AVA 1740s S2 (အခန်း ၁၁)

AVA 1740s (Season 2)

                                                                       အခန်း(၁၁)

                                                             ...............................................

ချစ်မြ၏ အော်သံကြောင့် အောင်ဇေယျက လှည့်ကြည့်လိုက်သည်။

ထိုအခါ အောင်ဇေယျလက်မှ တင်းထားသော ကြိုးမှာ အနည်းငယ်ပြေလျော့သွား၏။

ချစ်ညိုသည် တစ်ပြိုင်နက် အားကုန်းသုံးကာ ကုန်းထလိုက်ရာ အောင်ဇေယျမှာ ချစ်ညိုပေါ်မှ ပြုတ်ကျသွား၏။

ချစ်ညိုက အောင်ဇေယျ၏ ရင်ဘတ်ကို ဒူးဖြင့် ဖိတိုက်ချလိုက်ပြီး အပေါ်စီးမှ နေရာယူထားသည်။

ထို့နောက်‌ အောင်ဇေယျ၏ လည်ပင်းကို သူ၏ လက်ဖဝါးကြီးနှစ်ဖက်ဖြင့် အသေဖျစ်ညှစ်တော့သည်။

သူတို့နှစ်ဉီး သတ်ပုတ်နေရာဆီသို့ ပြေးလာသော ချစ်မြသည် အကိုဖြစ်သူ အသာစီးရနေပြီဖြစ်သဖြင့် အနီးအနားတွင် ကျနေသော လှံကို ပြေးကောက်လိုက်သည်။

သို့သော် လှံဆီသို့ မရောက်လိုက်။

ထန်းတက်သမား ငထော် က ချစ်မြ ၏ ရင်ဘတ်ကို ခေါင်းဖြင့် စောင့်တိုက်လိုက်သည်။

အရပ်ပုပု ဂင်တိုတို ငထော်၏ ခေါင်းတိုက်ချက်ကြောင့် ချစ်မြ မှာ ရုတ်တရက် အသက်ရှုပင် ခေတ္တရပ်သွား၏။

“တစ်ယောက်ချင်း ချနေတာ ဝင်ကူချင်တဲ့အကောင်”

ငထော်က ချစ်မြပေါ် တက်ခွကာ မျက်နှာကို အားရပါးရထိုးသည်။ အလစ်အငိုက်ခံလိုက်ရသော ချစ်မြ ကလည်း တတ်နိုင်သမျှ ခုခံကာကွယ်၏။

ငထော်က ချစ်မြ၏ လည်မြိုကို သူ၏လက်တဖက်ဖြင့် ဖိထားပြီး တစ်ဖက်က ခါးကြားရှိ ထန်းလှီးဓါးကို ထုတ်နေသည်ကို ချစ်ညို မြင်လိုက်ရသည်။

အောင်ဇေယျကို ဖိထားရမှာ ထ ပြီး..ထန်းသမားငထော်ဆီ ပြေးသွား၏။

“ဖောင်း”

ချစ်ညို က ခုန်ဝင်လာပြီး ဒူးဖြင့် တိုက်လိုက်သဖြင့် ငထော်မှာ ဘေးသို့ လွင့်ကျသွားသည်။

အောင်ဇေယျက လူးလဲထလိုက်ပြီး နဘေးရှိ ခဲသီးတပ်ကြိုးကို ယူကာ ချစ်ညိုကို လှမ်းပစ်လိုက်၏။

ချစ်ညို မှာ ချစ်မြကို ထူနေရင်းမှ အလိုက်သင့် ရှောင်လိုက်သည်။

ငထော် ကလည်း အနီးရှိ လှံကို ကောက်ယူသည်။

ရန်သူနှစ်ဉီးထံတွင် လက်နက်များကိုယ်စီရှိနေပြီဖြစ်သဖြင့် ချစ်ညိုက ချစ်မြကို ဆွဲထူကာ ခြုံကွယ်ရှိ မြင်းထားရာနေရာသို့ ပြေးသွားသည်။

ငထော်က လှံဖြင့် ပစ်ရန်လုပ်လိုက်သည်။

“ဟေ့လူ..မလုပ်နဲ့”

အောင်ဇေယျက ငထော်ကို တားလိုက်၏။

ချစ်ညိုတို့ ညီအကိုနှစ်ဉီးမှာ မြင်းတစ်စီးပေါ်စီသို့ တက်ကာ မောင်းထွက်သွားတော့၏။

“ဘာလို့ မလုပ်ခိုင်းတာလဲဗျ..ဒီနှစ်ကောင်က ခင်ဗျားကို သတ်ဖို့ပဲကိုး”

“ထားလိုက်ပါ...ခင်ဉီးသားတွေ...နောက်လည်း ပြန်တွေ့ကြရမှာပဲ”

“သူတို့နဲ့ ခင်ဗျားက သိတာလား..အဲ့ဒါ ခင်ဉီးသားတွေလား”

“ဟုတ်တယ်လေ...ခင်ဉီးက မြင်းစီးကြီးဉီးလုံးရဲ့ သားတွေ...ချစ်ညိုနဲ့ ချစ်မြ”

“ဘာ..အဲ့ဒါ ချစ်ညိုကြီး ဟုတ်လား”

“ဟုတ်တယ်..အဲ့ဒါ ချစ်ညိုပဲ”

ငထော် မှာ အထိတ်တလန့်ဖြစ်သွား၏။

“ကျုပ်တော့ မူးမူးနဲ့ လာကူမိတာမှားသွားပြီထင်တယ်ဗျာ...ဒီလူတွေက နာမည်ကြီးတွေပဲ..ချစ်ညိုကြီးဆို အရမ်းသန်မာတာတဲ့..သူ့ညီ တွေကလည်း တိုက်ရေးကောင်းတယ်တဲ့”

“ဟ..အခုပဲ ခင်ဗျားနဲ့ ကျုပ်ကို မနိုင်လို့ သူတို့ ပြေးပြီမဟုတ်လား. ဘာကို ကြောက်နေတာတုန်း”

“ဒါတော့ ဒါပေါ့ဗျာ...ငထော်တို့က.ယောက်ျားချင်း လက်ရုံးချင်းကတော့ ဘယ်မှုလိမ့်မတုန်း..ခက်တာက သူတို့က မြင်းခေါင်းကြီးမျိုးတွေလေ..ပြီးတော့ အင်းဝနန်းတော်က ဘွဲ့ထူးဂုဏ်ထူးပေးထားကြတာ..ဆွေအားမျိုးအား နဲ့ ငွေကလည်း တောင့်ကြတာကလား...ဘယ့်နှယ့် နောက်ဆို ကျုပ်အသက်ကို လာရန်ရှာရင်..ကြာကြာဘယ့်နှယ့်ယှဉ်နိုင်ပါ့မလဲ”

“ခင်ဗျားနာမည်က ငထော်လား”

“ဟုတ်တယ်..ငထော်..ဟိုးမှာ တွေ့လား..အဲ့ဒီထန်းပင်တွေကို အငှားတက်ပေးတာ..အခု အပေါ်မှာ ထန်းရေလေးနဲ့ စည်းစိမ်ကျနေတုန်း...ခင်ဗျားတို့တိုက်ပွဲကိုထိုင်မြည်းနေတာ...ဟိုအကောင်ဝင်ရှုပ်တာနဲ့ ကျုပ်လည်း မနေနိုင်လို့..လာဝင်ကူပေးရတာပ”

“အင်း..ငထော်...သူတို့ ကို ဘာမှ ကြောက်စရာမလိုဘူး..ခင်ဗျား ကို ကျုပ်ကာကွယ်ပေးမယ်..မုဆိုးဖိုက အောင်ဇေယျ ဆိုတာ ကျုပ်ပဲ”

“အောင်ဇေယျ..ခင်ဗျားက ရွှေကာက ထောင်မှူးဉီးဖြိုး သမက်ပေါ့”

“ဟုတ်ပါ့ဗျာ..သိလို့လား”

“သိပါဗျာ..စည်ပုတ္တရာတကြော ငထော် မသိတဲ့သူမရှိဘူး..ခင်ဗျား မိန်းမ ခင်ယွန်းစံတောင် ကျုပ်က ပိုးခဲ့ပန်းခဲ့ဖူးသေး...သူက တရွာသားဆီ ပါသွားတာကိုးဗျ..အင်းလေ..ကျုပ်တို့က ထန်းတောတောင် အငှားတက်နေရတဲ့ ဆွေမဲ့မျိုးမဲ့ ဝဲစားတွေဆိုတော့လည်း..မတန်မရာပါဗျာ”

ငထော်၏ စကားကို အောင်ဇေယျက သဘောတကျ ရယ်လိုက်သည်။

“အံမယ်လေး..ငထော်ရယ်..ယောက်ျားဆိုတာ လက်ရုံးရည်၊နှလုံးရည်ကောင်းရင်...ဆွေမျိုးတွေ၊ ငွေကြေးတွေ မလိုပေါင်ဗျာ...ငါ့လူ လက်ရည်တော့ ကျုပ် ကြိုက်သဗျာ....တကိုယ်တည်းဆိုရင်တော့.မုဆိုးဖို ဆီ ပြောင်းလာပြီး..ကျုပ်တို့ဆီ ဝိုင်းလုပ်ဝိုင်းစားနေပါလားဗျ”

“အင်း...ကျုပ်က တကိုယ်တည်းသမားပါဗျာ...ထန်းရေသမားဖွတ်ကျားဆိုပြီး စည်ပုတ္တရာတကြော ယူမယ့်မိန်းမလည်း မရှိပါဘူး...ဒီကြားထဲ အခုဆို ဟို ခင်ဉီးသားတွေနဲ့ သွားရန်စမိပြီဆိုတော့...ဟူး”

“ကဲ..လုပ်မနေနဲ့..ကိုရင်..ကျုပ်ဆီသာ လိုက်ခဲ့..ခင်ဗျားက ကျုပ်ကို ကယ်ခဲ့တာပဲ..ကျေးဇူးရှိတာပ”

“အင်း..လိုက်တော့လိုက်ချင်တယ်..မုဆိုးဖိုဘက် ထန်းတောပေါရဲ့လား”

“ဟား..ဟား..ပေါပါ့ဗျာ...ကဲ..အခုက ကျုပ်က စစ်ကိုင်းကအပြန် ရွှေကာကို ဝင်လာရင်း..ဒီလိုဖြစ်တာ..ရွှေကာကိုတော့ ဆက်သွားမှဖြစ်မယ်”

