AVA 1740s (s2) အခန်း ၆
AVA 1740s (Season 2)
အခန်း(၆)
...............................................
၁၇၄၂ ၊ မလေ။
ကန်ကလာနန်းတော်၊ မဏိပူရ။
နန်းတော်အလယ် ပြသာဒ်ပေါ်မှ ရှစ်နှစ်အရွယ် မိန်းမငယ်လေး။
ဟိုးအဝေး အင်းဝရွှေနန်းတော်မှ လာကြသည်ဆိုသော လူစိမ်းများက သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်သွင်ပြင်ကို အဖက်ဖက်မှ လှည့်ပတ်ကြည့်ရှုနေကြသည်။
“ယခင် ဘိုးတော်စနေမင်းလက်ထက်က ပုပ္ပါမင်းသမီးနီလာခမ်း ကိုလည်း ဒီအရွယ်မှာပဲ ဆက်သခဲ့တာမဟုတ်လား...အရှင်မင်းမြတ်”
အင်းဝသံတမန် ရန္တမိတ်ကျော်ထင် ၏ စကားကို ဘုရင်ဂါရစ်နာဝဇ်က မတုန့်ပြန်။
သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ ရှုပ်ယှက်နေသည်။
လွန်ခဲ့သောနှစ်များက အင်းဝနှင့် တန်တူရည်တူဆက်ဆံရေးမျိုးထူထောင်နိုင်ရန် မဏိပူရ၏ စစ်အင်အားကို ပြသနိုင်ခဲ့သည်။
သို့သော် အခြေအနေအမျိုးမျိုးကြောင့် မဏိပူရတပ်များ အရေးမလှဖြစ်ခဲ့ရသည်။ စစ်ပြေငြိမ်းကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
စစ်ပြေငြိမ်းရေးသဘောတူညီချက်တွင် အင်းဝဘုရင်ထံ ဆွေတော်မျိုးတော်ဖြစ်နိုင်ရေးအတွက် မဏိပူရမှ သမီးကညာဆက်ရေးလည်းပါဝင်ခဲ့၏။
သို့သော်ငြား ဂါရစ်နာဝဇ် သည် ထိုကိစ္စကို မသိဟန်ဆောင်နေခဲ့သည်။
ယခုမူ အင်းဝမှ ရန္တမိတ်ကျော်ထင် ခေါင်းဆောင်သောသံအဖွဲ့က သမီးတော်သျှတ္တရမာလာ ခေါ် သျှန်သီ ကို အရွယ်ရောက်ခြင်းရှိမရှိ စုံစမ်းရန် ရောက်ရှိလာပြီဖြစ်သည်။
အင်းဝသည် ဟံသာဝတီ၏ ဝိုင်းရံမှုကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီးနောက် မဏိပူရနှင့် ခိုင်မာသော မဟာမိတ်ဆက်ဆံရေးမျိုး အမြန်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ယမန်နှစ်များက စစ်ကိုင်းမြို့တိုင်အောင် လာရောက်တိုက်ခိုက်နိုင်ခဲ့သော ဂါရစ်နာဝဇ်၏ တပ်များ နောက်တကြိမ် စစ်မချီရေးသည် ဟံသာဝတီနှင့် ရင်ဆိုင်နေရသည့် အင်းဝအတွက် အရေးကြီးသည်။
ထို့ကြောင့် စစ်ပြေငြိမ်းစာချုပ်တွင် ပါရှိသည့်အတိုင်း ဂါရစ်နာဝဇ်၏ သမီးတော် သျှတ္တရမာလာ ကို ဆက်သရန် သံစေလွှတ်လိုက်ခြင်းဖြစ်သည်။
မဏိပူရနန်းတွင်းတွင်လည်း ဂါရစ်နာဝဇ်မှာ မကျေနပ်မှုများနှင့် ရင်ဆိုင်နေရသည်။
နှစ်ရှည်လများ အင်းဝကို စစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အရှုံးနှင့် ပြန်လာခဲ့ရသည်။
စစ်ပြေငြိမ်းရေးဆိုသည့်ခေါင်းစဉ်အောက်တွင် သမီးတော်ဆက်သပါမည်ဆိုသည့် ကတိပေးခဲ့ရသည်။
သူပြန်လာချိန်တွင် မြို့စောင့်ထားခဲ့သည့် အိမ်ရှေ့မင်းသားသျှန်သျှားမှာ နန်းတွင်းအမတ်အစုအတော်များများ ၏ ထောက်ခံမှုကို ရရှိနေပြီဖြစ်သည်။
မနိုင်သည့်စစ်ကို စတင်ခဲ့ကြသည့် ဂါရစ်နာဝဇ် နှင့် သားတော်ကြီးဆန်ဂျေးတို့မှာ စစ်သည်များစွာ ကျဆုံးမှုအတွက် ပြည်သူပြည်သားတို့၏ ငြိုငြင်မှုကို ခံခဲ့ရ၏။
ထိုအချိန်တွင် မဏိပူရ၏ နယ်စပ်ကျေးရွာတချို့ကို အိမ်နီးချင်း တြိပူရ က ဝင်ရောက်တိုက်ခိုက်လုယက်ပြန်သည်။
အင်းဝမှ ပြန်လာပြီးကတည်းက စစ်ပန်းလာကြသည့် ဂါရစ်နာဝဇ် နှင့် ဆန်ဂျေးခူရာလက်ပ၏တပ်များမှာ တြိပူရနှင့် စစ်ပြိုင်နိုင်သေးသည့် အခြေအနေမရှိ။
အိမ်ရှေ့စံ သျှမ်သျှား စုစည်းထားသည့် မြို့စောင့်တပ်များက တြိပူရတပ်များကို နယ်ခြားမျဉ်းတစ်လျှောက် သွားရောက်တိုက်ခိုက်ကာ အနိုင်ယူနိုင်ခဲ့သည်။
မိမိနှင့်သဘောထားခြင်းတူသည့် သားတော်ကြီး ဆန်ဂျေးကို အိမ်ရှေ့အရာထားရန် ကတိပေးထားခဲ့သော်လည်း အိမ်ရှေ့စံ သျှန်သျှားကို ဖြုတ်ချရန် မှာ ဂါရစ်နာဝဇ်အတွက် အခက်တွေ့နေသည်။
ယခုလည်း အင်းဝမှ သံတမန်များလွှတ်ပြီး သမီးတော်သျှတ္တရမာလာကို အမြန်ဆက်သရန် အကြပ်ကိုင်လာပြီဖြစ်သည်။
တနည်းအားဖြင့် မဏိပူရမှ အင်းဝကို နောက်ထပ် လာရောက်မတိုက်ခိုက်ရန် ဓါးစာခံ တောင်းယူခြင်းပင်။
“အရှင်မင်းမြတ်....ဘိုးတော်စနေမင်းလက်ထက်တော်ကလည်း ပုပ္ပါးမင်းသမီးနီလာခမ်း ကို ဆက်သခဲ့တာ ဒီအရွယ်ပဲ မဟုတ်လား”
ဒုတိယအကြိမ် ပြောလိုက်သည့် ရန္တမိတ်ကျော်ထင်၏ လေသံက အနည်းငယ်အထက်စီးဆန်နေသည်။
“မင်းသမီးလေးသျှန်သီဟာ လူကောင်ကသာ ထွားနေတာပါ..အခုမှ အသက် (၈)နှစ်အရွယ်သာရှိပါသေးတယ်....သံတမန်ကြီး”
အိမ်ရှေ့စံသျှန်သျှားမင်းသားက ရန္တမိတ်ကျော်ထင်၏ အမေးကို ဖခင်ကိုယ်စားဝင်ရောက်ဖြေဆိုလိုက်သည်။
“ကျွန်တော်မျိုးက ရှင်ဘုရင်ဆီက အဖြေကို လိုချင်တာပါ..မင်းသား”
“ကျုပ်ကလည်း အိမ်ရှေ့မင်းသားပါ..ဖခင်ကိုယ်စား ဖြေခွင့်ရှိလို့ ဖြေပါတယ်”
“သျှန်သျှား....ဒါက နှစ်နိုင်ငံကြားက သံခင်းတမန်ခင်းကိစ္စ...ဆုံးဖြတ်စရာရှိရင်.ဒီနိုင်ငံရဲ့ အကြီးဆုံးဉသျှောင်ဖြစ်တဲ့...ငါ့ဆုံးဖြတ်ချက်ကသာ အကြုံးဝင်တယ်”
ဂါရစ်နာဝဇ်က သျှမ်သျှားကို အသံမာမာဖြင့် ပြောလိုက်သည်။
သျှန်သျှားက အံကို တင်းတင်းကြိတ်ထားသည်။
သျှတ္တရမာလာခေါ် သျှန်သီသည် သူနှင့် တဝမ်းတည်းမှ မွေးထားသော နှမအရင်း။
အသက်အရွယ်ကွာကြသည်မို့ သျှန်သီကို သူက သမီးတစ်ယောက်လို့ပင် စောင့်ရှောက်ခဲ့ရသည်။
ယခုတော့ သူချစ်သော နှမလေး မှာ ကလေးအရွယ်ပင်မကုန်တတ်သေး။
တပြည်ခြားမှ ယောက်ျားသားများက ကုန်ပစ္စည်းတစ်ခုအလား လာရောက်ကြည့်ရှု့ကြသည်ကို ခံနေရသည်။
ကြည့်ရှုရုံတင်မက...အင်းဝဘုရင်ထံပင် မယားအဖြစ် ခေါ်ဆောင်သွားရန် ကြံစည်နေကြသည်။
ထိုကိစ္စများအားလုံးသည် အင်းဝကို စစ်တိုက်ရန် ဆုံးဖြတ်ခဲ့သော သူ့ဖခင် ဂါရစ်နာဝဇ် ကြောင့်။
နောက်တစ်ယောက်က..အကိုတော် ဆန်ဂျေးခူရာလက်ပ။
သျှန်သျှားက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆန်ဂျေးကို ခါးခါးသီးသီး စိုက်ကြည့်လိုက်သည်။
ဂါရစ်နာဝဇ်က သျှတ္တရမာလာမင်းသမီး၏ ပြသာဒ်အနီးသို့ ထလာသည်။
“သမီးတော်လေး....ဉယျာဉ်ထဲမှာ သွားဆော့ကစားလို့ရပြီနော်”
မင်းသမီးလေးသျှန်သီမှာ ဟေး ခနဲ ပျော်သွားပြီး အထိန်းတော်များကိုခေါ်ကာ နန်းဆောင်အပြင်သို့ ပြေးထွက်သွားသည်။
“သံတမန်ကြီး...တွေ့တဲ့အတိုင်းပဲ..သမီးတော်လေးဟာ ကလေးစိတ်မကုန်သေးပါဘူး....အင်းဝနန်းတွင်း ရောက်တဲ့အခါ ကလေးသာသာမို့ အကြည်တော်ရွှေနန်းရှင်မင်းတရားအပေါ် အလိုက်မသိ မဖြည့်မဆည်းနိုင်မှာ စိုးရိမ်မိပါတယ်..ဒါကြောင့် အင်းဝနန်းတွင်းဆိုင်ရာ အဆက်အဆံ၊ အခေါ်အဝေါ်များကို ကန်ကလာနန်းတော်မှာ သင်ကြားပေးပြီး မကြာခင်မှာ ကျုပ်ကိုယ်တိုင် သမီးတော်ကို လာရောက်ဆက်သပါ့မယ်...ဒီအတောအတွင်းမှာတော့...အင်းဝရွှေနန်းရှင်အပါး ခစားဖို့ ကျုပ်သားတော်ကြီး ဆန်ဂျေးခူရာလက်ပ နဲ့ ကျုပ်နန်းတွင်းပရောဟိတ်ဆရာတော် ကုက္ကလူ ကို ထည့်ပေးလိုက်ပါမယ်”
......................................................................................................................................
