Tablet တစ်လုံးရှိခြင်းရဲ့ကောင်းကျိုးဆိုးကျိုးများ Part (1)
Mobile phone လည်း မဟုတ် laptop လို့လည်း မဆိုနိုင်တဲ့ သူတို့နှစ်ခုကြားက ပစ္စည်း (device) တစ်ခုလို့ပြောရမယ့် Tablets တွေဟာလည်း ခရီးပေါက်လာတာ အတော်အတန်ကြာလာပြီလို့ ပြောလို့ရပါတယ်။ကောင်းမွန်လှပသော ဒီဇိုင်း၊ကြာရှည်စွာအသုံးခံနိုင်စေသော ဘက်ထရီ ပါရှိခြင်း၊သက်တောင့်သက်သာ လွယ်ကူပေါ့ပါးစွာ အသုံးပြုနိုင်ခြင်းတို့ကြောင့် ရွေးချယ်သင့်သော ပစ္စည်းတစ်ခု ဖြစ်သည့်အပြင် အိမ်တွင်းရော အိမ်ပြင်ရော သုံးနိုင်သောကြောင့် တကယ့်ကို အသုံးဝင်လှပါတယ်။ထို့ကြောင့် အကယ်၍ မိမိအနေဖြင့် tablet တစ်လုံးဝယ်ယူရန် စဥ်းစားနေသည်ဆိုပါက ၎င်း၏ကောင်းကျိုးဆိုးကျိုးများ ကို လေ့လာနိုင်ရန်အတွက် ဤအချက်များကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။
၁။ ပေါ့ပါးခြင်းနှင့်သယ်ဆောင်ရလွယ်ကူခြင်း
ခရီးသွားလာရင်းနဲ့ အလုပ်လုပ်ခြင်းဖြစ်စေ စိတ်အပန်းဖြေအနားယူခြင်းဖြစ်စေ ကြိုက်နှစ်သက်သူဖြစ်ပါက portable (သယ်ယူရလွယ်ကူသော)ဆိုတဲ့အချက်က သင့်အား ဆွဲဆောင်နေမှာ အမှန်အကန်ပေ။Tablets တွေဟာ အများအားဖြင့် ပုံမှန် laptop တစ်လုံးရဲ့ သုံးပုံတစ်ပုံ အလေးချိန်ပမာဏမျှသာ ရှိသည့်အပြင် မျက်နှာပြင်မှာလည်း ၇ - ၁၀ လက်မခန့်သာ ရှည်လျားတာကြောင့် ကျောပိုးအိတ်၊လက်ဆွဲအိတ်တို့ထဲမှာ ထည့်ရာတွင်လည်း လွယ်ကူစွာ ဆန့်ဝင်နိုင်မှာ ဖြစ်ပါတယ်။ဤအချက်က ကျောင်းသားတွေ၊အလုပ်ဖြင့်ခရီးမကြာခဏထွက်ရသူတွေအတွက်တော့ တကယ်အသုံးဝင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
၂။နေရာတိုင်းတွင် အင်တာနက်အသုံးပြုနိုင်ခြင်း
တစ်ခါတစ်လေကျ အွန်လိုင်းအလုပ်လုပ်ဖို့ရှိနေသည့်အချိန် မိမိဖုန်းနဲ့လည်း မလုပ်နိုင်သည့်အခါ Tablet က အရေးပါလာတာ ကိုတွေ့ရမှာပါ။ 3G 4G or 5G (cellular connectivity) ပါတဲ့ tablet တစ်လုံးရှိနေသရွေ့ကတော့ ကော်ဖီဆိုင်၊စာကြည့်တိုက် အစရှိတဲ့ free wifi ရတဲ့နေရာတွေ သွားပြီး မိမိ laptop ကို တကူးတကချိတ်သုံးနေစရာမလိုတော့ပါဘူး။Mobile phone တွေလို tablet ကို power ဖွင့်ပြီး cellular data ဖွင့်ရုံပါပဲ။
၃။ Laptop တစ်လုံးထက် စျေးသက်သာသောကြောင့် ဝယ်ယူရန်စျေးတတ်နိုင်ခြင်း
အကယ်၍ သင်ဟာ သင့်ရဲ့ ကွန်ပျူတာကို light web browsing(ပေါ့ပေါ့ပါးပါး အင်တာနက်သုံးခြင်း)၊Email၊Facebookနဲ့ Netflix လို ရုပ်ရှင်ကြည့်ဖို့လောက်သာ အသုံးပြုဖြစ်ရင်တော့ tablet တစ်လုံးကလည်း သင့်တော်သောရွေးချယ်မှုဖြစ်မှာသေချာပါတယ်။ Laptop တစ်လုံးအတွက် $400 -$3000 အတွင်းရွေးချယ်နေရချိန် $100 - $1000 လောက်နဲ့ ရွေးချယ်နိုင်တာဖြစ်ပါတယ်။အဲဲဒါကြောင့် မိမိအသုံးပြုမဲ့ပုံစံပေါ်မူတည်ပြီး tablet တစ်လုံးဟာ ပိုက်ဆံအတော်အတန် သက်သာသည့်အပြင် ပိုပြီးကိုင်တွယ်ရလွယ်ကူစေတာကိုတွေ့ရပါတယ်။

