AVA 1740s S2 (အခန်း ၁၃)
AVA 1740s (Season 2)
အခန်း(၁၃)
...............................................
ရွှေအနားကွပ်ထီးနီ လေးလက် က နေရောင်တွင် ပြိုးပြိုးပျက်ပျက်။
နံသာဖြူငွေ့များက ပတ်ပတ်လည်တွင် လှိုက်လှိုက်ထနေ၏။
မှန်စီခေါင်းတလားထဲတွင် လောင်းရှည်မင်းသမီးကြီး၏ အလောင်းသည် ငြိမ်သက်စွာ လှဲလျောင်းနေသည်။
အလောင်းတွင် ဝတ်ဆင်ထားသည့် ရွှေကွပ်စက်အနားပါ ထမီစ က မြစ်ပြင်မှ တိုက်ခတ်လာသောလေ ကြောင့်တဖြတ်ဖြတ်လွင့်နေ၏။
ကိုးသိန်းသခင်သည် ကွမ်းယာကိုငုံထားရင်းမှ ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို ငေးကြည့်နေသည်။
နှစ်ပေါင်းအတော်ကြာ စစ်မြေပြင်တွင်ပင် အချိန်ကုန်ခဲ့သဖြင့် ငယ်ဇနီး၏ နောက်ဆုံးအချိန်များတွင် သူရှိမနေနိုင်ခဲ့။
ကိုးသိန်းသခင်ငယ်စဉ် မင်းသားမောင်ဥက္ကာဘဝတွင် အန္တရာယ်ပေါင်းများစွာ ပတ်လည်ဝိုင်းခဲ့သည်။
တနင်္ဂနွေမင်း နန်းတက်စတွင် စနေမင်း၏ သားတော် မင်းသားငယ်များမှာ အသက်ဘေးနှင့် ယှဉ်ကာ နေထိုင်ခဲ့ကြရသည်။
မောင်ဉက္ကာ၏ အဖေတူအမေကွဲတော်စပ်သူ ပုဂံမင်းသားက တနင်္ဂနွေမင်းကို ပုန်ကန်ချိန်တွင်တော့ ကျန်မင်းသားများမှာ အနေအထိုင်ပိုမိုကြပ်တည်းလာသည်။
ထိုအချိန်တွင် တနင်္ဂနွေမင်းနှင့် မောင်နှမအရင်းအချာဖြစ်သော သူ၏ ဇနီး လောင်းရှည်မင်းသမီးက သူ့ကို များစွာ ကာကွယ်ပေးခဲ့သည်။
လောင်းရှည်မင်းသမီး၏ အာမခံမှုကြောင့် တနင်္ဂနွေမင်း၏ ယုံကြည်မှုကို ခံခဲ့ရသည်။
ပုန်ကန်သူပုဂံမင်းကို တိုက်ခိုက်ရာတွင် ဉီးဆောင်ခွင့်ရခဲ့၏။
ယခုတော့ သူသည် အင်းဝတွင် ရှင်ဘုရင်မဟာဓမ္မရာဇာဓိပတိ ပြီးလျှင် အာဏာအရှိဆုံး စစ်ဘုရင်ဖြစ်ခဲ့ပြီ။
သို့သော် အင်းဝ၏ အဘက်ဘက်မှ ဖြစ်လာသော စစ်များကြောင့် ဤနှစ်များတွင် သူသည် စစ်မြေပြင်သို့သာ အချိန်ကုန်နေခဲ့သည်။
သူ့ထက် အသက်ဆယ်နှစ်ကျော်ကြီးသော လောင်းရှည်မင်းသမီးကြီး၏ အခြေအနေကြောင့် သူသည် သွေးသားလိုအပ်ချက်အရ မယားအငယ်အနှောင်းများ၊ ကိုယ်လုပ်တော်များထားခဲ့ဖူးသည်။
လောင်းရှည်မင်းသမီးကြီးသည် ထိုအခြေအနေကို နားလည်လက်ခံပေးခဲ့သည်။
သူ့ဘက်ကလည်း လောင်းရှည်မင်းသမီးကြီးအပေါ် မည်သည့်အခါမျှ မရိုမသေမလုပ်ခဲ့။
အမတစ်ယောက်လို၊ ဇနီးတစ်ယောက်လို လေးစားမြတ်နိုးစွာဆက်ဆံခဲ့သည်။
သူ့အပေါ်တွင် ဘာမဆို နားလည်ဖြည့်ဆည်းပေးသည့် ပါရမီဖြည့်ဖက်။
ယခုတော့။
သူမသည် လောင်တိုက်ထက်ဝယ် အေးချမ်းစွာ လှဲလျောင်းနေခဲ့ပြီ။
ပထမဆုံးအကြိမ်ဖြစ် သူ့ဘဝတွင် အထီးကျန်မှုကို ခံစားခဲ့ရသည်။ အားကိုးရာမဲ့၊ အဖော်ပြုရာမဲ့သော ခံစားချက်မျိုးကို စတင်ခံစားလိုက်ရသည်။
“မင်းတရားကြီး ကြွချီလာပါပြီ...သခင်”
ရှင်ဘုရင်ကြွချီလာပြီဖြစ်သဖြင့် နဘေးရှိ လူအားလုံးမှာ မြေပြင်တွင် ပုဆစ်တုတ်လျက် ပြားပြားဝပ်နေကြသည်။
ကိုးသိန်းသခင်ကမူ ထိုအခြေအနေအားလုံးသည် သူနှင့်မသက်ဆိုင်သကဲ့သို့ပင်။
အလောင်း၏ ခါးမှ တလှပ်လှပ်လွင့်နေသည့် ထမီအနားစကို သူ့ညာလက်ဖြင့် ခပ်ဖွဖွ ဆုပ်ကိုင်ဖိချပေးရင်း လောင်းရှည်မင်းသမီး၏ မျက်နှာကိုသာ တစိမ့်စိမ့်ကြည့်နေသည်။
“ဘုန်းတော်ကြီးမြတ်လှစွာသော အင်းဝပြည့်ရှင် ဧကရာဇ်မင်းတရားကြွချီတော်မူလာပြီ”
စာတော်ဖတ်မောင်မြတ်စံ၏ အသံဩဩက သူ့ကို သတိပေးသကဲ့သို့ ခပ်ကျယ်ကျယ်ထွက်လာ၏။
“ကိုယ်တော်ကြီးဘုရား..စိတ်ထိန်းပါဉီး..ဘုရား..ရှင်ဘုရင်ကြွလာနေပါတယ်..ဘုရား”
အောက်ဘက်တွင် ဝပ်တွားနေသော ဗိုလ်မှူးက အသံတိုးတိုးဖြင့် သတိပေးသည်။
“နေပါ့စေ..ဘထွေးတော်...နေသာသလို နေပါလေ့စေ”
မဟာဓမ္မရာဇာဓိပတိက မီးလောင်တိုက်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး အနီးအပါးမှ လူများကို လှမ်းသတိပေးလိုက်သည်။
“အကြီးတော်..ကိုယ်တော်ငယ်ငယ်က မယ်ဖုရားက ခမည်းတော်နဲ့ အဝေးသွားတဲ့အခါ ကြောက်တတ်လွန်းလို့ လောင်းရှည်မယ်တော်ကပဲ ညညဆို လာအိပ်ပေးတာ..မှတ်မိရဲ့လား”
“မှန်ပါ..မှတ်မိပါရဲ့..ဘုရား”
မဟာဓမ္မရာဇာဓိပတိ စကားကို အနီးတွင် ကပ်လျက်ပါလာသော ဝန်ကြီးပဒေသရာဇာက ပြန်လည်လျှောက်တင်လိုက်၏။
“ပုထုဇဉ်တို့ရဲ့ သွားရာလမ်းပေပဲ...ဘယ်တတ်နိုင်ပါ့မလဲ..ဘထွေးတော်ကတော့ အတော်ခံစားနေရမှာပဲ..သူတို့ လင်မယားနှစ်ယောက်လုံးဟာ ခမည်းတော်အပေါ်ရော..ကျုပ်အပေါ်မှာပါ သစ္စာရှိခဲ့၊ ကောင်းခဲ့ကြတဲ့သူတွေပါလေ”
မဟာဓမ္မရာဇာဓိပတိက အရီးတော်၏ အလောင်းရှိရာသို့ လက်အုပ်တစ်ချက်ချီလိုက်သည်။
ထို့နောက် ဝေါယာဉ်ရှိရာသို့ ပြန်လှည့်သွားတော့၏။
ဝေါယာဉ်သည် အောင်နန်းကျော်ဘုံနန်းတော်သို့ သွားရာ လမ်းတဝက်သို့ ရောက်သောအခါ မဟာဓမ္မရာဇာဓိပတိက တင်းတိမ်စကိုလှန်ကာ ကမ်းနားဆီသို့ ကြည့်လိုက်၏။
ကမ်းနားဆီမှ မီးခိုးလုံးဖြူဖြူများ က ကောင်းကင်ဆီသို့ ထိုးတက်သွားကြသည်။
“အကြီးတော်...ကိုယ်တော် တစ်ခုစဉ်းစားမိတယ်..သင့်မသင့် အကြီးတော်အကြံပြုပါဉီး”
“မိန့်တော်မူပါ...သခင်”
“ဘထွေးတော်က အင်းဝပြည်ကြီးအတွက် အချိန်ပြည့် စစ်တိုက်ပေးနေရတယ်..အင်းဝရဲ့ စစ်ရေးဟာ သူ့အပေါ်ကို အများကြီးမှီခိုနေရတယ်မဟုတ်လား..ဒီတော့.အခု အရီးတော်ဆုံးတော့ သူတော်တော်လေး စိတ်ထိခိုက်နေပုံပဲ..သူဒီလို တသသဖြစ်နေရင်..စစ်ရေးမှာပါ ထိခိုက်လာလိမ့်မယ်...ဒီတော့ သူလည်း စိတ်လက်ပြေပြေပျောက်ပျောက်ဖြစ်သွားအောင်...သူကို နောက်ထပ် လက်ဆက်ပေးရင် သင့်လိမ့်မယ်ပ”
“သင့်တော်ပါတယ်..ဘုရား”
“နှမတော် ရှင်နှင်းအံ နဲ့ ဆိုရင်ရော”
ဝန်ကြီးပဒေသရာဇာမှာ အံဩတကြီးဖြင့် ရှင်ဘုရင်ကို ကြည့်လိုက်သည်။
မင်းသမီး ရှင်နှင်းအံ သည် မဟာဓမ္မရာဇာဓိပတိ၏ နှမတော်အရင်းခေါက်ခေါက်ဖြစ်သကဲ့သို့ ဘုရင်၏ အချစ်ဆုံးနှမလည်းဖြစ်သည်။
...................................................................................................................................