“အင်းဝ ဆိုတာ ဘယ်နားမှာလဲဟင်..မယ်မယ်”
“ဟိုးအဝေးကြီးမှာပေါ့..သမီးလေးရယ်”
မိဖုရားသုတ္တိမာလာ က သမီးတော်သျှန်သီ၏ ဆံပင်များကို ဆီလိမ်းပေးနေရင်းမှ ပြန်ဖြေသည်။
“နောင်တော်ဆန်ဂျေးက အဲ့ဒီကို ထပ်သွားနေရဉီးမှာပေါ့”
“ဒါပေါ့..သမီးလေးရယ်”
“ခမည်းတော်ပြောတာတော့..သမီးလည်း မကြာခင် အဲ့ဒီ အင်းဝကို သွားရမယ်ဆို”
သုတ္တိမာလာ က တိတ်ဆိတ်သွားသည်။
“မယ်မယ်...သမီး အင်းဝကို သွားရမှာဆိုလို့..မယ်မယ်တို့ အကိုကြီး သျှန်သျှား တို့ရော အင်းဝ ကို လိုက်ကြမှာလားဟင်”
သျှန်သီ၏ အမေးကို သုတ္တမာလာမဖြေနိုင်။
“သျှန်သီ”
“ဟယ်..အကိုကြီးသျှန်သျှား”
“ရော့...ဒီမှာ ဟိုနေ့က ငါ့နှမလိုချင်တယ်ဆိုတဲ့ မြင်းရုပ်ကလေး..သွား အပြင်မှာ သွားဆော့ချေ”
သျှန်သီက မြင်းရုပ်ကလေးကို ပိုက်ကာ ခုန်ပေါက်ပြေးထွက်သွား၏။
သျှန်သျှားက မိခင်ဖြစ်သူ သုတ္တိမာလာ၏ ဘေးတွင် ထိုင်လိုက်သည်။
“ဟိုနေ့က သံတမန်တွေရှေ့မှာ မင်းကို ဘုရင်ကြီး စိတ်ဆိုးသွားတယ်ဆို”
သျှန်သျှားက ခေါင်းညိတ်ပြသည်။
“အင်းဝ ဆိုတာ အင်မတန်စစ်အင်အားကြီးတဲ့ နိုင်ငံပါကွယ်... မဏိပူရထီးနန်းခိုင်မြဲရေးဟာ သူတို့ပေါ် အများကြီးမူတည်နေတယ်..ဘုရင်ကြီးမှာလည်း သူ့အခက်အခဲနဲ့ သူပါပဲ”
“မဟုတ်ဘူး..အမေ..အခုဖြစ်လာသမျှ ကိစ္စတွေအားလုံးက သူတို့ အင်းဝကို အကြောင်းမဲ့ ရန်သွားစလို့ ဖြစ်လာရတာ...ခမည်းတော်ရော...ဆန်ဂျေးရော...စစ်မထွက်ခင်ကတော့ ပြောသွားကြတာ အင်းဝနန်းတော်ကိုပဲ တက်သိမ်းပိုက်တော့မလိုပဲ..အခုကျ စစ်လည်းရှုံးလာတယ်..မဆီမဆိုင် အရွယ်မရောက်သေးတဲ့ သျှန်သီလေး ကိုပါ ပေးဖို့ လာတောင်းနေကြပြီ...အဲ့ဒါ ဘယ်သူ့အပြစ်လဲ..အမေ သိပါတယ်..အမေမသိတောင် ဟော့ဒီ မဏိပူရ တတိုင်းပြည်လုံးသိတယ်”
“ဒါပေမယ့်..သားရယ်...အမေတို့ ဘဝတွေက တတိုင်းပြည်လုံးအရေးနဲ့ ယှဉ်လာတဲ့အခါ ဘာတတ်နိုင်ပါ့မလဲ”
“ဘာတတ်နိုင်ပါ့မလဲတဲ့လား..အမေ...စဉ်းစားကြည့်..သားတော် ဒီစစ်ကို မတိုက်ဖို့ အိမ်ရှေ့စံတစ်ယောက်အနေနဲ့ အကြိမ်ကြိမ်လျှောက်ထားခဲ့တယ်..သူလက်မခံဘူး..ဟိုကောင် ဆန်ဂျေးကလည်း မြှောက်ပေးတယ်..သူတို့နှစ်ယောက်စနက်ကြောင့် မဏိပူရသားတွေ အင်းဝမြေမှာ အများကြီးကျဆုံးခဲ့ရတယ်...အာသံသားတွေကိုပါ ခမည်းတော်က ခေါ်သွားခဲ့တယ်..အခုကျ သူတို့လူတွေကျဆုံးတာ မဏိပူရဘုရင်က မသေချာပဲ မက်လုံးပေးခဲ့လို့ဆိုပြီး အာသံသားတွေက စွဲချက်တင်တာခံရတယ်..တြိပူရ ကလည်း အင်းဝစစ်မှာ စစ်ရှုံးလာပြီး အားနည်းလာတဲ့ ကျွန်တော်တို့ ကို မလေးစားတော့ဘူး...ဒါတွေအားလုံးက အပြစ်က ခမည်းတော်နဲ့ ဆန်ဂျေးပဲ...အခုကြည့်ပါဉီး..အမေ....သူတို့လုပ်ခဲ့တာတွေအတွက် ကျွန်တော့်နှမလေး ကလေးအရွယ်ကို အင်းဝဘုရင်လက် ထိုးအပ်ကြတော့မယ်”
“အင်းဝဘုရင်ကလည်း မိဖုရားမြှောက်မှာပါ..သားရယ်”
“အမေ...သိသိလျက်နဲ့ ဘာလို့ လိမ်နေတာလဲ...ကျွန်တော်တို့ အဒေါ် နီလာခမ်းတုန်းကလည်း ဒီလို အရွယ်မှာပဲ အင်းဝပို့ခံလိုက်ရတာ..အခုထိ ဘယ်မှာပြန်လာရတော့လို့လဲ..အင်းဝနန်းတွင်းမှာလည်း မဏိပူရ က စစ်လာမတိုက်အောင် ဓါးစာခံအနေနဲ့ နေနေရတာ....သျှန်သီလည်း ဒီလိုပဲ..အရွယ်မရောက်ခင် သူ့အဖေလောက်ရှိတဲ့ အင်းဝဘုရင်နဲ့ လက်ထပ်ရမယ်..ပြီးရင် မဏိပူရနန်းတော်ထဲ က ကျွန်တော်တို့တွေ အေးအေးချမ်းချမ်းဇိမ်ခံနိုင်ဖို့ သျှန်သီလေးက တိုင်းတပါးမှာ ဓါးစာခံအဖြစ် တသက်လုံး သွားနေရမှာ...အမေ..သျှန်သီမှာ ဘာအပြစ်မှမရှိဘူး..သူ့အတွက် တရားလား..အမေ”
အပြင်ဘက်မှ ဆော့ကစားနေသည့် သျှန်သီ၏ အသံစာစာလေးများကြားနေရသည်။
မိဖုရားသုတ္တိမာလာ ၏ ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာ၏။
“အမေ..နောက်တစ်ခု အမေ့ကို ကျွန်တော်ပြောပြမယ်....မကြာခင်မှာ ခမည်းတော်က ကျွန်တော့်ကို အိမ်ရှေ့အရာဖယ်ရှားပြီး...ဆန်ဂျေးကို အိမ်ရှေ့အရာနှင်းလိမ့်မယ်”
“ဟင်”
သျှန်သျှားက အခန်းတံခါးများကို လိုက်ပိတ်လိုက်သည်။
ထို့နောက် သုတ္တိမာလာ ရှေ့တွင် ထိုင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“အင်းဝစစ်ပွဲမှာတုန်းက ခမည်းတော်က ဆန်ဂျေးကို အိမ်ရှေ့အရာပေးမယ်လို့ ကတိပေးခဲ့တယ်..အဲ့ဒါကို စစ်ပွဲမှာ ပါသွားတဲ့ ကျွန်တော့်အထောက်တော်တွေဆီက သတင်းအတိအကျရခဲ့တာပဲ”
“သေချာရဲ့လား...သားတော်ရယ်”
“အခြေအနေတွေအရတော့...သေချာသလောက်ပဲ..အမေ..အခု ဆန်ဂျေးကို အင်းဝကို ထည့်ပေးလိုက်တာလဲ..အလကားတော့မဟုတ်ဘူး..အင်းဝဘုရင်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ဖြစ်အောင် တမင်ထည့်ပေးလိုက်တာဖြစ်နိုင်တယ်...ဒီတော့မှ နန်းတွင်းရေးပြဿနာဖြစ်လာတဲ့အခါ ဆန်ဂျေးမှာ အင်းဝကျောထောက်နောက်ခံအင်အားမျိုးရအောင် ကြံစည်နေတာပဲ....ဆန်ဂျေးရှင်ဘုရင်ဖြစ်တဲ့အခါ အိမ်ရှေ့စံဖြစ်ဖူးတဲ့.. ကျွန်တော့်ကိုရော အမေ့ကိုရော ဒီအတိုင်းထားမယ်ထင်သလား..အမေ”
“ဆက်မပြောနဲ့တော့သား..ဒီလောက်ဆို..အမေ သိပြီ...သား..သားဘာဆက်လုပ်မယ်စိတ်ကူးထားလဲ”
“အချိန်တစ်ခုတော့ စောင့်ရမှာပေါ့..အမေ”
............................................................................................................
