AVA 1740s (အခန်း ၅)
အခန်း(၅)
...............................................
“ငအောင်လှ..နောက်သုံးရက်နေ ဟံသာဝတီသွားမှာဆို..အခု ဘာကိစ္စရှိလို့လာသလဲ”
“မှန်ပါ....အခု နန်းရေးဝန်ကြီးအသစ်က ခိုင်းထားတဲ့ ကိစ္စတစ်ခုပါပေါ်လာလို့...ကျွန်တော်မျိုး.မနက်ဖြန် မနက်ပဲ ဟံသာဝတီကို အပြင်း စုန်ရပါတော့မယ်..ဘုရား”
ကိုးသိန်းသခင်က မျက်မှောင်ကြုံ့လိုက်သည်။
“နန်းရေးဝန်ကြီးအသစ်..ဟုတ်လား..ဦးဖြိုးလား”
“မှန်ပါ...မနေ့က သူ ဆင့်ခေါ်လို့ ကျွန်တော်မျိုး သွားရကြောင်းပါ”
“ဘာတွေများ မင့်ကို ခိုင်းလိုက်တာတဲ့တုန်း”
ဦးအောင်လှ က သက်ပြင်းချလိုက်သည်။
“သူစီးဖို့အတွက် အစွယ်စုံနဲ့ ဆင်ယဥ်တစ်ကောင် ဟံသာဝတီအောက်မားသင်းကနေ ဆောင်လာခိုင်းတာပါ..ဘုရား”
“ဟဲ့..ဘယ်လို..စွယ်စုံဆင် ဆိုတာ ရှင်ဘုရင်ကလေးကလွဲလို့ နန်းရင်းဝန်ကြီးဦးပု တစ်ယောက်ကိုပဲ စီးခွင့်ပြုထားတာမဟုတ်လား”
“ကျွန်တော်မျိုးလည်း မမေးဝံ့လို့ မမေးလျှောက်တော့တာပါ..ဘုရား...ဆင်ဝန်ဦးရောက်က ကျွန်တော်မျိုးကို ခိုင်းချေဆိုပြီး လွှဲလိုက်လို့ သူက ခေါ်ခိုင်းတာတဲ့..ဘုရား”
“အင်း..မတော်မတည့်တွေတော့ ဖြစ်ကုန်မှပဲ....ဒီကိစ္စ ဦးပု သိရင် ဘာဖြစ်ဦးမယ်မသိဘူး...ဝန်ကြီးနှစ်ပါး ပြိုင်တဲ့ကြားက မင်းတို့ ဆင်မှုထမ်းတွေ ညပ်မယ့်ကိန်း ငါမြင့်သကွဲ့”
“ကျွန်တော်မျိုးကို ကယ်ပါဦး.ကိုးသိန်းသခင်...ဘာဆက်လုပ်ရမလဲ”
ကိုးသိန်းသခင်က သလွန်ပေါ်မှ ထပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
“မောင်မင်း...ဟံသာဝတီက ပြန်မလာတော့မှပဲ..ဒီပြဿနာက လွတ်အောင်ရှောင်နိုင်လိမ့်မယ်”
“ပြန်မလာရင် မင်းတရားကြီးက သတ်မှာပေါ့..ဘုရား”
“ဟံသာဝတီဟာ အင်းဝလက်အောက်ခံပေမင့်..တိုင်းကြီးနိုင်ငံကြီးပဲ.. ကုန်စည်ဖောက်ကားရာ ဆိပ်ကမ်းကြီးလည်းဖြစ်တယ်..မင်းနေပြည်တော်လည်းတစ်ချိန်က ဖြစ်ခဲ့ဖူးတယ်...အင်း..မင်း..ဟံသာဝတီမှာ ဆင်ဝန်ရာထူးရရင် လုပ်မလား”
ဦးအောင်လှ ၏ မျက်နှာ ရုတ်တရက် ဝင်းလက်သွားသည်။
“မှန်ပါ...ဟံသာဝတီဟာ ကျွန်တော်မျိုးရဲ့ ဆွေစုမျိုးစုတွေ အခိုင်အဖီးတည်ရာပါ...အဲ့ဒီမှာ ဆင်ဝန်အဖြစ် အမှုထမ်းရမယ်ဆိုရင်တော့ ..ဘယ်ပြောကောင်းလိုက်မလဲ..ဘုရား”
“ဟုတ်ပြီ..ဒါဆို မနက်ဖြန်ခါ မင်း..ဟံသာဝတီကို တက်ဖို့သာလုပ်...ငါခိုင်းတဲ့အတိုင်း ဟိုဗရင်ဂျီမလေးကို ခေါ်သွားပေး..ငါခိုင်းတဲ့အမှုကိုလည်း သေချာလုပ်ဘိ...ပြီးတော့ နှုတ်ကိုသာ လုံလုံထား..မင်း ဟံသာဝတီမှာ ဆင်ဝန်ရာထူးရဖို့..ငါ့တာဝန်သာထားပါလေ”
..................................................................................................
“ဒါဆို မမက အခုမှ ဆင်စီးဖူးတာပေါ့”
အသက်(၁၀)နှစ်အရွယ် ဂမုန်း၏ အမေးကို လွီဇာက ခေါင်းညိတ်ပြလိုက်သည်။
ရှေ့ခပ်လှမ်းလှမ်းတွင်တော့ ဦးအောင်လှ တို့ ဇနီးမောင်နှံနှင့် သမီးကြီးသီရိတို့ က ဆင်ပြောင်ကြီးတစ်စီးဖြင့်။
ဦးအောင်လှ၏ သမီးငယ် ဂမုန်း နှင့် လွီဇာက အနောက်တွင် ဆင်ပေါက်တစ်ကောင်ကို စီးကာ လိုက်ကြရသည်။
ဂမုန်းက စူးစူးစမ်းစမ်းအရွယ်။ တလမ်းလုံး လွီဇာကို မေးခွန်းများစွာမေးလာသည်။
“မမ သွားတွေက အဖြူရောင်တွေနော်”
“မမတို့က ဗရင်ဂျီတွေလေ...ဗရင်ဂျီတွေက သွားဆေးမဆိုးကြဘူး.”
“မမ တို့က ဗရင်ဂျီတွေဆိုတော့ ဒီအင်းဝမှာ ဘယ်ပျော်ကြမလဲနော်..ဗရင်ဂျီနိုင်ငံကို လွမ်းနေမှာပေါ့..ဗရင်ဂျီနိုင်ငံက ဘယ်နားမှာလဲဟင်”
“ကမ္ဘာကြီးရဲ့ ဟိုးတစ်ဖက်မှာပေါ့ကွယ်”
“မမရောက်ဖူးလားဟင်”
လွီဇာ ခေါင်းခါပြလိုက်သည်။
“သမီးတို့ အဘိုးအဘွားတွေကလည်း ဟိုးအဝေးဇင်းမယ်က လာခဲ့ကြတာတဲ့... ဒါပေမယ့်..အခုသွားမယ့် ဟံသာဝတီမှာလည်း သမီးတို့ ဆွေမျိုးတွေရှိတယ်တဲ့လေ..သမီးက ဟံသာဝတီကို သွားရတာ ပျော်တယ်... မမရော ဟံသာဝတီကနေ..သံလျင်ကို ဆက်သွားမှာဆို...ဟိုမှာ မမအမျိုးတွေရှိလို့လား...မမလည်း ပျော်နေမှာပေါ့နော်”
“.........................”
