Laptop တစ်လုံးမဝယ်ခင် သတိထားရမည့်အချက်များ
ခင်ဗျားက လက်တော့တစ်လုံးဝယ်ဖို့စိတ်ကူးယဉ်ထားတဲ့သူလား? ဝယ်ချင်ပေမဲ့ ဘယ်အရာတွေကို အဓိကထားကြည့်ပြီး သတိထားသင့်မှန်း မသိဘူးဖြစ်နေပါသလား ? အဲ့ဒါဆိုရင်တော့ မပူပါနဲ့ , ဒီပို့စ်က ခင်ဗျားအတွက်ပါပဲ။ ဘာလို့လဲဆိုတော့ လက်တော့တစ်လုံးမဝယ်မှီ ခင်ဗျားအနေနဲ့သိထားရမယ့် အရေးကြီးတဲ့အချက်အလက်တစ်ချို့ကိုဖော်ပြပေးထားတာမို့ပါ။ ဟုတ်ကဲ့ပါ အချက် ၇ ချက်နဲ့ သေချာရှင်းပြပေးထားပါတယ်။ သွားကြည့်လိုက်ကြရအောင်။
1. Size
2. RAM
Laptop တစ်လုံးဝယ်ရင် သတိထားဂရုပြုသင့်တဲ့ အဓိကအကျဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ RAM ခေါ် (Random Access Memory) ဆိုတာ အလွယ်ပြောရရင် သင့် laptop ရဲ့ Performance ကို ထိန်းညှိပေးမယ့်သူပါ။ အထူးသဖြင့် သင့် laptop အနေနဲ့ Multitasking လုပ်တဲ့အခါမျိုးတွေမှာ RAM size အနည်းအများပေါ်မူတည်ပြီး performance ကို စွမ်းဆောင်ပေးသွားမှာပါ။ ဥပမာအားဖြင့် - Browser မှာ Tab တွေအများကြီးဖွင့်တာတို့ , Word နဲ့ Powerpoint ဒါမှမဟုတ် Excel တို့ကိုတစ်ပြိုင်တည်းဖွင့်ပြီးသုံးထာတို့ စသဖြင့် RAM သာ သင့်စက်မှာများများရှိပါက အဆိုပါ Task တွေကို နှေးကွေးခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်ဖွင့်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အနိမ်ဆုံးအနေနဲ့ သာမန် Laptop တစ်ခုမှာ RAM ကို 4GB ကနေစလာတတ်ပြီး သင့်အနေနဲ့ High-power software တွေကို အသုံးပြုမယ့်သူဆိုရင်တော့ 8GB နှင့်အထက်ကို စဉ်းစားတာအကောင်းဆုံးပါ။ အဲ့လိုမှမဟုတ်ပဲ သင့်အနေနဲ့ RAM တွေကို ထပ်စိုက်ပြီးလည်း ပမာဏတိုးလို့ရပါသေးတယ်။
3. Screen Quality
သင့်အနေနဲ့ screen နဲ့ အချိန်များစွာကပ်ပြီး အသုံးပြုရမယ့်သူဆိုရင် ကိုယ့်မျက်လုံးအတွက် comfortable ဖြစ်မယ့် laptop အမျိုးအစားကိုရွေးချယ်တာအကောင်းဆုံးပါ။ Glossier ခေါ် ဖန်သားပြင်အမျိုးအစားက ပတ်ဝန်းကျင်အလင်းကိုထင်ဟပ်စေသောကြောင့် ယင်းကို သတိပြုစေလိုပါတယ်။ နောက်တစ်ခုအနေနဲ့ Touch ပါလုပ်လို့ရတဲ့ screen အမျိုးအစားတွေကျ တောက်ပတဲ့ မျက်နှာပြင်ပါရှိတဲ့အတွက်ကြောင့် ဝယ်မယ်ဆို သေချာချင့်ချိိန်ပြီးမှ ဝယ်စေချင်ပါတယ်။
နောက်တစ်ခုအနေနဲ့ Screen resolution ကလည်း အရေးပါ, ပါသေးတယ်။ 1920x1080 အမျ်ိုးအစားက သင့်ကိုကြည်လင်ပြတ်သားတဲ့ HD မြင်ကွင်းမျိုးပေးမယ့် အထဲကပါ။ Screen နဲ့ပက်သက်ပြီးနောက်ဆုံးအနေနဲ့ပြောရရင် အပြင်မှာကိုယ်တိုင်သွားရောက်လေ့လာပြီး စစ်ဆေးတာအကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ Tech နဲ့ပက်သက်ပြီးအချက်အလက်တစ်ချို့က အမြဲတမ်းမှန်မနေနိုင်လို့ပါ။ ကိုယ်တိုင်သွားကြည့်ပြီး Experience ယူတာလောက် ဘယ်ဟာမှမကောင်းပါဘူး။
4. Battery Life