“ကင်းထောက်တပ်စခန်းအသီးသီးမှ တပ်မှူးများဆီမှ အစီရင်ခံစာများပါ..ဘုရား”
မောင်မြတ်စံ က ထန်းရွက်စာလွှာများကို ယွန်းကလပ်နှင့် တင်လျက် ကိုးသိန်းသခင်ထံ ပေးလိုက်သည်။
မောင်မြတ်စံသည် နန်းတွင်းတွင် ဘုရင့်စာတော်ဖတ်တာဝန်ထမ်းဆောင်နေရာမှ လောင်းရှည်မင်သမီးကွယ်လွန်ပြီးသည့်နောက် ကိုသိန်းသခင်၏ အပါးတော်မြဲအဖြစ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ကိုးသိန်းသခင်က ထန်းရွက်စာများကို စိတ်မပါတပါဖြင့် ယူလိုက်သည်။
ထိပ်ဆုံးမှ စာတချက်ကို ခေတ္တမျှ ဖတ်လိုက်၏။
“တော်ပြီ..မောင်မြတ်စံ...ငါ..ဒီစစ်ရေးစစ်ရာတွေ ကို လောလောဆယ် မကြည့်ချင်သေးဘူး...သွား..ဗိုလ်မှူးဂဇကျော်ဆီ ပို့လိုက်..သူ ဖတ်ပြီး သင့်သလို စီမံထားချေလို့ဆို”
မောင်မြတ်စံက ထန်းရွက်စာများကို အနီးရှိ အိမ်တော်သားတစ်ဉီးအား ပေးလိုက်သည်။
“လက်ထပ်ပွဲအရေးကိစ္စအတွက် ပို့ပေးထားတဲ့ အခမ်းအနားအစီအရင်များမှာ ဘာများ ဖြည့်စွက်စရာရှိလဲလို့ နန်းမတော်ဝန်ကလည်း လှမ်းမေးထားပါတယ်”
ကိုးသိန်းသခင်က ကွမ်းတံတွေးကို ရွှေထွေးခံအတွင်းသို့ ထွေးကာ သက်ပြင်းချလိုက်သည်။
“လောင်းရှည်မဖုရား တစ်လပြည့်ဆွမ်းသွပ်ဝေပြီးမှသာ အခမ်းအနားကို လုပ်ချင်တယ်လို့ နန်းမတော်ဝန်ကို ပြောလိုက်..မောင်မြတ်စံ”
“မှန်ပါ...အခါတော်က ဘုန်းတော်ကြီးဘုရားကိုယ်တိုင် တွက်ချက်ပြီး မှ အတည်ပြုထားတာမို့..ရွှေ့လို့မရပါ..ဘုရား”
“အေးလေ..ဘုရင့်အမိန့်ဆိုတော့လည်း ဘာတတ်နိုင်မလဲ..သူတို့ စီမံထားသလိုသာ လုပ်ကြပါစေ”
.......................................................................................................................................
“ဖောင်း”
သေနတ်သံကြောင့် မြစ်ပြင်တကျောတွင် ငါးရှာနေကြသော ဗျိုင်းငှက်များ ၊ ဘုမ္မတီးငှက်များ လန့်ပြန်ကုန်ကြသည်။
မြစ်လယ်ခေါင်မှ ကုန်တင်လှေကြီးဆီသို့ တိုက်လှေငါးစီးက ဝိုင်းရံလိုက်ကြ၏။
“ကျုပ်တို့ အင်းဝကနေ ပဌနဂိုရ်တပ်ကို ရိက္ခာပို့တဲ့...လှေပါ..ဗိုလ်မင်းတို့”
“မလွန်တပ်အတွက်ရော ရိက္ခာမပါဘူးလား”
“မပါပါဘူး”
“အေး..ဒါဆို ဒီပေါ်ပါတဲ့ ရိက္ခာတွေက မလွန်တပ်အတွက်ပဲ..မင်းတို့ မှားပို့နေတာဖြစ်မယ်”
“ဗိုလ်မှူးဂဇကျော်ကိုယ်တိုင် သေချာမိန့်ထားတာပါ..ဒီရိက္ခာတွေက ပဌနဂိုရ်က အာကာဗိုလ်မှူးတပ် အတွက်ပါပဲ...မလွန်တပ်အတွက် မပါပါဘူးဗျ”
“ဖောင်း”
နောက်ထပ် သေနတ်တချက်ကို လှေပေါ်သို့ ကျော်ပစ်လိုက်သဖြင့် လှေသားများမှာ လှေတွင် ဝပ်လိုက်ကြ၏။
“စကားမရှည်နဲ့ဟေ့..တပ်မှူးဗညားကျန်းတော..အမိန့်အရ..ဒီရိက္ခာလှေကို မလွန်တပ်က သိမ်းတယ်...ကမ်းကပ်ကြ..မဟုတ်ရင် လှေရော လူပါ ပစ်မြုပ်ပစ်မယ်”
ခဏအကြာတွင် ရိက္ခာလှေကြီးမှာ မလွန်ခံတပ်ဆီသို့ ဆိုက်ကပ်သွားကြသည်။
ရိက္ခာပြတ်လတ်နေသဖြင့် အနီးအနားထန်းတောများမှ ထန်းမြစ်များကိုပင် ဖော်စားနေရသော မလွန်တပ်သားတို့မှာ ပျော်ရွှင်သွားကြသည်။
ဆူညံအော်ဟစ်သံများနှင့်အတူ လှေပေါ်မှ ရိက္ခာများ၊ အသားခြောက်များကို အလုအယက်ထမ်းချနေကြ၏။
ထိုအချိန်တွင် နောက်ထပ် လှေငယ်တစ်စီးက ခံတပ်နားသို့ ကပ်လာသည်။
အစိမ်းရောင်အလံစလေး ချီထားသဖြင့် ငတွန် ၏ လှေမှန်း အားလုံးက သိကြသည်။
ငတွန်က လှေပေါ်မှ ဆင်းလိုက်ပြီး ပျော်ရွှင်ဆူညံစွာဖြင့် ရိက္ခာထုတ်များချနေကြသည့် တပ်သားများကို ခေတ္တမျှကြည့်လိုက်သည်။
ထို့နောက် ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေသည့် ဗညားကျန်းတောဆီသို့ လျှောက်သွား၏။
“နောက်ဆုံးတော့ ရိက္ခာလှေရောက်လာပြီပေါ့..ဗညား”
ဗညားက မဲ့ပြုံးပြုံးလိုက်၏။
“ဘယ်ကသာဗျာ..ဒါ ပဌနဂိုရ်တပ်အတွက် ပို့တဲ့ ရိက္ခာတွေတဲ”
“ဟာ..ဗညား..ခင်ဗျား တကယ်လုပ်လိုက်ပြီပေါ့”
“ကျုပ်မှာ ရွေးစရာမရှိဘူး..ဗိုလ်တွန်...ကျုပ် နောက်ဆုံးအကြိမ် ကျုပ်ဆီက သွေးသောက်ကြီးကို ကိုးသိန်းသခင်ဆီ စာပို့ပြီးပြီ....သူ့ကတော် မင်းသမီးကြီး အသုဘနဲ့ ကြုံနေလို့ တွေ့ခွင့်မရဘူး...စာပဲပေးခဲ့ရတယ်..အဲ့ဒါလည်း တလရှိပြီ..အခုထိ ဘာရိက္ခာမှာ မလာပါဘူး..ဒီတော့...ကျုပ် တပ်သားတွေ ငတ်ပြတ်နေတာ ကျုပ်က ခေါင်းဆောင်လုပ်ပြီး ဒီတိုင်း ထိုင်ကြည့်နေရမှာလားဗျာ..ကျုပ်က ဒီတပ်ရဲ့ခေါင်းဆောင်..ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ်ကတော့ စည်းစိမ်အပြည့်နဲ့နေပြီး ကျန်တဲ့ ငယ်သားတွေ ငတ်ပြတ်ဆင်းရဲနေတောကို မသိကျိုးကျွန်ပြုနေရင်..ဒီခေါင်းဆောင် ဆိုတဲ့ နေရာနဲ့ ဘယ်တန်တော့မလဲဗျာ...အဲ့ဒါမျိုးကျ ခေါင်းဆောင်မဟုတ်ပဲ..ဖင်ဆောင်ဖြစ်နေမယ်..ဖင်ဆိုတာ သိလား..သူ့ဆီက ထွက်သမျှ အကုန်နံတယ်ဗျ”
ဗညား၏ စကားကို ငတွန်က တဟားဟားရယ်လိုက်သည်။
“ခင်ဗျားကတော့လေ..ပြောလိုက်ရင်..ဒီလိုချည်း..ကဲ..ဒီကနေ ဖြစ်လာမယ့် ပြဿနာတွေလည်း တွေးထားဉီး..ကိုယ့်လူ...ဒါနဲ့...ကိုးသိန်းသခင် ကတော်ကြီး ဆုံးသွားပြီတဲ့လား”
“ဟုတ်တယ်လေ..ဈာပနတောင် မပြီးသေးဘူး...ရှင်ဘုရင်က သူ့နှမတော်နဲ့ လက်ဆက်ဖို့ ချက်ချင်း အမိန့်ချလိုက်သတဲ့ဗျာ..နှမပေးပြီး စစ်တိုက်ခိုင်းတာပေါ့..ဟားဟား”
“ခင်ဗျား ကိုတော့..ကျုပ် တကယ်သဘောကျတယ်..ဗညား...ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားထက် ခင်ဗျားငယ်သားတွေကို ကြည့်တယ်..ပြီးတော့..ဖြစ်လာသမျှအခြေအနေကို တာဝန်ခံဖြေရှင်းတယ်..အဲ့ဒီလိုတာဝန်ယူထားလို့လည်း..ဘာဖိအားမှမထားဘူး..အမြဲတမ်း ဟာသတွေပြောပြီးပျော်ပျော်နေနေတာပဲ”
“ဗိုလ်တွန်ရေ..ကျုပ်တို့ မှာ ခေတ်စနစ်က ပုခုံးပေါ်တင်ပေးလိုက်တဲ့တာဝန်တွေရှိတယ်လေဗျာ.. လုပ်စရာရှိတာလုပ်..တိုက်စရာရှိတာတိုက်..ပျော်စရာရှိလည်းပျော်လိုက်ကြတာပေါ့...ခင်ဗျားလည်း ဒီလိုချည်း အလွမ်းမင်းသားလုပ်နေတာ မကိုက်ပါဘူးဗျာ...ဒီတိုင်းပြည်မှာလည်း ဟိုး ဘုရင်ဘေးနားက ဝန်ကြီးပဒေသရာဇာကြီးကလည်း အားအားရှိ အလွမ်းစာတွေ နတ်သံတွေနဲ့လွမ်း..စစ်တိုက်တော်ပါတယ် ဆိုတဲ့ ခင်ဗျားလို လူတွေကလည်း လွမ်းနဲ့...အလွမ်းပြည်ကြီးဖြစ်နေပြီမဟုတ်လား..လွမ်းနေရုံနဲ့ မပြီးသေးဘူး..ကိုယ့်လူရေ..ရန်သူတွေက ပတ်လည်ဝိုင်းနေတာမဟုတ်လား..ကျုပ်တို့က မခံယူချင်ပေမယ့်...ကျုပ်တို့ ပတ်လည်က လူ့အသိုင်းအဝိုင်းအပေါ် ကျေပွန်ရမယ့် တာဝန်တွေရှိတယ်မဟုတ်လား..ကျုပ်က အင်းဝမှာ မွေးတာမဟုတ်ပေမယ့်..ကျုပ်အမေက အင်းဝသူ..ဒီတော့ အင်းဝ ကို ကာကွယ်ဖို့ ကျုပ်လည်း လုပ်နေရတော့တာပ”
“အင်းဝဆိုတာ အင်းဝနန်းတော်ထဲက အစားကောင်း၊အသောက်ကောင်းတွေနဲ့ ပျော်ပါးစံစားနေတဲ့ သူတွေကို ပြောတာလား..ဗညား...သူတို့အတွက် ခင်ဗျားက စစ်တိုက်နေတာလား”
“မဟုတ်ပေါင်ဗျာ..ကျုပ် ချစ်တာ အင်းဝက ပြည်သူတွေပဲ...ကျုပ် ရာမညတပ်နဲ့ပါလာချိန်မှာ အင်းဝမြို့ကြီးဆီ ရောက်ခဲ့တယ်..ကျုပ်အမေရဲ့အမျိုးတွေအချာတွေနဲ့ တွေ့ခွင့်ရခဲ့တယ်..ဒီလူတွေကို ကျုပ်ချစ်တာပဲ....စစ်ဖြစ်ပြီဆို..အင်းဝဖြစ်ဖြစ်..ဟံသာဝတီဖြစ်ဖြစ်.အဲ့ဒီနန်းတော်ထဲကလူတွေက သူတို့အချင်းချင်းတော့ နောင်တော်..ညီတော် ..အဆွေတော်ဆိုပြီး အရမ်းကာရောမလုပ်ကြဘူးဗျ...နောက်မှသာ သတ်ချင်သတ်ကြတာ..အရင်ဆုံး ..အလုခံအယက်ခံမီးတိုက်ခံရတာက ပြည်သူတွေပဲ မဟုတ်လား....ဒီတော့ ပြည်သူတွေအတွက် ကျုပ်က ဒီခုခံစစ်ကို ဝင်တိုက်ပေးနေတာပါ..အင်းဝပြည်သူတွေအတွက်ပါ”
ဗညားကျန်းတော၏ စကားကြောင့် ငတွန်မှာ မျက်ခုံးကိုတွန့်လျက် အကြာကြီးစဉ်းစားနေသည်။
.........................................................................................................................................
