AVA 1740s (S2) အခန်း (၈)
AVA 1740s (Season 2)
အခန်း(၈)
...............................................
“ဘုန်းတော်ကြီးဘုရား..ညီလာခံမှာ စိတ်တော်များ အဆင်မပြေဖြစ်လာတယ်ထင်ပါတယ်..စိတ်တော် ရွှင်ပျလာအောင် နှမတော် ဉသျှစ်သီးအရည်ဖျော်လေး ဆက်သပါရစေ”
မိဖုရားနှင်းသီရိစိတ္တာ ၏ အသံက တိုးတိုးညှင်းညှင်း။
သမိန်ထောက နှင်းသီရိ ကမ်းလာသော ဉသျှစ်သီးခွက်နှင့်အတူ နှင်းသီရိ၏ လက်ကိုပါ အုပ်ကိုင်လိုက်သည်။
“အင်း..ဘာရယ်မဟုတ်ပါဘူးကွယ်...ငါကိုယ်တော် အမတ်ကြီးဗညားဒလနဲ့ စကားကတောက်ကဆဖြစ်လာခဲ့တာပါ..သူတို့ ငါကိုယ်တော်ကို စော်စော်ကားကား ကွေ့သူပုန်များနဲ့ပဲ တန်းညှိခေါ်လာရသတဲ့”
“ပြည့်ရှင်မင်းတို့အရေးတော့ နှမတော် မပါဝံ့၊ မသိဝံ့ပါ။ ဘဝရှင်မင်းတရားအနား ခစားနေရရင်ပဲ ကို ပျော်နေတာပါ..ဘုရား”
“အင်း...နှင်းသီရိစိတ္တာ..နှမတော်လို ထီးဟန် နန်းဟန်အပြည့်နဲ့ နူးညံ့သိမ်မွေ့ယဉ်ကျေးနဲ့ မိန်းကလေးကို ကိုယ်တော် အစောက ဘာလို့ မတွေ့ခဲ့မိပါလိမ့်”
သမိန်ထောက ဉသျှစ်သီးရည်ကို တငုံ့သောက်လိုက်ပြီး စားပွဲပေါ်သို့တင်လိုက်သည်။
ထို့နောက် နှင်းသီရိစိတ္တာ၏ အပေါ်ရံ ကိုယ်ရုံကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်၏။
“ရင်စည်းကြီး ဝတ်ထားတာ..မပူလွန်းဘူးလား..နှမတော်”
“မောင်တော်ဘုရားခွင့်ပြုမယ်ဆို...အမိဝမ်းက မွေးစဉ်ကအတိုင်း ပကတိခန္ဓာဖြင့် သခင့်အပါး ခစားလိုပါတယ်”
သမိန်ထော ဉသျှစ်သီးဖျော်ရည်ကို မေ့သွားခဲ့ပြီ။
.......................................
“အဲ့ဒီလိုနဲ့...သူ..တလလုံးလုံး.. ဇင်းမယ်သူ အဆောင်မှာပဲ.အိပ်တယ်...ညီမဆီလည်း ဆောင်တော်မကူးဘူး...သူတို့တွေ ညုတုတု ညစ်ပတ်ပတ်တွေကို ထီးဟန်နန်းဟန်ပြောကြတာတွေကိုလည်း အပျိုတော်တွေက ရယ်စရာလုပ်နေကြတယ်...ညီမ ကတော့ အဲ့ဒါတွေ ပြန်ပြန်ကြားရတိုင်း...မရယ်နိုင်ဘူး..မမလွီဇာ..မရယ်နိုင်ပါဘူး”
ဂမုန်း၏ အသံက တိမ်ဝင်သွား၏။
ဉီးအောင်လှမှ သီးသန့်အခန်းအတွင်းဝယ် ဂမုန်းနှင့် လွီဇာ နှစ်ဉီးတည်း တွေ့ဆုံနေကြခြင်းဖြစ်သည်။
မိဖုရားခေါင်ကြီးဂမုန်းက လွီဇာနှင့် နှစ်ယောက်တည်းစကားပြောချင်သည်ဆိုသဖြင့် နားလဲ ကို အပြင်ဘက်တွင် သူရိန်စောတို့နှင့် ထားခဲ့ရသည်။
“သူ ညီမကို မချစ်တော့တာလား..ဒါမှ မဟုတ် အစကတည်းက မချစ်တာလား”
“သူ ဂမုန်းကို ချစ်ပါတယ်...ဟိုးငယ်ငယ် ဘုန်းကြီးကျောင်းမှာကတည်းက သိခဲ့ကြသူတွေပဲမဟုတ်လား...ဂမုန်းရယ်...ရှင်ဘုရင်ဆိုတော့လည်း တခြားက ဆက်သလာတဲ့ မိဖုရားမို့ အချိန်ပေးတာလည်းဖြစ်မှာပါ”
“အင်း...အဖနဲ့ သူနဲ့ ကြားက ပြဿနာတွေကလည်း တနေ့တခြား ပိုဆိုးလာတယ်..မမလွီဇာ...သူတို့ ယောက်ျားနှစ်ယောက်ကြားက ပြဿနာကြောင့် သူ ညီမကို မုန်းနေတာလား မသိဘူး..ညီမကို က ကံဆိုးတာပါ”
“ကဲပါ..ဂမုန်းရယ်..ဒါတွေအားလုံး မကြာခင် အဆင်ပြေသွားမှာပါ...ဘဝမှာ မိန်းမတစ်ယောက်အတွက် ဒီထက်ဆိုးရွားတဲ့ အခက်အခဲတွေအများကြီး ရှိလာနိုင်သေးတယ်...မမ တစ်ခါပြောပြတဲ့ အင်းဝလက်မရွံထောင်ထဲက အကြောင်းတွေကို ဂမုန်း မှတ်မိတယ်..မဟုတ်လား”
“အင်း...မမတို့ကတော့ သတ္တိရှိတဲ့ မိန်းမတွေပါ”
“ကဲ..ဒါတွေ ခဏမေ့ထားပါ..အဲ့ဒီအင်းဝထောင်မှာတုန်းက နားလဲဆိုတဲ့ ကွေ့မလေးအကြောင်း ဂမုန်းသိတယ်ဟုတ်”
“ဟုတ်ကဲ့..သိပါတယ်”
“သူ အပြင်မှာပါတယ်”
“အို..တကယ်လား...ဂမုန်းလည်း သူ့ကို တွေ့ဖူးချင်တာ”
“သူကလည်း ဟံသာဝတီရဲ့ မိဖုရားခေါင်ကြီးကို တွေ့ဖူးချင်နေတာ”
“အခု တွေ့မယ်လေ...ဟေ့..အပျိုတော်တွေ...တံခါးဖွင့်ပြီး ဝင်လာခဲ့တော့ဟေ့”
လွီဇာက ဂမုန်းနှင့် သလွန်ပေါ်တွင် အတူထိုင်နေရာမှာ အမြန်ထကာ ကြမ်းပြင်တွင် ပြန်လည်ဝပ်တွားလိုက်သည်။
ယပ်တော်ကိုင်၊ ကွမ်းရည်တော်ကိုင် အပျိုတော်များ ဝင်လာကာ ပြန်လည်ခစားကြ၏။
လွီဇာက ဒူးတုတ်လျက်မှာ နောက်ဆုတ်ကာ အပြင်ဘက်တွင်ရှိသော နာလဲကို အချက်ပြလိုက်သည်။
နားလဲက အခန်းထဲသို့ ဝင်လာ၏။
“ဟဲ့..မိဖုရားခေါင်ကြီးရှေ့...ဒူးတုတ်၊ ခေါင်းငုံ့ ဝင်ရမယ်လေ”
အထိန်းတော်ကြီးက နားလဲကို အော်လိုက်သဖြင့် နားလဲ မှာ ရုတ်တရတ်လန့်သွားသည်။
“ရပါတယ်..မိကွန်ဝိုင်း...သူ ခစားတတ်သလို ခစားပါစေ”
ထိုအခါမှ နားလဲက လွီဇာအနားသို့ရောက်လာကာ လွီဇာထိုင်သည့်ပုံစံအတိုင်း လိုက်ထိုင်လိုက်သည်။
ဂမုန်းက နားလဲကို ကြည့်ကာ ပြုံးလိုက်သည်။
“နားလဲ ဆိုတာ လား...ကုန်သည်ကြီးလွီဇာ”
“မှန်ပါ..မိဖုရားခေါင်ကြီး”
“အင်း..ကြားဖူးတာတော့ ကြာပါဘူး..တကယ့်အာဂမိန်းမတွေမှန်း သိပါရဲ့ကွယ်”
ဂမုန်းက သူ့ခေါင်းတွင်ပန်ထားသော ရွှေဆံထိုးအချွန်ကို ဖြုတ်လိုက်၏။
“မဖုရားအနားကို လာစမ်းပ....နားလဲ”
လွီဇာက မျက်ရိပ်ပြလိုက်သဖြင့် နားလဲက ရှေ့သို့တိုးသွားသည်။
ထို့နောက် ရွှေဆံထိုးကို နားလဲထံ ပေးလိုက်၏။
“မဖုရား က ဆုတော်ချတာကွဲ့...ဟိုးအဝေးကတောင် လာကြရတယ်ဆို”
“ဟုတ်ပါတယ်..မိဖုရား..အုတ်ဖိုကနေလာတာပါ”
“တိုင်းရေးပြည်ရာတော့ မဖုရား နားမလည်ပါဘူး..ဒါပေမယ့်..ကိုယ့်ဆီလာတဲ့ သံတမန်ဧည့်သည်တွေဆိုတော့ကာ..မိဖုရားတစ်ယောက်အနေနဲ့ စောင့်ရှောက်ချီးမြင့်ရတဲ့ တာဝန်ရှိပါတယ်”
“ကျေးဇူးတင်ပါတယ်..မိဖုရား”
“လွီဇာ နဲ့ ဧည့်သည်အမျိုးသမီး...အမတ်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ”
လက်ျာဗိုလ်က အခန်းတံခါးဝတွင် လာရပ်ကာ ပြောသည်။
လွီဇာနှင့် နားလဲတို့ အပြင်သို့ ထွက်လာကြသည်။
“လွီဇာ....အိမ်မှာ မြတ်ဝါ မယ်ဖူးတို့ ရှိလား”
“ရှိပါတယ်..ဗိုလ်မင်း..ဘာလုပ်မလို့လဲ”
“မြတ်ဝါလေးကို စကားသွားပြောပေးမလို့..နောက်ရက်လည်း ကျုပ်မကြာမကြာ သူနဲ့ စကားလာပြောပေးပါ့မယ်..သူ့အတွက် စကားပြောဖော်လိုတယ်မဟုတ်လား”
လွီဇာက လက်ျာဗိုလ်ကို သေချာစိုက်ကြည့်လိုက်သည်။
လက်ျာဗိုလ်က မလုံမလဲဖြင့်။
“ကျုပ်က ကလေးမလေးအဖြစ်ကို သနားမိလို့ပါဗျာ”
..............................................................................
