AVA 1740s (S2) အခန်း ၄
AVA 1740s (Season 2)
အခန်း(၄)
...............................................
“ကဲ..လက်နက်ချလိုက်ပါ..သွေးသောက်ကြီး”
သတို့သားသူရိန်စောက သူ့နေရာတွင် ပြန်ထိုင်ရင်း ပြောလိုက်သည်။
သွေးသောက်ကြီးထော်ကန်မှာ တွေဝေနေ၏။
“ဟော့ဒီ အုတ်ဖိုတောင်ခြေက ရွာပတ်ချာလည်မှာ ကျုပ်တို့ ကွေ့တွေ ဝိုင်းထားတယ်ဆိုတာ ခင်ဗျားက မယုံဘူးလာ”
နားလဲက ဒူးလေးကို ငကက်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် တင်ထားသော ဘူးသီးခြောက်ကန်းပုလွေကို ယူကာ မှုတ်လိုက်သည်။
ခဏအကြာတွင် ဟိုမှသည် တောတောင်ပတ်ချာလည်မှ အချက်ပေး ပုလွေသံများ ပြန်ပေါ်လာသည်။
“ဒါ ကွေ့လူမျိုးတွေရဲ့ အချက်ပေးစနစ်ပဲ..ထော်ကန်...စစ်ပွဲထဲ သူတို့ချင်းသာ နားလည်တဲ့ အချက်ပေးသင်္ကေတပဲ..ခင်ဗျား လက်နက်မချရင်..သူ နောက်တခေါက် ပုလွေကို ထပ်မှုတ်လိမ့်မယ်..အဲ့ဒီ တေးသွားက ကျုပ်တို့ လက်ထဲမှာရှိတဲ့ ခင်ဗျားလူတွေအားလုံးကို သတ်ပစ်လိုက်ဖို့ အမိန့်ဖြစ်လိမ့်မယ်..နားလဲ ဟာ ကွေ့တပ်တွေရဲ့ မိန်းမတပ်မှူးတစ်ယောက်ပဲ..သူ့အမိန့်ကို တပ်သားတွေ နာခံလိမ့်မယ်”
သူရိန်စောက ခပ်အေးအေးပင်ပြောလိုက်သည်။
“ဒီတိုင်းလည်း ခင်ဗျားတို့က ကျုပ်ကို သတ်မှာမဟုတ်လား”
ဂုဏ္ဏအိမ်က ငကက် လက်ထဲမှ ဒူးလေးကို ယူလိုက်သည်။ ထို့နောက် ဒူးလေး မြှားတံ ကို တောင်ဘက်ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
“ကျုပ်တို့ ဟာ ငတ်လွန်းလို့၊ မခံနိုင်ကြလွန်းလို့ အင်းဝနန်းတော်ကို ပုန်ကန်နေကြတာ... ကျုပ်တို့ရဲ့ မြှားတံတွေက ကိုယ့်လို ဘဝတူတွေကို ပြန်ချိန်ဖို့ မဟုတ်ဘူးဗျ...အင်းဝနန်းတော်ကိုပဲ ဉီးတည်ချိန်ရွယ်ထားတာ..ဒီတော့..ခင်ဗျားတို့ကို ကျုပ်တို့ ဘာမှ မလုပ်ပါဘူး..ကျုပ်တို့ ကွေ့ထုံးစံအရ မင်္ဂလာပွဲလာတဲ့ အထူးဧည့်သည်တွေအဖြစ်ပဲ သတ်မှတ်ပါတယ်...ကဲ..ကျန်တဲ့သူတွေ လက်နက်တွေ ပြန်သိမ်းဟေ့..ဒီက ဧည့်သည်တွေကို ဧည့်ခံဖို့ စားစရာသောက်စရာတွေ ပြင်ဆင်ပေးလိုက်ကြ..ကဲ..ထိုင်ကြပါ”
ဂုဏ္ဏအိမ်က နားလဲအနားတွင် ရပ်နေသော အကြပ်ဘယ်ကျော် ကို ပုခုံးဖက်ကာ ဝါးခုံတန်းတွင် ထိုင်ခိုင်းလိုက်၏။
သွေးသောက်ကြီးထော်ကန်နှင့် ကျန်သူများလည်း ခုံတန်းများတွင် ဝင်ထိုင်လိုက်သည်။
ဂုဏ္ဏအိမ်က ထော်ကန်၏ နဘေးတွင် ဝင်ထိုင်ပြီး တိုးတက်မှုဓာတ်ရည် ဟုခေါ်သည့် သစ်သီးစိမ်အရက်ကို ကမ်းလိုက်၏။
“ဪ..ကျုပ် အရင်သောက်ပြပါ့မယ်.မိတ်ဆွေအသစ်ကြီးရေ”
ဂုဏ္ဏအိမ်က အရက် ကို မော့သောက်ပြလိုက်သည်။
“ဘယ်သူ့ရဲ့ လက်အောက်ခံမှ မဟုတ်ပဲ..ကိုယ့်လူမျိုး ကိုယ့်ဓလေ့နဲ့ လွတ်လွတ်လပ်လပ် သောက်ရတဲ့ အရက်တစ်ခွက်ပါ...သွေးသောက်ကြီး..ဒီအရသာကို ကျွန်တော်တို့ ရသလို..ခင်ဗျားတို့ မတ္တရာမွန်တွေလည်း ရစေချင်ပါတယ်”
ထော်ကန်က အရက်ခွက်ကို မော့သောက်လိုက်သည်။
“ကျုပ်တို့ ကွေ့နဲ့ မွန် တသွေးတည်း တသားတည်းပူးပေါင်းပြီး..ဟော့ဒီ မတ္တရာအုတ်ဖို ကနေ အခိုင်အဖီးနဲ့ နေရင် အင်းဝ မကလို့ စကြဝတေးမင်းလာလည်း ပြန်တိုက်နိုင်ပါတယ်..ဘယ့်နှယ့်လဲ”
ထော်ကန်က သူ၏ လက်ရုံးဖြစ်သော ဘယ်ကျော်ကို လှမ်းကြည့်လိုက်သည်။
ဘယ်ကျော်က သဘောတူကြောင်းပြလိုက်၏။
“ကျုပ်တို့မှာလည်း အင်းဝ က စစ်သည်၊ စစ်စရိတ်၊ အခွန်အတုပ်တွေနဲ့ လူတွေက အတော်စိတ်ညစ်နေကြပါပြီ...ကွေ့တွေနဲ့အတူအတူ...လွတ်လပ်တဲ့ဘဝတွေဆီ ချီတက်ကြတာပေါ့..ကဲ.. မင်္ဂလာဆောင်စရာရှိတာ..ဆက်ဆောင်ကြပါ..ကျန်တဲ့ကိစ္စကို မင်္ဂလာပွဲပြီးမှ ဆက်ဆွေးနွေးကြတာပေါ့”
ဗိုလ်မင်းသူရိန်စောက နားလဲ ကို ရွှန်းရွှန်းစားစားကြည့်ကာ ပြုံးပြလိုက်သည်။
နားလဲ က တစ်ချက်ပြုံးပြပြီး..သတို့သမီးနေရာတွင် ပြန်ဝင်ထိုင်လိုက်တော့၏။
.............................................................................................................................
၁၇၄၁ ခုနှစ်၊ စက်တင်ဘာလ။
အင်းဝ ၊ အောင်နန်းကျော်ဘုံနန်းတော်။
မဏိပူရဘုရင် ဂါရစ်နာဝဇ်က သံတမန်အဖြစ် စေလွှတ်လိုက်သော စစ်သူကြီး ချန်ဒရာမော်နီသည် အင်းဝဘုရင်ရှေ့တော်သို့ ဝင်ရောက်ရတော့မည်ဖြစ်သည်။
ညီလာခံစတင်မည့် နန်းတော်ဥကင်သဆောင်ရှေ့ထိ ဝေါစီးသွားခွင့်မရှိသဖြင့် ချန်ဒရာမော်နီ မှာ လမ်းလျှောက်ရန်ပြင်ရတော့သည်။
ချန်ဒရာမော်နီက ကသည်းစစ်ဘောင်းဘီကို ဒူးဆစ်အထိရောက်အောင် ခေါက်တင်လိုက်၏။
ထို့နောက် နန်းတော်တွင်း ခြေသလုံးခန့်ရောက်နေသော ရေထဲသို့ ဆင်းလိုက်သည်။
၁၇၄၁ တွင် မိုးများနေ့စဉ်ရက်ဆက်ရွာသွန်းသည့်အပြင် အင်းဝမြို့ပတ်ချာလည်ရှိ တာတမံစနစ်များမှာ အားနည်းလာသဖြင့် အင်းဝမြို့တစ်မြို့လုံး ရေကြီးလျက်ရှိသည်။
အမြင့်ပိုင်းတွင်တည်ဆောက်ထားသည့်အောင်နန်းကျော်ဘုံနန်းတော်၏ ကြမ်းပြင်ထိပင် ရေက ရောက်နေသည်။
ချန်ဒရာမော်နီ နှင့်အဖွဲ့ နန်းဆောင်ပေါ်သို့ တက်သည်နှင့် ကိုးသိန်းသခင် ဉီးဆောင်သော အဖွဲ့က ကြိုဆိုကာ နေရာချပေးထားကြသည်။
မကြာမီပင် မဟာဓမ္မရာဇာဓိပတိသည် မိဖုရားခေါင်ကြီး မဟာရာဓိန္ဒာဓိပတိဒေဝီ၊ မြောက်နန်းမိဖုရားမဟာရာဇာဓိပတိဒေဝီ လင်ဇင်းမိဖုရားတို့ ခြံရံလျက် ညီလာခံထွက်လာသည်။
သူတို့၏ နောက်တွင်ပါလာသည်က မဏိပူရမင်းသမီး နီလာခမ်း နှင့် သားတော်များဖြစ်သော မင်းသားမောင်ဖြူ၊ မောင်မင်းတို့မှာ ရာဇပလ္လင်၏ နဘေးအထူးနေရာတွင် နေရာယူလိုက်သည်။
မဏိပူရဘုရင် ဂါရစ်နာဝဇ်က အမတော် ပုပ္ပါးမင်းသမီး နီလာခမ်းနှင့် တူတော်များကို သံတမန် ချန်ဒရာမော်နီမှတဆင့် ပြသပေးရန်တောင်းဆိုသဖြင့် ပြသရခြင်းဖြစ်သည်။
မဏိပူရကသည်းတို့ ကျူးကျော်လာချိန်တွင် နီလာခမ်းနှင့် သားတော်များကို အင်းဝဘုရင်မှ အန္တရာယ်ပေးမပေးကို သိချင်သည့်အတွက် တောင်းဆိုခြင်းလည်းဖြစ်သည်။
ချန်ဒရာမော်နီ သည် ဂါရစ်နာဝဇ်မှ လက်ဆောင်ပါးလိုက်သည့် ချည်ထည်များကို ဆက်သသည်။
မဟာဓမ္မရာဇာဓိပတိကလည်း ဂါရစ်နာဝဇ်အတွက် ရွှေတဘက်၊ ရွှေအင်္ကျီ၊ ရွှေထမီ၊ ရွှေခြေနင်းတို့ကို လက်ဆောင်အဖြစ်ပြန်ပေးရသည်။
တနည်းအားဖြင့် တချိန်က အင်းဝလက်အောက်ခံဖြစ်ခဲ့သော မဏိပူရမှာ ယခုအခါ အင်းဝနှင့် အဆင့်အတန်းတူ နိုင်ငံတစ်ခုအဖြစ် အင်းဝကို အသိအမှတ်ပြုခိုင်းလိုက်ခြင်းပင်။
