AVA 1740s (s2) အခန်း ၂
AVA 1740s (Season 2)
အခန်း(၂)
...............................................
“ဟံသာဝတီပြည့်ရှင် ဆင်ကျားသခင် သမိန်ထောဗုဒ္ဓကိတ္တိ”
လူငယ်က ထိုဘွဲ့ကို နှုတ်မှ ခပ်ဖွဖွအကြိမ်ကြိမ်ရွတ်နေသည်။
သူသည် အဝိုင်းရွာသား ဘုန်းကြီးကျောင်းသားကလေး သာလှ မဟုတ်တော့။
ဟံသာဝတီနိုင်ငံ၏ ဘုရင်မင်းမြတ် သမိန်ထောဖြစ်လာခဲ့ပြီပဲ။
သူသည် တချိန်က ဟံသာဝတီအင်ပါယာ၏ အရှင်သခင် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ မျိုးဆက်သွေး။
အင်းဝနန်းတော်မှ မဟာဓမ္မရာဇာဓိပတိမင်း ၏ ဉီးလေး တော်စပ်သူ။
ယခု သူထိုင်နေသည့် နန်းတော်က ဘိုးတော်သာလွန်မင်းတရားကြီးလက်ထက်က နန်းတော်ဟောင်းမြေပေါ်တွင်။
သူသည် ဘုရင်နောင့်၊ အနောက်ဘက်လွန်၊ သာလွန်မင်းတို့မှ ဆင်းသက်လာခဲ့သူမျိုးဆက်။
စနေမင်း၏ညီတော် ပုဂံမင်းသား၏ သား။
မဟာဆီမဟာသွေးမို့ ဒီထီးဒီနန်းနှင့် ထိုက်တန်သည်ပဲ။
ယခုလည်း ယောက္ခမဖြစ်သူ ဆင်ဝန်ဉီးအောင်လှ က သူ့အတွက် ယိုးဒယားနယ်စပ်မှ ဆင်ကျားတစ်ကောင်ကို ဖမ်းယူလာပေးခဲ့သည်။
ဆင်ဖြူတော်မဟုတ်သော်လည်း အဖြူနှင့် အနက် ကွက်ကျားဖြစ်နေသည့် ဆင်။
မည်သို့ပေဆိုစေ...ဆင်ကျားရှင်ဆိုသော ထပ်ရမည့်ဘွဲ့ကို သူသဘောကျသည်။
“ဟံသာဝတီပြည့်ရှင် ဆင်ကျားသခင် သမိန်ထောဗုဒ္ဓကိတ္တိ”
သူ နောက်တကြိမ် ကျေကျေနပ်နပ်ကြီး ရေရွတ်မိပြန်သည်။
“ဟိတ်..လူကြီး”
ခေါ်သံကြောင့် သမိန်ထော တင်းခနဲဖြစ်သွား၏။
ဂမုန်းက သမိန်ထောကို အနောက်မှ သိုင်းဖက်လိုက်သည်။
“ဘာတွေတွေးနေတာလဲ..ရှင်ဘုရင်ကြီးရဲ့ အသင့်ပြင်တော့လေ..ဟိုမှာ အဖတို့ ဆင်ကျားနဲ့အတူ မြို့တော်ထဲ ဝင်တော့မယ်တဲ့”
သမိန်ထောက စက်တော်ဆောင်အတွင်း ထောင်ထားသည့် အီတလီလုပ် ခြေတံရှည်တိုင်ထောင်နာရီကို လှမ်းကြည့်လိုက်သည်။
ထိုနာရီသည် မြန်မာဂဏန်းအက္ခရာများဖြင့် ရေးထိုးထားပြီး သာသနာပြု ဖာသာဂါလစ်ဇီယာက နန်းတက်ပွဲတွင် သူ့အား ဆက်သခဲ့ခြင်းဖြစ်သည်။
ထိုနာရီကြီးသည် သူသည် ရှင်ဘုရင်ဖြစ်ကြောင်း တိုင်းတပါးသားတို့မှ အသိအမှတ်ပြုမှုထဲမှ တစ်ခုဖြစ်သည်။
သမိန်ထောက သူ့ခါးကို သိုင်းဖက်ထားသော ဂမုန်း၏ လက်နှစ်ဖက်ကို အသာခွာလိုက်သည်။
“ဂမုန်း က မိဖုရားခေါင်ကြီးဖြစ်နေပြီနော်”
“အင်း...ဘာဖြစ်လို့တုန်း...မောင်ကြီးရဲ့”
“အပြောအဆို အနေအထိုင်တွေကို ဆင်ခြင်ပါလေ”
“ဟယ်တော့”
“တကယ်ပြောတာ...ငါကိုယ်တော်က ပြည့်ရှင်မင်းတစ်ပါးဆိုတာကိုလည်း မင်း သတိထားသင့်တယ်”
ဂမုန်းက သမိန်ထော၏ ဘေးသို့ လာရပ်ပြီး သမိန်ထောမျက်နှာကို ကြည့်လိုက်သည်။
“နှမတော်က ဘာများ လုပ်မိလို့တုန်း..မောင်မောင်ဘုရားရယ်”
ဂမုန်းအသံက ပြောင်စပ်စပ်ဖြင့်။
သမိန်ထော မျက်နှာက ပိုမိုတင်းမာသွားသည်။
“ဟာသလုပ်နေတာမဟုတ်ဘူး...ဂမုန်း...ခုန..ဟေ့လူကြီးလို့ ခေါ်လိုက်တယ်လေ..ဒါမျိုးက တခြား နန်းတွင်းကလူတွေ ကြားသွားရင် ဘယ်ကောင်းပါ့မလဲ”
“ဪ..ချစ်လို့ခေါ်တာပါ.ကျွန်မရဲ့ ဘုရင်ကြီးရယ်..နှစ်ယောက်တည်းရှိလို့ ခေါ်တာပါ..မကြိုက်ရင်လည်း မခေါ်တော့ပါဘူးရှင်”
ဂမုန်းက သမိန်ထော၏ လက်မောင်းကို တွဲခိုလိုက်ရင်း ခေါင်းကလေးဖြင့် ပွတ်သပ်လိုက်သည်။
“ကျန်သေးတယ်..ခုနလို မောင်ကြီးလို့လည်း မခေါ်နဲ့... မောင်တော်ဘုရားလို့ ခေါ်ရမယ်..အနီးအပါး ခစာမယ်ဆို လက်အုပ်ချီခစားရမယ်...မင်းအဖေတွေ မင်းဉီးလေးတွေဆိုတာ ဘာတွေပဲဖြစ်နေဖြစ်နေ ငါ့ ကျေးကျွန်တွေပဲ..ဒီဟံသာဝတီမှာ..ငါကိုယ်တော်ဟာ ရှင်ဘုရင်ဆိုတာ အမြဲမှတ်ထားပါ..ဂမုန်း”
သမိန်ထောက ဂမုန်း၏ လက်ကို ဖယ်ကာ အဝတ်လဲဆောင်အတွင်းသို့ ဝင်သွားတော့သည်။
.....................................................................................
၁၇၄၁ ခုနှစ်။
ဟံသာဝတီသည် အင်းဝ၏ လက်အောက်မှ ရုန်းထွက်ပြီး အတိအလင်း နိုင်ငံတစ်ခု ထူထောင်လာခဲ့သည်။
ထိုအခြေအနေသည်၁၇၄၀ ခုနှစ် အင်းဝသို့ ကသည်းတပ်များ လာရောက်တိုက်ခိုက်သည့်အချိန်တွင် အင်းဝဘုရင်မိဖုရားခေါင်ကြီး ၏ ဘထွေးတော် ဟံသာဝတီမြို့ဝန် ဉီးသာအောင်၏ ပုန်ကန်မှုမှ အစပြုခဲ့ခြင်းပင်။
ဉီးသာအောင်ပုန်ကန်မှုကို အင်းဝက နှိမ်နင်းနိုင်ခဲ့သော်လည်း နောက်ထပ် အသစ်ခန့်သည့် မြို့ဝန် မင်းရဲအောင်နိုင်သည် ပုန်ကန်မှုတွေပါဝင်သည်ဟု ခေါင်းစဉ်တပ်က ဟံသာဝတီသားများကို ဖိနှိပ်ရာမှ မင်းရဲအောင်နိုင်ကို လုပ်ကြံမှုဖြစ်ပေါ်လာခဲ့သည်။
အင်းဝမှ ခန့်အပ်သော မြို့ဝန်သစ်ကို သတ်ဖြတ်မိလိုက်သည့်အတွက် ဟံသာဝတီသားတို့အတွက် ရွေးချယ်စရာမရှိတော့။
ထို့ကြောင့် ဟံသာဝတီတွင် ဩဇာအာဏာကြီးမားလာသည့် ဆင်ဝန်ဉီးအောင်လှ က ဉီးဆောင်ကာ ပုဂံမင်းသားနှင့် ကွေ့လားဟူအမျိုးသမီးကိုယ်လုပ်တော်မှ မွေးဖွားသည့် သာလှကို နန်းတင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြင့် သာလှသည် သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ဖြင့် ဟံသာဝတီ၏ ရှင်ဘုရင်ဖြစ်လာခဲ့သည်။
ဆင်ဝန်ဉီးအောင်လှမှာ ဗညားဒလဘွဲ့အမည်ဖြင့် နန်းတွင်းအမတ်ချုပ်ကြီးဖြစ်လာသကဲ့သို့ သမီးအငယ် ဂမုန်းသည် မိဖုရားခေါင်ကြီးဖြစ်လာခဲ့သည်။
ဆင်ဝန်ဉီးအောင်လှ၏ တူတော်စပ်သူ လက်ျာဗိုလ်မှာ ဘုရင့်ကိုယ်ရံတော်တပ်မှူးဖြစ်လာသည်။
သမီးကြီးသီရိ၏ ခင်ပွန်းဖြစ်သူ စောဗြ မှာ သမိန်စောဗြဘွဲ့ဖြင့် ဟံသာဝတီရေတပ်၏ ဗိုလ်ချုပ်ဖြစ်လာသည်။
ကြည်းတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့ရသည့် ဒလပန်းသည်လည်း ဉီးအောင်လှနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။
သမိန်ထောဘုရင်၏ ဘေးပတ်လည်တွင် ဝိုင်းရံထားသည်များမှာ ဉီးအောင်လှ၏ လူများပင်ဖြစ်သည်။
ဟံသာဝတီက အင်းဝကို ပုန်ကန်ကာ အတိအလင်းနိုင်ငံထူထောင်လိုက်ပြီဖြစ်သဖြင့် ၁၇၄၁ နှစ်ဉီးပိုင်းတွင်ပင် ပြည်မြို့စား မင်းရဲရန်နောင် က တိုက်လှေ ၅၀၀ ဖြင့် ဟံသာဝတီသို့ ရေကြောင်းချီတက်လာသည်။
ကြည်းတပ်ဗိုလ်မှူး မင်းရဲသီဟကျော် ဉီးဆောင်သည့် တိုက်ဆင် ၂၅၊ မြင်း ၅၀၀၊ သေနတ်ကိုင်တပ်သား ၁၀၀၀ တို့က တောင်ငူမှ ချီတက်လာခဲ့သည်။
ဟံသာဝတီသည် မကြာသေးမီက ကသည်းစစ်မှ ပြန်လာခဲ့ရသော ရာမညတပ်များကို အလျင်အမြန်ပြန်စုစည်းကာ ခုခံခဲ့သည်။
