AVA 1740s (S2) အခန်း ၇
AVA 1740s (Season 2)
အခန်း(၇)
...............................................
မကြာမီ နောက်မှ မြင်းနှစ်စီးကလည်း သူတို့ကို မှီလာ၏။
မြင်းပေါ်တွင် သူရိန်စော နှင့် ငကက်။
“သူတို့ လိုက်လာကြသေးလား...ကိုသူရိန်”
“ဒီဘက်အထိတော့ မလိုက်လာတော့ဘူး..ပြန်လှည့်သွားကြပြီ...နားလဲ..ဟိုလူ့ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ”
ငလှေး က သွေးများကို ရေဖြင့် ဆေးကြောရင်း ညည်းညူနေ၏။
“အကိုတို့ နေမဝင်ခင် ချောင်းခွကို ရောက်မှဖြစ်မယ်...နားလဲ...သူ့ကိုသွေးတိတ်အောင် ခဏလုပ်ပေးထားပြီး ဟိုရောက်မှ ကျည်ဆံကို ခွဲထုတ်ကြတာပေါ့”
ငကက်က မြင်းကုန်းနှီးပေါ်တွင် ပါလာသော ဆေးရွက်တစ်ချို့ကို ယူကာ ဝါးလိုက်သည်။
ထို့နောက် ငလှေး၏ ပေါင်မှ အနာပေါ်သို့ ဆေးရွက်ကို အုံကာ အဝတ်စဖြင့် စည်းပေးလိုက်၏။
“နားလဲ မြင်းဒီလူ့ကို ပေးစီးလိုက်...ငကက်က သူ့ကို စောင့်ပြီး ဖြည်းဖြည်းချင်းခေါ်လာခဲ့...နားလဲနဲ့ အကိုက မြင်းတစ်စီးတည်းစီးပြီး ချောင်းခွကို အရောက်သွားမယ်..ဟိုမှာ တို့လူက စောင့်နေရောမယ်”
“စိတ်ချပါ..ဗိုလ်မင်း...ဗိုလ်မင်းတို့ အရင်သွားနှင့်ကြပါ..ငါ ဒီလူနာကို ခေါ်ပြီး ဖြည်းဖြည်းလိုက်လာပါမယ်”
“ငလှေး..ရှင့်ကိုယ်ရှင် ဂရုစိုက်နော်.ငါတို့ သွားနှင့်မယ်”
နားလဲက မြင်းပေါ်သို့တက်ကာ သူရိန်စော၏ ရှေ့တွင် ခွထိုင်လိုက်သည်။
သူရိန်စောက ဇက်ကြိုးကို စောင့်ဆွဲလိုက်ရာ နားလဲ၏ ခန္ဓာကိုယ်လေးမှာ သူရိန်စော၏ ရင်ခွင်ထဲ ငြိမ့်ခနဲ ပါသွားတော့၏။
ချောင်းခွရွာ အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်သည် ဗိုလ်မင်းသူရိန်စော၏ အကိုကြီးတော်စပ်သူဖြစ်သည်။
အင်းဝနှင့် ဟံသာဝတီ စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ပုန်ကန်ရန် တာစူနေကြသည့် ကွေ့တို့သည် ဟံသာဝတီနှင့် မဟာမိတ်ဖြစ်ရေး ကြံစည်ခဲ့သည်။
ဟံသာဝတီတွင် ရှင်ဘုရင်ဖြစ်နေသည့် ဆင်ကျားရှင်သမိန်ထော မှာ ကွေ့သွေးတဝက်ပါဝင်သည့် သာလှ ခေါ် ကျာလ ဖြစ်သည့်အတွက် ဂုဏ္ဏအိမ်အနေဖြင့် လူမျိုးတူချင်း သွေးစည်းရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။
ကွေ့တို့မှာ မတ္တရာမွန်တို့နှင့် တညီတညွတ်တည်း စည်းရုံးနိုင်ခဲ့ပြီဖြစ်သဖြင့် ဟံသာဝတီနှင့် ပူးပေါင်းကာ အင်းဝကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဂုဏ္ဏအိမ်သည် ဆင်ကျားရှင်သမိန်ထောထံသို့ အားကိုးရသော ယောက်ဖတော်သူ သူရိန်စော၊ နှမဖြစ်သူ နားလဲ၊ ကွေ့တို့၏ အားထားသောစစ်ဘက်ခေါင်းဆောင် ငကတ်တို့အား မဟာမိတ်ပြုကြောင်း သဝဏ်လွှာနှင့်အတူ ဟံသာဝတီသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
တချိန်က နားလဲကို လိုက်ရှာခဲ့သော သူရိန်စောနှင့် ငကတ်သည် ဟံသာဝတီမှ လွီဇာထံ ရောက်ခဲ့ကြသည်။
ဆင်ဝန်ဉီးအောင်လှနှင့်လည်း သိရှိခဲ့ကြသည်။
ယခုအခါ ဆင်ဝန်ဉီးအောင်လှသည် ဆင်ကျားရှင်၏ ယောက္ခမ၊ အမတ်ချုပ်ကြီးဖြစ်နေပြီဖြစ်သဖြင့် ဟံသာဝတီနှင့် မတ္တရာအုတ်ဖို့ကွေ့တို့ ပူးပေါင်းရေးမှာ အလားအလာကောင်းလျက်ရှိ၏။
သူတို့သည် အင်းဝကို ကွေ့ပတ်ကာ ဟံသာဝတီနယ်စပ် တောင်ငူမြို့သို့ ဉီးတည်လာနေခြင်းဖြစ်သည်။
လမ်းခရီးတွင် မထင်မှတ်ပဲ အင်းဝတပ်များနှင့် တိုးသဖြင့် ပုန်းအောင်းကာ အခြေအနေစောင့်ဆိုင်းနေစဉ် အမှတ်မထင် ငလှေးကို တွေ့ခဲ့ကြပြီး ဝင်ရောက်ကယ်တင်လိုက်ခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းအနောက်ဖက်ရှိ အဆောင်ပေါ်တွင် ငလှေး က တဟီးဟီးညည်းနေသည်။
ပေါင်တွင် ဝင်နေသော ခဲလုံးကျည်ဆံကို ခွဲထုတ်ခဲ့ပြီဖြစ်သည်။
အနာရှိန်ဖြင့် အဖျားတက်နေသော ငလှေးဘေးတွင် သူရိန်စောနှင့် နားလဲ တို့ ထိုင်နေကြသည်။
ငကက်မှာ ဘုန်းကြီးကျောင်းဝန်းအတွင်း ကပ္ပိယကြီး၏ ဖိုရုံတွင် စကားကောင်းလျက်။
“သူ့ကို ဘယ်နှယ့်လုပ်ကြမလဲ..နားလဲ..အကိုတို့ ခရီးကလည်း ရှိသေးတယ်ကွယ်”
“အကို နင် တခါပြောဖူးတယ်လေ..ဟံသာဝတီက လွီဇာအိမ်မှာ သူ့မယား ကောင်မလေး တွေ့ခဲ့တယ်ဆို”
“အင်း...ဟုတ်တယ်”
“သူ့ကိုပါ ဟံသာဝတီခေါ်သွားချင်တယ်”
“ဖြစ်ပါ့မလား..အကိုတို့က ဟံသာဝတီထဲ ခိုးဝင်မှာနော်...အင်းဝတပ်တွေ လမ်းမှာ ဖမ်းမိသွားနိုင်သလို ဟိုရောက်ရင်လည်း လွီဇာတို့နဲ့ မတွေ့ခင်အထိ ဟံသာဝတီသားတွေက ဘယ်လိုဆက်ဆံမယ်မသိသေးဘူး”
“အကိုပဲ ပြောတယ်လေ...လွီဇာဆီမှာ အဲ့ဒီကောင်မလေးကို တွေ့ခဲ့တုန်းက ..သူ့ ယောက်ျားအကြောင်းကို ကြားတော့ အတော်လေး စိတ်လှုပ်ရှားနေတယ်ဆို...”
