AVA 1740s အခန်း(၁)
(unicode/zawgyi)
AVA 1740s
အခန်း(၁)
.............................................
“အတွင်းဝန်မင်း ကျော်ထင်နန္ဒမိတ်ရဲ့ အမိန့်တော်အရ....မနေ့ညက နမော်စျေးမှာ လူသတ်ခဲ့တဲ့ တရားခံကိုဖမ်းဖို့ ကျုပ်တို့ ရောက်လာတာပါ...”
မိန်ညိုအနက်ရောင်ကို ချပ်ရပ်စွာဝတ်ဆင်ထားသည့် သွေးသောက်ကြီး၏ အသံက ဘုရင်ဂျီဘုရားရှိခိုးကျောင်းထဲ ဟိန်းထွက်သွားတော့သည်။
အင်းဝမြို့၊ ပေါ်တူဂီရပ်ကွက်အတွင်းရှိ တစ်ခုတည်းသော ဘုရင်ဂျီဘုရားရှိခိုးကျောင်းလေး၏ တနင်္ဂနွေ ဝတ်ပြုမှုကား စတင်ခါစပင်ရှိသေး၏။
“အခုလို ဝတ်ပြုနေတုန်း ဝင်လာမိတဲ့အတွက်တောင်းပန်ပါတယ်...ခင်ကြီးမင်းဒန်..တရားခံက ဒီထဲမှာ ရှိနေလို့ပါ”
သွေးသောက်ကြီးက တရားဟောစင်မြင့်ထက်မှ ဖာသာ ထံ ဦးညွှတ်ရင်း ပြောလိုက်သည်။
ဖာသာ ဆီဘက်ရှန်မင်းဒက်ဇ် က လက်ထဲမှ သမ္မာကျမ်းစာအုပ်ကို ပိတ်လိုက်ပြီး သူ့ရှေ့ခုံတန်းများတွင် ထိုင်နေသော ပေါ်တူဂီမိသားစုများထံအကဲခတ်လိုက်ကြသည်။
မြို့ဝန်တပ်အဆင့်ပင် မဟုတ်ပဲ အတွင်းဝန်ကျော်ထင်နန္ဒမိတ်၏ တပ်များ လာဝိုင်းခြင်းဖြစ်သဖြင့် အားလုံးက မျက်နှာကလေးများ ငယ်ကုန်ကြသည်။
မျိုးဆက်သုံးဆက်စာ လွှမ်းမိုးခံခဲ့ရသော အကြောက်တရား၏ အရိပ်များက သူတို့မျက်နှာကိုယ်စီတွင် ထင်ဟပ်ကုန်ကြသည်။
သူတို့အားလုံးကို ဒီအင်းဝနိုင်ငံတွင် မွေးဖွားခဲ့ကြသော်လည်း သူတို့ဘိုးဘေးများသည် စစ်သုံ့ပန်းများဖြစ်ခဲ့ကြသည်။
အကြောက်တရားသည် ဘုရားရှိခိုးကျောင်းလေးကို ပိုမိုတိတ်ဆိတ်သွားစေသည်။
“ဖာသာမင်းဒက်ဇ်.. ဘုရားဆက်ရှိခိုးပါ...ကျွန်မ ထွက်အဖမ်းခံလိုက်ပါမယ်”
အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသံ က ဘုရားကျောင်းခုံတန်းတစ်နေရာမှ ပေါ်ထွက်လာသည်။
မတ်တပ်ထရပ်လိုက်သော ထိုအမျိုးသမီးထံ အားလုံးက အကြည့်ရောက်သွားကြသည်။
အမျိုးသမီးက သွေးသောက်ကြီးရှေ့သို့ လျှောက်လာသည်။
“လွီဇာဒီမဲလိုး ပါ ...လော်တာရွှင် ကို သတ်လိုက်တာ ကျွန်မပါပဲ”
သွေးသောက်ကြီးက လွီဇာဒီမဲလိုးကို တစ်ချက်ကြည့်လိုက်သည်။
အင်းဝခေတ် အရပ်သူတို့၏ တန်ဖိုးကြီးဖက်ရှင်တစ်ခုဖြစ်သည့် ကတ္တီပါသင်တိုင်းပေါ်တွင် အနီရောင်ဖဲဇာကွပ်ပုဝါကို ခြုံထားသည့် ပေါ်တူဂီမ။
စိမ်းပြာရောင်မျက်လုံး ၊ ဆံပင်နက်နက်၊ ဖြူလွလွတွင် ကြေးဝါရောင်သမ်းနေသော အသားအရည် နှင့် သူမ၏ ခပ်ပြည့်ပြည့်ကိုယ်လုံးပေါ်မှ အင်းဝဝတ်စုံများ တွဲစပ်မှုမှာ တမျိုးကြည့်ကောင်းနေ၏။
“ဟဲ့အကောင်တွေ..ငေးမနေနဲ့..နှောင်ကြိုးတည်းစမ်း”
ရဲမက်များက လွီဇာ ၏ လက်နှစ်ဖက်ကို ကြိုးဖြင့် ချည်နှောင်လိုက်ကြသည်။
သွေးသောက်ကြီးက ဘုရားရှိခိုးကျောင်းရှေ့ဘက်တွင် ရပ်ထားသော မြင်းပေါ်သို့ ခုန်တက်လိုက်သည်။
လွီဇာကို ချီထားသော ကြိုးအစကို လက်က ကိုင်ထား၏။
သွေးသောက်ကြီး၏ မြင်းက ခပ်မှန်မှန်လျှောက်သွားသည်။
နောက်ဖက်မှ နှောင်ကြိုးတန်းလန်းဖြင့် အမျိုးသမီးက အိမ်ဓားဖွေးဖွေးကိုင်ထားသည့် ရဲမက္များကြားတွင် ကျောက်ရုပ်ကဲ့သို့ အေးစက်သော မျက်နှာဖြင့်။
.............................................................................
၁၇၃၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် လေးကျွန်းမာန်အောင်ဘုရားဒါယကာ ခေါ် တနင်္ဂနွေမင်း သည် လေနာရောဂါဖြင့် နတ်ရွာစံသည်။
အင်းဝနန်းတော် မြနန်းဘုံစံတွင် အသက် (၁၈)နှစ်အရွယ် သားတော် ငစဥ့်ကူးမြို့စားမင်းသား မောင်ဖြူ ကထီးနန်းကို ဆက်ခံသည်။
မဟာဓမ္မရာဇာဓိပတိ ဟူသော ဘွဲ့ကို ခံယူသည်။
ရှင်ဘုရင်သည် အသက်ငယ်လွန်းလှသည်။
ကွယ်လွန်သူ တနင်္ဂနွေမင်း၏ ညီတော် ဗဒုံမြို့စား က အာဏာကို လုယူမည်ဟူသော သတင်းများကလည်း ထွက်ပေါ်နေ၏။
ရှင်ဘုရင်အသစ်သည် သူ့ကို အဆိပ်ခတ်လုပ်ကြံမည်စိုးသဖြင့် နန်းတော်မှ ပွဲတော်ကို မသုံးဆောင်ပဲ အိမ်ရှေ့မင်းသားဘဝ စံအိမ်မှ ပွဲတော်များကိုသာ စားသုံးခဲ့သည်။
တပ်အင်အားများစွာကိုလည်း နန်းမြို့တွင်းနှင့် နန်းမြို့ဝင်ပေါက်များတွင် အင်အားများပြားစွာချထား၏။
မင်းပြောင်းမင်းလွဲကာလဖြစ်သည့်အတွက် အင်းဝရွှေမြို့တော်ကား လှုပ်လှုပ်ရှားရှားဖြစ်နေချေသည်။
မဟာဓမ္ဓရာဇာဓိပတိ တရားဝင် နန်းတက်ပွဲမလုပ်မီ ထိုကာလများတွင် နန်းမြို့အပြင်ဘက်ရှိ အင်းဝမြို့ကြီးကား အစောင့်အထိန်းရဲမက္တို့သည် နန်းတွင်းကိုသာ ဂရုစိုက်နေကြသဖြင့် ယခင်ထက် ပိုလွတ်လပ်သော မြို့ကြီးဖြစ်လာပေသည်။
အင်းဝကမ်းနားတစ်လျှောက်ကား နိုင်ငံတကာမှ ကုန်သည်ပွဲစားများ၊ ပြည်တွင်းကုန်သည်ပွဲစားများဖြင့် ရှုပ်ထွေးလှသော နေရာတစ်နေရာဖြစ်လာသည်။
ဒတ်ချ် ၊ပေါ်တူဂီ၊ ပြင်သစ် ကုန်တင်သင်္ဘောတို့သည် အင်ဒိုချိုင်းနားမှ ပိတ်အုပ်များ၊ အာရေဗျကောဇောများ၊ အနောက်နိုင်ငံထုတ် ဘရန်ဒီများ၊ ဘီယာများကို အင်းဝဆိပ်ကမ်းတွင် လာရောက် ရောင်းချကြသည်။
အင်းဝနိုင်ငံမှ ချိတ်နက်၊ ပျားရည်၊ မုတ္တမမြေအိုး၊ ဆင်စွယ်၊ သမင်းသားရေများ တရားဝင်ပြန်လည် ဝယ်ယူကြသည်။
ရွှေ ၊ ပတ္တမြား နှင့် ဆင် အရောင်းအဝယ်စျေးကွက်ကိုမူ နန်းတော်မှ တိုက်ရိုက်ချုပ်ကိုင်ထားသည်။
အမှန်တကယ်တမ်းတွင် ထိုအရာများသည် ဟန်ပြရောင်းဝယ်ရေးများသာ။
တကယ်တမ်း အင်းဝဆိပ်ကမ်းတွင် အရောင်းအဝယ်ဖြစ်သည်ကား ဂင်ဇာနှင့် ယမ်းစိမ်း ပင်ဖြစ်သည်။
ဒတ်ချ်တို့သည် အင်းဝနိုင်ငံမှထွက်သော ယမ်းစိမ်းကို အသုံးပြုကာ ၄င်းတို့ပိုင် ပူလိကက်ကျွန်းတွင် သေနတ်၊ အမြှောက်ပစ်ယမ်းများပြုလုပ်ပြီး ကမ္ဘာကို ဖြန့်ချီကြသည်။
ဂင်ဇာ ကား ခဲနှင့်ကြေးကို ရောထားသည့် သတ္တုတစ်မျိုးဖြစ်ပြီး ၁၇ ရာစု အင်းဝနိုင်ငံတော်တွင် ရွက်နီ ခေါ် ငွေ ပြီးလျှင် ဂင်ဇာကို ဒုတိယငွေကြေးအဖြစ် အသုံးပြုကြသည်။
ဂင်ဇာကို အရည်ကြိုပြီး အမြောက်လက်နက္များသွန်းလုပ်ရာတွင် အလွန်ကောင်းသည့်အတွက် ကမ္ဘာ့လက်နက်လောကတွင် ဂင်ဇာကြေးက အဝယ်လိုက်လာသည်။
ပင်းတလဲမင်းလက်ထက် ၁၆၅၃ ခုနှစ်မှစပြီး ဂင်ဇာနှင့် ယမ်စိမ်းကို ပြည်ပသို့ ထုတ်ယူခွင့်ပိတ်ပင်ခဲ့သည်။
ရာစုနှစ်တစ်စုနီးပါးကြာပြီးသည်အထိ အင်းဝဆိပ်ကမ်းတွင် ဂင်ဇာနှင့် ယမ်းစိမ်းမှောင်ခို စျေးကွက်က ကြီးမားစွာဖြစ်တည်လာခဲ့သည်။
ထိုမှောင်ခိုစျေးကွက်ကို မင်းညီမင်းသားများ၊ နန်တွင်းအရာရှိကြီးများက နောက်ကွယ်မှ ကြိုးကိုင်ထားကြသည်။
အထူးသဖြင့် ဂင်ဇာမှောင်ခိုစျေးကွက်တည်ရှိရာ နမော်စျေးသည် အစည်ကားဆုံး။
နမော်စျေးမှောင်ခိုစျေးကွက်ကို အဓိကကြိုးကိုင်ထားသူကား လော်ညီနောင်ဖြစ်သည်။
