တစ်ယောက်ထဲတစ်ဒုက္ခ(Short Story)

 

ကျွန်ုပ်မှတ်မိသမျှ ကျွန်ုပ်ငယ်ဘဝမှာ မိသားစုများဖြင့်သစ်သားအိမ်​ဆောင်ကြီးတွင် သိုက်သိုက်ဝန်းဝန်း​နေခဲ့ရသည်။ကျွန်ုပ်ကား အိမ်၌သားကြီးတစ်​ယောက်၊​အောက်၌ ညီနှင့်ညီမငယ်တို့ရှိကြသည်။အ​ဖေ၊အ​မေနှင့်အဖိုးအဖွားတို့ရှိကြသည်။မိသားစု​ဝင် ၇​ယောက်ခန့်ရှိ၍ အမြဲတမ်း ဆူညံ​နေတတ်​​ပေသည်။ကျွန်ုပ်ကား အကြီးဆုံးသားဖြစ်သည့်အတိုင်း အိမ်အလုပ်၌အမြဲတမ်း ကူညီ​ရသည်ပင်။ညီနှင့်ညီမကို ထိန်းသိမ်း​ဆော့ကစား​ပေးရသည်မှာ​​တော့အမြဲတမ်းလုပ်​နေရကြ တာဝန်တစ်ရပ်ဖြစ်​လေသည်။ကျွန်ုပ်ကား ပင်ကိုယ်သဘာဝမှာ တစ်ကိုယ်ထဲ ​အေး​အေး​တော်သလို ကြည့်​နေချင်တတ်​သော ​ကြောင့် ဤကဲ့သို့ဆူညံ​နေ​သော မိသားစုမျိုးနှင့် အဆင်​ပြေလှသည်မရှိ​ပေ။ညီနှင့်ညီမတို့မှာ အငယ်များဖြစ်သည့်အတိုင်း ဂျီကျတတ်၊ဆိုးတတ်သည်။ကျွန်ုပ်နှင့် အဆင်​ပြေ​သည်မရှိ​တော့ အမြဲသတ်ပုတ်၊ရန်ဖြစ်၊စကားများကြသည်။ 

မိဘများမှာ စိတ်ကြည်​​နေ​သော အချိန်များ၌ 


"သားရယ် ကိုယ့်ညီ​လေး ညီမ​လေးပဲ စိတ်ရှည်​ပေးမှ​ပေါ့။သားငယ်နဲ့သမီးငယ်တို့ကလည်း အကိုကြီးစကား​နား​ထောင်မှ​ပေါ့။" 


ဖခင်နှင့်မိခင်က ​​​လေချို​​သွေးကာ တတ်နိုင်သမျှ ​ဖျန်​ဖြေ​ပေးသည်။စိတ်မကြည်​​ကြသောအခါမျိုး အထူးသဖြင့် လကုန်ခါနီး ​​ငွေသိပ်မကျန်​တော့ချိန်များတွင်​တော့ သုံး​ယောက်လုံး အဆူခံအရိုက်ခံရ​​လေသည်။ 


အကိုကြီးဖြစ်​သောကျွန်ုပ်ကိုကား ကိုယ့်​အောက်အငယ်​တွေကိုထိန်းသိမ်းနိုင်စွမ်းမရှိခြင်းအတွက် များစွာအပြစ်တင်​ပြော​​လေ့ရှိ​လေသည်။ 


ကျွန်ုပ်လည်း ကြာ​လေကြာ​လေ ညီနှင့်ညီမကို မပတ်သက်ချင်​လေ​လေဖြစ်ကာ လူငယ်သဘာဝ အ​တွေး​ချော်ကာ ညီနှင့်ညီမတို့မရှိပဲ တစ်ဦးတည်း​သော သားဖြစ်ရင်​ကောင်းမည်ဟု မကြာခဏ​မျှော်လင့်​တောင့်တခဲ့ဖူး​လေသည်။အသက်ကြီးလာလျှင်လည်း တစ်ကိုယ်ရည်တစ်ကာယ​နေမည် လွတ်လွတ်လပ်လပ် ​နေချင်သည်ဟု မကြာခဏဆု​တောင်းဖြစ်ခဲ​​လေသည်။ဤသို့ဖြင့်ကျွန်ုပ်မှာ ညီနှင့်ညီမကိုလည်​ကောင်း ဤသိုက်သိုက်ဝန်းဝန်းဖြစ်​နေ​သောအိမ်ကိုလည်​​ကောင်း စိတ်ညစ်ခြင်းများဖြစ်လာပြီး ထိုအခြင်းအရာကို မိသားစုဝင်များအားလုံးကလည်း ရိပ်မိ​နေကြ​လေ​တော့သည်။ 


