I love you 3000 ဆိုတာဘာလဲ






ကျွန်တော်တို့ ဒီနောက်ပိုင်းမှာ I love you 3000 ဆိုပြီး ချစ်တဲ့အကြောင်းကို ပြောလေ့ရှိကြပါတယ်။ ဒီ I love you 3000 ဆိုတဲ့စကားကို မပြောဘူးတောင် မြင်ဘူးတွေ့ဘူးကြမယ်လို့ထင်ပါတယ်။ ဒီ I love you 3000 ဆိုတဲ့စကားလုံးက ဘယ်လိုနာမည်ကြီးလာတာလဲဆိုတာကို တော်တော်များများကသိကြမယ်လို့ထင်ပါတယ်။ မသိတဲ့သူတွေလဲ ရှိနေနိုင်သေးတာမလို့ I love you 3000 ဆိုတဲ့ စကားလုံးလေး ဘယ်လိုဖြစ်လာတယ်ဆိုတာကို ပြောပြသွားပေးမှာပဲဖြစ်ပါတယ်။သိပြီးသွားရင်တော့ ကြည်နူးရမဲ့အပြင်ကို ၀မ်နည်းရဦးမယ်လို့ပြောရပါမယ်။



ဒီစကားလုံးလေးက Avengers: Endgame ထဲက နာမည်အကြီးဆုံးစကားလုံးဖြစ်ပါတယ်။




ဒီ I love you 3000 ကို စပြီးပြောခဲ့တာကတော့ iron man (Tony Stark) ရဲ့ သမီးလေး Morgan ဖြစ်ပါတယ်။ Tony က Morgan က အိပ်ဖို့အတွက် ကုတင်ပေါ်တင်ပေးပြီး တံခါးပိတ်ခါနီးမှာ "I love you tons" ဆိုပြီး ပြောတဲ့အခါမှာ Morgan က " I love you 3000" လို့ပြန်ပြောခဲ့ပါတယ်။ သူမက သူ့အဖေကို အများကြီးချစ်တယ်လို့ပြောချင်တဲ့သဘောပေါ့။ 3000 ဆိုတာက ငါးနှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ တော်တော်ကြီးတဲ့ ကိန်းဂဏန်းတစ်ခုပဲမဟုတ်လား။



ဒီ Morgan ပြောတဲ့ I love you 3000 ဆိုတဲ့စကားလုံးလေးကို Tonyက ပြန်ပြီးသုံးခဲ့ပါတယ်။ Tony က သေသွားတဲ့အခါမှာ သူရဲ့ ဈာပနပွဲမှာ Hologram ကနေတဆင့် သူ့နောက်ဆုံးပြောချင်တာတွေကိုမှာထားခဲ့ပြီး ‌နောက်ဆုံးမှာတော့ သူ့သမီးလေး Morgan အတွက် "I love you 3000" ဆိုပြီးမှာထားခဲ့ပ့တယ်။



ဇာတ်ကားထွက်ပြီးပြီးချင်း ရက်အနည်းတွင်းမှာပဲ ဒီ quote လေးက Fan တွေအကြိုက်ဆုံး စာသားလေးဖြစ်လာပြီး Fan မဟုတ်တဲ့သူတွေကြားမှာပါ နာမည်ကြီးလာခဲ့ပါတယ်။ ဒီ 3000ဆိုတဲ့ နံပါတ်က fan တွေကြားမှာ ရေပန်းအရမ်းစားခဲ့ပြီး နောက်ကွယ်က အဓိပ္ပာယ်ကို ရှာခဲ့ကြပါတယ်။ 3000 က 2000 pounds ထက် 1000ပိုများတယ်။ 2000 pounds က တစ် ton နဲ့ညီမျှတယ်။အဲ့တော့ Morgan ပြန်ပြောခဲ့တာ " I love you tons" ဆိုပြီးသီအိုရီတွေထုတ်ခဲ့ကြပါတယ်။ ဒါပြင့် 3000က MCU က movie တွေရဲ့ Total run time လို့လဲ သီအိုရီတွေထုတ်ခဲ့ပါတယ်။



ဒါပေမဲ့ ဒီယူဆချက်တွေလောက်ကြီး အထူးမြှုပ်ထားခဲ့တာတော့မဟုတ်ပါဘူး။ Co director Anthony Russo က ဒီစာသားကို Robert Downey Jr.(Tony) ကြောင့်ဖြစ်လာတာလို့ပြောခဲ့ပါတယ်။ အစက" I love you tons " ဆိုပြီးပဲ Morgan က ပြန်ပြောဖို့ ဇာတ်ညွှန်းထဲပါခဲ့တာပါတဲ့။ Robertက သူရဲ့ကလေးတွေက သူ့ကို "I love you 3000" လို့ တစ်ခါပြောဖူးတယ်လို့ပြောတော့ ဇာတ်ညွှန်းကို အဲ့လိုပြောင်းခဲ့ပါတယ်တဲ့။ အဲ့ဒီတော့ ဒီ I love you 3000 ဆိုတာက ဇာတ်ကားထဲတင်မဟုတ်ပဲ အပြင်မှာ Robertရဲ့ ကလေးတွေက ပြောဖူးလို့ ဇာတ်ကားထဲပါပြီး နာမည်ကြီးလာတယ်ဆိုတာပါပဲ။

Comments

  1. I love you 3000 မင်မင် :3

    ReplyDelete
  2. အိုင်လက်ဖ်ယူ ၃၀၀၀

    ReplyDelete
  3. I love you 3000 ဆိုတဲ့ သီချင်းလေးကြိုက်တယ်၊ စနားထောင်တုန်းက 3000ဆိုတာကို ဘာအဓိပ္ပါယ်မှန်းနားမလည်ခဲ့ဘူး။ ခုမှပဲနားလည်သွားတော့တယ်။ ‌ေကျေးဇူးပါ။

    ReplyDelete

Post a Comment