“နဲကို..ရွာပြန်တော့”
သလွန်ပေါ်တွင် ထိုင်ကာ ဖရဲသီးအချိုပွဲကို စားနေသော ဘုရင်အသစ်ကလေး နဲကိုမှာ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
ဉီးအောင်လှ၏ ယောက်ဖ ဉီးအောင်မြ ၏ အသံကြောင့် တူရိယာအစု၏ တီးခတ်သံများဖြင့် ရပ်သွား၏။
“အမတ်ကြီးဗညားဒလဆီက အမိန့်တော်ပါလာတယ်..မင်းရွာပြန်လို့ရပြီ”
နဲကို က အိပ်မက်က လန့်နိုးလာသူပမာ ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသည်။
“အခုဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ နားတောင်းကိုတော့ ယူသွား..ပတ္တမြားကျောက်စီလက်စွပ်ကိုတော့ ချွတ်ခဲ့..မြန်မြန်လုပ်..မင်းကိုရွာပြန်ပို့ပေးဖို့ မြင်းသည်တွေ စောင့်နေပြီ”
“ကျွန်တော့် ဝါးဖာလေး...မြေနန်းဆောင်မှာ...သွားယူပါရစေဉီး”
“မယူနဲ့တော့...ဟေ..မောင်းမတွေ...နန်းတော်သားတွေထဲက သင့်တော်ရာ အဝတ်တွေသူ့ကို ထုတ်ပေးလိုက်ကြ...ရွှေတိုက်ဝန် က လည်း ငွေတစ်ပိဿာ ထုတ်ပေးလိမ့်မယ်..ရွာမှာ သူဌေးပြန်လုပ်ချေ..သွား”
နဲကို က ရှင်ဘုရင်တို့သာစွပ်ရသည့် ပတ္တမြားလက်စွပ်ကို ချွတ်ကာ ကတ္တီပါခင်းထားသော သလွန်ပေါ်သို့ တင်လိုက်သည်။
ထို့နောက် ဉီးအောင်မြ ရှိရာသို့ ခပ်ကုပ်ကုပ်လျှောက်လာ၏။
လွန်ခဲ့သော မိနစ်ပိုင်းက စည်းစိမ်အပြည့်နှင့်ထိုင်ခဲ့သည့် ရွှေချထားသည့် သလွန်ကို သမင်လည်ပြန်တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူ့နဘေးခစားခဲ့ကြသော နန်းတွင်းသူများကို နှမြောတသစွာ တစ်ချက်ကြည့်လိုက်၏။
အစောပိုင်းက သူ့ခြေရင်းတွင် ခစားရင်း သူခိုင်းသမျှ လုပ်ပေးနကြသည့် နန်းတွင်းသူအားလုံးက သူ့ကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင်မထင်ကြတော့။
နဲကို က ခေါင်းကလေးကုပ်လျက် ဉီးအောင်မြကို တချက်ကြည့်လိုက်သည်။
ဗလတောင့်တောင့်၊ ရင်အုပ်ထွားထွား၊ သျှောင်မထုံး၊ မွန်ဆံမဖြတ်ပဲ..ဘုန်းကြီးလူထွက်ကတုံးဆံပင်ပုံစံသာ ထားသော ဉီးအောင်မြ၏ အံကြိတ်ထားသော မေးရိုးကြီးများကို ကြည့်ပြီး ခပ်သွက်သွက် ထွက်သွားတော့သည်။
နဲကိုသည် မြင်းတပ်များလိုက်ပါလာသော နွားလှည်းဖြင့် ဟံသာဝတီအနောက်ဖက်တံခါးမှ ထွက်နေချိန်တွင် ဟံသာဝတီအရှေ့ဘက် တံခါးဆီမှ အောင်စည်ရွမ်းသံများကို ကြားလိုက်ရသည်။
ဟံသာဝတီနေပြည်တော်သို့ ကရင်များ ဝင်ရောက်စီးနင်းမှုကြောင့် တိမ်းရှောင်နေသော သမိန်ထောဘုရင်..ပြည်တော် ပြန်ဝင်ပြီဖြစ်သည်။
ထူးထူးခြားခြား သမိန်ထောဘုရင်သည် ဆင်ပေါ်တွင် မိဖုရားခေါင်ကြီးနှင့်အတူ တွဲလျက်ထိုင်လာသည်ကို တွေ့ကြရသည်။
သမိန်ထောပါလာသည့် ဆင်က နန်းတော်ဆီ ဉီးတည်သွားသော်လည်း ဗညားဒလဉီးအောင်လှ ၏ ဆင်မှာ လွီဇာ၏ အိမ်ရှိရာသို့ ဉီးတည်သွားသည်။
လွီဇာ၏ ခြံဝန်းရှေ့တွင် ဆင်ကို ရပ်လိုက်ပြီး ဉီးအောင်လှက ဆင်ပေါ်မှ ဆင်းလာသည်။
မြတ်ဝါက ပန်းပင်ကလေးများကို ရေလောင်းနေရာမှ ဉီးအောင်လှဝင်လာသည်နှင့် ဒူးတုပ်ကာ လက်အုပ်ချီလိုက်၏။
“သမီးမြတ်ဝါ..နေကောင်းပြီလား”
“ကောင်းပါပြီ..အမတ်ချုပ်ကြီး..ပန်းပင်လေးတွေ က ရေဆာတယ်ဆိုလို့ ရေတိုက်နေတာပါ”
ထိုအချိန်တွင် လွီဇာက အိမ်ပေါ်မှာ ဆင်းလာက ဉီးအောင်လှကို အရိုအသေပြုလိုက်သည်။
“အိမ်ပေါ်မှာ စကားပြောကြတာပေါ့..လွီဇာ”
လွီဇာ၏ အိမ်ပေါ်သို့ သူတို့ အတူတက်လာကြသည်။
“ကလေးမ..အခြေအနေက အရင်လို အကြမ်းပတမ်းကြီးမဟုတ်တော့ဘူးနော်”
“ဟုတ်တယ်..သန်လျင်က ဘရာသာအန်ဂျန်လိုဆီ တလတခါ သွားကုတာရယ်..လက်ျာဗိုလ်ကလည်း ဒီမှာရှိတိုင်း အမြဲလိုလို အဖော်ပြုပေးနေတာတွေလည်းပါမယ်ထင်တယ်..အတော်ယဉ်သွားပြီ..ဒါပေမယ့်.. အခု လက်ျာဗိုလ် စစ်ထွက်နေတဲ့ရက်တွေမှာ စကားပြောတာတွေက ပုံမှန်မဟုတ်လို့..နည်းနည်းတော့ ဂရုစိုက်နေရတယ်”
“အင်း..အခု သမိန်ထောတော့ ပြန်ပါလာပြီ...လွီဇာ..ကျုပ်အသင့်လုပ်ခိုင်းထားတဲ့ ဟာတွေ ရပြီလား”
“အင်း..ရပါပြီ..ခဏနော်”
လွီဇာက အနောက်တိုင်းပုံစံဗီဒိုကြီးထဲမှ စာတချို့ကို ထုတ်လာသည်။
“ဒါက ပြင်သစ်ပွန်ဒီချယ်ရီကို ပို့ရမယ်စာ..ဒီလထဲမှာ ဖာသာနာရေနီက ဘိရှော့အဖြစ်နဲ့ သိက္ခာထပ်ဖို့ မဒရပ်ကို သွားရမယ်..သူကတဆင့် ဒီစာကို ပေးခိုင်းလိုက်ပါ့မယ်”
“ကျုပ်တို့ ပြောထားတဲ့အချက်တွေ အစုံပါရဲ့လား”
“ကျွန်မသေချာလုပ်ထားပါတယ်..ပြင်သစ်နဲ့ ညှိနှိုင်းသဘောတူထားတာတွေကို ချက်ချင်းအကောင်ထည်ဖော်မပေးနိုင်ပဲ ဆက်ဆံရေးပြတ်တောက်ခဲ့ရတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့...ပြင်သစ်ကုန်တိုက်တစ်ခုအတွက် သန်လျင်မှာ နေရာပေးဖို့...အရှေ့အိန္ဒိယကုမ္ပဏီကို သန်လျင်ကနေ ဟိုင်းကြီးကျွန်းကို ပြောင်းရွှေ့စေဖို့ အကုန်လုံး အချက် ခြောက်ချက်နဲ့ ရေးပေးထားတယ်”
“အဲ့ဒီ သန်လျင်က ဗရင်ဂျီဘုန်းကြီးကရော ယုံရပါ့မလား..ဒီဟံသာဝတီမှာရှိတဲ့ ခင်ကြီးဂါလစ်ဇီယာ တို့ကတော့ ဟိုအင်္ဂလိပ်ကောင် စမစ်နဲ့ရော သမိန်ထောဘုရင်နဲ့ပါ ပုလဲနံပ သင့်နေတာပဲ...သမိန်ထော အခုလို ထောင်ထောင်လွှားလွှားနဲ့ အောက်ခြေလွတ်တာ ဒီလူတွေ မြှောက်ပေးတာလည်းပါမယ်လို့ ကျုပ်တော့ သံသယရှိတယ်”
“သန်လျင်က ဖာသာနာရေနီကတော့ ကျွန်မတို့ လူပါ... လက်ျာဗိုလ်နဲ့လည်း အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေရင်းတွေပဲကိုး...သူ့ကိုတော့ ယုံပါ..ဉီးအောင်လှ”
“ဟုတ်ပြီလေ..လွီဇာ အာမခံပေးရင်တော့ ကျုပ်ယုံပါတယ်...ကဲ..ဒါဆိုရင် ဒီဘက်ပိုင်းကို ကျုပ်စိတ်ချပြီ..အဲ့ဒီစာတွေပေးလိုက်..မနက်ဖြန်ကျ ဘုရင့်တံဆိပ်တော် ခပ်နှိပ်ပြီး ပြန်လာပို့ပေးမယ်”
“ဒါနဲ့..လက်ျာဗိုလ်တို့က ဘယ်တော့လောက် ပြန်လာမှာလဲ...အမိန့်တွေထုတ်ပြန်ပြီးရင်..အင်္ဂလိပ်တွေက ဒီတိုင်းတော့နေမယ်မထင်ဘူး..ဒီတော့ နေပြည်တော်မှာ.သူတို့တပ်တွေ ဒီမှာရှိနေမှဖြစ်မယ်”
“ပြည်မြို့က ကျုပ်တို့တပ်တွေ အခိုင်အလုံဖြစ်အောင် သူတို့နေပေးနေတာပါ..မကြာခင် သူတို့ကို တပ်ပြန်ရုတ်ဖို့ ဘုရင်ကို ခေါ်ခိုင်းလိုက်မယ်...နောက်တပတ်လောက်နေရင် တလပန်းနဲ့ သူ့တပ်လည်း ပြန်ရောက်တော့မှာပါ..အဲ့ဒီအတွက် စိတ်မပူနဲ့..လွီဇာ”
ဉီးအောင်လှက လွီဇာလက်ထဲမှ စာချွန်များကို ကိုင်ကာ အိမ်အောက်သို့ဆင်းလိုက်သည်။
“ဘဘဘုရား...ဘဘဘုရား...ဟော့ဒီပန်းကလေးများက..လျှောက်တင်စရာလေးရှိလို့ပါတဲ့..ဘုရား”
အိမ်လှေကားရင်းတွင် မြတ်ဝါက နှင်းဆီပန်းသုံးပွင့်ကို ကိုင်လျက် ဒူးတုပ်နေသည်။
“ဘာများလဲ..သမီး..လျှောက်စေဗျား”
“ဉီးဉီး လက်ျာဗိုလ်မင်း က ဘယ်တော့များမှ ပန်းကလေးတွေဆီ ပြန်လာမှာလဲတဲ့..ဘုရား”
ဉီးအောင်လှနှင့် လွီဇာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
ဉီးအောင်လှက မြတ်ဝါ၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်ပြီး
“မကြာခင် ပြန်လာတော့မှာပါ..ဘဘ သူ့ကို အခေါ်တော်လွှတ်ထားပါပြီ..ဟုတ်ပြီလား”
“ဟယ်..ပျော်လိုက်တာ..ဘဘဘုရားရယ်..ပန်းလေးတွေ..ဘဘဘုရားကို ရှိခိုးကြ..ရှိခိုးကြ”
ဉီးအောင်လှက ဆင်ပေါ်သို့ တက်သွားပြီဖြစ်သည်။
....................................................................................................