နှစ်အ​တော်ကြာသွားပြီး​နောက်တွင် ကျွန်ုပ်ကား ဆရာဖြစ်သင်​အောင်ခဲ့​လေပြီ။မြို့​ပေါ်က​​ကျောင်းတွင် ​လျှောက်ထား၍ရနိုင်ပါလျက် နယ်ဘက်သို့ တစ်ကိုယ်ထဲဆင်းခဲ့ကာ နယ်​​​ကျောင်း၌ စာသင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ 


ကျွန်ုပ်အလိုကို ဖခင်နှင့်မိခင်တို့က လိုက်​လျောပါသည်။အဖိုးနှင့်အဖွားကား ​မြေးကြီးဖြစ်သူကျွန်ုပ် ဖြူစိမ်းဝတ်က​လေးဖြင့် ​​​ကျောင်းဆရာဖြစ်လာသည်ကိုပင် မမီလိုက်ကြ နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ကျွန်ုပ်မှတ်မိ​သေးသည် ကျွန်ုပ် ထွက်ခွာမည့်​နေ့တွင် ညီနှင့်ညီမတို့မှာကျွန်ုပ်ကို မကြည်ညိုမရှူစိမ့်​သော အကြည့်ဖြင့် ကြည့်​နေသည်ကို သိသည်။သိလျက်ဖြင့် လျစ်လျူရှူ့ခဲ့မိသည်။ကျွန်ုပ်​​​ပျော်​​သော တစ်ကိုယ်ရည်ဘဝကို ရ​တော့မည်မဟုတ်​လော။ 


ကားဂိတ်သို့ ကျွန်ုပ်ကားငှားသွားပြီး ကားဂိတ်မှ မ​​ကွေးသို့ထွက်

မည့်Tour busကို လက်မှတ်ဖြတ်ကာ မ​ကွေးနတ်​မောက်ခရိုင်(ဗိုလ်ချုပ်​မြေ)သို့ ထွက်ခွာလာခဲ့သည်။ 


ကျွန်ုပ်​ရောက်​ရောက်ချင်း၌ ​နေရာစိမ်းဖြစ်၍ ပင်ပန်း​သော်လည်း မကြာမီတွင် အသားကျကာ ​နေရထိုင်ရ ​ချောင်လည်လာ၏။ 


ငါးနှစ်တိတိစာသင်​​နေခဲ့​သော်လည်း မိဘနှင့်​မောင်နှမများထံ အဆက်အသွယ်မလုပ်ဖြစ်ခဲ့​ပေ။ကျွန်ုပ်ကား တစ်ကိုယ်ထဲ​ပျော်​နေမိခဲ့​လေသည်။ 


၇နှစ်တိတိစာသင်ပြီး​နောက်တွင် ကျွန်ုပ်ထံ ဖခင်ဖြစ်သူ ကင်ဆာဖြင့်ဆုံး​သော​ကြောင့် နာ​ရေးဖိတ်စာ​ရောက်လာ​ခဲ့​လေသည်။ 


ကျွန်ုပ်လည်းရှိ​​သော​​​ငွေ​​လေးလက်ထဲကိုင်စွဲကာ မြို့သို့ပြန်လာခဲ့ရ၏။ကျွန်ုပ်​ရောက်သွား​သောအခါ ညီနှင့်ညီမတို့မှာ ဧည့်သည်များကို ဧည့်ခံစကား​ပြော​နေကြသည်။သူတို့မျက်လုံး​တွေမှာလည်း နီရဲ အစ်ခဲလျက် ငိုထားသည်မှာ မကြာလှ​​သေးမှန်း သတိထား​မိ​လေသည်။ကျွန်ုပ်ကိုမြင်​သောအခါ ညီနှင့်ညီမတို့မှာဝမ်းသာခြင်းအရိပ်အ​ယောင်ပင်မပြကြ၊မိခင်ကသာ ကျွန်ုပ်ကို 