ဂုဏ္ဏအိမ်၏ ဟံသာဝတီနှင့် ဆက်ဆံရေးမှာ တခန်းရပ်သွားခဲ့ပြီဖြစ်သည်။
ထိုသဝဏ်လွှာကို အကြောင်းပြုကာ သမိန်ထောဗုဒ္ဓကိတ္ထိ နှင့် ယောက္ခမဖြစ်သူ ဉီးအောင်လှ၏ ဆက်ဆံရေးမှာ ပိုမိုတင်းမာသွားခဲ့သည်။
သူရိန်စော၊ နားလဲ နှင့် ငကက်တို့ကို ဉီးအောင်လှနှင့် ရင်းနှီးသော ဒလဗန်း၏ တပ်များက တောင်ငူနယ်စပ်အထိ ပြန်ပို့ပေးခဲ့ကြသည်။
ငလှေးမှာ မယ်ဖူးနှင့်အတူ လွီဇာ၏ အိမ်တွင်ပင် နေထိုင်ခဲ့ကြသည်။
မယ်ဖူးမှာ လင်ဖြစ်သူရောက်ရှိလာပြီဖြစ်သဖြင့် မြတ်ဝါကို ယခင်က ကဲ့သို့ အချိန်သိပ်မပေးနိုင်တော့။
သို့သော် မြတ်ဝါထံသို့ လက်ျာဗိုလ်မှာ လုပ်ငန်းတာဝန်များ အားလပ်တိုင်း ရောက်လာတတ်မြဲ။
ယခင်က သန်လျင်ရှိ ဖာသာနာရေနီဆီသို့ တစ်လနှစ်ခေါက်နီးပါးရောက်သွားတတ်သော လက်ျာဗိုလ်မှာ ယခုတော့ သန်လျင်သို့ အလာကြဲသွားခဲ့ပြီဖြစ်သည်။
“လက်ျာဗိုလ်...ရှင် သန်လျင်ကို သွားဖို့ရှိသေးလား”
မြတ်ဝါနှင့်အတူ ခြံထဲတွင် လမ်းလျှောက်နေသည့် လက်ျာဗိုလ်ကို လွီဇာက အိမ်ပေါ်မှမေးလိုက်သည်။
“မရှိဘူး..လွီဇာ..ဘာဖြစ်လို့တုန်း”
“ကျွန်မ ဂိုထောင်ဆောက်နေတဲ့ကိစ္စလည်းသွားကြည့်ရင်း...ပြင်သစ်ကုမ္ပဏီရုံးကိုလည်း သွားစရာရှိတယ်.. ပွန်ဒီချယ်ရီက ကျွန်မတို့နဲ့ပတ်သက်တဲ့ဘာသတင်းစကားမှ မလာတာကြာပြီ.. အမတ်ချုပ်ကြီးကလည်း မေးနေတာမို့ပါ”
“လွီဇာက ဘယ်ရက်သွားမှာလဲ”
“နောက်တပတ် လပြည့်ကျော်လောက်ပေါ့”
“အဲ့ဒီလောက်ဆို ကျုပ်လည်း လိုက်ပေးလို့မရဘူး...ဉီးအောင်လှ နဲ့အတူ ကရင်ရွာတွေဘက်ကို သွားစရာရှိတယ်”
လွီဇာက လက်ျာဗိုလ်၏ စကားကို သဘောပေါက်လိုက်သည်။
ဉီးအောင်လှသည် ဟံသာဝတီ၏ အပြင်ဘက်တွင်ရှိသော ကရင်ရွာများသို့ ဆင်းကာ သူကြီးများနှင့် တွေ့ဆုံလေ့ရှိသည်။
ရွာတွင်ရှိသော လူငယ်လူရွယ်များကိုလည်း ဟံသာဝတီတွင် အမှုတော်ထမ်းရန် ခေါ်ဆောင်လာလေ့ရှိသည်။
ထိုအခြေအနေအားလုံးသည် ဆင်ကျားရှင်သမိန်ထော နှင့် ဉီးအောင်လှတို့ အားပြိုင်မှုမှ တဆင့် ဖြတ်ပေါ်လာသည့် အစီအမံများပင်ဖြစ်သည်။
.............................................................................................
၁၇၄၃ ခုနှစ်။
ကုန်ဈေးနှုန်းများကြီးမြင့်မှု၊ ဆန်စပါးရှားပါးမှုတို့ကြောင့် အင်းဝပတ်ဝန်းကျင်ဒေသတစ်ခုလုံးမှာ ငတ်မွတ်ခေါင်းပါးနေကြ၏။
သူခိုး၊ ဓါးပြများ၊ လုယက်မှုများ နေရာအနှံ့ဖြစ်ပေါ်နေသည်။
မြန်မာပြည်အောက်ပိုင်းတစ်ခုလုံးသည်လည်း ဟံသာဝတီက သိမ်းပိုက်ထားပြီဖြစ်သဖြင့် ကုန်သွယ်ခွန်များ မရရှိတော့။
အချို့ သွင်းကုန်ပစ္စည်းများသည် ဟံသာဝတီတွင် အခွန်အခများပေးဆောင်ရသည့်အပြင် အင်းဝဆိပ်ကမ်းအရောက်ထပ်မံပေးဆောင်ရသဖြင့် အဝတ်အထည်၊ အသုံးအဆောင်ဈေးနှုန်းများ ကြီးမားလာသည်။
တရုတ်ဈေးကွက်သို့ အမြတ်များစွာဖြင့်တင်ပို့လေ့ရှိသည့် မုတ္တမအိုးများမှာလည်း စစ်ပွဲများကြောင့် အင်းဝဆိပ်ကမ်းသို့ အရောက်ပေါက်နည်းလာသည်။
စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေးတို့တွင် တခုပြီးတခု ပြိုလဲနေသော အင်းဝအတွက် မဟာဓမ္မာရာဇာအဓိပတိသည် အရေးပေါ်အစီအမံတစ်ခုကို စီမံခဲ့သည်။
အခြားမဟုတ်။
ကိုးကွယ်ရာသာသနာပိုင်ဆရာတော် ဉီးဉာဏသာရ ထံ ဗေဒင်မေးခြင်းဖြစ်သည်။
အင်းဝမြေတွင် ရှင်ဘုရင်သစ်ပေါ်ကိန်းရှိနေသည်ဆိုသည့် တွက်ချက်မှုအရ..မဟာဓမ္မရာဇာဓိပတိသည် ယတြာချေရန် စီစဉ်တော့သည်။
“ကိုကြီးဖြိုး..ယခုနေ မင်းစည်းစိမ်ခံစားရမယ်ဆို..ကိုယ်တော့်ကို သစ္စာထားမယ်မဟုတ်လား”
မဟာဓမ္မရာဇာဓိပတိ၏ စကားကြောင့် ညီလာခံတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
ရှင်ဘုရင်၏ ငယ်က စာသင်ဆရာဖြစ်သည့် နန်းရင်းဝန်အမတ် ဉီးရွှေဖြိုး၏ မျက်နှာမှာလည်း ပြုံးရွှင်နေသည်။
“မှန်ပါ...အသက်နှင့်ကိုယ်ပေးအပ်ကာ သစ္စာရှိသွားပါ့မယ်..အရှင်မင်းမြတ်”
“ကဲ..ဒါဆို...စစ်ကိုင်းမှာ အစီအရင်၊ အခါတော်အတိုင်း နန်းတော်သစ်တည်စေ..ပြီးရင် ကိုကြီးဖြိုးဟာ ဘုရင်နောင့်ဘွဲ့ခံ စစ်ကိုင်းမင်းအဖြစ် နန်းပြိုင်ပြုစေဗျား”
ကိုးသိန်းသခင်က မဟာဓမ္မရာဇာဓိပတိကို ခေါင်းမော့ကြည့်လိုက်၏။
“ဗေဒင်ယတြာကိန်းခန်းများအရ အင်းဝတွင် မင်းလောင်းပေါ်မည် ဆိုတဲ့အတွက် ကိန်းခန်းတွေ ချေရခြင်းပ...တဘောင်များကိုလည်း ဆိုင်ရာ မူးမတ်များက မပြတ်လေ့လာလျှောက်တင်စေ”
“မှန်ပါ”
“ဘထွေးတော် ကိုးသိန်းသခင် ရော..ဟံသာဝတီတပ်များနှင့် နယ်ခြားစစ်ရေးအစီအမံများ အေးချမ်းရဲ့လား”
“မှန်ပါ..ဟံသာဝတီတပ်များ ယခုနှစ်ထဲ နှစ်ကြိမ်တိတိဝင်ရောက်ထိုးဖောက်လာပါတယ်..သို့သော် ကျွန်တော်မျိုးတပ်မှ တပ်မှူး ဗညားကျန်းတော ၏ မလွန်တပ်ကို မကျော်နိုင်ပဲ အကျအဆုံးများနှင့် ဆုတ်ခွာသွားရပြီး..ယခုတိုင် အရေးတော်မရှိပါ”
“အိမ်း..ဗညားကျန်းတောတဲ့လား...ထိုက်သင့်တဲ့အရည်အဘွဲ့ထပ်ပေးရမှာပ..အင်းဝအတွက်တော့ တကယ်အားကိုးရတဲ့ စစ်သူရဲကောင်းတွေကို ချီးမြှောက်ရတာပ..ဘထွေးတော်ကိုးသိန်းသခင်”
“မှန်ပါ”
“ဘထွေးတော်လည်း နန်းပြိုင်မင်းပြိုင်အဖြစ် စံနေရန် ခွင့်ပေးတော်မူမယ်”
ကိုးသိန်းသခင်၏ မျက်နှာဝင်းလက်သွားသည်။
“ဘထွေးတော်က တောင်ငူရာဇာဘွဲ့ဖြင့် ကေတုမဏီတောင်ငူမင်းအဖြစ် မင်းပြိုင်ပြုစေ”
“ဟင်”
နန်းတော်ညီလာခံတစ်ခုလုံး အာမေဋိတ်သံများ ထွက်လာကြသည်။
ကိုးသိန်းသခင်၏ မျက်နှာမှာလည်း ရုတ်တရက်တင်းမာသွား၏။
တောင်ငူသည် ဟံသာဝတီ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေသည့်မြို့။
“တောင်ငူသည် ရန်သူ့လက်အောက်မှ ကျရောက်နေပါတယ်..အရှင်”