“အင်း..ဟုတ်တယ်..ကောင်မလေးနာမည်က မယ်ဖူး..ဟုတ်တယ်..မယ်ဖူး”
“မယ်ဖူး..မယ်ဖူး..ဘယ်မှာလဲဗျာ..မယ်ဖူး..သူ ဒီကိုလာတာလား”
စောင်ခြုံထဲမှ ငလှေးက ကယောင်ကတမ်းဖြင့် ထပြောသည်။
“မဟုတ်ပါဘူး..ငလှေး..ရှင့်မိန်းမက ဟံသာဝတီမှာပါ”
“ဗျာ..သူ ဟံသာဝတီမှာလား”
“ဟုတ်တယ်..တို့ အခု ဟံသာဝတီကို သွားကြမှာ...ရှင် သူနဲ့ တွေ့ချင်လား”
ငလှေးက စောင်ခြုံကို ဖယ်ခွာလိုက်သည်။
ငလှေး၏ ကျောက်ပေါက်ရာအပြည့်မျက်နှာက ဆီမီးခွက်အရောင်အောက်တွင် ပိုမိုအကျည်းတန်နေ၏။
“သူ..တကယ် ဟံသာဝတီမှာလား”
“ဟုတ်တယ်..ဒီက ကိုသူရိန်စောတို့ တစ်ခါ ဟံသာဝတီရောက်တုန်းက သူ့ကို တွေ့ခဲ့တယ်”
ထိုအခါမှ ငလှေးက သူရိန်စောကို သေချာကြည့်လိုက်သည်။
“ခင်ဗျား..ခင်ဗျား..ဟိုးတခါ..ထောင်ရှေ့မှာ နားလဲ ကို လာရှာတဲ့သူ”
“ဟုတ်တယ်...ငလှေး...ခင်ဗျားကျေးဇူးနဲ့ ကျုပ်တို့မှာ လွီဇာရှိတဲ့ ဟံသာဝတီအထိရောက်သွားခဲ့ကြတယ်.. နားလဲကိုတော့ မတွေ့ခဲ့ပါဘူး..လွီဇာနဲ့အတူ ခင်ဗျားရဲ့ မိန်းမ မယ်ဖူးကို တွေ့ခဲ့တယ်”
“သူ..သူ..နောက်အိမ်ထောင်တွေများ ပြုလိုက်ပြီလားဗျာ...အင်း..ပြုလောက်ပါပြီ”
“ကျုပ်သွားတုန်းကအထိတော့ လွီဇာအိမ်မှာပါပဲ...အိမ်ထောင်လည်းပြုမယ့်ပုံမပေါ်ပါဘူး...ခင်ဗျား နာမည်ပြောတော့ သူအတော်လေးကို ထိထိခိုက်ခိုက်ဖြစ်သွားတယ်ဗျ”
“ဟင်...သူ...ဘယ်လိုနေလဲဗျာ...သူအဆင်ပြေပြေမှရှိရဲ့လား...သူ ဘယ်လိုပုံစံဖြစ်နေလဲ”
သူရိန်စောရော..နားလဲ ပါ ရယ်လိုက်ကြသည်။
“ကဲ..အကိုသူရိန်...ဘယ့်နှယ်လဲ...သူ့ခေါ်သွားမှဖြစ်တော့မယ်”
“အင်း..ခင်ဗျား ဒီလောက်သိချင်နေလည်း..ကျုပ်တို့နဲ့ ဟံသာဝတီကိုလိုက်ခဲ့ပေါ့ဗျာ”
“အင်းဝ နဲ့ ဟံသာဝတီက စစ်ဖြစ်နေတာမဟုတ်လား..ခင်ဗျားတို့က ဘာလို့ အဲ့ဒီကို သွားကြမှာလဲ”
“ရှင် လိုက်မယ်ဆိုလိုက်ခဲ့နိုင်တယ်...စကားတွေ အများကြီးတော့ မမေးနဲ့..ဟုတ်ပြီလား”
“နားလဲ.....ကွေ့မလေး..”
ငလှေး က ဆီမီးခွက်ကို ယူကာ သူ့မျက်နှာနား ကပ်လိုက်သည်။
“ကျုပ်..ကျုပ် ရုပ်က အတော်ဆိုးသွားပြီလားဗျာ”
နားလဲက ခေါင်းကုတ်လိုက်သည်။
“ကျုပ် ဒီရုပ်ကြီးကိုတွေ့ရင်..သူမှတ်မိပါ့မလား..ကြောက်များနေမလား”
သူရိန်စောက ငလှေးလက်ထဲမှ ဆီမီးခွက်ကို ယူလိုက်သည်။
“ဟေ့လူ..ကျုပ်မိန်းမနား ခင်ဗျား မျက်နှာကြီး ကပ်ပြမနေနဲ့ဗျ...တော်ကြာ..ကလေးမွေးရင် ခင်ဗျားပုံကြီး ထွက်လာနေဉီးမယ်”
နားလဲက တခစ်ခစ်ရယ်သည်။
ငလှေးက ငိုမဲ့မဲ့ဖြင့်။
“ကျုပ်တို့ လင်မယားမှာမှ ဒီလို ဒုက္ခတွေ ကြုံကြရတယ်ဗျာ...မယ်ဖူးရေ...ငါ အသုံးမကျတာပါကွာ..ငါအသုံးမကျတာ...ငါ့ကြောင့် မင်းရော ငါပါ ဒီလို ဖြစ်ကြရတာ”
သူရိန်စောက စိတ်မကောင်းဖြစ်သွားပြီး ငလှေး၏ ပခုံးကို ဖက်လိုက်သည်။
“ကဲ..ကိုယ့်လူ..အလကားစတာပါဗျာ..ခင်ဗျားရုပ်က အရမ်းကြီးလည်း မပျက်သွားပါဘူး..ဟိုရောက်ရင် မယ်ဖူးက ခင်ဗျားကိုလည်း တွေ့ချင်ရှာမှာပါ...လိုက်သာလိုက်ခဲ့.အခုတော့ ခင်ဗျားအနာက သက်သာသေးတာမဟုတ်ဘူး.. နားလိုက်ဉီး”
....................................................................................................................
“ဟံသာဝတီပြည့်ရှင် ဆင်ကျားရှင်သမိန်ထောဗုဒ္ဓကိတ္ထိ ထံ ဖဝါးတော်အောက် လေးမြတ်စွာလျှောက်ထားပါသည်..ဘုရား။
ဘုရားကျွန်တော်မျိုး ဂုဏ္ဏအိမ်မှာ အုတ်ဖို၊ မတ္တရာရှိ ကွေ့၊ မွန် တို့အား ညီညွတ်စုစည်းလျက် အင်းဝ ကို စစ်ဘက်ပြုရန် အဆင့်သင့်ဖြစ်နေခဲ့ပါပြီ။
အင်းဝ၏ အခြေအနေမှာလည်း အဖက်ဖက်မှ ယုတ်လျော့အားနည်းနေသည်မှာ ကိုယ်တော်မြတ် အသိဖြစ်ပါသည်။
ဟံသာဝတီတပ်တော်အများ အင်းဝတံခါးဝတိုင် ပေါက်ရောက်ခဲ့သည်ကိုလည်း ကျွန်တော်မျိုးတို့ အသိဖြစ်ပါသည်။
နောင်တကြိမ် အင်းဝနှင့် စစ်ဖက်ပြုသည့်အခါ ကိုယ်တော်မြတ်တို့ ဟံသာဝတီက အောက်၊ ကျွန်တော်မျိုးတို့ အုတ်ဖို၊မတ္တရာ ကွေ့၊ မွန် တပ်များက အထက် ညီညီညာညာ ကွပ်ညပ်တိုက်ကြသော် အင်းဝကို အလိုတော်ပြည့်ပါမည်။
အင်းဝကို အလိုတော်ပြည့်ပါက အရှင်မင်းတရားသည် အောက်ဟံသာဝတီကို အခြေပြုလျက် အုပ်ချုပ်မင်းလုပ်ပြီး လက်အောက်ခံမင်းအဖြစ် ကျွန်တော်မျိုး ဂုဏ္ဏအိမ်ကို အင်းဝတွင် အကြီးအမှူးပြုလျက်ထားရှိပါက..အင်းဝ ကျော်စဉ် ကျောက်ဆည်ကိုးခရိုင်မက.မောရှမ်းပြည်တလွှားအထိ စိုးမိုးပြီး ..အခွန်အတုပ်ဆင်မြင်းဗိုလ်ပါများနှစ်စဉ်ဆက်သကာ..ဘုရားခြေတော်ရင်း ကျွန်ရင်းအဖြစ်..ခစားပါမည်။
အရှင်မင်းမြတ်နှင့် ကျွန်တော်မျိုး ကွေ့ညီနောင်နှစ်ပါး ညီညွတ်ကြပါက မြစ်စဉ်တစ်လျှောက် အဘယ်အင်အားမှ တောင့်ခံနိုင်မည်မဟုတ်ပါ။
အမိန့်တော်မြတ် သဘောထားကို သနားမည့်ကာလအထိ သံတမန်များက ဟံသာဝတီရွှေပြည်တွင် နေကြပါလိမ့်မည်။
...............................