သံတမန်အဖွဲ့ပြန်သွားပြီးသည့်နောက် မဟာဓမ္မရာဇာဓိပတိသည် ဉယျာဉ်တော်အတွင်း အထူးညီလာခံ ခေါ်ယူခဲ့သည်။
ထိုညီလာခံတွင် မင်းဆရာဘုန်းကြီးများဖြစ်သော အရှင်ညာဏသာရ၊ ရွှေကြာပင်တိစိဝရိတ်ဆရာတော်၊ ကိုးသိန်းသခင်မင်းခေါင်၊ နန်းရင်းဝန်ကြီး ဉီးဖြိုး တို့ တက်ရောက်ကြသည်။
လက်အောက်ခံဖြစ်ခဲ့သော မဏိပူရကို တန်းတူရည်တူအဆင့်ဖြင့် လက်ခံလိုက်ရသဖြင့် မဟာဓမ္မရာဇာဓိပတိ၏ မျက်နှာမှာ သိပ်မကောင်းလှ။
“ကဲ..ဘထွေးတော်...ဟံသာဝတီအရေးလျှောက်စရာရှိတယ်ဆို..လျှောက်စေဗျ”
“ဟံသာဝတီနဲ့ စစ်ဆိုင်နေတဲ့ မင်းရဲနရာ ဟာ ဓနုဖြူခံမြို့ကို လက်လွှတ်လိုက်ရပြီး ပြည်မြို့သို့ ဆုတ်ခွာလာကြောင်းပါ..အရှင်မင်းမြတ်”
“ဒါဆို ဟံသာဝတီသားတွေက ပြည်ထိ ရောက်နေကြပြီပေါ့”
“မှန်ပါ”
“ဟံသာဝတီက အင်အားဘယ်လောက်ရှိမလဲ”
“ငါးထောင်ဝန်းကျင်ရှိကြောင်းပါ”
“ငါတို့ တပ်တော်ကို သင်းတို့ နှစ်ဆ အင်အားဖြည့်ပြီး ပြည်ကို ဘထွေးတော်ကိုယ်တိုင် ဉီးဆောင် ချီတက်ဖို့ လုပ်ချေလေ”
သတိုင်းမင်းခေါင်က သက်ပြင်းချလိုက်သည်။
“မှန်ပါ..အမိန့်တော်ကို ပန်ဆင်ပြီး သေဝံ့ တိုက်ဝံ့ပါတယ်...ဒါပေမယ့်... ကျွန်တော်မျိုးတပ်တွေက ကသည်းစစ်အပြီး ဟံသာဝတီကို တိုက်ရိုက်ချီ..အဲ့ဒီကတဆင့် ပြည်တိုက်ပွဲဆက်လက်ချီတက်နဲ့ နှစ်နှစ်ဆက်တိုက် အနားမရကြသေးပါ..စစ်ပန်းပြီး ဖျားနာဒဏ်ရာရသူတွေပေါလှပါတယ်..အထူးသဖြင့် စစ်သည်များမှာ အနားမရစစ်ချီစစ်တက်လုပ်နေရလို့ စိတ်ဓာတ်တွေ အထူးကျဆင်းနေပါတယ်..ဒီတကြိမ် စုစည်းချီတက်ဖို့ရာ မလွယ်လှပါ”
“ဒါဆိုလည်း ထောင်ပြု၊ ရာပြုမြို့တွေ၊ ရွာတွေဆီ စစ်သည်အသစ် ထပ်ဆင့်ဖို့ လုပ်တော့လေ..ကိုကြီးဖြိုး..ဒါက ခင်ဗျား နန်းရင်းဝန်ကြီးကိစ္စဖြစ်သွားပြီ”
ဝန်ကြီးဉီးဖြိုး မှာ မျက်နှာမသာမယာ။
“မှန်ပါ...စစ်သည်စစ်သားဆင့်ဆိုစရာမှာလည်း ကုန်သလောက်ဖြစ်နေပါပြီ..ယခု အင်းဝ ရေရူးကြီးတက်နေတဲ့အရေးမှာလည်း မာန်အောင်တံခါးဆည်ဖို့တဲ့အခါ မြို့က အသည်သားအုပ်စုကိုပါ အတင်းအကြပ်လုပ်အားပေးခေါ်ယူခိုင်းနေရကြောင်းပါ”
“အရင် နန်းသစ်တည်တုန်းက မတ္တရာအုပ်ဖိုအစုဘက်က ကွေ့မွန်တွေကရော ဘယ်ရောက်ကုန်လို့လဲ”
ကိုးသိန်းသခင်နှင့် ဉီးဖြိုးတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“မတ္တရာ၊ အုတ်ဖိုက ကွေ့ မွန် တစ်စု က အင်းဝထံ အခွန်အတုပ်၊ စစ်သည်ဆင့်ဆိုအားလုံးကို မလိုက်မနာ ထောင်ထားနေကြပါပြီ...ဘုရား”
“ဟာ..ဘယ်လိုကွယ်”
ဉယျာဉ်တော်အတွင်း ကျေးငှက်သံများမှ အပ တိတ်ဆိတ်သွားသည်။
ကိုးသိန်းသခင်နှင့် ဝန်ကြီးဉီးဖြိုးတို့က အစည်းအဝေးလုပ်ရာ နားနေဆောင်ကြမ်းပေါက်မှ မြင်နေရသည့် ရေများကို သာ ခေါင်းငုံ့လျက် ငေးကြည့်ကြသည်။
“ကဲ..ဘထွေးတော်နဲ့ ကိုကြီးဖြိုး..ခင်ဗျားတို့နှစ်ယောက်ကို ကိုယ်တော်က စစ်ရေးနဲ့ ပြည်ထဲရေး အပ်နှင်းထားတာလေ...အခု ကသည်းတွေအရေးပြီးတော့..ဟံသာဝတီအရေးက ပေါ်လာတယ်..ဟံသာဝတီအရေးကမပြီးသေးဘူး..မတ္တရာကွေ့အရေးက စနေပြီဆိုတော့..ကဲ..ဘယ့်နှယ့်လုပ်ကြမလဲ...ဆရာတော်တို့လည်း အကြံပေးကြပါဉီး..ဘုရား”
သာသနာပိုင်ဉီးဉာဏသာရက သူ့ခေါင်းပေါ်တွင် ဆောင်းထားသည့် ရွှေဒေါက်ချာကြီးကို ချွတ်လိုက်သည်။
“မင်းတရားက သာသနာပြုမင်းတရားကြီးပါ...အင်းဝရဲ့ သာသနာတော်ကြီး တည်တံ့ဖို့ ဒကာတော်ကို ကျုပ် ကူညီမှာပါ....ကျုပ်လက်အောက်မှာ ရဟန်းတွေ သိန်းနဲ့ချီရှိပါတယ်..ဒီထဲမှာမှ တိုင်းပြည်အတွက် လိုအပ်ရင် ကာကွယ်ဖို့ ဓါးခုတ်၊ လှံထိုး၊ အစီးအနင်းလေ့ကျင့်ထားတဲ့ ရှင်ကြမ်း၊ရှင်ယောင်တပ်တွေ ကျုပ်မှာ ရှိတယ်..သူတို့အင်အားကို ဒကာတော် သုံးမယ်ဆို အသင့်ပါ”
ရွှေကြာပင်ရဟန်းလှ ဆရာတော်ကမူ တိတ်ဆိတ်နေ၏။
“ဆရာတော်က ဘာများ မိန့်ချင်ပါသေးလဲ..ဘုရား”
“ကျုပ်တို့က ရဟန်းတွေပါ..ဒကာတော်မင်းကြီး.. စစ်ရေးစစ်ရာဆိုတာ သတ္တဝါတွေ သေကြမယ့်အရေးကိစ္စပါ..ဒီကိစ္စမျိုးမှာ ဗုဒ္ဓရဲ့သားတော် ရဟန်းတွေက ကံသုံးပါးနဲ့ ပါဝင်ပြုမူတာမျိုးကို မလုပ်အပ်လို့ ကျုပ်က ယူဆပါတယ်....ကျုပ်မှာ ပရိယတ္တိ၊ ပရိပတ္တိ သာသနာအတွက်ပဲ အထောက်အပံ့လုပ်ပေးနိုင်ပါတယ်..ဒကာတော်မင်းကြီး.. ဒီအချိန်မှာ ဟံသာဝတီ နဲ့ စစ်ဖက်မပြုပဲ..ငြိမ်းချမ်းရေးယူထားဖို့သာ အကြံပေးချင်တာပဲ..ကိုယ့်မှာက အင်အားနဲ့ ရန်သူမမျှဖြစ်နေတယ်မဟုတ်လားမင်းကြီး...ဟံသာဝတီနဲ့ စစ်ရပ်စဲရေး ကြောင်းလမ်းချင်တယ်ဆိုရင်ဖြင့် ရှေးက ရှင်ဒိသာပါမောက်တို့လိုပဲ ကျုပ် သံတမန်အဖြစ် ကူညီပေးပါ့မယ်လေ”
ရွှေကြာပင်ဆရာတော်၏ စကားကြောင့် သာသနာပိုင် ၏ မျက်နှာမှာတင်းခနဲဖြစ်သွား၏။
“ဒီမယ်..ဒကာတော်မင်းကြီး..တိုင်းပြည် နဲ့ သာသနာတော်အတွက် ရှင်ဘုရင်က လိုအပ်လာရင် ရှင်ဘုရင်ချီးမြှင့်မြှောက်စားထားတဲ့ ကျုပ်တို့ ရဟန်းတွေမှာ တာဝန်ရှိတယ်... ဒီလိုအရေးပေါ်နေတဲ့ကာလထဲ...အေးတရားတွေဟောနေမယ့်အစား....ရုပ်ရည်ကလေးဗန်းပြ..မိဖုရားဆောင်ထဲ ဆွမ်းခံကြွနေကြတာ သာကောင်းပါတယ်လေ”
မင်းဆရာတော်နှစ်ပါးအကြားမှ စကားအသွားအလာကို မဟာဓမ္မရာဇာဓိပတိ ရိပ်မိလိုက်သည်။
“မှန်လှပါ....ဆရာတော်တို့ နှစ်ပါးလုံးရဲ့ အဆုံးအမကို တပည့်တော် ခံယူနာယူပါတယ်..အရှင်မြတ်တို့ဘုရား...ကဲ..ဘထွေးတော်နဲ့ နန်းရင်းဝန်ကြီး..တွေ့ပြီမဟုတ်လား..ကျုပ် ဆရာတော်တို့တွေက အရေးအကြောင်းဆို အားကိုးရပါတယ်လို့...သာသနာပိုင်ဆရာတော်ဆီက အင်အား ဘယ်လောက်များ ရနိုင်မလဲဆိုတာ အမိန့်ရှိပါဉီး”
“ကျုပ်မှာက ပုခန်းကြီးရှင်ပျိုတပ် အင်အား (၅၀၀၀) ရနိုင်ပါတယ်..ဒကာတော်”
“ကဲ..ဘယ်လိုလဲ.ဘထွေးတော်..ဒီလောက်အင်အားရရင် ဟံသာဝတီအရေး ချီလို့ရမယ် မဟုတ်လား”
“သူတို့က ရဟန်းတွေပါ....ကိုယ်တော်..သင့်တော်ပါ့မလား”
သာသနာပိုင် ဦးဉာဏသာရက တဟားဟားအော်ရယ်လိုက်သည်။
“ဒီမယ်..ကိုးသိန်းသခင်...သူတို့ဟာ ကျုပ်စုဆောင်းထားတဲ့ အင်အားစုတွေပဲ...ရဟန်းလို ဝတ်ထားကြပေမယ့်...ဓားခုတ်၊လှံထိုး၊ အစီးအနင်းမှာတော့ ကြမ်းပေ့ရမ်းပေ့တွေကြီးပဲဗျ..ကျုပ်က သူတို့ကို ရှင်ယောင်တပ်၊ ရှင်ကြမ်းတပ်ဆိုပြီးနာမည်ပေးထားသေးတာ.. အတိုက်အခိုက်တင်မဟုတ်..သေသောက်စားတာပြိုင်ဉီးမလား..ခင်ဗျား စစ်သည်တွေ မလုပ်နိုင်တာကို ကျုပ် တပ်က လုပ်ပြလိမ့်မယ်.”