“ဟယ်..ဒါများ ဘာခက်လို့လဲ ဘထွေးတော်ရဲ့...နာမည်ဆိုတာ ပညတ်ပါပဲ..အခု ဘထွေးတော် တပ်တွေ တည်နေတာ ဘယ်မှာများပါလိမ့်..အင်း..စဉ့်ကိုင်မှာ မဟုတ်လား”
“မှန်ပါ”
“ဟိုတောင်ငူ ကိုယ့်လက်ထဲ မရှိလည်း...စဉ့်ကိုင်ကို တောင်ငူလို့ အမည်သမုတ်ပြီး နန်းတော်ဆောက်လုပ် တောင်ငူရာဇာအဖြစ် မင်းပြိုင်ပြုစေဗျာ”
အမတ်တချို့က ကိုးသိန်းသခင်ကို အားနာကြသော်လည်း ဝမ်းထဲမှ ကြိတ်ရယ်နေကြသည်။
ကိုးသိန်းသခင်မှာမူ စိတ်ပျက်လက်ပျက်အမူအရာဖြင့်။
“မှန်ပါ...ကျွန်တော်မျိုးကတော့ အင်းဝအတွက် စစ်မြေပြင်မှာပဲ အချိန်ကုန်နေရတဲ့အတွက် ထီးပြိုင်နန်းပြိုင်လည်း သီးသန့်ဆောက်မနေတော့ပါ..ဘုရား..စစ်မြေပြင်သည်သာ နန်းတော်လုပ်နေပါတော့မယ်”
“အင်း..ဘထွေးတော်လည်း ပင်ပန်းလှပြီ...သူခိုးဓါးပြဆူပူမှုတွေကလည်း နေပြည်တော်နဲ့ အဝှမ်းဖြစ်နေကြလေတယ်...ဟံသာဝတီဘေးရန်ကလည်း တဖုံ။ ကသည်းကတော့ သမီးတော်ဆက်သမယ်ဆိုပြီး ကတိပေးလာပါရဲ့။ ဒီလိုအခြေအနေမှာ ကျုပ်တို့ နန်းတော်က ကျေးကျွန်ပြည်သူတွေကို ကာကွယ်ပေးဖို့ရာ အပြည့်အဝတော့ တာဝန်မယူနိုင်ဘူး၊ အဲ့ဒီအတွက် ပြည်သူအများ ကိုယ့်ဖာသာကာကွယ်ကြဖို့ရာ မင်းကြီးဉီးရွှေဖြိုးက အကြံအစည်တစ်ခု တင်ပြလာတယ်”
“မှန်ပါ..ဘယ်လို အကြံမျိုးပါလဲ..ဘုရား”
“အဲ့ဒါ ဘထွေးတော်သဘောကို မေးမလို့ပါပဲ....ဒီလိုပါ...အင်းဝပတ်လည်..ကိုးခရိုင်ကျောက်ဆည် ၊ အထက်ကျော်စဉ် တစ်လျှောက်က မြို့ရွာတွေဟာ ကိုယ့်လုံခြုံရေးအတွက်ကိုယ် ဆူးတပ်၊ သစ်တပ်တွေကာရံ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ်ဟာကိုယ် ကာကွယ် နေထိုင်စေလို့ အမိန့်တော်ချမှတ်မယ်...ဒါဟာ သူခိုးဓားပြရန်ကာကွယ်ပြီးဖြစ်သလို အင်းဝနန်းတော်ကို တိုက်ခိုက်လာမယ့် ရန်သူများကိုလည်း မြို့ရွာများမှလည်း အင်းဝကို ကာရံပေးသလို ရှိမယ်မဟုတ်လား”
ကိုးသိန်းသခင်က အတန်ငယ်တိတ်ဆိတ်နေသည်။
“ဘထွေးတော်..ဖြေပါဉီး..အဲ့ဒီ အကြံမကောင်းလား”
“မှန်ပါ..ပြည့်ရှင်အစိုးရမင်းဆိုသည်မှာ ပြည်သူကို အေးချမ်းစွာနေနိုင်ဖို့ တာဝန်ယူကာကွယ်ပေးရရိုးပါ...ပြည်သူက ပြည်သူ့ဘာသာကာကွယ်ရတဲ့အခါ အစိုးရမင်းမည်ပါဉီးမလား..ဘုရား”
“ဘထွေးတော်က ကျုပ်ကို ရှင်ဘုရင်နေရာ မတန်ဘူး ပြောချင်တာလား”
“မပြောဝံ့ပါ..ဘုရား..ထားရင်လည်းနေ..သတ်ရင်လည်းသေရမှာပါ...မြို့စား၊ရွာစားတို့ကို ဆူးတပ်သစ်တပ်ကာရံပြီး ကိုယ့်လုံခြုံရေးကိုယ်နေခိုင်းလိုက်ခြင်းဟာ သူပုန်သူကန်လောင်းတွေ မွေးသလို.....”
“တော်တော့..ဘထွေးတော်....ဒီတော့ ကျုပ်တို့က ဘာလုပ်ရမှာလဲ..ရှိစုမဲ့စုအင်အားနဲ့ သူတို့အတွက် အမြဲ စောင့်ရှောက်ပေးနေရမှာလား”
“လျှောက်တင်ခွင့်ပြုပါ..ဘုရား”
ဝန်ကြီးဉီးရွှေဖြိုးက လက်အုပ်ချီလျက် ဝင်ပြောလိုက်သည်။
“လျှောက်စေ”
“ကျွန်တော်မျိုးအနေဖြင့် သူကြီး၊ မြင်းစီး ၊ အစု၊ အခေါင်းများကို စည်းဝေးခေါ်ယူပြီး သစ္စာရေပေးရန် စီစဉ်ပြီးကြောင်းပါ...သူတို့အားလုံးကလည်း မိမိတို့ မြို့ရွာအများ ကာကွယ်ရေးမှာ ပါဝင်ဖို့ တက်တက်ကြွကြွသဘောတူကြပါတယ်”
“အိမ်း..ဒါအဖြေပဲ...တချိန်လုံးစစ်တိုက်နေတဲ့ ဘထွေးတော်က ပြည်ထဲရေးအခြေအနေတွေကို မစုံစမ်းလို့ပါ...သင်းတို့ သူပုန်သူကန်ထဝံ့ကြရင်လည်း ဘထွေးတော်ရှိနေမင့်ပဲကိုး..ကဲ..ကဲ..နားခံတော်တွေ၊ စာရေးတော်တွေက အမိန့်အလုံးအစုံ ညီလာခံမှတ်တမ်းပြုပြီး ဗြဲတိုက်တော်အရာရှိအဆင့်ဆင့်နဲ့ စီရင်စေ..ညီလာခံ စဲမယ်”
ရှင်ဘုရင်က ပလ္လင်ပေါ်မှ ဆင်းကာ အနောက်ဘက်သို့ ဝင်သွား၏။
ကိုးသိန်းသခင်က ခေါင်းကို ခပ်လေးလေးခါရမ်းလိုက်သည်။
............................................................................................
၁၇၄၃၊ မုဆိုးဖိုရှာ။
ထီးတော်မိုးများ၊ မြင်းစီးမြင်းကောင်းများနှင့် ဝေါယာဥ်တစ်စီး ခြံဝန်းအတွင်းသို့ ဝင်လာသည်။
“အမေရေ..ရှင်ဘုရင်လာတယ်ဗျ..ရှင်ဘုရင်”
ခြံဝန်းအတွင်း ရွဲလုံးဖြင့် ကစားနေသည့် အသက်ကိုးနှစ်အရွယ် မောင်လောက်နှင့် ဘေးခြံမှ ကလေးများမှာ အာကုန်ခြစ်အော်ကာ အိမ်ထဲသို့ ပြေးဝင်လာသည်။
သူ့အောက် နှစ်နှစ်ငယ်သော မောင်ရွ တစ်ယောက်သာ ဝါးဆစ်တုတ်တစ်ချောင်းကိုင်လျက် ထိုလူစုကို ကြည့်နေ၏။
အောင်ဇေယျ၏ မိခင် ဒေါ်ညိမ်းဉီး နှင့် ခင်ယွန်းစံ တို့က အိမ်ထဲမှ အလန့်တကြား ထွက်လာသည်။
လက်နက်ကိုင်စစ်သည်များ၊ အခြွေအရံများကိုပါမြင်ရသဖြင့် ဘွားညိမ်းဉီး နှင့် ခင်ယွန်းစံ တို့မှာ ဒူးတုပ်ရန် ပြင်လိုက်ကြသည်။
“ညီမရေ..မမပါ..မမတို့ပါဟဲ့”
ဝေါပေါ်မှ ဆင်းလာသူက ခင်ယွန်းစံ၏ အမ စည်သာမင်းကြီးဉီးစည်းစိမ်ကတော် ခင်နှောင်းစံ။
“စည်သာမင်းကြီးကိုယ်တိုင်ကြွချီလာပါလား..ဘာများ ရှိလို့ပါလဲရှင့်”
ဉီးစည်းစိမ်က ခင်ယွန်းစံတို့ကို ပြုံးပြလိုက်သည်။
“ဟေ့..ဒီဝါးရင်းတုတ်နဲ့ ကောင်လေးက...အောင်ဇေယျသားဖြစ်မယ်ထင်ရဲ့”
“ဟုတ်တာပေါ့...မောင်ရွလေ..ဒုတိယကောင်”
“အံမယ်..ကျုပ်တို့လာတာ တခြားကလေးတွေက ပြေးကြတယ်...သင်းကလေး က ဝါးရင်းတုတ်ကိုင်ပြီး မိုက်ကြည့်ကြည့်နေပါကော”
ခြံဝန်းအတွင်းရှိ အစေခံများမှာ အခင်းခင်းသူ၊ ရေနွေးကြမ်း၊ အစားအသောက်စီစဉ်သူများဖြင့် ရှုပ်ယှက်နေသည်။
ဉီးစည်းစိမ် က သူ့အတွက် ပြင်ဆင်ပေးထားသော နေရာတွင် ဝင်ထိုင်လိုက်သည်။
ခင်နှောင်းစံက အင်းဝမှ ပါလာသော လက်ဆောင်ပစ္စည်းများကို ဝေငှနေ၏။
“ခင်ယွန်းစံ...အောင်ဇေယျရော..အရေးကြီးတဲ့ ကိစ္စကြောင့် ကျုပ်ကိုယ်တိုင်လိုက်လာရတာပ”
“မောင်ကြီးနဲ့ သူ့လူတွေ...အနောက်ဖက်ခြံမှာ မွန်စကားသင်နေကြတယ်..အခုပဲ သွားခေါ်ခိုင်းထားတယ်..လာပါလိမ့်မယ်”
“အံမယ်..မွန်စကားသင်ရတယ်လို..တယ်ဟုတ်နေပါလား..ဘယ်သူသင်ပေးတာလဲ”
“သူ့ ခေါ်လာတဲ့ နောက်မယားလေးလေ...ရှင်မိငယ်ဆိုတာ...သူကမုတ္တမ မွန် အဆက်ဆိုတော့ မွန်စကားတတ်တယ်..အဲ့ဒါကို သူ့လူအစုနဲ့ သူက သင်ယူနေကြတာ”
ခဏအကြာတွင် အောင်ဇေယျ ရောက်လာသည်။
အောင်ဇေယျနှင့်အတူ ရှင်မိငယ်၊ ယောက်ဖတော်သူ ငအို၊ တူတော်သူ ငစံမှတ်၊ အောင်ဇေယျ၏ လက်စွဲလူငယ်များဖြစ်သော ငကောင်း၊ ငသာ တို့ ပါ ပါလာကြ၏။
ဉီးစည်းစိမ်၏ ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
“ကိုယ်လူ...မွန်စကားတွေသင်နေပြီဆိုတော့..ဟံသာဝတီများ ပြောင်းကြတော့မလို့လားဟဲ့”
“တိုင်းရေးပြည်ရေးက သိတဲ့အတိုင်းပဲမဟုတ်လား..ကိုကြီးစည်းစိမ်၊ ဟံသာဝတီက အင်းဝနား ပတ်လည်ရောက်ရောက်နေတာ...အသွားအလာမှာ ကိုယ့်လူများ သူတို့စကားတတ်ထားတာ မမှားဘူး.. မဟုတ်လား”
“အင်း..သိပြီးပါပကွာ..သင်ပေးမယ့်သူကလည်း ရှိနေတော့ သင်ကြပေါ့..မောင်ရာ”
ဉီးစည်းစိမ်က ရှင်မိငယ်ကို ကြည့်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။
“ဘာကိစ္စများ ရှိလို့..ကိုယ်တိုင် ကြွလာရတာလဲ..ကိုကြီးစည်းစိမ်”
“အင်းဝနန်းတော်က ဒီကနေ့ အမိန့်တစ်ခုချလိုက်ပြီ...အင်းဝ ပတ်ချာလည် က ရှိတဲ့ မြို့ရွာတွေ...ကိုယ့်လုံခြုံရေးအတွက် ကိုယ့်အင်အားကိုယ်စုပြီး ဆူးတပ်၊ သစ်တပ်တွေ ကာရံရမယ်တဲ့ကွယ့်..အဲ့ဒါ...တခြားမြို့ရွာတွေဆီ အမိန့်မရောက်ခင် မင့်တို့ ဉီးနိုင်အောင် ငါလာပြောရတာပ..သစ်တွေ၊ ဝါးတွေ လိုလာကြတဲ့အခါ အချိန်မှီ ကြိုစုနိုင်အောင်ပ”
“ကျုပ်တို့ကို အင်းဝဘုရင်က မကာကွယ်ပေးနိုင်တော့ဘူးဆိုတဲ့ သဘောလား..ကိုကြီးစည်းစိမ်”
ဉီးစည်းစိမ်က သက်ပြင်းချလိုက်သည်။
“ဟေ့ကောင်ရေ...သူ့ဟာသူတောင် မနည်းကာကွယ်နေရတာဟ”
“အင်း..မထူးပါဘူး..အခုဆို သူခိုးဓါးပြဂိုဏ်းတွေရန်ကလည်း ကိုယ့်ရွာကိုယ်ပဲ ကာကွယ်နေရတာပဲ.. ဒီလို တရားဝင်ဖြစ်လာတော့လည်း လုံလုံခြုံခြုံဖြစ်ရတာပေါ့”
“မင်းဆီလည်း လူငယ်တွေ တယ်များပါလား..အောင်ဇေယျ”
“အင်း ဆွေမျိုးတွေနဲ့ မိတ်ဆွေလူငယ်တွေပါ...ဒီအချိန်က ရွာနီးချုပ်စပ်က တစ်ရွာနဲ့ တစ်ရွာ စုစည်းချိတ်ဆက်ထားရတာပဲ..ဒါမှ တစ်ခုခုဆို ကူနိုင်ကြမှာ...ပြီးတော့ ကျုပ်ကိုလည်း သူတို့က အားကိုးကြတယ်လေ”
“အေး..စုသာ စုစည်းထား..တိုင်းရေးပြည်ရေးက နေ့လား ညလား ပဲ..ဟံသာဝတီက အင်အားကောင်းလာပြီ..ကသည်းတွေကလည်း ဘယ်အချက် ပြန်ထလာမလဲမပြောတတ်ဘူး...မတ္တရာ၊ အုတ်ဖိုဘက်ကတော့ အင်းဝကို လုံးဝနီးပါး ပုန်ကန်ဖို့ လုပ်နေတာပဲ....မကြာတော့ဘူးထင်ရဲ့..မောင်.....အခါကျလာရင် ကိုယ့်ခွန် ကိုယ့်အား နဲ့ ကိုယ့်မြို့ရွာ ကို ကာကွယ်မှဖြစ်မှာ..အင်အားရှိဖို့လိုတယ်”
အောင်ဇေယျက အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။
“ဒီအနီးအနား (၄၆)ရွာက ရွာခေါင်းတွေအားလုံး က ကျုပ်လူတွေပါပဲ...ဟိုးက ထန်းတောတွေအားလုံးကလည်း ဒီဒေသကို ကာကွယ်ပေးဖို့ အသင့်ရှိနေပါပြီ”
“ဘာလဲကွ..ထန်းတောတွေက ဘာကိုကာကွယ်မှာလဲ”
“ဆူးတပ်၊ ဝါးတပ်တွေနဲ့ ရွာကို ကာတာထက်...ထန်းလုံးတွေနဲ့ မြို့ရိုးပုံစံဆောက်တာ ပိုလုံခြုံမယ်လို့ ကျုပ်တွေးနေခဲ့တာ ကြာပြီ...ကိုကြီးစည်းစိမ်”
ဉီးစည်းစိမ်ကလည်း အဝေးမှ လှမ်းမြင်နေရသည့် ထန်းတောများကို ကြည့်ကာ ပြုံးလိုက်၏။
ခက်ဇော်
အခန်း(၉) တနင်္ဂနွေနေ့
(မြေဩဇာထက် ၊ သီတာချမ်းမြေ့၊ ရေရှိန်ငွေ့ဖြင့်၊ သစ်စေ့သစ်ပင်၊ စိုက်ရာတွင်၌ ၊ သန့်စင်ညွှန့်ညှောက်၊ ပိုးချပေါက်လျက်၊ ရွက်ပေါက်မူလ၊ ရှေးဉီးစမှ ရုက္ခဝေဆာ၊ ကိုင်းခက်ဖြာသို့၊ တပ်တာတရွေ့၊ တမွေ့မွေ့လျင်၊ တနေ့တပါး၊ ထပ်ဆင့်ပွား၍ ၊ ဗိုလ်အားကျင်းပ၊ တပ်ကိုချမူ၊ ရုက္ခဗျူဟာ၊ ဤအရာလည်း စစ်မြေချီရာ ချထွင်းတည်း - ဗျူဟစက္ကိပျို့)
သစ်စေ့ကလေးမှ သစ်ပင်ဖြစ်လာပြီး အခက်အလက်ရွက်များဝေဆာသည့် အပင်ကြီးဖြစ်စေသကဲ့သို့...မိမိအင်အားကိုလည်း တနေ့တခြား ပွားများလာအောင် စုစည်းများပြားလာစေခြင်းသည်လည်း စစ်အောင်နိုင်ရာ ရုက္ခဗျူဟာ နည်းဖြစ်သည်။
(Zawgyi)
AVA 1740s (Season 2)
အခန္း(၈)
...............................................
“ဘုန္းေတာ္ႀကီးဘုရား..ညီလာခံမွာ စိတ္ေတာ္မ်ား အဆင္မေျပျဖစ္လာတယ္ထင္ပါတယ္..စိတ္ေတာ္ ႐ႊင္ပ်လာေအာင္ ႏွမေတာ္ ဉသွ်စ္သီးအရည္ေဖ်ာ္ေလး ဆက္သပါရေစ”
မိဖုရားႏွင္းသီရိစိတၱာ ၏ အသံက တိုးတိုးညႇင္းညႇင္း။
သမိန္ေထာက ႏွင္းသီရိ ကမ္းလာေသာ ဉသွ်စ္သီးခြက္ႏွင့္အတူ ႏွင္းသီရိ၏ လက္ကိုပါ အုပ္ကိုင္လိုက္သည္။
“အင္း..ဘာရယ္မဟုတ္ပါဘူးကြယ္...ငါကိုယ္ေတာ္ အမတ္ႀကီးဗညားဒလနဲ႔ စကားကေတာက္ကဆျဖစ္လာခဲ့တာပါ..သူတို႔ ငါကိုယ္ေတာ္ကို ေစာ္ေစာ္ကားကား ေကြ႕သူပုန္မ်ားနဲ႔ပဲ တန္းညႇိေခၚလာရသတဲ့”
“ျပည့္ရွင္မင္းတို႔အေရးေတာ့ ႏွမေတာ္ မပါဝံ့၊ မသိဝံ့ပါ။ ဘဝရွင္မင္းတရားအနား ခစားေနရရင္ပဲ ကို ေပ်ာ္ေနတာပါ..ဘုရား”
“အင္း...ႏွင္းသီရိစိတၱာ..ႏွမေတာ္လို ထီးဟန္ နန္းဟန္အျပည့္နဲ႔ ႏူးညံ့သိမ္ေမြ႕ယဥ္ေက်းနဲ႔ မိန္းကေလးကို ကိုယ္ေတာ္ အေစာက ဘာလို႔ မေတြ႕ခဲ့မိပါလိမ့္”
သမိန္ေထာက ဉသွ်စ္သီးရည္ကို တငုံ႔ေသာက္လိုက္ၿပီး စားပြဲေပၚသို႔တင္လိုက္သည္။
ထို႔ေနာက္ ႏွင္းသီရိစိတၱာ၏ အေပၚရံ ကိုယ္႐ုံကို ခပ္ၾကမ္းၾကမ္းဆုပ္ကိုင္လိုက္၏။
“ရင္စည္းႀကီး ဝတ္ထားတာ..မပူလြန္းဘူးလား..ႏွမေတာ္”
“ေမာင္ေတာ္ဘုရားခြင့္ျပဳမယ္ဆို...အမိဝမ္းက ေမြးစဥ္ကအတိုင္း ပကတိခႏၶာျဖင့္ သခင့္အပါး ခစားလိုပါတယ္”
သမိန္ေထာ ဉသွ်စ္သီးေဖ်ာ္ရည္ကို ေမ့သြားခဲ့ၿပီ။
.......................................
“အဲ့ဒီလိုနဲ႔...သူ..တလလုံးလုံး.. ဇင္းမယ္သူ အေဆာင္မွာပဲ.အိပ္တယ္...ညီမဆီလည္း ေဆာင္ေတာ္မကူးဘူး...သူတို႔ေတြ ညဳတုတု ညစ္ပတ္ပတ္ေတြကို ထီးဟန္နန္းဟန္ေျပာၾကတာေတြကိုလည္း အပ်ိဳေတာ္ေတြက ရယ္စရာလုပ္ေနၾကတယ္...ညီမ ကေတာ့ အဲ့ဒါေတြ ျပန္ျပန္ၾကားရတိုင္း...မရယ္ႏိုင္ဘူး..မမလြီဇာ..မရယ္ႏိုင္ပါဘူး”
ဂမုန္း၏ အသံက တိမ္ဝင္သြား၏။
ဉီးေအာင္လွမွ သီးသန႔္အခန္းအတြင္းဝယ္ ဂမုန္းႏွင့္ လြီဇာ ႏွစ္ဉီးတည္း ေတြ႕ဆုံေနၾကျခင္းျဖစ္သည္။
မိဖုရားေခါင္ႀကီးဂမုန္းက လြီဇာႏွင့္ ႏွစ္ေယာက္တည္းစကားေျပာခ်င္သည္ဆိုသျဖင့္ နားလဲ ကို အျပင္ဘက္တြင္ သူရိန္ေစာတို႔ႏွင့္ ထားခဲ့ရသည္။
“သူ ညီမကို မခ်စ္ေတာ့တာလား..ဒါမွ မဟုတ္ အစကတည္းက မခ်စ္တာလား”
“သူ ဂမုန္းကို ခ်စ္ပါတယ္...ဟိုးငယ္ငယ္ ဘုန္းႀကီးေက်ာင္းမွာကတည္းက သိခဲ့ၾကသူေတြပဲမဟုတ္လား...ဂမုန္းရယ္...ရွင္ဘုရင္ဆိုေတာ့လည္း တျခားက ဆက္သလာတဲ့ မိဖုရားမို႔ အခ်ိန္ေပးတာလည္းျဖစ္မွာပါ”
“အင္း...အဖနဲ႔ သူနဲ႔ ၾကားက ျပႆနာေတြကလည္း တေန႔တျခား ပိုဆိုးလာတယ္..မမလြီဇာ...သူတို႔ ေယာက္်ားႏွစ္ေယာက္ၾကားက ျပႆနာေၾကာင့္ သူ ညီမကို မုန္းေနတာလား မသိဘူး..ညီမကို က ကံဆိုးတာပါ”
“ကဲပါ..ဂမုန္းရယ္..ဒါေတြအားလုံး မၾကာခင္ အဆင္ေျပသြားမွာပါ...ဘဝမွာ မိန္းမတစ္ေယာက္အတြက္ ဒီထက္ဆိုး႐ြားတဲ့ အခက္အခဲေတြအမ်ားႀကီး ရွိလာႏိုင္ေသးတယ္...မမ တစ္ခါေျပာျပတဲ့ အင္းဝလက္မ႐ြံေထာင္ထဲက အေၾကာင္းေတြကို ဂမုန္း မွတ္မိတယ္..မဟုတ္လား”
“အင္း...မမတို႔ကေတာ့ သတၱိရွိတဲ့ မိန္းမေတြပါ”
“ကဲ..ဒါေတြ ခဏေမ့ထားပါ..အဲ့ဒီအင္းဝေထာင္မွာတုန္းက နားလဲဆိုတဲ့ ေကြ႕မေလးအေၾကာင္း ဂမုန္းသိတယ္ဟုတ္”
“ဟုတ္ကဲ့..သိပါတယ္”
“သူ အျပင္မွာပါတယ္”
“အို..တကယ္လား...ဂမုန္းလည္း သူ႔ကို ေတြ႕ဖူးခ်င္တာ”
“သူကလည္း ဟံသာဝတီရဲ႕ မိဖုရားေခါင္ႀကီးကို ေတြ႕ဖူးခ်င္ေနတာ”
“အခု ေတြ႕မယ္ေလ...ေဟ့..အပ်ိဳေတာ္ေတြ...တံခါးဖြင့္ၿပီး ဝင္လာခဲ့ေတာ့ေဟ့”
လြီဇာက ဂမုန္းႏွင့္ သလြန္ေပၚတြင္ အတူထိုင္ေနရာမွာ အျမန္ထကာ ၾကမ္းျပင္တြင္ ျပန္လည္ဝပ္တြားလိုက္သည္။
ယပ္ေတာ္ကိုင္၊ ကြမ္းရည္ေတာ္ကိုင္ အပ်ိဳေတာ္မ်ား ဝင္လာကာ ျပန္လည္ခစားၾက၏။
လြီဇာက ဒူးတုတ္လ်က္မွာ ေနာက္ဆုတ္ကာ အျပင္ဘက္တြင္ရွိေသာ နာလဲကို အခ်က္ျပလိုက္သည္။
နားလဲက အခန္းထဲသို႔ ဝင္လာ၏။
“ဟဲ့..မိဖုရားေခါင္ႀကီးေရွ႕...ဒူးတုတ္၊ ေခါင္းငုံ႔ ဝင္ရမယ္ေလ”
အထိန္းေတာ္ႀကီးက နားလဲကို ေအာ္လိုက္သျဖင့္ နားလဲ မွာ ႐ုတ္တရတ္လန႔္သြားသည္။
“ရပါတယ္..မိကြန္ဝိုင္း...သူ ခစားတတ္သလို ခစားပါေစ”
ထိုအခါမွ နားလဲက လြီဇာအနားသို႔ေရာက္လာကာ လြီဇာထိုင္သည့္ပုံစံအတိုင္း လိုက္ထိုင္လိုက္သည္။
ဂမုန္းက နားလဲကို ၾကည့္ကာ ၿပဳံးလိုက္သည္။
“နားလဲ ဆိုတာ လား...ကုန္သည္ႀကီးလြီဇာ”
“မွန္ပါ..မိဖုရားေခါင္ႀကီး”
“အင္း..ၾကားဖူးတာေတာ့ ၾကာပါဘူး..တကယ့္အာဂမိန္းမေတြမွန္း သိပါရဲ႕ကြယ္”
ဂမုန္းက သူ႔ေခါင္းတြင္ပန္ထားေသာ ေ႐ႊဆံထိုးအခြၽန္ကို ျဖဳတ္လိုက္၏။
“မဖုရားအနားကို လာစမ္းပ....နားလဲ”
လြီဇာက မ်က္ရိပ္ျပလိုက္သျဖင့္ နားလဲက ေရွ႕သို႔တိုးသြားသည္။
ထို႔ေနာက္ ေ႐ႊဆံထိုးကို နားလဲထံ ေပးလိုက္၏။
“မဖုရား က ဆုေတာ္ခ်တာကြဲ႕...ဟိုးအေဝးကေတာင္ လာၾကရတယ္ဆို”
“ဟုတ္ပါတယ္..မိဖုရား..အုတ္ဖိုကေနလာတာပါ”
“တိုင္းေရးျပည္ရာေတာ့ မဖုရား နားမလည္ပါဘူး..ဒါေပမယ့္..ကိုယ့္ဆီလာတဲ့ သံတမန္ဧည့္သည္ေတြဆိုေတာ့ကာ..မိဖုရားတစ္ေယာက္အေနနဲ႔ ေစာင့္ေရွာက္ခ်ီးျမင့္ရတဲ့ တာဝန္ရွိပါတယ္”
“ေက်းဇူးတင္ပါတယ္..မိဖုရား”
“လြီဇာ နဲ႔ ဧည့္သည္အမ်ိဳးသမီး...အမတ္ႀကီးက ေခၚခိုင္းလိုက္လို႔ပါ”
လက္်ာဗိုလ္က အခန္းတံခါးဝတြင္ လာရပ္ကာ ေျပာသည္။
လြီဇာႏွင့္ နားလဲတို႔ အျပင္သို႔ ထြက္လာၾကသည္။
“လြီဇာ....အိမ္မွာ ျမတ္ဝါ မယ္ဖူးတို႔ ရွိလား”
“ရွိပါတယ္..ဗိုလ္မင္း..ဘာလုပ္မလို႔လဲ”
“ျမတ္ဝါေလးကို စကားသြားေျပာေပးမလို႔..ေနာက္ရက္လည္း က်ဳပ္မၾကာမၾကာ သူနဲ႔ စကားလာေျပာေပးပါ့မယ္..သူ႔အတြက္ စကားေျပာေဖာ္လိုတယ္မဟုတ္လား”
လြီဇာက လက္်ာဗိုလ္ကို ေသခ်ာစိုက္ၾကည့္လိုက္သည္။
လက္်ာဗိုလ္က မလုံမလဲျဖင့္။
“က်ဳပ္က ကေလးမေလးအျဖစ္ကို သနားမိလို႔ပါဗ်ာ”
..............................................................................
ဂုဏၰအိမ္၏ ဟံသာဝတီႏွင့္ ဆက္ဆံေရးမွာ တခန္းရပ္သြားခဲ့ၿပီျဖစ္သည္။
ထိုသဝဏ္လႊာကို အေၾကာင္းျပဳကာ သမိန္ေထာဗုဒၶကိတၳိ ႏွင့္ ေယာကၡမျဖစ္သူ ဉီးေအာင္လွ၏ ဆက္ဆံေရးမွာ ပိုမိုတင္းမာသြားခဲ့သည္။
သူရိန္ေစာ၊ နားလဲ ႏွင့္ ငကက္တို႔ကို ဉီးေအာင္လွႏွင့္ ရင္းႏွီးေသာ ဒလဗန္း၏ တပ္မ်ားက ေတာင္ငူနယ္စပ္အထိ ျပန္ပို႔ေပးခဲ့ၾကသည္။
ငေလွးမွာ မယ္ဖူးႏွင့္အတူ လြီဇာ၏ အိမ္တြင္ပင္ ေနထိုင္ခဲ့ၾကသည္။
မယ္ဖူးမွာ လင္ျဖစ္သူေရာက္ရွိလာၿပီျဖစ္သျဖင့္ ျမတ္ဝါကို ယခင္က ကဲ့သို႔ အခ်ိန္သိပ္မေပးႏိုင္ေတာ့။
သို႔ေသာ္ ျမတ္ဝါထံသို႔ လက္်ာဗိုလ္မွာ လုပ္ငန္းတာဝန္မ်ား အားလပ္တိုင္း ေရာက္လာတတ္ၿမဲ။
ယခင္က သန္လ်င္ရွိ ဖာသာနာေရနီဆီသို႔ တစ္လႏွစ္ေခါက္နီးပါးေရာက္သြားတတ္ေသာ လက္်ာဗိုလ္မွာ ယခုေတာ့ သန္လ်င္သို႔ အလာႀကဲသြားခဲ့ၿပီျဖစ္သည္။
“လက္်ာဗိုလ္...ရွင္ သန္လ်င္ကို သြားဖို႔ရွိေသးလား”
ျမတ္ဝါႏွင့္အတူ ၿခံထဲတြင္ လမ္းေလွ်ာက္ေနသည့္ လက္်ာဗိုလ္ကို လြီဇာက အိမ္ေပၚမွေမးလိုက္သည္။
“မရွိဘူး..လြီဇာ..ဘာျဖစ္လို႔တုန္း”
“ကြၽန္မ ဂိုေထာင္ေဆာက္ေနတဲ့ကိစၥလည္းသြားၾကည့္ရင္း...ျပင္သစ္ကုမၸဏီ႐ုံးကိုလည္း သြားစရာရွိတယ္.. ပြန္ဒီခ်ယ္ရီက ကြၽန္မတို႔နဲ႔ပတ္သက္တဲ့ဘာသတင္းစကားမွ မလာတာၾကာၿပီ.. အမတ္ခ်ဳပ္ႀကီးကလည္း ေမးေနတာမို႔ပါ”
“လြီဇာက ဘယ္ရက္သြားမွာလဲ”
“ေနာက္တပတ္ လျပည့္ေက်ာ္ေလာက္ေပါ့”
“အဲ့ဒီေလာက္ဆို က်ဳပ္လည္း လိုက္ေပးလို႔မရဘူး...ဉီးေအာင္လွ နဲ႔အတူ ကရင္႐ြာေတြဘက္ကို သြားစရာရွိတယ္”
လြီဇာက လက္်ာဗိုလ္၏ စကားကို သေဘာေပါက္လိုက္သည္။
ဉီးေအာင္လွသည္ ဟံသာဝတီ၏ အျပင္ဘက္တြင္ရွိေသာ ကရင္႐ြာမ်ားသို႔ ဆင္းကာ သူႀကီးမ်ားႏွင့္ ေတြ႕ဆုံေလ့ရွိသည္။
႐ြာတြင္ရွိေသာ လူငယ္လူ႐ြယ္မ်ားကိုလည္း ဟံသာဝတီတြင္ အမႈေတာ္ထမ္းရန္ ေခၚေဆာင္လာေလ့ရွိသည္။
ထိုအေျခအေနအားလုံးသည္ ဆင္က်ားရွင္သမိန္ေထာ ႏွင့္ ဉီးေအာင္လွတို႔ အားၿပိဳင္မႈမွ တဆင့္ ျဖတ္ေပၚလာသည့္ အစီအမံမ်ားပင္ျဖစ္သည္။
.............................................................................................
၁၇၄၃ ခုႏွစ္။
ကုန္ေဈးႏႈန္းမ်ားႀကီးျမင့္မႈ၊ ဆန္စပါးရွားပါးမႈတို႔ေၾကာင့္ အင္းဝပတ္ဝန္းက်င္ေဒသတစ္ခုလုံးမွာ ငတ္မြတ္ေခါင္းပါးေနၾက၏။
သူခိုး၊ ဓါးျပမ်ား၊ လုယက္မႈမ်ား ေနရာအႏွံ႔ျဖစ္ေပၚေနသည္။
ျမန္မာျပည္ေအာက္ပိုင္းတစ္ခုလုံးသည္လည္း ဟံသာဝတီက သိမ္းပိုက္ထားၿပီျဖစ္သျဖင့္ ကုန္သြယ္ခြန္မ်ား မရရွိေတာ့။
အခ်ိဳ႕ သြင္းကုန္ပစၥည္းမ်ားသည္ ဟံသာဝတီတြင္ အခြန္အခမ်ားေပးေဆာင္ရသည့္အျပင္ အင္းဝဆိပ္ကမ္းအေရာက္ထပ္မံေပးေဆာင္ရသျဖင့္ အဝတ္အထည္၊ အသုံးအေဆာင္ေဈးႏႈန္းမ်ား ႀကီးမားလာသည္။
တ႐ုတ္ေဈးကြက္သို႔ အျမတ္မ်ားစြာျဖင့္တင္ပို႔ေလ့ရွိသည့္ မုတၱမအိုးမ်ားမွာလည္း စစ္ပြဲမ်ားေၾကာင့္ အင္းဝဆိပ္ကမ္းသို႔ အေရာက္ေပါက္နည္းလာသည္။
စိုက္ပ်ိဳးေရး ႏွင့္ ကုန္သြယ္ေရးတို႔တြင္ တခုၿပီးတခု ၿပိဳလဲေနေသာ အင္းဝအတြက္ မဟာဓမၼာရာဇာအဓိပတိသည္ အေရးေပၚအစီအမံတစ္ခုကို စီမံခဲ့သည္။
အျခားမဟုတ္။
ကိုးကြယ္ရာသာသနာပိုင္ဆရာေတာ္ ဉီးဉာဏသာရ ထံ ေဗဒင္ေမးျခင္းျဖစ္သည္။
အင္းဝေျမတြင္ ရွင္ဘုရင္သစ္ေပၚကိန္းရွိေနသည္ဆိုသည့္ တြက္ခ်က္မႈအရ..မဟာဓမၼရာဇာဓိပတိသည္ ယၾတာေခ်ရန္ စီစဥ္ေတာ့သည္။
“ကိုႀကီးၿဖိဳး..ယခုေန မင္းစည္းစိမ္ခံစားရမယ္ဆို..ကိုယ္ေတာ့္ကို သစၥာထားမယ္မဟုတ္လား”
မဟာဓမၼရာဇာဓိပတိ၏ စကားေၾကာင့္ ညီလာခံတစ္ခုလုံး လႈပ္လႈပ္ရွားရွားျဖစ္သြားၾကသည္။
ရွင္ဘုရင္၏ ငယ္က စာသင္ဆရာျဖစ္သည့္ နန္းရင္းဝန္အမတ္ ဉီးေ႐ႊၿဖိဳး၏ မ်က္ႏွာမွာလည္း ၿပဳံး႐ႊင္ေနသည္။
“မွန္ပါ...အသက္ႏွင့္ကိုယ္ေပးအပ္ကာ သစၥာရွိသြားပါ့မယ္..အရွင္မင္းျမတ္”
“ကဲ..ဒါဆို...စစ္ကိုင္းမွာ အစီအရင္၊ အခါေတာ္အတိုင္း နန္းေတာ္သစ္တည္ေစ..ၿပီးရင္ ကိုႀကီးၿဖိဳးဟာ ဘုရင္ေနာင့္ဘြဲ႕ခံ စစ္ကိုင္းမင္းအျဖစ္ နန္းၿပိဳင္ျပဳေစဗ်ား”
ကိုးသိန္းသခင္က မဟာဓမၼရာဇာဓိပတိကို ေခါင္းေမာ့ၾကည့္လိုက္၏။
“ေဗဒင္ယၾတာကိန္းခန္းမ်ားအရ အင္းဝတြင္ မင္းေလာင္းေပၚမည္ ဆိုတဲ့အတြက္ ကိန္းခန္းေတြ ေခ်ရျခင္းပ...တေဘာင္မ်ားကိုလည္း ဆိုင္ရာ မူးမတ္မ်ားက မျပတ္ေလ့လာေလွ်ာက္တင္ေစ”
“မွန္ပါ”
“ဘေထြးေတာ္ ကိုးသိန္းသခင္ ေရာ..ဟံသာဝတီတပ္မ်ားႏွင့္ နယ္ျခားစစ္ေရးအစီအမံမ်ား ေအးခ်မ္းရဲ႕လား”
“မွန္ပါ..ဟံသာဝတီတပ္မ်ား ယခုႏွစ္ထဲ ႏွစ္ႀကိမ္တိတိဝင္ေရာက္ထိုးေဖာက္လာပါတယ္..သို႔ေသာ္ ကြၽန္ေတာ္မ်ိဳးတပ္မွ တပ္မႉး ဗညားက်န္းေတာ ၏ မလြန္တပ္ကို မေက်ာ္ႏိုင္ပဲ အက်အဆုံးမ်ားႏွင့္ ဆုတ္ခြာသြားရၿပီး..ယခုတိုင္ အေရးေတာ္မရွိပါ”
“အိမ္း..ဗညားက်န္းေတာတဲ့လား...ထိုက္သင့္တဲ့အရည္အဘြဲ႕ထပ္ေပးရမွာပ..အင္းဝအတြက္ေတာ့ တကယ္အားကိုးရတဲ့ စစ္သူရဲေကာင္းေတြကို ခ်ီးေျမႇာက္ရတာပ..ဘေထြးေတာ္ကိုးသိန္းသခင္”
“မွန္ပါ”
“ဘေထြးေတာ္လည္း နန္းၿပိဳင္မင္းၿပိဳင္အျဖစ္ စံေနရန္ ခြင့္ေပးေတာ္မူမယ္”
ကိုးသိန္းသခင္၏ မ်က္ႏွာဝင္းလက္သြားသည္။
“ဘေထြးေတာ္က ေတာင္ငူရာဇာဘြဲ႕ျဖင့္ ေကတုမဏီေတာင္ငူမင္းအျဖစ္ မင္းၿပိဳင္ျပဳေစ”
“ဟင္”
နန္းေတာ္ညီလာခံတစ္ခုလုံး အာေမဋိတ္သံမ်ား ထြက္လာၾကသည္။
ကိုးသိန္းသခင္၏ မ်က္ႏွာမွာလည္း ႐ုတ္တရက္တင္းမာသြား၏။
ေတာင္ငူသည္ ဟံသာဝတီ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ ေရာက္ရွိေနသည့္ၿမိဳ႕။
“ေတာင္ငူသည္ ရန္သူ႔လက္ေအာက္မွ က်ေရာက္ေနပါတယ္..အရွင္”
“ဟယ္..ဒါမ်ား ဘာခက္လို႔လဲ ဘေထြးေတာ္ရဲ႕...နာမည္ဆိုတာ ပညတ္ပါပဲ..အခု ဘေထြးေတာ္ တပ္ေတြ တည္ေနတာ ဘယ္မွာမ်ားပါလိမ့္..အင္း..စဥ့္ကိုင္မွာ မဟုတ္လား”
“မွန္ပါ”
“ဟိုေတာင္ငူ ကိုယ့္လက္ထဲ မရွိလည္း...စဥ့္ကိုင္ကို ေတာင္ငူလို႔ အမည္သမုတ္ၿပီး နန္းေတာ္ေဆာက္လုပ္ ေတာင္ငူရာဇာအျဖစ္ မင္းၿပိဳင္ျပဳေစဗ်ာ”
အမတ္တခ်ိဳ႕က ကိုးသိန္းသခင္ကို အားနာၾကေသာ္လည္း ဝမ္းထဲမွ ႀကိတ္ရယ္ေနၾကသည္။
ကိုးသိန္းသခင္မွာမူ စိတ္ပ်က္လက္ပ်က္အမူအရာျဖင့္။
“မွန္ပါ...ကြၽန္ေတာ္မ်ိဳးကေတာ့ အင္းဝအတြက္ စစ္ေျမျပင္မွာပဲ အခ်ိန္ကုန္ေနရတဲ့အတြက္ ထီးၿပိဳင္နန္းၿပိဳင္လည္း သီးသန႔္ေဆာက္မေနေတာ့ပါ..ဘုရား..စစ္ေျမျပင္သည္သာ နန္းေတာ္လုပ္ေနပါေတာ့မယ္”
“အင္း..ဘေထြးေတာ္လည္း ပင္ပန္းလွၿပီ...သူခိုးဓါးျပဆူပူမႈေတြကလည္း ေနျပည္ေတာ္နဲ႔ အဝွမ္းျဖစ္ေနၾကေလတယ္...ဟံသာဝတီေဘးရန္ကလည္း တဖုံ။ ကသည္းကေတာ့ သမီးေတာ္ဆက္သမယ္ဆိုၿပီး ကတိေပးလာပါရဲ႕။ ဒီလိုအေျခအေနမွာ က်ဳပ္တို႔ နန္းေတာ္က ေက်းကြၽန္ျပည္သူေတြကို ကာကြယ္ေပးဖို႔ရာ အျပည့္အဝေတာ့ တာဝန္မယူႏိုင္ဘူး၊ အဲ့ဒီအတြက္ ျပည္သူအမ်ား ကိုယ့္ဖာသာကာကြယ္ၾကဖို႔ရာ မင္းႀကီးဉီးေ႐ႊၿဖိဳးက အႀကံအစည္တစ္ခု တင္ျပလာတယ္”
“မွန္ပါ..ဘယ္လို အႀကံမ်ိဳးပါလဲ..ဘုရား”
“အဲ့ဒါ ဘေထြးေတာ္သေဘာကို ေမးမလို႔ပါပဲ....ဒီလိုပါ...အင္းဝပတ္လည္..ကိုးခ႐ိုင္ေက်ာက္ဆည္ ၊ အထက္ေက်ာ္စဥ္ တစ္ေလွ်ာက္က ၿမိဳ႕႐ြာေတြဟာ ကိုယ့္လုံၿခဳံေရးအတြက္ကိုယ္ ဆူးတပ္၊ သစ္တပ္ေတြကာရံ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာ ကိုယ္ဟာကိုယ္ ကာကြယ္ ေနထိုင္ေစလို႔ အမိန႔္ေတာ္ခ်မွတ္မယ္...ဒါဟာ သူခိုးဓားျပရန္ကာကြယ္ၿပီးျဖစ္သလို အင္းဝနန္းေတာ္ကို တိုက္ခိုက္လာမယ့္ ရန္သူမ်ားကိုလည္း ၿမိဳ႕႐ြာမ်ားမွလည္း အင္းဝကို ကာရံေပးသလို ရွိမယ္မဟုတ္လား”
ကိုးသိန္းသခင္က အတန္ငယ္တိတ္ဆိတ္ေနသည္။
“ဘေထြးေတာ္..ေျဖပါဉီး..အဲ့ဒီ အႀကံမေကာင္းလား”
“မွန္ပါ..ျပည့္ရွင္အစိုးရမင္းဆိုသည္မွာ ျပည္သူကို ေအးခ်မ္းစြာေနႏိုင္ဖို႔ တာဝန္ယူကာကြယ္ေပးရ႐ိုးပါ...ျပည္သူက ျပည္သူ႔ဘာသာကာကြယ္ရတဲ့အခါ အစိုးရမင္းမည္ပါဉီးမလား..ဘုရား”
“ဘေထြးေတာ္က က်ဳပ္ကို ရွင္ဘုရင္ေနရာ မတန္ဘူး ေျပာခ်င္တာလား”
“မေျပာဝံ့ပါ..ဘုရား..ထားရင္လည္းေန..သတ္ရင္လည္းေသရမွာပါ...ၿမိဳ႕စား၊႐ြာစားတို႔ကို ဆူးတပ္သစ္တပ္ကာရံၿပီး ကိုယ့္လုံၿခဳံေရးကိုယ္ေနခိုင္းလိုက္ျခင္းဟာ သူပုန္သူကန္ေလာင္းေတြ ေမြးသလို.....”
“ေတာ္ေတာ့..ဘေထြးေတာ္....ဒီေတာ့ က်ဳပ္တို႔က ဘာလုပ္ရမွာလဲ..ရွိစုမဲ့စုအင္အားနဲ႔ သူတို႔အတြက္ အၿမဲ ေစာင့္ေရွာက္ေပးေနရမွာလား”
“ေလွ်ာက္တင္ခြင့္ျပဳပါ..ဘုရား”
ဝန္ႀကီးဉီးေ႐ႊၿဖိဳးက လက္အုပ္ခ်ီလ်က္ ဝင္ေျပာလိုက္သည္။
“ေလွ်ာက္ေစ”
“ကြၽန္ေတာ္မ်ိဳးအေနျဖင့္ သူႀကီး၊ ျမင္းစီး ၊ အစု၊ အေခါင္းမ်ားကို စည္းေဝးေခၚယူၿပီး သစၥာေရေပးရန္ စီစဥ္ၿပီးေၾကာင္းပါ...သူတို႔အားလုံးကလည္း မိမိတို႔ ၿမိဳ႕႐ြာအမ်ား ကာကြယ္ေရးမွာ ပါဝင္ဖို႔ တက္တက္ႂကြႂကြသေဘာတူၾကပါတယ္”
“အိမ္း..ဒါအေျဖပဲ...တခ်ိန္လုံးစစ္တိုက္ေနတဲ့ ဘေထြးေတာ္က ျပည္ထဲေရးအေျခအေနေတြကို မစုံစမ္းလို႔ပါ...သင္းတို႔ သူပုန္သူကန္ထဝံ့ၾကရင္လည္း ဘေထြးေတာ္ရွိေနမင့္ပဲကိုး..ကဲ..ကဲ..နားခံေတာ္ေတြ၊ စာေရးေတာ္ေတြက အမိန႔္အလုံးအစုံ ညီလာခံမွတ္တမ္းျပဳၿပီး ၿဗဲတိုက္ေတာ္အရာရွိအဆင့္ဆင့္နဲ႔ စီရင္ေစ..ညီလာခံ စဲမယ္”
ရွင္ဘုရင္က ပလႅင္ေပၚမွ ဆင္းကာ အေနာက္ဘက္သို႔ ဝင္သြား၏။
ကိုးသိန္းသခင္က ေခါင္းကို ခပ္ေလးေလးခါရမ္းလိုက္သည္။
............................................................................................