“ရွှေကာ က ခင်ဗျား ယောက္ခမအိမ်ကို လာတာလား”

“မဟုတ်ဘူးဗျိုး..ကျုပ်မိန်းမ ခင်ယွန်းစိတ်ဆိုးပြီး အိမ်က ဆင်းသွားလို့..ပြန်ချော့ခေါ်မလို့”

“ကိုင်း..ဒါဆိုလည်း နှစ်ကိုယ်ခြားအရေးဆိုတော့ သွားပါဗျာ..အပြန်ကျရင်တော့ ဒီထန်းပင်အောက် ရောက်ရင် ကျုပ်နာမည်သာ အော်သွား...ကျုပ်  ခင်ဗျားနဲ့လိုက်ခဲ့မယ်..အခုတော့ အဝတ်အစားလေးတွေ သွားထုတ်ထားလိုက်ဉီးမယ်”

ငထော်က ထန်းတောဘက်သို့ ထွက်သွား၏။

အောင်ဇေယျက သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကြည့်လိုက်ပြီး ဖုန်များကို ခါလိုက်သည်။

ထိုအချိန်တွင် ရွှေကာရွာဘက်ဆီမှ လှည်းတစ်စီးအပြင်းမောင်းလာသည်ကို တွေ့လိုက်ရ၏။

အောင်ဇေယျနှင့် ခပ်လှမ်းလှမ်းတွင် လှည်းက ရပ်လိုက်သည်။

လှည်းပေါ်မှ ဆင်းလာသည်က ယောက္ခမဖြစ်သူ ဉီးဖြိုး နှင့် ခင်ယွန်းစံ။

“ကိုအောင်ဇေယျ....ရှင့် မြင်းက ရွာထဲဝင်လာလို့..ကာလသားတွေက ဆွဲလာတာတွေ့တယ်...ရှင်တစ်ခုခု ဖြစ်ပြီလားလို့ စိတ်ပူလိုက်ရတာရှင်..ဘာဖြစ်ကြတာလဲ”

“ခင်ဉီးသား ချစ်ညိုလေ”

“ရှင် သူ့ကို နိုင်လိုက်လား”

အောင်ဇေယျက တံတောင်းဆစ်တွင် သွေးထွက်နေသော နေရာကို ပြကာ ပြုံးပြလိုက်သည်။

“ဆေးအရင်ထည့်ပေးပါလား..ခင်ယွန်း”

.......................................................................................................................................

“ဆေးအရင်မထည့်နဲ့....နှစ်ကောင်လုံး ဒီကိုလာ”

ဒေါ်ဇံကုလားက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဘေးချလိုက်သည်။

ဒဏ်ရာများနှင့် ပြန်လာကြသော ချစ်ညို နှင့် ချစ်မြ က ဒေါ်ဇံကုလားရှေ့တွင်မတ်တပ်ရပ်နေကြ၏။

“နင်တို့ သွားပြီ..သွားပြီ...အခါကောင်းချိန်မှာ ဒင်းကို မသတ်နိုင်ရင်တော့...နင်တို့ ကံဇာတာကို သူက စီးပိုးသွားပြီဟဲ့...ဘာဘွဲ့ဘာအရည်အမှ မရှိသေးတဲ့ အောင်ဇေယျကိုတောင် မနိုင်ခဲ့ပဲ..လက်ျာပျံချီဘွဲ့ခံနေသေးသတဲ့..ထွီ”

“ကျုပ် သူ့ကို နိုင်တယ်..အမေ..သတ်လည်း သတ်နိုင်တယ်...ဒါပေမယ့်...ချစ်မြ ကို ဟိုထန်းတက်သမားက သတ်တော့မှာ....ကျုပ်ရှိနေပါလျက်နဲ့ ကျုပ်ညီကို သတ်သွားတာမျိုးတော့ ခွင့်မပြုနိုင်ဘူး”

“ဟဲ့..ချစ်ညို...ဒီမှာကြည့်....ဟော့ဒီဗိုက်...ဟော့ဒီဗိုက်ရှိနေသ၍ ..ညီဆိုတာ ထပ်မွေးလို့ရတယ်...ငါလိုချင်တာ ငါ့သားတွေ ရှင်ဘုရင်ဖြစ်ဖို့ပဲ...အဲ့ဒီအတွက် ဘာပေးရ ပေးရ..အခုတော့..နင်တို့ နောက်များတခါ အောင်ဇေယျကို သွားလုပ်ကြံဖို့ ပိုခက်ပြီ”

“ကျုပ်တို့က မိသားစုလေ..အမေ...ကျုပ်ရှင်ဘုရင်ဖြစ်ဖို့အတွက်တော့ ကျုပ်ညီ ကို သူများသတ်တာ ကို ထိုင်ကြည့်မနေနိုင်ဘူး....ချစ်မြ ချစ်ဝ နှစ်ယောက်လုံးဟာ အမေ့သားတွေ..ကျုပ်ညီတွေ...သူတို့ကို ကာကွယ်ရမယ်မဟုတ်လား”

“ဒါဆိုလည်း...နင်တသက်လုံး ကျွန်အဖြစ်နေတော့...အင်းဝကျွန်လုပ်မလား..ဟံသာဝတီကျွန်လုပ်မလား...အဲ့ဒီနှစ်လမ်း သာ ရွေးထားတော့ဟေ့”

ဒေါ်ဇံကုလားက စိတ်ဆိုးမာန်ဆိုးဖြင့် ထထွက်သွားတော့သည်။

နဘေးတွင် ခေါင်းငိုက်စိုက်လျက် ထိုင်နေသာ ချစ်မြကို ချစ်ညိုက ပုခုံးဖက်လိုက်သည်။

“အမေက ငါတို့ကို ဖြစ်ချင်ဇောကြီးပြီး ပြောလိုက်တာ..ညီလေး..စိတ်ထဲမထားနဲ့”

“အကို..ကျွန်တော်က အသုံးမကျတဲ့ကောင်ပါ...ကျွန်တော့်ကြောင့် အကို ရှင်ဘုရင်မဖြစ်ရဘူးလို့ အမေက ပြောသွားတယ်..အကို့အတွက်ဆို ကျွန်တော် အသက်ကိုရင်းပြီး ပုခုံးနဲ့ ထမ်းတင်ပေးပါ့မယ်”

“မလိုပါဘူး..ညီလေးရာ..တို့က မိသားစုပဲ..တစ်ယောက်ကို တစ်ယောက်ကာကွယ်ပေးကြရမယ်..ဟုတ်ပြီလား”

.....................................................................................................................................

ရွှေသားသင်ဖြူးအလား..မြစ်ပြင်။

စည်တော်တီးသံသုံးချက် ထွက်လာသည်နှင့် မလွန်တပ်စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။

အင်းဝ၏ အထင်ကရစစ်လှေကြီး မှိုင်းသဲသဲ သည် မလွန်တပ်ကမ်းနားသို့ ဆိုက်ရောက်လာသည်။

ကိုးသိန်းသခင် နှင့် ဗိုလ်မှူးများဖြစ်သော ပဌနဂိုရ်ခံတပ်မှူး ဗိုလ်မှူးအာကာ၊ ဂဇကျော်၊ မင်းကြီးရဲထင်တို့ သည် လှေပေါ်မှ ကုန်းဘောင်များချကာ တပ်တွင်းသို့ ဆင်းလာ၏။

ရုတ်တရက်စစ်လှေများဆိုက်လာသည့် မိနစ်ပိုင်းအတွင်းပင် မလွန်တပ်မှ တပ်မှူးတပ်သားအဆင့်ဆင့်များက နေရာယူပြီး အစစ်ဆေးခံရန် အသင့်ဖြစ်နေပေပြီ။

မလွန်တပ်မှူး ဗညားကျန်းတော က ကိုးသိန်းသခင်ရှေ့တွင် လာရောက်ခစားလိုက်သည်။

“အမှုထမ်း၊ သေနတ်၊ ဓါးလှံ စုံလင်ကောင်းမွန်ရဲ့လား...တပ်မှူး”
“မလွန်နယ်ခြားစခန်းဖြစ်သည့်အတွက် ရန်သူက အချိန်မရွေးဝင်လာနိုင်ပါတယ်..ဒါကြောင့် အမြဲတမ်း တိုက်ခိုက်နိုင်ရန် တပ်များကို အသင့်အနေအထား စီမံထားကြောင်းပါ”

ကိုးသိန်းသခင်က ပြုံးလိုက်သည်။

“အာကာဗိုလ်မှူးတို့၊ ဂဇကျော်တို့ တွေ့ကြလားကွဲ့....ကိုယ်တော် ဘယ်လောက် လူရွေးမှန်သလဲ...ဗညားကျန်းတော ရှိနေလို့ ဟံသာဝတီတက်များ မြစ်ညာအထိ မဆန်လာရဲတာပေါ့...သူ့တပ်ကို မောင်မင်းတို့လည်း အတုယူကြ..မောင်မင်းတို့ ဗိုလ်မှူးများ ရာထူးကြီးယူထားပြီး သူ့တပ်လောက်မှ အဆင်သင့်မဖြစ်ကြတာ..ကိုယ်တော်တွေ့ခဲ့တယ်...ဗညားငယ် တော်ပါပေတယ်”

“ဘာအရေးနဲ့များ ခံတပ်ဆီ ရောက်လာရပါသလဲ...သခင်”

“ပဌနဂိုရ် နဲ့ မလွန်တပ်တွေရဲ့ အစီအရင် အခိုင်အလုံ ရှိမရှိကို လာဝင်စစ်ဆေးတာပါ....မောင်မင်းတပ်ကို တော့ ကျုပ်ကျေနပ်တယ်...နောင်တခါ ရွှေနန်းတော်ပွဲလန်းများမှာ ရှင်ဘုရင်နားကို လျှောက်ထားပြီး မောင်မင်းကို စားကျေးစားလက်နဲ့ ရာထူးမြင့်များ ပေးသနားဖို့ ကျုပ် တာဝန်ယူပါတယ်.. အင်းဝတပ်မတော်အတွက်တော့ နောက်ထပ် သေနာပတိကောင်းတစ်ယောက်ရဖို့ မှန်းတာပဲ..ဗညားငယ်”

