Tips for LDRS

ဒီကာလမှာ မိမိချစ်ရတဲ့သူနဲ့ ဝေးကွာပြီး LDRS ဖြစ်နေကြတဲ့သူတွေများမှာပါ။ အနေဝေးရင် သွေးအေးတယ်ဆိုတာမျိုးက စာတစ်စောင် တစ်လလောက်ပို့ရတဲ့ ဘွားတော်တို့ခေတ်မှာတော့ မှန်ရင်မှန်မယ်။ အခုလို digital ခေတ်ကြီးမှာတော့ LDRS ‌တွေလုပ်လို့ရတဲ့ online activities တွေအများကြီးရှိနေပါပြီ။ ဘာတွေလဲကတော့ အောက်မှာကြည့်။

၁) ရုပ်ရှင်တူတူကြည့်ပါ။

any_screen

ဒါကတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုပါဘူး။ အားလုံးသိကြမယ့် activity တစ်ခုပါ။ ရုပ်ရှင်ရုံတွေပိတ်လို့ ဝမ်းနည်းနေစရာမလိုပါဘူး။ ဇာတ်ကားသစ်တွေကို Netflix တို့လို streaming app တွေကနေကြည့်လို့ရပါတယ်။ Free site လေးတွေပါ အပိုပြောပြလိုက်ပါမယ်။ Yes Movies နဲ့ Gototub website တွေမှာ ရုပ်ရှင်ကားတိုင်းနီးပါးရှိပါတယ်။ တူတူကြည့်မယ့် app ကတော့ Messenger, Telegram, Zoom အစရှိတာတွေသုံးလို့ရပါတယ်။ Admin ကတော့ Google Meet ကို ပိုသဘောကျပါတယ်။ ကိုယ့်ကောင်လေး/ ကောင်မလေး မျက်နှာကည့်လို့က် ရုပ်ရှင်ကြည့်လိုက်နဲ့ ဇိမ်ပါပဲ။

၂) တစ်ယောက်အကြောင်း တစ်ယောက်ပိုသိအောင်မေးခွန်းမေးပါ။

LDRS တွေမှာဖြစ်လေ့ရှိတာက ပြောစရာစကားကုန်သွားတာပါ။ အဲ့တော့ ပြောရင်းစကားများရန်ဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့တာကြောင့် ကိုယ့်ချစ်သူရဲ့ ပြောစရာမရှိတော့ဘူးလို့ခံစားရရင် တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းလေးတွေမေးလို့ရပါတယ်။ ဘာမေးခွန်းတွေမေးရမလဲဆိုတာတော့ သင်ချစ်သူကိုမေးဖို့ မေးခွန်း ၁၀၀ မှာကြည့်ပါ။ စကားအပြန်အလှန်လေးတွေလည်းပြောဖြစ် သင့်ချစ်သူရဲ့ ဝါသနာတွေ၊ ခံစားချက်တွေ၊ အတိတ်တွေ၊ စိတ်ဒဏ်ရာတွေကိုပါပိုပြီး သိလာပါစေလိမ့်မယ်။

၃) Video Chat!

လူဆိုတာ မတွေ့တာကြာရင် စိမ်းသွားတတ်ကြတာ သဘာဝပါ။ နေ့တိုင်း Message တွေပို့နေပေမယ့် facetime မရှိရင် ဝေးသွားတတ်ပါတယ်။ စစချင်းမှာတော့ Video chat ရတာ အစပိုင်း  စိတ်ထဲ တစ်မျိုးကြီးလိုဖြစ်နိုင်ပေမယ့် ကြာရင်တော့ အသားကျပြီး တကယ် Date နေရသလို ခံစားရမှာပါ။ Trust Me!

၄) ဂိမ်းတူတူဆော့ပါ။

တို့က ML ပဲဆော့တတ်တာလို့တော့ မပြောပါနဲ့။ Boycott ပါ။ ပြီးတော့ အရမ်း Competitive ဖြစ်တဲ့ ဂိမ်းတွေက အတွဲတွေအတွက်လည်း မကိုက်ညီပါဘူး။ ကိုယ့်ချစ်သူနဲ့ မ date ပဲ လောင်နေရပါမယ်။ ဘာတွေဆော့ရမလဲဆိုတာတော့ အောက်က link ထဲမှာကြည့်ပါ။ 

LDRS များအတွက် game များ

၅) ကာရာအိုကေ ဆိုပါ။

အပြင်က Music Box ‌တွေမှာ ဆိုသလိုတော့ Feel ရမှာမဟုတ်ပေမယ့် ပျော်ဖို့တော့ကောင်းပါတယ်။ Singsnap ဆိုတဲ့ website မှာ အတူတူဆိုလို့ရပါတယ်။ Video Record တောင်စိတ်ပါရင်လုပ်လို့ရပါသေးတယ်။ Try it out!

