ေတြအတြက္အဆန္းေတာ့မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကုလားအုတ္ရင္ေသြးေလးဟာ မိခင္၀မ္းဗိုက္ထဲမွာ ေနစဥ္တုန္းက အႏၱရာယ္ကင္းေအာင္ အိတ္ (embryo sac) ထဲမွာေနရတာျဖစ္ၿပီး အျပင္ကိုလည္း အဲ့ဒီအိတ္လိုက္ ထြက္က်လာတာပါ။ ကုလားအုတ္ငယ္ေလးဟာ အသက္ရႉဖို႔အတြက္ ဒီအိတ္ကို ေဖာက္ရပါလိမ့္မယ္။ ဒါေပမယ့္ ျပဳတ္က်တဲ့အရွိန္ေၾကာင့္ ေျမႀကီးနဲ႕ထိၿပီး အိတ္က ကြဲသြားပါတယ္။ ဒီလိုနည္းနဲ႕ ကုလားအုတ္ေတြ ေမြးဖြားပါတယ္။

 

2. Kiwi

ဒီငွက္ကေလးကေတာ့ မိခင္ငွက္မႀကီးအတြက္ အရမ္းခက္ခဲပါတယ္။ ငွက္မႀကီးဟာ သူမခႏၶာကိုယ္ အ႐ြယ္အစားရဲ႕ 25% ေလာက္ပမာဏရွိတဲ့ ငွက္ဥကို လြယ္ထားရတဲ့ အတြက္ေၾကာင့္ပါ။ ဒီငွက္ဥေလးကို ေမြးဖြားျခင္းဟာ လူေတြ အတြက္ေတာ့ ေလးႏွစ္သားအ႐ြယ္ ကေလးတစ္ေယာက္ကို ေမြးဖြားရသလို ျဖစ္ေနပါတယ္။

 

3. Spotted hyenas

အမ်ိဳးသားေတြရဲ႕ လိင္တံကေန ကေလးေမြးဖြားရမယ္ဆိုရင္ ေတြးၾကည့္႐ုံနဲ႕တင္ ေတာ္ေတာ္ကို ခံရခက္မွာပါပဲ။ ဒါေပမယ့္ spotted hyenas ေတြကေတာ့ ဒီလိုေမြးဖြားပါၾကပါတယ္။ ဒါေပမယ့္ spotted hyenas အမေတြက ေမြးဖြားေပးၾကတာပါ။ spotted hyenas ေတြဟာ ေမြးဖြားခါနီး အခ်ိန္ေရာက္တဲ့အခါ မိခင္ spotted hyenas ရဲ႕ မ်ိဳးပြားအဂၤါဟာ ဖြံ႕ၿဖိဳးႀကီးထြားၿပီး အျပင္ကို ရွည္ထြက္လာပါတယ္။ အရွည္အားျဖင့္ 7 လက္မ (18cm) ရွည္ၿပီး အက်ယ္ကေတာ့ 2.5 cm အခ်င္းရွိပါတယ္။ ဒီႁပြန္ကေနမွတစ္ဆင့္ 2 ေပါင္ (0.9 kg) အေလးခ်ိန္ခန႔္မွန္းေခ်ရွိတဲ့ ရင္ေသြးကို ေမြးဖြားေပးတာျဖစ္ပါတယ္။ဒီလို ခက္ခဲတဲ့ မီးဖြားျဖစ္စဥ္ေၾကာင့္ 15% ခန႔္ေသာ spotted hyenas ေတြဟာေသဆုံးၾကပါတယ္။

 

4. Prehensile-tailed porcupine

Prehensile-tailed porcupine ဟာလည္းပဲ ေမြးဖြားရခက္ခဲတဲ့ သတၱဝါတစ္မ်ိဳးျဖစ္ပါတယ္။ သူဟာ ျဖဴေကာင္မ်ိဳးျဖစ္ၿပီး ေက်ာကုန္းမွာ ဆူးေတြနဲ႕ျပည့္ႏွက္ေနပါတယ္။ ဒီဆူးေတာင္ေတြဟာ မိခင်ရြဲ ဝမ္းဗိုက္ထဲမွာ ေနစဥ္ကေတာ့ ေပ်ာ့ေပ်ာင္းေနေပမယ့္ ေလနဲ႕ထိေတြ႕တဲ့အခါမာလာပါတယ္။ မ်ားေသာအားျဖင့္ ရက္ေသြးကို ေမြးတဲ့အခါမွာ ေခါင္းပိုင္းကေနေမြးတာျဖစ္ၿပီး ဒီအေျခအေနမွာဆိုရင္ေတာ့ ဘာျပႆနာမွ မရွိပါဘူး။ ဒါေပမယ့္ ေျပာင္းျပန္ ေအာက္ပိုင္းကေနစတင္ထြက္လာမယ္ ဆိုရင္ေတာ့ မိခင္ Prehensile-tailed porcupine ႀကီးဟာ ေသမတတ္ခံစားရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Prehensile-tailed porcupine အေကာင္ငယ္ေလးရဲ႕ ဆူးေတြဟာ သူမရဲ႕ ဝမ္းဗိုက္ထဲမွာ ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္ ထိုးမိၿပီး ကပ္ၿငိက်န္ေနခဲ့မွာပဲ ျဖစ္လို႔ပါ။

 

5. Short-eared elephant shrew

သူကလည္း kiwi bird လိုပါပဲ။ ရင္ေသြးရဲ႕ အ႐ြယ္အစားဟာ မိခင္ရဲ႕ အ႐ြယ္နဲ႕ယွဥ္ရင္ႀကီးလြန္းေနတာပါ။ Short-eared elephant shrew ေလးေတြဟာ ေသးငယ္ပါတယ္။ အ႐ြယ္အစားအားျဖင့္ 4 လက္မ (10 cm) မွ်သာရွိပါတယ္။ အေလးခ်ိန္အားျဖင့္ 43 ဂရမ္ထက္ မပိုပါဘူး။ ဒါေပမယ့္ မိခင္ Short-eared elephant shrew ရဲ႕ အေလးခ်ိန္ဟာ ရင္ေသြးကို လြယ္ထားရတဲ့အခ်ိန္မွာ သူမပင္ကိုယ္အေလးခ်ိန္ရဲ႕ 50 % အထိတိုးလာနိုင္ပါတယ္။ Short-eared elephant shrew ရင္ေသြးေလးတစ္ေကာင္ရဲ႕အေလးခ်ိန္ဟာ 10 ဂရမ္မွ်ရွိပါတယ္။ ရင္ေသြးႏွစ္ေကာင္ကို လြယ္ထားရေလ့ရွိၿပီး 40 ဂရမ္မွ်ရွိတဲ့ Short-eared elephant shrew ငယ္ေလးေတြကို ေမြးထုတ္ရျခင္းပဲျဖစ္ပါတယ္။

Comments