AVA 1740s (S2) အခန်း ၁၀

AVA 1740s (Season 2)

                                                                       အခန်း(၁၀)

                                                             ...............................................

သန်လျင်၊ ဝက်သာတံခါး။

ညမှောင်မှောင်တွင် လူရိပ်တစ်ချို့ ချဉ်းကပ်လာသည်။

မြို့ရိုးတံခါးအနီးရှိ အင်းဝတပ်များမှာ အရက်များသောက်စားကာ ဆူညံနေကြဆဲ။

အချို့လည်း မူးယစ်ကာ အိပ်ပျော်နေကြ၏။

သန်လျင်မြို့ဝန် ဗညားဗြသိဒ္ဓိသည် ဟံသာဝတီမှ ရောက်လာသော လက်ျာဗိုလ်၊ ဈေးငယ်ဗိုလ် တို့၏ တပ်ကူများနှင့်အတူ သန်လျင်သို့ ပြန်လည်ချဉ်းကပ်လာကြခြင်းဖြစ်သည်။

လက်ျာဗိုလ်က လက်ဖြင့် အချက်ပြလိုက်သည်။

အမှောင်ထဲတွင် ဖြည်းညှင်းစွာတိုးလာသော မြတပူအမြှောက်လှည်းကလေးများ ကို တပ်သားများက အစီအရီနေရာချလိုက်၏။

သံကျွတ်ဖြင့် ပြုလုပ်ထားပြီး ယမ်း၊ကန့်၊ ကျောက်မှုန့်၊ မီးသွေးမှုန့်များရောစပ်ထားသည့် မြတပူကျည်တောင့်ကို သယ်ဆောင်လာသည့် စစ်သည်များလည်း အသင့်နေရာယူကြသည်။

ထို့နောက် ဒုံးကျည်ဆံတောင့်များကို မြတံပူအမြှောက်၏ အနောက်ဘက်မှထည့်ပြီး ယမ်းကြိုးများကို အစဉ်လိုက် မီးရှို့လိုက်ကြတော့သည်။

“ရွှီး..ရွှီး..ရွှီး”

မြတပူအမြှောက်မှ ထွက်လာသော ဒုံးကျည်ဆံ များသည် ဝက်သာတံခါးအနီးသောက်စားနေသော အင်းဝတပ်များထံသို့ တစ်လုံးပြီး တစ်လုံး တည့်တည့်မတ်မတ်ဝင်ရောက်လာသည်။

ထိုနေရာတွင်ပင် အင်းဝတပ်သား ၅၀ ခန့် ကျဆုံးသွားတော့၏။

တပြိုင်နက်တည်းတွင် ဟံသာဝတီတပ်များက ဟင်းလင်းပွင့်နေသော ဝက်သာတံခါးမှ တဆင့် ညာသံပေးကာ ဝင်ရောက်လာကြတော့သည်။

သေနတ်သံ၊ ဒုံးသံများကြောင့် မြို့တွင်းရှိ တပ်များမှာ သောက်စားမူးယစ်နေရာမှ လက်နက်များကို ကောက်ဆွဲလိုက်ကြသည်။

မည်သည့်နေရာတွင် တိုက်ပွဲဖြစ်နေမှန်း ခန့်မှန်းကာ တပ်များချီတက်ရန် ပြင်ကြသည်။

ထိုအချိန်တွင် ဆိပ်ကမ်းရှိ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီဝန်းတံခါးသည် ရုတ်တရက်ပွင့်လာ၏။

တံခါးအတွင်းမှ ကုမ္ပဏီမှ ဝှက်ပေးထားသည့် သန်လျင်မြို့စောင့်တပ်သားများ၊ ကုမ္ပဏီမှငှားရမ်းထားသည့် ပထန်စစ်သည်များ၊ ကပ္ပလီစစ်သည်များသည် လက်နက်အပြည့်အစုံဖြင့် ထွက်လာကာ..မြို့လယ်ရှိ အင်းဝတပ်များကို ဝင်ရောက်တိုက်ခိုက်တော့သည်။

နှစ်ဖက်ညှပ်ကာ အလစ်အငိုက်တိုက်ခိုက်ခံရသည့်အပြင် အရက်သေစာများ မူးယစ်နေကြသဖြင့် အင်းဝတပ်များမှာ အကျအဆုံးများလာခဲ့သည်။

ကိုးသိန်းသခင် နှင့် အင်းဝဗိုလ်မှူးများမှာ တိုက်ပွဲအလယ်တွင် ရောက်နေကြ၏။

“ကိုးသိန်းသခင်ကို အရှင်ဖမ်းဟေ့....ကိုးသိန်းသခင်ကို အရှင်ဖမ်းဖို့ အမိန့်တော်ပါတယ်ဟေ့”

နှစ်ရက်တာ ခေတ္တမျှ ငြိမ်သက်နေသော သန်လျင်ညသည် တိုက်ခိုက်သံများဖြင့် ညံနေလေပြန်တော့သည်။

အချို့ အင်းဝစစ်သားများမှာ ဒဏ်ရာများဖြင့် သွေးရူးသွေးတန်းဖြင့် ပြေးလွှားရင်း ကုန်းပေါ်ရှိ ဘုရားရှိခိုးကျောင်းဝင်း တံခါးသို့ ရောက်လာကြပြန်သည်။

ယခုတစ်ခါတွင်တော့ ဖာသာနာရေနီကိုယ်တိုင် ထွက်ကာ ဒဏ်ရာရသူများကို ဘုရားရှိခိုးကျောင်းဝန်းအတွင်းသို့ ဆွဲသွင်းကာ ပြုစုကုသပေးသည်။

ပခန်းကြီးရှင်ယောင်တပ်နှင့် ငါးဆူဘုံကျော်ရှင်ပျက်တပ်တို့မှာ ဟံသာဝတီတပ်များကို အသေခံကာ တိုက်ခိုက်ကြသည်။

သို့သော် အရက်သေစာများသောက်စားထားသဖြင့် အားလုံးနီးပါး အသက်ဆုံးရှုံးရတော့သည်။

တိုက်ပွဲကား ငါးနာရီကျော်ကြာမြင့်၏။

ကိုးသိန်းသခင်နှင့် အင်းဝ စစ်ဉီးစီးအဖွဲ့မှာ တိုက်ပွဲအတွင်းမှ ဖောက်ထွက်ပြီး ရေကြောင်းဖြင့် ထွက်ခွာသွားပြီးသည့်နောက်တွင်တော့ အင်းဝတပ်များမှာ လက်နက်ချအညံ့ခံလိုက်ကြရသည်။

၁၇၄၃ နိုဝင်ဘာ ၂၄ နံနက်တွင်တော့ သန်လျင်သည် ဟံသာဝတီလက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

လေးရက်တာကာလအတွင်း နှစ်ဖက်စစ်သည်ပေါင်း ငါးထောင် ကျော် ကျဆုံးခဲ့ရသည်။ ပြည်သူအများအပြားသေဆုံးခဲ့ပြီး သန်လျင်မြို့သည်လည်း မီးလောင်ပြင်ဖြစ်ခဲ့ရ၏။

လွီဇာသည် ငဇင်ကာကုန်းပေါ်တွင် မတ်တပ်ရပ်လျက် မီးလောင်ပြင်အဖြစ် ပျက်စီးနေသည့် သန်လျင်မြို့ကြီးကို ငေးကြည့်နေသည်။

ထိုအချိန်တွင် ဟံသာဝတီအလံများ တလူလူလွင့်နေသည့် မြင်းတပ်တတပ်က ဘုရားကျောင်းကုန်းပေါ်သို့ တက်လာ၏။

သန်လျင်မြို့ဝန် ဗညားဗြသိဒ္ဓိ ဉီးဆောင်သော တပ်များ။

“ခင်ကြီးတို့..တိုက်ပွဲထဲမှာ အင်းဝစစ်သားတွေကို လက်ခံထားတယ်ဆိုတာ ကျုပ်တို့ သိတယ်..အဲ့ဒီအတွက် အပြစ်ရှိတယ်ဆိုတာ မသိတာလား”

ဖာသာနာရေနီမှာ မျက်စိမျက်နှာပျက်နေ၏။

ဟံသာဝတီတပ်များက လှံရှည်များဖြင့် ဖာသာနာရေနီ၏ လည်ပင်းကို ထောက်ထားလိုက်ကြသည်။

ထိုအချိန်တွင် လွီဇာက အနောက်ဘက်မှ ရောက်လာသည်။

“အင်းဝသားတွေ တင်မဟုတ်ပါဘူး...သန်လျင်သားတွေ ၊ မြို့စောင့်တပ်သားတွေ ဒဏ်ရာရခဲ့တုန်းကလည်း ဖာသာတို့က လက်ခံကုသပေးထားတာပါ..ဒီဘုရားကျောင်းထဲမှာ.အင်းဝ၊ဟံသာဝတီမရှိပါဘူး..ဒဏ်ရာရနေတဲ့လူတွေပဲ ရှိပါတယ်..မြို့ဝန်မင်း”

“ဪ...ကုန်သည်တော်ကြီးလည်း ဒီမှာရှိနေတာကိုး..ဘယ်လိုဖြစ်ဖြစ်..အခုက စစ်ပွဲက မပြီးသေးတဲ့အတွက်...ကျုပ်တို့က ဘုန်းတော်ကြီးဘုရားအမိန့်တော်အရ အလုပ်လုပ်ကြရမှာပါပဲ... စစ်ပွဲအတွင်း ရန်သူ့ကို လက်ခံထားတာဟာ သစ္စာဖောက်တာလို့ ကျုပ်တို့ ယူဆပါတယ်”

ထိုအချိန်တွင် နောက်ထပ် ဟံသာဝတီအလံလွှင့်ထားသည့် စစ်တပ်တစ်တပ် ကုန်းပေါ်သို့ ထပ်မံချီတက်လာသည်။

လက်ျာဗိုလ်။

နဘေးတွင် ကုမ္ပဏီတာဝန်ခံ ရေဝန် ဂျွန်နသန်စမစ်လည်းပါလာသည်။

“မြိုဝန်မင်း...အခုပဲ..ရေဝန်က ကျုပ်ကို အကုန်ရှင်းပြပြီးပါပြီ..သန်လျင်ဝင်တိုက်ခံရတဲ့ညတုန်းက ဒဏ်ရာရ စစ်သည်တွေ၊ ပြည်သူတွေကို ဒီဘုရားကျောင်းက ကူညီပေးခဲ့တာပါ..ဒီကိစ္စကို ကျုပ် တာဝန်ယူရှင်းလိုက်ပါ့မယ်..မြို့ဝန်မင်းက ရသမျှရေတပ်တွေနဲ့ စုစည်းပြီး ကိုးသိန်းသခင်မင်းခေါင် နောက်ကို လိုက်ဖို့ အမိန့်တော်ပါတယ်...ကိုးသိန်းသခင်ကို အရှင်ဖမ်းတာလိုချင်တယ်လို့ ဘုရင်မင်းမြတ်က မိန့်လိုက်ပါတယ်”

“ကောင်းပါပြီ..ဗိုလ်မင်း...တစ်ခုတော့ ပြောပါရစေ...မြို့ထဲမှာ မီးကြွင်းမီးစ မထားတာအကောင်းဆုံးပါ.. အင်းဝသားတွေ သန်လျင်ကို သိမ်းပြီး မီးကြွင်းထားခဲ့မိလို့ အခုလို လက်လွတ်လိုက်ရတာကို သတိမူပေးပါ... အခုလည်း အင်းဝစစ်သည်တချို့ကို ဒီဘုရားကျောင်းထဲ မှာ ဝှက်ပေးထားကြပါတယ်”

