What is Erotomania?
Unicode
Erotomaniaအကြောင်း

Erotomaniaဆိုတာ လူတစ်ယောက်က သူ့ကို တခြားလူတစ်ယောက်မှ စွဲစွဲမြဲမြဲ ချစ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်တဲ့ ရှားပါးသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ထိုတခြားလူတစ်ယောက်နေရာမှာ အနုပညာရှင်၊ နိုင်ငံရေးသမား၊ ချမ်းသာကြွယ်ဝသူနှင့် အောင်မြင်ကျော်ကြားသူတို့ ဖြစ်တတ်ကြပါတယ်။ Erotomaniaဖြစ်နေသူတွေဟာ ထိုတခြားလူနှင့် ချစ်သူတွေ ဖြစ်နေကြတယ်လို့လည်း ယုံကြည်နေတတ်ကြပါတယ်။

Erotomaniaကို ၁၉၂၁ ခုနှစ်မှာ disorderတစ်မျိုးလို့ ပထမဦးဆုံးစတင်သတ်မှတ်ခဲ့သော ပြင်သစ်စိတ်ရောဂါကုဆရာဝန် Gatan Gatian De Clrambaultကို ဂုဏ်ပြုသောအားဖြင့် Erotomaniaကို De Clrambault's syndromeလို့လည်း ခေါ်ကြပါတယ်။

Erotomaniaဖြစ်နေကြတဲ့လူအများစုဟာ သူတို့အား ချစ်ကြိုက်နေတယ်လို့ ထင်နေတဲ့လူကို အပြင်မှာ တစ်ခါမှတောင် မမြင်ဖူးကြဘဲ ထိုသို့ ထင်မြင်စွဲလမ်းတတ်ကြတာပဲ ဖြစ်ပါတယ်။

Erotomaniaဖြစ်နေတဲ့လူဟာ သူတို့ထင်ယောင်ထင်မှားဖြစ်နေတဲ့လူက သူတို့ကို လျှို့ဝှက်စွာ ဆက်သွယ်ချင်နေကြတယ်ဆိုပြီးလည်း ယုံကြည်နေကြပါသေးတယ်။

Erotomaniaဖြစ်နေတဲ့လူတွေဟာ အမှန်တရားအတွက် တိကျသေချာတဲ့သက်သေကိုမြင်တွေ့ရင်တောင် သူတို့ရဲ့ ယုံကြည်မှုကို မစွန့်လွှတ်နိုင်ကြပါဘူး။

Erotomaniaဟာ ရုတ်တရက်ကြီး ထဖြစ်တတ်ပြီး ကြာရှည်စွာ ခံစားရတတ်ပါတယ်။ Erotomaniaဟာ သူ့တစ်ခုတည်းလည်း ဖြစ်တတ်ပေမယ့် များသောအားဖြင့် တခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများဖြစ်တဲ့ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)၊ စိတ်ကြွစိတ်ကျရောဂါ(Bipolar Disorder)နှင့် အယ်ဇိုင်းမားရောဂါ (Alzheimer 's) တို့နဲ့ ဆက်နွယ်လေ့ရှိပါတယ်။

Erotomaniaဟာ အမျိုးသားများထက် အမျိုးသမီးများမှာ ဖြစ်နှုန်းပိုများပါတယ်။ Erotomaniaဟာ အရွယ်ရောက်ပြီးနောက်ပိုင်းမှသာ ဖြစ်ပေါ်နိုင်ပြီး အသက်လေးဆယ်ကျော်အရွယ်လူတွေမှာ အဖြစ်များပါတယ်။

လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့ဟာ Erotomaniaဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းများအနေနှင့် တည်ရှိပါတယ်။ Erotomania ဖြစ်စေတတ်သော အကြောင်းရင်းများကတော့ မိမိကိုယ်ကိုတန်ဖိုးထားမှု (Self-esteem)နည်းပါးခြင်း၊ အပယ်ခံရတယ်လို့ ခံစားရခြင်း၊ အထီးကျန်ခြင်း၊ တစ်ယောက်တည်း နေခြင်းနှင့် တခြားလူများ၏ အတွေးအမြင်များကို လက်မခံနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Erotomaniaရဲ့ လက္ခဏာများကတော့