ကိုးသိန်းသခင်က မာနဖြင့် ဖျဉ်းခနဲဖြစ်သွားသည်။
“အရှင်ဘုရားက ရဟန်းတန်မဲ့..ဒီလို လူသူစုဆောင်းပြီးတပ်ထောင်ထားတာ အံဩမိပါတယ်ဘုရား..ဘယ်လိုများ အကြံအစည်းတွေပါလိမ့်”
“ဘထွေးတော်..စကားဒီမှာတင်ရပ်ပါ..သာသနာပိုင်ဆရာတော်ဘုရားဟာ ကျုပ် ရဲ့ ထီးနန်းကို ကာကွယ်ဖို့ ဒီအချိန်မှာ ကူညီပေးနေတာ..ဆရာတော်နဲ့ ကျုပ်ကြား အထင်မှားစေမယ့် လျှောက်တင်မှုမျိုးတွေ မလုပ်မိစေနဲ့...ဘထွေးတော်အတွက်ပါ မကောင်းဘူး”
ကိုးသိန်းသခင်က ခေါင်းငုံ့သွားသည်။
“ကဲ..အမိန့်တော်ချမယ်...ကိုးသိန်းသခင်မင်းခေါင်အနေနဲ့ ဟံသာဝတီအရေးမှာ စစ်အင်အားအတွက် သာသနာပိုင်ဆရာတော်နဲ့ မပြတ်တိုင်ပင်ပြီး လူသူစုဆောင်းတပ်ဖွဲ့ရေးကိုလုပ်ပါ.... ကိုကြီးဖြိုး က မြို့တော် ရေကျပြီးတာနဲ့...ဆရာတော်အရှင်မြတ်များကို ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းပွဲ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားပါ..ဘွဲ့ပေးရမယ့် ဆရာတော်စာရင်းကိုတော့ သာသနာပိုင်ကြီး ဆီက အပါးနှစ်ဆယ်၊ ရွှေကြာပင်ဆရာတော်ဆီက နှစ်ဆယ် နဲ့ ကျုပ်ဆရာတော်ရင်း အရှင်ခဆီကလည်း နှစ်ဆယ် စာရင်းတောင်းလိုက်ပါ..ပြီးရင် မြို့တွင်းပွဲလန်းသဘင်တွေ အလှူကြီးတွေ ပေးပြီး ပြည်သူအများကို ပျော်ရွှင်ပွဲများ လုပ်ပေးရန် ရွှေတိုက်ဝန်၊ မြို့ဝန်တွေနဲ့ စည်းဝေးပြီး ငါကိုယ်တော်ဆီ တင်ပြစေ..ဒါပဲ..ညီလာခံ စဲပြီ..ခဏနေ အကြီးတော်ဝန်ကြီးပဒေသရာဇာ နဲ့ အစုအငမ်းစာရင်းသွင်းဖို့ ကိစ္စတွေ စည်းဝေးစရာရှိတယ်..မောင်မင်းတို့ ပြန်နိုင်ပြီ..ဆရာတော်ရှင်သူများလည်း ကြွနိုင်ပါပြီ..ဘုရား”
နန်းတော်အပြင်သို့ သူတို့ ထွက်လာကြသည်။
ကိုးသိန်းသခင်က ဝေါယာဉ်ပေါ်သို့ တက်ရန်ပြင်လိုက်၏။
“ဒကာကြီး မင်းခေါင်”
ခေါ်သံကြောင့် လှည့်ကြည့်လိုက်၏။
ရွှေကြာပင်ဆရာတော်က ကိုးသိန်းသခင်ထံသို့ လျှောက်လာသည်။
“ခုန ရှင်ဘုရင်ရှေ့မှာ ဒကာကြီး လျှောက်လိုက်တဲ့ ကိစ္စ မှာ ကျုပ်လည်း အလိုတူပါတယ်”
“ဘာကိုလဲ ဘုရား”
“စစ်ပွဲထဲမှာ ရဟန်းတပ်တွေဝင်တိုက်မယ့်ကိစ္စပေါ့...အခု သာသနာပိုင်ရဲ့ တပ်တွေအကြောင်း ဒကာကြီး ဘယ်လောက်သိထားလဲ”
“တပည့်တော်လည်း သူပြောမှ သိရတာပါ..ဘုရား”
ရွှေကြာပင်ဆရာတော်က သက်ပြင်းချလိုက်သည်။
“လွန်ခဲ့တဲ့ ကသည်းအရေး ဒကာကြီးတို့ ရှုပ်ထွေးနေချိန်ကတည်းက ဘာသာခြားကသည်းတွေ သာသနာကို ထိပါးတာအကြောင်းပြုပြီး သူက လူသူစည်းရုံးနေတာ၊ သတ်ရဲဖြတ်ရဲတဲ့လူဆိုးလူမိုက်တွေကိုချည်းစုစည်းထားတာ..ပြီးတော့ သူတို့အားလုံးကို သင်္ကန်းဝတ်ပေးပြီး ရဟန်းအရည်ခွံခြုံခိုင်းထားတယ်..ခေါင်းဆောင်ကလည်း မင်းဆရာသာသနာပိုင်ကိုယ်တိုင်ဖြစ်နေတော့ ဘာမှ မပြောရဲမဆိုရဲကြဘူး...သူ့ ရှင်ယောင်၊ရှင်ပျက်တွေက အခု နယ်တွေမှာ အတော်တန်ခိုးထွားလာကြတယ်..ကျောက်ဆည်ပဲကြီးခင်းက ဟိန်ဘုန်းကြီးဓါးပြဂိုဏ်းဆိုလည်း အတော်ကို ကြီးထွားလာနေပြီ..သူ့ကိုလည်း သာသနာပိုင်ကြီးကပဲ ကာကွယ်ပေးထားတယ်”
“တပည့်တော်က စစ်ရေးစစ်ရာမှာပဲ အချိန်ကုန်နေတော့ ပြည်ထဲရေး အဲ့ဒီလောက်မသိပါဘူး..ဘုရား..ဒီလောက်တောင်ဖြစ်နေပြီလား”
“သာသနာပိုင်ကိုယ်တိုင်က ဘုရင်နဲ့ပေါင်းပြီး ဒီလိုဖြစ်နေတော့ ကျုပ်က သာသနာအတွက် စိတ်ပူတာပါ.. လူတွေကလည်း တဖြည်းဖြည်းနဲ့ ကျုပ်တို့ ရဟန်းတွေအပေါ် အမြင်စောင်းလာကြလိမ့်မယ်..အခု စစ်ရေးအတွက် သာသနာပိုင်တပ်တွေကို ထည့်သုံးတာကို တားမရရင်တောင်..သူတို့ကို သင်္ကန်းချွတ်ခိုင်းပါ...သူတို့က နဂိုကတည်းက ရဟန်းအစစ်တွေလည်းမဟုတ်ဘူး..တိုက်ရေးခိုက်ရေးကို သင်္ကန်းတလွှားလွှားနဲ့ လုပ်ကြတဲ့အခါ အကျိုးထက် အပြစ်က ပိုများလိမ့်မယ်...ဒကာကြီး ကို တစ်ခုမေတ္တာရပ်ခံချင်တာက ရှင်ဘုရင်ရဲ့ ငယ်ဆရာတော် ဆရာတော်ဗုဒ္ဓကုင်္ရ နဲ့ ဒကာကြီးနဲ့က ငယ်စဉ်က ရာဇဝင်စာပေလေ့လာလိုက်စားဖက်တွေဆို..ဒီကိစ္စအရေးတွေ သူ့ကို လျှောက်တင်ကြည့်ပါလား... သာသနာပိုင်ကြီး လုပ်ချင်တာတွေ လျှောက်လုပ်နေတာတွေ.. တားဖို့ လိုပြီ..ဒကာကြီး”
“တပည့်တော်မှာက ဒီပတ်ချာလည်စစ်ပွဲတွေအကုန်လုံးကို ခေါင်းခံထားရတာပါ..ဘုရား..သာသနာတော်ကိစ္စက အရှင်ဘုရားတို့ ရဟန်းအချင်းချင်းပဲ ပြောကြဆိုကြပါ..လောလောဆယ်တော့...အင်းဝကို ကာကွယ်ဖို့ တပည့်တော် လုပ်စရာတွေ ရှိနေသေးလို့..ခွင့်ပြုပါဉီး..ဘုရား”
ကိုးသိန်းသခင်က လက်အုပ်ချီကန်တော့လိုက်ပြီး ဝေါယာဉ်ပေါ်သို့ တက်သွားတော့သည်။
..............................................................................................................
၁၇၄၁ အောက်တိုဘာလ။
မိုးတွင်းကာလကုန်ဆုံးခဲ့ပြီ။
ကိုးသိန်းသခင် သတိုးမင်းခေါင် ဗိုလ်ချုပ်ပြုလျက် မင်းလှကျော်ထင်၊ မင်းထင်မင်းလှ၊ နေမျိုးစည်သူ တို့ ဉီးစီးသည့် အင်အား (၁၀၀၀၀) ပါ အင်းဝ တပ်သည် ပြည်မြို့သို့ ချီတက်လာခဲ့သည်။
ထိုတပ်တွင် သာသနာပိုင်၏ ပုခန်းရှင်ယောင်တပ်လည်း လိုက်ပါလာခဲ့၏။
ထိုသို့ ပြည်တွင် ဟံသာဝတီနှင့် စစ်ဆိုင်ထားစဉ် သတိုးသီဟသူဉီးစီး အင်အား (၂၀၀၀)ရှိတပ်မှာ တောင်ငူမှတဆင့် ဟံသာဝတီသို့ ချီတက်သည်။
ဟံသာဝတီတပ်များ ပြည်ဘက်သို့ အာရုံစိုက်နေစဉ် သတိုးသီဟသူတပ်မှ ဟံသာဝတီကို ဝန်းရံမည်။
ထိုအခါ ပြည်ဘက်မှ ဟံသာဝတီတပ်များ မြို့ကို ကာကွယ်ရန် ဆုတ်ခွာလျှင် ကိုးသိန်းသခင်တပ်များက ဒလကြမ်းလိုက်လံတိုက်ခိုက်ကာ ဟံသာဝတီကို ဝိုင်းပတ်ရန် စစ်ရေးအစီအမံရေးဆွဲထား၏။
သို့သော် စစ်ရေးသတင်းပေါက်ကြားသွားခဲ့ပြီး တောင်ငူမှ ချီတက်လာသော သတိုးမင်းခေါင်တပ်မှာ ကတုတ်ရွာအရောက်တွင် ဟံသာဝတီတပ်၏ ဆီးကြိုချေမှုန်းခြင်းကို ခံခဲ့ရသည်။
သတိုးသီဟသူတပ်မှာ အကျအဆုံးများဖြင့် ဆုတ်ခွာခဲ့ပြီး လူ(၃၀၀)သာ ပြည်မြိုရှိ တပ်များနှင့် လာရောက်ပူးပေါင်းနိုင်တော့သည်။
ဟံသာဝတီနန်းတွင်းတွင် ဆင်ကျားရှင်သမိန်ထော နှင့် အမတ်ချုပ်ကြီးဗညားဒလ ဉီးအောင်လှ တို့ သမက် ယောက္ခမများ အားပြိုင်မှုများရှိနေခဲ့သည်။
သို့သော်ငြား အင်းဝမှ စစ်ပြုလာသည့်အခါ ဆင်ကျားရှင်သမိန်ထော နှင့် လျှို့ဝှက်ဆက်သွယ်ထားသော အော်စလိုအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီမှ အာဖရိကန်လူမည်းကြေးစားစစ်သားအချို့နှင့် လက်နက်များ အကူအညီပေးခဲ့ကြသည်။
၁၇၄၁ နှစ်ကုန်ပိုင်းအထိ အင်းဝတပ်များမှာ ရှေ့သို့ ဆက်လက်မချီတက်နိုင်ပဲ ပြည်မြို့တွင် သာ ခံတပ်ကြီးတည်လျက် ရပ်တည်နေကြရတော့သည်။
ယင်းအခြေအနေတွင် ဟံသာဝတီသည် ပြည်မြို့အောက်ဘက်ရှိ မြန်မာပြည်အောင်ပိုင်းဒေသများတွင် စစ်အင်အားစုဆောင်းချိန် ကောင်းစွာရလာခဲ့သည်။
ဆိပ်ကမ်းခွန်၊ ကုန်သွယ်ခွန်များကို စနစ်တကျရရှိသောကြောင့် နှစ်နှစ်တာအတွင်း ငွေကြေးအင်အားတောင့်တင်းလာသည်။
အာဖရိကန်ကြေးစားတပ်များ၊ ဆိပ်ကမ်းများမှတဆင့်ဝင်ရောက်လာသည် ပေါ်တူဂီကြေးစားစစ်သည်တပ်များကိုဟံသာဝတီဗိုလ်ချုပ်များလက်အောက်တွင် ငှားရမ်းအသုံးပြုလာနိုင်သည်။
အော်စတင်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီနှင့် သမိန်ထောဘုရင်ကြား ဆက်ဆံရေးတိုးတက်လာပြီး သမိန်ထောဗုဒ္ဓကိတ္တိမှာလည်း နန်းတွင်းတွင် ဩဇာတက်လာခဲ့သည်။
ဗညားအဲ၊ဗညားကျော်၊ဗျတ္တကျော် စသော သမိန်ထော ဘက်တော်သား မွန်စစ်ဗိုလ်ချုပ်များ အင်အားကောင်းလာသည်။
ဉီးအောင်လှ၏ အုပ်စုမှာလည်း အင်းဝစစ်ရေးက အရေးကြီးနေသည့်အတွက် နန်းတွင်း ဩဇာအာဏာပြိုင်ဆိုင်မှုများကို အာရုံမစိုက်ပဲ စစ်ပွဲတွင်သာ အာရုံစိုက်နေခဲ့သည်။
ပြင်သစ်တို့နှင့် ဆက်ဆံရေးမှာ ခေတ္တမျှ အေးစက်သွားခဲ့ပြီဖြစ်သောကြောင့် အင်္ဂလိပ်တို့နှင့် ဆက်ဆံရေးထူထောင်ထားနိုင်သည့် သမိန်ထောဘုရင် မှာ ပိုမိုအရေးပါလာခဲ့၏။
၁၇၄၂ ဖေဖော်ဝါရီလတွင် လူ(၄၀၀၀)ပါသော ဟံသာဝတီတပ်ကြီးသည် တောင်ငူကြောင်းအတိုင်း အင်းဝသို့ ချီတက်လာသည်။
တောင်ငူမြို့တွင်းတွင်လည်း အင်းဝဘက်တော်သားနှင့် ဟံသာဝတီဩဇာခံလိုသူများ ဟု နှစ်ခြမ်းကွဲနေကြသည်။
အင်းဝမှာမူ အဓိက နိုင်ငံခြားဝင်ငွေဖြစ်သည့် သန်လျင်၊ ပဲခူး၊ မုတ္တမဆိပ်ကမ်းတို့ကို စွန့်လွှတ်ကာ ကုန်းတွင်းပိတ်ဖြစ်သွားသဖြင့် ပြည်သူလူထုထံမှ အခွန်ငွေကိုသာ အားကိုးနေရတော့သည်။
ငွေအင်အား၊ လူအင်အား ချွတ်ခြုံကျနေသည်။
ပြည်သူလူထုမှာ စစ်မှုထမ်းလိုက်ပါရသည့်အပြင် ရှင်ဘုရင့်အခွန်အတုပ်များ တိုးမြှင့်လာခြင်း၊ စစ်စရိတ် အိမ်ထောင်စုအလိုက် ပိုမိုထောက်ပံ့လာရခြင်းကြောင့် မဟာဓမ္မရာဇာဓိပတိကို စိတ်ပျက်နေကြ၏။
တောင်ငူသည် အင်းဝ နှင့် ဟံသာဝတီကြား နယ်စပ်မြို့ဖြစ်နေသည့်အတွက် အချိန်တိုအတွင်း တိုးတက်ဖွံ့ဖြိုးလာသော ဟံသာဝတီ၏ သတင်းများကိုလည်းကြားနေရသည်။
ဟံသာဝတီဘုရင်သည်လည်း ညောင်ရမ်းမင်းဆက်သွေးပါသူ ဖြစ်သည်ဟူသော အချက်ကလည်း တောင်ငူသားတို့ကို တွေဝေစေသည်။
နောက်ဆုံးတွင် ဟံသာဝတီထောက်ခံသူများက မြို့တံခါးကို ဖွင့်ပေးလိုက်ကြသည်။
အင်းဝမှ ခန့်အပ်ထားသည့် အုပ်ချုပ်သူများ၊ အင်းဝထောက်ခံသည့်တပ်များမှာ အစောပိုင်းကတည်းက တောင်ငူကို စွန့်ခွာကာ အင်းဝသို့ ဆုတ်ခွာသွားကြပြီဖြစ်သည်။
ဟံသာဝတီတပ်များမှာ တောင်ငူကို ရပြီးနောက် ကိုးခရိုင်တောင်ဘက်တခွင် တံတားဉီး၊ သင်ပန်း၊ ပင်းယ၊ ကူတိုးဆိပ် တိုင်အောင် တပ်များ တည်ထားသည်။
ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်လည်း တောင်တွင်းကြီးအထိ ဟံသာဝတီရေတပ်က စိုးမိုးထား၏။
ဟံသာဝတီတပ်များသည် ကိုးသိန်းသခင်၏ တပ်ကြီးတည်ရာ ပြည်မြို့ကို ပတ်ဝိုက်ကာ အင်းဝနှင့် အနီးဆုံးသို့ တစ တစ ချဉ်းနင်းလာကြပြီဖြစ်သည်။
.............................................................................................................................
“နင်..ဒီတစ်သက် မယားပူမိလို့ ပြီးဉီးမှာလား..ငတွန်ငယ်”
ပြည်မြို့ရိုး ခံတပ်ပေါ်မှဆင်းလာသော ကိုးသိန်းသခင်က အဝတ်ဗလာကျောပြောင်ဖြင့် ဒူးထောက်နေသည့် ငတွန် ကို ကြိမ်းမောင်းလိုက်သည်။
“နင် မော်ကြည့်စမ်း....အခု ငါ့ဘေးက သူကို သိသလား”
ငတွန်က မော့ကြည့်လိုက်သည်။
ကိုးသိန်းသခင်ဘေးတွင် လက်အုပ်ချီလျက် ရပ်နေသည့် လူငယ်တစ်ဉီး။
ငတွန် သေချာစိုက်ကြည့်သည်။
“မသိပါ..ကိုယ်တော်”
“ဟဲ့..တလောက ချစ်ညိုကြီးတို့ ညီအစ်ကို နင့်ကို အင်းဝအရက်ဆိုင်ထဲမှာ လာခေါ်တော့..နင်မလိုက်လာပဲ...သူပါလာတာလေ...အခုဆို သူ့ လက်ရည်အစွမ်းကို မြင်သာလို့ ငါက အင်းဝလှေတပ်မှာ တပ်မှူးရာထူးပေးလိုက်ပြီ.....သူက ရာမညသား..သူလိုလူတောင် အင်းဝ အရေးမှာ အမှုထမ်းဖို့ ငါ့နားရောက်လာနေတာ...နင့်လို လူစွမ်းလူစရှိတဲ့ ငါ့အိမ်တော်ပါသားက သွေးကြောင်နေတာတော့..မဟုတ်သေးဘူးကွဲ့..”
ငတွန်က ဆတ်ခနဲဖြစ်သွားသည်။
“ကျွန်တော်မျိုး သွေးမကြောင်တတ်တာ..ကိုယ်တော်အသိပါ”
“အေးလေကွယ်...ငါသိလို့လည်း နင့်ကို အင်းဝကနေ ပြည်ကို ငါ့လူစုနဲ့ ရအောင် ခေါ်လာရတာပ..အခုဆို ငါတို့အရှင်သခင် အင်းဝဘုရင်ဟာ အန္တရာယ်ကြုံနေပြီ..မောင်မင်း တို့ လူငယ်လူစွမ်းတွေ အကူအညီလိုနေတယ်”
“ကျွန်တော်မျိုး..စစ်မတိုက်လိုသေးပါ”
“ဘာလဲ..နင့်မယား ပုထွေး ဟံသာဝတီသားတွေကို မတိုက်ချင်ဘူးပေါ့လေ..ငတွန်ငယ်..ငါ လုပ်လိုက်ရ ဇတ်ပြတ်တော့မယ်”
“မဟုတ်ပါဘုရား..စိတ်တွေ ရှုပ်ထွေးနေလို့ပါ”
“ဟဲ့..ယောက်ျားကောင်းဆိုတာ..ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်အရှင် အတွက် အလိုရှိချိန်မှာ အသင့်ရှိမှပေါ့...အင်းဝ ဟာ နင်တို့ ငါတို့ မျက်စိရှေ့မှာတင် ရန်သူတွေ မီးတိုက်တာ ခံရတော့မှာလား”
ငတွန် တွေဝေနေသည်။
“ငချစ်ညိုကြီးက လက်ျာပျံချီတဲ့.....ဟော့ဒီ ငဗညားက ဗညားကျန်းတော တဲ့..အခုပဲ အင်းဝဘုရင်က ဘွဲ့ထူးတွေပေးလိုက်ပြီ...သူတို့ လည်း တိုက်ဖို့ အသင့်ဖြစ်နေပြီ..နင်ကရော..ဒီငတွန်ဘဝနဲ့ပဲ လူတကာ လက်အုပ်ချီနေတော့မှာလား..ဒါကြောင့်လည်း ဟံသာဝတီသူဖြစ်နေတဲ့ လွီဇာမငယ်က...”
“တော်ပြီ..အဲ့ဒါတွေ..ဆက်မပြောနဲ့တော့.ကိုယ်တော်..အင်းဝအတွက် ကျုပ်စစ်တိုက်မယ်ဆို ရပြီမဟုတ်လား”
ကိုးသိန်းသခင်က ကွမ်းတံတွေးတို့ကို ပစ်ခနဲ ထွေးလိုက်သည်။
“နင်အခုချက်ချင်း ငါ့ဆီက ဗိုလ်အဖြစ် ခန့်စာကို ယူ...အင်းဝကို လှေနှင့်ဆန်ချေ...ဟိုမှာ မင်းရဲမင်းလှငယ်ထံ ခိုဝင်.. လက်ျာပျံချီငချစ်ညို တို့နဲ့ ပူးပေါင်းပြီး..အင်းဝကို ကာကွယ်လေ..နင့်လက်ရည်ကို ငါယုံစားတယ်ဆိုတာ နင်သေချာမှတ်ထား...နင့်ကို အင်းဝအရောက် ဟော့ဒီက ဗညားကျန်းတော ရဲ့ လှေတပ်တွေက လိုက်ပို့ပေးလိမ့်မယ်”
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၄)
...............................................
“ကဲ..လက္နက္ခ်လိုက္ပါ..ေသြးေသာက္ႀကီး”
သတို႔သားသူရိန္ေစာက သူ႔ေနရာတြင္ ျပန္ထိုင္ရင္း ေျပာလိုက္သည္။
ေသြးေသာက္ႀကီးေထာ္ကန္မွာ ေတြေဝေန၏။
“ေဟာ့ဒီ အုတ္ဖိုေတာင္ေျခက ႐ြာပတ္ခ်ာလည္မွာ က်ဳပ္တို႔ ေကြ႕ေတြ ဝိုင္းထားတယ္ဆိုတာ ခင္ဗ်ားက မယုံဘူးလာ”
နားလဲက ဒူးေလးကို ငကက္ထံ ကမ္းေပးလိုက္သည္။ ထို႔ေနာက္ စားပြဲေပၚတြင္ တင္ထားေသာ ဘူးသီးေျခာက္ကန္းပုေလြကို ယူကာ မႈတ္လိုက္သည္။
ခဏအၾကာတြင္ ဟိုမွသည္ ေတာေတာင္ပတ္ခ်ာလည္မွ အခ်က္ေပး ပုေလြသံမ်ား ျပန္ေပၚလာသည္။
“ဒါ ေကြ႕လူမ်ိဳးေတြရဲ႕ အခ်က္ေပးစနစ္ပဲ..ေထာ္ကန္...စစ္ပြဲထဲ သူတို႔ခ်င္းသာ နားလည္တဲ့ အခ်က္ေပးသေကၤတပဲ..ခင္ဗ်ား လက္နက္မခ်ရင္..သူ ေနာက္တေခါက္ ပုေလြကို ထပ္မႈတ္လိမ့္မယ္..အဲ့ဒီ ေတးသြားက က်ဳပ္တို႔ လက္ထဲမွာရွိတဲ့ ခင္ဗ်ားလူေတြအားလုံးကို သတ္ပစ္လိုက္ဖို႔ အမိန႔္ျဖစ္လိမ့္မယ္..နားလဲ ဟာ ေကြ႕တပ္ေတြရဲ႕ မိန္းမတပ္မႉးတစ္ေယာက္ပဲ..သူ႔အမိန႔္ကို တပ္သားေတြ နာခံလိမ့္မယ္”
သူရိန္ေစာက ခပ္ေအးေအးပင္ေျပာလိုက္သည္။
“ဒီတိုင္းလည္း ခင္ဗ်ားတို႔က က်ဳပ္ကို သတ္မွာမဟုတ္လား”
ဂုဏၰအိမ္က ငကက္ လက္ထဲမွ ဒူးေလးကို ယူလိုက္သည္။ ထို႔ေနာက္ ဒူးေလး ျမႇားတံ ကို ေတာင္ဘက္ေကာင္းကင္ေပၚသို႔ ပစ္လႊတ္လိုက္သည္။
“က်ဳပ္တို႔ ဟာ ငတ္လြန္းလို႔၊ မခံႏိုင္ၾကလြန္းလို႔ အင္းဝနန္းေတာ္ကို ပုန္ကန္ေနၾကတာ... က်ဳပ္တို႔ရဲ႕ ျမႇားတံေတြက ကိုယ့္လို ဘဝတူေတြကို ျပန္ခ်ိန္ဖို႔ မဟုတ္ဘူးဗ်...အင္းဝနန္းေတာ္ကိုပဲ ဉီးတည္ခ်ိန္႐ြယ္ထားတာ..ဒီေတာ့..ခင္ဗ်ားတို႔ကို က်ဳပ္တို႔ ဘာမွ မလုပ္ပါဘူး..က်ဳပ္တို႔ ေကြ႕ထုံးစံအရ မဂၤလာပြဲလာတဲ့ အထူးဧည့္သည္ေတြအျဖစ္ပဲ သတ္မွတ္ပါတယ္...ကဲ..က်န္တဲ့သူေတြ လက္နက္ေတြ ျပန္သိမ္းေဟ့..ဒီက ဧည့္သည္ေတြကို ဧည့္ခံဖို႔ စားစရာေသာက္စရာေတြ ျပင္ဆင္ေပးလိုက္ၾက..ကဲ..ထိုင္ၾကပါ”
ဂုဏၰအိမ္က နားလဲအနားတြင္ ရပ္ေနေသာ အၾကပ္ဘယ္ေက်ာ္ ကို ပုခုံးဖက္ကာ ဝါးခုံတန္းတြင္ ထိုင္ခိုင္းလိုက္၏။
ေသြးေသာက္ႀကီးေထာ္ကန္ႏွင့္ က်န္သူမ်ားလည္း ခုံတန္းမ်ားတြင္ ဝင္ထိုင္လိုက္သည္။
ဂုဏၰအိမ္က ေထာ္ကန္၏ နေဘးတြင္ ဝင္ထိုင္ၿပီး တိုးတက္မႈဓာတ္ရည္ ဟုေခၚသည့္ သစ္သီးစိမ္အရက္ကို ကမ္းလိုက္၏။
“ဪ..က်ဳပ္ အရင္ေသာက္ျပပါ့မယ္.မိတ္ေဆြအသစ္ႀကီးေရ”
ဂုဏၰအိမ္က အရက္ ကို ေမာ့ေသာက္ျပလိုက္သည္။
“ဘယ္သူ႔ရဲ႕ လက္ေအာက္ခံမွ မဟုတ္ပဲ..ကိုယ့္လူမ်ိဳး ကိုယ့္ဓေလ့နဲ႔ လြတ္လြတ္လပ္လပ္ ေသာက္ရတဲ့ အရက္တစ္ခြက္ပါ...ေသြးေသာက္ႀကီး..ဒီအရသာကို ကြၽန္ေတာ္တို႔ ရသလို..ခင္ဗ်ားတို႔ မတၱရာမြန္ေတြလည္း ရေစခ်င္ပါတယ္”
ေထာ္ကန္က အရက္ခြက္ကို ေမာ့ေသာက္လိုက္သည္။
“က်ဳပ္တို႔ ေကြ႕နဲ႔ မြန္ တေသြးတည္း တသားတည္းပူးေပါင္းၿပီး..ေဟာ့ဒီ မတၱရာအုတ္ဖို ကေန အခိုင္အဖီးနဲ႔ ေနရင္ အင္းဝ မကလို႔ စၾကဝေတးမင္းလာလည္း ျပန္တိုက္ႏိုင္ပါတယ္..ဘယ့္ႏွယ့္လဲ”
ေထာ္ကန္က သူ၏ လက္႐ုံးျဖစ္ေသာ ဘယ္ေက်ာ္ကို လွမ္းၾကည့္လိုက္သည္။
ဘယ္ေက်ာ္က သေဘာတူေၾကာင္းျပလိုက္၏။
“က်ဳပ္တို႔မွာလည္း အင္းဝ က စစ္သည္၊ စစ္စရိတ္၊ အခြန္အတုပ္ေတြနဲ႔ လူေတြက အေတာ္စိတ္ညစ္ေနၾကပါၿပီ...ေကြ႕ေတြနဲ႔အတူအတူ...လြတ္လပ္တဲ့ဘဝေတြဆီ ခ်ီတက္ၾကတာေပါ့..ကဲ.. မဂၤလာေဆာင္စရာရွိတာ..ဆက္ေဆာင္ၾကပါ..က်န္တဲ့ကိစၥကို မဂၤလာပြဲၿပီးမွ ဆက္ေဆြးေႏြးၾကတာေပါ့”
ဗိုလ္မင္းသူရိန္ေစာက နားလဲ ကို ႐ႊန္း႐ႊန္းစားစားၾကည့္ကာ ၿပဳံးျပလိုက္သည္။
နားလဲ က တစ္ခ်က္ၿပဳံးျပၿပီး..သတို႔သမီးေနရာတြင္ ျပန္ဝင္ထိုင္လိုက္ေတာ့၏။
.............................................................................................................................
၁၇၄၁ ခုႏွစ္၊ စက္တင္ဘာလ။
အင္းဝ ၊ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္။
မဏိပူရဘုရင္ ဂါရစ္နာဝဇ္က သံတမန္အျဖစ္ ေစလႊတ္လိုက္ေသာ စစ္သူႀကီး ခ်န္ဒရာေမာ္နီသည္ အင္းဝဘုရင္ေရွ႕ေတာ္သို႔ ဝင္ေရာက္ရေတာ့မည္ျဖစ္သည္။
ညီလာခံစတင္မည့္ နန္းေတာ္ဥကင္သေဆာင္ေရွ႕ထိ ေဝါစီးသြားခြင့္မရွိသျဖင့္ ခ်န္ဒရာေမာ္နီ မွာ လမ္းေလွ်ာက္ရန္ျပင္ရေတာ့သည္။
ခ်န္ဒရာေမာ္နီက ကသည္းစစ္ေဘာင္းဘီကို ဒူးဆစ္အထိေရာက္ေအာင္ ေခါက္တင္လိုက္၏။
ထို႔ေနာက္ နန္းေတာ္တြင္း ေျခသလုံးခန႔္ေရာက္ေနေသာ ေရထဲသို႔ ဆင္းလိုက္သည္။
၁၇၄၁ တြင္ မိုးမ်ားေန႔စဥ္ရက္ဆက္႐ြာသြန္းသည့္အျပင္ အင္းဝၿမိဳ႕ပတ္ခ်ာလည္ရွိ တာတမံစနစ္မ်ားမွာ အားနည္းလာသျဖင့္ အင္းဝၿမိဳ႕တစ္ၿမိဳ႕လုံး ေရႀကီးလ်က္ရွိသည္။
အျမင့္ပိုင္းတြင္တည္ေဆာက္ထားသည့္ေအာင္နန္းေက်ာ္ဘုံနန္းေတာ္၏ ၾကမ္းျပင္ထိပင္ ေရက ေရာက္ေနသည္။
ခ်န္ဒရာေမာ္နီ ႏွင့္အဖြဲ႕ နန္းေဆာင္ေပၚသို႔ တက္သည္ႏွင့္ ကိုးသိန္းသခင္ ဉီးေဆာင္ေသာ အဖြဲ႕က ႀကိဳဆိုကာ ေနရာခ်ေပးထားၾကသည္။
မၾကာမီပင္ မဟာဓမၼရာဇာဓိပတိသည္ မိဖုရားေခါင္ႀကီး မဟာရာဓိႏၵာဓိပတိေဒဝီ၊ ေျမာက္နန္းမိဖုရားမဟာရာဇာဓိပတိေဒဝီ လင္ဇင္းမိဖုရားတို႔ ၿခံရံလ်က္ ညီလာခံထြက္လာသည္။
သူတို႔၏ ေနာက္တြင္ပါလာသည္က မဏိပူရမင္းသမီး နီလာခမ္း ႏွင့္ သားေတာ္မ်ားျဖစ္ေသာ မင္းသားေမာင္ျဖဴ၊ ေမာင္မင္းတို႔မွာ ရာဇပလႅင္၏ နေဘးအထူးေနရာတြင္ ေနရာယူလိုက္သည္။
မဏိပူရဘုရင္ ဂါရစ္နာဝဇ္က အမေတာ္ ပုပၸါးမင္းသမီး နီလာခမ္းႏွင့္ တူေတာ္မ်ားကို သံတမန္ ခ်န္ဒရာေမာ္နီမွတဆင့္ ျပသေပးရန္ေတာင္းဆိုသျဖင့္ ျပသရျခင္းျဖစ္သည္။
မဏိပူရကသည္းတို႔ က်ဴးေက်ာ္လာခ်ိန္တြင္ နီလာခမ္းႏွင့္ သားေတာ္မ်ားကို အင္းဝဘုရင္မွ အႏၲရာယ္ေပးမေပးကို သိခ်င္သည့္အတြက္ ေတာင္းဆိုျခင္းလည္းျဖစ္သည္။
ခ်န္ဒရာေမာ္နီ သည္ ဂါရစ္နာဝဇ္မွ လက္ေဆာင္ပါးလိုက္သည့္ ခ်ည္ထည္မ်ားကို ဆက္သသည္။
မဟာဓမၼရာဇာဓိပတိကလည္း ဂါရစ္နာဝဇ္အတြက္ ေ႐ႊတဘက္၊ ေ႐ႊအက်ႌ၊ ေ႐ႊထမီ၊ ေ႐ႊေျခနင္းတို႔ကို လက္ေဆာင္အျဖစ္ျပန္ေပးရသည္။
တနည္းအားျဖင့္ တခ်ိန္က အင္းဝလက္ေအာက္ခံျဖစ္ခဲ့ေသာ မဏိပူရမွာ ယခုအခါ အင္းဝႏွင့္ အဆင့္အတန္းတူ ႏိုင္ငံတစ္ခုအျဖစ္ အင္းဝကို အသိအမွတ္ျပဳခိုင္းလိုက္ျခင္းပင္။
သံတမန္အဖြဲ႕ျပန္သြားၿပီးသည့္ေနာက္ မဟာဓမၼရာဇာဓိပတိသည္ ဉယ်ာဥ္ေတာ္အတြင္း အထူးညီလာခံ ေခၚယူခဲ့သည္။
ထိုညီလာခံတြင္ မင္းဆရာဘုန္းႀကီးမ်ားျဖစ္ေသာ အရွင္ညာဏသာရ၊ ေ႐ႊၾကာပင္တိစိဝရိတ္ဆရာေတာ္၊ ကိုးသိန္းသခင္မင္းေခါင္၊ နန္းရင္းဝန္ႀကီး ဉီးၿဖိဳး တို႔ တက္ေရာက္ၾကသည္။
လက္ေအာက္ခံျဖစ္ခဲ့ေသာ မဏိပူရကို တန္းတူရည္တူအဆင့္ျဖင့္ လက္ခံလိုက္ရသျဖင့္ မဟာဓမၼရာဇာဓိပတိ၏ မ်က္ႏွာမွာ သိပ္မေကာင္းလွ။
“ကဲ..ဘေထြးေတာ္...ဟံသာဝတီအေရးေလွ်ာက္စရာရွိတယ္ဆို..ေလွ်ာက္ေစဗ်”
“ဟံသာဝတီနဲ႔ စစ္ဆိုင္ေနတဲ့ မင္းရဲနရာ ဟာ ဓႏုျဖဴခံၿမိဳ႕ကို လက္လႊတ္လိုက္ရၿပီး ျပည္ၿမိဳ႕သို႔ ဆုတ္ခြာလာေၾကာင္းပါ..အရွင္မင္းျမတ္”
“ဒါဆို ဟံသာဝတီသားေတြက ျပည္ထိ ေရာက္ေနၾကၿပီေပါ့”
“မွန္ပါ”
“ဟံသာဝတီက အင္အားဘယ္ေလာက္ရွိမလဲ”
“ငါးေထာင္ဝန္းက်င္ရွိေၾကာင္းပါ”
“ငါတို႔ တပ္ေတာ္ကို သင္းတို႔ ႏွစ္ဆ အင္အားျဖည့္ၿပီး ျပည္ကို ဘေထြးေတာ္ကိုယ္တိုင္ ဉီးေဆာင္ ခ်ီတက္ဖို႔ လုပ္ေခ်ေလ”
သတိုင္းမင္းေခါင္က သက္ျပင္းခ်လိုက္သည္။
“မွန္ပါ..အမိန႔္ေတာ္ကို ပန္ဆင္ၿပီး ေသဝံ့ တိုက္ဝံ့ပါတယ္...ဒါေပမယ့္... ကြၽန္ေတာ္မ်ိဳးတပ္ေတြက ကသည္းစစ္အၿပီး ဟံသာဝတီကို တိုက္႐ိုက္ခ်ီ..အဲ့ဒီကတဆင့္ ျပည္တိုက္ပြဲဆက္လက္ခ်ီတက္နဲ႔ ႏွစ္ႏွစ္ဆက္တိုက္ အနားမရၾကေသးပါ..စစ္ပန္းၿပီး ဖ်ားနာဒဏ္ရာရသူေတြေပါလွပါတယ္..အထူးသျဖင့္ စစ္သည္မ်ားမွာ အနားမရစစ္ခ်ီစစ္တက္လုပ္ေနရလို႔ စိတ္ဓာတ္ေတြ အထူးက်ဆင္းေနပါတယ္..ဒီတႀကိမ္ စုစည္းခ်ီတက္ဖို႔ရာ မလြယ္လွပါ”
“ဒါဆိုလည္း ေထာင္ျပဳ၊ ရာျပဳၿမိဳ႕ေတြ၊ ႐ြာေတြဆီ စစ္သည္အသစ္ ထပ္ဆင့္ဖို႔ လုပ္ေတာ့ေလ..ကိုႀကီးၿဖိဳး..ဒါက ခင္ဗ်ား နန္းရင္းဝန္ႀကီးကိစၥျဖစ္သြားၿပီ”
ဝန္ႀကီးဉီးၿဖိဳး မွာ မ်က္ႏွာမသာမယာ။
“မွန္ပါ...စစ္သည္စစ္သားဆင့္ဆိုစရာမွာလည္း ကုန္သေလာက္ျဖစ္ေနပါၿပီ..ယခု အင္းဝ ေရ႐ူးႀကီးတက္ေနတဲ့အေရးမွာလည္း မာန္ေအာင္တံခါးဆည္ဖို႔တဲ့အခါ ၿမိဳ႕က အသည္သားအုပ္စုကိုပါ အတင္းအၾကပ္လုပ္အားေပးေခၚယူခိုင္းေနရေၾကာင္းပါ”
“အရင္ နန္းသစ္တည္တုန္းက မတၱရာအုပ္ဖိုအစုဘက္က ေကြ႕မြန္ေတြကေရာ ဘယ္ေရာက္ကုန္လို႔လဲ”
ကိုးသိန္းသခင္ႏွင့္ ဉီးၿဖိဳးတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။
“မတၱရာ၊ အုတ္ဖိုက ေကြ႕ မြန္ တစ္စု က အင္းဝထံ အခြန္အတုပ္၊ စစ္သည္ဆင့္ဆိုအားလုံးကို မလိုက္မနာ ေထာင္ထားေနၾကပါၿပီ...ဘုရား”
“ဟာ..ဘယ္လိုကြယ္”
ဉယ်ာဥ္ေတာ္အတြင္း ေက်းငွက္သံမ်ားမွ အပ တိတ္ဆိတ္သြားသည္။
ကိုးသိန္းသခင္ႏွင့္ ဝန္ႀကီးဉီးၿဖိဳးတို႔က အစည္းအေဝးလုပ္ရာ နားေနေဆာင္ၾကမ္းေပါက္မွ ျမင္ေနရသည့္ ေရမ်ားကို သာ ေခါင္းငုံ႔လ်က္ ေငးၾကည့္ၾကသည္။
“ကဲ..ဘေထြးေတာ္နဲ႔ ကိုႀကီးၿဖိဳး..ခင္ဗ်ားတို႔ႏွစ္ေယာက္ကို ကိုယ္ေတာ္က စစ္ေရးနဲ႔ ျပည္ထဲေရး အပ္ႏွင္းထားတာေလ...အခု ကသည္းေတြအေရးၿပီးေတာ့..ဟံသာဝတီအေရးက ေပၚလာတယ္..ဟံသာဝတီအေရးကမၿပီးေသးဘူး..မတၱရာေကြ႕အေရးက စေနၿပီဆိုေတာ့..ကဲ..ဘယ့္ႏွယ့္လုပ္ၾကမလဲ...ဆရာေတာ္တို႔လည္း အႀကံေပးၾကပါဉီး..ဘုရား”
သာသနာပိုင္ဉီးဉာဏသာရက သူ႔ေခါင္းေပၚတြင္ ေဆာင္းထားသည့္ ေ႐ႊေဒါက္ခ်ာႀကီးကို ခြၽတ္လိုက္သည္။
“မင္းတရားက သာသနာျပဳမင္းတရားႀကီးပါ...အင္းဝရဲ႕ သာသနာေတာ္ႀကီး တည္တံ့ဖို႔ ဒကာေတာ္ကို က်ဳပ္ ကူညီမွာပါ....က်ဳပ္လက္ေအာက္မွာ ရဟန္းေတြ သိန္းနဲ႔ခ်ီရွိပါတယ္..ဒီထဲမွာမွ တိုင္းျပည္အတြက္ လိုအပ္ရင္ ကာကြယ္ဖို႔ ဓါးခုတ္၊ လွံထိုး၊ အစီးအနင္းေလ့က်င့္ထားတဲ့ ရွင္ၾကမ္း၊ရွင္ေယာင္တပ္ေတြ က်ဳပ္မွာ ရွိတယ္..သူတို႔အင္အားကို ဒကာေတာ္ သုံးမယ္ဆို အသင့္ပါ”
ေ႐ႊၾကာပင္ရဟန္းလွ ဆရာေတာ္ကမူ တိတ္ဆိတ္ေန၏။
“ဆရာေတာ္က ဘာမ်ား မိန႔္ခ်င္ပါေသးလဲ..ဘုရား”
“က်ဳပ္တို႔က ရဟန္းေတြပါ..ဒကာေတာ္မင္းႀကီး.. စစ္ေရးစစ္ရာဆိုတာ သတၱဝါေတြ ေသၾကမယ့္အေရးကိစၥပါ..ဒီကိစၥမ်ိဳးမွာ ဗုဒၶရဲ႕သားေတာ္ ရဟန္းေတြက ကံသုံးပါးနဲ႔ ပါဝင္ျပဳမူတာမ်ိဳးကို မလုပ္အပ္လို႔ က်ဳပ္က ယူဆပါတယ္....က်ဳပ္မွာ ပရိယတၱိ၊ ပရိပတၱိ သာသနာအတြက္ပဲ အေထာက္အပံ့လုပ္ေပးႏိုင္ပါတယ္..ဒကာေတာ္မင္းႀကီး.. ဒီအခ်ိန္မွာ ဟံသာဝတီ နဲ႔ စစ္ဖက္မျပဳပဲ..ၿငိမ္းခ်မ္းေရးယူထားဖို႔သာ အႀကံေပးခ်င္တာပဲ..ကိုယ့္မွာက အင္အားနဲ႔ ရန္သူမမွ်ျဖစ္ေနတယ္မဟုတ္လားမင္းႀကီး...ဟံသာဝတီနဲ႔ စစ္ရပ္စဲေရး ေၾကာင္းလမ္းခ်င္တယ္ဆိုရင္ျဖင့္ ေရွးက ရွင္ဒိသာပါေမာက္တို႔လိုပဲ က်ဳပ္ သံတမန္အျဖစ္ ကူညီေပးပါ့မယ္ေလ”
ေ႐ႊၾကာပင္ဆရာေတာ္၏ စကားေၾကာင့္ သာသနာပိုင္ ၏ မ်က္ႏွာမွာတင္းခနဲျဖစ္သြား၏။
“ဒီမယ္..ဒကာေတာ္မင္းႀကီး..တိုင္းျပည္ နဲ႔ သာသနာေတာ္အတြက္ ရွင္ဘုရင္က လိုအပ္လာရင္ ရွင္ဘုရင္ခ်ီးျမႇင့္ေျမႇာက္စားထားတဲ့ က်ဳပ္တို႔ ရဟန္းေတြမွာ တာဝန္ရွိတယ္... ဒီလိုအေရးေပၚေနတဲ့ကာလထဲ...ေအးတရားေတြေဟာေနမယ့္အစား....႐ုပ္ရည္ကေလးဗန္းျပ..မိဖုရားေဆာင္ထဲ ဆြမ္းခံႂကြေနၾကတာ သာေကာင္းပါတယ္ေလ”
မင္းဆရာေတာ္ႏွစ္ပါးအၾကားမွ စကားအသြားအလာကို မဟာဓမၼရာဇာဓိပတိ ရိပ္မိလိုက္သည္။
“မွန္လွပါ....ဆရာေတာ္တို႔ ႏွစ္ပါးလုံးရဲ႕ အဆုံးအမကို တပည့္ေတာ္ ခံယူနာယူပါတယ္..အရွင္ျမတ္တို႔ဘုရား...ကဲ..ဘေထြးေတာ္နဲ႔ နန္းရင္းဝန္ႀကီး..ေတြ႕ၿပီမဟုတ္လား..က်ဳပ္ ဆရာေတာ္တို႔ေတြက အေရးအေၾကာင္းဆို အားကိုးရပါတယ္လို႔...သာသနာပိုင္ဆရာေတာ္ဆီက အင္အား ဘယ္ေလာက္မ်ား ရႏိုင္မလဲဆိုတာ အမိန႔္ရွိပါဉီး”
“က်ဳပ္မွာက ပုခန္းႀကီးရွင္ပ်ိဳတပ္ အင္အား (၅၀၀၀) ရႏိုင္ပါတယ္..ဒကာေတာ္”
“ကဲ..ဘယ္လိုလဲ.ဘေထြးေတာ္..ဒီေလာက္အင္အားရရင္ ဟံသာဝတီအေရး ခ်ီလို႔ရမယ္ မဟုတ္လား”
“သူတို႔က ရဟန္းေတြပါ....ကိုယ္ေတာ္..သင့္ေတာ္ပါ့မလား”
သာသနာပိုင္ ဦးဉာဏသာရက တဟားဟားေအာ္ရယ္လိုက္သည္။
“ဒီမယ္..ကိုးသိန္းသခင္...သူတို႔ဟာ က်ဳပ္စုေဆာင္းထားတဲ့ အင္အားစုေတြပဲ...ရဟန္းလို ဝတ္ထားၾကေပမယ့္...ဓားခုတ္၊လွံထိုး၊ အစီးအနင္းမွာေတာ့ ၾကမ္းေပ့ရမ္းေပ့ေတြႀကီးပဲဗ်..က်ဳပ္က သူတို႔ကို ရွင္ေယာင္တပ္၊ ရွင္ၾကမ္းတပ္ဆိုၿပီးနာမည္ေပးထားေသးတာ.. အတိုက္အခိုက္တင္မဟုတ္..ေသေသာက္စားတာၿပိဳင္ဉီးမလား..ခင္ဗ်ား စစ္သည္ေတြ မလုပ္ႏိုင္တာကို က်ဳပ္ တပ္က လုပ္ျပလိမ့္မယ္.”
ကိုးသိန္းသခင္က မာနျဖင့္ ဖ်ဥ္းခနဲျဖစ္သြားသည္။
“အရွင္ဘုရားက ရဟန္းတန္မဲ့..ဒီလို လူသူစုေဆာင္းၿပီးတပ္ေထာင္ထားတာ အံဩမိပါတယ္ဘုရား..ဘယ္လိုမ်ား အႀကံအစည္းေတြပါလိမ့္”
“ဘေထြးေတာ္..စကားဒီမွာတင္ရပ္ပါ..သာသနာပိုင္ဆရာေတာ္ဘုရားဟာ က်ဳပ္ ရဲ႕ ထီးနန္းကို ကာကြယ္ဖို႔ ဒီအခ်ိန္မွာ ကူညီေပးေနတာ..ဆရာေတာ္နဲ႔ က်ဳပ္ၾကား အထင္မွားေစမယ့္ ေလွ်ာက္တင္မႈမ်ိဳးေတြ မလုပ္မိေစနဲ႔...ဘေထြးေတာ္အတြက္ပါ မေကာင္းဘူး”
ကိုးသိန္းသခင္က ေခါင္းငုံ႔သြားသည္။
“ကဲ..အမိန႔္ေတာ္ခ်မယ္...ကိုးသိန္းသခင္မင္းေခါင္အေနနဲ႔ ဟံသာဝတီအေရးမွာ စစ္အင္အားအတြက္ သာသနာပိုင္ဆရာေတာ္နဲ႔ မျပတ္တိုင္ပင္ၿပီး လူသူစုေဆာင္းတပ္ဖြဲ႕ေရးကိုလုပ္ပါ.... ကိုႀကီးၿဖိဳး က ၿမိဳ႕ေတာ္ ေရက်ၿပီးတာနဲ႔...ဆရာေတာ္အရွင္ျမတ္မ်ားကို ဘြဲ႕တံဆိပ္ေတာ္မ်ား ဆပ္ကပ္လႉဒါန္းပြဲ ေနျပည္ေတာ္မွာ က်င္းပဖို႔ စီစဥ္ထားပါ..ဘြဲ႕ေပးရမယ့္ ဆရာေတာ္စာရင္းကိုေတာ့ သာသနာပိုင္ႀကီး ဆီက အပါးႏွစ္ဆယ္၊ ေ႐ႊၾကာပင္ဆရာေတာ္ဆီက ႏွစ္ဆယ္ နဲ႔ က်ဳပ္ဆရာေတာ္ရင္း အရွင္ခဆီကလည္း ႏွစ္ဆယ္ စာရင္းေတာင္းလိုက္ပါ..ၿပီးရင္ ၿမိဳ႕တြင္းပြဲလန္းသဘင္ေတြ အလႉႀကီးေတြ ေပးၿပီး ျပည္သူအမ်ားကို ေပ်ာ္႐ႊင္ပြဲမ်ား လုပ္ေပးရန္ ေ႐ႊတိုက္ဝန္၊ ၿမိဳ႕ဝန္ေတြနဲ႔ စည္းေဝးၿပီး ငါကိုယ္ေတာ္ဆီ တင္ျပေစ..ဒါပဲ..ညီလာခံ စဲၿပီ..ခဏေန အႀကီးေတာ္ဝန္ႀကီးပေဒသရာဇာ နဲ႔ အစုအငမ္းစာရင္းသြင္းဖို႔ ကိစၥေတြ စည္းေဝးစရာရွိတယ္..ေမာင္မင္းတို႔ ျပန္ႏိုင္ၿပီ..ဆရာေတာ္ရွင္သူမ်ားလည္း ႂကြႏိုင္ပါၿပီ..ဘုရား”
နန္းေတာ္အျပင္သို႔ သူတို႔ ထြက္လာၾကသည္။
ကိုးသိန္းသခင္က ေဝါယာဥ္ေပၚသို႔ တက္ရန္ျပင္လိုက္၏။
“ဒကာႀကီး မင္းေခါင္”
ေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္၏။
ေ႐ႊၾကာပင္ဆရာေတာ္က ကိုးသိန္းသခင္ထံသို႔ ေလွ်ာက္လာသည္။
“ခုန ရွင္ဘုရင္ေရွ႕မွာ ဒကာႀကီး ေလွ်ာက္လိုက္တဲ့ ကိစၥ မွာ က်ဳပ္လည္း အလိုတူပါတယ္”
“ဘာကိုလဲ ဘုရား”
“စစ္ပြဲထဲမွာ ရဟန္းတပ္ေတြဝင္တိုက္မယ့္ကိစၥေပါ့...အခု သာသနာပိုင္ရဲ႕ တပ္ေတြအေၾကာင္း ဒကာႀကီး ဘယ္ေလာက္သိထားလဲ”
“တပည့္ေတာ္လည္း သူေျပာမွ သိရတာပါ..ဘုရား”
ေ႐ႊၾကာပင္ဆရာေတာ္က သက္ျပင္းခ်လိုက္သည္။
“လြန္ခဲ့တဲ့ ကသည္းအေရး ဒကာႀကီးတို႔ ရႈပ္ေထြးေနခ်ိန္ကတည္းက ဘာသာျခားကသည္းေတြ သာသနာကို ထိပါးတာအေၾကာင္းျပဳၿပီး သူက လူသူစည္း႐ုံးေနတာ၊ သတ္ရဲျဖတ္ရဲတဲ့လူဆိုးလူမိုက္ေတြကိုခ်ည္းစုစည္းထားတာ..ၿပီးေတာ့ သူတို႔အားလုံးကို သကၤန္းဝတ္ေပးၿပီး ရဟန္းအရည္ခြံၿခဳံခိုင္းထားတယ္..ေခါင္းေဆာင္ကလည္း မင္းဆရာသာသနာပိုင္ကိုယ္တိုင္ျဖစ္ေနေတာ့ ဘာမွ မေျပာရဲမဆိုရဲၾကဘူး...သူ႔ ရွင္ေယာင္၊ရွင္ပ်က္ေတြက အခု နယ္ေတြမွာ အေတာ္တန္ခိုးထြားလာၾကတယ္..ေက်ာက္ဆည္ပဲႀကီးခင္းက ဟိန္ဘုန္းႀကီးဓါးျပဂိုဏ္းဆိုလည္း အေတာ္ကို ႀကီးထြားလာေနၿပီ..သူ႔ကိုလည္း သာသနာပိုင္ႀကီးကပဲ ကာကြယ္ေပးထားတယ္”
“တပည့္ေတာ္က စစ္ေရးစစ္ရာမွာပဲ အခ်ိန္ကုန္ေနေတာ့ ျပည္ထဲေရး အဲ့ဒီေလာက္မသိပါဘူး..ဘုရား..ဒီေလာက္ေတာင္ျဖစ္ေနၿပီလား”
“သာသနာပိုင္ကိုယ္တိုင္က ဘုရင္နဲ႔ေပါင္းၿပီး ဒီလိုျဖစ္ေနေတာ့ က်ဳပ္က သာသနာအတြက္ စိတ္ပူတာပါ.. လူေတြကလည္း တျဖည္းျဖည္းနဲ႔ က်ဳပ္တို႔ ရဟန္းေတြအေပၚ အျမင္ေစာင္းလာၾကလိမ့္မယ္..အခု စစ္ေရးအတြက္ သာသနာပိုင္တပ္ေတြကို ထည့္သုံးတာကို တားမရရင္ေတာင္..သူတို႔ကို သကၤန္းခြၽတ္ခိုင္းပါ...သူတို႔က နဂိုကတည္းက ရဟန္းအစစ္ေတြလည္းမဟုတ္ဘူး..တိုက္ေရးခိုက္ေရးကို သကၤန္းတလႊားလႊားနဲ႔ လုပ္ၾကတဲ့အခါ အက်ိဳးထက္ အျပစ္က ပိုမ်ားလိမ့္မယ္...ဒကာႀကီး ကို တစ္ခုေမတၱာရပ္ခံခ်င္တာက ရွင္ဘုရင္ရဲ႕ ငယ္ဆရာေတာ္ ဆရာေတာ္ဗုဒၶကုရၤ နဲ႔ ဒကာႀကီးနဲ႔က ငယ္စဥ္က ရာဇဝင္စာေပေလ့လာလိုက္စားဖက္ေတြဆို..ဒီကိစၥအေရးေတြ သူ႔ကို ေလွ်ာက္တင္ၾကည့္ပါလား... သာသနာပိုင္ႀကီး လုပ္ခ်င္တာေတြ ေလွ်ာက္လုပ္ေနတာေတြ.. တားဖို႔ လိုၿပီ..ဒကာႀကီး”
“တပည့္ေတာ္မွာက ဒီပတ္ခ်ာလည္စစ္ပြဲေတြအကုန္လုံးကို ေခါင္းခံထားရတာပါ..ဘုရား..သာသနာေတာ္ကိစၥက အရွင္ဘုရားတို႔ ရဟန္းအခ်င္းခ်င္းပဲ ေျပာၾကဆိုၾကပါ..ေလာေလာဆယ္ေတာ့...အင္းဝကို ကာကြယ္ဖို႔ တပည့္ေတာ္ လုပ္စရာေတြ ရွိေနေသးလို႔..ခြင့္ျပဳပါဉီး..ဘုရား”
ကိုးသိန္းသခင္က လက္အုပ္ခ်ီကန္ေတာ့လိုက္ၿပီး ေဝါယာဥ္ေပၚသို႔ တက္သြားေတာ့သည္။
..............................................................................................................
၁၇၄၁ ေအာက္တိုဘာလ။
မိုးတြင္းကာလကုန္ဆုံးခဲ့ၿပီ။
ကိုးသိန္းသခင္ သတိုးမင္းေခါင္ ဗိုလ္ခ်ဳပ္ျပဳလ်က္ မင္းလွေက်ာ္ထင္၊ မင္းထင္မင္းလွ၊ ေနမ်ိဳးစည္သူ တို႔ ဉီးစီးသည့္ အင္အား (၁၀၀၀၀) ပါ အင္းဝ တပ္သည္ ျပည္ၿမိဳ႕သို႔ ခ်ီတက္လာခဲ့သည္။
ထိုတပ္တြင္ သာသနာပိုင္၏ ပုခန္းရွင္ေယာင္တပ္လည္း လိုက္ပါလာခဲ့၏။
ထိုသို႔ ျပည္တြင္ ဟံသာဝတီႏွင့္ စစ္ဆိုင္ထားစဥ္ သတိုးသီဟသူဉီးစီး အင္အား (၂၀၀၀)ရွိတပ္မွာ ေတာင္ငူမွတဆင့္ ဟံသာဝတီသို႔ ခ်ီတက္သည္။
ဟံသာဝတီတပ္မ်ား ျပည္ဘက္သို႔ အာ႐ုံစိုက္ေနစဥ္ သတိုးသီဟသူတပ္မွ ဟံသာဝတီကို ဝန္းရံမည္။
ထိုအခါ ျပည္ဘက္မွ ဟံသာဝတီတပ္မ်ား ၿမိဳ႕ကို ကာကြယ္ရန္ ဆုတ္ခြာလွ်င္ ကိုးသိန္းသခင္တပ္မ်ားက ဒလၾကမ္းလိုက္လံတိုက္ခိုက္ကာ ဟံသာဝတီကို ဝိုင္းပတ္ရန္ စစ္ေရးအစီအမံေရးဆြဲထား၏။
သို႔ေသာ္ စစ္ေရးသတင္းေပါက္ၾကားသြားခဲ့ၿပီး ေတာင္ငူမွ ခ်ီတက္လာေသာ သတိုးမင္းေခါင္တပ္မွာ ကတုတ္႐ြာအေရာက္တြင္ ဟံသာဝတီတပ္၏ ဆီးႀကိဳေခ်မႈန္းျခင္းကို ခံခဲ့ရသည္။
သတိုးသီဟသူတပ္မွာ အက်အဆုံးမ်ားျဖင့္ ဆုတ္ခြာခဲ့ၿပီး လူ(၃၀၀)သာ ျပည္ၿမိဳရွိ တပ္မ်ားႏွင့္ လာေရာက္ပူးေပါင္းႏိုင္ေတာ့သည္။
ဟံသာဝတီနန္းတြင္းတြင္ ဆင္က်ားရွင္သမိန္ေထာ ႏွင့္ အမတ္ခ်ဳပ္ႀကီးဗညားဒလ ဉီးေအာင္လွ တို႔ သမက္ ေယာကၡမမ်ား အားၿပိဳင္မႈမ်ားရွိေနခဲ့သည္။
သို႔ေသာ္ျငား အင္းဝမွ စစ္ျပဳလာသည့္အခါ ဆင္က်ားရွင္သမိန္ေထာ ႏွင့္ လွ်ိဳ႕ဝွက္ဆက္သြယ္ထားေသာ ေအာ္စလိုအဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီမွ အာဖရိကန္လူမည္းေၾကးစားစစ္သားအခ်ိဳ႕ႏွင့္ လက္နက္မ်ား အကူအညီေပးခဲ့ၾကသည္။
၁၇၄၁ ႏွစ္ကုန္ပိုင္းအထိ အင္းဝတပ္မ်ားမွာ ေရွ႕သို႔ ဆက္လက္မခ်ီတက္ႏိုင္ပဲ ျပည္ၿမိဳ႕တြင္ သာ ခံတပ္ႀကီးတည္လ်က္ ရပ္တည္ေနၾကရေတာ့သည္။
ယင္းအေျခအေနတြင္ ဟံသာဝတီသည္ ျပည္ၿမိဳ႕ေအာက္ဘက္ရွိ ျမန္မာျပည္ေအာင္ပိုင္းေဒသမ်ားတြင္ စစ္အင္အားစုေဆာင္းခ်ိန္ ေကာင္းစြာရလာခဲ့သည္။
ဆိပ္ကမ္းခြန္၊ ကုန္သြယ္ခြန္မ်ားကို စနစ္တက်ရရွိေသာေၾကာင့္ ႏွစ္ႏွစ္တာအတြင္း ေငြေၾကးအင္အားေတာင့္တင္းလာသည္။
အာဖရိကန္ေၾကးစားတပ္မ်ား၊ ဆိပ္ကမ္းမ်ားမွတဆင့္ဝင္ေရာက္လာသည္ ေပၚတူဂီေၾကးစားစစ္သည္တပ္မ်ားကိုဟံသာဝတီဗိုလ္ခ်ဳပ္မ်ားလက္ေအာက္တြင္ ငွားရမ္းအသုံးျပဳလာႏိုင္သည္။
ေအာ္စတင္အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီႏွင့္ သမိန္ေထာဘုရင္ၾကား ဆက္ဆံေရးတိုးတက္လာၿပီး သမိန္ေထာဗုဒၶကိတၱိမွာလည္း နန္းတြင္းတြင္ ဩဇာတက္လာခဲ့သည္။
ဗညားအဲ၊ဗညားေက်ာ္၊ဗ်တၱေက်ာ္ စေသာ သမိန္ေထာ ဘက္ေတာ္သား မြန္စစ္ဗိုလ္ခ်ဳပ္မ်ား အင္အားေကာင္းလာသည္။
ဉီးေအာင္လွ၏ အုပ္စုမွာလည္း အင္းဝစစ္ေရးက အေရးႀကီးေနသည့္အတြက္ နန္းတြင္း ဩဇာအာဏာၿပိဳင္ဆိုင္မႈမ်ားကို အာ႐ုံမစိုက္ပဲ စစ္ပြဲတြင္သာ အာ႐ုံစိုက္ေနခဲ့သည္။
ျပင္သစ္တို႔ႏွင့္ ဆက္ဆံေရးမွာ ေခတၱမွ် ေအးစက္သြားခဲ့ၿပီျဖစ္ေသာေၾကာင့္ အဂၤလိပ္တို႔ႏွင့္ ဆက္ဆံေရးထူေထာင္ထားႏိုင္သည့္ သမိန္ေထာဘုရင္ မွာ ပိုမိုအေရးပါလာခဲ့၏။
၁၇၄၂ ေဖေဖာ္ဝါရီလတြင္ လူ(၄၀၀၀)ပါေသာ ဟံသာဝတီတပ္ႀကီးသည္ ေတာင္ငူေၾကာင္းအတိုင္း အင္းဝသို႔ ခ်ီတက္လာသည္။
ေတာင္ငူၿမိဳ႕တြင္းတြင္လည္း အင္းဝဘက္ေတာ္သားႏွင့္ ဟံသာဝတီဩဇာခံလိုသူမ်ား ဟု ႏွစ္ျခမ္းကြဲေနၾကသည္။
အင္းဝမွာမူ အဓိက ႏိုင္ငံျခားဝင္ေငြျဖစ္သည့္ သန္လ်င္၊ ပဲခူး၊ မုတၱမဆိပ္ကမ္းတို႔ကို စြန႔္လႊတ္ကာ ကုန္းတြင္းပိတ္ျဖစ္သြားသျဖင့္ ျပည္သူလူထုထံမွ အခြန္ေငြကိုသာ အားကိုးေနရေတာ့သည္။
ေငြအင္အား၊ လူအင္အား ခြၽတ္ၿခဳံက်ေနသည္။
ျပည္သူလူထုမွာ စစ္မႈထမ္းလိုက္ပါရသည့္အျပင္ ရွင္ဘုရင့္အခြန္အတုပ္မ်ား တိုးျမႇင့္လာျခင္း၊ စစ္စရိတ္ အိမ္ေထာင္စုအလိုက္ ပိုမိုေထာက္ပံ့လာရျခင္းေၾကာင့္ မဟာဓမၼရာဇာဓိပတိကို စိတ္ပ်က္ေနၾက၏။
ေတာင္ငူသည္ အင္းဝ ႏွင့္ ဟံသာဝတီၾကား နယ္စပ္ၿမိဳ႕ျဖစ္ေနသည့္အတြက္ အခ်ိန္တိုအတြင္း တိုးတက္ဖြံ႕ၿဖိဳးလာေသာ ဟံသာဝတီ၏ သတင္းမ်ားကိုလည္းၾကားေနရသည္။
ဟံသာဝတီဘုရင္သည္လည္း ေညာင္ရမ္းမင္းဆက္ေသြးပါသူ ျဖစ္သည္ဟူေသာ အခ်က္ကလည္း ေတာင္ငူသားတို႔ကို ေတြေဝေစသည္။
ေနာက္ဆုံးတြင္ ဟံသာဝတီေထာက္ခံသူမ်ားက ၿမိဳ႕တံခါးကို ဖြင့္ေပးလိုက္ၾကသည္။
အင္းဝမွ ခန႔္အပ္ထားသည့္ အုပ္ခ်ဳပ္သူမ်ား၊ အင္းဝေထာက္ခံသည့္တပ္မ်ားမွာ အေစာပိုင္းကတည္းက ေတာင္ငူကို စြန႔္ခြာကာ အင္းဝသို႔ ဆုတ္ခြာသြားၾကၿပီျဖစ္သည္။
ဟံသာဝတီတပ္မ်ားမွာ ေတာင္ငူကို ရၿပီးေနာက္ ကိုးခ႐ိုင္ေတာင္ဘက္တခြင္ တံတားဉီး၊ သင္ပန္း၊ ပင္းယ၊ ကူတိုးဆိပ္ တိုင္ေအာင္ တပ္မ်ား တည္ထားသည္။
ဧရာဝတီျမစ္႐ိုးတစ္ေလွ်ာက္တြင္လည္း ေတာင္တြင္းႀကီးအထိ ဟံသာဝတီေရတပ္က စိုးမိုးထား၏။
ဟံသာဝတီတပ္မ်ားသည္ ကိုးသိန္းသခင္၏ တပ္ႀကီးတည္ရာ ျပည္ၿမိဳ႕ကို ပတ္ဝိုက္ကာ အင္းဝႏွင့္ အနီးဆုံးသို႔ တစ တစ ခ်ဥ္းနင္းလာၾကၿပီျဖစ္သည္။
.............................................................................................................................
“နင္..ဒီတစ္သက္ မယားပူမိလို႔ ၿပီးဉီးမွာလား..ငတြန္ငယ္”
ျပည္ၿမိဳ႕႐ိုး ခံတပ္ေပၚမွဆင္းလာေသာ ကိုးသိန္းသခင္က အဝတ္ဗလာေက်ာေျပာင္ျဖင့္ ဒူးေထာက္ေနသည့္ ငတြန္ ကို ႀကိမ္းေမာင္းလိုက္သည္။
“နင္ ေမာ္ၾကည့္စမ္း....အခု ငါ့ေဘးက သူကို သိသလား”
ငတြန္က ေမာ့ၾကည့္လိုက္သည္။
ကိုးသိန္းသခင္ေဘးတြင္ လက္အုပ္ခ်ီလ်က္ ရပ္ေနသည့္ လူငယ္တစ္ဉီး။
ငတြန္ ေသခ်ာစိုက္ၾကည့္သည္။
“မသိပါ..ကိုယ္ေတာ္”
“ဟဲ့..တေလာက ခ်စ္ညိဳႀကီးတို႔ ညီအစ္ကို နင့္ကို အင္းဝအရက္ဆိုင္ထဲမွာ လာေခၚေတာ့..နင္မလိုက္လာပဲ...သူပါလာတာေလ...အခုဆို သူ႔ လက္ရည္အစြမ္းကို ျမင္သာလို႔ ငါက အင္းဝေလွတပ္မွာ တပ္မႉးရာထူးေပးလိုက္ၿပီ.....သူက ရာမညသား..သူလိုလူေတာင္ အင္းဝ အေရးမွာ အမႈထမ္းဖို႔ ငါ့နားေရာက္လာေနတာ...နင့္လို လူစြမ္းလူစရွိတဲ့ ငါ့အိမ္ေတာ္ပါသားက ေသြးေၾကာင္ေနတာေတာ့..မဟုတ္ေသးဘူးကြဲ႕..”
ငတြန္က ဆတ္ခနဲျဖစ္သြားသည္။
“ကြၽန္ေတာ္မ်ိဳး ေသြးမေၾကာင္တတ္တာ..ကိုယ္ေတာ္အသိပါ”
“ေအးေလကြယ္...ငါသိလို႔လည္း နင့္ကို အင္းဝကေန ျပည္ကို ငါ့လူစုနဲ႔ ရေအာင္ ေခၚလာရတာပ..အခုဆို ငါတို႔အရွင္သခင္ အင္းဝဘုရင္ဟာ အႏၲရာယ္ႀကဳံေနၿပီ..ေမာင္မင္း တို႔ လူငယ္လူစြမ္းေတြ အကူအညီလိုေနတယ္”
“ကြၽန္ေတာ္မ်ိဳး..စစ္မတိုက္လိုေသးပါ”
“ဘာလဲ..နင့္မယား ပုေထြး ဟံသာဝတီသားေတြကို မတိုက္ခ်င္ဘူးေပါ့ေလ..ငတြန္ငယ္..ငါ လုပ္လိုက္ရ ဇတ္ျပတ္ေတာ့မယ္”
“မဟုတ္ပါဘုရား..စိတ္ေတြ ရႈပ္ေထြးေနလို႔ပါ”
“ဟဲ့..ေယာက္်ားေကာင္းဆိုတာ..ကိုယ့္ျပည္ကိုယ့္႐ြာ ကိုယ့္အရွင္ အတြက္ အလိုရွိခ်ိန္မွာ အသင့္ရွိမွေပါ့...အင္းဝ ဟာ နင္တို႔ ငါတို႔ မ်က္စိေရွ႕မွာတင္ ရန္သူေတြ မီးတိုက္တာ ခံရေတာ့မွာလား”
ငတြန္ ေတြေဝေနသည္။
“ငခ်စ္ညိဳႀကီးက လက္်ာပ်ံခ်ီတဲ့.....ေဟာ့ဒီ ငဗညားက ဗညားက်န္းေတာ တဲ့..အခုပဲ အင္းဝဘုရင္က ဘြဲ႕ထူးေတြေပးလိုက္ၿပီ...သူတို႔ လည္း တိုက္ဖို႔ အသင့္ျဖစ္ေနၿပီ..နင္ကေရာ..ဒီငတြန္ဘဝနဲ႔ပဲ လူတကာ လက္အုပ္ခ်ီေနေတာ့မွာလား..ဒါေၾကာင့္လည္း ဟံသာဝတီသူျဖစ္ေနတဲ့ လြီဇာမငယ္က...”
“ေတာ္ၿပီ..အဲ့ဒါေတြ..ဆက္မေျပာနဲ႔ေတာ့.ကိုယ္ေတာ္..အင္းဝအတြက္ က်ဳပ္စစ္တိုက္မယ္ဆို ရၿပီမဟုတ္လား”
ကိုးသိန္းသခင္က ကြမ္းတံေတြးတို႔ကို ပစ္ခနဲ ေထြးလိုက္သည္။
“နင္အခုခ်က္ခ်င္း ငါ့ဆီက ဗိုလ္အျဖစ္ ခန႔္စာကို ယူ...အင္းဝကို ေလွႏွင့္ဆန္ေခ်...ဟိုမွာ မင္းရဲမင္းလွငယ္ထံ ခိုဝင္.. လက္်ာပ်ံခ်ီငခ်စ္ညိဳ တို႔နဲ႔ ပူးေပါင္းၿပီး..အင္းဝကို ကာကြယ္ေလ..နင့္လက္ရည္ကို ငါယုံစားတယ္ဆိုတာ နင္ေသခ်ာမွတ္ထား...နင့္ကို အင္းဝအေရာက္ ေဟာ့ဒီက ဗညားက်န္းေတာ ရဲ႕ ေလွတပ္ေတြက လိုက္ပို႔ေပးလိမ့္မယ္”
ခက္ေဇာ္
ဖတ်ပြီးပါပြီ။
ReplyDeleteDone chaper 4
ReplyDeleteDone,🐬
ReplyDeleteဟ🐬🐬🐬
DeleteDone 🤍
ReplyDeleteDone 💪
ReplyDeleteGood
ReplyDeleteDone
ReplyDeleteဉတွေပဲ သုံးထားတယ်နော် တကယ်ဆို ဦးအောင်လှ၊ဦးအောင်ဇေယျဆိုပြီးတော့ ဥသုံးရမှာလေ
ReplyDelete