AVA 17040s(s2) အခန်း ၁
AVA 1740s (Season 2)
အခန်း(၁)
...............................................
“ရဲရဲသာ လုပ်စမ်းပါ…ငါ့လူရာ..ကျုပ်နာမှာကို စိုးရိမ်မနေနဲ့”
အလယ်တွင် ခွက်ဝင်နေသော ဝါးခြမ်းပြား၏ ထိပ်ဖျားက ချွန်မြသည်။
အသွားကလည်း မြနေအောင် ထက်ရှသည်။
ဝါးခြမ်းပြားကို ကိုင်ထားသူ၏ လက်က တုန်ရီနေသည်။
“ကိုင်း..လုပ်မှာသာ လုပ်စမ်းပါဆိုကွာ…ငကျော်ပြည့်ရာ...ငါ့နှယ့်”
အရည်ပြားနှင့် အသားစိုင်ကြားသို့ ဝါးခြမ်းပြားက ဖောက်ခနဲ တိုးဝင်သွား၏။
ဝါးခြမ်းပြားအလယ်တွင် ဖိကိုင်ထားသော ငွေသတ္တုကို ပုံသွင်းထားသည့် ခပ်လုံးလုံးအရာလေးကို အရည်ပြားနှင့် အသားစိုင်များကြားသို့ ထိုးထည့်လိုက်သည်။
ထို့နောက် နဘေးတွင် ရှိနေသာ ခွက်ထဲမှ ဆနွင်းမှုန့်များဖြင့် အပေါက်ဝကို သိပ်လိုက်တော့၏။
“အ...အဲ့လိုမှပေါ့..ငါ့လူရ..မင်းနှယ်..ခံရတဲ့လူတောင် ဒီလောက်မကြောက်ဘူး.မင်းက ကြောက်နေလိုက်တာ”
“ဟ..ကြောက်တာပေါ့..ဗညားရ…ဒါမျိုးတွေက လေးထောင့်ဝဲရပ်က မုဆိုးမတွေပဲ ကျွမ်းတာ…ပြီးတော့ ငါ့က နင့်ဟာကြီး ကို မရွံမရှာကိုင်ရသေးတယ်”
“အံမယ်…ငါ့ဟာက သန့်ပါတယ်..အကောင်ရ..ဟိုဟာမတွေဆီသွားထည့်ရင် ထည့်ခတင် ငွေနှစ်မတ်ပေးရတာဟ..အဲ့ဒီအစား မင်းကို ဗျစ်ဝယ်တိုက်မယ်ပြောပြီးမှပဲ”
“ဗျစ်ရည်နဲ့ မင်းဟာကြီးကိုင်ရတာက မတန်ပေါင်..မောင်ရာ..ထွီ”
အင်းဝမြို့၊ နမော်ဈေးထိပ်ရှိ ဖိုးသာချမ်းဗျစ်ဆိုင်၏ အနောက်ဘက်နံရံအကွယ်မှ အသံများဖြစ်သည်။
ဗြန် ဟု ခေါ်သော အနောက်တိုင်းဘရန်ဒီတစ်ခွက်ကို စိမ်ပြေနပြေသောက်နေသည့် ငတွန်မှာ ထိုအသံများကြောင့် တွေးလက်စ အတွေးများ ပြတ်တောက်သွား၏။
တချိန်က ထိုအရက်ဆိုင်နေရာတွင် လွီဇာ ဆိုသော အင်းဝသူ ပေါ်တူဂီမလေးတစ်ယောက်ရှိနေခဲ့ဖူးသည်။
ထိုအရက်ဆိုင်တွင်ဖြစ်ပေါ်ခဲ့သော လူသတ်မှုတစ်ခုကို အကြောင်းပြုကာ လွီဇာ နှင့် သူ ဆုံတွေ့ခဲ့ရသည်။
ထိုလူသတ်မှုမှ အစပြုကာ လွီဇာ၏ ဘဝအလှည့်အပြောင်းများစွာ။
နောက်ဆုံးအကြိမ် ဟံသာဝတီတွင်ရှိနေသော လွီဇာထံ ငတွန် အရောက်သွားခဲ့သည်။
နှစ်ပေါင်းများစွာ အခက်အခဲများ၊ ဒုက္ခသုက္ခများကြား ခွဲခွာခဲ့ရသည့် သူတို့နှစ်ဉီးသည် ထိုညခင်းတွင် ချစ်သူအဖြစ်သို့ ရောက်ခဲ့ကြသည်။
ထိုညခင်းတွင်ပင်သူတို့ခွဲခွာခဲ့ကြရ၏။
“ရှင်..ကျွန်မကို အကြာကြီးပစ်ထားခဲ့တယ်နော်”
လွီဇာ၏ မျက်ရည်များက ငတွန်၏ ရင်ဘတ်ကို စိုစွတ်သွားစေသည်။
“ကျွန်မတို့ ဟံသာဝတီမှာ ကျွန်မနဲ့ အတူနေမယ်မဟုတ်လားဟင်..ကျွန်မကို ခွဲမသွားတော့ဘူးမဟုတ်လား”
ငတွန်၏ ကိုယ်ငွေ့နွေးနွေးက လွီဇာ၏ တကိုယ်လုံးကို ခြုံလွှမ်းထားသလို။
“မဟုတ်ဘူး..လွီဇာ..ကျုပ် ခင်ဗျားကို လာခေါ်တာ”
“ဟင်”
အာမေဋိတ်သံနှင့်အတူ ငတွန့်ရင်ခွင်ထဲမှ လွီဇာ ရုန်းထွက်ခဲ့သည်။
“ဟုတ်တယ်..လွီဇာ..အင်းဝက ကသည်းတွေနဲ့ စစ်ပြေငြိမ်းလိုက်ပြီ...အဲ့ဒီတပ်တွေအကုန်လုံး မကြာခင် ဟံသာဝတီကို ချီလာကြတော့မှာ...သူတို့ ဟံသာဝတီကို စိစိညက်ညက်ကြေအောင်အပြီးတိုင် ချေမှုန်းပစ်ဖို့ နန်းတော်က အမိန့်ထုတ်ထားလိုက်ပြီ..အဲ့ဒါ မင်းအတွက် အန္တရာယ်ရှိတယ်...ငါနဲ့ လိုက်ခဲ့ပါ..တို့နှစ်ယောက် ရှမ်းပြည်ဘက်မှာ အေးအေးဆေးဆေးသွားနေကြမယ်”
လွီဇာက မျက်ရည်များကို သုတ်လိုက်ကာ ခေါင်းကို ခါရမ်းလိုက်သည်။
“ကျွန်မ မလိုက်နိုင်ဘူး…မောင်ကြီးငတွန်…ကျွန်မ ချစ်မြကတဆင့် ပါးလိုက်တဲ့ စကားကို ရှင်ရရဲ့ မဟုတ်လား…. အင်းဝမြို့ကြီး ပျက်စီးနေတာကို ရှင့်ရင်ခွင်ထဲကနေ ကျွန်မ အရသာခံကြည့်ချင်တယ်ဆိုတာကို..ကျွန်မ ဟံသာဝတီနဲ့အတူ အင်းဝကို ဖျက်ဆီးမယ်”
လွီဇာ၏ စကားသံ က ငတွန့်နားထဲတွင် ပဲ့တင်ထပ်လျက်။
“ကဲ..ဗညား..အမြည်းက ဘာမှာလိုက်ရမှာလဲ..ကြွက်ကြော်လား”
အနောက်ခန်းထဲမှ ထွက်လာသူနှစ်ဉီး၏ အသံကြောင့် ငတွန်၏ အတွေးစများပြတ်သွားသည်။
ရှေ့ဆုံးမှ ငကျော်ပြည့် က လက်ထဲတွင် ဝါးခြမ်းပြားတစ်ခုကို ကိုင်လာ၏။ နောက်မှ လိုက်လာသည့် ဗညားက ပုဆိုးကို မလျက် ကွတတဖြင့်။
သူတို့နှစ်ဉီးက ငတွန်၏ ဘေးစားပွဲတွင် ထိုင်လိုက်ကြသည်။
လွန်ခဲ့သည့် နှစ်များက လွီဇာ၏ အရက်ဆိုင်ကလေးသည် ယခုအခါ အင်းဝငါးပိတန်းအသည်သား ဖိုးသာချမ်း၏ ဆိုင်အဖြစ် အသွင်ပြောင်းသွားပြီဖြစ်သည်။
ဆိုင်ကလေးက အရင်ကအတိုင်း လူစည်ကားဆဲ။
ထွက်လာသော လူနှစ်ဉီး၏ အခြေအနေနှင့် အစောပိုင်းက ကြားနေရသော အသံများကို ဆက်စပ်ကာ အခြေအနေကို ငတွန်ရိပ်မိလိုက်၏။
ထိုလူငယ်နှစ်ဉီးမှာ ကိုယ့်ဘာသာကိုယ် ငွေစေ့ ထည့်နေကြခြင်းဖြစ်သည်။
“ငွေစေ့”ထည့်ခြင်းသည် ၁၅ ရာစုအစပိုင်းကတည်းက အင်းဝ ရှိ ယောက်ျားသားတို့အကြား ခေတ်စားသည့် ယဉ်ကျေးမှုဖြစ်သည်။
ရွှေ၊ငွေ၊ကြေးတို့ဖြင့် ပြုလုပ်ထားသည့် ပဲစေ့အရွယ် အလုံးကလေးများကို ယောက်ျားအင်္ဂါ၏ အရည်ပြားထဲသို့ ဖောက်ကာ ထည့်ကြခြင်းဖြစ်သည်။
ထိုဓလေ့သည် အင်းဝမှတဆင့် တရုတ်ပြည်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပင်ပျံ့နှံ့သွားခဲ့သည်။ အိန္ဒိယနှင့် ဥရောပကုန်သည်များကြားတွင်လည်း အဆိုပါအလေ့အထမှာ ခေတ်စားခဲ့သည်။
လူဂုဏ်တန်ယောက်ျားများက ရွှေစေ့ ထည့်လေ့ရှိကြပြီး ငွေနှင့် ကြေးစေ့များကိုလည်း ငွေကြေးတတ်နိုင်သည့်အလိုက်ထည့်တတ်ကြသည်။
အင်းဝမြို့စွန်ဖြစ်သော လေးထောင့်ဝဲရပ်တွင် ရွှေစေ့၊ ငွေစေ့ ဆိုင်များဖွင့်လှစ်ထားပြီး ရောင်းချသူမှာ သက်လတ်ပိုင်း အိမ်ထောင်ပျက်၊ မုဆိုးမ အမျိုးသမီးအချို့ဖြစ်ကြသည်။
ထိုဆိုင်များတွင် ရွှေစေ့၊ ငွေစေ့များကို ရွေးချယ်ဝယ်ယူနိုင်ပြီး ဆိုင်မှ ကျွမ်းကျင်သူအမျိုးသမီးများက ထည့်ပေးသည့် ဝန်ဆောင်မှုလည်း ပါရှိသည်။