“ကဲ..မြို့ဝန်မင်း..ဒါက ကျုပ်ကိစ္စဖြစ်သွားပါပြီ..ခင်ဗျားက ရန်သူနောက်ကို အမြန်လိုက်ဖို့ လုပ်ပါ..ရန်သူဝင်တိုက်ချိန်မှာ ခင်ဗျားက မြို့ထဲမှာလည်း ရှိမနေဘူး...အခုလည်း ဘုရင့်အမိန့်အရ ကိုးသိန်းသခင်နောက် လိုက်ခိုင်းတာကို ဒီမှာအချိန်လာဆွဲနေရင်တော့..ခင်ဗျားမှာ မင်းဒဏ်သင့်စရာ အပြစ်တွေပိုများသွားမယ်နော်”

ဗညားဗြသိဒ္ဓိ က စကားတစ်ခွန်းမှ မပြောတော့ပဲ လှည့်ထွက်သွားသည်။

ဘာနာဘိုက်ဘုရားရှိခိုးကျောင်းအတွင်း ညည်းညူသံများ၊ စကားပြောသံများ ဆူညံနေ၏။

ဘုရားကျောင်းတံခါးပွင့်သွားပြီး ဟံသာဝတီစစ်သူကြီးဝတ်စုံဝတ်ထားသူတစ်ဉီး ဝင်လာသောအခါ အားလုံး တိတ်ဆိတ်သွားတော့သည်။

ဘုရားကျောင်းနေရာအနှံ့သို့ ဟံသာဝတီတပ်များက နေရာယူလိုက်ကြ၏။

“အင်းဝသားတွေပါရင်...ဒီဘက်ကို သက်သက်ခွဲထွက်ခဲ့ပါ...မထနိုင်တဲ့သူတွေတော့ နေရာမှာပဲ နေပြီး လက်ထောင်ပြထားပါ”

အင်းဝစစ်သည်တို့က လက်ျာဗိုလ်ညွှန်ပြသည့်ဘက်သို့ ခပ်ဖြည်းဖြည်း ရောက်လာကာ ဒူးတုတ်ထိုင်လိုက်ကြ၏။

“ဈေးငယ်ဗိုလ်..သူတို့ကို နာမည်၊ ရာထူးအဆင့် တွေ သေချာကောက်ယူပါ...ပြီးရင် အကုန်လုံးကို သစ္စာပေးဖို့လုပ်ပါ..သစ္စာမခံသူ...အကုန်သေဒဏ်”

ထို့နောက် လက်ျာဗိုလ်က ဘုရားကျောင်းအနောက်ဆီသို့ ဆက်လက်ဝင်သွားသည်။

ဖာသာနာရေနီက လက်ျာဗိုလ် ဆီသို့ လမ်းလျှောက်လာကာ ပြုံးပြလိုက်၏။

“ဖာသာ..ဘေးကင်းပါတယ်နော်”

“အင်း.ကင်းပါတယ်..ဗိုလ်မင်းရယ်..မောလာတယ်ထင်တယ်..ရေသောက်လိုက်ပါဉီး”

ဖာသာနာရေနီက လက်ထဲမှ ရေတကောင်းကို ကမ်းလိုက်၏။

လက်ျာဗိုလ်က ရေကို တငုံငုံလိုက်ပြီး နာရေနီကို ပြုံးပြလိုက်သည်။

 ထို့နောက်..
“မြတ်ဝါရော....မြတ်ဝါ...သူ့အခြေအနေကောင်းရဲ့လား”

ဘေးနားမှ ပါလာသည့် လွီဇာက မြတ်ဝါ ထိုင်နေသည့် နေရာသို့ ညွှန်ပြလိုက်သည်။

မြတ်ဝါက လူမမာတစ်ယောက်၏ ခြေထောက်မှ ဒဏ်ရာကို ဆေးထည့်ပေးရင်းမှ လက်ျာဗိုလ်ကို ပြုံးပြလိုက်သည်။

လက်ျာဗိုလ်က မြတ်ဝါထံသို့ လျှောက်သွား၏။

“ဉီးက မြတ်ဝါကို စိတ်ပူနေတာ..သန်လျင်မှာ မြတ်ဝါတို့ကလည်းရှိနေတော့ တလမ်းလုံး ဘာမှမဖြစ်ပါစေနဲ့ဆုတောင်းပြီး အမြန်ချီတက်လာရတာ...သူငယ်မရဲ့”

“မြတ်ဝါ ဘာမှ မဖြစ်ပါဘူး..ဒီမှာ ဒဏ်ရာရသူတွေကို ဖာသာတို့နဲ့အတူ ကူပေးနေတာပါ..ဉီး”

“ဒါနဲ့ မြတ်ဝါ စစ်ဝတ်စုံတွေမြင်ရင် အရင်လို မလန့်တော့ဘူးနော်”

“ဉီးကို စစ်ဝတ်စုံနဲ့တွဲမြင်လိုက်ရရင် မြတ်ဝါမလန့်တော့ပါဘူး..ဉီးက စစ်ဝတ်စုံဝတ်ထားပေမယ့်..လူဆိုးမှ မဟုတ်တာပဲ”

လက်ျာဗိုလ်က မြတ်ဝါ၏ ဆံပင်များကို လက်ဖြင့် ပွတ်ကာ ရယ်မောလိုက်သည်။

ဖာသာနာရေနီက ထိုမြင်ကွင်းကို ငေးကာ ရေတကောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းငုံ့လိုက်သည်။

လွီဇာက ဖာသာနာရေနီ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း အားပေးလိုက်၏။

................................................................................................................

ကိုးသိန်းသခင်မင်းခေါင်သည် ဟံသာဝတီရေတပ်၏ နောက်မှ လိုက်လံတိုက်ခိုက်ခြင်းကို ခုခံရင်း ပြည်မြို့သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ဟံသာဝတီကြည်းတပ်များကလည်း ပန်းတောင်းဘက်မှ ပြည်မြို့သို့ ဝန်းရံတိုက်ခိုက်နေချိန်ဖြစ်သည်။

ကိုးသိန်းသခင်နှင့် ပြည်မြို့စောင့်တပ်မှူး သတိုးမင်းစော တို့မှာ ရန်သူ၏ နှစ်ဖက်ညှပ်တိုက်ခိုက်မှုကြောင့်ပြည်ကို စွန့်ခွာကာ အင်းဝသို့ ဆုတ်ခွာကြသည်။

ဟံသာဝတီတပ်များ ပြည်ကို ရရှိပြီး တလအကြာတွင်ပင် အင်းဝမှ တိုက်လှေ သတိုးမင်းစောမှာ အင်းဝမှ စစ်အင်အားများဖြင့် ပြည်ကို ပြန်လည်တိုက်ခိုက်သည်။

ကိုးသိန်းသခင်မင်းခေါင်က ညောင်ဉီးတွင် တိုက်လှေ(၇၀၀)ဖြင့် အထိုင်တပ်ချထားပြီး ဗညားကျန်းတော က တိုက်လှေ(၅၀၀)ဖြင့် ပြည်ကို ရေကြောင်းအတိုင်း စုန်ဆင်းကာ တိုက်ခိုက်ခဲ့သည်။

ဟံသာဝတီတပ်များမှာ အင်းဝ၏ တန်ပြန်ထိုးစစ် အကြောင့် ပြည်ကို စွန့်ခွာကာ ပြည်အထက်ဘက်ရှိ ဧရာဝတီ အနောက်ဖက်ကမ်းရှိ မလွန်မြို့ကို သိမ်းပိုက်ကာ အခိုင်အလုံနေကြသည်။

ထို့နောက် အထက်အညာမှ ပြည်သို့ ရိက္ခာပို့ရန်စုန်ဆင်းလာသော ဝန်တင်လှေဟူသမျှကို ဟံသာဝတီတပ်များက လုယက်တိုက်ခိုက်ကာ ဖျက်စီးပစ်ကြသည်။

အင်းဝသည် ပြည်မြို့ကို ပြန်လည်ရရှိသော်လည်း ရိက္ခာအခက်အခဲဖြစ်လာသည်။

မြို့သားများမှာ ငတ်မွတ်ခေါင်းပါးလာကြ၏။

မြို့ခံလူထုများတွင် ဟံသာဝတီနှင့် ပူးပေါင်းလိုသည့်အစုက အားကောင်းလာသည်။

နောက်ဆုံးတွင် သတိုးမင်းစော သည် မြို့တွင်းတွင်ပင် လုပ်ကြံပုန်ကန်ကြမည်ကို စိုးရိမ်သဖြင့် ပြည်မြို့ကို စွန့်ခွာကာ တောင်တွင်းကြီးသို့ ဆုတ်ခွာသွားခဲ့သည်။

အင်းဝဗိုလ်မှူး ဗညားကျန်းတောမှာအနောက်ဖက်သို့ကူး၍ မင်းတုန်းတွင် ခံတပ်တည်နေရသည်။

ပြည်မြို့ကား ဟံသာဝတီတပ်များလက်တွင်းသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။

ဟံသာဝတီသည် မြန်မာပြည်အောက်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

.........................................................................................................................

“နဂါးဖို က ကိုသာကျောက် ကလည်း အလုံးအရင်းနဲ့ အင်အားစုနေတယ်..သူကလည်း မင်းရဲနန္ဒမိတ်ဘုရင်ကနေ ဆင်းသက်လာတဲ့ အနွယ်တော် မင်းသားဗိုလ်နဂါး ဆိုပြီး နာမည်ကြီးနေတော့ ခိုဝင်သူက များတယ်....အင်း ဖိုသုံးဖို တစ်ဖိုမီးတောက်မယ်ဆိုတဲ့ တဘောင်ကလည်း ခေတ်စားနေတော့..”

