AVA 1740s (S2) အခန်း ၉
AVA 1740s (Season 2)
အခန်း(၉)
...............................................
၁၇၄၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်။ ညဉီးပိုင်းအချိန်။
“ဝုန်း” “ဝုန်း” “ဝုန်း”
ပဲခူးမြစ်ပြင်ကမ်းဆီမှ တဝုန်းဝုန်းအသံများနှင့်အတူ သန်လျင်မြို့၊ “ဆီညော်ကိုနိုဗီ”ရပ်ကွက် တွင် ရုတ်တရက်မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။
မြို့သူမြို့သားများမှာ ရုတ်တရက်မို့ ဆောက်တည်ရာမရပဲ ပြေးလွှားနေကြ၏။
မကြာမီတွင် ပဲခူးမြစ်ပြင်အတွင်း ရုတ်တရက်ပေါ်ထွက်လာသည့် အင်းဝရေတပ်မှ တိုက်လှေ (၇၀၀)၊ ဝန်တင်လှေ (၃၀၀)ပေါ်မှ စစ်သည်များသည် သန်လျင်ဆိပ်ကမ်းမှတဆင့် မြို့ထဲသို့ လက်နက်များဖြင့် ပြေးတက်လာကြတော့သည်။
မိုးခေါင်ခြင်း၊ သီးနှံများပျက်ခြင်းတို့ကြောင့် အဖက်ဖက်မှကြပ်တည်းနေသော အင်းဝနန်းတော်သည် ပြည်ပအခွန်ငွေအတွက် အရေးပါသည့် သန်လျင်ဆိပ်ကမ်းကို ပြန်ရှိနိုင်ရေး စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲခဲ့သည်။
စစ်ဆင်ရေးအရ ကိုးသိန်းသခင်မင်းခေါင်သည် ၁၇၄၃ အောက်တိုဘာလကတည်းက အင်းဝရေတပ်အစုများကို ပြည်မှ သန်လျင်တစ်ကြောရှိ နေရာများသို့ တသုတ်ပြီး တသုတ် စေလွှတ်ကာ ကိုယ်ယောင်ဖျောက် ပုန်းအောင်းနေစေခဲ့သည်။
ယနေ့တွင် ကိုးသိန်းသခင်မင်းခေါင်ဉီးစီးသော အင်းဝရေတပ်သည် သန်လျင်တစ်မြို့လုံးကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရာ နာရီပိုင်းအတွင်း စီးနင်းမိသွားတော့၏။
အစပိုင်းတွင် ကမ်းတက်လာသည့် အင်းဝတပ်သားတို့မှာ သင်္ကန်းအစများ ပတ်ထားကြသဖြင့် မြို့စောင့်တပ်နှင့် မြို့သားတို့မှာ အခြေအနေကို မင်တက်နေကြသည်။
မကြာမီ ခုန်ထစ်ပစ်ခတ်သံများ၊ ဆဲဆိုကြိမ်းမောင်းသံများ၊ သွေးရူးသွေးတန်းအော်ဟစ်သံများနှင့်အတူ မြို့မှာ ဆူညံပွက်လောရိုက်ကုန်တော့၏။
ကိုးသိန်းသခင်မင်းခေါင်၏ တပ်တွင် သာသာနာပိုင်ဉီးဉာဏသာရ၏ ငါးဆူဘုံကျော်တပ်တော်မှ ရှင်ကြမ်းတပ်၊ ပုခန်းရှင်ယောင်တပ်တို့မှာ တပ်ဉီးမှ ဝင်လာပြီး အသည်းအသန်တိုက်ခိုက်ကြခြင်းဖြစ်သည်။
ခုခံတိုက်ခိုက်ကြသော သန်လျင်မြို့စောင့်တပ်မှာ အသေအကြေအထိအခိုက်များလှသည်။
သန်လျင်ဆိပ်ကမ်းရှိ အော်စတင်အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ ရုံးခွဲအတွင်းရှိ ရေဝန် စမစ် သည် သောက်လက်စ ဝီစကီခွက်ကို ချလိုက်သည်။
ထို့နောက် အပေါ်ရုံအင်္ကျီကို အမြန်ဝတ်ပြီး ဆိပ်ကမ်းဘက်ဆီသို့ ထွက်လာ၏။
ညာသံပေးချီတက်လာသော အသံများကြောင့် စမစ် သည် မီးပန်းတစ်ခုကို ယူကာ ကောင်းကင်ပြင်သို့ ပစ်ဖောက်လိုက်တော့သည်။
သို့သော်ငြား သန်လျင်မြို့ဝန်အဖြစ်ခန့်ထားသည့် ဗညားဗြသိဒ္ဓိသည် သန်လျင်မြို့တွင် ရှိမနေခဲ့။
သန်လျင်တစ်ဖက်ကမ်း တာမွေကျေးရွာ တွင် သူတော်ကောက်ထားသည့် မွန်အမျိုးသမီးငယ်၏ ရွာတွင် မင်္ဂလာကိစ္စသွားရောက်ကမ်းလှမ်းရင်း ညအိပ်နေထိုင်နေခဲ့သည်။
ဆိပ်ကမ်းစောင့် ဗိုလ်အဆင့် သာ ရှိနေသော သန်လျင်မြို့စောင့်တပ်များမှာ ရုတ်တရတ်ဖြစ်ပေါ်လာသော အခြေအနေကို အငိုက်မိသွားခဲ့၏။
“မမလွီဇာ..မမလွီဇာ..မြို့ထဲမှာ ဘာတွေဖြစ်နေတာလဲမသိဘူး.....လာကြည့်ပါဉီး”
ဘာနာဘိုက်ဘုရားကျောင်းရှိရာ ကုန်းမြင့်ပေါ်တွင် လမ်းလျှောက်နေသော မြတ်ဝါမှ အလန့်တကြားဖြင့် ဘုရားကျောင်းဝန်းအတွင်းသို့ ပြေးဝင်လာသည်။
ဖာသာနာရေနီနှင့် နက္ခတ်ဗေဒအကြောင်း ပြောနေသည့် လွီဇာမှာ မြတ်ဝါအသံကြောင့် ဘုရားကျောင်းပြင်ပသို့ ထွက်လိုက်၏။
ထိုအချိန်တွင် သန်လျင်မြို့တွင်းဘက်ဆီမှ တက်လာသော မီးညွန့်မီလျှံများကို မြင်လိုက်ကြရတော့သည်။
ယခုအခါ ဘာနာဘိုက်ခရစ်ယာန်ကျောင်းမှာ သန်လျင်မြို့တွင်းနှင့်မနီးမဝေး မြစ်ကမ်းအနီးမှ တောင်ကုန်းပေါ်မြေကွက်သို့ ပြောင်းရွှေ့ထားခဲ့ပြီဖြစ်၏။
“အင်းဝတပ်တွေ မြို့ကို ဝင်စီးပြီထင်တယ်..ဖာသာ”
လွီဇာနှင့် မြတ်ဝါသည် ဘရာသာအန်ဂျလိုနှင့် နောက်တကြိမ်ဆေးကုသရန်အတွက် သန်လျင်မြို့သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
ဖာသာနာရေနီက လွီဇာ၏ ဘေးတွင် မတ်တပ်ရပ်ကာ အခြေအနေကို ကြည့်လိုက်၏။
ထို့နောက် ကျောင်းဝန်းအတွင်းပြေးဝင်သွားပြီး ထွန်းထားသော မီးများငြိမ်းကြရန် လိုက်လံအော်ဟစ်နေသည်။
ထိုအချိန်တွင် ကျောင်းဝန်းတံခါးဝဆီမှ အသံများကြားကြရသည်။
“ခင်ကြီးအင်ဂျလို..ခင်ကြီး..ကယ်ပါ”
“မြတ်ဝါ..ဘာမှ မကြောက်နဲ့...မမနဲ့လိုက်ခဲ့နော်”
လွီဇာက မြတ်ဝါကို အားပေးကာ ခြံဝန်းရှေ့သို့ ထွက်ခဲ့လိုက်သည်။
ခြံဝန်းရှေ့အမှောင်ထဲတွင် လူတစ်ချို့၏ ညည်းညူသံများ။
ဘရာသာအန်ဂျလိုကလည်း မီးအိမ်တစ်ခုနှင့်အတူ လွီဇာတို့ အနားသို့ ရောက်လာ၏။
“ကယ်ပါ..ကျွန်တော်တို့ ဒဏ်ရာရထားကြပါတယ်..ဒီထဲကိုဆို အင်းဝသားတွေ ဝင်ကြမယ်မထင်ဘူး..ကယ်ကြပါ..ခင်ကြီးတို့”
“ဘရာသာ တံခါးဖွင့်ပေးလိုက်ပါ..သူတို့ ဒုက္ခရောက်နေကြတယ်”
“ဖာသာနာရေနီကို မေးရဉီးမယ်..လွီဇာ”
“ကျွန်မသူ့ကို ရှင်းပြလိုက်မယ်..သူတို့ကို အရင် ဘုရားကျောင်းထဲ သွင်းလိုက်..အကုန်သေကုန်မယ်”
“ဒါ သူတို့ အချင်းချင်းပြည်တွင်းရေးကိစ္စလေ...လွီဇာ..ကျုပ်တို့ ဝင်မပါတာကောင်းလိမ့်မယ်”
ထိုအချိန်တွင် ခြံဝန်းရှေ့မှ လဲကျနေသော လူတစ်ဉီးမှာ ခြံဝန်းတိုင်ကို ဆုပ်ကိုင်လျက် အသက်ငင်နေသည်။
သူ၏ ဉီးခေါင်းတခြမ်းလုံးမှာလည်း သွေးများဖြင့် ရွှဲနစ်နေ၏။
“ရှင်က ဆရာဝန်နော်..ဘရာသာ..ဒါ သေခါနီးဖြစ်နေတဲ့လူတွေ..တံခါးဖွင့်ပေးလိုက်”
“ကျုပ်သဘောနဲ့ ကျုပ်လုပ်လို့မရဘူးဗျ...ဘာနာဘိုက်အသင်းတော်ရဲ့..သဘောထား..ပြီးတော့...ဗာတီကန်ရဲ့သဘောထား..”