လော်တာဖုန်း လော်တာရွှင် လော်ညီနောင်ကား မြန်မာပြည်ပေါက် တရုတ်လူမျိုးများဖြစ်ကြသည်။
၁၆၅၈ ပင်းတလဲမင်းလက်ထက်တွင် မန်ချူးတို့အား စစ်ရှုံးလာသည့် တရုတ်ဧက္ကရာဇ်ယုန်လီနှင့် နောက်လိုက်ဗိုလ်ပါ မိသားစု(၂၀၀)တို့မှာ အင်းဝသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။
အင်းဝကလည်း လိုလိုလားလားခွင့်ပြုခဲ့သည်။ယုန်လီကို ပင်းတလဲမင်းက စစ်ကိုင်းတွင် မြေနေရောပေးကာ နေထိုင်စေခဲ့သည်။
သို့သော် ယုန်လီ၏ နောက်ချန်တပ်အချို့မှာ စစ်ကိုင်းသို့ မဝင်ပဲ အင်းဝနှင့် ရှမ်းကုန်းမြေမြင်ဒေကျေးရွာများတွင် လှည့်လည်တိုက်ခိုက်လုယက်ကာ နယ်မြေစိုးမိုးထားကြ၏။
၁၆၆၂ တွင် ပင်းတလဲမင်းကို ဆက်ခံသော ပြည်မင်းလက်ထက်တွင် ယုန်လီ၏နောက်လိုက် ၇၀၀ ကို သစ္စာပေးရန်ဟု ဆိုကာ ထူပါရုံဘုရားဝန်းအတွင်း ဆင့်ခေါ်ပြီး မြန်မာတပ်များက သေနတ်ဖြင့် အားလုံးပစ်သတ်ရန် အမိန့်ပေးခဲ့သည်။
ယုန်လီဧက္ကရာဇ်နှင့် မိသားစုကိုလည်း မန်ချူးဘုရင်၏ စစ်သူကြီး ဝူစန်ကွေ့ထံ လွှဲပြောင်းပေးလိုက်သည်။
ဝူစန်ကွေ့ က ယုန်လီနှင့်မိသားစုကို ဖမ်းဆီးသွားကာ ယူနန်မြို့၊စျေးလယ်တွင် ကြိုးပေးသတ်ပစ်ခဲ့၏။
လော်တာဖုန်း၊ လော်တာရွှင်ညီနောင်တို့၏ အဘိုးသည် ယုန်လီဧက္ကရာဇ်၏ ကိုယ်ရံတော်တပ်သားတစ်ဦးဖြစ်သည်။
ထူပါရုံဘုရားဝန်းအတွင်း ပြည်ပြေးတရုတ်များအားလုံးကို သတ်ပစ်ရန် ဘုရင်က အမိန့်ပေးခဲ့သော်လည်း အမှန်တကယ်တမ်းတွင်မူ (၄၄)ယောက်ကိုသာသတ်ပစ်ခဲ့ပြီး ကျန်သူများမှာ လွတ်မြောက်သွားခဲ့သည်။
ထို့နောက် လော်တာဖုန်းနှင့် လော်တာရွှင်တို့၏ ဖခင်ဖြစ်လာမည့် လော်တာဟန် သည် မြန်မာဘုရင်ထံ သစ္စာခံပြီး မြို့ဝန်ဦးအောင်ဟိုး ထံတွင် အခွန်စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။
လော်တာဟန်းသည် ရှမ်းပြည်ဘက်မှ လားကုန်သည်များနှင့်ပါလာသည့် တရုတ်အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီးနောက် လော်ညီနောင် ကို မွေးဖွားလာသည်။
အခွန်စာရေးဘဝဖြင့် ကြွယ်ဝလာသော လော်တာဟန်းသည် စနေမင်းနန်းတက်ချိန် ၁၇၁၂ တွင် တရုတ်ကုန်သည်(၂၀)ကျော်တို့ နန်းတော်သို့ အခစားဝင်သည့်အခါ စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ထို့ကြောင့် စနေမင်းက မဟာဘောဂ ခေါ် သူဌေးဘွဲ့အဆောင်အယောင်များပေးခဲ့ဖူးသည်။
အင်းဝဆိပ်ကမ်းမှောင်ခိုလောက၏ မြို့ဝန်အဆက်ဆက်၊ အတွင်းဝန်အဆက်ဆက်တို့အား လာဘ်ငွေရှာပေးရာ ဗဟိုချက်မကြီးဖြစ်လာပြီး လော်တာဟန်းသည်လည်း ဂင်ဇာမှောင်ခိုစျေးကွက်၏ အာဏာပိုင်ဘုရင်ကြီးဖြစ်လာခဲ့သည်။
လော်တာဟန်းကွယ်လွန်ပြီးနောက် လော်ညီနောင်မှာ အင်းဝဂင်ဇာမှောင်ခိုစျေးတွင် ပြိုင်ဘက်ကင်း ခေါင်းဆောင်များဖြစ်လာတော့သည်။
၁၇၃၄ ဧပြီ ၂၉ ရက်နေ့။ ညဥ့် ဗဟိုစည် ၇ ချက်တီးချိန်တွင်တော့ အင်းဝဂင်ဇာမှောင်ခိုစျေးတည်ရှိရာ နမော်စျေးကြီးရှိ ပေါ်တူဂီ အရက်ဆိုင် ထဲတွင် လော်ညီနောင်မှ အငယ်ဖြစ်သူ လော်တာရွှင် အပါအဝင် လူသုံးဦး အသတ်ခံလိုက်ရသည်။
ထိုပြဿနာသည် မြို့ဝန်အဆင့်တင်မက အတွင်းဝန် ကျော်ထင်နန္ဒမိတ်အထိ ရောက်ရှိသွားတော့သည်။
ယခုတော့ လူသတ်တရားခံဆိုသူကို ဖမ်းလာခဲ့ပြီဖြစ်သည်။
နမော်စျေး၏ နာမည်ကျော်လူမိုက်သူဌေးသားနှင့် သူ့တပည့်လူကြမ်းကြီးနှစ်ယောက်ကို သတ်ခဲ့သူမှာ စိမ်းပြာရောင်မျက်လုံးပိုင်ရှင် ၊ အင်းဝသူ ပေါ်တူဂီအမျိုးသမီးငယ်ကလေးတစ်ဦးတဲ့။
...................................................................................
“ဒူးတုပ်..ခေါင်းကို မြေမှာ ကပ်ထားစမ်း..အခွင့်မရှိပဲ မော်မကြည့်နဲ့ ဇက်ပြတ်သွားမယ်”
သွေးသောက်ကြီးက ခပ်ကြမ်းကြမ်းပြောပြီး ဒူးထောက်ခိုင်းလိုက်သည်။
ထို့နောက် ရဲမက်တစ်ယောက်က မြင်းကို မြင်းဇောင်းဆီသို့ ဆွဲခေါ်သွား၏။
နှစ်ဆောင်ပြိုင်အိမ်ကြီးပေါ်မှ တန်ဖိုးကြီး ရွှေချည်ပါဝတ်လုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဖော့လုံးဖြူကို ပေါင်းထားသည့် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး ဆင်းလာ၏။
သူကား အတွင်းဝန် ကျော်ထင်နန္ဒမိတ်ဖြစ်သည်။
သွေးသောက်ကြီးက လွီဇာ၏ဘေးတွင် ဒူးထောက်လျက် လက်အုပ်ချီထားသည်။
“ရာဇဝတ်သားက သင်းတဲ့ လား”
“မှန်ပါ..ဝန်မင်းဘုရား”
“ကိုယ်တော့်ကို မော်ဖူးပြီး ခစားပါစေ”
လွီဇာက ခေါင်းမော့ကြည့်လိုက်သည်။
“ဟဲ့..ငသစ်ငယ်..နင့်ဟာကလည်း ဒီနုနုနယ်နယ်ဗရင်ဂျီမလေးက ဟိုတရုတ်လူကြမ်းကြီးတွေကို သတ်တာတဲ့လား..တန်ကာမှ လုပ်စမ်းပါဟဲ့..မတော်မရာလျှောက်ခေါ်မလာနဲ့”
“မှန်ပါ..မလုပ်ဝံ့ပါဘုရား...လော်တာရွှင် အသတ်ခံရတဲ့ဗျစ်ဆိုင်က ဒီမိန်းမ ဆိုင်ပါဘုရား..သူသတ်လိုက်တာလို့လည်း အနီးအနားက လူတွေက ပြောနေကြပါတယ်..ဘုရား”
“ငသစ်ငယ်ပြောတာ...ဟုတ်လားဟဲ့..လျှောက်တင်စမ်း”
“ကျွန်တော်မျိုးမ သတ်လိုက်တာပါ..ကိုယ်တော်”
အတွင်းဝန် ကျော်ထင်နန္ဒမိတ် က တန်ဖိုးကြီးပေးကာ ဆေးဆိုးထားသော သွားမဲများ ပေါ်အောင် ပြုံးပြလိုက်သည်။
“ဟားဟား တယ်လဲရဲလှပါလား..ငါ့နှယ့်တော့နော်..ဒီမယ် ဗရင်ဂျီမငယ်..မင်းကို မြို့ဝန်လက်အပ်လိုက်ရင်နေမစောင်းခင် ဖင်ဝတံကျင်လျှိုပြီး ကားစင်တင်သတ်ခံရမှာကို သိရဲ့လားဟဲ့”
လွီဇာ၏ မျက်နှာက မတုန်မလှုပ်။
“အင်း..တယ်လည်းခက်ပါလားနော်..ကဲ..ကိုးသိန်းသခင် ဆီက အမိန့်ရောက်ထားတယ်...သူသတ်သမားကို သူ့အိမ်တော်ကိုလွှဲရမယ်တဲ့လေ...ဟေ့..ငတွန်ငယ်..ဒီမယ်..မင်းသခင်တွေ့ချင်နေတဲ့ သူသတ်သမားကြီး..ခေါ်သွားပေရော့ကွယ့်”
အရပ်ငါးပေကိုးလက္မခန့်ရှိ ရင်အုပ်ကျယ်ကျယ် ခန္ဓာကိုယ်အချိုးအစားတောင့်တင်းသလောက် နုနယ်သောမျက်နှာပိုင်ရှင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး က သျှားနှစ်သား အဲမောင်းလှံရှည်ကို ကိုင်လျက် ထွက်လာသည်။
ငတွန် က လွီဇာအနားသို့ ကပ်လာသည်။
“အေး..မင့် လူသတ်သမားကြီးက ကြောက်စရာလန့်စရာကြီးဆိုတော့ သေချာလည်း ခေါ်သွားအုံး လမ်းမှာ လွတ်သွားရင် သူ့ကိုယ်စား မင်းဇတ်ပြုတ်နေမယ်..ငတွန်ငယ်”
“မှန်ပါ..ဝန်မင်းဘုရား”
ကျော်ထင်နန္ဒမိတ်က အပေါ်သို့ ပြန်တက်သွားသည်။
“ကိုရင်သစ်..သူ့ကို ကြိုးဖြည်ပေးလိုက်ပါဗျာ”
“ဟ ငတွန်ရ..ရာဇဝတ်သားကို ဘာလို့ ဖြည်ရမှာလဲ”
“ဖြည်မှာသာ ဖြည်စမ်းပါဗျာ...လက်နက်မဲ့မိန်းမတစ်ယောက်ကို ကြိုးတုပ်ဖမ်းခေါ်သွားရမှာ ကျုပ်ရှက်တယ်ဗျ”
