Alcohol ကိုဘယ်လိုအခါမှာရှောင်ကြဥ်သင့်လဲ❓


 

Alcohol ကိုဘယ်လိုအခါမှာရှောင်ကြဥ်သင့်လဲ❓

ကိုယ့်ရောင်းရင်းတွေကိုကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့သောက်တာမျိုးပဲဖြစ်စေချင်ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ ဥပါဒ်မဖြစ်အောင်ရှောင်ကြဉ်သင့်တဲ့အခါမျိုးမှာရှောင်ကြဉ်ရအောင်မျှဝေပေးလိုက်ပါတယ်။

Image result for avoid alcohol when taking medicine

🔹 စိတ်ငြိမ်ဆေးပါတဲ့ဆေးဝါးတွေသုံးစွဲနေရတဲ့အခါမျိုးမှာမသောက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ငြိမ်ဆေးသောက်တဲ့အခါမှာ Central Nervous System ကတဖြည်းဖြည်းလေးလာပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကိုနှေးလာစေတယ်။ အဲ့ဒီအခါခန္ဓာကိုယ်က Relax ဖြစ်ပြီးအိပ်ချင်စိတ်ကိုဖြစ်လာစေပါတယ်။ Alcohol ကလည်း Nervous System ကိုငြိမ်စေတဲ့အရာဖြစ်တဲ့အတွက် ဒီနှစ်ခုပေါင်းစပ်တဲ့အခါမှာ အလွန်အမင်းအိပ်ချင်တာ၊ စိတ်ရှုပ်ထွေးတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီထက်ဆိုးတဲ့အချို့အခြေအနေတွေမှာဆိုရင် သတိလစ်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊တက်ခြင်းနဲ့ သေဆုံးခြင်းအထိဆိုးရွားစေနိုင်ပါတယ်။ 

Image result for alcohol before sleeping

🔹 နောက်ပြီးအိပ်ခါနီးသောက်တာမျိုးလည်းရှောင်သင့်ပါတယ်။ မအိပ်ခင်ဝိုင်သောက်တာက အိပ်ပျော်စေပေမယ့် Alcohol ကတော့လုံလောက်တဲ့အိပ်စက်အနားယူမှုမရသေးခင်နိုးလာတာမျိုးဖြစ်စေပါတယ်။ နောက်ပြီး Alcohol ကဆီးလည်းရွှင်တဲ့အတွက် အိပ်မောကျနေတုန်းဆီးထသွားရတာက အိပ်စက်ချိန်ကိုထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ မအိပ်ခင်အရက်သောက်ခြင်းက အမျိုးသားတွေထက်အမျိုးသမီးတွေမှာ Sleep disruption ပိုဖြစ်စေတယ်လို့ဖော်ပြထားပါတယ်။ 

Image result for alcohol and mental health issues

🔹 ကိုယ်ခံအားနည်းနေတဲ့အချိန်နဲ့ အိပ်ရေးပျက်ထားတဲ့အချိန်မျိုးမှာလည်းမသောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့အချိန်သောက်ရင် Hangover ဒဏ်ကဆိုးဆိုးရွားရွားကိုခံရလို့ပါ 

Image result for alcohol and mental health issues

🔹 စိတ်ဓာတ်ကျတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးမှာသောက်ခြင်းကခဏတာတော့စိတ်လက်ပေါ့ပါးစေပေမယ့် ကြီးကြီးမားမား Mental Health Problem ရှိနေပြီဆိုရင်တော့ စိတ်အပန်းပြေစေဖို့ အမြဲတမ်းအရက်သောက်ပြီးကုသတာကကောင်းတဲ့အစီအစဥ်မဟုတ်ပါဘူး။ အဲ့ဒီအစားကျွမ်းကျင်တဲ့ဆေးပညာရှင်တွေနဲ့ကုသတာကအကောင်းဆုံးပါပဲ။

Comments

  1. ဝိုင် တစ်ပုလင်းဆိုကို ခေါင်းမထောင်တော့ဘူး

    ReplyDelete
  2. WYအကြောင်းလေးကိုလည်းအခါအခွင့်သင့်ရင်တင်ပြပေးပါဦး
    အခုတော်လှန်ရေးကာလမှာ ကျွန်တော်သိတဲ့ လူငယ်တော်တော်များများ WYရဲ့သားကောင်ဖြစ်နေကြပါပြီ
    ကျွန်တော်ကိုယ်တိုင်လည်းတချိန်ကWYရဲ့သားကောင်ဖြစ်ခဲ့ဖူးပါတယ်
    ကျွန်တော်ကတော့ကောင်းပြစ်ဆိုးပြစ်တွေသိလို့ လုံးဝရှောင်ကျဉ်လိုက်ပါပြီ
    လူငယ်တွေကိုအဲ့တာနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေပြန်ပြီးမျှဝေပေးစေချင်ပါတယ်

    ReplyDelete

Post a Comment