Disadvantages of using cellphone at night




ကျွန်တော်တို့ ဦးနှောက်ဟာ နေ့လည်ဘက်တွေမှာ သတင်းအချက်တွေစုဆောင်းရ၊ အသုံးပြုရလုပ်ဖို့ကို Non-stop လုပ်နေရ‌တာကြောင့် ညဘက်မှာ ကောင်းကောင်းအနားပေးဖို့ လိုအပ်ပါတယ်။ ထိုနည်းတူပဲ ကျွန်တော်တို့ရဲ့ ဟန်းဖုန်းတွေကိုလဲ တစ်ချိန်ထဲမှာ အနားပေးဖို့လိုအပ်ပါတယ်။ "အဲ့တာကိုမှ မနေနိုင်ပါဘူး ဆက်သုံးချင်တယ်" ဆိုရင်တော့ သင့်ကျန်းမာရေးကို ဘယ်လိုဒုက္ခပေးနိုင်တာကို အရင်ဖတ်ကြည့်စေချင်ပါတယ် ။ 

Blue Light is harmful to your eyes. 



ကျွန်တော်တို့ရဲ့ အိပ်ချိန်၊နိုးချိန်စက်ဝန်း(circadian rhythm)ကို melatonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကပုံမှန်ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ Phone screen၊ computer screen တွေက ထုတ်လွှတ်တဲ့ အပြာရောင် ရောင်ခြည်တန်းတွေဟာ melatonin ထုတ်လုပ်မှုကိုအဟန့်အတားဖြစ်စေပါတယ်။ဒါကြောင့် ညဘက်မအိပ်ပဲဖုန်းသုံးခြင်းက ကျွန်တော်တို့ရဲ့ circadian rhythm ကိုကမောက်ကမဖြစ်စေပြီး ဖုန်းမသုံးပဲနေတဲ့ညတွေမှာတောင် တော်ရုံနဲ့မအိပ်ချင်ပဲမျက်စိကြောင်နေတာမျိုး၊ အချိန်လုံလုံလောက်လောက်အိပ်ပြီးရင်တောင် နိုးကြားမနေပဲ အိပ်မြဲအိပ်ချင်နေတာမျိုး စတဲ့ဆိုးကျိုးတွေဖြစ်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖုန်း Screen ကထွက်တဲ့ အပြာရောင် ရောင်ခြည်‌တန်းတွေက သင့်ရဲ့ မျက်ကြည်လွှာကိုကောင်းကောင်းကြီး ဒုက္ခပေးနေနိုင်ပါသေးတယ်။ 

Increase alertness at night 



သင်ကအိပ်ရမဲ့ အချိန်မှာ အလုပ်ကပို့တဲ့ email ဖြစ်ဖြစ် (သို့မဟုတ်) Facebook သုံးနေခြင်းက သင့်ရဲ့ စိတ်ကို Trick လုပ်ပြီး နိုးကြားနေတယ်ထင်ရစေပါတယ်။ Facebook မှာ Scroll တစ်ချက်လုပ်နေတဲ့ အချိန်တိုင်း သင့် Brain က နေ့လည်ဘက်အလုပ်လုပ်နေတယ် အမှတ်နဲ့ သင့်ကိုမျက်စိကြောင်အောင်လုပ်ပြီး ‌အိပ်မရအောင် လုပ်နိုင်ပါသေးတယ်ဗျာ။ 

Compromises alertness the next morning



အဲ့ဒီလိုညဘက်တွေမအိပ်ပဲ Email ကြိုစစ်တာတွေ ၊ Facebook သုံ‌းနေတာတွေက သင့်ကို နောက်နေ့မနက် အလုပ်မှာ အာရုံစိုက်မရတာမျိုးတွေဖြစ်စေပါတယ်။ Coffee တစ်ခွက်သောက်ပြီး နိုးကြားအောင်လုပ်တာဆိုတာ ကျန်းမာရေးအတွက်လဲ မသင့်တော်သလို ရေရှည်ဆိုရင် ဆီးချိုရောဂါပါ အဆစ်ရနိုင်ပါသေးတယ် ။ အဲ့တာကြောင့် သူ့အချိန်နဲ့ သူအလုပ်လုပ် ၊ ပုံမှန်အိပ်စက်ပြီး နောက်တစ်နေ့အတွက် ကောင်းစွာအားမွေးပြီး အလုပ်လုပ်တာမျိုးက သင့်ကိုပိုအကျိုးရှိစေမှာပါ။ 