ထိုညနေတွင် ကိုးသိန်းသခင်က မလွန်တပ်တွင် ခေတ္တမျှ နားနေပြီ ပြန်လည်ထွက်ခွာသွားသည်။

ဗညားကျန်းတောက ခံတပ်ကုန်းပေါ်ရှိ တဲ ရှိရာသို့ ပြန်လာ၏။

“ဘယ့်နှယ့်လဲ....ကိုးသိန်းသခင်က ကျေနပ်သွားရဲ့လား..ငါ့လူ”

“အင်း..ကျုပ်ကိုတော့ ချီးကျူးသွားတာပဲ..ဗိုလ်တွန်ရေ”

“ကျုပ်ပြောသားပဲ..ပဌနဂိုရ်မှာ မှိုင်းသဲသဲကို တွေ့ကတည်းက ..မကြာခင်...မလွန်ကို သူ ရုတ်တရတ် ဝင်ကို ဝင်မယ်ဆိုတာကိုး”

“အင်း...ခင်ဗျား လာပြောလို့သာ ဒီလို တိတိကျကျစီစဉ်ထားနိုင်တာပေါ့ဗျာ”

“ပေါ့တော့ မပေါ့နဲ့ဗျ..ဟံသာဝတီတပ်များက အချိန်မရွေး ဝင်လာနိုင်တာ...ငါ့လူရေ”

“ဟံသာဝတီသားတွေက ဗညားကျန်းတောဆို လာမတိုးဝံ့ကြပါဘူးဗျာ..ကဲ..ဒီည ဗိုလ်တွန်ကို ပြုစုပါ့မယ်ဗျာ..တစ်ည နှစ်ည အိပ်သွားပါဉီးလား”

“တော်ပါပြီဗျာ.မနက် ကျုပ် လှေက ဆက်ထွက်ရမယ်...ကျွန်းပြတ်နဲ့ တည်ပင်ကန်ဘက်မှာ သိုင်းသင်ချင်တဲ့ကလေးတွေ စောင့်နေကြတယ်”

“ဗိုလ်တွန်ရယ်..ခင်ဗျားလို လူက အခုလိုအခြေအနေမှာ သူရဲကောင်းအဖြစ် လျှမ်းလျှမ်းတောက်နေရမှာ.. အခုတော့...လှေတစင်းနဲ့ ဧရာဝတီမြစ်ထဲ သွားချင်ရာသွား..မျောချင်ရာမျောနေရတယ်လို့..နှမြောပါဘိ”

“ဟား..ဟား..ကျုပ်က ကျုပ်အတွေးနဲ့ ကျုပ် ရွက်လွှင့်ပြီး သွားနေရာတာကို ကြိုက်နေပြီဗျ..ချည်နှောင်ခံထားရတဲ့ဘဝထက် ပိုလွတ်လပ်တယ်”

“ဘာလဲ..ဟံသာဝတီနဲ့ စစ်ဖြစ်နေတော့ စစ်ဝင်တိုက်ရင်..ဟံသာဝတီဘက်သားဖြစ်နေတဲ့ ခင်ဗျား ပေါ်တူဂီမလေးကို တိုက်ရမှာစိုးလို့မဟုတ်လား”

“ကျုပ် သူ့ကို မေ့ဖို့ကြိုးစားနေတာ....မေ့လည်းမေ့နေပါပြီ...ဒါပေမယ့်..စစ်ကတော့မတိုက်ချင်လို့ကို ဝင်မတိုက်တာ... ကျုပ် ဘယ်သူ့အတွက် စစ်တိုက်ပေးနေတာလဲဆိုတဲ့ မေးခွန်းကို ပြန်မေးမိတိုင်း.. အခု စစ်ပွဲတွေထဲ ဝင်မပါဖို့ ဆုံးဖြတ်မိတာပဲ....အင်းဝစစ်တပ် က တပ်မှူးတွေအကြောင်း ကျုပ်အသိဆုံးပဲ..ကိုးသိန်းသခင်ကလွဲလို့..ကျန်တဲ့..အကျင့်ပျက်နေတဲ့လူတွေ အတော်များများက ဗိုလ်မှူးဗိုလ်ချုပ်နေရာတွေရနေကြတယ်..သူတို့ အချင်းချင်းလဲ နောက်ကွယ်မှာ ခြေထိုးဖို့အသင့်ဖြစ်နေကြတာ..ဒါကြောင့်လည်း ကျုပ်ဒီမှာရှိနေတာ ကိုးသိန်းသခင်ကို မပြောဖို့ ခင်ဗျားကို တောင်းဆိုရတာပေါ့”

“ဟုတ်ပါပြီ..ကျုပ်တို့ကတော့ အင်းဝစစ်တပ်ထက် ဟံသာဝတီစစ်တပ်အကြောင်းပိုသိနေတာ..ဒါကြောင့်လည်း ဟံသာဝတီတပ်တွေက ကျုပ်တပ်ကို ကျော်ပြီး တိုးမရတာပေါ့....ဗိုလ်တွန်ရေ....မကြာမကြာ လမ်းကြုံလည်း ကျုပ်တပ်ကို ဝင်ပေါ့..ကိုရင့်ကိုက ကျုပ်က ဟိုးအင်းဝအရက်ဆိုင်မှာ ဗိုလ်ချစ်ညိုကြီးတို့ လာခေါ်တာကို ငြင်းကတည်းက ခင်မင်နေမိတာ...အလွမ်းအဆွေးသမားကြီးဆိုပြီးတော့..ကဲ..ကိုယ်ပျော်သလိုနေပါဗျာ”

ငတွန်က ဗညားကျန်းတော ကို ခေါင်းညိတ်ပြလိုက်သည်။

ငတွန်သည် ဧရာဝတီမြစ်တကြောတွင် လှေငယ်တစင်းဖြင့် သွားလာကာ ကျေးရွာများရှိ ကလေးငယ်များ၊ ဆယ်ကျော်သက်များကို သိုင်းပညာသင်ပေးနေသည်။

ရွာများမှ ကျွေးမွေးသည်ကို စားသောက်ပြီး အပူအပင်ကင်းစွာရွက်လွှင့်နေခဲ့၏။

...............................................................................................................................

၁၇၄၄ ခုနှစ်။ မတ်လ။

ဖာသာနာရေနီ နှင့် လွီဇာ တို့မှာ ဟံသာဝတီနန်းတော်၊ ဗြဲတိုက်ရှေ့တွင် နှောင်ကြိုးတည်းခံထားရလျက်။

သန်လျင်မြို့ဝန် ဗညားဗြသိဒ္ဓိ၏ တိုင်ကြားမှုအရ အင်းဝတပ်များ သန်လျင်ကို လာရောက်တိုက်ခိုက်စဉ်အတွင်း ဒဏ်ရာရ အင်းဝစစ်သားများကို ပြုစုကုသပေးထားသည့် သူလျှိုမှုဖြင့် ရုံးတော်တင်ထားကြခြင်းဖြစ်သည်။

သန်လျင်ကို သိမ်းပိုက်သည့် အင်းဝတပ်များကို အောင်မြင်ပြီးနောက် သမိန်ထော သည် ဟံသာဝတီနန်းတွင်းတွင် သူ့ကို လွှမ်းမိုးထားခဲ့သော အမတ်ကြီး ဗညားဒလဉီးအောင်လှ ၏ အင်အားများကို တစတစ ဖြိုချရန် အကောင်ထည်ဖော်ခဲ့သည်။

ရှေးဉီးစွာ လက်ျာဗိုလ်ကို ကိုယ်ရံတော်တပ်ရာထူးမှ ဖယ်ရှားလိုက်သည်။

လက်ျာဗိုလ်ကို စစ်သူကြီးဗညားကျော်၊ ဗျတ္တကျော်တို့နှင့်အတူ အင်းဝ မလွန်တပ်ကို တိုက်ခိုက်မည့် စစ်အင်အားတွင် ထည့်သွင်းလိုက်သည်။

ဉီးအောင်လှနှင့် ရင်းနှီးသူဖြစ်သည့် တလပန်းကိုလည်း အောက်ဘက် တနင်္သာရီရှိ ကင်းတပ်များကို စုစည်းရန် အမိန့်ဖြင့် စေလွှတ်လိုက်သည်။

ထို့နောက်တွင် သန်လျင်တွင်ရှိနေသော ဖာသာနာရေနီနှင့် ဟံသာဝတီတွင်ရှိနေသည့် လွီဇာတို့ကို ရုတ်တရက် ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အမှုကိုစစ်ဆေးမည့် ဗြဲတိုက်ဝန်ကြီး ဒေါတော် သည် လေးလံထိုင်းမှိုင်းစွာဖြင့် ထိုင်ခုံတွင် ထိုင်လိုက်သည်။

“ခင်ကြီးနာရေနီ နဲ့ ကုန်သည်ကြီးရေ..ကျုပ်ကို နားလည်ပေးကြပါဗျာ...ကျုပ်တော့ သေချင်စော်နံတာပါပဲ..တစ်ဖက်က ရှင်ဘုရင်..တဖက်က ဗညားဒလအမတ်ကြီးဗျ...ဟူး”

လွီဇာက ခေါင်းကို မော့လိုက်သည်။

“လုပ်စရာရှိတာ..လုပ်ပါ..ကျွန်မတို့ နားလည်ပါတယ်..ဝန်မင်းရဲ့”

“သိကြားနဲ့ အသူရာ သမက်နဲ ယောက္ခမ ကြားမှာ ကျုပ်တို့အကုန် ညပ်တော့မယ်ထင်ပါရဲ့ဗျာ”

“သိပ်လည်း စိတ်လှုပ်ရှားမနေပါနဲ့..ဝန်မင်း..ရှင်က တရားစီရင်ရမယ့်လူ..ကျွန်မတို့ က အစီရင်ခံရမယ့်လူ..အခုဟာက ရှင်က ပိုပြီး ကြောက်နေသလိုပဲ”

“ဟာ..ကြောက်တာပေါ့ဗျ...ခင်ဗျားတို့ကို မစီရင် ခဲ့ရင် ဘုရင်က ကျုပ်ကို စီရင်မယ်...ခင်ဗျားတို့ကို စီရင် ခဲ့ရင် အမတ်ကြီးဗညားဒလက ကျုပ်ကို အညှိးအတေးထားမယ်..ဘယ်ဟာမှ မကောင်းဘူး”

“ဒါနဲ့..စွဲချက်တင်ထားတဲ့...သံလျင်မြို့ဝန် မလာသေးပါလား”

