AVA 1740s S2 (အခန်း ၅)
AVA 1740s (Season 2)
အခန်း(၅)
...............................................
“ကိုးသိန်းသခင်တပ် ပြည်ကနေ ဆင်းမလာဘူးဆို ဘယ့်နှယ်လုပ် ကြာကြာ ခုခံကြမလဲ...ကျုပ်တို့မှာရှိတဲ့ မြို့စောင့်တပ် အင်အားက ငါးထောင်ကျော်ကျော်ပဲရှိတာ...ကိုယ်တော်ကြီးတို့ နန်းတော်ထဲဝင်ပြီး လျှောက်တင်ပေးကြပါဉီး”
တပ်မှူးသတိုးမင်းငယ်၏ အသံက စိတ်မသက်မသာဖြင့်။
ဘုရင်၏ အဘိုးလေး၊ ဘရီးတော်များတော်စပ်ပြီး အသက်အရွယ်ကြီးရင့်နေသည့်ဖြစ်သည့်မြင်းမှူးမင်းသားကြီး (၉)ပါးမှာ နှုတ်ဆိတ်နေကြ၏။
သူတို့အားလုံးတွင် ဟံသာဝတီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရန် အကြပ်အတည်းကြီးတစ်ခု တွေ့နေကြသည်။
ထိုအချိန်တွင် တပ်မှူးတစ်ဉီးဖြစ်သော မင်းရဲမင်းလှငယ် က အင်းဝမြေပုံတစ်ချပ်ကို ကိုင်လျက် ဝင်လာသည်။
မင်းရဲမင်းလှငယ်၏ နောက်ဘက်တွင် ငတွန်လည်း ပါလာ၏။
လူစုထဲတွင်ရှိသော ချစ်ညိုက ငတွန်ကို တွေ့သောအခါ မျက်ခုံးတစ်ချက်တွန့်လိုက်သည်။
“ကိုးသိန်းသခင်က စာတစ်စောင်နဲ့ လူတစ်ယောက် အင်းဝကို ပို့လိုက်တယ်”
အားလုံး၏ မျက်နှာများ ဝင်းလက်သွားကြ၏။
မင်းရဲမင်းလှငယ်က သတိုးမင်းငယ်နဘေးရှိ သလွန်အလွတ်တွင် ဝင်ထိုင်လိုက်သည်။
“ဒါကတော့...မုဆိုးခြုံဗိုလ်ငတွန်တဲ့..ကိုးသိန်းသခင်က သေနင်္ဂဗျူဟာတစ်ခုနဲ့အတူ သူ့ကို ပို့လိုက်တာ...အင်းဝကို ကာကွယ်တဲ့အခါ အသုံးဝင်ပါလိမ့်မယ်တဲ့”
အားလုံးက ငတွန်ကို ဝိုင်းကြည့်လိုက်သည်။
“စာထဲမှာတော့ စစ်အင် အသေးစိတ်တွေ ခင်းကျင်းပြထားတယ်...အဓိက ကတော့ ဟံသာဝတီတပ်တွေ အင်းဝကို ဝိုင်းရံခံနေရတာကို မြို့ရိုးထဲကနေ ခံစစ်နဲ့ မနေပဲ တိုက်စစ်နဲ့ ထွက်ပြီး ထိုးဖောက်ဖို့ ပါပဲ”
“ဟာ..ဖြစ်ပါ့မလား..တို့မှာ ရှိတဲ့ အင်အားနဲ့”
“ဗိုလ်မင်းတို့..ဟံသာဝတီတပ်က အင်းဝတစ်ခုလုံးကို ဝိုင်းရံထားတာ မဟုတ်ဘူး..သူ့ရဲ့ တပ်အင်အားအများဆုံးစုစည်းထားတဲ့နေရာက ကန်ရိုးတံခါးပေါက်တည့်တည့်မှာပဲ..အဲ့ဒီမှာ ဟံသာဝတီက တပ်မှူး ဗျတ္တကျော် ထိုင်တယ်...သူတို့ဟာ ကျုံးတိမ်တဲ့ ကန်ရိုးတံခါးကနေ အင်းဝကို လုပ်ကြံမယ်လို့ ကိုးသိန်းသခင်က သေချာပေါက်ပြောပါတယ်...ဒီအတွက် သူ့သေချာ စစ်အင်ခင်းထားပါတယ်...အခါတော်အချိန်လည်း သေချာပါပါတယ်..အခါရောက်တာနဲ့...အင်းဝ၊ ပြည် နဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်းထဲ ပိတ်မိနေတဲ့ အင်းဝတပ်တွေ တပြိုင်တည်း ပြန်တိုက်ကြပါလိမ့်မယ်”
မင်းရဲမင်းလှငယ်၏ စကားကို အားလုံးသဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
“ဒီတော့... စစ်အင်ကို ဒီနှယ့် ခင်းမယ်...ကန်ရိုးတံခါး နဲ့ မနီးမဝေးမှာ ရှိတဲ့ မိုင်းပွန်တံခါး ကနေ မင်းကြီးမင်းထင်တပ်၊ မြင်းဝန်တပ်၊ ပသီစိန်ပြောင်းတပ်တွေထွက်ပြီး စိန်ပြောင်းတပစ်အကွာကနေ ဟံသာဝတီတပ်တွေကို ပစ်ပြီး စစ်မျှားမယ်။ သူတို့ အဲ့ဒီဘက်ကို တပ်အင်အား ဖြန့်ခွဲထွက်လာရင်...ညောင်စောက်တံခါးကနေ ဘုရင်ဂျီအမြှောက်တပ်က သုံးပိဿာဝင် အမြှောက်ကြီး လေးလက်နဲ့ တပြိုင်တည်း ဟံသာဝတီရဲ့ တောင်ဘက် ရှိရာကို ပစ်မယ်..အဲ့ဒီအခါ သူတို့ တောင်ဘက်နဲ့ မြောက်ဘက် စစ်မျက်နှာတစ်ဖက်ကို ဖြန့်နေချိန်မှာ...ကန်ရိုးတံခါးမှာ တည်နေတဲ့ စစ်ဉီးကို ဝင်တိုက်ဖို့အတွက် အင်အားလိုတယ်...လူတစ်သောင်းပြည့်အောင်ဖြည့်ရမယ်..လိုအပ်ရင်.. မိဖုရားဆောင် အမှုထမ်း နဲ့ စားတော်ချက်ဆောင်က အင်အားတွေပါ ခေါ်ဖြည့်ရမှာပဲ..ကန်ရိုးတံခါးတပ်ဉီးက ထွက်တိုက်ဖို့ အမာခံဗိုလ် အဖြစ် ခင်ဉီးမြင်းစီး လက်ျာပျံချီ ငချစ်ညို နဲ့ မုဆိုးခြုံဗိုလ် ငတွန်ကို ရွေးပေးလိုက်တယ်....လှည်းဉီးသဏ္ဏန်ထွက်တိုက်ရမည့်..အဲ့ဒီ တပ်ဉီးဟာ ဟံသာဝတီတပ်မှူး ဗျတ္တကျော်ရှိမယ့်နေရာကို အသဲအမဲ အနီးကပ် ဝင်ရောက်ခုတ်ထစ်ဖို့လိုတယ်..ဒါမှ သူတို့ ကွပ်ကဲမှုပျက်မှာ”
မင်းရဲမင်းလှငယ်က ချစ်ညိုနှင့် ငတွန်ကို ကြည့်လိုက်သည်။
“ဘယ့်နှယ့်လဲ..ဖြစ်နိုင်ရဲ့လား”
“ဖြစ်ပါတယ်..တပ်မှူး”
“ကျွန်တော်မျိုး အမိန့်နာခံလျက်ပါ”
နှစ်ဉီးလုံးဆီမှ အဖြေရလိုက်သည်။
“ကဲ...မနက်ဖြန်မနက် အာရုဏ်တက်ကို ထွက်တိုက်မယ်..တပ်တွေ အသင့်ပြင်ဖို့ အဆင့်ဆင့်နာခံကြပါ”
၁၇၄၂ မတ်လ ၁၃ ရက်နေ့။ နံနက်ခင်း။
ဟံသာဝတီတပ်တို့၏ အဘက်ဘက်မှ ဝန်းရံခြင်းကို ခံနေရတော့ အင်းဝနန်းတော်သည် ခံစစ်မှ တိုက်စစ်သို့ ရုတ်တရက်ပြောင်းလဲကာ ထိုးဖောက်ခဲ့ပြီဖြစ်သည်။
အင်းဝမြို့ပြင်တွင်ရှိနေသာ ဟံသာဝတီတပ်များမှာ ရုတ်တရတ် ကျရောက်လာသော စိန်ပြောင်းသံများ၊ အမြှောက်ကြီးသံများကြောင့် ဘေးဘယ်ညာဆီသို့ တပ်များ ဖြန့်ကျက်လိုက်ကြသည်။
ညောင်စောက်တံခါးမှ အားပြင်းသော အမြှောက်ကြီးတို့၏ ဒဏ်ကို အလူးအလဲခံကြရသည်။
ထိုအချိန်တွင် ကန်ရိုးတံခါးပွင့်သွားပြီး ငချစ်ညို၊ ငတွန်တို့၏ တပ်များက လှည်းဦးသဏ္ဍန် တရှိန်ထိုး ထိုးဖောက်တိုက်ခိုက်ကြ၏။
အင်းဝ၏ တံခါးပေါက်သုံးခုမှ ရုတ်တရက်တပြိုင်တည်း ထွက်တိုက်ခိုက်လာသဖြင့် ဟံသာဝတီတပ်မှာ ဖရိုဖရဲဖြစ်လာရသည်။
ဟံသာဝတီမှ အမာခံမြင်းစစ်သည်တပ်မှာ ပြိုကွဲသွားခဲ့ပြီး မြင်းစစ်သည် (၅၀)ကျဆုံးကာ ကျန်သူများမှာ အရှင်အဖမ်းခံရသည်။
ဟံသာဝတီတပ်မှူးဗျတ္တကျော်မှာ ပြည်ဘက်မှ ကိုးသိန်းသခင်၏ တပ်များပါ ပြန်လည်ချီတက်လာနိုင်သည်ဟု ယူဆလိုက်သည်။
စစ်နှစ်ဖက်ညှပ်မည့်အရေးကြောင့် တံတားဉီး၊ ပင်းယ၊ ကူတိုးဆိပ်များမှ တပ်များကိုပါ သိမ်းဆည်းပြီး လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားကြသည်။
တချိန်တည်းတွင်ပင်...အင်းဝရေတပ်ဗိုလ်မှူးအသစ် ဗညားကျန်းတော၏ တပ်များက မြစ်ကြောင်းတစ်လျှောက် ဟံသာဝတီရေတပ်များကို ထိုးဖောက်တိုက်ခိုက်ကြသည်။
ဗညားကျန်းတောမှာ ဟံသာဝတီတပ်များနှင့်အတူ လိုက်ပါခဲ့ဖူးသူဖြစ်သဖြင့် ဟံသာဝတီတပ်၏ အားနည်းချက်ကို ကောင်းစွာနိုင်နင်းသည်။
ပြည်မြို့တွင် ခံတပ်ပြုလုပ်ထားသော ကိုးသိန်းသခင်တပ်များကလည်း ဆုတ်ပြေးလာသော ဟံသာဝတီရေတပ်တပ်ကို နှစ်ဖက်ညပ်တိုက်ခိုက်ကြသည်။
ဆုတ်ခွာသွားသော ဟံသာဝတီရေတပ်မှ တိုက်လှေ အစီး (၁၀၀)ကျော်ကိုသိမ်းဆည်းမိခဲ့သည်။
စစ်ရေးချိန်ခွင်ညှာသည် ပြောင်းပြန်ပြောင်းလဲခဲ့ပြီဖြစ်သည်။
ဟံသာဝတီတပ်များမှာ နယ်စပ်အထိ ပြန်လည်ဆုတ်ခွာသွားခဲ့၏။
ဟံသာဝတီတပ်များကို အောင်မြင်စွာ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည့် အင်းဝတပ်မှူးများ၊ အမှုထမ်းများကို မဟာဓမ္မရာဇာဓိပတိသည် မြို့စား၊ရွာစားနှင့် ဘွဲ့အမည်များ ပေးအပ်ခဲ့သည်။
ကိုးသိန်းသခင် သည် ပြည်မှ အင်းဝနန်းတော်သို့ ခေတ္တပြန်ရောက်လာခဲ့၏။
ကန်ရိုးတံခါးတိုက်ပွဲတွင် အမာခံဗိုလ်အဖြစ် တပ်ဉီးက ဉီးဆောင်ခဲ့သူနှစ်ဉီးထဲမှ ငချစ်ညိုအား ခင်ဉီးမြို့စားအဖြစ် ချီးမြှင့်ခဲ့သည်။
နောက်ထပ် အမာခံဗိုလ်ဖြစ်သော ဗိုလ်တွန်မှာမူ..တိုက်ပွဲများ အေးချမ်းသည်နှင့် အင်းဝမြို့မှ ထပ်မံပျောက်ကွယ်သွားပြန်တော့၏။
“စစ်တော့ဝင်တိုက်ပေးသွားတယ်..ဘွဲ့ထူးဂုဏ်ထူးပေးတော့ ပျောက်သွားပြန်တယ်...ဒီအကောင်ဟာ ဘယ့်နှယ့်သတ္တဝါလဲ”
ငတွန့်အား မည်သည့်နေရာတွင်မှ ရှာမရကြောင်းသိရသည့်အခါ ကိုးသိန်းသခင်က ထို့နှယ့်သာ ရေရွတ်လိုက်တော့သည်။
...............................................................................................