“ဟား..ဟား..ဟား...ဟား”
သဝဏ်လွှာကို လက်ကကိုင်ပြီး သမိန်ထောက အားပါးတရရယ်လိုက်သည်။
“ဒီသဝဏ်လွှာ ဘယ်ကနေရတာလဲ..အမတ်ကြီးဗညားဒလ”
“တောင်ငူမြို့စောင့်တပ်က ဖမ်းဆီးမိလာတဲ့ ကွေ့သံတမန်တွေဆီကနေ ပါးလာတဲ့ သဝဏ်ပါ”
“အင်း..ဂုဏ္ဏအိမ်တဲ့....အင်းဝကိုထောင်ထားနေတဲ့ အုတ်ဖိုက သူပုန်ခေါင်းဆောင်ထင်ရဲ့”
“မှန်ပါ...အုတ်ဖို့ကွေ့များနဲ့ မတ္တရာမွန်များညီညွတ်ပြီး အခိုင်အမာ အလုံးအရင်းဖြင့် အထက်ဘက်တွင် ရှိနေကြကြောင်းပါ”
“အမတ်ကြီးက ဒီသဝဏ်လွှာကို ဖတ်ပြီးပြီလား”
“ပြည့်ရှင်မင်းတို့ဆီ ပါးတဲ့ သဝဏ်လွှာမို့ ကျွန်တော်မျိုးတို့မှာ အဉီးအဖျားမဖတ်ဝံ့ပါ”
“ဪ..ကျုပ်က ပြည့်ရှင်မင်းဆိုတာတော့ သိသေးတယ်ပေါ့....အင့်..အင်..ဖတ်ကြည့်စေဗျာ..ဖတ်ကြည့်စေ”
သမိန်ထော၏ ထေ့ငေါ့သောလေသံကြောင့် ဗညားဒလ ဉီးအောင်လှ မှာ အနည်းငယ် အောင့်သက်သက်ဖြစ်သွားသည်။
ညီလာခံတွင်ရှိနေသော မူးမတ်များကလည်း သမက်ရှင်ဘုရင်နှင့် ယောက္ခမအမတ်ချုပ်ကြီး၏ အခြေအနေကို ငြိမ်သက်စွာအကဲခတ်နေကြ၏။
ဉီးအောင်လှက သဝဏ်လွှာကို ဖတ်ကြည့်လိုက်သည်။
“ကိုင်း..ဘယ့်နှယ့်ရှိစ...အမတ်ကြီး...အထောင်အထားခြားနားနေတဲ့ သူပုန်အဆင့်က ဟံသာဝတီပြည့်ရှင်ကို ကွေ့ညီနောင်တဲ့...အင်းဝကို အလိုတော်ပြည့်ချင်ရင် သူ့က ကူတိုက်ပေးမယ်..သူ့ကို အင်းဝဘုရင်ခံမင်း ခန့်အပ်ပါပေါ့...အတော်ရဲတင်းတဲ့ ဂုဏ္ဏအိမ်ငယ်ပဲ..ရေးရဲ့ တဲ့ သင်းထက် ဒီစာကို ငါကိုယ်တော်ဆီ ပါးဝံ့ကြတဲ့ မောင်မင်းတို့ ကိုလည်း အံ့ပါရဲ့...ဘာလဲ..အမတ်ချုပ်ကြီး က ငါကိုယ်တော်ကို ဒီ တောသားသူပုန်ကွေ့တွေနဲ့ တစ်မျိုးတစ်ဆွေတည်းဆိုတဲ့သဘောနဲ့များ ဒီသဝဏ်လွှာကို ယူလာရသလား..လျှောက်တင်စမ်းပ”
ဉီးအောင်လှ၏ လက်တို့ တုန်ရီနေသည်။
“မဟုတ်ရပါဘုရား....အင်းဝနန်းမှာ ယို့ယွင်းနေပြီမှန်ပါသော်လည်း သူ၏ လက်ကျန် လူအင်အား၊ လက်နက်အင်အား၊ စစ်သည်ကောင်းများရှိနေသေးသည်မှာ ပြီးခဲ့သည့် တိုက်ပွဲများက သက်သေခံနေပါတယ်..အခုလို အချိန်မှာ ရန်သူကို ဒုက္ခပေးနိုင်မယ့် ဘယ်အင်အားစုကို မဆို မဟာမိတ်ပြုထားပြီး အရေးသာမှာ သင့်သလို စီမံဖို့ရာ တင်လျှောက်ဆက်သရခြင်းဖြစ်ပါတယ်..အခြား မည်သည့်ရည်ရွယ်ချက်မှ မရှိပါ”
သမိန်ထောဗုဒ္ဓကိတ္ထိ က ဉီးအောင်လှကို စူးစူးစိုက်စိုက်ကြည့်နေသည်။
အံကို ကြိတ်ထား၏။
“မောင်မင်းစာ..မောင်မင်းပြန်ယူသွား...ရာဇသံဆိုတာ ဧကရာဇ်မင်းသွေးအချင်းချင်းသာ အပေးအယူလုပ်ရတဲ့ကိစ္စမျိုး..မတန်မရာတွေ ငါ့ထံ ခေါ်မလာနဲ့”
သမိန်ထောက ညီလာခံအတွင်းမှ ထထွက်သွားသည်။
အမတ်စစ်သူကြီးများမှာ တိတ်ဆိတ်လျက် ကျန်ရစ်၏။
ထိပ်ဆုံးမှ အမတ်ကြီးဗညားဒလဘွဲ့ခံ ဉီးအောင်လှမှာ နန်းတော်ကြမ်းပြင်ကို သာ အချိန်အတန်ကြာအောင် စိုက်ကြည်နေတော့သည်။
.............................................................................................................................
သူရိန်စော၊ နားလဲ၊ ငကက်နှင့် ငလှေး တို့အား တောင်ငူမြို့အနီးတွင် ဟံသာဝတီတပ်များက ဖမ်းမိခဲ့သည်။
ဟံသာဝတီရှိ အမတ်ချုပ်ကြီး ဗညားဒလ၊ ကုန်သည်ကြီးလွီဇာတို့နှင့် ဆက်သွယ်ရန်လာရောက်သည်ဆိုသည့် သတင်းစကားအရ တောင်ငူသို့ ဗညားဒလ၏ ညီ ဉီးအောင်မြ ကိုယ်တိုင် သွားရောက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
လွီဇာ၏ အိမ်ပေါ်သို့ သူရိန်စော၊ နားလဲ နှင့် ငကက် တို့ တက်လာကြသည်။
လွီဇာက သူတို့အတွက် ထမင်းဝိုင်းကြီး စီစဉ်ထား၏။
နောက်ဆုံးမှ တက်လာသော ငလှေးက ခါးမောက်ကြီးတစ်လုံးဆောင်းကာ သူ့မျက်နှာကို ကွယ်ထားသည်။
မယ်ဖူးက ဧည့်သည်များအတွက် ထမင်းဟင်းများကို ချပေးရန် အစေခံအချို့ကို ခိုင်းစေနေသည်။
“လွီဇာ”
“နားလဲ”
အမျိုးသမီးနှစ်ဉီးက တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်လိုက်ကြ၏။
“သတိရနေတာ...ဒီခြေထောက်က အနာရွတ်တွေမြင်တိုင်းပေါ့”
အင်းဝအကျဉ်းထောင်အတွင်းတွင် ရရှိခဲ့သော သံခြေကျင်းဒဏ်ရာများကို တစ်ယောက်နှင့်တစ်ယောက် လှန်ပြရင်း ရယ်မောနေကြသည်။
