Phablet တစ်လုံးအကြောင်း
Phablet ဆိုတာက Phone နဲ့ tablet ကိုပေါင်းရေးထားတာပါ။ ဒီစကားလုံးအခေါ်အဝေါ် (term) ကို လူတော်တော်များများမရင်းနှီးကြပါဘူး။ Tablet တစ်လုံးလိုမျိုး large display (ကြီးမားသောမျက်နှာပြင်) ပါခြင်း၊ smart phone တစ်လုံးမျိုး body ရှိခြင်း တို့ကြောင့် phablet တွေ ဟာ ဂျာကင်အိတ်တို့ ပိုက်ဆံအိတ်တို့တွေမှာ အလွယ်တကူ ဝင်ဆန့်မှာဖြစ်ပါတယ်။ Phablet တွေကို အရှင်းဆုံးအနေနဲ့ပုံဖော်ရရင်တော့ big smartphone တစ်လုံးလို့ မြင်ကြည့်လို့ရပါတယ်။
ကမ္ဘာ့ပထမဆုံး phablet ကတော့ ၂၀၁၁ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ 5.25 inch Samsung Galaxy Note ဖြစ်ပြီးတော့ နာမည်ကြီး model တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ Galaxy Note ဟာ review မျိုးစုံရခဲ့ပြီးတော့ တော်တော်များများရဲ့ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ဒါပေမဲ့ ဒီပွဲဦးထွက်လေးနာမည်ကြီးခဲ့ခြင်းက ပိုပြီးပေါ့လည်းပေါ့၊ပါးလည်းပါးတဲ့ phablet တွေပေါ်ထွက်လာအောင် လမ်းဖောက်ပေးခဲ့တာဖြစ်ပါတယ်။
Phablets အများစုမှာတော့ မျက်နှာပြင်အရွယ်အစားကို ထောင့်ဖြတ်မျဥ်းအရ ငါးလက်မနဲ့ ခြောက်လက်မ ကြား ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်အရွယ်အစားက အမျိုးအစားများစွာရှိတာဖြစ်ပါတယ်။အချို့ model တွေက လက်တစ်ဖက်တည်းနဲ့ကိုင်လို့မရသလို အများစုကလည်း ဘောင်းဘီအိတ်လောက်နဲ့ မဆန့်ပါဘူး။အနည်းဆုံးထိုင်နေချိန်မှာဆို ထည့်မရ၊ထုတ်မရတွေဖြစ်တတ်ပါတယ်။ (အဲ့အချိန်ကျတော့ အခုတလော နာမည်ကြီးနေတဲ့ foldable phone လေးနဲ့ဆို ကွက်တိဆန့်နေမှာပဲ။)Phablets တွေဟာ ယေဘုယျအားဖြင့် ဘက်ထရီကြီးမားခြင်း၊ နည်းပညာမြင့် chipset တွေပါခြင်း၊ graphic ကောင်းမွန်ခြင်း တို့ကြောင့် video တွေ stream လုပ်ခြင်း၊ ဂိမ်းဆော့ခြင်းတို့ လုပ်လို့ရသလို ပိုပြီး ကြာကြာ အကျိုးဖြစ်ထွန်း (productive)စေမှာပါ။
ကျွန်တော်တို့တွေဟာ သာမန်ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့် video chat ဖြင့်ဖုန်းခေါ်ဆိုလာကြသလို headset တွေဟာ wired ရော wireless ရော လူသုံးတော်တော်လေးများလာတာကြောင့် usage pattern (အသုံးပြုမှုပုံစံ) တွေပြောင်းလဲတိုးတက်လာတယ်ဆိုနိုင်ပါတယ်။ Reuters တွေက 2013 ကို "Year of the