လွီဇာက ဂမုန်း၏ ခေါင်းကလေးကို ပွတ်သပ်ကာ လမ်းဘေးသစ်တောများကို ငေးနေသည်။
ဟံသာဝတီတဲ့။ သံလျင်တဲ့။
လွီဇာ ၏ အဘွားပြောပြနေကျ အိပ်ရာဝင်ဇာတ်လမ်းများထဲက မြို့ပြများ။
၁၅၁၂ ခုနှစ်တွင် လွီဇာ၏ ဆွေမျိုးဘိုးဘေးများဖြစ်သော ပေါ်တူဂီသံအဖွဲ့တစ်ဖွဲ့သည် ဂိုအာမှ ဟံသာဝတီသို့ ရောက်ရှိလာကြသည်။
ယင်းခရီးစဥ်တွင် ဟံသာဝတီဘုရင်နှင့် ပေါ်တူဂီသံအဖွဲ့တို့ စီးပွားရေးရာကိစ္စများ ဆွေးနွေးခဲ့ကြသည်။
မော်လဒိုက်ကျွန်းစုများသို့ ဟံသာဝတီကုန်သည်များ၏ ကြေးစားတပ်များ မကြာခဏဝင်ရောက်ကာ ရေကြောင်းကုန်သွယ်ရေးကို ချုပ်ကိုင်သည့်ကိစ္စအဓိကညှိနှိုင်းခဲ့ကြ၏။
မကြာမီ ပေါ်တူဂီလူမျိုး ကပ္ပတိန်ဒူရတီဘာဘိုဆာ သည် ဟံသာဝတီသို့ ရောက်လာသည်။
စည်ကားလှသောဆိပ်ကမ်းကြီးနှင့် ကြွယ်ဝချမ်းသာလှသော ဟံသာဝတီမြို့ကြီးအကြောင်း မှတ်တမ်းတင်ထားခဲ့သည်။
ထို့နောက်ပိုင်း ရာစုနှစ်များတွင်တော့ ပေါ်တူဂီလူစွန့်စားအများအပြား မြောက်ဦး၊ ဟံသာဝတီ၊ မုတ္တမ စသော ဆိပ်ကမ်းမြို့များသို့ အလျှိုလျှိုရောက်လာကြတော့သည်။
ကုန်းတွင်းပိုင်း တောင်ငူနိုင်ငံတော်နှင့် မွန်ဆိပ်ကမ်းမြို့ပြများ စစ်ခင်းကြသည့်အခါ နှစ်ဖက်လုံးတွင် ပေါ်တူဂီကြေးစားစစ်တပ်များ၊ စစ်ဗိုလ်ချုပ်များ ပါဝင်လာကြတော့သည်။
တောင်ငူဘုရင်တပင်ရွှေထီး၏ တပ်တွင် ပေါ်တူဂီတပ်မှူး ဂီရိုဗာနီကာအီရိုဦးဆောင်သည့် ကြေးစားစစ်သည် ၇၀၀ ကျော်နှင့် ဟံသာဝတီ သုရှင်တကာရွတ်ပိ၏ တပ်တွင် ဖာဒီနန်မို ရာလေ့စ် ခေါင်းဆောင်သည့် ပေါ်တူဂီများ တဖက်စီ တိုက်ခိုက်ကြသည်။
တပင်ရွှေထီးနောက်ပိုင်း ပေါ်တူဂီစစ်ဗိုလ်တို့က ဘရင်ဂီးနိုကို(Barinbinoco)ဟု ခေါ်သည် ဘုရင်နောင်၏ အင်ပါယာကြီးတည်ထောင်ရာတွင်လည်း ထောင်ဂဏန်းရှိသော ပေါ်တူဂီတပ်မနှစ်ခု ဖွဲ့စည်းနိုင်ခဲ့သည်။
လွီဇာဒီမဲလိုးတို့၏ ဘိုးဘေးဖြစ်သော ဒိုင်အိုဂိုဆိုရက်စ် ဒီမဲလိုးမှာ ထိုပေါ်တူဂီတပ်မများကို အုပ်ချုပ်ရပြီး ဘုရင့်နောင်၏ အရင်းနှီးဆုံးသော ညာလက်ရုံးတပ်မှူးဖြစ်ခဲ့သည်။
ထိုကာလများတွင် ပေါ်တူဂီများသည် ဟံသာဝတီရှင်ဘုရင်၏ အားအကိုးရဆုံးနှင့် အရေးပေးခံရဆုံး စစ်သည်များဖြစ်လာခဲ့သည်။
ထို့နောက်..ဆယ်စုနှစ်များအကြာတွင်တော့။
“မမ...ထပါဦး..နေ့လည်စာစားဖို့ အချိန်ရောက်ပြီ..ရှေ့မှာ အဘတို့ ဆင်တောင် နားနေကြပြီ”
ဂမုန်း၏ အသံကြောင့် လွီဇာ ဆတ်ခနဲ ဖြစ်သွားသည်။
လွီဇာတို့ကို တင်ဆောင်လာသည့် ဆင်က စခန်းချရာနေရာသို့ရောက်ပြီဖြစ်ပြီ။
“လုံမ..အဆင်ပြေရဲ့လား..ဆင်စီးရတာ နည်းနည်းတော့ ပန်းတယ်နော့”
အောက်မားဝန်ဦးအောင်လှကတော်က ဆင်ပေါ်မှဆင်းလာသော ဂမုန်းကို လက်ကမ်းပေးရင်း လွီဇာကို မေးလိုက်သည်။
“ဟုတ်..အဆင်ပြေပါတယ်..ဝန်ကတော်...အတွေ့အကြုံပေါ့”
“ကဲ..လာ...ထမင်းစားကြရအောင်”
အရိပ်ကောင်းသော ကျွန်းပင်ကြီးအောက်တွင် ဦးအောင်လှက ထိပ်ဆုံးမှ ထိုင်နေသည်။
ထူးထူးခြားခြား ဦးအောင်လှတစ်ယောက်သာ ယွန်းလင်ပန်းနှင့် ထမင်းကို ထည့်စား၏။ ကျန်သူများမှာ အင်ဖက်ကိုယ်စီဖြင့်။
လွီဇာက သူ့ရှေ့တွင် ရောက်လာသော ထမင်းထုပ်ကို ဖြည်လိုက်သည်။
အင်ဖက်ဖြင့် ထုပ်လာသော ထမင်းများက မွှေးပျံ့ပျံ့။
“နာမည်က လွီဇာတဲ့လားကွဲ့”
ဦးအောင်လှက စကားစလိုက်သည်။
“ဟုတ်..လွီဇာဒီမဲလိုးပါရှင့်”
“ကိုးသိန်းသခင်ကတော့ ကျုပ်ကို သေချာမှာလိုက်ပါတယ်....တညင် ထိတော့ ကျုပ်လိုက်ပို့နိုင်မယ်မထင်ဘူး..ဟံသာဝတီရောက်မှ တညင်ကို ပို့ပေးမယ့် စိတ်ချရတဲ့လူတစ်ယောက်ရှာလိုက်ပါ့မယ်..ကြားထဲ ဟံသာဝတီမှာ သုံးလေးရက်တော့ နေဦးပေါ့”
“ဟုတ်တယ်...မမ...ဂမုန်းတို့နဲ့ ဟံသာဝတီမှာ လျှောက်လည်ကြမယ်လေ...ခဏတော့ နေလိုက်ပါ..မမရယ်”
လွီဇာက ဂမုန်း၏ ပါးကို လိမ်ဆွဲပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မ ဆင်ရိုင်း ကျုံးသွင်းတာကို မြင်ဖူးချင်တယ်...အဲ့ဒါလိုက်ကြည့်ချင်လို့ရော ရမလား”
“ရပါ့..အဲ့ဒါပေမယ့်..တောထဲက ဆင်ကျော့ရတယ်ဆိုတာ ဘယ်လောက်ကြာမယ်မသိသေးဘူး.. မင်း သန်လျင်က ပြန်လာချိန်ဆိုရင်တော့ ကျုံးသွင်းပြီး ယဥ်အောင်လေ့ကျင့်ပေးချိန်ဖြစ်နေမှာပါ...အဲ့ဒီကျ သေချာလာလေ့လာပေါ့”
ဦးအောင်လှကို လွီဇာက ခေါင်းညိတ်ပြလိုက်သည်။
ထမင်းစားသောက်ပြီးနောက် ခရီးဆက်ရန် ဆင်ပေါ်သို့ ကိုယ်စီတက်လိုက်ကြ၏။
“မမ...နာမည်တွေမှာ အဓိပ္ပါယ်ကိုယ်စီရှိကြတယ်....သမီးနာမည် ဂမုန်းဆိုတာ ထိုင်းလိုဆို “နှလုံးသားမှလာသော”တဲ့...မမ နာမည်က လွီဇာ ဆိုတာကရော ဗရင်ဂျီလို ဘာအဓိပ္ပါယ်လဲဟင်”
“လွီဇာဆိုတာ “တိုက်ပွဲများကို အောင်မြင်သော စစ်သူကြီးမ”လို့ အဓိပ္ပါယ်ရတယ်..ဂမုန်းရဲ့”
“သြော်..ဒါဆို မမက စစ်သူကြီးမကြီးပေါ့”
လှီဇာ။
တိုက်ပွဲများကို အောင်မြင်သော စစ်သူကြီးမ။
ထိုနာမည်ကို သူမ၏ အဘွားဖြစ်သူက ပေးခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဤမြေ ဤရေတွင် သူမနှင့် အမည်တူသော လွီဇာအမည်ရှိ ပေါ်တူဂီအမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါသည်။ သူမနာမည် အပြည့်အစုံပြောရလျှင် “ဒွန်နာ လွီဇာ ဒီဆာခ်ဒါညာ Donna Lusia de Sakdana”ဖြစ်သည်။
