Pathological lyingအကြောင်း

 Pathological lyingအကြောင်း

ကျွန်တော်တို့ လူသားတိုင်းဟာ မုသားစကားတွေ ပြောဖူး/ပြောတတ်ကြပါတယ်။ သို့သော် တခြားလူများထက် အကြောင်းရင်းမရှိ မကြာခဏ လိမ်ညာတတ်ကြသူမျိုးလည်း ရှိကြပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ သူ့ရဲ့ လိမ်ညာတတ်တဲ့အကျင့်ကြောင့် နေ့စဥ်ဘဝမှာ ဆိုးကျိုးသက်ရောက်ခြင်း၊ လိမ်ညာနေတာကို ရပ်တန့်ဖို့ မတတ်နိုင်ခြင်းမျိုးတို့ တွေ့ကြုံနေရပြီဆိုရင်တော့ ထိုလူမှာ Pathological lying ဖြစ်နေဖို့ အလားအလာ များပါတယ်။ Pathological lying ကို Mythomania သို့မဟုတ် Pseudologia fantastica လို့လည်း လူသိများကြပါတယ်။

Pathological lying ဆိုတာ Antisocial၊ Narcissistic၊ Histrionic personality disorder တို့လို Personality Disorders များရဲ့ လက္ခဏာတစ်ခုအနေနဲ့ ဖြစ်ပေါ်တတ်တဲ့ အပြုအမူ ဖြစ်ပါတယ်။ Trauma သို့မဟုတ် ဦးနှောက်ဒဏ်ရာကြောင့်လည်း Pathological lying ဖြစ်စေတတ်ပါတယ်။သို့သော် တချို့သောလူတွေမှာတော့ မည်သည့် disorder တစ်ခုမှ မရှိဘဲ Pathological lying ဖြစ်နေကြသူများလည်း ရှိကြပါတယ်။ 

Image result for pathological liars

Pathological lying ဖြစ်နေတဲ့လူများကို Pathological liar လို့ ခေါ်ကြပါတယ်။ မကြာခဏလိမ်တတ်တဲ့လူတိုင်း Pathological lying ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် မကြာခဏလိမ်တတ်တဲ့လူနှင့် Pathological liar ကို ဘယ်လိုခွဲကြမလဲဆိုတာ အောက်ပါ အသွင်အပြင် လက္ခဏာများကို ကြည့်ရှုရင်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ 

လူတွေမှာ ရှက်စရာကိစ္စမို့လို့ပဲဖြစ်ဖြစ် မတတ်နိုင်တဲ့အခြေအနေမို့လို့ပဲဖြစ်ဖြစ် မသိစေချင်လို့ပဲဖြစ်ဖြစ်စတဲ့ အကြောင်းရင်း/အခြေအနေအမျိုးမျိုးကြောင့် လိမ်ညာတာမျိုးတွေ ရှိကြပါတယ်။ သို့သော် Pathological liar များကတော့ အကြောင်းရင်းမရှိ လိမ်ညာတတ်ကြပါတယ်။

Pathological liar များဟာ အလွန် ပုံပြောကောင်းသူများလည်း ဖြစ်ပါတယ်။ သူတို့ ပြောပြတဲ့ အလိမ်အညာတွေဟာ အလွန် အသေးစိတ်ကျပြီး ဟာကွက် မရှိအောင် ပြီးပြည့်စုံလွန်းတတ်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ပြောတဲ့အလိမ်အညာဇာတ်လမ်းဟာ ဝတ္ထုဆန်ဆန်တောင် ဖြစ်နေတတ်ပါတယ်။

Image result for pathological liars

Pathological liar များဟာ သူတို့ကိုယ်သူတို့ Hero သို့မဟုတ် Victim (ခံရသူ)အနေနဲ့ ပုံဖော်တတ်ကြပါတယ်။ သူတို့ပုံပြင်ထဲမှာ သူတို့ကိုယ်သူတို့ Hero သို့မဟုတ် Victim အဖြစ် ပုံဖော်ရင်း တခြားလူတွေရဲ့ လေးစားမှု၊ သနားကြင်နာမှု၊ လက်ခံမှုတို့ကို ရအောင် လိမ်ပြောတတ်ကြပါတယ်။