၁၇၄၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့။ မွန်းတည့်ချိန်။
အင်းဝမြို့ တောင်ဘက် ၊ ခေါင်းခွဲကျေးရွာ။
“သင်္ဃဇာကိုယ်တော် ဟိန်ဘုန်းကြီးကိုယ်တိုင် အလှူခံကြွတယ်...တစ်ရွာလုံး တစ်ယောက်မှ မထွက်နဲ့...ခုခံသူ လူကို ဇက်ဖြတ်မယ်...အိမ်ကို မီးတိုက်မယ်ဟေ့”
အိမ်ခြေ (၂၀၀)ခန့်ရှိသော ရွာကြီး၏ စည်းရိုးများကို ဖြတ်ကာ လူ(၄၀၀)ခန့် တရကြမ်းဝင်လာကာ အော်ဟစ်ကြတော့သည်။
ထိုလူစုမှာ ဓါး၊ လှံ နှင့် ဝါးချွန်များကိုင်ကာ သင်္ကန်းစများကို ခေါင်းတွင် စည်းထားကြ၏။
ဟိန်ဘုန်းကြီးဆိုသည့် နာမည်ကြားသည်နှင့် ရွာသူရွာသားများမှာ အိမ်ထဲမှ တစ်ယောက်မှ မထွက်ရဲကြ။
ရွာတွင်းဝင်ရောက်လာသည့် အဖွဲ့များက ကျွဲ၊ နွားများကို ချည်တိုင်မှ စိတ်အေးလက်အေး ဖြုတ်ယူနေကြသည်။
ဟိန်ဘုန်းကြီး ခေါ် ရှင်ယောင်ငညို သည် ပဲကြီးခင်းအရပ်မှ ဖြစ်ပြီး လူဆိုး၊ဓါးပြများကို သင်္ကန်းဝတ်အဖြစ်ရော၊ လက်အောက်ခံကပ္ပိယများအဖြစ်ပါ စုဆောင်းပြီး ခိုးဆိုးလုယက်နေသူဖြစ်သည်။
အင်းဝ ဟံသာဝတီတိုက်ပွဲတွင် ပြည်မြို့ ခံတပ်ကို အားဖြည့်ပေးသည့် သာသနာပိုင် ဉီးဉာဏသာရ၏ ရှင်ယောင်၊ရှင်ပျက်တပ်များတွင် ဟိန်ဘုန်းကြီး၏ တပ်များလည်း ပါဝင်အားဖြည့်ခဲ့သည်။
ထိုစစ်ပွဲမှ ပြန်လာပြီးသည့်နောက်တွင်တော့ ဟိန်ဘုန်းကြီးငညို ၏ ဂိုဏ်းမှာ ပိုမိုအင်အားကြီးထွားလာသည်။
သာသနာပိုင်၏ ကျောထောက်နောက်ခံကြောင့် အင်းဝနန်းတော်မှလည်း အရေးမယူပဲ မသိချင်ယောင်ဆောင်ပေးနေခဲ့၏။
ယခုလည်း အင်းဝနှင့် မနီးမဝေးတွင်ရှိနေသော ခေါင်းခွဲရွာသို့ ဝင်ရောက်လုယက်ခြင်းဖြစ်သည်။
“ဟဲ့...ဒကာတွေ..နွားတွေကလည်း ပိန်လိုက်တာဟဲ့...နည်းနည်း ဝတဲ့အကောင်လည်း ရှာလာကြဉီး”
သင်္ကန်းညိုညစ်ညစ်ကို ပုခုံးတွင် ပတ်လျက် မြင်းစီးလာသော ဟိန်ဘုန်းကြီးက သူ့တပည့်များအား ကြိမ်းမောင်းနေသည်။
မကြာမီ ကတုံးဆံပင်ပေါက်၊ မျက်နှာကျောက်ပေါက်ရာများနှင့် သင်္ကန်းဝတ်တစ်ဉီးက လှံရှည်ကို ထမ်းလျက် ဟိန်ဘုန်းကြီးအနားသို့ ရောက်လာ၏။
“ကိုရင်ကြီးငလှေး...ဘယ့်နှယ့်လဲ..စပါးကျီတွေ ထဲ ရော အလှူခံခဲ့ပြီးပလား”
“စပါးကျီတွေထဲ ဘာစပါးမှ မရှိဘူး..ဘုန်းကြီး”
“မျိုးစပါးတွေရော”
“သူကြီးအိမ်ကို မေးပြီးပြီ...ငတ်လွန်းလို့ မျိုးစပါးပါ မချန် ချက်စားလိုက်ကြပြီတဲ့လေ”
“ထွီ..ဒါဆိုလည်း ကျုပ်တို့အတွက် အမဲသားပဲ ရှိတော့တာပေါ့”
“ရွာသားတွေအတွက်လည်း တစ်ရှဉ်းမှာ တစ်ကောင်နှုန်းချန်ပေးရမလား..ဘုန်းကြီး”
“မချန်နဲ့..မိုးမှမရွာတာ..လယ်လည်းထွန်စရာမရှိဘူး..နွားတွေ အလကားအားနေတယ်..ရွာသား ဒကာတွေလည်း ကုသိုလ်ရအောင် ကျုပ် အကုန်အလှူခံပစ်မယ်..အကုန်သာ ယူခဲ့”
သူတို့နှစ်ဉီးစကားပြောနေသည်ကို ပိန်လှီနေသော ထမီရင်လျားအမျိုးသမီးက ချောင်းကြည့်ကာ တဟီးဟီး ငိုနေတော့၏။
အင်းဝပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် မိုးတွင်းသုံးလလုံးလုံး တွင် မိုးလုံးဝမရွာခဲ့။
၁၇၄၁ ခုနှစ်က မိုးများပြီးနောက် အင်းဝပတ်ဝန်းကျင်ရှိ လယ်ယာမြေများစွာမှာ ပျက်စီးခဲ့ရသည်။
ယခု နှစ်တွင်မူ မိုးခေါင်မှုကြောင့် သီးနှံများ စိုက်ပျိုးရန် အခက်တွေ့ရပြန်သည်။
နှစ်နှစ်ဆက်တိုက် သီးနှံမဖြစ်ထွန်းမှုကြောင့် ဆန်ဈေးမှာ စံချိန်တင်မြင့်တက်သွားသည်။
ယခင်က ဆန်တတင်းလျှင် ငွေတစ်ကျပ်သာရှိခဲ့သော်လည်း ယခုအခါ ဆန်တတင်း ငါးကျပ်အထိ ဖြစ်သွားခဲ့သည်။
မြို့တော်ရှိ မစိုးရိမ်နှင့် မတောင့်တ ဘုရင့်ကျီတော်တိုက်နှစ်ခုမှ စပါးကို ဈေးလျော့ရောင်းပေးသော်လည်း ရေရှည်တောင့်မခံနိုင်ပဲ ကျီတော်များ အရောင်းပိတ်လိုက်ကြသည်။
စားနပ်ရိက္ခာရှားပါးလာသည့်အတွက် ဆင်းရဲသောဒေသများတွင် သူခိုး၊ ဓါးပြများ ထူပြောလာခဲ့သည်။
တောင်ဘက် ယင်းမာပင်ရွာမှ တောကြားနတ်ဓါးပြဂိုဏ်း၊ ပဲကြီးခင်းအရပ်မှ ဟိန်ဘုန်းကြီးဓါးပြဂိုဏ်း၊ မြောက်ဘက် ဉသျှစ်ကျေးမူးကန် အရပ်မှ ရွှေဘူးဓါးပြဂိုဏ်း တို့မှာလည်း အင်အားကြီးမားသည့် ဓါးပြဂိုဏ်းကြီးများဖြစ်လာခဲ့သည်။
ယခုအခါ အင်းဝနေပြည်တော်နှင့် မဝေးလှသည့် ခေါင်းခွဲရွာအထိပါ ဟိန်ဘုန်းကြီးဓါးပြဂိုဏ်းက ပေါက်ရောက်လာခဲ့ပြီဖြစ်၏။
“အရှင်ဘုရားတပည့်က...အမှုတော်ကိုထမ်းပေးခဲ့တယ်ဆိုပေမယ့်.အခု အင်းဝအနီးအနားထိ ထိပါးလာနေပြီ..ဘုရား”
မဟာဓမ္မရာဇာဓိပတိ ၏ စကားကို သာသနာပိုင်ဉီးဉာဏသာရ က ရွှေယပ်တောင်ကြီးခပ်လျက်မှ ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်လည်း ပြောမနိုင်တော့ဘူး...သူ့ဒကာတွေ ငတ်လွန်းလို့ သူလည်း အလှူခံထွက်ရတာပါလို့ ပြန်ပြောတယ်..မင်းကြီး...ခုဟာက အဲ့ဒီကျေးရွာလောက်မပြောနဲ့..အင်းဝမြို့ထဲတောင် သူခိုးဓါးပြအရေးက ပူနေရသေးတာမဟုတ်လား..ကဲ.ကျုပ် ပြန်ကြွဉီးမယ်”
သာသနာပိုင်ဆရာတော်က ရွှေဒေါက်ချာကြီးကို ဆောင်းလျက် သင်္ကန်းကို ပြန်ရုံလိုက်သည်။
“ဟိန်ဘုန်းကြီးဟာ မြို့တော်ကို ထိပါးလာမယ်ဆိုရင်ဖြင့် တပည့်တော် ကြိုတင်ကာကွယ်ရပါ့လိမ့်မယ်”
“ဒကာက ရှင်ဘုရင်ပဲ...ဒါ ဒကာ့ကိစ္စလေ”
ဉီးညာဏသာရ က ခပ်ပြတ်ပြတ်မိန့်ကာ ပြန်ကြွသွား၏။
မဟာဓ္မရာဇာဓိပတိသည် အောက်ဘက်တွင် ခစားနေကြသော ဉီးရွှေဖြိုး၊ ကိုးသိန်းသခင်၊ ကိုးခရိုင်ဝန်မင်းရဲကျော်စွာ တို့ထံ တချက်ကြည့်ရှု့လိုက်သည်။
“ကဲ..ဒီတိုင်းဆို...သာသနာပိုင်က.သူ့တပည့်ကို သူပြောမနိုင်တော့တဲ့..သဘောပဲ...ဘယ့်နှယ့်လုပ်မယ် စိတ်ကူးလဲ..အကြံပေးကြပါဉီး”
“ဟိန်ဘုန်းကြီးဟာ ဓါးပြတိုက်နေသော်လည်း သူ့လက်အောက်ငယ်သားများကို ပေးကမ်းစွန့်ကြဲထားပါတယ်...ဘုန်းကြီးတပါးလည်းဖြစ်နေပြန်..ကျောက်ဆည်နယ်ဘက်အထိ သင်းကို ကိုးကွယ်ဆည်းကပ်ကြတဲ့ လူတွေက ရှိနေတော့...နှိမ်နင်းဖို့ရာ ခက်ခဲပါတယ်..ဘုရား”
ကိုးခရိုင်ဝန်က လျှောက်တင်သည်။
“သူ့ကို ဒီအတိုင်း လက်ရဖမ်းမယ်ဆို ဖြစ်နိုင်ပေမယ့်...အင်းဝတပ်များအနေနဲ့ ဓါးပြကိုတောင် အင်အားသုံးနေရတဲ့အခြေအနေအဖြစ် ဆိုက်ရောက်သွားနိုင်ပါတယ်...မြို့ရွာအနှံ့က သူ့ဓါးပြဂိုဏ်းများကလည်း ခုခံကြတာနဲ့ ပြည်ရွာချောက်ချားကုန်ပါ့မယ်..ဒါကြောင့် ပရိယာယ်နဲ့ ဖမ်းဆီးကာ ကွပ်က သင့်ပါ့မယ်”
“အင်း..ကိုးသိန်းသခင် လျှောက်တာ ကောင်းပါလေ့..ဘယ့်နှယ့်လုပ်ရမလဲ အကြံပေးပါဉီး”
.........................................................................................................