သေသပ်စွာလုပ်ထားသည့် ဓါးပုံသဏ္ဍန်ကိရိယာ၊ ဆေးဝါးအစုံဖြင့် ထည့်ပေးခြင်းဖြစ်သည်။
ဗညားမှာ အမျိုးသမီးများထံ သွားထည့်ပါက ငွေပိုပေးရမည်ဖြစ်သဖြင့် ဖိုးသာချမ်းဆိုင်နောက်ဖေးတွင် ငကောင်းကို ငွေစေ့ထည့်ခိုင်းနေခြင်းဖြစ်သည်။
“ဟိတ်ကောင်တွေ..ငါ့ဆနွင်းမှုန့်တွေ ကုန်ပြီလားမသိဘူး..အဲ့ဒါ..ငါ ကြွက်ကြော်လို့ မလောက်ရင်တော့ နင်တို့ ဆနွင်းဖိုးထပ်ပေးရမယ်”
ဖိုးသာချမ်းက ကွတတဖြင့် အရက်မှာနေသော ဗညားကို ခပ်ငေါက်ငေါက်လှမ်းပြောလိုက်သည်။
ငတွန်က သူ့ရှေ့တွင် ဆနွင်းနိုင်နိုင်ဖြင့် ကြော်ထားသော ကြွက်အသည်းပန်းကန်လေးကို စိတ်ပျက်စွာကြည့်လိုက်၏။
ထိုအချိန်တွင် ရုတ်တရက်ဆိုင်ထဲသို့ လူတစ်ယောက်ဝင်လာသည်။
မောက်တိုဉီးထုပ်၊ မျဉ်းတိုအင်္ကျီ၊ လယ်ကွေးစသော အင်းဝမြင်းစစ်သည်တစ်ဉီး၏ အဆောင်အယောင်အပြည့်အစုံဖြင့် ဝင်လာခြင်းဖြစ်သဖြင့် တဆိုင်လုံးမှ အာရုံစိုက်သွားကြသည်။
မောက်တိုဉီးထုပ်အပေါ်ရှိ မောက်ရူအချွန်လေးတွင် စိန်တောင်မှန်စီသုံးပွင့်က မြင်းတပ်အရာရှိငယ်တစ်ဉီး မှန်းသိသာစေသည်။
ဗညား က ထိုသူကို သေချာလိုက်ကြည့်နေကြသည်။
“ဗိုလ်တွန်ကြီး..ခင်ဗျားနှယ့်…နှစ်ချီပျောက်နေလိုက်တာ..တနေ့က မြို့တံခါးနားမှာ တွေ့လိုက်တယ် သတင်းရတာနဲ့ ကျုပ်မှာ လိုက်ရှာလိုက်ရတာဗျာ”
ထိုသူက ငတွန်တစ်ဉီးတည်း ထိုင်နေသာ ဝိုင်းသို့ တန်းတန်းမတ်မတ်ဝင်လာသည်။
မောက်တိုကို ချွတ်ကာ စားပွဲပေါ်တင်လိုက်၏။
“ချစ်မြ”
“ဟုတ်တယ်..ကိုတွန်..ကျုပ် ထင်တော့ထင်သား..ဒီဆိုင်နားရောက်တော့ လွီဇာကို သတိရရင်း..အင်း..ခင်ဗျားသာရှိနေရင် သေချာပေါက် ဒီဆိုင်ကို လာမှာပဲလို့ တွေးမိပြီး စုံစမ်းဖို့ ဝင်လာခဲ့ရင်း..ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့တာပဲဗျိုး”
“အင်း…ကျုပ် ဟံသာဝတီက ပြန်လာခဲ့တာပ”
ငတွန့်အသံက ခပ်တိုးတိုး။
“လွီဇာ နဲ့ တွေ့ခဲ့ရဲ့လား”
ငတွန်က သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။
“သူ..အင်းဝကို ပြန်မလာဘူးလား”
“သူက ဟံသာဝတီသူဖြစ်နေပြီ..ချစ်မြ”
“အေးဗျာ..နောက်မှ ဒီကိစ္စ..အေးအေးပြောကြတာပေါ့…ကျုပ် ဒီဝတ်စုံကြီးနဲ့ ဒီနေရာမှာ ကြာကြာထိုင်လို့မရဘူး..ဗိုလ်တွန်..အခု ခင်ဗျား အင်းဝ ဘယ်မှာနေလဲ”
“လေးထပ်ကျောင်းမှာ တည်းတယ်…မုဆိုးခြုံလည်း မပြန်ချင်တာပဲ”
“ကဲ..ကျုပ်နဲ့လိုက်ခဲ့တော့..ကိုးသိန်းသခင်က ခင်ဗျားကို အမြဲတသသပြောနေတာ…မကြာခင် ဟံသာဝတီကို စစ်ချီဖို့ကိစ္စတွေလည်းရှိနေတယ်…ခင်ဗျားကို တွေ့ရင် သူ အရာပေးမှာပဲ..လာ…ကျုပ်နဲ့ လိုက်ခဲ့”
“ကျုပ် မလိုက်ဘူး..ချစ်မြ”
“ဘာလဲ..ဟံသာဝတီကို ချီတဲ့အထဲ ခင်ဗျားမပါပါဘူး…ကိုးသိန်းသခင်က တပ်ကို မြို့ပြင်မှာ ထားပြီး အခု မြို့ထဲက အိမ်တော်မှာ ခဏနားနေတယ်…အခုအခြေအနေက တလိုင်းတပ်တွေအားလုံးက ဟံသာဝတီနဲ့ ပေါင်းသွားကြပြီ…အခု ကသည်းစစ်က ပြန်လာတဲ့ တပ်တွေနဲ့ အင်းဝက ရှိသမျှတပ်တွေပေါင်းပြီး အကုန်ချီမှဖြစ်တော့မှာ..မြို့စောင့်တပ်အတွက် ကိုချစ်ညို တို့ ကျုပ်တို့ တာဝန်ယူရမှာ..ခင်ဗျားကိုလည်း ကိုးသိန်းသခင်နဲ့တွေ့ပေးပြီး မြို့စောင့်တပ်မှာ ရာထူးတစ်ခုနဲ့ အအုပ်အချုပ်ဖြစ်စေချင်တယ်”
“ကျုပ်…အဲ့ဒါတွေ မတွေးချင်သေးဘူး…ပြီးတော့..ကိုးသိန်းသခင် ကိုလည်း ဘုရားမထူးချင်တော့ဘူးဗျာ.. လွီဇာ ကိုလည်း ကျုပ်စွန့်လွှတ်ထားခဲ့ရပြီးပြီ…ကျုပ်ဟာကျုပ် နေသာသလို နေပါရစေ..ကိုရင်”
“ကဲ..ခင်ဗျားက သိပ်ခေါင်းမာတဲ့လူပဲ..ဗိုလ်တွန်ရာ…ခင်ဗျားလို့ ယောက်ျားကောင်းတွေက ဒီအချိန်မှာ အင်းဝအတွက်လိုအပ်နေတာဗျ…ဒီလို အခြေအနေမျိုးက အရည်အချင်းရှိတဲ့ ယောက်ျားကောင်းတွေ အတွက် ဘုရင့်မြှောက်စားခံသူရဲကောင်းဖြစ်ဖို့ အခွင့်အလန်းပဲဗျ”
“ကဲ….ကျုပ်နဲ့အတူ အရက်သောက်ချင်သောက်…မသောက်ဘူးဆိုရင်လဲ...ခင်ဗျား ပြန်ပါတော့ဗျာ..ကျုပ်ဟာကျုပ် အေးအေးဆေးဆေးနေပါရစေ”
ငတွန်က အရက်တခွက်ငှဲ့ကာ ထပ်သောက်လိုက်သည်။
ထိုအချိန်တွင် ချစ်မြနောက်သို့ နောက်ထပ် ဝင်လာသော လူတစ်ဉီးကြောင့် အရက်ဆိုင်လေးမှာ ပိုပြီး လှုပ်လှုပ်ခပ်ခပ်ဖြစ်သွားသည်။
ကတ္တီပါသက္ကလပ်မျဉ်းရှည်အင်္ကျီနှင့် မောက်ရူတွင် စိန်ကိုးပွင့်စီချယ်ထားသော မြင်းခေါင်းဗိုလ်မှူးဝတ်စုံဖြင့် ဝင်လာသူက ချစ်ညို။
ချစ်ညိုက ငတွန်၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်သည်။
“ငတွန်ငယ်နှယ့်..…နင်လိုလူက…စစ်ပွဲမှာ မသေပဲ...ဒီသေရည်သောက်ပြီး သေမှာတော့ နှမြောပါ့ကွာ..လာ..ချစ်မြ..ကိုသိန်းသခင် စောင့်နေရောမယ်..သွားကြစို့”
ချစ်ညို၏ အသံက ခပ်ပြတ်ပြတ်။
ချစ်မြကလည်း ငတွန်ကို နှုတ်ဆက်ကာ ချစ်ညိုနှင့်အတူ ဆိုင်ပြင်သို့ ပြန်ထွက်သွားကြသည်။
“တပ်မှူးတို့ဘုရား..တပ်မှူးတို့ဘုရား”
အရက်ဆိုင် အဝမှ အသံကြောင့် ချစ်ညိုနှင့် ချစ်မြတို့ မြင်းပေါ်တက်နေကြရာမှ လှည့်ကြည့်လိုက်ကြသည်။
“ဟဲ့..ဘယ်သူတုန်း”
ထွက်လာသူက ပုဆိုးကိုမလျက် ကွတတဖြင့်။
“ကိုးသိန်းသခင်နဲ့ အင်းဝကိုရောက်နေတယ်ဆို သူနဲ့ တွေ့ချင်လို့ပါ”
“နင်က ဘယ်သူတုန်း”
“ဗညားပါ…သမိန်စက္ကရူတပ်မှာ ဗိုလ်အဆင့်နဲ့ အမှုထမ်းခဲ့ပါတယ်..သံပေါက်ချောင်းတိုက်ပွဲမှာ သမိန်စက္ကရူကျပြီး ရာမညတပ်တွေပြန်အဆုတ် အင်းဝမှာ ခိုဝင်နေခဲ့တာပါ”
ဗညားက ညာဘက်လက်မောင်းမှ အင်္ကျီစကို မတင်ပြလိုက်၏။
ဆေးနီဖြင့် ထိုးနှံထားသည့် ဟင်္သာရုပ် အမှတ်အသား။
“မင်း က မွန်လား”
“ကျွန်တော် မွန် ဗမာ ကပြားပါ”
“ဘယ်နှယ့် ဟံသာဝတီသားတွေ သူပုန်ထတာ လိုက်မသွားရသလဲ”
