ထာဝရတော်လှန်ရေးသမား Che Guevara
ရဲဘော် ချေဂွေဗားရားကို ၁၉၂၈ခု၊ ဂျွန်လ ၁၄ ရက်နေ့တွင် အာဂျင်တီးနားပြည် အရှေ့မြောက်ဒေသ၊ ပါရာနာမြစ်ကမ်းပေါ်မှ ရိုစာရီယိုမြို့ကလေးတွင်မွေးဖွားခဲ့သည်။ သားသမီး ၅ ယောက်အနက် အကြီးဆုံးသားလည်းဖြစ်သည်။ အမိဖြစ်သူ စီလီယာ ဆာနာသည် အိုင်းရစ်သွေးပါသူဖြစ်ပြီး တိုက်ခိုက်ရေးသွေးကို အမွေရခဲ့သည်ဟုပင်ဆိုနိုင်သည်။ ဖခင်ဖြစ်သူမှာ အာနက်စတို ဂွေဗားရားဖြစ်ပြီး မိသားစုမှာ လူလယ်တန်းစား စားနိုင်သောက်နိုင်သော အဆင့်အတန်းမျိုးဖြစ်သည်။
မွေးကထဲက ရောဂါအလွန်ထူ၍ ချူချာလှပြီး ပိုးမွေးသလိုမွေးလာရခဲ့သူဖြစ်သည်။ ရိုစာရီယိုမြို့ကလေးတွင် အလူးအလဲခံခဲ့ရသော ပန်းနာရောဂါမှာ ဂရေစီယာမြို့ကလေးကို ပြောင်းရွှေ့ပြီးမှ ရောဂါအတော်လေးသက်သာလာခဲ့သည်။ ချေဂွေသည် ကျန်းမာရေးတွင်အားနည်းသလောက် ပညာရေးတွင်အကျိုးပေးလှသည်။ အတန်းတိုင်းကိုထူးချွန်စွာ အောင်မြင်ခဲ့ပြီး အားသည့်အချိန်တိုင်း တစ်ခြားကလေးများနဲ့ ဆော့ကစားလေ့မရှိပဲ ကဗျာများ၊ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးစာအုပ်များ ဖတ်နေလေ့ရှိသည်။ ဆယ်ကျော်သက်အရွယ်မှာ ဖခင်ဝယ်ယူစုဆောင်းပေးခဲ့တဲ့ စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိပြီး ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒနဲ့ လက်ဝဲစာပေများကို ထိုအရွယ်ထဲဖတ်ရှုလေ့လာခဲ့သည်။ အားလပ်ချိန်ကို စာအုပ်ပုံအကြားပျော်ရွှင်နေတတ်ပြီး တစ်ခါတစ်လေ ဖခင်သင်ကြားပေးမှုနှင့် သေနတ်ပစ်လေ့ကျင့်နေတတ်သည်။
ကျူးဘားသို့
၁၉၄၇ ခုနှစ်တွင် ချေဂွေသည် ဗြူနိုအဲ့ရစ္စမြို့တော်တွင် ဆေးတက္ကသိုလ်တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် အာဂျင်တီးနားပြည်၌ အာဏာရှင် ဂျူအန်ပီရွန် ခေါင်းဆောင်သည့် ဖက်စစ်အစိုးရအုပ်ချုပ်နေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးခွင့်စသည့် ဒီမိုကရေစီအခွင့်အရေးများ ဆိတ်သုဉ်းနေချိန်ဖြစ်သည်။ ဆေးတက္ကသိုလ်ကျောင်းသား ဂွေဗားရားမှာ ပီရွန်အစိုးရက နာဇီစစ်ရာဇဝတ်ကောင်များအား မြှောက်စား၍ အာဂျင်တီးနားတွင် ဖက်ဆစ်စနစ် အကောင်အထည်ဖေါ်နေသည်ကို မလိုလား မကျေနပ်သော်လည်း မည်သို့မှ မတတ်နိုင်ဘဲ ရှိနေခဲ့သည်။ ဖက်ဆစ်စနစ်ဖြင့် အဓမ္မအုပ်စိုးနေသည့် ပီရွန် အစိုးရအား ကာယကံမြောက် လက်တွေ့ ဆန့်ကျင်တော်လှန်ရန် မတတ်နိုင်သည့် အလျောက် စိတ်ချင်းသဘောချင်း တိုက်ဆိုင် နီးစပ်သည့် ကျောင်းသား လေးငါးယောက် ဖြင့် စစ်ရေး၊ နိုင်ငံရေး စာအုပ်များ ဝိုင်းဖွဲ့လေ့လာကာ ပီရွန်အစိုးရ ဆန့်ကျင်ရေးကို မကြာခဏ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ချေဂွေငယ်စဉ်က
၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်မှ ဗြုန်းစားကြီးထွက်ပြီး သူငယ်ချင်းအဖော်တစ်ယောက်နှင့်အတူတူ တောင်အမေရိကနိုင်ငံများလေ့လာရန် ဆိုင်ကယ်တစ်စီးနှင့်ခရီးထွက်ခဲ့ကြသည်။ ချီလီ၊ အီကွာဒို၊ ကိုလမ်ဘီယာ၊ ဗင်နီဇွဲလား မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု မီယာမီ ကမ်းခြေအထိပါ လေယာဉ်အကြုံနဲ့ရောက်လာခဲ့ပြီး ပြည်ဝင်ခွင့်မပါလို့ အာဂျင်တီးနားကို ပြန်ပို့ချင်းခံခဲ့ရပါတယ်။ သူရောက်ခဲ့သမျှ တောင်အမေရိက တိုက်မှ တိုင်းပြည်များ၏ ကံကြမ္မာကို တစိမ့်စိမ့်တွေးရင်း အခြားတဖက်မှ ဆေးတက္ကသိုလ်ပညာကို ဆက်လက် သင်ယူခဲ့ရာ ၁၉၅၃ ခုနှစ်မှာပင် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ အမှန်စင်စစ် ဆေးသိပ္ပံပညာ ဘွဲ့ရရန် သင်ကြားရသည်မှာ ၇ နှစ် ကြာမြဲပင် ဖြစ်သည်။ သို့သော် ငယ်စဉ်ကပင် အခြေခံပညာ ထက်မြက်လာသော ဂွေဗားရားသည် ၇ နှစ် သင်တန်း ကို ၃ နှစ်ဖြင့် ထူးချွန်စွာ ပြီးဆုံးအောင်မြင်၍ ဘွဲ့ရရှိလာခဲ့ခြင်း ဖြစ်သည်။
ဆရာဝန်ပေါက်စ ဒေါက်တာ ဂွေဗားရားသည် ပီရွန်အစိုးရက အဓမ္မချွေးတပ်ဆွဲသည်ကို မလိုလား မကျေနပ်သဖြင့် အာဂျင်တီးနားမှ ဒုတိယ အကြိမ် ထွက်ခွာသွားခဲ့ပြန်သည်။
သို့သော် ယခုတကြိမ် အာဂျင်တီးနားမှ ထွက်ခွာလာခဲ့ခြင်းသည် သူ့အတွက် သဘောတရားမှ လက်တွေ့စခန်းသို့ ဘဝလမ်းကြောင်း ပြောင်းရန် ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ စာအုပ်ကို ချ၍ သေနတ်ကို ကိုင်စွဲရန် ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အာဂျင်တီးနားမှ ထွက်ခွာလာခဲ့သော ဂွေဗားရားသည် နောက်ဆုံးတွင် လက်တင်အမေရိကန် နိုင်ငံများအတွက် တော်လှန်ရေး ဘူမိနက်သန် အမှန်ဖြစ်သော ကျူးဘားပြည်သို့ ရောက်ရှိ သွားခဲ့သော ကြောင့်တည်း။
ကျူးဘားတော်လှန်ရေး