သန်လျင်ကင်းတပ်တိုင်ပေါက်ရောက်ခဲ့သော ပြည်စားမင်းရဲရန်နောင်၏ ရေတပ်မှာ ဟံသာဝတီရေတပ်နှင့် တိုက်ပွဲဖြစ်ရာမှ အင်အားမမျှသဖြင့် တပ်ပျက်ခဲ့သည်။
မင်းရဲရန်နောင် ကိုယ်တိုင် ကိုယ်လွတ်ရုန်းပြေးကာ ပြည်မြို့သို့ ပြန်လည်ဆုတ်ခွာလာရ၏။
မကြာမီ အင်းဝမှ ချီတက်လာသော ကိုးသိန်းသခင်မင်းခေါင်၏ တပ်များက ပြည်မြို့သို့ လာရောက်ပူးပေါင်းကြသည်။
ကိုးသိန်းသခင်မင်းခေါင်၏ တပ်များမှာ စစ်ပန်းနေပြီဖြစ်သဖြင့် အနားယူဆေးဝါးကုသရန်၊ ရိက္ခာဖြည့်တင်းရန်လိုအပ်သဖြင့် ဟံသာဝတီသို့ တိုက်ရိုက်မချီတက်ပဲ ပြည်တွင် ခံစစ်စခန်းအဖြစ် အရင်တည်ဆောက်ရန် ရပ်နားလိုက်ကြသည်။
ကနောင်၊ ကညင်းမြောင်၊ ငပိဆိပ်တို့တွင် သစ်တပ်များ ကင်းတပ်များ အဆင့်ဆင့် တည်ဆောက်ကြသည်။
သို့သော် သစ်တပ်များ ဆောက်လုပ်နေဆဲမှာပင် ဟံသာဝတီက တိုက်စစ်ဖွင့်ကာ ကနောင်သစ်တပ်အထိ ချီတက်လာကြသည်။
ကနောင်သစ်တပ်မှ တပ်မှူးမင်းကြီးရဲထင်က ဟံသာဝတီ၏ စစ်မြူလာသည့် တပ်ကို အင်အားနည်းသည်အထင်နှင့်ထွက်တိုက်ခဲ့သည်။
သို့ရာတွင် ကိုယ်ယောင်ဖျောက်ကာ နေကြသော ဟံသာဝတီတပ်ကြီးက ရုတ်တရက်ပေါ်လာပြီး နှစ်ဖက်ညပ်တိုက်ရာ အင်းဝတပ်များ အကျအဆုံးများစွာနှင့် ခံတပ်ထဲ ပြန်ဝင်လာခဲ့ရသည်။
ကနောင်သစ်တပ်သို့ ပြည်မြို့ရှိ ကိုးသိန်းသခင်၏ တပ်များ စစ်ကူရောက်လာသဖြင့် ဟံသာဝတီတပ်များမှာ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
စစ်ရေးအခြေအနေမှာ ခေတ္တမျှ ငြိမ်သက်သွား၏။
မကြာမီ အင်းဝဘုရင်က ပြန်လည်ဆင့်ခေါ်သဖြင့် ကိုးသိန်းသခင်မှာ အင်းဝနေပြည်တော်သို့ ပြန်သွားရသည်။
တပ်တချို့ကို ပြည်မြို့တွင် အခိုင်အမာထားခဲ့ကာ ပြန်သွားခဲ့ခြင်းဖြစ်သည်။
၁၇၄၀ ခုနှစ်က စစ်ပြေငြိမ်းကာ ပြန်သွားပြီဖြစ်သည့် မဏိပူရဘုရင် ဂါရစ်နာဝဇ်သည် စစ်သူကြီး ချန်ဒရာမော်နီ ဉီးစီးသော တပ်ကို သံတမန်အဖြစ် အင်းဝသို့ စေလွှတ်လာသဖြင့် မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်ကို ပြန်ခေါ်ရခြင်းဖြစ်သည်။
အင်းဝတပ်များ ဟံသာဝတီနှင့် စစ်ဆိုင်ထားချိန်တွင် မဏိပူရက အင်းဝကို အလစ်ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ကိုးသိန်းသခင်၏ တပ်များမှာ အင်းဝသို့ ပြန်တက်ရပြန်သည်။
အခြေအနေအရ အင်းဝသည် ဟံသာဝတီသို့ ချီတက်တိုက်ခိုက်ရန် အခြေအနေမပေးတော့ချေ။
ထိုကြောင့် ဟံသာဝတီသည် တိုင်းပြည်တစ်ပြည်အဖြစ် ထူထောင်ရန် အချိန်ကောင်းစွာရနေတော့သည်။
အင်းဝတပ်များမှာ ပြည်မြို့ကို ကျော်လွန်ပြီး တိုက်ခိုက်လာနိုင်ခြင်းမရှိသဖြင့် ဟံသာဝတီထီးနန်းသည် စီးပွားရေး၊ စစ်ရေးကို ကောင်းစွာတည်ဆောက်လျက်ရှိသည်။
ထိုအခြေအနေတွင် ယိုးဒယားနယ်စပ် ကျေးရွာတစ်ရွာတွင် အဖြူနှင့် အနက်ကျား ဖြစ်နေသော ဆင်တစ်ကောင်ရှိသည့် သတင်းကို ဗညားဒလဉီးအောင်လှ ကြားသိရသည်။
ထို့ကြောင့် သမက်တော်ရှင်ဘုရင်ကို ဆက်သရန် အင်အားအပြည့်အစုံဖြင့် ယိုးဒယားနယ်စပ်သို့ ထွက်ခွာလာခဲ့၏။
ယိုဒယားနယ်စပ်ရှိ ဆင်မွေးမြူသူ လဝလူမျိုးတို့က ဆင်ကျားကို မရောင်းနိုင်ဟု ငြင်းပယ်လိုက်သည်။
ထို့ကြောင် ဉီးအောင်လှ၏ ဆင်ထိန်း၊ဆင်ဖမ်းများက လဝလူမျိုးတို့ ဆင်ကို တောထဲတွင် လွှတ်ထားခိုက်တွင် ခိုးယူရန် ကြိုးစားကြသည်။
လဝ တို့သည် ဆင်ကို ထူးခလောက်ချိတ်ဆွဲကာ မနီးမဝေးမှ ခလောက်သံနားထောင်လျက် ထိန်းကျောင်းကြသည်။
ဟံသာဝတီဆင်ထိန်းတို့က ဆင်မှ ထူးခလောက်ကို ဖြုတ်ယူကာ ဝါးရုံပင်တွင် ချိတ်ဆွဲပြီး ဆင်ကို ဟံသာဝတီသို့ ယူဆောင်လာကြတော့သည်။
လေတိုက်သဖြင့် ဝါးရုံဖျားမှ ခလောက်သံကို ကြားနေရသော လဝဆင်ထိန်းတို့က ဆင်ရှိသည်ထင်ပြီး အနီးအနားတွင် အမဲလိုက်နေကြသဖြင့် မမိလိုက်ကြချေ။
ယခုတော့ ထိုဆင်ကျားသည် သမိန်ထောဗုဒ္ဓကတ္တိမင်းထံ ဆက်သရန် ဟံသာဝတီသို့ မကြာမီ ဝင်ရောက်လာတော့မည်ဖြစ်သည်။
သမိန်ထော ၏ အဝတ်လဲခန်းတော်အတွင်း မောင်းမများက မင်းမြောက်တန်ဆာငါးပါးကို အသေအချာ ဝတ်ဆင်ပေးနေကြ၏။
ဂမုန်းက အခန်းတွင်းသို့ ဝင်မလာသေး။
အစောပိုင်း က ဂမုန်းကို ပြောဆိုခဲ့သည်များကို သမိန်ထော ပြန်စဉ်းစားကြည့်သည်။
သမိန်ထောသည် ရှင်ဘုရင်ဖြစ်ကတည်းက ဘာမျှ ဆုံးဖြတ်ပိုင်ခွင့်မရှိသေး။
ရှင်ဘုရင်အဖြစ် ရှစ်လကြာခဲ့ပြီဖြစ်သော်လည်း သူ့ဘေးပတ်လည်ခစားနေကြသူများအပေါ်တွင် သူ့ဩဇာထက် ဉီးအောင်လှ၏ ဩဇာက ပိုမိုညောင်းနေသည်ကို သူသတိထားမိလာသည်။
သို့သော် သူဘာမျှ မတတ်နိုင်။ ဉီးအောင်လှ သည် သူ့ကို နန်းတင်ခဲ့သူမဟုတ်လား။
တကယ်တမ်းဆိုလျှင် သူသည် ညောင်ရမ်မင်းဆက်သွေး။ ရှင်ဘုရင်ဖြစ်ထိုက်သူ။ ရာဇပလ္လင်နှင့် ထိုက်တန်သူ။
သို့သော်..သူ့တွင် ရှင်ဘုရင်ဆိုသည့် နာမည်သာရှိနေသည်။ အင်းဝနှင့် စစ်ရေးကို ဉီးအောင်လှနှင့် သမက်စောဗြ၊ တလပန်းတို့က ကိုင်တွယ်ထားသည်။
ပြင်သစ်နှင့် ဆက်ဆံရေးကိုအဓိက ကျကျ ကိုင်တွယ်နေသည်မှာလည်း ဟံသာဝတီ၏ ဂုဏ်ထူးဆောင် သူကြွယ်ဘွဲ့ရ ပေါ်တူဂီကုန်သည်အမျိုးသမီး လွီဇာဒီမဲလိုး က ချုပ်ကိုင်ထားသည်။
လွီဇာ သည် လည်း ဉီးအောင်လှ မိသားစုနှင့် အတွင်းကျကျရင်းနှီးသည့်သူ။
သမိန်ထောအနေဖြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်လိုက်တိုင်း နန်းတော်ကြီးထဲတွင် သူသည် ရှင်ဘုရင်အမည်ခံထားသော အရုပ်တစ်ရုပ်ဖြစ်နေသလို ခံစားခဲ့ရသည်။
ထိုခံစားချက်များက ဂမုန်းအပေါ် ပုံကျသွားခြင်း။
“မိဖုရားခေါင်ကြီးကို သွားခေါ်ကြစမ်းပါဉီး”
နန်းတွင်းသူ တစ်ဉီးက အပြင်သို့ ထွက်သွားသည်။
ခဏအကြာတွင် ဂမုန်းဝင်လာ၏။
လက်အုပ်ချီလျက်။
“မောင်ကြီးကို...မကိုဋ်တော် မြန်းဖို့က နှမငယ်ဂမုန်း ပြင်ဆင်ပေးမှဖြစ်မှာမို့”
သမိန်ထော၏ အသံက အစောကနှင့်မတူ။ နူးနူးညံ့ညံ့။
ဂမုန်းက ခေါင်းညိတ်လျက် ခုံပေါ်တင်ထားသည့် မကိုဋ် ကို ယူကာ အနားသို့ ကပ်လာသည်။
“မောင်တော်ဘုရား...ဉီးခေါင်းတော်ကို နှိမ့်ပေးဖို့ ကျွန်တော်မျိုးမ လျှောက်ထားအပ်ပါတယ်..ဘုရား”
ဂမုန်းအသံက တိုးလျလျ။
................................................................................................................
