AVA 1740s အခန်း(၂)
(unicode/zawgyi)
အခန်း(၁)- https://bit.ly/3njtXNK
AVA 1740s
အခန်း(၂)
.............................................
၁၇၃၄ ခုနှစ်။ မေလ ၁ ရက်။
အင်းဝမြို့တွင်း ဘုရင့်ယာယီနန်း မှ တာ၅၀၀ ကျော်ကွာဝေးသော တည်ဆောက်ဆဲ အောင်နန်းကျော်ဘုံနန်းတော်သစ်ကြီး သို့ သွားရာလမ်းတစ်လျှောက်ဘေးဝဲယာတွင် နေရာအလွတ်အလပ်မရှိအောင် လူအများဖွေးဖွေးလှုပ်နေ၏။
အထူးသဖြင့် အမျိုးသမီးပရိသတ်ထုကြီးသည် လမ်းနဘေး ရာဇမတ်အကာအရံများရှိရာသို့ အလုအယက်တိုးဝှေ့နေကြသည်။
၁၇၃၃ နန်းတက်ခါစတွင် မဟာဓမ္မရာဇာဘုရင်သည် နန်းတက်ပြီးသည့်နောက် ဖခင်တနင်္ဂနွေမင်း ၏ မြို့ပြင်နန်းတော် မြတ်နန်းဘုံစံနန်းတော်မှ မြို့တွင်းနန်းတွင် ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် မြို့ပြင်နန်းတော်ဟောင်းကိုဖျက်စေခဲ့ပြီး အနည်းငယ်လှမ်းသောနေရာတွင် အောင်နန်းကျော်ဘုံနန်းတော်သစ်ကြီးကို ပြောင်းရွှေ့ဆောက်လုပ်စေခဲ့သည်။
ယနေ့တွင် အင်းဝအမျိုးသမီးထုအကြား ရေပန်းစားလှသော မဟာဓမ္မရာဇာဘုရင်လေးသည် နန်းတော်သစ်နှင့် ဥယျာက်တော်တည်ဆောက်ရာဆီသို့ စစ်သည်ဗိုလ်ပါအပေါင်းဖြင့် သွားရောက်ကာ ပန္နက်တင်မင်္ဂလာပြုမည်ဖြစ်သည်။
အမျိုးသမီးထုကြီးသည် လွန်ခဲ့သော တစ်နှစ်က မြို့တွင်းနန်းသို့ ဝင်တော်မူရာတွင် နောက်ဆုံးအကြိမ် မဟာဓမ္မရာဇာဓိပတိ ကို အနီးကပ်တွေ့ဖူးခဲ့ကြရသည်။
နို့နှစ်ရောင်အသားအရည်နှင့် နှုတ်ခမ်းနီတျာရဲပိုင်ရှင် မဟာဓမ္မရာဇာဘုရင်၏ ပျိုမျစ်ချောမောမှုသည် အိမ်ရှေ့မင်းသားမောင်ဖြူဘဝကတည်းက အင်းဝနေပြည်တော်တွင် ကျော်ကြားလှသည်။
ဖခင်တနင်္ဂနွေမင်း၏ ကွမ်းတော်ဆက်ကိုယ်လုပ်တော်တစ်ဦးသည် ညညီလာခံတွင် အိမ်ရှေ့မင်းသားလေးကြွအလာကို ငေးမောကာ ကွမ်းဆက်ရန် သတိလက်လွတ်ဖြစ်ခဲ့သဖြင့် ရှင်ဘုရင်မှ အင်းချထားသော တုတ်ဖြင့် ရိုက်ရာ ခေါင်းကွဲခဲ့ရဖူးသည်။
အိမ်ရှေ့မင်းသည် ရုပ်ရည်ချောမောသည်သာမက စောင်းညှင်းစသည့် တူရိယာများတီးမှုတ်ရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည်။
စာပေနှင့်မွေလျော်ပြီး ကဗျာ၊ရတုများ စပ်ဆိုရာတွင်လည်း ဝါသနာကြီးသည်။
အနုပညာအရာတွင် ပန်းတမော့ နှင့် ပန်းပုအတတ်များကို ကိုယ်တိုင်လက်ရာမြောက်စွာ ထုလုပ်တတ်သည်။
၁၇၃၂ ခုနှစ် တန်ခူးရေပွဲသဘင်တွင် အိမ်ရှေ့မင်း၏ ဖောင်တော်ကို အမျိုးသမီးထုက အလုအယက်တိုးဝှေ့ကြည့်ရှုကြသည်သာမက ရေကူး၍ အသဲအမဲ လိုက်ကြသည်။
ထိုစဉ်ကမ်းဘေးရှိ ပွဲကြည့်စင်ပြိုကျသဖြင့် ပွဲကြည့်စင်မှ အမျိုးသမီးများရော ရေကူးလိုက်သူ အမျိုးသမီးများပါ ဆယ်ဦးခန့် ရေနစ်သေဆုံးခဲ့ရဖူးသည်။
ယခုအခါတွင်တော့ အိမ်ရှေ့မင်းသား ဘဝ မှ မဟာဓမ္မရာဇာမင်းတရားကြီးဖြစ်လာခဲ့ပြီ။
ယခုအကြိမ်သည် မဟာဓမ္မရာဇာဓိပတိမင်းတရားကြီးအဖြစ် ပြည်သူများရှေ့သို့ ဒုတိယအကြိမ် ထွက်ခြင်းဖြစ်သည်။
...............................
နံနက်ပိုင်းပင်ရှိသေးသော်လည်း အညာ၏နွေက ခြစ်ခြစ်တောက်ပူနေသည်။
ပရိသတ်ကြီးမှာ တစစ ပိုမိုကြီးမားလာ၏။
နန်းမြို့ရိုးဆီမှ ထွက်လာမည့် ရှင်ဘုရင်ကို မျှော်ကြသည်။
မကြာမီ မြို့တံခါးပွင့်လာသည်။
ခေါင်းပေါင်းတွင် ရွှေပန်းခိုင်များ ပန်ထားကြသော လက်မရွံကြီးလူသန်ကြီးများက ကြိမ်လုံးများကိုင်ကာ ရှေ့ဆုံးမှ ထွက်လာသည်။
ထို့နောက် လေးနှင့်မြားကို ကိုင်လာကြသော အဖြူရောင်ဘောင်းထုပ်ဆောင်း မူဆလင်ပသီကြေးစားစစ်သည်များ၊ မောက်တိုအနက်များနှင့် မိန်ညိုများကို ဝတ်ဆင်ထားသည့် ရှေ့သာမြင်း၊ လက်ရွေးကြီး လက်ဝဲမြင်းစုနှင့် လက်ရွေးကြီးလက်ျာမြင်းစုဗိုလ်များက တံခွန်များတလူလူဖြင့် ထွက်လာပြီဖြစ်သည်။
အတီးအမှုတ်အသံများနှင့်အတူ ယိုးဒယားသဘင်သည်စုက တူရိယာများဖြင့် လိုက်ပါလာသည်။
ထို့နောက်တွင် ဓားလွတ်ကိုင်ချင်းမိုင်သုံ့ပန်းစုက ငွေပုဆိုးကို ခါးတောင်းကျိုက်လျက် သဘင်စုနောက်မှ ပါလာသည်။
ကာကိုင်လူပျိုတော်သားများနောက်မှ..ဘဲနှုတ်သီးဦးထုတ်အနီရောင်များ ဝတ်ဆင်ပြီး သေနတ်များထမ်းလာသည့် ကိုယ်ရံတော် ပေါ်တူဂီသေနတ်အစုကို မြင်သည်နှင့် လူအများ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။
နန်းမတော်ဝန် အာကာရွှေတောင် (ခေါ်) အာမေးနီးယန်းလူမျိုး အက်ဂါမိုင်းနပ်စ် သည် မြင်းဖြူကြီးကို စီးကာ ဝေါယာဥ်၏ ရှေ့မှ ဦးဆောင်သွား၏။
“ရွှေနန်းရှင်ကြွလာပြီ...ဒူးတုပ်.ခစားစမ်း..ဒူးတုပ်ခစားစမ်း..ရွှမ်း..ရွှမ်း”
ရှေ့ဆုံးမှ ရွှေပန်းပန် ထားသည့် ကိုယ်ရံတော်လူသန်ကြီးများ၏ ကြိမ်သံတရွှမ်းရွှမ်းကြားရသည်။
အစောပိုင်းက တိုးဝှေ့နေကြသော လူအုပ်ကြီးမှာ မြေကြီးတွင် ပြားပြားဝပ်ကုန်ကြ၏။
မဟာဓမ္မရာဇာဓိပတိရှင်ဘုရင်သည် ရွှေဝေါယာဥ်ဘေးပြတင်းမှ တင်းတိမ်ကို လှန်တင်လိုက်သည်။
အနောက်ဖက်တွင်ပါလာသော မိဖုရားခေါင်ကြီး မဟာဇာနိန္ဒဓိပတိဒေဝီ ၏ ဝေါယာဥ်ကို တချက်ငဲ့ကြည့်လိုက်သည်။
“ငါ....တယ်...မော်မကြည်နဲ့ဆို..ဒီကောင်မတွေ...ရွှမ်း”
ရှင်ဘုရင်၏ မျက်နှာကို ကြိမ်ဒဏ်နှင့်လဲကာ မော်ကြည့်ကြသည့် အာဂမိန်းမများလည်းရှိနေသည်။
“ဟဲ့..ငအက်ဂါ..လာစမ်းပါဦးကွဲ့”
မြင်းဖြူကြီးပေါ်မှ အတွင်းသင်းမှူး အက်ဂါမိုင်းနပ်စ်ကို ရှင်ဘုရင်က လှမ်းခေါ်လိုက်သည်။
အက်ဂါမိုင်းနပ်စ်၏ မြင်းက ဝေါယာဥ်နှင့် ကပ်လျက်ဖြစ်သွားပြီး လက်အုပ်ချီထား၏။
“မောင်မင်းမှာ ဗျန်အရက် ပါရင် ကိုယ်တော့်ကိုဆက်စမ်းပါဦး..နေကပူပူမို့ အပူကို အပူနဲ့ ကာရတာပ”
အက်ဂါမိုင်းနပ်စ်က မြင်းဘေးအိတ်တွင်ချိတ်ထားသော ဗျန် ဟု မြန်မာအခေါ်ခေါ်သည့် ပြင်သစ်ထုတ် ဘရန်ဒီအရက်ပုလင်းငယ်ကို ထုတ်ကာ လက်အုပ်ချီလျက် ပေးလိုက်သည်။
ရှင်ဘုရင်က ဘရန်ဒီ အရက်ကို အသင့်ရှိနေသည့် ရွှေခွက်တွင် ငှဲ့ကာ တမော့မော့လိုက်၏။
“ဘထွေးတော်ရော... နန်းတော်သစ်တည်နေရာမှာ ရောက်နှင့်နေပြီတဲ့လား”
“မှန်ပါ..ဘုရား.ဘထွေးတော်ကိုးသိန်းသခင်ရော...မင်းကြီးဦးပု တို့ပါ ဖောင်တော်နှင့်အတူ အသင့်စောင့်နေကြောင်းပါ”
“အကြီးတော်ပဒေသရာဇာရော...ဘယ်နားကထွက်သတုံး”
“ရှေ့ ယိုးဒယားစုနဲ့အတူရှိနေပါတယ်”
“အိမ်း..ဒီကနေ့ ငါ့နန်းပန္နက်ချပွဲအကြောင်း ကိုယ်တော်တိုင် စပ်ဆိုထားတဲ့ ရတုပုဒ်စုံတစ်ပုဒ် အကြီးတော်ကို ပြစရာရှိလို့..ပွဲပြီးရင် မပြန်ပဲ အနောက်ဥယျာဥ်တော်ကို လိုက်ခဲ့ရမယ်လို့ သွားပြောချေ”
“မှန်ပါ..ဘုရား”
“အေး..နေဦး..နေဦး..နေကလည်းပူပူ...ငါ့ကျွန် ပြည်သူများ ကိုယ်တော့်ကို ဖူးချင်လို့ တိုးနေ ဝှေ့နေကြတာ သနားစရာပါကွယ့်..ကိုယ်တော်ကို မော်ဖူးကြပါစေ့”
“မှန်ပါ..ဘုရား”
အက်ဂါမိုင်းနပ်စ်က မြင်းကို ခပ်သော့သော့နှင်ကာ လူတန်းရှေ့ဆုံးဆီ ထွက်ခွာသွားလေသည်။
အနုပညာသည်ယိုးဒယားစုနောက်တွင် ဝေါယာဥ်ဖြင့် လိုက်ပါကွပ်ကဲနေသော အကြီးတော်ပဒေသရာဇာ ကို အက်ဂါမိုင်းနပ်စ်က ရှင်ဘုရင့်အမှာကို ကပ်ပြောလိုက်သည်။
ထို့နောက် မြင်းကို ရှေ့သို့ ဆက်နှင်သွား၏။
မကြာမီ တီးသံမှုတ်သံများ ရုတ်တရက်တိတ်သွားသည်။
“ဘုန်းတော်အလွန်ကြီးမြတ်လှစွာသော.....တန်ခိုးတေဇောထိပ်မိုး..... လောကဓာတ်အခေါင်စိုးသည့်... စကြာလက်နက်သခင်.... အင်းဝဘုရင် သီရိပဝရမဟာဓမ္မရာဇာအဓိပတိမင်းတရားက..... လမ်းဘေးဝဲယာအခစားလာကြသော..... နေပြည်တော်နေ ကျေးတော်မျိုး ကျွန်တော်မျိုး များအား သနားလှစွာဖြင့် အမိန့်တော်ရှိလိုက်သည်....မော်...ဖူး...စေ..”