၁၇၄၂ ဧပြီလ။ ဟံသာဝတီ။
“ကြောက်တယ်..လူသတ်သမားကြီးလာနေပြီ...လူသတ်သမားကြီးလာနေပြီ..သွား..သွား”
မြတ်ဝါက လက်ထဲတွင်ရှိသော စားလက်စငှက်ပျောသီးဖြင့် လက်ျာဗိုလ်အား ပစ်ပေါက်ကာ ထွက်ပြေးသွားသည်။
လွီဇာ၏ ခြံဝန်းအတွင်းသို့ ဝင်လာသော လက်ျာဗိုလ်မှာ ရုတ်တရတ် ငှက်ပျောသီးဖြင့် ပစ်ခံလိုက်ရသဖြင့် မြတ်ဝါကို တအံတဩလိုက်ကြည့်နေ၏။
“မြတ်ဝါ..ညီမ..သတိထားလေ..သတိထား”
မယ်ဖူးက မြတ်ဝါကို သိုင်းဖက်ကာ မြတ်ဝါနေသည့် တဲအိမ်လေးထဲသို့ ခေါ်သွင်းသွား၏။
အသံများကြောင့် လွီဇာ အိမ်ပေါ်မှ ဆင်းလာသည်။
“ဘာကိစ္စရှိလို့လဲ....လက်ျာဗိုလ်”
“တလောက ခင်ဗျားပြောထားတယ်..သန်လျင်မှာ အရက်ဂိုထောင်ထပ်ဆောက်ဖို့ မြေနေရာလိုတယ်ဆို...အခု အာမေးနီးယန်းသူဌေး အာကွီးလားက သူ့မြေကွက်ရောင်းဖို့ရှိတယ်လို့ ပြောသံကြားတယ်...အဲ့ဒါလာအသိပေးတာ”
“ဟုတ်လား...သန်လျင်ဘယ်နားလောက်လဲ”
“ဝက်သာတံခါး နားပဲ”
“အင်း..အဲ့ဒီနားဆို ဆိပ်ကမ်းနဲ့လည်း နီးတော့ မဆိုးပါဘူး”
“ဒါနဲ့ သူဌေးအာကွီးလား က ဘယ်မှာလဲ...ဟံသာဝတီမှာလား”
“အင်း..သန်လျင်မှာ..လွီဇာ..ကျုပ် သဘက်ခါ မနက် သန်လျင်က ရေဝန်ကင်းတပ်ကို သွားစစ်ဖို့ ရှိတယ်... ခင်ဗျားလိုက်ကြည့်ချင်တယ်ဆို ကျုပ်တပ်နဲ့ လိုက်ခဲ့ပါလား”
“အင်း..ကျွန်မ လိုက်ခဲ့မယ်လေ”
“ခုန..ကလေးမက ဉီးသာအောင်ရဲ့ သမီးကလေးမဟုတ်လား”
“အင်း..ဟုတ်တယ်လေ..စိတ်ကသိပ်မမှန်ရှာဘူး..သနားစရာပါ”
“ဒါကြောင့်...ကျုပ်ကို မြင်တော့အလန့်တကြားအော်ဟစ်ပြီး ပြေးတာကို..ငှက်ပျောသီးနဲ့ တောင်ပစ်ပေါက်သွားသေးဗျာ”
လက်ျာဗိုလ်က သူ၏ စစ်ဝတ်စုံတွင် ပေနေသည့် ငှက်ပျောသီးအချို့ကို သုတ်လိုက်သည်။
“အင်း...သူက...စစ်ဝတ်စုံနဲ့လူတွေမြင်ရင် အခြေအနေပိုဆိုးတယ်..သူ့မိသားစုကို မြို့လယ်ခေါင်မှာ မီးရှို့သတ်ခဲ့တာ စစ်ဝတ်စုံနဲ့လူတွေမဟုတ်လား”
“အင်း..ခြေထောက်တစ်ဖက်ကလည်း ဒဏ်ရာရထားတာလား”
“ခြေထောက်တစ်ဖက်က ကျွန်မတို့ မင်းရဲအောင်နိုင်ကို လုပ်ကြံတဲ့အရေးမှာ ရွာသားတွေပစ်တဲ့ ဒူးလေးမှား မှန်ထားတာ....အကြောထိသွားလို့ သိပ်မသန်ရှာတော့ဘူး..ကျွန်မပဲ သူ့ကို စောင့်ရှောက်ထားတယ်...သူ့ရုပ်သူ့ရည် သူ့အရွယ်လေးနဲ့ ဒီတိုင်းပစ်ထားရင် အန္တရာယ်များတယ်.မဟုတ်လား”
“ဟူး..သနားစရာလေးပါလား”
လက်ျာဗိုလ်က မြတ်ဝါဝင်သွားသည့် တဲအိမ်လေးကို လှမ်းကြည့်လိုက်သည်။
မယ်ဖူးက တဲအိမ်ထဲမှ ပြန်ထွက်လာသည်။
“အခြေအနေဘယ်လို ရှိလဲ..မယ်ဖူး”
“ကျွန်မ ချော့သိပ်လိုက်တာ...အိပ်ပျော်သွားပြီ..မမလွီဇာ”
“ကျုပ်သွားကြည့်လို့ရမလား”
“ရပါတယ်..သူတော့ မနိုးစေနဲ့ပေါ့...နိုးရင်တော့ ရှင့်မြင်တာနဲ့ လန့်အော်မှာ”
သူတို့ တဲအိမ်လေးဆီသို့ လျှောက်သွားသည်။
လက်ျာဗိုလ်က တံခါးအကွယ်မှနေပြီး အတွင်းသို့ ချောင်းကြည့်လိုက်၏။
တဲတွင်းမှ ဝါးကွပ်ပြစ်ပေါ်တွင် မြတ်ဝါမှာ ပကတိကလေးငယ်တစ်ယောက်အလား အိပ်မောကျနေတော့သည်။
“သန်လျင် ဖာသာနာရနီတို့ကျောင်းမှာ ဘရာသားအင်ဂျလို က အနောက်တိုင်းဆေးခန်းဖွင့်ပြီး ဆေးကုပေးနေတယ်....သူ့ကို ပြကြည့်ရင်ကောင်းမယ်ထင်တယ်”
“ကျွန်မတို့ ဒီမှာလည်း မွန်သမားတော်တွေ၊ အာမေးနီးယန်းဆေးဆရာတွေနဲ့ ပြကြည့်နေတာပါပဲ..အခြေအနေက မထူးပါဘူး”
“ဘရာသာအင်ဂျလိုက အနောက်တိုင်းဆေးပညာမှာလည်း ဘွဲ့ရခဲ့တာကို သိရတယ်..သန်လျင်မှာတော့ သူ့ဆေးခန်းက နာမည်ကြီးနေတယ်....အင်းဝစစ်ပွဲက ဒဏ်ရာရ၊ ဖျားနာလာကြတဲ့ စစ်သည်တွေတောင် အဲ့ဒီအထိ သွားပြကြတယ်.လွီဇာ..သွားပြကြည့်တာကောင်းမယ်...သဘက်ခါ သန်လျင်သွားရင် သူလေးကို ပါ ခေါ်ခဲ့ပါလား... ကျုပ်လှေထဲမှာ ပေါင်းမိုးနဲ့ အခင်းအကျင်းသေချာလုပ်ပေးထားပါ့မယ်”
“အခုတောင် ရှင့်ကို စစ်ဝတ်စုံနဲ့ မြင်တော့ သူတော်တော်ကြောက်နေတာ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်..ကျုပ် သေချာစီစဉ်ပါ့မယ်”
.........................................................................