၁၇၄၁ ဩဂုတ်လ ၂၂ ရက်။
သမိန်ထောဗုဒ္ဓကတ္တိ၏ ဆင်ကျားတော်ဆက်သခံပွဲ နှင့် ဆင်ကျားရှင်ဘွဲ့ယူ အခမ်းအနားမှာ ညနေစောင်း အချိန်တွင် ပြီးဆုံးသွားသည်။
ဉီးအောင်လှ ၊ အခွန်ဝန် ဉီးကို၊ ကျီတိုက်ဝန် ဉီးမောင် တို့ ကို ရှင်ဘုရင်က နောက်ထပ် ဘွဲ့ဂုဏ်ထူးများ ချီးမြှင့်ခဲ့သည်။
အခမ်းအနားပြီးသည်နှင့် ဉီးအောင်လှ သည် အိမ်သို့ ပြန်သည်။
ထို့နောက် အဝတ်အစားလဲကာ နေဝင်ရီတရောအချိန်တွင် အနီးအနားရှိ လွီဇာ၏ အိမ်သို့ ခပ်သုတ်သုတ်ထွက်သွားသည်။
လွီဇာ၏ အိမ်ပေါ်သို့ ဉီးအောင်လှ ရောက်သည့်အခါ လွီဇာနှင့်အတူ ပြင်သစ်စစ်ဗိုလ် မီလပ်တို့က အသင့်စောင့်နေကြသည်။
အရှေ့တွင် ဘရန်ဒီတစ်ပုလင်း နှင့် ဖန်ခွက်နှစ်ခွက်။
ဉီးအောင်လှ က ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်။
မယ်ဖူးက ဖန်ခွက်အလွတ်တစ်ခွက်ကို လာချပေး၏။
“အမတ်ချုပ်ကြီး..ငှဲ့မယ်နော်”
“နည်းနည်းပဲ..လွီဇာ”
လွီဇာက ဘရန်ဒီပုလင်းကို ကျင်လည်စွာကိုင်တွယ်ပြီး ဖန်ခွက်ထဲသို့ ငှဲ့ပေးလိုက်သည်။
လွီဇာ၏ လက်ချောင်းလှလှလေးများကို မီလပ် က လိုက်ငေး၏။
ဉီးအောင်လှက ခွက်ထဲမှ ဘရန်ဒီကို အနံ့ခံလိုက်သည်။
“ဒါ ဂရက်ပါ(Grappa) လို့ ခေါ်တဲ့ ဘရန်ဒီပဲ..စပျစ်ရည်နဲ့လုပ်တာလေ..အမတ်ချုပ်ကြီး..မြည်းကြည့်ပါဉီး”
ဉီးအောင်လှက ဘရန်ဒီကို တငုံ ငုံလိုက်ပြီး ခွက်ကို ပြန်ချထားလိုက်သည်။
“ကဲ..ပြောပါဉီး..အရေးကြီးတယ်ဆိုတဲ့ ကိစ္စ”
“သူ့ကိုတော့ အမတ်ချုပ်ကြီး သိမှာပါ”
“သိတယ်လေ..ဟိုတခါ ဟံသာဝတီကိုလာဖူးတဲ့ ပြင်သစ်စစ်ဗိုလ်ပဲ..ဘာဖြစ်လို့လဲ..လွီဇာ”
“သူက အခု ကုမ္ပဏီကိုယ်စားလှယ် မွန်စီယာပူအယ် ပွန်ဒီချယ်ရီကို ပြန်ဖို့ လုံခြုံရေးသင်္ဘောနဲ့ လာပြန်ခေါ်တာ”
“မွန်စီယာပူအက်အစား ဒီမှာ ဘယ်သူလာမှာလဲ”
“ဘယ်သူမှ မလာဘူး…ဘုရင်ခံချုပ်ဒူပလေ က အပြီးပြန်ခေါ်တာ..ဒီမှာ ကုမ္ပဏီတာဝန်ခံအနေနဲ့ ဘုန်းတော်ကြီးဝီတိုနီကိုပဲ အပ်ထားခဲ့တော့မှာ…ကုမ္ပဏီအနေနဲ့ ဟံသာဝတီမှာရှိတဲ့ ရုံးကိုလည်း ပိတ်သိမ်းဖို့ ဆုံးဖြတ်ထားတယ်တဲ့”
“ဟာ..ဘာဖြစ်လို့လဲ…ဒီမှာ ကျုပ်တို့ သူတို့နဲ့ သဘောတူထားတဲ့ လက်နက်ကိစ္စတွေရှိသေးတယ်လေ”
လွီဇာက မီလပ်ဘက်သို့ ပြင်သစ်စကားဖြင့် ပြောလိုက်သည်။
မီလပ်က သူ့အိပ်ကပ်ထဲမှ စာသုံးစောင်ကို ထုတ်ကာ လွီဇာထံ ကမ်းပေးလိုက်၏။
“ဟံသာဝတီဘုရင်က အင်္ဂလိပ်အရှေ့အိန္ဒိယကိုယ်စားလှယ် ဂျိုနသန်စမတ် နဲ့ အပြန်အလှန်ဆက်သွယ်ပေးခဲ့တဲ့ ဒီစာတွေကို ပြင်သစ်သူလျှိုတွေက ကူးထားနိုင်ခဲ့တယ်”
လွီဇာလက်ထဲမှ စာသုံးစောင်ကို ဉီးအောင်လှက ယူကြည့်လိုက်သည်။
“ပထမတစ်စောင်က သမိန်ထောက ဂျနသန်စမတ်ဆီ ပေးတဲ့စာ...ဘုရင်က အင်္ဂလိပ်နဲ့ မိတ်ဖွဲ့ချင်တဲ့အကြောင်းမျိုးရေးထားတယ်..ဘယ်လိုအခြေနေမှာဖြစ်ဖြစ် အပြန်အလှန်ကူညီကြဖို့ ကတိကဝတ်တွေတောင်းထားတယ်..ဒုတိယစာက စမတ်က ဘုရင်ဆီ ပြန်ပေးတဲ့စာ..နောက်ဆုံးစာကတော့..မကြာခင်မှာ စမတ်ကို ဟံသာဝတီရဲ့ ရေဝန်ရာထူးခန့်အပ်ပြီး နိုင်ငံခြားသင်္ဘောတွေကို အခွန်ကောက်ခိုင်းမယ်ဆိုတဲ့ ကတိပေးထားတဲ့စာပဲ…သင်္ဘောတစ်စင်းကိုတောင် စမတ်ကို ပေးဉီးမှာတဲ့လေ”
ဉီးအောင်လှက စာများကို သေချာဖတ်ကြည့်ပြီး မျက်မှောင်ကြုံ့သွားသည်။
“သူ..ဘာတွေ လျှောက်လုပ်နေတာလဲ..အမတ်ချုပ်ကြီး…အင်္ဂလိပ်နဲ့ ပြင်သစ်ဟာ အခုချိန် ဉရောပမှာ စစ်ဖြစ်လုဆဲအခြေအနေပါ..ဒီအချိန်မှာ ဟံသာဝတီကို လက်နက်ကူညီဖို့ စာချုပ်ထားတဲ့ ပြင်သစ်တွေကို ကျော်ပြီး အင်္ဂလိပ်ကိုယ်စားလှယ်ကို ဆိပ်ကမ်းအာဏာပိုင်ခန့်လိုက်တာကို..ဘုရင်ခံချုပ်ဒူပလေက အတော်ဒေါသထွက်နေတယ်”
“ဒီစာက တရားဝင်တော့ အမိန့်မထွက်သေးဘူး..မဟုတ်လား”
“ဗြဲတိုက်ဝန်ထောက် ဗညားအရိန္ဒမ ဆီမှာ သမိန်ထောတံဆိပ်နဲ့ အမိန့်ရောက်နေပြီလို့ ကြားရတယ်..မကြာခင် ဒီအမိန့်ကို ထုတ်မှာသေချာတယ်..အမိန့်အတည်ဖြစ်တာနဲ့ ကျွန်မတို့ တည်ဆောက်ခဲ့တဲ့ ပြင်သစ်နဲ့ ဆက်ဆံရေးက အဆုံးသတ်ပြီပဲ”
ဉီးအောင်လှက ဘရန်ဒီ ကို တခွက်လုံးကုန်အောင် မော့သောက်လိုက်သည်။
“မိုးကုန်ရင်.အင်းဝနဲ့.စစ်ပြင်ကြရတော့မှာ…ပြင်သစ်ကပေးမယ့် လက်နက်တွေအမြန်ရောက်ဖို့လိုတယ်…ဒီကိစ္စ ရှင်ဘုရင်ကို ကျုပ်ဝင်တွေ့ပြီး ရှင်းပေးပါ့မယ်လို့ သူတို့ကို ပြောပေးပါ”
လွီဇာက မီလပ်ကို ပြင်သစ်ဘာသာဖြင့် ပြန်လည်ရှင်းပြလိုက်သည်။
အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ ကျလာ၏။
“မနက် ကျုပ်..ရှင်ဘုရင်နဲ့ ဝင်တွေ့မယ်..လွီဇာ...အခုတော့ ကျုပ်ပြန်လိုက်ဉီးမယ်”
ဉီးအောင်လှက လွီဇာနှင့် မီလပ်ကို နှုတ်ဆက်လျက် ပြန်သွားသည်။
မီလပ်စ်က ဘရန်ဒီတစ်ပက်ကို ထပ်ငှဲ့လိုက်၏။
“ကျွန်တော်ကတော့..ပြင်သစ်နဲ့ ဟံသာဝတီဆက်ဆံရေးကို အဆင်ပြေစေချင်တယ်”
“အဆင်ပြေမှာပါ…ပထမတစ်ခါ ဘရူနိုနဲ့ တွေ့တုန်းကလည်း ရှင်ကူညီပေးလိုက်လို့ ကျွန်မတို့ ဆွေးနွေးပွဲက ပိုအဆင်ပြေသွားတာ..အခုလည်း ရှင်ကူညီနိုင်တာ ရှိရင် ကူပါဉီး”
“မွန်စီယာဘရူနို ကို ဟံသာဝတီက အခြေအနေကို သေချာရှင်းပြဖို့လိုပြီလို့ ကျွန်တော်အကြံပေးပါရစေ..ဘရူနိုကတဆင့် ဘုရင်ခံချုပ်ဆီ ဒီသတင်းက ရောက်သွားဖို့အရေးကြီးတယ်”
“ကျွန်မက ဘယ်လိုရှင်းပြရမှာလဲ”
“ကျွန်တော့်ကို လွီဇာရဲ့ သံတမန်ခန့်လိုက်လေ..ကျွန်တော် သေချာရှင်းပြပေးမှာပေါ့..ဘုရင်ခံချုပ်အထိ ပေါက်ဖို့လည်း တာဝန်ယူနိုင်ပါတယ်”
“တကယ်လား”
“တကယ်ပေါ့..လွီဇာရဲ့…ခင်ဗျားအတွက်ဆို ကျွန်တော်က ဘုရားသခင်ထိ အယူခံဝင်ပေးမှာပါ”
မီလပ် စကားကြောင့် လွီဇာက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
“ကျွန်မ မရယ်ဖြစ်တာကြာပြီ…ရှင်နဲ့တွေ့တိုင်းတော့…ရယ်မိတယ်..မိလပ်”
“ကျွန်တော်က သခင်မရဲ့ လူရွှင်တော်လည်းဖြစ်ပါတယ်ဗျ..ကျွန်တော့်သခင်မ ပျော်ဖို့ အရေးကြီးပါတယ်”
မီလပ်က ဘရန်ဒီတစ်ခွက်ကို ထပ်ငှဲ့သည်။
“ခုန လွီဇာပြောမှ..သတိထားမိတယ်..လွီဇာ မျက်လုံးတွေက အမြဲတမ်းတစ်ခုခုကို ဆွေးနေသလိုလို သတိရနေသလိုလိုလို့ ကျွန်တော်ခံစားရတယ်..အင်းဝသားလေး တစ်ယောက်ယောက် နဲ့ လွမ်းစရာဇာတ်လမ်းဟောင်းလေးတွေများ ရှိခဲ့သလားဗျာ”
လွီဇာက ဖန်ခွက်ကို စောင့်ချလိုက်သည်။
“ရှင်…ကျွန်မကို အမြဲစောင့်ကြည့်နေတာလား..စောင့်ကြည့်ခံရတာကို ကျွန်မ မကြိုက်ဘူး…မီလပ်.. ပြီးတော့ ကျွန်မကိုယ်ရေးကိုယ်တာတွေကို ရှင် သိစရာမလိုပါဘူး”
လွီဇာအသံက ခပ်တင်းတင်း။
မီလပ်က ခေါင်းငုံ့ကာ ဘရန်ဒီပုလင်းကိုသာ စိုက်ကြည့်နေသည်။
“ကျွန်တော် တောင်းပန်ပါတယ်…လွီဇာ…စိတ်ထိခိုက်သွားစေမယ့်မေးခွန်းမှန်းမသိလို့ပါ”
အပြင်ဘက်တွင် မိုးက သဲသဲမဲမဲ ရွာချလိုက်သည်။
သူတို့ နှစ်ဉီး၏ စကားဝိုင်းက ရုတ်တရက် တိတ်ဆိတ်သွား၏။
“ကျွန်တော့်ကို ခွင့်ပြုပါဉီး..လွီဇာ..ကျွန်တော်ပြန်လိုက်ပါဉီးမယ်”
မတ်တပ်ထရပ်လိုက်သော ပြင်သစ်စစ်ဗိုလ်လူငယ်လေးကို လွီဇာက မော့ကြည့်လိုက်သည်။
“မိုးတွေ သည်းနေတယ်လေ.”