ယိုးဒယားအစုထဲတွင် ပါလာသော သံတော်ဆင့်၏ အသံရှည်သြသြကြီး ထွက်ပေါ်လာသည်။
မြေကြီးနှင့် မျက်နှာပြာပြားအပ်ဝပ်နေကြသော လူအုပ်ကြီးမှာ ဟေး ခနဲ အသံနှင့်အတူ လက်အုပ်ချီလျက် ခေါင်းများထောင်လာကြတော့သည်။
မဟာဓမ္မရာဇာဓိပတိသည် ရှေ့မှ ရွှေထွေးခံကို ယူကာ ကွမ်းတံတွေး ငုံ့ထွေးလိုက်ပြီးနောက် တင်းတိမ်ကို လှပ်လိုက်သည်။
ရှင်ဘုရင်လေးက လူအုပ်ကို တချက်ဝေ့ကြည့်ရင်း နှုတ်ခမ်းနီတာရဲလေးကို ပြုံးယောင်ယောင်ပြုလိုက်သည်။
လူအုပ်ထဲတွင်ရှိသော မိန်းမသားထုကြီးထံမှ ဟေးခနဲ ဟားခနဲ ငယ်သံပါအောင်အော်လိုက်သည့်အသံများ ဆူညံသွားတော့၏။
တနေရာတွင် ကာရံထားသော ရာဇမတ်ကွက်မှာ နောက်မှတွန်းအားကြောင့် ပြိုကျသွားပြီး အမျိုးသမီးအချို့မှာ မြေပေါ်တွင် လဲကုန်ကြသည်။ ရင်ဝတ်များပင် လျောကျတော့သည်။
အခြေအနေကား ရုတ်ရုတ်သဲသဲ ဆူဆူညံညံ။
“ဘာသံတွေလဲ..ရှင်မိငယ်”
“စကားမပြောနဲ့လေ..မောင်ကြီး...သွားက သျှားဆေးတွေက ထုံးမဖုံးရသေးဘူး... ပျက်ကုန်မှတော်”
နန်းမြို့တံခါး နှင့် မနီးမဝေး ရှမ်းတန်းထိပ် မွန်းစံသာ သွားဆေးဆိုးဆိုင်ထဲတွင်ဖြစ်သည်။
သွားမဲများဖြစ်အောင် ဆေးဆိုးနေသည့် အောင်ဇေယျက ဆူဆူညံညံအသံများကြောင့် သွားဆေးဆိုး၊ အထုံးအဖွဲ့အလုပ်သမ ရှင်မိငယ်ကို လှမ်းမေးခြင်းဖြစ်သည်။
ထန်းမှုတ်စေ့လောက်သာရှိသော ယောင်ဖြူဖြူကလေးထုံးထားသည့် မွန်းစံသာက အုန်းခွံကိုပြာချထားသည့် အနက်ရောင်ဆေးကို ထုံးအနည်းငယ်နှင့် ဖျော်ရင်းက သူတို့အနားသို့ ရောက်လာသည်။
၁၇၃၀ ကျော်ကာလ အင်းဝမြို့တော်တွင် ယောက်ျားမိန်းမများအကြား ထူးခြားသောဖက်ရှင်တစ်ခုမှာ သွားဆေးဆိုးခြင်းဖြစ်သည်။
ထိုကာလက ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တောင်အာရှတကြောတွင် သွားဆေးဆိုးသည့် ဓလေ့များ ထွန်းကားသည်။
ကူးသန်းရောင်းဝယ်ရေးများ၊ စစ်ပွဲများနှင့်အတူ ထိုဓလေ့က ကူးစက်ပြန့်နှံ့နေသည်။
၁၅ ရာစုမှ စတင်ပြီး အင်းဝနိုင်ငံတော်၊ ဟံသာဝတီနိုင်ငံတော်၊ အယုဒ္ဓယနိုင်ငံတော်၊ ဇင်းမယ်နိုင်ငံတော်စသည့် အရှေ့တောင်အာရှတွင်လည်း ကွမ်းချေးဖြင့် မဲနက်နေသည့်သွားများကို လှပသည်ဟု ယူဆကြရာမှ သွားများကို မဲနက်ပြောင်လက်နေအောင် သွားဆေးဆိုးကြသည်။
သွားဆေးဆိုးရာတွင် သံပုရာရည်ဖြင့် သွားများကို ပြောင်စင်အောင် ဆေးကြောရသည်။
သျှားဆေးနှင့် အုန်းဆံခွံကို ပြာကျထားသည့်အနက်ရောင်ဆေးကို သွားတွင် ခြယ်သရပြီးနောက် အပေါ်မှ ထုံးတစ်ထပ်အုပ်ကာ အခြောက်ခံရသည်။
ထုံးများခြောက်သွားချိန်တွင် ကွာကျသွားပြီး အနက်ရောင်တောက်နေသည့်သွားများကို ရရှိသည်။
မွန်းစံသာ ၏ သွားဆေးဆိုးအထုံးအစုဆိုင်မှာ အင်းဝ၏ အထင်ကရထဲမှ တစ်ခုလည်းဖြစ်သည်။
မွန်းစံသာ ၏ အိမ်သူ ဘွားရှင်ငြိမ်း သည် မင်းရဲကျော်ထင်လက်ထက်က နန်းတွင်း ဆတ္တာအစုအထုံးအဖွဲ့အပျိုတော်ဖြစ်ခဲ့သည်။
မိဖုရားကြီးများပွဲတက်ရာတွင် ဆံပင်၊ ဆံထုံးများကို အလှပြင်ဆင်ယင်ပေးခဲ့ရသည်။
သွားဆေးဆိုးသည့်ပညာကိုလည်း စနေမင်းလက်ထက် ၁၇၂၀ က မြောက်ဉီးမှ ကုန်သည်များနှင့်အတူ နန်းတွင်းသို့ အခစားပါလာသည့် ဂျပန်လူမျိုးလေးသည်များထံမှ သင်ယူတတ်မြောက်ထားသည်။
မွန်းစံသာနှင့် ဘွားရှင်ငြိမ်း အိမ်ထောင်ကျပြီးနောက် နန်းမြို့ပြင်ပ ဆတ္တာတန်းတွင်ယခုလို သွားဆေးဆိုးနှင့် ဆတ္တာအစုအထုံးဆိုင်ကို ဖွင့်ထားခြင်းဖြစ်သည်။
ဘွားရှင်ငြိမ်းဆုံးပါးသွားသည့်နောက် မွန်းစံသာက ထိုဆိုင်ကို ဆက်လက်ဖွင့်လှစ်ထားခဲ့သည်။
အကူအနေဖြင့် မုတ္တမဘက်မှ ကုန်သွယ်သင်္ဘောဖြင့် ပါလာသော မွန်အမျိုးသမီးရှင်မိငယ်ဆိုသည့် ဆယ်ကျော်သက် မိန်းကလေးကို ကျွန်အဖြစ်ဝယ်ယူပြီး သွားဆေးဆိုးခြင်းအလုပ်တွင် ကူညီခိုင်းစေခဲ့သည်။
မွန်းစံသာ မှာ သွားဆေးဆိုးခြင်းသာမက သျှောင်၊ ဆံထုံးထုံးဖွဲ့ပေးခြင်း၊ဆတ္တာခေါ် ဆံပင်ညှပ်ခြင်း တို့ကိုပါ တွဲဖက်လုပ်ကိုင်သဖြင့် အင်းဝမြို့တော်ရှိ ယောက်ျား၊ မိန်းမအကြား အထူးရေပန်းစားလေသည်။
ဗမာအမျိုးသားတို့မှာ ဘုရင့်အမိန့်အဖြင့် သျှောင်ထားရသဖြင့် ဆတ္တာလုပ်ငန်းမှာ ဆံပင်အတိုညှပ်ကြသော မွန်၊ ယိုးဒယားနှင့် ဥရောပသား၊ အာရှသားကုန်သည်များကို အဓိကထား ဝန်ဆောင်မှုပေးကြသည်။
အောင်ဇေယျကား သွားဆေးဆိုးနေစဥ် စကားပြောလိုက်သဖြင့် ပါးစပ်တွင်းမှ သျှားစေးများက မေးစေ့သို့ စီးကျသွားသည်ကို သုတ်လိုက်သည်။
“အကိုအောင်ဇေယျပြောလည်း ပြောစရာပဲ.. မွန်းစံသာရ....ဒီကောင်မတွေ..ကဲလွန်း..သဲလွန်းသဗျာ..သူတို့ တဏှာမြူးသံတွေက ဒီအထိတောင် ညံထွက်နေတယ်..နားတဏှာဘေးသင့်တယ်ဆိုတာ ဒါမျိုးထင်ရဲ့”
အောင်ဇေယျနှင့်အတူပါလာသော မောင်ကောင်းက ဘေးနားမှ အဝတ်စကို အောင်ဇေယျထံကမ်းပေးရင်း ပြောသည်။
“သြော်..မောင်ကောင်းနှယ့်..ရှင်ဘုရင်လေးကလည်း ချောလှသကိုးဟ..မောင်တို့ ကျုပ်တို့လို ဆင်းရဲသားများ တော့ ဒီမိန်းမတွေ ဘယ်အဖတ်လုပ်လိမ့်မတုန်း”
“အောင်မယ်..ပြောသလောက်လည်းဟုတ်မယ်မထင်ပေါင်..မွန်းစံသာရာ...ကျုပ်တို့ ကောင်ကြီး အောင်ဇေယျလည်း ရှင်ဘုရင်သာဖြစ်ကြည့်...ဒီလိုသာပဲ နေမှာ”
ဝါးကွပ်ပျစ်ပေါ်တွင် လှဲနေသော အောင်ဇေယျက မောင်ကောင်းကို ခပ်တိုးတိုးဆဲရေးလိုက်သည်။
“မဆဲနဲ့..ငါ့လူ.. မုဆိုးဖိုတဝိုက်တော့ ငါ့လူကို ရှင်ဘုရင်စော်နံတယ်ချည်းပြောနေကြတာ..ဘာတဲ့လက်ရုံးက မီးထတောက်တယ်ဆို..အခုလည်း ငါ့လူမှာ မင်သေ့အပြည့် နဲ့ သွားဆေးနက်နက်နဲ့..ဆိုတော့ကာ...အခုရှင်ဘုရင်ဖြစ်နေတဲ့ မင်းသားမောင်ဖြူလောက်တော့ အသာလေး..”
“ဟိတ်ကောင်..အဲ့ဒါ ငါ ရှင်လူထွက်စက ညဘက် မီးတိုင်နဲ့ စာကြည့်နေတုန်း အိပ်ငိုက်သွားလို့ ငါဝတ်ထားတဲ့ သရက်ထည်သင်တိုင်းစကို မီးစွဲတာပါဟ..ဒါကို ဟိုအစေခံမလေးသဲမျှင်က စကားတွေ ကားပြောတာပါကွယ်”
“အို..ဘာဖြစ်ဖြစ်...ဟော့ဒီ လက်ျာတောင်ကျွန်းမှာ ဒါ ဘုရင်ဖြစ်မယ့် နိမိတ်ပဲ မဟုတ်လား..အကိုရဲ့”
“ဟေ့..ငကောင်း..တော်ဟေ့...စကားဆိုတာ ပြောတိုင်းမကောင်းဘူးဟ... ..မင်းနှယ့်..ရှင်ဘုရင်စော်နံတယ်ဆိုတာ ပြောတိုင်းကောင်းတဲ့ စကားမဟုတ်ဘူး...အခန့်မသေရင် ခေါင်းပြတ်နိုင်တယ်ဟေ့..ငါတော့ ကြားထဲက ဇတ်တွေတောင် ယားလာပြီ”
မွန်းစံသာက မောင်ကောင်းစကားကို ဝင်ဟန့်လိုက်၏။
ထိုအချိန်တွင် အိမ်ရှေ့သို့ လှည်းယာဥ်တစ်စီးဆိုက်လာသည်။ လှည်းယာဉ်ကို မောင်းလာသူက လွီဇာ။
“မောင်အောင်ဇေယျ..မောင်အောင်ဇေယျ”
“ဟင်...မမလွီဇာ..ဘာဖြစ်လာတာတုန်း”
“အင်းဝကနေ အခုပဲ ထွက်တော့..ပြေးတော့... မောင်တို့ကို ဖမ်းဖို့ အခုပဲ ကိုးသိန်းသခင်အိမ်တော်က လူတွေလာနေပြီ”
မွန်စံသာ က ပြူးတူးပြာတာဖြစ်သွားသည်။ အောင်ဇေယျက ရုတ်တရက်ထထိုင်လိုက်သဖြင့် ရှင်မိငယ်ပင် အလန့်တကြားဖြစ်သွား၏။
“ငကောင်းရဲ့..နင်..မဆင်မခြင် စကားပေါတာ...အခုပဲ လက်တွေ့ဖြစ်ပြီမဟုတ်လား..ကဲ..ကဲ..ငါ့ဆိုင်က မြန်မြန်ထွက်ကြကွယ်..ဟိုက လာရင် ငါပါ ရာဇဝတ်သင့်နေမယ်..သွားကြပါကွယ်..သွားကြ”
အောင်ဇေယျ က ခပ်ပြေပြေဖြစ်နေသော သျှောင်ကို ထုံးရန်ပြင်သည်။
“မောင်ကြီး..ကန်တော့ပါရှင့်..သျှောင်ကို..နှမ ထုံးပေးပါရစေ”
ရှင်မိငယ်က အောင်ဇေယျခေါင်းကိုကိုင်ရန်ပြင်သည်။
“ရတယ်..မိငယ်..မောင်ကြီးဖာသာ ထုံးမယ်...ဟိုက မောင်ကြီးခမောက်သာ ယူပေး”
လွီဇာက သူတို့ကိုကြည့်ပြီး တချက်ပြုံးလိုက်၏။
“ကဲ...အလွမ်းသည်မနေကြနဲ့...ဟိုကလာနေပြီ”
“သူတို့ ဘယ်နားရောက်ပြီလဲ..မမလွီဇာ”
“ခုနပဲ တာရဲတန်းကနေ ဖြတ်သွားကြတယ်..ငါလည်း နင့်ညီ ရွှေကြူ နဲ့ လမ်းမှာတွေ့လို့မေးကြည့်တော့ ဒီမှာဆိုတာနဲ့..လာသတိပေးတာ...နင့်မြင်းမပါရင် ငါ့လှည်းယာဥ်ယူသွား..ငါ့မောင်ရေ”
အောင်ဇေယျက ကုတင်းဘေးတွင် ထောင်ထားသော အိမ်ဓါးကို လွယ်လိုက်သည်။
“မောင်ကောင်း...ငါ့မြင်းက သူဌေးတန်းထိပ် ဦးမြို့တာ မင်သေ့ဆိုင်ရှေ့ မန်းကျည်းပင်မှာ ချည် ထားရစ်တယ်...ယူပြီး မုဆိုးဖိုသာ လိုက်ခဲ့..ငါ သွားနှင့်ပြီ”
ထိုစဥ် ရှင်မိငယ်က ရေ တစ်အုန်းမုတ်ကို ကိုင်ကာ အောင်ဇေယျရှေ့သို့ ရောက်လာသည်။
“မောင်ကြီး..သွားက ရှားစေးချည်းမို့ ရဲရဲကြီးဖြစ်နေတယ်..မြန်မြန် ဆေးပစ်ပါဦး..နောင်တစ်ခေါက်မှ မိငယ် သေချာဆိုးပေးပါ့မယ်”
အောင်ဇေယျက ရှင်မိငယ် ကမ်းပေးသော အုန်းမုတ်ရေခွက်ကို ယူကာ ပါးစပ်ကို သန့်ရှင်းလိုက်သည်။
ထို့နောက် အပြင်တွင်ရပ်ထားသော နွားလှည်းပေါ်သို့ တက်လိုက်သည်။
“မမလွီဇာရေ..လှည်းကိုတော့ နောက်ရက်မှ လူကြုံနဲ့ ထည့်ပေးလိုက်မယ်..ကျေးဇူးတင်ပါသဗျာ”