လွီဇာက သူ၏ ဂါဝန်ကြားမှ ခါးကြားမှ ပစ္စတိုသေနတ်ကို ထုတ်ပြီး ဘရာသာအန်ဂျလို၏ နားထင်ကို ထောက်လိုက်သည်။
“လောလောဆယ်..ဒီသေနတ်ရဲ့ သဘောထားကိုပဲ ရှင်လိုက်နာလိုက်..ဖွင့်..သူတို့ကို ကျွန်မတို့ ကယ်ရမယ်”
ဘရာသာအင်ဂျလိုက သူ့ခါးကြားမှ သော့တွဲကို ထုတ်ကာ ဝန်းတံခါးကို ဖွင့်လိုက်၏။
ဒဏ်ရာရသူအချို့မှာ ညည်းညူလျက် တွားသွားဝင်လာကြသည်။
“ဘရာသာ အခြေအနေဆိုးတဲ့သူတွေကို ကုသပေးပါ..သူတို့ကို ကျွန်မတို့ ဘုရားကျောင်းထဲ သယ်ရမယ်..သူတို့ လုံခြုံဖို့လိုတယ်..မြတ်ဝါ..မမကို ကူဉီး”
လွီဇာက ပစ္စတိုသေနတ်ကို ဂါဝန်ကြားထိုးထည့်လိုက်သည်။
ထို့နောက် အသက်ငင်နေသော ရှေ့ဆုံးမှ လူ၏ ထူမလိုက်၏။
“မြတ်ဝါ သူ့ကိုတွဲထား..ပြီးရင်... မမ ကျောကုန်းပေါ်တင်ပေးနော်”
မြတ်ဝါက ကူညီပေးသည်။
သွေးများဖြင့် ရွှဲနစ်နေသော အမျိုးသားကို မြတ်ဝါက တွဲမကာ လွီဇာ၏ ကျောပေါ်တင်ပေး၏။
လွီဇာက ကျောပေါ်တင်ကာ ဘုရားကျောင်းဆီသို့ သယ်သွားတော့သည်။
သွေးများရွှဲနစ်နေသည့် လူတစ်ဉီးကို ကျောပေါ်တင်လာသည့် လွီဇာကို ဖာသာနာရေနီက တအံတဩကြည့်လိုက်သည်။
“ဖာသာ...အပြင်မှာ ဒဏ်ရာရထားတဲ့ စစ်သားတွေရော..အရပ်သားတွေရော..ရှိနေတယ်...ကျွန်မတို့ သူတို့ကို ကူညီမှဖြစ်မယ်”
“ဘာတွေလျှောက်လုပ်နေတာလဲ..လွီဇာ..ဒါ အင်းဝ နဲ့ ဟံသာဝတီစစ်ပွဲလေ..ကျုပ်တို့က သာသနာပြုတွေပဲ”
“ဒါ ရှင်နေနေတဲ့ သန်လျင်..သန်လျင်မြို့... ကိုယ်နေတဲ့မြို့က လူတွေ သေနေတာကို ကယ်တင်ပေးတာကို ဘယ်ဘုရားဖြစ်ဖြစ် သဘောတူတယ်..ရှင်က သာသနာပြုဆို..လူတွေအရင်ကယ်..”
လွီဇာက သူ့ကျောပေါ်မှ လူနာကို ဘုရားကျောင်းခုံတန်းလျားပေါ် အသာချပေးလိုက်၏။
“မမ..ကူပါဉီး..ကူပါဉီး”
မြတ်ဝါနှင့် ဘရာသာအန်ဂျလိုကလည်း လူနာနှစ်ဉီးကို ကျောပေါ်တွင် တင်ကာ သယ်လာသည်။
သူတို့နောက်တွင် ဒဏ်ရာရသူများအချို့က အချင်းချင်း ဖေးမကာ ဘုရားကျောင်းတွင်းသို့ ဝင်လာ၏။
နာရေနီက မြင်ကွင်းကို ကြောင်ကြည့်နေသည်။
လွီဇာက သူ့သယ်လာသည့် လူနာထံမှ ညည်းသံတစ်ချက်ကြားသဖြင့် ငုံ့ကြည့်လိုက်သည်။
ဒဏ်ရာရသူမှာ သေဆုံးသွားခဲ့ပြီ။
“ဖာသာ...ရှင်တို့ ဒွိဟများမနေနဲ့..ဒီမှာ ခုလေးတင် သူ သေသွားပြီ..ကျွန်မတို့ ထပ်ကယ်မှဖြစ်တော့မယ်”
ဖာသာနာရေနီ က မီးအိမ်ကို မီးစာမြှင့်လိုက်သည်။
“အနောက်ဘက်တဲမှာ ဘုရားကျောင်းအမှုတော်ထမ်းတွေ၊ ဆေးခန်းအကူတွေ ကြောက်လို့ ပုန်းနေကြတယ်..သူတို့ကို ပါ ကျုပ်သွားခေါ်လိုက်မယ်..လွီဇာ”
ဖာသာနာရေနီပြေးထွက်သွား၏။
ဘရာသာအန်ဂျလိုက သူ၏ ဆေးပစ္စည်းများထည့်သည့် သေတ္တာကို သွားမလာသည်။
သန်လျင်မြို့ထဲတွင်တော့ တိုက်ခိုက်သံများက ဆူညံနေဆဲ။
အလျှံတညီးညီးမီးတောက်ကြီးများကလည်း မြို့အနှံ။
သန်းခေါင်ယံမတိုင်မီတွင်ပင် သန်လျင်သည် အင်းဝ၏ လက်ထဲသို့ ကျရောက်ခဲ့တော့သည်။
ထိုညတညလုံးတွင် ဘာနာဘိုက်ဘုရားကျောင်းတွင် လာရောက်ခိုလှုံသူမှာ ရာဂဏန်းရှိလာခဲ့၏။
နံနက်လင်းခဲ့ပြီ။
သန်လျင်ကား တစ်မြို့လုံးနီးပါး ပြာအတိ။
မြို့တံခါး (၁၅)ခုရှိသည့်အနက် ဆင်ထွက်တံခါးနှင့် ဝက်သာတံခါးတို့မှာ မီးကျွမ်းပျက်စီးသွားခဲ့သည်။
တစ်ညလုံးနီးပါး ဒဏ်ရာရသူများ၊ ဒုက္ခသည်များကို ပြုစုပေးခဲ့ရသဖြင့် လွီဇာတို့မှာ ပင်ပန်းနေကြ၏။
ထိုအချိန်တွင် စစ်တံပိုးသံတစ်ခုက ဘုရားကျောင်းအဝင်အဝဆီမှ ထွက်ပေါ်လာသည်။
လွီဇာက ပစ္စတိုသေနတ်ကို ထုတ်ကာ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်၏။
အဖြူအနီအစင်းကြား၏ ဘယ်ဘက်ထောင့်မှ ယူနီယံဂျက်အလံပါသည့် အရှေ့အိန္ဒိယကုမ္ပဏီအလံ ကို မြင်လိုက်ရမှ ဖာသာနာရေနီကို လှမ်းခေါ်လိုက်တော့သည်။
ဖာသာနာရေနီ၊ ဘုရားကျောင်းအမှုထမ်း ဉီးထော် တို့နှင့် အတူ လွီဇာပါ ခြံဝန်းတံခါးဝဆီသို့ ထွက်လာခဲ့သည်။
ကုမ္ပဏီစစ်သားအစောင့်အရှောက်များကြားမှ မြင်းဖြူကြီးကို စီးလာသော ဂျိုနသန်စမစ်မှာ လည်း ကောင်းစွာအိပ်ရေးဝသေးဟန်ပင်မတူ။
ဖာသာနာရေနီက ခြံဝန်းတံခါးကို ဖွင့်မပေးသေး။
“ဘာကိစ္စရှိလို့လဲ..မစ္စတာစမစ်”
“ညက အခြေအနေကို ဖာသာတို့လည်း သိမှာပါ..အင်းဝတပ်တွေက သန်လျင်တစ်မြို့လုံးကို သိမ်းသွားပြီ”
“အင်း..သိပါတယ်..ကျုပ်တို့လည်း တညလုံးမအိပ်ရသေးဘူး”
“ကျုပ်..အင်းဝတပ်မှူးနဲ့ ညှိနှိုင်းပြီးသွားပြီ ကုမ္ပဏီအလံတော်အောက်မှာ ရှိနေတဲ့လူတွေကို မထိခိုက်စေရပါဘူးလို့ သူက ကတိပေးတယ်....ကုန်သည်ကြီးလွီဇာတို့လည်း ရောက်နေတာဆိုတော့.. အခုချက်ချင်းပဲ...ကျုပ်ရဲ့ ကုမ္ပဏီဝန်းထဲကို လိုက်ခဲ့ပေးကြပါ..ဖာသာတို့ လုံခြုံရေးအတွက်ပါ”
ဖာသာနာရေနီက လွီဇာကို တချက်ကြည့်လိုက်သည်။
“ကုန်သည်ကြီးလွီဇာရော..ဖာသာတို့ကိုပါ ဘေးမသီရန်မခပဲ ဟံသာဝတီကို ပို့ပေးနိုင်ဖို့ အင်းဝတပ်မှူးနဲ့ ကျုပ်ဆွေးနွေးပေးပါ့မယ်”
လွီဇာက ဖာသာနာရေနီကို မျက်ရိပ်ပြလိုက်၏။
“အထဲမှာ ဘရာသာအင်ဂျလိုလည်း ရှိနေပါတယ်..ကျုပ်တို့ တိုင်ပင်လိုက်ကြဉီးမယ်..မစ္စတာစမစ်”
“အချိန်အများကြီးမရပါဘူး..အင်းဝတပ်မှူး က ကျုပ်ကို သန်လျင်မြို့ထဲ ထွက်ခွင့် အချိန်တစ်နာရီပဲပေးထားတယ်..ဖာသာ..မြန်မြန်လုပ်ပါ”
လွီဇာနှင့် ဖာသာနာရေနီတို့ ဘုရားကျောင်းအဝင်အဝသို့ ပြန်လျှောက်လာကြသည်။