Phablet" လို့ဆိုခဲ့ကြပါတယ်။အကြောင်းအရင်းကတော့ ၂၀၁၃ တုန်းက Las vegas မှာပြုလုပ်ခဲ့တဲ့ CES (cosumer electronic show) မှာ မိတ်ဆက်ခဲ့တဲ့ product တွေကြောင့်ပဲ ဖြစ်ပါတယ်။ Samsung အပြင် Google,Lenovo,LG,HTC,Huawei,Sony နဲ့ ZTE တို့ကလည်း phablet ကို သူတို့ရဲ့ ထုတ်လုပ်မည့်စာရင်းထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ Apple ကလည်း တစ်ခါ phablet တစ်လုံးထုတ်ဖို့ စဥ်းစားခဲ့ဖူးပြီး iPhone 6 plus ကို မိတ်ဆက်ခဲ့ပါတယ်။Company ဘက်က phablet လို့တော့ မသုံးခဲ့ပေမဲ့ 5.5 inch screen ရှိတာကြောင့် phablet တစ်လုံး အဖြစ်အသိအမှတ်ပြုလို့ရပါတယ်။ သူ့ရဲ့ ကျော်ကြားမှုကပဲ Apple ကို ပိုပြီးကြီးမားတဲ့ ဖုန်းတွေ (iPhone X အပါအဝင်ပေါ့)ထုတ်စေခဲ့တာပဲ ဖြစ်ပါတယ်။ Google ကတော့ ဒီကစားပွဲထဲကို ၂၀၁၆ နှောင်းပိုင်းလောက်မှ 5.5 inch Pixel XL ပါတဲ့ Pixel series ကို မိတ်ဆက်ပေးမှုနဲ့အတူ ဝင်ရောက်လာတာဖြစ်ပါတယ်။ ၂၀၁၇ နှောင်းပိုင်းမှာတော့ Phablets ဆိုတဲ့ term ဟာ Samsung Galaxy Note 8 ထွက်ရှိမှုနဲ့အတူ ပြန်ခေတ်စားလာတာဖြစ်ပြီး 6.3 inch screen, two rear camera:a wide angle and a telephoto တို့ ပါဝင်လာတာဖြစ်ပါတယ်။အဲ့အချိန်ကတည်းက Samsung ရော Apple ကပါ ခြောက်လက်မထက် ပိုကြီးတဲ့မျက်နှာပြင်နဲ့ဖုန်းတွေကို ဆက်လက်ထုတ်လုပ်နေတာဖြစ်ပပါတယ်။2020 လောက်မှာတော့ most budge and entry-level smartphones တွေကလည်း phablet လို့တောင် ပြောလို့ရနေပါပြီ။ဘာလို့လဲဆိုတော့ သူတို့မှာ screen size ကလည်းအနည်းဆုံး 6.5 inch ရှိသလို 160 mm နှင့်အထက် ထူနေလို့ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ Phablet တစ်လုံးကို budget တစ်လုံးငွေပမာဏနဲ့ ဝယ်ယူနိုင်ခြင်းက တော်တော်ကောင်းတဲ့အချက်လို့ ခံစားရပါတယ်။အကယ်၍ သင့်အနေနဲ့ ဖုန်းအသစ်လဲလှယ်ဖို့လိုအပ်လာပါကလည်း phablet တစ်လုံးကို ပြောင်းကိုင်ကြည့်စေချင်ပါတယ်။နောင်လာမဲ့နှစ်တွေမှာလည်း ဘယ်လိုနည်းပညာပေါင်းစပ်မှုတွေ ပေါ်ထွက်လာမလဲစောင့်စားနေရင်း ဤစာလေးကို အဆုံးသတ်လိုက်ရပါတယ်။
This content goes credit to Lifewire website and wikipedia.
All images are from Google.
I still can't afford one ,sadge.
ReplyDeleteMi Max 3 ကောင်းပါတယ်
ReplyDeleteခုတော့ ပိုက်ပိုက်ခန်းနေလို့
mi max 2 လေးနဲ့ မန့်သွားပါတယ်