ဒေါ်ဇံကုလားက မျက်ရိပ်ပြလိုက်သဖြင့် ချစ်ဝ ပြောလက်စစကားကို ရပ်လိုက်သည်။

ချစ်ညိုက မြေခရားထဲမှ ရေနွေးတစ်ခွက်ကို ငှဲ့လိုက်၏။

“လောလောဆယ် မုဆိုးဖို ဆီ ရွာသုံးဆယ် ခိုဝင်သွားပြီ...ထန်းလုံးတွေကို မြို့ရိုးပုံစံ သေချာ စနစ်တကျ လုပ်ထားကြတယ်...သဘောကတော့ ခင်ဉီးလိုမျိုး မြို့တစ်မြို့အနေအထား အခိုင်အလုံ လုပ်နေတာပဲ..ကျန်တဲ့သူတွေက ဝေးတယ်...ကျွန်တော်တို့ တကယ်သတိထားရမှာက မုဆိုးဖိုက အောင်ဇေယျပဲ အမေ”

“အောင်ဇေယျ ဇာတာကို ရအောင် ယူလာခိုင်းတာ...ယူပြီးပြီလား ချစ်မြ”

“သူ့ဆရာတော်ကျောင်းက ကပ္ပိယကြီးပေးလိုက်တဲ့ ဇာတာပါ...မူရင်းတော့မဟုတ်ပေမယ့်..ဆရာတော်ဆီ ကျန်ရစ်တဲ့ မှတ်တမ်းပုရိပိုက်ကို ကူးထားတာပါ..အဲ့ဒီအတွက် ငွေ ငါးကျပ်သား ပေးလိုက်ရတယ်..အမေ”

ချစ်မြက ပေရွက်တစ်ရွက်ကို ဒေါ်ဇံကုလားထံ လှမ်းပေးလိုက်၏။

ဒေါ်ဇံကုလားက ချစ်ညို၏ ဇာတာခွင်နှင့် အောင်ဇေယျ၏ ဇာတာခွင်များကို နှစ်ခု ယှဉ်ထားပြီး တလှည့်စီ ကြည့်လိုက်သည်။

“အောင်ဇေယျ ဟာ ရှင်ဘုရင်ဖြစ်မယ့်ဇာတာပဲ....သူရှိနေသမျှ မင်းမှာ ဘုရင်ဖြစ်ကံမရှိဘူး..မောင်ချစ်ညို... နောက်နှစ် အတာကူးချိန်မတိုင်ခင်...အောင်ဇေယျကို မင်းလက်နဲ့ သတ်မှဖြစ်လိမ့်မယ်...နို့မဟုတ်ရင်....မင်းဟာ ရှင်ဘုရင်မဖြစ်ပဲ ခန္ဓာပျက်ကိန်းမြင်တယ်..ငါ့သား”

“မယ်ဇံ....တိုင်းရေးပြည်ရေးက နေ့လားညလားပဲ..ဟံသာဝတီစစ်က အေးသေးတာမဟုတ်ဘူး...နင့်သားတွေကို ဒီလို ဘုရင်ရူးအောင် နင်မြှောက်ပေးနေရင် ဘုရင်မဖြစ်ခင်.. မင်းလောင်းဆိုပြီး အင်းဝက လာသတ်တာခံနေရမယ်..စကားပြောတာတွေ အစစအရာရာသတိထားပါကွယ်”

ဒေါ်ဇံကုလားက ဉီးလုံးကို မျက်နှာထားတည်တည်ဖြင့် စိုက်ကြည့်လိုက်၏။

“ဒီမယ်..တစ်ပြည်လုံးက မြို့ရွာတွေကို ရှင်ဘုရင်က ဆူးတပ်၊ သစ်တပ်တွေ ကာခိုင်းလိုက်တယ်..ကိုယ့်သဘောကိုယ်ဆောင်ခိုင်းလိုက်တယ်..အဲ့ဒါဟာ သူ့ရဲ့ အာဏာစက် လျော့ကျလာတဲ့သဘောပဲ...ရှင်နားလည်ထားဖို့က အခု ဆူးတပ် ၊ သစ်တပ်ကာပြီးနေတဲ့ မြို့စား၊ ရွာစားတိုင်းမှာ ရှင်ဘုရင်အိပ်မက်တွေ ရှိနေတယ်ဆိုတာပဲ...ကျွန်မသားတွေ ဟာ တစ်ချိန်မှာ ရှင်ဘုရင်ဖြစ်ရမယ်..ချစ်ညိုဟာ ရှင်ဘုရင်လောင်းပဲ..”

ဒေါ်ဇံကုလား၏ စကားအဆုံးတွင် ချစ်ညို က ရင်ကို ကော့လိုက်ပြီး လက်ပန်းခတ်လိုက်သည်။

အင်းဝသည် ဟံသာဝတီနှင့် စစ်ဖြစ်ပွားနေချိန်တွင် ပြည်တွင်းမှ ဓါးပြသူခိုးရန်များကို ကာကွယ်ရန် လျစ်လျှူရှု့ခဲ့သည်။

ထို့ပြင် မြို့စား၊ရွာစားများ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ခွင့်အဖြစ် ဆူးတပ်၊ သစ်တပ်များ ကာရန် တရားဝင်ခွင့်ပြုလိုက်မှုကြောင့် ခံတပ်ပုံစံ မြို့များ၊ ရွာများစွာ ပေါ်ပေါက်လာခဲ့သည်။

ဆင်တဲဝချောင်းတောင်ဘက်ရွာများတွင် မြင်းစီးကြီး စလင်္ကာသူ၊တလုပ်မြို့အနီးအပါးရွာများကို စုရုံးထားပြီး ရန္တပိုရွာတွင် တပ်တည်နေသော သန္နီဒိုင်းအစုသား ငလှ၊ ပုခန်းဒေသမှ ရွာများကို စုစည်းထားသော ရှမ်းမြင်းအစုသား ဇေယျကျော်ထင်၊ ဗန့်ကျီတိုက်နယ် တွင် ငသာ၊ ဆားလင်းကြီး သပြေငါးရွာသူကြီး ဗလကျော်သူ၊ ကျွန်းချောင်းရွာမှ ငစံ၊ သန္တီတွင် ရန်အောင်ဘီလူး၊ ညောင်ပင်ဒိုင်းတွင် ရွာသားမင်းသား၊ နဂါးဖိုတွင် ငသာကျောက်ခေါ် ဗိုလ်နဂါး ၊ ပိတ္တောကိုးပင်တွင် ငအောင်မြတ်ကျော်၊ ဆင်နင်း၊ အင်းဘဲ၊ သရိုင်ရွာများတွင် ဆင်နင်းဗိုလ်ပန္တရန္တကျော်၊ ခင်ဉီးမြို့တွင် မြင်းစီးကြီး ဉီးလုံးနှင့် သားများဖြစ်သော ချစ်ညို၊ ချစ်မြ၊ ချစ်ဝ၊ မုဆိုးဖိုတွင် အောင်ဇေယျ၊ စဉ့်ကိုင်တွင် တောကျားနတ်၊ မုံရွေးရွှေကျောင်းတွင် ရန်အောင်ကျော်ထင်၊ တနင်္ဂသီရွာတွင် လင်ဇင်းမိဖုရား၏ ကိုယ်ရံတပ်မှူး နန္ဒဝေ တို့ စသည်ဖြင့် မြို့ရွာများကို အခိုင်အလုံနေကြသည်။

မတ္တရာ၊အုတ်ဖို ဘက်တွင်လည်း ဂုဏ္ဏအိမ် အကြီးအကဲပြုထားသည့် ကွေ့များနှင့် မွန်တို့မှာ ပူးပေါင်းပြီး အင်အားကြီးမားလာနေသည်။

အင်းဝပျက်ပြီး မင်းလောင်းပေါ်ထွက်မည်ဆိုသော အတိတ်တပေါင်များကလည်း မျိုးစုံ ပေါ်ထွက်နေ၏။

ထိုသို့ သစ်တပ်ဆူးတပ်တို့ဖြင့် အင်အားစုနေသူအသီးသီးတွင်လည်း ရှင်ဘုရင်အိပ်မက်ကိုယ်စီတို့ဖြင့်။

ထိုအခြေအနေတွင် ခင်ဉီးမှ ချစ်ညို ညီအကိုများမှာ အင်းဝကိုးသိန်းသခင်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့်အတွက် စစ်ရေးစစ်ရာတွင် နာမည်ကြီးသည်။

သို့သော်ငြား ဆွေမျိုးအင်အားတောင့်တင်းများပြားပြီး အနီးအနားကျေးရွာများအထိ စည်းရုံးရေးကောင်းသော အောင်ဇေယျ မှာ ခင်ဉီးနှင့် အပြိုင် မုဆိုးဖိုရွာစုကြီးကို ထူထောင်အင်အားစုလာနိုင်ခဲ့သည်။

ထို့ကြောင့် ချစ်ညိုမှာ အောင်ဇေယျအား အင်အားကြီးထွားမလာခင်တွင် ရှင်းပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။

...............................................................................

“မိငယ်တို့ သားအမိ စစ်ကိုင်းက အိမ်မှာ ပြန်နေရမယ်”

အောင်ဇေယျ၏ စကားကြောင့် မိခင်ကြီးဖြစ်သူ ဘွားငြိမ်းဉီး မှာ သူ့လက်ထဲတွင် ချီထားသော ညိုမြလေးကို ခပ်တင်းတင်းဖက်ထားလိုက်သည်။

“ငါ့မြေးမလေးက ငယ်သေးတယ်...ဘာကိစ္စ သူတို့ သားအမိနှစ်ယောက်တည်း စစ်ကိုင်းမှာ သွားနေရမှာလဲ...အောင်ဇေယျ..စစ်ကိုင်းဟာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မင်းမသိလို့လား”

“သူတစ်ယောက်တည်းမဟုတ်ပါဘူး..အမေ..ငကောင်းတို့ လင်မယားကိုလည်း ထည့်ပေးလိုက်မှာပါ...ကျွန်တော့်အတွက် စစ်ကိုင်းမှာ လူခံလိုတယ်...မိငယ်က စစ်ကိုင်းမှာ ပေါက်ပေါက်ရောက်ရောက်ရှိတယ်..အမေ”

“ခေါ်လာတုန်းကလည်း ရှင့်သဘောနဲ့ ရှင်ပဲ..အခုကျတော့လည်း ကလေးမကို အချိန်မရွေး စစ်မြေပြင်လို ဖြစ်နေတဲ့နေရာကို ပြန်ပို့ဉီးမယ်..သူတင်မဟုတ်ဘူး...ညိုမြလေးပါ ပါသေးတယ်...ဒီတခါတော့ ကျွန်မ သဘောမတူဘူး.ကိုအောင်ဇေယျ”

“မောင်ကြီး တို့က စစ်ရေးစစ်ရာကိစ္စအတွက် လုပ်နေတာ...ခင်ယွန်း...အခုအချိန်မှာ မောင်ကြီးအတွက် အင်းဝ စစ်ကိုင်းဘက်ဆီက သတင်းတွေမပြတ်ရနေဖို့အရေးကြီးတယ်...ဒါမှ မုဆိုးဖိုကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ အချိန်မှီသိနိုင်မှာ...မိငယ်က မွန်စကားလည်းတတ်တယ်၊ စစ်ကိုင်း၊ အင်းဝမှာလည်း အသိအကျွမ်းများတယ်...သူ့ကို ကင်းထောက်ခိုင်းပြီး ငကောင်းက မုဆိုးဖိုကို တပတ်တခါ ပြန်လာပြီး သတင်းတွေပေးဖို့ အခုလို စီစဉ်တာပါ”

“စစ်ကိုင်းမှာ ကျွန်မ သွားနေမယ်..ရှင့်သားတွေနဲ့ ရှင်နေခဲ့”

“မင်း သွားနေလို့မရဘူး....မိငယ်က စစ်ကိုင်းမှာ အခြေအနေကျပြီးသား...သူတို့ပဲ သွားရမယ်..မိငယ်မှ အသုံးဝင်မှာ”

“အင်း..ရှင့်စစ်ရေးအတွက် အသုံးဝင်မယ်ဆို ကျွန်မကိုလည်း ဘယ်ကို ပို့ဉီးမှာလဲ..ကိုအောင်ဇေယျ”

“မောင်ကြီးတို့ ယောက်ျားတွေအရေးကို နားလည်ပေးပါ..ခင်ယွန်း”

ခင်ယွန်းစံက စကားမပြောတော့ပဲ တစ်ဖက်သို့ လှည့်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကို သာဖွာနေတော့သည်။

မိငယ်မှာ သူတို့စကားဝိုင်းကြားတွင် ခေါင်းကို သာ ငုံ့ထား၏။

“ရှင်မိငယ်”

“ရှန်”

အောင်ဇေယျအသံကြောင့် မိငယ်မှာ အလန့်တကြား ထူးလိုက်၏။

“နှမ..သဘောကရော”

“မိငယ်ကတော့...မောင်ကြီး အောင်ဇေယျသဘောပါပဲ”

“ဒါဆို ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့..မနက် ငကောင်းတို့လင်မယားလည်း လှည်းပြင်ထားလိုက်မယ်..မောင်ကြီးက မြင်းနဲ့ စစ်ကိုင်းအထိ လိုက်ပို့ပေးမယ်”

ဘွားအေဖြစ်သူ ရင်ခွင်ထဲတွင် ထိုင်နေသော သမီးညိုမြ ကို အောင်ဇေယျက ချီပြီး နမ်းရှုံ့လိုက်သည်။

...............................................................................................................