ဘရာသာအင်ဂျလိုနှင့် မြတ်ဝါတို့မှာ ဘုရားကျောင်းအမှုထမ်းအချို့နှင့်အတူ လူနာများအကြား အလုပ်ရှုပ်နေကြ၏။
“ဘယ်လိုလုပ်ရမလဲ..လွီဇာ..ဒီအင်္ဂလိပ်ကရော ယုံရပါ့မလား”
“ဖာသာ့ သဘောကို အရင်ပြောပါ”
“သူက ဟံသာဝတီဘုရင်ရဲ့ တရားဝင်ခန့်အပ်ထားတဲ့ ရေဝန်မဟုတ်လား”
“အင်း..အဲ့ဒါတော့ဟုတ်တယ်..ဖာသာ..ဒါပေမယ့်...ကျွန်မတို့ ဒဏ်ရာရထားတဲ့လူတွေကို ဒီအတိုင်းပစ်သွားမှာလား”
“ဒါက စစ်ပွဲပဲ လွီဇာ..စစ်ပွဲဆိုတာ တိုက်ခိုက်သူတွေ ထိခိုက်သေကြကြတာပဲမဟုတ်လား”
“ရှင် သိလား..ဖာသာ..အခု ထိခိုက်တဲ့အများစုက ဆိပ်ကမ်းအလုပ်သမားတွေနဲ့... မြို့ထဲက သာမန်လူတွေများနေတယ်...သန်လျင်မြို့စောင့်တပ်က နည်းနည်းသာပါတာ...ကျွန်မတို့ ကယ်ထားတာ စစ်သားတွေမဟုတ်ဘူး..အရပ်သားတွေ”
“ဒါဆို..ဘယ်လိုလုပ်မလဲ..အင်းဝစစ်တပ် ရောက်လာရင် ကျုပ်တို့ကို သတ်မှာ...သူတို့ရော..ကျုပ်တို့ပါ အသတ်ခံရမှာ”
“ကျွန်မကတော့ သူတို့ကို ထားပြီး မသွားနိုင်ဘူး..ဖာသာ..ပြီးတော့ ဟံသာဝတီဘုရင်ရဲ့ အမှုထမ်းရေဝန်လုပ်နေပြီး အင်းဝတပ်နဲ့လည်း ညှိနှိုင်းနေတဲ့ အဲ့ဒီအင်္ဂလိပ်ကို ရော ယုံရမှာလား”
ဖာသာနာရေနီက သက်ပြင်းချလိုက်သည်။
“ဒါဆို ကျုပ်တို့ အကုန်သေကုန်မှာပေါ့”
“ခဏနေပါဉီး..ဖာသာ”
လွီဇာက ခြံဝန်းဆီသို့ ပြန်လျှောက်သွားသည်။
“မစ္စတာစမစ်...အခု သန်လျင်ကို သိမ်းလိုက်တဲ့ အင်းဝရဲ့ အကြီးဆုံးဗိုလ်ချုပ် နာမည်ကို သိလား”
“တောင်ငူရာဇာကိုးသိန်းသခင်သတိုးမင်းခေါင်တဲ့”
လွီဇာက တချက် ခေါင်းညိတ်လိုက်သည်။
“ဖာသာတွေက ပြောတယ်..အထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်..သူတို့ကို ထားခဲ့လို့ မဖြစ်ဘူးတဲ့”
“ကုန်သည်ကြီး ဒါဆို ခင်ဗျား လိုက်ခဲ့စေချင်တယ်”
“ကျွန်မလည်း သူတို့နဲ့အတူတူပါပဲ”
“ခင်ဗျားရဲ့ အရက်ဂိုထောင်အသစ်ကို လည်း အင်းဝတပ်တွေ ဝိုင်းထားတယ်...သစ်သားယက်မကြီးတွေကို ဖျက်နေတာ ဖျက်မရလို့ မီးတိုက်ဖို့ လုပ်နေကြတယ်”
လွီဇာ မျက်စိမျက်နှာပျက်သွားသည်။
သို့သော် မျက်နှာကို ခပ်တင်းတင်းပြန်ထားလိုက်ပြီး ခါးကြားမှ ပစ္စတိုကို ထုတ်လိုက်သည်။
“ရှင့်ကိုတော့ ကျေးဇူးတင်ပါတယ်..မစ္စတာစမစ်..ဒါပေမယ့်...ကျွန်မ ဒီဘုရားကျောင်းဝန်းကို ကာကွယ်နိုင်တယ်”
စမစ်က လွီဇာနှင့် လက်ထဲမှ ပစ္စတိုသေနတ်ကို ကြည့်လိုက်သည်။
“အင်း..ဒီပစ္စတိုလေးက သန်လျင်မြို့မှာ နာမည်ကြီးတဲ့ ပြင်သစ်စစ်ဗိုလ်လေးနဲ့ အင်းဝသူပေါ်တူဂီကုန်သည်မလေးတို့ရဲ့ ဇာတ်လမ်းထဲက သေနတ်ထင်ပါရဲ့..ဟုတ်ပါပြီ..လွီဇာ..ခင်ဗျားအကြောင်း ကျုပ်ကြားဖူးပါတယ်... ဆင်ရိုင်းတွေကို ကျုံးသွင်းတတ်တဲ့ မိန်းမချောတစ်ယောက်ဆိုတာကို..ကဲ..ကျုပ်..သွားပြီ..ဂရုစိုက်ကြပါ”
စမစ်က သူ့တပ်ကို အချက်ပြလိုက်ပြီး မြင်းကို ပြန်လှည့်သွားတော့၏။
“လွီဇာ...သူတို့ ပြန်သွားကြပြီလား”
“ဟုတ်တယ်..ဖာသာ...ကျွန်မပြန်ခိုင်းလိုက်တာ...ကျွန်မတို့ ဒီမှာ ဒဏ်ရာရသူတွေကို ကုပေးရင် နေကြတာပေါ့”
“အင်းဝတပ်တွေ လာရင်ရော”
“ကျွန်မ တာဝန်ထားပါ..ဖာသာ”
...........................................................................................
“ခေါင်းတွေ မှောက်ထား...မှောက်ထား....မော့ကြည့်ရင် ဇက်ပြတ်မယ်မှတ်”
ဘုရားကျောင်းဝန်းအတွင်းသို့ အင်းဝစစ်သည်များ အပြည့်နေရာယူထားသည်။
ဖာသာနာရေနီ၊ ဘရာသာအင်ဂျလို ၊ လွီဇာ၊ မြတ်ဝါ နှင့် အမှုထမ်းအချို့မှာ မြေပြင်တွင် ပြားပြားဝပ်နေကြ၏။
ဝေါယာဉ်တစ်စီးက သူတို့ ရှေ့တွင် ရပ်လိုက်သည်။
“လွီဇာငယ်..မော်ဖူးစေ”
လွီဇာက ခေါင်းကို မော့လိုက်၏။
ကိုးသိန်းသခင်က ကွမ်းသွေးများကို မြေပြင်သို့ ပျစ်ခနဲ ထွေးကာ ပြုံးလိုက်သည်။
“ဟံသာဝတီသူကြီးတောင် ဖြစ်နေပါပေါ့လားကွဲ့”
“မှန်ပါ...ကိုယ်တော်ပဲ ဟံသာဝတီကိုပို့ခဲ့လို့..စစ်နှစ်ဖက်ကြားမှာ ညပ်နေရတဲ့..လွီဇာမငယ်ပါ”
“အိန်း..စကားနာထိုးတဲ့အကျင့်ကလေးကတော့ဖြင့် မပျောက်သေးဘူးပဲ”
“လောင်းရှည်မဖုရားရော..နေကောင်းတော်မူပါရဲ့လား..ကိုယ်တော်”
“သူကတော့ သိပ်မကျန်းမာရှာဘူး..ငါကိုယ်တော်လည်း စစ်ရေးစစ်ရာနဲ့ပဲ အင်းဝအိမ်တော်ဆီ ပြန်ရတယ်..မရှိပါဘူးလေ”
ကိုးသိန်းသခင်မှာ နှစ်ရှည်လများစစ်တိုက်နေရသည့် အခြေအနေကြောင့် အသားများမှာ နေလောင်ပြီး မည်းညိုနေသည်။
ခန္ဓာကိုယ်မှာလည်း အတော်ပင် ပိန်ကျသွား၏။
“ကဲ..ဘယ့်နှယ့်..ခုန ကုမ္ပဏီအင်္ဂလိပ်က ပြောတယ်..သူလာခေါ်တာကိုတောင် မလိုက်ဘူးဆို..ဘယ့်နှယ့်... ဟို ခင်ကြီးတွေရောပဲ”
“ညက စစ်ပွဲထဲ ဒဏ်ရာရတဲ့ အရပ်သားတွေကို ကူညီကယ်ဆယ်ပေးနေရပါတယ်..ဒါ့ကြောင့်ပါ”
“အင်း...အဲ့ဒီသူတွေဟာ အင်းဝရဲ့ ရန်သူတွေပဲ မဟုတ်လားကွဲ့”
“မှန်ပါ...ထားရင်လည်းနေ..သတ်ရင်လည်းသေရမှာပါ...သူတို့ဟာ သာမန်ပြည်သူတွေပါ...အင်းဝ ဟံသာဝတီကြား ပုန်ကန်နန်းလု ကိစ္စမှန်သမျှ မသိလိုက်မသိရပဲ အမြဲတမ်း မြေဇာပင်ဖြစ်နေရသူတွေချည်းပါ..သခင်..တွေးဆတော်မူပြီး ချမ်းသာပေးပါ”
“အံမယ်...စကားတွေ တယ်တတ်ပါလား..အမိ..မင်းကို အင်းဝကို ပြန်ခေါ်သွားရမယ်ကွဲ့..မကြာခင် ဟံသာဝတီကိုလည်း ငါတို့ သိမ်းနိုင်တော့မယ်”
“မှန်ပါ..နီးရာဓါးကြောက်ရသူပါ..ဘုရား...ဘုရားအမိန့်တော်နဲ့ အင်းဝပြန်သွားဆိုလည်း သွားရပါမယ်..ဒါပေမယ့်..အင်းဝသို့ မလိုက်ရမီ..ဒီဘုရားကျောင်းထဲရှိတဲ့ လူမမာတွေကိုတော့ ခင်ကြီးများနှင့်အတူ တတ်နိုင်သမျှ ကုသပေးခွင့်ပြုပါ..အသက်တစ်ချောင်းမို့....လျှောက်ထားရခြင်းပါ”