“ကျွန်တော်မျိုးတို့၏ တပ်ထောက် ရိက္ခာလှေများ မလွန်တပ်စခန်းမှာ လုယက်ခံနေရပါတယ်..အရှင်”
ဗိုလ်မှူးဂဇကျော်၏ ရွှေကျင်ခတ်ပုဝါခေါင်းပေါင်းက မီးခွက်အရောင်တွင် တလက်လက်ပြောင်နေသည်။
ကိုးသိန်းသခင်က စစ်ဆင်ရေးမြေပုံကို ကြည့်နေရာမှာ ဘေးသို့ ချလိုက်သည်။
“ဘယ့်နှယ့်..မလွန်တပ်မှာ ဗညားကျန်းတော ရှိနေတယ်မဟုတ်လား...ဘယ်သူကများ လုဝံ့သလဲ”
“ဗညားကျန်းတောအမိန့်နဲ့ဆိုပြီး တပ်သားများက လှေကို ကမ်းကပ်ခါ လုယူကြတာ..ဘုရား”
“သူ့တပ်အတွက်လည်း ရိက္ခာတွေ ပို့ပေးနေတယ်မဟုတ်လား”
“ကျွန်တော်မျိုး ခံတပ်အားလုံးအတွက် ပို့ပေးမြဲပါ..ဘုရား”
“ဒါနဲ့များ..သင်းက ဘာကြောင့် လုရတာတုန်း”
“ကျွန်တော်မျိုး တပ် ပဌနဂိုရ်ကို ပို့မယ့်..ရိက္ခာတွေကို လုတာပါ..ဘုရား...ကြားရတဲ့ သတင်းစကားများအရတော့...ဗညားကျန်းတောဟာ မြန်မာတလိုင်းကပြားဆိုပေမယ့်..တလိုင်းတပ်များက သူလျှိုဒလန်အဖြစ် ထည့်ထားတာ ဖြစ်တန်ကောင်းပါတယ်..သို့မိုသာ ဟံသာဝတီတပ်များနှင့် ရှေ့ဆုံးဆိုင်ထားရတဲ့ ကျွန်တော်မျိုးရဲ့ ပဌနဂိုရ်ခံတပ်များ ရိက္ခာ အားလျော့ရန် တမင်လုယက်နေခြင်းဖြစ်နိုင်ပါတယ်...ယုံကြည်တော် မမူရန် လျှောက်ထားပါတယ်..ဘုရား”
ဗိုလ်မှူးဂဇကျော် နဘေးရှိ အာကာဗိုလ်မှူးကလည်း ဝင်ရောက်လျှောက်တင်သည်။
ကိုးသိန်းသခင်က မျက်မှောင်ကြုံ့လိုက်သည်။
“ဗညားကျန်းတောဟာ ဗိုလ်မှူးများထဲမှာ သူရသတ္တိနဲ့ ပြည့်စုံတယ်...တိုက်ရေးခိုက်ရေးမှာလည်း ငယ်သားများကို နောက်မကွပ်ကဲ..ရှေ့က မားမားမတ်မတ် ထွက်ရပ်ပြီး ကွပ်ကဲတဲ့သူပဲ...ဘယ့်နှယ့်ကြောင့် ဒီလို ရိက္ခာလုတာမျိုးလုပ်ရတာပါလိမ့်..တစ်ခုခုတော့ မှားနေပြီထင်တယ်..သူ့တပ်ကို ပို့တဲ့ ရိက္ခာမလောက်လို့များလား”
“ကျွန်တော်မျိုးလည်း မခန့်မှန်းတတ်ပါ”
ဗိုလ်မှူးဂဇကျော်က လေသံခပ်တိန်တိန်ဖြင့် ခေါင်းငုံ့ထားသည်။
ထိုအချိန်တွင် အိမ်အစေခံအပျိုတော်တစ်ဉီးက ရွှေပိန်းချ ခွက်တစ်ခွက်ကို ကိုင်လျက် အနီးသို့ဝင်လာသည်။
“ထိပ်ထားက အရှင့်အတွက် ဆေးတော်မှီဝဲချိန်မို့ ပို့ခိုင်းလိုက်လို့ပါ..ဘုရား”
ကိုးသိန်းသခင်က အီတလီကုန်သည်များထံမှ ဝယ်ယူထားသော စက်နာရီကို လှမ်းကြည့်လိုက်၏။
“အိမ်း..ညဉ့်တောင်နက်ပြီပ...ဗညားကျန်းတောငယ်ကိစ္စက သူ့ငယ်သားများ လုပ်မှားကိုင်မှားဖြစ်ကြတာ နေပါ့မယ်...ဒီကိစ္စကို ဗညားကျန်းတောတပ်က လုယူသည်ဟူမျှ ပြန်ပေးစေ လို့ ငါကိုယ်တော်အမိန့်တော်ချတယ်..ဗိုလ်မှူးဂဇကျော်ကပဲ ပဌနဂိုရ်တပ်အထိသွားပြီး တပ်နှစ်တပ်ကြား ဖြေရှင်းပေးစေ..ငါ..အိပ်ရာဝင်တော့မယ်..မင်းတို့လည်း ပြန်ကြတော့”
ဗိုလ်မှူးဂဇကျော်နှင့် အာကာဗိုလ်မှူးတို့ က ခေါင်းငုံ့လျက် မသိမသာပြုံးကာ အခန်းတွင်းမှ ထွက်ခွာသွားကြတော့သည်။
ကိုးသိန်းသခင်က အသစ်စက်စက် ဇနီးလေးမှ ပို့ဆက်ထားသည့် ဇာတိပ္ဖိုလ်ပွင့်၊ ကြာဝတ်ဆံ၊ ဆူးပန်းဝတ်ဆံ၊ ကတ်ဖို၊ ပန်းနု၊ ပန်းမ၊ ပျားရည်တို့ဖြင့် ဖော်စပ်ထားသော ပန်းနုအားဆေး ခွက်ကို ခပ်သွက်သွက်မော့ချပစ်လိုက်သည်။
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၁၃)
...............................................