“ညိုမြလေး....စစ်ကိုင်းမှာ မုန့်တီတွေအများကြီးစားနော်”

ပေါင်းမိုးလှည်းနံဘေးတွင် ရပ်နေသော မောင်လောက်က အဖေတူ အမေကွဲ နှမဖြစ်သူ၏ တွဲလောင်းကျနေသော ခြေထောက်ကို ကိုင်ကာ ပြောလိုက်သည်။

“ကလေးကို လမ်းမှာ သေချာဂရုစိုက်နော်..နေက အရမ်းပူတာ..မိငယ်”

ဘွားငြိမ်းဉီး က မုန့်ဆမ်းများကို သေချာထုပ်ပိုးကာ လှည်းပေါ်တင်နေရင်းမှ ရှင်မိငယ်ကို မှာကြားနေ၏။

“ဟေ့...ညိုမြ..စစ်ကိုင်းရောက်လို့ကသည်းများ ငါ့နှမကို ထိပါးရင်...အကိုလေး ဓါးနဲ့ လာခုတ်မယ်နော်ကွ”

အုန်းလက်မြင်းကို စီးလာသော မောင်ရွက အသံစာစာဖြင့် အော်ပြောသည်။

“မောင်ကောင်းရေ..ထွက်တော့ဟေ့...ငါကတော့ ရွာထိပ်ကင်းတွေကို သေချာလှည့်စစ်ပြီးမှ မှီအောင် လိုက်ခဲ့မယ်”

“ဟုတ်ကဲ့..အကိုကြီး”

“မိငယ်..မောင်ကြီး လိုက်ခဲ့မယ်နော်.လမ်းမှာ ဂရုစိုက်”

ငကောင်းက နွားများကို ကြိမ်တို့လိုက်၏။

နွားလှည်းမှာ ခြံဝန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

“အမေ...ဒါနဲ့ ဒီမနက် ခင်ယွန်းမတွေ့ပါလား..ဘယ်ပျောက်နေလဲ”

“မင်းတို့လမ်းမှာစားဖို့ မုန့်ဆမ်း ထလုပ်ပေးပြီး မနက်အစောကြီးထဲက သူ့အမေအိမ် စည်ပုတ္တရာ ရွှေကာ ကို ပြန်သွားတယ်”

“သူ စိတ်ဆိုးပြန်ပြီပေါ့..စစ်ကိုင်းက ပြန်လာမှပဲ သွားပြန်ခေါ်တော့မယ်..အမေရာ”

.....................................................................................................

လေတတဖြူးဖြူးတွင်...လူကလည်း တဖြေးဖြေးမူးလာသည်။

ထန်းတက်သမား ငထော် သည် ထန်းပင်ပေါ်မှ လင့်စင်ပေါ်တွင် ထိုင်နေရင်း ထန်းရည်သောက်နေသည်မှာ တစ်မြူလုံး ကုန်ခဲ့ပြီ။

ခပ်ဝေးဝေးမှ လှမ်းမြင်နေရသော စည်ပုတ္တရာရွာ ၊ ခင်ဉီးမြို့ စသည်တို့၏ မြင်ကွင်းကို အရသာခံကာ ကြည့်နေ၏။

ခင်ဉီးနှင့် စည်ပုတ္တရာမှာ သုံးမိုင်ခန့်သာဝေးသည်။

မြင်းခွာသံ တစ်ဖြောင်းဖြောင်းကြားလိုက်ရသဖြင့် ငထော်သည် လှမ်းကြည့်လိုက်၏။

မုဆိုးဖိုဘက်မှ စည်ပုတ္တရာ၊ ရွှေကာရွာဘက်သို့ မြင်းတစ်စီး အရှိန်ဖြင့် ဒုံးစိုင်းလာသည်။

“နေပူကြဲတဲထဲ...ဘယ်လောက်အရေးကြီးနေလဲမသိကွာ...အင်း..ပင်ပန်းလိုက်တဲ့လူတွေပဲ”

ငထော်က နောက်ထပ် ချိတ်ထားသော ထန်းတမြူကို ဖြုတ်ရန် ပြင်လိုက်သည်။

“ဖုန်း...”

မြင်းစီးသမားထံမှ အသံကြောင့် လှမ်းကြည့်လိုက်၏။

အဖြစ်အပျက်က သူရှိနေသည့် ထန်းပင်၏ အောက်ဘက် မနီးမဝေးတွင်။

ခြုံထဲမှ ထွက်လာသည့် ဗလကောင်းကောင်းလူက တစ်ပိဿာစီး ခဲလုံးတပ်ထားသည့် ကြိုးဖြင့် မြင်းစီးလာသူကို လှမ်းပစ်ဖမ်းလိုက်ခြင်းဖြစ်သည်။

မြင်းစီးသမား၏ လည်ပင်းကို ကြိုးဖြင့် လေးငါးပတ် ရစ်ပတ်ကာ မြင်းပေါ်မှ ပြုတ်ကျသွား၏။ မြင်းလည်း ဟန်ချက်ပျက်ကာ မြေပြင်ပေါ် ခြေဒခေါက်ခွေးလဲကျသွားသည်။

“ငထော်တို့ကတော့...ထန်းရည်လေးသောက်ရင်း..ပွဲကောင်းတော့ ကြည့်ရပြီဟေ့”

ငထော်က ခပ်မြူးမြူးလေး ရေရွတ်ရင်း မြူအိုးထဲမှ ပုစွန်ဆိပ်ခုံကလေးများကို တစ်ချက် စုပ်သောက်လိုက်သည်။

ကြိုးပစ်သမားက မြေပြင်တွင် လဲကျနေသောသူကို အဲမောင်းလှံဖြင့် လှမ်းပစ်လိုက်သည်။

သို့သော် မြင်းသမားက မြေကြီးတွင် လှိမ့်ရှောင်လိုက်သဖြင့် လှံမှာ ကပ်ထိလေးလွဲသွားသည်။

မြင်းသမား က လည်ပင်းမှ ကြိုးများကို ဓါးဖြင့် ဖြတ်နေစဉ် ကြိုးပစ်သမားလူထွားကြီးက အရှိန်ဖြင့် ပြေးဝင်လာ၏။

မြင်းသမားက လက်ထဲမှ ဓါးဖြင့် ပိုင်းချလိုက်သည်။

သို့သော် လူထွားကြီးက အရှိန်ဖြင့် ဝင်တိုးလိုက်သဖြင့် ဓားမှာ လွတ်ကျသွားပြီး နှစ်ဉီးလုံး မြေပူပူပေါ်တွင် လဲကျသွား၏။

“ဟေ့...ဗေထိ..ဗေထိ..ယောက်ျားဘသား..ချကြဟေ့”

မြေပြင်ပေါ်တွင် ဘတပြန် ကျားတပြန်လုံးထွေးနေကြသည်ကို ထန်းပင်ပေါ်မှ ငထော်က ပါးစပ်ဆိုင်းတီးကာ အားပေးနေသည်။

မြင်းသမားသည် သူ့လည်ပင်းတွင် ရစ်ပတ်ခဲ့သော ကြိုးတစ်ကို ကိုင်မိသွားပြီး သူ့ပေါ်တွင် ခွစီးထားသော လူထွားကြီး၏ လည်ပင်းကို ရစ်ပတ်လိုက်သည်။

လူထွားကြီးမှာ လည်ပင်းအစ်ပြီး ဟန်ချက် ပျက်သွားစဉ် မြင်းသမားက ရုတ်တရတ် သူ့အနောက်ဘက်သို့ ခွတက်ကာ လည်ပင်းကို ကြိုးဖြင့် အားကုန် ညှစ်ထား၏။

“ကိုကြီး ချစ်ညို...ကျွန်တော်လာပြီ”

ခြုံထဲမှ နောက်ထပ် လူငယ်တစ်ဉီး ပြေးထွက်လာသည်။

“ဟ...ဒီကောင်တွေဘာကောင်လဲ..ယောက်ျားချင်းပဲကွ..တစ်ယောက်ချင်းချပေါ့..ငါလီးလိုပ”

ငထော်က ထန်းလှီးဓါးကို ခါးကြားထိုးကာ ထန်းပင်ပေါ်မှ အမြန်ဆင်းရန် ပြင်လိုက်သည်။

 

ခက်ဇော်

အခန်း(၁၁)


(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၁၀)

                                                             ...............................................

သန္လ်င္၊ ဝက္သာတံခါး။

ညေမွာင္ေမွာင္တြင္ လူရိပ္တစ္ခ်ိဳ႕ ခ်ဥ္းကပ္လာသည္။

ၿမိဳ႕႐ိုးတံခါးအနီးရွိ အင္းဝတပ္မ်ားမွာ အရက္မ်ားေသာက္စားကာ ဆူညံေနၾကဆဲ။

အခ်ိဳ႕လည္း မူးယစ္ကာ အိပ္ေပ်ာ္ေနၾက၏။

သန္လ်င္ၿမိဳ႕ဝန္ ဗညားျဗသိဒၶိသည္ ဟံသာဝတီမွ ေရာက္လာေသာ လက္်ာဗိုလ္၊ ေဈးငယ္ဗိုလ္ တို႔၏ တပ္ကူမ်ားႏွင့္အတူ သန္လ်င္သို႔ ျပန္လည္ခ်ဥ္းကပ္လာၾကျခင္းျဖစ္သည္။

လက္်ာဗိုလ္က လက္ျဖင့္ အခ်က္ျပလိုက္သည္။

အေမွာင္ထဲတြင္ ျဖည္းညႇင္းစြာတိုးလာေသာ ျမတပူအေျမႇာက္လွည္းကေလးမ်ား ကို တပ္သားမ်ားက အစီအရီေနရာခ်လိုက္၏။

သံကြၽတ္ျဖင့္ ျပဳလုပ္ထားၿပီး ယမ္း၊ကန႔္၊ ေက်ာက္မႈန႔္၊ မီးေသြးမႈန႔္မ်ားေရာစပ္ထားသည့္ ျမတပူက်ည္ေတာင့္ကို သယ္ေဆာင္လာသည့္ စစ္သည္မ်ားလည္း အသင့္ေနရာယူၾကသည္။

ထို႔ေနာက္ ဒုံးက်ည္ဆံေတာင့္မ်ားကို ျမတံပူအေျမႇာက္၏ အေနာက္ဘက္မွထည့္ၿပီး ယမ္းႀကိဳးမ်ားကို အစဥ္လိုက္ မီးရႈိ႕လိုက္ၾကေတာ့သည္။

“႐ႊီး..႐ႊီး..႐ႊီး”

ျမတပူအေျမႇာက္မွ ထြက္လာေသာ ဒုံးက်ည္ဆံ မ်ားသည္ ဝက္သာတံခါးအနီးေသာက္စားေနေသာ အင္းဝတပ္မ်ားထံသို႔ တစ္လုံးၿပီး တစ္လုံး တည့္တည့္မတ္မတ္ဝင္ေရာက္လာသည္။