“အရှင်ဒေဝိန်သာမဏေကျော် ဘွဲ့ တော် လက်ခံပွဲသဘင်”
တဲကန္နားမဏ္ဍပ်ကြီးရှေ့တွင် ဟိန်ဘုန်းကြီး က ဝေါယာဉ်ကို ရပ်ခိုင်းလိုက်သည်။
ကိုးခရိုင်ဝန်မင်းရဲကျော်စွာက လက်အုပ်ချီလျက် စောင့်ကြိုနေ၏။
ဟိန်ဘုန်ကြီး၏ ဘေးပတ်ပတ်လည်တွင် လက်နက်များကိုင်ဆောင်ထားသည့် တပည့်များက ဝန်းရံထား၏။
သင်္ကန်းစများကို နဖူးတွင်စည်းထားကြပြီး ကြမ်းကြမ်းတမ်းတမ်းပုံစံများဖြစ်ကြသည်။
ဟိန်ဘုန်းကြီးဘေးတွင်ပါသော ကိုရင်ကြီးငလှေး၏ ရုပ်မှာလည်း ကြောက်မက်ဖွယ်။
ဟိန်ဘုန်းကြီးက ချောင်းတစ်ချက်ဟန့်လိုက်သည့်အခါ နဘေးတွင်ရှိသော တပည့်များက ဒူးထောက်လျက် အလုအယက် လက်ဝါးများကို ခံလိုက်၏။
လက်ဝါးများပေါ်သို့ ဟိန်ဘုန်ကြီးက ဝါးပြီးသား ကွမ်းဖက်များကို ထွေးထည့်လိုက်သည်။
ထိုကွမ်းဖက်များကို တပည့်များက အငမ်းမရလုစားကြတော့၏။
ကိုးခရိုင်ဝန်က သူ့ရှေ့တွင် ပြုမူနေကြသည်များကို ရွံရှာစွာကြည့်နေကြသည်။
“ကျုပ် ဝါးပြီးသား ကွမ်းဖက်က ဓါးပြီး၊ တုတ်ပြီးတယ်..ဒကာကြီး..နောက်များမှ ဒကာကြီးတို့ ရှင်ဘုရင်ကိုလည်း ကွမ်းဖက်စွန့်ကြဲရဉီးမယ်”
“အထဲမှာ ဘုန်းတော်ကြီးဘုရားက ပေးကပ်လိုက်တဲ့ ရွှေဒေါက်ချာနဲ့ ရွှေသင်္ကန်းနဲ့ ..ဒေဝိန်သာမဏေကျော် ဘွဲ့ တော် လက်ခံရန် ကြွပါ..ဘုရား”
ဟိန်ဘုန်းကြီးက ကျေနပ်စွာပြုံးလိုက်သည်။
“ရွှေနန်းရှင်သခင်ကိုယ်စားတော် ဘွဲ့များဖြစ်သည့်အတွက် လက်နက် အဆောင်အယောင် တဲကန္နားထဲ ယူခွင့်မရှိပါ..ဘုရား..အစဉ်အလာရ ဘွဲ့တော်လက်ခံရာတွင် ကိုယ်တော်တစ်ပါးသာ ဝင်ရပါမယ်”
“အိန်း...ဒီလိုရှိတာပဲလား..ကဲ..ကဲ...ကိုယ်တော့်ဒကာတွေ အပြင်မှာ နေခဲ့ကြ”
ဟိန်ဘုန်းကြီးက တည်ငြိမ်သော အိန္ဒြေအပြည့်ဖြင့် မျက်လွှာချကာ တဲကန္နားထဲသို့ လှမ်းသွား၏။
ခဏအကြာတွင် အရာဝတ္ထုတစ်ခုသည် တဲကန္နားအပြင်ဘက်အတိုင်း လှိမ့်ထွက်လာသည်။
ငလှေးက သူ့ခြေရင်းသို့ ရောက်လာသော အရာကို ရုတ်တရက်ကြည့်လိုက်သည်။
“အား”
ဟိန်ဘုန်းကြီး၏ ဉီးခေါင်းပြတ်ကြီး။
“ဟေ့..ဓါးပြတွေ..အကုန်လက်နက်ချဟေ့..မင်းတို့ ဘုန်းကြီး သေပြီ”
ရာချီသော အင်းဝစစ်သည်များက တဲကန္နားပတ်ချာလည်မှ ပေါ်လာကာ ဓါးပြများကို ဝန်းရံလိုက်ကြသည်။
ရုတ်တရက်ဝန်းရံခံလိုက်ရသဖြင့် အချို့က နီးစပ်ရာ အင်းဝစစ်သည်များကို ဓားဖြင့် ဝင်ပိုင်းကြသည်။
သို့သော် အင်းဝတပ်များက လက်ဉီးမှုရသွားပြီဖြစ်သည်။
ငလှေးနှင့် ဓါးပြအချို့မှာ တဲကန္နားအနောက်ဘက်ရှိ ကွင်းပြင်သို့ ထွက်ပြေးကြ၏။
ပပ်ကြားအပ်လယ်မြေများဖြစ်သဖြင့် သူတို့မှာ ထီးထီးကြီးပြေးနေကြရသည်။
အင်းဝတပ်များက ထွက်ပြေးသူများကို သေနတ်များဖြင့် လှမ်းပစ်ကြ၏။
“ဖောင်း..ဖောင်း”
ငလှေးနဘေးမှ ဓါးပြတစ်ဉီးလဲကျသွားသည်။
ငလှေးက အားကုန်စိုက်ကာ ရှေ့သို့ ဆက်ပြေး၏။
အင်းဝစစ်သည်များကလည်း သူ့နောက်သို့ ခြေလျင် ပြေးလိုက်လာကြသည်။
ရုတ်တရက် ငလှေး၏ ပေါင်အနောက်ဘက်ဆီမှ ပူခနဲဖြစ်သွား၏။
ငလှေး လယ်ပပ်ကြားအပ်ပေါ် ဒလိမ့်ခေါက်ခွေးလဲကျသွားသည်။
အင်းဝစစ်သည်များက လဲကျနေသူများကို ဓါးဖြင့် လိုက်ပိုင်းနေသည်။
ငလှေးထံ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။
ရှေ့ဆုံးမှ အင်းဝစစ်သည်သည် ငလှေး ကို ဓါးဖြင့် ရွယ်လိုက်၏။
“ဝှီး”
မြှားတံတစ်ခုက စစ်သည်၏ ရင်ဘတ်တွင် စိုက်ဝင်သွားသည်။
မြင်းတစ်စီး။
မြင်းပေါ်မှ တစ်စုံတစ်ယောက်က ငလှေးကို သူ့လက်မှ ဒူးလေးဖြင့် ကမ်းလိုက်၏။
ငလှေးက ဒူးလေးလက်တံကို ထလိုက်သည်။
ထို့နောက် ကောင်းသောခြေထောက်ဖြင့် အားယူကာ မြင်းပေါ်သို့ ဝမ်းလျားမှောက်တက်လိုက်၏။
မြင်းစီးသမားက မြင်းကို ဒုံးစိုင်းမောင်းထွက်သွားသည်။
အနောက်ဖက်မှ မြင်းနှစ်စီးလည်းပါလာပြီး လိုက်လာသော အင်းဝစစ်သည်အချို့ကို ဒူးလေးများဖြင့် ပစ်ခတ်ကာ ထွက်ပြေးကြတော့၏။
မူးမြစ်၏ မြစ်လက်တက်ငယ်တစ်ခုအရောက်တွင် မြင်းများ ရပ်တန့်လိုက်ကြသည်။
“ရှင် သိပ်နာနေလား..ပါးကွက်သားကြီး..ဒဏ်ရာကို ရေဆေးပြီး သွေးတိတ်အောင် တခုခုလုပ်ဖို့တော့ လိုလိမ့်မယ်”
ထိုအခါမှ ငလှေးက ကယ်တင်ရှင် မြင်းစီးသမားကို သေချာကြည့်လိုက်သည်။
“..နားလဲ..နားလဲ မဟုတ်လား”
ခက်ဇော်
အခန်း(၇) သဘက်ခါ
မြိုင်သာရိပ်ခို၊ ရွှေကျေးညိုတို့၊ လူလိုလျောက်ပတ်၊ သင်လျင်တတ်၍ လူ့ဇာတ်ပျော်ရွှင် ၊ အကျုံးဝင်သို့ ၊ ထိုနည်းတဖန် ၊ တစ်ဖက်ရန်လည်း၊ ကျမ်းဂန်နှီးနွယ်၊ ပရိယာယ်ဖြင့်၊ လှယ်ပယ်ပြသ၊ စစ်ဆင်ကြသည်။ သုဝဗျူဟာ၊ရှေးထုံးလာတည်း။ - ဗျူဟစက္ကိပျို့)
ကျေးငှက်တိရိစ္ဆာန်များကို လူနှင့်ယဉ်ပါးအောင်ပြုသကဲ့သို့ တစ်ဖက်ရန်သူစစ်သည်များကိုလည်း မိမိတို့ဖက်ပါအောင် ဝတ္ထု၊ကျမ်းဂန်များပြကာ ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ခြင်းသည်လည်း ရှေးထုံးလာ ဗျူဟာတစ်ခုဖြစ်ကြောင်း
(Zawgyi)
AVA 1740s (Season 2)
အခန္း(၆)
...............................................