ေ႐ႊအနားကြပ္ထီးနီ ေလးလက္ က ေနေရာင္တြင္ ၿပိဳးၿပိဳးပ်က္ပ်က္။
နံသာျဖဴေငြ႕မ်ားက ပတ္ပတ္လည္တြင္ လႈိက္လႈိက္ထေန၏။
မွန္စီေခါင္းတလားထဲတြင္ ေလာင္းရွည္မင္းသမီးႀကီး၏ အေလာင္းသည္ ၿငိမ္သက္စြာ လွဲေလ်ာင္းေနသည္။
အေလာင္းတြင္ ဝတ္ဆင္ထားသည့္ ေ႐ႊကြပ္စက္အနားပါ ထမီစ က ျမစ္ျပင္မွ တိုက္ခတ္လာေသာေလ ေၾကာင့္တျဖတ္ျဖတ္လြင့္ေန၏။
ကိုးသိန္းသခင္သည္ ကြမ္းယာကိုငုံထားရင္းမွ ဇနီးျဖစ္သူ၏ ႐ုပ္အေလာင္းကို ေငးၾကည့္ေနသည္။
ႏွစ္ေပါင္းအေတာ္ၾကာ စစ္ေျမျပင္တြင္ပင္ အခ်ိန္ကုန္ခဲ့သျဖင့္ ငယ္ဇနီး၏ ေနာက္ဆုံးအခ်ိန္မ်ားတြင္ သူရွိမေနႏိုင္ခဲ့။
ကိုးသိန္းသခင္ငယ္စဥ္ မင္းသားေမာင္ဥကၠာဘဝတြင္ အႏၲရာယ္ေပါင္းမ်ားစြာ ပတ္လည္ဝိုင္းခဲ့သည္။
တနဂၤေႏြမင္း နန္းတက္စတြင္ စေနမင္း၏ သားေတာ္ မင္းသားငယ္မ်ားမွာ အသက္ေဘးႏွင့္ ယွဥ္ကာ ေနထိုင္ခဲ့ၾကရသည္။
ေမာင္ဉကၠာ၏ အေဖတူအေမကြဲေတာ္စပ္သူ ပုဂံမင္းသားက တနဂၤေႏြမင္းကို ပုန္ကန္ခ်ိန္တြင္ေတာ့ က်န္မင္းသားမ်ားမွာ အေနအထိုင္ပိုမိုၾကပ္တည္းလာသည္။
ထိုအခ်ိန္တြင္ တနဂၤေႏြမင္းႏွင့္ ေမာင္ႏွမအရင္းအခ်ာျဖစ္ေသာ သူ၏ ဇနီး ေလာင္းရွည္မင္းသမီးက သူ႔ကို မ်ားစြာ ကာကြယ္ေပးခဲ့သည္။
ေလာင္းရွည္မင္းသမီး၏ အာမခံမႈေၾကာင့္ တနဂၤေႏြမင္း၏ ယုံၾကည္မႈကို ခံခဲ့ရသည္။
ပုန္ကန္သူပုဂံမင္းကို တိုက္ခိုက္ရာတြင္ ဉီးေဆာင္ခြင့္ရခဲ့၏။
ယခုေတာ့ သူသည္ အင္းဝတြင္ ရွင္ဘုရင္မဟာဓမၼရာဇာဓိပတိ ၿပီးလွ်င္ အာဏာအရွိဆုံး စစ္ဘုရင္ျဖစ္ခဲ့ၿပီ။
သို႔ေသာ္ အင္းဝ၏ အဘက္ဘက္မွ ျဖစ္လာေသာ စစ္မ်ားေၾကာင့္ ဤႏွစ္မ်ားတြင္ သူသည္ စစ္ေျမျပင္သို႔သာ အခ်ိန္ကုန္ေနခဲ့သည္။
သူ႔ထက္ အသက္ဆယ္ႏွစ္ေက်ာ္ႀကီးေသာ ေလာင္းရွည္မင္းသမီးႀကီး၏ အေျခအေနေၾကာင့္ သူသည္ ေသြးသားလိုအပ္ခ်က္အရ မယားအငယ္အေႏွာင္းမ်ား၊ ကိုယ္လုပ္ေတာ္မ်ားထားခဲ့ဖူးသည္။
ေလာင္းရွည္မင္းသမီးႀကီးသည္ ထိုအေျခအေနကို နားလည္လက္ခံေပးခဲ့သည္။
သူ႔ဘက္ကလည္း ေလာင္းရွည္မင္းသမီးႀကီးအေပၚ မည္သည့္အခါမွ် မ႐ိုမေသမလုပ္ခဲ့။
အမတစ္ေယာက္လို၊ ဇနီးတစ္ေယာက္လို ေလးစားျမတ္ႏိုးစြာဆက္ဆံခဲ့သည္။
သူ႔အေပၚတြင္ ဘာမဆို နားလည္ျဖည့္ဆည္းေပးသည့္ ပါရမီျဖည့္ဖက္။
ယခုေတာ့။
သူမသည္ ေလာင္တိုက္ထက္ဝယ္ ေအးခ်မ္းစြာ လွဲေလ်ာင္းေနခဲ့ၿပီ။
ပထမဆုံးအႀကိမ္ျဖစ္ သူ႔ဘဝတြင္ အထီးက်န္မႈကို ခံစားခဲ့ရသည္။ အားကိုးရာမဲ့၊ အေဖာ္ျပဳရာမဲ့ေသာ ခံစားခ်က္မ်ိဳးကို စတင္ခံစားလိုက္ရသည္။
“မင္းတရားႀကီး ႂကြခ်ီလာပါၿပီ...သခင္”
ရွင္ဘုရင္ႂကြခ်ီလာၿပီျဖစ္သျဖင့္ နေဘးရွိ လူအားလုံးမွာ ေျမျပင္တြင္ ပုဆစ္တုတ္လ်က္ ျပားျပားဝပ္ေနၾကသည္။
ကိုးသိန္းသခင္ကမူ ထိုအေျခအေနအားလုံးသည္ သူႏွင့္မသက္ဆိုင္သကဲ့သို႔ပင္။
အေလာင္း၏ ခါးမွ တလွပ္လွပ္လြင့္ေနသည့္ ထမီအနားစကို သူ႔ညာလက္ျဖင့္ ခပ္ဖြဖြ ဆုပ္ကိုင္ဖိခ်ေပးရင္း ေလာင္းရွည္မင္းသမီး၏ မ်က္ႏွာကိုသာ တစိမ့္စိမ့္ၾကည့္ေနသည္။
“ဘုန္းေတာ္ႀကီးျမတ္လွစြာေသာ အင္းဝျပည့္ရွင္ ဧကရာဇ္မင္းတရားႂကြခ်ီေတာ္မူလာၿပီ”
စာေတာ္ဖတ္ေမာင္ျမတ္စံ၏ အသံဩဩက သူ႔ကို သတိေပးသကဲ့သို႔ ခပ္က်ယ္က်ယ္ထြက္လာ၏။
“ကိုယ္ေတာ္ႀကီးဘုရား..စိတ္ထိန္းပါဉီး..ဘုရား..ရွင္ဘုရင္ႂကြလာေနပါတယ္..ဘုရား”
ေအာက္ဘက္တြင္ ဝပ္တြားေနေသာ ဗိုလ္မႉးက အသံတိုးတိုးျဖင့္ သတိေပးသည္။
“ေနပါ့ေစ..ဘေထြးေတာ္...ေနသာသလို ေနပါေလ့ေစ”
မဟာဓမၼရာဇာဓိပတိက မီးေလာင္တိုက္ႏွင့္ ခပ္လွမ္းလွမ္းတြင္ ရပ္လိုက္ၿပီး အနီးအပါးမွ လူမ်ားကို လွမ္းသတိေပးလိုက္သည္။
“အႀကီးေတာ္..ကိုယ္ေတာ္ငယ္ငယ္က မယ္ဖုရားက ခမည္းေတာ္နဲ႔ အေဝးသြားတဲ့အခါ ေၾကာက္တတ္လြန္းလို႔ ေလာင္းရွည္မယ္ေတာ္ကပဲ ညညဆို လာအိပ္ေပးတာ..မွတ္မိရဲ႕လား”
“မွန္ပါ..မွတ္မိပါရဲ႕..ဘုရား”
မဟာဓမၼရာဇာဓိပတိ စကားကို အနီးတြင္ ကပ္လ်က္ပါလာေသာ ဝန္ႀကီးပေဒသရာဇာက ျပန္လည္ေလွ်ာက္တင္လိုက္၏။
“ပုထုဇဥ္တို႔ရဲ႕ သြားရာလမ္းေပပဲ...ဘယ္တတ္ႏိုင္ပါ့မလဲ..ဘေထြးေတာ္ကေတာ့ အေတာ္ခံစားေနရမွာပဲ..သူတို႔ လင္မယားႏွစ္ေယာက္လုံးဟာ ခမည္းေတာ္အေပၚေရာ..က်ဳပ္အေပၚမွာပါ သစၥာရွိခဲ့၊ ေကာင္းခဲ့ၾကတဲ့သူေတြပါေလ”
မဟာဓမၼရာဇာဓိပတိက အရီးေတာ္၏ အေလာင္းရွိရာသို႔ လက္အုပ္တစ္ခ်က္ခ်ီလိုက္သည္။
ထို႔ေနာက္ ေဝါယာဥ္ရွိရာသို႔ ျပန္လွည့္သြားေတာ့၏။
ေဝါယာဥ္သည္ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္သို႔ သြားရာ လမ္းတဝက္သို႔ ေရာက္ေသာအခါ မဟာဓမၼရာဇာဓိပတိက တင္းတိမ္စကိုလွန္ကာ ကမ္းနားဆီသို႔ ၾကည့္လိုက္၏။
ကမ္းနားဆီမွ မီးခိုးလုံးျဖဴျဖဴမ်ား က ေကာင္းကင္ဆီသို႔ ထိုးတက္သြားၾကသည္။
“အႀကီးေတာ္...ကိုယ္ေတာ္ တစ္ခုစဥ္းစားမိတယ္..သင့္မသင့္ အႀကီးေတာ္အႀကံျပဳပါဉီး”
“မိန႔္ေတာ္မူပါ...သခင္”
“ဘေထြးေတာ္က အင္းဝျပည္ႀကီးအတြက္ အခ်ိန္ျပည့္ စစ္တိုက္ေပးေနရတယ္..အင္းဝရဲ႕ စစ္ေရးဟာ သူ႔အေပၚကို အမ်ားႀကီးမွီခိုေနရတယ္မဟုတ္လား..ဒီေတာ့.အခု အရီးေတာ္ဆုံးေတာ့ သူေတာ္ေတာ္ေလး စိတ္ထိခိုက္ေနပုံပဲ..သူဒီလို တသသျဖစ္ေနရင္..စစ္ေရးမွာပါ ထိခိုက္လာလိမ့္မယ္...ဒီေတာ့ သူလည္း စိတ္လက္ေျပေျပေပ်ာက္ေပ်ာက္ျဖစ္သြားေအာင္...သူကို ေနာက္ထပ္ လက္ဆက္ေပးရင္ သင့္လိမ့္မယ္ပ”
“သင့္ေတာ္ပါတယ္..ဘုရား”
“ႏွမေတာ္ ရွင္ႏွင္းအံ နဲ႔ ဆိုရင္ေရာ”
ဝန္ႀကီးပေဒသရာဇာမွာ အံဩတႀကီးျဖင့္ ရွင္ဘုရင္ကို ၾကည့္လိုက္သည္။
မင္းသမီး ရွင္ႏွင္းအံ သည္ မဟာဓမၼရာဇာဓိပတိ၏ ႏွမေတာ္အရင္းေခါက္ေခါက္ျဖစ္သကဲ့သို႔ ဘုရင္၏ အခ်စ္ဆုံးႏွမလည္းျဖစ္သည္။
...................................................................................................................................
“ကင္းေထာက္တပ္စခန္းအသီးသီးမွ တပ္မႉးမ်ားဆီမွ အစီရင္ခံစာမ်ားပါ..ဘုရား”
ေမာင္ျမတ္စံ က ထန္း႐ြက္စာလႊာမ်ားကို ယြန္းကလပ္ႏွင့္ တင္လ်က္ ကိုးသိန္းသခင္ထံ ေပးလိုက္သည္။
ေမာင္ျမတ္စံသည္ နန္းတြင္းတြင္ ဘုရင့္စာေတာ္ဖတ္တာဝန္ထမ္းေဆာင္ေနရာမွ ေလာင္းရွည္မင္သမီးကြယ္လြန္ၿပီးသည့္ေနာက္ ကိုသိန္းသခင္၏ အပါးေတာ္ၿမဲအျဖစ္ ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။
ကိုးသိန္းသခင္က ထန္း႐ြက္စာမ်ားကို စိတ္မပါတပါျဖင့္ ယူလိုက္သည္။
ထိပ္ဆုံးမွ စာတခ်က္ကို ေခတၱမွ် ဖတ္လိုက္၏။
“ေတာ္ၿပီ..ေမာင္ျမတ္စံ...ငါ..ဒီစစ္ေရးစစ္ရာေတြ ကို ေလာေလာဆယ္ မၾကည့္ခ်င္ေသးဘူး...သြား..ဗိုလ္မႉးဂဇေက်ာ္ဆီ ပို႔လိုက္..သူ ဖတ္ၿပီး သင့္သလို စီမံထားေခ်လို႔ဆို”
ေမာင္ျမတ္စံက ထန္း႐ြက္စာမ်ားကို အနီးရွိ အိမ္ေတာ္သားတစ္ဉီးအား ေပးလိုက္သည္။
“လက္ထပ္ပြဲအေရးကိစၥအတြက္ ပို႔ေပးထားတဲ့ အခမ္းအနားအစီအရင္မ်ားမွာ ဘာမ်ား ျဖည့္စြက္စရာရွိလဲလို႔ နန္းမေတာ္ဝန္ကလည္း လွမ္းေမးထားပါတယ္”
ကိုးသိန္းသခင္က ကြမ္းတံေတြးကို ေ႐ႊေထြးခံအတြင္းသို႔ ေထြးကာ သက္ျပင္းခ်လိုက္သည္။
“ေလာင္းရွည္မဖုရား တစ္လျပည့္ဆြမ္းသြပ္ေဝၿပီးမွသာ အခမ္းအနားကို လုပ္ခ်င္တယ္လို႔ နန္းမေတာ္ဝန္ကို ေျပာလိုက္..ေမာင္ျမတ္စံ”
“မွန္ပါ...အခါေတာ္က ဘုန္းေတာ္ႀကီးဘုရားကိုယ္တိုင္ တြက္ခ်က္ၿပီး မွ အတည္ျပဳထားတာမို႔..ေ႐ႊ႕လို႔မရပါ..ဘုရား”
“ေအးေလ..ဘုရင့္အမိန႔္ဆိုေတာ့လည္း ဘာတတ္ႏိုင္မလဲ..သူတို႔ စီမံထားသလိုသာ လုပ္ၾကပါေစ”
.......................................................................................................................................