“ဖြည်ပေးချင်လည်း ကိုယ့်ဘာသာသာ ဖြည်သွားတော့ဟေ့...ငါတို့များတော့ မင်းနဲ့တွဲပြီး ရာဇဝတ်မသင့်ပါရစေနဲ့ ငါ့လူ”
ငတွန်က လှံကို ဘေးချပြီး လွီဇာ၏ လက်မှ ကြိုးကို ဖြည်ပေးလိုက်သည်။
“ကဲ...နှမ..ကျုပ်မြင်းနောက်က ခြေကျင် လိုက်ခဲ့..လှည့်ပြေးမယ်တော့မကြံနဲ့..ဟော့ဒီလှံက ခင်ဗျား ခြေလှမ်းထက် အရင် ခင်ဗျား ကျောကို ဖောက်သွားမယ်..ကျုပ်ကို ဘာမှတ်တုန်း”
ငတွန်က မြင်းပေါ် ခုန်တက်လိုက်သည်။
ထို့နောက် အတွင်းဝန်အိမ်ဝန်းအတွင်းမှ မြင်းကို ခပ်ဖြည်းဖြည်းလမ်းလျှောက်စေကာ ထွက်လာခဲ့လိုက်သည်။
အတွင်းဝန်အိမ်နှင့် အနည်းငယ်လှမ်းချိန်တွင် ငတွန်က မြင်းကို ရပ်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။
“ကဲ..နှမ ခင်ဗျား မြင်းပေါ်တက်ပေတော့ဗျာ..ကျုပ် ဇက်ကြိုးဆွဲပြီး လမ်းလျှောက်မယ်”
လွီဇာက ငတွန်ကို နားလည်ရခက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ကြည့်မနေနဲ့ တက်”
“ရှင်က ကျွန်မကို ဖမ်းလာတာနော်”
“ဟုတ်တယ်.ခုနက သူတို့ရှေ့မှာဆိုတော့ ဟိတ်ဟန်တော့ပြရတာကိုး..ဒါပေမယ့်...ယောက်ျားကြီးတန်မဲ့ မြင်းစီးပြီး မိန်းမတစ်ယောက်ကို လမ်းလျှောက်ခိုင်းရတာ ကျုပ်ရှက်တယ်ဗျ..ကဲ..တက်မှာသာ တက်စမ်းဗျာ..ကျုပ်ရှက်လှပြီ”
“အံမယ်လေး.မောင်ငယ်ရယ်...ရှင်ကချည်း ရှက်နေတာပဲ..ကျွန်မရှက်ဖို့လည်းထားပါဦး”
“ယောက်ျားဆိုတာ ယောက်ျားအလုပ်မလုပ်ရင် ရှက်စရာကောင်းတယ်ဗျ”
“နို့နေပါဦး..မောင်ငယ် ရဲ့..ယောက်ျားအလုပ်ဆိုတာ ဘာကိုပြောတာလဲ”
“ယောက်ျားဆိုတာ သတ္တိရှိရမယ်..တိုက်ဝံ့သေဝံ့ရမယ်.. အားနည်းသူမိန်းမသားတွေကိုကာကွယ်ရမယ်..ကတိသစ္စာတည်ရမယ် .. အို.. နောက်အများကြီးရှိသေးတယ်...ကျုပ်အရှည်တွေ မပြောတတ်ဘူး”
“အို..မောင်ငယ်နှယ့်..အဲ့ဒီလို အလုပ်ကို ယောက်ျားတွေမှမဟုတ်ဘူး..မိန်းမတွေလည်း လုပ်နိုင်တာပါပဲ.. လက်နှစ်ဖက် ခြေနှစ်ဖက်ပါတဲ့ လူလူချင်းတွေချည်းပဲ... ဘာလို့များ ယောက်ျားမိန်းမ ခွဲပြောနေရတာလဲ”
ငတွန်က စကားကြောင့် မျက်မှောင်ကြုံ့ပြီး ခဏတွေဝေသွားသည်။
“ကဲ.တက်ဆို တက်ဗျာ..ခင်ဗျား တယ်စကားများ”
ငတွန်က လွီဇာ၏ ခန္ဓာကိုယ်ကို ခါးမှ သိုင်းချီလိုက်ပြီး မြင်းကုန်းနှီးပေါ် ပစ်တင်လိုက်သည်။
သင်တိုင်း နှင့်တွဲဝတ်သည့် ဗလာထမီမို့ မြင်းပေါ်ကို ခွလိုက်သည်နှင့် လွီဇာ၏ ပေါင်တံကလေးက လင်းခနဲ။
ငတွန်က မျက်နှာကို လွှဲလိုက်ရာ နတ်သျှင်နောင်ပုံစံ တစ်စောင်းသျှောင်အခွေက သူ့မျက်နှာပေါ် ဝဲခနဲ ဖြစ်သွား၏။
ငတွန်ပုံစံကို ကြည့်ကာ လွီဇာက ပြုံးလိုက်၏။
ငတွန်က သူဝတ်ထားသည့် ခါသာရင်ကွဲအင်္ကျီချွတ်လိုက်ပြီး လွီဇာထံ ပစ်ပေးလိုက်သည်။
“ရော့..ဒါနဲ့ အုပ်”
အရပ်မြင့်မြင့် ရင်အုပ်ကားကား ကြွက်သားများနှင့် ညို၍စိုသော အသားအရည်ပိုင်ရှင် ငတွန် က မြင်းဇက်ကြိုးကို ဆွဲကာ ရှေ့မှ လမ်းလျှောက်သွားတော့သည်။
နောက်သို့ တစ်စက်မှပင်လှည့်မကြည်။ စကားတစ်လုံးမျှပင် မဟ။
သူ၏ ခါသာရင်ကွဲအင်္ကျီကတော့ ပေါ်တူဂီမလေး၏ ရှည်လျားလျားပေါင်တံလေး၏ လုံခြုံရေးကို အပြည့်အဝနေရာယူလျက်။
ငတွန်က နောက်လှည့်ကြည့်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
ဪ...ပေါင်တံရှည် ဖွေးဖွေးကလေးတွေ..။ ပြိုးခနဲ။ ပြက်ခနဲ။
................................................................................
“မယ်မင်းက သေနတ်စုဗိုလ် ဒီမဲလိုး ရဲ့ သမီး ဆိုတာ ငါကိုယ်တော် ကြားပြီးပါပြီ”
ကိုးသိန်းသခင် ဟု ခေါ်တွင်သည့် သတိုးမင်းခေါင်က ကြေးကွမ်းအစ်အတွင်းမှ ကွမ်းတစ်ယာကို ယာယူပြီး လွီဇာထံ ကမ်းလိုက်သည်။
လွီဇာက သလွန်ပေါ်မှ ကမ်းပေးသော ကွမ်းယာကို ခေါင်းငုံ့လျက် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။
“စနေမင်းတရားကြီးလက်ထက်က ကသည်း ချန်ဒရာမော်နီ တို့ ပုန်စားတဲ့အရေး စစ်ထွက်တော့ ပေါ်တူဂီရဲမက်
တွေက ငါ နဲ့အတူ အိုးစားဖက်သွေးသောက်တွေပဲပေါ့...မယ်မင်းရဲ့ အဖေ သေနတ်စုဗိုလ် ဒီမဲလိုး ဆိုတာ ဗိုလ်မှူးမင်းရဲသီဟကျော်တပ်နဲ့ နဂါးကျစ်နွံ မှာ ငါတို့ပိတ်မိကြတုန်း ကသည်းတွေရဲ့ သေနတ်ကြားကနေ ငါ့ကို ကယ်ထုတ်ပေးခဲ့တဲ့ ကျေးဇူးက ရှိတယ်ကွဲ့...အင်း ဒီမဲလိုးကြီး တောင် ဆုံးသွားတာကြာပြီကိုး”
လွီဇာက ကိုးသိန်းသခင် ပေးသည့် ကွမ်းကို လက်ကိုင်ထားပြီး ခေါင်းကိုငုံ့လျက် ပါရှန်ကောဇောအမွှေးပွကြီးကိုသာ စိုက်ကြည့်နေသည်။
“ဒီမဲလိုးနဲ့ ဗရင်ဂျီသေနတ်စုဟာ ငါတို့ နိုင်ငံတော်အပေါ်လည်း ကျေးဇူးရှိသလို..ငါကိုယ်တော်အပေါ်လည်း အသက်ကယ်အကြွေးရှိနေတာဟာ မယ်မင်း အသက်ချမ်းသာဖို့ ဖြစ်လာတယ်ပဲ မှတ်ပါ...မိန်းမသားတစ်ယောက်တည်း နမော်စျေးမှာ ဗျစ်ရည်ရောင်းရတယ်ဆိုတာ တယ်လည်း အန္တရာယ်များတာကိုးကွဲ့...အဲ့ဒီနေ့က ဖြစ်စဉ်အသေးစိတ် ပြန်လျှောက်ချေစမ်း”
“မှန်ပါ....ကျွန်တော်မ က ဗျစ်ဆိုင်ဖွင့်ထားသလို ဂင်ဇာ မှောင်ခိုအရောင်းအဝယ်လည်း နည်းနည်းပါးပါးလုပ်ပါတယ်..ဘုရား...ကျွန်တော်မ က ပေါ်တူဂီစကားရော ပြင်သစ်စကားပါတတ်တော့ ပေါ်တူဂီဂင်ဇာကုန်သည်တွေဟာ ကျွန်တော်မ ဆီမှာ အဓိကအရောင်းအဝယ်လုပ်ကြပါတယ်ဘုရား...
နမော်စျေးမှာ ဂင်ဇာအရောင်းအဝယ်လုပ်ချင်ရင် လော်ညီနောင်ဆီက စဖွင့်တဲ့စျေးကိုကျော်ဖွင့်လို့..လျော့ဖွင့်လို့မရဘူး..ဘုရား...ကျွန်တော်မကတော့ သင့်တော်သလိုပဲ ရောင်းဝယ်ပါတယ်.. ဒါကို လော်တာရွှင်က မကျေနပ်ဘူးဘုရား...အဲ့ဒီနေ့ကတော့ပေါ်တူဂီကုန်သည်တွေနဲ့အတူ ဒတ်ချ်ကုန်သည်တွေပါ ကျွန်တော်မ ဆိုင်မှာ လာသောက်ရင်း ဂင်ဇာအရောင်းအဝယ်ဖြစ်ကြတယ်ဘုရား..
ဒီသတင်းကို ကြားတဲ့ လော်တာရွှင် နဲ့ သူ့လူတွေဟာ ဒတ်ချ်တွေနဲ့ အရောင်းအဝယ်မလုပ်ဖို့ ကျွန်တော်မကို လာသတိပေးရင်းက ရိုက်နှက်ကြတယ်ဘုရား..ကျွန်တော်မလည်း မခံနိုင်တာနဲ့ ထမ်းပိုးနဲ့ရိုက် ဓါးလွတ်နဲ့ ပိုင်းပစ်လိုက်တာဘုရား”
ကိုးသိန်းသခင် က မျက်မှောင်ကြုံ့လိုက်သည်။
“ဟဲ့...ဂင်ဇာဆိုတာ ရွှေနန်းတော်က ပိတ်ပင်ထားတဲ့ကုန်ပစ္စည်းဆိုတာ ညည်းမသိဘူးလား..သေဒဏ်ထိုက်တဲ့ကုန်ကွဲ့”
လွီဇာက လက်အုပ်ချီလက်က ကိုးသိန်းသခင်၏ မျက်နှာကို စေ့စေ့ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ဂင်ဇာ ရောင်းလို့ သေဒဏ်ကျမယ်ဆို တာရဲတန်းတစ်တန်းလုံး၊ နမော်စျေးတစ်ခုလုံး နဲ့ ရှမ်းတန်းက လူတွေ သေရတော့မှာပေါ့ဘုရား..လော်တာရွှင်တို့သာမက သူတို့လာဘ်ပေးထားတဲ့ ရွှေနန်းတော်တွင်းက..”
“ဟိတ်..တော်တော့..တိတ်စမ်းကွဲ့..တယ်...ဒီသဘောက္မငယ်တော့..အတင်အလျှောက် ရဲလှချည်.”
