Old Trafford
"The Theatre of Dreams" (အိပ်မက်ပြဇာတ်ရုံကြီး) ဟုအမည်ပြောင်ပေးခြင်းခံရတဲ့ Old Trafford ကွင်းဟာ 1910 ခုနှစ်ထဲက Manchester united ရဲ့အိမ်ကွင်းအဖြစ်အသုံးတော်ခံခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းဗုံးဒဏ်ကြောင့် Old Traffordကွင်းပျက်စီးခဲ့၍ 1941 ကနေ 1949 ခုနှစ်အထိ Maine Road ကွင်းအား Manchester city အသင်းနှင့်အတူငှားရမ်းအသုံးပြုခဲ့ရပါသည်။ Old Trafford ကွင်းအားပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းများကို 1990 မှ 2000 ခုနှစ်ကာလတွေမှာလုပ်ဆောင်ခဲ့ပြီး မြောက်ဖက်၊အနောက်ဖက်နှင့်အရှေ့ဘက်ပွဲကြည့်စင်တွေကို တိုးချဲ့ခဲ့ပါသည်။ ဘောလုံးကွင်း၏စံချိန်တင်ကြည်ရှုသူနှုန်းမှာ 76,962 ဦးဖြစ်ပြီး 1939 ခုနှစ် Wolverhampton Wanderers နှင့် Grimsby Town အသင်းတို့ယှဉ်ပြိုင်ခဲ့သည့် FA ဖလား semi-final ပွဲစဉ်တွင်ဖြစ်ပါသည်။
Outside Old Trafford, 1992
Old Trafford ကွင်းဟာFA ဖလားဗိုလ်လုပွဲတစ်ကြိမ်နှင့် ဗိုလ်လုပွဲပြန်ကန်ပွဲ 2 ကြိမ်ကျင်းပခဲ့ပြီးသာမန်အားဖြင့်ပြိုင်ပွဲတွေ၏ semi-final ပွဲစဉ်တေကိုလက်ခံကျင်းပရာကွင်းလဲဖြစ်ပါသည်။ ကွင်းဟာ England အသင်း၏ပြိုင်ပွဲများကိုလဲလက်ခံကျင်းပခဲ့ဖူးပြီး 1966 ကမ္ဘာ့ဖလားပွဲစဉ်များ၊ ယူရို 1996 ၏ပွဲစဉ်များ၊ 2012 နွေရာသီအိုလံပစ်ပြိုင်ပွဲ၏အမျိုးသမီးဘောလုံးပွဲစဉ်များ ကိုလဲပထမဆုံးအကြိမ်အဖြစ်လက်ခံကျင်းပခဲ့ပြီး 2003 Champions league ဗိုလ်လုပွဲဟာလဲဤကွင်းမှာပဲကျင်းပခဲ့တာဖြစ်ပါသည်။ဘောလုံးအားကစားနည်းအပြင် ရပ်ဘီ ကစားနည်း၏နှစ်စဉ် Super League Grand Final ကိုလဲ 2020 နှစ်မှလွဲ၍နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါသည်။ ထိုမှသာမက 2000 ခုနှစ်နှင့် 2013 ခုနှစ်တို့၏ Rugby League World Cups ဗိုလ်လုပွဲများကိုလဲလက်ခံကျင်းပခဲ့ပါသည်။
Old Trafford during a match at the 2012 Summer Olympics
Old Trafford ဘောလုံးကွင်းကို ပွဲကြည့်စင် 4 ခုနှင့်အတူဝန်းရံထားပြီးပွဲကြည့်စင်အသီးသီးမှာကိုယ်ပိုင်နာမည်တွေရှိကြပါသည်။
မြောက်ဘက်ပွဲကြည့်စင် အား Sir Alex Ferguson Stand နှင့် တောင်ဘက်ပွဲကြည့်စင်အား Sir Bobby Charlton Stand အဖြစ်ဂုဏ်ပြုခေါ်ဝေါ်ပါသည်။ ပွဲကြည့်စင်တိုင်းမှာ Tiers အနည်းဆုံး 2 ခုရှိကြပြီး Sir Bobby Charlton Stand တစ်ခုသာ ဆောက်လုပ်ရေးကန့်သတ်ချက်တွေကြောင့် tierတစ်ခုဘဲရှိတာဖြစ်ပါသည်။
Sir Alex Ferguson Stand
United Road Stand သို့မဟုတ် North Stand အဖြစ်လူသိများသော Sir Alex Ferguson Stand ဟာ United Road အခြမ်းမှားတည်ရှိတာဖြစ်ပါသည်။ Tiers 3 ခုပါဝင်ပြီးပရိသတ်ပေါင်း 26000 နီပါးထိဆန့်ကာ ပွဲကြည့်စင် 4 ခုထဲတွင်အကြီးဆုံးဖြစ်ပါသည်။ Tier 1 ခုထဲရှိခဲ့ရာမှ 1996 ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးကွင်း၏အဓိကပွဲကြည့်စင်လဲဖြစ်ပါသည်။
