World's largest Buddha temple
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘုရားကျောင်းဖြစ်တဲ့ ဗောရောဗုဒ္ဓော ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းပေါ်မှာတည်ရှိပါတယ်။ အေဒီ ၈ရာစုနဲ့ ၉ရာစုအကြားမှာ တည်ထားခဲ့တာဖြစ်ပြီး မဟာယနဗုဒ္ဓဘာသာရဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ဘုရားကျောင်းကိုတော့ အထပ်ကြီး ၉ ထပ်နဲ့တည်ထားပြီး အခြေ ၆ထပ်ကိုတော့ စတုရန်းပုံ၊ အထက် ၃ ထက်ကိုတော့ စက်ဝိုင်းပုံဖြစ်ပြီး၊ အပေါ်ဆုံးအဆင့်မှာ စေတီကြီးတစ်ဆူရှိပါတယ်။

မီးသင့်ကျောက်တုံးကြီးတွေနဲ့ ဆင့်တည်ထားပြီး ပတ်လည်နံရံတွေပေါ်မှာ ကျောက်ဆစ်ပန်းတမော့ပေါင်း ၂၀၀၀ ကျော် ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၅၀၄ ဆူနဲ့ အလှဆင်ထားပါတယ်။ တည်ထားပုံက အန်ကောဝတ်နဲ့ဆင်တူပေမယ့် ဗောရောဗုဒ္ဓောက အနှစ် သုံးရာလောက်စောပါတယ်။ ဆင်းတုတော်တွေက အလွန်သပ္ပာယ်ပြီး စေတီတွေနဲ့ တစ်ခုချင်း ငုံပြီးတည်ထားပုံက အလွန်စိတ်ကူးကောင်းပါတယ်။ စေတီမှာ ခေါင်းလောင်းပုံ အပေါက်တွေဖောက်ထားပြီး အဲ့အပေါက်ကနေလက်လျှိကာ အတွင်းမှာရှိတဲ့ ဆင်းတုတော်တွေကို ထိတွေ့ဖူးမြော်လို့ရပါတယ်။
အပေါ်ဆုံး အမြင့်ဆုံးမှာ စေတီကြီးတစ်ဆူရှိပြီး အဲဒီစေတီထဲမှာရှိတဲ့ ဆင်းတုတော်ကတော့ ကျောက် တုံးပုံကြမ်းမျှသာ ဖြစ်ပါတယ်။ အရိမေတ္တယျဘုရား အတွက် ရည်စူးပြီး တည်ထားခဲ့တာဖြစ်လို နောက်လာ မည့် မြတ်စွာဘုရားရဲ့ ဆင်းတုတော်ကို ကြိုပြီးထုလုပ်လို့မရသေးတဲ့ သဘော၊ နောင်ပွင့်မယ့်ဘုရားကို စောင့် ကြိုတဲ့ သဘောပါပဲ။ ပုဂံခေတ်ကျောက်စာတွေလိုပဲ ဂေါတမမြတ်စွာဘုရားရဲ့ ဓမ္မအတိုင်း ကျင့်ကြပြီး၊ ကုသိုလ်ပြုပြီး အရိမေတ္တယျဘုရားရှင် ပွင့်တော်မူမယ့် ကာလကို မျှော်မှန်းကြတယ်။ တည်ထားခဲ့တဲ့ ကုသိုလ် တော်တွေကို ဖျက်ဆီးသူများရဲ့ ရန်မှ ကာကွယ်ဖို ဟန့်တားတဲ့အနေနဲ့ အရိမေတ္တယျဘုရားရှင်ကို မဖူးလိုက် ရဘဲ ဖြစ်သွားမယ်လို ရေးထိုးထားလေ့ရှိကြပါတယ်။
| ကျောက်တုံးပုံကြမ်းဆင်းတုတော် |
ဒါပေမယ့် ဘုရားကျောင်းကြီးဟာ တစ်ချိန်လုံး ဒီလိုခမ်းခမ်းနားနားရှိနေခဲ့တာတော့ မဟုတ်ပါဘူး။ ၁၀ ရာစုကုန်ခါနီးမှာ မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဘုရင်က အရှေ့ဂျာဗားကို ထီးနန်းနေရာရွှေ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရားကျောင်းကြီးဟာ မီးတောင်ပြာတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေကြား ရာစုနှစ်ပေါင်းများစွာ အစွန့်ပစ်ခံနေရာတစ်ခုဖြစ်ခဲ့တာဟာ 1814 အထိပဲဖြစ်ပါတယ်။