Reduces total amount of REM sleep



အိပ်စက်နေစဉ်မှာ ဖုန်းကိုဘေးနားထားတာမျိုးတွေလဲ မလုပ်ပါနဲ့ ။ ဖြစ်နိုင်မယ်ဆိုရင် ဖုန်းကို "do not distrub" mode or Silent ဖြစ်ဖြစ်လုပ်ပြီး အိပ်ရာ၀င်ခြင်းက ဖုန်းမှ Notification ၊ Email မြည်သံတွေ ၊ ဖုန်း Screen လင်းလာခြင်းတွေမှ ကင်းဝေးစေပြီး သင့်ကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ 

အဲ့တာဆို သင့်အနေနဲ့ ပြောစရာရှိမှာပါ "ဒါဆိုမအိပ်ခင် ဖုန်းမသုံးပဲဘာလုပ်နေရမလဲဆိုတာပေါ့ " အဲ့အတွက် ကျွန်တော် ညမအိပ်ခင်ဘာတွေလုပ်ရမလဲနဲ့ အနှောက်ယှက်ကင်းကင်းနဲ့ ကောင်းစွာအိပ်ပျော်နိုင်ဖို့ အချက်လေးတွေထည့်ပေးထားပါတယ် ။

Tips 

မအိပ်ခင် မိနစ် ၃၀ အလိုကတည်းက Electronic Device တွေနဲ့ ဝေးဝေးနေပါ ။ 


National Sleep Foundation အဖွဲ့မှ သင့်ရဲ့ဖုန်းရော ၊ တခြား Elctronic Devices တွေကိုပါ မအိပ်ခင် မိနစ် ၃၀ အလိုမှာ မကိုင်ဖို့ အကြံပြုထားပါတယ်။ အဲဒီ့အစား စာအုပ်တစ်အုပ်ကိုဖတ်မယ် ဆိုပါက သင့်ကိုခဏလေးအတွင်း အိပ်မောကျ‌စေလာမှာဖြစ်ပြီး နောက်နေ့မနက်မှာ အရမ်းလန်းစွမ်းတက်ကြွနေတာကို တွေ့ရမှာပါ။ 

စာကြွင်း : စာအုပ်အဟောင်းဆိုပိုကောင်းပါတယ် ၊ အသစ်ဆိုသင့်ကို စွဲဆောင်ပြီး ညမအိပ်ပဲ ဆက်ဖတ်နေချင် နေပါလိမ့်မယ် ။ 

ဖုန်းကိုမအိပ်ခင် အခြားအခန်းတစ်ခုမှာထားပါ။


ဖုန်းကို မီးဖိုချောင်ဖြစ်ဖြစ် ၊ ဧည့်ခန်းထဲမှာ ဖြစ်ဖြစ်အားသွင်းပြီး ထားထားခြင်းက သင့်ကို ဖုန်းကိုင်ချင် စိတ်လျှော့ပါးစေမှာပါ။ သင့်အနေနဲ့ အရေးကြီးဖုန်းတွေ လွတ်သွားမှာစိုးရင်လဲ အရေးကြီးတဲ့သူတွေကို Ringtone တစ်ခုထားပြီး အိပ်ရာနဲ့ မလှမ်းမကမ်းနေရာလောက်ထားပြီး အိပ်စက်ခြင်းကလဲ မအိပ်ခင်ဖုန်းသုံးမိချင်းက ဟန့်တားပေးနိုင်ပါတယ်။

Ref : https://www.sclhealth.org/blog/2019/09/why-it-is-time-to-ditch-the-phone-before-bed/#:~:text=Blue%20light%20is%20harmful%20to,wake%20up%20the%20next%20day.