ဒီမြေက ပေါ်တူဂီလူမျိုးအားလုံး သူ့ကို “သခင်မလွီဇာ” ဟုသာ ခေါ်ခဲ့ကြသည်တဲ့။
လွန်ခဲ့သော နှစ်တစ်ရာကျော်။
၁၆၀၀ ပြည့်နှစ်၏ ညနေခင်းတစ်ခု။
အိန္ဒိယနိုင်ငံရှိ ပေါ်တူဂီကိုလိုနီဖြစ်သော ဂိုအာမြို့ ဘုရင်ခံချုပ် အေရက်စ်ဒေဆာလ်ဒါညာ ၏ နန်းတော်တွင် ဧည့်ခံပွဲတစ်ခုကျင်းပနေသည်။
ချမ်းသာကြွယ်ဝသောမြို့ပြနိုင်ငံများရှိရာ ပဲခူးအရပ်မှ သန်လျင်မြို့ကို အပိုင်စားရသည့် သန်လျင်ဘုရင်ခံ ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို အား ကြိုဆိုသည့် ပွဲ။
ဖိလစ်ဒီဘရစ်တိုသည် ဂိုအာဘုရင်ခံမှ ချီးမြင့်သည့် ရွှေစလွယ်၊ ရွှေသရဖူတို့ကို ဝတ်ဆင်လည်း ခန်းမအတွင်း ပြုံးပျော်ရွှင်နေသည်။
လူစွန့်စားတစ်ယောက်။ သူသည် ကြွယ်ဝသော ဆိပ်ကမ်းနိုင်ငံတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သူ ပေါ်တူဂီတို့၏ သူရဲကောင်း။
“ပဲခူးဟံသာဝတီနိုင်ငံတော်၏ စစ်သူကြီး ဖိလစ်ဒီဘရစ်တိုဝိုင်နီကွန်တီ” ဟူသော ဘွဲ့ကို ဖတ်ကြားရာတွင် ခန်းမတစ်ခုလုံး လက်ခုပ်သံများ သောသောညံသွားသည်။
မင်းသမီးလွီဇာ သည် လက်ခုပ်သြဘာသံများကြားမှ ထိုလူထူးဆန်းကို ငေးကြည့်နေသည်။
လွီဇာသည် ဂိုအာဘုရင်ခံချုပ်၏ တူမတော်၏ တရားဝင်နာမည်တပ်ခြင်းကို ခံရသည်။
သို့သော် တကယ်တမ်းကား ဂိုအာဘုရင်ခံချုပ်နှင့် အင်ဒိုနီးရှားဂျားဗားသူ တရားမဝင်ဇနီးမှ မွေးဖွားသော သမီးအရင်းဖြစ်သည်။
သို့သော်လွီဇာကား ပေါ်တူဂီသွေးအစစ်မဟုတ်သဖြင့် ဂိုအာထီးနန်းမှာ သူနှင့်လားလားမှ မဆိုင်ခဲ့။
ထီးနှင့် နန်းနှင့် ဆိုသည့် ထိပ်ခေါင်ဘဝကို လွီဇာ ငယ်စဥ်ကတည်းက အိပ်မက် မက်ခဲ့သည်။
သူ့ရှေ့တွင် ဂုဏ်ပြုခံနေရပြီဖြစ်သော ထိုပုဂ္ဂိုလ်သည် ဂိုအာကဲ့သို့ပင် တချိန်ဖြစ်လာနိုင်သည့် သန်လျင်၏ ဘုရင်ခံတဲ့။
ထိုသို့သော ယောက်ျားကောင်းမျိုးကို လွီဇာ ငေးမောသည်မှာ ဆန်းသလား။
ဒီဘရစ်တိုနှင့် သူ၏လက်ထောက် ဒီအာဂို တို့ အား ဧည့်ခံနေသည့် နန်းရင်းဝန်အနားသို့ လွီဇာ ကပ်သွားပြီး နှုတ်ဆက်လိုက်သည်။
“သြော်..သံလျင်မြို့စားကို မိတ်ဆက်ပေးပါရစေ..ဒါက ဘုရင်ခံချုပ်ရဲ့ တူမတော် ဒွန်နာလွီဇာပါ”
လွီဇာက သူမ၏ လက်ကို ကမ်းပေးလိုက်သည်။
ဒီဘရစ်တိုက သူ့ခေါင်းမှ သရဖူကို ချွတ်ကာ ရင်ခွင်တွင်ပိုက်လိုက်၏။ ထို့နောက် ဒူးကို ထောက်လိုက်ကာ လွီဇာကမ်းလာသော လက်ကို နမ်းရှိုက်လိုက်သည်။
“သိကျွမ်းခွင့်ရတာ ဂုဏ်ယူပါတယ်..သခင်မ..ကျွန်တော်မျိုး သန်လျင်မြို့စား ဖိလစ်ဒီဘရစ်တိုပါ”
လွီဇာက သူ့လက်ထဲတွင် ကိုင်လာသော ဝိုင်အရက်ခွက်ကို ဒီဘရစ်တိုထံ ကမ်းပေးလိုက်၏။
ဒီဘရစ်တို က ဝိုင်ခွက်ကို တလေးတစားယူကာ သောက်လိုက်သည်။
“ကျွန်မက မုတ္တမတို့၊ ပဲခူးတို့ဆိုတဲ့ မြို့ကြီးတွေအကြောင်း စာထဲပဲ ဖတ်ဖူးတာ..သိပ်လျှိုဝှက်ဆန်းကြယ်ပြီး သိပ်ချမ်းသာကြတာပဲဆို..အဲ့ဒီက အကြောင်းတွေ ရှင်ပြောပြနိုင်မလား”
“အသင့်ပါပဲ..သခင်မ”
“ဒီအခန်းထဲမှာ သိပ်ပူတာပဲ..လူသံသူသံတွေနဲ့လည်း ဆူညံလိုက်တာ..ကျွန်မတို့ အနောက်ဖက် ဥယျာဥ်ထဲ အေးအေးဆေးဆေး စကားသွားပြောကြမလား”
ဒီဘရစ်တိုက သူ့ဘေးနားတွင် ရပ်နေသော လက်ထောက် ဒီအာဂိုကို တစ်ချက်ကြည့်လိုက်သည်။
ဒီအာဂိုက ပြုံးပြလိုက်၏။
ခဏအကြာတွင် ဖိလစ်ဒီဘရစ်တိုနှင့် ဒွန်နာလွီဇာ တို့သည် နန်းတော်နောက်ဖက် ဥယျာဥ်၏ လမ်းကျဥ်းကလေးထဲသို့ ရောက်သွားကြတော့သည်။
နောက်တစ်နေ့ ဘုရင်ခံချုပ်စံအိမ်တော်တွင် ကပွဲတစ်ခု ထပ်မံကျင်းပမည်ဖြစ်သည်။
ထိုကပွဲမတိုင်မီ ညနေလေးနာရီတွင် ဒီဘရစ်တို၏ မြင်းရထားက ဘုရင်ခံချုပ် အိမ်တော်ရှေ့သို့ ရောက်လာ၏။
ဒီဘရစ်တိုက စံအိမ်တော်အဝသို့ ရောက်သောအခါ အိမ်တော်ထိန်းအရာရှိက စောင့်ကြိုနေသည်။
နောက်ဖက် ဥယျာဥ်တော်သို့ လက်ညှိးထိုးပြလိုက်သည်။ ခြုံပင်ကြီးများကိုသာ မြင်ရသည်။
ဒီဘရစ်တိုက လမ်းကို ဆက်လျှောက်သွားသည်။
ခြုံပင်ကြီးများ ပတ်လည်ဝိုင်းထားသည့် နောက်မှ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ဒွန်နာလွီဇာတစ်ဦးတည်း ထိုင်နေသည်။
ထိုနေရာက ခြုံပင်များကြားထဲမှ သီးခြားကမ္ဘာလေးသို့ပင်။
သီးခြားကမ္ဘာ၏ မင်းသမီးလေး ဒွန်နာလွီဇာသည် သူမွေးထားသော သာလိကာကလေးနှင့် စကားတွေပြောနေသည်။
ဒီဘရစ်တိုကို မြင်သည်နှင့် လွီဇာက မြက်ခင်းပေါ်ထိုင်ရန် ပြလိုက်သည်။
“ရှင် အချိန် တိကျသားပဲ...ဖိလစ်”
“သခင်မ နဲ့ တွေ့ဖို့ဆို ကျွန်တော်မျိုး မပေါ့ဆဝံ့ပါဘူး”
“ကဲ...ထားပါလေ...ကပွဲက စဖို့တော့ လိုသေးတယ်”
“သခင်မအတွက် လက်ဆောင်ပါ”
ဒီဘရစ်တိုက သံလျင်ဌာနပနာတိုက်တစ်ခုမှ ရရှိလာသည့် ရွှေသားအတိပြီးသော သူရဿတီနတ်သမီးရုပ်ကလေးကို ဒွန်နာလွီဇာထံ ကမ်းပေးလိုက်သည်။
“ဟယ်..လှလိုက်တာနော်”
“ကျွန်တော်မျိုးပိုင်ဆိုင်တဲ့ နယ်မြေမှာ ဒီလို တန်ဖိုးရှိတဲ့ အလှအပအနုပညာတွေ ပြည့်နှက်နေပါတယ်”
“ဒါနဲ့ ပတ္တမြားဆိုတာရော..အဲ့ဒီဘက်မှာ သိပ်ပေါတယ်ဆို”
“ဟုတ်ပါတယ်..သခင်မ”
“အင်း..ကျွန်မ စိတ်ကူးယဥ်ဖူးတယ်သိလား..ကျွန်မကို အရှေ့တိုင်း အိမ်ရှေ့မင်းသားတပါးပါးက ပတ္တမြားလက်စွပ် နဲ့သာ လက်ထပ်ခွင့်တောင်းခဲ့ရင် သိပ်ပျော်စရာကောင်းမှာပဲလို့..”