“ေဖာင္း”
ေသနတ္သံေၾကာင့္ ျမစ္ျပင္တေက်ာတြင္ ငါးရွာေနၾကေသာ ဗ်ိဳင္းငွက္မ်ား ၊ ဘုမၼတီးငွက္မ်ား လန႔္ျပန္ကုန္ၾကသည္။
ျမစ္လယ္ေခါင္မွ ကုန္တင္ေလွႀကီးဆီသို႔ တိုက္ေလွငါးစီးက ဝိုင္းရံလိုက္ၾက၏။
“က်ဳပ္တို႔ အင္းဝကေန ပဌနဂိုရ္တပ္ကို ရိကၡာပို႔တဲ့...ေလွပါ..ဗိုလ္မင္းတို႔”
“မလြန္တပ္အတြက္ေရာ ရိကၡာမပါဘူးလား”
“မပါပါဘူး”
“ေအး..ဒါဆို ဒီေပၚပါတဲ့ ရိကၡာေတြက မလြန္တပ္အတြက္ပဲ..မင္းတို႔ မွားပို႔ေနတာျဖစ္မယ္”
“ဗိုလ္မႉးဂဇေက်ာ္ကိုယ္တိုင္ ေသခ်ာမိန႔္ထားတာပါ..ဒီရိကၡာေတြက ပဌနဂိုရ္က အာကာဗိုလ္မႉးတပ္ အတြက္ပါပဲ...မလြန္တပ္အတြက္ မပါပါဘူးဗ်”
“ေဖာင္း”
ေနာက္ထပ္ ေသနတ္တခ်က္ကို ေလွေပၚသို႔ ေက်ာ္ပစ္လိုက္သျဖင့္ ေလွသားမ်ားမွာ ေလွတြင္ ဝပ္လိုက္ၾက၏။
“စကားမရွည္နဲ႔ေဟ့..တပ္မႉးဗညားက်န္းေတာ..အမိန႔္အရ..ဒီရိကၡာေလွကို မလြန္တပ္က သိမ္းတယ္...ကမ္းကပ္ၾက..မဟုတ္ရင္ ေလွေရာ လူပါ ပစ္ျမဳပ္ပစ္မယ္”
ခဏအၾကာတြင္ ရိကၡာေလွႀကီးမွာ မလြန္ခံတပ္ဆီသို႔ ဆိုက္ကပ္သြားၾကသည္။
ရိကၡာျပတ္လတ္ေနသျဖင့္ အနီးအနားထန္းေတာမ်ားမွ ထန္းျမစ္မ်ားကိုပင္ ေဖာ္စားေနရေသာ မလြန္တပ္သားတို႔မွာ ေပ်ာ္႐ႊင္သြားၾကသည္။
ဆူညံေအာ္ဟစ္သံမ်ားႏွင့္အတူ ေလွေပၚမွ ရိကၡာမ်ား၊ အသားေျခာက္မ်ားကို အလုအယက္ထမ္းခ်ေနၾက၏။
ထိုအခ်ိန္တြင္ ေနာက္ထပ္ ေလွငယ္တစ္စီးက ခံတပ္နားသို႔ ကပ္လာသည္။
အစိမ္းေရာင္အလံစေလး ခ်ီထားသျဖင့္ ငတြန္ ၏ ေလွမွန္း အားလုံးက သိၾကသည္။
ငတြန္က ေလွေပၚမွ ဆင္းလိုက္ၿပီး ေပ်ာ္႐ႊင္ဆူညံစြာျဖင့္ ရိကၡာထုတ္မ်ားခ်ေနၾကသည့္ တပ္သားမ်ားကို ေခတၱမွ်ၾကည့္လိုက္သည္။
ထို႔ေနာက္ ခပ္လွမ္းလွမ္းတြင္ မတ္တပ္ရပ္ေနသည့္ ဗညားက်န္းေတာဆီသို႔ ေလွ်ာက္သြား၏။
“ေနာက္ဆုံးေတာ့ ရိကၡာေလွေရာက္လာၿပီေပါ့..ဗညား”
ဗညားက မဲ့ၿပဳံးၿပဳံးလိုက္၏။
“ဘယ္ကသာဗ်ာ..ဒါ ပဌနဂိုရ္တပ္အတြက္ ပို႔တဲ့ ရိကၡာေတြတဲ”
“ဟာ..ဗညား..ခင္ဗ်ား တကယ္လုပ္လိုက္ၿပီေပါ့”
“က်ဳပ္မွာ ေ႐ြးစရာမရွိဘူး..ဗိုလ္တြန္...က်ဳပ္ ေနာက္ဆုံးအႀကိမ္ က်ဳပ္ဆီက ေသြးေသာက္ႀကီးကို ကိုးသိန္းသခင္ဆီ စာပို႔ၿပီးၿပီ....သူ႔ကေတာ္ မင္းသမီးႀကီး အသုဘနဲ႔ ႀကဳံေနလို႔ ေတြ႕ခြင့္မရဘူး...စာပဲေပးခဲ့ရတယ္..အဲ့ဒါလည္း တလရွိၿပီ..အခုထိ ဘာရိကၡာမွာ မလာပါဘူး..ဒီေတာ့...က်ဳပ္ တပ္သားေတြ ငတ္ျပတ္ေနတာ က်ဳပ္က ေခါင္းေဆာင္လုပ္ၿပီး ဒီတိုင္း ထိုင္ၾကည့္ေနရမွာလားဗ်ာ..က်ဳပ္က ဒီတပ္ရဲ႕ေခါင္းေဆာင္..ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ကိုယ္ကေတာ့ စည္းစိမ္အျပည့္နဲ႔ေနၿပီး က်န္တဲ့ ငယ္သားေတြ ငတ္ျပတ္ဆင္းရဲေနေတာကို မသိက်ိဳးကြၽန္ျပဳေနရင္..ဒီေခါင္းေဆာင္ ဆိုတဲ့ ေနရာနဲ႔ ဘယ္တန္ေတာ့မလဲဗ်ာ...အဲ့ဒါမ်ိဳးက် ေခါင္းေဆာင္မဟုတ္ပဲ..ဖင္ေဆာင္ျဖစ္ေနမယ္..ဖင္ဆိုတာ သိလား..သူ႔ဆီက ထြက္သမွ် အကုန္နံတယ္ဗ်”
ဗညား၏ စကားကို ငတြန္က တဟားဟားရယ္လိုက္သည္။
“ခင္ဗ်ားကေတာ့ေလ..ေျပာလိုက္ရင္..ဒီလိုခ်ည္း..ကဲ..ဒီကေန ျဖစ္လာမယ့္ ျပႆနာေတြလည္း ေတြးထားဉီး..ကိုယ့္လူ...ဒါနဲ႔...ကိုးသိန္းသခင္ ကေတာ္ႀကီး ဆုံးသြားၿပီတဲ့လား”
“ဟုတ္တယ္ေလ..ဈာပနေတာင္ မၿပီးေသးဘူး...ရွင္ဘုရင္က သူ႔ႏွမေတာ္နဲ႔ လက္ဆက္ဖို႔ ခ်က္ခ်င္း အမိန႔္ခ်လိုက္သတဲ့ဗ်ာ..ႏွမေပးၿပီး စစ္တိုက္ခိုင္းတာေပါ့..ဟားဟား”
“ခင္ဗ်ား ကိုေတာ့..က်ဳပ္ တကယ္သေဘာက်တယ္..ဗညား...ခင္ဗ်ားက ခင္ဗ်ားကိုယ္ခင္ဗ်ားထက္ ခင္ဗ်ားငယ္သားေတြကို ၾကည့္တယ္..ၿပီးေတာ့..ျဖစ္လာသမွ်အေျခအေနကို တာဝန္ခံေျဖရွင္းတယ္..အဲ့ဒီလိုတာဝန္ယူထားလို႔လည္း..ဘာဖိအားမွမထားဘူး..အၿမဲတမ္း ဟာသေတြေျပာၿပီးေပ်ာ္ေပ်ာ္ေနေနတာပဲ”
“ဗိုလ္တြန္ေရ..က်ဳပ္တို႔ မွာ ေခတ္စနစ္က ပုခုံးေပၚတင္ေပးလိုက္တဲ့တာဝန္ေတြရွိတယ္ေလဗ်ာ.. လုပ္စရာရွိတာလုပ္..တိုက္စရာရွိတာတိုက္..ေပ်ာ္စရာရွိလည္းေပ်ာ္လိုက္ၾကတာေပါ့...ခင္ဗ်ားလည္း ဒီလိုခ်ည္း အလြမ္းမင္းသားလုပ္ေနတာ မကိုက္ပါဘူးဗ်ာ...ဒီတိုင္းျပည္မွာလည္း ဟိုး ဘုရင္ေဘးနားက ဝန္ႀကီးပေဒသရာဇာႀကီးကလည္း အားအားရွိ အလြမ္းစာေတြ နတ္သံေတြနဲ႔လြမ္း..စစ္တိုက္ေတာ္ပါတယ္ ဆိုတဲ့ ခင္ဗ်ားလို လူေတြကလည္း လြမ္းနဲ႔...အလြမ္းျပည္ႀကီးျဖစ္ေနၿပီမဟုတ္လား..လြမ္းေန႐ုံနဲ႔ မၿပီးေသးဘူး..ကိုယ့္လူေရ..ရန္သူေတြက ပတ္လည္ဝိုင္းေနတာမဟုတ္လား..က်ဳပ္တို႔က မခံယူခ်င္ေပမယ့္...က်ဳပ္တို႔ ပတ္လည္က လူ႔အသိုင္းအဝိုင္းအေပၚ ေက်ပြန္ရမယ့္ တာဝန္ေတြရွိတယ္မဟုတ္လား..က်ဳပ္က အင္းဝမွာ ေမြးတာမဟုတ္ေပမယ့္..က်ဳပ္အေမက အင္းဝသူ..ဒီေတာ့ အင္းဝ ကို ကာကြယ္ဖို႔ က်ဳပ္လည္း လုပ္ေနရေတာ့တာပ”
“အင္းဝဆိုတာ အင္းဝနန္းေတာ္ထဲက အစားေကာင္း၊အေသာက္ေကာင္းေတြနဲ႔ ေပ်ာ္ပါးစံစားေနတဲ့ သူေတြကို ေျပာတာလား..ဗညား...သူတို႔အတြက္ ခင္ဗ်ားက စစ္တိုက္ေနတာလား”
“မဟုတ္ေပါင္ဗ်ာ..က်ဳပ္ ခ်စ္တာ အင္းဝက ျပည္သူေတြပဲ...က်ဳပ္ ရာမညတပ္နဲ႔ပါလာခ်ိန္မွာ အင္းဝၿမိဳ႕ႀကီးဆီ ေရာက္ခဲ့တယ္..က်ဳပ္အေမရဲ႕အမ်ိဳးေတြအခ်ာေတြနဲ႔ ေတြ႕ခြင့္ရခဲ့တယ္..ဒီလူေတြကို က်ဳပ္ခ်စ္တာပဲ....စစ္ျဖစ္ၿပီဆို..အင္းဝျဖစ္ျဖစ္..ဟံသာဝတီျဖစ္ျဖစ္.အဲ့ဒီနန္းေတာ္ထဲကလူေတြက သူတို႔အခ်င္းခ်င္းေတာ့ ေနာင္ေတာ္..ညီေတာ္ ..အေဆြေတာ္ဆိုၿပီး အရမ္းကာေရာမလုပ္ၾကဘူးဗ်...ေနာက္မွသာ သတ္ခ်င္သတ္ၾကတာ..အရင္ဆုံး ..အလုခံအယက္ခံမီးတိုက္ခံရတာက ျပည္သူေတြပဲ မဟုတ္လား....ဒီေတာ့ ျပည္သူေတြအတြက္ က်ဳပ္က ဒီခုခံစစ္ကို ဝင္တိုက္ေပးေနတာပါ..အင္းဝျပည္သူေတြအတြက္ပါ”
ဗညားက်န္းေတာ၏ စကားေၾကာင့္ ငတြန္မွာ မ်က္ခုံးကိုတြန႔္လ်က္ အၾကာႀကီးစဥ္းစားေနသည္။
.........................................................................................................................................