အာဂျင်တီးနားမှ ချေဂွေဗားရား နှင့် ကျူဘားမှ ဖီဒယ်ကက်စရိုတို့သည် ၁၉၅၅ ခု ဩဂုတ်လတွင် မက္ကစီကိုပြည်၌ တွေ့ဆုံခဲ့ကြသည်။ ရုတ်တရက်ကြည့်လိုက်ရင် ညီအကိုအလားထင်ရသည်။ ချေဂွေအနေနှင့် မက္ကစီကိုသို့ မရောက်မီ လက်တင်အမေရိကနိုင်ငံများသို့ အနှံ့ သွားခဲ့သေးသည်။ ဂွာတီမာလာနိုင်ငံသို့ ရောက်ချိန်တွင် လက်ဝဲအစိုးရအုပ်ချုပ်နေချိန်ဖြစ်ပြီး လက်တင်တစ်ဝိုက်က လက်ဝဲစုများ တဖွဲဖွဲရောက်လာနေရာ ပီရူးသူလေး ဟစ်လ်ဒါဂါဒီယာ လည်း အပါအဝင်ဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးပြီး သွက်လက်ချက်ချာပြီး ချစ်စရာကောင်းသူဖြစ်ပြီး ချေနှင့် တစ်စတစ်စရင်းနှီးလာခဲ့သည်။ ဘိုင်ကျနေတဲ့ချေက ဟစ်လ်ဒါကိုသာအားကိုးခဲ့ရသည်။ သို့သော် CIA ကဂွါတီမာလာရဲ့ လက်ဝဲအစိုးရကို ဖြုတ်ချလိုက်ရာ ချေဂွေတစ်ယောက်စိတ်ပျက်ပြီး မက္ကစီကို ကိုထွက်လာခဲ့သည်။
![]() |
| ချေကွေနဲ့ ဖီဒယ်ကက်စရို |
မက္ကစီကိုတွင် သူ့အလျင်ရောက်နှင့်သူ ဟစ်လ်ဒါနှင့်ပြန်တွေပြီး ၁၉၅၅ခုနှစ် မေလတွင် လက်ထပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဖီဒယ်ကတ်စရိုနှင့်တွေ့ကာ ကျူးဘားတော်လှန်ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ခဲ့ကြသည်။
![]() |
| ချေနဲ့ ဟစ်လ်ဒါ |
လက်နက်ကိုင်သောဆရာဝန်
ချေဂွေနဲ့ ကတ်စရိုတို့ အနေနဲ့ အမေရိကန်မှ ကျူးဘားသူဌေးမှားထံမှ အလှူငွေများကောက်ခံပြီး မက္ကစီကိုပြည်နယ်တွင် လူငယ် ၈၀ လောက်နှင့်စစ်ရေးလေ့ကျင့်ခဲ့ကြသည်။ လေ့ကျင့်ပေးသူမှာ ပွဲတိုင်းကျော်စစ်သားဟောင်းကြီး ဖြစ်သည့် ကျူးဘားနိုင်ငံသား အယ်ဘက်တိုဆိုသည့် အသက် ၆၃ နှစ်အရွယ် ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်သည်။ စစ်ပညာအပြည့်အဝနဲ့ ပျောက်ကြား သေနဂ်ဗျူဟာ များကိုပါသင်ကြားပေးခဲ့သည်။ သင်တန်းတွင် ဇွဲအရှိဆုံး အကြိုးစားဆုံး အတက်ကြွဆုံးရဲဘော်မှာ ချေဂွေ ပင်ဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် အထူးချွန်ဆုံးရဲဘော်အဖြစ် ချီးကျူးဂုဏ်ပြုခြင်းခံရခဲ့သည်။
၁၉၅၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ချေဂွေနှင့် ရဲဘော် ၈၀ ခန့်ပါဝင်သည့် "ဂရန်မာ" အမည်ရှိလှေသည် ကျူးဘားကမ်းခြေကိုဆိုက်ကပ်လာလေသည်။ သို့သော် သတင်းရရှိသွားသော ဘတ်စတာ၏တပ်များက တိုက်ခိုက်မှုကြောင့် ၁၂ ယောက်သာအသက်ရှင်ကျန်ကာ ချေဂွေ ကိုယ်တိုင်ဒဏ်ရာရရှိခဲ့ပြီး တောအုပ်ထဲဝင်ပြေးခဲ့ရသည်။ ပထမဆုံးနိုင်ပွဲမှာ သေနတ်၂၂လက်ဖြင့် ပလာတာမြစ်ဝက စစ်တန်းလျားကိုဝင်ရောက်တိုက်ခိုက်ပြီးအောင်မြင်ခဲ့ခြင်းဖြစ်သည်။ လက်နက်များ စားနပ်ရိက္ခာများရရှိခဲ့ပြီးနောက်ပိုင်း ပိုမိုကြီးမားသော စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ဂွေဗားရားအနေနှင့် ကျူးဘာတော်လှန်ရေး ဖြစ်ရပ်များကို မှတ်တမ်းရေး၍လည်း သိမ်းထားခဲ့သည်။