ပဲခူးမြစ်ထဲ။
တိုက်လှေလေးစီး ဝန်းရံလာသော ရွက်တပ်လောင်းလှေကြီးမှာ တရွေ့ရွေ့။
မြတ်ဝါက လှေဉီးတွင်ထိုင်ကာ ခြေတွဲလောင်းချလျက် သီချင်းများ တကြော်ကြော် ဆိုလာသည်။
ထူးထူးခြားခြား သန်လျင်သို့ ထွက်ခွာနေသည့် လက်ျာဗိုလ်၏ တပ်သားများနှင့် လှေတော်သားများမှာ အရပ်ဝတ်များသာ ဝတ်ဆင်ထားကြသည်။
လက်ျာဗိုလ်က ဟံသာဝတီမှ ယူလာသော မြတ်လေးပန်းကုံးကလေးကို မြတ်ဝါထံသို့ သွားကာပေးလိုက်သည်။
“သဘောကောင်းတဲ့ ဉီးရီး..ကျေးဇူးတင်ပါတယ်ရှင့်”
လက်ျာဗိုလ်က သဘောတကျပြုံးလိုက်သည်။
“ဟိုရက်ကလို ငှက်ပျောသီးစာ မိမှာစိုးလို့...လာဘ်ထိုးနေတာလား..ဗိုလ်မင်းရဲ့”
လွီဇာက ခပ်တည်တည်ဖြင့် နောက်လိုက်၏။
မြတ်ဝါနှင့် ခပ်လှမ်းလှမ်း ရှိ ရွက်တိုင်နားသို့ သူတို့ လျှောက်လာကြသည်။
“အင်း...သူ့ကို မြင်လိုက်ရတာ ကျုပ် အတော်စိတ်ထိခိုက်တယ်..လွီဇာ...ဟိုတုန်းက ဉီးသာအောင်တို့ မိသားစုကိုလည်း မျက်စိထဲ မြင်ယောင်တယ်...နားထွင်းပွဲမှာတုန်းက သူက တကယ့် တော်ဝင်မင်းသမီးလေးလိုပဲလေ...နောက် လပိုင်းအကြာမှာပဲ..ဒီဘဝရောက်သွားတာမဟုတ်လားဗျာ”
လက်ျာဗိုလ်ရော၊ လွီဇာပါ စကား ရှေ့မဆက်မိကြတော့။
မြတ်ဝါက လက်ျာဗိုလ်ပေးသည့် မြတ်လေးပန်းကုံးကလေးများကို ခေါင်းတွင်ခွေပေါင်းထားပြီး လှေပေါ်တွင် ခုန်ပေါက်ဆော့ကစားနေသည်။
တစ်ရက်အကြာတွင် သန်လျင်သို့ လှေများ ဆိုက်ကပ်ကြ၏။
ရေဝန်စမစ် က လက်ျာဗိုလ်၏ တပ်ကို လာရောက်ကြိုဆိုသည်။
“ကုန်သည်ကြီးလည်း ပါလာတာကိုး...သန်လျင်မြို့က ကြိုဆိုပါတယ်ဗျာ”
လွီဇာက စမစ်ကို အလိုက်သင့်သာ ပြုံးပြလိုက်သည်။
“သူတို့က လူနာလာပြတာကြတာပါ...ကဲ..လွီဇာ..ကျုပ်ကတော့ ရေဝန် နဲ့ ဟံသာဝတီက ပါးလိုက်တဲ့ အမှာကိစ္စတွေရှိလို့ ပါ...ညနေတော့ ဖာသာနာရေနီတို့ကျောင်းကို လာခဲ့ပါဉီးမယ်”
လွီဇာ နှင့် မြတ်ဝါတို့မှာ ရေဝန်စမစ် စီစဉ်ပေးသော လှည်းယာဉ်ဖြင့် သန်လျင် ဘာနာဘိုက်ဘုရားကျောင်းသို့ ရောက်ရှိလာကြသည်။
ဖာသာဂါလစ်ဇီယာ၊ ဖာသာမွန်ဒယ်လီ နှင့် ဖာသာဂျွန်ဒယ်လ်ကွန်ဒေ တို့မှာ ဟံသာဝတီတွင်ပင်နေထိုင်ကြသည်။
ဘရင်ဂျီဘုန်းတော်ကြီးများအတွက် သမိန်ထောဗုဒ္ဓကိတ္တိက ဟံသာဝတီတွင် မြေကွက်တစ်ကွက်ပေးထားပြီး ဘုရင်ဂျီဘုရားကျောင်းတစ်ခုနှင့် နေအိမ်ဆောက်လုပ်ကာ နေထိုင်ကြသည်။
သန်လျင်တွင်မူ ဖာသာနာရေနီ နှင့် ဘရာသာအင်ဂျလိုတို့သာ ကျန်ရစ်၏။
ထို့ကြောင့် လွီဇာတို့တွက် သန်လျင်ဘာနာဘိုက်ကျောင်းတော်မှာ တည်းခိုရန်အဆင်ပြေစေတော့သည်။
လက်ျာဗိုလ်ပါ ပါလာသည်ဆိုသဖြင့် ဖာသာနာရေနီမှာ အထူးပျော်ရွှင်နေ၏။
လွီဇာ နှင့် မြတ်ဝါတို့အတွက် နေရာထိုင်ခင်းများကို သေချာစီစဉ်ပေးသည်။
နေ့လည်ခင်းတွင် ဘရာသာအင်ဂျလိုက မြတ်ဝါ၏ ခြေထောက်မှ အကြောဒဏ်ရာကို အရင်ဆုံး ကြည့်ရှုပြီး ကုသပေးသည်။
ထိုသို့ကုသပေးနေစဉ်အတွင်း ဘရာသာအင်ဂျလို သည် မြတ်ဝါနှင့် စကားပြောဆိုကာ စိတ်ရောဂါ အခြေအနေကို စူးစမ်းလေ့လာခဲ့သည်။
ထို့နောက်..ဘရာသာအင်ဂျလို က မြတ်ဝါ၏ ရောဂါအခြေအနေကို လွီဇာအား ရှင်းပြနေသည်။
“အပျိုဖြစ်ခါစ..စိတ်ရောကိုယ်ပါ ပြောင်းလဲနေတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ သူ့မိသားစုရဲ့အဖြစ်ဆိုးကြီးကို သူ့ဉီးနှောက်က မေ့မရတာ...အဲ့ဒီအဖြစ်ကြီးကို သူ့ဉီးနှောက်ထဲ လက်ခံတာတဝက်၊ လက်မခံတာ တဝက်ဖြစ်နေတယ်...သူ့မှာ အာရုံစိုက်စရာကိစ္စများများစားစားလည်းမရှိတော့ ဒါကိုပဲ ပြန်တွေးမိတယ်..ပြန်မြင်လာတယ်..အဲ့ဒါကို ဖျောက်ဖို့ သူ့ပုံမှန်ဘဝထဲကို ပြန်လာဖို့ အချိန်တစ်ခုတော့ လိုတယ်....သူ့ကို အမြဲတမ်း တစ်ယောက်တည်း အထီးကျန်မထားပဲ..အနီးကပ်စကားပြောဖော်လိုတယ်”
ထိုအချိန်တွင် ဖာသာနာရေနီ နှင့် လက်ျာဗိုလ် က အနောက်မှ ရောက်လာ၏။
“သူ့ကို ကုသဖို့က ဆေးဝါးမရှိဘူးလား...ဘရာသာ”
လက်ျာဗိုလ်က မြတ်ဝါကို ကြည့်ရင်း ဝင်မေးလိုက်သည်။
“အီတလီမှာတော့ အမျိုးသမီးစိတ်ကစဉ့်ကလျားကုထုံးမှာသုံးတဲ့ တင်ပါးဆုံကွင်းကို လှုပ်ခါကုရတဲ့ ကုထုံးရှိတယ်။ ဂရိတွေ လက်ထက်ကတည်းက သုံးခဲ့တာပဲ။ ဒါပေမယ့်..ဒီမှာက အဲ့ဒီကိရိယာရဖို့ က ခက်တယ်။ ကောင်းတာကတော့ သူ့ကိုတစ်ယောက်တည်း အထီးမကျန်စေပဲ..အမြဲတမ်းစကားပြော ပေးရမယ်။ ဘာတွေပြောရမယ်..ဘယ်လိုဆိုတာ..ကျုပ်အသေးစိတ် ထပ်ပြောပေးပါ့မယ်”
“ဘာမှ မပူပါနဲ့..လွီဇာ..ကျုပ်တို့လည်းရှိနေတာပဲ ဟံသာဝတီမှာ ရှိနေတဲ့အချိန်...မြတ်ဝါဆီ မကြာခဏလာပြီး အဖော်ပြု စကားပြောပေးလို့ရပါတယ်”
လက်ျာဗိုလ်က ဘုရားကျောင်းပန်းခြံထဲတွင် လိပ်ပြာကလေးများကို ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့် လိုက်ဖမ်းနေသော မြတ်ဝါကို ကြည့်ကာ ပြောလိုက်သည်။
ဖာသာနာရေနီ က လက်ျာဗိုလ်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်၏။
လက်ျာဗိုလ်က မြတ်ဝါကို ကြည့်နေရာမှ ဖာသာနာရေနီဘက်လှည့်လိုက်သည့်အခါ အကြည့်ချင်း ဆုံသွားကြသည်။
“သူက သနားစရာမိန်းကလေးတစ်ယောက်ပါ..နာရေနီ”
.........................................................................................................................