“အင်း...နေစောင်းလို့မှ မလာရင်...ကြေးတိုက်ထဲ ထည့်ချုပ်ထားရမှာပဲ”

ထိုအချိန်တွင် ဝေါယာဉ်တစ်စီးက ဗြဲတိုက်ရှေ့တွင် ရပ်လိုက်၏။

ဗြဲတိုက်ဝန် ဒေါတော် သည် ထိုင်နေရာမှထကာ ကြမ်းပြင်တွင် ဝပ်တွားလိုက်သည်။

မိဖုရားခေါင်ကြီး ဂမုန်း၏ မျက်နှာက တင်းမာနေ၏။

“မမလွီဇာ ကို ဘယ်သူ ကြိုးတုပ်ထားတာလဲ..ဖြည်ပေးစမ်းအခု..ဟို ဗရင်ဂျီခင်ကြီးကိုပါ ဖြည်ပေး”

“ခေါင်ခေါင်ဘုရား...ရာဇဝတ်သားတွေမို့”

“တော်စမ်း...ငါက ဖြည်ဆို ဖြည်”

ဗြဲတိုက်အမှုထမ်း လူပျိုသားများက ကြိုးဖြည်ပေးလိုက်ကြသည်။

ဂမုန်းက ဗြဲတိုက်ဝန်ထိုင်ခဲ့သည့် သလွန်ပေါ်တွင် သွားထိုင်လိုက်သည်။

“ဗြဲတိုက်ဝန်မင်း အနေနဲ့ အမှုကို သေချာစစ်.မစစ်...ခေါင်ခေါင် ကိုယ်တိုင် ဒီတရားခွင်ကို သေချာကြည့်ရှုလိုတယ်”

“မှန်ပါ...တိုင်ကြားထားသူ သက်သေဖြစ်တဲ့ သန်လျင်မြို့ဝန် မရောက်လာသေးတဲ့အတွက် စစ်ဆေးလို့ မရသေးပါ”

“နေတောင်ဝင်တော့မယ်ပ...ဒီအချိန်မှ မလာသေးရင် ရုံးတော်ကို သိမ်းတော့လေ”

“မှန်ပါ....ရာဇဝတ်သားများကို ကြေးတိုက်ထဲ ပို့ရမှာမို့...စောင့်နေတာပါ”

“ဘာ..ကြေးတိုက်လဲ...ဒီည ခေါင်ခေါင် အဆောင်တော်မှာ သူတို့နှစ်ယောက်လုံးကို ထားမယ်...သူတို့ ဘယ်မှ မပြေးဘူး ငါ အာမခံတယ်”

“ဘုန်းတော်ကြီးဘုရားသိရင်..ခက်ကုန်မယ်..ဘုရား”

“ခေါင်ခေါင် အာမခံတယ်လို့ပြောပြီးပြီလေ..ဗြဲတိုက်ဝန်”

ဗြဲတိုက်ဝန်က သက်ပြင်းချလိုက်သည်။

“ကဲ...သူတို့ကို အဆောင်တော်ကို ခေါ်ခဲ့ကြ”

လိပ်ကျောက်မြီးကိုင် မိန်းမစိုးကြီးများက လွီဇာနှင့် ဖာသာနာရေနီကို တွဲထူလိုက်ကြသည်။

ဗြဲတိုက်အတွင်းမှ ပြန်ထွက်လာသည့်အခါ အပြင်ဘက်တွင် ဖာသာဂါလစ်ဇီယာ၊ ဖာသာမွန်ဒယ်လီ နှင့် မယ်ဖူးတို့ကို တွေ့လိုက်ရသည်။

“မမလွီဇာ..အဆင်ပြေရဲ့လား”

လွီဇာက ကြိုးဒဏ်ကြောင့် ပွန်းနေသည့် လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။

“အင်းဝမှာတုန်းက ခြေထောက် က အမာရွတ်ထင်တယ်..ဟံသာဝတီကျ လက်မှာ ပွန်းပဲ့ရာထင်ပြန်ပြီ...အတော်တော့ ပြည့်စုံသွားတာပေါ့...မယ်ဖူးရေ...ဒါနဲ့...နင့်လူ ငလှေးရော”

“ဉီးအောင်လှ နဲ့ ပါသွားတယ်လေ”

“ဉီးအောင်လှ သွားပြီလား”

“မမတို့ အဖမ်းခံရတယ်ဆိုကတည်းက ထွက်သွားပြီ”

လွီဇာက ပြုံးလိုက်သည်။

ဂမုန်းက ဝေါပေါ်သို့ အတက်တွင် လွီဇာတို့ကို အဓိပ္ပါယ်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

.........................................................

သန်လျင်မြို့ဝန် ဗညားဗြသိဒ္ဓိ မှာ ပြူးကြောင်သော မျက်လုံးအစုံဖြင့်။

နဘေးပတ်လည်တွင် ဝါးချွန်များက သူ့လည်မြိုကို ထောက်ထား၏။

သူနှင့်အတူပါလာသော တပ်စိတ်မှာလည်း လှေပေါ်တွင် သွေးသံရဲရဲဖြင့် သေဆုံးနေကြပြီဖြစ်သည်။

“ဟံသာဝတီရဲ့ အာဏာအစစ်အမှန်ဟာ ဘယ်သူ့လက်ထဲမှာလည်း သိပြီလား”

“သိပါပြီ..အမတ်ကြီးဘုရား..သိပါပြီ”

ဗညားဒလဉီးအောင်လှ က ဗညားဗြသိဒ္ဓိ၏ ကျောကုန်းပေါ်သို့ သူ၏ ခြေထောက်ကိုတစ်ဖက်ကိုတင်လိုက်သည်။

“ငါ့ သစ္စာရည်ကို သောက်မလား..သေမလား”

“ခြေတော်ရင်းမှာ သစ္စာခံပါရစေ..ဘုရား”

“သမိန်ထောဆိုတာ ငါဖန်တီးထားတဲ့ ရုပ်သေးပဲ..မောင်မင်း နားလည်လား”

“မှန်ပါ..နားလည်ပါပြီ..အမတ်ကြီးဘုရား”

“ထားကစား...သူ့ကို အချုပ်ထဲ ထည့်ထားခဲ့လိုက်..နဲရွဲသူကြီးရော အဆင်သင့်ပြီလား”

“အသင့်ဖြစ်နေပါပြီ”

“ဒါဆို ဟံသာဝတီကို သွားကြမယ်..ပြင်ဆင်ကြတော့”

ကရင်ကျေးရွာသားတို့၏ ခေါင်းဆောင် ထားကစား က ဉီးအောင်လှကို အရိုအသေပြုလိုက်သည်။

 

ခက်ဇော်

အခန်း(၁၂) သဘက်ခါ

အနေချက်ကျ၊ မရှိရသား၊ ကာကဗျူဟာ၊ စစ်ရေးရာကား၊ သူ့မှာ သစ်သစ်၊ အားကြီးဖြစ်၍ ၊ တို့စစ်လွင်လွင် ၊ ရှိသည်ထင်သော်၊ ဆောလျင်ထုတ်ခြောက်၊ ခရီးပေါက်လည်း၊ ကျီးကြောက်ကျီးရဲ၊ သူ့တပ်ထဲဝယ်၊ စွန့်တဲသောသွင်၊ ရုတ်ရင်းဝင်၍ ၊ ဖမ်းငင့်လွှင့်ချွေ၊ သိမ်းယူလေ။

 ဗျူဟစက္ကိပျို့

 

(ကျီးကန်းငှက်သည် မိမိထိုးသုတ်မည့် ငါးအမဲတို့ကို အသေအချာပျံဝဲလေ့လာပြီးမှ အလစ်အငိုက်တွင် ဝင်သုတ်သကဲ့သို့.. ရန်သူက အင်အားကြီးမားပြီး မိမိက အင်အားနည်းသည့်အခါ...ရန်သူ အားနည်းချိန် သတိလစ်ဟင်းချိန် ကို လေ့လာပြီး ရုတ်တရတ် အဓိကနေရာများကို ဝင်ရောက်တိုက်ခိုက်သည့် ကာကဗျူဟာ)

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၁၁)

                                                             ...............................................

ခ်စ္ျမ၏ ေအာ္သံေၾကာင့္ ေအာင္ေဇယ်က လွည့္ၾကည့္လိုက္သည္။

ထိုအခါ ေအာင္ေဇယ်လက္မွ တင္းထားေသာ ႀကိဳးမွာ အနည္းငယ္ေျပေလ်ာ့သြား၏။

ခ်စ္ညိဳသည္ တစ္ၿပိဳင္နက္ အားကုန္းသုံးကာ ကုန္းထလိုက္ရာ ေအာင္ေဇယ်မွာ ခ်စ္ညိဳေပၚမွ ျပဳတ္က်သြား၏။

ခ်စ္ညိဳက ေအာင္ေဇယ်၏ ရင္ဘတ္ကို ဒူးျဖင့္ ဖိတိုက္ခ်လိုက္ၿပီး အေပၚစီးမွ ေနရာယူထားသည္။

ထို႔ေနာက္‌ ေအာင္ေဇယ်၏ လည္ပင္းကို သူ၏ လက္ဖဝါးႀကီးႏွစ္ဖက္ျဖင့္ အေသဖ်စ္ညႇစ္ေတာ့သည္။

သူတို႔ႏွစ္ဉီး သတ္ပုတ္ေနရာဆီသို႔ ေျပးလာေသာ ခ်စ္ျမသည္ အကိုျဖစ္သူ အသာစီးရေနၿပီျဖစ္သျဖင့္ အနီးအနားတြင္ က်ေနေသာ လွံကို ေျပးေကာက္လိုက္သည္။

သို႔ေသာ္ လွံဆီသို႔ မေရာက္လိုက္။

ထန္းတက္သမား ငေထာ္ က ခ်စ္ျမ ၏ ရင္ဘတ္ကို ေခါင္းျဖင့္ ေစာင့္တိုက္လိုက္သည္။

အရပ္ပုပု ဂင္တိုတို ငေထာ္၏ ေခါင္းတိုက္ခ်က္ေၾကာင့္ ခ်စ္ျမ မွာ ႐ုတ္တရက္ အသက္ရႈပင္ ေခတၱရပ္သြား၏။

“တစ္ေယာက္ခ်င္း ခ်ေနတာ ဝင္ကူခ်င္တဲ့အေကာင္”