ကိုးသိန်းသခင်က ကွမ်းကို ဝါးရင်းမှ ဘုရားကျောင်းအခြေအနေကို လှမ်းကြည့်လိုက်သည်။
“ဒီထဲမှာ သန်လျင်သားတွေကို ပုန်းခိုင်းထားပြီး ငါတို့ကို ထွက်တိုက်ရင် ဘယ့်နှယ့်လုပ်မတုန်း..ညည်းတာဝန်ခံလား”
“ကျွန်တော်မ တာဝန်ခံပါတယ်...မယုံကြည်လို့ အထဲကို ဝင်စစ်ဆေးပါ..ဒဏ်ရာရသူများမဟုတ်ပဲ...လူကောင်းလူသန်များတွေ့ရင်ဖြင့် ဇက်ကို တစ်ခါတည်း ဖြတ်ခဲ့ပါ..ဘုရား”
“အိမ်း..ဟုတ်ပြီ..ငါကိုယ်တော်လည်း သန်လျင်တစ်မြို့လုံး မြို့စီးပြစီးတွေ ပြင်ဆင်ဖို့ ကိစ္စတွေရှိသေးတယ်....သာသနာပြုတွေနဲ့ နိုင်ငံခြားသားတွေကို ထိပါးဖို့တော့ ငါတို့မှာ အစီအစဉ်မရှိပါဘူး...အထဲက လူတွေမှာ ပြန်လည်ပုန်ကန်မဲ့စစ်သားတွေဖြစ်မနေဖို့တော့ မင်းအာမခံပါ..လွီဇာ”
“အာမခံပါတယ်..အရှင်..အရှင့်ကို ဆက်သစရာလည်းရှိပါတယ်”
“ဘာများလဲ”
လွီဇာက ရှေ့သို့ တိုးလာပြီး သော့တွဲတစ်ခုကို ဆက်လိုက်သည်။
“ဒါ..ဘာလဲကွဲ့”
“ဆိပ်ကမ်းနားက ကျွန်တော်မျိုးမရဲ့ အရက်ကုန်လှောင်ရုံပါ...အင်းဝစစ်သားများက တံခါးဖွင့်မရလို့ မီးရှို့မယ်လို့ ကြားရပါတယ်..အရက်ကုန်စည်တွေဖြစ်တဲ့အတွက် မီးရှို့တဲ့အခါ ပေါက်ကွဲပြီး သန်လျင်ရဲ့ တခြားနေရာတွေ ပါ လောင်ကျွမ်းရပါလိမ့်မယ်..သန်လျင်ဟာ အင်းဝရဲ့ လက်အောက်ခံအဖြစ် ရောက်ရှိနေပြီဖြစ်လို့...အရှင် တို့အနေဖြင့်လည်း ဒီထက်ပို ပျက်စီးစေချင်မယ်မထင်ပါဘူး..အဲ့ဒီ အရက်များကို အင်းဝစစ်သည်များအတွက် စိတ်ကြိုက်ဆက်သပါတယ်”
“အင်း..အဲ့ဒီနားကို ခုနတင် ငါဖြတ်လာခဲ့တာပဲ...အဲ့ဒီကို ဝိုင်းနေတာ ရှင်ကြမ်း၊ ရှင်ယောင်တပ်တွေပဲ...သူတို့ကို ပြောဆိုရတာလည်း တယ်မလွယ်လှဘူး..သာသနာပိုင်တပ်တွေကို..ဒါပေမယ့်...ဂိုထောင်ကို မီးမရှို့ဖို့နဲ့ အရက်တွေ စိတ်ကြိုက်သောက်ဖို့တော့ ပြောလိုက်ပါ့မယ်”
“ကျေးဇူးကြီးလှပါတယ်..အရှင်”
“အင်း..အရက်..အရက်...ဟိုတခါ ဟံသာဝတီမှာ ဆုံတဲ့ညတုန်းက ငါ့ကိုယ်ငါတောင် ရှက်မိတယ်..လွီဇာမငယ်..အရက်..အရက်..ကဲ..ငါကိုယ်တော် အင်းဝပြန်ကြွတဲ့အခါတော့ မင်း အင်းဝကို ပြန်လိုက်ခဲ့ရမယ်..လွီဇာ....အင်းဝက မင်းကို အလိုရှိနေတယ်”
လွီဇာက လက်အုပ်ချီလိုက်သည်။
မကြာမီ ဘုရားကျောင်းဝန်းအတွင်းမှ အင်းဝတပ်များ ပြန်လည်ထွက်ခွာသွားတော့၏။
..................................................................................................................
၁၇၄၃ နိုဝင်ဘာ ၂၃ ရက်နေ့။
မီးလောင်သွားခဲ့ပြီဖြစ်သည့် ဝက်သာတံခါး၊ ဆင်ထွက်တံခါးတို့မှာ ချက်ချင်းမပြင်ဆင်နိုင်သေး။
ထို့ကြောင့် ကိုးသိန်းသခင်သည် အင်းဝတပ်များထဲမှ တပ်သုံးတပ်ကို ထုတ်နှုတ်ကာ ထိုမြို့တံခါးများ တဝိုက်တွင် အစောင့်အနေများ မပြတ်ချထား၏။
ဆောင်းရာသီနှင့် ပဲခူးမြစ်ဘက်မှ တိုက်ခတ်လာသော လေတို့ကြောင့် ခိုက်ခိုက်တုန်အောင် အေးနေပြီဖြစ်သည်။
“ဟေ့...ယောက်ဖတို့..ဒကာတော်ယောက်ဖတို့”
ပခန်းကြီးရှင်ကြမ်းတပ်မှ သင်္ကန်းစများ ပတ်ထားသည့် လူကြမ်းကြီးများသည် လှည်းသုံးစီးကို ရှေ့နောက် အပြင်းမောင်းလာသည်။
“ဒီမယ်..သင်္ဘောက အရက်တွေ...ဂိုထောင်လိုက် ကျုပ်တို့ရထားတယ်...မင်းတို့ သောက်ရအောင် လာပို့တာဟေ့”
“ဖြစ်ပါ့မလား...တပ်ချတပ်ထောက်နေချိန် သေရက်မသောက်ဖို့ စစ်ထွက်မိန့်မှာ ကိုးသိန်းသခင်က မိန့်ထားတယ်..ရာဇဝတ်ဘေးထိနေပါ့မယ်.ကိုယ်တော်တို့”
“ဟေ့..ဘုရင့်ကို ကာကွယ်ပေးနေတဲ့ သာသနာပိုင်တပ်ကွ...မင်းတို့ ကိုးသိန်းသခင်ဘာလုပ်ဖို့လဲ..ငါတို့ တပ်တွေတိုက်ပေးလိုက်တောင် ဒီသန်လျင်ကို ရတာ..တို့ရှိနေရင် ဘယ်သူ ယှဉ်မလဲ..သောက်ဆို သောက်ကြဟေ့..ဒီလိုအရက်မျိုးက သူတို့နန်းတော်က လူတွေပဲ သောက်ဖူးကြတာ..ငါတို့ များ ထန်းရည်ခါးတောင်အနိုင်နိုင်..အခွင့်ရတုန်းသောက်ဟ..ဒီမှာ ပုလင်းတွေ..လာယူကြ”
ပုခန်းကြီးရှင်ကြမ်းတပ်ဆိုသည်မှာ သာသနာပိုင်ဉီးဉာဏသာရ၏ လက်အောက်ခံတပ်ဖွဲ့ထဲမှ တစ်ခုဖြစ်သည်။
အင်းဝတဝိုက်မှ လက်စလက်နရှိသော လူမိုက်လူဆိုးများကို သာသနာပိုင်က မွေးမြူထားသည်။
အရပ်ဝတ်ဖြင့် စုဆောင်းထားလျှင် ရှင်ဘုရင်နှင့် ပြည်သူတို့မှ ညိုညင်မည်ကို စိုးသဖြင့် သင်္ကန်းများ စည်းပေးထားခြင်းဖြစ်သည်။
သင်္ကန်းများစည်းထားကြသော်လည်း ရဟန်းအစစ်များမဟုတ်ကြသဖြင့် သေရည်သောက်စားကြသည်။ လက်ဝှေ့ထိုးကြသည်။ စစ်ရေးလေ့ကျင့်ကြသည်။ လောကီဆိုင်ရာအမှုများကို ပြုကြသည်။
ထို့ကြောင့် အင်းဝရှိရဟန်းအစစ်များက ယင်းတို့ကို ရှင်ယောင်၊ ရှင်ကြမ်း၊ ရှင်ပျက်များဟု ခေါ်ဆိုကြသည်။
ထိုတပ်များသည် သန်လျင်ကို တိုက်ရာတွင် ရှေ့ပြေးတပ်အဖြစ် ဉီးဆောင်တိုက်ခဲ့သဖြင့် ကိုးသိန်းသခင် ပင် ထိန်းမနိုင်ဖြစ်နေခဲ့သည်။
ယခုလည်း လွီဇာ၏ အရက်ကုန်လှောင်ရုံသော့ကို ရရှိသွားသဖြင့် နှစ်ရက်တိုင်တိုင် အရက်များကို သောက်စားမူးယစ်နေခဲ့ကြ၏။
တတိယမြောက်နေ့တွင်မူ သန်လျင်မြို့ပတ်လည်မှ အင်းဝတပ်များထံသို့ပါ လှည့်လည်ကာ အရက်စတုဒိသာ အလှူဒါယကာများအဖြစ် ခံယူတော့သည်။
ခက်ဇော်
AVA 1740s (Season 2)
အခန္း(၉)
...............................................