လွီဇာ နှင့် မြတ်ဝါတို့ ဟံသာဝတီသို့ ပြန်ရောက်သည့်အခါ ထူးခြားသည့် သတင်းက စောင့်ကြိုနေသည်။
ဇင်းမယ်နယ်မှ လန်ဖုံးမြို့စား ဖရာ့အုံခမ်း က သမီးတော်နှင်းသီရိစိတ္တာ ကို သမိန်ထောဗုဒ္ဓကိတ္တိထံ မကြာမီ လာရောက်ဆက်သတော့မည်ဖြစ်သည်။
ထိုအချိန်က ဇင်းမယ်၏ လက်အောက်ခံဖြစ်သော လန်ပန်း၊ လန်ဖုံး တို့နှင့် လာအိုနယ်စပ်မှ လွမ်ပရာဘွန်တို့မှာ သီးခြားမြို့ပြနိုင်ငံများကဲ့သို့ ခွဲခြားနေထိုင်နေကြသည်။
အင်အားနည်းနေသောဇင်းမယ်သည် အယုဒ္ဓယအကူအညီဖြင့် လန်ပန်းနှင့် လန်ဖုံးတို့ကို သူ၏ အာဏာစက်ပိုမိုလွှမ်းမိုးရန် ကြိုးစားနေသည်။
လန်ဖုံးမြို့စားသည် ဇင်းမယ်နှင့် အယုဒ္ဓယ၏ ရန်မှ ကာကွယ်နိုင်ရန်အတွက် အင်းဝကိုပင် စစ်ပြိုင်တိုက်ခိုက်နေနိုင်သည့် ဟံသာဝတီဘုရင်သစ်အား မဟာမိတ်ပြုရန် ကြိုးစားခြင်းလည်းဖြစ်သည်။
သမိန်ထောဗုဒ္ဓကိတ္တိမှာ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားမှ သမီးတော်ဆက်သလာခြင်းအတွက် အထူးပင် ဂုဏ်ယူတက်ကြွနေသည်။
၁၇၄၂ အင်းဝမှ ပြန်လည်ဆုတ်ခွာလာပြီးသည့်နောက် အောက်မြန်မာပြည် တောင်ငူအထိသည် ဟံသာဝတီပိုင်နက်ဖြစ်လာခဲ့သည်။
ဟံသာဝတီ၏ နန်းတွင်းအခြေအနေသည်လည်း တဖြည်းဖြည်းပြောင်းလဲလာနေသည်။
သမိန်ထော က သူ့အား နန်းတင်ရာတွင် ပါခဲ့သည့် အင်းဝအမှုထမ်း အခွန်ဝန် ဉီးကို ကို အရာမှ ချထားလိုက်ပြီး ထိုနေရာတွင် ဗညားအဲ ကို အစားထိုးလိုက်သည်။
ထိုအခြေအနေက ဉီးအောင်လှတို့၏ ဩဇာကို စတင်လျော့ချလိုက်ခြင်းလည်းဖြစ်သည်။
ဟံသာဝတီနန်းတွင်းတွင် အဓိက အမတ်ကြီး ခြောက်ဉီးတွင် ဗညားဒလနှင့် သူ၏ ဘက်တော်သားဖြစ်သော သမိန်စောဗြ၊ စောဗြဆာ၊ စောဗြဟတ္ထိရာဇာ ခေါ် ဉီးမောင် တို့ နှင့် သမိန်ထောဘုရင်က ထပ်မံခန့်အပ်လိုက်သော ဗညားကျော် ၊ ဗညားအဲ တို့ပါဝင်လာသည်။
ထိုအခြေအနေတွင် ဇင်းမယ်၊ လန်ဖုံးမြို့စားက သမီးတော်ဆက်သမည့်ကိစ္စကလည်း အရေးပါလာခဲ့သည်။
သမိန်ထောသည် လန်ဖုံးမြို့စား၏ သမီးတော် နှင်းသီရိစိတ္တာ ကို ကြိုဆိုရန် ဟံသာဝတီမြို့တော်ကို အခမ်းနားဆုံး ဖြစ်အောင် ပြင်ဆင်နေသည်။
နန်းတော်တွင်လည် ဇင်းမယ်မင်းသမီးနေမည့်အဆောင်တော်ကို ဒတ်ချ်ဗိသုကာများ ၊ မွန်ဗမာလက်သမားများစွာဖြင့် အသေအချာတည်ဆောက်နေ၏။
ဟံသာဝတီသို့ ရောက်ရောက်ချင်းပင် ရှင်ဘုရင်က ခေါ်ယူသဖြင့် လွီဇာမှာ နန်းတွင်းသို့ ဝင်ရောက်ရတော့သည်။
ဗြဲတိုက်ဆောင်တွင် သမိန်ထောဗုဒ္ဓကိတ္တိကို ဝင်ရောက်ခစားရသည်။
သမိန်ထောသည် ချည်သားရင်ကွဲအင်္ကျီနှင့် ရွှေခြည်ထိုးပိုးပုဆိုးတို့ကို ခပ်ရိုးရိုးဝတ်စားထား၏။
လွီဇာက ဝပ်တွားလျက် ခစားသည့်အခါ သမိန်ထောက လက်တွင်ဝတ်ထားသော နီလာလက်စွပ်ကို ချွတ်ကာ ကမ်းပေးလိုက်သည်။
“ကုန်သည်ကြီးလွီဇာအတွက် ငါကိုယ်တော်က ချီးမြှင့်တာပါ”
“ဘာအတွက်များလဲ ဘုရား”
“လာမယ့် လပြည့်မတိုင်မီမှာ ဇင်းမယ်က ကညာဆက်တဲ့ ကိုယ်စားလှယ်တော်ကြီးများရောက်လာမယ်.. ငါကိုယ်တော်ရဲ့ အကြည်တော် လန်ဖုန်းမြို့စားအတွက် အကောင်းဆုံးဘရန်ဒီတွေ လက်ဆောင်ပဏ္ဏာပါးလိုတယ်..လွီဇာ..မယ်မင်းဆီမှာ အနောက်တိုင်းထုတ် ဘရန်ဒီတွေထက အကောင်းဆုံးတွေ ကိုယ်တော်လိုချင်တယ်”
“ရွှေဖဝါးတော်အောက် အချိန်မီ လာရောက်ဆက်သပါ့မယ်..ဘုရား”
“အိမ်း..ကောင်းပေကွယ်...ဇင်းမယ်မင်းသမီး နှင်းသီရိစိတ္တာ ဟာ အင်မတန်ချောမောလှပပြီး ယဉ်ကျေးတယ်လို့ အထောက်တော်များထံက သတင်းရထားတယ်...သူ့အတွက်လည်း အိန္ဒိယပြည်ဖြစ် အထည်အလိပ်များ မှာယူလိုတယ်..စက်အနားပါတကျွန်းထမီတွေလည်း လိုချင်တယ်..မယ်မင်း ကုန်သည်များထံမှမှာယူပေးနိုင်ပါ့မလား”
“မှန်ပါ..အလိုရှိရာ ရောက်ရပါစေမယ်..ဘုရား”
“ကဲ...ဒါဆိုလည်း လိုအပ်သည့် ငွေကြေးစာရင်းကို ရွှေတိုက်ဝန်နဲ့ တိုင်ပင် ညှိနှိုင်းကြစေပေါ့”
လွီဇာက ဗြဲတိုက်ဆောင်မှ အထွက်တွင် ခပ်လှမ်းလှမ်းမှ ဉီးအောင်လှကို မြင်လိုက်ရသည်။
“အမတ်ချုပ်ကြီး... ဘုရင့်ဆီ အခစားဝင်တယ်ထင်ရဲ့”
ဉီးအောင်လှက မဲ့ပြုံးပြုံးလိုက်သည်။
“ခင်ဗျားဘုရင်က နောက်မိဖုရားအတွက်ပဲ အလုပ်များနေတာပါ..ကျုပ်နဲ့လည်း တွေ့ချိန်မရပါဘူး..လွီဇာရဲ့.ကျုပ် ခင်ဗျားကို စောင့်နေတာ”
“ဘာများရှိလို့လဲ...အမတ်ချုပ်ကြီး”
“ဂမုန်း ကိစ္စပေါ့”
“ဂမုန်း..ဘာဖြစ်လို့ပါလိမ့်”
“ရှင်ဘုရင် မိဖုရားသစ်ဆက်သခံမယ်သတင်းကြားကတည်းက သူ့အဆောင်တော်ထဲက အပြင်ကို လုံးဝမထွက်တော့ဘူး..ကျုပ်အိမ်ကိုလည်း မလာတာ..အဲ့ဒီကတည်းကပဲ...အဲ့ဒါ လွီဇာ ကိုဆို သူအတွေ့ခံမှာပါ...သေချာရှင်းပြပေးပါ..ကိုယ်က မင်းမိဖုရားဖြစ်နေပြီ..ရှင်ဘုရင်ဆိုတာ ဒီလိုပဲ မိဖုရားတွေဆက်သလာရင် လက်ခံရ၊ တင်မြှောက်ရ၊ တော်ကောက်ရတာပဲမဟုတ်လား...ဒါကိုပဲ ဂမုန်းက ရှင်ဘုရင်ကိုလည်း အတွေ့မခံ၊ ကျုပ်ကိုလည်း အတွေ့မခံနဲ့ စိတ်ဆိုးနေတာ...အဲ့ဒါကို လွီဇာက သေချာရှင်းပြရင် သူနားလည်မှာပါ”
“အခု သူဘယ်မှာလဲ”
“ပဒုမ္မသနပလ္လင်ဆောင်မှာ....ဂမုန်းက ရင့်ကျက်သင့်ပြီ..မိဖုရားခေါင်ကြီးဖြစ်နေပြီမဟုတ်လား”
“အင်း..သူလည်းခံစားချက်တွေတော့ရှိမှာပေါ့”
“ဘယ်လိုနေနေ ကျုပ်သမီးဟာ မိဖုရားခေါင်ကြီးပါ..လွီဇာ..ဒီနေရာကိုတော့ ဘယ်သူမှ လုလို့မရပါဘူး...လုယူမယ့်သူရှိလာရင်တောင်...သူ့အဖဖြစ်တဲ့ အမတ်ကြီဗညားဒလက ဘယ်သူ့ကိုမှ လုခွင့်ပြုမှာမဟုတ်ဘူး...အဲ့ဒီစကားလေးကိုပါ ပြောဖြစ်အောင် ပြောခဲ့ပေးပါ”
ခက်ဇော်
AVA 1740s (Season 2)
အခန္း(၅)
...............................................