၁၇၄၂ ၊ မေလ။
ကန္ကလာနန္းေတာ္၊ မဏိပူရ။
နန္းေတာ္အလယ္ ျပသာဒ္ေပၚမွ ရွစ္ႏွစ္အ႐ြယ္ မိန္းမငယ္ေလး။
ဟိုးအေဝး အင္းဝေ႐ႊနန္းေတာ္မွ လာၾကသည္ဆိုေသာ လူစိမ္းမ်ားက သူမ၏ ႐ုပ္ရည္ႏွင့္ ခႏၶာကိုယ္သြင္ျပင္ကို အဖက္ဖက္မွ လွည့္ပတ္ၾကည့္ရႈေနၾကသည္။
“ယခင္ ဘိုးေတာ္စေနမင္းလက္ထက္က ပုပၸါမင္းသမီးနီလာခမ္း ကိုလည္း ဒီအ႐ြယ္မွာပဲ ဆက္သခဲ့တာမဟုတ္လား...အရွင္မင္းျမတ္”
အင္းဝသံတမန္ ရႏၲမိတ္ေက်ာ္ထင္ ၏ စကားကို ဘုရင္ဂါရစ္နာဝဇ္က မတုန႔္ျပန္။
သူ႔စိတ္ထဲတြင္ အေတြးေပါင္းမ်ားစြာ ရႈပ္ယွက္ေနသည္။
လြန္ခဲ့ေသာႏွစ္မ်ားက အင္းဝႏွင့္ တန္တူရည္တူဆက္ဆံေရးမ်ိဳးထူေထာင္ႏိုင္ရန္ မဏိပူရ၏ စစ္အင္အားကို ျပသႏိုင္ခဲ့သည္။
သို႔ေသာ္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ မဏိပူရတပ္မ်ား အေရးမလွျဖစ္ခဲ့ရသည္။ စစ္ေျပၿငိမ္းကာ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့သည္။
စစ္ေျပၿငိမ္းေရးသေဘာတူညီခ်က္တြင္ အင္းဝဘုရင္ထံ ေဆြေတာ္မ်ိဳးေတာ္ျဖစ္ႏိုင္ေရးအတြက္ မဏိပူရမွ သမီးကညာဆက္ေရးလည္းပါဝင္ခဲ့၏။
သို႔ေသာ္ျငား ဂါရစ္နာဝဇ္ သည္ ထိုကိစၥကို မသိဟန္ေဆာင္ေနခဲ့သည္။
ယခုမူ အင္းဝမွ ရႏၲမိတ္ေက်ာ္ထင္ ေခါင္းေဆာင္ေသာသံအဖြဲ႕က သမီးေတာ္သွ်တၱရမာလာ ေခၚ သွ်န္သီ ကို အ႐ြယ္ေရာက္ျခင္းရွိမရွိ စုံစမ္းရန္ ေရာက္ရွိလာၿပီျဖစ္သည္။
အင္းဝသည္ ဟံသာဝတီ၏ ဝိုင္းရံမႈကို ျပန္လည္တိုက္ထုတ္ႏိုင္ခဲ့ၿပီးေနာက္ မဏိပူရႏွင့္ ခိုင္မာေသာ မဟာမိတ္ဆက္ဆံေရးမ်ိဳး အျမန္ထားရွိရန္ ဆုံးျဖတ္ခဲ့သည္။
ယမန္ႏွစ္မ်ားက စစ္ကိုင္းၿမိဳ႕တိုင္ေအာင္ လာေရာက္တိုက္ခိုက္ႏိုင္ခဲ့ေသာ ဂါရစ္နာဝဇ္၏ တပ္မ်ား ေနာက္တႀကိမ္ စစ္မခ်ီေရးသည္ ဟံသာဝတီႏွင့္ ရင္ဆိုင္ေနရသည့္ အင္းဝအတြက္ အေရးႀကီးသည္။
ထို႔ေၾကာင့္ စစ္ေျပၿငိမ္းစာခ်ဳပ္တြင္ ပါရွိသည့္အတိုင္း ဂါရစ္နာဝဇ္၏ သမီးေတာ္ သွ်တၱရမာလာ ကို ဆက္သရန္ သံေစလႊတ္လိုက္ျခင္းျဖစ္သည္။
မဏိပူရနန္းတြင္းတြင္လည္း ဂါရစ္နာဝဇ္မွာ မေက်နပ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
ႏွစ္ရွည္လမ်ား အင္းဝကို စစ္ဆင္တိုက္ခိုက္ခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ အရႈံးႏွင့္ ျပန္လာခဲ့ရသည္။
စစ္ေျပၿငိမ္းေရးဆိုသည့္ေခါင္းစဥ္ေအာက္တြင္ သမီးေတာ္ဆက္သပါမည္ဆိုသည့္ ကတိေပးခဲ့ရသည္။
သူျပန္လာခ်ိန္တြင္ ၿမိဳ႕ေစာင့္ထားခဲ့သည့္ အိမ္ေရွ႕မင္းသားသွ်န္သွ်ားမွာ နန္းတြင္းအမတ္အစုအေတာ္မ်ားမ်ား ၏ ေထာက္ခံမႈကို ရရွိေနၿပီျဖစ္သည္။
မႏိုင္သည့္စစ္ကို စတင္ခဲ့ၾကသည့္ ဂါရစ္နာဝဇ္ ႏွင့္ သားေတာ္ႀကီးဆန္ေဂ်းတို႔မွာ စစ္သည္မ်ားစြာ က်ဆုံးမႈအတြက္ ျပည္သူျပည္သားတို႔၏ ၿငိဳျငင္မႈကို ခံခဲ့ရ၏။
ထိုအခ်ိန္တြင္ မဏိပူရ၏ နယ္စပ္ေက်း႐ြာတခ်ိဳ႕ကို အိမ္နီးခ်င္း ႀတိပူရ က ဝင္ေရာက္တိုက္ခိုက္လုယက္ျပန္သည္။
အင္းဝမွ ျပန္လာၿပီးကတည္းက စစ္ပန္းလာၾကသည့္ ဂါရစ္နာဝဇ္ ႏွင့္ ဆန္ေဂ်းခူရာလက္ပ၏တပ္မ်ားမွာ ႀတိပူရႏွင့္ စစ္ၿပိဳင္ႏိုင္ေသးသည့္ အေျခအေနမရွိ။
အိမ္ေရွ႕စံ သွ်မ္သွ်ား စုစည္းထားသည့္ ၿမိဳ႕ေစာင့္တပ္မ်ားက ႀတိပူရတပ္မ်ားကို နယ္ျခားမ်ဥ္းတစ္ေလွ်ာက္ သြားေရာက္တိုက္ခိုက္ကာ အႏိုင္ယူႏိုင္ခဲ့သည္။
မိမိႏွင့္သေဘာထားျခင္းတူသည့္ သားေတာ္ႀကီး ဆန္ေဂ်းကို အိမ္ေရွ႕အရာထားရန္ ကတိေပးထားခဲ့ေသာ္လည္း အိမ္ေရွ႕စံ သွ်န္သွ်ားကို ျဖဳတ္ခ်ရန္ မွာ ဂါရစ္နာဝဇ္အတြက္ အခက္ေတြ႕ေနသည္။
ယခုလည္း အင္းဝမွ သံတမန္မ်ားလႊတ္ၿပီး သမီးေတာ္သွ်တၱရမာလာကို အျမန္ဆက္သရန္ အၾကပ္ကိုင္လာၿပီျဖစ္သည္။
တနည္းအားျဖင့္ မဏိပူရမွ အင္းဝကို ေနာက္ထပ္ လာေရာက္မတိုက္ခိုက္ရန္ ဓါးစာခံ ေတာင္းယူျခင္းပင္။
“အရွင္မင္းျမတ္....ဘိုးေတာ္စေနမင္းလက္ထက္ေတာ္ကလည္း ပုပၸါးမင္းသမီးနီလာခမ္း ကို ဆက္သခဲ့တာ ဒီအ႐ြယ္ပဲ မဟုတ္လား”
ဒုတိယအႀကိမ္ ေျပာလိုက္သည့္ ရႏၲမိတ္ေက်ာ္ထင္၏ ေလသံက အနည္းငယ္အထက္စီးဆန္ေနသည္။
“မင္းသမီးေလးသွ်န္သီဟာ လူေကာင္ကသာ ထြားေနတာပါ..အခုမွ အသက္ (၈)ႏွစ္အ႐ြယ္သာရွိပါေသးတယ္....သံတမန္ႀကီး”
အိမ္ေရွ႕စံသွ်န္သွ်ားမင္းသားက ရႏၲမိတ္ေက်ာ္ထင္၏ အေမးကို ဖခင္ကိုယ္စားဝင္ေရာက္ေျဖဆိုလိုက္သည္။
“ကြၽန္ေတာ္မ်ိဳးက ရွင္ဘုရင္ဆီက အေျဖကို လိုခ်င္တာပါ..မင္းသား”
“က်ဳပ္ကလည္း အိမ္ေရွ႕မင္းသားပါ..ဖခင္ကိုယ္စား ေျဖခြင့္ရွိလို႔ ေျဖပါတယ္”
“သွ်န္သွ်ား....ဒါက ႏွစ္ႏိုင္ငံၾကားက သံခင္းတမန္ခင္းကိစၥ...ဆုံးျဖတ္စရာရွိရင္.ဒီႏိုင္ငံရဲ႕ အႀကီးဆုံးဉေသွ်ာင္ျဖစ္တဲ့...ငါ့ဆုံးျဖတ္ခ်က္ကသာ အႀကဳံးဝင္တယ္”
ဂါရစ္နာဝဇ္က သွ်မ္သွ်ားကို အသံမာမာျဖင့္ ေျပာလိုက္သည္။
သွ်န္သွ်ားက အံကို တင္းတင္းႀကိတ္ထားသည္။
သွ်တၱရမာလာေခၚ သွ်န္သီသည္ သူႏွင့္ တဝမ္းတည္းမွ ေမြးထားေသာ ႏွမအရင္း။
အသက္အ႐ြယ္ကြာၾကသည္မို႔ သွ်န္သီကို သူက သမီးတစ္ေယာက္လို႔ပင္ ေစာင့္ေရွာက္ခဲ့ရသည္။
ယခုေတာ့ သူခ်စ္ေသာ ႏွမေလး မွာ ကေလးအ႐ြယ္ပင္မကုန္တတ္ေသး။
တျပည္ျခားမွ ေယာက္်ားသားမ်ားက ကုန္ပစၥည္းတစ္ခုအလား လာေရာက္ၾကည့္ရႈ႕ၾကသည္ကို ခံေနရသည္။
ၾကည့္ရႈ႐ုံတင္မက...အင္းဝဘုရင္ထံပင္ မယားအျဖစ္ ေခၚေဆာင္သြားရန္ ႀကံစည္ေနၾကသည္။
ထိုကိစၥမ်ားအားလုံးသည္ အင္းဝကို စစ္တိုက္ရန္ ဆုံးျဖတ္ခဲ့ေသာ သူ႔ဖခင္ ဂါရစ္နာဝဇ္ ေၾကာင့္။
ေနာက္တစ္ေယာက္က..အကိုေတာ္ ဆန္ေဂ်းခူရာလက္ပ။
သွ်န္သွ်ားက သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ ဆန္ေဂ်းကို ခါးခါးသီးသီး စိုက္ၾကည့္လိုက္သည္။
ဂါရစ္နာဝဇ္က သွ်တၱရမာလာမင္းသမီး၏ ျပသာဒ္အနီးသို႔ ထလာသည္။
“သမီးေတာ္ေလး....ဉယ်ာဥ္ထဲမွာ သြားေဆာ့ကစားလို႔ရၿပီေနာ္”
မင္းသမီးေလးသွ်န္သီမွာ ေဟး ခနဲ ေပ်ာ္သြားၿပီး အထိန္းေတာ္မ်ားကိုေခၚကာ နန္းေဆာင္အျပင္သို႔ ေျပးထြက္သြားသည္။
“သံတမန္ႀကီး...ေတြ႕တဲ့အတိုင္းပဲ..သမီးေတာ္ေလးဟာ ကေလးစိတ္မကုန္ေသးပါဘူး....အင္းဝနန္းတြင္း ေရာက္တဲ့အခါ ကေလးသာသာမို႔ အၾကည္ေတာ္ေ႐ႊနန္းရွင္မင္းတရားအေပၚ အလိုက္မသိ မျဖည့္မဆည္းႏိုင္မွာ စိုးရိမ္မိပါတယ္..ဒါေၾကာင့္ အင္းဝနန္းတြင္းဆိုင္ရာ အဆက္အဆံ၊ အေခၚအေဝၚမ်ားကို ကန္ကလာနန္းေတာ္မွာ သင္ၾကားေပးၿပီး မၾကာခင္မွာ က်ဳပ္ကိုယ္တိုင္ သမီးေတာ္ကို လာေရာက္ဆက္သပါ့မယ္...ဒီအေတာအတြင္းမွာေတာ့...အင္းဝေ႐ႊနန္းရွင္အပါး ခစားဖို႔ က်ဳပ္သားေတာ္ႀကီး ဆန္ေဂ်းခူရာလက္ပ နဲ႔ က်ဳပ္နန္းတြင္းပေရာဟိတ္ဆရာေတာ္ ကုကၠလူ ကို ထည့္ေပးလိုက္ပါမယ္”
......................................................................................................................................