"ဪ...။သားကြီးလာပြီလား။ဝင်လာခဲ့​လေကွယ်။"

ဟုခရီးဦးကြိုပြုရှာ၏။ 


ဖခင်ကိုနာ​ရေးအစအဆုံး ကူ​ငွေနှင့်တကွ ကူညီ​ဆောင်​ရွက်လုပ်ကိုင်​ပေးပြီး​နောက်တွင် မိခင်က ​သေတမ်းစာကိုလွဲ​ပေး၏။​သေတမ်းစာအရကျွန်ုပ်အတွက် ​​ငွေသား သိန်း၁၀၀တိတိ အ​မွေချန်ခဲ့ကာ ဤသစ်သားအိမ်​ဆောင်ကြီးကိုကား ညီနှင့်ညီမတို့ နှစ်ဦးသားပိုင်ဆိုင်ကြမည်ဖြစ်သည်။ 


ဤတွင် မိခင်က ကျွန်ုပ်ကို​ပြော၏။ 


"သားက တစ်ကိုယ်ထဲ​နေချင်တာဆိုတာ အ​မေသိပြီးသားပါ။မပူပါနဲ့မင်းညီနဲ့ ညီမတို့က အ​မေ့ကို​ကောင်း​ကောင်း​စောင့်​ရှောက်နိုင်ပါတယ်။ငါ့သား​ပျော်သလိုသာ​နေပါ။" 


အမှန်​​တော့မိခင်ကို ကျွန်ုပ်က ​စောင့်​ရှောက်ပါ​ရ​စေဟု​တောင်းဆိုခဲ့လိုက်လျှင် ကျန်ရှိ​သော မိခင်၏၆လတာသက်တမ်းကို ကျွန်ုပ်အလုပ်အ​ကျွေး​ကျေးဇူးဆပ်​ရင်း ​ကုန်ဆုံး​ပေးလိုက်နိုင်မည်ဖြစ်သည်။မိခင်လည်းကင်ဆာရှိ၏​ ၆လသာခံမည်ဖြစ်​ကြောင်း အချိန်​နှောင်းသွားမှကြားခဲ့ရသည်။မိခင်ကား ​ရောဂါရှိကြောင်း​ပြောလိုသည်။သို့​သော်ညီငယ်က 


"အကိုက သိ​တော့ဘယ်​လောက်စောင့်​ရှောက်ချင်မှာမလို့လဲ။​စောင့်​ရှောက်လည်း သူ့​လစာ​လေးနဲ့ အ​မေ​ဆေးဖိုးနဲ့မဖြစ်နိုင်ပါဘူး။သူဘာသာ ​တော်ရာအရပ်မှာ​​​တော်သလို​ပေး​နေလိုက်ပါ။"

ဟု​ကြိုတားခဲ့၍ မ​ပြောဖြစ်ခဲ့​ပေ။ကျွန်ုပ်လည်း အ​ကြောင်းမသိ​​သေး​လေ​သော​ကြောင့် နှုတ်ဆက်ကာ နယ်ပြန်ခဲ့​လေသည်။ 


၆လပင်မကြာလိုက် 


၄လခွဲ၌ မိခင်ဆုံး​ကြောင်း ကြားသာကြားလိုက်ရသည် နာ​ရေးဖိတ်စာ​တော့​ရောက်မလာ ကျွန်ုပ်လည်း ကိုယ့်မိခင်ပဲ ဟူကာ ကြားကြားချင်း မြို့ပြန်လာခဲ့၏။ကျွန်ုပ်​ရောက်​သောအခါ မီးပင်သဂြိုလ်ပြီးကြပြီ။ 


​ညီနှင့်ညီမတို့မှာ ကျွန်ုပ်အားကြိုဆိုလို​သောသ​ဘောကိုမပြသဖြင့် ကျွန်ုပ်မှာ သတင်း​မေးပြီး ပြန်လာရသည်။စင်စစ်ကိုယ့်မိခင်ကိစ္စကို အပြင်လူလည်းမဟုတ်ပဲ ဤသို့ပြုမူခြင်းမှာလွန်သည်ဟု​တော့ခံစားမိသည်။အိမ်၌လည်း ခယ်မများ၊ယောက်ဖများနှင့် တူ၊တူမ များပင် ရှိ​နေ​လေသည်။ကျွန်ုပ်လည်း ကျွန်ုပ်ကို ​အကိုမဆိုထားနှင့် ဆွေးမျိုတစ်​ယောက်​လောက်မျှသ​ဘောမထားချင်​သော ညီနှင့်ညီမကို အ​တော်အသည်းယားသွားသည်မှာ​တော့အမှန်ပင်။ 