၄။ဖုန်းတစ်လုံးကဲ့သို့ ချက်ချင်းစတင်နိုးထ (wake up)ကာ အသုံးပြုနိုင်ခြင်း
အများစုသော laptop တွေဟာ စတင်အသုံးပြုနိုင်ရန်အတွက် ၁၀ - ၃၀ စက္ကန့်လောက်ထိ အချိန်ယူရပါတယ်။ဒါပေမဲ့ tablets တွေမှာတော့ ၂ စက္ကန့်ကနေ အများဆုံး ၁၀ စက္ကန့် လောက်သာ ကြာတာကိုတွေ့ရပါတယ်။ Tablet တစ်လုံး ဟာ power ဖွင့်ထားတာနဲ့ မည်သည့်အချိန်မှာမဆို sleep mode ကနေ ချက်ချင်းစတင်နိုးထကာ အသုံးပြုနိုင်ပါတယ်။သင့်အနေဖြင့် ဒီလိုမြန်ဆန်ကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုနေရခြင်းကို တော်ရုံနဲ့တော့ မရိုးအီနိုင်မှာသေချာပါတယ်။

၅။ Entertainment အတွက်သုံးရန် အလွန်ကောင်းမွန်ခြင်း
လေယာဥ်စီးနေရင်း e-book ဖတ်ချင်တာဖြစ်ဖြစ် ဘတ်စ်ကားပေါ်မှာ game ဆော့ချင်တာပဲဖြစ်ဖြစ် အိပ်ရာထဲမှာ တစ်ယောက်တည်း Netflix လေးနဲ့နှပ်ချင်တာပဲဖြစ်ဖြစ် tablet လေးက တော်တော်အသုံးဝင်မှာပါ။ ထိုအရာတွေကို ဖုန်းနဲ့လည်း လုပ်လို့ရတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ မျက်နှာပြင်ပိုကြီးတော့ ပိုပြီးသုံးလို့ကောင်းစေတာဖြစ်ပါတယ်။ဘယ်နေရာသွားသွား tablet ရှိနေသရွေ့ ပျင်းလိုက်တာဆိုတဲ့ အကြောင်းပြချက်ကို ပေးလို့မရမှာတော့အမှန်အကန်ပါပဲ။
၆။ Web-browsing လုပ်ရန် ကောင်းမွန်ခြင်း
Tablet ရဲ့သယ်ဆောင်ရလွယ်ကူစေခြင်းနှင့်လျင်မြန်စွာစတင်အသုံးပြုနိုင်ခြင်းတို့က web-browsing ကိုမြန်မြန်ဆန်ဆန်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေထဲမှာ နံပါတ် ၁ ဖြစ်စေတာပဲ။ဥပမာတစ်ခုပေးရရင် ထမင်းဟင်းချက်ရာတွင် ဟင်းအသစ်တစ်ခု စတင်ချက်ပြုတ်တော့မည်ဆိုပါက မီးဖိုချောင်ထဲတွင် tablet ကိုထားကာ online မှတစ်ဆင့်ရှာဖွေကာစတင်ချက်ပြုတ်နိုင်ပါတယ်။
၇။ Presentation လုပ်ရာတွင် အသုံးပြုရလွယ်ကူသောကြောင့် အလွန်အသုံးဝင်ခြင်း
စာသင်ကြားရာမှာပဲဖြစ်ဖြစ် အစည်းအဝေးလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ် presentation လုပ်ခြင်းကတော့ မပါမဖြစ်တဲ့ ဆရာကြီးဖြစ်လာတာ တော်တော်ကြာခဲ့ပါပြီ။ထိုအခါမှာလည်း မိမိတင်ပြချင်တဲ့ ဖိုင်ကို ထည့်ထားသော tablet ကိုသာ အသုံးပြုခြင်းက ပိုမိုလွယ်ကူတာကိုတွေ့ရမှာပါ။ထို့အပြင် မိမိသည် နေရာအနှံ့လှည့်လည်သွားလာကာ ဖောက်သည်များကို တွေ့ဆုံပြီး မိမိ၏ရုံးပြင်ပ၌ presentation ပေးရသည့်အခါတွင်လည်း tablet အသုံးပြုခြင်းက laptop ဖြင့်သုံးခြင်းထက် သိသိသာသာလွယ်ကူနေသော အချက်က အထူးထင်ရှားလှပါတယ်။
