တိရစ္ဆာန်အချို့ရဲ့ ထူးခြားတဲ့အချက်တွေ





ကျွန်တော်တို့တွေနဲ့ တိရစ္ဆာန်တွေအကြောင်းကို အပျင်းပြေလေ့လာကြသလို စိတ်၀င်စားလို့လေ့လာကြတာတွေလည်းရှိပါတယ်။ ဒီလိုလေ့လာရင်းနဲ့ ဒီကောင်လေးတွေရဲ့ ထူးထူးဆန်းထူးဆန်းလေး အကြောင်းအရာလေးတွေကို သိလာကြပါတယ်။ အခုဖော်ပြပေးထားတာကတော့ ထူးခြားတဲ့အရာလေးတွေရှိတဲ့ အကောင်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။‌ 


1. 



ပုစွန်တွေရဲ့ နှလုံးက သူတို့ရဲ့ ခေါင်းထဲမှာရှိပါတယ်။ 

2. 



ဖားတွေက မအန်နိုင်ကြပါဘူး။ သူတို့ အန်မယ်ဆိုရင် သူတို့ရဲ့ အစာအိမ်တစ်ခုလူံးကို အန်ထုတ်ပစ်မှ အန်တာဖြစ်မှာပါ။ 

3. 



Orangutan လို့ ခေါ်တဲ့ မျောက်ဝံကြီးတွေရဲ့ အရေအတွက် ၅၀ ရာခိုင်နှုန်းလောက်မှာ ကျိုးပဲ့နေတဲ့ အရိုးတွေရှိပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သစ်ပင်တွေပေါ်မှာ ပုံမှန်အလုပ်လုပ်ကြရင်း ပြုတ်ကျကြတာကြောင့်ပါ။ 

4. 



ပက်ကျိတွေမှာ နှာခေါင်းလေးခုရှိပါတယ်တဲ့။ နှစ်ခုက ကြည့်ဖို့နဲ့ အနံ့ခံဖို့ဖြစ်ပြီး ကျန်တဲ့နှစ်ခုက အထိအတွေနဲ့ အရသာခံစားဖို့ပါတဲ့။ 


5. 



ခရုတွေဟာ သုံးနှစ်လောက်ထိအိပ်နိုင်ကြပါတယ်။ ခရုတွေက သူတို့အတွက် ပတ်၀န်းကျင်အ‌ခြေအနေက အသက်ရှင်ဖို့ ခက်ခဲလာပြီဆိုရင် စတင်အိပ်စက်ကြပါတယ်တဲ့။ 

6. 



ကြံ့တွေရဲ့ ဦးချိုက မာ‌ကြောပေမဲ့ သူ့ဆီမှာပါ၀င်တဲ့အရာ keratin က ကျွန်တော်တို့ရဲ့ ဆံပင်နဲ့ လက်သည်းမှာပါတဲ့ ပစ္စည်းပဲဖြစ်ပါတယ်။

7. 



သစ်ကုလားအုတ်တွေမှာ vocal chord မပါတဲ့ အတွက် သူတို့က တော်ရုံ အသံမထွက်ကြပါဘူး။ သူတို့အချင်းချင်း အသံမထွက်ပဲ ဆက်သွယ်ကြပါတယ်တဲ့။ 

8. 



ကိုအာလာ၀က်ဝံတွေရဲ့ လက်ဗွေရာက လူသားတွေရဲ့ လက်ဗွေရာနဲ့ ခွဲလို့မရအောင်တူပါတယ်။ 

9. 



ငှက်ကုလားအုတ်တွေရဲ့ မျက်လုံးက သူရဲ့ဦးနှောက်ထက်ပိုပြီးကြီးပါတယ်။ 

10. 



နွားမတွေဟာ သူတို့ရဲ့ သက်တမ်း‌တစ်လျှောက်မှာ နွားနို့ခွက်ပေါင်း 2သိန်းလောက် ထုတ်လုပ်နိုင်ကြပါတယ်။ 

11. 



ကြောင်တွေက သူတို့ကို နာမည်ပေးထားရင် မှတ်မိပါတယ်။ ဒါပေမဲ့ တမင်အဖတ်မလုပ်ကြတာပါတဲ့။ 

12. 



ကြိုးကြားငှက်နီတွေက သူတို့ခေါင်းက ဇောက်ထိုးဖြစ်နေရင်တောင်မှ အစားစားနိုင်ကြပါတယ်တဲ့။



Comments

  1. ကြံ့တွေမှာ ဘာပါတာလဲ 🙄

    ReplyDelete
  2. ကြံ့ဦးချိုထဲပါတာ ဘာလဲဟ

    ReplyDelete
    Replies
    1. ကီရာတင် ဆိုသည်မှာ ဆံပင်၊ လက်သည်း၊ ဦးချို၊ သိုးမွှေး၊ ငှက်တောင် စသော အစိတ်အပိုင်းများ ဖွဲ့စည်းဖြစ်ပေါ်စေသည်။ ပရိုတင်း အမျိုးဖြစ်သည်။ ထိုပစ္စည်းတွင် ကန့်ဓာတ်အများဆုံးပါ၍ ဓာတုဗေဒ ဓာတ်ဆေးများကို ခံနိုင်စွမ်းရှိလေသည်။ ထို့ပြင် အခြားပရိုတင်းများကို ခွဲဖျက်နိုင်သော အင်ဇိုင်းမျိုးလည်း ဖြစ်သည်။

      Delete
  3. နွားနို့ခွက်က တလီတာခွက်လား ဘာလား ညာလား 😜😜😜

    ReplyDelete
  4. ​​ညောင်က ​​Chay တာ​ပေါ့ တမင်

    ReplyDelete
  5. zawgyi လေးနဲ့ပါရေးပေးပါလားဗျ တခါတလေပဲပါလို့

    ReplyDelete
    Replies
    1. Unicode သုံးခြင်းဖြင့် ဘာသာစကား စံကို ထိန်းသိမ်းပါ #peace

      Delete
  6. ချေလိုက်တဲ့ ကြောင်တွေ 😄

    ReplyDelete

Post a Comment