လုံခြုံရေးအသုံးစရိတ်အမြင့်ဆုံး Mark Zuckerberg
Unicode
Facebook ဟာ ကုမ္ပဏီရဲ့ CEO လုံခြုံရေးကို အတော်လေး ဂရုစိုက်ပုံရပါတယ်။ 2020 ခုနှစ်မှာ မတ်ခ်ဇူကာဘတ်အတွက် လုံခြုံရေးစရိတ် ဒေါ်လာ 23.4 သန်းကျော် Facebook အသုံးပြုခဲ့တာပါ။ 13.4 သန်းကတော့ Personal Security အတွက်ဖြစ်ပြီး ဒေါ်လာ 10 သန်းကတော့ သူ့မိသားစုရဲ့ အကြိုအခွန်ဆောင်ခြင်းအတွက်ဖြစ်ပါတယ်။ တခြားသော ကိစ္စရပ်တွေပါအပါအဝင်စုစုပေါင်း ဒေါ်လာ 25.3 သန်းလောက် Facebook က ဇူကာဘတ်အတွက် သုံးစွဲခဲ့တာပါ။ ဒါတောင် မတ်ခ်ရဲ့ လုပ်ခလစာက 1 US ဒေါ်လာသာရှိတာဖြစ်ပါတယ်။
မတ်ခ်ဇူကာဘတ်ရဲ့ Security အတွက် တစ်နှစ်ထက်တစ်နှစ် သုံးတဲ့ငွေဟာ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ဂျက်ဖ်ဘီဇော့စ်ရဲ့ ခံစားခွင့်ထက်တောင် ၁၈ ဆလောက် ပိုများနေပါတယ်။
ကမ္ဘာ့ထိပ်သီး နည်းပညာအမှုဆောင်တွေထဲမှာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ဟာ လုံခြုံရေးစရိတ်အများဆုံး ရတဲ့ CEO ဖြစ်တယ်လို့ Silicon Valley က ကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးအသုံးစရိတ်ကို လေ့လာတဲ့ လေ့လာမှုသစ်တစ်ခုက ဆိုပါတယ်။
ဒီလေ့လာမှုမှာ Silicon Valley က နည်းပညာကုမ္ပဏီကြီးတွေဟာ ကုမ္ပဏီရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ဒေါ်လာ ၄၆ သန်းအထိ သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Zawgyi
Facebook ဟာ ကုမၸဏီရဲ႕ CEO လုံၿခဳံေရးကို အေတာ္ေလး ဂ႐ုစိုက္ပုံရပါတယ္။ 2020 ခုႏွစ္မွာ မတ္ခ္ဇူကာဘတ္အတြက္ လုံၿခဳံေရးစရိတ္ ေဒၚလာ 23.4 သန္းေက်ာ္ Facebook အသုံးျပဳခဲ့တာပါ။ 13.4 သန္းကေတာ့ Personal Security အတြက္ျဖစ္ၿပီး ေဒၚလာ 10 သန္းကေတာ့ သူ႕မိသားစုရဲ႕ အႀကိဳအခြန္ေဆာင္ျခင္းအတြက္ျဖစ္ပါတယ္။ တျခားေသာ ကိစၥရပ္ေတြပါအပါအဝင္စုစုေပါင္း ေဒၚလာ 25.3 သန္းေလာက္ Facebook က ဇူကာဘတ္အတြက္ သုံးစြဲခဲ့တာပါ။ ဒါေတာင္ မတ္ခ္ရဲ႕ လုပ္ခလစာက 1 US ေဒၚလာသာရွိတာျဖစ္ပါတယ္။
မတ္ခ္ဇူကာဘတ္ရဲ႕ Security အတြက္ တစ္ႏွစ္ထက္တစ္ႏွစ္ သုံးတဲ့ေငြဟာ ကမၻာ့အခ်မ္းသာဆုံးဆိုတဲ့ ဂ်က္ဖ္ဘီေဇာ့စ္ရဲ႕ ခံစားခြင့္ထက္ေတာင္ ၁၈ ဆေလာက္ ပိုမ်ားေနပါတယ္။
ကမၻာ့ထိပ္သီး နည္းပညာအမႈေဆာင္ေတြထဲမွာ Facebook အမႈေဆာင္အရာရွိခ်ဳပ္ မတ္ခ္ဇူကာဘတ္ခ္ဟာ လုံၿခဳံေရးစရိတ္အမ်ားဆုံး ရတဲ့ CEO ျဖစ္တယ္လို႔ Silicon Valley က ကုမၸဏီႀကီးေတြရဲ႕ လုံၿခဳံေရးအသုံးစရိတ္ကို ေလ့လာတဲ့ ေလ့လာမႈသစ္တစ္ခုက ဆိုပါတယ္။
ဒီေလ့လာမႈမွာ Silicon Valley က နည္းပညာကုမၸဏီႀကီးေတြဟာ ကုမၸဏီရဲ႕ အျမင့္ဆုံးပုဂၢိုလ္ေတြရဲ႕ လုံၿခဳံေရးအတြက္ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ စုစုေပါင္း ေဒၚလာ ၄၆ သန္းအထိ သုံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

Comments
Post a Comment