နှလုံးသားနဲ့ ဦးနှောက်
"ဒေသဆိုင်ရာပြည်သူများနှင့် ပြောက်ကြားရဲဘော်များကြားဆက်ဆံရေးသည် အရေးကြီးဆုံးဖြစ်သည်" ဟု ချေဂွေ၏ ယူဆချက်အတိုင်း ဒေသခံများထံမှ အခကြေးငွေမပေးပဲဘာမှမယူစေခြင်း၊ ယဉ်ကျေးစွာဆက်ဆံခြင်း၊ မုဒိန်းမှုအတွက် သေဒဏ်ချမှတ်ခြင်းစသည်တို့ကြောင့် တောင်သူလယ်သမားများအနေနှင့် တော်လှန်ရေးကိုယုံကြည်လာကြသည်။ ဂွေဗားရားအနေနှင့် ကျန်းမာရေးဆေးပေးခန်းများဖွင့်လှစ်ပြီးကုသပေးသည့်အပြင် ဝါသနာပါသူများကိုလည်းသင်ကြားပေးပြီး ကျေးရွာတိုင်းတွင်ဆေးပေးခန်းမှားဖွင့်လှစ်ခဲ့သည်။ ထို့ပြင် စာသင်ကြောင်းများကိုလည်း ဒေသခံများနှင့်ပူးပေါင်းကာ တစ်ကြောင်းပြီး တစ်ကြောင်းဖွင့်လှစ်ခဲ့ပြီး ၂နှစ်အတွင်း ကျောင်း ၃၀ လောက်ဖွင့်လှစ်နိုင်ခဲ့သည်။ တော်လှန်ရေးတပ်မတော်တွင်လည်း ဗိုလ်မှူး ရာထူးသာအမြင့်ဆုံးထားသည့်အတွက် ရဲဘော်နဲ့ တပ်မှူးများ အဆင့်အတန်းအရမ်းမကွာတော့ပဲ တကယ့်ရဲဘော်ရဲဘက် ညီကိုများသဖွယ်ဆက်ဆံခဲ့သည်။
![]() |
| ချေဂွေနဲ့ ရဲဘော်များ |
ဤသို့ဖြင့် တစ်စတစ်စသိမ်းပိုက်လာခဲ့ရာ ၁၉၅၉ ဇန်နဝါရီလတွင် ဘတ်တစ္စတာ သည် အမေရိကန်သို့ လေယာဉ်ဖြင့်ထွက်ပြေးခဲ့ရပြီး ဟာဗားနားမြို့တော်ကို ပြည်သူ့တပ်များသိမ်းပိုက်နိုင်ခဲ့သည်။ ရဲဘော် ၁၂ ယောက်ဖြင့် စတင်ခဲ့သည့် ကျူးဘား လက်နက်ကိုင် တော်လှန်ရေးကြီးသည် အဆုံးသတ် အောင်ပွဲကို ခံ၍ အောင်လံကို လွှင့်ထူနိုင်ခဲ့ကြလေသည်။
ဘာကြောင့်ဆရာဝန်အလုပ်ကိုစွန့်ပြီး လက်နက်ကိုင်ခဲ့သလဲဆိုတဲ့အမေးကို
“ကျွန်တော့်ဘဝ သက်တမ်းမှာ လူတယောက်ချင်း ခံစားနေကြရတဲ့ ရောဂါတွေကို ကုသပေးရတာထက် လူမျိုးအလိုက်၊ တိုင်းပြည်အလိုက် ခံစား နေကြရတဲ့ ရောဂါတွေကို ကုသပေးရတာ ပိုပြီး အကျိုးရှိလို့ပါပဲ”လို့ ချေဂွေကပြန်လည်ဖြေကြားခဲ့ပါတယ်။
ထက်မြက်သည့်စီးပွားရေးပါရဂူ
ချေ သည် ကျူးဘာအမျိုးသားဘဏ်၏ ဒါရိုက်တာဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကျူးဘားငွေစက္ကူအသစ်ရိုက်ခြင်း၊ အမေရိကန်အရင်းရှင်များနှင့်အဆက်အသွယ်ဖြတ်ခြင်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကိုဦးစားပေးခြင်းစသည်တို့ကိုပြုလုပိခဲ့သည်။ အရင်အစိုးရနှင့် အမေရိကန်တို့၏ တစ်ဖက်သက်စာချုပ်များကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်ရေနံချက်လုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခဲ့သည်။ စီးပွားရေးကိုအမှီအခိုကင်းအောင်ဆောင်ရွက်ခဲ့ပြီး ဆိုရှယ်လစ်စနစ်ကိုပုံဖော်ပေးခဲ့လေသည်။
| UN မှာမိန့်ခွန်းပြောနေတဲ့ ချေ |
ချေဂွေ၏ " ပြောက်ကြားစစ်ဆင်ရေး" စာအုပ်ကို ၁၉၆၀ ပြည့်နှစ် နွေရာသီတွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ကမ္ဘာ့အနှံ့ကျော်ကြားခဲ့ပြီးအုပ်ရေပေါင်းများစွာ ရောင်းထွက်ခဲ့သည်။
တောင်အမေရိကမှ တစ္ဆေကြီးတစ်ကောင်
ဒီလိုအောင်မြင်ပြီး CIA မျက်စိဒေါက်ထောက်ကြည့်နေစဉ်မှာပဲ ချေဂွေတစ်ယောက် ကျူးဘားကနေပျောက်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ချေဂွေဗားရားတစ်ယောက်သည် တောင်အမေရိက အလယ် ဘိုလီးဗီးယားနိုင်ငံ နန်ချူဟွာစု မြစ်ကမ်းဘေးမှာ တော်လှန်ရေးအခန်းသစ်တစ်ခုဖွင့်လှစ်ရန်ရောက်ရှိနေပြီဖြစ်ပါတယ်။
ထာဝရတော်လှန်ရေးသမား
၁၉၆၄ တွင် ဘိုလီးဗီးယား နိုင်ငံမှာ စစ်ဗိုလ်ချုပ် ရယ်နီဘာရီယန်တော့ခ်က အာဏာသိမ်းခဲ့ပြီး အရင်းရှင်လုပ်ငန်းများပြန်လည်လည်ပတ်စေခဲ့သည်။ ချေဂွေသည် လွန်ခဲ့တဲ့ ၁၀ နှစ်က မက္ကစီကိုမှာ အတိုင်း ဘိုလီးဗီးယား တောင်တန်းများကြားမှာလူငယ်တွေကို စစ်ပညာသင်ကြားပေးနေပြီဖြစ်သည်။ သို့သော် ဒေသတစ်ဝိုက်တွင် ယခင်က ပလိပ်ရောဂါဖြစ်ပွားမှုကြောင့် လူနေနည်းပါးနေရာ ကျူးဘားကလို လူထုထောက်ခံမှုနဲ့ စားနပ်ရိက္ခာလုံလောက်မှု မရိှသလောက်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ရန်သူ၏ လေယာဉ်များ ရဟတ်ယာဉ်များနှင့်တိုက်ခိုက်မှုကြောင့် ၁၉၆၉ အောက်တိုဘာ ၉ ရက်နေ့တွင် ချေဂွေ ကျဆုံးခဲ့ရလေသည်။ အစပိုင်းတွင် ဘိုလီးဗီးယား အစိုးရထုတ်ပြန်မှုကို မယုံကြည်ခဲ့ကြသော်လည်း ချေဂွေ အလောင်းကိုတွေ့ရချိန်တွင် ပြည်သူအများစု ဝမ်းနည်းပူဆွေးခဲ့ကြရသည်။ စစ်ဆေးချက်များအရ ဘိုလီးဗီးယား စစ်တပ်အနေနှင့် ချေဂွေကို အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခဲ့ကြောင်းသိရလေသည်။
တောင်အမေရိကမှ တစ္ဆေကြီးတစ်ကောင်
ဒီလိုအောင်မြင်ပြီး CIA မျက်စိဒေါက်ထောက်ကြည့်နေစဉ်မှာပဲ ချေဂွေတစ်ယောက် ကျူးဘားကနေပျောက်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ချေဂွေဗားရားတစ်ယောက်သည် တောင်အမေရိက အလယ် ဘိုလီးဗီးယားနိုင်ငံ နန်ချူဟွာစု မြစ်ကမ်းဘေးမှာ တော်လှန်ရေးအခန်းသစ်တစ်ခုဖွင့်လှစ်ရန်ရောက်ရှိနေပြီဖြစ်ပါတယ်။
ထာဝရတော်လှန်ရေးသမား
၁၉၆၄ တွင် ဘိုလီးဗီးယား နိုင်ငံမှာ စစ်ဗိုလ်ချုပ် ရယ်နီဘာရီယန်တော့ခ်က အာဏာသိမ်းခဲ့ပြီး အရင်းရှင်လုပ်ငန်းများပြန်လည်လည်ပတ်စေခဲ့သည်။ ချေဂွေသည် လွန်ခဲ့တဲ့ ၁၀ နှစ်က မက္ကစီကိုမှာ အတိုင်း ဘိုလီးဗီးယား တောင်တန်းများကြားမှာလူငယ်တွေကို စစ်ပညာသင်ကြားပေးနေပြီဖြစ်သည်။ သို့သော် ဒေသတစ်ဝိုက်တွင် ယခင်က ပလိပ်ရောဂါဖြစ်ပွားမှုကြောင့် လူနေနည်းပါးနေရာ ကျူးဘားကလို လူထုထောက်ခံမှုနဲ့ စားနပ်ရိက္ခာလုံလောက်မှု မရိှသလောက်ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ရန်သူ၏ လေယာဉ်များ ရဟတ်ယာဉ်များနှင့်တိုက်ခိုက်မှုကြောင့် ၁၉၆၉ အောက်တိုဘာ ၉ ရက်နေ့တွင် ချေဂွေ ကျဆုံးခဲ့ရလေသည်။ အစပိုင်းတွင် ဘိုလီးဗီးယား အစိုးရထုတ်ပြန်မှုကို မယုံကြည်ခဲ့ကြသော်လည်း ချေဂွေ အလောင်းကိုတွေ့ရချိန်တွင် ပြည်သူအများစု ဝမ်းနည်းပူဆွေးခဲ့ကြရသည်။ စစ်ဆေးချက်များအရ ဘိုလီးဗီးယား စစ်တပ်အနေနှင့် ချေဂွေကို အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခဲ့ကြောင်းသိရလေသည်။
ဘိုလီးဗီးယား အစိုးရအနေနဲ့ ချေရဲ့ ဒိုင်ယာရီကို ရောင်းစားဖို့ကြံစည်ခဲ့ပေမယ့် ကတ်စရိုက လက်ဦးခဲ့ပြီး တစ်နိုင်ငံလုံးကိုအခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။
reference: ချေဂွေဗားယား-လင်းယုန်မောင်မောင်
reference: ချေဂွေဗားယား-လင်းယုန်မောင်မောင်




ဗဟုသုတလည်းရ လှူလည်းလှူရ very nice 😊
ReplyDeletegood.
ReplyDeleteThanks for your effort!
ReplyDeleteစာတွေဖတ်ရင်းလှူရလို့ ကျေးဇူးပါ
ReplyDeleteGood
ReplyDeleteကြားဖူးပေမဲ့ အခုတော့ သေချာသိရလို့ ကျေးဇူး ပါ♥
ReplyDeleteOk
ReplyDeleteသေခြာလေးသိရလို့ ကျေးဇူးပါ
ReplyDeleteI like that
ReplyDeleteDone 💪
ReplyDeleteWe Must Win ✊
DeleteThank you for sharing💗
ReplyDeleteZawgyiနဲ့လဲတင်လို့အဆင်ပြေရင်တင်ပေးပါလားရှင့်
ReplyDeleteငယ်တုန်းကချောသား🐬
ReplyDeletewelcome back bro
ReplyDeleteတော်လှန်ရေးဟာ လူတိုင်းနဲ့ဆိုင်တာဘဲ
ReplyDeletethanks pr bya
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteကျေးဇူးပါဗျ
ReplyDelete❤️
ReplyDelete🤎J
ReplyDeleteDone
ReplyDelete