“အင်း..ရပါတယ်..ကျွန်တော် ပြန်သင့်ပြီထင်တယ်..ကျွန်တော်ရှိနေရင် လွီဇာ ကို ပိုပြီး စိတ်အနှောက်အယှက်ပေးမိနေဉီးမယ်”
လွီဇာကပါ မတ်တပ်ထရပ်လိုက်သည်။
“ကျွန်မကို ဒီဘရန်ဒီတစ်ပုလင်းနဲ့ ရှင်က ထားခဲ့တော့မယ်ပေါ့လေ”
မိလပ် မျက်လုံးများက အရောင်လက်သွားသည်။
“ထိုင်စေချင်ရင် ထိုင်ပါ့မယ်”
နှစ်ဉီးလုံး ပြန်ထိုင်လိုက်ကြသည်။ လွီဇာက ဘရန်ဒီတစ်ခွက်ငှဲ့ပြီး မီလပ်ထံ ထိုးပေးလိုက်၏။
“ပိတ်လှောင်ခံထားရသလိုဖြစ်နေတဲ့ ကျွန်မစိတ်တွေက ရှင်နဲ့အတူရှိချိန်ဆို ခဏတော့ လွတ်လပ်သလိုခံစားရတယ်..အဲ့ဒါကို ကျွန်မ ဝန်ခံပါတယ်”
“ကျွန်တော်လည်းအတူတူပါပဲ…ကျွန်တော် ဟံသာဝတီနဲ့ ပြင်သစ်ဆက်ဆံရေးကို ဘာလို့ အဆင်ပြေစေချင်လည်းသိလား…လွီဇာ ရှိတဲ့ ဟံသာဝတီကို ခဏခဏ လာချင်လို့ပေါ့ဗျာ”
ထိုအချိန်တွင် မယ်ဖူးက အခန်းထဲသို့ ဝင်လာသည်။
“မယ်ဖူး..အိပ်တော့မလို့လား”
“မိုးတွေ တအားရွာရင် မြတ်ဝါ က စိတ်ပြန်ပြန်ဖောက်တတ်လို့…ဒီည သူ့တဲမှာ သွားအိပ်ပေးမလားလို့ပါ..မမလွီဇာ..ဘာများ လိုသေးလဲ”
“ညစာအတွက် တစ်ခုခုစီစဉ်ပေးပါဉီး…ဧည့်သည်ပါ စားမှာ”
“ဟုတ်..ဟိုဘက်အခန်းမှာ အကုန်..အဆင်သင့်ပါပဲ”
“အေး..အဲ့ဒါဆိုလည်း သွားအိပ်လေ..ခြံတံခါးလည်း သေချာပိတ်ဉီး”
မယ်ဖူးက ခြေလှမ်းဖွဖွဖြင့် ပြန်ထွက်သွား၏။
ကွယ်လွန်သူ မြို့ဝန်ဟောင်းဉီးသာလှ ၏ သမီးငယ်မြတ်ဝါမှာ မိသားစုလိုက်အသတ်ခံလိုက်ရသည့်ဒဏ်ကြောင့် စိတ်ဖောက်သွားသည့်အပြင် သရက်တပင်ရွာတွင် မြှားမှန်ခဲ့ဖူးသည့်ဒဏ်ကြောင့် ခြေတစ်ဖက်ပါ မသန်ဖြစ်ခဲ့ရသည်။
မြတ်ဝါကို လွီဇာကပင် ခေါ်ယူစောက်ရှောက်ပေးထားခဲ့၏။
မီလပ် နှင့် လွီဇာ တို့ ၏ သောက်လက်စ ဘရန်ဒီပုလင်းမှာ တဝက်ကျော်ပင် ကုန်လွန်ခဲ့ပြီ။
လွီဇာက စကားပြောနေရာမှ ထသွား၏။
“ရော့…မနှစ်က သေနတ်ပစ်သင်တော့ ရှင် ကျွန်မကို ပေးခဲ့တဲ့ ပုဝါ..ကျွန်မ ပြန်ပေးဖို့ မေ့နေတာ”
လွီဇာက မီလပ်ကို ပုဝါအဖြူလေး ကမ်းပေးသည်။
မီလပ်က ပုဝါလေးကို ယူကာ နမ်းလိုက်၏။
“လွီဇာ ဆီမှာ ကျွန်တော် ကျန်ခဲ့တာ နောက်တစ်ခုရှိသေးတယ်လေ..အဲ့ဒါ ဒီည ပြန်ပေးဉီး”
လွီဇာက မျက်မှောင်ကြုံ့လိုက်သည်။
“ဘာလဲ..ဟိုပစ္စတိုသေနတ်က ရှင်ကျွန်မကို လက်ဆောင်ပေးတာဆို”
မီလပ်စ်က ထိုင်နေသော ခုံကို မကာ လွီဇာ အနီးသို့ ပူးကပ်လိုက်သည်။
လွီဇာက နားမလည်သလိုကြည့်နေ၏။
“ပစ္စတိုမဟုတ်ဘူး.. လွီဇာဆီမှာ ကျန်ခဲ့တာက..ကျွန်တော့် အသဲနှလုံးလေဗျာ….ကျေးဇူးပြုပြီး..အဲ့ဒါ ကို ဒီည ပြန်ပေးနိုင်မလား”
ပြင်သစ်စစ်ဗိုလ်လူငယ်၏ ရွှေရောင်ဆံပင်ခွေခွေတို့က လွီဇာ မျက်နှာနားသို့ နီးကပ်လာသည်။
ဝင်သက်နွေးနွေးများမှာ ဘရန်ဒီရနံ့ဖြင့် သင်းပျံ့နေ၏။
လွီဇာ၏ နှုတ်ခမ်းများက ပွင့်တဝက် ဟတဝက်ဖြင့်။
ဩဂုတ်လမို့ မုတ်သုတ်မိုးလက်ကျန်က သည်း၏။ထန်၏။
မီလပ်၏ ရင်ဘတ်အမွှေးကြမ်းကြမ်းများကြား မှ လွီဇာ၏ ရှိုက်ညည်းသံသည် မိုးသံနှင့်အတူ..စည်းချက်ကျကျ။
ခက်ဇော်
အခန်း(၃) သဘက်ခါ
(ဉာဏ်ပညာနှင့် တွန်းလှန်၊ ချစ်ခြင်းတရားဖြင့် တည်ဆောက်)
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂)
...............................................