ကျွန်ုပ်ထိုအချိန်မှစ၍ မကြာခဏ ငယ်အ​ကြောင်းများစဥ်းစားမိသည်။စင်စစ် သူတို့က ဖယ်ခွာခြင်းမဟုတ် ကျွန်ုပ်ကိုယ်တိုင်က မိဘနှင့်​ဝေးရာသို့ ​ရှေ့​နောက်မကြည့်ပဲ ထွက်သွားခဲ့ခြင်းပင်။ 


ကျွန်ုပ်တစ်ကိုယ်ထဲ​နေရပါ​သော်လည်း ကျွန်ုပ်​မျှော်လင့်သလို ​ပျော်ရွှင်ခြင်း၊​ကျေနပ်ခြင်းများ ဖြစ်မလာ​ချေ။မိဘအိမ်တွင်မ​နေလို၍ ထွက်​ပြေးကာ ဒုက္ခ​ရောက်ခဲ့၍ပြန်လာ​သော က​လေးမျိုးကပင် ပြန်၍ပြင်ဆင်ခွင့်ရချင်ရ​ပေဦးမည်။ 


ယခုက ​​သေကွဲကွဲကြ၊အဆက်ဖြတ်ကြ၍ ပြန်ဆုံနိုင်ဖွယ်လည်းမရှိ​တော့​​ချေ။ 


​ရှေးယခင်က ထင်သကဲ့သို့ နိဗ္ဗာန်​​ရောက်​နေသည့်နှယ် ဖြစ်မ​နေပဲ စိတ်ဆင်းရဲခြင်း အထီးကျန်ခြင်း အ​ပေါင်းခ​ညောင်း​နေခဲ့ပါ​လေသည်။ 


ကျွန်ုပ်မှန်ကြည့်မိ​သောအခါများ၌ မှန်ထဲကပုံရိပ်က 


"မင်းလိုချင်တာရပြီ​လေ။မင်းမ​ပျော်ဘူးလား။"

ဟု​လှောင်ရယ်သံဖြင့်​မေး​​နေသလိုပင် ခံစားမိ​လေသည်။ 


ကျွန်ုပ်လည်းစိတ်ထဲမှပင် 


"ငါ​ပျော်ရမယ်ထင်ခဲ့လို့ပါကွာ။ငါမှားမှန်းသိပါပြီ။"

ဟုသာကြိတ်​ဖြေဖြစ်ခဲ့သည်။ 


လ​​ပေါင်းများစွာကြာမြင့်ပြီး​​နောက် ၂၀၂၀တွင်Covid-19​ရောဂါမြန်မာပြည်၌ဖြစ်​ပေါ်လာ​လေသည်။ 


ကျွန်ုပ်လည်း ​နောက်ဆုံးတွင် သတိထားသည့်ကြားကမှ ကူးစက်သွားခဲ့သည်။စိတ်ဓါတ်ကျ​​နေ​သော ကျွန်ုပ်အဖို့ ကိုယ်ခန္တာ၌လည်း အားအင်ရှိဖို့​ဝေးစွ။ဆေးလိပ်ဒဏ်၊အရက်ဒဏ်တို့ဖြင့် ​ရောဂါမှာ အား​ကောင်းသွားပြီး​မျှော်လင့်ဖွယ်မရှိ​တော့​သော အ​ခြေအ​နေသို့​ရောက်သွား​လေသည်။ 


ကူးလွယ်​သော​ရောဂါဟူသည့်အတိုင်း လူနာ​မေးမည့်သူလည်းမရှိ​ပေ။သ​ဘော​ကောင်းပုံရ​သော သူနာပြုမ​လေးတစ်ဦးသာ ကျွန်ုပ်ကို​နေ့စဥ်လိုအပ်သမျှဂရုစိုက်​ပေးရှာသည်။သူနာပြုမ​လေးမှာ အသက်လည်းငယ်​​သေးပုံရပါသည်။ 


"ဦး...။ဒီမှာ ဦး​ ဖုန်း အားပြည့်​နေပြီ​နော်။"