နောက်ထပ်လေ့လာသတိထားရမယ့် အချက်တစ်ခုက Battery ပါ။ ဒါကတော့ Laptop မှ မဟုတ်ပါဘူး ဘယ် Tech device မဆိုမဝယ်ခင် အထူးသတိထားရမယ့် အချက်ပါ။ Laptop ရဲ့ battery life ကိုလေ့လာမယ်ဆိုရင်တော့ specification မှာဖော်ပြထားမယ့် အချက်အလက်တွေနဲ့ ကွဲပြားကောင်းကွဲပြားနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်သုံးတဲ့ function တွေအပေါ်မူတည်ပြီးအမျိူးမျိုး ပြောင်းလဲသွားနိုင်တာကြောင့်ပါ။ သင့်အနေနဲ့ စာရွက်ပေါ်က ဘယ်လောက်ထိ အသုံးပြုနိုင်ကြောင်း အညွှန်းတွေကိုဖတ်မယ့်အစား battery rating ရဲ့ Watt-hours (Wh) ဒါမှမဟုတ် milliamp-hours (mAh) ကို ကြည့်ပြီး ဆုံးဖြတ်လို့ရနိုင်ပါတယ်။ နံပါတ်တွေ ပိုကြီးလေ battery သက်တမ်းပိုကြာကြာခံလေဆိုပြီး ယူဆလို့ရပါတယ်။
5. CPU
CPU ခေါ် Central Processing Unit ကို Laptop ဒါမှမဟုတ် PC တစ်လုံးရဲ့အသက်လို့တင်စားကြပါတယ်။ CPU လို့ဆိုလိုက်ရင် Intel core အမျိုးအစားတွေကို လူကြိုက်များပြီး တစ်ကယ်လည်း အမျိုးအစားကောင်းတွေက အဲ့ကထွက်လေ့ရှိပါတယ်။ နောက်ပေါ်အသစ်အလုံးတွေအနေနဲ့ Core i3 , Core i5 နှင့် Core i7 ဆိုပြီး ထွက်လာလေ့ရှိပါတယ်။
entry-level laptop များတွင် Core i3 ကိုတွေ့ရလေ့ရှိပြီး Core i5 ကို mid-range laptop အများစုမှာတွေ့နိုင်ပါတယ်။ အဆင့်မြင့်လက်တော့ပ်များတွင် Core i7 တွေ့မြင်ရနိုင်ပါတယ်။ စဉ်းစားစရာတစ်ခုက Core i7 သည်အကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးသော်လည်းကိရိယာ၏အောက်ခြေမှ အပူအနည်းငယ်ထွက်လာနိုင်သည်။ အဲ့ဒါကြောင့် laptop ကို ကိုယ့်ရဲ့ပေါင်ပေါ်မှာဖြစ်ဖြစ် တင်ပြီးသုံးလေ့ရှိတဲ့သူတွေအတွက်ကတော့ သတိပြုစရာပါ။
7. Storage
သိုလှောင်မှုပမာဏသာမက သိုလှောင်ခန်းအမျိုးအစားကိုပါထည့်သွင်းစဉ်းစားရန်လိုသည်။ အရင်တုန်းကတော့ Hard Disk Drive အမျိုးအစားတွေကို အသုံးများလေ့ရှိပြီး နောက်ပိုင်းမှာတော့ ဖက်ရှင်ကျပြီး ပေါ့ပါးသော laptop များနှင့်အတူ hard drive များသည်လူကြိုက်များခြင်း အနည်းငယ်လျော့နည်းသွားပါတယ်။ အဲ့အစား laptop ပိုင်ရှင်များစွာသည်ပိုမြန်၊ ပိုပြီးပေါ့ပါးတဲ့ solid state drive များကိုရွေးချယ်လာကြပါတယ်။
Hard disk drive နဲ့ solid state drive အကြောင်းအသေးစိတ်ကို google မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
7. USB 3 ports
USB 3.0 အပေါက်များသည် ပြင်ပ hard drive များ၊ mouse နှင့်ကီးဘုတ်ကဲ့သို့အရံပစ္စည်းများသုံးလိုလျှင် laptop အသစ်တွင်မရှိမဖြစ်လိုအပ်သောအရာများဖြစ်ပါတယ်။ ယင်းတို့ကို နောက်ထွက်တဲ့ အသစ်များအပါအဝင် Macbook Pros အသစ်များတွင် ပါဝင်လာခြင်းမရှိသည်ကို တွေ့လာရပါတယ်။ အဲ့ဒါကြောင့် သင့်အနေနဲ့ အသစ်တွေမထွက်လာခင်နဲ့ မဝယ်မှီကို သေချာသတိထားပြီး လေ့လာသင့်ပါတယ်။

Its really helpful for me.
ReplyDeleteThanks
Still can't afford one but nice i guess.
ReplyDeleteThank you
ReplyDeletethanks
ReplyDeleteThank you for your tips🤍
ReplyDeleteDone
ReplyDeleteကျေးဇူး
ReplyDelete