၁၇၄၃ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၁)ရက္။ ညဉီးပိုင္းအခ်ိန္။
“ဝုန္း” “ဝုန္း” “ဝုန္း”
ပဲခူးျမစ္ျပင္ကမ္းဆီမွ တဝုန္းဝုန္းအသံမ်ားႏွင့္အတူ သန္လ်င္ၿမိဳ႕၊ “ဆီေညာ္ကိုႏိုဗီ”ရပ္ကြက္ တြင္ ႐ုတ္တရက္မီးေတာက္မီးလွ်ံမ်ား ထြက္ေပၚလာသည္။
ၿမိဳ႕သူၿမိဳ႕သားမ်ားမွာ ႐ုတ္တရက္မို႔ ေဆာက္တည္ရာမရပဲ ေျပးလႊားေနၾက၏။
မၾကာမီတြင္ ပဲခူးျမစ္ျပင္အတြင္း ႐ုတ္တရက္ေပၚထြက္လာသည့္ အင္းဝေရတပ္မွ တိုက္ေလွ (၇၀၀)၊ ဝန္တင္ေလွ (၃၀၀)ေပၚမွ စစ္သည္မ်ားသည္ သန္လ်င္ဆိပ္ကမ္းမွတဆင့္ ၿမိဳ႕ထဲသို႔ လက္နက္မ်ားျဖင့္ ေျပးတက္လာၾကေတာ့သည္။
မိုးေခါင္ျခင္း၊ သီးႏွံမ်ားပ်က္ျခင္းတို႔ေၾကာင့္ အဖက္ဖက္မွၾကပ္တည္းေနေသာ အင္းဝနန္းေတာ္သည္ ျပည္ပအခြန္ေငြအတြက္ အေရးပါသည့္ သန္လ်င္ဆိပ္ကမ္းကို ျပန္ရွိႏိုင္ေရး စစ္ဆင္ေရးတစ္ရပ္ကို ေရးဆြဲခဲ့သည္။
စစ္ဆင္ေရးအရ ကိုးသိန္းသခင္မင္းေခါင္သည္ ၁၇၄၃ ေအာက္တိုဘာလကတည္းက အင္းဝေရတပ္အစုမ်ားကို ျပည္မွ သန္လ်င္တစ္ေၾကာရွိ ေနရာမ်ားသို႔ တသုတ္ၿပီး တသုတ္ ေစလႊတ္ကာ ကိုယ္ေယာင္ေဖ်ာက္ ပုန္းေအာင္းေနေစခဲ့သည္။
ယေန႔တြင္ ကိုးသိန္းသခင္မင္းေခါင္ဉီးစီးေသာ အင္းဝေရတပ္သည္ သန္လ်င္တစ္ၿမိဳ႕လုံးကို ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္ရာ နာရီပိုင္းအတြင္း စီးနင္းမိသြားေတာ့၏။
အစပိုင္းတြင္ ကမ္းတက္လာသည့္ အင္းဝတပ္သားတို႔မွာ သကၤန္းအစမ်ား ပတ္ထားၾကသျဖင့္ ၿမိဳ႕ေစာင့္တပ္ႏွင့္ ၿမိဳ႕သားတို႔မွာ အေျခအေနကို မင္တက္ေနၾကသည္။
မၾကာမီ ခုန္ထစ္ပစ္ခတ္သံမ်ား၊ ဆဲဆိုႀကိမ္းေမာင္းသံမ်ား၊ ေသြး႐ူးေသြးတန္းေအာ္ဟစ္သံမ်ားႏွင့္အတူ ၿမိဳ႕မွာ ဆူညံပြက္ေလာ႐ိုက္ကုန္ေတာ့၏။
ကိုးသိန္းသခင္မင္းေခါင္၏ တပ္တြင္ သာသာနာပိုင္ဉီးဉာဏသာရ၏ ငါးဆူဘုံေက်ာ္တပ္ေတာ္မွ ရွင္ၾကမ္းတပ္၊ ပုခန္းရွင္ေယာင္တပ္တို႔မွာ တပ္ဉီးမွ ဝင္လာၿပီး အသည္းအသန္တိုက္ခိုက္ၾကျခင္းျဖစ္သည္။
ခုခံတိုက္ခိုက္ၾကေသာ သန္လ်င္ၿမိဳ႕ေစာင့္တပ္မွာ အေသအေၾကအထိအခိုက္မ်ားလွသည္။
သန္လ်င္ဆိပ္ကမ္းရွိ ေအာ္စတင္အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီ ႐ုံးခြဲအတြင္းရွိ ေရဝန္ စမစ္ သည္ ေသာက္လက္စ ဝီစကီခြက္ကို ခ်လိုက္သည္။
ထို႔ေနာက္ အေပၚ႐ုံအက်ႌကို အျမန္ဝတ္ၿပီး ဆိပ္ကမ္းဘက္ဆီသို႔ ထြက္လာ၏။
ညာသံေပးခ်ီတက္လာေသာ အသံမ်ားေၾကာင့္ စမစ္ သည္ မီးပန္းတစ္ခုကို ယူကာ ေကာင္းကင္ျပင္သို႔ ပစ္ေဖာက္လိုက္ေတာ့သည္။
သို႔ေသာ္ျငား သန္လ်င္ၿမိဳ႕ဝန္အျဖစ္ခန႔္ထားသည့္ ဗညားျဗသိဒၶိသည္ သန္လ်င္ၿမိဳ႕တြင္ ရွိမေနခဲ့။
သန္လ်င္တစ္ဖက္ကမ္း တာေမြေက်း႐ြာ တြင္ သူေတာ္ေကာက္ထားသည့္ မြန္အမ်ိဳးသမီးငယ္၏ ႐ြာတြင္ မဂၤလာကိစၥသြားေရာက္ကမ္းလွမ္းရင္း ညအိပ္ေနထိုင္ေနခဲ့သည္။
ဆိပ္ကမ္းေစာင့္ ဗိုလ္အဆင့္ သာ ရွိေနေသာ သန္လ်င္ၿမိဳ႕ေစာင့္တပ္မ်ားမွာ ႐ုတ္တရတ္ျဖစ္ေပၚလာေသာ အေျခအေနကို အငိုက္မိသြားခဲ့၏။
“မမလြီဇာ..မမလြီဇာ..ၿမိဳ႕ထဲမွာ ဘာေတြျဖစ္ေနတာလဲမသိဘူး.....လာၾကည့္ပါဉီး”
ဘာနာဘိုက္ဘုရားေက်ာင္းရွိရာ ကုန္းျမင့္ေပၚတြင္ လမ္းေလွ်ာက္ေနေသာ ျမတ္ဝါမွ အလန႔္တၾကားျဖင့္ ဘုရားေက်ာင္းဝန္းအတြင္းသို႔ ေျပးဝင္လာသည္။
ဖာသာနာေရနီႏွင့္ နကၡတ္ေဗဒအေၾကာင္း ေျပာေနသည့္ လြီဇာမွာ ျမတ္ဝါအသံေၾကာင့္ ဘုရားေက်ာင္းျပင္ပသို႔ ထြက္လိုက္၏။
ထိုအခ်ိန္တြင္ သန္လ်င္ၿမိဳ႕တြင္းဘက္ဆီမွ တက္လာေသာ မီးၫြန႔္မီလွ်ံမ်ားကို ျမင္လိုက္ၾကရေတာ့သည္။
ယခုအခါ ဘာနာဘိုက္ခရစ္ယာန္ေက်ာင္းမွာ သန္လ်င္ၿမိဳ႕တြင္းႏွင့္မနီးမေဝး ျမစ္ကမ္းအနီးမွ ေတာင္ကုန္းေပၚေျမကြက္သို႔ ေျပာင္းေ႐ႊ႕ထားခဲ့ၿပီျဖစ္၏။
“အင္းဝတပ္ေတြ ၿမိဳ႕ကို ဝင္စီးၿပီထင္တယ္..ဖာသာ”
လြီဇာႏွင့္ ျမတ္ဝါသည္ ဘရာသာအန္ဂ်လိုႏွင့္ ေနာက္တႀကိမ္ေဆးကုသရန္အတြက္ သန္လ်င္ၿမိဳ႕သို႔ ေရာက္ရွိေနၾကျခင္းျဖစ္သည္။
ဖာသာနာေရနီက လြီဇာ၏ ေဘးတြင္ မတ္တပ္ရပ္ကာ အေျခအေနကို ၾကည့္လိုက္၏။
ထို႔ေနာက္ ေက်ာင္းဝန္းအတြင္းေျပးဝင္သြားၿပီး ထြန္းထားေသာ မီးမ်ားၿငိမ္းၾကရန္ လိုက္လံေအာ္ဟစ္ေနသည္။
ထိုအခ်ိန္တြင္ ေက်ာင္းဝန္းတံခါးဝဆီမွ အသံမ်ားၾကားၾကရသည္။
“ခင္ႀကီးအင္ဂ်လို..ခင္ႀကီး..ကယ္ပါ”
“ျမတ္ဝါ..ဘာမွ မေၾကာက္နဲ႔...မမနဲ႔လိုက္ခဲ့ေနာ္”
လြီဇာက ျမတ္ဝါကို အားေပးကာ ၿခံဝန္းေရွ႕သို႔ ထြက္ခဲ့လိုက္သည္။
ၿခံဝန္းေရွ႕အေမွာင္ထဲတြင္ လူတစ္ခ်ိဳ႕၏ ညည္းညဴသံမ်ား။
ဘရာသာအန္ဂ်လိုကလည္း မီးအိမ္တစ္ခုႏွင့္အတူ လြီဇာတို႔ အနားသို႔ ေရာက္လာ၏။
“ကယ္ပါ..ကြၽန္ေတာ္တို႔ ဒဏ္ရာရထားၾကပါတယ္..ဒီထဲကိုဆို အင္းဝသားေတြ ဝင္ၾကမယ္မထင္ဘူး..ကယ္ၾကပါ..ခင္ႀကီးတို႔”
“ဘရာသာ တံခါးဖြင့္ေပးလိုက္ပါ..သူတို႔ ဒုကၡေရာက္ေနၾကတယ္”
“ဖာသာနာေရနီကို ေမးရဉီးမယ္..လြီဇာ”
“ကြၽန္မသူ႔ကို ရွင္းျပလိုက္မယ္..သူတို႔ကို အရင္ ဘုရားေက်ာင္းထဲ သြင္းလိုက္..အကုန္ေသကုန္မယ္”
“ဒါ သူတို႔ အခ်င္းခ်င္းျပည္တြင္းေရးကိစၥေလ...လြီဇာ..က်ဳပ္တို႔ ဝင္မပါတာေကာင္းလိမ့္မယ္”
ထိုအခ်ိန္တြင္ ၿခံဝန္းေရွ႕မွ လဲက်ေနေသာ လူတစ္ဉီးမွာ ၿခံဝန္းတိုင္ကို ဆုပ္ကိုင္လ်က္ အသက္ငင္ေနသည္။
သူ၏ ဉီးေခါင္းတျခမ္းလုံးမွာလည္း ေသြးမ်ားျဖင့္ ႐ႊဲနစ္ေန၏။
“ရွင္က ဆရာဝန္ေနာ္..ဘရာသာ..ဒါ ေသခါနီးျဖစ္ေနတဲ့လူေတြ..တံခါးဖြင့္ေပးလိုက္”
“က်ဳပ္သေဘာနဲ႔ က်ဳပ္လုပ္လို႔မရဘူးဗ်...ဘာနာဘိုက္အသင္းေတာ္ရဲ႕..သေဘာထား..ၿပီးေတာ့...ဗာတီကန္ရဲ႕သေဘာထား..”
လြီဇာက သူ၏ ဂါဝန္ၾကားမွ ခါးၾကားမွ ပစၥတိုေသနတ္ကို ထုတ္ၿပီး ဘရာသာအန္ဂ်လို၏ နားထင္ကို ေထာက္လိုက္သည္။
“ေလာေလာဆယ္..ဒီေသနတ္ရဲ႕ သေဘာထားကိုပဲ ရွင္လိုက္နာလိုက္..ဖြင့္..သူတို႔ကို ကြၽန္မတို႔ ကယ္ရမယ္”
ဘရာသာအင္ဂ်လိုက သူ႔ခါးၾကားမွ ေသာ့တြဲကို ထုတ္ကာ ဝန္းတံခါးကို ဖြင့္လိုက္၏။
ဒဏ္ရာရသူအခ်ိဳ႕မွာ ညည္းညဴလ်က္ တြားသြားဝင္လာၾကသည္။
“ဘရာသာ အေျခအေနဆိုးတဲ့သူေတြကို ကုသေပးပါ..သူတို႔ကို ကြၽန္မတို႔ ဘုရားေက်ာင္းထဲ သယ္ရမယ္..သူတို႔ လုံၿခဳံဖို႔လိုတယ္..ျမတ္ဝါ..မမကို ကူဉီး”
လြီဇာက ပစၥတိုေသနတ္ကို ဂါဝန္ၾကားထိုးထည့္လိုက္သည္။
ထို႔ေနာက္ အသက္ငင္ေနေသာ ေရွ႕ဆုံးမွ လူ၏ ထူမလိုက္၏။
“ျမတ္ဝါ သူ႔ကိုတြဲထား..ၿပီးရင္... မမ ေက်ာကုန္းေပၚတင္ေပးေနာ္”
ျမတ္ဝါက ကူညီေပးသည္။
ေသြးမ်ားျဖင့္ ႐ႊဲနစ္ေနေသာ အမ်ိဳးသားကို ျမတ္ဝါက တြဲမကာ လြီဇာ၏ ေက်ာေပၚတင္ေပး၏။
လြီဇာက ေက်ာေပၚတင္ကာ ဘုရားေက်ာင္းဆီသို႔ သယ္သြားေတာ့သည္။
ေသြးမ်ား႐ႊဲနစ္ေနသည့္ လူတစ္ဉီးကို ေက်ာေပၚတင္လာသည့္ လြီဇာကို ဖာသာနာေရနီက တအံတဩၾကည့္လိုက္သည္။
“ဖာသာ...အျပင္မွာ ဒဏ္ရာရထားတဲ့ စစ္သားေတြေရာ..အရပ္သားေတြေရာ..ရွိေနတယ္...ကြၽန္မတို႔ သူတို႔ကို ကူညီမွျဖစ္မယ္”
“ဘာေတြေလွ်ာက္လုပ္ေနတာလဲ..လြီဇာ..ဒါ အင္းဝ နဲ႔ ဟံသာဝတီစစ္ပြဲေလ..က်ဳပ္တို႔က သာသနာျပဳေတြပဲ”
“ဒါ ရွင္ေနေနတဲ့ သန္လ်င္..သန္လ်င္ၿမိဳ႕... ကိုယ္ေနတဲ့ၿမိဳ႕က လူေတြ ေသေနတာကို ကယ္တင္ေပးတာကို ဘယ္ဘုရားျဖစ္ျဖစ္ သေဘာတူတယ္..ရွင္က သာသနာျပဳဆို..လူေတြအရင္ကယ္..”
လြီဇာက သူ႔ေက်ာေပၚမွ လူနာကို ဘုရားေက်ာင္းခုံတန္းလ်ားေပၚ အသာခ်ေပးလိုက္၏။
“မမ..ကူပါဉီး..ကူပါဉီး”
ျမတ္ဝါႏွင့္ ဘရာသာအန္ဂ်လိုကလည္း လူနာႏွစ္ဉီးကို ေက်ာေပၚတြင္ တင္ကာ သယ္လာသည္။
သူတို႔ေနာက္တြင္ ဒဏ္ရာရသူမ်ားအခ်ိဳ႕က အခ်င္းခ်င္း ေဖးမကာ ဘုရားေက်ာင္းတြင္းသို႔ ဝင္လာ၏။
နာေရနီက ျမင္ကြင္းကို ေၾကာင္ၾကည့္ေနသည္။
လြီဇာက သူ႔သယ္လာသည့္ လူနာထံမွ ညည္းသံတစ္ခ်က္ၾကားသျဖင့္ ငုံ႔ၾကည့္လိုက္သည္။
ဒဏ္ရာရသူမွာ ေသဆုံးသြားခဲ့ၿပီ။
“ဖာသာ...ရွင္တို႔ ဒြိဟမ်ားမေနနဲ႔..ဒီမွာ ခုေလးတင္ သူ ေသသြားၿပီ..ကြၽန္မတို႔ ထပ္ကယ္မွျဖစ္ေတာ့မယ္”
ဖာသာနာေရနီ က မီးအိမ္ကို မီးစာျမႇင့္လိုက္သည္။
“အေနာက္ဘက္တဲမွာ ဘုရားေက်ာင္းအမႈေတာ္ထမ္းေတြ၊ ေဆးခန္းအကူေတြ ေၾကာက္လို႔ ပုန္းေနၾကတယ္..သူတို႔ကို ပါ က်ဳပ္သြားေခၚလိုက္မယ္..လြီဇာ”
ဖာသာနာေရနီေျပးထြက္သြား၏။
ဘရာသာအန္ဂ်လိုက သူ၏ ေဆးပစၥည္းမ်ားထည့္သည့္ ေသတၱာကို သြားမလာသည္။
သန္လ်င္ၿမိဳ႕ထဲတြင္ေတာ့ တိုက္ခိုက္သံမ်ားက ဆူညံေနဆဲ။
အလွ်ံတညီးညီးမီးေတာက္ႀကီးမ်ားကလည္း ၿမိဳ႕အႏွံ။
သန္းေခါင္ယံမတိုင္မီတြင္ပင္ သန္လ်င္သည္ အင္းဝ၏ လက္ထဲသို႔ က်ေရာက္ခဲ့ေတာ့သည္။
ထိုညတညလုံးတြင္ ဘာနာဘိုက္ဘုရားေက်ာင္းတြင္ လာေရာက္ခိုလႈံသူမွာ ရာဂဏန္းရွိလာခဲ့၏။
နံနက္လင္းခဲ့ၿပီ။
သန္လ်င္ကား တစ္ၿမိဳ႕လုံးနီးပါး ျပာအတိ။
ၿမိဳ႕တံခါး (၁၅)ခုရွိသည့္အနက္ ဆင္ထြက္တံခါးႏွင့္ ဝက္သာတံခါးတို႔မွာ မီးကြၽမ္းပ်က္စီးသြားခဲ့သည္။
တစ္ညလုံးနီးပါး ဒဏ္ရာရသူမ်ား၊ ဒုကၡသည္မ်ားကို ျပဳစုေပးခဲ့ရသျဖင့္ လြီဇာတို႔မွာ ပင္ပန္းေနၾက၏။
ထိုအခ်ိန္တြင္ စစ္တံပိုးသံတစ္ခုက ဘုရားေက်ာင္းအဝင္အဝဆီမွ ထြက္ေပၚလာသည္။
လြီဇာက ပစၥတိုေသနတ္ကို ထုတ္ကာ ျပတင္းေပါက္မွ ေခ်ာင္းၾကည့္လိုက္၏။
အျဖဴအနီအစင္းၾကား၏ ဘယ္ဘက္ေထာင့္မွ ယူနီယံဂ်က္အလံပါသည့္ အေရွ႕အိႏၵိယကုမၸဏီအလံ ကို ျမင္လိုက္ရမွ ဖာသာနာေရနီကို လွမ္းေခၚလိုက္ေတာ့သည္။
ဖာသာနာေရနီ၊ ဘုရားေက်ာင္းအမႈထမ္း ဉီးေထာ္ တို႔ႏွင့္ အတူ လြီဇာပါ ၿခံဝန္းတံခါးဝဆီသို႔ ထြက္လာခဲ့သည္။
ကုမၸဏီစစ္သားအေစာင့္အေရွာက္မ်ားၾကားမွ ျမင္းျဖဴႀကီးကို စီးလာေသာ ဂ်ိဳနသန္စမစ္မွာ လည္း ေကာင္းစြာအိပ္ေရးဝေသးဟန္ပင္မတူ။
ဖာသာနာေရနီက ၿခံဝန္းတံခါးကို ဖြင့္မေပးေသး။
“ဘာကိစၥရွိလို႔လဲ..မစၥတာစမစ္”
“ညက အေျခအေနကို ဖာသာတို႔လည္း သိမွာပါ..အင္းဝတပ္ေတြက သန္လ်င္တစ္ၿမိဳ႕လုံးကို သိမ္းသြားၿပီ”
“အင္း..သိပါတယ္..က်ဳပ္တို႔လည္း တညလုံးမအိပ္ရေသးဘူး”
“က်ဳပ္..အင္းဝတပ္မႉးနဲ႔ ညႇိႏႈိင္းၿပီးသြားၿပီ ကုမၸဏီအလံေတာ္ေအာက္မွာ ရွိေနတဲ့လူေတြကို မထိခိုက္ေစရပါဘူးလို႔ သူက ကတိေပးတယ္....ကုန္သည္ႀကီးလြီဇာတို႔လည္း ေရာက္ေနတာဆိုေတာ့.. အခုခ်က္ခ်င္းပဲ...က်ဳပ္ရဲ႕ ကုမၸဏီဝန္းထဲကို လိုက္ခဲ့ေပးၾကပါ..ဖာသာတို႔ လုံၿခဳံေရးအတြက္ပါ”
ဖာသာနာေရနီက လြီဇာကို တခ်က္ၾကည့္လိုက္သည္။
“ကုန္သည္ႀကီးလြီဇာေရာ..ဖာသာတို႔ကိုပါ ေဘးမသီရန္မခပဲ ဟံသာဝတီကို ပို႔ေပးႏိုင္ဖို႔ အင္းဝတပ္မႉးနဲ႔ က်ဳပ္ေဆြးေႏြးေပးပါ့မယ္”
လြီဇာက ဖာသာနာေရနီကို မ်က္ရိပ္ျပလိုက္၏။
“အထဲမွာ ဘရာသာအင္ဂ်လိုလည္း ရွိေနပါတယ္..က်ဳပ္တို႔ တိုင္ပင္လိုက္ၾကဉီးမယ္..မစၥတာစမစ္”
“အခ်ိန္အမ်ားႀကီးမရပါဘူး..အင္းဝတပ္မႉး က က်ဳပ္ကို သန္လ်င္ၿမိဳ႕ထဲ ထြက္ခြင့္ အခ်ိန္တစ္နာရီပဲေပးထားတယ္..ဖာသာ..ျမန္ျမန္လုပ္ပါ”
လြီဇာႏွင့္ ဖာသာနာေရနီတို႔ ဘုရားေက်ာင္းအဝင္အဝသို႔ ျပန္ေလွ်ာက္လာၾကသည္။
ဘရာသာအင္ဂ်လိုႏွင့္ ျမတ္ဝါတို႔မွာ ဘုရားေက်ာင္းအမႈထမ္းအခ်ိဳ႕ႏွင့္အတူ လူနာမ်ားအၾကား အလုပ္ရႈပ္ေနၾက၏။