တစ်ခါတလေမှာ Pathological liar များဟာ သူတို့ရဲ့အလိမ်အညာများကို သူတို့ကိုယ်တိုင် ယုံကြည်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်သူတို့ လိမ်နေတယ်ဆိုတာကိုတောင် မေ့ပြီး သူတို့ပြောလေ့ရှိတဲ့ အလိမ်အညာတွေကို သူတို့ကိုယ်တိုင်တောင် တကယ့်အဖြစ်မှန်လို ထင်ယောင်ထင်မှားဖြစ်လာတတ်လို့ပဲ ဖြစ်ပါတယ်။

Pathological liar များဟာ ပီပြင်စွာ လိမ်ညာတတ်တဲ့လူတွေ ဖြစ်ပါတယ်။ သူတို့လိမ်နေတဲ့အချိန်မှာ တခြားသူတွေ လိမ်နေသလို ပြောနေရင်း ရပ်သွားတာမျိုး၊ စဥ်းစားတာမျိုး၊ မျက်လုံးချင်းမဆုံတာမျိုးတို့ မဖြစ်ဘဲ အမှန်တိုင်းပြောနေတဲ့လူလို သဘာဝကျကျ လိမ်ညာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အလိမ်အညာများကို မေးခွန်းထုတ်ခံရရင်တောင် ကောင်းကောင်းမွန်မွန် ပြန်ဖြေနိုင်သူတွေ ဖြစ်ပါတယ်။

Image result for pathological lying

ပညာရှင်များကတော့ Pathological lying ဖြစ်/မဖြစ်ကို ဖော်ထုတ်ဖို့အတွက် အလိမ်ဖော်ထုတ်စက်ဖြစ်တဲ့ Polygraph နဲ့ စစ်ဆေးကြပါတယ်။ Polygraph နဲ့စစ်ဆေးတယ်ဆိုတာ လိမ်သလား မလိမ်သလားကို ဖော်ထုတ်ဖို့ထက် Polygraph မှာ ပေါ်တဲ့ ရိုက်ချက် (beat) လေးတွေကို ကြည့်ပြီး လိမ်ညာနေတဲ့လူဟာ သူတို့လိမ်ညာနေတဲ့အရာကို သူတို့ကိုယ်တိုင်ရော ယုံကြည်နေသလား ဆိုတာမျိုးကို ဆန်းစစ်ပြီး ဖော်ထုတ်တာမျိုး ဖြစ်ပါတယ်။  တချို့သော ပညာရှင်တွေကတော့ Pathological lying ဖြစ်နေသူများ၏ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် တိုင်ပင်ဆွေးနွေးပြီး အဖြေထုတ်တတ်ကြပါတယ်။

Pathological lying ကို ကုသဖို့အတွက် ကုသနည်းတွေ ရှိပါတယ်။ တခြားသော စိတ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်/မဖြစ်ပေါ် မူတည်ပြီး ကုသနည်းတွေ ကွဲပြားသွားကြပါတယ်။ ကုသနည်းတွေမှာတော့ Psychotherapy နှင့် ဆေးသောက်ခြင်းတို့ ပါဝင်ပါတယ်။

Comments

  1. I know one a^^hole who need to take this therapy

    ReplyDelete
  2. အရူးတမျိုးပါပဲ

    ReplyDelete
  3. အရူးတစ်မျိုးပါပဲ

    ReplyDelete
  4. ဒီကအချက်တွေအကုန်လုံးနဲ့ကျွန်တော်နဲ့ကိုက်နေတယ် အဲ့တာကိုပျောက်အောင်ကုနိုင်တဲ့နည်းရောရှိလားဟင် အဲ့လိုဖြစ်တာကြီးကိုပျောက်ချင်တယ်

    ReplyDelete

Post a Comment