ထိုေနရာတြင္ပင္ အင္းဝတပ္သား ၅၀ ခန႔္ က်ဆုံးသြားေတာ့၏။

တၿပိဳင္နက္တည္းတြင္ ဟံသာဝတီတပ္မ်ားက ဟင္းလင္းပြင့္ေနေသာ ဝက္သာတံခါးမွ တဆင့္ ညာသံေပးကာ ဝင္ေရာက္လာၾကေတာ့သည္။

ေသနတ္သံ၊ ဒုံးသံမ်ားေၾကာင့္ ၿမိဳ႕တြင္းရွိ တပ္မ်ားမွာ ေသာက္စားမူးယစ္ေနရာမွ လက္နက္မ်ားကို ေကာက္ဆြဲလိုက္ၾကသည္။

မည္သည့္ေနရာတြင္ တိုက္ပြဲျဖစ္ေနမွန္း ခန႔္မွန္းကာ တပ္မ်ားခ်ီတက္ရန္ ျပင္ၾကသည္။

ထိုအခ်ိန္တြင္ ဆိပ္ကမ္းရွိ ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီဝန္းတံခါးသည္ ႐ုတ္တရက္ပြင့္လာ၏။

တံခါးအတြင္းမွ ကုမၸဏီမွ ဝွက္ေပးထားသည့္ သန္လ်င္ၿမိဳ႕ေစာင့္တပ္သားမ်ား၊ ကုမၸဏီမွငွားရမ္းထားသည့္ ပထန္စစ္သည္မ်ား၊ ကပၸလီစစ္သည္မ်ားသည္ လက္နက္အျပည့္အစုံျဖင့္ ထြက္လာကာ..ၿမိဳ႕လယ္ရွိ အင္းဝတပ္မ်ားကို ဝင္ေရာက္တိုက္ခိုက္ေတာ့သည္။

ႏွစ္ဖက္ညႇပ္ကာ အလစ္အငိုက္တိုက္ခိုက္ခံရသည့္အျပင္ အရက္ေသစာမ်ား မူးယစ္ေနၾကသျဖင့္ အင္းဝတပ္မ်ားမွာ အက်အဆုံးမ်ားလာခဲ့သည္။

ကိုးသိန္းသခင္ ႏွင့္ အင္းဝဗိုလ္မႉးမ်ားမွာ တိုက္ပြဲအလယ္တြင္ ေရာက္ေနၾက၏။

“ကိုးသိန္းသခင္ကို အရွင္ဖမ္းေဟ့....ကိုးသိန္းသခင္ကို အရွင္ဖမ္းဖို႔ အမိန႔္ေတာ္ပါတယ္ေဟ့”

ႏွစ္ရက္တာ ေခတၱမွ် ၿငိမ္သက္ေနေသာ သန္လ်င္ညသည္ တိုက္ခိုက္သံမ်ားျဖင့္ ညံေနေလျပန္ေတာ့သည္။

အခ်ိဳ႕ အင္းဝစစ္သားမ်ားမွာ ဒဏ္ရာမ်ားျဖင့္ ေသြး႐ူးေသြးတန္းျဖင့္ ေျပးလႊားရင္း ကုန္းေပၚရွိ ဘုရားရွိခိုးေက်ာင္းဝင္း တံခါးသို႔ ေရာက္လာၾကျပန္သည္။

ယခုတစ္ခါတြင္ေတာ့ ဖာသာနာေရနီကိုယ္တိုင္ ထြက္ကာ ဒဏ္ရာရသူမ်ားကို ဘုရားရွိခိုးေက်ာင္းဝန္းအတြင္းသို႔ ဆြဲသြင္းကာ ျပဳစုကုသေပးသည္။

ပခန္းႀကီးရွင္ေယာင္တပ္ႏွင့္ ငါးဆူဘုံေက်ာ္ရွင္ပ်က္တပ္တို႔မွာ ဟံသာဝတီတပ္မ်ားကို အေသခံကာ တိုက္ခိုက္ၾကသည္။

သို႔ေသာ္ အရက္ေသစာမ်ားေသာက္စားထားသျဖင့္ အားလုံးနီးပါး အသက္ဆုံးရႈံးရေတာ့သည္။

တိုက္ပြဲကား ငါးနာရီေက်ာ္ၾကာျမင့္၏။

ကိုးသိန္းသခင္ႏွင့္ အင္းဝ စစ္ဉီးစီးအဖြဲ႕မွာ တိုက္ပြဲအတြင္းမွ ေဖာက္ထြက္ၿပီး ေရေၾကာင္းျဖင့္ ထြက္ခြာသြားၿပီးသည့္ေနာက္တြင္ေတာ့ အင္းဝတပ္မ်ားမွာ လက္နက္ခ်အညံ့ခံလိုက္ၾကရသည္။

၁၇၄၃ ႏိုဝင္ဘာ ၂၄ နံနက္တြင္ေတာ့ သန္လ်င္သည္ ဟံသာဝတီလက္သို႔ ျပန္လည္ ေရာက္ရွိခဲ့သည္။

ေလးရက္တာကာလအတြင္း ႏွစ္ဖက္စစ္သည္ေပါင္း ငါးေထာင္ ေက်ာ္ က်ဆုံးခဲ့ရသည္။ ျပည္သူအမ်ားအျပားေသဆုံးခဲ့ၿပီး သန္လ်င္ၿမိဳ႕သည္လည္း မီးေလာင္ျပင္ျဖစ္ခဲ့ရ၏။

လြီဇာသည္ ငဇင္ကာကုန္းေပၚတြင္ မတ္တပ္ရပ္လ်က္ မီးေလာင္ျပင္အျဖစ္ ပ်က္စီးေနသည့္ သန္လ်င္ၿမိဳ႕ႀကီးကို ေငးၾကည့္ေနသည္။

ထိုအခ်ိန္တြင္ ဟံသာဝတီအလံမ်ား တလူလူလြင့္ေနသည့္ ျမင္းတပ္တတပ္က ဘုရားေက်ာင္းကုန္းေပၚသို႔ တက္လာ၏။

သန္လ်င္ၿမိဳ႕ဝန္ ဗညားျဗသိဒၶိ ဉီးေဆာင္ေသာ တပ္မ်ား။

“ခင္ႀကီးတို႔..တိုက္ပြဲထဲမွာ အင္းဝစစ္သားေတြကို လက္ခံထားတယ္ဆိုတာ က်ဳပ္တို႔ သိတယ္..အဲ့ဒီအတြက္ အျပစ္ရွိတယ္ဆိုတာ မသိတာလား”

ဖာသာနာေရနီမွာ မ်က္စိမ်က္ႏွာပ်က္ေန၏။

ဟံသာဝတီတပ္မ်ားက လွံရွည္မ်ားျဖင့္ ဖာသာနာေရနီ၏ လည္ပင္းကို ေထာက္ထားလိုက္ၾကသည္။

ထိုအခ်ိန္တြင္ လြီဇာက အေနာက္ဘက္မွ ေရာက္လာသည္။

“အင္းဝသားေတြ တင္မဟုတ္ပါဘူး...သန္လ်င္သားေတြ ၊ ၿမိဳ႕ေစာင့္တပ္သားေတြ ဒဏ္ရာရခဲ့တုန္းကလည္း ဖာသာတို႔က လက္ခံကုသေပးထားတာပါ..ဒီဘုရားေက်ာင္းထဲမွာ.အင္းဝ၊ဟံသာဝတီမရွိပါဘူး..ဒဏ္ရာရေနတဲ့လူေတြပဲ ရွိပါတယ္..ၿမိဳ႕ဝန္မင္း”

“ဪ...ကုန္သည္ေတာ္ႀကီးလည္း ဒီမွာရွိေနတာကိုး..ဘယ္လိုျဖစ္ျဖစ္..အခုက စစ္ပြဲက မၿပီးေသးတဲ့အတြက္...က်ဳပ္တို႔က ဘုန္းေတာ္ႀကီးဘုရားအမိန႔္ေတာ္အရ အလုပ္လုပ္ၾကရမွာပါပဲ... စစ္ပြဲအတြင္း ရန္သူ႔ကို လက္ခံထားတာဟာ သစၥာေဖာက္တာလို႔ က်ဳပ္တို႔ ယူဆပါတယ္”

ထိုအခ်ိန္တြင္ ေနာက္ထပ္ ဟံသာဝတီအလံလႊင့္ထားသည့္ စစ္တပ္တစ္တပ္ ကုန္းေပၚသို႔ ထပ္မံခ်ီတက္လာသည္။

လက္်ာဗိုလ္။

နေဘးတြင္ ကုမၸဏီတာဝန္ခံ ေရဝန္ ဂြၽန္နသန္စမစ္လည္းပါလာသည္။

“ၿမိဳဝန္မင္း...အခုပဲ..ေရဝန္က က်ဳပ္ကို အကုန္ရွင္းျပၿပီးပါၿပီ..သန္လ်င္ဝင္တိုက္ခံရတဲ့ညတုန္းက ဒဏ္ရာရ စစ္သည္ေတြ၊ ျပည္သူေတြကို ဒီဘုရားေက်ာင္းက ကူညီေပးခဲ့တာပါ..ဒီကိစၥကို က်ဳပ္ တာဝန္ယူရွင္းလိုက္ပါ့မယ္..ၿမိဳ႕ဝန္မင္းက ရသမွ်ေရတပ္ေတြနဲ႔ စုစည္းၿပီး ကိုးသိန္းသခင္မင္းေခါင္ ေနာက္ကို လိုက္ဖို႔ အမိန႔္ေတာ္ပါတယ္...ကိုးသိန္းသခင္ကို အရွင္ဖမ္းတာလိုခ်င္တယ္လို႔ ဘုရင္မင္းျမတ္က မိန႔္လိုက္ပါတယ္”

“ေကာင္းပါၿပီ..ဗိုလ္မင္း...တစ္ခုေတာ့ ေျပာပါရေစ...ၿမိဳ႕ထဲမွာ မီးႂကြင္းမီးစ မထားတာအေကာင္းဆုံးပါ.. အင္းဝသားေတြ သန္လ်င္ကို သိမ္းၿပီး မီးႂကြင္းထားခဲ့မိလို႔ အခုလို လက္လြတ္လိုက္ရတာကို သတိမူေပးပါ... အခုလည္း အင္းဝစစ္သည္တခ်ိဳ႕ကို ဒီဘုရားေက်ာင္းထဲ မွာ ဝွက္ေပးထားၾကပါတယ္”

“ကဲ..ၿမိဳ႕ဝန္မင္း..ဒါက က်ဳပ္ကိစၥျဖစ္သြားပါၿပီ..ခင္ဗ်ားက ရန္သူေနာက္ကို အျမန္လိုက္ဖို႔ လုပ္ပါ..ရန္သူဝင္တိုက္ခ်ိန္မွာ ခင္ဗ်ားက ၿမိဳ႕ထဲမွာလည္း ရွိမေနဘူး...အခုလည္း ဘုရင့္အမိန႔္အရ ကိုးသိန္းသခင္ေနာက္ လိုက္ခိုင္းတာကို ဒီမွာအခ်ိန္လာဆြဲေနရင္ေတာ့..ခင္ဗ်ားမွာ မင္းဒဏ္သင့္စရာ အျပစ္ေတြပိုမ်ားသြားမယ္ေနာ္”

ဗညားျဗသိဒၶိ က စကားတစ္ခြန္းမွ မေျပာေတာ့ပဲ လွည့္ထြက္သြားသည္။

ဘာနာဘိုက္ဘုရားရွိခိုးေက်ာင္းအတြင္း ညည္းညဴသံမ်ား၊ စကားေျပာသံမ်ား ဆူညံေန၏။

ဘုရားေက်ာင္းတံခါးပြင့္သြားၿပီး ဟံသာဝတီစစ္သူႀကီးဝတ္စုံဝတ္ထားသူတစ္ဉီး ဝင္လာေသာအခါ အားလုံး တိတ္ဆိတ္သြားေတာ့သည္။