Comments

  1. 10နာရီလောက်အိပ်လည်း အိပ်ရေးမဝတာ ဒါ့ကြောင့်ကို

    ReplyDelete
  2. This article enlightens me of trying to get out of phone-using addiction.

    ReplyDelete
  3. ကျေးဇူးပါအကို

    ReplyDelete
  4. အမှောင်ထဲမှာဖုန်းသုံးရင်းဖတ်သွားသည်

    ReplyDelete
  5. အကြံထပ်ပေးရရင် ည ၈ နာရီ
    ကျော်တာနဲ့ ဖုန်းအားမသွင်းနဲ့တော့
    အိပ်ခါနီးကျ ဖုန်းအားကုန်နေတော့
    ဖုန်းမကိုင်ချင်တော့ပဲနေမှာ

    ReplyDelete
  6. ကိုယ်တွေကညဇီးကွက်ဖြစ်နေတာ အဲ့တာကြောင့်မနက်မှအိပ်ပြီးညမှထတော့လူကအားမရှိသလိုလို နုံးသလိုလိုဖြစ်နေတာ

    ReplyDelete
  7. phone ကို ညဉ့်နက်တဲ့အထိသုံးလို့လည်းစော်မ၇ပါဘူး
    စောစောပိပ်ကြပါ

    ReplyDelete
  8. ကျန်းမာရေး ဂရုစိုက်ကြပါ

    ReplyDelete
  9. Minminရေ blue light က မျက်လုံးထိခိုက်တာဆိုတော့ တစ်ချို့ဖုန်းတွေပါတဲ့ featureလေးဖြစ်တဲ့ brightness ကိုcool mode နဲ့ warmth modeလေး ပြောင်းလို့ရတာလေးရှိတယ်လေ.အဲwarmth mode က screenကို ဝါကျင်ကျင်လေးဖြစ်သွားစေတယ်.settingထဲမှာတော့ မျက်လုံးထိခိုက်တာလျော့စေတယ်ပြောပေမယ့် တစ်ကယ်လျော့မလျော့ သိချင်လို့ပါဗျ.ဖြစ်နိုင်ရင် ဒီအကြောင်းလည်း စာပြုပေးပါဦး❤

    ReplyDelete
  10. ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  11. အဲ့လိုလေးတွေဖတ်ရတာကြိုက်တယ်

    ReplyDelete
  12. ဖုန်းသုံးသံုးမသုံးသံုးစောစောမအိပ်တတ် တာခက်တယ်
    မအိပ်ချင်တော့ဖုန်းသုံးနေလိုက်‌ေတာ့တာ😔

    ReplyDelete
  13. အိပ်ရေးမဝတဲ့အကြောင်းသိပြီ💙

    ReplyDelete
  14. ဖုန်းမသုံးလည်း အိပ်လို့ကိုမရတာ 😑

    ReplyDelete
  15. Thank you for your article. It gives me a lot of health knowledge

    ReplyDelete
  16. Blue light filter ကိုonပြီးသုံးပါတယ်၊ Melatonin 2mgလည်းသောက်အိပ်ရပါတယ် 😅

    ReplyDelete
    Replies
    1. ဆေးလည်းမသောက်တော့ဘူး
      Night owl ဖြစ်နေတုန်းပဲ

      Delete
  17. ဒီချိန်မှာတော့ Clickနေတာနဲ့ စောစောကို မအိပ်နိုင်တာ ကျန်းမာရေးအတွက်ကော Sharing လုပ်ပေးတာ ကျေးဇူးတင်ပါတယ်😍😘

    ReplyDelete
  18. ကောင်းပီ ခလေးကိုသွားဆူလိုက်အူးမယ်😁😁

    ReplyDelete
  19. ခုကတော့ click နေတာနဲ့စော"မအိပ်ဖြစ်ဘူးဗျ😅
    Anyway thanks for sharing

    ReplyDelete

Post a Comment