ဂျာဗားကျွန်းစွယ် ဗြိတိလျှလက်အောက်ရောက်ရှိပြီးချိန်မှ ရှေးဟောင်းပစ္စည်းတွေစိတ်ဝင်စားသူတွေ ပြန်လည် တူးဖော်ခဲ့ကြတာဖြစ်ပါတယ်။ 1835 ရောက်မှ ဘုရားကျောင်းတစ်ခုလုံးကို တူးဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းသေချာပြုပြင်ထိန်းသိမ်းခြင်းမရှိတာကြောင့် သိုက်တူးသမားတွေလက်ချက်မိပြီး အမွှေအနှစ်တွေဟာ ရောင်းကုန်တွေဖြစ်ခဲ့တဲ့ ကာလတွေဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာလည်း ပျူကျောက်စာချပ်ကို အဝတ်လျော်တဲ့ နေရာမှာအသုံးပြုခဲ့လို့ စာတွေဖတ်မရဖြစ်ရတာကို ဒေါက်တာသန်းထွန်းစာအုပ်ထဲဖတ်ဖူးပါသေးတယ်) 1882 ခုနှစ်မှာဆိုရင် ဘုရားကျောင်းတစ်ခုလုံးဖျက်ပြီး ပြတိုက်ထဲအပိုင်းအစတွေပဲသိမ်းထားဖို့တောင်ကြံစည်ခဲ့ကြတာကို တတ်သိပညာရှင်တွေအချိန်မီတားနိုင်ခဲ့လို့တော်ပါသေးတယ်။
| စေတီတွင်းမှ ဗုဒ္ဓရုပ်ပွားတော် |
ကျောက်ဆစ်ပန်းတမော့ လက်ရာများ
နောက်ပိုင်းလွတ်လပ်ရေးရပြီး ကာလမှာ UNESCO နဲ့ပူးပေါင်းထိန်းသိမ်းခဲ့တာမှာ အခုဆို အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကခရီးသွားလည်ပတ်ရာနေရာတစ်ခုပါဖြစ်နေပြီဖြစ်ပါတယ်။ အဝေးကကြည့်မယ်ဆိုရင် ပုံစံက မြောက်ဦးက သျှစ်သောင်းပုထိုးတော်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ သျစ်သောင်းပုထိုးတော်ကြီးကိုတော့ အေဒီ ၁၆ ရာစုကတည်ခဲ့တာဖြစ်ပါတယ်။
| သျှစ်သောင်းပုထိုးတော်ကြီး |
ကျွန်တော်တို့နိုင်ငံမှာလည်း ဗောရောဗုဒေ္ဓာ နဲ့ခေတ်ပြိုင်မှာ ပျူခေတ်ရှိပါတယ်။ ပျူခေတ်ရဲ့ အဆောက်အအုံတွေ၊ မြို့ရိုးတွေကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်စိတ်ဝင်စားမှုနည်းနေသေးတာဖြစ်ပါတယ်။ ဒါဟာ လူသားတွေအားလုံးတန်ဖိုးထားရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သမိုင်းကျောင်းကို ကိုယ်တိုင်ဖတ်ရှုနိုင်မယ့်နေရာတွေဖြစ်တာကြောင့် သွားရောက်လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။
ညိုထွန်း
Reference- wikipedia, မြန်မာအစမြန်မာက-ဒေါက်တာခင်မောင်လွင်

သွားချင်ပါတယ် ဒါကြီးပြီးရင်တော့ အသက်မသေ သေးရင်ပေါ့
ReplyDeleteအောင်ပွဲရရင် သွားဖူးချင်မိ
ReplyDeleteWe Must Win ✊
Deletegood.
ReplyDeleteခုလို ဗဟုသုတတွေ share ပေးတာ ကျေးဇူးတင်ပါတယ်
ReplyDeleteGood
ReplyDeletePrecious
ReplyDeleteDone🐬🐬
ReplyDeleteကလိပီး
ReplyDeleteDone 💪
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
ReplyDelete*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
💙💙
ReplyDeleteမြောက်ဦးသွားလည်ချင်တာ
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteWant to go there
ReplyDeleteWoahh..wish I could visit there some day 😦🤍
ReplyDeleteGood
ReplyDeleteThis comment has been removed by the author.
ReplyDeleteThanks for sharing🙏👍
ReplyDeletethanks
ReplyDeleteတန်ဖိုးကြီးတဲ့ ရှေးဟောင်းအမွေအနှစ်တွေ
ReplyDelete♡
DeleteDone
ReplyDeletedone
ReplyDeleteDone2 UK
Delete🙏🙏🙏
ReplyDeleteကျွန်တော်တို့အနိုင်ရတဲ့တစ်နေ့သေချာပေါက်ကိုသွားလည်မယ်ဗျာ😸
ReplyDeleteNever Give Up
ReplyDeleteWheel........dope🏹🏹🏹
ReplyDeleteDone
ReplyDeleteDone တစ်နေ့တော့သွားချင်တယ်
ReplyDeleteThanks for knowledge sharing
ReplyDelete🐝
ReplyDelete💪
ReplyDeleteDone
ReplyDelete