ထို့နောက် အောင်ဇေယျက ရွက်နီငွေ သုံးကျပ် ကို မွန်းစံသာထံ ပစ်ပေးပြီး နွားနှင်တံကို ကောက်ကိုင်လိုက်သည်။
လွီဇာက လှည်းယာဉ်တိုင်တစ်ခုကို လှမ်းဆွဲလိုက်ပြီး
“ဟဲ့..ခဏနေဉီး”
“ဘာလဲ..မမလှီဇာ”
“နင်..ငါ့ဆိုင်မှာ ဗျစ်ဖိုးအကြွေး ရှစ်ကျပ်နဲ့ သုံးပဲ ကျန်တာ ပေးရဉီးမယ်မဟုတ်လား”
“ဟာဗျာ....ကျုပ်မှာ. အဲ့ဒီလောက်တော့ အခုပါမလာသေးဘူး...နောက်တစ်ခေါက် အင်းဝတက်လာမှ ဆက်ဆက်ပေးမယ်”
“အေးပါ..မောင်တို့က ဝရမ်းပြေးဖြစ်ပြီဆိုတော့ ငါ့ကြွေးအဆုံးမှတ်လို့ပါဟယ်”
“သြော်..ဘယ်သူ့ကိစ္စနဲ့ ကျုပ်မှာ ဝရမ်းပြေးဖြစ်ရတာများလဲဗျာ..အတော်ပြောတတ်တယ်..မယ်မင်းကြီးမ..ဟားဟား”
အောင်ဇေယျက သဘောကျစွာ ရယ်လိုက်ပြီး လှည်းယာဉ်ကို တကောင်းတံခါးဘက်သို့ အသော့နှင်လိုက်သည်။
မောင်ကောင်းကလည်း အနောက်ပေါက်မှထွက်ကာ ခြေလျင်ပြေးသွားတော့၏။
ခဏအကြာတွင် သူ့ဆိုင်ရှိရာသို့ အပြင်းနှင်လာသော မြင်းများ ကို မွန်းစံသာ လှမ်းမြင်လိုက်သည်။
မွန်းစံသာ၏ ဆိုင်လေးရှေ့တွင် မြင်းများရပ်သွားသည်။ လူအချို့ မြင်းများကို ရပ်ကာ မွန်းစံသာ၏ ဆိုင်ထဲသို့ ဝင်သွားကြ၏။
ထိုအချိန်တွင် လွီဇာသည် ဆိုင်နှင့်ခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သည်။
နောက်ဖက်မှ လိုက်လာသော မြင်းခွာသံကို ကြားရသည်။ သို့သော် လှည့်မကြည့်ပဲ လမ်းကို ခပ်မှန်မှန်သာ လျှောက်နေလိုက်သည်။
“အလိုဗျ..ဘယ်သူများလဲလို့..ဗရင်ဂျီမမလေးပါလား..ဒီအနားမှာ.ရာဇဝတ်သားတစ်ကောင်များတွေ့လိုက်မိသေးလား”
မြင်းပေါ်မှ အသံကြောင့် လွီဇာက လှည့်ကြည့်လိုက်သည်။
ငတွန်။
မိန်ညိုအင်္ကျီကို ဝတ်ဆင်ထားပြီး ခါသာပုဆိုးကို ခါးတောင်းကျိုက်ထားသဖြင့် ပေါင်နှစ်ဖက်တွင် ထိုးထားသော မင်သေ့ထိုးကွင်း များက ကြွရွနေသည်။
သူ့အမှတ်အသားအတိုင်း သျှောင်ရှည်ရှည်ကို အခွေထုံးပြီး ပုခုံးဘေးချထားသေးသည်။
အရွယ်မှာ ဆယ်ကျော်သက်ပင် ရှိဦးမည်ဖြစ်သော်လည်း သူ့ပုံစံ တကယ့်စစ်သည်ရင့်မကြီး ကဲ့သို့ ဆင်ယင်ထားသည်။
“ကျွန်တော်မ ဘာမျှ မတွေ့မိပေါင်...သွေးသောက်ဗိုလ်မင်းကြီးရှင့်”
“အဟက်..ဟုတ်ပါပြီ..ဟုတ်ပါပြီ....ခုန မွန်းစံသာပြောတာတော့..မမလေးနဲ့ စကားပြောပြီး ထွက်သွားတာပဲတဲ့...နာမည်က...ဘာတဲ့... အောင်ဇေယျဆိုလား...အဲ့သူကလည်း မုဆိုးဖိုသား..ကျုပ်ကလည်း မုဆိုးခြုံသား..တကွေ့တော့ တွေ့ရချည်ပေါ့ဗျာ.”
“ကဲ..ဒီကမောင် ပြောတာတွေ ကျွန်မ ဘာမှ မသိဘူး...အခု နန်းသိမ်းပွဲခင်းကိုသွားမလို့....ရွှေနန်းရှင် ကြွလာတာတောင် ဖူးလို့ မှီပါ့မလားမသိ”
“ကျုပ်လည်း ပွဲခင်းကို သွားမှာပါဗျာ..ငါ့နှမ လိုက်ချင်ရင် ကျုပ်မြင်းနဲ့ လိုက်လို့ရသပ..ဘုရင်လေး မျက်နှာတော်ကို မော်ဖူးဖို့တော့ မှီကောင်းပါရဲ့”
လွီဇာက ငတွန်ကို တစ်ချက်ကြည့်လိုက်သည်။
ငတွန်က လက်ကမ်းလိုက်၏။
လွီဇာက ငတွန် လက်ကို ဆွဲကာ မြင်းခြေနင်းပေါ် ခြေတစ်ဖက်တင်လိုက်စဥ် ငတွန်က စွေ့ခနဲ ကောက်ချီလိုက်၏။
လွီဇာဝတ်ထားသော ဖဲထမီဇာအနားစလေးက ငတွန်၏ ရင်ဘတ်ပေါ် ဝဲခနဲ ဖြစ်သွားသည်။
ငတွန်က လွီဇာဆံပင်ဆီမှ သင်းပျံ့လာသော အိန္ဒိယပြည် ဂိုအာမှလာသော ပန်းဆီရေမွှေးနံ့လေးကို ရင်အုပ်ကြီး မောက်သည်အထိ တဝကြီး ရှုသွင်းလိုက်တော့သည်။
.......................................................................................................................................
နန်းတော်သစ်ကြီးနှင့် မနီးမဝေးနေရာတွင် နန်းပန္နက်တင်ပွဲအထိမ်းအမှတ်အဖြစ် ပွဲလန်းသဘင်များဖြင့် စည်ကားနေကြသည်။
မြေဝိုင်းအငြိမ့်သည်များ၏ တီးမှုတ်သံများ၊ နိပါတ်ခင်းလှည်းများမှ ရတုရွတ်သံများကို ခပ်လှမ်းလှမ်းမှပင် ကြားနေရတော့၏။
တရုတ်လက်ထိုးရုပ်ပွဲများ နှင့်အပြိုင် တီထွင်ဆန်းသစ်ထားသော မြန်မာ့ကြိုးဆွဲရုပ်သေးသဘင်ဝိုင်း များတွင်လည်း ကလေးလူကြီးများ ကြိတ်ကြိတ်တိုးနေကြသည်။
မဏိပူရနှင့် အာသံဘက်မှလာသော နတ်ဝင်သည်၊ ဗေဒင်နက္ခတ်ဟူးရားတို့၏ တဲများတွင်လည်း အမျိုးသမီးကြီးငယ်များ မပြတ်။
သက္ကလပ်၊ ဖဲစိမ်း၊ သရက်၊ ခါသာ၊ဖျင်နံ၊ဖျင်မဲ စသည့် အမျိုးသားအမျိုးသမီးဝတ်အထည်စများ၊ တရုတ်ပုဆိုး၊ တကျွန်းပုဆိုး၊ သင်္ဘောပါပုဆိုး၊ ပုဆိုးစံကျွန်းစသည့် အမျိုးသားဝတ်သီးသန့်ပုဆိုးဆိုင်များကလည်း တဲတန်းကြီးဖြင့် ဖွင့်လှစ်ထားသည်။
အထူးသဖြင့် ဒတ်ချ်ကုန်သည်များ ဖွင့်လှစ်သည့် ပူလိကက်ကုန်မျိုးစုံဆိုင်တွင် လူအဝင်အထွက်အများဆုံးဖြစ်သည်။
ထိုဆိုင်တွင် အိန္ဒိယပြည်ဖြစ် ချည်ခင်နီများ၊ရေမွှေး၊ ပြဒါး၊ ပရုတ်၊ ကန့်၊ လေးညှင်း၊ နံသာဆီ အစရှိသည် ကုန်မျိုးစုံအပြင် မှောင်ခိုသွင်းလာသည့် ပြင်သစ်ပြည်နှင့် စကော့တလန်ပြည်ဖြစ် ဗျန်အရက်၊ ဝီစကီအရက်ပုလင်းများကိုလည်း လက်သိပ်ထိုးရောင်းချပေးနေသည်။
ထူးထူးခြားခြား ပင်လယ်ပြင်သုံး မှန်ပြောင်းရှည်တလက်ကိုလည်း ခင်းကျင်းပြသထားသဖြင့် လူအများမှာ အထူးအဆန်းဖြစ်နေကြသည်။
ရှင်ဘုရင်၏ မင်းခမ်းတော်သည် နန်းတော်တွင်းသို့ ဝင်သွားပြီဖြစ်သည်။
ထို့ကြောင့် အစောပိုင်းက လမ်းဘေးတွင် အုံနေသော လူအုပ်မှာ ပွဲခင်းအတွင်းဝင်ရောက်လာသဖြင့် ပွဲခင်းမှာ လူပင်လယ်ကြီးအလားပင်။
“ဟေ့..တို့.ခင်ဦးသားတွေကို ဒီလို အလွယ်လာလုပ်လို့ရကြေးလား”
ရုတ်တရက် အသံနက်ကြီးနှင့်အတူ လူအုပ်က ရှဲခနဲဖြစ်သွားသည်။
လူငယ်သုံးဦး။
သူတို့ပတ်လည်တွင် မောက်တိုနက်ဆောင်းထားသည့် စစ်သည်ငါးဦးမှာ မြေပြင်တွင် လဲကျလျက် ညည်းညူနေကြသည်။
အိမ်ဓါးဖွေးဖွေးဖြင့် ကျန်စစ်သည်တစ်စုက လူငယ်သုံးဦးကို သတိအနေအထားဖြင့် ဝန်းရံထား၏။
ထိုအချိန်တွင် ပွဲခင်းအတွင်းသို့ ငတွန်တို့ အဖွဲ့၏ မြင်းများ ဝင်လာသည်။
ငတွန်က စစ်သည်များအနောက်တွင် မြင်းကို ရပ်လိုက်၏။
“ဟေ့..ဘာဖြစ်နေတာလဲ..ကိုရင်စံလှတို့”
“ဒီမှာ အမိန့်တော်ပါးလိုက်တဲ့ တရားခံကို တွေ့နေပြီ..သွေးသောက်လေး”
“သြော်...သူတို့လား..ဒါဆိုလည်း ဝင်ဖမ်းလေကွာ..မင်းတို့ သတ္တိတယ်နည်းကြပါလား”
ငတွန်က အမိန့်ပေးလိုက်သဖြင့် ရှေ့ဆုံးမှ စစ်သည်သုံးဦးက ဓါးလွတ်ဖြင့် ဝင်လာသည်။
မျက်လုံးတောက်တောက်၊ အရပ်မြင့်မြင့်၊ အသားနက်နက်၊ ခန္ဓာကိုယ်ကြီးကြီးဖြင့်လူက ရှေ့ဆုံးမှ တက်လာသူ၏ ဓားကို လက်ဖျံဖြင့် ပုတ်ထုတ်လိုက်သည်။
ထို့နောက် ပေါင်ခွကြားကို လက်တစ်ဖက်၊ လည်မြိုအား လက်တစ်ဖက်ဖြင့် ကိုင်ကာ မြေပြင်ပေါ် ကိုင်ပေါက်ချပစ်လိုက်၏။
လူတစ်ကိုယ်လုံးကိုပင် စက္ကန့်ပိုင်းအတွင်း ဗြောင်းခနဲ မြည်အောင် ကိုင်ပေါက်ချလိုက်သဖြင့် နောက်ဝင်လာမည့် ရဲမက်တို့မှာ အသာရို့သွားကြသည်။
အသားလတ်လတ်၊ ခန္ဓာကိုယ်သွယ်လျလျ လူငယ်က လက်ထဲမှ ဝါးရင်းတုတ်ဖြင့် ကျန်စစ်သည်တစ်ဦးကို ရိုက်ရန် ဟန်ပြင်လိုက်သည်။
ငတွန်က မြင်းပေါ်က လွှားခနဲ ခုန်ဆင်းကာ အဲမောင်းလှံဖြင့် လူငယ်လက်ထဲမှ တုတ်ကို ရိုက်ချလိုက်သည်။
ကျန်လူငယ်နှစ်ဦးက ငတွန်ကို တိုက်ခိုက်ရန် ဝန်းရံလိုက်၏။
ငတွန်က ခပ်ပိန်ပိန်လူငယ်၏ လည်မြိုကို လှံဖြင့် ထောက်ထားလိုက်သဖြင့် နှစ်ဦးလုံး နောက်ဆုတ်သွားကြသည်။
“ဟေ့..တော်ကြတော့....မင်းတို့ထဲ ငချစ်ညို က ဘယ်သူလဲ”
ခုန ခန္ဓာကိုယ်ခပ်ကြီးကြီးလူငယ်က ရင်ကို ကော့ပြသည်။
“ဟေ့..ခင်ဦးစား မြင်းခေါင်းကြီးဦးလုံးရဲ့ သား ချစ်ညို ဆိုတာ ငါပဲကွ..မင်းက ဘယ်သူတုန်း”
“ငါ ဘုရင့်လက်ရွေးငယ်မြင်းစုက သွေးသောက်ငယ် ငတွန်ပဲ.. ..မင်းကို ခေါ်ခဲ့ဖို့ အမိန့်တော်ပါတယ်..မင်းငါတို့ နဲ့လိုက်ခဲ့ရမယ်”
“ဘယ်သူအမိန့်တော်လဲ..ငါ့ကို ဘာလို့ခေါ်ခိုင်းတာလဲ.ပြောစမ်းဟေ့”
“ဟိုနေ့က နမော်စျေးလူသတ်မှုကိစ္စ..မင့်ကို စစ်မေးစရာရှိလို့ပါကွဲ့.. မင်း အသက်ကို အာမခံပါတယ်.....ငါတို့နဲ့ လိုက်ခဲ့ပ”
နမော်စျေးလူသတ်မှုဆိုသဖြင့် သူတို့သုံးဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
“ကိုကြီးညို တစ်ယောက်ထဲတော့ မထည့်ဘူးဗျ..ကျုပ်တို့လည်း လိုက်မယ်”
လှံဖြင့် ထောက်ခံလိုက်ရသည့် လူငယ်က ဝင်ပြောသည်။
“မင်းတို့က ဘယ်သူတွေလဲ”
“ကျုပ်တို့က..သူ့ညီတွေဗျ..ကျုပ်က ချစ်မြ..သူက ချစ်ဝ”
အကိုကြီးဖြစ်သူ ချစ်ညို က အင်္ကျီဗလာကျင်းနှင့် ယွန်းပုဆိုးကို ဝတ်ထားသော်လည်း ချစ်မြက မူ ကတ္တီပါနားကွပ်ထားသည့် သရက်ထည်သင်တိုင်းနှင့် နံသာရောင်ရွှေရေးပုဆိုးကို ဝတ်ထားသည်။
ချစ်မြ သည် ချစ်ညိုလောက် ကြွက်သားအမြောင်းအမြောင်း ခန္ဓာကိုယ်မျိုးမရှိသော်လည်း အသားလတ်လတ်၊ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး၊ မျက်ခုံး၊ နှာတံ ပေါ်လွင်သည်။
နှုတ်ခမ်းမွှေးရေးရေးဖြင့် သူ့ဟန်ပန်က စာဆိုတစ်ယောက်နှင့်ပင် တူနေသေး၏။
အငယ်ဆုံး ချစ်ဝမှာ မူ နာမည်နှင့်လိုက်အောင် ပါးဖောင်းဖောင်း၊ ခန္ဓာကိုယ်ခပ်ဝဝဖြင့်။
ဝတ်ထားသည့် ခါသာသင်တိုင်းလက်တိုသည် သူ့လက်မောင်းကြီးကို မဆန့်မပြဲ ကြပ်သိပ်နေသည်။
“အမိန့်တော်ရှိတာ...ငချစ်ညိုတစ်ယောက်သာပဲကွဲ့..မင်းတို့ လိုက်ဖို့တော့ အမိန့်မပါဘူး..ကဲ..ငချစ်ညို လာဟေ့..အချိန်ကြာတယ်”
“ဟေ့..ကိုကြီးညို မသွားနဲ့..သင်းတို့ကို မယုံနဲ့ဗျ..မင်းစေမဟုတ်ပဲ..လူဆိုးဓါးပြတွေဖြစ်နေမှ”
ချစ်မြ က မည်သည့်အချိန်က ပါလာမှန်းမသိသည့် ဓါးမြှောင်ကို ထုတ်ပြီး ရှေ့သို့ တိုးလာသည်။
“သယ်..ဒီအကောင်တွေတော့...အကုန်သေကုန်တော့မှာပဲ..တို့မှာ ချစ်ညိုကို အသတ်မသေစေပဲ အပါခေါ်ခဲ့ဆိုတဲ့ အမိန့်ပဲပါလာတာ..မင်းတို့အကြောင်းတလုံးမှမပါဘူး..မင်းတို့ကို သတ်ပစ်ခဲ့လည်း ငါတို့မှာ အပြစ်မသင့်ဘူး...သွေးကောင်းကြတယ်ပေါ့လေ”
သူတို့သုံးဦးအား ဝိုင်းထားသည့် ရဲမက်များအပြင်..ငတွန်နှင့်ပါလာသည့် ရဲမက်များကလည်း အသင့်အနေအထား နေလိုက်ကြသဖြင့် သူတို့ကို နှစ်ထပ် ထပ်ဝိုင်းထားသကဲ့သို့ဖြစ်နေကြ၏။
“ကဲ..ချစ်မြ..ချစ်ဝ...ငါ့ညီတို့.ဘာမှ မပူနဲ့..ဒီကောင်တွေ လောက်တော့ ငါအခု သတ်တောင် သတ်လို့ရတယ်..ဒါပေမယ့်..မင်းမိန့်ဆိုတော့ မပယ်ကောင်းဘူး....ငါလိုက်သွားမယ်...မင်းတို့ အိမ်ကို ပြန်ကြကွယ့်..အဘနဲ့ အမကိုလည်း သေချာပြောပြ...ငါ့အသက်ကို သင်းတို့ရန်ရှာခဲ့လို့ ညနေမှ ငါပြန်မလာနိုင်ရင် မင့်တို့တတွေ လက်ရွေးငယ်မြင်းစုက သွေးသောက်ငယ် ငတွန်ဆိုတဲ့ နာမည်ကိုမှတ်ထား.ငါ့အကောက်ကြံလို့ကတော့..သူ့တမျိုးလုံးက နို့စို့ပါမကျန် ရအောင်ရှာသတ်ကြ..ငါလိုက်သွားမယ်”
“ဟုတ်ကဲ့..ကိုကြီးညို..စိတ်ချပါ..ကျွန်တော်တို့ ခင်ဉီးသားတွေ ဓားထက်ပါတယ် ”
ငတွန်က ချစ်ညို တို့ ညီအကိုတစ်စုကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
ခဏအကြာတွင် ရဲမက်တစ်စုက ချစ်ညိုကို မြင်းတစ်စီးပေါ်တင်ကာ ခြံရံပြီး ပွဲခင်းပြင်ပသို့ ထွက်သွားကြတော့၏။
ချစ်မြက ချစ်ဝကို ခေါ်ကာ အနီးတွင်ရှိနေသည့် ဒတ်ချ်ပူလီကတ်ဆိုင်အနောက်ဖက် လူရှင်းရာသို့ ခေါ်သွားသည်။
“ချစ်ဝ...မင်း ခင်ဦးပြန်ပြီး...အဘကိုလည်း ဒီအကြောင်းပြော. လူစုခိုင်းထားကွယ်.....ငါ မြို့ဝန်ရုံးလိုက်သွားမယ်...သင်းတို့ ကိုကြီးညိုကို မလှိမ့်တပတ်လုပ်ပြီး လူသတ်မှုနဲ့ ဖမ်းသွားတာပဲနေမယ်”
“ကိုချစ်မြ တစ်ယောက်တည်း ဖြစ်ပါ့မလား”
“ငါတစ်ယောက်တည်းမဟုတ်ဘူး...ဟိုးဘက် ဇာတ်ပွဲထဲမှာ ငါ့လူ ငသာပုတို့၊ ငစိန်ကျွဲ တို့ ရှိတယ်.. ပွဲခင်းထဲ ဈေးလာခင်းတဲ့ ခင်ဦးသားတွေကို သူတို့လိုက်စုပြီး မြို့ဝန်ရုံးကို ငါသွားဝိုင်းထားမကွဲ့..အခြေအနေမဟန်ရင်..ကိုကြီးညိုကို ငါတို့ ဝင်လုမယ်....မင့်နဲ့ အဘ လူစုပြီး မြို့ဝန်ရုံးကိုလိုက်ခဲ့..သွားချေ”
“နေကြပါဦး..ခင်ဦးသားလေးတွေရဲ့...ဘာတွေလျှောက်လုပ်ကြမလို့တုန်း”
ပူလီကတ်စတိုးဆိုင်အနောက်ဖက် ဒတ်ချ်ကုန်သည်ရုံခန်းအတွင်းမှ ထွက်လာသော အသံကြောင့် သူတို့နှစ်ဦးလုံးကြောင်သွားကြသည်။
တံခါးဝတွင် ရပ်နေသူက လွီဇာ။လွီဇာက သူတို့ညီအကိုကို ပြုံးရယ်ပြရင်း လျှောက်လာသည်။
ဆံပင်နက်နက်၊ မျက်လုံးစိမ်းပြာနှင့် ဖွံ့ထွားသော လွီဇာ၏ အလှကို နှစ်ယောက်သား ခေတ္တငေးမောနေမိကြသည်။
“ခင်ဗျား ဘယ်သူလဲ”
ချစ်မြက မေးလိုက်သည်။
“လွီဇာပါ”
“သြော်...ခင်ဗျားကို”
အကိုဖြစ်သူ ချစ်ညို က အင်းဝရောက်လျှင်သူအမြဲသွားနေကျ နမော်စျေး ဗျစ်ဆိုင်မှ ပေါ်တူဂီအလှပဂေး ထန်းသီးဖွေးဖွေးကြီး အကြောင်းကို အမြဲပြောပြတတ်သည်။
ထိုအလှပဂေးမ၏ ပြဿနာကို ဖြေရှင်းပေးရင်း ကိုချစ်ညို သည် နမော်စျေးကြီးတစ်ခုလုံးကြောက်ကြရသည့် လော်ညီအစ်ကိုထဲမှ တစ်ယောက်နှင့် သူ့လူများကို သတ်လိုက်သည်မဟုတ်ပါလား။
“တို့မောင်တို့ မြို့ဝန်ရုံးကို သွားဝိုင်းရင် မှားမှာပေါ့..ရှင်တို့ ကိုရင်ချစ်ညို ကို မြို့ဝန်ရုံးခေါ်သွားတာမဟုတ်ဘူး”
“ဒါဆို ဘယ်ခေါ်သွားတာလဲ”
“သူ့ကို ခေါ်သွားတဲ့နေရာကို ငါသိတယ်”
“သူ့ကို ဘယ်ခေါ်သွားကြတာလဲ.”
“ကိုးသိန်းသခင်ရဲ့ အိမ်တော်ကို ခေါ်သွားတာ”
“ကိုးသိန်းသခင်”
ကိုးသိန်းသခင်သည် လက်ရှိရှင်ဘုရင်လေး၏ အားအကိုးရဆုံးလက်ရုံး ဝန်ကြီးအဆင့် စစ်သေနာပတိဖြစ်သည်။
သူအုပ်ချုပ်ရသည့် စဥ့်ကိုင်တပ်မှာ စစ်သည်တော်ကိုးသိန်းစွမ်းအားနှင့် ညီမျှသည့် တိုက်ခိုက်ရေးတပ်ဖြစ်သည်ဟု သတင်းကြီးသည်။
ယခု အကိုဖြစ်သူကို ဖမ်းခေါ်သွားသူများမှာ မြို့ဝန်အဆင့်မဟုတ်ပဲ စစ်သေနာပတိဝန်ကြီးအဆင့် ကိုးသိန်းသခင်အိမ်တော်မှ ဖြစ်နေသဖြင့် ချစ်မြတို့မှာ မျက်လုံးပြူးသွားရသည်။
“မဗျာ နဲ့..ရှင်တို့ လူတွေပွဲခင်းထဲ ရသမျှစုမယ်ဆို အခုလုပ်တော့...သူတို့ ရှင့်အကိုကို တခုခု လုပ်မယ်ဆို...ဝင်လုမယ်...ကျွန်မလည်း ရှင်တို့နဲ့ အတူလိုက်ခဲ့မယ်”
လွီဇာ၏ အမိန့်သံဆန်ဆန်ပြောလိုက်ဟန်ကြောင့် ချစ်မြနှင့် ချစ်ဝ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ခက်ဇော်
အခန်း ၃ (မနက်ဖြန်ဆက်ရန်)
(ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
တော်လှန်ရေးကို တတ်နိုင်သည့်ဘက်မှ အာရုံစိုက်ပေးပါ။
ကျွန်တော့်ဝတ္ထု ဖတ်ရှုရင်း စိတ်ထွက်ပေါက်ရကြပါစေ)
(zawgyi)
AVA 1740s
အခန္း(၂)
.............................................
၁၇၃၄ ခုႏွစ္။ ေမလ ၁ ရက္။
အင္းဝၿမိဳ႕တြင္း ဘုရင့္ယာယီနန္း မွ တာ၅၀၀ ေက်ာ္ကြာေဝးေသာ တည္ေဆာက္ဆဲ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္သစ္ႀကီး သို႔ သြားရာလမ္းတစ္ေလၽွာက္ေဘးဝဲယာတြင္ ေနရာအလြတ္အလပ္မရွိေအာင္ လူအမ်ားေဖြးေဖြးလႈပ္ေန၏။
အထူးသျဖင့္ အမ်ိဳးသမီးပရိသတ္ထုႀကီးသည္ လမ္းနေဘး ရာဇမတ္အကာအရံမ်ားရွိရာသို႔ အလုအယက္တိုးေဝွ႕ေနၾကသည္။
၁၇၃၃ နန္းတက္ခါစတြင္ မဟာဓမၼရာဇာဘုရင္သည္ နန္းတက္ၿပီးသည့္ေနာက္ ဖခင္တနဂၤေႏြမင္း ၏ ၿမိဳ႕ျပင္နန္းေတာ္ ျမတ္နန္းဘုံစံနန္းေတာ္မွ ၿမိဳ႕တြင္းနန္းတြင္ ေျပာင္းေရႊ႕ခဲ့သည္။
ထို႔ေနာက္ ၿမိဳ႕ျပင္နန္းေတာ္ေဟာင္းကိုဖ်က္ေစခဲ့ၿပီး အနည္းငယ္လွမ္းေသာေနရာတြင္ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္သစ္ႀကီးကို ေျပာင္းေရႊ႕ေဆာက္လုပ္ေစခဲ့သည္။
ယေန႔တြင္ အင္းဝအမ်ိဳးသမီးထုအၾကား ေရပန္းစားလွေသာ မဟာဓမၼရာဇာဘုရင္ေလးသည္ နန္းေတာ္သစ္ႏွင့္ ဥယ်ာက္ေတာ္တည္ေဆာက္ရာဆီသို႔ စစ္သည္ဗိုလ္ပါအေပါင္းျဖင့္ သြားေရာက္ကာ ပႏၷက္တင္မဂၤလာျပဳမည္ျဖစ္သည္။
အမ်ိဳးသမီးထုႀကီးသည္ လြန္ခဲ့ေသာ တစ္ႏွစ္က ၿမိဳ႕တြင္းနန္းသို႔ ဝင္ေတာ္မူရာတြင္ ေနာက္ဆုံးအႀကိမ္ မဟာဓမၼရာဇာဓိပတိ ကို အနီးကပ္ေတြ႕ဖူးခဲ့ၾကရသည္။
နို႔ႏွစ္ေရာင္အသားအရည္ႏွင့္ ႏႈတ္ခမ္းနီတ်ာရဲပိုင္ရွင္ မဟာဓမၼရာဇာဘုရင္၏ ပ်ိဳမ်စ္ေခ်ာေမာမႈသည္ အိမ္ေရွ႕မင္းသားေမာင္ျဖဴဘဝကတည္းက အင္းဝေနျပည္ေတာ္တြင္ ေက်ာ္ၾကားလွသည္။
ဖခင္တနဂၤေႏြမင္း၏ ကြမ္းေတာ္ဆက္ကိုယ္လုပ္ေတာ္တစ္ဦးသည္ ညညီလာခံတြင္ အိမ္ေရွ႕မင္းသားေလးႂကြအလာကို ေငးေမာကာ ကြမ္းဆက္ရန္ သတိလက္လြတ္ျဖစ္ခဲ့သျဖင့္ ရွင္ဘုရင္မွ အင္းခ်ထားေသာ တုတ္ျဖင့္ ရိုက္ရာ ေခါင္းကြဲခဲ့ရဖူးသည္။
အိမ္ေရွ႕မင္းသည္ ႐ုပ္ရည္ေခ်ာေမာသည္သာမက ေစာင္းညႇင္းစသည့္ တူရိယာမ်ားတီးမႈတ္ရာတြင္လည္း တစ္ဖက္ကမ္းခတ္ကၽြမ္းက်င္သည္။
စာေပႏွင့္ေမြေလ်ာ္ၿပီး ကဗ်ာ၊ရတုမ်ား စပ္ဆိုရာတြင္လည္း ဝါသနာႀကီးသည္။
အႏုပညာအရာတြင္ ပန္းတေမာ့ ႏွင့္ ပန္းပုအတတ္မ်ားကို ကိုယ္တိုင္လက္ရာေျမာက္စြာ ထုလုပ္တတ္သည္။
၁၇၃၂ ခုႏွစ္ တန္ခူးေရပြဲသဘင္တြင္ အိမ္ေရွ႕မင္း၏ ေဖာင္ေတာ္ကို အမ်ိဳးသမီးထုက အလုအယက္တိုးေဝွ႕ၾကည့္ရႈၾကသည္သာမက ေရကူး၍ အသဲအမဲ လိုက္ၾကသည္။
ထိုစဥ္ကမ္းေဘးရွိ ပြဲၾကည့္စင္ၿပိဳက်သျဖင့္ ပြဲၾကည့္စင္မွ အမ်ိဳးသမီးမ်ားေရာ ေရကူးလိုက္သူ အမ်ိဳးသမီးမ်ားပါ ဆယ္ဦးခန႔္ ေရနစ္ေသဆုံးခဲ့ရဖူးသည္။
ယခုအခါတြင္ေတာ့ အိမ္ေရွ႕မင္းသား ဘဝ မွ မဟာဓမၼရာဇာမင္းတရားႀကီးျဖစ္လာခဲ့ၿပီ။
ယခုအႀကိမ္သည္ မဟာဓမၼရာဇာဓိပတိမင္းတရားႀကီးအျဖစ္ ျပည္သူမ်ားေရွ႕သို႔ ဒုတိယအႀကိမ္ ထြက္ျခင္းျဖစ္သည္။
...............................
နံနက္ပိုင္းပင္ရွိေသးေသာ္လည္း အညာ၏ေႏြက ျခစ္ျခစ္ေတာက္ပူေနသည္။
ပရိသတ္ႀကီးမွာ တစစ ပိုမိုႀကီးမားလာ၏။
နန္းၿမိဳ႕ရိုးဆီမွ ထြက္လာမည့္ ရွင္ဘုရင္ကို ေမၽွာ္ၾကသည္။
မၾကာမီ ၿမိဳ႕တံခါးပြင့္လာသည္။
ေခါင္းေပါင္းတြင္ ေရႊပန္းခိုင္မ်ား ပန္ထားၾကေသာ လက္မရြံႀကီးလူသန္ႀကီးမ်ားက ႀကိမ္လုံးမ်ားကိုင္ကာ ေရွ႕ဆုံးမွ ထြက္လာသည္။
ထို႔ေနာက္ ေလးႏွင့္ျမားကို ကိုင္လာၾကေသာ အျဖဴေရာင္ေဘာင္းထုပ္ေဆာင္း မူဆလင္ပသီေၾကးစားစစ္သည္မ်ား၊ ေမာက္တိုအနက္မ်ားႏွင့္ မိန္ညိဳမ်ားကို ဝတ္ဆင္ထားသည့္ ေရွ႕သာျမင္း၊ လက္ေရြးႀကီး လက္ဝဲျမင္းစုႏွင့္ လက္ေရြးႀကီးလက္်ာျမင္းစုဗိုလ္မ်ားက တံခြန္မ်ားတလူလူျဖင့္ ထြက္လာၿပီျဖစ္သည္။
အတီးအမႈတ္အသံမ်ားႏွင့္အတူ ယိုးဒယားသဘင္သည္စုက တူရိယာမ်ားျဖင့္ လိုက္ပါလာသည္။
ထို႔ေနာက္တြင္ ဓားလြတ္ကိုင္ခ်င္းမိုင္သုံ႔ပန္းစုက ေငြပုဆိုးကို ခါးေတာင္းက်ိဳက္လ်က္ သဘင္စုေနာက္မွ ပါလာသည္။
ကာကိုင္လူပ်ိဳေတာ္သားမ်ားေနာက္မွ..ဘဲႏႈတ္သီးဦးထုတ္အနီေရာင္မ်ား ဝတ္ဆင္ၿပီး ေသနတ္မ်ားထမ္းလာသည့္ ကိုယ္ရံေတာ္ ေပၚတူဂီေသနတ္အစုကို ျမင္သည္ႏွင့္ လူအမ်ား လႈပ္လႈပ္ရြရြျဖစ္သြားၾကသည္။
နန္းမေတာ္ဝန္ အာကာေရႊေတာင္ (ေခၚ) အာေမးနီးယန္းလူမ်ိဳး အက္ဂါမိုင္းနပ္စ္ သည္ ျမင္းျဖဴႀကီးကို စီးကာ ေဝါယာဥ္၏ ေရွ႕မွ ဦးေဆာင္သြား၏။
“ေရႊနန္းရွင္ႂကြလာၿပီ...ဒူးတုပ္.ခစားစမ္း..ဒူးတုပ္ခစားစမ္း..ရႊမ္း..ရႊမ္း”
ေရွ႕ဆုံးမွ ေရႊပန္းပန္ ထားသည့္ ကိုယ္ရံေတာ္လူသန္ႀကီးမ်ား၏ ႀကိမ္သံတရႊမ္းရႊမ္းၾကားရသည္။
အေစာပိုင္းက တိုးေဝွ႕ေနၾကေသာ လူအုပ္ႀကီးမွာ ေျမႀကီးတြင္ ျပားျပားဝပ္ကုန္ၾက၏။
မဟာဓမၼရာဇာဓိပတိရွင္ဘုရင္သည္ ေရႊေဝါယာဥ္ေဘးျပတင္းမွ တင္းတိမ္ကို လွန္တင္လိုက္သည္။
အေနာက္ဖက္တြင္ပါလာေသာ မိဖုရားေခါင္ႀကီး မဟာဇာနိႏၵဓိပတိေဒဝီ ၏ ေဝါယာဥ္ကို တခ်က္ငဲ့ၾကည့္လိုက္သည္။
“ငါ....တယ္...ေမာ္မၾကည္နဲ႔ဆို..ဒီေကာင္မေတြ...ရႊမ္း”
ရွင္ဘုရင္၏ မ်က္ႏွာကို ႀကိမ္ဒဏ္ႏွင့္လဲကာ ေမာ္ၾကည့္ၾကသည့္ အာဂမိန္းမမ်ားလည္းရွိေနသည္။
“ဟဲ့..ငအက္ဂါ..လာစမ္းပါဦးကြဲ႕”
ျမင္းျဖဴႀကီးေပၚမွ အတြင္းသင္းမႉး အက္ဂါမိုင္းနပ္စ္ကို ရွင္ဘုရင္က လွမ္းေခၚလိုက္သည္။
အက္ဂါမိုင္းနပ္စ္၏ ျမင္းက ေဝါယာဥ္ႏွင့္ ကပ္လ်က္ျဖစ္သြားၿပီး လက္အုပ္ခ်ီထား၏။
“ေမာင္မင္းမွာ ဗ်န္အရက္ ပါရင္ ကိုယ္ေတာ့္ကိုဆက္စမ္းပါဦး..ေနကပူပူမို႔ အပူကို အပူနဲ႔ ကာရတာပ”
အက္ဂါမိုင္းနပ္စ္က ျမင္းေဘးအိတ္တြင္ခ်ိတ္ထားေသာ ဗ်န္ ဟု ျမန္မာအေခၚေခၚသည့္ ျပင္သစ္ထုတ္ ဘရန္ဒီအရက္ပုလင္းငယ္ကို ထုတ္ကာ လက္အုပ္ခ်ီလ်က္ ေပးလိုက္သည္။
ရွင္ဘုရင္က ဘရန္ဒီ အရက္ကို အသင့္ရွိေနသည့္ ေရႊခြက္တြင္ ငွဲ႕ကာ တေမာ့ေမာ့လိုက္၏။
“ဘေထြးေတာ္ေရာ... နန္းေတာ္သစ္တည္ေနရာမွာ ေရာက္ႏွင့္ေနၿပီတဲ့လား”
“မွန္ပါ..ဘုရား.ဘေထြးေတာ္ကိုးသိန္းသခင္ေရာ...မင္းႀကီးဦးပု တို႔ပါ ေဖာင္ေတာ္ႏွင့္အတူ အသင့္ေစာင့္ေနေၾကာင္းပါ”
“အႀကီးေတာ္ပေဒသရာဇာေရာ...ဘယ္နားကထြက္သတုံး”
“ေရွ႕ ယိုးဒယားစုနဲ႔အတူရွိေနပါတယ္”
“အိမ္း..ဒီကေန႔ ငါ့နန္းပႏၷက္ခ်ပြဲအေၾကာင္း ကိုယ္ေတာ္တိုင္ စပ္ဆိုထားတဲ့ ရတုပုဒ္စုံတစ္ပုဒ္ အႀကီးေတာ္ကို ျပစရာရွိလို႔..ပြဲၿပီးရင္ မျပန္ပဲ အေနာက္ဥယ်ာဥ္ေတာ္ကို လိုက္ခဲ့ရမယ္လို႔ သြားေျပာေခ်”
“မွန္ပါ..ဘုရား”
“ေအး..ေနဦး..ေနဦး..ေနကလည္းပူပူ...ငါ့ကၽြန္ ျပည္သူမ်ား ကိုယ္ေတာ့္ကို ဖူးခ်င္လို႔ တိုးေန ေဝွ႕ေနၾကတာ သနားစရာပါကြယ့္..ကိုယ္ေတာ္ကို ေမာ္ဖူးၾကပါေစ့”
“မွန္ပါ..ဘုရား”
အက္ဂါမိုင္းနပ္စ္က ျမင္းကို ခပ္ေသာ့ေသာ့ႏွင္ကာ လူတန္းေရွ႕ဆုံးဆီ ထြက္ခြာသြားေလသည္။
အႏုပညာသည္ယိုးဒယားစုေနာက္တြင္ ေဝါယာဥ္ျဖင့္ လိုက္ပါကြပ္ကဲေနေသာ အႀကီးေတာ္ပေဒသရာဇာ ကို အက္ဂါမိုင္းနပ္စ္က ရွင္ဘုရင့္အမွာကို ကပ္ေျပာလိုက္သည္။
ထို႔ေနာက္ ျမင္းကို ေရွ႕သို႔ ဆက္ႏွင္သြား၏။
မၾကာမီ တီးသံမႈတ္သံမ်ား ႐ုတ္တရက္တိတ္သြားသည္။
“ဘုန္းေတာ္အလြန္ႀကီးျမတ္လွစြာေသာ.....တန္ခိုးေတေဇာထိပ္မိုး..... ေလာကဓာတ္အေခါင္စိုးသည့္... စၾကာလက္နက္သခင္.... အင္းဝဘုရင္ သီရိပဝရမဟာဓမၼရာဇာအဓိပတိမင္းတရားက..... လမ္းေဘးဝဲယာအခစားလာၾကေသာ..... ေနျပည္ေတာ္ေန ေက်းေတာ္မ်ိဳး ကၽြန္ေတာ္မ်ိဳး မ်ားအား သနားလွစြာျဖင့္ အမိန႔္ေတာ္ရွိလိုက္သည္....ေမာ္...ဖူး...ေစ..”
ယိုးဒယားအစုထဲတြင္ ပါလာေသာ သံေတာ္ဆင့္၏ အသံရွည္ၾသၾသႀကီး ထြက္ေပၚလာသည္။
ေျမႀကီးႏွင့္ မ်က္ႏွာျပာျပားအပ္ဝပ္ေနၾကေသာ လူအုပ္ႀကီးမွာ ေဟး ခနဲ အသံႏွင့္အတူ လက္အုပ္ခ်ီလ်က္ ေခါင္းမ်ားေထာင္လာၾကေတာ့သည္။
မဟာဓမၼရာဇာဓိပတိသည္ ေရွ႕မွ ေရႊေထြးခံကို ယူကာ ကြမ္းတံေတြး ငုံ႔ေထြးလိုက္ၿပီးေနာက္ တင္းတိမ္ကို လွပ္လိုက္သည္။
ရွင္ဘုရင္ေလးက လူအုပ္ကို တခ်က္ေဝ့ၾကည့္ရင္း ႏႈတ္ခမ္းနီတာရဲေလးကို ျပဳံးေယာင္ေယာင္ျပဳလိုက္သည္။
လူအုပ္ထဲတြင္ရွိေသာ မိန္းမသားထုႀကီးထံမွ ေဟးခနဲ ဟားခနဲ ငယ္သံပါေအာင္ေအာ္လိုက္သည့္အသံမ်ား ဆူညံသြားေတာ့၏။
တေနရာတြင္ ကာရံထားေသာ ရာဇမတ္ကြက္မွာ ေနာက္မွတြန္းအားေၾကာင့္ ၿပိဳက်သြားၿပီး အမ်ိဳးသမီးအခ်ိဳ႕မွာ ေျမေပၚတြင္ လဲကုန္ၾကသည္။ ရင္ဝတ္မ်ားပင္ ေလ်ာက်ေတာ့သည္။
အေျခအေနကား ႐ုတ္႐ုတ္သဲသဲ ဆူဆူညံညံ။
“ဘာသံေတြလဲ..ရွင္မိငယ္”
“စကားမေျပာနဲ႔ေလ..ေမာင္ႀကီး...သြားက သၽွားေဆးေတြက ထုံးမဖုံးရေသးဘူး... ပ်က္ကုန္မွေတာ္”
နန္းၿမိဳ႕တံခါး ႏွင့္ မနီးမေဝး ရွမ္းတန္းထိပ္ မြန္းစံသာ သြားေဆးဆိုးဆိုင္ထဲတြင္ျဖစ္သည္။
သြားမဲမ်ားျဖစ္ေအာင္ ေဆးဆိုးေနသည့္ ေအာင္ေဇယ်က ဆူဆူညံညံအသံမ်ားေၾကာင့္ သြားေဆးဆိုး၊ အထုံးအဖြဲ႕အလုပ္သမ ရွင္မိငယ္ကို လွမ္းေမးျခင္းျဖစ္သည္။
ထန္းမႈတ္ေစ့ေလာက္သာရွိေသာ ေယာင္ျဖဴျဖဴကေလးထုံးထားသည့္ မြန္းစံသာက အုန္းခြံကိုျပာခ်ထားသည့္ အနက္ေရာင္ေဆးကို ထုံးအနည္းငယ္ႏွင့္ ေဖ်ာ္ရင္းက သူတို႔အနားသို႔ ေရာက္လာသည္။
၁၇၃၀ ေက်ာ္ကာလ အင္းဝၿမိဳ႕ေတာ္တြင္ ေယာက္်ားမိန္းမမ်ားအၾကား ထူးျခားေသာဖက္ရွင္တစ္ခုမွာ သြားေဆးဆိုးျခင္းျဖစ္သည္။
ထိုကာလက ဂ်ပန္နိုင္ငံ၊ ဗီယက္နမ္နိုင္ငံ ေတာင္အာရွတေၾကာတြင္ သြားေဆးဆိုးသည့္ ဓေလ့မ်ား ထြန္းကားသည္။
ကူးသန္းေရာင္းဝယ္ေရးမ်ား၊ စစ္ပြဲမ်ားႏွင့္အတူ ထိုဓေလ့က ကူးစက္ျပန႔္ႏွံ့ေနသည္။
၁၅ ရာစုမွ စတင္ၿပီး အင္းဝနိုင္ငံေတာ္၊ ဟံသာဝတီနိုင္ငံေတာ္၊ အယုဒၶယနိုင္ငံေတာ္၊ ဇင္းမယ္နိုင္ငံေတာ္စသည့္ အေရွ႕ေတာင္အာရွတြင္လည္း ကြမ္းေခ်းျဖင့္ မဲနက္ေနသည့္သြားမ်ားကို လွပသည္ဟု ယူဆၾကရာမွ သြားမ်ားကို မဲနက္ေျပာင္လက္ေနေအာင္ သြားေဆးဆိုးၾကသည္။
သြားေဆးဆိုးရာတြင္ သံပုရာရည္ျဖင့္ သြားမ်ားကို ေျပာင္စင္ေအာင္ ေဆးေၾကာရသည္။
သၽွားေဆးႏွင့္ အုန္းဆံခြံကို ျပာက်ထားသည့္အနက္ေရာင္ေဆးကို သြားတြင္ ျခယ္သရၿပီးေနာက္ အေပၚမွ ထုံးတစ္ထပ္အုပ္ကာ အေျခာက္ခံရသည္။
ထုံးမ်ားေျခာက္သြားခ်ိန္တြင္ ကြာက်သြားၿပီး အနက္ေရာင္ေတာက္ေနသည့္သြားမ်ားကို ရရွိသည္။
မြန္းစံသာ ၏ သြားေဆးဆိုးအထုံးအစုဆိုင္မွာ အင္းဝ၏ အထင္ကရထဲမွ တစ္ခုလည္းျဖစ္သည္။
မြန္းစံသာ ၏ အိမ္သူ ဘြားရွင္ၿငိမ္း သည္ မင္းရဲေက်ာ္ထင္လက္ထက္က နန္းတြင္း ဆတၱာအစုအထုံးအဖြဲ႕အပ်ိဳေတာ္ျဖစ္ခဲ့သည္။
မိဖုရားႀကီးမ်ားပြဲတက္ရာတြင္ ဆံပင္၊ ဆံထုံးမ်ားကို အလွျပင္ဆင္ယင္ေပးခဲ့ရသည္။
သြားေဆးဆိုးသည့္ပညာကိုလည္း စေနမင္းလက္ထက္ ၁၇၂၀ က ေျမာက္ဉီးမွ ကုန္သည္မ်ားႏွင့္အတူ နန္းတြင္းသို႔ အခစားပါလာသည့္ ဂ်ပန္လူမ်ိဳးေလးသည္မ်ားထံမွ သင္ယူတတ္ေျမာက္ထားသည္။
မြန္းစံသာႏွင့္ ဘြားရွင္ၿငိမ္း အိမ္ေထာင္က်ၿပီးေနာက္ နန္းၿမိဳ႕ျပင္ပ ဆတၱာတန္းတြင္ယခုလို သြားေဆးဆိုးႏွင့္ ဆတၱာအစုအထုံးဆိုင္ကို ဖြင့္ထားျခင္းျဖစ္သည္။
ဘြားရွင္ၿငိမ္းဆုံးပါးသြားသည့္ေနာက္ မြန္းစံသာက ထိုဆိုင္ကို ဆက္လက္ဖြင့္လွစ္ထားခဲ့သည္။
အကူအေနျဖင့္ မုတၱမဘက္မွ ကုန္သြယ္သေဘၤာျဖင့္ ပါလာေသာ မြန္အမ်ိဳးသမီးရွင္မိငယ္ဆိုသည့္ ဆယ္ေက်ာ္သက္ မိန္းကေလးကို ကၽြန္အျဖစ္ဝယ္ယူၿပီး သြားေဆးဆိုးျခင္းအလုပ္တြင္ ကူညီခိုင္းေစခဲ့သည္။
မြန္းစံသာ မွာ သြားေဆးဆိုးျခင္းသာမက ေသၽွာင္၊ ဆံထုံးထုံးဖြဲ႕ေပးျခင္း၊ဆတၱာေခၚ ဆံပင္ညႇပ္ျခင္း တို႔ကိုပါ တြဲဖက္လုပ္ကိုင္သျဖင့္ အင္းဝၿမိဳ႕ေတာ္ရွိ ေယာက္်ား၊ မိန္းမအၾကား အထူးေရပန္းစားေလသည္။
ဗမာအမ်ိဳးသားတို႔မွာ ဘုရင့္အမိန႔္အျဖင့္ ေသၽွာင္ထားရသျဖင့္ ဆတၱာလုပ္ငန္းမွာ ဆံပင္အတိုညႇပ္ၾကေသာ မြန္၊ ယိုးဒယားႏွင့္ ဥေရာပသား၊ အာရွသားကုန္သည္မ်ားကို အဓိကထား ဝန္ေဆာင္မႈေပးၾကသည္။
ေအာင္ေဇယ်ကား သြားေဆးဆိုးေနစဥ္ စကားေျပာလိုက္သျဖင့္ ပါးစပ္တြင္းမွ သၽွားေစးမ်ားက ေမးေစ့သို႔ စီးက်သြားသည္ကို သုတ္လိုက္သည္။
“အကိုေအာင္ေဇယ်ေျပာလည္း ေျပာစရာပဲ.. မြန္းစံသာရ....ဒီေကာင္မေတြ..ကဲလြန္း..သဲလြန္းသဗ်ာ..သူတို႔ တဏွာျမဴးသံေတြက ဒီအထိေတာင္ ညံထြက္ေနတယ္..နားတဏွာေဘးသင့္တယ္ဆိုတာ ဒါမ်ိဳးထင္ရဲ့”
ေအာင္ေဇယ်ႏွင့္အတူပါလာေသာ ေမာင္ေကာင္းက ေဘးနားမွ အဝတ္စကို ေအာင္ေဇယ်ထံကမ္းေပးရင္း ေျပာသည္။
“ေၾသာ္..ေမာင္ေကာင္းႏွယ့္..ရွင္ဘုရင္ေလးကလည္း ေခ်ာလွသကိုးဟ..ေမာင္တို႔ က်ဳပ္တို႔လို ဆင္းရဲသားမ်ား ေတာ့ ဒီမိန္းမေတြ ဘယ္အဖတ္လုပ္လိမ့္မတုန္း”
“ေအာင္မယ္..ေျပာသေလာက္လည္းဟုတ္မယ္မထင္ေပါင္..မြန္းစံသာရာ...က်ဳပ္တို႔ ေကာင္ႀကီး ေအာင္ေဇယ်လည္း ရွင္ဘုရင္သာျဖစ္ၾကည့္...ဒီလိုသာပဲ ေနမွာ”
ဝါးကြပ္ပ်စ္ေပၚတြင္ လွဲေနေသာ ေအာင္ေဇယ်က ေမာင္ေကာင္းကို ခပ္တိုးတိုးဆဲေရးလိုက္သည္။
“မဆဲနဲ႔..ငါ့လူ.. မုဆိုးဖိုတဝိုက္ေတာ့ ငါ့လူကို ရွင္ဘုရင္ေစာ္နံတယ္ခ်ည္းေျပာေနၾကတာ..ဘာတဲ့လက္႐ုံးက မီးထေတာက္တယ္ဆို..အခုလည္း ငါ့လူမွာ မင္ေသ့အျပည့္ နဲ႔ သြားေဆးနက္နက္နဲ႔..ဆိုေတာ့ကာ...အခုရွင္ဘုရင္ျဖစ္ေနတဲ့ မင္းသားေမာင္ျဖဴေလာက္ေတာ့ အသာေလး..”
“ဟိတ္ေကာင္..အဲ့ဒါ ငါ ရွင္လူထြက္စက ညဘက္ မီးတိုင္နဲ႔ စာၾကည့္ေနတုန္း အိပ္ငိုက္သြားလို႔ ငါဝတ္ထားတဲ့ သရက္ထည္သင္တိုင္းစကို မီးစြဲတာပါဟ..ဒါကို ဟိုအေစခံမေလးသဲမၽွင္က စကားေတြ ကားေျပာတာပါကြယ္”
“အို..ဘာျဖစ္ျဖစ္...ေဟာ့ဒီ လက္်ာေတာင္ကၽြန္းမွာ ဒါ ဘုရင္ျဖစ္မယ့္ နိမိတ္ပဲ မဟုတ္လား..အကိုရဲ့”
“ေဟ့..ငေကာင္း..ေတာ္ေဟ့...စကားဆိုတာ ေျပာတိုင္းမေကာင္းဘူးဟ... ..မင္းႏွယ့္..ရွင္ဘုရင္ေစာ္နံတယ္ဆိုတာ ေျပာတိုင္းေကာင္းတဲ့ စကားမဟုတ္ဘူး...အခန႔္မေသရင္ ေခါင္းျပတ္နိုင္တယ္ေဟ့..ငါေတာ့ ၾကားထဲက ဇတ္ေတြေတာင္ ယားလာၿပီ”
မြန္းစံသာက ေမာင္ေကာင္းစကားကို ဝင္ဟန႔္လိုက္၏။
ထိုအခ်ိန္တြင္ အိမ္ေရွ႕သို႔ လွည္းယာဥ္တစ္စီးဆိုက္လာသည္။ လွည္းယာဥ္ကို ေမာင္းလာသူက လြီဇာ။
“ေမာင္ေအာင္ေဇယ်..ေမာင္ေအာင္ေဇယ်”
“ဟင္...မမလြီဇာ..ဘာျဖစ္လာတာတုန္း”
“အင္းဝကေန အခုပဲ ထြက္ေတာ့..ေျပးေတာ့... ေမာင္တို႔ကို ဖမ္းဖို႔ အခုပဲ ကိုးသိန္းသခင္အိမ္ေတာ္က လူေတြလာေနၿပီ”
မြန္စံသာ က ျပဴးတူးျပာတာျဖစ္သြားသည္။ ေအာင္ေဇယ်က ႐ုတ္တရက္ထထိုင္လိုက္သျဖင့္ ရွင္မိငယ္ပင္ အလန႔္တၾကားျဖစ္သြား၏။
“ငေကာင္းရဲ့..နင္..မဆင္မျခင္ စကားေပါတာ...အခုပဲ လက္ေတြ႕ျဖစ္ၿပီမဟုတ္လား..ကဲ..ကဲ..ငါ့ဆိုင္က ျမန္ျမန္ထြက္ၾကကြယ္..ဟိုက လာရင္ ငါပါ ရာဇဝတ္သင့္ေနမယ္..သြားၾကပါကြယ္..သြားၾက”
ေအာင္ေဇယ် က ခပ္ေျပေျပျဖစ္ေနေသာ ေသၽွာင္ကို ထုံးရန္ျပင္သည္။
“ေမာင္ႀကီး..ကန္ေတာ့ပါရွင့္..ေသၽွာင္ကို..ႏွမ ထုံးေပးပါရေစ”
ရွင္မိငယ္က ေအာင္ေဇယ်ေခါင္းကိုကိုင္ရန္ျပင္သည္။
“ရတယ္..မိငယ္..ေမာင္ႀကီးဖာသာ ထုံးမယ္...ဟိုက ေမာင္ႀကီးခေမာက္သာ ယူေပး”
လြီဇာက သူတို႔ကိုၾကည့္ၿပီး တခ်က္ျပဳံးလိုက္၏။
“ကဲ...အလြမ္းသည္မေနၾကနဲ႔...ဟိုကလာေနၿပီ”
“သူတို႔ ဘယ္နားေရာက္ၿပီလဲ..မမလြီဇာ”
“ခုနပဲ တာရဲတန္းကေန ျဖတ္သြားၾကတယ္..ငါလည္း နင့္ညီ ေရႊၾကဴ နဲ႔ လမ္းမွာေတြ႕လို႔ေမးၾကည့္ေတာ့ ဒီမွာဆိုတာနဲ႔..လာသတိေပးတာ...နင့္ျမင္းမပါရင္ ငါ့လွည္းယာဥ္ယူသြား..ငါ့ေမာင္ေရ”