ငေထာ္က ခ်စ္ျမေပၚ တက္ခြကာ မ်က္ႏွာကို အားရပါးရထိုးသည္။ အလစ္အငိုက္ခံလိုက္ရေသာ ခ်စ္ျမ ကလည္း တတ္ႏိုင္သမွ် ခုခံကာကြယ္၏။

ငေထာ္က ခ်စ္ျမ၏ လည္ၿမိဳကို သူ၏လက္တဖက္ျဖင့္ ဖိထားၿပီး တစ္ဖက္က ခါးၾကားရွိ ထန္းလွီးဓါးကို ထုတ္ေနသည္ကို ခ်စ္ညိဳ ျမင္လိုက္ရသည္။

ေအာင္ေဇယ်ကို ဖိထားရမွာ ထ ၿပီး..ထန္းသမားငေထာ္ဆီ ေျပးသြား၏။

“ေဖာင္း”

ခ်စ္ညိဳ က ခုန္ဝင္လာၿပီး ဒူးျဖင့္ တိုက္လိုက္သျဖင့္ ငေထာ္မွာ ေဘးသို႔ လြင့္က်သြားသည္။

ေအာင္ေဇယ်က လူးလဲထလိုက္ၿပီး နေဘးရွိ ခဲသီးတပ္ႀကိဳးကို ယူကာ ခ်စ္ညိဳကို လွမ္းပစ္လိုက္၏။

ခ်စ္ညိဳ မွာ ခ်စ္ျမကို ထူေနရင္းမွ အလိုက္သင့္ ေရွာင္လိုက္သည္။

ငေထာ္ ကလည္း အနီးရွိ လွံကို ေကာက္ယူသည္။

ရန္သူႏွစ္ဉီးထံတြင္ လက္နက္မ်ားကိုယ္စီရွိေနၿပီျဖစ္သျဖင့္ ခ်စ္ညိဳက ခ်စ္ျမကို ဆြဲထူကာ ၿခဳံကြယ္ရွိ ျမင္းထားရာေနရာသို႔ ေျပးသြားသည္။

ငေထာ္က လွံျဖင့္ ပစ္ရန္လုပ္လိုက္သည္။

“ေဟ့လူ..မလုပ္နဲ႔”

ေအာင္ေဇယ်က ငေထာ္ကို တားလိုက္၏။

ခ်စ္ညိဳတို႔ ညီအကိုႏွစ္ဉီးမွာ ျမင္းတစ္စီးေပၚစီသို႔ တက္ကာ ေမာင္းထြက္သြားေတာ့၏။

“ဘာလို႔ မလုပ္ခိုင္းတာလဲဗ်..ဒီႏွစ္ေကာင္က ခင္ဗ်ားကို သတ္ဖို႔ပဲကိုး”

“ထားလိုက္ပါ...ခင္ဉီးသားေတြ...ေနာက္လည္း ျပန္ေတြ႕ၾကရမွာပဲ”

“သူတို႔နဲ႔ ခင္ဗ်ားက သိတာလား..အဲ့ဒါ ခင္ဉီးသားေတြလား”

“ဟုတ္တယ္ေလ...ခင္ဉီးက ျမင္းစီးႀကီးဉီးလုံးရဲ႕ သားေတြ...ခ်စ္ညိဳနဲ႔ ခ်စ္ျမ”

“ဘာ..အဲ့ဒါ ခ်စ္ညိဳႀကီး ဟုတ္လား”

“ဟုတ္တယ္..အဲ့ဒါ ခ်စ္ညိဳပဲ”

ငေထာ္ မွာ အထိတ္တလန႔္ျဖစ္သြား၏။

“က်ဳပ္ေတာ့ မူးမူးနဲ႔ လာကူမိတာမွားသြားၿပီထင္တယ္ဗ်ာ...ဒီလူေတြက နာမည္ႀကီးေတြပဲ..ခ်စ္ညိဳႀကီးဆို အရမ္းသန္မာတာတဲ့..သူ႔ညီ ေတြကလည္း တိုက္ေရးေကာင္းတယ္တဲ့”

“ဟ..အခုပဲ ခင္ဗ်ားနဲ႔ က်ဳပ္ကို မႏိုင္လို႔ သူတို႔ ေျပးၿပီမဟုတ္လား. ဘာကို ေၾကာက္ေနတာတုန္း”

“ဒါေတာ့ ဒါေပါ့ဗ်ာ...ငေထာ္တို႔က.ေယာက္်ားခ်င္း လက္႐ုံးခ်င္းကေတာ့ ဘယ္မႈလိမ့္မတုန္း..ခက္တာက သူတို႔က ျမင္းေခါင္းႀကီးမ်ိဳးေတြေလ..ၿပီးေတာ့ အင္းဝနန္းေတာ္က ဘြဲ႕ထူးဂုဏ္ထူးေပးထားၾကတာ..ေဆြအားမ်ိဳးအား နဲ႔ ေငြကလည္း ေတာင့္ၾကတာကလား...ဘယ့္ႏွယ့္ ေနာက္ဆို က်ဳပ္အသက္ကို လာရန္ရွာရင္..ၾကာၾကာဘယ့္ႏွယ့္ယွဥ္ႏိုင္ပါ့မလဲ”

“ခင္ဗ်ားနာမည္က ငေထာ္လား”

“ဟုတ္တယ္..ငေထာ္..ဟိုးမွာ ေတြ႕လား..အဲ့ဒီထန္းပင္ေတြကို အငွားတက္ေပးတာ..အခု အေပၚမွာ ထန္းေရေလးနဲ႔ စည္းစိမ္က်ေနတုန္း...ခင္ဗ်ားတို႔တိုက္ပြဲကိုထိုင္ျမည္းေနတာ...ဟိုအေကာင္ဝင္ရႈပ္တာနဲ႔ က်ဳပ္လည္း မေနႏိုင္လို႔..လာဝင္ကူေပးရတာပ”

“အင္း..ငေထာ္...သူတို႔ ကို ဘာမွ ေၾကာက္စရာမလိုဘူး..ခင္ဗ်ား ကို က်ဳပ္ကာကြယ္ေပးမယ္..မုဆိုးဖိုက ေအာင္ေဇယ် ဆိုတာ က်ဳပ္ပဲ”

“ေအာင္ေဇယ်..ခင္ဗ်ားက ေ႐ႊကာက ေထာင္မႉးဉီးၿဖိဳး သမက္ေပါ့”

“ဟုတ္ပါ့ဗ်ာ..သိလို႔လား”

“သိပါဗ်ာ..စည္ပုတၱရာတေၾကာ ငေထာ္ မသိတဲ့သူမရွိဘူး..ခင္ဗ်ား မိန္းမ ခင္ယြန္းစံေတာင္ က်ဳပ္က ပိုးခဲ့ပန္းခဲ့ဖူးေသး...သူက တ႐ြာသားဆီ ပါသြားတာကိုးဗ်..အင္းေလ..က်ဳပ္တို႔က ထန္းေတာေတာင္ အငွားတက္ေနရတဲ့ ေဆြမဲ့မ်ိဳးမဲ့ ဝဲစားေတြဆိုေတာ့လည္း..မတန္မရာပါဗ်ာ”

ငေထာ္၏ စကားကို ေအာင္ေဇယ်က သေဘာတက် ရယ္လိုက္သည္။

“အံမယ္ေလး..ငေထာ္ရယ္..ေယာက္်ားဆိုတာ လက္႐ုံးရည္၊ႏွလုံးရည္ေကာင္းရင္...ေဆြမ်ိဳးေတြ၊ ေငြေၾကးေတြ မလိုေပါင္ဗ်ာ...ငါ့လူ လက္ရည္ေတာ့ က်ဳပ္ ႀကိဳက္သဗ်ာ....တကိုယ္တည္းဆိုရင္ေတာ့.မုဆိုးဖို ဆီ ေျပာင္းလာၿပီး..က်ဳပ္တို႔ဆီ ဝိုင္းလုပ္ဝိုင္းစားေနပါလားဗ်”

“အင္း...က်ဳပ္က တကိုယ္တည္းသမားပါဗ်ာ...ထန္းေရသမားဖြတ္က်ားဆိုၿပီး စည္ပုတၱရာတေၾကာ ယူမယ့္မိန္းမလည္း မရွိပါဘူး...ဒီၾကားထဲ အခုဆို ဟို ခင္ဉီးသားေတြနဲ႔ သြားရန္စမိၿပီဆိုေတာ့...ဟူး”

“ကဲ..လုပ္မေနနဲ႔..ကိုရင္..က်ဳပ္ဆီသာ လိုက္ခဲ့..ခင္ဗ်ားက က်ဳပ္ကို ကယ္ခဲ့တာပဲ..ေက်းဇူးရွိတာပ”

“အင္း..လိုက္ေတာ့လိုက္ခ်င္တယ္..မုဆိုးဖိုဘက္ ထန္းေတာေပါရဲ႕လား”

“ဟား..ဟား..ေပါပါ့ဗ်ာ...ကဲ..အခုက က်ဳပ္က စစ္ကိုင္းကအျပန္ ေ႐ႊကာကို ဝင္လာရင္း..ဒီလိုျဖစ္တာ..ေ႐ႊကာကိုေတာ့ ဆက္သြားမွျဖစ္မယ္”

“ေ႐ႊကာ က ခင္ဗ်ား ေယာကၡမအိမ္ကို လာတာလား”

“မဟုတ္ဘူးဗ်ိဳး..က်ဳပ္မိန္းမ ခင္ယြန္းစိတ္ဆိုးၿပီး အိမ္က ဆင္းသြားလို႔..ျပန္ေခ်ာ့ေခၚမလို႔”

“ကိုင္း..ဒါဆိုလည္း ႏွစ္ကိုယ္ျခားအေရးဆိုေတာ့ သြားပါဗ်ာ..အျပန္က်ရင္ေတာ့ ဒီထန္းပင္ေအာက္ ေရာက္ရင္ က်ဳပ္နာမည္သာ ေအာ္သြား...က်ဳပ္  ခင္ဗ်ားနဲ႔လိုက္ခဲ့မယ္..အခုေတာ့ အဝတ္အစားေလးေတြ သြားထုတ္ထားလိုက္ဉီးမယ္”

ငေထာ္က ထန္းေတာဘက္သို႔ ထြက္သြား၏။

ေအာင္ေဇယ်က သူ႔ခႏၶာကိုယ္မွ ဒဏ္ရာမ်ားကို ၾကည့္လိုက္ၿပီး ဖုန္မ်ားကို ခါလိုက္သည္။

ထိုအခ်ိန္တြင္ ေ႐ႊကာ႐ြာဘက္ဆီမွ လွည္းတစ္စီးအျပင္းေမာင္းလာသည္ကို ေတြ႕လိုက္ရ၏။

ေအာင္ေဇယ်ႏွင့္ ခပ္လွမ္းလွမ္းတြင္ လွည္းက ရပ္လိုက္သည္။

လွည္းေပၚမွ ဆင္းလာသည္က ေယာကၡမျဖစ္သူ ဉီးၿဖိဳး ႏွင့္ ခင္ယြန္းစံ။

“ကိုေအာင္ေဇယ်....ရွင့္ ျမင္းက ႐ြာထဲဝင္လာလို႔..ကာလသားေတြက ဆြဲလာတာေတြ႕တယ္...ရွင္တစ္ခုခု ျဖစ္ၿပီလားလို႔ စိတ္ပူလိုက္ရတာရွင္..ဘာျဖစ္ၾကတာလဲ”

“ခင္ဉီးသား ခ်စ္ညိဳေလ”

“ရွင္ သူ႔ကို ႏိုင္လိုက္လား”

ေအာင္ေဇယ်က တံေတာင္းဆစ္တြင္ ေသြးထြက္ေနေသာ ေနရာကို ျပကာ ၿပဳံးျပလိုက္သည္။

“ေဆးအရင္ထည့္ေပးပါလား..ခင္ယြန္း”

.......................................................................................................................................

“ေဆးအရင္မထည့္နဲ႔....ႏွစ္ေကာင္လုံး ဒီကိုလာ”

ေဒၚဇံကုလားက ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို ေဘးခ်လိုက္သည္။

ဒဏ္ရာမ်ားႏွင့္ ျပန္လာၾကေသာ ခ်စ္ညိဳ ႏွင့္ ခ်စ္ျမ က ေဒၚဇံကုလားေရွ႕တြင္မတ္တပ္ရပ္ေနၾက၏။

“နင္တို႔ သြားၿပီ..သြားၿပီ...အခါေကာင္းခ်ိန္မွာ ဒင္းကို မသတ္ႏိုင္ရင္ေတာ့...နင္တို႔ ကံဇာတာကို သူက စီးပိုးသြားၿပီဟဲ့...ဘာဘြဲ႕ဘာအရည္အမွ မရွိေသးတဲ့ ေအာင္ေဇယ်ကိုေတာင္ မႏိုင္ခဲ့ပဲ..လက္်ာပ်ံခ်ီဘြဲ႕ခံေနေသးသတဲ့..ထြီ”

“က်ဳပ္ သူ႔ကို ႏိုင္တယ္..အေမ..သတ္လည္း သတ္ႏိုင္တယ္...ဒါေပမယ့္...ခ်စ္ျမ ကို ဟိုထန္းတက္သမားက သတ္ေတာ့မွာ....က်ဳပ္ရွိေနပါလ်က္နဲ႔ က်ဳပ္ညီကို သတ္သြားတာမ်ိဳးေတာ့ ခြင့္မျပဳႏိုင္ဘူး”

“ဟဲ့..ခ်စ္ညိဳ...ဒီမွာၾကည့္....ေဟာ့ဒီဗိုက္...ေဟာ့ဒီဗိုက္ရွိေနသ၍ ..ညီဆိုတာ ထပ္ေမြးလို႔ရတယ္...ငါလိုခ်င္တာ ငါ့သားေတြ ရွင္ဘုရင္ျဖစ္ဖို႔ပဲ...အဲ့ဒီအတြက္ ဘာေပးရ ေပးရ..အခုေတာ့..နင္တို႔ ေနာက္မ်ားတခါ ေအာင္ေဇယ်ကို သြားလုပ္ႀကံဖို႔ ပိုခက္ၿပီ”

“က်ဳပ္တို႔က မိသားစုေလ..အေမ...က်ဳပ္ရွင္ဘုရင္ျဖစ္ဖို႔အတြက္ေတာ့ က်ဳပ္ညီ ကို သူမ်ားသတ္တာ ကို ထိုင္ၾကည့္မေနႏိုင္ဘူး....ခ်စ္ျမ ခ်စ္ဝ ႏွစ္ေယာက္လုံးဟာ အေမ့သားေတြ..က်ဳပ္ညီေတြ...သူတို႔ကို ကာကြယ္ရမယ္မဟုတ္လား”

“ဒါဆိုလည္း...နင္တသက္လုံး ကြၽန္အျဖစ္ေနေတာ့...အင္းဝကြၽန္လုပ္မလား..ဟံသာဝတီကြၽန္လုပ္မလား...အဲ့ဒီႏွစ္လမ္း သာ ေ႐ြးထားေတာ့ေဟ့”

ေဒၚဇံကုလားက စိတ္ဆိုးမာန္ဆိုးျဖင့္ ထထြက္သြားေတာ့သည္။

နေဘးတြင္ ေခါင္းငိုက္စိုက္လ်က္ ထိုင္ေနသာ ခ်စ္ျမကို ခ်စ္ညိဳက ပုခုံးဖက္လိုက္သည္။

“အေမက ငါတို႔ကို ျဖစ္ခ်င္ေဇာႀကီးၿပီး ေျပာလိုက္တာ..ညီေလး..စိတ္ထဲမထားနဲ႔”

“အကို..ကြၽန္ေတာ္က အသုံးမက်တဲ့ေကာင္ပါ...ကြၽန္ေတာ့္ေၾကာင့္ အကို ရွင္ဘုရင္မျဖစ္ရဘူးလို႔ အေမက ေျပာသြားတယ္..အကို႔အတြက္ဆို ကြၽန္ေတာ္ အသက္ကိုရင္းၿပီး ပုခုံးနဲ႔ ထမ္းတင္ေပးပါ့မယ္”

“မလိုပါဘူး..ညီေလးရာ..တို႔က မိသားစုပဲ..တစ္ေယာက္ကို တစ္ေယာက္ကာကြယ္ေပးၾကရမယ္..ဟုတ္ၿပီလား”

.....................................................................................................................................

ေ႐ႊသားသင္ျဖဴးအလား..ျမစ္ျပင္။

စည္ေတာ္တီးသံသုံးခ်က္ ထြက္လာသည္ႏွင့္ မလြန္တပ္စခန္းတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြား၏။

အင္းဝ၏ အထင္ကရစစ္ေလွႀကီး မႈိင္းသဲသဲ သည္ မလြန္တပ္ကမ္းနားသို႔ ဆိုက္ေရာက္လာသည္။

ကိုးသိန္းသခင္ ႏွင့္ ဗိုလ္မႉးမ်ားျဖစ္ေသာ ပဌနဂိုရ္ခံတပ္မႉး ဗိုလ္မႉးအာကာ၊ ဂဇေက်ာ္၊ မင္းႀကီးရဲထင္တို႔ သည္ ေလွေပၚမွ ကုန္းေဘာင္မ်ားခ်ကာ တပ္တြင္းသို႔ ဆင္းလာ၏။

႐ုတ္တရက္စစ္ေလွမ်ားဆိုက္လာသည့္ မိနစ္ပိုင္းအတြင္းပင္ မလြန္တပ္မွ တပ္မႉးတပ္သားအဆင့္ဆင့္မ်ားက ေနရာယူၿပီး အစစ္ေဆးခံရန္ အသင့္ျဖစ္ေနေပၿပီ။

မလြန္တပ္မႉး ဗညားက်န္းေတာ က ကိုးသိန္းသခင္ေရွ႕တြင္ လာေရာက္ခစားလိုက္သည္။

“အမႈထမ္း၊ ေသနတ္၊ ဓါးလွံ စုံလင္ေကာင္းမြန္ရဲ႕လား...တပ္မႉး”
“မလြန္နယ္ျခားစခန္းျဖစ္သည့္အတြက္ ရန္သူက အခ်ိန္မေ႐ြးဝင္လာႏိုင္ပါတယ္..ဒါေၾကာင့္ အၿမဲတမ္း တိုက္ခိုက္ႏိုင္ရန္ တပ္မ်ားကို အသင့္အေနအထား စီမံထားေၾကာင္းပါ”

ကိုးသိန္းသခင္က ၿပဳံးလိုက္သည္။

“အာကာဗိုလ္မႉးတို႔၊ ဂဇေက်ာ္တို႔ ေတြ႕ၾကလားကြဲ႕....ကိုယ္ေတာ္ ဘယ္ေလာက္ လူေ႐ြးမွန္သလဲ...ဗညားက်န္းေတာ ရွိေနလို႔ ဟံသာဝတီတက္မ်ား ျမစ္ညာအထိ မဆန္လာရဲတာေပါ့...သူ႔တပ္ကို ေမာင္မင္းတို႔လည္း အတုယူၾက..ေမာင္မင္းတို႔ ဗိုလ္မႉးမ်ား ရာထူးႀကီးယူထားၿပီး သူ႔တပ္ေလာက္မွ အဆင္သင့္မျဖစ္ၾကတာ..ကိုယ္ေတာ္ေတြ႕ခဲ့တယ္...ဗညားငယ္ ေတာ္ပါေပတယ္”

“ဘာအေရးနဲ႔မ်ား ခံတပ္ဆီ ေရာက္လာရပါသလဲ...သခင္”

“ပဌနဂိုရ္ နဲ႔ မလြန္တပ္ေတြရဲ႕ အစီအရင္ အခိုင္အလုံ ရွိမရွိကို လာဝင္စစ္ေဆးတာပါ....ေမာင္မင္းတပ္ကို ေတာ့ က်ဳပ္ေက်နပ္တယ္...ေနာင္တခါ ေ႐ႊနန္းေတာ္ပြဲလန္းမ်ားမွာ ရွင္ဘုရင္နားကို ေလွ်ာက္ထားၿပီး ေမာင္မင္းကို စားေက်းစားလက္နဲ႔ ရာထူးျမင့္မ်ား ေပးသနားဖို႔ က်ဳပ္ တာဝန္ယူပါတယ္.. အင္းဝတပ္မေတာ္အတြက္ေတာ့ ေနာက္ထပ္ ေသနာပတိေကာင္းတစ္ေယာက္ရဖို႔ မွန္းတာပဲ..ဗညားငယ္”

ထိုညေနတြင္ ကိုးသိန္းသခင္က မလြန္တပ္တြင္ ေခတၱမွ် နားေနၿပီ ျပန္လည္ထြက္ခြာသြားသည္။

ဗညားက်န္းေတာက ခံတပ္ကုန္းေပၚရွိ တဲ ရွိရာသို႔ ျပန္လာ၏။

“ဘယ့္ႏွယ့္လဲ....ကိုးသိန္းသခင္က ေက်နပ္သြားရဲ႕လား..ငါ့လူ”

“အင္း..က်ဳပ္ကိုေတာ့ ခ်ီးက်ဴးသြားတာပဲ..ဗိုလ္တြန္ေရ”

“က်ဳပ္ေျပာသားပဲ..ပဌနဂိုရ္မွာ မႈိင္းသဲသဲကို ေတြ႕ကတည္းက ..မၾကာခင္...မလြန္ကို သူ ႐ုတ္တရတ္ ဝင္ကို ဝင္မယ္ဆိုတာကိုး”

“အင္း...ခင္ဗ်ား လာေျပာလို႔သာ ဒီလို တိတိက်က်စီစဥ္ထားႏိုင္တာေပါ့ဗ်ာ”

“ေပါ့ေတာ့ မေပါ့နဲ႔ဗ်..ဟံသာဝတီတပ္မ်ားက အခ်ိန္မေ႐ြး ဝင္လာႏိုင္တာ...ငါ့လူေရ”

“ဟံသာဝတီသားေတြက ဗညားက်န္းေတာဆို လာမတိုးဝံ့ၾကပါဘူးဗ်ာ..ကဲ..ဒီည ဗိုလ္တြန္ကို ျပဳစုပါ့မယ္ဗ်ာ..တစ္ည ႏွစ္ည အိပ္သြားပါဉီးလား”

“ေတာ္ပါၿပီဗ်ာ.မနက္ က်ဳပ္ ေလွက ဆက္ထြက္ရမယ္...ကြၽန္းျပတ္နဲ႔ တည္ပင္ကန္ဘက္မွာ သိုင္းသင္ခ်င္တဲ့ကေလးေတြ ေစာင့္ေနၾကတယ္”

“ဗိုလ္တြန္ရယ္..ခင္ဗ်ားလို လူက အခုလိုအေျခအေနမွာ သူရဲေကာင္းအျဖစ္ လွ်မ္းလွ်မ္းေတာက္ေနရမွာ.. အခုေတာ့...ေလွတစင္းနဲ႔ ဧရာဝတီျမစ္ထဲ သြားခ်င္ရာသြား..ေမ်ာခ်င္ရာေမ်ာေနရတယ္လို႔..ႏွေျမာပါဘိ”

“ဟား..ဟား..က်ဳပ္က က်ဳပ္အေတြးနဲ႔ က်ဳပ္ ႐ြက္လႊင့္ၿပီး သြားေနရာတာကို ႀကိဳက္ေနၿပီဗ်..ခ်ည္ေႏွာင္ခံထားရတဲ့ဘဝထက္ ပိုလြတ္လပ္တယ္”

“ဘာလဲ..ဟံသာဝတီနဲ႔ စစ္ျဖစ္ေနေတာ့ စစ္ဝင္တိုက္ရင္..ဟံသာဝတီဘက္သားျဖစ္ေနတဲ့ ခင္ဗ်ား ေပၚတူဂီမေလးကို တိုက္ရမွာစိုးလို႔မဟုတ္လား”

“က်ဳပ္ သူ႔ကို ေမ့ဖို႔ႀကိဳးစားေနတာ....ေမ့လည္းေမ့ေနပါၿပီ...ဒါေပမယ့္..စစ္ကေတာ့မတိုက္ခ်င္လို႔ကို ဝင္မတိုက္တာ... က်ဳပ္ ဘယ္သူ႔အတြက္ စစ္တိုက္ေပးေနတာလဲဆိုတဲ့ ေမးခြန္းကို ျပန္ေမးမိတိုင္း.. အခု စစ္ပြဲေတြထဲ ဝင္မပါဖို႔ ဆုံးျဖတ္မိတာပဲ....အင္းဝစစ္တပ္ က တပ္မႉးေတြအေၾကာင္း က်ဳပ္အသိဆုံးပဲ..ကိုးသိန္းသခင္ကလြဲလို႔..က်န္တဲ့..အက်င့္ပ်က္ေနတဲ့လူေတြ အေတာ္မ်ားမ်ားက ဗိုလ္မႉးဗိုလ္ခ်ဳပ္ေနရာေတြရေနၾကတယ္..သူတို႔ အခ်င္းခ်င္းလဲ ေနာက္ကြယ္မွာ ေျခထိုးဖို႔အသင့္ျဖစ္ေနၾကတာ..ဒါေၾကာင့္လည္း က်ဳပ္ဒီမွာရွိေနတာ ကိုးသိန္းသခင္ကို မေျပာဖို႔ ခင္ဗ်ားကို ေတာင္းဆိုရတာေပါ့”

“ဟုတ္ပါၿပီ..က်ဳပ္တို႔ကေတာ့ အင္းဝစစ္တပ္ထက္ ဟံသာဝတီစစ္တပ္အေၾကာင္းပိုသိေနတာ..ဒါေၾကာင့္လည္း ဟံသာဝတီတပ္ေတြက က်ဳပ္တပ္ကို ေက်ာ္ၿပီး တိုးမရတာေပါ့....ဗိုလ္တြန္ေရ....မၾကာမၾကာ လမ္းႀကဳံလည္း က်ဳပ္တပ္ကို ဝင္ေပါ့..ကိုရင့္ကိုက က်ဳပ္က ဟိုးအင္းဝအရက္ဆိုင္မွာ ဗိုလ္ခ်စ္ညိဳႀကီးတို႔ လာေခၚတာကို ျငင္းကတည္းက ခင္မင္ေနမိတာ...အလြမ္းအေဆြးသမားႀကီးဆိုၿပီးေတာ့..ကဲ..ကိုယ္ေပ်ာ္သလိုေနပါဗ်ာ”

ငတြန္က ဗညားက်န္းေတာ ကို ေခါင္းညိတ္ျပလိုက္သည္။

ငတြန္သည္ ဧရာဝတီျမစ္တေၾကာတြင္ ေလွငယ္တစင္းျဖင့္ သြားလာကာ ေက်း႐ြာမ်ားရွိ ကေလးငယ္မ်ား၊ ဆယ္ေက်ာ္သက္မ်ားကို သိုင္းပညာသင္ေပးေနသည္။

႐ြာမ်ားမွ ေကြၽးေမြးသည္ကို စားေသာက္ၿပီး အပူအပင္ကင္းစြာ႐ြက္လႊင့္ေနခဲ့၏။

...............................................................................................................................

၁၇၄၄ ခုႏွစ္။ မတ္လ။

ဖာသာနာေရနီ ႏွင့္ လြီဇာ တို႔မွာ ဟံသာဝတီနန္းေတာ္၊ ၿဗဲတိုက္ေရွ႕တြင္ ေႏွာင္ႀကိဳးတည္းခံထားရလ်က္။

သန္လ်င္ၿမိဳ႕ဝန္ ဗညားျဗသိဒၶိ၏ တိုင္ၾကားမႈအရ အင္းဝတပ္မ်ား သန္လ်င္ကို လာေရာက္တိုက္ခိုက္စဥ္အတြင္း ဒဏ္ရာရ အင္းဝစစ္သားမ်ားကို ျပဳစုကုသေပးထားသည့္ သူလွ်ိဳမႈျဖင့္ ႐ုံးေတာ္တင္ထားၾကျခင္းျဖစ္သည္။

သန္လ်င္ကို သိမ္းပိုက္သည့္ အင္းဝတပ္မ်ားကို ေအာင္ျမင္ၿပီးေနာက္ သမိန္ေထာ သည္ ဟံသာဝတီနန္းတြင္းတြင္ သူ႔ကို လႊမ္းမိုးထားခဲ့ေသာ အမတ္ႀကီး ဗညားဒလဉီးေအာင္လွ ၏ အင္အားမ်ားကို တစတစ ၿဖိဳခ်ရန္ အေကာင္ထည္ေဖာ္ခဲ့သည္။

ေရွးဉီးစြာ လက္်ာဗိုလ္ကို ကိုယ္ရံေတာ္တပ္ရာထူးမွ ဖယ္ရွားလိုက္သည္။

လက္်ာဗိုလ္ကို စစ္သူႀကီးဗညားေက်ာ္၊ ဗ်တၱေက်ာ္တို႔ႏွင့္အတူ အင္းဝ မလြန္တပ္ကို တိုက္ခိုက္မည့္ စစ္အင္အားတြင္ ထည့္သြင္းလိုက္သည္။

ဉီးေအာင္လွႏွင့္ ရင္းႏွီးသူျဖစ္သည့္ တလပန္းကိုလည္း ေအာက္ဘက္ တနသၤာရီရွိ ကင္းတပ္မ်ားကို စုစည္းရန္ အမိန႔္ျဖင့္ ေစလႊတ္လိုက္သည္။

ထို႔ေနာက္တြင္ သန္လ်င္တြင္ရွိေနေသာ ဖာသာနာေရနီႏွင့္ ဟံသာဝတီတြင္ရွိေနသည့္ လြီဇာတို႔ကို ႐ုတ္တရက္ ဝင္ေရာက္ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

အမႈကိုစစ္ေဆးမည့္ ၿဗဲတိုက္ဝန္ႀကီး ေဒါေတာ္ သည္ ေလးလံထိုင္းမႈိင္းစြာျဖင့္ ထိုင္ခုံတြင္ ထိုင္လိုက္သည္။

“ခင္ႀကီးနာေရနီ နဲ႔ ကုန္သည္ႀကီးေရ..က်ဳပ္ကို နားလည္ေပးၾကပါဗ်ာ...က်ဳပ္ေတာ့ ေသခ်င္ေစာ္နံတာပါပဲ..တစ္ဖက္က ရွင္ဘုရင္..တဖက္က ဗညားဒလအမတ္ႀကီးဗ်...ဟူး”

လြီဇာက ေခါင္းကို ေမာ့လိုက္သည္။

“လုပ္စရာရွိတာ..လုပ္ပါ..ကြၽန္မတို႔ နားလည္ပါတယ္..ဝန္မင္းရဲ႕”

“သိၾကားနဲ႔ အသူရာ သမက္နဲ ေယာကၡမ ၾကားမွာ က်ဳပ္တို႔အကုန္ ညပ္ေတာ့မယ္ထင္ပါရဲ႕ဗ်ာ”

“သိပ္လည္း စိတ္လႈပ္ရွားမေနပါနဲ႔..ဝန္မင္း..ရွင္က တရားစီရင္ရမယ့္လူ..ကြၽန္မတို႔ က အစီရင္ခံရမယ့္လူ..အခုဟာက ရွင္က ပိုၿပီး ေၾကာက္ေနသလိုပဲ”

“ဟာ..ေၾကာက္တာေပါ့ဗ်...ခင္ဗ်ားတို႔ကို မစီရင္ ခဲ့ရင္ ဘုရင္က က်ဳပ္ကို စီရင္မယ္...ခင္ဗ်ားတို႔ကို စီရင္ ခဲ့ရင္ အမတ္ႀကီးဗညားဒလက က်ဳပ္ကို အညႇိးအေတးထားမယ္..ဘယ္ဟာမွ မေကာင္းဘူး”

“ဒါနဲ႔..စြဲခ်က္တင္ထားတဲ့...သံလ်င္ၿမိဳ႕ဝန္ မလာေသးပါလား”

“အင္း...ေနေစာင္းလို႔မွ မလာရင္...ေၾကးတိုက္ထဲ ထည့္ခ်ဳပ္ထားရမွာပဲ”

ထိုအခ်ိန္တြင္ ေဝါယာဥ္တစ္စီးက ၿဗဲတိုက္ေရွ႕တြင္ ရပ္လိုက္၏။

ၿဗဲတိုက္ဝန္ ေဒါေတာ္ သည္ ထိုင္ေနရာမွထကာ ၾကမ္းျပင္တြင္ ဝပ္တြားလိုက္သည္။

မိဖုရားေခါင္ႀကီး ဂမုန္း၏ မ်က္ႏွာက တင္းမာေန၏။

“မမလြီဇာ ကို ဘယ္သူ ႀကိဳးတုပ္ထားတာလဲ..ျဖည္ေပးစမ္းအခု..ဟို ဗရင္ဂ်ီခင္ႀကီးကိုပါ ျဖည္ေပး”

“ေခါင္ေခါင္ဘုရား...ရာဇဝတ္သားေတြမို႔”

“ေတာ္စမ္း...ငါက ျဖည္ဆို ျဖည္”

ၿဗဲတိုက္အမႈထမ္း လူပ်ိဳသားမ်ားက ႀကိဳးျဖည္ေပးလိုက္ၾကသည္။

ဂမုန္းက ၿဗဲတိုက္ဝန္ထိုင္ခဲ့သည့္ သလြန္ေပၚတြင္ သြားထိုင္လိုက္သည္။

“ၿဗဲတိုက္ဝန္မင္း အေနနဲ႔ အမႈကို ေသခ်ာစစ္.မစစ္...ေခါင္ေခါင္ ကိုယ္တိုင္ ဒီတရားခြင္ကို ေသခ်ာၾကည့္ရႈလိုတယ္”

“မွန္ပါ...တိုင္ၾကားထားသူ သက္ေသျဖစ္တဲ့ သန္လ်င္ၿမိဳ႕ဝန္ မေရာက္လာေသးတဲ့အတြက္ စစ္ေဆးလို႔ မရေသးပါ”

“ေနေတာင္ဝင္ေတာ့မယ္ပ...ဒီအခ်ိန္မွ မလာေသးရင္ ႐ုံးေတာ္ကို သိမ္းေတာ့ေလ”

“မွန္ပါ....ရာဇဝတ္သားမ်ားကို ေၾကးတိုက္ထဲ ပို႔ရမွာမို႔...ေစာင့္ေနတာပါ”

“ဘာ..ေၾကးတိုက္လဲ...ဒီည ေခါင္ေခါင္ အေဆာင္ေတာ္မွာ သူတို႔ႏွစ္ေယာက္လုံးကို ထားမယ္...သူတို႔ ဘယ္မွ မေျပးဘူး ငါ အာမခံတယ္”

“ဘုန္းေတာ္ႀကီးဘုရားသိရင္..ခက္ကုန္မယ္..ဘုရား”

“ေခါင္ေခါင္ အာမခံတယ္လို႔ေျပာၿပီးၿပီေလ..ၿဗဲတိုက္ဝန္”

ၿဗဲတိုက္ဝန္က သက္ျပင္းခ်လိုက္သည္။

“ကဲ...သူတို႔ကို အေဆာင္ေတာ္ကို ေခၚခဲ့ၾက”

လိပ္ေက်ာက္ၿမီးကိုင္ မိန္းမစိုးႀကီးမ်ားက လြီဇာႏွင့္ ဖာသာနာေရနီကို တြဲထူလိုက္ၾကသည္။

ၿဗဲတိုက္အတြင္းမွ ျပန္ထြက္လာသည့္အခါ အျပင္ဘက္တြင္ ဖာသာဂါလစ္ဇီယာ၊ ဖာသာမြန္ဒယ္လီ ႏွင့္ မယ္ဖူးတို႔ကို ေတြ႕လိုက္ရသည္။

“မမလြီဇာ..အဆင္ေျပရဲ႕လား”

လြီဇာက ႀကိဳးဒဏ္ေၾကာင့္ ပြန္းေနသည့္ လက္ေကာက္ဝတ္ကို ပြတ္သပ္လိုက္သည္။

“အင္းဝမွာတုန္းက ေျခေထာက္ က အမာ႐ြတ္ထင္တယ္..ဟံသာဝတီက် လက္မွာ ပြန္းပဲ့ရာထင္ျပန္ၿပီ...အေတာ္ေတာ့ ျပည့္စုံသြားတာေပါ့...မယ္ဖူးေရ...ဒါနဲ႔...နင့္လူ ငေလွးေရာ”

“ဉီးေအာင္လွ နဲ႔ ပါသြားတယ္ေလ”

“ဉီးေအာင္လွ သြားၿပီလား”

“မမတို႔ အဖမ္းခံရတယ္ဆိုကတည္းက ထြက္သြားၿပီ”

လြီဇာက ၿပဳံးလိုက္သည္။

ဂမုန္းက ေဝါေပၚသို႔ အတက္တြင္ လြီဇာတို႔ကို အဓိပၸါယ္ပါေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္၏။

.........................................................

သန္လ်င္ၿမိဳ႕ဝန္ ဗညားျဗသိဒၶိ မွာ ျပဴးေၾကာင္ေသာ မ်က္လုံးအစုံျဖင့္။

နေဘးပတ္လည္တြင္ ဝါးခြၽန္မ်ားက သူ႔လည္ၿမိဳကို ေထာက္ထား၏။

သူႏွင့္အတူပါလာေသာ တပ္စိတ္မွာလည္း ေလွေပၚတြင္ ေသြးသံရဲရဲျဖင့္ ေသဆုံးေနၾကၿပီျဖစ္သည္။

“ဟံသာဝတီရဲ႕ အာဏာအစစ္အမွန္ဟာ ဘယ္သူ႔လက္ထဲမွာလည္း သိၿပီလား”

“သိပါၿပီ..အမတ္ႀကီးဘုရား..သိပါၿပီ”

ဗညားဒလဉီးေအာင္လွ က ဗညားျဗသိဒၶိ၏ ေက်ာကုန္းေပၚသို႔ သူ၏ ေျခေထာက္ကိုတစ္ဖက္ကိုတင္လိုက္သည္။

“ငါ့ သစၥာရည္ကို ေသာက္မလား..ေသမလား”

“ေျခေတာ္ရင္းမွာ သစၥာခံပါရေစ..ဘုရား”

“သမိန္ေထာဆိုတာ ငါဖန္တီးထားတဲ့ ႐ုပ္ေသးပဲ..ေမာင္မင္း နားလည္လား”

“မွန္ပါ..နားလည္ပါၿပီ..အမတ္ႀကီးဘုရား”

“ထားကစား...သူ႔ကို အခ်ဳပ္ထဲ ထည့္ထားခဲ့လိုက္..နဲ႐ြဲသူႀကီးေရာ အဆင္သင့္ၿပီလား”

“အသင့္ျဖစ္ေနပါၿပီ”

“ဒါဆို ဟံသာဝတီကို သြားၾကမယ္..ျပင္ဆင္ၾကေတာ့”

ကရင္ေက်း႐ြာသားတို႔၏ ေခါင္းေဆာင္ ထားကစား က ဉီးေအာင္လွကို အ႐ိုအေသျပဳလိုက္သည္။

 

ခက္ေဇာ္


အေနခ်က္က်၊ မရွိရသား၊ ကာကဗ်ဴဟာ၊ စစ္ေရးရာကား၊ သူ႔မွာ သစ္သစ္၊ အားႀကီးျဖစ္၍ ၊ တို႔စစ္လြင္လြင္ ၊ ရွိသည္ထင္ေသာ္၊ ေဆာလ်င္ထုတ္ေျခာက္၊ ခရီးေပါက္လည္း၊ က်ီးေၾကာက္က်ီးရဲ၊ သူ႔တပ္ထဲဝယ္၊ စြန႔္တဲေသာသြင္၊ ႐ုတ္ရင္းဝင္၍ ၊ ဖမ္းငင့္လႊင့္ေခြၽ၊ သိမ္းယူေလ။

 ဗ်ဴဟစကၠိပ်ိဳ႕

 

(က်ီးကန္းငွက္သည္ မိမိထိုးသုတ္မည့္ ငါးအမဲတို႔ကို အေသအခ်ာပ်ံဝဲေလ့လာၿပီးမွ အလစ္အငိုက္တြင္ ဝင္သုတ္သကဲ့သို႔.. ရန္သူက အင္အားႀကီးမားၿပီး မိမိက အင္အားနည္းသည့္အခါ...ရန္သူ အားနည္းခ်ိန္ သတိလစ္ဟင္းခ်ိန္ ကို ေလ့လာၿပီး ႐ုတ္တရတ္ အဓိကေနရာမ်ားကို ဝင္ေရာက္တိုက္ခိုက္သည့္ ကာကဗ်ဴဟာ)

Comments

  1. ရာဇဝင်ကြောင်းထဲကလိုဆိုရင်ကိုယ်ကြိုတ်တာငချစ်ညိုတို့အုပ်စုပဲ
    သူတို့အမေပြောတဲ့စကားတစ်ခွန်တော်တော်သဘောကျတယ်

    ReplyDelete

Post a Comment