Goli and Miya (အပိုင်း ၉)
အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx
အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi
အခန်း ၅ ဖတ်ရန်_ https://bit.ly/3DpCYdW
အခန်း ၆ ဖတ်ရန်- https://bit.ly/3zz6Yla
အခန်း ၇ ဖတ်ရန်- https://bit.ly/3mN7t7v
အခန်း ၈ ဖတ်ရန်- https://bit.ly/3DIkXHK
အခန်း(၉)
“ဂျီတ မင်းအခုလို ပြန်နေကောင်းလာတာကို မြင်ရတာ ငါအရမ်း ဝမ်းသာတယ်ကွာ။”
ဖိုဘေ ၏ အားပေးစကားနှင့် ပြုံးရွှင်နေသောအပြုံးတို့မှာ အားတက်ချင်စရာအလွန်ကောင်းလှ၏။သို့ပေမယ့်လည်း...။
“ငါ...ငါ...သွေးနတ်ဘုရားအစွမ်းကို ဘယ်တော့မှသုံးလို့မရတော့ဘူးကွ။”
ဂျီတအဖို့ စိတ်ဓါတ်ကျခြင်းမှာ ဆွဲတင်ဖို့ပင် ဖြစ်နိုင်လေသလား။မပြောနိုင်ပေ။နတ်များအဖို့ ၎င်းတို့ရွေးချယ်ထားသော တန်ခိုးစွမ်းအင်များမှာ ၎င်းတို့၏အသက်တမျှ အရေးကြီးကြ၏။ကိုယ်ခန္တာတွင် ထိခိုက်၊ကျိုးပဲ့လျှင် ပြန်ကောင်းဖို့ မခက်ခဲပေ။သို့သော် တန်ခိုးစွမ်းအင်ဆုံးရှုံးသွားသော နတ်ကား ဒုက္ခိတဖြင့် မခြားတော့ချေ။
“ဂျီတ။”
ဖိုဘေက ခေါ်သော်လည်း ဘာမှပြန်မဖြေ မှုန်မိုင်းဆိတ်ငြိမ်လျက် တွေဝေနေဟန်တူလှသည်။တော်တော်ကြာမှ ဂျီတက
“ငါ အိပ်ချင်နေပြီ။ပြန်ပါတော့။”
“ဂျီတ...ငါမင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်။”
ဖိုဘေက ပြောနေသလောက် ဂျီတက သိပ်ဂရုစိုက်ပုံမရချေ။
‘ငှက်လေးတွေက တောင်ပံကျိုးသွားရင် မပျံနိုင်တော့ဘူး။သို့ပေမယ့် အဲ့ငှက်တွေက စိတ်ညစ်တာနဲ့ပဲ သားရဲတွေပါးစပ်ထဲ ခုန်ဆင်းပြီး သေလိုက်တယ်ဆိုတာမျိုးမမြင်ဖူးဘူးတဲ့။ပြန်ကောင်းလာမှာပါ ဆိုတဲ့မျှော်လင့်ချက်ကိုသာ အမြဲဆုပ်ကိုင်ထားပြီးပဲ ဆက်လက်နေထိုင်သွားကြတယ်တဲ့။”
“လူတွေဟာလည်းပဲ အိုနာကျိုးကန်းဖြစ်သွားသည့်တိုင်အောင် သူတို့ ဘဝမှာ အစွမ်းရှိသမျှ ဆက်လက်ရပ်တည်နေထိုင်သွားတယ်။တချို့ကတော့ အရှုံးပေးသွားတတ်ကြပေမယ့် အရှုံးမပေးတဲ့သူကသာ ဆက်လက်ရပ်တည်နိုင်သွားကြတာပဲ။”
‘မင်းမှန်ပါတယ်။”
ဂျီတက ရုတ်တရက် ကြားဖြတ်ကာပြော၏။
“အဲ့ဇာတ်နိမ့် အနွယ်ဝင်တောင် အရှုံးမပေးပဲနေနေတာပဲ ငါက နတ်တစ်ပါးဖြစ်နေပြီး အရှက်မရှိဘူးလို့ မင်းလှောင်ချင်တာမလား။”
ဂျီတက ဒေါသတကြီးဖြင့်ပြောလိုက်သော်ငြား ဖိုဘေကပြုံးလျက်သာ
“အဟုတ်ပဲကွ၊မင်းရှက်သင့်တယ်။ဒါကြောင့် အဲ့သွေးနတ်ဘုရားအစွမ်းအကြောင်းကို ခေါင်းထဲက မြန်မြန်ထုတ်လိုက်တာကောင်းမယ်။”