“ဟံသာဝတီျပည့္ရွင္ ဆင္က်ားသခင္ သမိန္ေထာဗုဒၶကိတၱိ”
လူငယ္က ထိုဘြဲ႕ကို ႏႈတ္မွ ခပ္ဖြဖြအႀကိမ္ႀကိမ္႐ြတ္ေနသည္။
သူသည္ အဝိုင္း႐ြာသား ဘုန္းႀကီးေက်ာင္းသားကေလး သာလွ မဟုတ္ေတာ့။
ဟံသာဝတီႏိုင္ငံ၏ ဘုရင္မင္းျမတ္ သမိန္ေထာျဖစ္လာခဲ့ၿပီပဲ။
သူသည္ တခ်ိန္က ဟံသာဝတီအင္ပါယာ၏ အရွင္သခင္ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ၏ မ်ိဳးဆက္ေသြး။
အင္းဝနန္းေတာ္မွ မဟာဓမၼရာဇာဓိပတိမင္း ၏ ဉီးေလး ေတာ္စပ္သူ။
ယခု သူထိုင္ေနသည့္ နန္းေတာ္က ဘိုးေတာ္သာလြန္မင္းတရားႀကီးလက္ထက္က နန္းေတာ္ေဟာင္းေျမေပၚတြင္။
သူသည္ ဘုရင္ေနာင့္၊ အေနာက္ဘက္လြန္၊ သာလြန္မင္းတို႔မွ ဆင္းသက္လာခဲ့သူမ်ိဳးဆက္။
စေနမင္း၏ညီေတာ္ ပုဂံမင္းသား၏ သား။
မဟာဆီမဟာေသြးမို႔ ဒီထီးဒီနန္းႏွင့္ ထိုက္တန္သည္ပဲ။
ယခုလည္း ေယာကၡမျဖစ္သူ ဆင္ဝန္ဉီးေအာင္လွ က သူ႔အတြက္ ယိုးဒယားနယ္စပ္မွ ဆင္က်ားတစ္ေကာင္ကို ဖမ္းယူလာေပးခဲ့သည္။
ဆင္ျဖဴေတာ္မဟုတ္ေသာ္လည္း အျဖဴႏွင့္ အနက္ ကြက္က်ားျဖစ္ေနသည့္ ဆင္။
မည္သို႔ေပဆိုေစ...ဆင္က်ားရွင္ဆိုေသာ ထပ္ရမည့္ဘြဲ႕ကို သူသေဘာက်သည္။
“ဟံသာဝတီျပည့္ရွင္ ဆင္က်ားသခင္ သမိန္ေထာဗုဒၶကိတၱိ”
သူ ေနာက္တႀကိမ္ ေက်ေက်နပ္နပ္ႀကီး ေရ႐ြတ္မိျပန္သည္။
“ဟိတ္..လူႀကီး”
ေခၚသံေၾကာင့္ သမိန္ေထာ တင္းခနဲျဖစ္သြား၏။
ဂမုန္းက သမိန္ေထာကို အေနာက္မွ သိုင္းဖက္လိုက္သည္။
“ဘာေတြေတြးေနတာလဲ..ရွင္ဘုရင္ႀကီးရဲ႕ အသင့္ျပင္ေတာ့ေလ..ဟိုမွာ အဖတို႔ ဆင္က်ားနဲ႔အတူ ၿမိဳ႕ေတာ္ထဲ ဝင္ေတာ့မယ္တဲ့”
သမိန္ေထာက စက္ေတာ္ေဆာင္အတြင္း ေထာင္ထားသည့္ အီတလီလုပ္ ေျခတံရွည္တိုင္ေထာင္နာရီကို လွမ္းၾကည့္လိုက္သည္။
ထိုနာရီသည္ ျမန္မာဂဏန္းအကၡရာမ်ားျဖင့္ ေရးထိုးထားၿပီး သာသနာျပဳ ဖာသာဂါလစ္ဇီယာက နန္းတက္ပြဲတြင္ သူ႔အား ဆက္သခဲ့ျခင္းျဖစ္သည္။
ထိုနာရီႀကီးသည္ သူသည္ ရွင္ဘုရင္ျဖစ္ေၾကာင္း တိုင္းတပါးသားတို႔မွ အသိအမွတ္ျပဳမႈထဲမွ တစ္ခုျဖစ္သည္။
သမိန္ေထာက သူ႔ခါးကို သိုင္းဖက္ထားေသာ ဂမုန္း၏ လက္ႏွစ္ဖက္ကို အသာခြာလိုက္သည္။
“ဂမုန္း က မိဖုရားေခါင္ႀကီးျဖစ္ေနၿပီေနာ္”
“အင္း...ဘာျဖစ္လို႔တုန္း...ေမာင္ႀကီးရဲ႕”
“အေျပာအဆို အေနအထိုင္ေတြကို ဆင္ျခင္ပါေလ”
“ဟယ္ေတာ့”
“တကယ္ေျပာတာ...ငါကိုယ္ေတာ္က ျပည့္ရွင္မင္းတစ္ပါးဆိုတာကိုလည္း မင္း သတိထားသင့္တယ္”
ဂမုန္းက သမိန္ေထာ၏ ေဘးသို႔ လာရပ္ၿပီး သမိန္ေထာမ်က္ႏွာကို ၾကည့္လိုက္သည္။
“ႏွမေတာ္က ဘာမ်ား လုပ္မိလို႔တုန္း..ေမာင္ေမာင္ဘုရားရယ္”
ဂမုန္းအသံက ေျပာင္စပ္စပ္ျဖင့္။
သမိန္ေထာ မ်က္ႏွာက ပိုမိုတင္းမာသြားသည္။
“ဟာသလုပ္ေနတာမဟုတ္ဘူး...ဂမုန္း...ခုန..ေဟ့လူႀကီးလို႔ ေခၚလိုက္တယ္ေလ..ဒါမ်ိဳးက တျခား နန္းတြင္းကလူေတြ ၾကားသြားရင္ ဘယ္ေကာင္းပါ့မလဲ”
“ဪ..ခ်စ္လို႔ေခၚတာပါ.ကြၽန္မရဲ႕ ဘုရင္ႀကီးရယ္..ႏွစ္ေယာက္တည္းရွိလို႔ ေခၚတာပါ..မႀကိဳက္ရင္လည္း မေခၚေတာ့ပါဘူးရွင္”
ဂမုန္းက သမိန္ေထာ၏ လက္ေမာင္းကို တြဲခိုလိုက္ရင္း ေခါင္းကေလးျဖင့္ ပြတ္သပ္လိုက္သည္။
“က်န္ေသးတယ္..ခုနလို ေမာင္ႀကီးလို႔လည္း မေခၚနဲ႔... ေမာင္ေတာ္ဘုရားလို႔ ေခၚရမယ္..အနီးအပါး ခစာမယ္ဆို လက္အုပ္ခ်ီခစားရမယ္...မင္းအေဖေတြ မင္းဉီးေလးေတြဆိုတာ ဘာေတြပဲျဖစ္ေနျဖစ္ေန ငါ့ ေက်းကြၽန္ေတြပဲ..ဒီဟံသာဝတီမွာ..ငါကိုယ္ေတာ္ဟာ ရွင္ဘုရင္ဆိုတာ အၿမဲမွတ္ထားပါ..ဂမုန္း”
သမိန္ေထာက ဂမုန္း၏ လက္ကို ဖယ္ကာ အဝတ္လဲေဆာင္အတြင္းသို႔ ဝင္သြားေတာ့သည္။
.....................................................................................
၁၇၄၁ ခုႏွစ္။
ဟံသာဝတီသည္ အင္းဝ၏ လက္ေအာက္မွ ႐ုန္းထြက္ၿပီး အတိအလင္း ႏိုင္ငံတစ္ခု ထူေထာင္လာခဲ့သည္။
ထိုအေျခအေနသည္၁၇၄၀ ခုႏွစ္ အင္းဝသို႔ ကသည္းတပ္မ်ား လာေရာက္တိုက္ခိုက္သည့္အခ်ိန္တြင္ အင္းဝဘုရင္မိဖုရားေခါင္ႀကီး ၏ ဘေထြးေတာ္ ဟံသာဝတီၿမိဳ႕ဝန္ ဉီးသာေအာင္၏ ပုန္ကန္မႈမွ အစျပဳခဲ့ျခင္းပင္။
ဉီးသာေအာင္ပုန္ကန္မႈကို အင္းဝက ႏွိမ္နင္းႏိုင္ခဲ့ေသာ္လည္း ေနာက္ထပ္ အသစ္ခန႔္သည့္ ၿမိဳ႕ဝန္ မင္းရဲေအာင္ႏိုင္သည္ ပုန္ကန္မႈေတြပါဝင္သည္ဟု ေခါင္းစဥ္တပ္က ဟံသာဝတီသားမ်ားကို ဖိႏွိပ္ရာမွ မင္းရဲေအာင္ႏိုင္ကို လုပ္ႀကံမႈျဖစ္ေပၚလာခဲ့သည္။
အင္းဝမွ ခန႔္အပ္ေသာ ၿမိဳ႕ဝန္သစ္ကို သတ္ျဖတ္မိလိုက္သည့္အတြက္ ဟံသာဝတီသားတို႔အတြက္ ေ႐ြးခ်ယ္စရာမရွိေတာ့။
ထို႔ေၾကာင့္ ဟံသာဝတီတြင္ ဩဇာအာဏာႀကီးမားလာသည့္ ဆင္ဝန္ဉီးေအာင္လွ က ဉီးေဆာင္ကာ ပုဂံမင္းသားႏွင့္ ေကြ႕လားဟူအမ်ိဳးသမီးကိုယ္လုပ္ေတာ္မွ ေမြးဖြားသည့္ သာလွကို နန္းတင္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ျဖင့္ သာလွသည္ သမိန္ေထာဗုဒၶကိတၱိဘြဲ႕ျဖင့္ ဟံသာဝတီ၏ ရွင္ဘုရင္ျဖစ္လာခဲ့သည္။
ဆင္ဝန္ဉီးေအာင္လွမွာ ဗညားဒလဘြဲ႕အမည္ျဖင့္ နန္းတြင္းအမတ္ခ်ဳပ္ႀကီးျဖစ္လာသကဲ့သို႔ သမီးအငယ္ ဂမုန္းသည္ မိဖုရားေခါင္ႀကီးျဖစ္လာခဲ့သည္။
ဆင္ဝန္ဉီးေအာင္လွ၏ တူေတာ္စပ္သူ လက္်ာဗိုလ္မွာ ဘုရင့္ကိုယ္ရံေတာ္တပ္မႉးျဖစ္လာသည္။
သမီးႀကီးသီရိ၏ ခင္ပြန္းျဖစ္သူ ေစာျဗ မွာ သမိန္ေစာျဗဘြဲ႕ျဖင့္ ဟံသာဝတီေရတပ္၏ ဗိုလ္ခ်ဳပ္ျဖစ္လာသည္။
ၾကည္းတပ္ဗိုလ္ခ်ဳပ္အျဖစ္ခန႔္အပ္ခဲ့ရသည့္ ဒလပန္းသည္လည္း ဉီးေအာင္လွႏွင့္ ပုဂၢိဳလ္ေရးရင္းႏွီးသူျဖစ္သည္။
သမိန္ေထာဘုရင္၏ ေဘးပတ္လည္တြင္ ဝိုင္းရံထားသည္မ်ားမွာ ဉီးေအာင္လွ၏ လူမ်ားပင္ျဖစ္သည္။
ဟံသာဝတီက အင္းဝကို ပုန္ကန္ကာ အတိအလင္းႏိုင္ငံထူေထာင္လိုက္ၿပီျဖစ္သျဖင့္ ၁၇၄၁ ႏွစ္ဉီးပိုင္းတြင္ပင္ ျပည္ၿမိဳ႕စား မင္းရဲရန္ေနာင္ က တိုက္ေလွ ၅၀၀ ျဖင့္ ဟံသာဝတီသို႔ ေရေၾကာင္းခ်ီတက္လာသည္။
ၾကည္းတပ္ဗိုလ္မႉး မင္းရဲသီဟေက်ာ္ ဉီးေဆာင္သည့္ တိုက္ဆင္ ၂၅၊ ျမင္း ၅၀၀၊ ေသနတ္ကိုင္တပ္သား ၁၀၀၀ တို႔က ေတာင္ငူမွ ခ်ီတက္လာခဲ့သည္။
ဟံသာဝတီသည္ မၾကာေသးမီက ကသည္းစစ္မွ ျပန္လာခဲ့ရေသာ ရာမညတပ္မ်ားကို အလ်င္အျမန္ျပန္စုစည္းကာ ခုခံခဲ့သည္။