ဒီဘရစ်တိုက ပြုံးနေသည်။
ထို့နောက် သူ့လက်သူကြွယ်တွင် ဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်ကို ချွတ်ကာ လွီဇာ၏ လက်သူကြွယ်တွင် အသာစွပ်ပေးလိုက်၏။
“ကျွန်တော်မျိုးဟာ အရှေ့တိုင်းရဲ့ ရှင်ဘုရင်လောင်းပါပဲ..သခင်မ”
“ဟင်..တော်လည်းမတော်ပဲနဲ့”
“ဒီတစ်ကွင်းမတော်လည်း...အရှင်မအတွက်ဆို နောက်ထပ် ပတ္တမြားလက်စွပ်တွေအများကြီး ကျွန်တော်မျိုး ဆက်သနိုင်ပါတယ်”
ဒေါ်နယ် လွီဇာ ပြုံးနေသည်။
ဒီဘရစ်တို ဆုပ်ကိုင်ထားသော သူမလက်ကို မရုန်းမိ။
အမှောင်သည် ညနေကို ခေါင်းမြီးခြုံလိုက်ပြီဖြစ်သည်။
ဧည့်ခံပွဲခန်းမဆီမှ တယောသံ သဲ့သဲ့ကြားရပြီ။ ကပွဲ စချေပြီ။
သူတို့ နှစ်ဦးလုံး ကပွဲသို့ ရောက်မလာ။
သို့သော်။
ဥယျာဥ်တော် မှောင်ရိပ်အတွင်းရှိ မြက်ခင်းပြင်ပေါ်တွင်တော့ တယောသံနှင့်အပြိုင် ညင်သာယစ်မူးဖွယ် ညည်းသံခပ်သဲ့သဲ့ကလေးများ။
အိပ်ပျော်ခါစ ညမွှေးပန်းကလေးများပင် ဖြတ်ခနဲ လန့်နိုးလာခဲ့ကြသည်။
..............................................................................................................
မိုးစုန်းစုန်းချုပ်ခဲ့ပြီ။
ယာယီညအိပ် နားခိုရာဆင်စခန်းသို့ ရောက်သည့်အခါ မီးများပင် ဖိုထားနှင့်ပြီဖြစ်သည်။
အောက်မားဆင်မှုထမ်းများက လွီဇာနှင့် ဂမုန်း တို့အတွက် ယာယီတဲကလေးတစ်လုံး စီစဥ်ပေးခဲ့သည်။
တောခြင်များရန်မှ ကင်းစေရန် မီးရှို့ထားသော နနွင်းတက်အနံ့များက ခပ်ပျံ့ပျံ့သင်းနေ၏။
“မမက သိပ်လှတာပဲနော်....သမီးတို့ထင်တာက နန်းတွင်းက မင်းသမီးလို့တောင် ထင်ထားတာ”
“ဂမုန်းလည်း အဲ့ဒီလောက်လည်း မမြှောက်ပါနဲ့...မမတို့က ဗရင်ဂျီတွေပါ..ဘယ်ကဘယ်လို နန်းတွင်း မင်းသမီးဖြစ်ရမှာလဲ”
“အင်းနော်..သမီးတို့ကိုလည်း အဘက မင်းသမီးလေးတွေ သိပ်ဖြစ်စေချင်တာတဲ့...အဘက နန်းတော်ကြီးက အကြီးတော်တွေကို ငွေပေးပြီး သမီး တို့ကို နန်းတွင်းတတ်အပ်တဲ့ စာတွေ၊ ဓလေ့တွေ သင်ခိုင်းတယ်... သမီး ကတော့ မင်းသမီး မဖြစ်ချင်ပါဘူး....အဲ့ဒီ နန်းတော်ဆိုပြီး လေးဘက်လေးတန်ကာထားတဲ့ နေရာကြီးမှာ မနေချင်ဘူးရယ်.. ဟော့ဒီလိုတောကြီးထဲမှ လွတ်လွတ်လပ်လပ်ဆော့ကစားလို့ရသေးတယ်..မမရဲ့”
စကားများမလေး ဂမုန်းက သူ့ထုံးစံအတိုင်း တွတ်တီးတွတ်တာစကားများပြောပြီး မီးပုံဘေးတွင် အိပ်ပျော်သွား၏။
လွီဇာက ဂမုန်းကို မပွေ့ပြီး ယာယီတဲပေါ်မှ အိပ်ရာတွင် တင်လိုက်သည်။
ထို့နောက်..အိပ်စက်ရန် လှဲလျောင်းလိုက်၏။
...........................................................................................................
သံလျင်တဲ့။
မြို့စားဖိလစ်ဒီဘရစ်တို၏ ဇနီးအသစ်စက်စက် ပါလာမည်ဆိုသဖြင့် သံလျင်ဆိပ်ကမ်းပေါ်တွင် လူအများ စိတ်ဝင်တစားဖြစ်နေကြသည်။
အစပိုင်းတွင် ဒီဘရစ်တိုမှာ ဘုရင်ခံချုပ်၏ တူမတော်နှင့် မြင်မြင်ချင်း ချစ်ကြိုးသွယ်မိသည့်အတွက် ထိတ်လန့်နေခဲ့သည်။
ထို့ပြင်သူ့တွင် ပထမအိမ်ထောင်နှင့် ရရှိခဲ့သော သားနှစ်ဦးလည်း ရှိနေသေးသည်။
သို့သော် ဒွန်နာလွီဇာ က မည်သည့်အခြေအနေမျိုးတွင်ဖြစ်ဖြစ် ဒီဘရစ်တိုကို လက်ထပ်မည်ဟုသာ ဖြေခဲ့သည်။
ဂိုအာဘုရင်ခံချုပ်ကလည်း သူတို့နှစ်ဦးကို သဘောတူခဲ့၏။
သူတို့သည် ဂိုအာမြို့ရှိ စိန့်ကက်သရင်းဘုရားကျောင်းတွင် မင်္ဂလာပွဲကိုကျင်းပခဲ့သည်။
ထိုဇနီးလေးမှာ ဂိုအာဘုရင်ခံချုပ်၏ တူမဖြစ်သည်ဆိုသည့်အတွက် သံလျင်၊ ဟံသာဝတီရှိ ပေါ်တူဂီလူဂုဏ်တန်မိသားစုများ၊ အာမေးနီးယန်းကုန်သည်မိသားစုများမှာ အလုအယက်မိတ်ဆက်ရန် ပြင်ဆင်ကြသည်။
ဖိလစ်ဒီဘရစ်တို၏ ငယ်စဥ်ဘဝက မယားတစ်ဦးနှင့် ရရှိခဲ့သည့် မားကို့စ်ဒီဘရစ်တို နှင့် ဆိုင်မွန်ဒီဘရစ်တိုဆိုသည့်သားနှစ်ယောက်လည်း ပါလာခဲ့သည်။
သာသနာပြုရန်အတွက် ဗရင်ဂျီဘုန်းတော်ကြီး ဖာသာ ပီမန်းတားနှင့် ဖာသာဗောဗစ်တို့လည်း ဂိုအာဘုရင်ခံက ထည့်ပေးလိုက်သည်။
ဂိုအာဘုရင်ခံ၏တူမတော်ဒွန်နာလွီဇာ၏ အခြွေအရံလှပျိုဖြူများ၊ ဒီဘရစ်တို၏ သားများ၊ ဂိုအာမှ ထည့်ပေးလိုက်သော လက်ရွေးစင်စစ်သည်များ ပါဝင်သည့် ပြည်တော်ပြန်ခရီးက ခမ်းခမ်းနားနား။
ဆီရိယန် ဟု ခေါ်သော သံလျင်မြို့။
ပင်လယ်ဝမှ ဟံသာဝတီ၊ မုတ္တမ၊ ပုသိမ်စသော ဆိပ်ကမ်းမြို့ကြီးများ ထံသို့ သွားရာလမ်းတွင် အခွန်အကောက်ဖြစ်သော ခံတပ်မြို့၊ ကြွယ်ဝစပြုလာပြီဖြစ်သော ဆိပ်ကမ်းမြို့။