“ဘယ္လိုလုပ္ရမလဲ..လြီဇာ..ဒီအဂၤလိပ္ကေရာ ယုံရပါ့မလား”
“ဖာသာ့ သေဘာကို အရင္ေျပာပါ”
“သူက ဟံသာဝတီဘုရင္ရဲ႕ တရားဝင္ခန႔္အပ္ထားတဲ့ ေရဝန္မဟုတ္လား”
“အင္း..အဲ့ဒါေတာ့ဟုတ္တယ္..ဖာသာ..ဒါေပမယ့္...ကြၽန္မတို႔ ဒဏ္ရာရထားတဲ့လူေတြကို ဒီအတိုင္းပစ္သြားမွာလား”
“ဒါက စစ္ပြဲပဲ လြီဇာ..စစ္ပြဲဆိုတာ တိုက္ခိုက္သူေတြ ထိခိုက္ေသၾကၾကတာပဲမဟုတ္လား”
“ရွင္ သိလား..ဖာသာ..အခု ထိခိုက္တဲ့အမ်ားစုက ဆိပ္ကမ္းအလုပ္သမားေတြနဲ႔... ၿမိဳ႕ထဲက သာမန္လူေတြမ်ားေနတယ္...သန္လ်င္ၿမိဳ႕ေစာင့္တပ္က နည္းနည္းသာပါတာ...ကြၽန္မတို႔ ကယ္ထားတာ စစ္သားေတြမဟုတ္ဘူး..အရပ္သားေတြ”
“ဒါဆို..ဘယ္လိုလုပ္မလဲ..အင္းဝစစ္တပ္ ေရာက္လာရင္ က်ဳပ္တို႔ကို သတ္မွာ...သူတို႔ေရာ..က်ဳပ္တို႔ပါ အသတ္ခံရမွာ”
“ကြၽန္မကေတာ့ သူတို႔ကို ထားၿပီး မသြားႏိုင္ဘူး..ဖာသာ..ၿပီးေတာ့ ဟံသာဝတီဘုရင္ရဲ႕ အမႈထမ္းေရဝန္လုပ္ေနၿပီး အင္းဝတပ္နဲ႔လည္း ညႇိႏႈိင္းေနတဲ့ အဲ့ဒီအဂၤလိပ္ကို ေရာ ယုံရမွာလား”
ဖာသာနာေရနီက သက္ျပင္းခ်လိုက္သည္။
“ဒါဆို က်ဳပ္တို႔ အကုန္ေသကုန္မွာေပါ့”
“ခဏေနပါဉီး..ဖာသာ”
လြီဇာက ၿခံဝန္းဆီသို႔ ျပန္ေလွ်ာက္သြားသည္။
“မစၥတာစမစ္...အခု သန္လ်င္ကို သိမ္းလိုက္တဲ့ အင္းဝရဲ႕ အႀကီးဆုံးဗိုလ္ခ်ဳပ္ နာမည္ကို သိလား”
“ေတာင္ငူရာဇာကိုးသိန္းသခင္သတိုးမင္းေခါင္တဲ့”
လြီဇာက တခ်က္ ေခါင္းညိတ္လိုက္သည္။
“ဖာသာေတြက ေျပာတယ္..အထဲမွာလည္း ထိခိုက္ဒဏ္ရာရသူေတြရွိေနတယ္..သူတို႔ကို ထားခဲ့လို႔ မျဖစ္ဘူးတဲ့”
“ကုန္သည္ႀကီး ဒါဆို ခင္ဗ်ား လိုက္ခဲ့ေစခ်င္တယ္”
“ကြၽန္မလည္း သူတို႔နဲ႔အတူတူပါပဲ”
“ခင္ဗ်ားရဲ႕ အရက္ဂိုေထာင္အသစ္ကို လည္း အင္းဝတပ္ေတြ ဝိုင္းထားတယ္...သစ္သားယက္မႀကီးေတြကို ဖ်က္ေနတာ ဖ်က္မရလို႔ မီးတိုက္ဖို႔ လုပ္ေနၾကတယ္”
လြီဇာ မ်က္စိမ်က္ႏွာပ်က္သြားသည္။
သို႔ေသာ္ မ်က္ႏွာကို ခပ္တင္းတင္းျပန္ထားလိုက္ၿပီး ခါးၾကားမွ ပစၥတိုကို ထုတ္လိုက္သည္။
“ရွင့္ကိုေတာ့ ေက်းဇူးတင္ပါတယ္..မစၥတာစမစ္..ဒါေပမယ့္...ကြၽန္မ ဒီဘုရားေက်ာင္းဝန္းကို ကာကြယ္ႏိုင္တယ္”
စမစ္က လြီဇာႏွင့္ လက္ထဲမွ ပစၥတိုေသနတ္ကို ၾကည့္လိုက္သည္။
“အင္း..ဒီပစၥတိုေလးက သန္လ်င္ၿမိဳ႕မွာ နာမည္ႀကီးတဲ့ ျပင္သစ္စစ္ဗိုလ္ေလးနဲ႔ အင္းဝသူေပၚတူဂီကုန္သည္မေလးတို႔ရဲ႕ ဇာတ္လမ္းထဲက ေသနတ္ထင္ပါရဲ႕..ဟုတ္ပါၿပီ..လြီဇာ..ခင္ဗ်ားအေၾကာင္း က်ဳပ္ၾကားဖူးပါတယ္... ဆင္႐ိုင္းေတြကို က်ဳံးသြင္းတတ္တဲ့ မိန္းမေခ်ာတစ္ေယာက္ဆိုတာကို..ကဲ..က်ဳပ္..သြားၿပီ..ဂ႐ုစိုက္ၾကပါ”
စမစ္က သူ႔တပ္ကို အခ်က္ျပလိုက္ၿပီး ျမင္းကို ျပန္လွည့္သြားေတာ့၏။
“လြီဇာ...သူတို႔ ျပန္သြားၾကၿပီလား”
“ဟုတ္တယ္..ဖာသာ...ကြၽန္မျပန္ခိုင္းလိုက္တာ...ကြၽန္မတို႔ ဒီမွာ ဒဏ္ရာရသူေတြကို ကုေပးရင္ ေနၾကတာေပါ့”
“အင္းဝတပ္ေတြ လာရင္ေရာ”
“ကြၽန္မ တာဝန္ထားပါ..ဖာသာ”
...........................................................................................
“ေခါင္းေတြ ေမွာက္ထား...ေမွာက္ထား....ေမာ့ၾကည့္ရင္ ဇက္ျပတ္မယ္မွတ္”
ဘုရားေက်ာင္းဝန္းအတြင္းသို႔ အင္းဝစစ္သည္မ်ား အျပည့္ေနရာယူထားသည္။
ဖာသာနာေရနီ၊ ဘရာသာအင္ဂ်လို ၊ လြီဇာ၊ ျမတ္ဝါ ႏွင့္ အမႈထမ္းအခ်ိဳ႕မွာ ေျမျပင္တြင္ ျပားျပားဝပ္ေနၾက၏။
ေဝါယာဥ္တစ္စီးက သူတို႔ ေရွ႕တြင္ ရပ္လိုက္သည္။
“လြီဇာငယ္..ေမာ္ဖူးေစ”
လြီဇာက ေခါင္းကို ေမာ့လိုက္၏။
ကိုးသိန္းသခင္က ကြမ္းေသြးမ်ားကို ေျမျပင္သို႔ ပ်စ္ခနဲ ေထြးကာ ၿပဳံးလိုက္သည္။
“ဟံသာဝတီသူႀကီးေတာင္ ျဖစ္ေနပါေပါ့လားကြဲ႕”
“မွန္ပါ...ကိုယ္ေတာ္ပဲ ဟံသာဝတီကိုပို႔ခဲ့လို႔..စစ္ႏွစ္ဖက္ၾကားမွာ ညပ္ေနရတဲ့..လြီဇာမငယ္ပါ”
“အိန္း..စကားနာထိုးတဲ့အက်င့္ကေလးကေတာ့ျဖင့္ မေပ်ာက္ေသးဘူးပဲ”
“ေလာင္းရွည္မဖုရားေရာ..ေနေကာင္းေတာ္မူပါရဲ႕လား..ကိုယ္ေတာ္”
“သူကေတာ့ သိပ္မက်န္းမာရွာဘူး..ငါကိုယ္ေတာ္လည္း စစ္ေရးစစ္ရာနဲ႔ပဲ အင္းဝအိမ္ေတာ္ဆီ ျပန္ရတယ္..မရွိပါဘူးေလ”
ကိုးသိန္းသခင္မွာ ႏွစ္ရွည္လမ်ားစစ္တိုက္ေနရသည့္ အေျခအေနေၾကာင့္ အသားမ်ားမွာ ေနေလာင္ၿပီး မည္းညိဳေနသည္။
ခႏၶာကိုယ္မွာလည္း အေတာ္ပင္ ပိန္က်သြား၏။
“ကဲ..ဘယ့္ႏွယ့္..ခုန ကုမၸဏီအဂၤလိပ္က ေျပာတယ္..သူလာေခၚတာကိုေတာင္ မလိုက္ဘူးဆို..ဘယ့္ႏွယ့္... ဟို ခင္ႀကီးေတြေရာပဲ”
“ညက စစ္ပြဲထဲ ဒဏ္ရာရတဲ့ အရပ္သားေတြကို ကူညီကယ္ဆယ္ေပးေနရပါတယ္..ဒါ့ေၾကာင့္ပါ”
“အင္း...အဲ့ဒီသူေတြဟာ အင္းဝရဲ႕ ရန္သူေတြပဲ မဟုတ္လားကြဲ႕”
“မွန္ပါ...ထားရင္လည္းေန..သတ္ရင္လည္းေသရမွာပါ...သူတို႔ဟာ သာမန္ျပည္သူေတြပါ...အင္းဝ ဟံသာဝတီၾကား ပုန္ကန္နန္းလု ကိစၥမွန္သမွ် မသိလိုက္မသိရပဲ အၿမဲတမ္း ေျမဇာပင္ျဖစ္ေနရသူေတြခ်ည္းပါ..သခင္..ေတြးဆေတာ္မူၿပီး ခ်မ္းသာေပးပါ”
“အံမယ္...စကားေတြ တယ္တတ္ပါလား..အမိ..မင္းကို အင္းဝကို ျပန္ေခၚသြားရမယ္ကြဲ႕..မၾကာခင္ ဟံသာဝတီကိုလည္း ငါတို႔ သိမ္းႏိုင္ေတာ့မယ္”
“မွန္ပါ..နီးရာဓါးေၾကာက္ရသူပါ..ဘုရား...ဘုရားအမိန႔္ေတာ္နဲ႔ အင္းဝျပန္သြားဆိုလည္း သြားရပါမယ္..ဒါေပမယ့္..အင္းဝသို႔ မလိုက္ရမီ..ဒီဘုရားေက်ာင္းထဲရွိတဲ့ လူမမာေတြကိုေတာ့ ခင္ႀကီးမ်ားႏွင့္အတူ တတ္ႏိုင္သမွ် ကုသေပးခြင့္ျပဳပါ..အသက္တစ္ေခ်ာင္းမို႔....ေလွ်ာက္ထားရျခင္းပါ”