ဟု​ပြောရင်း အားသွင်းကြိုးဖြုတ်ကာ အနားယူလာ​ပေးရှာ၏။ 


ကျွန်ုပ်က အားနည်း​​နေသော​လေသံဖြင့်

"​နေပါ​စေကွယ်။ဦးကိုဆက်မယ့်သူလည်းမရှိပါဘူး"

ဟု​ဖြေလိုက်​​သောအခါ အ​ဖြေအ​ကြောင့် သူနာပြုမ​လေးမှာ စိတ်မ​​ကောင်းဖြစ်သွားပုံရ​ပေသည်။​နေ့စဥ်​နေ့တိုင်းအ​ဖော်လာလုပ်​ပေးရှာသည်။​ကျေးဇူးတင်ဖွယ်ပင်။ 


​မျှော်လင့်ဖွယ်မရှိသည်ကိုသိ၍ ကျွန်ုပ်၏ မ​ကွေးမှ အိမ်ကို ညီနှင့်ညီမနာမည်ဖြင့် ​​​သေတမ်းစာ​ရေးခဲ့ပြီးပြီ ဖြစ်​လေသည်။ 


​နေ​ရောင်ခြည်​တောက်ပ​နေသည်ကိုမြင်တိုင်း၊အရုဏ်တက်၊ည​နေခင်းဆည်းဆာကိုမြင်တိုင်း ဒါ​နောက်ဆုံးမြင်ရတာဖြစ်မယ်ဟူ​​​သောစိတ်ဖြင့်ကြည့်ဖြစ်ခဲ့၏။ 


ကျွန်ုပ်ကား မိသားစုဖြင့် သိုက်သိုက်ဝန်းဝန်း​နေခွင့်ရခဲ့ပါသည်။ 


ယခု​သေ​သောအခါ၌ တခြားစီပင် 


အားအပြည့်ဖြစ်​​နေ​သော ဖုန်း မှာလည်း ဆက်မည့်သူမရှိ​ပေ။ 


တရားအသိဖြင့် မျက်စိမှိတ်ထား​နေစဥ် ​ခြေသံတချို့ကိုကြား​နေရ​လေသည်။မျက်စိကိုဖွင့်၍လည်းမရ​တော့။ခါတိုင်းရ​နေကြ​ဆေးအနံ့များလည်းမရ​တော့။လျှာ​ကပင် ရှတတဖြစ်လာ​လေပြီ။သို့​သော် အသံကိုကားကြား​နေရ​သေး၏။ 


​သွေးခုန်နှုန်း၊နှလုံးခုန်နှုန်းပြ မီတာစက်​လေး၌ မျဥ်း​ဖြောင့်ဖြစ်သွား၍မြည်လာ​သောအသံကိုကြားလိုက်ရ​လေသည်။ 


တချိန်ထဲမှာပင် ​ကြောက်မက်ဖွယ်​ကောင်း​လောက်​အောင် ​အေးစက်သွားခြင်းကို ခံစားရပြီး ကမ္ဘာ​လောကကြီးမှာ တမဟုတ်ခြင်း တိတ်ဆိတ်သွားသည့်အလား အရာအားလုံးရပ်တန့်သွားသည့်အလား အောက်မေ့ရပါလေသည်။ 


"ကျ...ကျွန်တော်...အရေး‌ပါတဲ့အရာဆိုတာကို နားလည်တဲ့အချိန်မှာ သိပ်နောက်ကျသွားပြီလား။" 


ရက်ပေါင်းများစွာကြာသွားသည် ထင်ရ၏။ 


ထို့နောက် အိပ်မက်ရှည်မှ နိုးလာသူတစ်ယောက်ကဲ့သို့ ပြန်နိုးထလာ၏။ဘေးဘီကိုကြည့်မိပြီးချိန်တွင် ထိတ်လန့်ခြင်းများ ကြီးစိုးလာလေသည်။ 


ကျ...ကျွန်ကား ကုတင်ပေါ်လှဲလျောင်းနေသည်ကို ပြန်မြင်နေရလေသည်။နှလုံးခုန်ပြစက်မှာ မျဉ်းဖြောင့်ဖြစ်နေပြီ။ 