လွီဇာသည် သံလျင်၏ သခင်မ ဖြစ်လာခဲ့ပြီ။
ပင်လယ်ဝဘက်သို့ မျက်နှာမူထားပြီး သာယာသော တောင်ကုန်းလေးတစ်ခုပေါ်တွင် မြို့စားဒီဘရစ်တိုနှင့် ဇနီးသစ်ကလေး လွီဇာတို့ ၏ အိမ်တော်တည်ရှိသည်။
သားနှစ်ယောက်မှာ မြို့တွင်းတွင် သီးခြားအိမ်တော်များဖြင့် နေကြသည်။
ရခိုင်ဘုရင့်လက်အောက်ခံ သာမန်ပေါ်တူဂီသင်္ဘောသားလေးဘဝမှ မြို့စားဖြစ်လာသည့် ဒီဘရစ်တိုသည် သံလျင်ကို အကောင်းဆုံးခံတပ်တစ်ခုဖြစ်ရန် ပြုပြင်တော့သည်။
စစ်တပ်ကို စနစ်တကျပြန်လည်တည်ဆောက်သည်။
မြို့တွင်းခံတပ်နှင့်အဆောက်အဦများကို လစ္စဘွန်းမှ ဗိသုကာပညာရှင် ဇွင်သရာရီနိုး ကို ခေါ်ယူတည်ဆောက်သည်။
ဆိပ်ကမ်းပတ်ချာလည်တွင် အမြောက် အလက် ၆၀ တပ်ဆင်လိုက်သည်။
ဒီဘရစ်တိုသည် သန်လျင်နှင့် ဒဂုံရှိ ဘုရားများမှ ခေါင်းလောင်းများ၊ ကြေးဆင်းတုတော်များကို အရည်ကြိုကာ အမြောက်ဆံများ ပြုလုပ်သည်။
ဒွန်နာလွီဇာအတွက်လည်း ဘုရားဌာပနာများထဲမှ လက်ဝတ်ရတနာအများအပြားကို လက်ဆောင်ပေးခဲ့သည်။
ဟံသာဝတီနန်းတွင်းရှိ မွန်တိုင်းရင်းသားအမတ်များ၊ စစ်ကဲများကိုလည်း တံဆိုးလက်ဆောင်များပေးကာ စည်းရုံးသိမ်းသွင်းသည်။
ထိုစဥ်က ဟံသာဝတီကို တောင်ငူမှလှမ်းအုပ်ချုပ်ရသည်။
ဘုရင်နောင်လက်ထက်က မွန်အမတ်များနှင့်အတူ ဟံသာဝတီတွင် အမှုထမ်းခဲ့ဖူးသည့် ဗိုလ်မှူးဆာဗေးဒိုးက ဒီဘရစ်တိုဘက္မှနေပြီး မွန်အမတ်များစွာကို စည်းရုံးပေးခဲ့သည်။
သံလျင်သည် ရှေးဟောင်းမြို့တစ်ခုမှ ခေတ်မီဆိပ်ကမ်းမြို့ပြတစ်ခု အဖြစ် တမုဟုတ်ချင်း ပြောင်းလဲခဲ့၏။
သို့သော်...ဒေသခံ မွန်လူမျိုးတို့မှာမူ မိမိတို့၏ ဘုရားစေတီများဖျက်ဆီးခံရမှု၊ အထူးသဖြင့် ကျိုက်ခေါက်စေတီတော်ပေါ်တွင် စစ်တန်းလျားများဆောက်လုပ်မှု၊ ဗုဒ္ဓဘာသာဆိုင်ရာအခမ်းအနားတို့ကို တရားဝင်ကျင်းပခွင့် မပြုခြင်းတို့အပေါ် ခါးခါးသီးသီး နာကြဥ်းကြသည်။
တချိန်တည်းတွင်ပင် အထက္မြန်မာနိုင်ငံတွင် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမြို့စားက ထီးဆောင်းမင်းတစ်ပါးအဖြစ်ကြေညာကာ ညောင်ရမ်းမင်းဆက်ကို စတင်ထူထောင်လိုက်တော့သည်။
အောက္မြန်မာနိုင်ငံတွင်လည်း ဒီဘရစ်တိုက သူ၏ သားငယ် ဆိုင်မွန်ဒီဘရစ်တို ကို မုတ္တမမြို့စား ဗညားဒလ ၏ သမီးနှင့် လက်ထပ်ထိမ်းမြားပေးကာ အောက္မြန်မာပြည်အင်အားကို စုစည်းလိုက်သည်။
မုတ္တမစားမှာ အယုဒ္ဓယဘုရင် ဗြနရာဇ်ခေါ် ဖရားနရေ့ဆူဝမ် ၏ မဟာမိတ်ဖြစ်သဖြင့် ဒီဘရစ်တိုမှာ အယုဒ္ဓယနှင့်ပါ မဟာမိတ်ဖွဲ့ပြီးသည့်အခြေအနေဖြစ်သွား၏။
တောင်ငူနှင့် ရခိုင်ပူးပေါင်းကာ သံလျင်ကို တိုက်ခိုက်သော်လည်း ရခိုင်အိမ်ရှေ့မင်းသားကို ဒီဘရစ်တိုက ဖမ်းမိသွားသဖြင့် ရခိုင်ဘုရင်မင်းရာဇာကြီးနှင့် တောင်ငူဘုရင်နတ်သျှင်နောင်တို့က စတင်ပြီး စေ့စပ်ပြေငြိမ်းရသည့် အဆင့်ဖြစ်သွားသည်။
ပေါ်တူဂီရေတပ်သည်လည်း အရှေ့တောင်အာရှတွင် နာမည်ကျော်များဖြစ်သော ရခိုင်ရေတပ်နှင့် တောင်ငူကြည်းတပ်တို့၏ ပူးပေါင်းစစ်ကြောင်းကို ခုခံနိုင်ခဲ့သဖြင့် အတော်ပင် နာမည်ကြီးသွားခဲ့သည်။
ပုသိမ်ဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကိုပါ ဒီဘရစ်တိုက သိမ်းပိုက်နိုင်ခဲ့သဖြင့် အထက်ပိုင်းသည် ကုန်းတွင်းပိတ်ဖြစ်ခဲ့တော့သည်။
ဖိလစ်ဒီဘရစ်တို၏ မာနသည်လည်း အဆုံးစွန်းထောင်လွှားခြင်းသို့ ရောက်လာတော့၏။
မကြာမီ အထက်ဘက်တွင်လည်း ညောင်ရမ်းမင်း၏ သားတော် ဓမ္မရာဇာ (ခေါ်) အနောက်ဘက်လွန်မင်း နန်းတက်လာသည်။
အထက်ဘက်ရှိ အင်းဝနိုင်ငံသားတို့မှာ ဆိပ်ကမ်းများကို ဒီဘရစ်တိုက သိမ်းပိုက်ထားသဖြင့် အထည်အလိပ်များ၊ ကုန်စည်များကို စျေးကြီးပေးဝယ်ယူကြရသည်။
ဆားချက်ရန်ပင် ခက်ခဲသဖြင့် ဟံသာဝတီအနီးတွင် တပ်အင်အားများ ချကာ ဆားချက်ကြရသည်။
ထို့ကြောင့် အနောက်ဖက်လွန်မင်းက ဆိပ်ကမ်းထွက်ပေါက်များကို ပြန်သိမ်းရန် တောင်ဘက်သို့ စစ်အင်အား ဖြန့်ကျက်လာတော့သည်။
အနောက်ဖက်လွန်မင်း၏ ညီဝမ်းကွဲတော်စပ်သူ တောင်ငူဘုရင်နတ်သျှင်နောင်ပင်လျှင် ဒီဘရစ်တိုနှင့် မဟာမိတ်ပြုကာ ခိုလှုံလာ၏။
ဒီဘရစ်တို၏ နောက်ဆုံးနေ့ရက်များသို့ ရောက်ရှိလာသည် နှင့်အတူ ဒွန်နာလွီဇာ ၏ ခရီးကြမ်းအစ ကလည်း တစစ နီးကပ်လာပြီဖြစ်သည်။
.........................................................................................................................