“ကဲ..ရှင်တို့ရော..မောလာပန်းလာတယ်ဆိုတော့..တခွက်တဖလားသောက်ကြဉီးမှာလား”
လွီဇာက သူရိန်စောတို့ ဘက် လှည့်မေးလိုက်၏။
“လွီဇာ...တို့ထဲမှာ အထူးခေါ်လာတဲ့ ဧည့်သည်တစ်ယောက်ပါတယ်”
သူရိန်စောက ပြုံးစစဖြင့် ပြောလိုက်သည်။
လွီဇာက မျက်မှောင်ကြုံ့လိုက်၏။
ဝါးခမောက်ကြီးဆောင်းလျက်၊ သင်တိုင်းဖားဖားကြီးဝတ်ထားသော လူကို တချက်ကြည့်ကာ လွီဇာ ရင်ထဲ လှိုက်ခနဲ။
“သူ...မောင်ကြီး..ငတွန်များလား..ဟင်..နားလဲ..သူငတွန်မဟုတ်လား”
နားလဲက လွီဇာ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။
သူရိန်စောက နားမလည်သလို ကြည့်နေသည်။
“မဟုတ်ဘူး..လွီဇာ..ငတွန်မဟုတ်ဘူး....ဒါနဲ့..မယ်ဖူး ဆိုတာ ဘယ်သူလဲ”
လွီဇာက ခေတ္တမျှ ကြောင်နေ၏။
ထို့နောက်....တစုံတရာကိုတွေးမိသွား၏။
“မယ်ဖူး...မယ်ဖူး”
လွီဇာအသံကြောင့်...မယ်ဖူးက ဟင်းချိုခပ်နေရာမှ အလန့်တကြားပြေးထွက်လာသည်။
လွီဇာက ငလှေးထံသို့ ခပ်သွက်သွက်လျှောက်သွားကာ ခမောက်ကို ဆွဲလှန်လိုက်တော့၏။
ရုတ်တရပ်မြင်လိုက်ရသော မျက်နှာကြောင့် လွီဇာပင် နောက်တလှမ်းဆုတ်သွားသည်။
“ကိုရင်ငလှေး”
မယ်ဖူးက လွီဇာကိုကျော်ကာ ငလှေး ကို ပြေးဖက်လိုက်၏။
ငလှေးမှာ စကားပင် မပြောနိုင်။
မယ်ဖူးက ငလှေးကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ရှိုက်ကြီးတငင်ငင်ငိုနေတော့သည်။
“မယ်ဖူး..မယ်ဖူး...နင် ငါ့ကို မှတ်မိတယ်ပေါ့..မှတ်မိတယ်ပေါ့”
“ကိုရင်...ဘာတွေဖြစ်ခဲ့လို့ ဘယ်လိုပဲရုပ်တွေပြောင်းသွားပြောင်းသွား..ကိုရင့် မျက်လုံးတွေကို မယ်ဖူး ဘယ်မေ့မှာလဲ”
လွီဇာက ထမင်းစားပွဲဘေးရှိ ခုံတွင် ထိုင်ချလိုက်သည်။
နားလဲ က လွီဇာ ကို ကြည့်နေ၏။
“ကျွန်မ..တော့..အတော်ခံစားလိုက်ရတယ်..ဒီည..ဘရန်ဒီသောက်မှဖြစ်တော့မယ်..နားလဲ..ရှင်လည်း အတူသောက်မယ်မဟုတ်လား”
“ဘရန်ဒီဆိုတာ ဘာလဲ..လွီဇာ”
“အရက်ပေါ့..ဟိုး ပင်လယ်ကူးသင်္ဘောတွေကနေ ပါလာတဲ့ အရက်ပေါ့”
“ဪ..ငါတို့ ကွေ့တွေကတော့...တိုးတက်မှုဓာတ်ရည်လို့ ဗမာလို အဓိပ္ပါယ်နဲ့ ခေါ်တယ်..လွီဇာ..ဒါနဲ့...ငတွန် ဆိုတာ ထောင်ထဲမှာတုန်းက ရှင့်အတွက် အမြဲဂရုစိုက်နေတဲ့ တစ်ယောက်မဟုတ်လား”
“အခု မပြောပါရစေနဲ့လား...သူတို့ကြည်နူးနေတာလေးကို ကြည့်ရင်း မုဒိတာပွားကြတာပေါ့...ငတွန် အကြောင်းကတော့ တိုးတက်မှုဓာတ်ရည် နဲ့ ပြောမှ ကောင်းမှာ..နားလဲ”
ထိုအချိန်တွင် တံပိုးမှုတ်သံများနှင့်အတူ စစ်သည်တော်များခြံရံထားသော ဝေါပလာတစ်စီးက လွီဇာ အိမ်ရှေ့မှ ဖြတ်သွားသည်။
အနောက်တွင်လည်း ကွမ်းရည်တော်ကိုင်ရံရွှေတော်များ၊ အပျိုတော်များပါသွားသဖြင့် မိဖုရားခေါင်ကြီး၏ ဝေါမှန်း လွီဇာ သိလိုက်သည်။
လွီဇာက ပြတင်းပေါက်မှတဆင့်ကြည့်နေစဉ် နားလဲကပါ လိုက်ငေး၏။
“အဲ့ဒါ...ဘယ်သူလဲ..လွီဇာ”
“မိဖုရားခေါင်ကြီးပေါ့...ဒီနားမှာ သူ့အဖေ ဗညားဒလအမတ်ကြီးအိမ်ရှိတယ်...သူကိုယ်တိုင် ကြွလာတယ်ဆိုတော့ ဘာတွေဖြစ်ကြပြန်ပြီလဲမသိဘူး”
“နင် နဲ့ မိဖုရားခေါင်ကြီးနဲ့ ရင်းနှီးတာလား”
“အင်း...ကျွန်မ ညီမလေးလိုပါပဲ..နားလဲ”
“ငါ...တွေ့ဖူးချင်လိုက်တာ..မိဖုရားဆိုတာ ဘယ်လိုမျိုးလဲ တစ်ခါမှ မမြင်ဖူးဘူး”
“ညနေကျရင် သူ့အဖေ အမတ်ကြီးက ဗိုလ်သူရိန်စောတို့နဲ့ သဝဏ်လွှာကိစ္စ ဆွေးနွေးလိမ့်မယ်...ကျွန်မတို့က ဘရန်ဒီလေးယူပြီး မိဖုရားခေါင်ကြီး ဆီ သွားကြတာပေါ့...သူ တခါလာရင် ညမိုးချုပ်မှ နန်းတော်ကို ပြန်တာပါ..အချိန်ရပါတယ်”
ထိုစဉ် အိမ်အတွင်းဘက်ဆီမှ တခစ်ခစ် အသံများကြားလိုက်ရသည်။
ငလှေး နှင့် မယ်ဖူး ထံမှ ရယ်သံများ။
ခက်ဇော်
အခန်း(၈) သဘက်ခါ
ယင်းလျှင် ရန်သူ ၊ ဖြစ်သည်ဟူ၍ ၊ တွေးယူမရှိ၊ ပကတိပင်၊ မသိလိုက်သာ၊ ရှိစဉ်ခါဝယ်၊ ထွေရာနှောက်ယှက်၊ ရုတ်တရက်လျှင်၊ အသက်ယွင်းယို၊ ရှိစေလို၍ ၊ သူလျှိုတင်ကဲ၊ စဉ်းလဲစဉ်းစာ၊ စစ်ဆင်ရာကို စဉ်လာနည်းပြ၊ ဆိုပြသသည်၊ ဝိဒ္ဓဗျူဟာ ၊ ဝါသနာကြောင့် ကိုယ်ပါစိတ်ဝင်၊ တပွဲရွှင်၏။
ဗျူဟစက္ကိပျို့
(Zawgyi)
AVA 1740s (Season 2)
အခန္း(၇)
...............................................