ေအာင္ေဇယ်က ကုတင္းေဘးတြင္ ေထာင္ထားေသာ အိမ္ဓါးကို လြယ္လိုက္သည္။
“ေမာင္ေကာင္း...ငါ့ျမင္းက သူေဌးတန္းထိပ္ ဦးၿမိဳ႕တာ မင္ေသ့ဆိုင္ေရွ႕ မန္းက်ည္းပင္မွာ ခ်ည္ ထားရစ္တယ္...ယူၿပီး မုဆိုးဖိုသာ လိုက္ခဲ့..ငါ သြားႏွင့္ၿပီ”
ထိုစဥ္ ရွင္မိငယ္က ေရ တစ္အုန္းမုတ္ကို ကိုင္ကာ ေအာင္ေဇယ်ေရွ႕သို႔ ေရာက္လာသည္။
“ေမာင္ႀကီး..သြားက ရွားေစးခ်ည္းမို႔ ရဲရဲႀကီးျဖစ္ေနတယ္..ျမန္ျမန္ ေဆးပစ္ပါဦး..ေနာင္တစ္ေခါက္မွ မိငယ္ ေသခ်ာဆိုးေပးပါ့မယ္”
ေအာင္ေဇယ်က ရွင္မိငယ္ ကမ္းေပးေသာ အုန္းမုတ္ေရခြက္ကို ယူကာ ပါးစပ္ကို သန႔္ရွင္းလိုက္သည္။
ထို႔ေနာက္ အျပင္တြင္ရပ္ထားေသာ ႏြားလွည္းေပၚသို႔ တက္လိုက္သည္။
“မမလြီဇာေရ..လွည္းကိုေတာ့ ေနာက္ရက္မွ လူၾကဳံနဲ႔ ထည့္ေပးလိုက္မယ္..ေက်းဇူးတင္ပါသဗ်ာ”
ထို႔ေနာက္ ေအာင္ေဇယ်က ရြက္နီေငြ သုံးက်ပ္ ကို မြန္းစံသာထံ ပစ္ေပးၿပီး ႏြားႏွင္တံကို ေကာက္ကိုင္လိုက္သည္။
လြီဇာက လွည္းယာဥ္တိုင္တစ္ခုကို လွမ္းဆြဲလိုက္ၿပီး
“ဟဲ့..ခဏေနဉီး”
“ဘာလဲ..မမလွီဇာ”
“နင္..ငါ့ဆိုင္မွာ ဗ်စ္ဖိုးအေႂကြး ရွစ္က်ပ္နဲ႔ သုံးပဲ က်န္တာ ေပးရဉီးမယ္မဟုတ္လား”
“ဟာဗ်ာ....က်ဳပ္မွာ. အဲ့ဒီေလာက္ေတာ့ အခုပါမလာေသးဘူး...ေနာက္တစ္ေခါက္ အင္းဝတက္လာမွ ဆက္ဆက္ေပးမယ္”
“ေအးပါ..ေမာင္တို႔က ဝရမ္းေျပးျဖစ္ၿပီဆိုေတာ့ ငါ့ေႂကြးအဆုံးမွတ္လို႔ပါဟယ္”
“ေၾသာ္..ဘယ္သူ႔ကိစၥနဲ႔ က်ဳပ္မွာ ဝရမ္းေျပးျဖစ္ရတာမ်ားလဲဗ်ာ..အေတာ္ေျပာတတ္တယ္..မယ္မင္းႀကီးမ..ဟားဟား”
ေအာင္ေဇယ်က သေဘာက်စြာ ရယ္လိုက္ၿပီး လွည္းယာဥ္ကို တေကာင္းတံခါးဘက္သို႔ အေသာ့ႏွင္လိုက္သည္။
ေမာင္ေကာင္းကလည္း အေနာက္ေပါက္မွထြက္ကာ ေျခလ်င္ေျပးသြားေတာ့၏။
ခဏအၾကာတြင္ သူ႔ဆိုင္ရွိရာသို႔ အျပင္းႏွင္လာေသာ ျမင္းမ်ား ကို မြန္းစံသာ လွမ္းျမင္လိုက္သည္။
မြန္းစံသာ၏ ဆိုင္ေလးေရွ႕တြင္ ျမင္းမ်ားရပ္သြားသည္။ လူအခ်ိဳ႕ ျမင္းမ်ားကို ရပ္ကာ မြန္းစံသာ၏ ဆိုင္ထဲသို႔ ဝင္သြားၾက၏။
ထိုအခ်ိန္တြင္ လြီဇာသည္ ဆိုင္ႏွင့္ခပ္လွမ္းလွမ္းသို႔ ေရာက္ေနၿပီျဖစ္သည္။
ေနာက္ဖက္မွ လိုက္လာေသာ ျမင္းခြာသံကို ၾကားရသည္။ သို႔ေသာ္ လွည့္မၾကည့္ပဲ လမ္းကို ခပ္မွန္မွန္သာ ေလၽွာက္ေနလိုက္သည္။
“အလိုဗ်..ဘယ္သူမ်ားလဲလို႔..ဗရင္ဂ်ီမမေလးပါလား..ဒီအနားမွာ.ရာဇဝတ္သားတစ္ေကာင္မ်ားေတြ႕လိုက္မိေသးလား”
ျမင္းေပၚမွ အသံေၾကာင့္ လြီဇာက လွည့္ၾကည့္လိုက္သည္။
ငတြန္။
မိန္ညိဳအကၤ်ီကို ဝတ္ဆင္ထားၿပီး ခါသာပုဆိုးကို ခါးေတာင္းက်ိဳက္ထားသျဖင့္ ေပါင္ႏွစ္ဖက္တြင္ ထိုးထားေသာ မင္ေသ့ထိုးကြင္း မ်ားက ႂကြရြေနသည္။
သူ႔အမွတ္အသားအတိုင္း ေသၽွာင္ရွည္ရွည္ကို အေခြထုံးၿပီး ပုခုံးေဘးခ်ထားေသးသည္။
အရြယ္မွာ ဆယ္ေက်ာ္သက္ပင္ ရွိဦးမည္ျဖစ္ေသာ္လည္း သူ႔ပုံစံ တကယ့္စစ္သည္ရင့္မႀကီး ကဲ့သို႔ ဆင္ယင္ထားသည္။
“ကၽြန္ေတာ္မ ဘာမၽွ မေတြ႕မိေပါင္...ေသြးေသာက္ဗိုလ္မင္းႀကီးရွင့္”
“အဟက္..ဟုတ္ပါၿပီ..ဟုတ္ပါၿပီ....ခုန မြန္းစံသာေျပာတာေတာ့..မမေလးနဲ႔ စကားေျပာၿပီး ထြက္သြားတာပဲတဲ့...နာမည္က...ဘာတဲ့... ေအာင္ေဇယ်ဆိုလား...အဲ့သူကလည္း မုဆိုးဖိုသား..က်ဳပ္ကလည္း မုဆိုးျခဳံသား..တေကြ႕ေတာ့ ေတြ႕ရခ်ည္ေပါ့ဗ်ာ.”
“ကဲ..ဒီကေမာင္ ေျပာတာေတြ ကၽြန္မ ဘာမွ မသိဘူး...အခု နန္းသိမ္းပြဲခင္းကိုသြားမလို႔....ေရႊနန္းရွင္ ႂကြလာတာေတာင္ ဖူးလို႔ မွီပါ့မလားမသိ”
“က်ဳပ္လည္း ပြဲခင္းကို သြားမွာပါဗ်ာ..ငါ့ႏွမ လိုက္ခ်င္ရင္ က်ဳပ္ျမင္းနဲ႔ လိုက္လို႔ရသပ..ဘုရင္ေလး မ်က္ႏွာေတာ္ကို ေမာ္ဖူးဖို႔ေတာ့ မွီေကာင္းပါရဲ့”
လြီဇာက ငတြန္ကို တစ္ခ်က္ၾကည့္လိုက္သည္။
ငတြန္က လက္ကမ္းလိုက္၏။
လြီဇာက ငတြန္ လက္ကို ဆြဲကာ ျမင္းေျခနင္းေပၚ ေျခတစ္ဖက္တင္လိုက္စဥ္ ငတြန္က ေစြ႕ခနဲ ေကာက္ခ်ီလိုက္၏။
လြီဇာဝတ္ထားေသာ ဖဲထမီဇာအနားစေလးက ငတြန္၏ ရင္ဘတ္ေပၚ ဝဲခနဲ ျဖစ္သြားသည္။
ငတြန္က လြီဇာဆံပင္ဆီမွ သင္းပ်ံ႕လာေသာ အိႏၵိယျပည္ ဂိုအာမွလာေသာ ပန္းဆီေရေမႊးနံ့ေလးကို ရင္အုပ္ႀကီး ေမာက္သည္အထိ တဝႀကီး ရႈသြင္းလိုက္ေတာ့သည္။
.......................................................................................................................................
နန္းေတာ္သစ္ႀကီးႏွင့္ မနီးမေဝးေနရာတြင္ နန္းပႏၷက္တင္ပြဲအထိမ္းအမွတ္အျဖစ္ ပြဲလန္းသဘင္မ်ားျဖင့္ စည္ကားေနၾကသည္။
ေျမဝိုင္းအၿငိမ့္သည္မ်ား၏ တီးမႈတ္သံမ်ား၊ နိပါတ္ခင္းလွည္းမ်ားမွ ရတုရြတ္သံမ်ားကို ခပ္လွမ္းလွမ္းမွပင္ ၾကားေနရေတာ့၏။
တ႐ုတ္လက္ထိုး႐ုပ္ပြဲမ်ား ႏွင့္အၿပိဳင္ တီထြင္ဆန္းသစ္ထားေသာ ျမန္မာ့ႀကိဳးဆြဲ႐ုပ္ေသးသဘင္ဝိုင္း မ်ားတြင္လည္း ကေလးလူႀကီးမ်ား ႀကိတ္ႀကိတ္တိုးေနၾကသည္။
မဏိပူရႏွင့္ အာသံဘက္မွလာေသာ နတ္ဝင္သည္၊ ေဗဒင္နကၡတ္ဟူးရားတို႔၏ တဲမ်ားတြင္လည္း အမ်ိဳးသမီးႀကီးငယ္မ်ား မျပတ္။
သကၠလပ္၊ ဖဲစိမ္း၊ သရက္၊ ခါသာ၊ဖ်င္နံ၊ဖ်င္မဲ စသည့္ အမ်ိဳးသားအမ်ိဳးသမီးဝတ္အထည္စမ်ား၊ တ႐ုတ္ပုဆိုး၊ တကၽြန္းပုဆိုး၊ သေဘၤာပါပုဆိုး၊ ပုဆိုးစံကၽြန္းစသည့္ အမ်ိဳးသားဝတ္သီးသန႔္ပုဆိုးဆိုင္မ်ားကလည္း တဲတန္းႀကီးျဖင့္ ဖြင့္လွစ္ထားသည္။
အထူးသျဖင့္ ဒတ္ခ်္ကုန္သည္မ်ား ဖြင့္လွစ္သည့္ ပူလိကက္ကုန္မ်ိဳးစုံဆိုင္တြင္ လူအဝင္အထြက္အမ်ားဆုံးျဖစ္သည္။
ထိုဆိုင္တြင္ အိႏၵိယျပည္ျဖစ္ ခ်ည္ခင္နီမ်ား၊ေရေမႊး၊ ျပဒါး၊ ပ႐ုတ္၊ ကန႔္၊ ေလးညႇင္း၊ နံသာဆီ အစရွိသည္ ကုန္မ်ိဳးစုံအျပင္ ေမွာင္ခိုသြင္းလာသည့္ ျပင္သစ္ျပည္ႏွင့္ စေကာ့တလန္ျပည္ျဖစ္ ဗ်န္အရက္၊ ဝီစကီအရက္ပုလင္းမ်ားကိုလည္း လက္သိပ္ထိုးေရာင္းခ်ေပးေနသည္။
ထူးထူးျခားျခား ပင္လယ္ျပင္သုံး မွန္ေျပာင္းရွည္တလက္ကိုလည္း ခင္းက်င္းျပသထားသျဖင့္ လူအမ်ားမွာ အထူးအဆန္းျဖစ္ေနၾကသည္။
ရွင္ဘုရင္၏ မင္းခမ္းေတာ္သည္ နန္းေတာ္တြင္းသို႔ ဝင္သြားၿပီျဖစ္သည္။
ထို႔ေၾကာင့္ အေစာပိုင္းက လမ္းေဘးတြင္ အုံေနေသာ လူအုပ္မွာ ပြဲခင္းအတြင္းဝင္ေရာက္လာသျဖင့္ ပြဲခင္းမွာ လူပင္လယ္ႀကီးအလားပင္။
“ေဟ့..တို႔.ခင္ဦးသားေတြကို ဒီလို အလြယ္လာလုပ္လို႔ရေၾကးလား”
႐ုတ္တရက္ အသံနက္ႀကီးႏွင့္အတူ လူအုပ္က ရွဲခနဲျဖစ္သြားသည္။
လူငယ္သုံးဦး။
သူတို႔ပတ္လည္တြင္ ေမာက္တိုနက္ေဆာင္းထားသည့္ စစ္သည္ငါးဦးမွာ ေျမျပင္တြင္ လဲက်လ်က္ ညည္းညဴေနၾကသည္။
အိမ္ဓါးေဖြးေဖြးျဖင့္ က်န္စစ္သည္တစ္စုက လူငယ္သုံးဦးကို သတိအေနအထားျဖင့္ ဝန္းရံထား၏။
ထိုအခ်ိန္တြင္ ပြဲခင္းအတြင္းသို႔ ငတြန္တို႔ အဖြဲ႕၏ ျမင္းမ်ား ဝင္လာသည္။
ငတြန္က စစ္သည္မ်ားအေနာက္တြင္ ျမင္းကို ရပ္လိုက္၏။
“ေဟ့..ဘာျဖစ္ေနတာလဲ..ကိုရင္စံလွတို႔”
“ဒီမွာ အမိန႔္ေတာ္ပါးလိုက္တဲ့ တရားခံကို ေတြ႕ေနၿပီ..ေသြးေသာက္ေလး”
“ေၾသာ္...သူတို႔လား..ဒါဆိုလည္း ဝင္ဖမ္းေလကြာ..မင္းတို႔ သတၱိတယ္နည္းၾကပါလား”
ငတြန္က အမိန႔္ေပးလိုက္သျဖင့္ ေရွ႕ဆုံးမွ စစ္သည္သုံးဦးက ဓါးလြတ္ျဖင့္ ဝင္လာသည္။
မ်က္လုံးေတာက္ေတာက္၊ အရပ္ျမင့္ျမင့္၊ အသားနက္နက္၊ ခႏၶာကိုယ္ႀကီးႀကီးျဖင့္လူက ေရွ႕ဆုံးမွ တက္လာသူ၏ ဓားကို လက္ဖ်ံျဖင့္ ပုတ္ထုတ္လိုက္သည္။
ထို႔ေနာက္ ေပါင္ခြၾကားကို လက္တစ္ဖက္၊ လည္ၿမိဳအား လက္တစ္ဖက္ျဖင့္ ကိုင္ကာ ေျမျပင္ေပၚ ကိုင္ေပါက္ခ်ပစ္လိုက္၏။
လူတစ္ကိုယ္လုံးကိုပင္ စကၠန႔္ပိုင္းအတြင္း ေျဗာင္းခနဲ ျမည္ေအာင္ ကိုင္ေပါက္ခ်လိုက္သျဖင့္ ေနာက္ဝင္လာမည့္ ရဲမက္တို႔မွာ အသာရို႔သြားၾကသည္။
အသားလတ္လတ္၊ ခႏၶာကိုယ္သြယ္လ်လ် လူငယ္က လက္ထဲမွ ဝါးရင္းတုတ္ျဖင့္ က်န္စစ္သည္တစ္ဦးကို ရိုက္ရန္ ဟန္ျပင္လိုက္သည္။
ငတြန္က ျမင္းေပၚက လႊားခနဲ ခုန္ဆင္းကာ အဲေမာင္းလွံျဖင့္ လူငယ္လက္ထဲမွ တုတ္ကို ရိုက္ခ်လိုက္သည္။