“အင်းဝမှာနေခဲ့ဖို့ ကိုယ်ရေးကိစ္စတွေရှိလို့ပါ..ပြီးတော့ အင်းဝဟာ ကျွန်တော့် သခင်ထီးနန်းလို့ပဲ မှတ်ပါတယ်..အဲ့ဒါ ကိုးသိန်းသခင်ဆီ အမှုထမ်းအပ်ဖို့ ခေါ်သွားပေးပါ…ကျွန်တော့်ကို သူသိပါတယ်”
ချစ်ညို နှင့် ချစ်မြ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
“အေး..လိုက်ခဲ့လေ..ကိုးသိန်းသခင်က ခဏပဲ အိမ်တော်မှာရှိမှာ..အခု သွားတွေ့မှရမှာ..ချစ်မြ..သူ့ကို မင်းမြင်းနဲ့ တင်ခေါ်ခဲ့လိုက်”
“လာ”
ချစ်မြက လက်ကမ်းပေးသည်။
ဗညားက ခပ်ဖြည်းဖြည်း လျှောက်လာကာ ချစ်မြ လက်ကို ဆွဲပြီး မြင်းပေါ်သို့ တက်လိုက်၏။
“ဖလွတ်”
ဗညားက မြင်းကျောပေါ်သို့ ထိုင်ချလိုက်သည်နှင့် အစောပိုင်းက ထည့်ထားခါစဖြစ်သည့် ငွေစေ့မှာ ရွှေပြွန်ဖန်နန်း ကို ခြေစုံကန်ထွက်သွားလေပြီ။
“အား..သေပါပြီ”
“ဘာဖြစ်တာလဲ..ခင်ဗျားကြည့်ရတာ..ဒဏ်ရာရထားတာလား”
ချစ်မြ၏ အမေးကို ဗညားမဖြေနိုင်။
ဗညားက သူ့ပုဆိုးခါးပုံစကို အသာဖြည်ကာ ငုံ့ကြည့်လိုက်သည်။
“ဟာ သွားပြီ..မရှိတော့ဘူး”
“ဘာတုန်း..ဘာမရှိတော့တာတုန်း”
“ကျုပ် အခုပဲ ဟိုဒင်းထဲကို ငွေစေ့ထည့်ထားတာ”
“ရော်..အဲ့ဒါထည့်ပြီး တစ်ရက်လောက် ငြိမ်ငြိမ်နေရတယ်လေဗျာ”
“အင်း..အခုလိုကျ ဘယ်ငြိမ်နေလို့ရမလဲဗျာ..ကိုးသိန်းသခင်ဆီ ဝင်ချင်တာကိုး..သွားပါပြီဗျာ..ကျုပ် အစေ့လေးတော့”
“ကဲ..ခင်ဗျား ဒုက္ခကလည်းမသေးပါလား..ကျုပ်မြင်းကို ဖြည်းဖြည်းမောင်းပေးပါ့မယ်”
“ဟိုရှေ့က ခင်ဗျားလူကိုသာ မှီအောင် မောင်းစမ်းပါဗျာ..ဒီလောက်အနာလောက်တော့ ခံနိုင်ပါတယ်ဗျ..မောင်းသာမောင်း ကိုယ့်လူ”
“ဒါဆိုလည်း မောင်းတာပ..ကိုယ့်ထိပ်ဖျားက အနာလည်း ကိုယ်ကြည့်ဉီး…သွေးထွက်လွန်ကုန်ဉီးမယ်.”
ချစ်မြက အနောက်မှလူ၏ အဖြစ်အပျက်ကို တွေးရင်း အရယ်တဝက်ဖြင့် ပြောကာ..မြင်းဇက်ကြိုးကို တင်းလိုက်တော့သည်။
…………………………………………………………………………………………
၁၇၄၁ ဇန်နဝါရီလ။ မုဆိုးဖိုရွာ။
အညာ၏ ဆောင်းအအေးဓာတ်က သန်းခေါင်ကျော်လာလေ စိမ့်လေဖြစ်သည်။
မုဆိုးဖိုမြင်းခေါင်းရွာသူကြီး ဉီးညိုစံ ၏ အိမ်ခြံဝန်းသည်လည်း အမှောင်နှင့်အအေး ဓာတ်တို့၏ သိမ်းပိုက်မှုအောက်တွင် ဆိတ်ငြိမ်လျက်။
ထိုအမှောင်နှင့် အအေးဓာတ်ကို အံတုလျက် တစ်နေရာတည်းလင်းနေသည်က အိမ်ဉီးဆောင်ဖြစ်သည်။
မီးခွက်အရောင်လဲ့လဲ့လင်းနေ၏။
အိမ်ရှေ့တလင်းမှ သေချာကြည့်မည်ဆိုလျှင် မီးရောင်ကိုအားပြုလျက် စာဖတ်နေသော လူတစ်ယောက်။
အောင်ဇေယျသည် သာထွန်းကျောင်းဆရာတော်ထံမှ ငှားယူလာသည့် အင်ရုံ ခေါ် ဗျူဟာကျမ်းပေစာထုတ်ကို သည်းကြီမဲကြီးဖတ်ရှုနေသည်။
အအေးဓာတ်ကို အံတုရန် အညာစောင်အထူကြီးနှစ်ထည်ကို ပုခုံးပေါ်တွင် ပတ်ခြုံထား၏။
ပါးစပ်မှလည်း ဇနီးသည်ခင်ယွန်းစံကိုယ်တိုင်လိပ်ပေးထားသည့် ပြောင်းဖူးဖက်ဆေးလိပ်ကို ခဲထားသည်။
ထိုအခိုက် အိမ်ရှေ့အစေခံတဲငယ်အတွင်းမှ မိငြိမ်းအောင်သည် နံနက်ဆွမ်းတော်အတွက် ထင်းခွဲရန် ထလာသည်။
မိငြိမ်းအောင်က မီးထွန်းရန် မီးခတ်နှင့် လဲမှို့ထားရာ အိမ်မကြီးဆီသို့ ကူးလာခဲ့သည်။
ရုတ်တရတ် မီးလင်းနေသော အိမ်ဉီးအောင်ဆို့ ကြည့်လိုက်၏။
အောင်ဇေယျ၏ ပုခုံးဆီတွင် မီးများရဲရဲတောက်ခါ အငွေ့များထွက်နေသည်။
“အကိုလေးအောင်ဇေယျ....မီးတောက်နေပြီ..မီးတောက်နေပြီ..အံမယ်လေး”
မိငြိမ်းအောင်က အလန့်တကြားဖြင့် အိမ်ဉီးခန်းဆီ ပြေးတက်သွား၏။ အနီးအနားတွင်ရှိသော တဘက်တထည်ဖြင့် အောင်ဇေယျ၏ လက်မောင်းမှ တောက်နေသည့် မီးဖွားများကို ဖိချလိုက်သည်။
ထိုအခါမှ စာထဲတွင် အာရုံဝင်နေသော အောင်ဇေယျမှာ အလန့်တကြားဖြစ်ကာ စောင်ကို ခွာချလိုက်တော့၏။
ဖွာလက်စ ပြောင်းဖူးဖက်ဆေးလိပ်မှ မီးစများသည် ပုခုံးထိခြုံထားသော အညာစောင်ထူထူနှစ်ထပ်ရှိ အပေါ်စောင်ပေါ်သို့ ကျရာမှ တစစလောင်ကျွမ်းနေခြင်းဖြစ်သည်။
ထိုအခြေအနေကို ကြားတွင် စောင်ထူတစ်ချပ်ခံနေသည့်အပြင် စာထဲသို့ စိတ်ဝင်စားနေသော အောင်ဇေယျက သတိမထားမိ။
“အံမယ်လေး..တော်သေးလို့.အကိုလေးရယ်..မီးက လက်မောင်းပေါ်မှာ တောက်တောင် တောက်နေပြီ..မသိရလားတော်”
“တိတ်တိတ်နေစမ်း မိငြိမ်းအောင်..လူတွေ အိပ်နေကြပြီဟဲ့...ကလေးတွေ လန့်နိုးကုန်ကြဉီးမယ်..သွား. နင်လုပ်စရာရှိတာ ခြံထဲသွားလုပ်ချေ”
မိငြိမ်းအောင်က အိမ်ပေါ်မှ ဆင်းသွား၏။
ထိုအချိန်တွင် အနောက်ဖက်အခန်းတွင်အိပ်နေသော ခင်ယွန်းစံက ဆံပင်ကို ကပိုကယိုထုံးလျက် ထလာ၏။
“ခုန မိငြိမ်း အသံကြားလိုက်တယ်..ဘာဖြစ်တာလဲ..မောင်ကြီး”
“ဘာမှ မဖြစ်ပါဘူး..ခင်ယွန်းရဲ့..ဒီကလေးမက မရူးမကောင်းနဲ့ဟာကို”
“ရှင်ရော..မအိပ်သေးဘူးလား..လင်းကြက်တောင်တွန်တော့မယ်”
“အင်း.ဆရာတော်ကို ပေစာထုတ်က ဒီလပြည့်မတိုင်ခင် ပြန်ပေးရမှာမို့ တချို့ဟာလေးတွေ စိတ်ထဲ အလွတ်မှတ်နေလို့ပါကွာ..အိပ်ပါ့မယ်”
“ဝါး..ဝါး..ဝါး”
ထိုအချိန်တွင် အိမ်ခြေရင်းဘက်တွင် သီးသန့်ဆောက်ထားသော တဲငယ်လေးပေါ်မှ ကလေးငိုသံထွက်လာ၏။
“ညိုမြလေး..ငိုနေပြီထင်တယ်....နို့ဆာလို့ ထင်ပါရဲ့...ရှင်မိငယ် နိုးမှ နိုးရဲ့လားမသိ..သွားကြည့်ဉီးမှပဲ”
ခင်ယွန်းစံက အောင်ဇေယျ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
“ရှင် တညလုံးစာကြည့်လာတာ အိပ်ဖို့လိုတယ်..ရှင့်သမီး ကို ကျွန်မပဲ သွားကြည့်ပေးလိုက်ပါ့မယ်”
ခင်ယွန်းစံက တစ်ဖက်ခြမ်းရှိ ရှင်မိငယ်နှင့် လသားအရွယ်သမီးငယ် ညိုမြ တို့၏ အိမ်လေးဆီသို့ ဆင်းသွားတော့သည်။
.............................................................................................................