၁၆၁၂ ဒီဇင်ဘာ ၂၅။
ခရစ္စမတ်နေ့။
သန်လျင်မြို့ရိုးပေါ်တွင် ရပ်နေသော ဒီဘရစ်တိုက မှန်ပြောင်းကို နဘေးရှိ နတ်သျှင်နောင်ထံ ကမ်းပေးလိုက်သည်။
မြို့ရိုးပတ်ချာလည်တွင် အင်အားတစ်သိန်းနှစ်သောင်းရှိသော အင်းဝလက်အောက်ခံ ဗမာတပ်များ ၊ ရှမ်းစော်ဘွားတပ်များက ဖွေးဖွေးလှုပ်နေသည်။
မြို့ရိုးနှင့် မနီးမဝေး တောင်ကုန်းမြင့်များပေါ်တွင် အင်းဝတပ်လောက်အောက်ခံ မွတ်ဆလင်သေနတ်ကိုင်ကြေးစားစစ်သည် လေးထောင်က ပစ်ခတ်ရန်အသင့်ရှိနေကြ၏။
နတ်သျှင်နောင်က သက်ပြင်းချလိုက်ပြီး မြစ်ဝဘက်ဆီသို့ မှန်ပြောင်းကိုလှည့်လိုက်သည်။
မြစ်ဝတွင်လည်း အင်းဝရေတပ်၏ သင်္ဘောအစင်း (၄၀၀) က သန်လျင်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
မလှမ်းမကမ်းမြို့ရိုးပေါ်တွင် ထီးကိုဆောင်းလျက် သူတို့ဆီလျှောက်လာသော ဒွန်နာလွီဇာကို ဒီဘရစ်တိုမြင်လိုက်ရသည်။
လေထဲတွင် လွီဇာ၏ ဂါဝန်တို့က တဖြတ်ဖြတ်လွင့်လျက်။
လွီဇာက လေတိုးသော ထီးကိုတဖက်ကထိန်းရင်း လွင့်နေသော ဂါဝန်ကို ဖိချကာ ကပိုကရိုဖြစ်နေပုံက စွဲဆောင်မှုရှိနေ၏။
နတ်သျှင်နောင်ပင် ထိုမြင်ကွင်းကို တဒင်္ဂငေးမောသွားသည်။
“ဖိလစ်....ဟိုးက ကွင်းပြင်အဆုံးကို မှန်ပြောင်းနဲ့ ကြည့်လိုက်စမ်းပါ”
လွီဇာစကားကြောင့် ဖိလစ်ဒီဘရစ်တိုက မျက်မှောင်ကြုံ့လိုက်သည်။
“ဘာဖြစ်လို့လဲ..လွီဇာ”
“ရွှေရောင်လက်ခနဲ လက်ခနဲကို ကျွန်မမြင်လိုက်ရတယ်....အင်းဝဘုရင်ရဲ့ ရွှေထီးကဖြစ်မယ်ထင်တယ်..သူ အဲ့ဒီမှာပဲ”
လွီဇာက ဗမာဘာသာစကားဖြင့် ပီပီသသပြောလိုက်၏။
သူသည် သန်လျင်သို့ရောက်သည့်နှစ်များအတွင်း ဖိလစ်ဒီဘရစ်တိုနည်းတူ ဗမာစကားနှင့် မွန်စကားများကို ကျွမ်းကျင်စွာတတ်မြောက်ခဲ့ပြီဖြစ်သည်။
ဒီဘရစ်တိုက လွီဇာ ညွှန်ပြရာသို့ ကြည့်လိုက်သည်။
နတ်သျှင်နောင်ကလည်း မှန်ပြောင်းဖြင့် သေချာကြည့်လိုက်၏။
“ဟုတ်တယ်..အဲ့ဒါ နောင်တော်အင်းဝမင်း ပဲ..သူကိုယ်တိုင် တိုက်ပွဲကို ကွပ်ကဲဖို့ ရောက်လာနေပြီ”
“ဘာလုပ်နေတာလဲ..အဲ့ဒီနေရာကို အမြှောက်တွေနဲ့ ပစ်ခိုင်းတော့လေ”
လွီဇာက အမြှောက်စစ်သည်များနှင့် မေးငေါ့ရင်း ပြောလိုက်သည်။
“လွီဇာ...နောက်ကို.မြို့ရိုးပေါ်တက်မလာပါနဲ့..အန္တရာယ်ရှိတယ်..မကြာခင်ရက်ပိုင်းမှာ တိုက်ပွဲက အကြီးအကျယ်ဖြစ်တော့မှာ..အိမ်တော်ကိုပြန်..ည နာတာလူးညစာစားပွဲအတွက် အစေခံတွေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ”
ဒွန်နာလွီဇာ က ဒီဘရစ်တို၏ ပုခုံးကိုကျော်လျက် မြို့ရိုးအရှေ့ဘက်ကွင်းဆီမှ ရန်သူ့တပ်များဆီ သာငေးနေသည်။
“လွီဇာ..သေချာနားထောင်ပါ..ဒီပွဲက လချီပြီး ကြာလိမ့်မယ်..တကယ်လို့ ဂိုအာက စစ်ကူတွေ အမြန်ဆုံးရောက်လာရင်တော့ ပွဲမြန်မြန်ပြတ်လိမ့်မယ်..သူတို့နောက်ကျနေရင်တော့..ဘာမှ မသေချာတော့ဘူး...ငါကတော့ ဒီမြို့နဲ့အတူ နောက်ဆုံးအချိန်ထိ ကျန်နေရစ်ခဲ့မှာပါ.....မင်း..အတွက် သင်္ဘောတစ်စင်းနဲ့ ကိုယ်ရံတော်တိုက်သင်္ဘောနှစ်စင်းကို အခုကတည်းက အသင့်စီစဥ်ထားတယ်....သံလျင် အခြေအနေမကောင်းတာနဲ့ မင်းရအောင်ဖောက်ထွက်ပြီး ဂိုအာကို ရောက်အောင် ပြန်ပါ...ကြားလား”
ဒွန်နာလွီဇာ ခေါင်းမညိတ်ပါ။ ထို့အတူ ခေါင်းလည်းမခါပါ။
ဒီဘရစ်တို က ဒွန်နာလွီဇာ၏ ပုခုံးကို ဖက်ကာ မြို့ရိုးပေါ်မှ ဆင်းခိုင်းလိုက်သည်။
ခဏအကြာတွင် မြို့ရိုးပေါ်မှ အမြှောက်သံများ ဆူညံစွာ ထွက်ပေါ်လာတော့၏။
“ဖောင်း..ဖောင်း..ဖောင်း..ဖောင်း”
...............................................................................................
“ဖောင်း..ဖောင်း..ဖောင်း..ဖောင်း”
ဆူဆူညံညံ အသံများကြောင့် လွီဇာ လန့်နိုးလာတော့သည်။
မည်သည့်အချိန်ထဲက နိုးနေသည်မသိသော ဂမုန်းက လွီဇာ၏ အလန့်တကြားပုံစံကို ကြည့်ကာ ရယ်မောနေသည်။
“ဘာဖြစ်တာလဲ..ဂမုန်း..ဘာဖြစ်တာလဲ”
“ဒီမှာပါလာတဲ့ ဆင်မတွေ အနံ့ကြောင့်ထင်တယ်...တောဆင်ရိုင်းတစ်ကောင် အနားကပ်လာလို့....အဘတို့ ဝါးဆစ်တွေကို မီးရှို့ပြီး ခြောက်တာပါ....မမ...ပြန်အိပ်..ပြန်အိပ်..သမီးတို့ကတော့ အဘနဲ့ ဆင်ကျော့လိုက်နေကျဆိုတော့ ဒီအသံတွေ ရိုးနေပြီ”
ဂမုန်းက စောင်ကို ခြုံပြီး တစ်ဖက်သို့ လှည့်သွားသည်။
လွီဇာ အိပ်မပျော်တော့။ မကြာမီ သူမ၏ ဘိုးဘေး စစ်သူကြီးဒိုအိုဂိုဒီမဲလိုး အောင်ပွဲများခံယူခဲ့ရာ ဟံသာဝတီမြေသို့ ရောက်ရတော့မည်။
ထိုမှတဆင့် သူမနှင့် နာမည်တူ သခင်မဒွန်နာလွီဇာ ၏ အတိတ်ခြေရာများရှိရာ သန်လျင်သို့။
ခက်ဇော်

(zawgyi)
အခန္း(၅)

“ငေအာင္လွ..ေနာက္သုံးရက္ေန ဟံသာဝတီသြားမွာဆို..အခု ဘာကိစၥရွိလို႔လာသလဲ”
“မွန္ပါ....အခု နန္းေရးဝန္ႀကီးအသစ္က ခိုင္းထားတဲ့ ကိစၥတစ္ခုပါေပၚလာလို႔...ကြၽန္ေတာ္မ်ိဳး.မနက္ျဖန္ မနက္ပဲ ဟံသာဝတီကို အျပင္း စုန္ရပါေတာ့မယ္..ဘုရား”