“အင္းဝ ဆိုတာ ဘယ္နားမွာလဲဟင္..မယ္မယ္”
“ဟိုးအေဝးႀကီးမွာေပါ့..သမီးေလးရယ္”
မိဖုရားသုတၱိမာလာ က သမီးေတာ္သွ်န္သီ၏ ဆံပင္မ်ားကို ဆီလိမ္းေပးေနရင္းမွ ျပန္ေျဖသည္။
“ေနာင္ေတာ္ဆန္ေဂ်းက အဲ့ဒီကို ထပ္သြားေနရဉီးမွာေပါ့”
“ဒါေပါ့..သမီးေလးရယ္”
“ခမည္းေတာ္ေျပာတာေတာ့..သမီးလည္း မၾကာခင္ အဲ့ဒီ အင္းဝကို သြားရမယ္ဆို”
သုတၱိမာလာ က တိတ္ဆိတ္သြားသည္။
“မယ္မယ္...သမီး အင္းဝကို သြားရမွာဆိုလို႔..မယ္မယ္တို႔ အကိုႀကီး သွ်န္သွ်ား တို႔ေရာ အင္းဝ ကို လိုက္ၾကမွာလားဟင္”
သွ်န္သီ၏ အေမးကို သုတၱမာလာမေျဖႏိုင္။
“သွ်န္သီ”
“ဟယ္..အကိုႀကီးသွ်န္သွ်ား”
“ေရာ့...ဒီမွာ ဟိုေန႔က ငါ့ႏွမလိုခ်င္တယ္ဆိုတဲ့ ျမင္း႐ုပ္ကေလး..သြား အျပင္မွာ သြားေဆာ့ေခ်”
သွ်န္သီက ျမင္း႐ုပ္ကေလးကို ပိုက္ကာ ခုန္ေပါက္ေျပးထြက္သြား၏။
သွ်န္သွ်ားက မိခင္ျဖစ္သူ သုတၱိမာလာ၏ ေဘးတြင္ ထိုင္လိုက္သည္။
“ဟိုေန႔က သံတမန္ေတြေရွ႕မွာ မင္းကို ဘုရင္ႀကီး စိတ္ဆိုးသြားတယ္ဆို”
သွ်န္သွ်ားက ေခါင္းညိတ္ျပသည္။
“အင္းဝ ဆိုတာ အင္မတန္စစ္အင္အားႀကီးတဲ့ ႏိုင္ငံပါကြယ္... မဏိပူရထီးနန္းခိုင္ၿမဲေရးဟာ သူတို႔ေပၚ အမ်ားႀကီးမူတည္ေနတယ္..ဘုရင္ႀကီးမွာလည္း သူ႔အခက္အခဲနဲ႔ သူပါပဲ”
“မဟုတ္ဘူး..အေမ..အခုျဖစ္လာသမွ် ကိစၥေတြအားလုံးက သူတို႔ အင္းဝကို အေၾကာင္းမဲ့ ရန္သြားစလို႔ ျဖစ္လာရတာ...ခမည္းေတာ္ေရာ...ဆန္ေဂ်းေရာ...စစ္မထြက္ခင္ကေတာ့ ေျပာသြားၾကတာ အင္းဝနန္းေတာ္ကိုပဲ တက္သိမ္းပိုက္ေတာ့မလိုပဲ..အခုက် စစ္လည္းရႈံးလာတယ္..မဆီမဆိုင္ အ႐ြယ္မေရာက္ေသးတဲ့ သွ်န္သီေလး ကိုပါ ေပးဖို႔ လာေတာင္းေနၾကၿပီ...အဲ့ဒါ ဘယ္သူ႔အျပစ္လဲ..အေမ သိပါတယ္..အေမမသိေတာင္ ေဟာ့ဒီ မဏိပူရ တတိုင္းျပည္လုံးသိတယ္”
“ဒါေပမယ့္..သားရယ္...အေမတို႔ ဘဝေတြက တတိုင္းျပည္လုံးအေရးနဲ႔ ယွဥ္လာတဲ့အခါ ဘာတတ္ႏိုင္ပါ့မလဲ”
“ဘာတတ္ႏိုင္ပါ့မလဲတဲ့လား..အေမ...စဥ္းစားၾကည့္..သားေတာ္ ဒီစစ္ကို မတိုက္ဖို႔ အိမ္ေရွ႕စံတစ္ေယာက္အေနနဲ႔ အႀကိမ္ႀကိမ္ေလွ်ာက္ထားခဲ့တယ္..သူလက္မခံဘူး..ဟိုေကာင္ ဆန္ေဂ်းကလည္း ေျမႇာက္ေပးတယ္..သူတို႔ႏွစ္ေယာက္စနက္ေၾကာင့္ မဏိပူရသားေတြ အင္းဝေျမမွာ အမ်ားႀကီးက်ဆုံးခဲ့ရတယ္...အာသံသားေတြကိုပါ ခမည္းေတာ္က ေခၚသြားခဲ့တယ္..အခုက် သူတို႔လူေတြက်ဆုံးတာ မဏိပူရဘုရင္က မေသခ်ာပဲ မက္လုံးေပးခဲ့လို႔ဆိုၿပီး အာသံသားေတြက စြဲခ်က္တင္တာခံရတယ္..ႀတိပူရ ကလည္း အင္းဝစစ္မွာ စစ္ရႈံးလာၿပီး အားနည္းလာတဲ့ ကြၽန္ေတာ္တို႔ ကို မေလးစားေတာ့ဘူး...ဒါေတြအားလုံးက အျပစ္က ခမည္းေတာ္နဲ႔ ဆန္ေဂ်းပဲ...အခုၾကည့္ပါဉီး..အေမ....သူတို႔လုပ္ခဲ့တာေတြအတြက္ ကြၽန္ေတာ့္ႏွမေလး ကေလးအ႐ြယ္ကို အင္းဝဘုရင္လက္ ထိုးအပ္ၾကေတာ့မယ္”
“အင္းဝဘုရင္ကလည္း မိဖုရားေျမႇာက္မွာပါ..သားရယ္”
“အေမ...သိသိလ်က္နဲ႔ ဘာလို႔ လိမ္ေနတာလဲ...ကြၽန္ေတာ္တို႔ အေဒၚ နီလာခမ္းတုန္းကလည္း ဒီလို အ႐ြယ္မွာပဲ အင္းဝပို႔ခံလိုက္ရတာ..အခုထိ ဘယ္မွာျပန္လာရေတာ့လို႔လဲ..အင္းဝနန္းတြင္းမွာလည္း မဏိပူရ က စစ္လာမတိုက္ေအာင္ ဓါးစာခံအေနနဲ႔ ေနေနရတာ....သွ်န္သီလည္း ဒီလိုပဲ..အ႐ြယ္မေရာက္ခင္ သူ႔အေဖေလာက္ရွိတဲ့ အင္းဝဘုရင္နဲ႔ လက္ထပ္ရမယ္..ၿပီးရင္ မဏိပူရနန္းေတာ္ထဲ က ကြၽန္ေတာ္တို႔ေတြ ေအးေအးခ်မ္းခ်မ္းဇိမ္ခံႏိုင္ဖို႔ သွ်န္သီေလးက တိုင္းတပါးမွာ ဓါးစာခံအျဖစ္ တသက္လုံး သြားေနရမွာ...အေမ..သွ်န္သီမွာ ဘာအျပစ္မွမရွိဘူး..သူ႔အတြက္ တရားလား..အေမ”
အျပင္ဘက္မွ ေဆာ့ကစားေနသည့္ သွ်န္သီ၏ အသံစာစာေလးမ်ားၾကားေနရသည္။
မိဖုရားသုတၱိမာလာ ၏ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားစီးက်လာ၏။
“အေမ..ေနာက္တစ္ခု အေမ့ကို ကြၽန္ေတာ္ေျပာျပမယ္....မၾကာခင္မွာ ခမည္းေတာ္က ကြၽန္ေတာ့္ကို အိမ္ေရွ႕အရာဖယ္ရွားၿပီး...ဆန္ေဂ်းကို အိမ္ေရွ႕အရာႏွင္းလိမ့္မယ္”
“ဟင္”
သွ်န္သွ်ားက အခန္းတံခါးမ်ားကို လိုက္ပိတ္လိုက္သည္။
ထို႔ေနာက္ သုတၱိမာလာ ေရွ႕တြင္ ထိုင္ကာ ေလသံတိုးတိုးျဖင့္ ေျပာလိုက္၏။
“အင္းဝစစ္ပြဲမွာတုန္းက ခမည္းေတာ္က ဆန္ေဂ်းကို အိမ္ေရွ႕အရာေပးမယ္လို႔ ကတိေပးခဲ့တယ္..အဲ့ဒါကို စစ္ပြဲမွာ ပါသြားတဲ့ ကြၽန္ေတာ့္အေထာက္ေတာ္ေတြဆီက သတင္းအတိအက်ရခဲ့တာပဲ”
“ေသခ်ာရဲ႕လား...သားေတာ္ရယ္”
“အေျခအေနေတြအရေတာ့...ေသခ်ာသေလာက္ပဲ..အေမ..အခု ဆန္ေဂ်းကို အင္းဝကို ထည့္ေပးလိုက္တာလဲ..အလကားေတာ့မဟုတ္ဘူး..အင္းဝဘုရင္နဲ႔ နီးစပ္တဲ့ ဆက္ဆံေရးမ်ိဳး ျဖစ္ေအာင္ တမင္ထည့္ေပးလိုက္တာျဖစ္ႏိုင္တယ္...ဒီေတာ့မွ နန္းတြင္းေရးျပႆနာျဖစ္လာတဲ့အခါ ဆန္ေဂ်းမွာ အင္းဝေက်ာေထာက္ေနာက္ခံအင္အားမ်ိဳးရေအာင္ ႀကံစည္ေနတာပဲ....ဆန္ေဂ်းရွင္ဘုရင္ျဖစ္တဲ့အခါ အိမ္ေရွ႕စံျဖစ္ဖူးတဲ့.. ကြၽန္ေတာ့္ကိုေရာ အေမ့ကိုေရာ ဒီအတိုင္းထားမယ္ထင္သလား..အေမ”
“ဆက္မေျပာနဲ႔ေတာ့သား..ဒီေလာက္ဆို..အေမ သိၿပီ...သား..သားဘာဆက္လုပ္မယ္စိတ္ကူးထားလဲ”
“အခ်ိန္တစ္ခုေတာ့ ေစာင့္ရမွာေပါ့..အေမ”
............................................................................................................