ဘုရားေက်ာင္းေနရာအႏွံ႔သို႔ ဟံသာဝတီတပ္မ်ားက ေနရာယူလိုက္ၾက၏။

“အင္းဝသားေတြပါရင္...ဒီဘက္ကို သက္သက္ခြဲထြက္ခဲ့ပါ...မထႏိုင္တဲ့သူေတြေတာ့ ေနရာမွာပဲ ေနၿပီး လက္ေထာင္ျပထားပါ”

အင္းဝစစ္သည္တို႔က လက္်ာဗိုလ္ၫႊန္ျပသည့္ဘက္သို႔ ခပ္ျဖည္းျဖည္း ေရာက္လာကာ ဒူးတုတ္ထိုင္လိုက္ၾက၏။

“ေဈးငယ္ဗိုလ္..သူတို႔ကို နာမည္၊ ရာထူးအဆင့္ ေတြ ေသခ်ာေကာက္ယူပါ...ၿပီးရင္ အကုန္လုံးကို သစၥာေပးဖို႔လုပ္ပါ..သစၥာမခံသူ...အကုန္ေသဒဏ္”

ထို႔ေနာက္ လက္်ာဗိုလ္က ဘုရားေက်ာင္းအေနာက္ဆီသို႔ ဆက္လက္ဝင္သြားသည္။

ဖာသာနာေရနီက လက္်ာဗိုလ္ ဆီသို႔ လမ္းေလွ်ာက္လာကာ ၿပဳံးျပလိုက္၏။

“ဖာသာ..ေဘးကင္းပါတယ္ေနာ္”

“အင္း.ကင္းပါတယ္..ဗိုလ္မင္းရယ္..ေမာလာတယ္ထင္တယ္..ေရေသာက္လိုက္ပါဉီး”

ဖာသာနာေရနီက လက္ထဲမွ ေရတေကာင္းကို ကမ္းလိုက္၏။

လက္်ာဗိုလ္က ေရကို တငုံငုံလိုက္ၿပီး နာေရနီကို ၿပဳံးျပလိုက္သည္။

 ထို႔ေနာက္..
“ျမတ္ဝါေရာ....ျမတ္ဝါ...သူ႔အေျခအေနေကာင္းရဲ႕လား”

ေဘးနားမွ ပါလာသည့္ လြီဇာက ျမတ္ဝါ ထိုင္ေနသည့္ ေနရာသို႔ ၫႊန္ျပလိုက္သည္။

ျမတ္ဝါက လူမမာတစ္ေယာက္၏ ေျခေထာက္မွ ဒဏ္ရာကို ေဆးထည့္ေပးရင္းမွ လက္်ာဗိုလ္ကို ၿပဳံးျပလိုက္သည္။

လက္်ာဗိုလ္က ျမတ္ဝါထံသို႔ ေလွ်ာက္သြား၏။

“ဉီးက ျမတ္ဝါကို စိတ္ပူေနတာ..သန္လ်င္မွာ ျမတ္ဝါတို႔ကလည္းရွိေနေတာ့ တလမ္းလုံး ဘာမွမျဖစ္ပါေစနဲ႔ဆုေတာင္းၿပီး အျမန္ခ်ီတက္လာရတာ...သူငယ္မရဲ႕”

“ျမတ္ဝါ ဘာမွ မျဖစ္ပါဘူး..ဒီမွာ ဒဏ္ရာရသူေတြကို ဖာသာတို႔နဲ႔အတူ ကူေပးေနတာပါ..ဉီး”

“ဒါနဲ႔ ျမတ္ဝါ စစ္ဝတ္စုံေတြျမင္ရင္ အရင္လို မလန႔္ေတာ့ဘူးေနာ္”

“ဉီးကို စစ္ဝတ္စုံနဲ႔တြဲျမင္လိုက္ရရင္ ျမတ္ဝါမလန႔္ေတာ့ပါဘူး..ဉီးက စစ္ဝတ္စုံဝတ္ထားေပမယ့္..လူဆိုးမွ မဟုတ္တာပဲ”

လက္်ာဗိုလ္က ျမတ္ဝါ၏ ဆံပင္မ်ားကို လက္ျဖင့္ ပြတ္ကာ ရယ္ေမာလိုက္သည္။

ဖာသာနာေရနီက ထိုျမင္ကြင္းကို ေငးကာ ေရတေကာင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ေခါင္းငုံ႔လိုက္သည္။

လြီဇာက ဖာသာနာေရနီ၏ လက္ေမာင္းကို ဆုပ္ကိုင္ရင္း အားေပးလိုက္၏။

................................................................................................................

ကိုးသိန္းသခင္မင္းေခါင္သည္ ဟံသာဝတီေရတပ္၏ ေနာက္မွ လိုက္လံတိုက္ခိုက္ျခင္းကို ခုခံရင္း ျပည္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့သည္။

ထိုအခ်ိန္တြင္ ဟံသာဝတီၾကည္းတပ္မ်ားကလည္း ပန္းေတာင္းဘက္မွ ျပည္ၿမိဳ႕သို႔ ဝန္းရံတိုက္ခိုက္ေနခ်ိန္ျဖစ္သည္။

ကိုးသိန္းသခင္ႏွင့္ ျပည္ၿမိဳ႕ေစာင့္တပ္မႉး သတိုးမင္းေစာ တို႔မွာ ရန္သူ၏ ႏွစ္ဖက္ညႇပ္တိုက္ခိုက္မႈေၾကာင့္ျပည္ကို စြန႔္ခြာကာ အင္းဝသို႔ ဆုတ္ခြာၾကသည္။

ဟံသာဝတီတပ္မ်ား ျပည္ကို ရရွိၿပီး တလအၾကာတြင္ပင္ အင္းဝမွ တိုက္ေလွ သတိုးမင္းေစာမွာ အင္းဝမွ စစ္အင္အားမ်ားျဖင့္ ျပည္ကို ျပန္လည္တိုက္ခိုက္သည္။

ကိုးသိန္းသခင္မင္းေခါင္က ေညာင္ဉီးတြင္ တိုက္ေလွ(၇၀၀)ျဖင့္ အထိုင္တပ္ခ်ထားၿပီး ဗညားက်န္းေတာ က တိုက္ေလွ(၅၀၀)ျဖင့္ ျပည္ကို ေရေၾကာင္းအတိုင္း စုန္ဆင္းကာ တိုက္ခိုက္ခဲ့သည္။

ဟံသာဝတီတပ္မ်ားမွာ အင္းဝ၏ တန္ျပန္ထိုးစစ္ အေၾကာင့္ ျပည္ကို စြန႔္ခြာကာ ျပည္အထက္ဘက္ရွိ ဧရာဝတီ အေနာက္ဖက္ကမ္းရွိ မလြန္ၿမိဳ႕ကို သိမ္းပိုက္ကာ အခိုင္အလုံေနၾကသည္။

ထို႔ေနာက္ အထက္အညာမွ ျပည္သို႔ ရိကၡာပို႔ရန္စုန္ဆင္းလာေသာ ဝန္တင္ေလွဟူသမွ်ကို ဟံသာဝတီတပ္မ်ားက လုယက္တိုက္ခိုက္ကာ ဖ်က္စီးပစ္ၾကသည္။

အင္းဝသည္ ျပည္ၿမိဳ႕ကို ျပန္လည္ရရွိေသာ္လည္း ရိကၡာအခက္အခဲျဖစ္လာသည္။

ၿမိဳ႕သားမ်ားမွာ ငတ္မြတ္ေခါင္းပါးလာၾက၏။

ၿမိဳ႕ခံလူထုမ်ားတြင္ ဟံသာဝတီႏွင့္ ပူးေပါင္းလိုသည့္အစုက အားေကာင္းလာသည္။

ေနာက္ဆုံးတြင္ သတိုးမင္းေစာ သည္ ၿမိဳ႕တြင္းတြင္ပင္ လုပ္ႀကံပုန္ကန္ၾကမည္ကို စိုးရိမ္သျဖင့္ ျပည္ၿမိဳ႕ကို စြန႔္ခြာကာ ေတာင္တြင္းႀကီးသို႔ ဆုတ္ခြာသြားခဲ့သည္။

အင္းဝဗိုလ္မႉး ဗညားက်န္းေတာမွာအေနာက္ဖက္သို႔ကူး၍ မင္းတုန္းတြင္ ခံတပ္တည္ေနရသည္။

ျပည္ၿမိဳ႕ကား ဟံသာဝတီတပ္မ်ားလက္တြင္းသို႔ က်ေရာက္သြားခဲ့ၿပီျဖစ္သည္။

ဟံသာဝတီသည္ ျမန္မာျပည္ေအာက္ပိုင္း တစ္ခုလုံးကို သိမ္းပိုက္ထားႏိုင္ခဲ့ၿပီျဖစ္သည္။

.........................................................................................................................

“နဂါးဖို က ကိုသာေက်ာက္ ကလည္း အလုံးအရင္းနဲ႔ အင္အားစုေနတယ္..သူကလည္း မင္းရဲနႏၵမိတ္ဘုရင္ကေန ဆင္းသက္လာတဲ့ အႏြယ္ေတာ္ မင္းသားဗိုလ္နဂါး ဆိုၿပီး နာမည္ႀကီးေနေတာ့ ခိုဝင္သူက မ်ားတယ္....အင္း ဖိုသုံးဖို တစ္ဖိုမီးေတာက္မယ္ဆိုတဲ့ တေဘာင္ကလည္း ေခတ္စားေနေတာ့..”

ေဒၚဇံကုလားက မ်က္ရိပ္ျပလိုက္သျဖင့္ ခ်စ္ဝ ေျပာလက္စစကားကို ရပ္လိုက္သည္။

ခ်စ္ညိဳက ေျမခရားထဲမွ ေရေႏြးတစ္ခြက္ကို ငွဲ႔လိုက္၏။

“ေလာေလာဆယ္ မုဆိုးဖို ဆီ ႐ြာသုံးဆယ္ ခိုဝင္သြားၿပီ...ထန္းလုံးေတြကို ၿမိဳ႕႐ိုးပုံစံ ေသခ်ာ စနစ္တက် လုပ္ထားၾကတယ္...သေဘာကေတာ့ ခင္ဉီးလိုမ်ိဳး ၿမိဳ႕တစ္ၿမိဳ႕အေနအထား အခိုင္အလုံ လုပ္ေနတာပဲ..က်န္တဲ့သူေတြက ေဝးတယ္...ကြၽန္ေတာ္တို႔ တကယ္သတိထားရမွာက မုဆိုးဖိုက ေအာင္ေဇယ်ပဲ အေမ”

“ေအာင္ေဇယ် ဇာတာကို ရေအာင္ ယူလာခိုင္းတာ...ယူၿပီးၿပီလား ခ်စ္ျမ”

“သူ႔ဆရာေတာ္ေက်ာင္းက ကပၸိယႀကီးေပးလိုက္တဲ့ ဇာတာပါ...မူရင္းေတာ့မဟုတ္ေပမယ့္..ဆရာေတာ္ဆီ က်န္ရစ္တဲ့ မွတ္တမ္းပုရိပိုက္ကို ကူးထားတာပါ..အဲ့ဒီအတြက္ ေငြ ငါးက်ပ္သား ေပးလိုက္ရတယ္..အေမ”