-မိမိကို တခြားလူတစ်ယောက်မှ စွဲစွဲမြဲမြဲ ချစ်ကြိုက်နေသည်ဟု ထင်မှတ်ခြင်း၊
-ထိုတခြားလူတစ်ယောက်အား စာများနှင့် လက်ဆောင်များ အမြဲပို့ပေးခြင်း၊ ဖုန်းဆက်ခြင်း၊
-ထိုလူက ကိုယ့်ကို သတင်းများ၊ တီဗွီရှိုးများ၊ social mediaများမှာ အကြည့်နှင့် ကိုယ်ဟန်အမူအရာများမှ တဆင့် ပြောဆိုဆက်ဆံဖို့ ကြိုးစားနေသည်ဟု ထင်ခြင်း၊
-ထိုလူနှင့် ပတ်သက်၍ သဝန်တိုခြင်း၊
-ထိုလူအား လူမြင်ကွင်းမှာ ဒုက္ခပေးနှောင့်ယှက်ခြင်း၊
-ထိုလူအကြောင်း ပြောနေစဥ်နှင့် ထိုလူနဲ့ဆိုင်သော အလုပ်မှအပ တခြားအလုပ်များအပေါ် စိတ်ဝင်စားမှု မရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Erotomaniaဟာ အန္တရာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ တခြားလူက Erotomaniaဖြစ်နေသူ၏ တည်ရှိမှုကိုတောင် မသိတဲ့အခြေအနေမှာ တွေ့ဖို့၊ စကားပြောဖို့ ကြိုးစားတာဟာ တခြားလူအား ခြောက်လှန့်စေနိုင်ပြီး နောက်ယောင်ခံလိုက်ခြင်း သို့မဟုတ် ဒုက္ခပေးနှောင့်ယှက်ခြင်းအသွင်ကို ဦးတည်နိုင်ပါတယ်။ ထို့ပြင် တစ်စုံတစ်ယောက်က အမှန်တရားကို ပြောပြလာတဲ့အခါ Erotomaniaဖြစ်နေတဲ့လူက မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်တတ်ကြပါတယ်။

Erotomaniaကို စစ်ဆေးပေးနိုင်တဲ့ testမရှိပါဘူး။ စိတ်ပညာရှင်နှင့် စိတ်ရောဂါတုဆရာဝန်များနှင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းများကို ဆွေးနွေးတိုင်ပင်ပြီး Erotomania ဖြစ် မဖြစ် သိရှိနိုင်ပါတယ်။
Erotomaniaတွက် ကုသနည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

-Therapy
Talk therapyဟာ Erotomaniaရဲ့ အဓိက ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးထဲမှာ Cognitive behavioral therapy(CBT)နှင့် တခြားသော အမျိုးအစားတွေ ပါဝင်ပါတယ်။
-ဆေးသောက်သုံးခြင်း
ဆရာဝန်များဟာ
စိတ်ရောဂါကုဆေး၊ စိတ်ကျရောဂါကုဆေးများနှင့် စိတ်ငြိမ်ဆေးများထဲမှ တစ်ခုခုကို သောက်သုံးခိုင်းပါလိမ့်မယ်။ ထိုဆေးများဟာ စိတ်ကျန်းမာရေးအခြေအနေကို သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။
-ဆေးရုံတက်ခြင်း
Erotomaniaကို ခံစားနေရသူဟာ မိမိကိုယ်ကို သို့မဟုတ် တခြားလူများအား အန္တရာယ်ပြုလာနိုင်ပြီဆိုရင်တော့ ဆေးရုံတက်ဖို့ လုပ်သင့်ပါတယ်။
Zawgyi
Erotomaniaအေၾကာင္း

Erotomaniaဆိုတာ လူတစ္ေယာက္က သူ႕ကို တျခားလူတစ္ေယာက္မွ စြဲစြဲၿမဲၿမဲ ခ်စ္ေနတယ္လို႔ ထင္ေယာင္ထင္မွားျဖစ္တဲ့ ရွားပါးေသာ စိတ္ေရာဂါတစ္ခု ျဖစ္ပါတယ္။ ထိုတျခားလူတစ္ေယာက္ေနရာမွာ အႏုပညာရွင္၊ နိုင္ငံေရးသမား၊ ခ်မ္းသာႂကြယ္ဝသူႏွင့္ ေအာင္ျမင္ေက်ာ္ၾကားသူတို႔ ျဖစ္တတ္ၾကပါတယ္။ Erotomaniaျဖစ္ေနသူေတြဟာ ထိုတျခားလူႏွင့္ ခ်စ္သူေတြ ျဖစ္ေနၾကတယ္လို႔လည္း ယုံၾကည္ေနတတ္ၾကပါတယ္။