ကိုးသိန္းသခင္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“နန္းေရးဝန္ႀကီးအသစ္..ဟုတ္လား..ဦးၿဖိဳးလား”
“မွန္ပါ...မေန႔က သူ ဆင့္ေခၚလို႔ ကြၽန္ေတာ္မ်ိဳး သြားရေၾကာင္းပါ”
“ဘာေတြမ်ား မင့္ကို ခိုင္းလိုက္တာတဲ့တုန္း”
ဦးေအာင္လွ က သက္ျပင္းခ်လိုက္သည္။
“သူစီးဖို႔အတြက္ အစြယ္စုံနဲ႔ ဆင္ယဥ္တစ္ေကာင္ ဟံသာဝတီေအာက္မားသင္းကေန ေဆာင္လာခိုင္းတာပါ..ဘုရား”
“ဟဲ့..ဘယ္လို..စြယ္စုံဆင္ ဆိုတာ ရွင္ဘုရင္ကေလးကလြဲလို႔ နန္းရင္းဝန္ႀကီးဦးပု တစ္ေယာက္ကိုပဲ စီးခြင့္ျပဳထားတာမဟုတ္လား”
“ကြၽန္ေတာ္မ်ိဳးလည္း မေမးဝံ့လို႔ မေမးေလွ်ာက္ေတာ့တာပါ..ဘုရား...ဆင္ဝန္ဦးေရာက္က ကြၽန္ေတာ္မ်ိဳးကို ခိုင္းေခ်ဆိုၿပီး လႊဲလိုက္လို႔ သူက ေခၚခိုင္းတာတဲ့..ဘုရား”
“အင္း..မေတာ္မတည့္ေတြေတာ့ ျဖစ္ကုန္မွပဲ....ဒီကိစၥ ဦးပု သိရင္ ဘာျဖစ္ဦးမယ္မသိဘူး...ဝန္ႀကီးႏွစ္ပါး ၿပိဳင္တဲ့ၾကားက မင္းတို႔ ဆင္မႈထမ္းေတြ ညပ္မယ့္ကိန္း ငါျမင့္သကြဲ႕”
“ကြၽန္ေတာ္မ်ိဳးကို ကယ္ပါဦး.ကိုးသိန္းသခင္...ဘာဆက္လုပ္ရမလဲ”
ကိုးသိန္းသခင္က သလြန္ေပၚမွ ထၿပီး ျပတင္းေပါက္ဆီသို႔ ေလွ်ာက္သြားသည္။
“ေမာင္မင္း...ဟံသာဝတီက ျပန္မလာေတာ့မွပဲ..ဒီျပႆနာက လြတ္ေအာင္ေရွာင္ႏိုင္လိမ့္မယ္”
“ျပန္မလာရင္ မင္းတရားႀကီးက သတ္မွာေပါ့..ဘုရား”
“ဟံသာဝတီဟာ အင္းဝလက္ေအာက္ခံေပမင့္..တိုင္းႀကီးႏိုင္ငံႀကီးပဲ.. ကုန္စည္ေဖာက္ကားရာ ဆိပ္ကမ္းႀကီးလည္းျဖစ္တယ္..မင္းေနျပည္ေတာ္လည္းတစ္ခ်ိန္က ျဖစ္ခဲ့ဖူးတယ္...အင္း..မင္း..ဟံသာဝတီမွာ ဆင္ဝန္ရာထူးရရင္ လုပ္မလား”
ဦးေအာင္လွ ၏ မ်က္ႏွာ ႐ုတ္တရက္ ဝင္းလက္သြားသည္။
“မွန္ပါ...ဟံသာဝတီဟာ ကြၽန္ေတာ္မ်ိဳးရဲ႕ ေဆြစုမ်ိဳးစုေတြ အခိုင္အဖီးတည္ရာပါ...အဲ့ဒီမွာ ဆင္ဝန္အျဖစ္ အမႈထမ္းရမယ္ဆိုရင္ေတာ့ ..ဘယ္ေျပာေကာင္းလိုက္မလဲ..ဘုရား”
“ဟုတ္ၿပီ..ဒါဆို မနက္ျဖန္ခါ မင္း..ဟံသာဝတီကို တက္ဖို႔သာလုပ္...ငါခိုင္းတဲ့အတိုင္း ဟိုဗရင္ဂ်ီမေလးကို ေခၚသြားေပး..ငါခိုင္းတဲ့အမႈကိုလည္း ေသခ်ာလုပ္ဘိ...ၿပီးေတာ့ ႏႈတ္ကိုသာ လုံလုံထား..မင္း ဟံသာဝတီမွာ ဆင္ဝန္ရာထူးရဖို႔..ငါ့တာဝန္သာထားပါေလ”

“ဒါဆို မမက အခုမွ ဆင္စီးဖူးတာေပါ့”
အသက္(၁၀)ႏွစ္အ႐ြယ္ ဂမုန္း၏ အေမးကို လြီဇာက ေခါင္းညိတ္ျပလိုက္သည္။
ေရွ႕ခပ္လွမ္းလွမ္းတြင္ေတာ့ ဦးေအာင္လွ တို႔ ဇနီးေမာင္ႏွံႏွင့္ သမီးႀကီးသီရိတို႔ က ဆင္ေျပာင္ႀကီးတစ္စီးျဖင့္။
ဦးေအာင္လွ၏ သမီးငယ္ ဂမုန္း ႏွင့္ လြီဇာက အေနာက္တြင္ ဆင္ေပါက္တစ္ေကာင္ကို စီးကာ လိုက္ၾကရသည္။
ဂမုန္းက စူးစူးစမ္းစမ္းအ႐ြယ္။ တလမ္းလုံး လြီဇာကို ေမးခြန္းမ်ားစြာေမးလာသည္။
“မမ သြားေတြက အျဖဴေရာင္ေတြေနာ္”
“မမတို႔က ဗရင္ဂ်ီေတြေလ...ဗရင္ဂ်ီေတြက သြားေဆးမဆိုးၾကဘူး.”
“မမ တို႔က ဗရင္ဂ်ီေတြဆိုေတာ့ ဒီအင္းဝမွာ ဘယ္ေပ်ာ္ၾကမလဲေနာ္..ဗရင္ဂ်ီႏိုင္ငံကို လြမ္းေနမွာေပါ့..ဗရင္ဂ်ီႏိုင္ငံက ဘယ္နားမွာလဲဟင္”
“ကမာၻႀကီးရဲ႕ ဟိုးတစ္ဖက္မွာေပါ့ကြယ္”
“မမေရာက္ဖူးလားဟင္”
လြီဇာ ေခါင္းခါျပလိုက္သည္။
“သမီးတို႔ အဘိုးအဘြားေတြကလည္း ဟိုးအေဝးဇင္းမယ္က လာခဲ့ၾကတာတဲ့... ဒါေပမယ့္..အခုသြားမယ့္ ဟံသာဝတီမွာလည္း သမီးတို႔ ေဆြမ်ိဳးေတြရွိတယ္တဲ့ေလ..သမီးက ဟံသာဝတီကို သြားရတာ ေပ်ာ္တယ္... မမေရာ ဟံသာဝတီကေန..သံလ်င္ကို ဆက္သြားမွာဆို...ဟိုမွာ မမအမ်ိဳးေတြရွိလို႔လား...မမလည္း ေပ်ာ္ေနမွာေပါ့ေနာ္”
“.........................”
လြီဇာက ဂမုန္း၏ ေခါင္းကေလးကို ပြတ္သပ္ကာ လမ္းေဘးသစ္ေတာမ်ားကို ေငးေနသည္။
ဟံသာဝတီတဲ့။ သံလ်င္တဲ့။
လြီဇာ ၏ အဘြားေျပာျပေနက် အိပ္ရာဝင္ဇာတ္လမ္းမ်ားထဲက ၿမိဳ႕ျပမ်ား။
၁၅၁၂ ခုႏွစ္တြင္ လြီဇာ၏ ေဆြမ်ိဳးဘိုးေဘးမ်ားျဖစ္ေသာ ေပၚတူဂီသံအဖြဲ႕တစ္ဖြဲ႕သည္ ဂိုအာမွ ဟံသာဝတီသို႔ ေရာက္ရွိလာၾကသည္။
ယင္းခရီးစဥ္တြင္ ဟံသာဝတီဘုရင္ႏွင့္ ေပၚတူဂီသံအဖြဲ႕တို႔ စီးပြားေရးရာကိစၥမ်ား ေဆြးေႏြးခဲ့ၾကသည္။
ေမာ္လဒိုက္ကြၽန္းစုမ်ားသို႔ ဟံသာဝတီကုန္သည္မ်ား၏ ေၾကးစားတပ္မ်ား မၾကာခဏဝင္ေရာက္ကာ ေရေၾကာင္းကုန္သြယ္ေရးကို ခ်ဳပ္ကိုင္သည့္ကိစၥအဓိကညႇိႏႈိင္းခဲ့ၾက၏။
မၾကာမီ ေပၚတူဂီလူမ်ိဳး ကပၸတိန္ဒူရတီဘာဘိုဆာ သည္ ဟံသာဝတီသို႔ ေရာက္လာသည္။
စည္ကားလွေသာဆိပ္ကမ္းႀကီးႏွင့္ ႂကြယ္ဝခ်မ္းသာလွေသာ ဟံသာဝတီၿမိဳ႕ႀကီးအေၾကာင္း မွတ္တမ္းတင္ထားခဲ့သည္။
ထို႔ေနာက္ပိုင္း ရာစုႏွစ္မ်ားတြင္ေတာ့ ေပၚတူဂီလူစြန႔္စားအမ်ားအျပား ေျမာက္ဦး၊ ဟံသာဝတီ၊ မုတၱမ စေသာ ဆိပ္ကမ္းၿမိဳ႕မ်ားသို႔ အလွ်ိဳလွ်ိဳေရာက္လာၾကေတာ့သည္။
ကုန္းတြင္းပိုင္း ေတာင္ငူႏိုင္ငံေတာ္ႏွင့္ မြန္ဆိပ္ကမ္းၿမိဳ႕ျပမ်ား စစ္ခင္းၾကသည့္အခါ ႏွစ္ဖက္လုံးတြင္ ေပၚတူဂီေၾကးစားစစ္တပ္မ်ား၊ စစ္ဗိုလ္ခ်ဳပ္မ်ား ပါဝင္လာၾကေတာ့သည္။