ကိုးသိန်းသခင်၏ အသံက ရုတ်တရက်မာကြောသွားသည်။
အဲမောင်းလှံရှည် ကို ကိုင်လျက်ရပ်နေသော ငတွန်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
ကိုးသိန်းသခင်က လွီဇာကို သေချာစိုက်ကြည့်နေသည်။ လွီဇာကလည်း မျက်လွှာမချပဲ ပြန်စိုက်ကြည့်နေ၏။
“အိမ်း.သနားလို့ ကယ်ဆယ်ထားတာကို ဓါးတောင်းတဲ့ ဗရင်ဂျီမငယ်ပဲ..သတ္တိကိုတော့ ကြိုက်ပကွဲ့”
ကိုးသိန်းသခင်က မတ်တပ်ထရပ်လိုက်သည်။
“ငတွန်ငယ် အောက်မှာ ဆင်းစောင့်..ကိုယ်တော်တို့ စကားပြောစရာရှိတယ်”
ငတွန်က လက်အုပ်ချီလျက် အိမ်ပေါ်မှ ဆင်းသွား၏။
“လွီဇာ....မင်းတို့ ဖြစ်တဲ့ကိစ္စမှာ လော်တာရွှင်တို့ကို သတ်တာ မင်းမဟုတ်ဘူး....လူသုံးယောက်ပါတယ်..အဲ့ဒါ ကို ငါသိထားတယ်...သူတို့ ဘယ်သူတွေဆိုတာ မင်းသိတယ်မဟုတ်လား”
လွီဇာ ထံမှ ဘာစကားမှ ထွက်မလာ။
“မင်းကို ငါရှင်းရှင်းပဲပြောမယ်..လော်ညီနောင်ဆိုတာ နန်းရင်းဝန်ကြီးဦးပု လူတွေပဲ... အခုချိန်မှာ ဦးပုရဲ့ သြဇာအာဏာကို ဖက်ပြိုင်တဲ့သူမဆိုထားနဲ့ သူ့အစွယ်အပွားကျေးကျွန်ကို ထိရင်တောင် မြို့ဝန်က သေဒဏ်တန်းပေးလိုက်မှာ မင်းနားလည်ကဲ့လား”
လွီဇာက မတုံမလှုပ်။
“ငါသိချင်တာက ရှင်းပါတယ်။ အခုချိန်မှာ ဦးပု သြဇာကြီးတယ်ဆိုပေမယ့် စစ်မက်အရေးမှာဖြင့် ရှင်ဘုရင်အသစ် ရဲ့ အယုံကြည်ဆုံးသူဟာ ငါကိုယ်တော်ပဲ..... ရှင်ဘုရင်လေးကို ကာကွယ်ဖို့ ယုံကြည်ရတဲ့လူတွေကို စုဖို့ ငါ့ကို တာဝန်ပေးတာ ခံထားရတယ်...ငါ့ဆီမှာ လက်ရည်ပြည့်တဲ့ လူငယ်တွေ လိုအပ်နေတယ်..လော်တာရွှင်တို့လို့ တရုတ်ကွန်ဖူးသိုင်းကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့ လူကြမ်းကြီးတွေကို အသေသတ်ပြခဲ့တဲ့ အဲ့ဒီ လူငယ်တွေကို ငါသိချင်တယ်....သူတို့ နာမည်နဲ့ နေရပ်ကို မင်းဘက်က ပြောပြရုံပါပဲ...သူတို့ကို ငါ့အစုထဲ ခေါ်မြှောက်စားဝန်ထမ်းစေဖို့ပါကွဲ့”
“ကျွန်မပဲ သတ်လိုက်တာပါ...ဘယ်သူမှ မပါပါဘူး”
“မလိမ်နဲ့ ...လွီဇာမငယ်...ငါတို့က စစ်တိုက်လာတဲ့သူတွေ...ညည်းဘယ်လောက်ပဲ တိုက်ရေးကောင်းကောင်း ဒီလို အတွေ့အကြုံရှိပြီးသား လူကြီးသုံးယောက်ကို သေအောင်သတ်ဖို့ဆိုတာ မလွယ်လှဘူး.. အဲ့ဒီနေ့က အနီးတဝိုက်မှာ ငါ့အထောက်တော်တွေရှိပြီးသား...မင်းကိစ္စကို သူတို့ ဝင်ရှင်းပေးလို့ မင်းက သူတို့ကို မပါစေပဲ ခေါင်းခံပေးတဲ့ မင်းစိတ်ဓာတ်ကိုတော့ ငါကိုယ်တော်ကြိုက်ပါတယ်.... ဒါကြောင့်လည်း..ကျော်ထင်နန္ဒမိတ် ဆီကနေ မင်းကို သွားခေါ်လာခိုင်းတာပေါ့... မင်း လော်တာရွှင်ကို သတ်တဲ့ကိစ္စကို အေးအေးဆေးဆေးဖြစ်အောင် ငါရှင်းပေးလိုက်လို့ရတယ်..ပြီးရင်...ငါ့ဘုန်းရိပ်အောက်ကနေ နမော်စျေးမှာ မင်း အလုပ်တွေ အများကြီး ဆက်လုပ်လို့ရမယ်...မင်းဘက်က အဲ့ဒီ လုလင်တွေဟာ ဘယ်သူလဲသာ ပြော...သူတို့ကိုလည်း မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်...မင်းယောက်ျားတို့ရဲ့ကတိတစ်လုံးကွဲ့”
လွီဇာက မျက်လုံးကို စုံမှိတ်လျက် စဥ်းစားနေသည်။
“ကိုယ်တော်တို့ ဗမာယောက်ျားတွေက ကတိတစ်လုံးကို တန်ဖိုးထားကြတယ်တဲ့လား...ကျွန်တော်မ ဆိုင်မှာတော့ အကြွေးမဆပ်တဲ့ ဘုရားဆုပန်ရှင်ဘုရင်လောင်းမင်းယောက်ျားတွေ ချည်းပဲ”
လွီဇာစကားကြောင့် ကိုးသိန်းသခင်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပုံဖြင့်မျက်နှာတည်လိုက်သည်။
ထို့နောက် ကွမ်းထွေးခွက်ထဲ ကွမ်းထွေးလိုက်ပြီး...
“ဟဲ့...ငါက ညည်းဆိုင်လာပြီး ဗျစ်သောက်နေတဲ့ အတန်းအစားထဲကမို့လားကွဲ့...ဗရင်ဂျီမက မယ်မင်းအဖေ ဒီမဲလိုကြီး လိုပဲ...စကားအလျှောက်အတင်ကဖြင့် တယ်လည်း ဓါးတောင်းနေပလား”
ကိုးသိန်းသခင် အသံက ဒေါသသံပါနေ၏။ အခန်းက တိတ်ဆိတ်သွားသည်။
ငတွန်က အိမ်အောက္မှ နားစွင့်ရင်း အခြေအနေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေ၏။
လွီဇာ က လက်အုပ်ချီကာ ခေါင်းထောင်လာသည်။
“မှန်ပါ...ကျွန်တော်မ စျေးထဲ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ဖို့ ကိုယ်တော့်ဘုန်းရိပ်ကို ခိုလှုံခွင့်ပေးမယ်ဆို ကျေနပ်ပါတယ်ဘုရား...ဟိုကောင်လေးတွေအတွက်လည်းဘေးကင်းပါစေဘုရား”
“အိမ်း..ပြောပြီးပြီလကွယ်”
“ကျွန်တော်မ ပြောပြပါ့မယ်....ကျွန်တော်မကို ကယ်ပြီး လော်တာရွှင်တို့ လူစုကို သတ်လိုက်တာ နှစ်ယောက်ရှိပါတယ်”
“ဘယ်သူတွေလဲ”
“လုလင်အရွယ်တွေပါ..တစ်ယောက်က ချစ်ညို တဲ့....ခင်ဦးသားလို့သိရပါတယ်ဘုရား .ကျွန်တော်မ ဗျစ်ဆိုင်ရဲ့ ဖောက်သည်ပါ”
“အိမ်း..ငချစ်ညို....အင်း...မြင်းစီးငလုံးရဲ့ သားသုံးယောက်ထဲက အကြီးပဲ..ငါသူ့ကိုသိတယ်... နောက်တစ်ယောက်ကရော”
“ဆိုင်ကို ဒီနှစ်ပိုင်းမှ အမြဲဝင်လာလေ့ရှိတဲ့ ရှင်လူထွက်စ ကာလသားတစ်ယောက်ပါ”
“သူ့နာမည်သိလား”
“အောင်ဇေယျတဲ့..မုဆိုးဖိုက သူကြီးသားလို့ ဆိုတာပဲ”
“အောင်ဇေယျ...တဲ့လား..အိမ်း..တောသားတွေများ နာမည်တော့ အခေါင်အဖျားပေးတတ်ကြသကိုး”
ခက်ဇော်
အခန်း(၂) ဖတ်ရန်- https://bit.ly/3A0O6M3
(zawgyi)
AVA 1740s
အခန္း(၁)
.............................................
“အတြင္းဝန္မင္း ေက်ာ္ထင္နႏၵမိတ္ရဲ့ အမိန႔္ေတာ္အရ....မေန႔ညက နေမာ္ေစ်းမွာ လူသတ္ခဲ့တဲ့ တရားခံကိုဖမ္းဖို႔ က်ဳပ္တို႔ ေရာက္လာတာပါ...”