“မင်းနားမလည်ပါဘူး။မင်းက အစွမ်းမှ မဆုံးရှုံးလိုက်ရတာကို။အဲ့တော့ ငါ့ကို အားပေးစကားပြောသလိုလို လုပ်နိုင်တာပေါ့။”
ဂျီတက ခတ်ဆတ်ဆတ်ထပ်ပြောလိုက်ပြန်သည် သို့သော် ဖိုဘေက
“ဟုတ်တယ်။ငါနားမလည်ဘူး။၊စောက်ဂရုလည်းမစိုက်ဘူးကွ။”
ဂျီတက ကောက်ခါငင်ကာဖြင့် ထလာပြီး
“ဘာလားကွ၊ဘာလို့ ဇာတ်နိမ့်တွေသုံးတဲ့ အရိုင်းအစိုင်း စကားလုံးကို သုံးတာတုန်းကွ။”
“ဟေ့ကောင် ဂျီတ မင်းစဉ်းစားစမ်းပါဦးကွ။ငါတို့ နတ်တွေဆိုတာ လူတွေထက်အသက်ရှည်ချင်ရှည်မယ်။လူတွေ ကိုးကွယ်တာခံရချင်ခံရမယ်။ဒါပေမယ့် ငါတို့လည်းပဲ လူတွေလို အချိန်တန်တော့ သေသွားတာပါပဲကွ။”
‘နတ်သက်ကြွေတာပါဟ။”
ဂျီတက ကြားဖြတ်ပြောလိုက်သည် သို့သော် ဖိုဘေက
“သေတယ်ပြောပြော နတ်သက်ကြွေတယ်ပြောပြော စကားလုံးသာကွာတာပါကွာ ဘာမှလည်းမထူးဘူး။ပြောရရင် ငါတို့က အဲ့ဇာတ်နိမ့်လို့ ခေါ်ဆိုခံရတဲ့ လူတွေထက် ဘာတွေထူးနေလဲ။လေပေါ်ပျံနိုင်နေလို့လား။အစွမ်းတွေရှိနေလို့လား။လူတွေနေတဲ့ ဒီကမ္ဘာတွေ တခြားဂြိုလ်တွေကို စောင့်ရှောက်နေရလို့လား။”
ဂျီတကား ရုတ်တရက်ဖြစ်လေသောကြောင့် ဘာပြောရမည်မသိဖြစ်နေလေသည်။သို့သော် ဖိုဘေက ဆက်လက်၍
“ငါတို့လည်း သူတို့လိုပဲ အချင်းချင်းသတ်ကြ၊စစ်ပွဲတွေဖြစ်ကြတယ်၊ငါတို့လည်း သူတို့လိုပဲ နာတတ်ကျင်တတ်ကြတယ်။ငါတို့လည်း သူတိူ့လိုပဲ သေတတ်ကြတယ်။”
“ဒါပေမယ့် ဂျီတ။မင်းအခု ဘာကိုခံစားနေရလဲ။”
“ဟမ်။”
ဂျီတက နားမလည်စွာနှင့် ကြောင်အမ်းအမ်းဖြစ်သွား၏။
“မင်းအစွမ်းတွေ မရှိတော့လို့ ဒီလူတွေ မင်းဇာတ်နိမ့်တွေဆိုပြီး ခေါ်နေတဲ့ သူတွေနဲ့တူသွားမှာကို ဝမ်းနည်းနေတာလား။”
ဖိုဘေ၏အမေးကား မှန်နေရှာလေသည်။
“ငါပြောချင်တာကတော့ကွာ အစကတည်းက ဘာမှထူးပြီး ကွာမနေဘူး။မင်းဘာသာမင်း လေပေါ်ပျံနေနိုင်လည်း အဆုံးကျ သေမှာပဲ။အစွမ်းတွေရှိရှိမရှိရှိ သေမှာပဲ။ဂုဏ်သိက္ခာတွေ ရှိနေလည်း မသေပဲ မနေဘူး။”
ဂျီတ အံ့ဩမိသည်။ဖိုဘေကား ဤအတွေးတွေ ဘယ်ကတည်းကရှိနေခဲ့သနည်း၊သူဆိုလျှင် တွေးပင်မတွေးဖူးမည့် အတွေးတွေ။ဤအတွေးတွေကြောင့် အခြားနတ်များက သူ့အား အရုးဟုခေါ်ကြခြင်းဖြစ်ပေမည်ဟု သူတွေးမိသည်။
“အဆုံးကျသေမယ့် ဘဝမှာ မင်းက ဘာကိုများ အထူးတလည် ဖြစ်စေချင်နေသေးတာလဲ ဂျီတ။”
ဂျီတကား ပြောစရာစကားမရှိချေ။အခြားနတ်များနည်းတူ သူလည်းပဲ အစွမ်းတွေ၊ဂုဏ်သိက္ခာများအပေါ် အရေးထားသည်။အခြားနတ်များနည်းတူ ထိုအရာများကို ထိန်းသိမ်းရင်း အချိန်အကြာကြီး ရှင်သန်မည်ဟု တွေးသည်။သို့သော် ဖိုဘေကား ထိုသို့နည်းနည်းမှ တွေးသည့်ပုံမရချေ။၊သူတွေးပုံကား မည်သည့် နတ်မှတွေးမည်မဟုတ်သော အတွေးမျိုးဖြစ်သည်။
