ငါးနဂါး သို့မဟုတ် ကံကောင်ခြင်းကိုယူဆောင်လာသောငါး (Dragon fish or Lucky fish)





Lucky fish သို့မဟုတ် dragon fish လို့ခေါ်ကြတဲ့ Asian Arowana ငါးတေဟာရေချိုငါးမျိုးစိတ်‌ဖြစ်ပြီး အရှေ့တောင်အာရှတစ်ဝိုက်မှာဖြန့်ကျက်တွေ့ရှိကြရပါတယ်။ 



စိုစွတ်တဲ့နယ်မြေတွေတောတောင်စမ်းချောင်းတေရေချိုကန်တေနဲ့ရေစီးဆင်းမှုနှေးတဲ့မြစ်ချောင်းတွေမှာအများဆုံးကျက်စားကြပါတယ်။Arowana ငါးတေဟာနေ့အချိန်ကိုရေမှော်ပင်ကျောက်တုံးများကြားမှာအကာအကွယ်ယူရင်းကုန်ဆုံးကြပြီးညဖက်ရောက်မှသာအစာရှာထွက်လေ့ရှိကြပါတယ်။အရွယ်ရောက်လာတဲ့ Arowana ငါးတေဟာငါးသေးလေးတေပုစွန်လေးတေကိုအစာအဖြစ်နဲ့စားသုံးကြပီးငါးသားပေါက်တေကတော့ insects တေကိုအဓိကစားသုံးကြပါတယ်။ 



အခြားငါးမျိုးစိတ်တေနဲ့မတူပဲ Asian Arowana ငါးတေဟာအရွယ်ရောက်နောက်ကျကြပီးစတင်ပေါက်ဖွားချိန်မှစပီး 3-4 နှစ်ကြာမှသာအရွယ်ရောက်ကြပါတယ်။ ငါးမဟာဥ 30 ကနေ 100 ထိဥလေ့ရှိပီးအခြားငါးမျိုးစိတ်ရဲ့ဥတေနဲ့ယှဉ်ရင်သိသိသာသာပိုကြီးမားလေ့ရှိပါတယ်။မျိုးအောင်ပြီးဥများကိုအထီးကအာခေါင်တွင်ငုံထားပီးသားပေါက်စေသည်။သားပေါက်ပီးငါးသားပေါက်များသန်သန်စွမ်းစွမ်းရေကူးနိုင်သည်အထိဆက်၍ငုံထားပါတယ်။ 5 ပတ်မှ 6 ပတ်အထိငါးသားပေါက်များကိုငုံထားရသောအထီး၏မေးရိုးသည်ဖောင်းကားနေတတ်ပြီးအစာလဲလုံးဝစားလေ့မရှိပါ။



Arowana ငါး၏အကြေးခွံများ


Asian Arowana ငါးတစ်ကောင်သည် 70 စင်တီမီတာကျော်ထိကြီးထွားနိုင်ပီးကြီးမားလှပတဲ့အကြေးခွံများအတန်းလိုက်ပါရှိပါသည်။အရောင်အသွေးအားဖြင့်လဲစုံလင်လှပီးအစိမ်းရောင်ကတော့အတွေ့အများဆုံးအရောင်ဖြစ်ပါတယ်။ရွှေရောင်အနီရောင်ငွေရောင်စသည်ဖြင့်အမျိုးမျိုးရှိကြပြီးအကြေးခွံရောင်ကိုလိုက်၍ဈေးများလဲကွာခြားကြပါတယ်။ရွှေရောင် Arowana တွင်အကြေးခွံ့များသည်ရွှေရောင်တောက်နေသဖြင့်ငါးကိုရွှေချပ်များကပ်ထားသည့်နှယ်မြင်တွေ့ကြရသည်။အနီရောင် Arowana ငါးများတွင်လဲ ငါး၏ကိုယ်ထည်တွင်ပတ္တမြားစီခြယ်ထားသည်နှင့်တူပေသည်။



Green Asian Arowana


Asian Arowana ငါးတေဟာကံကောင်းခြင်းနှင့်အောင်မြင်ချမ်းသာခြင်းရဲ့သင်္ကေတဖြစ်တယ်လို့အာရှရိုးရာယဉ်ကျေးမှုတေအရယုံကြည်ကြပါတယ်။ဒီယုံကြည်မှုတွေဟာ တရုတ်ရိုးရာနဂါး မှဆင်းသက်လာခြင်းဖြစ်ပြီးကြီးမားလှပတဲ့အကြေးခွံတေနဲ့ပါးစပ်မှထိုးထွက်နေတဲ့အတောင်2ချောင်းဟာနဂါးမျိုးနွယ်တေရဲ့လက္ခဏာအဖြစ်သတ်မှတ်ကြပါတယ်။ Asian Arowana ငါးဟာပိုင်ရှင်၏သေဆုံးခြင်းကိုသူကိုယ်တိုင်သေဆုံးခြင်းနဲ့လဲလှယ်ပီးပိုင်ရှင်အားကယ်တင်ပေးနိုင်တယ်လို့လဲအယူရှိကြပါတယ်။



Comments

Post a Comment