သန္လ်င္ကင္းတပ္တိုင္ေပါက္ေရာက္ခဲ့ေသာ ျပည္စားမင္းရဲရန္ေနာင္၏ ေရတပ္မွာ ဟံသာဝတီေရတပ္ႏွင့္ တိုက္ပြဲျဖစ္ရာမွ အင္အားမမွ်သျဖင့္ တပ္ပ်က္ခဲ့သည္။
မင္းရဲရန္ေနာင္ ကိုယ္တိုင္ ကိုယ္လြတ္႐ုန္းေျပးကာ ျပည္ၿမိဳ႕သို႔ ျပန္လည္ဆုတ္ခြာလာရ၏။
မၾကာမီ အင္းဝမွ ခ်ီတက္လာေသာ ကိုးသိန္းသခင္မင္းေခါင္၏ တပ္မ်ားက ျပည္ၿမိဳ႕သို႔ လာေရာက္ပူးေပါင္းၾကသည္။
ကိုးသိန္းသခင္မင္းေခါင္၏ တပ္မ်ားမွာ စစ္ပန္းေနၿပီျဖစ္သျဖင့္ အနားယူေဆးဝါးကုသရန္၊ ရိကၡာျဖည့္တင္းရန္လိုအပ္သျဖင့္ ဟံသာဝတီသို႔ တိုက္႐ိုက္မခ်ီတက္ပဲ ျပည္တြင္ ခံစစ္စခန္းအျဖစ္ အရင္တည္ေဆာက္ရန္ ရပ္နားလိုက္ၾကသည္။
ကေနာင္၊ ကညင္းေျမာင္၊ ငပိဆိပ္တို႔တြင္ သစ္တပ္မ်ား ကင္းတပ္မ်ား အဆင့္ဆင့္ တည္ေဆာက္ၾကသည္။
သို႔ေသာ္ သစ္တပ္မ်ား ေဆာက္လုပ္ေနဆဲမွာပင္ ဟံသာဝတီက တိုက္စစ္ဖြင့္ကာ ကေနာင္သစ္တပ္အထိ ခ်ီတက္လာၾကသည္။
ကေနာင္သစ္တပ္မွ တပ္မႉးမင္းႀကီးရဲထင္က ဟံသာဝတီ၏ စစ္ျမဴလာသည့္ တပ္ကို အင္အားနည္းသည္အထင္ႏွင့္ထြက္တိုက္ခဲ့သည္။
သို႔ရာတြင္ ကိုယ္ေယာင္ေဖ်ာက္ကာ ေနၾကေသာ ဟံသာဝတီတပ္ႀကီးက ႐ုတ္တရက္ေပၚလာၿပီး ႏွစ္ဖက္ညပ္တိုက္ရာ အင္းဝတပ္မ်ား အက်အဆုံးမ်ားစြာႏွင့္ ခံတပ္ထဲ ျပန္ဝင္လာခဲ့ရသည္။
ကေနာင္သစ္တပ္သို႔ ျပည္ၿမိဳ႕ရွိ ကိုးသိန္းသခင္၏ တပ္မ်ား စစ္ကူေရာက္လာသျဖင့္ ဟံသာဝတီတပ္မ်ားမွာ ျပန္လည္ဆုတ္ခြာလာခဲ့ၾကသည္။
စစ္ေရးအေျခအေနမွာ ေခတၱမွ် ၿငိမ္သက္သြား၏။
မၾကာမီ အင္းဝဘုရင္က ျပန္လည္ဆင့္ေခၚသျဖင့္ ကိုးသိန္းသခင္မွာ အင္းဝေနျပည္ေတာ္သို႔ ျပန္သြားရသည္။
တပ္တခ်ိဳ႕ကို ျပည္ၿမိဳ႕တြင္ အခိုင္အမာထားခဲ့ကာ ျပန္သြားခဲ့ျခင္းျဖစ္သည္။
၁၇၄၀ ခုႏွစ္က စစ္ေျပၿငိမ္းကာ ျပန္သြားၿပီျဖစ္သည့္ မဏိပူရဘုရင္ ဂါရစ္နာဝဇ္သည္ စစ္သူႀကီး ခ်န္ဒရာေမာ္နီ ဉီးစီးေသာ တပ္ကို သံတမန္အျဖစ္ အင္းဝသို႔ ေစလႊတ္လာသျဖင့္ မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္ကို ျပန္ေခၚရျခင္းျဖစ္သည္။
အင္းဝတပ္မ်ား ဟံသာဝတီႏွင့္ စစ္ဆိုင္ထားခ်ိန္တြင္ မဏိပူရက အင္းဝကို အလစ္ဝင္ေရာက္တိုက္ခိုက္မည္ကို စိုးရိမ္သည့္အတြက္ ကိုးသိန္းသခင္၏ တပ္မ်ားမွာ အင္းဝသို႔ ျပန္တက္ရျပန္သည္။
အေျခအေနအရ အင္းဝသည္ ဟံသာဝတီသို႔ ခ်ီတက္တိုက္ခိုက္ရန္ အေျခအေနမေပးေတာ့ေခ်။
ထိုေၾကာင့္ ဟံသာဝတီသည္ တိုင္းျပည္တစ္ျပည္အျဖစ္ ထူေထာင္ရန္ အခ်ိန္ေကာင္းစြာရေနေတာ့သည္။
အင္းဝတပ္မ်ားမွာ ျပည္ၿမိဳ႕ကို ေက်ာ္လြန္ၿပီး တိုက္ခိုက္လာႏိုင္ျခင္းမရွိသျဖင့္ ဟံသာဝတီထီးနန္းသည္ စီးပြားေရး၊ စစ္ေရးကို ေကာင္းစြာတည္ေဆာက္လ်က္ရွိသည္။
ထိုအေျခအေနတြင္ ယိုးဒယားနယ္စပ္ ေက်း႐ြာတစ္႐ြာတြင္ အျဖဴႏွင့္ အနက္က်ား ျဖစ္ေနေသာ ဆင္တစ္ေကာင္ရွိသည့္ သတင္းကို ဗညားဒလဉီးေအာင္လွ ၾကားသိရသည္။
ထို႔ေၾကာင့္ သမက္ေတာ္ရွင္ဘုရင္ကို ဆက္သရန္ အင္အားအျပည့္အစုံျဖင့္ ယိုးဒယားနယ္စပ္သို႔ ထြက္ခြာလာခဲ့၏။
ယိုဒယားနယ္စပ္ရွိ ဆင္ေမြးျမဴသူ လဝလူမ်ိဳးတို႔က ဆင္က်ားကို မေရာင္းႏိုင္ဟု ျငင္းပယ္လိုက္သည္။
ထို႔ေၾကာင္ ဉီးေအာင္လွ၏ ဆင္ထိန္း၊ဆင္ဖမ္းမ်ားက လဝလူမ်ိဳးတို႔ ဆင္ကို ေတာထဲတြင္ လႊတ္ထားခိုက္တြင္ ခိုးယူရန္ ႀကိဳးစားၾကသည္။
လဝ တို႔သည္ ဆင္ကို ထူးခေလာက္ခ်ိတ္ဆြဲကာ မနီးမေဝးမွ ခေလာက္သံနားေထာင္လ်က္ ထိန္းေက်ာင္းၾကသည္။
ဟံသာဝတီဆင္ထိန္းတို႔က ဆင္မွ ထူးခေလာက္ကို ျဖဳတ္ယူကာ ဝါး႐ုံပင္တြင္ ခ်ိတ္ဆြဲၿပီး ဆင္ကို ဟံသာဝတီသို႔ ယူေဆာင္လာၾကေတာ့သည္။
ေလတိုက္သျဖင့္ ဝါး႐ုံဖ်ားမွ ခေလာက္သံကို ၾကားေနရေသာ လဝဆင္ထိန္းတို႔က ဆင္ရွိသည္ထင္ၿပီး အနီးအနားတြင္ အမဲလိုက္ေနၾကသျဖင့္ မမိလိုက္ၾကေခ်။
ယခုေတာ့ ထိုဆင္က်ားသည္ သမိန္ေထာဗုဒၶကတၱိမင္းထံ ဆက္သရန္ ဟံသာဝတီသို႔ မၾကာမီ ဝင္ေရာက္လာေတာ့မည္ျဖစ္သည္။
သမိန္ေထာ ၏ အဝတ္လဲခန္းေတာ္အတြင္း ေမာင္းမမ်ားက မင္းေျမာက္တန္ဆာငါးပါးကို အေသအခ်ာ ဝတ္ဆင္ေပးေနၾက၏။
ဂမုန္းက အခန္းတြင္းသို႔ ဝင္မလာေသး။
အေစာပိုင္း က ဂမုန္းကို ေျပာဆိုခဲ့သည္မ်ားကို သမိန္ေထာ ျပန္စဥ္းစားၾကည့္သည္။
သမိန္ေထာသည္ ရွင္ဘုရင္ျဖစ္ကတည္းက ဘာမွ် ဆုံးျဖတ္ပိုင္ခြင့္မရွိေသး။
ရွင္ဘုရင္အျဖစ္ ရွစ္လၾကာခဲ့ၿပီျဖစ္ေသာ္လည္း သူ႔ေဘးပတ္လည္ခစားေနၾကသူမ်ားအေပၚတြင္ သူ႔ဩဇာထက္ ဉီးေအာင္လွ၏ ဩဇာက ပိုမိုေညာင္းေနသည္ကို သူသတိထားမိလာသည္။
သို႔ေသာ္ သူဘာမွ် မတတ္ႏိုင္။ ဉီးေအာင္လွ သည္ သူ႔ကို နန္းတင္ခဲ့သူမဟုတ္လား။
တကယ္တမ္းဆိုလွ်င္ သူသည္ ေညာင္ရမ္မင္းဆက္ေသြး။ ရွင္ဘုရင္ျဖစ္ထိုက္သူ။ ရာဇပလႅင္ႏွင့္ ထိုက္တန္သူ။
သို႔ေသာ္..သူ႔တြင္ ရွင္ဘုရင္ဆိုသည့္ နာမည္သာရွိေနသည္။ အင္းဝႏွင့္ စစ္ေရးကို ဉီးေအာင္လွႏွင့္ သမက္ေစာျဗ၊ တလပန္းတို႔က ကိုင္တြယ္ထားသည္။
ျပင္သစ္ႏွင့္ ဆက္ဆံေရးကိုအဓိက က်က် ကိုင္တြယ္ေနသည္မွာလည္း ဟံသာဝတီ၏ ဂုဏ္ထူးေဆာင္ သူႂကြယ္ဘြဲ႕ရ ေပၚတူဂီကုန္သည္အမ်ိဳးသမီး လြီဇာဒီမဲလိုး က ခ်ဳပ္ကိုင္ထားသည္။
လြီဇာ သည္ လည္း ဉီးေအာင္လွ မိသားစုႏွင့္ အတြင္းက်က်ရင္းႏွီးသည့္သူ။
သမိန္ေထာအေနျဖင့္ အေျခအေနအရပ္ရပ္ကို သုံးသပ္လိုက္တိုင္း နန္းေတာ္ႀကီးထဲတြင္ သူသည္ ရွင္ဘုရင္အမည္ခံထားေသာ အ႐ုပ္တစ္႐ုပ္ျဖစ္ေနသလို ခံစားခဲ့ရသည္။
ထိုခံစားခ်က္မ်ားက ဂမုန္းအေပၚ ပုံက်သြားျခင္း။
“မိဖုရားေခါင္ႀကီးကို သြားေခၚၾကစမ္းပါဉီး”
နန္းတြင္းသူ တစ္ဉီးက အျပင္သို႔ ထြက္သြားသည္။
ခဏအၾကာတြင္ ဂမုန္းဝင္လာ၏။
လက္အုပ္ခ်ီလ်က္။
“ေမာင္ႀကီးကို...မကိုဋ္ေတာ္ ျမန္းဖို႔က ႏွမငယ္ဂမုန္း ျပင္ဆင္ေပးမွျဖစ္မွာမို႔”
သမိန္ေထာ၏ အသံက အေစာကႏွင့္မတူ။ ႏူးႏူးညံ့ညံ့။
ဂမုန္းက ေခါင္းညိတ္လ်က္ ခုံေပၚတင္ထားသည့္ မကိုဋ္ ကို ယူကာ အနားသို႔ ကပ္လာသည္။
“ေမာင္ေတာ္ဘုရား...ဉီးေခါင္းေတာ္ကို ႏွိမ့္ေပးဖို႔ ကြၽန္ေတာ္မ်ိဳးမ ေလွ်ာက္ထားအပ္ပါတယ္..ဘုရား”
ဂမုန္းအသံက တိုးလ်လ်။
................................................................................................................