“ငါတို့နတ်တွေကို လူတွေက ဘာလို့ ကိုးကွယ်လည်းသိလား။ငါတို့မှာ သူတို့ကိုစောင့်ရှောက်နိုင်တဲ့ အစွမ်းတွေရှိကြလို့ကွ။ငါတို့က မြင့်မြတ်နေလို့ သူတို့က ကိုးကွယ်နေတာ မဟုတ်ဘူးကွ။သူတို့က ငါတို့ကို ကာကွယ်ပေးနိုင်လောက်တဲ့ အစွမ်းရှိကြတယ်ဆိုတာ ယုံကြည်လို့ ကိုးကွယ်ကြတာကွ။”
“ငါကတော့ ငါတို့ကို ကိုးကွယ်တဲ့သူတွေကို ယုံကြည်တဲ့သူတွေ စောင့်ရှောက်ပေးနိုင်ဖို့သာ အစွမ်းတွေတန်ခိုးတွေကို သင်ကြားလေ့ကျင့်နေရတာလို့ပဲတွေးတယ်။”
“ဒီတော့ကွာ မင်းအနေနဲ့ အစွမ်းတစ်ခု ဆုံးရှုံးသွားတာအပေါ်မှာ ငါကဇာတ်နိမ့်တွေနဲ့တူသွားပြီဆိုပြီး ငိုတာဟာ ငါတို့ကို ကိုးကွယ်သူတွေကို စော်ကားနေတာကွ။မင်းငိုရင် သူတို့အပေါ် တာဝန်မကျေဖူးဆိုတဲ့အတွေးနဲ့သာ ငိုသင့်တာကွ။”
ဂျီတကား ဖိုဘေကိုကြည့်ရင်း
“ဒီကောင် ဇာတ်နိမ့်တွေအပေါ်ကို တကယ်ကြီး ကာကွယ်ဖို့ နတ်ဖြစ်နေတာလို့ တွေးနေတာပဲ။
ငါတို့အားလုံးဟာ လူတွေထက် မြင့်မြတ်နေလို့ နတ်ဖြစ်နေတာလို့ တွေးကြတယ်။သူကတော့ လူတွေက ယုံကြည်ကြလို့ သူ့မှာ တာဝန်ရှိတယ်လို့သာတွေးတယ်။
ငါတို့ကတော့ လူတွေကို ကရုဏာထားပြီး ကာကွယ်နေတာလို့ ကိုယ့်ကိုယ်ကို အမွှန်းတင်နေကြတယ်။သူကတော့ ကာကွယ်ဖို့ တာဝန်ရှိလို့သာ အစွမ်းတွေနဲ့ နတ်တစ်ပါးဖြစ်လာတယ်လို့ တွေးနေတယ်။ထူးဆန်းလှပါရဲ့။”
ထိုနေ့ညက ဂျီတ အိပ်မရချေ။ဖိုဘေပြန်သွားသည့် တိုင်အောင် ဖိုဘေပြောခဲ့သော စကားများမှာ နားထဲပြန်ကြားနေမိသည်။အများကြီးပြောသွားသည်ဖြစ်သော်လည်း စိတ်ထဲ၌မူ အားလုံးကို လုံးစေ့ပတ်စေ့ မှတ်မိနေသည်သာဖြစ်သည်။
အိပ်၍မရလေသည့် အဆုံး၌ လသာဆောင်သို့ ထွက်ကာ ရှု့ခင်းကြည့်မည်ဟူ၍ ထလာလေသည်။ဖိုဘေပြောသော စကားများမှာ မှန်သညဟုလည်း ခံစားရသည် တစ်ချိန်ထဲမှာပင် လက်ခံနိုင်ခြင်းလည်း မရှိလေပေ။သူမှမဟုတ် မည်သည့်နတ်ကမှ သူ၏စကားများကို လက်ခံလိမ့်မည် မဟုတ်ချေ။အားလုံးကား ကိုယ့်ကိုယ်ကို မြင့်မြတ်သည်မှတ်နေကြသည်သာဖြစ်လေသည်။
“မင်းနာကျင်နေရလား။”
ဂျီတထိတ်လန့်စွာဖြင့် ဘေးကိုကြည့်လိုက်သည်။ဘေးပတ်ဝန်းကျင်၌ မည်သူမှမရှိချေ။
“မင်း...သည်းမခံနိုင်ဖြစ်နေလား။ဒေါသထွက်နေလား။”
ဂျီတကား အသံဘယ်ကလာသည်ကိုမသိလေသောကြောင့် ထိန့်လန့်ခြင်းကြီးစိုးသွာလေသည်။
“ဘယ်...ဘယ်သူလဲ။ထွက်လာခဲ့ပါ။ဘယ်ကနေပြောနေတာလဲ။”