Erotomaniaကို ၁၉၂၁ ခုႏွစ္မွာ disorderတစ္မ်ိဳးလို႔ ပထမဦးဆုံးစတင္သတ္မွတ္ခဲ့ေသာ ျပင္သစ္စိတ္ေရာဂါကုဆရာဝန္ Gatan Gatian De Clrambaultကို ဂုဏ္ျပဳေသာအားျဖင့္ Erotomaniaကို De Clrambault's syndromeလို႔လည္း ေခၚၾကပါတယ္။

Erotomaniaျဖစ္ေနၾကတဲ့လူအမ်ားစုဟာ သူတို႔အား ခ်စ္ႀကိဳက္ေနတယ္လို႔ ထင္ေနတဲ့လူကို အျပင္မွာ တစ္ခါမွေတာင္ မျမင္ဖူးၾကဘဲ ထိုသို႔ ထင္ျမင္စြဲလမ္းတတ္ၾကတာပဲ ျဖစ္ပါတယ္။

Erotomaniaျဖစ္ေနတဲ့လူဟာ သူတို႔ထင္ေယာင္ထင္မွားျဖစ္ေနတဲ့လူက သူတို႔ကို လွ်ို႔ဝွက္စြာ ဆက္သြယ္ခ်င္ေနၾကတယ္ဆိုၿပီးလည္း ယုံၾကည္ေနၾကပါေသးတယ္။

Erotomaniaျဖစ္ေနတဲ့လူေတြဟာ အမွန္တရားအတြက္ တိက်ေသခ်ာတဲ့သက္ေသကိုျမင္ေတြ႕ရင္ေတာင္ သူတို႔ရဲ႕ ယုံၾကည္မႈကို မစြန႔္လႊတ္နိုင္ၾကပါဘူး။

Erotomaniaဟာ ႐ုတ္တရက္ႀကီး ထျဖစ္တတ္ၿပီး ၾကာရွည္စြာ ခံစားရတတ္ပါတယ္။ Erotomaniaဟာ သူ႕တစ္ခုတည္းလည္း ျဖစ္တတ္ေပမယ့္ မ်ားေသာအားျဖင့္ တျခားေသာ စိတ္က်န္းမာေရးဆိုင္ရာ ေရာဂါမ်ားျဖစ္တဲ့ စိတ္ကစဥ့္ကလ်ားေရာဂါ (Schizophrenia)၊ စိတ္ႂကြစိတ္က်ေရာဂါ(Bipolar Disorder)ႏွင့္ အယ္ဇိုင္းမားေရာဂါ (Alzheimer 's) တို႔နဲ႕ ဆက္ႏြယ္ေလ့ရွိပါတယ္။

Erotomaniaဟာ အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးမ်ားမွာ ျဖစ္ႏႈန္းပိုမ်ားပါတယ္။ Erotomaniaဟာ အ႐ြယ္ေရာက္ၿပီးေနာက္ပိုင္းမွသာ ျဖစ္ေပၚနိုင္ၿပီး အသက္ေလးဆယ္ေက်ာ္အ႐ြယ္လူေတြမွာ အျဖစ္မ်ားပါတယ္။

လူတစ္ေယာက္ရဲ႕ ပတ္ဝန္းက်င္၊ ေနထိုင္မႈပုံစံႏွင့္ စိတ္က်န္းမာေရးအေျခအေနတို႔ဟာ Erotomaniaျဖစ္ေစနိုင္တဲ့ အစိတ္အပိုင္းမ်ားအေနႏွင့္ တည္ရွိပါတယ္။ Erotomania ျဖစ္ေစတတ္ေသာ အေၾကာင္းရင္းမ်ားကေတာ့ မိမိကိုယ္ကိုတန္ဖိုးထားမႈ (Self-esteem)နည္းပါးျခင္း၊ အပယ္ခံရတယ္လို႔ ခံစားရျခင္း၊ အထီးက်န္ျခင္း၊ တစ္ေယာက္တည္း ေနျခင္းႏွင့္ တျခားလူမ်ား၏ အေတြးအျမင္မ်ားကို လက္မခံနိုင္ျခင္း စတာေတြပဲ ျဖစ္ပါတယ္။
Erotomaniaရဲ႕ လကၡဏာမ်ားကေတာ့

-မိမိကို တျခားလူတစ္ေယာက္မွ စြဲစြဲၿမဲၿမဲ ခ်စ္ႀကိဳက္ေနသည္ဟု ထင္မွတ္ျခင္း၊
-ထိုတျခားလူတစ္ေယာက္အား စာမ်ားႏွင့္ လက္ေဆာင္မ်ား အၿမဲပို႔ေပးျခင္း၊ ဖုန္းဆက္ျခင္း၊
-ထိုလူက ကိုယ့္ကို သတင္းမ်ား၊ တီဗြီရွိုးမ်ား၊ social mediaမ်ားမွာ အၾကည့္ႏွင့္ ကိုယ္ဟန္အမူအရာမ်ားမွ တဆင့္ ေျပာဆိုဆက္ဆံဖို႔ ႀကိဳးစားေနသည္ဟု ထင္ျခင္း၊
-ထိုလူႏွင့္ ပတ္သက္၍ သဝန္တိုျခင္း၊
-ထိုလူအား လူျမင္ကြင္းမွာ ဒုကၡေပးႏွောင့္ယွက္ျခင္း၊
-ထိုလူအေၾကာင္း ေျပာေနစဥ္ႏွင့္ ထိုလူနဲ႕ဆိုင္ေသာ အလုပ္မွအပ တျခားအလုပ္မ်ားအေပၚ စိတ္ဝင္စားမႈ မရွိျခင္း စတာေတြပဲ ျဖစ္ပါတယ္။

Erotomaniaဟာ အႏၱရာယ္ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ တျခားလူက Erotomaniaျဖစ္ေနသူ၏ တည္ရွိမႈကိုေတာင္ မသိတဲ့အေျခအေနမွာ ေတြ႕ဖို႔၊ စကားေျပာဖို႔ ႀကိဳးစားတာဟာ တျခားလူအား ေျခာက္လွန႔္ေစနိုင္ၿပီး ေနာက္ေယာင္ခံလိုက္ျခင္း သို႔မဟုတ္ ဒုကၡေပးႏွောင့္ယွက္ျခင္းအသြင္ကို ဦးတည္နိုင္ပါတယ္။ ထို႔ျပင္ တစ္စုံတစ္ေယာက္က အမွန္တရားကို ေျပာျပလာတဲ့အခါ Erotomaniaျဖစ္ေနတဲ့လူက မိမိကိုယ္ကို နာက်င္ေအာင္ ျပဳလုပ္တတ္ၾကပါတယ္။

Erotomaniaကို စစ္ေဆးေပးနိုင္တဲ့ testမရွိပါဘူး။ စိတ္ပညာရွင္ႏွင့္ စိတ္ေရာဂါတုဆရာဝန္မ်ားႏွင့္ မိမိ၏ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးအေၾကာင္းမ်ားကို ေဆြးႏြေးတိုင္ပင္ၿပီး Erotomania ျဖစ္ မျဖစ္ သိရွိနိုင္ပါတယ္။
Erotomaniaတြက္ ကုသနည္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

-Therapy
Talk therapyဟာ Erotomaniaရဲ႕ အဓိက ကုထုံးျဖစ္ပါတယ္။ ဒီကုထုံးထဲမွာ Cognitive behavioral therapy(CBT)ႏွင့္ တျခားေသာ အမ်ိဳးအစားေတြ ပါဝင္ပါတယ္။
-ေဆးေသာက္သုံးျခင္း
ဆရာဝန္မ်ားဟာ
စိတ္ေရာဂါကုေဆး၊ စိတ္က်ေရာဂါကုေဆးမ်ားႏွင့္ စိတ္ၿငိမ္ေဆးမ်ားထဲမွ တစ္ခုခုကို ေသာက္သုံးခိုင္းပါလိမ့္မယ္။ ထိုေဆးမ်ားဟာ စိတ္က်န္းမာေရးအေျခအေနကို သက္သာလာေအာင္ ကူညီေပးနိုင္ပါတယ္။
-ေဆး႐ုံတက္ျခင္း
Erotomaniaကို ခံစားေနရသူဟာ မိမိကိုယ္ကို သို႔မဟုတ္ တျခားလူမ်ားအား အႏၱရာယ္ျပဳလာနိုင္ၿပီဆိုရင္ေတာ့ ေဆး႐ုံတက္ဖို႔ လုပ္သင့္ပါတယ္။
Comments
Post a Comment