၆) စာအုပ်တစ်အုပ်ကို တူတူဖတ်ပါ။

နှစ်ယောက်စလုံးမှာ အချိန်လည်းရတယ်။ စာဖတ်တာလည်း ဝါသနာပါကြတယ်ဆိုရင် စာတူတူဖတ်ကြလို့ရပါတယ်။ တစ်နေ့ကိုတစ်ခန်းနှုန်းတူတူဖတ်ပြီး ပြန်ဆွေးနွေးကြတာမျိုးဆို စာလည်းဖတ်ဖြစ်၊ ပြောစရာခေါင်းစဉ်လေးလည်းရသွားပါမယ်။ နှစ်ယောက်လုံးကြိုက်တဲ့စာအုပ်ကို ရွေးဖို့တော့လိုအပ်ပါတယ်။

၇) သီချင်းတူတူနားထောင်ပါ။

နေ့တိုင်း စာပဲပို့နေမယ့်အစား စာပို့ရင်း သီချင်းလေးပါတူတူနားထောင်ပေးရင်ပိုကောင်းပါတယ်။ နားထောင်ဖို့ discord တို့ telegram တို့အသုံးပြုလို့ရသလို spotify လို streaming app တွေ သုံးလည်းရပါတယ်။

၈) ကလေးမွေးပါ။ 

မလန့်သွားပါနဲ့။  MorphThing.com ဆိုတဲ့ website မှာ သင့်ရဲ့ကောင်‌လေး/ ကောင်မလေးပုံနဲ့ နှစ်ပုံပေါင်းပြီး အနာဂတ်က ဘေဘီလေးကို ပုံဖော်ကြည့်လို့ရပါတယ်။ 

၉) သင်တန်းတူတူတက်ပါ။

နှစ်ယောက်လုံးစိတ်ဝင်စားတဲ့ သင်တန်းကို တူတူတက်ကြည့်ပါ။ Edx တို့ Udemy တို့မှာ free class တွေတူတူတက်တာဖြစ်ဖြစ်၊ ဘာသာစကားတွေအတူတူသင်ပြီး လေ့ကျင့်ကြတာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ စာလဲလုပ်ဖြစ်သလို နှစ်ယောက်သားကြား သံယောဇဉ်တစ်မျိုးလဲတိုးပါတယ်။

၁၀) ပြန်တွေ့နိုင်မယ့်ရက်ကို Countdown လုပ်ပါ။

LDR Activities | Page 8

ဒါဟာ အချင်းချင်းဝေးနေတဲ့ရက်ကို သတိရဝမ်းနည်းနေတာထက် ပြန်တွေ့မယ့်ကို နေ့ကို ပိုအာရုံစိုက်ဖြစ်စေပါတယ်။ တွေ့ရဖို့ရက်နီးလေလေစိတ်လှုပ်ရှားရလေလေပါပဲ။ 

ကျွန်တော်ပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ကြပါ။ LDRS တွေလဲ လက်တွဲခိုင်မြဲကြပါစေ။ မဆိုင်ပဲ ဝင်ကြည့်နေတဲ့ FA တွေလည်း  ချစ်ခင်ကြည်နူးတီတီတူးနိုင်မယ့် သူ မြန်မြန်တွေ့ကြပါစေ။

Comments

  1. Guys write articles about climate change plz.

    ReplyDelete
  2. Pure Single ta yout ma win yout phat twar par tae

    ReplyDelete
  3. Why am I reading this post when I'm single now!

    ReplyDelete
  4. Fa တွေအတွက် မျက်ရည် နှစ်စက်

    ReplyDelete
  5. ပြန်တွေ့နိုင်မဲ့ရက်က အရေးတော်ပုံကြီးပြီးမှဆိုတော့ရက်တွေကိုဘယ်လိုcountရပါ့မလဲ😔ဘယ်လောက်ကြာမယ်မှန်းလဲမသိဘူး

    ReplyDelete
  6. ရင်နာတယ်ရင်နာတယ် ချစ်လွန်းလို့ပိုပီးရင်နာရတယ်😪😪😪

    ReplyDelete
  7. တော်လှန်ရေး FA တွေ စိတ်ဓါတ်ကျအောင်လို့ ဆိုက်ဝါးထဲ့ပီး ဒလန် လုပ်နေတာလား? 😐

    ReplyDelete
  8. Wow
    How Cute
    နည်းလမ်းတွေ အကုန် ချစ်ဖို့ကောင်းတယ်....
    BTW No.7ကို ခု သုံးနေတယ် bfနှင့်‌ေတာ့မဟုတ်ပါ၊ ခုကာလဆိုးကြီးမှာ ကိုယ့်ရင်ဖွင့်ရာ၊အားပေးရာ၊
    ယုံကြည်ရသူတစ်ယောက်‌‌နှင့်။ He is like someone from different planet for me .

    ReplyDelete
    Replies
    1. 🥁🥁🥁🥁🥁🎼🎤🎧🎼🥁🎺🎸🎻

      Delete
  9. အရင်နှစ်တွေက ၆ ပေတွေခြားလို့ အနားမကပ်နိုင် ဝေးရတယ်၊
    ခုတော့ နေရာကော အချိန်ကော ထပ်ဝေးသွားကြတယ်၊
    ဒီနှစ်မှာ အကြောင်းအရာစိတ်တူကိုယ်တူ ရည်ရွယ်ချက်တူတဲ့သူတွေ အများကြီးတွေ့လို့
    လမ်းတူတူလျောက်နေကြလို့ ဝမ်းသာရပါတယ်
    တယောက်နဲ့တယောက်တော့ မတွေ့ဖူး မသိကြဘူးပေါ့။

    ReplyDelete

  10. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ...There are no unsuccessful things which are done with strong desire and effort...

    ReplyDelete

Post a Comment