မိန္ညိဳအနက္ေရာင္ကို ခ်ပ္ရပ္စြာဝတ္ဆင္ထားသည့္ ေသြးေသာက္ႀကီး၏ အသံက ဘုရင္ဂ်ီဘုရားရွိခိုးေက်ာင္းထဲ ဟိန္းထြက္သြားေတာ့သည္။
အင္းဝၿမိဳ႕၊ ေပၚတူဂီရပ္ကြက္အတြင္းရွိ တစ္ခုတည္းေသာ ဘုရင္ဂ်ီဘုရားရွိခိုးေက်ာင္းေလး၏ တနဂၤေႏြ ဝတ္ျပဳမႈကား စတင္ခါစပင္ရွိေသး၏။
“အခုလို ဝတ္ျပဳေနတုန္း ဝင္လာမိတဲ့အတြက္ေတာင္းပန္ပါတယ္...ခင္ႀကီးမင္းဒန္..တရားခံက ဒီထဲမွာ ရွိေနလို႔ပါ”
ေသြးေသာက္ႀကီးက တရားေဟာစင္ျမင့္ထကၼွ ဖာသာ ထံ ဦးညႊတ္ရင္း ေျပာလိုက္သည္။
ဖာသာ ဆီဘက္ရွန္မင္းဒက္ဇ္ က လက္ထဲမွ သမၼာက်မ္းစာအုပ္ကို ပိတ္လိုက္ၿပီး သူ႔ေရွ႕ခုံတန္းမ်ားတြင္ ထိုင္ေနေသာ ေပၚတူဂီမိသားစုမ်ားထံအကဲခတ္လိုက္ၾကသည္။
ၿမိဳ႕ဝန္တပ္အဆင့္ပင္ မဟုတ္ပဲ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္၏ တပ္မ်ား လာဝိုင္းျခင္းျဖစ္သျဖင့္ အားလုံးက မ်က္ႏွာကေလးမ်ား ငယ္ကုန္ၾကသည္။
မ်ိဳးဆက္သုံးဆက္စာ လႊမ္းမိုးခံခဲ့ရေသာ အေၾကာက္တရား၏ အရိပ္မ်ားက သူတို႔မ်က္ႏွာကိုယ္စီတြင္ ထင္ဟပ္ကုန္ၾကသည္။
သူတို႔အားလုံးကို ဒီအင္းဝနိုင္ငံတြင္ ေမြးဖြားခဲ့ၾကေသာ္လည္း သူတို႔ဘိုးေဘးမ်ားသည္ စစ္သုံ႔ပန္းမ်ားျဖစ္ခဲ့ၾကသည္။
အေၾကာက္တရားသည္ ဘုရားရွိခိုးေက်ာင္းေလးကို ပိုမိုတိတ္ဆိတ္သြားေစသည္။
“ဖာသာမင္းဒက္ဇ္.. ဘုရားဆက္ရွိခိုးပါ...ကၽြန္မ ထြက္အဖမ္းခံလိုက္ပါမယ္”
အသက္ (၂၃)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး၏ အသံ က ဘုရားေက်ာင္းခုံတန္းတစ္ေနရာမွ ေပၚထြက္လာသည္။
မတ္တပ္ထရပ္လိုက္ေသာ ထိုအမ်ိဳးသမီးထံ အားလုံးက အၾကည့္ေရာက္သြားၾကသည္။
အမ်ိဳးသမီးက ေသြးေသာက္ႀကီးေရွ႕သို႔ ေလၽွာက္လာသည္။
“လြီဇာဒီမဲလိုး ပါ ...ေလာ္တာရႊင္ ကို သတ္လိုက္တာ ကၽြန္မပါပဲ”
ေသြးေသာက္ႀကီးက လြီဇာဒီမဲလိုးကို တစ္ခ်က္ၾကည့္လိုက္သည္။
အင္းဝေခတ္ အရပ္သူတို႔၏ တန္ဖိုးႀကီးဖက္ရွင္တစ္ခုျဖစ္သည့္ ကတၱီပါသင္တိုင္းေပၚတြင္ အနီေရာင္ဖဲဇာကြပ္ပုဝါကို ျခဳံထားသည့္ ေပၚတူဂီမ။
စိမ္းျပာေရာင္မ်က္လုံး ၊ ဆံပင္နက္နက္၊ ျဖဴလြလြတြင္ ေၾကးဝါေရာင္သမ္းေနေသာ အသားအရည္ ႏွင့္ သူမ၏ ခပ္ျပည့္ျပည့္ကိုယ္လုံးေပၚမွ အင္းဝဝတ္စုံမ်ား တြဲစပ္မႈမွာ တမ်ိဳးၾကည့္ေကာင္းေန၏။
“ဟဲ့အေကာင္ေတြ..ေငးမေနနဲ႔..ေႏွာင္ႀကိဳးတည္းစမ္း”
ရဲမက္မ်ားက လြီဇာ ၏ လက္ႏွစ္ဖက္ကို ႀကိဳးျဖင့္ ခ်ည္ေႏွာင္လိုက္ၾကသည္။
ေသြးေသာက္ႀကီးက ဘုရားရွိခိုးေက်ာင္းေရွ႕ဘက္တြင္ ရပ္ထားေသာ ျမင္းေပၚသို႔ ခုန္တက္လိုက္သည္။
လြီဇာကို ခ်ီထားေသာ ႀကိဳးအစကို လက္က ကိုင္ထား၏။
ေသြးေသာက္ႀကီး၏ ျမင္းက ခပ္မွန္မွန္ေလၽွာက္သြားသည္။
ေနာက္ဖက္မွ ေႏွာင္ႀကိဳးတန္းလန္းျဖင့္ အမ်ိဳးသမီးက အိမ္ဓားေဖြးေဖြးကိုင္ထားသည့္ ရဲမကၼ်ားၾကားတြင္ ေက်ာက္႐ုပ္ကဲ့သို႔ ေအးစက္ေသာ မ်က္ႏွာျဖင့္။
.............................................................................
၁၇၃၃ ခုႏွစ္ နိုဝင္ဘာလ ၃ ရက္ေန႔တြင္ ေလးကၽြန္းမာန္ေအာင္ဘုရားဒါယကာ ေခၚ တနဂၤေႏြမင္း သည္ ေလနာေရာဂါျဖင့္ နတ္ရြာစံသည္။
အင္းဝနန္းေတာ္ ျမနန္းဘုံစံတြင္ အသက္ (၁၈)ႏွစ္အရြယ္ သားေတာ္ ငစဥ့္ကူးၿမိဳ႕စားမင္းသား ေမာင္ျဖဴ ကထီးနန္းကို ဆက္ခံသည္။
မဟာဓမၼရာဇာဓိပတိ ဟူေသာ ဘြဲ႕ကို ခံယူသည္။
ရွင္ဘုရင္သည္ အသက္ငယ္လြန္းလွသည္။
ကြယ္လြန္သူ တနဂၤေႏြမင္း၏ ညီေတာ္ ဗဒုံၿမိဳ႕စား က အာဏာကို လုယူမည္ဟူေသာ သတင္းမ်ားကလည္း ထြက္ေပၚေန၏။
ရွင္ဘုရင္အသစ္သည္ သူ႔ကို အဆိပ္ခတ္လုပ္ႀကံမည္စိုးသျဖင့္ နန္းေတာ္မွ ပြဲေတာ္ကို မသုံးေဆာင္ပဲ အိမ္ေရွ႕မင္းသားဘဝ စံအိမ္မွ ပြဲေတာ္မ်ားကိုသာ စားသုံးခဲ့သည္။
တပ္အင္အားမ်ားစြာကိုလည္း နန္းၿမိဳ႕တြင္းႏွင့္ နန္းၿမိဳ႕ဝင္ေပါက္မ်ားတြင္ အင္အားမ်ားျပားစြာခ်ထား၏။
မင္းေျပာင္းမင္းလြဲကာလျဖစ္သည့္အတြက္ အင္းဝေရႊၿမိဳ႕ေတာ္ကား လႈပ္လႈပ္ရွားရွားျဖစ္ေနေခ်သည္။
မဟာဓမၶရာဇာဓိပတိ တရားဝင္ နန္းတက္ပြဲမလုပ္မီ ထိုကာလမ်ားတြင္ နန္းၿမိဳ႕အျပင္ဘက္ရွိ အင္းဝၿမိဳ႕ႀကီးကား အေစာင့္အထိန္းရဲမကၱိဳ႕သည္ နန္းတြင္းကိုသာ ဂ႐ုစိုက္ေနၾကသျဖင့္ ယခင္ထက္ ပိုလြတ္လပ္ေသာ ၿမိဳ႕ႀကီးျဖစ္လာေပသည္။
အင္းဝကမ္းနားတစ္ေလၽွာက္ကား နိုင္ငံတကာမွ ကုန္သည္ပြဲစားမ်ား၊ ျပည္တြင္းကုန္သည္ပြဲစားမ်ားျဖင့္ ရႈပ္ေထြးလွေသာ ေနရာတစ္ေနရာျဖစ္လာသည္။
ဒတ္ခ်္ ၊ေပၚတူဂီ၊ ျပင္သစ္ ကုန္တင္သေဘၤာတို႔သည္ အင္ဒိုခ်ိဳင္းနားမွ ပိတ္အုပ္မ်ား၊ အာေရဗ်ေကာေဇာမ်ား၊ အေနာက္နိုင္ငံထုတ္ ဘရန္ဒီမ်ား၊ ဘီယာမ်ားကို အင္းဝဆိပ္ကမ္းတြင္ လာေရာက္ ေရာင္းခ်ၾကသည္။
အင္းဝနိုင္ငံမွ ခ်ိတ္နက္၊ ပ်ားရည္၊ မုတၱမေျမအိုး၊ ဆင္စြယ္၊ သမင္းသားေရမ်ား တရားဝင္ျပန္လည္ ဝယ္ယူၾကသည္။
ေရႊ ၊ ပတၱျမား ႏွင့္ ဆင္ အေရာင္းအဝယ္ေစ်းကြက္ကိုမူ နန္းေတာ္မွ တိုက္ရိုက္ခ်ဳပ္ကိုင္ထားသည္။
အမွန္တကယ္တမ္းတြင္ ထိုအရာမ်ားသည္ ဟန္ျပေရာင္းဝယ္ေရးမ်ားသာ။
တကယ္တမ္း အင္းဝဆိပ္ကမ္းတြင္ အေရာင္းအဝယ္ျဖစ္သည္ကား ဂင္ဇာႏွင့္ ယမ္းစိမ္း ပင္ျဖစ္သည္။
ဒတ္ခ်္တို႔သည္ အင္းဝနိုင္ငံမွထြက္ေသာ ယမ္းစိမ္းကို အသုံးျပဳကာ ၄င္းတို႔ပိုင္ ပူလိကက္ကၽြန္းတြင္ ေသနတ္၊ အေျမႇာက္ပစ္ယမ္းမ်ားျပဳလုပ္ၿပီး ကမၻာကို ျဖန႔္ခ်ီၾကသည္။
ဂင္ဇာ ကား ခဲႏွင့္ေၾကးကို ေရာထားသည့္ သတၱဳတစ္မ်ိဳးျဖစ္ၿပီး ၁၇ ရာစု အင္းဝနိုင္ငံေတာ္တြင္ ရြက္နီ ေခၚ ေငြ ၿပီးလၽွင္ ဂင္ဇာကို ဒုတိယေငြေၾကးအျဖစ္ အသုံးျပဳၾကသည္။
ဂင္ဇာကို အရည္ႀကိဳၿပီး အေျမာက္လက္နကၼ်ားသြန္းလုပ္ရာတြင္ အလြန္ေကာင္းသည့္အတြက္ ကမၻာ့လက္နက္ေလာကတြင္ ဂင္ဇာေၾကးက အဝယ္လိုက္လာသည္။
ပင္းတလဲမင္းလက္ထက္ ၁၆၅၃ ခုႏွစ္မွစၿပီး ဂင္ဇာႏွင့္ ယမ္စိမ္းကို ျပည္ပသို႔ ထုတ္ယူခြင့္ပိတ္ပင္ခဲ့သည္။
ရာစုႏွစ္တစ္စုနီးပါးၾကာၿပီးသည္အထိ အင္းဝဆိပ္ကမ္းတြင္ ဂင္ဇာႏွင့္ ယမ္းစိမ္းေမွာင္ခို ေစ်းကြက္က ႀကီးမားစြာျဖစ္တည္လာခဲ့သည္။
ထိုေမွာင္ခိုေစ်းကြက္ကို မင္းညီမင္းသားမ်ား၊ နန္တြင္းအရာရွိႀကီးမ်ားက ေနာက္ကြယ္မွ ႀကိဳးကိုင္ထားၾကသည္။