ကျွန်ုပ် သေသွားပြီ။သို့သော် သရဲဖြစ်နေသည်လော။ဖြစ်နို‌င်လောက်သည်။သရဲဖြစ်နေ၍သာ ဤသို့မြင်နေရသည်ဖြစ်မည်လေ။ကျွန်ုပ်ကျွတ်လွတ်ဖို့ဆိုလျှင် စိတ်စွဲနေသော ကိစ္စကို ပြီးမြောက်အောင်လုပ်ပြီး စိတ်လျှော့ဖို့မှသာဖြစ်နိုင်မည်လေ။ 


ညီငယ်ကား အိပ်မောကျလျက် အရက်နံလည်းထွက်နေပေသေးသည်။ကြည့်ရသည်မှာ မအိပ်ခင်က မိန်းမနှင့်လည်း ရန်ဖြစ်ထားပုံရပါ၏။မျက်နှာမှာ ကြည်လင်ပြီး စိတ်ချမ်းသာစွာအိပ်‌နေရပုံမပေါ်ရှာပေ။ 


ကျွန်ုပ်လုပ်ဖို့ကျန်‌သော ကိစ္စကို လုပ်ရန် ကြိုးစားကြည့်သည်။အလုပ်ဖြစ်ရှာ၍ တော်သေးသည်။ညီငယ်ကား လက်ထဲမှ အရက်ပုလင်းလွတ်ကျသွားချိန်တွင် နိုးလာ၏။ထို့နောက် ‌အပေါ့သွားရန်နောက်ဖေးသို့သွားလေ၏။ 


တစ်ခဏအကြာ သူ၏ ထိတ်လန့်စွာအော်ဟစ်လိုက်သံကို ကျွန်တော်ကြား၏။ကျွန်တော်ကား စိတ်မပူချေ။မျှော်လင့်ထားသလိုဖြစ်လာ၍ ဝမ်းပင်သာသေး၏။ 


ထို့နောက် ပြန်ထွက်လာကာ ဖုန်းကိုလိုက်ရှာရင်း တစ်စုံတစ်ယောက်ကို ဆက်နေလေသည်။ကြည့်ရသည်မှာ ညီမငယ်ထံဖြစ်လောက်ပါရဲ့ သူမြင်လိုက်ရသည်ကို ပြောပြလို၍ ဖြစ်ပါလိမ့်မည်။ 


နောက်ဖေး၌ကား ကျွန်တော်ကိုယ်တိုင် လက်ချောင်းမှဖောက်ထုတ်ထားသော သွေးဖြင့် 


"အရာအားလုံးအတွက် တကယ်တောင်းပန်ပါတယ်ညီနဲ့ညီမလေး။" 


ဟူ၍ရေးသားထားလိုက်ခြင်းဖြစ်လေ၏။ညီငယ်ကား အတော်ထိတ်လန့်နေရှာ၏။သူ့မိသားစုများက ရေးသည်လည်းမဟုတ်ရှာလေသဖြင့် ပို၍ပင်ကြောက်နေရှာပုံရသည်။ကျွန်ုပ်က သူ့အားမုန်းတီးနေလျှင်တော့ ဂုတ်ချိုးသတ်သည်ကဲ့သို့အရာမျိုး လုပ်ချင်လုပ်မိလောက်သည်။သို့သော် သူကသာ ကျွန်ုပ်အား ပို၍ သတ်ချင်ရင်သတ်ချင်လောက်ပါဦးမည်။ 


ကျွန်ုပ်အား မြန်မြန်ပျောက်ကွယ်သွား‌စေလိုသော သ‌ဘောဖြင့် နောက်သုံးရက်အကြာတွင် အသုဘကျင်းပကြ၏။ကျွန်ုပ်ကား ပျော်ပျော်ကြီး သာဓုခေါ်ခဲ့မိပါသတည်း။


Comments

  1. တယောက်တည်အမြဲနေချင်တဲ့ ကိုယ့်လို လူအတွက် အတော်တွေးဖို့ အကြောင်းရာပဲ

    ReplyDelete
  2. တစ်ယောက်ထဲနေဖို့ အမြဲတွေးနေခဲ့တာ အခုတော့

    ReplyDelete
  3. ​ကောင်မ​လေးနဲ့ ​နေချင်တာ

    ReplyDelete
  4. good.ဟိုဝတ္ထုလေးလည်းဆက်ရေးပါ..

    ReplyDelete

Post a Comment