အဓိကနေရာဖြစ်သည့်အလျောက် ကျော်ကြားသည့်အရာများဖြစ်သော Red Cafe၊ Manchester united ပြတိုက်နှင့်အတူ United ၏ဖလားပြခန်းတို့ပါတည်ရှိတာဖြစ်ပါသည်။ North Stand ကို Sir Alex Ferguson ၏ 25 နှစ်တာနည်းပြသက်တမ်းအားဂုဏ်ပြုသောအားဖြင့် 2011 ခုနှစ် November လ 5 ရက်နေ့တွင် Sir Alex Ferguson Stand အဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ Stand ၏အပြင်ဘက်တွင်လဲ 9 ပေမြင့်သော Sir Alex Ferguson ၏ရုပ်ထုအားထားရှိပြီးဂုဏ်ပြုထားပါသည်။
အဓိကနေရာဖြစ်သည့်အလျောက် ကျော်ကြားသည့်အရာများဖြစ်သော Red Cafe၊ Manchester united ပြတိုက်နှင့်အတူ United ၏ဖလားပြခန်းတို့ပါတည်ရှိတာဖြစ်ပါသည်။ North Stand ကို Sir Alex Ferguson ၏ 25 နှစ်တာနည်းပြသက်တမ်းအားဂုဏ်ပြုသောအားဖြင့် 2011 ခုနှစ် November လ 5 ရက်နေ့တွင် Sir Alex Ferguson Stand အဖြစ်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ Stand ၏အပြင်ဘက်တွင်လဲ 9 ပေမြင့်သော Sir Alex Ferguson ၏ရုပ်ထုအားထားရှိပြီးဂုဏ်ပြုထားပါသည်။
Sir Bobby Charlton Stand
Sir Bobby Charlton Stand ဟာ Tier 1 ခုထဲသာရှိပေမယ့်အသင်း၏အရေးအပါဆုံးပုဂ္ဂိုလ်တွေကြည့်ရှုရာနေရာဖြစ်ပါသည်။ သီးသန့်နေရာများနှင့်အတူ V.I.P များကြည့်ရှုရာစင်များလဲပါဝင်ပြီး Media သမားများဟာလဲပွဲ၏အကောင်းဆုံးမြင်ကွင်းများရရှိရန်အတွက်ပွဲကြည့်စင်၏အလယ်မှာနေရာယူထားလေ့ရှိပါသည်။ Television studios တွေဟာလဲဤ Stand မှာတည်ရှိတာဖြစ်ပြီးသတင်းစာရှင်းလင်းပွဲတွေလုပ်လေ့ရှိကြပါသည်။
West Stand
West Stand ဟာ United ၏အကျော်ကြားဆုံးဖြစ်ပြီး Stretford End ဟုလဲခေါ်ကြပါသည်။ မူလကပရိသတ် 20000ဆန့်ပွဲကြည့်စင်အဖြစ်ဒီဇိုင်းဆွဲခဲ့၍ အမာခံပရိသတ်တွေအားပေးရာပွဲကြည့်စင်ဖြစ်ပြီးအားပေးသံအဆူညံဆုံးနေရာဟုလဲလူသိများကြပါသည်။ Stretford End ဟာယူနိုက်တက်၏ အသက်သွေးကြောစိတ်ဓာတ်စီးဆင်းရာဟုသတ်မှတ်ကျပြီး Denis Law ကိုလဲ King of Stretford End အဖြစ်ဂုဏ်ပြုလေ့ရှိကြပါသည်။
East Stand
East Stand of Old Trafford
Outside the East Stand










ရောက်ဖူးချင်မိ❤️
ReplyDeleteတစ်နေ့ရောက်အောင်သွားမယ်❤️🔱
ReplyDeleteမိုက်တယ်တော်တော်ပြည့်စုံတယ်
ReplyDeleteAnfieldအကြောင်းကောပြောပေးပါအုံး😁
Thanks for sharing knowledge
ReplyDeleteရှယ်တွေချည်းပဲ
ReplyDelete
ReplyDeleteI feel so sorry for my able team Manchester United
Everybody can make joke with Man U.💔
Actually I'm tired of all these . I need wining from the team.🥹
#GGManu #VivaRonaldo✨
မိုက်တယ်
ReplyDeleteP2Dကနေ ကြည့်ကြမယ်နော်
I like man u and i love sir alex.
ReplyDeleteDone 🍀
ReplyDelete1:30 alam ပေးပြီး p2d ကနေ
ReplyDeleteမန်ယူကို အားပေးမယ်ဗျို့
Clicked🌸
ReplyDeleteDone
ReplyDeleteDone
ReplyDeleteနိုင်နိုင်ရှုံးရှုံး ထာဝရသရဲနီဖန်ပါပဲ။♥️
ReplyDeleteOld Traffordကွင်းအကြောင်း ပြည့်ပြည့်စုံစုံလေး မျှဝေပေးလို့ ကျေးဇူးပါ။
Done 💪
ReplyDelete👍👍
ReplyDeleteDone
ReplyDelete