အထူးသျဖင့္ ဂင္ဇာေမွာင္ခိုေစ်းကြက္တည္ရွိရာ နေမာ္ေစ်းသည္ အစည္ကားဆုံး။
နေမာ္ေစ်းေမွာင္ခိုေစ်းကြက္ကို အဓိကႀကိဳးကိုင္ထားသူကား ေလာ္ညီေနာင္ျဖစ္သည္။
ေလာ္တာဖုန္း ေလာ္တာရႊင္ ေလာ္ညီေနာင္ကား ျမန္မာျပည္ေပါက္ တ႐ုတ္လူမ်ိဳးမ်ားျဖစ္ၾကသည္။
၁၆၅၈ ပင္းတလဲမင္းလက္ထက္တြင္ မန္ခ်ဴးတို႔အား စစ္ရႈံးလာသည့္ တ႐ုတ္ဧကၠရာဇ္ယုန္လီႏွင့္ ေနာက္လိုက္ဗိုလ္ပါ မိသားစု(၂၀၀)တို႔မွာ အင္းဝသို႔ နိုင္ငံေရးခိုလႈံခြင့္ေတာင္းခံခဲ့သည္။
အင္းဝကလည္း လိုလိုလားလားခြင့္ျပဳခဲ့သည္။ယုန္လီကို ပင္းတလဲမင္းက စစ္ကိုင္းတြင္ ေျမေနေရာေပးကာ ေနထိုင္ေစခဲ့သည္။
သို႔ေသာ္ ယုန္လီ၏ ေနာက္ခ်န္တပ္အခ်ိဳ႕မွာ စစ္ကိုင္းသို႔ မဝင္ပဲ အင္းဝႏွင့္ ရွမ္းကုန္းေျမျမင္ေဒေက်းရြာမ်ားတြင္ လွည့္လည္တိုက္ခိုက္လုယက္ကာ နယ္ေျမစိုးမိုးထားၾက၏။
၁၆၆၂ တြင္ ပင္းတလဲမင္းကို ဆက္ခံေသာ ျပည္မင္းလက္ထက္တြင္ ယုန္လီ၏ေနာက္လိုက္ ၇၀၀ ကို သစၥာေပးရန္ဟု ဆိုကာ ထူပါ႐ုံဘုရားဝန္းအတြင္း ဆင့္ေခၚၿပီး ျမန္မာတပ္မ်ားက ေသနတ္ျဖင့္ အားလုံးပစ္သတ္ရန္ အမိန႔္ေပးခဲ့သည္။
ယုန္လီဧကၠရာဇ္ႏွင့္ မိသားစုကိုလည္း မန္ခ်ဴးဘုရင္၏ စစ္သူႀကီး ဝူစန္ေကြ႕ထံ လႊဲေျပာင္းေပးလိုက္သည္။
ဝူစန္ေကြ႕ က ယုန္လီႏွင့္မိသားစုကို ဖမ္းဆီးသြားကာ ယူနန္ၿမိဳ႕၊ေစ်းလယ္တြင္ ႀကိဳးေပးသတ္ပစ္ခဲ့၏။
ေလာ္တာဖုန္း၊ ေလာ္တာရႊင္ညီေနာင္တို႔၏ အဘိုးသည္ ယုန္လီဧကၠရာဇ္၏ ကိုယ္ရံေတာ္တပ္သားတစ္ဦးျဖစ္သည္။
ထူပါ႐ုံဘုရားဝန္းအတြင္း ျပည္ေျပးတ႐ုတ္မ်ားအားလုံးကို သတ္ပစ္ရန္ ဘုရင္က အမိန႔္ေပးခဲ့ေသာ္လည္း အမွန္တကယ္တမ္းတြင္မူ (၄၄)ေယာက္ကိုသာသတ္ပစ္ခဲ့ၿပီး က်န္သူမ်ားမွာ လြတ္ေျမာက္သြားခဲ့သည္။
ထို႔ေနာက္ ေလာ္တာဖုန္းႏွင့္ ေလာ္တာရႊင္တို႔၏ ဖခင္ျဖစ္လာမည့္ ေလာ္တာဟန္ သည္ ျမန္မာဘုရင္ထံ သစၥာခံၿပီး ၿမိဳ႕ဝန္ဦးေအာင္ဟိုး ထံတြင္ အခြန္စာေရးအျဖစ္ လုပ္ကိုင္ခဲ့သည္။
ေလာ္တာဟန္းသည္ ရွမ္းျပည္ဘက္မွ လားကုန္သည္မ်ားႏွင့္ပါလာသည့္ တ႐ုတ္အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ၿပီးေနာက္ ေလာ္ညီေနာင္ ကို ေမြးဖြားလာသည္။
အခြန္စာေရးဘဝျဖင့္ ႂကြယ္ဝလာေသာ ေလာ္တာဟန္းသည္ စေနမင္းနန္းတက္ခ်ိန္ ၁၇၁၂ တြင္ တ႐ုတ္ကုန္သည္(၂၀)ေက်ာ္တို႔ နန္းေတာ္သို႔ အခစားဝင္သည့္အခါ စကားျပန္အျဖစ္ ေဆာင္ရြက္ေပးခဲ့သည္။
ထို႔ေၾကာင့္ စေနမင္းက မဟာေဘာဂ ေခၚ သူေဌးဘြဲ႕အေဆာင္အေယာင္မ်ားေပးခဲ့ဖူးသည္။
အင္းဝဆိပ္ကမ္းေမွာင္ခိုေလာက၏ ၿမိဳ႕ဝန္အဆက္ဆက္၊ အတြင္းဝန္အဆက္ဆက္တို႔အား လာဘ္ေငြရွာေပးရာ ဗဟိုခ်က္မႀကီးျဖစ္လာၿပီး ေလာ္တာဟန္းသည္လည္း ဂင္ဇာေမွာင္ခိုေစ်းကြက္၏ အာဏာပိုင္ဘုရင္ႀကီးျဖစ္လာခဲ့သည္။
ေလာ္တာဟန္းကြယ္လြန္ၿပီးေနာက္ ေလာ္ညီေနာင္မွာ အင္းဝဂင္ဇာေမွာင္ခိုေစ်းတြင္ ၿပိဳင္ဘက္ကင္း ေခါင္းေဆာင္မ်ားျဖစ္လာေတာ့သည္။
၁၇၃၄ ဧၿပီ ၂၉ ရက္ေန႔။ ညဥ့္ ဗဟိုစည္ ၇ ခ်က္တီးခ်ိန္တြင္ေတာ့ အင္းဝဂင္ဇာေမွာင္ခိုေစ်းတည္ရွိရာ နေမာ္ေစ်းႀကီးရွိ ေပၚတူဂီ အရက္ဆိုင္ ထဲတြင္ ေလာ္ညီေနာင္မွ အငယ္ျဖစ္သူ ေလာ္တာရႊင္ အပါအဝင္ လူသုံးဦး အသတ္ခံလိုက္ရသည္။
ထိုျပႆနာသည္ ၿမိဳ႕ဝန္အဆင့္တင္မက အတြင္းဝန္ ေက်ာ္ထင္နႏၵမိတ္အထိ ေရာက္ရွိသြားေတာ့သည္။
ယခုေတာ့ လူသတ္တရားခံဆိုသူကို ဖမ္းလာခဲ့ၿပီျဖစ္သည္။
နေမာ္ေစ်း၏ နာမည္ေက်ာ္လူမိုက္သူေဌးသားႏွင့္ သူ႔တပည့္လူၾကမ္းႀကီးႏွစ္ေယာက္ကို သတ္ခဲ့သူမွာ စိမ္းျပာေရာင္မ်က္လုံးပိုင္ရွင္ ၊ အင္းဝသူ ေပၚတူဂီအမ်ိဳးသမီးငယ္ကေလးတစ္ဦးတဲ့။
...................................................................................
“ဒူးတုပ္..ေခါင္းကို ေျမမွာ ကပ္ထားစမ္း..အခြင့္မရွိပဲ ေမာ္မၾကည့္နဲ႔ ဇက္ျပတ္သြားမယ္”
ေသြးေသာက္ႀကီးက ခပ္ၾကမ္းၾကမ္းေျပာၿပီး ဒူးေထာက္ခိုင္းလိုက္သည္။
ထို႔ေနာက္ ရဲမက္တစ္ေယာက္က ျမင္းကို ျမင္းေဇာင္းဆီသို႔ ဆြဲေခၚသြား၏။
ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးေပၚမွ တန္ဖိုးႀကီး ေရႊခ်ည္ပါဝတ္လုံကို ဝတ္ဆင္ထားၿပီး ေခါင္းတြင္ ေဖာ့လုံးျဖဴကို ေပါင္းထားသည့္ အသက္(၃၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ဆင္းလာ၏။
သူကား အတြင္းဝန္ ေက်ာ္ထင္နႏၵမိတ္ျဖစ္သည္။
ေသြးေသာက္ႀကီးက လြီဇာ၏ေဘးတြင္ ဒူးေထာက္လ်က္ လက္အုပ္ခ်ီထားသည္။
“ရာဇဝတ္သားက သင္းတဲ့ လား”
“မွန္ပါ..ဝန္မင္းဘုရား”
“ကိုယ္ေတာ့္ကို ေမာ္ဖူးၿပီး ခစားပါေစ”
လြီဇာက ေခါင္းေမာ့ၾကည့္လိုက္သည္။
“ဟဲ့..ငသစ္ငယ္..နင့္ဟာကလည္း ဒီႏုႏုနယ္နယ္ဗရင္ဂ်ီမေလးက ဟိုတ႐ုတ္လူၾကမ္းႀကီးေတြကို သတ္တာတဲ့လား..တန္ကာမွ လုပ္စမ္းပါဟဲ့..မေတာ္မရာေလၽွာက္ေခၚမလာနဲ႔”
“မွန္ပါ..မလုပ္ဝံ့ပါဘုရား...ေလာ္တာရႊင္ အသတ္ခံရတဲ့ဗ်စ္ဆိုင္က ဒီမိန္းမ ဆိုင္ပါဘုရား..သူသတ္လိုက္တာလို႔လည္း အနီးအနားက လူေတြက ေျပာေနၾကပါတယ္..ဘုရား”
“ငသစ္ငယ္ေျပာတာ...ဟုတ္လားဟဲ့..ေလၽွာက္တင္စမ္း”
“ကၽြန္ေတာ္မ်ိဳးမ သတ္လိုက္တာပါ..ကိုယ္ေတာ္”
အတြင္းဝန္ ေက်ာ္ထင္နႏၵမိတ္ က တန္ဖိုးႀကီးေပးကာ ေဆးဆိုးထားေသာ သြားမဲမ်ား ေပၚေအာင္ ျပဳံးျပလိုက္သည္။
“ဟားဟား တယ္လဲရဲလွပါလား..ငါ့ႏွယ့္ေတာ့ေနာ္..ဒီမယ္ ဗရင္ဂ်ီမငယ္..မင္းကို ၿမိဳ႕ဝန္လက္အပ္လိုက္ရင္ေနမေစာင္းခင္ ဖင္ဝတံက်င္လၽွိုၿပီး ကားစင္တင္သတ္ခံရမွာကို သိရဲ့လားဟဲ့”
လြီဇာ၏ မ်က္ႏွာက မတုန္မလႈပ္။
“အင္း..တယ္လည္းခက္ပါလားေနာ္..ကဲ..ကိုးသိန္းသခင္ ဆီက အမိန႔္ေရာက္ထားတယ္...သူသတ္သမားကို သူ႔အိမ္ေတာ္ကိုလႊဲရမယ္တဲ့ေလ...ေဟ့..ငတြန္ငယ္..ဒီမယ္..မင္းသခင္ေတြ႕ခ်င္ေနတဲ့ သူသတ္သမားႀကီး..ေခၚသြားေပေရာ့ကြယ့္”
အရပ္ငါးေပကိုးလကၼခန႔္ရွိ ရင္အုပ္က်ယ္က်ယ္ ခႏၶာကိုယ္အခ်ိဳးအစားေတာင့္တင္းသေလာက္ ႏုနယ္ေသာမ်က္ႏွာပိုင္ရွင္ ဆယ္ေက်ာ္သက္အရြယ္ လူငယ္တစ္ဦး က သၽွားႏွစ္သား အဲေမာင္းလွံရွည္ကို ကိုင္လ်က္ ထြက္လာသည္။
ငတြန္ က လြီဇာအနားသို႔ ကပ္လာသည္။
“ေအး..မင့္ လူသတ္သမားႀကီးက ေၾကာက္စရာလန႔္စရာႀကီးဆိုေတာ့ ေသခ်ာလည္း ေခၚသြားအုံး လမ္းမွာ လြတ္သြားရင္ သူ႔ကိုယ္စား မင္းဇတ္ျပဳတ္ေနမယ္..ငတြန္ငယ္”
“မွန္ပါ..ဝန္မင္းဘုရား”
ေက်ာ္ထင္နႏၵမိတ္က အေပၚသို႔ ျပန္တက္သြားသည္။
“ကိုရင္သစ္..သူ႔ကို ႀကိဳးျဖည္ေပးလိုက္ပါဗ်ာ”
“ဟ ငတြန္ရ..ရာဇဝတ္သားကို ဘာလို႔ ျဖည္ရမွာလဲ”
“ျဖည္မွာသာ ျဖည္စမ္းပါဗ်ာ...လက္နက္မဲ့မိန္းမတစ္ေယာက္ကို ႀကိဳးတုပ္ဖမ္းေခၚသြားရမွာ က်ဳပ္ရွက္တယ္ဗ်”
“ျဖည္ေပးခ်င္လည္း ကိုယ့္ဘာသာသာ ျဖည္သြားေတာ့ေဟ့...ငါတို႔မ်ားေတာ့ မင္းနဲ႔တြဲၿပီး ရာဇဝတ္မသင့္ပါရေစနဲ႔ ငါ့လူ”
ငတြန္က လွံကို ေဘးခ်ၿပီး လြီဇာ၏ လက္မွ ႀကိဳးကို ျဖည္ေပးလိုက္သည္။
“ကဲ...ႏွမ..က်ဳပ္ျမင္းေနာက္က ေျခက်င္ လိုက္ခဲ့..လွည့္ေျပးမယ္ေတာ့မႀကံနဲ႔..ေဟာ့ဒီလွံက ခင္ဗ်ား ေျခလွမ္းထက္ အရင္ ခင္ဗ်ား ေက်ာကို ေဖာက္သြားမယ္..က်ဳပ္ကို ဘာမွတ္တုန္း”
ငတြန္က ျမင္းေပၚ ခုန္တက္လိုက္သည္။
ထို႔ေနာက္ အတြင္းဝန္အိမ္ဝန္းအတြင္းမွ ျမင္းကို ခပ္ျဖည္းျဖည္းလမ္းေလၽွာက္ေစကာ ထြက္လာခဲ့လိုက္သည္။
အတြင္းဝန္အိမ္ႏွင့္ အနည္းငယ္လွမ္းခ်ိန္တြင္ ငတြန္က ျမင္းကို ရပ္လိုက္ၿပီး ျမင္းေပၚမွ ခုန္ဆင္းလိုက္၏။
“ကဲ..ႏွမ ခင္ဗ်ား ျမင္းေပၚတက္ေပေတာ့ဗ်ာ..က်ဳပ္ ဇက္ႀကိဳးဆြဲၿပီး လမ္းေလၽွာက္မယ္”
လြီဇာက ငတြန္ကို နားလည္ရခက္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
“ၾကည့္မေနနဲ႔ တက္”
“ရွင္က ကၽြန္မကို ဖမ္းလာတာေနာ္”
“ဟုတ္တယ္.ခုနက သူတို႔ေရွ႕မွာဆိုေတာ့ ဟိတ္ဟန္ေတာ့ျပရတာကိုး..ဒါေပမယ့္...ေယာက္်ားႀကီးတန္မဲ့ ျမင္းစီးၿပီး မိန္းမတစ္ေယာက္ကို လမ္းေလၽွာက္ခိုင္းရတာ က်ဳပ္ရွက္တယ္ဗ်..ကဲ..တက္မွာသာ တက္စမ္းဗ်ာ..က်ဳပ္ရွက္လွၿပီ”
“အံမယ္ေလး.ေမာင္ငယ္ရယ္...ရွင္ကခ်ည္း ရွက္ေနတာပဲ..ကၽြန္မရွက္ဖို႔လည္းထားပါဦး”
“ေယာက္်ားဆိုတာ ေယာက္်ားအလုပ္မလုပ္ရင္ ရွက္စရာေကာင္းတယ္ဗ်”
“နို႔ေနပါဦး..ေမာင္ငယ္ ရဲ့..ေယာက္်ားအလုပ္ဆိုတာ ဘာကိုေျပာတာလဲ”
“ေယာက္်ားဆိုတာ သတၱိရွိရမယ္..တိုက္ဝံ့ေသဝံ့ရမယ္.. အားနည္းသူမိန္းမသားေတြကိုကာကြယ္ရမယ္..ကတိသစၥာတည္ရမယ္ .. အို.. ေနာက္အမ်ားႀကီးရွိေသးတယ္...က်ဳပ္အရွည္ေတြ မေျပာတတ္ဘူး”
“အို..ေမာင္ငယ္ႏွယ့္..အဲ့ဒီလို အလုပ္ကို ေယာက္်ားေတြမွမဟုတ္ဘူး..မိန္းမေတြလည္း လုပ္နိုင္တာပါပဲ.. လက္ႏွစ္ဖက္ ေျခႏွစ္ဖက္ပါတဲ့ လူလူခ်င္းေတြခ်ည္းပဲ... ဘာလို႔မ်ား ေယာက္်ားမိန္းမ ခြဲေျပာေနရတာလဲ”
ငတြန္က စကားေၾကာင့္ မ်က္ေမွာင္ၾကဳံ႕ၿပီး ခဏေတြေဝသြားသည္။
“ကဲ.တက္ဆို တက္ဗ်ာ..ခင္ဗ်ား တယ္စကားမ်ား”
ငတြန္က လြီဇာ၏ ခႏၶာကိုယ္ကို ခါးမွ သိုင္းခ်ီလိုက္ၿပီး ျမင္းကုန္းႏွီးေပၚ ပစ္တင္လိုက္သည္။
သင္တိုင္း ႏွင့္တြဲဝတ္သည့္ ဗလာထမီမို႔ ျမင္းေပၚကို ခြလိုက္သည္ႏွင့္ လြီဇာ၏ ေပါင္တံကေလးက လင္းခနဲ။
ငတြန္က မ်က္ႏွာကို လႊဲလိုက္ရာ နတ္သၽွင္ေနာင္ပုံစံ တစ္ေစာင္းေသၽွာင္အေခြက သူ႔မ်က္ႏွာေပၚ ဝဲခနဲ ျဖစ္သြား၏။
ငတြန္ပုံစံကို ၾကည့္ကာ လြီဇာက ျပဳံးလိုက္၏။
ငတြန္က သူဝတ္ထားသည့္ ခါသာရင္ကြဲအကၤ်ီခၽြတ္လိုက္ၿပီး လြီဇာထံ ပစ္ေပးလိုက္သည္။
“ေရာ့..ဒါနဲ႔ အုပ္”
အရပ္ျမင့္ျမင့္ ရင္အုပ္ကားကား ႂကြက္သားမ်ားႏွင့္ ညိဳ၍စိုေသာ အသားအရည္ပိုင္ရွင္ ငတြန္ က ျမင္းဇက္ႀကိဳးကို ဆြဲကာ ေရွ႕မွ လမ္းေလၽွာက္သြားေတာ့သည္။
ေနာက္သို႔ တစ္စက္မွပင္လွည့္မၾကည္။ စကားတစ္လုံးမၽွပင္ မဟ။
သူ၏ ခါသာရင္ကြဲအကၤ်ီကေတာ့ ေပၚတူဂီမေလး၏ ရွည္လ်ားလ်ားေပါင္တံေလး၏ လုံျခဳံေရးကို အျပည့္အဝေနရာယူလ်က္။
ငတြန္က ေနာက္လွည့္ၾကည့္ခ်င္စိတ္ကို မနည္းထိန္းထားလိုက္ရသည္။
ဪ...ေပါင္တံရွည္ ေဖြးေဖြးကေလးေတြ..။ ၿပိဳးခနဲ။ ျပက္ခနဲ။
................................................................................
“မယ္မင္းက ေသနတ္စုဗိုလ္ ဒီမဲလိုး ရဲ့ သမီး ဆိုတာ ငါကိုယ္ေတာ္ ၾကားၿပီးပါၿပီ”
ကိုးသိန္းသခင္ ဟု ေခၚတြင္သည့္ သတိုးမင္းေခါင္က ေၾကးကြမ္းအစ္အတြင္းမွ ကြမ္းတစ္ယာကို ယာယူၿပီး လြီဇာထံ ကမ္းလိုက္သည္။
လြီဇာက သလြန္ေပၚမွ ကမ္းေပးေသာ ကြမ္းယာကို ေခါင္းငုံ႔လ်က္ လက္ႏွစ္ဖက္ျဖင့္ လွမ္းယူလိုက္သည္။
“စေနမင္းတရားႀကီးလက္ထက္က ကသည္း ခ်န္ဒရာေမာ္နီ တို႔ ပုန္စားတဲ့အေရး စစ္ထြက္ေတာ့ ေပၚတူဂီရဲမက္
ေတြက ငါ နဲ႔အတူ အိုးစားဖက္ေသြးေသာက္ေတြပဲေပါ့...မယ္မင္းရဲ့ အေဖ ေသနတ္စုဗိုလ္ ဒီမဲလိုး ဆိုတာ ဗိုလ္မႉးမင္းရဲသီဟေက်ာ္တပ္နဲ႔ နဂါးက်စ္ႏြံ မွာ ငါတို႔ပိတ္မိၾကတုန္း ကသည္းေတြရဲ့ ေသနတ္ၾကားကေန ငါ့ကို ကယ္ထုတ္ေပးခဲ့တဲ့ ေက်းဇူးက ရွိတယ္ကြဲ႕...အင္း ဒီမဲလိုးႀကီး ေတာင္ ဆုံးသြားတာၾကာၿပီကိုး”
လြီဇာက ကိုးသိန္းသခင္ ေပးသည့္ ကြမ္းကို လက္ကိုင္ထားၿပီး ေခါင္းကိုငုံ႔လ်က္ ပါရွန္ေကာေဇာအေမႊးပြႀကီးကိုသာ စိုက္ၾကည့္ေနသည္။
“ဒီမဲလိုးနဲ႔ ဗရင္ဂ်ီေသနတ္စုဟာ ငါတို႔ နိုင္ငံေတာ္အေပၚလည္း ေက်းဇူးရွိသလို..ငါကိုယ္ေတာ္အေပၚလည္း အသက္ကယ္အေႂကြးရွိေနတာဟာ မယ္မင္း အသက္ခ်မ္းသာဖို႔ ျဖစ္လာတယ္ပဲ မွတ္ပါ...မိန္းမသားတစ္ေယာက္တည္း နေမာ္ေစ်းမွာ ဗ်စ္ရည္ေရာင္းရတယ္ဆိုတာ တယ္လည္း အႏၲရာယ္မ်ားတာကိုးကြဲ႕...အဲ့ဒီေန႔က ျဖစ္စဥ္အေသးစိတ္ ျပန္ေလၽွာက္ေခ်စမ္း”
“မွန္ပါ....ကၽြန္ေတာ္မ က ဗ်စ္ဆိုင္ဖြင့္ထားသလို ဂင္ဇာ ေမွာင္ခိုအေရာင္းအဝယ္လည္း နည္းနည္းပါးပါးလုပ္ပါတယ္..ဘုရား...ကၽြန္ေတာ္မ က ေပၚတူဂီစကားေရာ ျပင္သစ္စကားပါတတ္ေတာ့ ေပၚတူဂီဂင္ဇာကုန္သည္ေတြဟာ ကၽြန္ေတာ္မ ဆီမွာ အဓိကအေရာင္းအဝယ္လုပ္ၾကပါတယ္ဘုရား...
နေမာ္ေစ်းမွာ ဂင္ဇာအေရာင္းအဝယ္လုပ္ခ်င္ရင္ ေလာ္ညီေနာင္ဆီက စဖြင့္တဲ့ေစ်းကိုေက်ာ္ဖြင့္လို႔..ေလ်ာ့ဖြင့္လို႔မရဘူး..ဘုရား...ကၽြန္ေတာ္မကေတာ့ သင့္ေတာ္သလိုပဲ ေရာင္းဝယ္ပါတယ္.. ဒါကို ေလာ္တာရႊင္က မေက်နပ္ဘူးဘုရား...အဲ့ဒီေန႔ကေတာ့ေပၚတူဂီကုန္သည္ေတြနဲ႔အတူ ဒတ္ခ်္ကုန္သည္ေတြပါ ကၽြန္ေတာ္မ ဆိုင္မွာ လာေသာက္ရင္း ဂင္ဇာအေရာင္းအဝယ္ျဖစ္ၾကတယ္ဘုရား..