မိုးစင်စင်လင်းခဲ့ပြီ။
ခြံဝန်းအတွင်းရှိ သစ်ရိပ်အောက်မှ ကွပ်ပျစ်ပေါ်တွင် ရှင်မိငယ်က သမီးငယ် ညိုမြကို နို့တိုက်နေသည်။
နဘေးတွင် အောင်ဇေယျနှင့် ခင်ယွန်းစံတို့၏ ဒုတိယသား ငါးနှစ်အရွယ် မောင်ရွ က ညိုမြလေး၏ လက်ကို ကိုင်ကာဆော့ကစားနေ၏။
သားအကြီးဆုံး မောင်လောက်မှာ ခုနှစ်နှစ်အရွယ်ရှိပြီဖြစ်ပြီး အဘိုးဖြစ်သူ ဉီးညိုစံ လုပ်ပေးသည့် သစ်သားလင်းလေးဖြင့် ငှက်များကို ပစ်ခတ်ဆော့ကစားနေသည်။
ခင်ယွန်းစံ က ရှင်မိငယ် ဘေးတွင် ဝင်ထိုင်လိုက်၏။
“ညက ညည်းက မနိုးဘူးလားအေ..တော်သေးတာပေါ့..ငါရောက်လာပေလို့”
“ဟုတ်တယ်..မမခင်ယွန်း...ညိုမြလေးက သန်းခေါင်နီးအထိ မအိပ်သေးလို့ ချော့သိပ်ရင်း ညီမလည်း အိပ်ပျော်သွားတာရယ်”
“အင်း...ကလေးကို ဂရုစိုက်မှပေါ့ဟယ်...ညည်းနှယ့်”
အောင်ဇေယျမှာ ညဉ့်နက်မှ အိပ်ရာဝင်သဖြင့် အိပ်ရာမှ မနိုးသေး။
“ဟဲ့...မိငြိမ်း လာစမ်းပါဉီး”
လယ်သူရင်းငှားများထံ ထမင်းပို့ပြီး ပြန်လာသည့် မိငြိမ်းအောင်ကို ခင်ယွန်းစံက လှမ်းခေါ်လိုက်သည်။
မိငြိမ်းအောင်က ထမင်းတောင်းကို ချကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်၏။
“ညက ညည်း ဘာထအော်တာလဲ...ညည်းအော်တာကြောင့်ငါနိုးလာတာ”
မိငြိမ်းအောင်က အိမ်ပေါ်ထပ်သို့ လှမ်းကြည့်လိုက်သည်။
“အကိုလေးအောင်ဇေယျ လေ”
“ဘာဖြစ်လဲ..”
“လက်မောင်းကနေ မီးတွေ ထတောက်တယ်တော့”
“ဟဲ့..ဘယ်လို”
“ကျွန်မ ဆွမ်းချက်ဖို့ နိုးလာတော့ အိမ်မကြီးဘက်လာတာ...အဲ့ဒါ အိမ်ဉီးဆောင်မှာ သူ့လက်မောင်းပေါ် ပတ်ထားတဲ့ စောင်ကို မီးလောင်နေတာ...ဆေးလိပ်မီးဖွားကျတာထင်ပါရဲ့..ဒါတောင် အကိုလေးက စာဖတ်မပျက်ဘူးတော်.အံမယ်လေး... သူ့လက်မောင်းကနေ မီးတွေရဲခနဲ လောင်နေတာတွေ့တာပဲ..လက်ရုံးမီးတောက်တယ်ဆိုတာဒါမျိုးထင်ပါရဲ့”
“ဟဲ့..ဟဲ့”
ခင်ယွန်းစံက ပြောပြောဆိုဆိုဖြင့် ရှင်မိငယ်ထံ တချက်ကြည့်လိုက်သည်။
ရှင်မိငယ်ကလည်း ခင်ယွန်းစံကို မျက်လုံးဖြင့် ပြန်ကြည့်ကာ ခေါင်းဆတ်ပြလိုက်သည်။
“မိငြိမ်းအောင်..နင်ဒီမှာ ခဏနေဉီး”
ခင်ယွန်းစံက အိမ်မကြီးပေါ်သို့ တက်သွားသည်။
“ဒီကိစ္စ နင်ရွာထဲမှ ဘယ်သူ့ကို ပြောပြီးပြီလဲ..မိငြိမ်း”
ရှင်မိငယ်က ကလေးနို့တိုက်ရာမှာ မေးလိုက်ခြင်းဖြစ်သည်။
“မပြောရသေးပါဘူး..မမငယ်”
“အေး...တော်သေးတာပေါ့”
ခဏအကြာတွင် ခင်ယွန်းစံ ပြန်ရောက်လာသည်။ လက်ထဲတွင် ငွေဖလားတစ်လုံးနှင့်။
“ကဲ..ရော့..”
မိငြိမ်းအောင်က ငွေဖလားကို တအံ့တဩကြည့်လိုက်သည်။
“ယူလေ”
“ကျွန်မကို ပေးတာလား”
“အေး..ဒါ ငွေချိန်တစ်ကျပ်သားပါတယ်...ညည်း ဒါကိုယူ...ပြီးတော့ ညက အကြောင်းကို အခုချိန် ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
“ဟုတ်..ခုန..မမငယ်ကလည်း အဲ့ဒီလိုပဲပြောထားပါတယ်”
“ငါပြောတာ..မပြီးသေးဘူး.... ကိုအောင်ဇေယျ လက်မောင်းက မီးတောက်တဲ့ကိစ္စကို အခုချိန် ဘယ်သူမှ မပြောနဲ့ဆိုပေမယ့်..အချိန်တစ်ခုရောက်လာရင်..နင်ကိုယ်တိုင် မုဆိုးဖိုရော..ဒီနားက ရွာတွေအထိ ပျံ့အောင် ပြောရမယ်..ဘယ်လိုလဲ မိငြိမ်း”
“ဟုတ်ကဲ့..ဘယ်အချိန်လဲ...မမခင်ယွန်း”
“ငါက ပြောဆိုတဲ့အချိန်ပေါ့”
ခင်ယွန်းစံ၏ စကားအဆုံးတွင် ရှင်မိငယ်က အဓိပ္ပါယ်ပါပါပြုံးလိုက်၏။
အိမ်အပေါ်ထပ်တွင် သူတို့ကို တစုံတစ်ယောက်က ကြည့်နေသည်။
အခြားသူမဟုတ်။
မိုးလင်းခါနီးအထိ စာဖတ်နေသော အောင်ဇေယျ။
သူ နိုးထလာပြီဖြစ်သည်။
ခက်ဇော်
အခန်း(၂) သဘက်ခါ
အပြောအဆိုနည်းနည်း..အလုပ်ကိုင်ရဲရဲဖြင့် ခရီးဆက်ကြမည်။
(Zawgyi)
AVA 1740s (Season 2)
အခန္း(၁)
...............................................
“ရဲရဲသာ လုပ္စမ္းပါ…ငါ့လူရာ..က်ဳပ္နာမွာကို စိုးရိမ္မေနနဲ႔”
အလယ္တြင္ ခြက္ဝင္ေနေသာ ဝါးျခမ္းျပား၏ ထိပ္ဖ်ားက ခြၽန္ျမသည္။
အသြားကလည္း ျမေနေအာင္ ထက္ရွသည္။
ဝါးျခမ္းျပားကို ကိုင္ထားသူ၏ လက္က တုန္ရီေနသည္။
“ကိုင္း..လုပ္မွာသာ လုပ္စမ္းပါဆိုကြာ…ငေက်ာ္ျပည့္ရာ...ငါ့ႏွယ့္”
အရည္ျပားႏွင့္ အသားစိုင္ၾကားသို႔ ဝါးျခမ္းျပားက ေဖာက္ခနဲ တိုးဝင္သြား၏။
ဝါးျခမ္းျပားအလယ္တြင္ ဖိကိုင္ထားေသာ ေငြသတၱဳကို ပုံသြင္းထားသည့္ ခပ္လုံးလုံးအရာေလးကို အရည္ျပားႏွင့္ အသားစိုင္မ်ားၾကားသို႔ ထိုးထည့္လိုက္သည္။
ထို႔ေနာက္ နေဘးတြင္ ရွိေနသာ ခြက္ထဲမွ ဆႏြင္းမႈန႔္မ်ားျဖင့္ အေပါက္ဝကို သိပ္လိုက္ေတာ့၏။
“အ...အဲ့လိုမွေပါ့..ငါ့လူရ..မင္းႏွယ္..ခံရတဲ့လူေတာင္ ဒီေလာက္မေၾကာက္ဘူး.မင္းက ေၾကာက္ေနလိုက္တာ”
“ဟ..ေၾကာက္တာေပါ့..ဗညားရ…ဒါမ်ိဳးေတြက ေလးေထာင့္ဝဲရပ္က မုဆိုးမေတြပဲ ကြၽမ္းတာ…ၿပီးေတာ့ ငါ့က နင့္ဟာႀကီး ကို မ႐ြံမရွာကိုင္ရေသးတယ္”
“အံမယ္…ငါ့ဟာက သန႔္ပါတယ္..အေကာင္ရ..ဟိုဟာမေတြဆီသြားထည့္ရင္ ထည့္ခတင္ ေငြႏွစ္မတ္ေပးရတာဟ..အဲ့ဒီအစား မင္းကို ဗ်စ္ဝယ္တိုက္မယ္ေျပာၿပီးမွပဲ”
“ဗ်စ္ရည္နဲ႔ မင္းဟာႀကီးကိုင္ရတာက မတန္ေပါင္..ေမာင္ရာ..ထြီ”
အင္းဝၿမိဳ႕၊ နေမာ္ေဈးထိပ္ရွိ ဖိုးသာခ်မ္းဗ်စ္ဆိုင္၏ အေနာက္ဘက္နံရံအကြယ္မွ အသံမ်ားျဖစ္သည္။
ျဗန္ ဟု ေခၚေသာ အေနာက္တိုင္းဘရန္ဒီတစ္ခြက္ကို စိမ္ေျပနေျပေသာက္ေနသည့္ ငတြန္မွာ ထိုအသံမ်ားေၾကာင့္ ေတြးလက္စ အေတြးမ်ား ျပတ္ေတာက္သြား၏။
တခ်ိန္က ထိုအရက္ဆိုင္ေနရာတြင္ လြီဇာ ဆိုေသာ အင္းဝသူ ေပၚတူဂီမေလးတစ္ေယာက္ရွိေနခဲ့ဖူးသည္။
ထိုအရက္ဆိုင္တြင္ျဖစ္ေပၚခဲ့ေသာ လူသတ္မႈတစ္ခုကို အေၾကာင္းျပဳကာ လြီဇာ ႏွင့္ သူ ဆုံေတြ႕ခဲ့ရသည္။
ထိုလူသတ္မႈမွ အစျပဳကာ လြီဇာ၏ ဘဝအလွည့္အေျပာင္းမ်ားစြာ။
ေနာက္ဆုံးအႀကိမ္ ဟံသာဝတီတြင္ရွိေနေသာ လြီဇာထံ ငတြန္ အေရာက္သြားခဲ့သည္။
ႏွစ္ေပါင္းမ်ားစြာ အခက္အခဲမ်ား၊ ဒုကၡသုကၡမ်ားၾကား ခြဲခြာခဲ့ရသည့္ သူတို႔ႏွစ္ဉီးသည္ ထိုညခင္းတြင္ ခ်စ္သူအျဖစ္သို႔ ေရာက္ခဲ့ၾကသည္။
ထိုညခင္းတြင္ပင္သူတို႔ခြဲခြာခဲ့ၾကရ၏။
“ရွင္..ကြၽန္မကို အၾကာႀကီးပစ္ထားခဲ့တယ္ေနာ္”
လြီဇာ၏ မ်က္ရည္မ်ားက ငတြန္၏ ရင္ဘတ္ကို စိုစြတ္သြားေစသည္။
“ကြၽန္မတို႔ ဟံသာဝတီမွာ ကြၽန္မနဲ႔ အတူေနမယ္မဟုတ္လားဟင္..ကြၽန္မကို ခြဲမသြားေတာ့ဘူးမဟုတ္လား”
ငတြန္၏ ကိုယ္ေငြ႕ေႏြးေႏြးက လြီဇာ၏ တကိုယ္လုံးကို ၿခဳံလႊမ္းထားသလို။
“မဟုတ္ဘူး..လြီဇာ..က်ဳပ္ ခင္ဗ်ားကို လာေခၚတာ”
“ဟင္”
အာေမဋိတ္သံႏွင့္အတူ ငတြန႔္ရင္ခြင္ထဲမွ လြီဇာ ႐ုန္းထြက္ခဲ့သည္။
“ဟုတ္တယ္..လြီဇာ..အင္းဝက ကသည္းေတြနဲ႔ စစ္ေျပၿငိမ္းလိုက္ၿပီ...အဲ့ဒီတပ္ေတြအကုန္လုံး မၾကာခင္ ဟံသာဝတီကို ခ်ီလာၾကေတာ့မွာ...သူတို႔ ဟံသာဝတီကို စိစိညက္ညက္ေၾကေအာင္အၿပီးတိုင္ ေခ်မႈန္းပစ္ဖို႔ နန္းေတာ္က အမိန႔္ထုတ္ထားလိုက္ၿပီ..အဲ့ဒါ မင္းအတြက္ အႏၲရာယ္ရွိတယ္...ငါနဲ႔ လိုက္ခဲ့ပါ..တို႔ႏွစ္ေယာက္ ရွမ္းျပည္ဘက္မွာ ေအးေအးေဆးေဆးသြားေနၾကမယ္”
လြီဇာက မ်က္ရည္မ်ားကို သုတ္လိုက္ကာ ေခါင္းကို ခါရမ္းလိုက္သည္။
“ကြၽန္မ မလိုက္ႏိုင္ဘူး…ေမာင္ႀကီးငတြန္…ကြၽန္မ ခ်စ္ျမကတဆင့္ ပါးလိုက္တဲ့ စကားကို ရွင္ရရဲ႕ မဟုတ္လား…. အင္းဝၿမိဳ႕ႀကီး ပ်က္စီးေနတာကို ရွင့္ရင္ခြင္ထဲကေန ကြၽန္မ အရသာခံၾကည့္ခ်င္တယ္ဆိုတာကို..ကြၽန္မ ဟံသာဝတီနဲ႔အတူ အင္းဝကို ဖ်က္ဆီးမယ္”
လြီဇာ၏ စကားသံ က ငတြန႔္နားထဲတြင္ ပဲ့တင္ထပ္လ်က္။
“ကဲ..ဗညား..အျမည္းက ဘာမွာလိုက္ရမွာလဲ..ႂကြက္ေၾကာ္လား”
အေနာက္ခန္းထဲမွ ထြက္လာသူႏွစ္ဉီး၏ အသံေၾကာင့္ ငတြန္၏ အေတြးစမ်ားျပတ္သြားသည္။
ေရွ႕ဆုံးမွ ငေက်ာ္ျပည့္ က လက္ထဲတြင္ ဝါးျခမ္းျပားတစ္ခုကို ကိုင္လာ၏။ ေနာက္မွ လိုက္လာသည့္ ဗညားက ပုဆိုးကို မလ်က္ ကြတတျဖင့္။
သူတို႔ႏွစ္ဉီးက ငတြန္၏ ေဘးစားပြဲတြင္ ထိုင္လိုက္ၾကသည္။
လြန္ခဲ့သည့္ ႏွစ္မ်ားက လြီဇာ၏ အရက္ဆိုင္ကေလးသည္ ယခုအခါ အင္းဝငါးပိတန္းအသည္သား ဖိုးသာခ်မ္း၏ ဆိုင္အျဖစ္ အသြင္ေျပာင္းသြားၿပီျဖစ္သည္။
ဆိုင္ကေလးက အရင္ကအတိုင္း လူစည္ကားဆဲ။
ထြက္လာေသာ လူႏွစ္ဉီး၏ အေျခအေနႏွင့္ အေစာပိုင္းက ၾကားေနရေသာ အသံမ်ားကို ဆက္စပ္ကာ အေျခအေနကို ငတြန္ရိပ္မိလိုက္၏။
ထိုလူငယ္ႏွစ္ဉီးမွာ ကိုယ့္ဘာသာကိုယ္ ေငြေစ့ ထည့္ေနၾကျခင္းျဖစ္သည္။
“ေငြေစ့”ထည့္ျခင္းသည္ ၁၅ ရာစုအစပိုင္းကတည္းက အင္းဝ ရွိ ေယာက္်ားသားတို႔အၾကား ေခတ္စားသည့္ ယဥ္ေက်းမႈျဖစ္သည္။
ေ႐ႊ၊ေငြ၊ေၾကးတို႔ျဖင့္ ျပဳလုပ္ထားသည့္ ပဲေစ့အ႐ြယ္ အလုံးကေလးမ်ားကို ေယာက္်ားအဂၤါ၏ အရည္ျပားထဲသို႔ ေဖာက္ကာ ထည့္ၾကျခင္းျဖစ္သည္။
ထိုဓေလ့သည္ အင္းဝမွတဆင့္ တ႐ုတ္ျပည္ႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ပင္ပ်ံ႕ႏွံ႔သြားခဲ့သည္။ အိႏၵိယႏွင့္ ဥေရာပကုန္သည္မ်ားၾကားတြင္လည္း အဆိုပါအေလ့အထမွာ ေခတ္စားခဲ့သည္။
လူဂုဏ္တန္ေယာက္်ားမ်ားက ေ႐ႊေစ့ ထည့္ေလ့ရွိၾကၿပီး ေငြႏွင့္ ေၾကးေစ့မ်ားကိုလည္း ေငြေၾကးတတ္ႏိုင္သည့္အလိုက္ထည့္တတ္ၾကသည္။
အင္းဝၿမိဳ႕စြန္ျဖစ္ေသာ ေလးေထာင့္ဝဲရပ္တြင္ ေ႐ႊေစ့၊ ေငြေစ့ ဆိုင္မ်ားဖြင့္လွစ္ထားၿပီး ေရာင္းခ်သူမွာ သက္လတ္ပိုင္း အိမ္ေထာင္ပ်က္၊ မုဆိုးမ အမ်ိဳးသမီးအခ်ိဳ႕ျဖစ္ၾကသည္။
ထိုဆိုင္မ်ားတြင္ ေ႐ႊေစ့၊ ေငြေစ့မ်ားကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္ၿပီး ဆိုင္မွ ကြၽမ္းက်င္သူအမ်ိဳးသမီးမ်ားက ထည့္ေပးသည့္ ဝန္ေဆာင္မႈလည္း ပါရွိသည္။
ေသသပ္စြာလုပ္ထားသည့္ ဓါးပုံသ႑န္ကိရိယာ၊ ေဆးဝါးအစုံျဖင့္ ထည့္ေပးျခင္းျဖစ္သည္။
ဗညားမွာ အမ်ိဳးသမီးမ်ားထံ သြားထည့္ပါက ေငြပိုေပးရမည္ျဖစ္သျဖင့္ ဖိုးသာခ်မ္းဆိုင္ေနာက္ေဖးတြင္ ငေကာင္းကို ေငြေစ့ထည့္ခိုင္းေနျခင္းျဖစ္သည္။
“ဟိတ္ေကာင္ေတြ..ငါ့ဆႏြင္းမႈန႔္ေတြ ကုန္ၿပီလားမသိဘူး..အဲ့ဒါ..ငါ ႂကြက္ေၾကာ္လို႔ မေလာက္ရင္ေတာ့ နင္တို႔ ဆႏြင္းဖိုးထပ္ေပးရမယ္”
ဖိုးသာခ်မ္းက ကြတတျဖင့္ အရက္မွာေနေသာ ဗညားကို ခပ္ေငါက္ေငါက္လွမ္းေျပာလိုက္သည္။
ငတြန္က သူ႔ေရွ႕တြင္ ဆႏြင္းႏိုင္ႏိုင္ျဖင့္ ေၾကာ္ထားေသာ ႂကြက္အသည္းပန္းကန္ေလးကို စိတ္ပ်က္စြာၾကည့္လိုက္၏။
ထိုအခ်ိန္တြင္ ႐ုတ္တရက္ဆိုင္ထဲသို႔ လူတစ္ေယာက္ဝင္လာသည္။
ေမာက္တိုဉီးထုပ္၊ မ်ဥ္းတိုအက်ႌ၊ လယ္ေကြးစေသာ အင္းဝျမင္းစစ္သည္တစ္ဉီး၏ အေဆာင္အေယာင္အျပည့္အစုံျဖင့္ ဝင္လာျခင္းျဖစ္သျဖင့္ တဆိုင္လုံးမွ အာ႐ုံစိုက္သြားၾကသည္။
ေမာက္တိုဉီးထုပ္အေပၚရွိ ေမာက္႐ူအခြၽန္ေလးတြင္ စိန္ေတာင္မွန္စီသုံးပြင့္က ျမင္းတပ္အရာရွိငယ္တစ္ဉီး မွန္းသိသာေစသည္။
ဗညား က ထိုသူကို ေသခ်ာလိုက္ၾကည့္ေနၾကသည္။
“ဗိုလ္တြန္ႀကီး..ခင္ဗ်ားႏွယ့္…ႏွစ္ခ်ီေပ်ာက္ေနလိုက္တာ..တေန႔က ၿမိဳ႕တံခါးနားမွာ ေတြ႕လိုက္တယ္ သတင္းရတာနဲ႔ က်ဳပ္မွာ လိုက္ရွာလိုက္ရတာဗ်ာ”
ထိုသူက ငတြန္တစ္ဉီးတည္း ထိုင္ေနသာ ဝိုင္းသို႔ တန္းတန္းမတ္မတ္ဝင္လာသည္။
ေမာက္တိုကို ခြၽတ္ကာ စားပြဲေပၚတင္လိုက္၏။
“ခ်စ္ျမ”
“ဟုတ္တယ္..ကိုတြန္..က်ဳပ္ ထင္ေတာ့ထင္သား..ဒီဆိုင္နားေရာက္ေတာ့ လြီဇာကို သတိရရင္း..အင္း..ခင္ဗ်ားသာရွိေနရင္ ေသခ်ာေပါက္ ဒီဆိုင္ကို လာမွာပဲလို႔ ေတြးမိၿပီး စုံစမ္းဖို႔ ဝင္လာခဲ့ရင္း..ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို ေတြ႕တာပဲဗ်ိဳး”
“အင္း…က်ဳပ္ ဟံသာဝတီက ျပန္လာခဲ့တာပ”
ငတြန႔္အသံက ခပ္တိုးတိုး။
“လြီဇာ နဲ႔ ေတြ႕ခဲ့ရဲ႕လား”
ငတြန္က သက္ျပင္းခ်ကာ ေခါင္းညိတ္ျပလိုက္သည္။
“သူ..အင္းဝကို ျပန္မလာဘူးလား”
“သူက ဟံသာဝတီသူျဖစ္ေနၿပီ..ခ်စ္ျမ”
“ေအးဗ်ာ..ေနာက္မွ ဒီကိစၥ..ေအးေအးေျပာၾကတာေပါ့…က်ဳပ္ ဒီဝတ္စုံႀကီးနဲ႔ ဒီေနရာမွာ ၾကာၾကာထိုင္လို႔မရဘူး..ဗိုလ္တြန္..အခု ခင္ဗ်ား အင္းဝ ဘယ္မွာေနလဲ”
“ေလးထပ္ေက်ာင္းမွာ တည္းတယ္…မုဆိုးၿခဳံလည္း မျပန္ခ်င္တာပဲ”
“ကဲ..က်ဳပ္နဲ႔လိုက္ခဲ့ေတာ့..ကိုးသိန္းသခင္က ခင္ဗ်ားကို အၿမဲတသသေျပာေနတာ…မၾကာခင္ ဟံသာဝတီကို စစ္ခ်ီဖို႔ကိစၥေတြလည္းရွိေနတယ္…ခင္ဗ်ားကို ေတြ႕ရင္ သူ အရာေပးမွာပဲ..လာ…က်ဳပ္နဲ႔ လိုက္ခဲ့”
“က်ဳပ္ မလိုက္ဘူး..ခ်စ္ျမ”
“ဘာလဲ..ဟံသာဝတီကို ခ်ီတဲ့အထဲ ခင္ဗ်ားမပါပါဘူး…ကိုးသိန္းသခင္က တပ္ကို ၿမိဳ႕ျပင္မွာ ထားၿပီး အခု ၿမိဳ႕ထဲက အိမ္ေတာ္မွာ ခဏနားေနတယ္…အခုအေျခအေနက တလိုင္းတပ္ေတြအားလုံးက ဟံသာဝတီနဲ႔ ေပါင္းသြားၾကၿပီ…အခု ကသည္းစစ္က ျပန္လာတဲ့ တပ္ေတြနဲ႔ အင္းဝက ရွိသမွ်တပ္ေတြေပါင္းၿပီး အကုန္ခ်ီမွျဖစ္ေတာ့မွာ..ၿမိဳ႕ေစာင့္တပ္အတြက္ ကိုခ်စ္ညိဳ တို႔ က်ဳပ္တို႔ တာဝန္ယူရမွာ..ခင္ဗ်ားကိုလည္း ကိုးသိန္းသခင္နဲ႔ေတြ႕ေပးၿပီး ၿမိဳ႕ေစာင့္တပ္မွာ ရာထူးတစ္ခုနဲ႔ အအုပ္အခ်ဳပ္ျဖစ္ေစခ်င္တယ္”
“က်ဳပ္…အဲ့ဒါေတြ မေတြးခ်င္ေသးဘူး…ၿပီးေတာ့..ကိုးသိန္းသခင္ ကိုလည္း ဘုရားမထူးခ်င္ေတာ့ဘူးဗ်ာ.. လြီဇာ ကိုလည္း က်ဳပ္စြန႔္လႊတ္ထားခဲ့ရၿပီးၿပီ…က်ဳပ္ဟာက်ဳပ္ ေနသာသလို ေနပါရေစ..ကိုရင္”
“ကဲ..ခင္ဗ်ားက သိပ္ေခါင္းမာတဲ့လူပဲ..ဗိုလ္တြန္ရာ…ခင္ဗ်ားလို႔ ေယာက္်ားေကာင္းေတြက ဒီအခ်ိန္မွာ အင္းဝအတြက္လိုအပ္ေနတာဗ်…ဒီလို အေျခအေနမ်ိဳးက အရည္အခ်င္းရွိတဲ့ ေယာက္်ားေကာင္းေတြ အတြက္ ဘုရင့္ေျမႇာက္စားခံသူရဲေကာင္းျဖစ္ဖို႔ အခြင့္အလန္းပဲဗ်”
“ကဲ….က်ဳပ္နဲ႔အတူ အရက္ေသာက္ခ်င္ေသာက္…မေသာက္ဘူးဆိုရင္လဲ...ခင္ဗ်ား ျပန္ပါေတာ့ဗ်ာ..က်ဳပ္ဟာက်ဳပ္ ေအးေအးေဆးေဆးေနပါရေစ”
ငတြန္က အရက္တခြက္ငွဲ႔ကာ ထပ္ေသာက္လိုက္သည္။
ထိုအခ်ိန္တြင္ ခ်စ္ျမေနာက္သို႔ ေနာက္ထပ္ ဝင္လာေသာ လူတစ္ဉီးေၾကာင့္ အရက္ဆိုင္ေလးမွာ ပိုၿပီး လႈပ္လႈပ္ခပ္ခပ္ျဖစ္သြားသည္။
ကတၱီပါသကၠလပ္မ်ဥ္းရွည္အက်ႌႏွင့္ ေမာက္႐ူတြင္ စိန္ကိုးပြင့္စီခ်ယ္ထားေသာ ျမင္းေခါင္းဗိုလ္မႉးဝတ္စုံျဖင့္ ဝင္လာသူက ခ်စ္ညိဳ။
ခ်စ္ညိဳက ငတြန္၏ ေရွ႕တည့္တည့္တြင္ မတ္တပ္ရပ္လိုက္သည္။
“ငတြန္ငယ္ႏွယ့္..…နင္လိုလူက…စစ္ပြဲမွာ မေသပဲ...ဒီေသရည္ေသာက္ၿပီး ေသမွာေတာ့ ႏွေျမာပါ့ကြာ..လာ..ခ်စ္ျမ..ကိုသိန္းသခင္ ေစာင့္ေနေရာမယ္..သြားၾကစို႔”
ခ်စ္ညိဳ၏ အသံက ခပ္ျပတ္ျပတ္။
ခ်စ္ျမကလည္း ငတြန္ကို ႏႈတ္ဆက္ကာ ခ်စ္ညိဳႏွင့္အတူ ဆိုင္ျပင္သို႔ ျပန္ထြက္သြားၾကသည္။
“တပ္မႉးတို႔ဘုရား..တပ္မႉးတို႔ဘုရား”
အရက္ဆိုင္ အဝမွ အသံေၾကာင့္ ခ်စ္ညိဳႏွင့္ ခ်စ္ျမတို႔ ျမင္းေပၚတက္ေနၾကရာမွ လွည့္ၾကည့္လိုက္ၾကသည္။
“ဟဲ့..ဘယ္သူတုန္း”
ထြက္လာသူက ပုဆိုးကိုမလ်က္ ကြတတျဖင့္။
“ကိုးသိန္းသခင္နဲ႔ အင္းဝကိုေရာက္ေနတယ္ဆို သူနဲ႔ ေတြ႕ခ်င္လို႔ပါ”
“နင္က ဘယ္သူတုန္း”
“ဗညားပါ…သမိန္စကၠ႐ူတပ္မွာ ဗိုလ္အဆင့္နဲ႔ အမႈထမ္းခဲ့ပါတယ္..သံေပါက္ေခ်ာင္းတိုက္ပြဲမွာ သမိန္စကၠ႐ူက်ၿပီး ရာမညတပ္ေတြျပန္အဆုတ္ အင္းဝမွာ ခိုဝင္ေနခဲ့တာပါ”
ဗညားက ညာဘက္လက္ေမာင္းမွ အက်ႌစကို မတင္ျပလိုက္၏။
ေဆးနီျဖင့္ ထိုးႏွံထားသည့္ ဟသၤာ႐ုပ္ အမွတ္အသား။
“မင္း က မြန္လား”
“ကြၽန္ေတာ္ မြန္ ဗမာ ကျပားပါ”
“ဘယ္ႏွယ့္ ဟံသာဝတီသားေတြ သူပုန္ထတာ လိုက္မသြားရသလဲ”
“အင္းဝမွာေနခဲ့ဖို႔ ကိုယ္ေရးကိစၥေတြရွိလို႔ပါ..ၿပီးေတာ့ အင္းဝဟာ ကြၽန္ေတာ့္ သခင္ထီးနန္းလို႔ပဲ မွတ္ပါတယ္..အဲ့ဒါ ကိုးသိန္းသခင္ဆီ အမႈထမ္းအပ္ဖို႔ ေခၚသြားေပးပါ…ကြၽန္ေတာ့္ကို သူသိပါတယ္”
ခ်စ္ညိဳ ႏွင့္ ခ်စ္ျမ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္သည္။
“ေအး..လိုက္ခဲ့ေလ..ကိုးသိန္းသခင္က ခဏပဲ အိမ္ေတာ္မွာရွိမွာ..အခု သြားေတြ႕မွရမွာ..ခ်စ္ျမ..သူ႔ကို မင္းျမင္းနဲ႔ တင္ေခၚခဲ့လိုက္”
“လာ”
ခ်စ္ျမက လက္ကမ္းေပးသည္။
ဗညားက ခပ္ျဖည္းျဖည္း ေလွ်ာက္လာကာ ခ်စ္ျမ လက္ကို ဆြဲၿပီး ျမင္းေပၚသို႔ တက္လိုက္၏။
“ဖလြတ္”
ဗညားက ျမင္းေက်ာေပၚသို႔ ထိုင္ခ်လိုက္သည္ႏွင့္ အေစာပိုင္းက ထည့္ထားခါစျဖစ္သည့္ ေငြေစ့မွာ ေ႐ႊႁပြန္ဖန္နန္း ကို ေျခစုံကန္ထြက္သြားေလၿပီ။
“အား..ေသပါၿပီ”
“ဘာျဖစ္တာလဲ..ခင္ဗ်ားၾကည့္ရတာ..ဒဏ္ရာရထားတာလား”
ခ်စ္ျမ၏ အေမးကို ဗညားမေျဖႏိုင္။
ဗညားက သူ႔ပုဆိုးခါးပုံစကို အသာျဖည္ကာ ငုံ႔ၾကည့္လိုက္သည္။
“ဟာ သြားၿပီ..မရွိေတာ့ဘူး”
“ဘာတုန္း..ဘာမရွိေတာ့တာတုန္း”
“က်ဳပ္ အခုပဲ ဟိုဒင္းထဲကို ေငြေစ့ထည့္ထားတာ”
“ေရာ္..အဲ့ဒါထည့္ၿပီး တစ္ရက္ေလာက္ ၿငိမ္ၿငိမ္ေနရတယ္ေလဗ်ာ”
“အင္း..အခုလိုက် ဘယ္ၿငိမ္ေနလို႔ရမလဲဗ်ာ..ကိုးသိန္းသခင္ဆီ ဝင္ခ်င္တာကိုး..သြားပါၿပီဗ်ာ..က်ဳပ္ အေစ့ေလးေတာ့”
“ကဲ..ခင္ဗ်ား ဒုကၡကလည္းမေသးပါလား..က်ဳပ္ျမင္းကို ျဖည္းျဖည္းေမာင္းေပးပါ့မယ္”
“ဟိုေရွ႕က ခင္ဗ်ားလူကိုသာ မွီေအာင္ ေမာင္းစမ္းပါဗ်ာ..ဒီေလာက္အနာေလာက္ေတာ့ ခံႏိုင္ပါတယ္ဗ်..ေမာင္းသာေမာင္း ကိုယ့္လူ”
“ဒါဆိုလည္း ေမာင္းတာပ..ကိုယ့္ထိပ္ဖ်ားက အနာလည္း ကိုယ္ၾကည့္ဉီး…ေသြးထြက္လြန္ကုန္ဉီးမယ္.”
ခ်စ္ျမက အေနာက္မွလူ၏ အျဖစ္အပ်က္ကို ေတြးရင္း အရယ္တဝက္ျဖင့္ ေျပာကာ..ျမင္းဇက္ႀကိဳးကို တင္းလိုက္ေတာ့သည္။
…………………………………………………………………………………………
၁၇၄၁ ဇန္နဝါရီလ။ မုဆိုးဖို႐ြာ။
အညာ၏ ေဆာင္းအေအးဓာတ္က သန္းေခါင္ေက်ာ္လာေလ စိမ့္ေလျဖစ္သည္။
မုဆိုးဖိုျမင္းေခါင္း႐ြာသူႀကီး ဉီးညိဳစံ ၏ အိမ္ၿခံဝန္းသည္လည္း အေမွာင္ႏွင့္အေအး ဓာတ္တို႔၏ သိမ္းပိုက္မႈေအာက္တြင္ ဆိတ္ၿငိမ္လ်က္။
ထိုအေမွာင္ႏွင့္ အေအးဓာတ္ကို အံတုလ်က္ တစ္ေနရာတည္းလင္းေနသည္က အိမ္ဉီးေဆာင္ျဖစ္သည္။
မီးခြက္အေရာင္လဲ့လဲ့လင္းေန၏။
အိမ္ေရွ႕တလင္းမွ ေသခ်ာၾကည့္မည္ဆိုလွ်င္ မီးေရာင္ကိုအားျပဳလ်က္ စာဖတ္ေနေသာ လူတစ္ေယာက္။
ေအာင္ေဇယ်သည္ သာထြန္းေက်ာင္းဆရာေတာ္ထံမွ ငွားယူလာသည့္ အင္႐ုံ ေခၚ ဗ်ဴဟာက်မ္းေပစာထုတ္ကို သည္းႀကီမဲႀကီးဖတ္ရႈေနသည္။
အေအးဓာတ္ကို အံတုရန္ အညာေစာင္အထူႀကီးႏွစ္ထည္ကို ပုခုံးေပၚတြင္ ပတ္ၿခဳံထား၏။
ပါးစပ္မွလည္း ဇနီးသည္ခင္ယြန္းစံကိုယ္တိုင္လိပ္ေပးထားသည့္ ေျပာင္းဖူးဖက္ေဆးလိပ္ကို ခဲထားသည္။
ထိုအခိုက္ အိမ္ေရွ႕အေစခံတဲငယ္အတြင္းမွ မိၿငိမ္းေအာင္သည္ နံနက္ဆြမ္းေတာ္အတြက္ ထင္းခြဲရန္ ထလာသည္။
မိၿငိမ္းေအာင္က မီးထြန္းရန္ မီးခတ္ႏွင့္ လဲမႈိ႕ထားရာ အိမ္မႀကီးဆီသို႔ ကူးလာခဲ့သည္။
႐ုတ္တရတ္ မီးလင္းေနေသာ အိမ္ဉီးေအာင္ဆို႔ ၾကည့္လိုက္၏။
ေအာင္ေဇယ်၏ ပုခုံးဆီတြင္ မီးမ်ားရဲရဲေတာက္ခါ အေငြ႕မ်ားထြက္ေနသည္။
“အကိုေလးေအာင္ေဇယ်....မီးေတာက္ေနၿပီ..မီးေတာက္ေနၿပီ..အံမယ္ေလး”
မိၿငိမ္းေအာင္က အလန႔္တၾကားျဖင့္ အိမ္ဉီးခန္းဆီ ေျပးတက္သြား၏။ အနီးအနားတြင္ရွိေသာ တဘက္တထည္ျဖင့္ ေအာင္ေဇယ်၏ လက္ေမာင္းမွ ေတာက္ေနသည့္ မီးဖြားမ်ားကို ဖိခ်လိုက္သည္။
ထိုအခါမွ စာထဲတြင္ အာ႐ုံဝင္ေနေသာ ေအာင္ေဇယ်မွာ အလန႔္တၾကားျဖစ္ကာ ေစာင္ကို ခြာခ်လိုက္ေတာ့၏။
ဖြာလက္စ ေျပာင္းဖူးဖက္ေဆးလိပ္မွ မီးစမ်ားသည္ ပုခုံးထိၿခဳံထားေသာ အညာေစာင္ထူထူႏွစ္ထပ္ရွိ အေပၚေစာင္ေပၚသို႔ က်ရာမွ တစစေလာင္ကြၽမ္းေနျခင္းျဖစ္သည္။
ထိုအေျခအေနကို ၾကားတြင္ ေစာင္ထူတစ္ခ်ပ္ခံေနသည့္အျပင္ စာထဲသို႔ စိတ္ဝင္စားေနေသာ ေအာင္ေဇယ်က သတိမထားမိ။
“အံမယ္ေလး..ေတာ္ေသးလို႔.အကိုေလးရယ္..မီးက လက္ေမာင္းေပၚမွာ ေတာက္ေတာင္ ေတာက္ေနၿပီ..မသိရလားေတာ္”
“တိတ္တိတ္ေနစမ္း မိၿငိမ္းေအာင္..လူေတြ အိပ္ေနၾကၿပီဟဲ့...ကေလးေတြ လန႔္ႏိုးကုန္ၾကဉီးမယ္..သြား. နင္လုပ္စရာရွိတာ ၿခံထဲသြားလုပ္ေခ်”
မိၿငိမ္းေအာင္က အိမ္ေပၚမွ ဆင္းသြား၏။
ထိုအခ်ိန္တြင္ အေနာက္ဖက္အခန္းတြင္အိပ္ေနေသာ ခင္ယြန္းစံက ဆံပင္ကို ကပိုကယိုထုံးလ်က္ ထလာ၏။
“ခုန မိၿငိမ္း အသံၾကားလိုက္တယ္..ဘာျဖစ္တာလဲ..ေမာင္ႀကီး”
“ဘာမွ မျဖစ္ပါဘူး..ခင္ယြန္းရဲ႕..ဒီကေလးမက မ႐ူးမေကာင္းနဲ႔ဟာကို”
“ရွင္ေရာ..မအိပ္ေသးဘူးလား..လင္းၾကက္ေတာင္တြန္ေတာ့မယ္”
“အင္း.ဆရာေတာ္ကို ေပစာထုတ္က ဒီလျပည့္မတိုင္ခင္ ျပန္ေပးရမွာမို႔ တခ်ိဳ႕ဟာေလးေတြ စိတ္ထဲ အလြတ္မွတ္ေနလို႔ပါကြာ..အိပ္ပါ့မယ္”
“ဝါး..ဝါး..ဝါး”
ထိုအခ်ိန္တြင္ အိမ္ေျခရင္းဘက္တြင္ သီးသန႔္ေဆာက္ထားေသာ တဲငယ္ေလးေပၚမွ ကေလးငိုသံထြက္လာ၏။
“ညိဳျမေလး..ငိုေနၿပီထင္တယ္....ႏို႔ဆာလို႔ ထင္ပါရဲ႕...ရွင္မိငယ္ ႏိုးမွ ႏိုးရဲ႕လားမသိ..သြားၾကည့္ဉီးမွပဲ”
ခင္ယြန္းစံက ေအာင္ေဇယ်၏ လက္ေမာင္းကို ဆြဲကိုင္လိုက္သည္။
“ရွင္ တညလုံးစာၾကည့္လာတာ အိပ္ဖို႔လိုတယ္..ရွင့္သမီး ကို ကြၽန္မပဲ သြားၾကည့္ေပးလိုက္ပါ့မယ္”
ခင္ယြန္းစံက တစ္ဖက္ျခမ္းရွိ ရွင္မိငယ္ႏွင့္ လသားအ႐ြယ္သမီးငယ္ ညိဳျမ တို႔၏ အိမ္ေလးဆီသို႔ ဆင္းသြားေတာ့သည္။
.............................................................................................................