၁၇၄၃၊ မုဆိုးဖိုရွာ။
ထီးေတာ္မိုးမ်ား၊ ျမင္းစီးျမင္းေကာင္းမ်ားႏွင့္ ေဝါယာဥ္တစ္စီး ၿခံဝန္းအတြင္းသို႔ ဝင္လာသည္။
“အေမေရ..ရွင္ဘုရင္လာတယ္ဗ်..ရွင္ဘုရင္”
ၿခံဝန္းအတြင္း ႐ြဲလုံးျဖင့္ ကစားေနသည့္ အသက္ကိုးႏွစ္အ႐ြယ္ ေမာင္ေလာက္ႏွင့္ ေဘးၿခံမွ ကေလးမ်ားမွာ အာကုန္ျခစ္ေအာ္ကာ အိမ္ထဲသို႔ ေျပးဝင္လာသည္။
သူ႔ေအာက္ ႏွစ္ႏွစ္ငယ္ေသာ ေမာင္႐ြ တစ္ေယာက္သာ ဝါးဆစ္တုတ္တစ္ေခ်ာင္းကိုင္လ်က္ ထိုလူစုကို ၾကည့္ေန၏။
ေအာင္ေဇယ်၏ မိခင္ ေဒၚညိမ္းဉီး ႏွင့္ ခင္ယြန္းစံ တို႔က အိမ္ထဲမွ အလန္႔တၾကား ထြက္လာသည္။
လက္နက္ကိုင္စစ္သည္မ်ား၊ အေႁခြအရံမ်ားကိုပါျမင္ရသျဖင့္ ဘြားညိမ္းဉီး ႏွင့္ ခင္ယြန္းစံ တို႔မွာ ဒူးတုပ္ရန္ ျပင္လိုက္ၾကသည္။
“ညီမေရ..မမပါ..မမတို႔ပါဟဲ့”
ေဝါေပၚမွ ဆင္းလာသူက ခင္ယြန္းစံ၏ အမ စည္သာမင္းႀကီးဉီးစည္းစိမ္ကေတာ္ ခင္ေႏွာင္းစံ။
“စည္သာမင္းႀကီးကိုယ္တိုင္ႂကြခ်ီလာပါလား..ဘာမ်ား ရွိလို႔ပါလဲရွင့္”
ဉီးစည္းစိမ္က ခင္ယြန္းစံတို႔ကို ၿပဳံးျပလိုက္သည္။
“ေဟ့..ဒီဝါးရင္းတုတ္နဲ႔ ေကာင္ေလးက...ေအာင္ေဇယ်သားျဖစ္မယ္ထင္ရဲ႕”
“ဟုတ္တာေပါ့...ေမာင္႐ြေလ..ဒုတိယေကာင္”
“အံမယ္..က်ဳပ္တို႔လာတာ တျခားကေလးေတြက ေျပးၾကတယ္...သင္းကေလး က ဝါးရင္းတုတ္ကိုင္ၿပီး မိုက္ၾကည့္ၾကည့္ေနပါေကာ”
ၿခံဝန္းအတြင္းရွိ အေစခံမ်ားမွာ အခင္းခင္းသူ၊ ေရေႏြးၾကမ္း၊ အစားအေသာက္စီစဥ္သူမ်ားျဖင့္ ရႈပ္ယွက္ေနသည္။
ဉီးစည္းစိမ္ က သူ႔အတြက္ ျပင္ဆင္ေပးထားေသာ ေနရာတြင္ ဝင္ထိုင္လိုက္သည္။
ခင္ေႏွာင္းစံက အင္းဝမွ ပါလာေသာ လက္ေဆာင္ပစၥည္းမ်ားကို ေဝငွေန၏။
“ခင္ယြန္းစံ...ေအာင္ေဇယ်ေရာ..အေရးႀကီးတဲ့ ကိစၥေၾကာင့္ က်ဳပ္ကိုယ္တိုင္လိုက္လာရတာပ”
“ေမာင္ႀကီးနဲ႔ သူ႔လူေတြ...အေနာက္ဖက္ၿခံမွာ မြန္စကားသင္ေနၾကတယ္..အခုပဲ သြားေခၚခိုင္းထားတယ္..လာပါလိမ့္မယ္”
“အံမယ္..မြန္စကားသင္ရတယ္လို..တယ္ဟုတ္ေနပါလား..ဘယ္သူသင္ေပးတာလဲ”
“သူ႔ ေခၚလာတဲ့ ေနာက္မယားေလးေလ...ရွင္မိငယ္ဆိုတာ...သူကမုတၱမ မြန္ အဆက္ဆိုေတာ့ မြန္စကားတတ္တယ္..အဲ့ဒါကို သူ႔လူအစုနဲ႔ သူက သင္ယူေနၾကတာ”
ခဏအၾကာတြင္ ေအာင္ေဇယ် ေရာက္လာသည္။
ေအာင္ေဇယ်ႏွင့္အတူ ရွင္မိငယ္၊ ေယာက္ဖေတာ္သူ ငအို၊ တူေတာ္သူ ငစံမွတ္၊ ေအာင္ေဇယ်၏ လက္စြဲလူငယ္မ်ားျဖစ္ေသာ ငေကာင္း၊ ငသာ တို႔ ပါ ပါလာၾက၏။
ဉီးစည္းစိမ္၏ ေရွ႕တြင္ ဝင္ထိုင္လိုက္ၾကသည္။
“ကိုယ္လူ...မြန္စကားေတြသင္ေနၿပီဆိုေတာ့..ဟံသာဝတီမ်ား ေျပာင္းၾကေတာ့မလို႔လားဟဲ့”
“တိုင္းေရးျပည္ေရးက သိတဲ့အတိုင္းပဲမဟုတ္လား..ကိုႀကီးစည္းစိမ္၊ ဟံသာဝတီက အင္းဝနား ပတ္လည္ေရာက္ေရာက္ေနတာ...အသြားအလာမွာ ကိုယ့္လူမ်ား သူတို႔စကားတတ္ထားတာ မမွားဘူး.. မဟုတ္လား”
“အင္း..သိၿပီးပါပကြာ..သင္ေပးမယ့္သူကလည္း ရွိေနေတာ့ သင္ၾကေပါ့..ေမာင္ရာ”
ဉီးစည္းစိမ္က ရွင္မိငယ္ကို ၾကည့္ကာ ခပ္ၿပဳံးၿပဳံးေျပာလိုက္သည္။
“ဘာကိစၥမ်ား ရွိလို႔..ကိုယ္တိုင္ ႂကြလာရတာလဲ..ကိုႀကီးစည္းစိမ္”
“အင္းဝနန္းေတာ္က ဒီကေန႔ အမိန႔္တစ္ခုခ်လိုက္ၿပီ...အင္းဝ ပတ္ခ်ာလည္ က ရွိတဲ့ ၿမိဳ႕႐ြာေတြ...ကိုယ့္လုံၿခဳံေရးအတြက္ ကိုယ့္အင္အားကိုယ္စုၿပီး ဆူးတပ္၊ သစ္တပ္ေတြ ကာရံရမယ္တဲ့ကြယ့္..အဲ့ဒါ...တျခားၿမိဳ႕႐ြာေတြဆီ အမိန႔္မေရာက္ခင္ မင့္တို႔ ဉီးႏိုင္ေအာင္ ငါလာေျပာရတာပ..သစ္ေတြ၊ ဝါးေတြ လိုလာၾကတဲ့အခါ အခ်ိန္မွီ ႀကိဳစုႏိုင္ေအာင္ပ”
“က်ဳပ္တို႔ကို အင္းဝဘုရင္က မကာကြယ္ေပးႏိုင္ေတာ့ဘူးဆိုတဲ့ သေဘာလား..ကိုႀကီးစည္းစိမ္”
ဉီးစည္းစိမ္က သက္ျပင္းခ်လိုက္သည္။
“ေဟ့ေကာင္ေရ...သူ႔ဟာသူေတာင္ မနည္းကာကြယ္ေနရတာဟ”
“အင္း..မထူးပါဘူး..အခုဆို သူခိုးဓါးျပဂိုဏ္းေတြရန္ကလည္း ကိုယ့္႐ြာကိုယ္ပဲ ကာကြယ္ေနရတာပဲ.. ဒီလို တရားဝင္ျဖစ္လာေတာ့လည္း လုံလုံၿခဳံၿခဳံျဖစ္ရတာေပါ့”
“မင္းဆီလည္း လူငယ္ေတြ တယ္မ်ားပါလား..ေအာင္ေဇယ်”
“အင္း ေဆြမ်ိဳးေတြနဲ႔ မိတ္ေဆြလူငယ္ေတြပါ...ဒီအခ်ိန္က ႐ြာနီးခ်ဳပ္စပ္က တစ္႐ြာနဲ႔ တစ္႐ြာ စုစည္းခ်ိတ္ဆက္ထားရတာပဲ..ဒါမွ တစ္ခုခုဆို ကူႏိုင္ၾကမွာ...ၿပီးေတာ့ က်ဳပ္ကိုလည္း သူတို႔က အားကိုးၾကတယ္ေလ”
“ေအး..စုသာ စုစည္းထား..တိုင္းေရးျပည္ေရးက ေန႔လား ညလား ပဲ..ဟံသာဝတီက အင္အားေကာင္းလာၿပီ..ကသည္းေတြကလည္း ဘယ္အခ်က္ ျပန္ထလာမလဲမေျပာတတ္ဘူး...မတၱရာ၊ အုတ္ဖိုဘက္ကေတာ့ အင္းဝကို လုံးဝနီးပါး ပုန္ကန္ဖို႔ လုပ္ေနတာပဲ....မၾကာေတာ့ဘူးထင္ရဲ႕..ေမာင္.....အခါက်လာရင္ ကိုယ့္ခြန္ ကိုယ့္အား နဲ႔ ကိုယ့္ၿမိဳ႕႐ြာ ကို ကာကြယ္မွျဖစ္မွာ..အင္အားရွိဖို႔လိုတယ္”
ေအာင္ေဇယ်က အသက္ကို ခပ္ျပင္းျပင္းရႈသြင္းလိုက္သည္။
“ဒီအနီးအနား (၄၆)႐ြာက ႐ြာေခါင္းေတြအားလုံး က က်ဳပ္လူေတြပါပဲ...ဟိုးက ထန္းေတာေတြအားလုံးကလည္း ဒီေဒသကို ကာကြယ္ေပးဖို႔ အသင့္ရွိေနပါၿပီ”
“ဘာလဲကြ..ထန္းေတာေတြက ဘာကိုကာကြယ္မွာလဲ”
“ဆူးတပ္၊ ဝါးတပ္ေတြနဲ႔ ႐ြာကို ကာတာထက္...ထန္းလုံးေတြနဲ႔ ၿမိဳ႕႐ိုးပုံစံေဆာက္တာ ပိုလုံၿခဳံမယ္လို႔ က်ဳပ္ေတြးေနခဲ့တာ ၾကာၿပီ...ကိုႀကီးစည္းစိမ္”
ဉီးစည္းစိမ္ကလည္း အေဝးမွ လွမ္းျမင္ေနရသည့္ ထန္းေတာမ်ားကို ၾကည့္ကာ ၿပဳံးလိုက္၏။
ခက္ေဇာ္
အခန္း(၉) တနဂၤေႏြေန႔
(ေျမဩဇာထက္ ၊ သီတာခ်မ္းေျမ့၊ ေရရွိန္ေငြ႕ျဖင့္၊ သစ္ေစ့သစ္ပင္၊ စိုက္ရာတြင္၌ ၊ သန႔္စင္ၫႊန႔္ေညႇာက္၊ ပိုးခ်ေပါက္လ်က္၊ ႐ြက္ေပါက္မူလ၊ ေရွးဉီးစမွ ႐ုကၡေဝဆာ၊ ကိုင္းခက္ျဖာသို႔၊ တပ္တာတေ႐ြ႕၊ တေမြ႕ေမြ႕လ်င္၊ တေန႔တပါး၊ ထပ္ဆင့္ပြား၍ ၊ ဗိုလ္အားက်င္းပ၊ တပ္ကိုခ်မူ၊ ႐ုကၡဗ်ဴဟာ၊ ဤအရာလည္း စစ္ေျမခ်ီရာ ခ်ထြင္းတည္း - ဗ်ဴဟစကၠိပ်ိဳ႕)
သစ္ေစ့ကေလးမွ သစ္ပင္ျဖစ္လာၿပီး အခက္အလက္႐ြက္မ်ားေဝဆာသည့္ အပင္ႀကီးျဖစ္ေစသကဲ့သို႔...မိမိအင္အားကိုလည္း တေန႔တျခား ပြားမ်ားလာေအာင္ စုစည္းမ်ားျပားလာေစျခင္းသည္လည္း စစ္ေအာင္ႏိုင္ရာ ႐ုကၡဗ်ဴဟာ နည္းျဖစ္သည္။
Done 💪
ReplyDeleteYout kyarr tway 😑
ReplyDelete2022🐬🐬
DeleteDone
ReplyDeleteDone
ReplyDelete