ခ်စ္ျမက ေပ႐ြက္တစ္႐ြက္ကို ေဒၚဇံကုလားထံ လွမ္းေပးလိုက္၏။

ေဒၚဇံကုလားက ခ်စ္ညိဳ၏ ဇာတာခြင္ႏွင့္ ေအာင္ေဇယ်၏ ဇာတာခြင္မ်ားကို ႏွစ္ခု ယွဥ္ထားၿပီး တလွည့္စီ ၾကည့္လိုက္သည္။

“ေအာင္ေဇယ် ဟာ ရွင္ဘုရင္ျဖစ္မယ့္ဇာတာပဲ....သူရွိေနသမွ် မင္းမွာ ဘုရင္ျဖစ္ကံမရွိဘူး..ေမာင္ခ်စ္ညိဳ... ေနာက္ႏွစ္ အတာကူးခ်ိန္မတိုင္ခင္...ေအာင္ေဇယ်ကို မင္းလက္နဲ႔ သတ္မွျဖစ္လိမ့္မယ္...ႏို႔မဟုတ္ရင္....မင္းဟာ ရွင္ဘုရင္မျဖစ္ပဲ ခႏၶာပ်က္ကိန္းျမင္တယ္..ငါ့သား”

“မယ္ဇံ....တိုင္းေရးျပည္ေရးက ေန႔လားညလားပဲ..ဟံသာဝတီစစ္က ေအးေသးတာမဟုတ္ဘူး...နင့္သားေတြကို ဒီလို ဘုရင္႐ူးေအာင္ နင္ေျမႇာက္ေပးေနရင္ ဘုရင္မျဖစ္ခင္.. မင္းေလာင္းဆိုၿပီး အင္းဝက လာသတ္တာခံေနရမယ္..စကားေျပာတာေတြ အစစအရာရာသတိထားပါကြယ္”

ေဒၚဇံကုလားက ဉီးလုံးကို မ်က္ႏွာထားတည္တည္ျဖင့္ စိုက္ၾကည့္လိုက္၏။

“ဒီမယ္..တစ္ျပည္လုံးက ၿမိဳ႕႐ြာေတြကို ရွင္ဘုရင္က ဆူးတပ္၊ သစ္တပ္ေတြ ကာခိုင္းလိုက္တယ္..ကိုယ့္သေဘာကိုယ္ေဆာင္ခိုင္းလိုက္တယ္..အဲ့ဒါဟာ သူ႔ရဲ႕ အာဏာစက္ ေလ်ာ့က်လာတဲ့သေဘာပဲ...ရွင္နားလည္ထားဖို႔က အခု ဆူးတပ္ ၊ သစ္တပ္ကာၿပီးေနတဲ့ ၿမိဳ႕စား၊ ႐ြာစားတိုင္းမွာ ရွင္ဘုရင္အိပ္မက္ေတြ ရွိေနတယ္ဆိုတာပဲ...ကြၽန္မသားေတြ ဟာ တစ္ခ်ိန္မွာ ရွင္ဘုရင္ျဖစ္ရမယ္..ခ်စ္ညိဳဟာ ရွင္ဘုရင္ေလာင္းပဲ..”

ေဒၚဇံကုလား၏ စကားအဆုံးတြင္ ခ်စ္ညိဳ က ရင္ကို ေကာ့လိုက္ၿပီး လက္ပန္းခတ္လိုက္သည္။

အင္းဝသည္ ဟံသာဝတီႏွင့္ စစ္ျဖစ္ပြားေနခ်ိန္တြင္ ျပည္တြင္းမွ ဓါးျပသူခိုးရန္မ်ားကို ကာကြယ္ရန္ လ်စ္လွ်ဴရႈ႕ခဲ့သည္။

ထို႔ျပင္ ၿမိဳ႕စား၊႐ြာစားမ်ား ကိုယ့္ၿမိဳ႕ကိုယ့္႐ြာ ကာကြယ္ခြင့္အျဖစ္ ဆူးတပ္၊ သစ္တပ္မ်ား ကာရန္ တရားဝင္ခြင့္ျပဳလိုက္မႈေၾကာင့္ ခံတပ္ပုံစံ ၿမိဳ႕မ်ား၊ ႐ြာမ်ားစြာ ေပၚေပါက္လာခဲ့သည္။

ဆင္တဲဝေခ်ာင္းေတာင္ဘက္႐ြာမ်ားတြင္ ျမင္းစီးႀကီး စလကၤာသူ၊တလုပ္ၿမိဳ႕အနီးအပါး႐ြာမ်ားကို စု႐ုံးထားၿပီး ရႏၲပို႐ြာတြင္ တပ္တည္ေနေသာ သႏၷီဒိုင္းအစုသား ငလွ၊ ပုခန္းေဒသမွ ႐ြာမ်ားကို စုစည္းထားေသာ ရွမ္းျမင္းအစုသား ေဇယ်ေက်ာ္ထင္၊ ဗန႔္က်ီတိုက္နယ္ တြင္ ငသာ၊ ဆားလင္းႀကီး သေျပငါး႐ြာသူႀကီး ဗလေက်ာ္သူ၊ ကြၽန္းေခ်ာင္း႐ြာမွ ငစံ၊ သႏၲီတြင္ ရန္ေအာင္ဘီလူး၊ ေညာင္ပင္ဒိုင္းတြင္ ႐ြာသားမင္းသား၊ နဂါးဖိုတြင္ ငသာေက်ာက္ေခၚ ဗိုလ္နဂါး ၊ ပိေတၱာကိုးပင္တြင္ ငေအာင္ျမတ္ေက်ာ္၊ ဆင္နင္း၊ အင္းဘဲ၊ သ႐ိုင္႐ြာမ်ားတြင္ ဆင္နင္းဗိုလ္ပႏၲရႏၲေက်ာ္၊ ခင္ဉီးၿမိဳ႕တြင္ ျမင္းစီးႀကီး ဉီးလုံးႏွင့္ သားမ်ားျဖစ္ေသာ ခ်စ္ညိဳ၊ ခ်စ္ျမ၊ ခ်စ္ဝ၊ မုဆိုးဖိုတြင္ ေအာင္ေဇယ်၊ စဥ့္ကိုင္တြင္ ေတာက်ားနတ္၊ မုံေ႐ြးေ႐ႊေက်ာင္းတြင္ ရန္ေအာင္ေက်ာ္ထင္၊ တနဂၤသီ႐ြာတြင္ လင္ဇင္းမိဖုရား၏ ကိုယ္ရံတပ္မႉး နႏၵေဝ တို႔ စသည္ျဖင့္ ၿမိဳ႕႐ြာမ်ားကို အခိုင္အလုံေနၾကသည္။

မတၱရာ၊အုတ္ဖို ဘက္တြင္လည္း ဂုဏၰအိမ္ အႀကီးအကဲျပဳထားသည့္ ေကြ႕မ်ားႏွင့္ မြန္တို႔မွာ ပူးေပါင္းၿပီး အင္အားႀကီးမားလာေနသည္။

အင္းဝပ်က္ၿပီး မင္းေလာင္းေပၚထြက္မည္ဆိုေသာ အတိတ္တေပါင္မ်ားကလည္း မ်ိဳးစုံ ေပၚထြက္ေန၏။

ထိုသို႔ သစ္တပ္ဆူးတပ္တို႔ျဖင့္ အင္အားစုေနသူအသီးသီးတြင္လည္း ရွင္ဘုရင္အိပ္မက္ကိုယ္စီတို႔ျဖင့္။

ထိုအေျခအေနတြင္ ခင္ဉီးမွ ခ်စ္ညိဳ ညီအကိုမ်ားမွာ အင္းဝကိုးသိန္းသခင္တပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္အတြက္ စစ္ေရးစစ္ရာတြင္ နာမည္ႀကီးသည္။

သို႔ေသာ္ျငား ေဆြမ်ိဳးအင္အားေတာင့္တင္းမ်ားျပားၿပီး အနီးအနားေက်း႐ြာမ်ားအထိ စည္း႐ုံးေရးေကာင္းေသာ ေအာင္ေဇယ် မွာ ခင္ဉီးႏွင့္ အၿပိဳင္ မုဆိုးဖို႐ြာစုႀကီးကို ထူေထာင္အင္အားစုလာႏိုင္ခဲ့သည္။

ထို႔ေၾကာင့္ ခ်စ္ညိဳမွာ ေအာင္ေဇယ်အား အင္အားႀကီးထြားမလာခင္တြင္ ရွင္းပစ္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

...............................................................................

“မိငယ္တို႔ သားအမိ စစ္ကိုင္းက အိမ္မွာ ျပန္ေနရမယ္”

ေအာင္ေဇယ်၏ စကားေၾကာင့္ မိခင္ႀကီးျဖစ္သူ ဘြားၿငိမ္းဉီး မွာ သူ႔လက္ထဲတြင္ ခ်ီထားေသာ ညိဳျမေလးကို ခပ္တင္းတင္းဖက္ထားလိုက္သည္။

“ငါ့ေျမးမေလးက ငယ္ေသးတယ္...ဘာကိစၥ သူတို႔ သားအမိႏွစ္ေယာက္တည္း စစ္ကိုင္းမွာ သြားေနရမွာလဲ...ေအာင္ေဇယ်..စစ္ကိုင္းဟာ ဘယ္ေလာက္အႏၲရာယ္မ်ားတယ္ဆိုတာ မင္းမသိလို႔လား”

“သူတစ္ေယာက္တည္းမဟုတ္ပါဘူး..အေမ..ငေကာင္းတို႔ လင္မယားကိုလည္း ထည့္ေပးလိုက္မွာပါ...ကြၽန္ေတာ့္အတြက္ စစ္ကိုင္းမွာ လူခံလိုတယ္...မိငယ္က စစ္ကိုင္းမွာ ေပါက္ေပါက္ေရာက္ေရာက္ရွိတယ္..အေမ”

“ေခၚလာတုန္းကလည္း ရွင့္သေဘာနဲ႔ ရွင္ပဲ..အခုက်ေတာ့လည္း ကေလးမကို အခ်ိန္မေ႐ြး စစ္ေျမျပင္လို ျဖစ္ေနတဲ့ေနရာကို ျပန္ပို႔ဉီးမယ္..သူတင္မဟုတ္ဘူး...ညိဳျမေလးပါ ပါေသးတယ္...ဒီတခါေတာ့ ကြၽန္မ သေဘာမတူဘူး.ကိုေအာင္ေဇယ်”

“ေမာင္ႀကီး တို႔က စစ္ေရးစစ္ရာကိစၥအတြက္ လုပ္ေနတာ...ခင္ယြန္း...အခုအခ်ိန္မွာ ေမာင္ႀကီးအတြက္ အင္းဝ စစ္ကိုင္းဘက္ဆီက သတင္းေတြမျပတ္ရေနဖို႔အေရးႀကီးတယ္...ဒါမွ မုဆိုးဖိုကို ဘယ္လို ကာကြယ္ရမယ္ဆိုတာ အခ်ိန္မွီသိႏိုင္မွာ...မိငယ္က မြန္စကားလည္းတတ္တယ္၊ စစ္ကိုင္း၊ အင္းဝမွာလည္း အသိအကြၽမ္းမ်ားတယ္...သူ႔ကို ကင္းေထာက္ခိုင္းၿပီး ငေကာင္းက မုဆိုးဖိုကို တပတ္တခါ ျပန္လာၿပီး သတင္းေတြေပးဖို႔ အခုလို စီစဥ္တာပါ”

