Pajamas





Pajamas ဆိုတာကတော့သိတဲ့အတိုင်း ပွပွယွယွ နဲ့ညအိပ်ဝတ်ဖို့သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီနဲ့ အင်္ကျီပါ။ ညအိပ်ဝတ်ဆိုပေမယ့် ဝတ်ရတာသက်တောင့်သက်သာရှိတာကြောင့် အခုခေတ်မှာတော့ အိမ်နေရင်း ဖြစ်ဖြစ် ဟိုနားဒီနားပဲမုန့်ထွက်ဝယ်စားရင်ဖြစ်ဖြစ် ဝတ်ကြပါတယ်။



Pajamas ကိုပိုးသားဖဲသားလိုမျိုး နူးညံ့တဲ့အသားတွေနဲ့ချုပ်ပြီး ချောင်ချိချိ သက်တောင့်သက်သာရှိတာကြောင့် ညအိပ်ဝတ်ကြတာဖြစ်ပါတယ်။



Pajamas က အိန္ဒိယလူမျိုး၊ ပါရှားလူမျိုးတွေဝတ်တဲ့ ဘောင်းဘီ pyjamas ကနေမွေးစားထားတာဖြစ်ပါတယ်။ အိန္ဒိယမှာရှိတဲ့ မိုဟာမက်တို့ sikh တို့ ဟင်ဒူတို့ က ကလေးလူကြီးကျားမ မရွေးဝတ်ဆင်ကြပါတယ်။ 19ရာစု နဲ့နောက်ပိုင်းမှာတော့ ဥရောပနိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဝတ်ရတာသက်တောင့်သက်သာရှိပေမယ့် fashionable မဖြစ်တာကြောင့် အနောက်တိုင်းကလူတွေကတော့ ညအိပ်ဝတ်၊ အိမ်နေရင်းဝတ်အနေနဲ့ပဲ ဝတ်ဆင်ကြပါတယ်။



၂၀၀၇ ခုနှစ်မှာ UAE ရဲ့အချို့နေရာမှာ အလုပ်သမားတွေ အလုပ်လာတဲ့အခါမှာ pajamas ဝတ်ခြင်းကို ကန့်သတ်ထားပါတယ်။ ၂၀၁၀ ခုနှစ်မှာလည်း UK က supermarket တစ်ခုမှာ customers တွေကအစ pajamas နဲ့လက်မခံပါဘူးတဲ့။ 2020 covid pandemic မှာလည်း online ကသင်တဲ့ကျောင်းတော်တော်များများက စာသင်နေချိန်အတွင်း dress code ကို ပုံမှန်ကျောင်းမှာဝတ်တဲ့အတိုင်း ဝတ်ဆင်ခိုင်းကြပါတယ်။



20ရာစု အနောက်ပိုင်းကစပြီး အနောက်နိုင်ငံကလူတော်တော်များများကလည်း pajamas ကိုထွက်သွားထွက်လာအခြေအနေမျိုးမှာ ဝတ်ဆင်လာကြတာရှိလာပါတယ်။



မြန်မာမှာတော့ JJ cartoon ၊ ချည်သားတွေနဲ့ ချုပ်ပြီး အိမ်နေရင်းဝတ်ကြပါတယ်။ (ဒီစာဖတ်နေတဲ့အချိန် JJ ဘောင်းဘီနဲ့ အင်္ကျီအပွကြီးဝတ်ထားတယ်မလား မညာပါနဲ့ ) JJ ဘောင်းဘီကြီးနဲ့ လမ်းထိပ်မုန့်ထွက်ဝယ်တုန်း လမ်းမှာ crush အကိုကြီးနဲ့တွေ့လာရင်တော့ ထီပေါက်တာပေါ့ရှင်။ စတာပါ Pajamas နဲ့လည်းအထာကျလို့ဆွဲဆောင်မှုတော့ရှိကြပါတယ်

Comments

  1. I have like zero pajama throughout my life and pretty fine with that.

    ReplyDelete
  2. Pajamasနဲ့လဲ shopping centerပတ်ဖူးတယ်😂

    ReplyDelete

Post a Comment