၁၇၄၂ ခုႏွစ္၊ စက္တင္ဘာလ ၁၂ ရက္ေန႔။ မြန္းတည့္ခ်ိန္။
အင္းဝၿမိဳ႕ ေတာင္ဘက္ ၊ ေခါင္းခြဲေက်း႐ြာ။
“သဃၤဇာကိုယ္ေတာ္ ဟိန္ဘုန္းႀကီးကိုယ္တိုင္ အလႉခံႂကြတယ္...တစ္႐ြာလုံး တစ္ေယာက္မွ မထြက္နဲ႔...ခုခံသူ လူကို ဇက္ျဖတ္မယ္...အိမ္ကို မီးတိုက္မယ္ေဟ့”
အိမ္ေျခ (၂၀၀)ခန႔္ရွိေသာ ႐ြာႀကီး၏ စည္း႐ိုးမ်ားကို ျဖတ္ကာ လူ(၄၀၀)ခန႔္ တရၾကမ္းဝင္လာကာ ေအာ္ဟစ္ၾကေတာ့သည္။
ထိုလူစုမွာ ဓါး၊ လွံ ႏွင့္ ဝါးခြၽန္မ်ားကိုင္ကာ သကၤန္းစမ်ားကို ေခါင္းတြင္ စည္းထားၾက၏။
ဟိန္ဘုန္းႀကီးဆိုသည့္ နာမည္ၾကားသည္ႏွင့္ ႐ြာသူ႐ြာသားမ်ားမွာ အိမ္ထဲမွ တစ္ေယာက္မွ မထြက္ရဲၾက။
႐ြာတြင္းဝင္ေရာက္လာသည့္ အဖြဲ႕မ်ားက ကြၽဲ၊ ႏြားမ်ားကို ခ်ည္တိုင္မွ စိတ္ေအးလက္ေအး ျဖဳတ္ယူေနၾကသည္။
ဟိန္ဘုန္းႀကီး ေခၚ ရွင္ေယာင္ငညိဳ သည္ ပဲႀကီးခင္းအရပ္မွ ျဖစ္ၿပီး လူဆိုး၊ဓါးျပမ်ားကို သကၤန္းဝတ္အျဖစ္ေရာ၊ လက္ေအာက္ခံကပၸိယမ်ားအျဖစ္ပါ စုေဆာင္းၿပီး ခိုးဆိုးလုယက္ေနသူျဖစ္သည္။
အင္းဝ ဟံသာဝတီတိုက္ပြဲတြင္ ျပည္ၿမိဳ႕ ခံတပ္ကို အားျဖည့္ေပးသည့္ သာသနာပိုင္ ဉီးဉာဏသာရ၏ ရွင္ေယာင္၊ရွင္ပ်က္တပ္မ်ားတြင္ ဟိန္ဘုန္းႀကီး၏ တပ္မ်ားလည္း ပါဝင္အားျဖည့္ခဲ့သည္။
ထိုစစ္ပြဲမွ ျပန္လာၿပီးသည့္ေနာက္တြင္ေတာ့ ဟိန္ဘုန္းႀကီးငညိဳ ၏ ဂိုဏ္းမွာ ပိုမိုအင္အားႀကီးထြားလာသည္။
သာသနာပိုင္၏ ေက်ာေထာက္ေနာက္ခံေၾကာင့္ အင္းဝနန္းေတာ္မွလည္း အေရးမယူပဲ မသိခ်င္ေယာင္ေဆာင္ေပးေနခဲ့၏။
ယခုလည္း အင္းဝႏွင့္ မနီးမေဝးတြင္ရွိေနေသာ ေခါင္းခြဲ႐ြာသို႔ ဝင္ေရာက္လုယက္ျခင္းျဖစ္သည္။
“ဟဲ့...ဒကာေတြ..ႏြားေတြကလည္း ပိန္လိုက္တာဟဲ့...နည္းနည္း ဝတဲ့အေကာင္လည္း ရွာလာၾကဉီး”
သကၤန္းညိဳညစ္ညစ္ကို ပုခုံးတြင္ ပတ္လ်က္ ျမင္းစီးလာေသာ ဟိန္ဘုန္းႀကီးက သူ႔တပည့္မ်ားအား ႀကိမ္းေမာင္းေနသည္။
မၾကာမီ ကတုံးဆံပင္ေပါက္၊ မ်က္ႏွာေက်ာက္ေပါက္ရာမ်ားႏွင့္ သကၤန္းဝတ္တစ္ဉီးက လွံရွည္ကို ထမ္းလ်က္ ဟိန္ဘုန္းႀကီးအနားသို႔ ေရာက္လာ၏။
“ကိုရင္ႀကီးငေလွး...ဘယ့္ႏွယ့္လဲ..စပါးက်ီေတြ ထဲ ေရာ အလႉခံခဲ့ၿပီးပလား”
“စပါးက်ီေတြထဲ ဘာစပါးမွ မရွိဘူး..ဘုန္းႀကီး”
“မ်ိဳးစပါးေတြေရာ”
“သူႀကီးအိမ္ကို ေမးၿပီးၿပီ...ငတ္လြန္းလို႔ မ်ိဳးစပါးပါ မခ်န္ ခ်က္စားလိုက္ၾကၿပီတဲ့ေလ”
“ထြီ..ဒါဆိုလည္း က်ဳပ္တို႔အတြက္ အမဲသားပဲ ရွိေတာ့တာေပါ့”
“႐ြာသားေတြအတြက္လည္း တစ္ရွဥ္းမွာ တစ္ေကာင္ႏႈန္းခ်န္ေပးရမလား..ဘုန္းႀကီး”
“မခ်န္နဲ႔..မိုးမွမ႐ြာတာ..လယ္လည္းထြန္စရာမရွိဘူး..ႏြားေတြ အလကားအားေနတယ္..႐ြာသား ဒကာေတြလည္း ကုသိုလ္ရေအာင္ က်ဳပ္ အကုန္အလႉခံပစ္မယ္..အကုန္သာ ယူခဲ့”
သူတို႔ႏွစ္ဉီးစကားေျပာေနသည္ကို ပိန္လွီေနေသာ ထမီရင္လ်ားအမ်ိဳးသမီးက ေခ်ာင္းၾကည့္ကာ တဟီးဟီး ငိုေနေတာ့၏။
အင္းဝပတ္ဝန္းက်င္တြင္ ၿပီးခဲ့သည့္ မိုးတြင္းသုံးလလုံးလုံး တြင္ မိုးလုံးဝမ႐ြာခဲ့။
၁၇၄၁ ခုႏွစ္က မိုးမ်ားၿပီးေနာက္ အင္းဝပတ္ဝန္းက်င္ရွိ လယ္ယာေျမမ်ားစြာမွာ ပ်က္စီးခဲ့ရသည္။
ယခု ႏွစ္တြင္မူ မိုးေခါင္မႈေၾကာင့္ သီးႏွံမ်ား စိုက္ပ်ိဳးရန္ အခက္ေတြ႕ရျပန္သည္။
ႏွစ္ႏွစ္ဆက္တိုက္ သီးႏွံမျဖစ္ထြန္းမႈေၾကာင့္ ဆန္ေဈးမွာ စံခ်ိန္တင္ျမင့္တက္သြားသည္။
ယခင္က ဆန္တတင္းလွ်င္ ေငြတစ္က်ပ္သာရွိခဲ့ေသာ္လည္း ယခုအခါ ဆန္တတင္း ငါးက်ပ္အထိ ျဖစ္သြားခဲ့သည္။
ၿမိဳ႕ေတာ္ရွိ မစိုးရိမ္ႏွင့္ မေတာင့္တ ဘုရင့္က်ီေတာ္တိုက္ႏွစ္ခုမွ စပါးကို ေဈးေလ်ာ့ေရာင္းေပးေသာ္လည္း ေရရွည္ေတာင့္မခံႏိုင္ပဲ က်ီေတာ္မ်ား အေရာင္းပိတ္လိုက္ၾကသည္။
စားနပ္ရိကၡာရွားပါးလာသည့္အတြက္ ဆင္းရဲေသာေဒသမ်ားတြင္ သူခိုး၊ ဓါးျပမ်ား ထူေျပာလာခဲ့သည္။
ေတာင္ဘက္ ယင္းမာပင္႐ြာမွ ေတာၾကားနတ္ဓါးျပဂိုဏ္း၊ ပဲႀကီးခင္းအရပ္မွ ဟိန္ဘုန္းႀကီးဓါးျပဂိုဏ္း၊ ေျမာက္ဘက္ ဉသွ်စ္ေက်းမူးကန္ အရပ္မွ ေ႐ႊဘူးဓါးျပဂိုဏ္း တို႔မွာလည္း အင္အားႀကီးမားသည့္ ဓါးျပဂိုဏ္းႀကီးမ်ားျဖစ္လာခဲ့သည္။
ယခုအခါ အင္းဝေနျပည္ေတာ္ႏွင့္ မေဝးလွသည့္ ေခါင္းခြဲ႐ြာအထိပါ ဟိန္ဘုန္းႀကီးဓါးျပဂိုဏ္းက ေပါက္ေရာက္လာခဲ့ၿပီျဖစ္၏။
“အရွင္ဘုရားတပည့္က...အမႈေတာ္ကိုထမ္းေပးခဲ့တယ္ဆိုေပမယ့္.အခု အင္းဝအနီးအနားထိ ထိပါးလာေနၿပီ..ဘုရား”
မဟာဓမၼရာဇာဓိပတိ ၏ စကားကို သာသနာပိုင္ဉီးဉာဏသာရ က ေ႐ႊယပ္ေတာင္ႀကီးခပ္လ်က္မွ ေခါင္းညိတ္ျပလိုက္သည္။
“က်ဳပ္လည္း ေျပာမႏိုင္ေတာ့ဘူး...သူ႔ဒကာေတြ ငတ္လြန္းလို႔ သူလည္း အလႉခံထြက္ရတာပါလို႔ ျပန္ေျပာတယ္..မင္းႀကီး...ခုဟာက အဲ့ဒီေက်း႐ြာေလာက္မေျပာနဲ႔..အင္းဝၿမိဳ႕ထဲေတာင္ သူခိုးဓါးျပအေရးက ပူေနရေသးတာမဟုတ္လား..ကဲ.က်ဳပ္ ျပန္ႂကြဉီးမယ္”
သာသနာပိုင္ဆရာေတာ္က ေ႐ႊေဒါက္ခ်ာႀကီးကို ေဆာင္းလ်က္ သကၤန္းကို ျပန္႐ုံလိုက္သည္။
“ဟိန္ဘုန္းႀကီးဟာ ၿမိဳ႕ေတာ္ကို ထိပါးလာမယ္ဆိုရင္ျဖင့္ တပည့္ေတာ္ ႀကိဳတင္ကာကြယ္ရပါ့လိမ့္မယ္”
“ဒကာက ရွင္ဘုရင္ပဲ...ဒါ ဒကာ့ကိစၥေလ”
ဉီးညာဏသာရ က ခပ္ျပတ္ျပတ္မိန႔္ကာ ျပန္ႂကြသြား၏။
မဟာဓၼရာဇာဓိပတိသည္ ေအာက္ဘက္တြင္ ခစားေနၾကေသာ ဉီးေ႐ႊၿဖိဳး၊ ကိုးသိန္းသခင္၊ ကိုးခ႐ိုင္ဝန္မင္းရဲေက်ာ္စြာ တို႔ထံ တခ်က္ၾကည့္ရႈ႕လိုက္သည္။
“ကဲ..ဒီတိုင္းဆို...သာသနာပိုင္က.သူ႔တပည့္ကို သူေျပာမႏိုင္ေတာ့တဲ့..သေဘာပဲ...ဘယ့္ႏွယ့္လုပ္မယ္ စိတ္ကူးလဲ..အႀကံေပးၾကပါဉီး”
“ဟိန္ဘုန္းႀကီးဟာ ဓါးျပတိုက္ေနေသာ္လည္း သူ႔လက္ေအာက္ငယ္သားမ်ားကို ေပးကမ္းစြန႔္ႀကဲထားပါတယ္...ဘုန္းႀကီးတပါးလည္းျဖစ္ေနျပန္..ေက်ာက္ဆည္နယ္ဘက္အထိ သင္းကို ကိုးကြယ္ဆည္းကပ္ၾကတဲ့ လူေတြက ရွိေနေတာ့...ႏွိမ္နင္းဖို႔ရာ ခက္ခဲပါတယ္..ဘုရား”
ကိုးခ႐ိုင္ဝန္က ေလွ်ာက္တင္သည္။
“သူ႔ကို ဒီအတိုင္း လက္ရဖမ္းမယ္ဆို ျဖစ္ႏိုင္ေပမယ့္...အင္းဝတပ္မ်ားအေနနဲ႔ ဓါးျပကိုေတာင္ အင္အားသုံးေနရတဲ့အေျခအေနအျဖစ္ ဆိုက္ေရာက္သြားႏိုင္ပါတယ္...ၿမိဳ႕႐ြာအႏွံ႔က သူ႔ဓါးျပဂိုဏ္းမ်ားကလည္း ခုခံၾကတာနဲ႔ ျပည္႐ြာေခ်ာက္ခ်ားကုန္ပါ့မယ္..ဒါေၾကာင့္ ပရိယာယ္နဲ႔ ဖမ္းဆီးကာ ကြပ္က သင့္ပါ့မယ္”
“အင္း..ကိုးသိန္းသခင္ ေလွ်ာက္တာ ေကာင္းပါေလ့..ဘယ့္ႏွယ့္လုပ္ရမလဲ အႀကံေပးပါဉီး”
.........................................................................................................
“အရွင္ေဒဝိန္သာမေဏေက်ာ္ ဘြဲ႕ ေတာ္ လက္ခံပြဲသဘင္”
တဲကႏၷားမ႑ပ္ႀကီးေရွ႕တြင္ ဟိန္ဘုန္းႀကီး က ေဝါယာဥ္ကို ရပ္ခိုင္းလိုက္သည္။
ကိုးခ႐ိုင္ဝန္မင္းရဲေက်ာ္စြာက လက္အုပ္ခ်ီလ်က္ ေစာင့္ႀကိဳေန၏။
ဟိန္ဘုန္ႀကီး၏ ေဘးပတ္ပတ္လည္တြင္ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ တပည့္မ်ားက ဝန္းရံထား၏။
သကၤန္းစမ်ားကို နဖူးတြင္စည္းထားၾကၿပီး ၾကမ္းၾကမ္းတမ္းတမ္းပုံစံမ်ားျဖစ္ၾကသည္။
ဟိန္ဘုန္းႀကီးေဘးတြင္ပါေသာ ကိုရင္ႀကီးငေလွး၏ ႐ုပ္မွာလည္း ေၾကာက္မက္ဖြယ္။
ဟိန္ဘုန္းႀကီးက ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္သည့္အခါ နေဘးတြင္ရွိေသာ တပည့္မ်ားက ဒူးေထာက္လ်က္ အလုအယက္ လက္ဝါးမ်ားကို ခံလိုက္၏။
လက္ဝါးမ်ားေပၚသို႔ ဟိန္ဘုန္ႀကီးက ဝါးၿပီးသား ကြမ္းဖက္မ်ားကို ေထြးထည့္လိုက္သည္။
ထိုကြမ္းဖက္မ်ားကို တပည့္မ်ားက အငမ္းမရလုစားၾကေတာ့၏။
ကိုးခ႐ိုင္ဝန္က သူ႔ေရွ႕တြင္ ျပဳမူေနၾကသည္မ်ားကို ႐ြံရွာစြာၾကည့္ေနၾကသည္။
“က်ဳပ္ ဝါးၿပီးသား ကြမ္းဖက္က ဓါးၿပီး၊ တုတ္ၿပီးတယ္..ဒကာႀကီး..ေနာက္မ်ားမွ ဒကာႀကီးတို႔ ရွင္ဘုရင္ကိုလည္း ကြမ္းဖက္စြန႔္ႀကဲရဉီးမယ္”
“အထဲမွာ ဘုန္းေတာ္ႀကီးဘုရားက ေပးကပ္လိုက္တဲ့ ေ႐ႊေဒါက္ခ်ာနဲ႔ ေ႐ႊသကၤန္းနဲ႔ ..ေဒဝိန္သာမေဏေက်ာ္ ဘြဲ႕ ေတာ္ လက္ခံရန္ ႂကြပါ..ဘုရား”
ဟိန္ဘုန္းႀကီးက ေက်နပ္စြာၿပဳံးလိုက္သည္။
“ေ႐ႊနန္းရွင္သခင္ကိုယ္စားေတာ္ ဘြဲ႕မ်ားျဖစ္သည့္အတြက္ လက္နက္ အေဆာင္အေယာင္ တဲကႏၷားထဲ ယူခြင့္မရွိပါ..ဘုရား..အစဥ္အလာရ ဘြဲ႕ေတာ္လက္ခံရာတြင္ ကိုယ္ေတာ္တစ္ပါးသာ ဝင္ရပါမယ္”
“အိန္း...ဒီလိုရွိတာပဲလား..ကဲ..ကဲ...ကိုယ္ေတာ့္ဒကာေတြ အျပင္မွာ ေနခဲ့ၾက”
ဟိန္ဘုန္းႀကီးက တည္ၿငိမ္ေသာ အိေျႏၵအျပည့္ျဖင့္ မ်က္လႊာခ်ကာ တဲကႏၷားထဲသို႔ လွမ္းသြား၏။
ခဏအၾကာတြင္ အရာဝတၳဳတစ္ခုသည္ တဲကႏၷားအျပင္ဘက္အတိုင္း လွိမ့္ထြက္လာသည္။
ငေလွးက သူ႔ေျခရင္းသို႔ ေရာက္လာေသာ အရာကို ႐ုတ္တရက္ၾကည့္လိုက္သည္။
“အား”
ဟိန္ဘုန္းႀကီး၏ ဉီးေခါင္းျပတ္ႀကီး။
“ေဟ့..ဓါးျပေတြ..အကုန္လက္နက္ခ်ေဟ့..မင္းတို႔ ဘုန္းႀကီး ေသၿပီ”
ရာခ်ီေသာ အင္းဝစစ္သည္မ်ားက တဲကႏၷားပတ္ခ်ာလည္မွ ေပၚလာကာ ဓါးျပမ်ားကို ဝန္းရံလိုက္ၾကသည္။
႐ုတ္တရက္ဝန္းရံခံလိုက္ရသျဖင့္ အခ်ိဳ႕က နီးစပ္ရာ အင္းဝစစ္သည္မ်ားကို ဓားျဖင့္ ဝင္ပိုင္းၾကသည္။
သို႔ေသာ္ အင္းဝတပ္မ်ားက လက္ဉီးမႈရသြားၿပီျဖစ္သည္။
ငေလွးႏွင့္ ဓါးျပအခ်ိဳ႕မွာ တဲကႏၷားအေနာက္ဘက္ရွိ ကြင္းျပင္သို႔ ထြက္ေျပးၾက၏။
ပပ္ၾကားအပ္လယ္ေျမမ်ားျဖစ္သျဖင့္ သူတို႔မွာ ထီးထီးႀကီးေျပးေနၾကရသည္။
အင္းဝတပ္မ်ားက ထြက္ေျပးသူမ်ားကို ေသနတ္မ်ားျဖင့္ လွမ္းပစ္ၾက၏။
“ေဖာင္း..ေဖာင္း”
ငေလွးနေဘးမွ ဓါးျပတစ္ဉီးလဲက်သြားသည္။
ငေလွးက အားကုန္စိုက္ကာ ေရွ႕သို႔ ဆက္ေျပး၏။
အင္းဝစစ္သည္မ်ားကလည္း သူ႔ေနာက္သို႔ ေျခလ်င္ ေျပးလိုက္လာၾကသည္။
႐ုတ္တရက္ ငေလွး၏ ေပါင္အေနာက္ဘက္ဆီမွ ပူခနဲျဖစ္သြား၏။
ငေလွး လယ္ပပ္ၾကားအပ္ေပၚ ဒလိမ့္ေခါက္ေခြးလဲက်သြားသည္။
အင္းဝစစ္သည္မ်ားက လဲက်ေနသူမ်ားကို ဓါးျဖင့္ လိုက္ပိုင္းေနသည္။
ငေလွးထံ တျဖည္းျဖည္း နီးကပ္လာၿပီျဖစ္သည္။
ေရွ႕ဆုံးမွ အင္းဝစစ္သည္သည္ ငေလွး ကို ဓါးျဖင့္ ႐ြယ္လိုက္၏။
“ဝွီး”
ျမႇားတံတစ္ခုက စစ္သည္၏ ရင္ဘတ္တြင္ စိုက္ဝင္သြားသည္။
ျမင္းတစ္စီး။
ျမင္းေပၚမွ တစ္စုံတစ္ေယာက္က ငေလွးကို သူ႔လက္မွ ဒူးေလးျဖင့္ ကမ္းလိုက္၏။
ငေလွးက ဒူးေလးလက္တံကို ထလိုက္သည္။
ထို႔ေနာက္ ေကာင္းေသာေျခေထာက္ျဖင့္ အားယူကာ ျမင္းေပၚသို႔ ဝမ္းလ်ားေမွာက္တက္လိုက္၏။
ျမင္းစီးသမားက ျမင္းကို ဒုံးစိုင္းေမာင္းထြက္သြားသည္။
အေနာက္ဖက္မွ ျမင္းႏွစ္စီးလည္းပါလာၿပီး လိုက္လာေသာ အင္းဝစစ္သည္အခ်ိဳ႕ကို ဒူးေလးမ်ားျဖင့္ ပစ္ခတ္ကာ ထြက္ေျပးၾကေတာ့၏။
မူးျမစ္၏ ျမစ္လက္တက္ငယ္တစ္ခုအေရာက္တြင္ ျမင္းမ်ား ရပ္တန႔္လိုက္ၾကသည္။
“ရွင္ သိပ္နာေနလား..ပါးကြက္သားႀကီး..ဒဏ္ရာကို ေရေဆးၿပီး ေသြးတိတ္ေအာင္ တခုခုလုပ္ဖို႔ေတာ့ လိုလိမ့္မယ္”
ထိုအခါမွ ငေလွးက ကယ္တင္ရွင္ ျမင္းစီးသမားကို ေသခ်ာၾကည့္လိုက္သည္။
“..နားလဲ..နားလဲ မဟုတ္လား”
ခက္ေဇာ္
အခန္း(၇) သဘက္ခါ
ၿမိဳင္သာရိပ္ခို၊ ေ႐ႊေက်းညိဳတို႔၊ လူလိုေလ်ာက္ပတ္၊ သင္လ်င္တတ္၍ လူ႔ဇာတ္ေပ်ာ္႐ႊင္ ၊ အက်ဳံးဝင္သို႔ ၊ ထိုနည္းတဖန္ ၊ တစ္ဖက္ရန္လည္း၊ က်မ္းဂန္ႏွီးႏြယ္၊ ပရိယာယ္ျဖင့္၊ လွယ္ပယ္ျပသ၊ စစ္ဆင္ၾကသည္။ သုဝဗ်ဴဟာ၊ေရွးထုံးလာတည္း။ - ဗ်ဴဟစကၠိပ်ိဳ႕)
ေက်းငွက္တိရိစာၦန္မ်ားကို လူႏွင့္ယဥ္ပါးေအာင္ျပဳသကဲ့သို႔ တစ္ဖက္ရန္သူစစ္သည္မ်ားကိုလည္း မိမိတို႔ဖက္ပါေအာင္ ဝတၳဳ၊က်မ္းဂန္မ်ားျပကာ ဝါဒျဖန႔္စိတ္ဓာတ္စစ္ဆင္ျခင္းသည္လည္း ေရွးထုံးလာ ဗ်ဴဟာတစ္ခုျဖစ္ေၾကာင္း
Done 💪
ReplyDeleteDone
ReplyDeleteDone🐬🐬🐬
ReplyDeleteDone
ReplyDeleteDone
ReplyDelete