မၾကာမီ ေနာက္မွ ျမင္းႏွစ္စီးကလည္း သူတို႔ကို မွီလာ၏။
ျမင္းေပၚတြင္ သူရိန္ေစာ ႏွင့္ ငကက္။
“သူတို႔ လိုက္လာၾကေသးလား...ကိုသူရိန္”
“ဒီဘက္အထိေတာ့ မလိုက္လာေတာ့ဘူး..ျပန္လွည့္သြားၾကၿပီ...နားလဲ..ဟိုလူ႔ ဒဏ္ရာအေျခအေန ဘယ္လိုလဲ”
ငေလွး က ေသြးမ်ားကို ေရျဖင့္ ေဆးေၾကာရင္း ညည္းညဴေန၏။
“အကိုတို႔ ေနမဝင္ခင္ ေခ်ာင္းခြကို ေရာက္မွျဖစ္မယ္...နားလဲ...သူ႔ကိုေသြးတိတ္ေအာင္ ခဏလုပ္ေပးထားၿပီး ဟိုေရာက္မွ က်ည္ဆံကို ခြဲထုတ္ၾကတာေပါ့”
ငကက္က ျမင္းကုန္းႏွီးေပၚတြင္ ပါလာေသာ ေဆး႐ြက္တစ္ခ်ိဳ႕ကို ယူကာ ဝါးလိုက္သည္။
ထို႔ေနာက္ ငေလွး၏ ေပါင္မွ အနာေပၚသို႔ ေဆး႐ြက္ကို အုံကာ အဝတ္စျဖင့္ စည္းေပးလိုက္၏။
“နားလဲ ျမင္းဒီလူ႔ကို ေပးစီးလိုက္...ငကက္က သူ႔ကို ေစာင့္ၿပီး ျဖည္းျဖည္းခ်င္းေခၚလာခဲ့...နားလဲနဲ႔ အကိုက ျမင္းတစ္စီးတည္းစီးၿပီး ေခ်ာင္းခြကို အေရာက္သြားမယ္..ဟိုမွာ တို႔လူက ေစာင့္ေနေရာမယ္”
“စိတ္ခ်ပါ..ဗိုလ္မင္း...ဗိုလ္မင္းတို႔ အရင္သြားႏွင့္ၾကပါ..ငါ ဒီလူနာကို ေခၚၿပီး ျဖည္းျဖည္းလိုက္လာပါမယ္”
“ငေလွး..ရွင့္ကိုယ္ရွင္ ဂ႐ုစိုက္ေနာ္.ငါတို႔ သြားႏွင့္မယ္”
နားလဲက ျမင္းေပၚသို႔တက္ကာ သူရိန္ေစာ၏ ေရွ႕တြင္ ခြထိုင္လိုက္သည္။
သူရိန္ေစာက ဇက္ႀကိဳးကို ေစာင့္ဆြဲလိုက္ရာ နားလဲ၏ ခႏၶာကိုယ္ေလးမွာ သူရိန္ေစာ၏ ရင္ခြင္ထဲ ၿငိမ့္ခနဲ ပါသြားေတာ့၏။
ေခ်ာင္းခြ႐ြာ အေရွ႕ဘက္ရွိ ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္သည္ ဗိုလ္မင္းသူရိန္ေစာ၏ အကိုႀကီးေတာ္စပ္သူျဖစ္သည္။
အင္းဝႏွင့္ ဟံသာဝတီ စစ္ပြဲစတင္ျဖစ္ပြားခ်ိန္ကတည္းက ပုန္ကန္ရန္ တာစူေနၾကသည့္ ေကြ႕တို႔သည္ ဟံသာဝတီႏွင့္ မဟာမိတ္ျဖစ္ေရး ႀကံစည္ခဲ့သည္။
ဟံသာဝတီတြင္ ရွင္ဘုရင္ျဖစ္ေနသည့္ ဆင္က်ားရွင္သမိန္ေထာ မွာ ေကြ႕ေသြးတဝက္ပါဝင္သည့္ သာလွ ေခၚ က်ာလ ျဖစ္သည့္အတြက္ ဂုဏၰအိမ္အေနျဖင့္ လူမ်ိဳးတူခ်င္း ေသြးစည္းရန္ ရည္႐ြယ္ခ်က္ထားရွိခဲ့သည္။
ေကြ႕တို႔မွာ မတၱရာမြန္တို႔ႏွင့္ တညီတၫြတ္တည္း စည္း႐ုံးႏိုင္ခဲ့ၿပီျဖစ္သျဖင့္ ဟံသာဝတီႏွင့္ ပူးေပါင္းကာ အင္းဝကို တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနခဲ့ၿပီျဖစ္သည္။
ထို႔ေၾကာင့္ ဂုဏၰအိမ္သည္ ဆင္က်ားရွင္သမိန္ေထာထံသို႔ အားကိုးရေသာ ေယာက္ဖေတာ္သူ သူရိန္ေစာ၊ ႏွမျဖစ္သူ နားလဲ၊ ေကြ႕တို႔၏ အားထားေသာစစ္ဘက္ေခါင္းေဆာင္ ငကတ္တို႔အား မဟာမိတ္ျပဳေၾကာင္း သဝဏ္လႊာႏွင့္အတူ ဟံသာဝတီသို႔ ေစလႊတ္ခဲ့ျခင္းျဖစ္သည္။
တခ်ိန္က နားလဲကို လိုက္ရွာခဲ့ေသာ သူရိန္ေစာႏွင့္ ငကတ္သည္ ဟံသာဝတီမွ လြီဇာထံ ေရာက္ခဲ့ၾကသည္။
ဆင္ဝန္ဉီးေအာင္လွႏွင့္လည္း သိရွိခဲ့ၾကသည္။
ယခုအခါ ဆင္ဝန္ဉီးေအာင္လွသည္ ဆင္က်ားရွင္၏ ေယာကၡမ၊ အမတ္ခ်ဳပ္ႀကီးျဖစ္ေနၿပီျဖစ္သျဖင့္ ဟံသာဝတီႏွင့္ မတၱရာအုတ္ဖို႔ေကြ႕တို႔ ပူးေပါင္းေရးမွာ အလားအလာေကာင္းလ်က္ရွိ၏။
သူတို႔သည္ အင္းဝကို ေကြ႕ပတ္ကာ ဟံသာဝတီနယ္စပ္ ေတာင္ငူၿမိဳ႕သို႔ ဉီးတည္လာေနျခင္းျဖစ္သည္။
လမ္းခရီးတြင္ မထင္မွတ္ပဲ အင္းဝတပ္မ်ားႏွင့္ တိုးသျဖင့္ ပုန္းေအာင္းကာ အေျခအေနေစာင့္ဆိုင္းေနစဥ္ အမွတ္မထင္ ငေလွးကို ေတြ႕ခဲ့ၾကၿပီး ဝင္ေရာက္ကယ္တင္လိုက္ျခင္းျဖစ္သည္။
ဘုန္းႀကီးေက်ာင္းအေနာက္ဖက္ရွိ အေဆာင္ေပၚတြင္ ငေလွး က တဟီးဟီးညည္းေနသည္။
ေပါင္တြင္ ဝင္ေနေသာ ခဲလုံးက်ည္ဆံကို ခြဲထုတ္ခဲ့ၿပီျဖစ္သည္။
အနာရွိန္ျဖင့္ အဖ်ားတက္ေနေသာ ငေလွးေဘးတြင္ သူရိန္ေစာႏွင့္ နားလဲ တို႔ ထိုင္ေနၾကသည္။
ငကက္မွာ ဘုန္းႀကီးေက်ာင္းဝန္းအတြင္း ကပၸိယႀကီး၏ ဖို႐ုံတြင္ စကားေကာင္းလ်က္။
“သူ႔ကို ဘယ္ႏွယ့္လုပ္ၾကမလဲ..နားလဲ..အကိုတို႔ ခရီးကလည္း ရွိေသးတယ္ကြယ္”
“အကို နင္ တခါေျပာဖူးတယ္ေလ..ဟံသာဝတီက လြီဇာအိမ္မွာ သူ႔မယား ေကာင္မေလး ေတြ႕ခဲ့တယ္ဆို”
“အင္း...ဟုတ္တယ္”
“သူ႔ကိုပါ ဟံသာဝတီေခၚသြားခ်င္တယ္”
“ျဖစ္ပါ့မလား..အကိုတို႔က ဟံသာဝတီထဲ ခိုးဝင္မွာေနာ္...အင္းဝတပ္ေတြ လမ္းမွာ ဖမ္းမိသြားႏိုင္သလို ဟိုေရာက္ရင္လည္း လြီဇာတို႔နဲ႔ မေတြ႕ခင္အထိ ဟံသာဝတီသားေတြက ဘယ္လိုဆက္ဆံမယ္မသိေသးဘူး”
“အကိုပဲ ေျပာတယ္ေလ...လြီဇာဆီမွာ အဲ့ဒီေကာင္မေလးကို ေတြ႕ခဲ့တုန္းက ..သူ႔ ေယာက္်ားအေၾကာင္းကို ၾကားေတာ့ အေတာ္ေလး စိတ္လႈပ္ရွားေနတယ္ဆို...”
“အင္း..ဟုတ္တယ္..ေကာင္မေလးနာမည္က မယ္ဖူး..ဟုတ္တယ္..မယ္ဖူး”
“မယ္ဖူး..မယ္ဖူး..ဘယ္မွာလဲဗ်ာ..မယ္ဖူး..သူ ဒီကိုလာတာလား”
ေစာင္ၿခဳံထဲမွ ငေလွးက ကေယာင္ကတမ္းျဖင့္ ထေျပာသည္။
“မဟုတ္ပါဘူး..ငေလွး..ရွင့္မိန္းမက ဟံသာဝတီမွာပါ”
“ဗ်ာ..သူ ဟံသာဝတီမွာလား”
“ဟုတ္တယ္..တို႔ အခု ဟံသာဝတီကို သြားၾကမွာ...ရွင္ သူနဲ႔ ေတြ႕ခ်င္လား”
ငေလွးက ေစာင္ၿခဳံကို ဖယ္ခြာလိုက္သည္။
ငေလွး၏ ေက်ာက္ေပါက္ရာအျပည့္မ်က္ႏွာက ဆီမီးခြက္အေရာင္ေအာက္တြင္ ပိုမိုအက်ည္းတန္ေန၏။
“သူ..တကယ္ ဟံသာဝတီမွာလား”
“ဟုတ္တယ္..ဒီက ကိုသူရိန္ေစာတို႔ တစ္ခါ ဟံသာဝတီေရာက္တုန္းက သူ႔ကို ေတြ႕ခဲ့တယ္”
ထိုအခါမွ ငေလွးက သူရိန္ေစာကို ေသခ်ာၾကည့္လိုက္သည္။
“ခင္ဗ်ား..ခင္ဗ်ား..ဟိုးတခါ..ေထာင္ေရွ႕မွာ နားလဲ ကို လာရွာတဲ့သူ”
“ဟုတ္တယ္...ငေလွး...ခင္ဗ်ားေက်းဇူးနဲ႔ က်ဳပ္တို႔မွာ လြီဇာရွိတဲ့ ဟံသာဝတီအထိေရာက္သြားခဲ့ၾကတယ္.. နားလဲကိုေတာ့ မေတြ႕ခဲ့ပါဘူး..လြီဇာနဲ႔အတူ ခင္ဗ်ားရဲ႕ မိန္းမ မယ္ဖူးကို ေတြ႕ခဲ့တယ္”
“သူ..သူ..ေနာက္အိမ္ေထာင္ေတြမ်ား ျပဳလိုက္ၿပီလားဗ်ာ...အင္း..ျပဳေလာက္ပါၿပီ”
“က်ဳပ္သြားတုန္းကအထိေတာ့ လြီဇာအိမ္မွာပါပဲ...အိမ္ေထာင္လည္းျပဳမယ့္ပုံမေပၚပါဘူး...ခင္ဗ်ား နာမည္ေျပာေတာ့ သူအေတာ္ေလးကို ထိထိခိုက္ခိုက္ျဖစ္သြားတယ္ဗ်”
“ဟင္...သူ...ဘယ္လိုေနလဲဗ်ာ...သူအဆင္ေျပေျပမွရွိရဲ႕လား...သူ ဘယ္လိုပုံစံျဖစ္ေနလဲ”
သူရိန္ေစာေရာ..နားလဲ ပါ ရယ္လိုက္ၾကသည္။
“ကဲ..အကိုသူရိန္...ဘယ့္ႏွယ္လဲ...သူ႔ေခၚသြားမွျဖစ္ေတာ့မယ္”
“အင္း..ခင္ဗ်ား ဒီေလာက္သိခ်င္ေနလည္း..က်ဳပ္တို႔နဲ႔ ဟံသာဝတီကိုလိုက္ခဲ့ေပါ့ဗ်ာ”
“အင္းဝ နဲ႔ ဟံသာဝတီက စစ္ျဖစ္ေနတာမဟုတ္လား..ခင္ဗ်ားတို႔က ဘာလို႔ အဲ့ဒီကို သြားၾကမွာလဲ”
“ရွင္ လိုက္မယ္ဆိုလိုက္ခဲ့ႏိုင္တယ္...စကားေတြ အမ်ားႀကီးေတာ့ မေမးနဲ႔..ဟုတ္ၿပီလား”
“နားလဲ.....ေကြ႕မေလး..”
ငေလွး က ဆီမီးခြက္ကို ယူကာ သူ႔မ်က္ႏွာနား ကပ္လိုက္သည္။
“က်ဳပ္..က်ဳပ္ ႐ုပ္က အေတာ္ဆိုးသြားၿပီလားဗ်ာ”
နားလဲက ေခါင္းကုတ္လိုက္သည္။
“က်ဳပ္ ဒီ႐ုပ္ႀကီးကိုေတြ႕ရင္..သူမွတ္မိပါ့မလား..ေၾကာက္မ်ားေနမလား”
သူရိန္ေစာက ငေလွးလက္ထဲမွ ဆီမီးခြက္ကို ယူလိုက္သည္။
“ေဟ့လူ..က်ဳပ္မိန္းမနား ခင္ဗ်ား မ်က္ႏွာႀကီး ကပ္ျပမေနနဲ႔ဗ်...ေတာ္ၾကာ..ကေလးေမြးရင္ ခင္ဗ်ားပုံႀကီး ထြက္လာေနဉီးမယ္”
နားလဲက တခစ္ခစ္ရယ္သည္။
ငေလွးက ငိုမဲ့မဲ့ျဖင့္။
“က်ဳပ္တို႔ လင္မယားမွာမွ ဒီလို ဒုကၡေတြ ႀကဳံၾကရတယ္ဗ်ာ...မယ္ဖူးေရ...ငါ အသုံးမက်တာပါကြာ..ငါအသုံးမက်တာ...ငါ့ေၾကာင့္ မင္းေရာ ငါပါ ဒီလို ျဖစ္ၾကရတာ”
သူရိန္ေစာက စိတ္မေကာင္းျဖစ္သြားၿပီး ငေလွး၏ ပခုံးကို ဖက္လိုက္သည္။
“ကဲ..ကိုယ့္လူ..အလကားစတာပါဗ်ာ..ခင္ဗ်ား႐ုပ္က အရမ္းႀကီးလည္း မပ်က္သြားပါဘူး..ဟိုေရာက္ရင္ မယ္ဖူးက ခင္ဗ်ားကိုလည္း ေတြ႕ခ်င္ရွာမွာပါ...လိုက္သာလိုက္ခဲ့.အခုေတာ့ ခင္ဗ်ားအနာက သက္သာေသးတာမဟုတ္ဘူး.. နားလိုက္ဉီး”
....................................................................................................................
“ဟံသာဝတီျပည့္ရွင္ ဆင္က်ားရွင္သမိန္ေထာဗုဒၶကိတၳိ ထံ ဖဝါးေတာ္ေအာက္ ေလးျမတ္စြာေလွ်ာက္ထားပါသည္..ဘုရား။
ဘုရားကြၽန္ေတာ္မ်ိဳး ဂုဏၰအိမ္မွာ အုတ္ဖို၊ မတၱရာရွိ ေကြ႕၊ မြန္ တို႔အား ညီၫြတ္စုစည္းလ်က္ အင္းဝ ကို စစ္ဘက္ျပဳရန္ အဆင့္သင့္ျဖစ္ေနခဲ့ပါၿပီ။
အင္းဝ၏ အေျခအေနမွာလည္း အဖက္ဖက္မွ ယုတ္ေလ်ာ့အားနည္းေနသည္မွာ ကိုယ္ေတာ္ျမတ္ အသိျဖစ္ပါသည္။
ဟံသာဝတီတပ္ေတာ္အမ်ား အင္းဝတံခါးဝတိုင္ ေပါက္ေရာက္ခဲ့သည္ကိုလည္း ကြၽန္ေတာ္မ်ိဳးတို႔ အသိျဖစ္ပါသည္။
ေနာင္တႀကိမ္ အင္းဝႏွင့္ စစ္ဖက္ျပဳသည့္အခါ ကိုယ္ေတာ္ျမတ္တို႔ ဟံသာဝတီက ေအာက္၊ ကြၽန္ေတာ္မ်ိဳးတို႔ အုတ္ဖို၊မတၱရာ ေကြ႕၊ မြန္ တပ္မ်ားက အထက္ ညီညီညာညာ ကြပ္ညပ္တိုက္ၾကေသာ္ အင္းဝကို အလိုေတာ္ျပည့္ပါမည္။
အင္းဝကို အလိုေတာ္ျပည့္ပါက အရွင္မင္းတရားသည္ ေအာက္ဟံသာဝတီကို အေျချပဳလ်က္ အုပ္ခ်ဳပ္မင္းလုပ္ၿပီး လက္ေအာက္ခံမင္းအျဖစ္ ကြၽန္ေတာ္မ်ိဳး ဂုဏၰအိမ္ကို အင္းဝတြင္ အႀကီးအမႉးျပဳလ်က္ထားရွိပါက..အင္းဝ ေက်ာ္စဥ္ ေက်ာက္ဆည္ကိုးခ႐ိုင္မက.ေမာရွမ္းျပည္တလႊားအထိ စိုးမိုးၿပီး ..အခြန္အတုပ္ဆင္ျမင္းဗိုလ္ပါမ်ားႏွစ္စဥ္ဆက္သကာ..ဘုရားေျခေတာ္ရင္း ကြၽန္ရင္းအျဖစ္..ခစားပါမည္။
အရွင္မင္းျမတ္ႏွင့္ ကြၽန္ေတာ္မ်ိဳး ေကြ႕ညီေနာင္ႏွစ္ပါး ညီၫြတ္ၾကပါက ျမစ္စဥ္တစ္ေလွ်ာက္ အဘယ္အင္အားမွ ေတာင့္ခံႏိုင္မည္မဟုတ္ပါ။
အမိန႔္ေတာ္ျမတ္ သေဘာထားကို သနားမည့္ကာလအထိ သံတမန္မ်ားက ဟံသာဝတီေ႐ႊျပည္တြင္ ေနၾကပါလိမ့္မည္။
...............................
“ဟား..ဟား..ဟား...ဟား”
သဝဏ္လႊာကို လက္ကကိုင္ၿပီး သမိန္ေထာက အားပါးတရရယ္လိုက္သည္။
“ဒီသဝဏ္လႊာ ဘယ္ကေနရတာလဲ..အမတ္ႀကီးဗညားဒလ”
“ေတာင္ငူၿမိဳ႕ေစာင့္တပ္က ဖမ္းဆီးမိလာတဲ့ ေကြ႕သံတမန္ေတြဆီကေန ပါးလာတဲ့ သဝဏ္ပါ”
“အင္း..ဂုဏၰအိမ္တဲ့....အင္းဝကိုေထာင္ထားေနတဲ့ အုတ္ဖိုက သူပုန္ေခါင္းေဆာင္ထင္ရဲ႕”
“မွန္ပါ...အုတ္ဖို႔ေကြ႕မ်ားနဲ႔ မတၱရာမြန္မ်ားညီၫြတ္ၿပီး အခိုင္အမာ အလုံးအရင္းျဖင့္ အထက္ဘက္တြင္ ရွိေနၾကေၾကာင္းပါ”
“အမတ္ႀကီးက ဒီသဝဏ္လႊာကို ဖတ္ၿပီးၿပီလား”
“ျပည့္ရွင္မင္းတို႔ဆီ ပါးတဲ့ သဝဏ္လႊာမို႔ ကြၽန္ေတာ္မ်ိဳးတို႔မွာ အဉီးအဖ်ားမဖတ္ဝံ့ပါ”
“ဪ..က်ဳပ္က ျပည့္ရွင္မင္းဆိုတာေတာ့ သိေသးတယ္ေပါ့....အင့္..အင္..ဖတ္ၾကည့္ေစဗ်ာ..ဖတ္ၾကည့္ေစ”
သမိန္ေထာ၏ ေထ့ေငါ့ေသာေလသံေၾကာင့္ ဗညားဒလ ဉီးေအာင္လွ မွာ အနည္းငယ္ ေအာင့္သက္သက္ျဖစ္သြားသည္။
ညီလာခံတြင္ရွိေနေသာ မူးမတ္မ်ားကလည္း သမက္ရွင္ဘုရင္ႏွင့္ ေယာကၡမအမတ္ခ်ဳပ္ႀကီး၏ အေျခအေနကို ၿငိမ္သက္စြာအကဲခတ္ေနၾက၏။
ဉီးေအာင္လွက သဝဏ္လႊာကို ဖတ္ၾကည့္လိုက္သည္။
“ကိုင္း..ဘယ့္ႏွယ့္ရွိစ...အမတ္ႀကီး...အေထာင္အထားျခားနားေနတဲ့ သူပုန္အဆင့္က ဟံသာဝတီျပည့္ရွင္ကို ေကြ႕ညီေနာင္တဲ့...အင္းဝကို အလိုေတာ္ျပည့္ခ်င္ရင္ သူ႔က ကူတိုက္ေပးမယ္..သူ႔ကို အင္းဝဘုရင္ခံမင္း ခန႔္အပ္ပါေပါ့...အေတာ္ရဲတင္းတဲ့ ဂုဏၰအိမ္ငယ္ပဲ..ေရးရဲ႕ တဲ့ သင္းထက္ ဒီစာကို ငါကိုယ္ေတာ္ဆီ ပါးဝံ့ၾကတဲ့ ေမာင္မင္းတို႔ ကိုလည္း အံ့ပါရဲ႕...ဘာလဲ..အမတ္ခ်ဳပ္ႀကီး က ငါကိုယ္ေတာ္ကို ဒီ ေတာသားသူပုန္ေကြ႕ေတြနဲ႔ တစ္မ်ိဳးတစ္ေဆြတည္းဆိုတဲ့သေဘာနဲ႔မ်ား ဒီသဝဏ္လႊာကို ယူလာရသလား..ေလွ်ာက္တင္စမ္းပ”
ဉီးေအာင္လွ၏ လက္တို႔ တုန္ရီေနသည္။
“မဟုတ္ရပါဘုရား....အင္းဝနန္းမွာ ယို႔ယြင္းေနၿပီမွန္ပါေသာ္လည္း သူ၏ လက္က်န္ လူအင္အား၊ လက္နက္အင္အား၊ စစ္သည္ေကာင္းမ်ားရွိေနေသးသည္မွာ ၿပီးခဲ့သည့္ တိုက္ပြဲမ်ားက သက္ေသခံေနပါတယ္..အခုလို အခ်ိန္မွာ ရန္သူကို ဒုကၡေပးႏိုင္မယ့္ ဘယ္အင္အားစုကို မဆို မဟာမိတ္ျပဳထားၿပီး အေရးသာမွာ သင့္သလို စီမံဖို႔ရာ တင္ေလွ်ာက္ဆက္သရျခင္းျဖစ္ပါတယ္..အျခား မည္သည့္ရည္႐ြယ္ခ်က္မွ မရွိပါ”
သမိန္ေထာဗုဒၶကိတၳိ က ဉီးေအာင္လွကို စူးစူးစိုက္စိုက္ၾကည့္ေနသည္။
အံကို ႀကိတ္ထား၏။
“ေမာင္မင္းစာ..ေမာင္မင္းျပန္ယူသြား...ရာဇသံဆိုတာ ဧကရာဇ္မင္းေသြးအခ်င္းခ်င္းသာ အေပးအယူလုပ္ရတဲ့ကိစၥမ်ိဳး..မတန္မရာေတြ ငါ့ထံ ေခၚမလာနဲ႔”
သမိန္ေထာက ညီလာခံအတြင္းမွ ထထြက္သြားသည္။
အမတ္စစ္သူႀကီးမ်ားမွာ တိတ္ဆိတ္လ်က္ က်န္ရစ္၏။
ထိပ္ဆုံးမွ အမတ္ႀကီးဗညားဒလဘြဲ႕ခံ ဉီးေအာင္လွမွာ နန္းေတာ္ၾကမ္းျပင္ကို သာ အခ်ိန္အတန္ၾကာေအာင္ စိုက္ၾကည္ေနေတာ့သည္။
.............................................................................................................................
သူရိန္ေစာ၊ နားလဲ၊ ငကက္ႏွင့္ ငေလွး တို႔အား ေတာင္ငူၿမိဳ႕အနီးတြင္ ဟံသာဝတီတပ္မ်ားက ဖမ္းမိခဲ့သည္။
ဟံသာဝတီရွိ အမတ္ခ်ဳပ္ႀကီး ဗညားဒလ၊ ကုန္သည္ႀကီးလြီဇာတို႔ႏွင့္ ဆက္သြယ္ရန္လာေရာက္သည္ဆိုသည့္ သတင္းစကားအရ ေတာင္ငူသို႔ ဗညားဒလ၏ ညီ ဉီးေအာင္ျမ ကိုယ္တိုင္ သြားေရာက္ေခၚေဆာင္လာခဲ့ျခင္းျဖစ္သည္။
လြီဇာ၏ အိမ္ေပၚသို႔ သူရိန္ေစာ၊ နားလဲ ႏွင့္ ငကက္ တို႔ တက္လာၾကသည္။
လြီဇာက သူတို႔အတြက္ ထမင္းဝိုင္းႀကီး စီစဥ္ထား၏။
ေနာက္ဆုံးမွ တက္လာေသာ ငေလွးက ခါးေမာက္ႀကီးတစ္လုံးေဆာင္းကာ သူ႔မ်က္ႏွာကို ကြယ္ထားသည္။
မယ္ဖူးက ဧည့္သည္မ်ားအတြက္ ထမင္းဟင္းမ်ားကို ခ်ေပးရန္ အေစခံအခ်ိဳ႕ကို ခိုင္းေစေနသည္။
“လြီဇာ”
“နားလဲ”
အမ်ိဳးသမီးႏွစ္ဉီးက တစ္ေယာက္ႏွင့္တစ္ေယာက္ တင္းတင္းၾကပ္ၾကပ္ဖက္လိုက္ၾက၏။
“သတိရေနတာ...ဒီေျခေထာက္က အနာ႐ြတ္ေတြျမင္တိုင္းေပါ့”
အင္းဝအက်ဥ္းေထာင္အတြင္းတြင္ ရရွိခဲ့ေသာ သံေျခက်င္းဒဏ္ရာမ်ားကို တစ္ေယာက္ႏွင့္တစ္ေယာက္ လွန္ျပရင္း ရယ္ေမာေနၾကသည္။
“ကဲ..ရွင္တို႔ေရာ..ေမာလာပန္းလာတယ္ဆိုေတာ့..တခြက္တဖလားေသာက္ၾကဉီးမွာလား”
လြီဇာက သူရိန္ေစာတို႔ ဘက္ လွည့္ေမးလိုက္၏။
“လြီဇာ...တို႔ထဲမွာ အထူးေခၚလာတဲ့ ဧည့္သည္တစ္ေယာက္ပါတယ္”
သူရိန္ေစာက ၿပဳံးစစျဖင့္ ေျပာလိုက္သည္။
လြီဇာက မ်က္ေမွာင္ႀကဳံ႕လိုက္၏။
ဝါးခေမာက္ႀကီးေဆာင္းလ်က္၊ သင္တိုင္းဖားဖားႀကီးဝတ္ထားေသာ လူကို တခ်က္ၾကည့္ကာ လြီဇာ ရင္ထဲ လႈိက္ခနဲ။
“သူ...ေမာင္ႀကီး..ငတြန္မ်ားလား..ဟင္..နားလဲ..သူငတြန္မဟုတ္လား”
နားလဲက လြီဇာ၏ လက္ကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္၏။
သူရိန္ေစာက နားမလည္သလို ၾကည့္ေနသည္။
“မဟုတ္ဘူး..လြီဇာ..ငတြန္မဟုတ္ဘူး....ဒါနဲ႔..မယ္ဖူး ဆိုတာ ဘယ္သူလဲ”
လြီဇာက ေခတၱမွ် ေၾကာင္ေန၏။
ထို႔ေနာက္....တစုံတရာကိုေတြးမိသြား၏။
“မယ္ဖူး...မယ္ဖူး”
လြီဇာအသံေၾကာင့္...မယ္ဖူးက ဟင္းခ်ိဳခပ္ေနရာမွ အလန႔္တၾကားေျပးထြက္လာသည္။
လြီဇာက ငေလွးထံသို႔ ခပ္သြက္သြက္ေလွ်ာက္သြားကာ ခေမာက္ကို ဆြဲလွန္လိုက္ေတာ့၏။
႐ုတ္တရပ္ျမင္လိုက္ရေသာ မ်က္ႏွာေၾကာင့္ လြီဇာပင္ ေနာက္တလွမ္းဆုတ္သြားသည္။
“ကိုရင္ငေလွး”
မယ္ဖူးက လြီဇာကိုေက်ာ္ကာ ငေလွး ကို ေျပးဖက္လိုက္၏။
ငေလွးမွာ စကားပင္ မေျပာႏိုင္။
မယ္ဖူးက ငေလွးကို တင္းတင္းၾကပ္ၾကပ္ဖက္ထားၿပီး ရႈိက္ႀကီးတငင္ငင္ငိုေနေတာ့သည္။
“မယ္ဖူး..မယ္ဖူး...နင္ ငါ့ကို မွတ္မိတယ္ေပါ့..မွတ္မိတယ္ေပါ့”
“ကိုရင္...ဘာေတြျဖစ္ခဲ့လို႔ ဘယ္လိုပဲ႐ုပ္ေတြေျပာင္းသြားေျပာင္းသြား..ကိုရင့္ မ်က္လုံးေတြကို မယ္ဖူး ဘယ္ေမ့မွာလဲ”
လြီဇာက ထမင္းစားပြဲေဘးရွိ ခုံတြင္ ထိုင္ခ်လိုက္သည္။
နားလဲ က လြီဇာ ကို ၾကည့္ေန၏။
“ကြၽန္မ..ေတာ့..အေတာ္ခံစားလိုက္ရတယ္..ဒီည..ဘရန္ဒီေသာက္မွျဖစ္ေတာ့မယ္..နားလဲ..ရွင္လည္း အတူေသာက္မယ္မဟုတ္လား”
“ဘရန္ဒီဆိုတာ ဘာလဲ..လြီဇာ”
“အရက္ေပါ့..ဟိုး ပင္လယ္ကူးသေဘၤာေတြကေန ပါလာတဲ့ အရက္ေပါ့”
“ဪ..ငါတို႔ ေကြ႕ေတြကေတာ့...တိုးတက္မႈဓာတ္ရည္လို႔ ဗမာလို အဓိပၸါယ္နဲ႔ ေခၚတယ္..လြီဇာ..ဒါနဲ႔...ငတြန္ ဆိုတာ ေထာင္ထဲမွာတုန္းက ရွင့္အတြက္ အၿမဲဂ႐ုစိုက္ေနတဲ့ တစ္ေယာက္မဟုတ္လား”
“အခု မေျပာပါရေစနဲ႔လား...သူတို႔ၾကည္ႏူးေနတာေလးကို ၾကည့္ရင္း မုဒိတာပြားၾကတာေပါ့...ငတြန္ အေၾကာင္းကေတာ့ တိုးတက္မႈဓာတ္ရည္ နဲ႔ ေျပာမွ ေကာင္းမွာ..နားလဲ”
ထိုအခ်ိန္တြင္ တံပိုးမႈတ္သံမ်ားႏွင့္အတူ စစ္သည္ေတာ္မ်ားၿခံရံထားေသာ ေဝါပလာတစ္စီးက လြီဇာ အိမ္ေရွ႕မွ ျဖတ္သြားသည္။
အေနာက္တြင္လည္း ကြမ္းရည္ေတာ္ကိုင္ရံေ႐ႊေတာ္မ်ား၊ အပ်ိဳေတာ္မ်ားပါသြားသျဖင့္ မိဖုရားေခါင္ႀကီး၏ ေဝါမွန္း လြီဇာ သိလိုက္သည္။
လြီဇာက ျပတင္းေပါက္မွတဆင့္ၾကည့္ေနစဥ္ နားလဲကပါ လိုက္ေငး၏။
“အဲ့ဒါ...ဘယ္သူလဲ..လြီဇာ”
“မိဖုရားေခါင္ႀကီးေပါ့...ဒီနားမွာ သူ႔အေဖ ဗညားဒလအမတ္ႀကီးအိမ္ရွိတယ္...သူကိုယ္တိုင္ ႂကြလာတယ္ဆိုေတာ့ ဘာေတြျဖစ္ၾကျပန္ၿပီလဲမသိဘူး”
“နင္ နဲ႔ မိဖုရားေခါင္ႀကီးနဲ႔ ရင္းႏွီးတာလား”
“အင္း...ကြၽန္မ ညီမေလးလိုပါပဲ..နားလဲ”
“ငါ...ေတြ႕ဖူးခ်င္လိုက္တာ..မိဖုရားဆိုတာ ဘယ္လိုမ်ိဳးလဲ တစ္ခါမွ မျမင္ဖူးဘူး”
“ညေနက်ရင္ သူ႔အေဖ အမတ္ႀကီးက ဗိုလ္သူရိန္ေစာတို႔နဲ႔ သဝဏ္လႊာကိစၥ ေဆြးေႏြးလိမ့္မယ္...ကြၽန္မတို႔က ဘရန္ဒီေလးယူၿပီး မိဖုရားေခါင္ႀကီး ဆီ သြားၾကတာေပါ့...သူ တခါလာရင္ ညမိုးခ်ဳပ္မွ နန္းေတာ္ကို ျပန္တာပါ..အခ်ိန္ရပါတယ္”
ထိုစဥ္ အိမ္အတြင္းဘက္ဆီမွ တခစ္ခစ္ အသံမ်ားၾကားလိုက္ရသည္။
ငေလွး ႏွင့္ မယ္ဖူး ထံမွ ရယ္သံမ်ား။
ခက္ေဇာ္
အခန္း(၈) သဘက္ခါ
ယင္းလွ်င္ ရန္သူ ၊ ျဖစ္သည္ဟူ၍ ၊ ေတြးယူမရွိ၊ ပကတိပင္၊ မသိလိုက္သာ၊ ရွိစဥ္ခါဝယ္၊ ေထြရာေႏွာက္ယွက္၊ ႐ုတ္တရက္လွ်င္၊ အသက္ယြင္းယို၊ ရွိေစလို၍ ၊ သူလွ်ိဳတင္ကဲ၊ စဥ္းလဲစဥ္းစာ၊ စစ္ဆင္ရာကို စဥ္လာနည္းျပ၊ ဆိုျပသသည္၊ ဝိဒၶဗ်ဴဟာ ၊ ဝါသနာေၾကာင့္ ကိုယ္ပါစိတ္ဝင္၊ တပြဲ႐ႊင္၏။
ဗ်ဴဟစကၠိပ်ိဳ႕
Done 💪
ReplyDeleteDone
ReplyDeleteDone🐬
ReplyDeletedone
ReplyDelete