“နဲကို..႐ြာျပန္ေတာ့”
သလြန္ေပၚတြင္ ထိုင္ကာ ဖရဲသီးအခ်ိဳပြဲကို စားေနေသာ ဘုရင္အသစ္ကေလး နဲကိုမွာ ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္သည္။
ဉီးေအာင္လွ၏ ေယာက္ဖ ဉီးေအာင္ျမ ၏ အသံေၾကာင့္ တူရိယာအစု၏ တီးခတ္သံမ်ားျဖင့္ ရပ္သြား၏။
“အမတ္ႀကီးဗညားဒလဆီက အမိန႔္ေတာ္ပါလာတယ္..မင္း႐ြာျပန္လို႔ရၿပီ”
နဲကို က အိပ္မက္က လန႔္ႏိုးလာသူပမာ ျပဴးေၾကာင္ေၾကာင္ျဖင့္ ၾကည့္ေနသည္။
“အခုဝတ္ထားတဲ့ အဝတ္အစားေတြနဲ႔ နားေတာင္းကိုေတာ့ ယူသြား..ပတၱျမားေက်ာက္စီလက္စြပ္ကိုေတာ့ ခြၽတ္ခဲ့..ျမန္ျမန္လုပ္..မင္းကို႐ြာျပန္ပို႔ေပးဖို႔ ျမင္းသည္ေတြ ေစာင့္ေနၿပီ”
“ကြၽန္ေတာ့္ ဝါးဖာေလး...ေျမနန္းေဆာင္မွာ...သြားယူပါရေစဉီး”
“မယူနဲ႔ေတာ့...ေဟ..ေမာင္းမေတြ...နန္းေတာ္သားေတြထဲက သင့္ေတာ္ရာ အဝတ္ေတြသူ႔ကို ထုတ္ေပးလိုက္ၾက...ေ႐ႊတိုက္ဝန္ က လည္း ေငြတစ္ပိႆာ ထုတ္ေပးလိမ့္မယ္..႐ြာမွာ သူေဌးျပန္လုပ္ေခ်..သြား”
နဲကို က ရွင္ဘုရင္တို႔သာစြပ္ရသည့္ ပတၱျမားလက္စြပ္ကို ခြၽတ္ကာ ကတၱီပါခင္းထားေသာ သလြန္ေပၚသို႔ တင္လိုက္သည္။
ထို႔ေနာက္ ဉီးေအာင္ျမ ရွိရာသို႔ ခပ္ကုပ္ကုပ္ေလွ်ာက္လာ၏။
လြန္ခဲ့ေသာ မိနစ္ပိုင္းက စည္းစိမ္အျပည့္ႏွင့္ထိုင္ခဲ့သည့္ ေ႐ႊခ်ထားသည့္ သလြန္ကို သမင္လည္ျပန္တစ္ခ်က္ၾကည့္လိုက္သည္။
ထို႔ေနာက္ သူ႔နေဘးခစားခဲ့ၾကေသာ နန္းတြင္းသူမ်ားကို ႏွေျမာတသစြာ တစ္ခ်က္ၾကည့္လိုက္၏။
အေစာပိုင္းက သူ႔ေျခရင္းတြင္ ခစားရင္း သူခိုင္းသမွ် လုပ္ေပးနၾကသည့္ နန္းတြင္းသူအားလုံးက သူ႔ကို ဖုတ္ေလသည့္ငပိ ရွိသည္ဟုပင္မထင္ၾကေတာ့။
နဲကို က ေခါင္းကေလးကုပ္လ်က္ ဉီးေအာင္ျမကို တခ်က္ၾကည့္လိုက္သည္။
ဗလေတာင့္ေတာင့္၊ ရင္အုပ္ထြားထြား၊ ေသွ်ာင္မထုံး၊ မြန္ဆံမျဖတ္ပဲ..ဘုန္းႀကီးလူထြက္ကတုံးဆံပင္ပုံစံသာ ထားေသာ ဉီးေအာင္ျမ၏ အံႀကိတ္ထားေသာ ေမး႐ိုးႀကီးမ်ားကို ၾကည့္ၿပီး ခပ္သြက္သြက္ ထြက္သြားေတာ့သည္။
နဲကိုသည္ ျမင္းတပ္မ်ားလိုက္ပါလာေသာ ႏြားလွည္းျဖင့္ ဟံသာဝတီအေနာက္ဖက္တံခါးမွ ထြက္ေနခ်ိန္တြင္ ဟံသာဝတီအေရွ႕ဘက္ တံခါးဆီမွ ေအာင္စည္႐ြမ္းသံမ်ားကို ၾကားလိုက္ရသည္။
ဟံသာဝတီေနျပည္ေတာ္သို႔ ကရင္မ်ား ဝင္ေရာက္စီးနင္းမႈေၾကာင့္ တိမ္းေရွာင္ေနေသာ သမိန္ေထာဘုရင္..ျပည္ေတာ္ ျပန္ဝင္ၿပီျဖစ္သည္။
ထူးထူးျခားျခား သမိန္ေထာဘုရင္သည္ ဆင္ေပၚတြင္ မိဖုရားေခါင္ႀကီးႏွင့္အတူ တြဲလ်က္ထိုင္လာသည္ကို ေတြ႕ၾကရသည္။
သမိန္ေထာပါလာသည့္ ဆင္က နန္းေတာ္ဆီ ဉီးတည္သြားေသာ္လည္း ဗညားဒလဉီးေအာင္လွ ၏ ဆင္မွာ လြီဇာ၏ အိမ္ရွိရာသို႔ ဉီးတည္သြားသည္။
လြီဇာ၏ ၿခံဝန္းေရွ႕တြင္ ဆင္ကို ရပ္လိုက္ၿပီး ဉီးေအာင္လွက ဆင္ေပၚမွ ဆင္းလာသည္။
ျမတ္ဝါက ပန္းပင္ကေလးမ်ားကို ေရေလာင္းေနရာမွ ဉီးေအာင္လွဝင္လာသည္ႏွင့္ ဒူးတုပ္ကာ လက္အုပ္ခ်ီလိုက္၏။
“သမီးျမတ္ဝါ..ေနေကာင္းၿပီလား”
“ေကာင္းပါၿပီ..အမတ္ခ်ဳပ္ႀကီး..ပန္းပင္ေလးေတြ က ေရဆာတယ္ဆိုလို႔ ေရတိုက္ေနတာပါ”
ထိုအခ်ိန္တြင္ လြီဇာက အိမ္ေပၚမွာ ဆင္းလာက ဉီးေအာင္လွကို အ႐ိုအေသျပဳလိုက္သည္။
“အိမ္ေပၚမွာ စကားေျပာၾကတာေပါ့..လြီဇာ”
လြီဇာ၏ အိမ္ေပၚသို႔ သူတို႔ အတူတက္လာၾကသည္။
“ကေလးမ..အေျခအေနက အရင္လို အၾကမ္းပတမ္းႀကီးမဟုတ္ေတာ့ဘူးေနာ္”
“ဟုတ္တယ္..သန္လ်င္က ဘရာသာအန္ဂ်န္လိုဆီ တလတခါ သြားကုတာရယ္..လက္်ာဗိုလ္ကလည္း ဒီမွာရွိတိုင္း အၿမဲလိုလို အေဖာ္ျပဳေပးေနတာေတြလည္းပါမယ္ထင္တယ္..အေတာ္ယဥ္သြားၿပီ..ဒါေပမယ့္.. အခု လက္်ာဗိုလ္ စစ္ထြက္ေနတဲ့ရက္ေတြမွာ စကားေျပာတာေတြက ပုံမွန္မဟုတ္လို႔..နည္းနည္းေတာ့ ဂ႐ုစိုက္ေနရတယ္”
“အင္း..အခု သမိန္ေထာေတာ့ ျပန္ပါလာၿပီ...လြီဇာ..က်ဳပ္အသင့္လုပ္ခိုင္းထားတဲ့ ဟာေတြ ရၿပီလား”
“အင္း..ရပါၿပီ..ခဏေနာ္”
လြီဇာက အေနာက္တိုင္းပုံစံဗီဒိုႀကီးထဲမွ စာတခ်ိဳ႕ကို ထုတ္လာသည္။
“ဒါက ျပင္သစ္ပြန္ဒီခ်ယ္ရီကို ပို႔ရမယ္စာ..ဒီလထဲမွာ ဖာသာနာေရနီက ဘိေရွာ့အျဖစ္နဲ႔ သိကၡာထပ္ဖို႔ မဒရပ္ကို သြားရမယ္..သူကတဆင့္ ဒီစာကို ေပးခိုင္းလိုက္ပါ့မယ္”
“က်ဳပ္တို႔ ေျပာထားတဲ့အခ်က္ေတြ အစုံပါရဲ႕လား”
“ကြၽန္မေသခ်ာလုပ္ထားပါတယ္..ျပင္သစ္နဲ႔ ညႇိႏႈိင္းသေဘာတူထားတာေတြကို ခ်က္ခ်င္းအေကာင္ထည္ေဖာ္မေပးႏိုင္ပဲ ဆက္ဆံေရးျပတ္ေတာက္ခဲ့ရတဲ့အတြက္ စိတ္မေကာင္းေၾကာင္းနဲ႔...ျပင္သစ္ကုန္တိုက္တစ္ခုအတြက္ သန္လ်င္မွာ ေနရာေပးဖို႔...အေရွ႕အိႏၵိယကုမၸဏီကို သန္လ်င္ကေန ဟိုင္းႀကီးကြၽန္းကို ေျပာင္းေ႐ႊ႕ေစဖို႔ အကုန္လုံး အခ်က္ ေျခာက္ခ်က္နဲ႔ ေရးေပးထားတယ္”
“အဲ့ဒီ သန္လ်င္က ဗရင္ဂ်ီဘုန္းႀကီးကေရာ ယုံရပါ့မလား..ဒီဟံသာဝတီမွာရွိတဲ့ ခင္ႀကီးဂါလစ္ဇီယာ တို႔ကေတာ့ ဟိုအဂၤလိပ္ေကာင္ စမစ္နဲ႔ေရာ သမိန္ေထာဘုရင္နဲ႔ပါ ပုလဲနံပ သင့္ေနတာပဲ...သမိန္ေထာ အခုလို ေထာင္ေထာင္လႊားလႊားနဲ႔ ေအာက္ေျခလြတ္တာ ဒီလူေတြ ေျမႇာက္ေပးတာလည္းပါမယ္လို႔ က်ဳပ္ေတာ့ သံသယရွိတယ္”
“သန္လ်င္က ဖာသာနာေရနီကေတာ့ ကြၽန္မတို႔ လူပါ... လက္်ာဗိုလ္နဲ႔လည္း အင္မတန္ရင္းႏွီးတဲ့ မိတ္ေဆြရင္းေတြပဲကိုး...သူ႔ကိုေတာ့ ယုံပါ..ဉီးေအာင္လွ”