၈။ကလေးသူငယ်များရော လူကြီးသူမတွေအတွက်ပါ သင့်တော်နေခြင်း
အကယ်၍ မိမိ၏သားသားမီးမီးတွေက ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ် ကာတွန်းကား၊ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒီအတိုင်း အင်တာနက်သုံးချင်လို့ပဲဖြစ်ဖြစ် မိမိထံမှ smart phone သို့မဟုတ် laptop ကိုတောင်းလာသောအခါ စောင့်ဆိုင်းနေစရာမလိုအောင် tablet ဝယ်ထားပေးခြင်းက အဖြေတစ်ခုဖြစ်နိုင်ပါတယ်။ Tablet တွေဟာ စျေးမကြီးလွန်းတာကြောင့် ဘတ်ဂျက်အနေဖြင့်ဝယ်မည်ဆိုပါက ရွေးချယ်စရာ အများအပြားရှိတဲ့အပြင် ကလေးတွေရဲ့ အပြုအမူတစ်ခုခုကြောင့် ပျက်စီးကျကွဲသည့်အခါတွင်လည်း တန်ဖိုးနည်းပါးသောကြောင့် သိပ်စိတ်ပူစရာမလိုပေ။ဖြစ်နိုင်ပါက ကလေးရဲ့အနားမှာ တစ်ယောက်ယောက် စောင့်ကြည့်နေတာကတော့ အကောင်းဆုံးပါ။အခုနောက်ပိုင်းထွက်လာသော ဖုန်းနှင့် tablet အချို့တွင် parental controls (google play store)၊kids mode (Galaxy store) ကဲ့သို့သော application များပါလာသောကြောင့် အကယ်၍ မိမိ၏ ကလေးသုံးတော့မည်ဆိုလျှင် ထို app ကို ဖွင့်ထားခြင်းဖြင့် harmful content တွေမြင်ရခြင်းမှ ကာကွယ်နိုင်သလို screen time အား timer ထားပေးခြင်းဖြင့်လည်း သုံးစွဲချိန်အားကန့်သတ်နိုင်ပါတယ်။ iOS or iPadOS အသုံးပြုသူဖြစ်နေလျှင်လည်း apple website တွင် parental controls ဟုရိုက်ရှာကာ လုပ်ဆောင်နည်းများကို လေ့လာနိုင်ပါတယ်။လူကြီးသူမ များအတွက်လည်း သုံးစွဲရလွယ်ကူခြင်း၊မျက်နှာပြင်ကြီးမားခြင်းဆိုတဲ့အချက်တွေနဲ့တင် အသင့်တော်ဆုံး device တစ်ခု အဖြစ် ညွှန်းချင်ပါတယ်။
Tablet များ အထူးသဖြင့် iPad တွေဟာ လူသုံးအတော်များလာသည့်အပြင် ပညာရေးအဖွဲ့အစည်းအချို့မှာ လက်ခံအသုံးပြုလာကြပါတယ်။ကလေးတွေဟာ သင်ကြားရေးထောက်ကူပစ္စည်းအဖြစ် လက်တွေ့မှာအသုံးချနိုင်ပြီး အပြန်အလှန်ပညာရေး (interactive education) ကိုလုပ်ဆောင်နိုင်ခြင်းက စာသင်ခန်းတွင်း tablet အသုံးပြုမှု အောင်မြင်ခြင်းအတွက်သော့ချက် လို့ဆိုနိုင်ပါတယ်။
(စာကြွင်း - ကောင်းကျိုးနဲ့တင် တစ်ပုဒ်စာပြည့်သွားသောကြောင့် ဆိုးကျိုးများကို နောက်တစ်ပုဒ်အဖြစ် ခွဲရေးထားလိုက်ပါတယ်ဗျ။ဆိုတော့ ဆက်ရန်ပေါ့ဗျာ။)
မိုက်
ReplyDeletegood.
ReplyDeleteGood
ReplyDeleteမိုက်
ReplyDelete