၁၇၄၁ ဩဂုတ္လ ၂၂ ရက္။
သမိန္ေထာဗုဒၶကတၱိ၏ ဆင္က်ားေတာ္ဆက္သခံပြဲ ႏွင့္ ဆင္က်ားရွင္ဘြဲ႕ယူ အခမ္းအနားမွာ ညေနေစာင္း အခ်ိန္တြင္ ၿပီးဆုံးသြားသည္။
ဉီးေအာင္လွ ၊ အခြန္ဝန္ ဉီးကို၊ က်ီတိုက္ဝန္ ဉီးေမာင္ တို႔ ကို ရွင္ဘုရင္က ေနာက္ထပ္ ဘြဲ႕ဂုဏ္ထူးမ်ား ခ်ီးျမႇင့္ခဲ့သည္။
အခမ္းအနားၿပီးသည္ႏွင့္ ဉီးေအာင္လွ သည္ အိမ္သို႔ ျပန္သည္။
ထို႔ေနာက္ အဝတ္အစားလဲကာ ေနဝင္ရီတေရာအခ်ိန္တြင္ အနီးအနားရွိ လြီဇာ၏ အိမ္သို႔ ခပ္သုတ္သုတ္ထြက္သြားသည္။
လြီဇာ၏ အိမ္ေပၚသို႔ ဉီးေအာင္လွ ေရာက္သည့္အခါ လြီဇာႏွင့္အတူ ျပင္သစ္စစ္ဗိုလ္ မီလပ္တို႔က အသင့္ေစာင့္ေနၾကသည္။
အေရွ႕တြင္ ဘရန္ဒီတစ္ပုလင္း ႏွင့္ ဖန္ခြက္ႏွစ္ခြက္။
ဉီးေအာင္လွ က ခုံအလြတ္တြင္ ဝင္ထိုင္လိုက္သည္။
မယ္ဖူးက ဖန္ခြက္အလြတ္တစ္ခြက္ကို လာခ်ေပး၏။
“အမတ္ခ်ဳပ္ႀကီး..ငွဲ႔မယ္ေနာ္”
“နည္းနည္းပဲ..လြီဇာ”
လြီဇာက ဘရန္ဒီပုလင္းကို က်င္လည္စြာကိုင္တြယ္ၿပီး ဖန္ခြက္ထဲသို႔ ငွဲ႔ေပးလိုက္သည္။
လြီဇာ၏ လက္ေခ်ာင္းလွလွေလးမ်ားကို မီလပ္ က လိုက္ေငး၏။
ဉီးေအာင္လွက ခြက္ထဲမွ ဘရန္ဒီကို အနံ႔ခံလိုက္သည္။
“ဒါ ဂရက္ပါ(Grappa) လို႔ ေခၚတဲ့ ဘရန္ဒီပဲ..စပ်စ္ရည္နဲ႔လုပ္တာေလ..အမတ္ခ်ဳပ္ႀကီး..ျမည္းၾကည့္ပါဉီး”
ဉီးေအာင္လွက ဘရန္ဒီကို တငုံ ငုံလိုက္ၿပီး ခြက္ကို ျပန္ခ်ထားလိုက္သည္။
“ကဲ..ေျပာပါဉီး..အေရးႀကီးတယ္ဆိုတဲ့ ကိစၥ”
“သူ႔ကိုေတာ့ အမတ္ခ်ဳပ္ႀကီး သိမွာပါ”
“သိတယ္ေလ..ဟိုတခါ ဟံသာဝတီကိုလာဖူးတဲ့ ျပင္သစ္စစ္ဗိုလ္ပဲ..ဘာျဖစ္လို႔လဲ..လြီဇာ”
“သူက အခု ကုမၸဏီကိုယ္စားလွယ္ မြန္စီယာပူအယ္ ပြန္ဒီခ်ယ္ရီကို ျပန္ဖို႔ လုံၿခဳံေရးသေဘၤာနဲ႔ လာျပန္ေခၚတာ”
“မြန္စီယာပူအက္အစား ဒီမွာ ဘယ္သူလာမွာလဲ”
“ဘယ္သူမွ မလာဘူး…ဘုရင္ခံခ်ဳပ္ဒူပေလ က အၿပီးျပန္ေခၚတာ..ဒီမွာ ကုမၸဏီတာဝန္ခံအေနနဲ႔ ဘုန္းေတာ္ႀကီးဝီတိုနီကိုပဲ အပ္ထားခဲ့ေတာ့မွာ…ကုမၸဏီအေနနဲ႔ ဟံသာဝတီမွာရွိတဲ့ ႐ုံးကိုလည္း ပိတ္သိမ္းဖို႔ ဆုံးျဖတ္ထားတယ္တဲ့”
“ဟာ..ဘာျဖစ္လို႔လဲ…ဒီမွာ က်ဳပ္တို႔ သူတို႔နဲ႔ သေဘာတူထားတဲ့ လက္နက္ကိစၥေတြရွိေသးတယ္ေလ”
လြီဇာက မီလပ္ဘက္သို႔ ျပင္သစ္စကားျဖင့္ ေျပာလိုက္သည္။
မီလပ္က သူ႔အိပ္ကပ္ထဲမွ စာသုံးေစာင္ကို ထုတ္ကာ လြီဇာထံ ကမ္းေပးလိုက္၏။
“ဟံသာဝတီဘုရင္က အဂၤလိပ္အေရွ႕အိႏၵိယကိုယ္စားလွယ္ ဂ်ိဳနသန္စမတ္ နဲ႔ အျပန္အလွန္ဆက္သြယ္ေပးခဲ့တဲ့ ဒီစာေတြကို ျပင္သစ္သူလွ်ိဳေတြက ကူးထားႏိုင္ခဲ့တယ္”
လြီဇာလက္ထဲမွ စာသုံးေစာင္ကို ဉီးေအာင္လွက ယူၾကည့္လိုက္သည္။
“ပထမတစ္ေစာင္က သမိန္ေထာက ဂ်နသန္စမတ္ဆီ ေပးတဲ့စာ...ဘုရင္က အဂၤလိပ္နဲ႔ မိတ္ဖြဲ႕ခ်င္တဲ့အေၾကာင္းမ်ိဳးေရးထားတယ္..ဘယ္လိုအေျခေနမွာျဖစ္ျဖစ္ အျပန္အလွန္ကူညီၾကဖို႔ ကတိကဝတ္ေတြေတာင္းထားတယ္..ဒုတိယစာက စမတ္က ဘုရင္ဆီ ျပန္ေပးတဲ့စာ..ေနာက္ဆုံးစာကေတာ့..မၾကာခင္မွာ စမတ္ကို ဟံသာဝတီရဲ႕ ေရဝန္ရာထူးခန႔္အပ္ၿပီး ႏိုင္ငံျခားသေဘၤာေတြကို အခြန္ေကာက္ခိုင္းမယ္ဆိုတဲ့ ကတိေပးထားတဲ့စာပဲ…သေဘၤာတစ္စင္းကိုေတာင္ စမတ္ကို ေပးဉီးမွာတဲ့ေလ”
ဉီးေအာင္လွက စာမ်ားကို ေသခ်ာဖတ္ၾကည့္ၿပီး မ်က္ေမွာင္ႀကဳံ႕သြားသည္။
“သူ..ဘာေတြ ေလွ်ာက္လုပ္ေနတာလဲ..အမတ္ခ်ဳပ္ႀကီး…အဂၤလိပ္နဲ႔ ျပင္သစ္ဟာ အခုခ်ိန္ ဉေရာပမွာ စစ္ျဖစ္လုဆဲအေျခအေနပါ..ဒီအခ်ိန္မွာ ဟံသာဝတီကို လက္နက္ကူညီဖို႔ စာခ်ဳပ္ထားတဲ့ ျပင္သစ္ေတြကို ေက်ာ္ၿပီး အဂၤလိပ္ကိုယ္စားလွယ္ကို ဆိပ္ကမ္းအာဏာပိုင္ခန႔္လိုက္တာကို..ဘုရင္ခံခ်ဳပ္ဒူပေလက အေတာ္ေဒါသထြက္ေနတယ္”
“ဒီစာက တရားဝင္ေတာ့ အမိန႔္မထြက္ေသးဘူး..မဟုတ္လား”
“ၿဗဲတိုက္ဝန္ေထာက္ ဗညားအရိႏၵမ ဆီမွာ သမိန္ေထာတံဆိပ္နဲ႔ အမိန႔္ေရာက္ေနၿပီလို႔ ၾကားရတယ္..မၾကာခင္ ဒီအမိန႔္ကို ထုတ္မွာေသခ်ာတယ္..အမိန႔္အတည္ျဖစ္တာနဲ႔ ကြၽန္မတို႔ တည္ေဆာက္ခဲ့တဲ့ ျပင္သစ္နဲ႔ ဆက္ဆံေရးက အဆုံးသတ္ၿပီပဲ”
ဉီးေအာင္လွက ဘရန္ဒီ ကို တခြက္လုံးကုန္ေအာင္ ေမာ့ေသာက္လိုက္သည္။
“မိုးကုန္ရင္.အင္းဝနဲ႔.စစ္ျပင္ၾကရေတာ့မွာ…ျပင္သစ္ကေပးမယ့္ လက္နက္ေတြအျမန္ေရာက္ဖို႔လိုတယ္…ဒီကိစၥ ရွင္ဘုရင္ကို က်ဳပ္ဝင္ေတြ႕ၿပီး ရွင္းေပးပါ့မယ္လို႔ သူတို႔ကို ေျပာေပးပါ”
လြီဇာက မီလပ္ကို ျပင္သစ္ဘာသာျဖင့္ ျပန္လည္ရွင္းျပလိုက္သည္။
အျပင္ဘက္တြင္ မိုးဖြဲဖြဲေလးမ်ား က်လာ၏။
“မနက္ က်ဳပ္..ရွင္ဘုရင္နဲ႔ ဝင္ေတြ႕မယ္..လြီဇာ...အခုေတာ့ က်ဳပ္ျပန္လိုက္ဉီးမယ္”
ဉီးေအာင္လွက လြီဇာႏွင့္ မီလပ္ကို ႏႈတ္ဆက္လ်က္ ျပန္သြားသည္။
မီလပ္စ္က ဘရန္ဒီတစ္ပက္ကို ထပ္ငွဲ႔လိုက္၏။
“ကြၽန္ေတာ္ကေတာ့..ျပင္သစ္နဲ႔ ဟံသာဝတီဆက္ဆံေရးကို အဆင္ေျပေစခ်င္တယ္”
“အဆင္ေျပမွာပါ…ပထမတစ္ခါ ဘ႐ူႏိုနဲ႔ ေတြ႕တုန္းကလည္း ရွင္ကူညီေပးလိုက္လို႔ ကြၽန္မတို႔ ေဆြးေႏြးပြဲက ပိုအဆင္ေျပသြားတာ..အခုလည္း ရွင္ကူညီႏိုင္တာ ရွိရင္ ကူပါဉီး”
“မြန္စီယာဘ႐ူႏို ကို ဟံသာဝတီက အေျခအေနကို ေသခ်ာရွင္းျပဖို႔လိုၿပီလို႔ ကြၽန္ေတာ္အႀကံေပးပါရေစ..ဘ႐ူႏိုကတဆင့္ ဘုရင္ခံခ်ဳပ္ဆီ ဒီသတင္းက ေရာက္သြားဖို႔အေရးႀကီးတယ္”