မိုးစင္စင္လင္းခဲ့ၿပီ။
ၿခံဝန္းအတြင္းရွိ သစ္ရိပ္ေအာက္မွ ကြပ္ပ်စ္ေပၚတြင္ ရွင္မိငယ္က သမီးငယ္ ညိဳျမကို ႏို႔တိုက္ေနသည္။
နေဘးတြင္ ေအာင္ေဇယ်ႏွင့္ ခင္ယြန္းစံတို႔၏ ဒုတိယသား ငါးႏွစ္အ႐ြယ္ ေမာင္႐ြ က ညိဳျမေလး၏ လက္ကို ကိုင္ကာေဆာ့ကစားေန၏။
သားအႀကီးဆုံး ေမာင္ေလာက္မွာ ခုႏွစ္ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး အဘိုးျဖစ္သူ ဉီးညိဳစံ လုပ္ေပးသည့္ သစ္သားလင္းေလးျဖင့္ ငွက္မ်ားကို ပစ္ခတ္ေဆာ့ကစားေနသည္။
ခင္ယြန္းစံ က ရွင္မိငယ္ ေဘးတြင္ ဝင္ထိုင္လိုက္၏။
“ညက ညည္းက မႏိုးဘူးလားေအ..ေတာ္ေသးတာေပါ့..ငါေရာက္လာေပလို႔”
“ဟုတ္တယ္..မမခင္ယြန္း...ညိဳျမေလးက သန္းေခါင္နီးအထိ မအိပ္ေသးလို႔ ေခ်ာ့သိပ္ရင္း ညီမလည္း အိပ္ေပ်ာ္သြားတာရယ္”
“အင္း...ကေလးကို ဂ႐ုစိုက္မွေပါ့ဟယ္...ညည္းႏွယ့္”
ေအာင္ေဇယ်မွာ ညဥ့္နက္မွ အိပ္ရာဝင္သျဖင့္ အိပ္ရာမွ မႏိုးေသး။
“ဟဲ့...မိၿငိမ္း လာစမ္းပါဉီး”
လယ္သူရင္းငွားမ်ားထံ ထမင္းပို႔ၿပီး ျပန္လာသည့္ မိၿငိမ္းေအာင္ကို ခင္ယြန္းစံက လွမ္းေခၚလိုက္သည္။
မိၿငိမ္းေအာင္က ထမင္းေတာင္းကို ခ်ကာ ေျမႀကီးေပၚတြင္ ထိုင္ခ်လိုက္၏။
“ညက ညည္း ဘာထေအာ္တာလဲ...ညည္းေအာ္တာေၾကာင့္ငါႏိုးလာတာ”
မိၿငိမ္းေအာင္က အိမ္ေပၚထပ္သို႔ လွမ္းၾကည့္လိုက္သည္။
“အကိုေလးေအာင္ေဇယ် ေလ”
“ဘာျဖစ္လဲ..”
“လက္ေမာင္းကေန မီးေတြ ထေတာက္တယ္ေတာ့”
“ဟဲ့..ဘယ္လို”
“ကြၽန္မ ဆြမ္းခ်က္ဖို႔ ႏိုးလာေတာ့ အိမ္မႀကီးဘက္လာတာ...အဲ့ဒါ အိမ္ဉီးေဆာင္မွာ သူ႔လက္ေမာင္းေပၚ ပတ္ထားတဲ့ ေစာင္ကို မီးေလာင္ေနတာ...ေဆးလိပ္မီးဖြားက်တာထင္ပါရဲ႕..ဒါေတာင္ အကိုေလးက စာဖတ္မပ်က္ဘူးေတာ္.အံမယ္ေလး... သူ႔လက္ေမာင္းကေန မီးေတြရဲခနဲ ေလာင္ေနတာေတြ႕တာပဲ..လက္႐ုံးမီးေတာက္တယ္ဆိုတာဒါမ်ိဳးထင္ပါရဲ႕”
“ဟဲ့..ဟဲ့”
ခင္ယြန္းစံက ေျပာေျပာဆိုဆိုျဖင့္ ရွင္မိငယ္ထံ တခ်က္ၾကည့္လိုက္သည္။
ရွင္မိငယ္ကလည္း ခင္ယြန္းစံကို မ်က္လုံးျဖင့္ ျပန္ၾကည့္ကာ ေခါင္းဆတ္ျပလိုက္သည္။
“မိၿငိမ္းေအာင္..နင္ဒီမွာ ခဏေနဉီး”
ခင္ယြန္းစံက အိမ္မႀကီးေပၚသို႔ တက္သြားသည္။
“ဒီကိစၥ နင္႐ြာထဲမွ ဘယ္သူ႔ကို ေျပာၿပီးၿပီလဲ..မိၿငိမ္း”
ရွင္မိငယ္က ကေလးႏို႔တိုက္ရာမွာ ေမးလိုက္ျခင္းျဖစ္သည္။
“မေျပာရေသးပါဘူး..မမငယ္”
“ေအး...ေတာ္ေသးတာေပါ့”
ခဏအၾကာတြင္ ခင္ယြန္းစံ ျပန္ေရာက္လာသည္။ လက္ထဲတြင္ ေငြဖလားတစ္လုံးႏွင့္။
“ကဲ..ေရာ့..”
မိၿငိမ္းေအာင္က ေငြဖလားကို တအံ့တဩၾကည့္လိုက္သည္။
“ယူေလ”
“ကြၽန္မကို ေပးတာလား”
“ေအး..ဒါ ေငြခ်ိန္တစ္က်ပ္သားပါတယ္...ညည္း ဒါကိုယူ...ၿပီးေတာ့ ညက အေၾကာင္းကို အခုခ်ိန္ ဘယ္သူ႔ကိုမွ မေျပာမိေစနဲ႔”
“ဟုတ္..ခုန..မမငယ္ကလည္း အဲ့ဒီလိုပဲေျပာထားပါတယ္”
“ငါေျပာတာ..မၿပီးေသးဘူး.... ကိုေအာင္ေဇယ် လက္ေမာင္းက မီးေတာက္တဲ့ကိစၥကို အခုခ်ိန္ ဘယ္သူမွ မေျပာနဲ႔ဆိုေပမယ့္..အခ်ိန္တစ္ခုေရာက္လာရင္..နင္ကိုယ္တိုင္ မုဆိုးဖိုေရာ..ဒီနားက ႐ြာေတြအထိ ပ်ံ႕ေအာင္ ေျပာရမယ္..ဘယ္လိုလဲ မိၿငိမ္း”
“ဟုတ္ကဲ့..ဘယ္အခ်ိန္လဲ...မမခင္ယြန္း”
“ငါက ေျပာဆိုတဲ့အခ်ိန္ေပါ့”
ခင္ယြန္းစံ၏ စကားအဆုံးတြင္ ရွင္မိငယ္က အဓိပၸါယ္ပါပါၿပဳံးလိုက္၏။
အိမ္အေပၚထပ္တြင္ သူတို႔ကို တစုံတစ္ေယာက္က ၾကည့္ေနသည္။
အျခားသူမဟုတ္။
မိုးလင္းခါနီးအထိ စာဖတ္ေနေသာ ေအာင္ေဇယ်။
သူ ႏိုးထလာၿပီျဖစ္သည္။
ခက္ေဇာ္
အခန္း(၂) သဘက္ခါ
အေျပာအဆိုနည္းနည္း..အလုပ္ကိုင္ရဲရဲျဖင့္ ခရီးဆက္ၾကမည္။
Done 💪
ReplyDeleteDone
ReplyDeleteDone
ReplyDeleteငွေစေ့၊ရွှေစေ့ ထည့်တယ်ဆိုတာကို အမှသိရတာပဲ မြန်မာနိုင်ငံမှာလည်း သည်လိုမျိုးတွေ ရှိတာပါပဲလား အံ့သြစရာကောင်းလိုက်တာ
ReplyDeleteAmazing :3
ReplyDeleteDone🐬🐬🐬
ReplyDeletedone
ReplyDeleteDone
ReplyDeleteDone
ReplyDeletedone
ReplyDelete