“စစ္ကိုင္းမွာ ကြၽန္မ သြားေနမယ္..ရွင့္သားေတြနဲ႔ ရွင္ေနခဲ့”

“မင္း သြားေနလို႔မရဘူး....မိငယ္က စစ္ကိုင္းမွာ အေျခအေနက်ၿပီးသား...သူတို႔ပဲ သြားရမယ္..မိငယ္မွ အသုံးဝင္မွာ”

“အင္း..ရွင့္စစ္ေရးအတြက္ အသုံးဝင္မယ္ဆို ကြၽန္မကိုလည္း ဘယ္ကို ပို႔ဉီးမွာလဲ..ကိုေအာင္ေဇယ်”

“ေမာင္ႀကီးတို႔ ေယာက္်ားေတြအေရးကို နားလည္ေပးပါ..ခင္ယြန္း”

ခင္ယြန္းစံက စကားမေျပာေတာ့ပဲ တစ္ဖက္သို႔ လွည့္ကာ ေျပာင္းဖူးဖက္ေဆးလိပ္ကို သာဖြာေနေတာ့သည္။

မိငယ္မွာ သူတို႔စကားဝိုင္းၾကားတြင္ ေခါင္းကို သာ ငုံ႔ထား၏။

“ရွင္မိငယ္”

“ရွန္”

ေအာင္ေဇယ်အသံေၾကာင့္ မိငယ္မွာ အလန႔္တၾကား ထူးလိုက္၏။

“ႏွမ..သေဘာကေရာ”

“မိငယ္ကေတာ့...ေမာင္ႀကီး ေအာင္ေဇယ်သေဘာပါပဲ”

“ဒါဆို ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားေတာ့..မနက္ ငေကာင္းတို႔လင္မယားလည္း လွည္းျပင္ထားလိုက္မယ္..ေမာင္ႀကီးက ျမင္းနဲ႔ စစ္ကိုင္းအထိ လိုက္ပို႔ေပးမယ္”

ဘြားေအျဖစ္သူ ရင္ခြင္ထဲတြင္ ထိုင္ေနေသာ သမီးညိဳျမ ကို ေအာင္ေဇယ်က ခ်ီၿပီး နမ္းရႈံ႕လိုက္သည္။

...............................................................................................................

“ညိဳျမေလး....စစ္ကိုင္းမွာ မုန႔္တီေတြအမ်ားႀကီးစားေနာ္”

ေပါင္းမိုးလွည္းနံေဘးတြင္ ရပ္ေနေသာ ေမာင္ေလာက္က အေဖတူ အေမကြဲ ႏွမျဖစ္သူ၏ တြဲေလာင္းက်ေနေသာ ေျခေထာက္ကို ကိုင္ကာ ေျပာလိုက္သည္။

“ကေလးကို လမ္းမွာ ေသခ်ာဂ႐ုစိုက္ေနာ္..ေနက အရမ္းပူတာ..မိငယ္”

ဘြားၿငိမ္းဉီး က မုန႔္ဆမ္းမ်ားကို ေသခ်ာထုပ္ပိုးကာ လွည္းေပၚတင္ေနရင္းမွ ရွင္မိငယ္ကို မွာၾကားေန၏။

“ေဟ့...ညိဳျမ..စစ္ကိုင္းေရာက္လို႔ကသည္းမ်ား ငါ့ႏွမကို ထိပါးရင္...အကိုေလး ဓါးနဲ႔ လာခုတ္မယ္ေနာ္ကြ”

အုန္းလက္ျမင္းကို စီးလာေသာ ေမာင္႐ြက အသံစာစာျဖင့္ ေအာ္ေျပာသည္။

“ေမာင္ေကာင္းေရ..ထြက္ေတာ့ေဟ့...ငါကေတာ့ ႐ြာထိပ္ကင္းေတြကို ေသခ်ာလွည့္စစ္ၿပီးမွ မွီေအာင္ လိုက္ခဲ့မယ္”

“ဟုတ္ကဲ့..အကိုႀကီး”

“မိငယ္..ေမာင္ႀကီး လိုက္ခဲ့မယ္ေနာ္.လမ္းမွာ ဂ႐ုစိုက္”

ငေကာင္းက ႏြားမ်ားကို ႀကိမ္တို႔လိုက္၏။

ႏြားလွည္းမွာ ၿခံဝန္းအတြင္းမွ ထြက္ခြာသြားေတာ့သည္။

“အေမ...ဒါနဲ႔ ဒီမနက္ ခင္ယြန္းမေတြ႕ပါလား..ဘယ္ေပ်ာက္ေနလဲ”

“မင္းတို႔လမ္းမွာစားဖို႔ မုန႔္ဆမ္း ထလုပ္ေပးၿပီး မနက္အေစာႀကီးထဲက သူ႔အေမအိမ္ စည္ပုတၱရာ ေ႐ႊကာ ကို ျပန္သြားတယ္”

“သူ စိတ္ဆိုးျပန္ၿပီေပါ့..စစ္ကိုင္းက ျပန္လာမွပဲ သြားျပန္ေခၚေတာ့မယ္..အေမရာ”

.....................................................................................................

ေလတတျဖဴးျဖဴးတြင္...လူကလည္း တေျဖးေျဖးမူးလာသည္။

ထန္းတက္သမား ငေထာ္ သည္ ထန္းပင္ေပၚမွ လင့္စင္ေပၚတြင္ ထိုင္ေနရင္း ထန္းရည္ေသာက္ေနသည္မွာ တစ္ျမဴလုံး ကုန္ခဲ့ၿပီ။

ခပ္ေဝးေဝးမွ လွမ္းျမင္ေနရေသာ စည္ပုတၱရာ႐ြာ ၊ ခင္ဉီးၿမိဳ႕ စသည္တို႔၏ ျမင္ကြင္းကို အရသာခံကာ ၾကည့္ေန၏။

ခင္ဉီးႏွင့္ စည္ပုတၱရာမွာ သုံးမိုင္ခန႔္သာေဝးသည္။

ျမင္းခြာသံ တစ္ေျဖာင္းေျဖာင္းၾကားလိုက္ရသျဖင့္ ငေထာ္သည္ လွမ္းၾကည့္လိုက္၏။

မုဆိုးဖိုဘက္မွ စည္ပုတၱရာ၊ ေ႐ႊကာ႐ြာဘက္သို႔ ျမင္းတစ္စီး အရွိန္ျဖင့္ ဒုံးစိုင္းလာသည္။

“ေနပူႀကဲတဲထဲ...ဘယ္ေလာက္အေရးႀကီးေနလဲမသိကြာ...အင္း..ပင္ပန္းလိုက္တဲ့လူေတြပဲ”

ငေထာ္က ေနာက္ထပ္ ခ်ိတ္ထားေသာ ထန္းတျမဴကို ျဖဳတ္ရန္ ျပင္လိုက္သည္။

“ဖုန္း...”

ျမင္းစီးသမားထံမွ အသံေၾကာင့္ လွမ္းၾကည့္လိုက္၏။

အျဖစ္အပ်က္က သူရွိေနသည့္ ထန္းပင္၏ ေအာက္ဘက္ မနီးမေဝးတြင္။

ၿခဳံထဲမွ ထြက္လာသည့္ ဗလေကာင္းေကာင္းလူက တစ္ပိႆာစီး ခဲလုံးတပ္ထားသည့္ ႀကိဳးျဖင့္ ျမင္းစီးလာသူကို လွမ္းပစ္ဖမ္းလိုက္ျခင္းျဖစ္သည္။

ျမင္းစီးသမား၏ လည္ပင္းကို ႀကိဳးျဖင့္ ေလးငါးပတ္ ရစ္ပတ္ကာ ျမင္းေပၚမွ ျပဳတ္က်သြား၏။ ျမင္းလည္း ဟန္ခ်က္ပ်က္ကာ ေျမျပင္ေပၚ ေျခဒေခါက္ေခြးလဲက်သြားသည္။

“ငေထာ္တို႔ကေတာ့...ထန္းရည္ေလးေသာက္ရင္း..ပြဲေကာင္းေတာ့ ၾကည့္ရၿပီေဟ့”

ငေထာ္က ခပ္ျမဴးျမဴးေလး ေရ႐ြတ္ရင္း ျမဴအိုးထဲမွ ပုစြန္ဆိပ္ခုံကေလးမ်ားကို တစ္ခ်က္ စုပ္ေသာက္လိုက္သည္။

ႀကိဳးပစ္သမားက ေျမျပင္တြင္ လဲက်ေနေသာသူကို အဲေမာင္းလွံျဖင့္ လွမ္းပစ္လိုက္သည္။

သို႔ေသာ္ ျမင္းသမားက ေျမႀကီးတြင္ လွိမ့္ေရွာင္လိုက္သျဖင့္ လွံမွာ ကပ္ထိေလးလြဲသြားသည္။

ျမင္းသမား က လည္ပင္းမွ ႀကိဳးမ်ားကို ဓါးျဖင့္ ျဖတ္ေနစဥ္ ႀကိဳးပစ္သမားလူထြားႀကီးက အရွိန္ျဖင့္ ေျပးဝင္လာ၏။

ျမင္းသမားက လက္ထဲမွ ဓါးျဖင့္ ပိုင္းခ်လိုက္သည္။

သို႔ေသာ္ လူထြားႀကီးက အရွိန္ျဖင့္ ဝင္တိုးလိုက္သျဖင့္ ဓားမွာ လြတ္က်သြားၿပီး ႏွစ္ဉီးလုံး ေျမပူပူေပၚတြင္ လဲက်သြား၏။

“ေဟ့...ေဗထိ..ေဗထိ..ေယာက္်ားဘသား..ခ်ၾကေဟ့”

ေျမျပင္ေပၚတြင္ ဘတျပန္ က်ားတျပန္လုံးေထြးေနၾကသည္ကို ထန္းပင္ေပၚမွ ငေထာ္က ပါးစပ္ဆိုင္းတီးကာ အားေပးေနသည္။

ျမင္းသမားသည္ သူ႔လည္ပင္းတြင္ ရစ္ပတ္ခဲ့ေသာ ႀကိဳးတစ္ကို ကိုင္မိသြားၿပီး သူ႔ေပၚတြင္ ခြစီးထားေသာ လူထြားႀကီး၏ လည္ပင္းကို ရစ္ပတ္လိုက္သည္။

လူထြားႀကီးမွာ လည္ပင္းအစ္ၿပီး ဟန္ခ်က္ ပ်က္သြားစဥ္ ျမင္းသမားက ႐ုတ္တရတ္ သူ႔အေနာက္ဘက္သို႔ ခြတက္ကာ လည္ပင္းကို ႀကိဳးျဖင့္ အားကုန္ ညႇစ္ထား၏။

“ကိုႀကီး ခ်စ္ညိဳ...ကြၽန္ေတာ္လာၿပီ”

ၿခဳံထဲမွ ေနာက္ထပ္ လူငယ္တစ္ဉီး ေျပးထြက္လာသည္။

“ဟ...ဒီေကာင္ေတြဘာေကာင္လဲ..ေယာက္်ားခ်င္းပဲကြ..တစ္ေယာက္ခ်င္းခ်ေပါ့..ငါလီးလိုပ”

ငေထာ္က ထန္းလွီးဓါးကို ခါးၾကားထိုးကာ ထန္းပင္ေပၚမွ အျမန္ဆင္းရန္ ျပင္လိုက္သည္။

 

ခက္ေဇာ္

Comments

Post a Comment