ကိုးသိန္းသခင္က ကြမ္းကို ဝါးရင္းမွ ဘုရားေက်ာင္းအေျခအေနကို လွမ္းၾကည့္လိုက္သည္။
“ဒီထဲမွာ သန္လ်င္သားေတြကို ပုန္းခိုင္းထားၿပီး ငါတို႔ကို ထြက္တိုက္ရင္ ဘယ့္ႏွယ့္လုပ္မတုန္း..ညည္းတာဝန္ခံလား”
“ကြၽန္ေတာ္မ တာဝန္ခံပါတယ္...မယုံၾကည္လို႔ အထဲကို ဝင္စစ္ေဆးပါ..ဒဏ္ရာရသူမ်ားမဟုတ္ပဲ...လူေကာင္းလူသန္မ်ားေတြ႕ရင္ျဖင့္ ဇက္ကို တစ္ခါတည္း ျဖတ္ခဲ့ပါ..ဘုရား”
“အိမ္း..ဟုတ္ၿပီ..ငါကိုယ္ေတာ္လည္း သန္လ်င္တစ္ၿမိဳ႕လုံး ၿမိဳ႕စီးျပစီးေတြ ျပင္ဆင္ဖို႔ ကိစၥေတြရွိေသးတယ္....သာသနာျပဳေတြနဲ႔ ႏိုင္ငံျခားသားေတြကို ထိပါးဖို႔ေတာ့ ငါတို႔မွာ အစီအစဥ္မရွိပါဘူး...အထဲက လူေတြမွာ ျပန္လည္ပုန္ကန္မဲ့စစ္သားေတြျဖစ္မေနဖို႔ေတာ့ မင္းအာမခံပါ..လြီဇာ”
“အာမခံပါတယ္..အရွင္..အရွင့္ကို ဆက္သစရာလည္းရွိပါတယ္”
“ဘာမ်ားလဲ”
လြီဇာက ေရွ႕သို႔ တိုးလာၿပီး ေသာ့တြဲတစ္ခုကို ဆက္လိုက္သည္။
“ဒါ..ဘာလဲကြဲ႕”
“ဆိပ္ကမ္းနားက ကြၽန္ေတာ္မ်ိဳးမရဲ႕ အရက္ကုန္ေလွာင္႐ုံပါ...အင္းဝစစ္သားမ်ားက တံခါးဖြင့္မရလို႔ မီးရႈိ႕မယ္လို႔ ၾကားရပါတယ္..အရက္ကုန္စည္ေတြျဖစ္တဲ့အတြက္ မီးရႈိ႕တဲ့အခါ ေပါက္ကြဲၿပီး သန္လ်င္ရဲ႕ တျခားေနရာေတြ ပါ ေလာင္ကြၽမ္းရပါလိမ့္မယ္..သန္လ်င္ဟာ အင္းဝရဲ႕ လက္ေအာက္ခံအျဖစ္ ေရာက္ရွိေနၿပီျဖစ္လို႔...အရွင္ တို႔အေနျဖင့္လည္း ဒီထက္ပို ပ်က္စီးေစခ်င္မယ္မထင္ပါဘူး..အဲ့ဒီ အရက္မ်ားကို အင္းဝစစ္သည္မ်ားအတြက္ စိတ္ႀကိဳက္ဆက္သပါတယ္”
“အင္း..အဲ့ဒီနားကို ခုနတင္ ငါျဖတ္လာခဲ့တာပဲ...အဲ့ဒီကို ဝိုင္းေနတာ ရွင္ၾကမ္း၊ ရွင္ေယာင္တပ္ေတြပဲ...သူတို႔ကို ေျပာဆိုရတာလည္း တယ္မလြယ္လွဘူး..သာသနာပိုင္တပ္ေတြကို..ဒါေပမယ့္...ဂိုေထာင္ကို မီးမရႈိ႕ဖို႔နဲ႔ အရက္ေတြ စိတ္ႀကိဳက္ေသာက္ဖို႔ေတာ့ ေျပာလိုက္ပါ့မယ္”
“ေက်းဇူးႀကီးလွပါတယ္..အရွင္”
“အင္း..အရက္..အရက္...ဟိုတခါ ဟံသာဝတီမွာ ဆုံတဲ့ညတုန္းက ငါ့ကိုယ္ငါေတာင္ ရွက္မိတယ္..လြီဇာမငယ္..အရက္..အရက္..ကဲ..ငါကိုယ္ေတာ္ အင္းဝျပန္ႂကြတဲ့အခါေတာ့ မင္း အင္းဝကို ျပန္လိုက္ခဲ့ရမယ္..လြီဇာ....အင္းဝက မင္းကို အလိုရွိေနတယ္”
လြီဇာက လက္အုပ္ခ်ီလိုက္သည္။
မၾကာမီ ဘုရားေက်ာင္းဝန္းအတြင္းမွ အင္းဝတပ္မ်ား ျပန္လည္ထြက္ခြာသြားေတာ့၏။
..................................................................................................................
၁၇၄၃ ႏိုဝင္ဘာ ၂၃ ရက္ေန႔။
မီးေလာင္သြားခဲ့ၿပီျဖစ္သည့္ ဝက္သာတံခါး၊ ဆင္ထြက္တံခါးတို႔မွာ ခ်က္ခ်င္းမျပင္ဆင္ႏိုင္ေသး။
ထို႔ေၾကာင့္ ကိုးသိန္းသခင္သည္ အင္းဝတပ္မ်ားထဲမွ တပ္သုံးတပ္ကို ထုတ္ႏႈတ္ကာ ထိုၿမိဳ႕တံခါးမ်ား တဝိုက္တြင္ အေစာင့္အေနမ်ား မျပတ္ခ်ထား၏။
ေဆာင္းရာသီႏွင့္ ပဲခူးျမစ္ဘက္မွ တိုက္ခတ္လာေသာ ေလတို႔ေၾကာင့္ ခိုက္ခိုက္တုန္ေအာင္ ေအးေနၿပီျဖစ္သည္။
“ေဟ့...ေယာက္ဖတို႔..ဒကာေတာ္ေယာက္ဖတို႔”
ပခန္းႀကီးရွင္ၾကမ္းတပ္မွ သကၤန္းစမ်ား ပတ္ထားသည့္ လူၾကမ္းႀကီးမ်ားသည္ လွည္းသုံးစီးကို ေရွ႕ေနာက္ အျပင္းေမာင္းလာသည္။
“ဒီမယ္..သေဘၤာက အရက္ေတြ...ဂိုေထာင္လိုက္ က်ဳပ္တို႔ရထားတယ္...မင္းတို႔ ေသာက္ရေအာင္ လာပို႔တာေဟ့”
“ျဖစ္ပါ့မလား...တပ္ခ်တပ္ေထာက္ေနခ်ိန္ ေသရက္မေသာက္ဖို႔ စစ္ထြက္မိန႔္မွာ ကိုးသိန္းသခင္က မိန႔္ထားတယ္..ရာဇဝတ္ေဘးထိေနပါ့မယ္.ကိုယ္ေတာ္တို႔”
“ေဟ့..ဘုရင့္ကို ကာကြယ္ေပးေနတဲ့ သာသနာပိုင္တပ္ကြ...မင္းတို႔ ကိုးသိန္းသခင္ဘာလုပ္ဖို႔လဲ..ငါတို႔ တပ္ေတြတိုက္ေပးလိုက္ေတာင္ ဒီသန္လ်င္ကို ရတာ..တို႔ရွိေနရင္ ဘယ္သူ ယွဥ္မလဲ..ေသာက္ဆို ေသာက္ၾကေဟ့..ဒီလိုအရက္မ်ိဳးက သူတို႔နန္းေတာ္က လူေတြပဲ ေသာက္ဖူးၾကတာ..ငါတို႔ မ်ား ထန္းရည္ခါးေတာင္အႏိုင္ႏိုင္..အခြင့္ရတုန္းေသာက္ဟ..ဒီမွာ ပုလင္းေတြ..လာယူၾက”
ပုခန္းႀကီးရွင္ၾကမ္းတပ္ဆိုသည္မွာ သာသနာပိုင္ဉီးဉာဏသာရ၏ လက္ေအာက္ခံတပ္ဖြဲ႕ထဲမွ တစ္ခုျဖစ္သည္။
အင္းဝတဝိုက္မွ လက္စလက္နရွိေသာ လူမိုက္လူဆိုးမ်ားကို သာသနာပိုင္က ေမြးျမဴထားသည္။
အရပ္ဝတ္ျဖင့္ စုေဆာင္းထားလွ်င္ ရွင္ဘုရင္ႏွင့္ ျပည္သူတို႔မွ ညိဳညင္မည္ကို စိုးသျဖင့္ သကၤန္းမ်ား စည္းေပးထားျခင္းျဖစ္သည္။
သကၤန္းမ်ားစည္းထားၾကေသာ္လည္း ရဟန္းအစစ္မ်ားမဟုတ္ၾကသျဖင့္ ေသရည္ေသာက္စားၾကသည္။ လက္ေဝွ႔ထိုးၾကသည္။ စစ္ေရးေလ့က်င့္ၾကသည္။ ေလာကီဆိုင္ရာအမႈမ်ားကို ျပဳၾကသည္။
ထို႔ေၾကာင့္ အင္းဝရွိရဟန္းအစစ္မ်ားက ယင္းတို႔ကို ရွင္ေယာင္၊ ရွင္ၾကမ္း၊ ရွင္ပ်က္မ်ားဟု ေခၚဆိုၾကသည္။
ထိုတပ္မ်ားသည္ သန္လ်င္ကို တိုက္ရာတြင္ ေရွ႕ေျပးတပ္အျဖစ္ ဉီးေဆာင္တိုက္ခဲ့သျဖင့္ ကိုးသိန္းသခင္ ပင္ ထိန္းမႏိုင္ျဖစ္ေနခဲ့သည္။
ယခုလည္း လြီဇာ၏ အရက္ကုန္ေလွာင္႐ုံေသာ့ကို ရရွိသြားသျဖင့္ ႏွစ္ရက္တိုင္တိုင္ အရက္မ်ားကို ေသာက္စားမူးယစ္ေနခဲ့ၾက၏။
တတိယေျမာက္ေန႔တြင္မူ သန္လ်င္ၿမိဳ႕ပတ္လည္မွ အင္းဝတပ္မ်ားထံသို႔ပါ လွည့္လည္ကာ အရက္စတုဒိသာ အလႉဒါယကာမ်ားအျဖစ္ ခံယူေတာ့သည္။
ခက္ေဇာ္
Done🐬
ReplyDelete2022🐬🐬
DeleteDone
ReplyDeleteDone
ReplyDeleteDone 💪
ReplyDelete🥰
ReplyDeleteDone
ReplyDelete