“ဟင်...။ဪ...ငါမေ့သွားတယ်။ငါက မင်းသုံးလိုက်တဲ့ သွေးမိစ္ဆာအစွမ်းနဲ့ စုပ်ယူခံလိုက်ရတဲ့ မိစ္ဆာဝိဉာဉ်လေ။”
ဂျီတက ထိတ်လန့်စွာဖြင့်
“ဘာတွေပြောနေတာလဲ။ဘယ် သွေးမိစ္ဆာအစွမ်းလည်း ကျွန်တော်မသိဘူး။”
ထို မိစ္ဆာဝိဉာဉ်ဆိုသူက ဆက်လက်၍
“နားထောင်စမ်း။ငါက မင်းကိုယ်ထဲမှာဖြစ်သွားပြီဆိုတော့ မင်းကိုအလုပ်အကျွေးပြုဖို့ တာဝန်ရှိသွားပြီ။မင်းက ဒီသွေးနတ်ဘုရားအစွမ်းဆိုတာကို ပြန်သုံးလို့ရချင်တယ်မလား။ငါမင်းကို စွမ်းအားအကြီးဆုံးဖြစ်တဲ့အထိ လုပ်ပေးနိုင်တယ်။ငါ့ကိုမင်းရဲ့ ကိုယ်တွင်းဝိဉာဉ်ထဲသာပေးဝင်လိုက်။”
“ဟင့်အင်မဝင်နဲ့။ကျုပ်ကိုယ်ထဲက ထွက်သွား။”
ဂျီတက ကြောက်လန့်တကြားအော်ဟစ်လေ၏။
“ငါ့ကိုနှင်ထုတ်လို့မရဘူးကွ။ငါကမင်းကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ။”
“ဟင့်အင်။မဟုတ်ဘူး။မင်းက မိစ္ဆာ။နတ်တစ်ပါးကိုယ်ထဲဝင်လို့မရဘူး။ထွက်သွားကွ။၊”
ပြောရင်းဆိုရင်း လသာဆောင်မှ လက်ရန်းအကာပေါ်မှီလိုက်ရာ နောက်လန်ကျမတတ်ဖြစ်သွား၏။ထို့နောက် အောက်ကိုကြည့်နေလေရာ
“ဪဪ။သတ်သေမှာလား။နတ်တွေက လူတွေလို ပြုတ်ကျတာနဲ့ သေတတ်လို့လားကွ။”
ဂျီတက
“နတ်တစ်ပါးက မိစ္ဆာနဲ့တော့ အတူတွဲပြီး အသက်ရှင်နေလို့မရဘူးကွ။”
ပြောရင်း ခုန်ချလိုက်ရာ အောက်သို့အကျတွင် သွေးတွေထွက်လာပြီး ခေါင်းတွေ ချာချာလည်ကုန်၏။
“ကိုင်း...။မင်းလုပ်ချင်တာ လုပ်ပြီးသွားရင် ငါပြောမယ်ကွာ။ငါမင်းသူငယ်ချင်းပြောတာကို နည်းနည်းတော့ သဘောတူသကွ။နတ်တွေက ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတော့ တခြားသူဆိုရင် မတူမတန်ဘူး သိပ်သဘောထားကြတယ်ကွ။ဒီတော့ကွာ ငါကတော့ မင်းလိုချင်တဲ့အစွမ်းတွေကို ပေးနိုင်တယ်။ခွန်အားကြီးတဲ့သူဖြစ်လာအောင် ဘုရင်တစ်ပါးပါဖြစ်လာအောင် လုပ်ပေးနိုင်တယ်။နတ်တစ်ပါးက အစွမ်းရှိရင် ဘာမဆိုဖြစ်နိုင်တယ်ကွ၊”
ဂျီတက သွေးများကို ပါးစပ်မှ အန်ထုတ်ရင်း မေး၏။
“ကျွန်တော် တကယ်ပဲ သွေးနဲ့ပတ်သက်တဲ့ အစွမ်းကိုပြန်ရမှာလား။”
ထိုမိစ္ဆာဝိဉာဉ်က
“မေးနေစရာလိုလားကွာ။မင်းက အတော်ဆုံး သွေးအစွမ်းသုံးသူဖြစ်လာစေရမယ်။”
ဂျီတက သွေးအလိန်းလိန်းဖြင့် ထကာ
“ဒါဆို လက်ခံတယ်။”
ထိုမိစ္ဆာဝိဉာဉ်က ရယ်မောရင်း ဂျီတ၏အတွင်းဝိဉာဉ်ထဲဝင်သွားလေသည်။ထို့နောက် ဂျီတ၏ မျက်စိ၊နားရွက်၊ပါးစပ်နှင့် နှာခေါင်သို့မှသွေးများ ဆက်တိုက်စီးဆင်းလာလေသည်။ထို့နောက် တစ်ကိုယ်လုံး အကြောများမှာ တင်းသွားပြီးထောင်ထွက်နေလေသည်။ထို့နောက်သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ် ဟိန်းဟောက်လေတော့သည်။
