ငွေကြေးတန်ဖိုးချခြင်း (Devaluation) နှင့် ငွေကြေးတန်ဖိုးကျဆင်းခြင်း (Depreciation)
ငွေကြေးတန်ဖိုး ကျဆင်းသည့် ပုံစံကို ကြည့်လျှင် ငွေကြေးတန်ဖိုးကို ချခြင်း (Currency Devaluation) နှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်း (Currency Depreciation) ဟူ၍ ကွဲပြားမှု ရှိပါသည်။ သို့ပေမယ့် ငွေကြေးတန်ဖိုးကျဆင်းသည့် သဘောကို ၎င်းအသုံးနှစ်မျိုးစလုံးဖြင့် အလဲအထပ်သုံးစွဲ ခေါ်ဝေါ်မှုများလည်း ရှိနေကြပါသည်။ ၎င်းတို့ နှစ်မျိုး စလုံးက အကျိုးသက်ရောက်မှုချင်းတော့ တူပါသည်။ သို့သော် process အားဖြင့်တော့ မတူကြပေ။ သို့သော်ငြားလည်း Devaluation ဖြစ်စေ၊ Depreciation ဖြစ်စေ ၊ ၎င်းပုံစံမျိုးရှိနေသော ကာလ၌ နိုင်ငံအတွင်းသို့ တင်သွင်းသည့် သွင်းကုန်များတို့၏ စျေးနှုန်းတွေ မြင့်တက်မှု ရှိနိုင်သည့်ဆိုးကျိုးကို ဖြစ်စေနိုင်ပြီး ပို့ကုန်များကတော့ န်ိုင်ငံတကာဈေးကွက်၌ အခြားသော နိုင်ငံများတို့၏ ကုန်စည်များတို့နှင့် ယှဉ်ရာ၌ ယှဉ်ပြိုင်နိုင်မှု အသာစီးရရှိနိုင်သည့် ကောင်းကျိုးကို ဖြစ်စေနိုင်ပါသည်။
အစိုးရက ပြည်တွင်းသုံးစွဲ ငွေကြေးကို နိုင်ငံခြားငွေကြေးများနှင့် ဖလှယ်နှုန်း ချိတ်ဆက် ဈေးဖွင့်ရာ၌ နှုန်းသေထားခြင်း စနစ် သို့မဟုတ် ထိန်းကွပ်မှုပါသော နှုန်းရှင်ထားခြင်း စနစ်ကိုကျင့်သုံးသည့် အခါ၌ Devaluation ပုံစံမျိုး ကို မကြာခဏဆိုသလို တွေ့ရှိရနိုင်ပါသည်။ ဉပမာ - 2019 ခုနှစ်တုန်းက တရုတ်နိုင်ငံဟာ အမေရိကန်နှင့် ကုန်သွယ်စစ် ဖြစ်ပွားနေသည့် ကာလအတွင်းမှာ တရုတ်၏ ပို့ကုန်များကို ယှဉ်ပြိုင်ဘက် နိုင်ငံများထက် အသာစီးရအောင် ယွမ်ငွေတန်ဖိုးကို တမင်ချမှု လုပ်ခဲ့သည်။ 2019 ဩဂုတ်လထဲ၌ ပင် တဒေါ်လာကို 6 ယွမ်မှ 7 ယွမ် ကျော် အထိရောက်ခဲ့ပြီး ယွမ်ငွေတန်ဖိုးဟာ -16.3 % အထိတောင် ကျဆင်းမှု ရှိခဲ့ပါသည်။ တရုတ်ဗဟိုဘဏ် PBOC က ဒေါ်လာနှင့် ယွမ် ဖလှယ်နှုန်းကို အဖွင့်စျေး သတ်မှတ်ပေးရာ၌ ယွမ်ငွေကို တမင်ကျအောင် သတ်မှတ်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းပုံစံကို devaluation ဟု ခေါ်ပါသည်။
အစိုးရက ပြည်တွင်း ငွေကြေးတန်ဖိုးကို နိုင်ငံခြားငွေကြေးများနှင့် ဖလှယ်နှုန်း ချိတ်ဆက်ထားရာ၌ နှုန်းရှင်ထားစနစ်ကို ကျင့်သုံးသည့်အခါ၌ Depreciation ပုံစံမျိုးကို တွေ့ရှိရနိုင်ပါသည်။ ၎င်းအနေအထားမျိုးမှာ အစိုးရ၏ ဝင်ရောက် စွက်ဖက်မှု မပါဝင်ဘဲ စျေးကွက် အတွင်း၌ ငွေကြေးတရပ်အပေါ် ရောင်းလိုအား၊ ဝယ်လိုအားတို့၏ အားပြိုင်မှုများကြောင့်သာ ငွေကြေးတန်ဖိုး၏ အရွေ့ကို ဖြစ်ပေါ်စေခြင်းလည်း ဖြစ်ပါသည်။ စျေးကွက် ထဲ၌ ငွေကြေးတရပ်ကို ရောင်းသူများလျှင် ၎င်းငွေကြေးတန်ဖိုး ကျဆင်းနိုင်သည်။ ဉပမာ - Brexit (Britain Exit) ။ 2016 ခုနှစ် ဇွန်လ တုန်းက ဗြိတိန်က ဉရောပ သမဂ္ဂကနေ နုတ်ထွက်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ၌ ထွက်ခွာမဲ က အသာစီးရရှိခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးဟာ -15% လောက် အထိ ထိုးစိုက်ကျဆင်းမှု ရှိခဲ့ပါသည်။ ၎င်းဖြစ်စဉ်မျိုးမှာတော့ ငွေကြေး စျေးကွက်ထဲမှာ စတာလင်ပေါင်ကို အရောင်းထိုင်မှုတွေ တိုးမြင့်ခဲ့ခြင်းကြောင့် စတာလင်ပေါင် တန်ဖိုး ကျဆင်းခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်း ပုံစံကိုတော့ depreciation ပုံစံဟု ခေါ်နိုင်ပါသည်။
#NangKhamThiriOo
5 Sept 2021
#NangKhamThiriOo
5 Sept 2021




Would be nice if u explained more than this.Still, thz.
ReplyDeletegood.
ReplyDelete