ဒီသတင္းကို ၾကားတဲ့ ေလာ္တာရႊင္ နဲ႔ သူ႔လူေတြဟာ ဒတ္ခ်္ေတြနဲ႔ အေရာင္းအဝယ္မလုပ္ဖို႔ ကၽြန္ေတာ္မကို လာသတိေပးရင္းက ရိုက္ႏွက္ၾကတယ္ဘုရား..ကၽြန္ေတာ္မလည္း မခံနိုင္တာနဲ႔ ထမ္းပိုးနဲ႔ရိုက္ ဓါးလြတ္နဲ႔ ပိုင္းပစ္လိုက္တာဘုရား”
ကိုးသိန္းသခင္ က မ်က္ေမွာင္ၾကဳံ႕လိုက္သည္။
“ဟဲ့...ဂင္ဇာဆိုတာ ေရႊနန္းေတာ္က ပိတ္ပင္ထားတဲ့ကုန္ပစၥည္းဆိုတာ ညည္းမသိဘူးလား..ေသဒဏ္ထိုက္တဲ့ကုန္ကြဲ႕”
လြီဇာက လက္အုပ္ခ်ီလက္က ကိုးသိန္းသခင္၏ မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ ေလွာင္ျပဳံးျပဳံးလိုက္သည္။
“ဂင္ဇာ ေရာင္းလို႔ ေသဒဏ္က်မယ္ဆို တာရဲတန္းတစ္တန္းလုံး၊ နေမာ္ေစ်းတစ္ခုလုံး နဲ႔ ရွမ္းတန္းက လူေတြ ေသရေတာ့မွာေပါ့ဘုရား..ေလာ္တာရႊင္တို႔သာမက သူတို႔လာဘ္ေပးထားတဲ့ ေရႊနန္းေတာ္တြင္းက..”
“ဟိတ္..ေတာ္ေတာ့..တိတ္စမ္းကြဲ႕..တယ္...ဒီသေဘာကၼငယ္ေတာ့..အတင္အေလၽွာက္ ရဲလွခ်ည္.”
ကိုးသိန္းသခင္၏ အသံက ႐ုတ္တရက္မာေၾကာသြားသည္။
အဲေမာင္းလွံရွည္ ကို ကိုင္လ်က္ရပ္ေနေသာ ငတြန္ပင္ လႈပ္လႈပ္ရွားရွား ျဖစ္သြား၏။
ကိုးသိန္းသခင္က လြီဇာကို ေသခ်ာစိုက္ၾကည့္ေနသည္။ လြီဇာကလည္း မ်က္လႊာမခ်ပဲ ျပန္စိုက္ၾကည့္ေန၏။
“အိမ္း.သနားလို႔ ကယ္ဆယ္ထားတာကို ဓါးေတာင္းတဲ့ ဗရင္ဂ်ီမငယ္ပဲ..သတၱိကိုေတာ့ ႀကိဳက္ပကြဲ႕”
ကိုးသိန္းသခင္က မတ္တပ္ထရပ္လိုက္သည္။
“ငတြန္ငယ္ ေအာက္မွာ ဆင္းေစာင့္..ကိုယ္ေတာ္တို႔ စကားေျပာစရာရွိတယ္”
ငတြန္က လက္အုပ္ခ်ီလ်က္ အိမ္ေပၚမွ ဆင္းသြား၏။
“လြီဇာ....မင္းတို႔ ျဖစ္တဲ့ကိစၥမွာ ေလာ္တာရႊင္တို႔ကို သတ္တာ မင္းမဟုတ္ဘူး....လူသုံးေယာက္ပါတယ္..အဲ့ဒါ ကို ငါသိထားတယ္...သူတို႔ ဘယ္သူေတြဆိုတာ မင္းသိတယ္မဟုတ္လား”
လြီဇာ ထံမွ ဘာစကားမွ ထြက္မလာ။
“မင္းကို ငါရွင္းရွင္းပဲေျပာမယ္..ေလာ္ညီေနာင္ဆိုတာ နန္းရင္းဝန္ႀကီးဦးပု လူေတြပဲ... အခုခ်ိန္မွာ ဦးပုရဲ့ ၾသဇာအာဏာကို ဖက္ၿပိဳင္တဲ့သူမဆိုထားနဲ႔ သူ႔အစြယ္အပြားေက်းကၽြန္ကို ထိရင္ေတာင္ ၿမိဳ႕ဝန္က ေသဒဏ္တန္းေပးလိုက္မွာ မင္းနားလည္ကဲ့လား”
လြီဇာက မတုံမလႈပ္။
“ငါသိခ်င္တာက ရွင္းပါတယ္။ အခုခ်ိန္မွာ ဦးပု ၾသဇာႀကီးတယ္ဆိုေပမယ့္ စစ္မက္အေရးမွာျဖင့္ ရွင္ဘုရင္အသစ္ ရဲ့ အယုံၾကည္ဆုံးသူဟာ ငါကိုယ္ေတာ္ပဲ..... ရွင္ဘုရင္ေလးကို ကာကြယ္ဖို႔ ယုံၾကည္ရတဲ့လူေတြကို စုဖို႔ ငါ့ကို တာဝန္ေပးတာ ခံထားရတယ္...ငါ့ဆီမွာ လက္ရည္ျပည့္တဲ့ လူငယ္ေတြ လိုအပ္ေနတယ္..ေလာ္တာရႊင္တို႔လို႔ တ႐ုတ္ကြန္ဖူးသိုင္းကၽြမ္းကၽြမ္းက်င္က်င္တတ္တဲ့ လူၾကမ္းႀကီးေတြကို အေသသတ္ျပခဲ့တဲ့ အဲ့ဒီ လူငယ္ေတြကို ငါသိခ်င္တယ္....သူတို႔ နာမည္နဲ႔ ေနရပ္ကို မင္းဘက္က ေျပာျပ႐ုံပါပဲ...သူတို႔ကို ငါ့အစုထဲ ေခၚေျမႇာက္စားဝန္ထမ္းေစဖို႔ပါကြဲ႕”
“ကၽြန္မပဲ သတ္လိုက္တာပါ...ဘယ္သူမွ မပါပါဘူး”
“မလိမ္နဲ႔ ...လြီဇာမငယ္...ငါတို႔က စစ္တိုက္လာတဲ့သူေတြ...ညည္းဘယ္ေလာက္ပဲ တိုက္ေရးေကာင္းေကာင္း ဒီလို အေတြ႕အၾကဳံရွိၿပီးသား လူႀကီးသုံးေယာက္ကို ေသေအာင္သတ္ဖို႔ဆိုတာ မလြယ္လွဘူး.. အဲ့ဒီေန႔က အနီးတဝိုက္မွာ ငါ့အေထာက္ေတာ္ေတြရွိၿပီးသား...မင္းကိစၥကို သူတို႔ ဝင္ရွင္းေပးလို႔ မင္းက သူတို႔ကို မပါေစပဲ ေခါင္းခံေပးတဲ့ မင္းစိတ္ဓာတ္ကိုေတာ့ ငါကိုယ္ေတာ္ႀကိဳက္ပါတယ္.... ဒါေၾကာင့္လည္း..ေက်ာ္ထင္နႏၵမိတ္ ဆီကေန မင္းကို သြားေခၚလာခိုင္းတာေပါ့... မင္း ေလာ္တာရႊင္ကို သတ္တဲ့ကိစၥကို ေအးေအးေဆးေဆးျဖစ္ေအာင္ ငါရွင္းေပးလိုက္လို႔ရတယ္..ၿပီးရင္...ငါ့ဘုန္းရိပ္ေအာက္ကေန နေမာ္ေစ်းမွာ မင္း အလုပ္ေတြ အမ်ားႀကီး ဆက္လုပ္လို႔ရမယ္...မင္းဘက္က အဲ့ဒီ လုလင္ေတြဟာ ဘယ္သူလဲသာ ေျပာ...သူတို႔ကိုလည္း မထိခိုက္ေစရဘူးလို႔ ငါကတိေပးတယ္...မင္းေယာက္်ားတို႔ရဲ့ကတိတစ္လုံးကြဲ႕”
လြီဇာက မ်က္လုံးကို စုံမွိတ္လ်က္ စဥ္းစားေနသည္။
“ကိုယ္ေတာ္တို႔ ဗမာေယာက္်ားေတြက ကတိတစ္လုံးကို တန္ဖိုးထားၾကတယ္တဲ့လား...ကၽြန္ေတာ္မ ဆိုင္မွာေတာ့ အေႂကြးမဆပ္တဲ့ ဘုရားဆုပန္ရွင္ဘုရင္ေလာင္းမင္းေယာက္်ားေတြ ခ်ည္းပဲ”
လြီဇာစကားေၾကာင့္ ကိုးသိန္းသခင္က ရယ္ခ်င္စိတ္ကို ထိန္းလိုက္ပုံျဖင့္မ်က္ႏွာတည္လိုက္သည္။
ထို႔ေနာက္ ကြမ္းေထြးခြက္ထဲ ကြမ္းေထြးလိုက္ၿပီး...
“ဟဲ့...ငါက ညည္းဆိုင္လာၿပီး ဗ်စ္ေသာက္ေနတဲ့ အတန္းအစားထဲကမို႔လားကြဲ႕...ဗရင္ဂ်ီမက မယ္မင္းအေဖ ဒီမဲလိုႀကီး လိုပဲ...စကားအေလၽွာက္အတင္ကျဖင့္ တယ္လည္း ဓါးေတာင္းေနပလား”
ကိုးသိန္းသခင္ အသံက ေဒါသသံပါေန၏။ အခန္းက တိတ္ဆိတ္သြားသည္။
ငတြန္က အိမ္ေအာကၼွ နားစြင့္ရင္း အေျခအေနကို ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ၾကည့္ေန၏။
လြီဇာ က လက္အုပ္ခ်ီကာ ေခါင္းေထာင္လာသည္။
“မွန္ပါ...ကၽြန္ေတာ္မ ေစ်းထဲ ေအးေအးခ်မ္းခ်မ္းလုပ္ကိုင္စားေသာက္ဖို႔ ကိုယ္ေတာ့္ဘုန္းရိပ္ကို ခိုလႈံခြင့္ေပးမယ္ဆို ေက်နပ္ပါတယ္ဘုရား...ဟိုေကာင္ေလးေတြအတြက္လည္းေဘးကင္းပါေစဘုရား”
“အိမ္း..ေျပာၿပီးၿပီလကြယ္”
“ကၽြန္ေတာ္မ ေျပာျပပါ့မယ္....ကၽြန္ေတာ္မကို ကယ္ၿပီး ေလာ္တာရႊင္တို႔ လူစုကို သတ္လိုက္တာ ႏွစ္ေယာက္ရွိပါတယ္”
“ဘယ္သူေတြလဲ”
“လုလင္အရြယ္ေတြပါ..တစ္ေယာက္က ခ်စ္ညိဳ တဲ့....ခင္ဦးသားလို႔သိရပါတယ္ဘုရား .ကၽြန္ေတာ္မ ဗ်စ္ဆိုင္ရဲ့ ေဖာက္သည္ပါ”
“အိမ္း..ငခ်စ္ညိဳ....အင္း...ျမင္းစီးငလုံးရဲ့ သားသုံးေယာက္ထဲက အႀကီးပဲ..ငါသူ႔ကိုသိတယ္... ေနာက္တစ္ေယာက္ကေရာ”
“ဆိုင္ကို ဒီႏွစ္ပိုင္းမွ အျမဲဝင္လာေလ့ရွိတဲ့ ရွင္လူထြက္စ ကာလသားတစ္ေယာက္ပါ”
“သူ႔နာမည္သိလား”
“ေအာင္ေဇယ်တဲ့..မုဆိုးဖိုက သူႀကီးသားလို႔ ဆိုတာပဲ”
“ေအာင္ေဇယ်...တဲ့လား..အိမ္း..ေတာသားေတြမ်ား နာမည္ေတာ့ အေခါင္အဖ်ားေပးတတ္ၾကသကိုး”
ခက္ေဇာ္
အခန္း(၂) ဖတ္ရန္- https://bit.ly/3A0O6M3
Done
ReplyDeleteDone
ReplyDeleteဖတ်ပြီးသား ဒါပေမယ့် ပြန်ဖတ်မယ်😊
ReplyDelete👍👍👍
ReplyDeleteပြန်ဖတ်မယ်ဗျာ👍👍👍
ReplyDeleteဘယ်ချိန်ဖတ်ဖတ် မရိုးနိုင်ဘူးဗတာ
ReplyDeletegood.
ReplyDeleteGood story
ReplyDeleteDone 💪
ReplyDeletedone
ReplyDeleteဒုတိယအကြိမ် ပြန်ဖတ်ခြင်း
ReplyDeleteSec time 🤭
ReplyDelete...
ReplyDeleteI like
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone😁😁🐬
ReplyDelete