ထိုညကား လမင်းမှာ ခပ်မှိန်မှိန်သာ အလင်းပေးနိုင်ပြီး တိတ်ဆိတ်လျက်။သို့သော် ထိုတိတ်ဆိတ်ခြင်းမှာ သားရဲတစ်ကောင်နှင့်တူသော မာန်ဖီသံ၏ ဖြိုခွင်းခြင်းကို ခံလိုက်ရလေတော့သည်။
(zawgyi)
အခန္း(၉) “ဂ်ီတ မင္းအခုလို ျပန္ေနေကာင္းလာတာကို ျမင္ရတာ ငါအရမ္း ဝမ္းသာတယ္ကြာ။” ဖိုေဘ ၏ အားေပးစကားႏွင့္ ျပဳံးရႊင္ေနေသာအျပဳံးတို႔မွာ အားတက္ခ်င္စရာအလြန္ေကာင္းလွ၏။သို႔ေပမယ့္လည္း...။ “ငါ...ငါ...ေသြးနတ္ဘုရားအစြမ္းကို ဘယ္ေတာ့မွသုံးလို႔မရေတာ့ဘူးကြ။” ဂ်ီတအဖို႔ စိတ္ဓါတ္က်ျခင္းမွာ ဆြဲတင္ဖို႔ပင္ ျဖစ္နိုင္ေလသလား။မေျပာနိုင္ေပ။နတ္မ်ားအဖို႔ ၎တို႔ေရြးခ်ယ္ထားေသာ တန္ခိုးစြမ္းအင္မ်ားမွာ ၎တို႔၏အသက္တမၽွ အေရးႀကီးၾက၏။ကိုယ္ခႏၲာတြင္ ထိခိုက္၊က်ိဳးပဲ့လၽွင္ ျပန္ေကာင္းဖို႔ မခက္ခဲေပ။သို႔ေသာ္ တန္ခိုးစြမ္းအင္ဆုံးရႈံးသြားေသာ နတ္ကား ဒုကၡိတျဖင့္ မျခားေတာ့ေခ်။ “ဂ်ီတ။” ဖိုေဘက ေခၚေသာ္လည္း ဘာမွျပန္မေၿဖ မႈန္မိုင္းဆိတ္ၿငိမ္လ်က္ ေတြေဝေနဟန္တူလွသည္။ေတာ္ေတာ္ၾကာမွ ဂ်ီတက “ငါ အိပ္ခ်င္ေနၿပီ။ျပန္ပါေတာ့။” “ဂ်ီတ...ငါမင္းကို ဇာတ္လမ္းတစ္ပုဒ္ ေျပာျပမယ္။” ဖိုေဘက ေျပာေနသေလာက္ ဂ်ီတက သိပ္ဂ႐ုစိုက္ပုံမရေခ်။ ‘ငွက္ေလးေတြက ေတာင္ပံက်ိဳးသြားရင္ မပ်ံနိုင္ေတာ့ဘူး။သို႔ေပမယ့္ အဲ့ငွက္ေတြက စိတ္ညစ္တာနဲ႔ပဲ သားရဲေတြပါးစပ္ထဲ ခုန္ဆင္းၿပီး ေသလိုက္တယ္ဆိုတာမ်ိဳးမျမင္ဖူးဘူးတဲ့။ျပန္ေကာင္းလာမွာပါ ဆိုတဲ့ေမၽွာ္လင့္ခ်က္ကိုသာ အျမဲဆုပ္ကိုင္ထားၿပီးပဲ ဆက္လက္ေနထိုင္သြားၾကတယ္တဲ့။” “လူေတြဟာလည္းပဲ အိုနာက်ိဳးကန္းျဖစ္သြားသည့္တိုင္ေအာင္ သူတို႔ ဘဝမွာ အစြမ္းရွိသမၽွ ဆက္လက္ရပ္တည္ေနထိုင္သြားတယ္။တခ်ိဳ႕ကေတာ့ အရႈံးေပးသြားတတ္ၾကေပမယ့္ အရႈံးမေပးတဲ့သူကသာ ဆက္လက္ရပ္တည္နိုင္သြားၾကတာပဲ။” ‘မင္းမွန္ပါတယ္။” ဂ်ီတက ႐ုတ္တရက္ ၾကားျဖတ္ကာေျပာ၏။ “အဲ့ဇာတ္နိမ့္ အႏြယ္ဝင္ေတာင္ အရႈံးမေပးပဲေနေနတာပဲ ငါက နတ္တစ္ပါးျဖစ္ေနၿပီး အရွက္မရွိဘူးလို႔ မင္းေလွာင္ခ်င္တာမလား။” ဂ်ီတက ေဒါသတႀကီးျဖင့္ေျပာလိုက္ေသာ္ျငား ဖိုေဘကျပဳံးလ်က္သာ “အဟုတ္ပဲကြ၊မင္းရွက္သင့္တယ္။ဒါေၾကာင့္ အဲ့ေသြးနတ္ဘုရားအစြမ္းအေၾကာင္းကို ေခါင္းထဲက ျမန္ျမန္ထုတ္လိုက္တာေကာင္းမယ္။” “မင္းနားမလည္ပါဘူး။မင္းက အစြမ္းမွ မဆုံးရႈံးလိုက္ရတာကို။အဲ့ေတာ့ ငါ့ကို အားေပးစကားေျပာသလိုလို လုပ္နိုင္တာေပါ့။” ဂ်ီတက ခတ္ဆတ္ဆတ္ထပ္ေျပာလိုက္ျပန္သည္ သို႔ေသာ္ ဖိုေဘက “ဟုတ္တယ္။ငါနားမလည္ဘူး။၊ေစာက္ဂ႐ုလည္းမစိုက္ဘူးကြ။” ဂ်ီတက ေကာက္ခါငင္ကာျဖင့္ ထလာၿပီး “ဘာလားကြ၊ဘာလို႔ ဇာတ္နိမ့္ေတြသုံးတဲ့ အရိုင္းအစိုင္း စကားလုံးကို သုံးတာတုန္းကြ။” “ေဟ့ေကာင္ ဂ်ီတ မင္းစဥ္းစားစမ္းပါဦးကြ။ငါတို႔ နတ္ေတြဆိုတာ လူေတြထက္အသက္ရွည္ခ်င္ရွည္မယ္။လူေတြ ကိုးကြယ္တာခံရခ်င္ခံရမယ္။ဒါေပမယ့္ ငါတို႔လည္းပဲ လူေတြလို အခ်ိန္တန္ေတာ့ ေသသြားတာပါပဲကြ။” ‘နတ္သက္ေႂကြတာပါဟ။” ဂ်ီတက ၾကားျဖတ္ေျပာလိုက္သည္ သို႔ေသာ္ ဖိုေဘက “ေသတယ္ေျပာေျပာ နတ္သက္ေႂကြတယ္ေျပာေျပာ စကားလုံးသာကြာတာပါကြာ ဘာမွလည္းမထူးဘူး။ေျပာရရင္ ငါတို႔က အဲ့ဇာတ္နိမ့္လို႔ ေခၚဆိုခံရတဲ့ လူေတြထက္ ဘာေတြထူးေနလဲ။ေလေပၚပ်ံနိုင္ေနလို႔လား။အစြမ္းေတြရွိေနလို႔လား။လူေတြေနတဲ့ ဒီကမၻာေတြ တျခားၿဂိဳလ္ေတြကို ေစာင့္ေရွာက္ေနရလို႔လား။” ဂ်ီတကား ႐ုတ္တရက္ျဖစ္ေလေသာေၾကာင့္ ဘာေျပာရမည္မသိျဖစ္ေနေလသည္။သို႔ေသာ္ ဖိုေဘက ဆက္လက္၍ “ငါတို႔လည္း သူတို႔လိုပဲ အခ်င္းခ်င္းသတ္ၾက၊စစ္ပြဲေတြျဖစ္ၾကတယ္၊ငါတို႔လည္း သူတို႔လိုပဲ နာတတ္က်င္တတ္ၾကတယ္။ငါတို႔လည္း သူတိူ႔လိုပဲ ေသတတ္ၾကတယ္။” “ဒါေပမယ့္ ဂ်ီတ။မင္းအခု ဘာကိုခံစားေနရလဲ။” “ဟမ္။” ဂ်ီတက နားမလည္စြာႏွင့္ ေၾကာင္အမ္းအမ္းျဖစ္သြား၏။ “မင္းအစြမ္းေတြ မရွိေတာ့လို႔ ဒီလူေတြ မင္းဇာတ္နိမ့္ေတြဆိုၿပီး ေခၚေနတဲ့ သူေတြနဲ႔တူသြားမွာကို ဝမ္းနည္းေနတာလား။” ဖိုေဘ၏အေမးကား မွန္ေနရွာေလသည္။ “ငါေျပာခ်င္တာကေတာ့ကြာ အစကတည္းက ဘာမွထူးၿပီး ကြာမေနဘူး။မင္းဘာသာမင္း ေလေပၚပ်ံေနနိုင္လည္း အဆုံးက် ေသမွာပဲ။အစြမ္းေတြရွိရွိမရွိရွိ ေသမွာပဲ။ဂုဏ္သိကၡာေတြ ရွိေနလည္း မေသပဲ မေနဘူး။” ဂ်ီတ အံ့ဩမိသည္။ဖိုေဘကား ဤအေတြးေတြ ဘယ္ကတည္းကရွိေနခဲ့သနည္း၊သူဆိုလၽွင္ ေတြးပင္မေတြးဖူးမည့္ အေတြးေတြ။ဤအေတြးေတြေၾကာင့္ အျခားနတ္မ်ားက သူ႔အား အ႐ုးဟုေခၚၾကျခင္းျဖစ္ေပမည္ဟု သူေတြးမိသည္။ “အဆုံးက်ေသမယ့္ ဘဝမွာ မင္းက ဘာကိုမ်ား အထူးတလည္ ျဖစ္ေစခ်င္ေနေသးတာလဲ ဂ်ီတ။” ဂ်ီတကား ေျပာစရာစကားမရွိေခ်။အျခားနတ္မ်ားနည္းတူ သူလည္းပဲ အစြမ္းေတြ၊ဂုဏ္သိကၡာမ်ားအေပၚ အေရးထားသည္။အျခားနတ္မ်ားနည္းတူ ထိုအရာမ်ားကို ထိန္းသိမ္းရင္း အခ်ိန္အၾကာႀကီး ရွင္သန္မည္ဟု ေတြးသည္။သို႔ေသာ္ ဖိုေဘကား ထိုသို႔နည္းနည္းမွ ေတြးသည့္ပုံမရေခ်။၊သူေတြးပုံကား မည္သည့္ နတ္မွေတြးမည္မဟုတ္ေသာ အေတြးမ်ိဳးျဖစ္သည္။ “ငါတို႔နတ္ေတြကို လူေတြက ဘာလို႔ ကိုးကြယ္လည္းသိလား။ငါတို႔မွာ သူတို႔ကိုေစာင့္ေရွာက္နိုင္တဲ့ အစြမ္းေတြရွိၾကလို႔ကြ။ငါတို႔က ျမင့္ျမတ္ေနလို႔ သူတို႔က ကိုးကြယ္ေနတာ မဟုတ္ဘူးကြ။သူတို႔က ငါတို႔ကို ကာကြယ္ေပးနိုင္ေလာက္တဲ့ အစြမ္းရွိၾကတယ္ဆိုတာ ယုံၾကည္လို႔ ကိုးကြယ္ၾကတာကြ။” “ငါကေတာ့ ငါတို႔ကို ကိုးကြယ္တဲ့သူေတြကို ယုံၾကည္တဲ့သူေတြ ေစာင့္ေရွာက္ေပးနိုင္ဖို႔သာ အစြမ္းေတြတန္ခိုးေတြကို သင္ၾကားေလ့က်င့္ေနရတာလို႔ပဲေတြးတယ္။” “ဒီေတာ့ကြာ မင္းအေနနဲ႔ အစြမ္းတစ္ခု ဆုံးရႈံးသြားတာအေပၚမွာ ငါကဇာတ္နိမ့္ေတြနဲ႔တူသြားၿပီဆိုၿပီး ငိုတာဟာ ငါတို႔ကို ကိုးကြယ္သူေတြကို ေစာ္ကားေနတာကြ။မင္းငိုရင္ သူတို႔အေပၚ တာဝန္မေက်ဖူးဆိုတဲ့အေတြးနဲ႔သာ ငိုသင့္တာကြ။” ဂ်ီတကား ဖိုေဘကိုၾကည့္ရင္း “ဒီေကာင္ ဇာတ္နိမ့္ေတြအေပၚကို တကယ္ႀကီး ကာကြယ္ဖို႔ နတ္ျဖစ္ေနတာလို႔ ေတြးေနတာပဲ။ ငါတို႔အားလုံးဟာ လူေတြထက္ ျမင့္ျမတ္ေနလို႔ နတ္ျဖစ္ေနတာလို႔ ေတြးၾကတယ္။သူကေတာ့ လူေတြက ယုံၾကည္ၾကလို႔ သူ႔မွာ တာဝန္ရွိတယ္လို႔သာေတြးတယ္။ ငါတို႔ကေတာ့ လူေတြကို က႐ုဏာထားၿပီး ကာကြယ္ေနတာလို႔ ကိုယ့္ကိုယ္ကို အမႊန္းတင္ေနၾကတယ္။သူကေတာ့ ကာကြယ္ဖို႔ တာဝန္ရွိလို႔သာ အစြမ္းေတြနဲ႔ နတ္တစ္ပါးျဖစ္လာတယ္လို႔ ေတြးေနတယ္။ထူးဆန္းလွပါရဲ့။” ထိုေန႔ညက ဂ်ီတ အိပ္မရေခ်။ဖိုေဘျပန္သြားသည့္ တိုင္ေအာင္ ဖိုေဘေျပာခဲ့ေသာ စကားမ်ားမွာ နားထဲျပန္ၾကားေနမိသည္။အမ်ားႀကီးေျပာသြားသည္ျဖစ္ေသာ္လည္း စိတ္ထဲ၌မူ အားလုံးကို လုံးေစ့ပတ္ေစ့ မွတ္မိေနသည္သာျဖစ္သည္။ အိပ္၍မရေလသည့္ အဆုံး၌ လသာေဆာင္သို႔ ထြက္ကာ ရႈ႔ခင္းၾကည့္မည္ဟူ၍ ထလာေလသည္။ဖိုေဘေျပာေသာ စကားမ်ားမွာ မွန္သညဟုလည္း ခံစားရသည္ တစ္ခ်ိန္ထဲမွာပင္ လက္ခံနိုင္ျခင္းလည္း မရွိေလေပ။သူမွမဟုတ္ မည္သည့္နတ္ကမွ သူ၏စကားမ်ားကို လက္ခံလိမ့္မည္ မဟုတ္ေခ်။အားလုံးကား ကိုယ့္ကိုယ္ကို ျမင့္ျမတ္သည္မွတ္ေနၾကသည္သာျဖစ္ေလသည္။ “မင္းနာက်င္ေနရလား။” ဂ်ီတထိတ္လန႔္စြာျဖင့္ ေဘးကိုၾကည့္လိုက္သည္။ေဘးပတ္ဝန္းက်င္၌ မည္သူမွမရွိေခ်။ “မင္း...သည္းမခံနိုင္ျဖစ္ေနလား။ေဒါသထြက္ေနလား။” ဂ်ီတကား အသံဘယ္ကလာသည္ကိုမသိေလေသာေၾကာင့္ ထိန႔္လန႔္ျခင္းႀကီးစိုးသြာေလသည္။ “ဘယ္...ဘယ္သူလဲ။ထြက္လာခဲ့ပါ။ဘယ္ကေနေျပာေနတာလဲ။” “ဟင္...။ဪ...