“ကြၽန္မက ဘယ္လိုရွင္းျပရမွာလဲ”
“ကြၽန္ေတာ့္ကို လြီဇာရဲ႕ သံတမန္ခန႔္လိုက္ေလ..ကြၽန္ေတာ္ ေသခ်ာရွင္းျပေပးမွာေပါ့..ဘုရင္ခံခ်ဳပ္အထိ ေပါက္ဖို႔လည္း တာဝန္ယူႏိုင္ပါတယ္”
“တကယ္လား”
“တကယ္ေပါ့..လြီဇာရဲ႕…ခင္ဗ်ားအတြက္ဆို ကြၽန္ေတာ္က ဘုရားသခင္ထိ အယူခံဝင္ေပးမွာပါ”
မီလပ္ စကားေၾကာင့္ လြီဇာက ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။
“ကြၽန္မ မရယ္ျဖစ္တာၾကာၿပီ…ရွင္နဲ႔ေတြ႕တိုင္းေတာ့…ရယ္မိတယ္..မိလပ္”
“ကြၽန္ေတာ္က သခင္မရဲ႕ လူ႐ႊင္ေတာ္လည္းျဖစ္ပါတယ္ဗ်..ကြၽန္ေတာ့္သခင္မ ေပ်ာ္ဖို႔ အေရးႀကီးပါတယ္”
မီလပ္က ဘရန္ဒီတစ္ခြက္ကို ထပ္ငွဲ႔သည္။
“ခုန လြီဇာေျပာမွ..သတိထားမိတယ္..လြီဇာ မ်က္လုံးေတြက အၿမဲတမ္းတစ္ခုခုကို ေဆြးေနသလိုလို သတိရေနသလိုလိုလို႔ ကြၽန္ေတာ္ခံစားရတယ္..အင္းဝသားေလး တစ္ေယာက္ေယာက္ နဲ႔ လြမ္းစရာဇာတ္လမ္းေဟာင္းေလးေတြမ်ား ရွိခဲ့သလားဗ်ာ”
လြီဇာက ဖန္ခြက္ကို ေစာင့္ခ်လိုက္သည္။
“ရွင္…ကြၽန္မကို အၿမဲေစာင့္ၾကည့္ေနတာလား..ေစာင့္ၾကည့္ခံရတာကို ကြၽန္မ မႀကိဳက္ဘူး…မီလပ္.. ၿပီးေတာ့ ကြၽန္မကိုယ္ေရးကိုယ္တာေတြကို ရွင္ သိစရာမလိုပါဘူး”
လြီဇာအသံက ခပ္တင္းတင္း။
မီလပ္က ေခါင္းငုံ႔ကာ ဘရန္ဒီပုလင္းကိုသာ စိုက္ၾကည့္ေနသည္။
“ကြၽန္ေတာ္ ေတာင္းပန္ပါတယ္…လြီဇာ…စိတ္ထိခိုက္သြားေစမယ့္ေမးခြန္းမွန္းမသိလို႔ပါ”
အျပင္ဘက္တြင္ မိုးက သဲသဲမဲမဲ ႐ြာခ်လိုက္သည္။
သူတို႔ ႏွစ္ဉီး၏ စကားဝိုင္းက ႐ုတ္တရက္ တိတ္ဆိတ္သြား၏။
“ကြၽန္ေတာ့္ကို ခြင့္ျပဳပါဉီး..လြီဇာ..ကြၽန္ေတာ္ျပန္လိုက္ပါဉီးမယ္”
မတ္တပ္ထရပ္လိုက္ေသာ ျပင္သစ္စစ္ဗိုလ္လူငယ္ေလးကို လြီဇာက ေမာ့ၾကည့္လိုက္သည္။
“မိုးေတြ သည္းေနတယ္ေလ.”
“အင္း..ရပါတယ္..ကြၽန္ေတာ္ ျပန္သင့္ၿပီထင္တယ္..ကြၽန္ေတာ္ရွိေနရင္ လြီဇာ ကို ပိုၿပီး စိတ္အေႏွာက္အယွက္ေပးမိေနဉီးမယ္”
လြီဇာကပါ မတ္တပ္ထရပ္လိုက္သည္။
“ကြၽန္မကို ဒီဘရန္ဒီတစ္ပုလင္းနဲ႔ ရွင္က ထားခဲ့ေတာ့မယ္ေပါ့ေလ”
မိလပ္ မ်က္လုံးမ်ားက အေရာင္လက္သြားသည္။
“ထိုင္ေစခ်င္ရင္ ထိုင္ပါ့မယ္”
ႏွစ္ဉီးလုံး ျပန္ထိုင္လိုက္ၾကသည္။ လြီဇာက ဘရန္ဒီတစ္ခြက္ငွဲ႔ၿပီး မီလပ္ထံ ထိုးေပးလိုက္၏။
“ပိတ္ေလွာင္ခံထားရသလိုျဖစ္ေနတဲ့ ကြၽန္မစိတ္ေတြက ရွင္နဲ႔အတူရွိခ်ိန္ဆို ခဏေတာ့ လြတ္လပ္သလိုခံစားရတယ္..အဲ့ဒါကို ကြၽန္မ ဝန္ခံပါတယ္”
“ကြၽန္ေတာ္လည္းအတူတူပါပဲ…ကြၽန္ေတာ္ ဟံသာဝတီနဲ႔ ျပင္သစ္ဆက္ဆံေရးကို ဘာလို႔ အဆင္ေျပေစခ်င္လည္းသိလား…လြီဇာ ရွိတဲ့ ဟံသာဝတီကို ခဏခဏ လာခ်င္လို႔ေပါ့ဗ်ာ”
ထိုအခ်ိန္တြင္ မယ္ဖူးက အခန္းထဲသို႔ ဝင္လာသည္။
“မယ္ဖူး..အိပ္ေတာ့မလို႔လား”
“မိုးေတြ တအား႐ြာရင္ ျမတ္ဝါ က စိတ္ျပန္ျပန္ေဖာက္တတ္လို႔…ဒီည သူ႔တဲမွာ သြားအိပ္ေပးမလားလို႔ပါ..မမလြီဇာ..ဘာမ်ား လိုေသးလဲ”
“ညစာအတြက္ တစ္ခုခုစီစဥ္ေပးပါဉီး…ဧည့္သည္ပါ စားမွာ”
“ဟုတ္..ဟိုဘက္အခန္းမွာ အကုန္..အဆင္သင့္ပါပဲ”
“ေအး..အဲ့ဒါဆိုလည္း သြားအိပ္ေလ..ၿခံတံခါးလည္း ေသခ်ာပိတ္ဉီး”
မယ္ဖူးက ေျခလွမ္းဖြဖြျဖင့္ ျပန္ထြက္သြား၏။
ကြယ္လြန္သူ ၿမိဳ႕ဝန္ေဟာင္းဉီးသာလွ ၏ သမီးငယ္ျမတ္ဝါမွာ မိသားစုလိုက္အသတ္ခံလိုက္ရသည့္ဒဏ္ေၾကာင့္ စိတ္ေဖာက္သြားသည့္အျပင္ သရက္တပင္႐ြာတြင္ ျမႇားမွန္ခဲ့ဖူးသည့္ဒဏ္ေၾကာင့္ ေျခတစ္ဖက္ပါ မသန္ျဖစ္ခဲ့ရသည္။
ျမတ္ဝါကို လြီဇာကပင္ ေခၚယူေစာက္ေရွာက္ေပးထားခဲ့၏။
မီလပ္ ႏွင့္ လြီဇာ တို႔ ၏ ေသာက္လက္စ ဘရန္ဒီပုလင္းမွာ တဝက္ေက်ာ္ပင္ ကုန္လြန္ခဲ့ၿပီ။
လြီဇာက စကားေျပာေနရာမွ ထသြား၏။
“ေရာ့…မႏွစ္က ေသနတ္ပစ္သင္ေတာ့ ရွင္ ကြၽန္မကို ေပးခဲ့တဲ့ ပုဝါ..ကြၽန္မ ျပန္ေပးဖို႔ ေမ့ေနတာ”
လြီဇာက မီလပ္ကို ပုဝါအျဖဴေလး ကမ္းေပးသည္။
မီလပ္က ပုဝါေလးကို ယူကာ နမ္းလိုက္၏။
“လြီဇာ ဆီမွာ ကြၽန္ေတာ္ က်န္ခဲ့တာ ေနာက္တစ္ခုရွိေသးတယ္ေလ..အဲ့ဒါ ဒီည ျပန္ေပးဉီး”
လြီဇာက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဘာလဲ..ဟိုပစၥတိုေသနတ္က ရွင္ကြၽန္မကို လက္ေဆာင္ေပးတာဆို”
မီလပ္စ္က ထိုင္ေနေသာ ခုံကို မကာ လြီဇာ အနီးသို႔ ပူးကပ္လိုက္သည္။
လြီဇာက နားမလည္သလိုၾကည့္ေန၏။
“ပစၥတိုမဟုတ္ဘူး.. လြီဇာဆီမွာ က်န္ခဲ့တာက..ကြၽန္ေတာ့္ အသဲႏွလုံးေလဗ်ာ….ေက်းဇူးျပဳၿပီး..အဲ့ဒါ ကို ဒီည ျပန္ေပးႏိုင္မလား”
ျပင္သစ္စစ္ဗိုလ္လူငယ္၏ ေ႐ႊေရာင္ဆံပင္ေခြေခြတို႔က လြီဇာ မ်က္ႏွာနားသို႔ နီးကပ္လာသည္။
ဝင္သက္ေႏြးေႏြးမ်ားမွာ ဘရန္ဒီရနံ႔ျဖင့္ သင္းပ်ံ႕ေန၏။
လြီဇာ၏ ႏႈတ္ခမ္းမ်ားက ပြင့္တဝက္ ဟတဝက္ျဖင့္။
ဩဂုတ္လမို႔ မုတ္သုတ္မိုးလက္က်န္က သည္း၏။ထန္၏။
မီလပ္၏ ရင္ဘတ္အေမႊးၾကမ္းၾကမ္းမ်ားၾကား မွ လြီဇာ၏ ရႈိက္ညည္းသံသည္ မိုးသံႏွင့္အတူ..စည္းခ်က္က်က်။
ခက္ေဇာ္
အခန္း(၃) သဘက္ခါ
(ဉာဏ္ပညာႏွင့္ တြန္းလွန္၊ ခ်စ္ျခင္းတရားျဖင့္ တည္ေဆာက္)
Done 💪
ReplyDeleteDone
ReplyDeleteDone🐬🐬🐬
ReplyDeleteDone
ReplyDeleteငိုးမ ဆရာခက်ဇော်.......😥
ReplyDelete