A cheap and lovely way of travelling- Couchsurfing
ကျွန်တော်လည်း ခရီးသွားရတာ ဝါသနာပါသူလည်းဖြစ် ဒီအချိန်ကြီး ကိုယ်တိုင်လည်းဘယ်မှသွားမရဆိုတော့ သူများတွေသွားတဲ့ Vlog တွေ Documentary တွေပဲကြည့်နေရတာပေါ့ဗျာ။ အဲ့မှာ Couch Connection ဆိုတဲ့ 2020 ကထွက်ထားတဲ့ ရုပ်ရှင်လေးသွားတွေ့ပါတယ်။ အရင်က Budget ခရီးသွားပုံစံမှာ Backpack (လွယ်အိတ်) တစ်လုံးနဲ့ ခရီးသွားပြီး စျေးသက်သာတဲ့ Hostel မျိုးတွေမှာ တည်းတဲ့ ခရီးသွားတဲ့ပုံစံမျိုးတွေ့ဖူးပေမယ့် Couchsurfing ဆိုတဲ့ ခရီးသွားပုံစံကိုတော့ အခုမှတွေ့ဖူးတာပါ။ ဘာလဲဆိုတာတော့ ကျွန်တော်သိသလောက်ရှင်းပြပါမယ်။
Couchsurfing
စကားလုံးရဲ့ အဓိပ္ပာယ်ကို အရင်ရှင်းပြပါမယ်။ ကျွန်တော်တို့ မြို့ပြက ဧည့်ခန်းတော်တော်များများမှာ ဆိုဖာဆက်တီတွေရှိပါတယ်။ အဲ့လိုဆက်တီတွေမှာ လူလည်းအိပ်လို့ရတဲ့ ဆက်တီအရှည်ပုံစံကို Couch လို့ခေါ်ပါတယ်။ Surfing ဆိုတာကတော့ ရေလွှာလျှောစီးတာပါ။ နှစ်ခုပေါင်းလိုက်တော့ ဆက်တီပေါ်ကနေ တစ်နေရာကနေ တစ်နေရာကိုလှိုင်းစီးသွားတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။
အဲ့လိုပါပဲ ညဘက်ကိုယ့်အိမ်မှာ ပိုနေတဲ့ couch နေရာမှာ ခရီးသွားတွေကို အခမဲ့ အိပ်ခွင့်ပေးကြပါတယ်။ ခရီးသွားတဲ့သူကလည်း couch တွေပေါ်အိပ်ပြီး တစ်နေရာကနေတစ်နေရာကို surfing လုပ်သလို သွားလာလို့ရတဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဒါကစကားလုံးရဲ့ သဘောတရားပါ။ ဆက်တီပေါ်မဟုတ်ပဲ ပိုနေတဲ့ အခန်း သို့မဟုတ် အိမ်နေရာမှာ အိပ်ခွင့်ပေးကြတာပိုများပါတယ်။
couchsurfing.com စတင်ခဲ့ပုံ
1991 ခုနှစ်မှာဖြစ်ပါတယ်။ တစ်ချိန် Couchsurfing တည်ထောင်သူဖြစ်လာမယ့် အသက် ၂၁ နှစ်အရွယ် Programmer Casey Fenton ဟာ သူနေထိုင်တဲ့ Boston ကနေ Iceland ကို သွားမယ့် လေယာဉ်လက်မှတ်ကို စျေးသက်သက်သာသာနဲ့ရလိုက်ပါတယ်။ ဒါပေမယ့် Iceland ရဲ့ နေထိုင်မှုစရိတ်က ကြီးလွန်းတာကြောင့် တည်းဖို့နေရာကို လိုက်ရှာရင်း အကြံတစ်ခုရသွားပါတယ်။ Fenton ဟာ University of Iceland ရဲ့ database ကို hack ပြီး ကျောင်းသားတွေကို တည်းခိုခွင့်တောင်းခံတဲ့ Email တွေပေးပို့ခဲ့ပါတယ်။ ကျောင်းသား ၅၀ ကျော်လောက်က တည်းခိုနိုင်ကြောင်း email ပြန်ပို့ခဲ့တာကြောင့် Fenton တစ်ယောက် စရိတ်သက်သက်သာသာနဲ့ Iceland ကိုသွားနိုင်ခဲ့ပါတယ်။
| Casey Fenton |
အဲ့လိုနဲ့ အကြံရခဲ့တဲ့ Fenton ဟာ couchsurfing.com ဆိုတဲ့ website ကို 2004 ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
ဘယ်လို couchsurf ရမလဲ။

အရင်ဆုံး couchsurf.com website မှာ အရင် profile တစ်ခုလုပ်ရပါတယ်။ သင်က ခရီးသွားတွေကို လက်ခံသူ(host) လုပ်မှာလား။ ဒါမှမဟုတ်ခရီးသွားပြီး couchsurf မှာလားဆိုတာရွေးလို့ရပါတယ်။ အကုန်လုံးအခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိုဗစ်ကာလအတွင်းမှာမှ Financial တွေကြောင့်ဆိုပြီး လစဉ်ကြေးပေးရတာရှိပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတွေဆို ပိုပေးရပါတယ်။ အရမ်းတော့မများပါဘူး။ 1$ 2$ လောက်ပါပဲ။
ဘာတွေအကျိုးရှိသလဲ။