က်န္လူငယ္ႏွစ္ဦးက ငတြန္ကို တိုက္ခိုက္ရန္ ဝန္းရံလိုက္၏။
ငတြန္က ခပ္ပိန္ပိန္လူငယ္၏ လည္ၿမိဳကို လွံျဖင့္ ေထာက္ထားလိုက္သျဖင့္ ႏွစ္ဦးလုံး ေနာက္ဆုတ္သြားၾကသည္။
“ေဟ့..ေတာ္ၾကေတာ့....မင္းတို႔ထဲ ငခ်စ္ညိဳ က ဘယ္သူလဲ”
ခုန ခႏၶာကိုယ္ခပ္ႀကီးႀကီးလူငယ္က ရင္ကို ေကာ့ျပသည္။
“ေဟ့..ခင္ဦးစား ျမင္းေခါင္းႀကီးဦးလုံးရဲ့ သား ခ်စ္ညိဳ ဆိုတာ ငါပဲကြ..မင္းက ဘယ္သူတုန္း”
“ငါ ဘုရင့္လက္ေရြးငယ္ျမင္းစုက ေသြးေသာက္ငယ္ ငတြန္ပဲ.. ..မင္းကို ေခၚခဲ့ဖို႔ အမိန႔္ေတာ္ပါတယ္..မင္းငါတို႔ နဲ႔လိုက္ခဲ့ရမယ္”
“ဘယ္သူအမိန႔္ေတာ္လဲ..ငါ့ကို ဘာလို႔ေခၚခိုင္းတာလဲ.ေျပာစမ္းေဟ့”
“ဟိုေန႔က နေမာ္ေစ်းလူသတ္မႈကိစၥ..မင့္ကို စစ္ေမးစရာရွိလို႔ပါကြဲ႕.. မင္း အသက္ကို အာမခံပါတယ္.....ငါတို႔နဲ႔ လိုက္ခဲ့ပ”
နေမာ္ေစ်းလူသတ္မႈဆိုသျဖင့္ သူတို႔သုံးဦးသား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။
“ကိုႀကီးညိဳ တစ္ေယာက္ထဲေတာ့ မထည့္ဘူးဗ်..က်ဳပ္တို႔လည္း လိုက္မယ္”
လွံျဖင့္ ေထာက္ခံလိုက္ရသည့္ လူငယ္က ဝင္ေျပာသည္။
“မင္းတို႔က ဘယ္သူေတြလဲ”
“က်ဳပ္တို႔က..သူ႔ညီေတြဗ်..က်ဳပ္က ခ်စ္ျမ..သူက ခ်စ္ဝ”
အကိုႀကီးျဖစ္သူ ခ်စ္ညိဳ က အကၤ်ီဗလာက်င္းႏွင့္ ယြန္းပုဆိုးကို ဝတ္ထားေသာ္လည္း ခ်စ္ျမက မူ ကတၱီပါနားကြပ္ထားသည့္ သရက္ထည္သင္တိုင္းႏွင့္ နံသာေရာင္ေရႊေရးပုဆိုးကို ဝတ္ထားသည္။
ခ်စ္ၿမ သည္ ခ်စ္ညိဳေလာက္ ႂကြက္သားအေျမာင္းအေျမာင္း ခႏၶာကိုယ္မ်ိဳးမရွိေသာ္လည္း အသားလတ္လတ္၊ ခႏၶာကိုယ္ပိန္ပိန္ပါးပါး၊ မ်က္ခုံး၊ ႏွာတံ ေပၚလြင္သည္။
ႏႈတ္ခမ္းေမႊးေရးေရးျဖင့္ သူ႔ဟန္ပန္က စာဆိုတစ္ေယာက္ႏွင့္ပင္ တူေနေသး၏။
အငယ္ဆုံး ခ်စ္ဝမွာ မူ နာမည္ႏွင့္လိုက္ေအာင္ ပါးေဖာင္းေဖာင္း၊ ခႏၶာကိုယ္ခပ္ဝဝျဖင့္။
ဝတ္ထားသည့္ ခါသာသင္တိုင္းလက္တိုသည္ သူ႔လက္ေမာင္းႀကီးကို မဆန႔္မျပဲ ၾကပ္သိပ္ေနသည္။
“အမိန႔္ေတာ္ရွိတာ...ငခ်စ္ညိဳတစ္ေယာက္သာပဲကြဲ႕..မင္းတို႔ လိုက္ဖို႔ေတာ့ အမိန႔္မပါဘူး..ကဲ..ငခ်စ္ညိဳ လာေဟ့..အခ်ိန္ၾကာတယ္”
“ေဟ့..ကိုႀကီးညိဳ မသြားနဲ႔..သင္းတို႔ကို မယုံနဲ႔ဗ်..မင္းေစမဟုတ္ပဲ..လူဆိုးဓါးျပေတြျဖစ္ေနမွ”
ခ်စ္ၿမ က မည္သည့္အခ်ိန္က ပါလာမွန္းမသိသည့္ ဓါးေျမႇာင္ကို ထုတ္ၿပီး ေရွ႕သို႔ တိုးလာသည္။
“သယ္..ဒီအေကာင္ေတြေတာ့...အကုန္ေသကုန္ေတာ့မွာပဲ..တို႔မွာ ခ်စ္ညိဳကို အသတ္မေသေစပဲ အပါေခၚခဲ့ဆိုတဲ့ အမိန႔္ပဲပါလာတာ..မင္းတို႔အေၾကာင္းတလုံးမွမပါဘူး..မင္းတို႔ကို သတ္ပစ္ခဲ့လည္း ငါတို႔မွာ အျပစ္မသင့္ဘူး...ေသြးေကာင္းၾကတယ္ေပါ့ေလ”
သူတို႔သုံးဦးအား ဝိုင္းထားသည့္ ရဲမက္မ်ားအျပင္..ငတြန္ႏွင့္ပါလာသည့္ ရဲမက္မ်ားကလည္း အသင့္အေနအထား ေနလိုက္ၾကသျဖင့္ သူတို႔ကို ႏွစ္ထပ္ ထပ္ဝိုင္းထားသကဲ့သို႔ျဖစ္ေနၾက၏။
“ကဲ..ခ်စ္ျမ..ခ်စ္ဝ...ငါ့ညီတို႔.ဘာမွ မပူနဲ႔..ဒီေကာင္ေတြ ေလာက္ေတာ့ ငါအခု သတ္ေတာင္ သတ္လို႔ရတယ္..ဒါေပမယ့္..မင္းမိန႔္ဆိုေတာ့ မပယ္ေကာင္းဘူး....ငါလိုက္သြားမယ္...မင္းတို႔ အိမ္ကို ျပန္ၾကကြယ့္..အဘနဲ႔ အမကိုလည္း ေသခ်ာေျပာျပ...ငါ့အသက္ကို သင္းတို႔ရန္ရွာခဲ့လို႔ ညေနမွ ငါျပန္မလာနိုင္ရင္ မင့္တို႔တေတြ လက္ေရြးငယ္ျမင္းစုက ေသြးေသာက္ငယ္ ငတြန္ဆိုတဲ့ နာမည္ကိုမွတ္ထား.ငါ့အေကာက္ႀကံလို႔ကေတာ့..သူ႔တမ်ိဳးလုံးက နို႔စို႔ပါမက်န္ ရေအာင္ရွာသတ္ၾက..ငါလိုက္သြားမယ္”
“ဟုတ္ကဲ့..ကိုႀကီးညိဳ..စိတ္ခ်ပါ..ကၽြန္ေတာ္တို႔ ခင္ဉီးသားေတြ ဓားထက္ပါတယ္ ”
ငတြန္က ခ်စ္ညိဳ တို႔ ညီအကိုတစ္စုကို ၾကည့္ကာ ေလွာင္ျပဳံးျပဳံးလိုက္သည္။
ခဏအၾကာတြင္ ရဲမက္တစ္စုက ခ်စ္ညိဳကို ျမင္းတစ္စီးေပၚတင္ကာ ၿခံရံၿပီး ပြဲခင္းျပင္ပသို႔ ထြက္သြားၾကေတာ့၏။
ခ်စ္ျမက ခ်စ္ဝကို ေခၚကာ အနီးတြင္ရွိေနသည့္ ဒတ္ခ်္ပူလီကတ္ဆိုင္အေနာက္ဖက္ လူရွင္းရာသို႔ ေခၚသြားသည္။
“ခ်စ္ဝ...မင္း ခင္ဦးျပန္ၿပီး...အဘကိုလည္း ဒီအေၾကာင္းေျပာ. လူစုခိုင္းထားကြယ္.....ငါ ၿမိဳ႕ဝန္႐ုံးလိုက္သြားမယ္...သင္းတို႔ ကိုႀကီးညိဳကို မလွိမ့္တပတ္လုပ္ၿပီး လူသတ္မႈနဲ႔ ဖမ္းသြားတာပဲေနမယ္”
“ကိုခ်စ္ၿမ တစ္ေယာက္တည္း ျဖစ္ပါ့မလား”
“ငါတစ္ေယာက္တည္းမဟုတ္ဘူး...ဟိုးဘက္ ဇာတ္ပြဲထဲမွာ ငါ့လူ ငသာပုတို႔၊ ငစိန္ကၽြဲ တို႔ ရွိတယ္.. ပြဲခင္းထဲ ေဈးလာခင္းတဲ့ ခင္ဦးသားေတြကို သူတို႔လိုက္စုၿပီး ၿမိဳ႕ဝန္႐ုံးကို ငါသြားဝိုင္းထားမကြဲ႕..အေျခအေနမဟန္ရင္..ကိုႀကီးညိဳကို ငါတို႔ ဝင္လုမယ္....မင့္နဲ႔ အဘ လူစုၿပီး ၿမိဳ႕ဝန္႐ုံးကိုလိုက္ခဲ့..သြားေခ်”
“ေနၾကပါဦး..ခင္ဦးသားေလးေတြရဲ့...ဘာေတြေလၽွာက္လုပ္ၾကမလို႔တုန္း”
ပူလီကတ္စတိုးဆိုင္အေနာက္ဖက္ ဒတ္ခ်္ကုန္သည္႐ုံခန္းအတြင္းမွ ထြက္လာေသာ အသံေၾကာင့္ သူတို႔ႏွစ္ဦးလုံးေၾကာင္သြားၾကသည္။
တံခါးဝတြင္ ရပ္ေနသူက လြီဇာ။လြီဇာက သူတို႔ညီအကိုကို ျပဳံးရယ္ျပရင္း ေလၽွာက္လာသည္။
ဆံပင္နက္နက္၊ မ်က္လုံးစိမ္းျပာႏွင့္ ဖြံ့ထြားေသာ လြီဇာ၏ အလွကို ႏွစ္ေယာက္သား ေခတၱေငးေမာေနမိၾကသည္။
“ခင္ဗ်ား ဘယ္သူလဲ”
ခ်စ္ျမက ေမးလိုက္သည္။
“လြီဇာပါ”
“ေၾသာ္...ခင္ဗ်ားကို”
အကိုျဖစ္သူ ခ်စ္ညိဳ က အင္းဝေရာက္လၽွင္သူအျမဲသြားေနက် နေမာ္ေစ်း ဗ်စ္ဆိုင္မွ ေပၚတူဂီအလွပေဂး ထန္းသီးေဖြးေဖြးႀကီး အေၾကာင္းကို အျမဲေျပာျပတတ္သည္။
ထိုအလွပေဂးမ၏ ျပႆနာကို ေျဖရွင္းေပးရင္း ကိုခ်စ္ညိဳ သည္ နေမာ္ေစ်းႀကီးတစ္ခုလုံးေၾကာက္ၾကရသည့္ ေလာ္ညီအစ္ကိုထဲမွ တစ္ေယာက္ႏွင့္ သူ႔လူမ်ားကို သတ္လိုက္သည္မဟုတ္ပါလား။
“တို႔ေမာင္တို႔ ၿမိဳ႕ဝန္႐ုံးကို သြားဝိုင္းရင္ မွားမွာေပါ့..ရွင္တို႔ ကိုရင္ခ်စ္ညိဳ ကို ၿမိဳ႕ဝန္႐ုံးေခၚသြားတာမဟုတ္ဘူး”
“ဒါဆို ဘယ္ေခၚသြားတာလဲ”
“သူ႔ကို ေခၚသြားတဲ့ေနရာကို ငါသိတယ္”
“သူ႔ကို ဘယ္ေခၚသြားၾကတာလဲ.”
“ကိုးသိန္းသခင္ရဲ့ အိမ္ေတာ္ကို ေခၚသြားတာ”
“ကိုးသိန္းသခင္”
ကိုးသိန္းသခင္သည္ လက္ရွိရွင္ဘုရင္ေလး၏ အားအကိုးရဆုံးလက္႐ုံး ဝန္ႀကီးအဆင့္ စစ္ေသနာပတိျဖစ္သည္။
သူအုပ္ခ်ဳပ္ရသည့္ စဥ့္ကိုင္တပ္မွာ စစ္သည္ေတာ္ကိုးသိန္းစြမ္းအားႏွင့္ ညီမၽွသည့္ တိုက္ခိုက္ေရးတပ္ျဖစ္သည္ဟု သတင္းႀကီးသည္။
ယခု အကိုျဖစ္သူကို ဖမ္းေခၚသြားသူမ်ားမွာ ၿမိဳ႕ဝန္အဆင့္မဟုတ္ပဲ စစ္ေသနာပတိဝန္ႀကီးအဆင့္ ကိုးသိန္းသခင္အိမ္ေတာ္မွ ျဖစ္ေနသျဖင့္ ခ်စ္ျမတို႔မွာ မ်က္လုံးျပဴးသြားရသည္။
“မဗ်ာ နဲ႔..ရွင္တို႔ လူေတြပြဲခင္းထဲ ရသမၽွစုမယ္ဆို အခုလုပ္ေတာ့...သူတို႔ ရွင့္အကိုကို တခုခု လုပ္မယ္ဆို...ဝင္လုမယ္...ကၽြန္မလည္း ရွင္တို႔နဲ႔ အတူလိုက္ခဲ့မယ္”
လြီဇာ၏ အမိန႔္သံဆန္ဆန္ေျပာလိုက္ဟန္ေၾကာင့္ ခ်စ္ျမႏွင့္ ခ်စ္ဝ တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။
ခက္ေဇာ္
(က်န္းမာေရးကို ဂ႐ုစိုက္ေပးပါ။
ေတာ္လွန္ေရးကို တတ္နိုင္သည့္ဘက္မွ အာ႐ုံစိုက္ေပးပါ။
ကၽြန္ေတာ့္ဝတၳဳ ဖတ္ရႈရင္း စိတ္ထြက္ေပါက္ရၾကပါေစ)
ဖတိပြိးပါပြီ
ReplyDeleteဖတ်ပြီးပြပြီ
Deleteဖတ်ပြီးပြီ
ReplyDeleteDone
ReplyDeleteဖတ်ပြီး
ReplyDeleteRespect To Dear Author for Donation ^-^
ReplyDelete😘
ReplyDeleteတဆက်တည်း တင်ပေးပါ
ReplyDelete👍
ReplyDelete👍👍👍
ReplyDeletegooooooooooooood
ReplyDeletegood
ReplyDeleteအစစ အရာရာ ဂရုစိုက္ပါ
ReplyDeleteကျန်းမာရေး ဂရုစိုက်ကြပါ
ReplyDeleteဖတ်လို့ကောင်းတယ်
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteဖတ်ရင်းနဲ့ လက်ကမချနိုင်အောင်ဆွဲဆောင်နိုင်ခဲ့
ReplyDeleteနောက်တစ်ကြိမ် ပြန်လာခဲ့မယ်
ReplyDeleteGood
ReplyDeleteDone🐬🐬
ReplyDelete