“ဟုတ္ၿပီေလ..လြီဇာ အာမခံေပးရင္ေတာ့ က်ဳပ္ယုံပါတယ္...ကဲ..ဒါဆိုရင္ ဒီဘက္ပိုင္းကို က်ဳပ္စိတ္ခ်ၿပီ..အဲ့ဒီစာေတြေပးလိုက္..မနက္ျဖန္က် ဘုရင့္တံဆိပ္ေတာ္ ခပ္ႏွိပ္ၿပီး ျပန္လာပို႔ေပးမယ္”
“ဒါနဲ႔..လက္်ာဗိုလ္တို႔က ဘယ္ေတာ့ေလာက္ ျပန္လာမွာလဲ...အမိန႔္ေတြထုတ္ျပန္ၿပီးရင္..အဂၤလိပ္ေတြက ဒီတိုင္းေတာ့ေနမယ္မထင္ဘူး..ဒီေတာ့ ေနျပည္ေတာ္မွာ.သူတို႔တပ္ေတြ ဒီမွာရွိေနမွျဖစ္မယ္”
“ျပည္ၿမိဳ႕က က်ဳပ္တို႔တပ္ေတြ အခိုင္အလုံျဖစ္ေအာင္ သူတို႔ေနေပးေနတာပါ..မၾကာခင္ သူတို႔ကို တပ္ျပန္႐ုတ္ဖို႔ ဘုရင္ကို ေခၚခိုင္းလိုက္မယ္...ေနာက္တပတ္ေလာက္ေနရင္ တလပန္းနဲ႔ သူ႔တပ္လည္း ျပန္ေရာက္ေတာ့မွာပါ..အဲ့ဒီအတြက္ စိတ္မပူနဲ႔..လြီဇာ”
ဉီးေအာင္လွက လြီဇာလက္ထဲမွ စာခြၽန္မ်ားကို ကိုင္ကာ အိမ္ေအာက္သို႔ဆင္းလိုက္သည္။
“ဘဘဘုရား...ဘဘဘုရား...ေဟာ့ဒီပန္းကေလးမ်ားက..ေလွ်ာက္တင္စရာေလးရွိလို႔ပါတဲ့..ဘုရား”
အိမ္ေလွကားရင္းတြင္ ျမတ္ဝါက ႏွင္းဆီပန္းသုံးပြင့္ကို ကိုင္လ်က္ ဒူးတုပ္ေနသည္။
“ဘာမ်ားလဲ..သမီး..ေလွ်ာက္ေစဗ်ား”
“ဉီးဉီး လက္်ာဗိုလ္မင္း က ဘယ္ေတာ့မ်ားမွ ပန္းကေလးေတြဆီ ျပန္လာမွာလဲတဲ့..ဘုရား”
ဉီးေအာင္လွႏွင့္ လြီဇာတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ၿပဳံးလိုက္ၾကသည္။
ဉီးေအာင္လွက ျမတ္ဝါ၏ ေခါင္းကို လက္ျဖင့္ ပြတ္လိုက္ၿပီး
“မၾကာခင္ ျပန္လာေတာ့မွာပါ..ဘဘ သူ႔ကို အေခၚေတာ္လႊတ္ထားပါၿပီ..ဟုတ္ၿပီလား”
“ဟယ္..ေပ်ာ္လိုက္တာ..ဘဘဘုရားရယ္..ပန္းေလးေတြ..ဘဘဘုရားကို ရွိခိုးၾက..ရွိခိုးၾက”
ဉီးေအာင္လွက ဆင္ေပၚသို႔ တက္သြားၿပီျဖစ္သည္။
....................................................................................................
“ကြၽန္ေတာ္မ်ိဳးတို႔၏ တပ္ေထာက္ ရိကၡာေလွမ်ား မလြန္တပ္စခန္းမွာ လုယက္ခံေနရပါတယ္..အရွင္”
ဗိုလ္မႉးဂဇေက်ာ္၏ ေ႐ႊက်င္ခတ္ပုဝါေခါင္းေပါင္းက မီးခြက္အေရာင္တြင္ တလက္လက္ေျပာင္ေနသည္။
ကိုးသိန္းသခင္က စစ္ဆင္ေရးေျမပုံကို ၾကည့္ေနရာမွာ ေဘးသို႔ ခ်လိုက္သည္။
“ဘယ့္ႏွယ့္..မလြန္တပ္မွာ ဗညားက်န္းေတာ ရွိေနတယ္မဟုတ္လား...ဘယ္သူကမ်ား လုဝံ့သလဲ”
“ဗညားက်န္းေတာအမိန႔္နဲ႔ဆိုၿပီး တပ္သားမ်ားက ေလွကို ကမ္းကပ္ခါ လုယူၾကတာ..ဘုရား”
“သူ႔တပ္အတြက္လည္း ရိကၡာေတြ ပို႔ေပးေနတယ္မဟုတ္လား”
“ကြၽန္ေတာ္မ်ိဳး ခံတပ္အားလုံးအတြက္ ပို႔ေပးၿမဲပါ..ဘုရား”
“ဒါနဲ႔မ်ား..သင္းက ဘာေၾကာင့္ လုရတာတုန္း”
“ကြၽန္ေတာ္မ်ိဳး တပ္ ပဌနဂိုရ္ကို ပို႔မယ့္..ရိကၡာေတြကို လုတာပါ..ဘုရား...ၾကားရတဲ့ သတင္းစကားမ်ားအရေတာ့...ဗညားက်န္းေတာဟာ ျမန္မာတလိုင္းကျပားဆိုေပမယ့္..တလိုင္းတပ္မ်ားက သူလွ်ိဳဒလန္အျဖစ္ ထည့္ထားတာ ျဖစ္တန္ေကာင္းပါတယ္..သို႔မိုသာ ဟံသာဝတီတပ္မ်ားႏွင့္ ေရွ႕ဆုံးဆိုင္ထားရတဲ့ ကြၽန္ေတာ္မ်ိဳးရဲ႕ ပဌနဂိုရ္ခံတပ္မ်ား ရိကၡာ အားေလ်ာ့ရန္ တမင္လုယက္ေနျခင္းျဖစ္ႏိုင္ပါတယ္...ယုံၾကည္ေတာ္ မမူရန္ ေလွ်ာက္ထားပါတယ္..ဘုရား”
ဗိုလ္မႉးဂဇေက်ာ္ နေဘးရွိ အာကာဗိုလ္မႉးကလည္း ဝင္ေရာက္ေလွ်ာက္တင္သည္။
ကိုးသိန္းသခင္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဗညားက်န္းေတာဟာ ဗိုလ္မႉးမ်ားထဲမွာ သူရသတၱိနဲ႔ ျပည့္စုံတယ္...တိုက္ေရးခိုက္ေရးမွာလည္း ငယ္သားမ်ားကို ေနာက္မကြပ္ကဲ..ေရွ႕က မားမားမတ္မတ္ ထြက္ရပ္ၿပီး ကြပ္ကဲတဲ့သူပဲ...ဘယ့္ႏွယ့္ေၾကာင့္ ဒီလို ရိကၡာလုတာမ်ိဳးလုပ္ရတာပါလိမ့္..တစ္ခုခုေတာ့ မွားေနၿပီထင္တယ္..သူ႔တပ္ကို ပို႔တဲ့ ရိကၡာမေလာက္လို႔မ်ားလား”
“ကြၽန္ေတာ္မ်ိဳးလည္း မခန႔္မွန္းတတ္ပါ”
ဗိုလ္မႉးဂဇေက်ာ္က ေလသံခပ္တိန္တိန္ျဖင့္ ေခါင္းငုံ႔ထားသည္။
ထိုအခ်ိန္တြင္ အိမ္အေစခံအပ်ိဳေတာ္တစ္ဉီးက ေ႐ႊပိန္းခ် ခြက္တစ္ခြက္ကို ကိုင္လ်က္ အနီးသို႔ဝင္လာသည္။
“ထိပ္ထားက အရွင့္အတြက္ ေဆးေတာ္မွီဝဲခ်ိန္မို႔ ပို႔ခိုင္းလိုက္လို႔ပါ..ဘုရား”
ကိုးသိန္းသခင္က အီတလီကုန္သည္မ်ားထံမွ ဝယ္ယူထားေသာ စက္နာရီကို လွမ္းၾကည့္လိုက္၏။
“အိမ္း..ညဥ့္ေတာင္နက္ၿပီပ...ဗညားက်န္းေတာငယ္ကိစၥက သူ႔ငယ္သားမ်ား လုပ္မွားကိုင္မွားျဖစ္ၾကတာ ေနပါ့မယ္...ဒီကိစၥကို ဗညားက်န္းေတာတပ္က လုယူသည္ဟူမွ် ျပန္ေပးေစ လို႔ ငါကိုယ္ေတာ္အမိန႔္ေတာ္ခ်တယ္..ဗိုလ္မႉးဂဇေက်ာ္ကပဲ ပဌနဂိုရ္တပ္အထိသြားၿပီး တပ္ႏွစ္တပ္ၾကား ေျဖရွင္းေပးေစ..ငါ..အိပ္ရာဝင္ေတာ့မယ္..မင္းတို႔လည္း ျပန္ၾကေတာ့”
ဗိုလ္မႉးဂဇေက်ာ္ႏွင့္ အာကာဗိုလ္မႉးတို႔ က ေခါင္းငုံ႔လ်က္ မသိမသာၿပဳံးကာ အခန္းတြင္းမွ ထြက္ခြာသြားၾကေတာ့သည္။
ကိုးသိန္းသခင္က အသစ္စက္စက္ ဇနီးေလးမွ ပို႔ဆက္ထားသည့္ ဇာတိပၹိဳလ္ပြင့္၊ ၾကာဝတ္ဆံ၊ ဆူးပန္းဝတ္ဆံ၊ ကတ္ဖို၊ ပန္းႏု၊ ပန္းမ၊ ပ်ားရည္တို႔ျဖင့္ ေဖာ္စပ္ထားေသာ ပန္းႏုအားေဆး ခြက္ကို ခပ္သြက္သြက္ေမာ့ခ်ပစ္လိုက္သည္။
ခက္ေဇာ္
Done🐬
ReplyDelete2022🐬🐬
DeleteDone 💪
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDelete