AVA 1740s S2 (အခန်း ၁၂)

AVA 1740s (Season 2)

                                                                       အခန်း(၁၂)

                                                             ...............................................

မိကျောင်းတူရိယာ တီးခတ်သံက သဲ့သဲ့က မြောက်နန်းဆောင်ထံမှ ထွက်ပေါ်လျက်။

“အရှင်မင်းမြတ်..အရေးပေါ်ပါတယ်”

မိဖုရားနှင်းသီရိစိတ္တာ ၏ ပေါင်ပေါ်တွင် ခေါင်းအုံးလျက် ဆံပင်များကို ဆီလိမ်းခံနေသည့် သမိန်ထောမှာ ရုတ်တရက် ထ ထိုင်လိုက်သည်။

“အမတ်ကြီးဗညားဒလ....ရှင်ဘုရင်ရှိနေတဲ့အဆောင်ကို ဒီလို ခွင့်မတောင်းပဲ ဝင်လာရသလား..ဟေ့..လက်သုံးတော်တွေ”

သမိန်ထော်က သူ၏ အစောင့်အရှောက်လက်သုံးတော်ရဲမက်များကို အော်ခေါ်လိုက်သည်။

သို့သော် မည်သူမျှ ထွက်မလာကြ။

“အရေးပေါ်လာလို့ပါ..ဘုရင်မင်းမြတ်..ဟံသာဝတီနန်းတော်တစ်ခုလုံးကိုရန်သူတွေ သိမ်းပိုက်လိုက်ပါပြီ”

“ဟင်..ဘယ်ကရန်သူလဲ....အင်းဝတပ်တွေလား”

“မဟုတ်ပါဘူး...ဟံသာဝတီအနောက်ဘက်က ကရင်တွေ စုစည်းထကြွကြတာပါ”

“ဘာ”

ဗညားဒလဉီးအောင်လှ၏ အနောက်တွင် ပါလာသော အမတ်များကလည်း ခေါင်းငုံ့ထားကြသည်။

“ဒါက ဘယ်လိုဖြစ်တာလဲ..ဒီမြို့ရိုးကို သူတို့က ဘယ်လို ကျော်ဝင်လာကြတာလဲ...မြို့စောင့်တပ်တွေက ဘာလုပ်နေကြလဲ...ပြောကြစမ်းပါဉီး..ပြောကြစမ်းပါဉီး”

“စကားတွေအများကြီးပြောဖို့ အချိန်မရှိပါဘူး..ဘုရင်မင်းမြတ်...အခုလောလောဆယ်..အရှင့်ရဲ့ အသက်ဘေးအန္တရာယ်စိုးရိမ်ရပါတယ်..နန်းတော်ကနေ အမြန်တိမ်းရှောင်မှဖြစ်ပါမယ်”

ဗညားဒလ၏ အနောက်ဘက်မှ ရဲမက်တချို့က ဘုရင်၏ နဘေးတွင်ဝန်းရံလိုက်ကြသည်။

“ဘယ်ကို ရှောင်ရမှာလဲ”

“ကျွန်တော်မျိုး...ပုန်စားသူ ကရင်တွေကို ရသလောက် ထိန်းသိမ်းပြောဆိုထားပါ့မယ်..အရှင်မင်းမြတ်သာ ဟော့ဒီက ဈေးငယ်ဗိုလ်နဲ့အတူ စစ်တောင်းဘက်ကို တိမ်းရှောင်ဖို့ လိုက်သွားပါ”

သမိန်ထောမှာ ဘာမှနားမလည်တော့သည့်မျက်လုံးများဖြင့် ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေ၏။

နန်းတော်အရှေ့ဘက်ဆီမှ ဆူညံသံများကိုလည်း ကြားနေရသည်။

“အချိန်ဆွဲနေရင်..အရှင့်ရဲ့ အသက်ကို တာဝန်မယူပါဘူး..အနောက်မှာ ဆင်တော် ရဲမြန်စွာ အသင့်ရှိနေပါပြီ..အမြန်သာထွက်တော်မူပါ”

“ကျုပ် ထီးနန်းကို စွန့်ရတော့မှာလား”

“စိတ်မပူပါနဲ့..အရှင့်ကို ဒီပလ္လင်ပေါ် ကျွန်တော်မျိုး တင်ပေးခဲ့တာပါ... စွန့်ရ မစွန့်ရကတော့ အရှင့်အပေါ် မူတည်ပါတယ်”

ဉီးအောင်လှက လက်အုပ်ချီလျက်က သမိန်ထောကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

သမိန်ထောက ဉီးအောင်လှကို ကြည့်ပြီး မျက်နှာတစ်ချက်မဲ့လိုက်၏။

ထို့နောက် နှင်းသီရိစိတ္တာ၏ လက်ကို ဆွဲလိုက်သည်။

နန်းဆောင်နှင့် မလှမ်းမကမ်း ဉယျာဉ်တော်ဘက်တွင် ဒူးလေးများ၊ လှံရှည်များကိုင်ထားသည့် ကရင်လူမျိုးတစ်စုက သူတို့အခြေအနေကို လှမ်းကြည့်နေကြ၏။

“ကဲ..ဒါဆိုလည်း သွားကြတာပေါ့”

ဈေးငယ်ဗိုလ် ဉီးဆောင်သည့် တပ်များက သမိန်ထောနှင့် မိဖုရား နှင်းသီရိစိတ္တာကို ခေါ်ဆောင်သွားကြသည်။

“ခဏနေဉီး..မိဖုရားခေါင်ကြီးရော”

သမိန်ထောက ဗညားဒလဉီးအောင်လှကို လှမ်းမေးလိုက်၏။

“သူ့ကို စိတ်မပူပါနဲ့...ကျွန်တော်မျိုးရဲ့ သမီးကို ကျွန်တော်မျိုး စောင့်ရှောက်နိုင်ပါတယ်”

သမိန်ထောနှင့် နှင်းသီရိစိတ္တာတို့ ထွက်ခွာသွားကြသည်။

ဗညားဒလဉီးအောင်လှက ထံသို့ နှဲရွဲရွာသူကြီး နှင့် အမတ်တချို့ ရောက်ရှိလာသည်။

ခဏအကြာတွင် မိဖုရားအဆောင်ဘက်ဆီမှ လွီဇာ နှင့် ဂမုန်းတို့ ပါ ရောက်ရှိလာကြ၏။

ဂမုန်းက ရှင်ဘုရင်သလွန်ဘေးရှိ ခုံမြင့်တွင် ဝင်ထိုင်လိုက်သည်။

“အမတ်ကြီး..နင် ရှင်ဘုရင်လုပ်တော့မှာလား”

နဲရွဲရွာသူကြီးက မေးလိုက်သည်။

ဉီးအောင်လှက ခေါင်းကို ခါယမ်းလိုက်သည်။

“ကျုပ် နဲ့ ကုန်သည်ကြီးလွီဇာရယ်၊ ဉီးကို၊ဉီးမောင်တို့ တိုင်ပင်ထားတာရှိတယ်.... အခုချိန်က အင်းဝ နဲ့ ကျုပ်တို့ အားပြိုင်နေတဲ့အချိန် ... အင်းဝဘက်က ပြည်သူတွေ၊ စစ်သည်တွေစိတ်ထဲမှာက ဟံသာဝတီဘုရင်သည် အင်းဝမင်း သွေး ပါတဲ့အတွက် ဆိုပြီး စိတ်ထဲ ဒွိဟဖြစ် နေကြတွေရှိနေတယ်...ပြည်ကို ကျုပ်တို့ အလွယ်တကူရလိုက်တာလည်း ဒါကြောင့်ပဲ...ဒီတော့ သမိန်ထောကိုပဲ ဆက်နန်းတင်မှာပါ”

“ဒါနဲ့များဗျာ..လူအင်အားတွေစုပြီး ဒီအထိ သိမ်းပိုက်ရတယ်လို့..ဘာထူးမှာလဲ”

ဉီးအောင်လှက ပြုံးလိုက်သည်။

“သမိန်ထော ဟာ ကျုပ်တို့ နန်းတင်ထားခဲ့တာပါ...ဒါပေမယ့်..သူက အောက်ခြေလွတ်သွားပြီ...သူ့ကိုယ်သူ တကယ့် စကြဝတေးမင်းလိုထင်သွားပြီ..ကျုပ်တို့ကို ဘုရားပြီးသွားတဲ့ ငြမ်းတွေလို သဘောထားတော့မှာ..သူအစွယ်မပေါက်ခင် ကျုပ်က ရိုက်ချိုးထားတဲ့သဘောပါ....သမိန်ထောကို ရှောင်ခိုင်းထားချိန်မှာ ဟံသာဝတီမှာ ကျုပ်တင်တဲ့ ဘုရင်တစ်ပါး ရှိနေလိမ့်မယ်”

“ဘယ်သူလဲ”

ထားကစားက ဝင်မေးသည်။

“နဲကို ကို ကျုပ် ဟံသာဝတီဘုရင်အဖြစ် ခဏထားမယ်”

“ဟင်..နဲကို ဆိုတာ”

“အဝိုင်းရွာက ဘုန်းကြီးလူထွက်ပဲ...ကျုပ် ဆီမှာ အမှုထမ်းဖို့ လာအပ်ထားတဲ့ လူငယ်ပေါ့”

“သူ့ကို ဘာဖြစ်လို့ ရှင်ဘုရင်နေရာထားမှာလဲ”

“ဟံသာဝတီရဲ့ ပလ္လင်ဟာ အောင်လှ ဖန်တီးပေးထားတာဆိုတာကို သာလှ ကနေ သမိန်ထောဘုရင်ဖြစ်လာတဲ့ သင်း ကို သိစေချင်တာ..အချိန်မရွေး သူ့လိုပဲ ဘုန်းကြီးကျောင်းသားတစ်ယောက်ကို ခေါ်ပြီး ပလ္လင်ပေါ် ထိုင်ခိုင်းလို့ရတယ်ဆိုတာကို နားလည်စေချင်တာ...တကယ်လို့ ကျုပ်ထီးနန်းကို လိုချင်လာတဲ့အခါမှာလည်း..အတင်းလုမယူဘူး..မလွှဲသာလို့ ကျုပ်လက်ကို အပ်ရပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် တဖြည်းဖြည်း ဖန်တီးယူမယ်.ခင်ဗျားတို့လည်း အဲ့ဒီအချက်ကို မြဲမြဲမှတ်ထားပါ...ဒီပလ္လင်ပေါ်မှာ ထိုင်နိုင်နေတာ တန်ခိုးအာဏာမဟုတ်ဘူး...ဒီပလ္လင်ပေါ် ဘယ်သူ့ကို ဖြစ်ဖြစ် ထိုင်ခိုင်းနိုင်တဲ့လူကမှ တကယ့် တန်ခိုးအာဏာ”

ဉီးအောင်လှက အားလုံးကို မျက်လုံးဝှေ့ကြည့်လိုက်၏။

အခန်းအတွင်းရှိ လူများအားလုံးက မျက်လွှာများ ချလိုက်ကြသည်။

လွီဇာကတော့ ခုံပေါ်တွင်ထိုင်လျက် အပူသည်ရုပ်ပေါက်နေသော ဂမုန်းကိုသာ ဂရုဏာသက်စွာ လှမ်းကြည့်နေသည်။

......................................................................................................................

သမိန်ထော နှင့် ဉီးအောင်လှ တို့ တစ်ယောက်မျက်နှာ တစ်ယောက် ခပ်တင်းတင်းကြည့်နေကြသည်။

စစ်တောင်းအရပ်ရှိ တောတွင်းတဲနန်းမှ သလွန်ပေါ်တွင် သမိန်ထောက ထိုင်လျက်။

အခြားစစ်သည်များက ဒူးထောက်နေကြသော်လည်း ဉီးအောင်လှက မတ်တပ်။

“ဒီ ကရင်တွေ စနက်က ဘယ်သူလဲဆိုတာ...ငါကိုယ်တော် ရိပ်မိတယ်..အမတ်ချုပ်ကြီး”

“ဘယ်သူများလဲ..အရှင်”

“ကျုပ် နောက်ကျောကို ဓါးနဲ့ ထိုးခံရတယ်..အခု ဟံသာဝတီပလ္လင်ပေါ်ကို ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကို တင်ထားကြတာက ဘာသဘောလဲ”

“အဝိုင်းရွာက ဘုန်းကြီးလူထွက်လေးတစ်ယောက်ပါ..အရှင်မင်းမြတ်...အရှင်မင်းမြတ်သိမှာပါ..အရင်က အရှင်မင်းမြတ် နဲ့ ကစားဖော်ကစားဖက်လေ..နဲကို..ကို သိတယ်မဟုတ်လား”

သမိန်ထောမှာ သလွန်ပေါ်မှပင် ဆတ်ခနဲထလိုက်သည်။

“ဘာလဲ..နဲကို က ဘာကိစ္စ ကျုပ်ပလ္လင်ပေါ် ရောက်နေရတာလဲ”

“တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ တကယ့်ပလ္လင်အစစ်က အဲ့ဒီထိုင်ခုံကြီးမဟုတ်ပါဘူး..အရှင်မင်းမြတ်...ပြည်သူလူထုနဲ့ ကိုယ့်ကိုထောက်ခံကြတဲ့ အင်အားပါပဲ...ရှင်ဘုရင်ဆိုတာ ပြည်သူဆိုတဲ့ ပလ္လင်ပေါ် ထိုင်ကြရတာပါ...အခု အရှင်မင်းမြတ် နန်းတော်က ထွက်ပြေးတယ်...ပြည်သူဘယ်နှစ်ယောက်များ အရှင်မင်းမြတ်ဘက်က ပါလာပါသလဲ..အရှင်မင်းမြတ်ရဲ့ တကယ့် အာဏာက ဘယ်မှာပါလဲ”

သမိန်ထောက မျက်စိကို စုံမှိတ်လိုက်ပြီး သက်ပြင်းချသည်။

အသက်ရှုသံများ မြန်လာပြီး ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်၏။

“ဆေး..ဆေး”

နှင်းသီရိစိတ္တာက ဆေးခွက်ကို ယူလာပေးသည်။

“မိဖုရားခေါင်ကြီး ပါလာတယ်...ဘုရင်မင်းမြတ်ကို သူကိုယ်တိုင် ဆေးတိုက်လိမ့်မယ်”

ဉီးအောင်လှ အသံကြောင့် နှင်းသီရိစိတ္တာမှာ ရပ်တန့်သွား၏။

ဂမုန်းက ဉီးအောင်လှအနောက်မှ ထွက်လာသည်။

နှင်းသီရိစိတ္တာလက်မှ ဆေးခွက်ကို ယူလိုက်ပြီး သမိန်ထောအနီးသို့ ကပ်သွား၏။

သမိန်ထောက ဂမုန်း၏ လက်ထဲမှ ဆေးခွက်ကို ပုပ်ချလိုက်သည်။

“နင်တို့ ငါ့ကို ..ဒီလို မဆက်ဆံကြနဲ့..နင်တို့ ဒီလို ဆက်ဆံနေတာ..ရှင်ဘုရင်..ဟံသာဝတီရဲ့ ရှင်ဘုရင်..သိကြရဲ့လား..ငါကရှင်ဘုရင်..ငါက ဆေးတိုက်ဆိုတဲ့လူပဲ ငါ့ကို တိုက်ရမယ်..နင်တိုက်စရာမလိုဘူး..ဂမုန်း..ဒီမယ်..ဉီးအောင်လှ...အခုပဲ ကျုပ် ယောက္ခမတော် လန်ဖုံးမြို့စား ကတဆင့် ဇင်းမယ်ဘုရင်ဆီ ကို စစ်ကူတောင်းလိုက်ပြီ..မကြာခင်မှာ ဟံသာဝတီကို ကျုပ် ပြန်သိမ်းမယ်..အဲ့ဒီအခါကျ ကျုပ်ကို နောက်ကျောက ဓါးနဲ့ထိုးပြီး ဟံသာဝတီမြို့တံခါးကို ဖွင့်ပေးခဲ့တဲ့သူတွေရော၊ သူတို့ ဆွေမျိုးတွေပါ အကုန် မီးတိုက်သတ်ပစ်မယ်”

သမိန်ထောက သူ့နဘေးတွင်ရပ်နေသော ဂမုန်းကိုပါ ကြည့်ရင်း ပြောလိုက်သည်။

ဉီးအောင်လှက ဂမုန်း၏ လက်ကို ဆွဲကာ သူ့အနောက်ဘက်သို့ ပို့လိုက်၏။

“ဒါ..ငါ့သမီးလေး...သာလှ....မင်း သူ့ကို နာကြင်အောင် လုပ်နေတာများပြီ”

“အောင်လှ..မင်း..က ငါ့ကျွန်...ငါ့လို ရှင်ဘုရင်ကို သာလှလို့ ခေါ်စရာလား..ဟေ့ ငါကိုယ်တော်က ညောင်ရမ်းမင်းရဲ့ သွေးကွ၊ မောင်မင်းရဲ့ သမီးလို ဆင်ချီးကြုံးအနွယ်ကို ငါက မိဖုရားခေါင်ကြီးအရာပေးတာ လွန်လှပြီ... ဒီမယ်...ဟော့ဒီ နှင်းသီရိစိတ္တာက ဇင်းမယ်မင်းမျိုးက ဆင်းသက်လာတာကွ...ငါသူ့ကို အရေးပေးတာ ဆန်းသလား”

ဉီးအောင်လှက သူ့လက်ထဲမှ ထန်းရွက်စာတစ်ခုကို ဖြန့်လိုက်သည်။

“ရှင်ဘုရင်တဲ့လား....ဟုတ်ပါပြီ..အရှင်မင်းမြတ်..ဟော့ဒီစာက ဘယ်သူ့ဆီကလည်း သိပါသလား”
“ဘာစာလဲ”

“အရှင်မင်းမြတ်..အင်းဝစစ်သူကြီး ကိုးသိန်းသခင်မင်းခေါင်ဆီ စစ်ပြေငြိမ်းရေးတောင်းဆိုတဲ့ သဝဏ်လွှာ လျှို့ဝှက်ပို့လိုက်တာကိုရော ကျွန်တော်မျိုးတို့ မသိဘူးထင်သလား”

သမိန်ထောမှ သလွန်ပေါ်သို့ ပြန်ထိုင်ချလိုက်သည်။

“ဒီစာကတော့ အဲ့ဒီသဝဏ်လွှာနဲ့ပတ်သက်ပြီး ကိုးသိန်းသခင်မင်းခေါင်က ပြန်ကြားတဲ့စာပါ...အရှင်မင်းမြတ်လူတွေလက်ထဲမရောက်ပဲ ကျွန်တော်မျိုး လူတွေ လက်ထဲ ရောက်လာတာကတော့...မတော်တဆပါပဲ”

“သူ..သူ ဘာပြန်ရေးထားလဲ”

ဉီးအောင်လှက ခပ်လှောင်လှောင်ရယ်လိုက်သည်။

“ကျွန်တော်မျိုးတို့ ဟံသာဝတီအမတ်တွေ မသိပါပဲ...အင်းဝနဲ့ လျှို့ဝှက်စစ်ပြေငြိမ်းဖို့ ဘာကြောင့် လုပ်ရတာလဲ...အဲ့ဒါ‌လေး အရင် မိန့်ကြားပေးပါဉီး..ဘုရင်မင်းမြတ်..ဒီကိစ္စကို အင်းဝနဲ့ စစ်ဆိုင်နေတဲ့ တပ်မှူးတွေ၊ နန်းတွင်းက အမတ်တွေ သိသွားရင် ဘာဖြစ်လာနိုင်လဲ”

သမိန်ထော၏ လက်တို့ တဆတ်ဆတ်တုန်နေသည်။

“ကျုပ်က...အားလုံးငြိမ်းချမ်းဖို့အတွက်ပါ....အင်းဝဘုရင် မဟာဓမ္မရာဇာဆိုတာ ကျုပ်နဲ့ တူဝရီးတော်တယ်။ အခု အင်းဝစစ်ကို ဉီးဆောင်တိုက်နေတဲ့ သေနာပတိ ကိုးသိန်းသခင်ဆိုတာလည်း ကျုပ်နဲ့ ညီအစ်ကိုဝမ်းကွဲပဲ။ အခုဆို ဇင်းမယ်က လန်ဖုန်းစားကလည်း ကျုပ်ယောက္ခမတော်နေပြီ..အောက်ဟံသာဝတီနိုင်ငံတော်ကို ကျုပ်ပိုင်ပြီ..ဒါကြောင့် ကျုပ်ရဲ့ ဆွေမျိုးတွေဖြစ်တဲ့ အင်းဝနိုင်ငံတော်နဲ့ မဟာမိတ်ဆက်ဆံရေးပဲ တည်ဆောက်ဖို့ ကျုပ် ဆုံးဖြတ်ခဲ့တာပါ”

ဉီးအောင်လှက ပြုံးနေသည်။

“ကဲ..ရဲမက်တွေ အားလုံး အပြင်ထွက်ကြ”

“မထွက်ကြနဲ့..မောင်မင်း ကျုပ်အသက်ကို ရန်ရှာမလို့လား”

“အရှင်မင်းမြတ်...ဒီသဝဏ်လွှာထဲမှာ ပါတဲ့ အကြောင်းအရာတွေကို အရှင်မင်းမြတ်နဲ့ ကျွန်တော်မျိုးပဲ သိထားသင့်တယ်ထင်လို့ပါ...ကျွန်တော်မျိုးမှာလည်း အပ်တိုတစ်ချောင်းတောင်မပါပါဘူး..အရှင်မင်းမြတ် ဟံသာဝတီထီးနန်းကို ပြန်လိုချင်သေးတယ်ဆိုရင်တော့ ကျွန်တော်မျိုး စကားကို နားထောင်ပါ”

သမိန်ထောက အတန်ငယ်တိတ်ဆိတ်နေသည်။

“ထွက်သွားကြ..ငါခေါ်မှ လာကြ”

ရဲမက်များ ထွက်သွားကြ၏။

ဉီးအောင်လှ က သမိန်ထောလက်ထဲသို့ ကိုးသိန်းသခင်ထံမှ ပြန်ပါးသည့် ထန်းရွက်စာကို ပေးလိုက်သည်။

“သာလှငယ်..

ဟံသာဝတီသည် အင်းဝလက်အောက်ခံမှ ထကြွသော သူပုန်နယ်သာဖြစ်သည်။

ဟံသာဝတီသားတို့သည် ပိုးစုန်းကြူးအား မီးဟု ထင်မှတ်သကဲ့သို့ သင့်ကိုလည်း ရှင်ဘုရင်၏ ထင်မှတ်နေသည်ကို ကိုယ့်ကိုကိုယ် အထင်မကြီးသင့်။

သင်သည် ငါတို့ နှင့် သွေးသားဆိုသော်ြငား သင့်ဖခင်သည် အင်းဝနန်းကို ပုန်ကန်ခဲ့သူ သူပုန်သာဖြစ်သဖြင့် ငါတို့ ညောင်ရမ်းသွေးများ၏ သစ္စာဖောက်သူပုန်အဖြစ်သာ သတ်မှတ်ထားသည်။

သင်ထံ လန်ဖုန်းစားမှ ဆက်သထားသော မင်းသမီးဆိုသည်မှာလည်း လန်ဖုန်းစား၏ သမီးမဟုတ်။

လန်ဖုန်းဘုရားမှ ဘုရားကျွန်အကြီးအကဲ၏ သမီးကို သာ လိမ်ညာပြီး ပို့ဆောင်ထားခြင်းဖြစ်သည်။

ဤရှက်ဖွယ်ကောင်း ရယ်ဖွယ်ကောင်းသောအဖြစ်ကို အင်းဝရွှေနန်းရှင်၏ ကျွန်တော်မျိုး ကျိုင်းတုံစော်ဘွားထံမှ ငါတို့ ကြားသိရပြီးဖြစ်သည်။

သင်သည် နွားချေးချပ်ကို အမှီပြုလျက် ခြင်္သေမင်းကို အံတုသည့် ဖားငယ်သာဖြစ်သည်။

ဟံသာဝတီသားတို့အနေဖြင့် ချမ်းသာသုခအစစ်ကို လိုချင်လျှင် သင့်ကို ဖမ်းဆီးပြီး အင်းဝနန်းတော်ဆီ ဆက်သပါမှ ရရှိမည်ဖြစ်ကြောင်းကျွန်ုပ် ဤ ရာဇသံဖြင့် အမိန့်တော်ချမှတ်လိုက်သည်။

မင်းလှကျော်ခေါင်ကိုးသိန်းသခင်တောင်ငူရာဇာသတိုးမင်းခေါင်”

သမိန်ထောမှာ စာကို ဆုပ်ကိုင်ထားရင်း ကျောက်ရုပ်ကြီးအလား ငြိမ်သက်နေသည်။

“အပြင်မှာ ဘယ်သူရှိလဲ..မြောက်နန်းစံကို ဒီထဲ လွှတ်လိုက်”

နှင်းသီရိစိတ္တာ က တဲနန်းအတွင်းသို့ ဝင်လာ၏။

“နင်က ဘယ်သူလဲ”

သမိန်ထော၏ အော်သံကြောင့် နှင်းသီရိစိတ္တာ မှာ တုန့်ခနဲဖြစ်သွားသည်။

သမိန်ထောက ထလာပြီး နှင်းသီရိစိတ္တာ၏ ပုခုံးကို ခပ်ကြမ်းကြမ်းကိုင်ကာ စောင့်လိုက်၏။

“နင်ဘယ်သူလဲ..နင်ဘယ်သူလဲ..နင်က လန်ဖုံးစား သမီးလား...နင်က လန်ဖုံးစားရဲ့ သမီး..ဇင်းမယ်မင်သမီးတစ်ပါးလို့..ငါ့ကို ဖြေစမ်းပါ..ဖြေစမ်းပါ.”

“အိ”

နှင်းသီရိစိတ္တာက ခေါင်းကို ငုံ့ကာ ငိုချလိုက်သည်။

“နှင်းသီရိရယ်...”

သမိန်ထော အသံက တိမ်ဝင်သွားသည်။

“အပြင်ကလူတွေ ရိပ်မိသွားလို့မဖြစ်ပါဘူး...ဘုရင်မင်းမြတ်...သတိနည်းနည်းကပ်ပါဉီး..”

သမိန်ထောမှာ ဉီးအောင်လှ၏ ရှေ့တွင် ဒူးကို ထောက်ချလိုက်သည်။

“ကျုပ် မှားပါတယ်..ကျုပ် ရှုံးပါတယ်....ကျုပ်ကို ခင်ဗျား သတ်ချင်သတ်တော့..သတ်ပါတော့”

“အရှင်..မသင့်တော်ပါဘူး..ထပါ..ဟံသာဝတီထီးနန်းက အရှင့်ကို အလိုရှိနေပါသေးတယ်”

ဉီးအောင်လှက သမိန်ထောကို ပုခုံးနှစ်ဖက်မှာ ကိုင်ကာ ထူလိုက်သည်။

“ကျုပ် က ဒီနန်းတော်ပေါ်မှာ ရှိနေတော့ရော..ဘာထူးမှာလဲ..ဉီးအောင်လှ..အရာရာ ခင်ဗျားသဘောမဟုတ်လား”

“ဒီလိုလည်း မဟုတ်ပါဘူး....အရှင်မင်းမြတ်...ကျွန်တော်မျိုးက အရှင်မင်းမြတ် ကောင်းကျိုးကို အမြဲရှေးရှုခဲ့တာပါ..ဟိုး ဘုန်းကြီးကျောင်းသားဘဝကတည်းက ကျွန်တော်မျိုး ပြုစုပျိုးထောင်လာခဲ့တာပါ.. ကျွန်တော်မျိုး ကိုယ်တိုင် လိုလိုလားလားနဲ့ အရှင်မင်းမြတ်ကို ဒီပလ္လင်ပေါ် တင်ပေးခဲ့တာပါ..ဒါပေမယ့်..အရှင်မင်းမြတ်က ကျွန်တော်မျိုးတို့ကို ဘုရားပြီး ငြမ်းဖျက် ကျေးဇူးကန်းတဲ့ သဘောမျိုးနဲ့ ဖယ်ထုတ်ဖို့ ကြံစည်ခဲ့တာမဟုတ်လား”

“ကျုပ်က ရှင်ဘုရင်လေ..ခင်ဗျားတို့ အရာရာစိုးမိုးချယ်လှယ်တာခံနေရတဲ့ ဘဝက ဘယ်လောက် ခံပြင်းစရာကောင်းလဲ..ခင်ဗျားသိလား”

“ကျွန်တော်မျိုးတို့ဖြစ်စေချင်တာက ပလ္လင်ပေါ်မှာ မိဖုရားများနဲ့ စံမြန်းပြီး အေးအေးသက်သာနေစေချင်တာပါ... အရာရာကို ဒီလို ခံစားချက်တွေ ရှေ့တန်းတင်ပြီး လိုက်လုပ်တဲ့အခါ အခုလို အမှားတွေ ဖြစ်လာတာပါပဲ”

“အခု ခင်ဗျားနိုင်ပါတယ်...ကျုပ် ဘာလုပ်ရမလဲသာပြော”

“အရှင်မင်းမြတ် ဟံသာဝတီကို ပြန်ဝင်ပြီး မင်းပြုလို့ရပါပြီ”

“သူရောလား”

“ဘယ်သူလဲ”

“နှင်းသီရိစိတ္တာ”

“သူ့နာမည်က ခမ်းနမ်းပါ...နှင်းသီရိစိတ္တာ ဆိုတာ...လဖုန်းစားက လုပ်ကြံပြီးပေးထားတဲ့ ဘွဲ့ပဲ..လဖုန်းစားရဲ့ သမီးအရင်းက ဇင်းမယ်ဘုရင် သားတော်နဲ့ လက်ဆက်ဖို့ လုပ်နေကြပါပြီ”

“ဘယ်လိုဖြစ်ဖြစ်..ကျုပ် သူ့ကိုတော့ မထားခဲ့နိုင်ဘူး...သူ့မှာ အပြစ်မရှိဘူး..ဉီးအောင်လှ”

ဉီးအောင်လှက မြေပြင်တွင်ကျနေသော ထန်းရွက်စာကို ကောက်ခါ ဖုန်သုတ်လိုက်သည်။

“အင်းပါ..ဒီစာလေး ကျွန်တော်မျိုးလက်ထဲမှာပဲရှိနေသမျှ သူက လန်ဖုန်းစားသမီးတော် ဇင်းမယ်မင်းသမီး နှင်းသီရိစိတ္တာလို့ပဲ ဟံသာဝတီနန်းတွင်း တစ်ခုလုံးက သိနေစေရပါမယ်..ဒါပေမယ့်...အရှင်မင်းမြတ် တစ်ခုတော့ ကတိပေးပါ”

“ဘာကတိလဲ”

“ဂမုန်းဟာ အရှင်မင်းမြတ်အပေါ် ဘာချို့ယွင်းချက်မှ မရှိရှာတဲ့ မိဖုရားခေါင်ကြီးပါ..အဲ့ဒါကို အရှင်မင်းမြတ်လက်ခံရလိမ့်မယ်..သူ့အပေါ် ထားနေတဲ့ အေးစက်စက် ဆက်ဆံရေးတွေကို ပြန်ပြင်ပေးရလိမ့်မယ်..ဒါဆိုရင်တော့ ဟံသာဝတီနန်းတော်ဟာ အရှင်မင်းမြတ်ရဲ့ နန်းတော် အဖြစ် အကြာကြီးရှိနေမှာပါ”

“ကျုပ် ကတိပေးပါတယ်”

“နောက်တစ်ခုက....တိုင်းပြည်အရေးကိစ္စမှာ ကျွန်တော်မျိုးတို့ သဘောမပါပဲ..ဘာကိုမှ မဆုံးဖြတ်ပါနဲ့.. ဒါကလည်း အရှင့်အကျိုးအတွက်ပါ..အဲ့ဒါလည်း ကတိပေးပါ”

“ခင်ဗျား သဘောပဲ..အမတ်ကြီး...အရာအားလုံး.ခင်ဗျားသဘောပါပဲ”

သမိန်ထော၏ အသံတို့က တုန်ရီနေသည်။     

...........................................................................................................................

၁၇၄၄ မိုးဉတုကာလများအတွင်း ဟံသာဝတီတပ်များမှာ ပြည်မြို့တွင်းသာ အခိုင်အလုံနေပြီး အနီးအပါးမြို့များမှ ဆုတ်ခွာသွားခဲ့ကြသည်။

ဟံသာဝတီတပ်များ ဆုတ်ခွာသွားကြသောအခါ ကိုးသိန်းသခင်သည် ပဌနဂိုရ် ၊ မလွန်တို့တွင် ခံတပ်များ အဆင့်ဆင့်ချထားခဲ့ကြသည်။

မလွန်ခံတပ်တွင် တပ်မှူးအဖြစ်တာဝန်ယူနေသော ဗညားကျန်းတော၏ နာမည်မှာလည် အင်းဝနန်းတော်အထိ ကျော်ကြားလာသည်။

ဗညားကျန်းတောသည် စစ်ပွဲများအတွင်း တပ်မှူးတပ်သားများအပေါ် စီမံအုပ်ချုပ်ပုံကောင်းမွန်သည်။ တိုက်ပွဲအတွင်း အခြားတပ်မှူးများကဲ့သို့ နောက်မှ မကွပ်ကဲပဲ..ရှေ့တန်းမှ ဓါးလွတ်ကိုင် တိုက်သဖြင့် ငယ်သားများက လေးစားကြသည်။

ဗညားကျန်းတော၏ တပ်ကြောင့် ဟံသာဝတီသားများမှာ ရှေ့မတိုးရဲကြခြင်းဖြစ်သည်ဟု နာမည်ကျော်သည်။

မကြာမီ ကိုးသိန်းသခင်က အင်းဝနန်းတွင်းသို့ဝင်ကာ ဗညားကျန်းတောအား ဗိုလ်ချုပ်အရာ ချီးမြှင့်ပေးရန် မဟာဓမ္မရာဇာဓိပတိထံ တိုက်ရိုက်လျှောက်ထားမည်ဟူသော သတင်းစကားကလည်း ပျံ့လွင့်နေသည်။

သို့သော်ငြား မိုးရာသီကုန်ဆုံးပြီးစတွင် ဗညားကျန်းတောတပ်များမှာ ပြဿနာတစ်ခုဖြင့် ကြုံရတော့သည်။

အခြားမဟုတ်။

ရိက္ခာပို့သည့်လှေများသည် အခြားခံတပ်မြို့များသို့ ပို့ပြီး မလွန်တပ်အတွက် ရိက္ခာပါမလာကြချေ။

ဗညားကျန်းတော ၏ တပ်မှာ တဖြည်းဖြည်းနှင့် ရိက္ခာရှားပါလားသည်။

ထိုအခြေအနေကို အင်းဝရှိ ကိုးသိန်းသခင်ထံ စာပို့သော်လည်း မည်သို့ မျှ အကြောင်းမထူးခဲ့။

“ဗိုလ်တွန်....အင်းဝဘက်ကို ခင်ဗျား ရောက်ဉီးမလား”

“ကျုပ်က အစိုးမရဘူး...ဗညား...ဘာများဖြစ်လို့လဲ”

“ကျုပ်တပ်တွေအတွက် ရိက္ခာမရတာ နှစ်လကျော်ပြီ..ကျုပ်တို့လည်း ရှိတာနဲ့ ခြိုးခြံစားနေတာပဲ..နေရတာကလည်း နယ်စပ်ကင်းစခန်းဆိုတော့ ကိုးသိန်းသခင်ဆီ လူကြုံစာကြုံနဲ့ပဲ ဒီအကြောင်း သတင်းပို့နိုင်တယ်...သူ့ဆီကလည်း ဘာမှ မပြန်ကြားဘူးဗျာ”

“တခြားတပ်တွေအတွက်ရော”

“တခြားခံတပ်တွေ အတွက်တော့ ရိက္ခာလှေတွေဖြတ်ဖြတ်သွားတာ..တွေ့နေတာပဲ...တခုခုတော့ မှားနေလားလို့”

ငတွန်က ဧရာဝတီမြစ်ကြီးကို ငေးကာ တစုံတရာကို တွေးနေသည်။

“ခင်ဗျား သတင်းကလည်း အင်းဝဗိုလ်မှူးတွေကြားမှာ အတော်နာမည်ကြီးနေတယ်..ဗညား”

“အင်း..အဲ့ဒါနဲ့ ဆိုင်လို့လား”

“ရိက္ခာကိစ္စ စီမံခန့်ခွဲကြတာက ဘယ်သူတွေလဲ..သိလား”

“ကိုသိန်းသခင်ကိုယ်တိုင်တော့မဟုတ်ဘူး...အာကာဗိုလ်မှူး ကိုင်တွယ်တာပါ”

“သူနဲ့ ခင်ဗျားနဲ့ ကြားမှာ ပြဿနာရှိလား”

“ဟိုတခေါက်က ကိုးသိန်းသခင်တပ်လာစစ်တော့ အာကာဗိုလ်မှူးရော၊ ဗိုလ်မှူးဂဇကျော် ပါ ပါလာကြတယ်..ကျုပ်ဆီမှာ သောက်စားသွားကြတာပဲ..ဘာမှ ပြဿနာမရှိပါဘူး”

“သတိတော့ထားသင့်ပြီ...ဗညား”

“ကျုပ်က စစ်သား၊ စစ်တိုက်ရင် နိုင်အောင်တိုက်တယ်။ ကျုပ်တာဝန်ကျုပ်ကျေတယ်။ ဒါပေမယ့်ဗျာ..အခု ကျုပ်လက်အောက်ငယ်သားတွေ တဖြည်းဖြည်းငတ်နေကြပြီ...နယ်ခြားစောင့်ကင်းစခန်းဆိုတော့ လယ်ဆင်းထွန်ခိုင်းလို့လဲမဖြစ်ဘူး....ကြာရင်တော့ ကျုပ် က ဒီတိုင်းမနေဘူး”

“ဟင်..ဒီတိုင်းမနေတော့ဘာလုပ်မှာလဲ”

“ဟ..ဗိုလ်တွန်ရ...ခင်ဗျားက လယ်တစ်ပွဲမှာ စာရင်းငှားလုပ်နေတယ်..လယ်ရှင်က ထမင်းပို့တော့ ခင်ဗျားနဲ့အတူ လုပ်နေတဲ့စာရင်းငှားတွေကိုပဲ ထမင်းတောင်းပို့တယ်..ခင်ဗျားအတွက် မပါဘူးဆို ခင်ဗျား ဘာလုပ်မှာလဲ”

“လုမှာပေါ့ဗျ”

“ဒါပဲ..ဗိုလ်တွန်..ခင်ဗျားကို ကျုပ် ညီအကိုလိုခင်တာ ဒါပဲ....ကျုပ်တို့မှာ တချို့ကိစ္စတွေအတွက် စကားတွေအများကြီးပြောရမှာ ပျင်းတယ်မဟုတ်လား”

ငတွန်က ဗညားကျန်းတော၏ လက်မောင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်..တခုခု လုပ်မယ်ဆို...ကျုပ်ကိုတော့ စောင့်ဉီး...တိုင်ပင်ဉီး..အင်းဝသားတွေအကြောင်း ခင်ဗျားထက် ကျုပ်ကပိုသိတယ်..အလျင်စလိုမလုပ်ပါနဲ့”

“ဒီမြစ်ပြင်တကြော မျောနေတဲ့ ပေါ်တော်မူမင်းသားကြီးငတွန် ကို စောင့်ပြီးမှ လုပ်ရမယ်ဆိုရင်တော့ ကျုပ်တပ်တွေ ငတ်သေမှာဗျိုး..ဗိုလ်တွန်ရေ....ဟားဟား”

ခက်ဇော်

(Zawgyi)

AVA 1740s (Season 2)

                                                                       အခန္း(၁၂)

                                                             ...............................................

မိေက်ာင္းတူရိယာ တီးခတ္သံက သဲ့သဲ့က ေျမာက္နန္းေဆာင္ထံမွ ထြက္ေပၚလ်က္။

“အရွင္မင္းျမတ္..အေရးေပၚပါတယ္”

မိဖုရားႏွင္းသီရိစိတၱာ ၏ ေပါင္ေပၚတြင္ ေခါင္းအုံးလ်က္ ဆံပင္မ်ားကို ဆီလိမ္းခံေနသည့္ သမိန္ေထာမွာ ႐ုတ္တရက္ ထ ထိုင္လိုက္သည္။

“အမတ္ႀကီးဗညားဒလ....ရွင္ဘုရင္ရွိေနတဲ့အေဆာင္ကို ဒီလို ခြင့္မေတာင္းပဲ ဝင္လာရသလား..ေဟ့..လက္သုံးေတာ္ေတြ”

သမိန္ေထာ္က သူ၏ အေစာင့္အေရွာက္လက္သုံးေတာ္ရဲမက္မ်ားကို ေအာ္ေခၚလိုက္သည္။

သို႔ေသာ္ မည္သူမွ် ထြက္မလာၾက။

“အေရးေပၚလာလို႔ပါ..ဘုရင္မင္းျမတ္..ဟံသာဝတီနန္းေတာ္တစ္ခုလုံးကိုရန္သူေတြ သိမ္းပိုက္လိုက္ပါၿပီ”

“ဟင္..ဘယ္ကရန္သူလဲ....အင္းဝတပ္ေတြလား”

“မဟုတ္ပါဘူး...ဟံသာဝတီအေနာက္ဘက္က ကရင္ေတြ စုစည္းထႂကြၾကတာပါ”

“ဘာ”

ဗညားဒလဉီးေအာင္လွ၏ အေနာက္တြင္ ပါလာေသာ အမတ္မ်ားကလည္း ေခါင္းငုံ႔ထားၾကသည္။

“ဒါက ဘယ္လိုျဖစ္တာလဲ..ဒီၿမိဳ႕႐ိုးကို သူတို႔က ဘယ္လို ေက်ာ္ဝင္လာၾကတာလဲ...ၿမိဳ႕ေစာင့္တပ္ေတြက ဘာလုပ္ေနၾကလဲ...ေျပာၾကစမ္းပါဉီး..ေျပာၾကစမ္းပါဉီး”

“စကားေတြအမ်ားႀကီးေျပာဖို႔ အခ်ိန္မရွိပါဘူး..ဘုရင္မင္းျမတ္...အခုေလာေလာဆယ္..အရွင့္ရဲ႕ အသက္ေဘးအႏၲရာယ္စိုးရိမ္ရပါတယ္..နန္းေတာ္ကေန အျမန္တိမ္းေရွာင္မွျဖစ္ပါမယ္”

ဗညားဒလ၏ အေနာက္ဘက္မွ ရဲမက္တခ်ိဳ႕က ဘုရင္၏ နေဘးတြင္ဝန္းရံလိုက္ၾကသည္။

“ဘယ္ကို ေရွာင္ရမွာလဲ”

“ကြၽန္ေတာ္မ်ိဳး...ပုန္စားသူ ကရင္ေတြကို ရသေလာက္ ထိန္းသိမ္းေျပာဆိုထားပါ့မယ္..အရွင္မင္းျမတ္သာ ေဟာ့ဒီက ေဈးငယ္ဗိုလ္နဲ႔အတူ စစ္ေတာင္းဘက္ကို တိမ္းေရွာင္ဖို႔ လိုက္သြားပါ”

သမိန္ေထာမွာ ဘာမွနားမလည္ေတာ့သည့္မ်က္လုံးမ်ားျဖင့္ က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ေန၏။

နန္းေတာ္အေရွ႕ဘက္ဆီမွ ဆူညံသံမ်ားကိုလည္း ၾကားေနရသည္။

“အခ်ိန္ဆြဲေနရင္..အရွင့္ရဲ႕ အသက္ကို တာဝန္မယူပါဘူး..အေနာက္မွာ ဆင္ေတာ္ ရဲျမန္စြာ အသင့္ရွိေနပါၿပီ..အျမန္သာထြက္ေတာ္မူပါ”

“က်ဳပ္ ထီးနန္းကို စြန႔္ရေတာ့မွာလား”

“စိတ္မပူပါနဲ႔..အရွင့္ကို ဒီပလႅင္ေပၚ ကြၽန္ေတာ္မ်ိဳး တင္ေပးခဲ့တာပါ... စြန႔္ရ မစြန႔္ရကေတာ့ အရွင့္အေပၚ မူတည္ပါတယ္”

ဉီးေအာင္လွက လက္အုပ္ခ်ီလ်က္က သမိန္ေထာကို အဓိပၸါယ္ပါပါၾကည့္လိုက္သည္။

သမိန္ေထာက ဉီးေအာင္လွကို ၾကည့္ၿပီး မ်က္ႏွာတစ္ခ်က္မဲ့လိုက္၏။

ထို႔ေနာက္ ႏွင္းသီရိစိတၱာ၏ လက္ကို ဆြဲလိုက္သည္။

နန္းေဆာင္ႏွင့္ မလွမ္းမကမ္း ဉယ်ာဥ္ေတာ္ဘက္တြင္ ဒူးေလးမ်ား၊ လွံရွည္မ်ားကိုင္ထားသည့္ ကရင္လူမ်ိဳးတစ္စုက သူတို႔အေျခအေနကို လွမ္းၾကည့္ေနၾက၏။

“ကဲ..ဒါဆိုလည္း သြားၾကတာေပါ့”

ေဈးငယ္ဗိုလ္ ဉီးေဆာင္သည့္ တပ္မ်ားက သမိန္ေထာႏွင့္ မိဖုရား ႏွင္းသီရိစိတၱာကို ေခၚေဆာင္သြားၾကသည္။

“ခဏေနဉီး..မိဖုရားေခါင္ႀကီးေရာ”

သမိန္ေထာက ဗညားဒလဉီးေအာင္လွကို လွမ္းေမးလိုက္၏။

“သူ႔ကို စိတ္မပူပါနဲ႔...ကြၽန္ေတာ္မ်ိဳးရဲ႕ သမီးကို ကြၽန္ေတာ္မ်ိဳး ေစာင့္ေရွာက္ႏိုင္ပါတယ္”

သမိန္ေထာႏွင့္ ႏွင္းသီရိစိတၱာတို႔ ထြက္ခြာသြားၾကသည္။

ဗညားဒလဉီးေအာင္လွက ထံသို႔ ႏွဲ႐ြဲ႐ြာသူႀကီး ႏွင့္ အမတ္တခ်ိဳ႕ ေရာက္ရွိလာသည္။

ခဏအၾကာတြင္ မိဖုရားအေဆာင္ဘက္ဆီမွ လြီဇာ ႏွင့္ ဂမုန္းတို႔ ပါ ေရာက္ရွိလာၾက၏။

ဂမုန္းက ရွင္ဘုရင္သလြန္ေဘးရွိ ခုံျမင့္တြင္ ဝင္ထိုင္လိုက္သည္။

“အမတ္ႀကီး..နင္ ရွင္ဘုရင္လုပ္ေတာ့မွာလား”

နဲ႐ြဲ႐ြာသူႀကီးက ေမးလိုက္သည္။

ဉီးေအာင္လွက ေခါင္းကို ခါယမ္းလိုက္သည္။

“က်ဳပ္ နဲ႔ ကုန္သည္ႀကီးလြီဇာရယ္၊ ဉီးကို၊ဉီးေမာင္တို႔ တိုင္ပင္ထားတာရွိတယ္.... အခုခ်ိန္က အင္းဝ နဲ႔ က်ဳပ္တို႔ အားၿပိဳင္ေနတဲ့အခ်ိန္ ... အင္းဝဘက္က ျပည္သူေတြ၊ စစ္သည္ေတြစိတ္ထဲမွာက ဟံသာဝတီဘုရင္သည္ အင္းဝမင္း ေသြး ပါတဲ့အတြက္ ဆိုၿပီး စိတ္ထဲ ဒြိဟျဖစ္ ေနၾကေတြရွိေနတယ္...ျပည္ကို က်ဳပ္တို႔ အလြယ္တကူရလိုက္တာလည္း ဒါေၾကာင့္ပဲ...ဒီေတာ့ သမိန္ေထာကိုပဲ ဆက္နန္းတင္မွာပါ”

“ဒါနဲ႔မ်ားဗ်ာ..လူအင္အားေတြစုၿပီး ဒီအထိ သိမ္းပိုက္ရတယ္လို႔..ဘာထူးမွာလဲ”

ဉီးေအာင္လွက ၿပဳံးလိုက္သည္။

“သမိန္ေထာ ဟာ က်ဳပ္တို႔ နန္းတင္ထားခဲ့တာပါ...ဒါေပမယ့္..သူက ေအာက္ေျခလြတ္သြားၿပီ...သူ႔ကိုယ္သူ တကယ့္ စၾကဝေတးမင္းလိုထင္သြားၿပီ..က်ဳပ္တို႔ကို ဘုရားၿပီးသြားတဲ့ ျငမ္းေတြလို သေဘာထားေတာ့မွာ..သူအစြယ္မေပါက္ခင္ က်ဳပ္က ႐ိုက္ခ်ိဳးထားတဲ့သေဘာပါ....သမိန္ေထာကို ေရွာင္ခိုင္းထားခ်ိန္မွာ ဟံသာဝတီမွာ က်ဳပ္တင္တဲ့ ဘုရင္တစ္ပါး ရွိေနလိမ့္မယ္”

“ဘယ္သူလဲ”

ထားကစားက ဝင္ေမးသည္။

“နဲကို ကို က်ဳပ္ ဟံသာဝတီဘုရင္အျဖစ္ ခဏထားမယ္”

“ဟင္..နဲကို ဆိုတာ”

“အဝိုင္း႐ြာက ဘုန္းႀကီးလူထြက္ပဲ...က်ဳပ္ ဆီမွာ အမႈထမ္းဖို႔ လာအပ္ထားတဲ့ လူငယ္ေပါ့”

“သူ႔ကို ဘာျဖစ္လို႔ ရွင္ဘုရင္ေနရာထားမွာလဲ”

“ဟံသာဝတီရဲ႕ ပလႅင္ဟာ ေအာင္လွ ဖန္တီးေပးထားတာဆိုတာကို သာလွ ကေန သမိန္ေထာဘုရင္ျဖစ္လာတဲ့ သင္း ကို သိေစခ်င္တာ..အခ်ိန္မေ႐ြး သူ႔လိုပဲ ဘုန္းႀကီးေက်ာင္းသားတစ္ေယာက္ကို ေခၚၿပီး ပလႅင္ေပၚ ထိုင္ခိုင္းလို႔ရတယ္ဆိုတာကို နားလည္ေစခ်င္တာ...တကယ္လို႔ က်ဳပ္ထီးနန္းကို လိုခ်င္လာတဲ့အခါမွာလည္း..အတင္းလုမယူဘူး..မလႊဲသာလို႔ က်ဳပ္လက္ကို အပ္ရပါတယ္ဆိုတဲ့ အေျခအေနမ်ိဳးေရာက္ေအာင္ တျဖည္းျဖည္း ဖန္တီးယူမယ္.ခင္ဗ်ားတို႔လည္း အဲ့ဒီအခ်က္ကို ၿမဲၿမဲမွတ္ထားပါ...ဒီပလႅင္ေပၚမွာ ထိုင္ႏိုင္ေနတာ တန္ခိုးအာဏာမဟုတ္ဘူး...ဒီပလႅင္ေပၚ ဘယ္သူ႔ကို ျဖစ္ျဖစ္ ထိုင္ခိုင္းႏိုင္တဲ့လူကမွ တကယ့္ တန္ခိုးအာဏာ”

ဉီးေအာင္လွက အားလုံးကို မ်က္လုံးေဝွ႔ၾကည့္လိုက္၏။

အခန္းအတြင္းရွိ လူမ်ားအားလုံးက မ်က္လႊာမ်ား ခ်လိုက္ၾကသည္။

လြီဇာကေတာ့ ခုံေပၚတြင္ထိုင္လ်က္ အပူသည္႐ုပ္ေပါက္ေနေသာ ဂမုန္းကိုသာ ဂ႐ုဏာသက္စြာ လွမ္းၾကည့္ေနသည္။

......................................................................................................................

သမိန္ေထာ ႏွင့္ ဉီးေအာင္လွ တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ခပ္တင္းတင္းၾကည့္ေနၾကသည္။

စစ္ေတာင္းအရပ္ရွိ ေတာတြင္းတဲနန္းမွ သလြန္ေပၚတြင္ သမိန္ေထာက ထိုင္လ်က္။

အျခားစစ္သည္မ်ားက ဒူးေထာက္ေနၾကေသာ္လည္း ဉီးေအာင္လွက မတ္တပ္။

“ဒီ ကရင္ေတြ စနက္က ဘယ္သူလဲဆိုတာ...ငါကိုယ္ေတာ္ ရိပ္မိတယ္..အမတ္ခ်ဳပ္ႀကီး”

“ဘယ္သူမ်ားလဲ..အရွင္”

“က်ဳပ္ ေနာက္ေက်ာကို ဓါးနဲ႔ ထိုးခံရတယ္..အခု ဟံသာဝတီပလႅင္ေပၚကို ဘယ္ကမွန္းမသိတဲ့ လူတစ္ေယာက္ကို တင္ထားၾကတာက ဘာသေဘာလဲ”

“အဝိုင္း႐ြာက ဘုန္းႀကီးလူထြက္ေလးတစ္ေယာက္ပါ..အရွင္မင္းျမတ္...အရွင္မင္းျမတ္သိမွာပါ..အရင္က အရွင္မင္းျမတ္ နဲ႔ ကစားေဖာ္ကစားဖက္ေလ..နဲကို..ကို သိတယ္မဟုတ္လား”

သမိန္ေထာမွာ သလြန္ေပၚမွပင္ ဆတ္ခနဲထလိုက္သည္။

“ဘာလဲ..နဲကို က ဘာကိစၥ က်ဳပ္ပလႅင္ေပၚ ေရာက္ေနရတာလဲ”

“တိုင္းျပည္အုပ္ခ်ဳပ္တဲ့ေနရာမွာ တကယ့္ပလႅင္အစစ္က အဲ့ဒီထိုင္ခုံႀကီးမဟုတ္ပါဘူး..အရွင္မင္းျမတ္...ျပည္သူလူထုနဲ႔ ကိုယ့္ကိုေထာက္ခံၾကတဲ့ အင္အားပါပဲ...ရွင္ဘုရင္ဆိုတာ ျပည္သူဆိုတဲ့ ပလႅင္ေပၚ ထိုင္ၾကရတာပါ...အခု အရွင္မင္းျမတ္ နန္းေတာ္က ထြက္ေျပးတယ္...ျပည္သူဘယ္ႏွစ္ေယာက္မ်ား အရွင္မင္းျမတ္ဘက္က ပါလာပါသလဲ..အရွင္မင္းျမတ္ရဲ႕ တကယ့္ အာဏာက ဘယ္မွာပါလဲ”

သမိန္ေထာက မ်က္စိကို စုံမွိတ္လိုက္ၿပီး သက္ျပင္းခ်သည္။

အသက္ရႈသံမ်ား ျမန္လာၿပီး ရင္ဘတ္ကို လက္ျဖင့္ ဖိလိုက္၏။

“ေဆး..ေဆး”

ႏွင္းသီရိစိတၱာက ေဆးခြက္ကို ယူလာေပးသည္။

“မိဖုရားေခါင္ႀကီး ပါလာတယ္...ဘုရင္မင္းျမတ္ကို သူကိုယ္တိုင္ ေဆးတိုက္လိမ့္မယ္”

ဉီးေအာင္လွ အသံေၾကာင့္ ႏွင္းသီရိစိတၱာမွာ ရပ္တန႔္သြား၏။

ဂမုန္းက ဉီးေအာင္လွအေနာက္မွ ထြက္လာသည္။

ႏွင္းသီရိစိတၱာလက္မွ ေဆးခြက္ကို ယူလိုက္ၿပီး သမိန္ေထာအနီးသို႔ ကပ္သြား၏။

သမိန္ေထာက ဂမုန္း၏ လက္ထဲမွ ေဆးခြက္ကို ပုပ္ခ်လိုက္သည္။

“နင္တို႔ ငါ့ကို ..ဒီလို မဆက္ဆံၾကနဲ႔..နင္တို႔ ဒီလို ဆက္ဆံေနတာ..ရွင္ဘုရင္..ဟံသာဝတီရဲ႕ ရွင္ဘုရင္..သိၾကရဲ႕လား..ငါကရွင္ဘုရင္..ငါက ေဆးတိုက္ဆိုတဲ့လူပဲ ငါ့ကို တိုက္ရမယ္..နင္တိုက္စရာမလိုဘူး..ဂမုန္း..ဒီမယ္..ဉီးေအာင္လွ...အခုပဲ က်ဳပ္ ေယာကၡမေတာ္ လန္ဖုံးၿမိဳ႕စား ကတဆင့္ ဇင္းမယ္ဘုရင္ဆီ ကို စစ္ကူေတာင္းလိုက္ၿပီ..မၾကာခင္မွာ ဟံသာဝတီကို က်ဳပ္ ျပန္သိမ္းမယ္..အဲ့ဒီအခါက် က်ဳပ္ကို ေနာက္ေက်ာက ဓါးနဲ႔ထိုးၿပီး ဟံသာဝတီၿမိဳ႕တံခါးကို ဖြင့္ေပးခဲ့တဲ့သူေတြေရာ၊ သူတို႔ ေဆြမ်ိဳးေတြပါ အကုန္ မီးတိုက္သတ္ပစ္မယ္”

သမိန္ေထာက သူ႔နေဘးတြင္ရပ္ေနေသာ ဂမုန္းကိုပါ ၾကည့္ရင္း ေျပာလိုက္သည္။

ဉီးေအာင္လွက ဂမုန္း၏ လက္ကို ဆြဲကာ သူ႔အေနာက္ဘက္သို႔ ပို႔လိုက္၏။

“ဒါ..ငါ့သမီးေလး...သာလွ....မင္း သူ႔ကို နာၾကင္ေအာင္ လုပ္ေနတာမ်ားၿပီ”

“ေအာင္လွ..မင္း..က ငါ့ကြၽန္...ငါ့လို ရွင္ဘုရင္ကို သာလွလို႔ ေခၚစရာလား..ေဟ့ ငါကိုယ္ေတာ္က ေညာင္ရမ္းမင္းရဲ႕ ေသြးကြ၊ ေမာင္မင္းရဲ႕ သမီးလို ဆင္ခ်ီးႀကဳံးအႏြယ္ကို ငါက မိဖုရားေခါင္ႀကီးအရာေပးတာ လြန္လွၿပီ... ဒီမယ္...ေဟာ့ဒီ ႏွင္းသီရိစိတၱာက ဇင္းမယ္မင္းမ်ိဳးက ဆင္းသက္လာတာကြ...ငါသူ႔ကို အေရးေပးတာ ဆန္းသလား”

ဉီးေအာင္လွက သူ႔လက္ထဲမွ ထန္း႐ြက္စာတစ္ခုကို ျဖန႔္လိုက္သည္။

“ရွင္ဘုရင္တဲ့လား....ဟုတ္ပါၿပီ..အရွင္မင္းျမတ္..ေဟာ့ဒီစာက ဘယ္သူ႔ဆီကလည္း သိပါသလား”
“ဘာစာလဲ”

“အရွင္မင္းျမတ္..အင္းဝစစ္သူႀကီး ကိုးသိန္းသခင္မင္းေခါင္ဆီ စစ္ေျပၿငိမ္းေရးေတာင္းဆိုတဲ့ သဝဏ္လႊာ လွ်ိဳ႕ဝွက္ပို႔လိုက္တာကိုေရာ ကြၽန္ေတာ္မ်ိဳးတို႔ မသိဘူးထင္သလား”

သမိန္ေထာမွ သလြန္ေပၚသို႔ ျပန္ထိုင္ခ်လိုက္သည္။

“ဒီစာကေတာ့ အဲ့ဒီသဝဏ္လႊာနဲ႔ပတ္သက္ၿပီး ကိုးသိန္းသခင္မင္းေခါင္က ျပန္ၾကားတဲ့စာပါ...အရွင္မင္းျမတ္လူေတြလက္ထဲမေရာက္ပဲ ကြၽန္ေတာ္မ်ိဳး လူေတြ လက္ထဲ ေရာက္လာတာကေတာ့...မေတာ္တဆပါပဲ”

“သူ..သူ ဘာျပန္ေရးထားလဲ”

ဉီးေအာင္လွက ခပ္ေလွာင္ေလွာင္ရယ္လိုက္သည္။

“ကြၽန္ေတာ္မ်ိဳးတို႔ ဟံသာဝတီအမတ္ေတြ မသိပါပဲ...အင္းဝနဲ႔ လွ်ိဳ႕ဝွက္စစ္ေျပၿငိမ္းဖို႔ ဘာေၾကာင့္ လုပ္ရတာလဲ...အဲ့ဒါ‌ေလး အရင္ မိန႔္ၾကားေပးပါဉီး..ဘုရင္မင္းျမတ္..ဒီကိစၥကို အင္းဝနဲ႔ စစ္ဆိုင္ေနတဲ့ တပ္မႉးေတြ၊ နန္းတြင္းက အမတ္ေတြ သိသြားရင္ ဘာျဖစ္လာႏိုင္လဲ”

သမိန္ေထာ၏ လက္တို႔ တဆတ္ဆတ္တုန္ေနသည္။

“က်ဳပ္က...အားလုံးၿငိမ္းခ်မ္းဖို႔အတြက္ပါ....အင္းဝဘုရင္ မဟာဓမၼရာဇာဆိုတာ က်ဳပ္နဲ႔ တူဝရီးေတာ္တယ္။ အခု အင္းဝစစ္ကို ဉီးေဆာင္တိုက္ေနတဲ့ ေသနာပတိ ကိုးသိန္းသခင္ဆိုတာလည္း က်ဳပ္နဲ႔ ညီအစ္ကိုဝမ္းကြဲပဲ။ အခုဆို ဇင္းမယ္က လန္ဖုန္းစားကလည္း က်ဳပ္ေယာကၡမေတာ္ေနၿပီ..ေအာက္ဟံသာဝတီႏိုင္ငံေတာ္ကို က်ဳပ္ပိုင္ၿပီ..ဒါေၾကာင့္ က်ဳပ္ရဲ႕ ေဆြမ်ိဳးေတြျဖစ္တဲ့ အင္းဝႏိုင္ငံေတာ္နဲ႔ မဟာမိတ္ဆက္ဆံေရးပဲ တည္ေဆာက္ဖို႔ က်ဳပ္ ဆုံးျဖတ္ခဲ့တာပါ”

ဉီးေအာင္လွက ၿပဳံးေနသည္။

“ကဲ..ရဲမက္ေတြ အားလုံး အျပင္ထြက္ၾက”

“မထြက္ၾကနဲ႔..ေမာင္မင္း က်ဳပ္အသက္ကို ရန္ရွာမလို႔လား”

“အရွင္မင္းျမတ္...ဒီသဝဏ္လႊာထဲမွာ ပါတဲ့ အေၾကာင္းအရာေတြကို အရွင္မင္းျမတ္နဲ႔ ကြၽန္ေတာ္မ်ိဳးပဲ သိထားသင့္တယ္ထင္လို႔ပါ...ကြၽန္ေတာ္မ်ိဳးမွာလည္း အပ္တိုတစ္ေခ်ာင္းေတာင္မပါပါဘူး..အရွင္မင္းျမတ္ ဟံသာဝတီထီးနန္းကို ျပန္လိုခ်င္ေသးတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္မ်ိဳး စကားကို နားေထာင္ပါ”

သမိန္ေထာက အတန္ငယ္တိတ္ဆိတ္ေနသည္။

“ထြက္သြားၾက..ငါေခၚမွ လာၾက”

ရဲမက္မ်ား ထြက္သြားၾက၏။

ဉီးေအာင္လွ က သမိန္ေထာလက္ထဲသို႔ ကိုးသိန္းသခင္ထံမွ ျပန္ပါးသည့္ ထန္း႐ြက္စာကို ေပးလိုက္သည္။

“သာလွငယ္..

ဟံသာဝတီသည္ အင္းဝလက္ေအာက္ခံမွ ထႂကြေသာ သူပုန္နယ္သာျဖစ္သည္။

ဟံသာဝတီသားတို႔သည္ ပိုးစုန္းၾကဴးအား မီးဟု ထင္မွတ္သကဲ့သို႔ သင့္ကိုလည္း ရွင္ဘုရင္၏ ထင္မွတ္ေနသည္ကို ကိုယ့္ကိုကိုယ္ အထင္မႀကီးသင့္။

သင္သည္ ငါတို႔ ႏွင့္ ေသြးသားဆိုေသာ္ျငား သင့္ဖခင္သည္ အင္းဝနန္းကို ပုန္ကန္ခဲ့သူ သူပုန္သာျဖစ္သျဖင့္ ငါတို႔ ေညာင္ရမ္းေသြးမ်ား၏ သစၥာေဖာက္သူပုန္အျဖစ္သာ သတ္မွတ္ထားသည္။

သင္ထံ လန္ဖုန္းစားမွ ဆက္သထားေသာ မင္းသမီးဆိုသည္မွာလည္း လန္ဖုန္းစား၏ သမီးမဟုတ္။

လန္ဖုန္းဘုရားမွ ဘုရားကြၽန္အႀကီးအကဲ၏ သမီးကို သာ လိမ္ညာၿပီး ပို႔ေဆာင္ထားျခင္းျဖစ္သည္။

ဤရွက္ဖြယ္ေကာင္း ရယ္ဖြယ္ေကာင္းေသာအျဖစ္ကို အင္းဝေ႐ႊနန္းရွင္၏ ကြၽန္ေတာ္မ်ိဳး က်ိဳင္းတုံေစာ္ဘြားထံမွ ငါတို႔ ၾကားသိရၿပီးျဖစ္သည္။

သင္သည္ ႏြားေခ်းခ်ပ္ကို အမွီျပဳလ်က္ ျခေသၤမင္းကို အံတုသည့္ ဖားငယ္သာျဖစ္သည္။

ဟံသာဝတီသားတို႔အေနျဖင့္ ခ်မ္းသာသုခအစစ္ကို လိုခ်င္လွ်င္ သင့္ကို ဖမ္းဆီးၿပီး အင္းဝနန္းေတာ္ဆီ ဆက္သပါမွ ရရွိမည္ျဖစ္ေၾကာင္းကြၽႏ္ုပ္ ဤ ရာဇသံျဖင့္ အမိန႔္ေတာ္ခ်မွတ္လိုက္သည္။

မင္းလွေက်ာ္ေခါင္ကိုးသိန္းသခင္ေတာင္ငူရာဇာသတိုးမင္းေခါင္”

သမိန္ေထာမွာ စာကို ဆုပ္ကိုင္ထားရင္း ေက်ာက္႐ုပ္ႀကီးအလား ၿငိမ္သက္ေနသည္။

“အျပင္မွာ ဘယ္သူရွိလဲ..ေျမာက္နန္းစံကို ဒီထဲ လႊတ္လိုက္”

ႏွင္းသီရိစိတၱာ က တဲနန္းအတြင္းသို႔ ဝင္လာ၏။

“နင္က ဘယ္သူလဲ”

သမိန္ေထာ၏ ေအာ္သံေၾကာင့္ ႏွင္းသီရိစိတၱာ မွာ တုန႔္ခနဲျဖစ္သြားသည္။

သမိန္ေထာက ထလာၿပီး ႏွင္းသီရိစိတၱာ၏ ပုခုံးကို ခပ္ၾကမ္းၾကမ္းကိုင္ကာ ေစာင့္လိုက္၏။

“နင္ဘယ္သူလဲ..နင္ဘယ္သူလဲ..နင္က လန္ဖုံးစား သမီးလား...နင္က လန္ဖုံးစားရဲ႕ သမီး..ဇင္းမယ္မင္သမီးတစ္ပါးလို႔..ငါ့ကို ေျဖစမ္းပါ..ေျဖစမ္းပါ.”

“အိ”

ႏွင္းသီရိစိတၱာက ေခါင္းကို ငုံ႔ကာ ငိုခ်လိုက္သည္။

“ႏွင္းသီရိရယ္...”

သမိန္ေထာ အသံက တိမ္ဝင္သြားသည္။

“အျပင္ကလူေတြ ရိပ္မိသြားလို႔မျဖစ္ပါဘူး...ဘုရင္မင္းျမတ္...သတိနည္းနည္းကပ္ပါဉီး..”

သမိန္ေထာမွာ ဉီးေအာင္လွ၏ ေရွ႕တြင္ ဒူးကို ေထာက္ခ်လိုက္သည္။

“က်ဳပ္ မွားပါတယ္..က်ဳပ္ ရႈံးပါတယ္....က်ဳပ္ကို ခင္ဗ်ား သတ္ခ်င္သတ္ေတာ့..သတ္ပါေတာ့”

“အရွင္..မသင့္ေတာ္ပါဘူး..ထပါ..ဟံသာဝတီထီးနန္းက အရွင့္ကို အလိုရွိေနပါေသးတယ္”

ဉီးေအာင္လွက သမိန္ေထာကို ပုခုံးႏွစ္ဖက္မွာ ကိုင္ကာ ထူလိုက္သည္။

“က်ဳပ္ က ဒီနန္းေတာ္ေပၚမွာ ရွိေနေတာ့ေရာ..ဘာထူးမွာလဲ..ဉီးေအာင္လွ..အရာရာ ခင္ဗ်ားသေဘာမဟုတ္လား”

“ဒီလိုလည္း မဟုတ္ပါဘူး....အရွင္မင္းျမတ္...ကြၽန္ေတာ္မ်ိဳးက အရွင္မင္းျမတ္ ေကာင္းက်ိဳးကို အၿမဲေရွးရႈခဲ့တာပါ..ဟိုး ဘုန္းႀကီးေက်ာင္းသားဘဝကတည္းက ကြၽန္ေတာ္မ်ိဳး ျပဳစုပ်ိဳးေထာင္လာခဲ့တာပါ.. ကြၽန္ေတာ္မ်ိဳး ကိုယ္တိုင္ လိုလိုလားလားနဲ႔ အရွင္မင္းျမတ္ကို ဒီပလႅင္ေပၚ တင္ေပးခဲ့တာပါ..ဒါေပမယ့္..အရွင္မင္းျမတ္က ကြၽန္ေတာ္မ်ိဳးတို႔ကို ဘုရားၿပီး ျငမ္းဖ်က္ ေက်းဇူးကန္းတဲ့ သေဘာမ်ိဳးနဲ႔ ဖယ္ထုတ္ဖို႔ ႀကံစည္ခဲ့တာမဟုတ္လား”

“က်ဳပ္က ရွင္ဘုရင္ေလ..ခင္ဗ်ားတို႔ အရာရာစိုးမိုးခ်ယ္လွယ္တာခံေနရတဲ့ ဘဝက ဘယ္ေလာက္ ခံျပင္းစရာေကာင္းလဲ..ခင္ဗ်ားသိလား”

“ကြၽန္ေတာ္မ်ိဳးတို႔ျဖစ္ေစခ်င္တာက ပလႅင္ေပၚမွာ မိဖုရားမ်ားနဲ႔ စံျမန္းၿပီး ေအးေအးသက္သာေနေစခ်င္တာပါ... အရာရာကို ဒီလို ခံစားခ်က္ေတြ ေရွ႕တန္းတင္ၿပီး လိုက္လုပ္တဲ့အခါ အခုလို အမွားေတြ ျဖစ္လာတာပါပဲ”

“အခု ခင္ဗ်ားႏိုင္ပါတယ္...က်ဳပ္ ဘာလုပ္ရမလဲသာေျပာ”

“အရွင္မင္းျမတ္ ဟံသာဝတီကို ျပန္ဝင္ၿပီး မင္းျပဳလို႔ရပါၿပီ”

“သူေရာလား”

“ဘယ္သူလဲ”

“ႏွင္းသီရိစိတၱာ”

“သူ႔နာမည္က ခမ္းနမ္းပါ...ႏွင္းသီရိစိတၱာ ဆိုတာ...လဖုန္းစားက လုပ္ႀကံၿပီးေပးထားတဲ့ ဘြဲ႕ပဲ..လဖုန္းစားရဲ႕ သမီးအရင္းက ဇင္းမယ္ဘုရင္ သားေတာ္နဲ႔ လက္ဆက္ဖို႔ လုပ္ေနၾကပါၿပီ”

“ဘယ္လိုျဖစ္ျဖစ္..က်ဳပ္ သူ႔ကိုေတာ့ မထားခဲ့ႏိုင္ဘူး...သူ႔မွာ အျပစ္မရွိဘူး..ဉီးေအာင္လွ”

ဉီးေအာင္လွက ေျမျပင္တြင္က်ေနေသာ ထန္း႐ြက္စာကို ေကာက္ခါ ဖုန္သုတ္လိုက္သည္။

“အင္းပါ..ဒီစာေလး ကြၽန္ေတာ္မ်ိဳးလက္ထဲမွာပဲရွိေနသမွ် သူက လန္ဖုန္းစားသမီးေတာ္ ဇင္းမယ္မင္းသမီး ႏွင္းသီရိစိတၱာလို႔ပဲ ဟံသာဝတီနန္းတြင္း တစ္ခုလုံးက သိေနေစရပါမယ္..ဒါေပမယ့္...အရွင္မင္းျမတ္ တစ္ခုေတာ့ ကတိေပးပါ”

“ဘာကတိလဲ”

“ဂမုန္းဟာ အရွင္မင္းျမတ္အေပၚ ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိရွာတဲ့ မိဖုရားေခါင္ႀကီးပါ..အဲ့ဒါကို အရွင္မင္းျမတ္လက္ခံရလိမ့္မယ္..သူ႔အေပၚ ထားေနတဲ့ ေအးစက္စက္ ဆက္ဆံေရးေတြကို ျပန္ျပင္ေပးရလိမ့္မယ္..ဒါဆိုရင္ေတာ့ ဟံသာဝတီနန္းေတာ္ဟာ အရွင္မင္းျမတ္ရဲ႕ နန္းေတာ္ အျဖစ္ အၾကာႀကီးရွိေနမွာပါ”

“က်ဳပ္ ကတိေပးပါတယ္”

“ေနာက္တစ္ခုက....တိုင္းျပည္အေရးကိစၥမွာ ကြၽန္ေတာ္မ်ိဳးတို႔ သေဘာမပါပဲ..ဘာကိုမွ မဆုံးျဖတ္ပါနဲ႔.. ဒါကလည္း အရွင့္အက်ိဳးအတြက္ပါ..အဲ့ဒါလည္း ကတိေပးပါ”

“ခင္ဗ်ား သေဘာပဲ..အမတ္ႀကီး...အရာအားလုံး.ခင္ဗ်ားသေဘာပါပဲ”

သမိန္ေထာ၏ အသံတို႔က တုန္ရီေနသည္။     

...........................................................................................................................

၁၇၄၄ မိုးဉတုကာလမ်ားအတြင္း ဟံသာဝတီတပ္မ်ားမွာ ျပည္ၿမိဳ႕တြင္းသာ အခိုင္အလုံေနၿပီး အနီးအပါးၿမိဳ႕မ်ားမွ ဆုတ္ခြာသြားခဲ့ၾကသည္။

ဟံသာဝတီတပ္မ်ား ဆုတ္ခြာသြားၾကေသာအခါ ကိုးသိန္းသခင္သည္ ပဌနဂိုရ္ ၊ မလြန္တို႔တြင္ ခံတပ္မ်ား အဆင့္ဆင့္ခ်ထားခဲ့ၾကသည္။

မလြန္ခံတပ္တြင္ တပ္မႉးအျဖစ္တာဝန္ယူေနေသာ ဗညားက်န္းေတာ၏ နာမည္မွာလည္ အင္းဝနန္းေတာ္အထိ ေက်ာ္ၾကားလာသည္။

ဗညားက်န္းေတာသည္ စစ္ပြဲမ်ားအတြင္း တပ္မႉးတပ္သားမ်ားအေပၚ စီမံအုပ္ခ်ဳပ္ပုံေကာင္းမြန္သည္။ တိုက္ပြဲအတြင္း အျခားတပ္မႉးမ်ားကဲ့သို႔ ေနာက္မွ မကြပ္ကဲပဲ..ေရွ႕တန္းမွ ဓါးလြတ္ကိုင္ တိုက္သျဖင့္ ငယ္သားမ်ားက ေလးစားၾကသည္။

ဗညားက်န္းေတာ၏ တပ္ေၾကာင့္ ဟံသာဝတီသားမ်ားမွာ ေရွ႕မတိုးရဲၾကျခင္းျဖစ္သည္ဟု နာမည္ေက်ာ္သည္။

မၾကာမီ ကိုးသိန္းသခင္က အင္းဝနန္းတြင္းသို႔ဝင္ကာ ဗညားက်န္းေတာအား ဗိုလ္ခ်ဳပ္အရာ ခ်ီးျမႇင့္ေပးရန္ မဟာဓမၼရာဇာဓိပတိထံ တိုက္႐ိုက္ေလွ်ာက္ထားမည္ဟူေသာ သတင္းစကားကလည္း ပ်ံ႕လြင့္ေနသည္။

သို႔ေသာ္ျငား မိုးရာသီကုန္ဆုံးၿပီးစတြင္ ဗညားက်န္းေတာတပ္မ်ားမွာ ျပႆနာတစ္ခုျဖင့္ ႀကဳံရေတာ့သည္။

အျခားမဟုတ္။

ရိကၡာပို႔သည့္ေလွမ်ားသည္ အျခားခံတပ္ၿမိဳ႕မ်ားသို႔ ပို႔ၿပီး မလြန္တပ္အတြက္ ရိကၡာပါမလာၾကေခ်။

ဗညားက်န္းေတာ ၏ တပ္မွာ တျဖည္းျဖည္းႏွင့္ ရိကၡာရွားပါလားသည္။

ထိုအေျခအေနကို အင္းဝရွိ ကိုးသိန္းသခင္ထံ စာပို႔ေသာ္လည္း မည္သို႔ မွ် အေၾကာင္းမထူးခဲ့။

“ဗိုလ္တြန္....အင္းဝဘက္ကို ခင္ဗ်ား ေရာက္ဉီးမလား”

“က်ဳပ္က အစိုးမရဘူး...ဗညား...ဘာမ်ားျဖစ္လို႔လဲ”

“က်ဳပ္တပ္ေတြအတြက္ ရိကၡာမရတာ ႏွစ္လေက်ာ္ၿပီ..က်ဳပ္တို႔လည္း ရွိတာနဲ႔ ၿခိဳးၿခံစားေနတာပဲ..ေနရတာကလည္း နယ္စပ္ကင္းစခန္းဆိုေတာ့ ကိုးသိန္းသခင္ဆီ လူႀကဳံစာႀကဳံနဲ႔ပဲ ဒီအေၾကာင္း သတင္းပို႔ႏိုင္တယ္...သူ႔ဆီကလည္း ဘာမွ မျပန္ၾကားဘူးဗ်ာ”

“တျခားတပ္ေတြအတြက္ေရာ”

“တျခားခံတပ္ေတြ အတြက္ေတာ့ ရိကၡာေလွေတြျဖတ္ျဖတ္သြားတာ..ေတြ႕ေနတာပဲ...တခုခုေတာ့ မွားေနလားလို႔”

ငတြန္က ဧရာဝတီျမစ္ႀကီးကို ေငးကာ တစုံတရာကို ေတြးေနသည္။

“ခင္ဗ်ား သတင္းကလည္း အင္းဝဗိုလ္မႉးေတြၾကားမွာ အေတာ္နာမည္ႀကီးေနတယ္..ဗညား”

“အင္း..အဲ့ဒါနဲ႔ ဆိုင္လို႔လား”

“ရိကၡာကိစၥ စီမံခန႔္ခြဲၾကတာက ဘယ္သူေတြလဲ..သိလား”

“ကိုသိန္းသခင္ကိုယ္တိုင္ေတာ့မဟုတ္ဘူး...အာကာဗိုလ္မႉး ကိုင္တြယ္တာပါ”

“သူနဲ႔ ခင္ဗ်ားနဲ႔ ၾကားမွာ ျပႆနာရွိလား”

“ဟိုတေခါက္က ကိုးသိန္းသခင္တပ္လာစစ္ေတာ့ အာကာဗိုလ္မႉးေရာ၊ ဗိုလ္မႉးဂဇေက်ာ္ ပါ ပါလာၾကတယ္..က်ဳပ္ဆီမွာ ေသာက္စားသြားၾကတာပဲ..ဘာမွ ျပႆနာမရွိပါဘူး”

“သတိေတာ့ထားသင့္ၿပီ...ဗညား”

“က်ဳပ္က စစ္သား၊ စစ္တိုက္ရင္ ႏိုင္ေအာင္တိုက္တယ္။ က်ဳပ္တာဝန္က်ဳပ္ေက်တယ္။ ဒါေပမယ့္ဗ်ာ..အခု က်ဳပ္လက္ေအာက္ငယ္သားေတြ တျဖည္းျဖည္းငတ္ေနၾကၿပီ...နယ္ျခားေစာင့္ကင္းစခန္းဆိုေတာ့ လယ္ဆင္းထြန္ခိုင္းလို႔လဲမျဖစ္ဘူး....ၾကာရင္ေတာ့ က်ဳပ္ က ဒီတိုင္းမေနဘူး”

“ဟင္..ဒီတိုင္းမေနေတာ့ဘာလုပ္မွာလဲ”

“ဟ..ဗိုလ္တြန္ရ...ခင္ဗ်ားက လယ္တစ္ပြဲမွာ စာရင္းငွားလုပ္ေနတယ္..လယ္ရွင္က ထမင္းပို႔ေတာ့ ခင္ဗ်ားနဲ႔အတူ လုပ္ေနတဲ့စာရင္းငွားေတြကိုပဲ ထမင္းေတာင္းပို႔တယ္..ခင္ဗ်ားအတြက္ မပါဘူးဆို ခင္ဗ်ား ဘာလုပ္မွာလဲ”

“လုမွာေပါ့ဗ်”

“ဒါပဲ..ဗိုလ္တြန္..ခင္ဗ်ားကို က်ဳပ္ ညီအကိုလိုခင္တာ ဒါပဲ....က်ဳပ္တို႔မွာ တခ်ိဳ႕ကိစၥေတြအတြက္ စကားေတြအမ်ားႀကီးေျပာရမွာ ပ်င္းတယ္မဟုတ္လား”

ငတြန္က ဗညားက်န္းေတာ၏ လက္ေမာင္းကို လက္သီးျဖင့္ ထိုးလိုက္သည္။

“ဘာပဲျဖစ္ျဖစ္..တခုခု လုပ္မယ္ဆို...က်ဳပ္ကိုေတာ့ ေစာင့္ဉီး...တိုင္ပင္ဉီး..အင္းဝသားေတြအေၾကာင္း ခင္ဗ်ားထက္ က်ဳပ္ကပိုသိတယ္..အလ်င္စလိုမလုပ္ပါနဲ႔”

“ဒီျမစ္ျပင္တေၾကာ ေမ်ာေနတဲ့ ေပၚေတာ္မူမင္းသားႀကီးငတြန္ ကို ေစာင့္ၿပီးမွ လုပ္ရမယ္ဆိုရင္ေတာ့ က်ဳပ္တပ္ေတြ ငတ္ေသမွာဗ်ိဳး..ဗိုလ္တြန္ေရ....ဟားဟား”

ခက္ေဇာ္


Comments

Post a Comment