“ကိုးသိန္းသခင္တပ္ ျပည္ကေန ဆင္းမလာဘူးဆို ဘယ့္ႏွယ္လုပ္ ၾကာၾကာ ခုခံၾကမလဲ...က်ဳပ္တို႔မွာရွိတဲ့ ၿမိဳ႕ေစာင့္တပ္ အင္အားက ငါးေထာင္ေက်ာ္ေက်ာ္ပဲရွိတာ...ကိုယ္ေတာ္ႀကီးတို႔ နန္းေတာ္ထဲဝင္ၿပီး ေလွ်ာက္တင္ေပးၾကပါဉီး”
တပ္မႉးသတိုးမင္းငယ္၏ အသံက စိတ္မသက္မသာျဖင့္။
ဘုရင္၏ အဘိုးေလး၊ ဘရီးေတာ္မ်ားေတာ္စပ္ၿပီး အသက္အ႐ြယ္ႀကီးရင့္ေနသည့္ျဖစ္သည့္ျမင္းမႉးမင္းသားႀကီး (၉)ပါးမွာ ႏႈတ္ဆိတ္ေနၾက၏။
သူတို႔အားလုံးတြင္ ဟံသာဝတီတပ္မ်ားကို ရင္ဆိုင္တိုက္ခိုက္ရန္ အၾကပ္အတည္းႀကီးတစ္ခု ေတြ႕ေနၾကသည္။
ထိုအခ်ိန္တြင္ တပ္မႉးတစ္ဉီးျဖစ္ေသာ မင္းရဲမင္းလွငယ္ က အင္းဝေျမပုံတစ္ခ်ပ္ကို ကိုင္လ်က္ ဝင္လာသည္။
မင္းရဲမင္းလွငယ္၏ ေနာက္ဘက္တြင္ ငတြန္လည္း ပါလာ၏။
လူစုထဲတြင္ရွိေသာ ခ်စ္ညိဳက ငတြန္ကို ေတြ႕ေသာအခါ မ်က္ခုံးတစ္ခ်က္တြန႔္လိုက္သည္။
“ကိုးသိန္းသခင္က စာတစ္ေစာင္နဲ႔ လူတစ္ေယာက္ အင္းဝကို ပို႔လိုက္တယ္”
အားလုံး၏ မ်က္ႏွာမ်ား ဝင္းလက္သြားၾက၏။
မင္းရဲမင္းလွငယ္က သတိုးမင္းငယ္နေဘးရွိ သလြန္အလြတ္တြင္ ဝင္ထိုင္လိုက္သည္။
“ဒါကေတာ့...မုဆိုးၿခဳံဗိုလ္ငတြန္တဲ့..ကိုးသိန္းသခင္က ေသနဂၤဗ်ဴဟာတစ္ခုနဲ႔အတူ သူ႔ကို ပို႔လိုက္တာ...အင္းဝကို ကာကြယ္တဲ့အခါ အသုံးဝင္ပါလိမ့္မယ္တဲ့”
အားလုံးက ငတြန္ကို ဝိုင္းၾကည့္လိုက္သည္။
“စာထဲမွာေတာ့ စစ္အင္ အေသးစိတ္ေတြ ခင္းက်င္းျပထားတယ္...အဓိက ကေတာ့ ဟံသာဝတီတပ္ေတြ အင္းဝကို ဝိုင္းရံခံေနရတာကို ၿမိဳ႕႐ိုးထဲကေန ခံစစ္နဲ႔ မေနပဲ တိုက္စစ္နဲ႔ ထြက္ၿပီး ထိုးေဖာက္ဖို႔ ပါပဲ”
“ဟာ..ျဖစ္ပါ့မလား..တို႔မွာ ရွိတဲ့ အင္အားနဲ႔”
“ဗိုလ္မင္းတို႔..ဟံသာဝတီတပ္က အင္းဝတစ္ခုလုံးကို ဝိုင္းရံထားတာ မဟုတ္ဘူး..သူ႔ရဲ႕ တပ္အင္အားအမ်ားဆုံးစုစည္းထားတဲ့ေနရာက ကန္႐ိုးတံခါးေပါက္တည့္တည့္မွာပဲ..အဲ့ဒီမွာ ဟံသာဝတီက တပ္မႉး ဗ်တၱေက်ာ္ ထိုင္တယ္...သူတို႔ဟာ က်ဳံးတိမ္တဲ့ ကန္႐ိုးတံခါးကေန အင္းဝကို လုပ္ႀကံမယ္လို႔ ကိုးသိန္းသခင္က ေသခ်ာေပါက္ေျပာပါတယ္...ဒီအတြက္ သူ႔ေသခ်ာ စစ္အင္ခင္းထားပါတယ္...အခါေတာ္အခ်ိန္လည္း ေသခ်ာပါပါတယ္..အခါေရာက္တာနဲ႔...အင္းဝ၊ ျပည္ နဲ႔ ဧရာဝတီ၊ ခ်င္းတြင္းျမစ္ေၾကာင္းထဲ ပိတ္မိေနတဲ့ အင္းဝတပ္ေတြ တၿပိဳင္တည္း ျပန္တိုက္ၾကပါလိမ့္မယ္”
မင္းရဲမင္းလွငယ္၏ စကားကို အားလုံးသေဘာတူေၾကာင္း ေခါင္းညိတ္လိုက္ၾကသည္။
“ဒီေတာ့... စစ္အင္ကို ဒီႏွယ့္ ခင္းမယ္...ကန္႐ိုးတံခါး နဲ႔ မနီးမေဝးမွာ ရွိတဲ့ မိုင္းပြန္တံခါး ကေန မင္းႀကီးမင္းထင္တပ္၊ ျမင္းဝန္တပ္၊ ပသီစိန္ေျပာင္းတပ္ေတြထြက္ၿပီး စိန္ေျပာင္းတပစ္အကြာကေန ဟံသာဝတီတပ္ေတြကို ပစ္ၿပီး စစ္မွ်ားမယ္။ သူတို႔ အဲ့ဒီဘက္ကို တပ္အင္အား ျဖန႔္ခြဲထြက္လာရင္...ေညာင္ေစာက္တံခါးကေန ဘုရင္ဂ်ီအေျမႇာက္တပ္က သုံးပိႆာဝင္ အေျမႇာက္ႀကီး ေလးလက္နဲ႔ တၿပိဳင္တည္း ဟံသာဝတီရဲ႕ ေတာင္ဘက္ ရွိရာကို ပစ္မယ္..အဲ့ဒီအခါ သူတို႔ ေတာင္ဘက္နဲ႔ ေျမာက္ဘက္ စစ္မ်က္ႏွာတစ္ဖက္ကို ျဖန႔္ေနခ်ိန္မွာ...ကန္႐ိုးတံခါးမွာ တည္ေနတဲ့ စစ္ဉီးကို ဝင္တိုက္ဖို႔အတြက္ အင္အားလိုတယ္...လူတစ္ေသာင္းျပည့္ေအာင္ျဖည့္ရမယ္..လိုအပ္ရင္.. မိဖုရားေဆာင္ အမႈထမ္း နဲ႔ စားေတာ္ခ်က္ေဆာင္က အင္အားေတြပါ ေခၚျဖည့္ရမွာပဲ..ကန္႐ိုးတံခါးတပ္ဉီးက ထြက္တိုက္ဖို႔ အမာခံဗိုလ္ အျဖစ္ ခင္ဉီးျမင္းစီး လက္်ာပ်ံခ်ီ ငခ်စ္ညိဳ နဲ႔ မုဆိုးၿခဳံဗိုလ္ ငတြန္ကို ေ႐ြးေပးလိုက္တယ္....လွည္းဉီးသဏၰန္ထြက္တိုက္ရမည့္..အဲ့ဒီ တပ္ဉီးဟာ ဟံသာဝတီတပ္မႉး ဗ်တၱေက်ာ္ရွိမယ့္ေနရာကို အသဲအမဲ အနီးကပ္ ဝင္ေရာက္ခုတ္ထစ္ဖို႔လိုတယ္..ဒါမွ သူတို႔ ကြပ္ကဲမႈပ်က္မွာ”
မင္းရဲမင္းလွငယ္က ခ်စ္ညိဳႏွင့္ ငတြန္ကို ၾကည့္လိုက္သည္။
“ဘယ့္ႏွယ့္လဲ..ျဖစ္ႏိုင္ရဲ႕လား”
“ျဖစ္ပါတယ္..တပ္မႉး”
“ကြၽန္ေတာ္မ်ိဳး အမိန႔္နာခံလ်က္ပါ”
ႏွစ္ဉီးလုံးဆီမွ အေျဖရလိုက္သည္။
“ကဲ...မနက္ျဖန္မနက္ အာ႐ုဏ္တက္ကို ထြက္တိုက္မယ္..တပ္ေတြ အသင့္ျပင္ဖို႔ အဆင့္ဆင့္နာခံၾကပါ”
၁၇၄၂ မတ္လ ၁၃ ရက္ေန႔။ နံနက္ခင္း။
ဟံသာဝတီတပ္တို႔၏ အဘက္ဘက္မွ ဝန္းရံျခင္းကို ခံေနရေတာ့ အင္းဝနန္းေတာ္သည္ ခံစစ္မွ တိုက္စစ္သို႔ ႐ုတ္တရက္ေျပာင္းလဲကာ ထိုးေဖာက္ခဲ့ၿပီျဖစ္သည္။
အင္းဝၿမိဳ႕ျပင္တြင္ရွိေနသာ ဟံသာဝတီတပ္မ်ားမွာ ႐ုတ္တရတ္ က်ေရာက္လာေသာ စိန္ေျပာင္းသံမ်ား၊ အေျမႇာက္ႀကီးသံမ်ားေၾကာင့္ ေဘးဘယ္ညာဆီသို႔ တပ္မ်ား ျဖန႔္က်က္လိုက္ၾကသည္။
ေညာင္ေစာက္တံခါးမွ အားျပင္းေသာ အေျမႇာက္ႀကီးတို႔၏ ဒဏ္ကို အလူးအလဲခံၾကရသည္။
ထိုအခ်ိန္တြင္ ကန္႐ိုးတံခါးပြင့္သြားၿပီး ငခ်စ္ညိဳ၊ ငတြန္တို႔၏ တပ္မ်ားက လွည္းဦးသ႑န္ တရွိန္ထိုး ထိုးေဖာက္တိုက္ခိုက္ၾက၏။
အင္းဝ၏ တံခါးေပါက္သုံးခုမွ ႐ုတ္တရက္တၿပိဳင္တည္း ထြက္တိုက္ခိုက္လာသျဖင့္ ဟံသာဝတီတပ္မွာ ဖ႐ိုဖရဲျဖစ္လာရသည္။
ဟံသာဝတီမွ အမာခံျမင္းစစ္သည္တပ္မွာ ၿပိဳကြဲသြားခဲ့ၿပီး ျမင္းစစ္သည္ (၅၀)က်ဆုံးကာ က်န္သူမ်ားမွာ အရွင္အဖမ္းခံရသည္။
ဟံသာဝတီတပ္မႉးဗ်တၱေက်ာ္မွာ ျပည္ဘက္မွ ကိုးသိန္းသခင္၏ တပ္မ်ားပါ ျပန္လည္ခ်ီတက္လာႏိုင္သည္ဟု ယူဆလိုက္သည္။
စစ္ႏွစ္ဖက္ညႇပ္မည့္အေရးေၾကာင့္ တံတားဉီး၊ ပင္းယ၊ ကူတိုးဆိပ္မ်ားမွ တပ္မ်ားကိုပါ သိမ္းဆည္းၿပီး လာလမ္းအတိုင္း ျပန္လည္ဆုတ္ခြာသြားၾကသည္။
တခ်ိန္တည္းတြင္ပင္...အင္းဝေရတပ္ဗိုလ္မႉးအသစ္ ဗညားက်န္းေတာ၏ တပ္မ်ားက ျမစ္ေၾကာင္းတစ္ေလွ်ာက္ ဟံသာဝတီေရတပ္မ်ားကို ထိုးေဖာက္တိုက္ခိုက္ၾကသည္။
ဗညားက်န္းေတာမွာ ဟံသာဝတီတပ္မ်ားႏွင့္အတူ လိုက္ပါခဲ့ဖူးသူျဖစ္သျဖင့္ ဟံသာဝတီတပ္၏ အားနည္းခ်က္ကို ေကာင္းစြာႏိုင္နင္းသည္။
ျပည္ၿမိဳ႕တြင္ ခံတပ္ျပဳလုပ္ထားေသာ ကိုးသိန္းသခင္တပ္မ်ားကလည္း ဆုတ္ေျပးလာေသာ ဟံသာဝတီေရတပ္တပ္ကို ႏွစ္ဖက္ညပ္တိုက္ခိုက္ၾကသည္။
ဆုတ္ခြာသြားေသာ ဟံသာဝတီေရတပ္မွ တိုက္ေလွ အစီး (၁၀၀)ေက်ာ္ကိုသိမ္းဆည္းမိခဲ့သည္။
စစ္ေရးခ်ိန္ခြင္ညႇာသည္ ေျပာင္းျပန္ေျပာင္းလဲခဲ့ၿပီျဖစ္သည္။
ဟံသာဝတီတပ္မ်ားမွာ နယ္စပ္အထိ ျပန္လည္ဆုတ္ခြာသြားခဲ့၏။
ဟံသာဝတီတပ္မ်ားကို ေအာင္ျမင္စြာ ျပန္လည္တိုက္ထုတ္ႏိုင္ခဲ့သည့္ အင္းဝတပ္မႉးမ်ား၊ အမႈထမ္းမ်ားကို မဟာဓမၼရာဇာဓိပတိသည္ ၿမိဳ႕စား၊႐ြာစားႏွင့္ ဘြဲ႕အမည္မ်ား ေပးအပ္ခဲ့သည္။
ကိုးသိန္းသခင္ သည္ ျပည္မွ အင္းဝနန္းေတာ္သို႔ ေခတၱျပန္ေရာက္လာခဲ့၏။
ကန္႐ိုးတံခါးတိုက္ပြဲတြင္ အမာခံဗိုလ္အျဖစ္ တပ္ဉီးက ဉီးေဆာင္ခဲ့သူႏွစ္ဉီးထဲမွ ငခ်စ္ညိဳအား ခင္ဉီးၿမိဳ႕စားအျဖစ္ ခ်ီးျမႇင့္ခဲ့သည္။
ေနာက္ထပ္ အမာခံဗိုလ္ျဖစ္ေသာ ဗိုလ္တြန္မွာမူ..တိုက္ပြဲမ်ား ေအးခ်မ္းသည္ႏွင့္ အင္းဝၿမိဳ႕မွ ထပ္မံေပ်ာက္ကြယ္သြားျပန္ေတာ့၏။
“စစ္ေတာ့ဝင္တိုက္ေပးသြားတယ္..ဘြဲ႕ထူးဂုဏ္ထူးေပးေတာ့ ေပ်ာက္သြားျပန္တယ္...ဒီအေကာင္ဟာ ဘယ့္ႏွယ့္သတၱဝါလဲ”
ငတြန္႔အား မည္သည့္ေနရာတြင္မွ ရွာမရေၾကာင္းသိရသည့္အခါ ကိုးသိန္းသခင္က ထို႔ႏွယ့္သာ ေရ႐ြတ္လိုက္ေတာ့သည္။
...............................................................................................