ပထမအချက်ကတော့ သိသာပါတယ်။ ပိုက်ဆံသက်သာပါတယ်။ သွားမယ့်ခရီးစဉ်တစ်လျှောက်က host တွေကို ကြိုပြီး website ဖြစ်ဖြစ် app ကဖြစ်ဖြစ်ချိတ်ထားရုံပါပဲ။ တစ်ချို့နိုင်ငံတွေမှာ စားစရိတ်တောင်းပြီး ချက်ကြွေးတာမျိုးရှိပေမယ့် နေစရိတ်က လုံးဝအခမဲ့ဖြစ်ပါတယ်။ စိတ်ချရပါ့မလားမသိရင် ကိုယ်တည်းချင်တဲ့ Host အပေါ် ပေးထားတဲ့ Review တွေကို သေချာလိုက်ဖတ်လို့ရပါတယ်။ အရင်တည်းခဲ့တဲ့ လူတွေကိုလည်းဆက်သွယ်ပြီး မေးမြန်းကြည့်လို့ရပါသေးတယ်။
![]() |
| ဂျပန်မှာ Couchsurf ရင် ဒီလိုအိပ်ရတာများပါတယ် |
ဒုတိယအချက်ကတော့ ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ထိတွေ့ရတာဖြစ်ပါတယ်။ Couch connection ရုပ်ရှင်ထဲမှာဆို သူ့အနေနဲ့ ကိုရီယားမှာတူတူနေပြီး ထမင်းလိပ်လုပ်ကြတာ၊ India မှာ ပါပလာလုပ်ကြတာ၊ Bangkok က Ladyboy တစ်ယောက်အိမ်မှာနေခဲ့တာ စသဖြင့် ကြည့်ရတာ လူ့ဘဝအစုံ၊ ယဉ်ကျေးမှုအစုံပါပဲ။ New York မှာတည်းတာဆို Host က Naked culture သမားမို့ တစ်အိမ်လုံးဖင်ပြောင်နဲ့နေကြတာပါ ပါပါသေးတယ်။
နိဂုံး
ကျွန်တော်လိုက်ကြည့်ရသလောက် couchsurfing ကတော်တော် မိသားစုဆန်ပါတယ်။ ကျွန်တော်တို့ လူတွေကို အချင်းချင်း ယုံကြည်မှုတွေနည်းလာကြတဲ့အချိန် ဒီလိုခရီးသွားပုံစံဟာ တော်တော်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုလို့မြင်မိပါတယ်။ အစက ဒါဟာ ဖွံဖြိုးပြီးနိုင်ငံတွေမှာများမှာပဲလို့ ထင်မိပေမယ့် အိန္ဒိယ၊ သိရီလင်္ကာ၊ ဗီယက်နမ်စတဲ့နိုင်ငံတွေမှာပါထွန်းကားတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း အေးချမ်းပြီး ဒီလို Culture လေးတွေ ထွန်းကားလာရင် လွယ်အိပ်တစ်လုံးလွယ်ပြီး တစ်နိုင်ငံလုံးပတ်ကြည့်လိုက်ချင်ပါသေးတယ်။
ညိုထွန်း


couchsurfing ခြေခြေမြစ်မြစ်
ReplyDeleteနားလည်ချင်တယ်
ဘယ်လိုလေ့လာရမလဲ
သွားဖူးကြတဲ့သူတွေ Review ရေးထားတာတွေလိုက်ဖတ်ပါဗျ။ Couch Connection ဆိုတဲ့ ကားလေးလည်းကြည့်ဖို့ recommend ပေးပါတယ်။
Deletehaha not for introverts tho.
ReplyDeleteInteresting.
ReplyDeleteSoory for introverts
ReplyDeleteမိုက်တယ်ဗျာ🐬🐬🐬
ReplyDeleteDone
ReplyDeleteWow ခုမှ ကြားဖူးတော့တယ် အဲလိုရှိတာ
ReplyDelete💞💞💞
ReplyDeleteDone 🍀
ReplyDelete👍Clicked✅
ReplyDeleteDone 💪
ReplyDeleteDone 🤍
ReplyDeleteပြည်တွင်းမှာ အသိတွေအိမ် လိုက်တည်းပြီး free ရိုက်သလိုပေါ့ 😍
ReplyDeleteအဲလိုအစီအစဉ်လေးရှိတာ good တယ်
ReplyDeleteအဲလိုသွားရတာမျိုး ကြိုက်တယ်
ဒေသခံတွေနှင့် သူတို့ရဲ့ယဉ်ကျေးမှု လူနေမှုစရိုက်တွေကို ထဲထဲဝင်ဝင်လေ့လာလို့ရတယ်၊စရိတ်လည်းသက်သာ
နောက်ဆို မြန်မာမှာလည်း အဲလိုလေးတွေ ဖြစ်လာစေချင်တယ်
ကျေးဇူးပါ မျှဝေပေးလို့
မိုက်တယ်နော်
ReplyDeletett
ReplyDeleteကမ္ဘာတော့ မမှန်းဖြစ်ဘူး။
ReplyDeleteမသေခင်လေးတော့ မြန်မာနိုင်ငံကို ကျောပိုးအိတ်တစ်လုံးနဲ့ နေရာစုံပတ်ကြည့်ချင်တယ်။
wow😲
ReplyDeleteCouchsurfingကို ကိုယ်လည်းအခုမှကြားဖူးတယ်။ လူအမျိုးမျိုးနဲ့ connectလုပ်ရတာ မိသားစုဆန်တာတွေကိုကြိုက်တဲ့ ကိုယ့်အတွက် couchsurfingက ကွက်တိပဲ။ ရှေ့ရက်တွေကပျက်သွားလို့ အခုမှဖတ်ရတယ်။
ReplyDeleteလူသိနည်းတဲ့အကြောင်းတွေ shareပေးလို့ ကျေးဇူးပါ admin.
Done
ReplyDeletedone
ReplyDelete❤️
ReplyDeleteရေစက်မှ ပင်လယ်ဆီသို့
ReplyDelete-
သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။