ငါေမ့သြားတယ္။ငါက မင္းသုံးလိုက္တဲ့ ေသြးမိစၧာအစြမ္းနဲ႔ စုပ္ယူခံလိုက္ရတဲ့ မိစၧာဝိဉာဥ္ေလ။” ဂ်ီတက ထိတ္လန႔္စြာျဖင့္ “ဘာေတြေျပာေနတာလဲ။ဘယ္ ေသြးမိစၧာအစြမ္းလည္း ကၽြန္ေတာ္မသိဘူး။” ထို မိစၧာဝိဉာဥ္ဆိုသူက ဆက္လက္၍ “နားေထာင္စမ္း။ငါက မင္းကိုယ္ထဲမွာျဖစ္သြားၿပီဆိုေတာ့ မင္းကိုအလုပ္အေကၽြးျပဳဖို႔ တာဝန္ရွိသြားၿပီ။မင္းက ဒီေသြးနတ္ဘုရားအစြမ္းဆိုတာကို ျပန္သုံးလို႔ရခ်င္တယ္မလား။ငါမင္းကို စြမ္းအားအႀကီးဆုံးျဖစ္တဲ့အထိ လုပ္ေပးနိုင္တယ္။ငါ့ကိုမင္းရဲ့ ကိုယ္တြင္းဝိဉာဥ္ထဲသာေပးဝင္လိုက္။” “ဟင့္အင္မဝင္နဲ႔။က်ဳပ္ကိုယ္ထဲက ထြက္သြား။” ဂ်ီတက ေၾကာက္လန႔္တၾကားေအာ္ဟစ္ေလ၏။ “ငါ့ကိုႏွင္ထုတ္လို႔မရဘူးကြ။ငါကမင္းကိုယ္ရဲ့ တစ္စိတ္တစ္ပိုင္းျဖစ္ေနၿပီ။” “ဟင့္အင္။မဟုတ္ဘူး။မင္းက မိစၧာ။နတ္တစ္ပါးကိုယ္ထဲဝင္လို႔မရဘူး။ထြက္သြားကြ။၊” ေျပာရင္းဆိုရင္း လသာေဆာင္မွ လက္ရန္းအကာေပၚမွီလိုက္ရာ ေနာက္လန္က်မတတ္ျဖစ္သြား၏။ထို႔ေနာက္ ေအာက္ကိုၾကည့္ေနေလရာ “ဪဪ။သတ္ေသမွာလား။နတ္ေတြက လူေတြလို ျပဳတ္က်တာနဲ႔ ေသတတ္လို႔လားကြ။” ဂ်ီတက “နတ္တစ္ပါးက မိစၧာနဲ႔ေတာ့ အတူတြဲၿပီး အသက္ရွင္ေနလို႔မရဘူးကြ။” ေျပာရင္း ခုန္ခ်လိုက္ရာ ေအာက္သို႔အက်တြင္ ေသြးေတြထြက္လာၿပီး ေခါင္းေတြ ခ်ာခ်ာလည္ကုန္၏။ “ကိုင္း...။မင္းလုပ္ခ်င္တာ လုပ္ၿပီးသြားရင္ ငါေျပာမယ္ကြာ။ငါမင္းသူငယ္ခ်င္းေျပာတာကို နည္းနည္းေတာ့ သေဘာတူသကြ။နတ္ေတြက ကိုယ့္ကိုယ္ကို သိပ္အထင္ႀကီးေတာ့ တျခားသူဆိုရင္ မတူမတန္ဘူး သိပ္သေဘာထားၾကတယ္ကြ။ဒီေတာ့ကြာ ငါကေတာ့ မင္းလိုခ်င္တဲ့အစြမ္းေတြကို ေပးနိုင္တယ္။ခြန္အားႀကီးတဲ့သူျဖစ္လာေအာင္ ဘုရင္တစ္ပါးပါျဖစ္လာေအာင္ လုပ္ေပးနိုင္တယ္။နတ္တစ္ပါးက အစြမ္းရွိရင္ ဘာမဆိုျဖစ္နိုင္တယ္ကြ၊” ဂ်ီတက ေသြးမ်ားကို ပါးစပ္မွ အန္ထုတ္ရင္း ေမး၏။ “ကၽြန္ေတာ္ တကယ္ပဲ ေသြးနဲ႔ပတ္သက္တဲ့ အစြမ္းကိုျပန္ရမွာလား။” ထိုမိစၧာဝိဉာဥ္က “ေမးေနစရာလိုလားကြာ။မင္းက အေတာ္ဆုံး ေသြးအစြမ္းသုံးသူျဖစ္လာေစရမယ္။” ဂ်ီတက ေသြးအလိန္းလိန္းျဖင့္ ထကာ “ဒါဆို လက္ခံတယ္။” ထိုမိစၧာဝိဉာဥ္က ရယ္ေမာရင္း ဂ်ီတ၏အတြင္းဝိဉာဥ္ထဲဝင္သြားေလသည္။ထို႔ေနာက္ ဂ်ီတ၏ မ်က္စိ၊နားရြက္၊ပါးစပ္ႏွင့္ ႏွာေခါင္သို႔မွေသြးမ်ား ဆက္တိုက္စီးဆင္းလာေလသည္။ထို႔ေနာက္ တစ္ကိုယ္လုံး အေၾကာမ်ားမွာ တင္းသြားၿပီးေထာင္ထြက္ေနေလသည္။ထို႔ေနာက္သားရဲတစ္ေကာင္ကဲ့သို႔ ေအာ္ဟစ္ ဟိန္းေဟာက္ေလေတာ့သည္။ ထိုညကား လမင္းမွာ ခပ္မွိန္မွိန္သာ အလင္းေပးနိုင္ၿပီး တိတ္ဆိတ္လ်က္။သို႔ေသာ္ ထိုတိတ္ဆိတ္ျခင္းမွာ သားရဲတစ္ေကာင္ႏွင့္တူေသာ မာန္ဖီသံ၏ ၿဖိဳခြင္းျခင္းကို ခံလိုက္ရေလေတာ့သည္။

go on
ReplyDelete