၁၇၄၂ ဧၿပီလ။ ဟံသာဝတီ။
“ေၾကာက္တယ္..လူသတ္သမားႀကီးလာေနၿပီ...လူသတ္သမားႀကီးလာေနၿပီ..သြား..သြား”
ျမတ္ဝါက လက္ထဲတြင္ရွိေသာ စားလက္စငွက္ေပ်ာသီးျဖင့္ လက္်ာဗိုလ္အား ပစ္ေပါက္ကာ ထြက္ေျပးသြားသည္။
လြီဇာ၏ ၿခံဝန္းအတြင္းသို႔ ဝင္လာေသာ လက္်ာဗိုလ္မွာ ႐ုတ္တရတ္ ငွက္ေပ်ာသီးျဖင့္ ပစ္ခံလိုက္ရသျဖင့္ ျမတ္ဝါကို တအံတဩလိုက္ၾကည့္ေန၏။
“ျမတ္ဝါ..ညီမ..သတိထားေလ..သတိထား”
မယ္ဖူးက ျမတ္ဝါကို သိုင္းဖက္ကာ ျမတ္ဝါေနသည့္ တဲအိမ္ေလးထဲသို႔ ေခၚသြင္းသြား၏။
အသံမ်ားေၾကာင့္ လြီဇာ အိမ္ေပၚမွ ဆင္းလာသည္။
“ဘာကိစၥရွိလို႔လဲ....လက္်ာဗိုလ္”
“တေလာက ခင္ဗ်ားေျပာထားတယ္..သန္လ်င္မွာ အရက္ဂိုေထာင္ထပ္ေဆာက္ဖို႔ ေျမေနရာလိုတယ္ဆို...အခု အာေမးနီးယန္းသူေဌး အာကြီးလားက သူ႔ေျမကြက္ေရာင္းဖို႔ရွိတယ္လို႔ ေျပာသံၾကားတယ္...အဲ့ဒါလာအသိေပးတာ”
“ဟုတ္လား...သန္လ်င္ဘယ္နားေလာက္လဲ”
“ဝက္သာတံခါး နားပဲ”
“အင္း..အဲ့ဒီနားဆို ဆိပ္ကမ္းနဲ႔လည္း နီးေတာ့ မဆိုးပါဘူး”
“ဒါနဲ႔ သူေဌးအာကြီးလား က ဘယ္မွာလဲ...ဟံသာဝတီမွာလား”
“အင္း..သန္လ်င္မွာ..လြီဇာ..က်ဳပ္ သဘက္ခါ မနက္ သန္လ်င္က ေရဝန္ကင္းတပ္ကို သြားစစ္ဖို႔ ရွိတယ္... ခင္ဗ်ားလိုက္ၾကည့္ခ်င္တယ္ဆို က်ဳပ္တပ္နဲ႔ လိုက္ခဲ့ပါလား”
“အင္း..ကြၽန္မ လိုက္ခဲ့မယ္ေလ”
“ခုန..ကေလးမက ဉီးသာေအာင္ရဲ႕ သမီးကေလးမဟုတ္လား”
“အင္း..ဟုတ္တယ္ေလ..စိတ္ကသိပ္မမွန္ရွာဘူး..သနားစရာပါ”
“ဒါေၾကာင့္...က်ဳပ္ကို ျမင္ေတာ့အလန႔္တၾကားေအာ္ဟစ္ၿပီး ေျပးတာကို..ငွက္ေပ်ာသီးနဲ႔ ေတာင္ပစ္ေပါက္သြားေသးဗ်ာ”
လက္်ာဗိုလ္က သူ၏ စစ္ဝတ္စုံတြင္ ေပေနသည့္ ငွက္ေပ်ာသီးအခ်ိဳ႕ကို သုတ္လိုက္သည္။
“အင္း...သူက...စစ္ဝတ္စုံနဲ႔လူေတြျမင္ရင္ အေျခအေနပိုဆိုးတယ္..သူ႔မိသားစုကို ၿမိဳ႕လယ္ေခါင္မွာ မီးရႈိ႕သတ္ခဲ့တာ စစ္ဝတ္စုံနဲ႔လူေတြမဟုတ္လား”
“အင္း..ေျခေထာက္တစ္ဖက္ကလည္း ဒဏ္ရာရထားတာလား”
“ေျခေထာက္တစ္ဖက္က ကြၽန္မတို႔ မင္းရဲေအာင္ႏိုင္ကို လုပ္ႀကံတဲ့အေရးမွာ ႐ြာသားေတြပစ္တဲ့ ဒူးေလးမွား မွန္ထားတာ....အေၾကာထိသြားလို႔ သိပ္မသန္ရွာေတာ့ဘူး..ကြၽန္မပဲ သူ႔ကို ေစာင့္ေရွာက္ထားတယ္...သူ႔႐ုပ္သူ႔ရည္ သူ႔အ႐ြယ္ေလးနဲ႔ ဒီတိုင္းပစ္ထားရင္ အႏၲရာယ္မ်ားတယ္.မဟုတ္လား”
“ဟူး..သနားစရာေလးပါလား”
လက္်ာဗိုလ္က ျမတ္ဝါဝင္သြားသည့္ တဲအိမ္ေလးကို လွမ္းၾကည့္လိုက္သည္။
မယ္ဖူးက တဲအိမ္ထဲမွ ျပန္ထြက္လာသည္။
“အေျခအေနဘယ္လို ရွိလဲ..မယ္ဖူး”
“ကြၽန္မ ေခ်ာ့သိပ္လိုက္တာ...အိပ္ေပ်ာ္သြားၿပီ..မမလြီဇာ”
“က်ဳပ္သြားၾကည့္လို႔ရမလား”
“ရပါတယ္..သူေတာ့ မႏိုးေစနဲ႔ေပါ့...ႏိုးရင္ေတာ့ ရွင့္ျမင္တာနဲ႔ လန႔္ေအာ္မွာ”
သူတို႔ တဲအိမ္ေလးဆီသို႔ ေလွ်ာက္သြားသည္။
လက္်ာဗိုလ္က တံခါးအကြယ္မွေနၿပီး အတြင္းသို႔ ေခ်ာင္းၾကည့္လိုက္၏။
တဲတြင္းမွ ဝါးကြပ္ျပစ္ေပၚတြင္ ျမတ္ဝါမွာ ပကတိကေလးငယ္တစ္ေယာက္အလား အိပ္ေမာက်ေနေတာ့သည္။
“သန္လ်င္ ဖာသာနာရနီတို႔ေက်ာင္းမွာ ဘရာသားအင္ဂ်လို က အေနာက္တိုင္းေဆးခန္းဖြင့္ၿပီး ေဆးကုေပးေနတယ္....သူ႔ကို ျပၾကည့္ရင္ေကာင္းမယ္ထင္တယ္”
“ကြၽန္မတို႔ ဒီမွာလည္း မြန္သမားေတာ္ေတြ၊ အာေမးနီးယန္းေဆးဆရာေတြနဲ႔ ျပၾကည့္ေနတာပါပဲ..အေျခအေနက မထူးပါဘူး”
“ဘရာသာအင္ဂ်လိုက အေနာက္တိုင္းေဆးပညာမွာလည္း ဘြဲ႕ရခဲ့တာကို သိရတယ္..သန္လ်င္မွာေတာ့ သူ႔ေဆးခန္းက နာမည္ႀကီးေနတယ္....အင္းဝစစ္ပြဲက ဒဏ္ရာရ၊ ဖ်ားနာလာၾကတဲ့ စစ္သည္ေတြေတာင္ အဲ့ဒီအထိ သြားျပၾကတယ္.လြီဇာ..သြားျပၾကည့္တာေကာင္းမယ္...သဘက္ခါ သန္လ်င္သြားရင္ သူေလးကို ပါ ေခၚခဲ့ပါလား... က်ဳပ္ေလွထဲမွာ ေပါင္းမိုးနဲ႔ အခင္းအက်င္းေသခ်ာလုပ္ေပးထားပါ့မယ္”
“အခုေတာင္ ရွင့္ကို စစ္ဝတ္စုံနဲ႔ ျမင္ေတာ့ သူေတာ္ေတာ္ေၾကာက္ေနတာ ျဖစ္ပါ့မလား”
“ျဖစ္ပါတယ္..က်ဳပ္ ေသခ်ာစီစဥ္ပါ့မယ္”
.........................................................................
ပဲခူးျမစ္ထဲ။
တိုက္ေလွေလးစီး ဝန္းရံလာေသာ ႐ြက္တပ္ေလာင္းေလွႀကီးမွာ တေ႐ြ႕ေ႐ြ႕။
ျမတ္ဝါက ေလွဉီးတြင္ထိုင္ကာ ေျခတြဲေလာင္းခ်လ်က္ သီခ်င္းမ်ား တေၾကာ္ေၾကာ္ ဆိုလာသည္။
ထူးထူးျခားျခား သန္လ်င္သို႔ ထြက္ခြာေနသည့္ လက္်ာဗိုလ္၏ တပ္သားမ်ားႏွင့္ ေလွေတာ္သားမ်ားမွာ အရပ္ဝတ္မ်ားသာ ဝတ္ဆင္ထားၾကသည္။
လက္်ာဗိုလ္က ဟံသာဝတီမွ ယူလာေသာ ျမတ္ေလးပန္းကုံးကေလးကို ျမတ္ဝါထံသို႔ သြားကာေပးလိုက္သည္။
“သေဘာေကာင္းတဲ့ ဉီးရီး..ေက်းဇူးတင္ပါတယ္ရွင့္”
လက္်ာဗိုလ္က သေဘာတက်ၿပဳံးလိုက္သည္။
“ဟိုရက္ကလို ငွက္ေပ်ာသီးစာ မိမွာစိုးလို႔...လာဘ္ထိုးေနတာလား..ဗိုလ္မင္းရဲ႕”
လြီဇာက ခပ္တည္တည္ျဖင့္ ေနာက္လိုက္၏။
ျမတ္ဝါႏွင့္ ခပ္လွမ္းလွမ္း ရွိ ႐ြက္တိုင္နားသို႔ သူတို႔ ေလွ်ာက္လာၾကသည္။
“အင္း...သူ႔ကို ျမင္လိုက္ရတာ က်ဳပ္ အေတာ္စိတ္ထိခိုက္တယ္..လြီဇာ...ဟိုတုန္းက ဉီးသာေအာင္တို႔ မိသားစုကိုလည္း မ်က္စိထဲ ျမင္ေယာင္တယ္...နားထြင္းပြဲမွာတုန္းက သူက တကယ့္ ေတာ္ဝင္မင္းသမီးေလးလိုပဲေလ...ေနာက္ လပိုင္းအၾကာမွာပဲ..ဒီဘဝေရာက္သြားတာမဟုတ္လားဗ်ာ”
လက္်ာဗိုလ္ေရာ၊ လြီဇာပါ စကား ေရွ႕မဆက္မိၾကေတာ့။
ျမတ္ဝါက လက္်ာဗိုလ္ေပးသည့္ ျမတ္ေလးပန္းကုံးကေလးမ်ားကို ေခါင္းတြင္ေခြေပါင္းထားၿပီး ေလွေပၚတြင္ ခုန္ေပါက္ေဆာ့ကစားေနသည္။
တစ္ရက္အၾကာတြင္ သန္လ်င္သို႔ ေလွမ်ား ဆိုက္ကပ္ၾက၏။
ေရဝန္စမစ္ က လက္်ာဗိုလ္၏ တပ္ကို လာေရာက္ႀကိဳဆိုသည္။
“ကုန္သည္ႀကီးလည္း ပါလာတာကိုး...သန္လ်င္ၿမိဳ႕က ႀကိဳဆိုပါတယ္ဗ်ာ”
လြီဇာက စမစ္ကို အလိုက္သင့္သာ ၿပဳံးျပလိုက္သည္။
“သူတို႔က လူနာလာျပတာၾကတာပါ...ကဲ..လြီဇာ..က်ဳပ္ကေတာ့ ေရဝန္ နဲ႔ ဟံသာဝတီက ပါးလိုက္တဲ့ အမွာကိစၥေတြရွိလို႔ ပါ...ညေနေတာ့ ဖာသာနာေရနီတို႔ေက်ာင္းကို လာခဲ့ပါဉီးမယ္”
လြီဇာ ႏွင့္ ျမတ္ဝါတို႔မွာ ေရဝန္စမစ္ စီစဥ္ေပးေသာ လွည္းယာဥ္ျဖင့္ သန္လ်င္ ဘာနာဘိုက္ဘုရားေက်ာင္းသို႔ ေရာက္ရွိလာၾကသည္။
ဖာသာဂါလစ္ဇီယာ၊ ဖာသာမြန္ဒယ္လီ ႏွင့္ ဖာသာဂြၽန္ဒယ္လ္ကြန္ေဒ တို႔မွာ ဟံသာဝတီတြင္ပင္ေနထိုင္ၾကသည္။
ဘရင္ဂ်ီဘုန္းေတာ္ႀကီးမ်ားအတြက္ သမိန္ေထာဗုဒၶကိတၱိက ဟံသာဝတီတြင္ ေျမကြက္တစ္ကြက္ေပးထားၿပီး ဘုရင္ဂ်ီဘုရားေက်ာင္းတစ္ခုႏွင့္ ေနအိမ္ေဆာက္လုပ္ကာ ေနထိုင္ၾကသည္။
သန္လ်င္တြင္မူ ဖာသာနာေရနီ ႏွင့္ ဘရာသာအင္ဂ်လိုတို႔သာ က်န္ရစ္၏။
ထို႔ေၾကာင့္ လြီဇာတို႔တြက္ သန္လ်င္ဘာနာဘိုက္ေက်ာင္းေတာ္မွာ တည္းခိုရန္အဆင္ေျပေစေတာ့သည္။
လက္်ာဗိုလ္ပါ ပါလာသည္ဆိုသျဖင့္ ဖာသာနာေရနီမွာ အထူးေပ်ာ္႐ႊင္ေန၏။
လြီဇာ ႏွင့္ ျမတ္ဝါတို႔အတြက္ ေနရာထိုင္ခင္းမ်ားကို ေသခ်ာစီစဥ္ေပးသည္။
ေန႔လည္ခင္းတြင္ ဘရာသာအင္ဂ်လိုက ျမတ္ဝါ၏ ေျခေထာက္မွ အေၾကာဒဏ္ရာကို အရင္ဆုံး ၾကည့္ရႈၿပီး ကုသေပးသည္။
ထိုသို႔ကုသေပးေနစဥ္အတြင္း ဘရာသာအင္ဂ်လို သည္ ျမတ္ဝါႏွင့္ စကားေျပာဆိုကာ စိတ္ေရာဂါ အေျခအေနကို စူးစမ္းေလ့လာခဲ့သည္။
ထို႔ေနာက္..ဘရာသာအင္ဂ်လို က ျမတ္ဝါ၏ ေရာဂါအေျခအေနကို လြီဇာအား ရွင္းျပေနသည္။
“အပ်ိဳျဖစ္ခါစ..စိတ္ေရာကိုယ္ပါ ေျပာင္းလဲေနတဲ့အခ်ိန္မွာ ျဖစ္ခဲ့တဲ့ သူ႔မိသားစုရဲ႕အျဖစ္ဆိုးႀကီးကို သူ႔ဉီးေႏွာက္က ေမ့မရတာ...အဲ့ဒီအျဖစ္ႀကီးကို သူ႔ဉီးေႏွာက္ထဲ လက္ခံတာတဝက္၊ လက္မခံတာ တဝက္ျဖစ္ေနတယ္...သူ႔မွာ အာ႐ုံစိုက္စရာကိစၥမ်ားမ်ားစားစားလည္းမရွိေတာ့ ဒါကိုပဲ ျပန္ေတြးမိတယ္..ျပန္ျမင္လာတယ္..အဲ့ဒါကို ေဖ်ာက္ဖို႔ သူ႔ပုံမွန္ဘဝထဲကို ျပန္လာဖို႔ အခ်ိန္တစ္ခုေတာ့ လိုတယ္....သူ႔ကို အၿမဲတမ္း တစ္ေယာက္တည္း အထီးက်န္မထားပဲ..အနီးကပ္စကားေျပာေဖာ္လိုတယ္”
ထိုအခ်ိန္တြင္ ဖာသာနာေရနီ ႏွင့္ လက္်ာဗိုလ္ က အေနာက္မွ ေရာက္လာ၏။
“သူ႔ကို ကုသဖို႔က ေဆးဝါးမရွိဘူးလား...ဘရာသာ”
လက္်ာဗိုလ္က ျမတ္ဝါကို ၾကည့္ရင္း ဝင္ေမးလိုက္သည္။
“အီတလီမွာေတာ့ အမ်ိဳးသမီးစိတ္ကစဥ့္ကလ်ားကုထုံးမွာသုံးတဲ့ တင္ပါးဆုံကြင္းကို လႈပ္ခါကုရတဲ့ ကုထုံးရွိတယ္။ ဂရိေတြ လက္ထက္ကတည္းက သုံးခဲ့တာပဲ။ ဒါေပမယ့္..ဒီမွာက အဲ့ဒီကိရိယာရဖို႔ က ခက္တယ္။ ေကာင္းတာကေတာ့ သူ႔ကိုတစ္ေယာက္တည္း အထီးမက်န္ေစပဲ..အၿမဲတမ္းစကားေျပာ ေပးရမယ္။ ဘာေတြေျပာရမယ္..ဘယ္လိုဆိုတာ..က်ဳပ္အေသးစိတ္ ထပ္ေျပာေပးပါ့မယ္”
“ဘာမွ မပူပါနဲ႔..လြီဇာ..က်ဳပ္တို႔လည္းရွိေနတာပဲ ဟံသာဝတီမွာ ရွိေနတဲ့အခ်ိန္...ျမတ္ဝါဆီ မၾကာခဏလာၿပီး အေဖာ္ျပဳ စကားေျပာေပးလို႔ရပါတယ္”
လက္်ာဗိုလ္က ဘုရားေက်ာင္းပန္းၿခံထဲတြင္ လိပ္ျပာကေလးမ်ားကို ေျခေထာက္ေထာ့နဲ႔ ေထာ့နဲ႔ျဖင့္ လိုက္ဖမ္းေနေသာ ျမတ္ဝါကို ၾကည့္ကာ ေျပာလိုက္သည္။
ဖာသာနာေရနီ က လက္်ာဗိုလ္၏ မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္၏။
လက္်ာဗိုလ္က ျမတ္ဝါကို ၾကည့္ေနရာမွ ဖာသာနာေရနီဘက္လွည့္လိုက္သည့္အခါ အၾကည့္ခ်င္း ဆုံသြားၾကသည္။
“သူက သနားစရာမိန္းကေလးတစ္ေယာက္ပါ..နာေရနီ”
.........................................................................................................................
လြီဇာ ႏွင့္ ျမတ္ဝါတို႔ ဟံသာဝတီသို႔ ျပန္ေရာက္သည့္အခါ ထူးျခားသည့္ သတင္းက ေစာင့္ႀကိဳေနသည္။
ဇင္းမယ္နယ္မွ လန္ဖုံးၿမိဳ႕စား ဖရာ့အုံခမ္း က သမီးေတာ္ႏွင္းသီရိစိတၱာ ကို သမိန္ေထာဗုဒၶကိတၱိထံ မၾကာမီ လာေရာက္ဆက္သေတာ့မည္ျဖစ္သည္။
ထိုအခ်ိန္က ဇင္းမယ္၏ လက္ေအာက္ခံျဖစ္ေသာ လန္ပန္း၊ လန္ဖုံး တို႔ႏွင့္ လာအိုနယ္စပ္မွ လြမ္ပရာဘြန္တို႔မွာ သီးျခားၿမိဳ႕ျပႏိုင္ငံမ်ားကဲ့သို႔ ခြဲျခားေနထိုင္ေနၾကသည္။
အင္အားနည္းေနေသာဇင္းမယ္သည္ အယုဒၶယအကူအညီျဖင့္ လန္ပန္းႏွင့္ လန္ဖုံးတို႔ကို သူ၏ အာဏာစက္ပိုမိုလႊမ္းမိုးရန္ ႀကိဳးစားေနသည္။
လန္ဖုံးၿမိဳ႕စားသည္ ဇင္းမယ္ႏွင့္ အယုဒၶယ၏ ရန္မွ ကာကြယ္ႏိုင္ရန္အတြက္ အင္းဝကိုပင္ စစ္ၿပိဳင္တိုက္ခိုက္ေနႏိုင္သည့္ ဟံသာဝတီဘုရင္သစ္အား မဟာမိတ္ျပဳရန္ ႀကိဳးစားျခင္းလည္းျဖစ္သည္။
သမိန္ေထာဗုဒၶကိတၱိမွာ ပထမဆုံးအႀကိမ္ ႏိုင္ငံရပ္ျခားမွ သမီးေတာ္ဆက္သလာျခင္းအတြက္ အထူးပင္ ဂုဏ္ယူတက္ႂကြေနသည္။
၁၇၄၂ အင္းဝမွ ျပန္လည္ဆုတ္ခြာလာၿပီးသည့္ေနာက္ ေအာက္ျမန္မာျပည္ ေတာင္ငူအထိသည္ ဟံသာဝတီပိုင္နက္ျဖစ္လာခဲ့သည္။
ဟံသာဝတီ၏ နန္းတြင္းအေျခအေနသည္လည္း တျဖည္းျဖည္းေျပာင္းလဲလာေနသည္။
သမိန္ေထာ က သူ႔အား နန္းတင္ရာတြင္ ပါခဲ့သည့္ အင္းဝအမႈထမ္း အခြန္ဝန္ ဉီးကို ကို အရာမွ ခ်ထားလိုက္ၿပီး ထိုေနရာတြင္ ဗညားအဲ ကို အစားထိုးလိုက္သည္။
ထိုအေျခအေနက ဉီးေအာင္လွတို႔၏ ဩဇာကို စတင္ေလ်ာ့ခ်လိုက္ျခင္းလည္းျဖစ္သည္။
ဟံသာဝတီနန္းတြင္းတြင္ အဓိက အမတ္ႀကီး ေျခာက္ဉီးတြင္ ဗညားဒလႏွင့္ သူ၏ ဘက္ေတာ္သားျဖစ္ေသာ သမိန္ေစာျဗ၊ ေစာျဗဆာ၊ ေစာျဗဟတၳိရာဇာ ေခၚ ဉီးေမာင္ တို႔ ႏွင့္ သမိန္ေထာဘုရင္က ထပ္မံခန႔္အပ္လိုက္ေသာ ဗညားေက်ာ္ ၊ ဗညားအဲ တို႔ပါဝင္လာသည္။
ထိုအေျခအေနတြင္ ဇင္းမယ္၊ လန္ဖုံးၿမိဳ႕စားက သမီးေတာ္ဆက္သမည့္ကိစၥကလည္း အေရးပါလာခဲ့သည္။
သမိန္ေထာသည္ လန္ဖုံးၿမိဳ႕စား၏ သမီးေတာ္ ႏွင္းသီရိစိတၱာ ကို ႀကိဳဆိုရန္ ဟံသာဝတီၿမိဳ႕ေတာ္ကို အခမ္းနားဆုံး ျဖစ္ေအာင္ ျပင္ဆင္ေနသည္။
နန္းေတာ္တြင္လည္ ဇင္းမယ္မင္းသမီးေနမည့္အေဆာင္ေတာ္ကို ဒတ္ခ်္ဗိသုကာမ်ား ၊ မြန္ဗမာလက္သမားမ်ားစြာျဖင့္ အေသအခ်ာတည္ေဆာက္ေန၏။
ဟံသာဝတီသို႔ ေရာက္ေရာက္ခ်င္းပင္ ရွင္ဘုရင္က ေခၚယူသျဖင့္ လြီဇာမွာ နန္းတြင္းသို႔ ဝင္ေရာက္ရေတာ့သည္။
ၿဗဲတိုက္ေဆာင္တြင္ သမိန္ေထာဗုဒၶကိတၱိကို ဝင္ေရာက္ခစားရသည္။
သမိန္ေထာသည္ ခ်ည္သားရင္ကြဲအက်ႌႏွင့္ ေ႐ႊျခည္ထိုးပိုးပုဆိုးတို႔ကို ခပ္႐ိုး႐ိုးဝတ္စားထား၏။
လြီဇာက ဝပ္တြားလ်က္ ခစားသည့္အခါ သမိန္ေထာက လက္တြင္ဝတ္ထားေသာ နီလာလက္စြပ္ကို ခြၽတ္ကာ ကမ္းေပးလိုက္သည္။
“ကုန္သည္ႀကီးလြီဇာအတြက္ ငါကိုယ္ေတာ္က ခ်ီးျမႇင့္တာပါ”
“ဘာအတြက္မ်ားလဲ ဘုရား”
“လာမယ့္ လျပည့္မတိုင္မီမွာ ဇင္းမယ္က ကညာဆက္တဲ့ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားေရာက္လာမယ္.. ငါကိုယ္ေတာ္ရဲ႕ အၾကည္ေတာ္ လန္ဖုန္းၿမိဳ႕စားအတြက္ အေကာင္းဆုံးဘရန္ဒီေတြ လက္ေဆာင္ပဏၰာပါးလိုတယ္..လြီဇာ..မယ္မင္းဆီမွာ အေနာက္တိုင္းထုတ္ ဘရန္ဒီေတြထက အေကာင္းဆုံးေတြ ကိုယ္ေတာ္လိုခ်င္တယ္”
“ေ႐ႊဖဝါးေတာ္ေအာက္ အခ်ိန္မီ လာေရာက္ဆက္သပါ့မယ္..ဘုရား”
“အိမ္း..ေကာင္းေပကြယ္...ဇင္းမယ္မင္းသမီး ႏွင္းသီရိစိတၱာ ဟာ အင္မတန္ေခ်ာေမာလွပၿပီး ယဥ္ေက်းတယ္လို႔ အေထာက္ေတာ္မ်ားထံက သတင္းရထားတယ္...သူ႔အတြက္လည္း အိႏၵိယျပည္ျဖစ္ အထည္အလိပ္မ်ား မွာယူလိုတယ္..စက္အနားပါတကြၽန္းထမီေတြလည္း လိုခ်င္တယ္..မယ္မင္း ကုန္သည္မ်ားထံမွမွာယူေပးႏိုင္ပါ့မလား”
“မွန္ပါ..အလိုရွိရာ ေရာက္ရပါေစမယ္..ဘုရား”
“ကဲ...ဒါဆိုလည္း လိုအပ္သည့္ ေငြေၾကးစာရင္းကို ေ႐ႊတိုက္ဝန္နဲ႔ တိုင္ပင္ ညႇိႏႈိင္းၾကေစေပါ့”
လြီဇာက ၿဗဲတိုက္ေဆာင္မွ အထြက္တြင္ ခပ္လွမ္းလွမ္းမွ ဉီးေအာင္လွကို ျမင္လိုက္ရသည္။
“အမတ္ခ်ဳပ္ႀကီး... ဘုရင့္ဆီ အခစားဝင္တယ္ထင္ရဲ႕”
ဉီးေအာင္လွက မဲ့ၿပဳံးၿပဳံးလိုက္သည္။
“ခင္ဗ်ားဘုရင္က ေနာက္မိဖုရားအတြက္ပဲ အလုပ္မ်ားေနတာပါ..က်ဳပ္နဲ႔လည္း ေတြ႕ခ်ိန္မရပါဘူး..လြီဇာရဲ႕.က်ဳပ္ ခင္ဗ်ားကို ေစာင့္ေနတာ”
“ဘာမ်ားရွိလို႔လဲ...အမတ္ခ်ဳပ္ႀကီး”
“ဂမုန္း ကိစၥေပါ့”
“ဂမုန္း..ဘာျဖစ္လို႔ပါလိမ့္”
“ရွင္ဘုရင္ မိဖုရားသစ္ဆက္သခံမယ္သတင္းၾကားကတည္းက သူ႔အေဆာင္ေတာ္ထဲက အျပင္ကို လုံးဝမထြက္ေတာ့ဘူး..က်ဳပ္အိမ္ကိုလည္း မလာတာ..အဲ့ဒီကတည္းကပဲ...အဲ့ဒါ လြီဇာ ကိုဆို သူအေတြ႕ခံမွာပါ...ေသခ်ာရွင္းျပေပးပါ..ကိုယ္က မင္းမိဖုရားျဖစ္ေနၿပီ..ရွင္ဘုရင္ဆိုတာ ဒီလိုပဲ မိဖုရားေတြဆက္သလာရင္ လက္ခံရ၊ တင္ေျမႇာက္ရ၊ ေတာ္ေကာက္ရတာပဲမဟုတ္လား...ဒါကိုပဲ ဂမုန္းက ရွင္ဘုရင္ကိုလည္း အေတြ႕မခံ၊ က်ဳပ္ကိုလည္း အေတြ႕မခံနဲ႔ စိတ္ဆိုးေနတာ...အဲ့ဒါကို လြီဇာက ေသခ်ာရွင္းျပရင္ သူနားလည္မွာပါ”
“အခု သူဘယ္မွာလဲ”
“ပဒုမၼသနပလႅင္ေဆာင္မွာ....ဂမုန္းက ရင့္က်က္သင့္ၿပီ..မိဖုရားေခါင္ႀကီးျဖစ္ေနၿပီမဟုတ္လား”
“အင္း..သူလည္းခံစားခ်က္ေတြေတာ့ရွိမွာေပါ့”
“ဘယ္လိုေနေန က်ဳပ္သမီးဟာ မိဖုရားေခါင္ႀကီးပါ..လြီဇာ..ဒီေနရာကိုေတာ့ ဘယ္သူမွ လုလို႔မရပါဘူး...လုယူမယ့္သူရွိလာရင္ေတာင္...သူ႔အဖျဖစ္တဲ့ အမတ္ႀကီဗညားဒလက ဘယ္သူ႔ကိုမွ လုခြင့္ျပဳမွာမဟုတ္ဘူး...အဲ့ဒီစကားေလးကိုပါ ေျပာျဖစ္ေအာင္ ေျပာခဲ့ေပးပါ”
ခက္ေဇာ္
Done 💪
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone,🐬
ReplyDeleteဟဲဟဲ🐬🐬🐬
DeleteDone
ReplyDeleteDone
ReplyDelete