ေတာင္ငူဘုရင္တပင္ေ႐ႊထီး၏ တပ္တြင္ ေပၚတူဂီတပ္မႉး ဂီ႐ိုဗာနီကာအီ႐ိုဦးေဆာင္သည့္ ေၾကးစားစစ္သည္ ၇၀၀ ေက်ာ္ႏွင့္ ဟံသာဝတီ သုရွင္တကာ႐ြတ္ပိ၏ တပ္တြင္ ဖာဒီနန္မို ရာေလ့စ္ ေခါင္းေဆာင္သည့္ ေပၚတူဂီမ်ား တဖက္စီ တိုက္ခိုက္ၾကသည္။
တပင္ေ႐ႊထီးေနာက္ပိုင္း ေပၚတူဂီစစ္ဗိုလ္တို႔က ဘရင္ဂီးႏိုကို(Barinbinoco)ဟု ေခၚသည္ ဘုရင္ေနာင္၏ အင္ပါယာႀကီးတည္ေထာင္ရာတြင္လည္း ေထာင္ဂဏန္းရွိေသာ ေပၚတူဂီတပ္မႏွစ္ခု ဖြဲ႕စည္းႏိုင္ခဲ့သည္။
လြီဇာဒီမဲလိုးတို႔၏ ဘိုးေဘးျဖစ္ေသာ ဒိုင္အိုဂိုဆိုရက္စ္ ဒီမဲလိုးမွာ ထိုေပၚတူဂီတပ္မမ်ားကို အုပ္ခ်ဳပ္ရၿပီး ဘုရင့္ေနာင္၏ အရင္းႏွီးဆုံးေသာ ညာလက္႐ုံးတပ္မႉးျဖစ္ခဲ့သည္။
ထိုကာလမ်ားတြင္ ေပၚတူဂီမ်ားသည္ ဟံသာဝတီရွင္ဘုရင္၏ အားအကိုးရဆုံးႏွင့္ အေရးေပးခံရဆုံး စစ္သည္မ်ားျဖစ္လာခဲ့သည္။
ထို႔ေနာက္..ဆယ္စုႏွစ္မ်ားအၾကာတြင္ေတာ့။
“မမ...ထပါဦး..ေန႔လည္စာစားဖို႔ အခ်ိန္ေရာက္ၿပီ..ေရွ႕မွာ အဘတို႔ ဆင္ေတာင္ နားေနၾကၿပီ”
ဂမုန္း၏ အသံေၾကာင့္ လြီဇာ ဆတ္ခနဲ ျဖစ္သြားသည္။
လြီဇာတို႔ကို တင္ေဆာင္လာသည့္ ဆင္က စခန္းခ်ရာေနရာသို႔ေရာက္ၿပီျဖစ္ၿပီ။
“လုံမ..အဆင္ေျပရဲ႕လား..ဆင္စီးရတာ နည္းနည္းေတာ့ ပန္းတယ္ေနာ့”
ေအာက္မားဝန္ဦးေအာင္လွကေတာ္က ဆင္ေပၚမွဆင္းလာေသာ ဂမုန္းကို လက္ကမ္းေပးရင္း လြီဇာကို ေမးလိုက္သည္။
“ဟုတ္..အဆင္ေျပပါတယ္..ဝန္ကေတာ္...အေတြ႕အႀကဳံေပါ့”
“ကဲ..လာ...ထမင္းစားၾကရေအာင္”
အရိပ္ေကာင္းေသာ ကြၽန္းပင္ႀကီးေအာက္တြင္ ဦးေအာင္လွက ထိပ္ဆုံးမွ ထိုင္ေနသည္။
ထူးထူးျခားျခား ဦးေအာင္လွတစ္ေယာက္သာ ယြန္းလင္ပန္းႏွင့္ ထမင္းကို ထည့္စား၏။ က်န္သူမ်ားမွာ အင္ဖက္ကိုယ္စီျဖင့္။
လြီဇာက သူ႔ေရွ႕တြင္ ေရာက္လာေသာ ထမင္းထုပ္ကို ျဖည္လိုက္သည္။
အင္ဖက္ျဖင့္ ထုပ္လာေသာ ထမင္းမ်ားက ေမႊးပ်ံ႕ပ်ံ႕။
“နာမည္က လြီဇာတဲ့လားကြဲ႕”
ဦးေအာင္လွက စကားစလိုက္သည္။
“ဟုတ္..လြီဇာဒီမဲလိုးပါရွင့္”
“ကိုးသိန္းသခင္ကေတာ့ က်ဳပ္ကို ေသခ်ာမွာလိုက္ပါတယ္....တညင္ ထိေတာ့ က်ဳပ္လိုက္ပို႔ႏိုင္မယ္မထင္ဘူး..ဟံသာဝတီေရာက္မွ တညင္ကို ပို႔ေပးမယ့္ စိတ္ခ်ရတဲ့လူတစ္ေယာက္ရွာလိုက္ပါ့မယ္..ၾကားထဲ ဟံသာဝတီမွာ သုံးေလးရက္ေတာ့ ေနဦးေပါ့”
“ဟုတ္တယ္...မမ...ဂမုန္းတို႔နဲ႔ ဟံသာဝတီမွာ ေလွ်ာက္လည္ၾကမယ္ေလ...ခဏေတာ့ ေနလိုက္ပါ..မမရယ္”
လြီဇာက ဂမုန္း၏ ပါးကို လိမ္ဆြဲၿပီး ေခါင္းညိတ္ျပလိုက္သည္။
“ကြၽန္မ ဆင္႐ိုင္း က်ဳံးသြင္းတာကို ျမင္ဖူးခ်င္တယ္...အဲ့ဒါလိုက္ၾကည့္ခ်င္လို႔ေရာ ရမလား”
“ရပါ့..အဲ့ဒါေပမယ့္..ေတာထဲက ဆင္ေက်ာ့ရတယ္ဆိုတာ ဘယ္ေလာက္ၾကာမယ္မသိေသးဘူး.. မင္း သန္လ်င္က ျပန္လာခ်ိန္ဆိုရင္ေတာ့ က်ဳံးသြင္းၿပီး ယဥ္ေအာင္ေလ့က်င့္ေပးခ်ိန္ျဖစ္ေနမွာပါ...အဲ့ဒီက် ေသခ်ာလာေလ့လာေပါ့”
ဦးေအာင္လွကို လြီဇာက ေခါင္းညိတ္ျပလိုက္သည္။
ထမင္းစားေသာက္ၿပီးေနာက္ ခရီးဆက္ရန္ ဆင္ေပၚသို႔ ကိုယ္စီတက္လိုက္ၾက၏။
“မမ...နာမည္ေတြမွာ အဓိပၸါယ္ကိုယ္စီရွိၾကတယ္....သမီးနာမည္ ဂမုန္းဆိုတာ ထိုင္းလိုဆို “ႏွလုံးသားမွလာေသာ”တဲ့...မမ နာမည္က လြီဇာ ဆိုတာကေရာ ဗရင္ဂ်ီလို ဘာအဓိပၸါယ္လဲဟင္”
“လြီဇာဆိုတာ “တိုက္ပြဲမ်ားကို ေအာင္ျမင္ေသာ စစ္သူႀကီးမ”လို႔ အဓိပၸါယ္ရတယ္..ဂမုန္းရဲ႕”
“ေၾသာ္..ဒါဆို မမက စစ္သူႀကီးမႀကီးေပါ့”
လွီဇာ။
တိုက္ပြဲမ်ားကို ေအာင္ျမင္ေသာ စစ္သူႀကီးမ။
ထိုနာမည္ကို သူမ၏ အဘြားျဖစ္သူက ေပးခဲ့သည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္းတစ္ရာေက်ာ္က ဤေျမ ဤေရတြင္ သူမႏွင့္ အမည္တူေသာ လြီဇာအမည္ရွိ ေပၚတူဂီအမ်ိဳးသမီးတစ္ဦး ရွိခဲ့ဖူးပါသည္။ သူမနာမည္ အျပည့္အစုံေျပာရလွ်င္ “ဒြန္နာ လြီဇာ ဒီဆာခ္ဒါညာ Donna Lusia de Sakdana”ျဖစ္သည္။
ဒီေျမက ေပၚတူဂီလူမ်ိဳးအားလုံး သူ႔ကို “သခင္မလြီဇာ” ဟုသာ ေခၚခဲ့ၾကသည္တဲ့။
လြန္ခဲ့ေသာ ႏွစ္တစ္ရာေက်ာ္။
၁၆၀၀ ျပည့္ႏွစ္၏ ညေနခင္းတစ္ခု။
အိႏၵိယႏိုင္ငံရွိ ေပၚတူဂီကိုလိုနီျဖစ္ေသာ ဂိုအာၿမိဳ႕ ဘုရင္ခံခ်ဳပ္ ေအရက္စ္ေဒဆာလ္ဒါညာ ၏ နန္းေတာ္တြင္ ဧည့္ခံပြဲတစ္ခုက်င္းပေနသည္။
ခ်မ္းသာႂကြယ္ဝေသာၿမိဳ႕ျပႏိုင္ငံမ်ားရွိရာ ပဲခူးအရပ္မွ သန္လ်င္ၿမိဳ႕ကို အပိုင္စားရသည့္ သန္လ်င္ဘုရင္ခံ ေပၚတူဂီလူမ်ိဳး ဖိလစ္ဒီဘရစ္တို အား ႀကိဳဆိုသည့္ ပြဲ။
ဖိလစ္ဒီဘရစ္တိုသည္ ဂိုအာဘုရင္ခံမွ ခ်ီးျမင့္သည့္ ေ႐ႊစလြယ္၊ ေ႐ႊသရဖူတို႔ကို ဝတ္ဆင္လည္း ခန္းမအတြင္း ၿပဳံးေပ်ာ္႐ႊင္ေနသည္။
လူစြန႔္စားတစ္ေယာက္။ သူသည္ ႂကြယ္ဝေသာ ဆိပ္ကမ္းႏိုင္ငံတစ္ခုကို သိမ္းပိုက္ႏိုင္ခဲ့သူ ေပၚတူဂီတို႔၏ သူရဲေကာင္း။
“ပဲခူးဟံသာဝတီႏိုင္ငံေတာ္၏ စစ္သူႀကီး ဖိလစ္ဒီဘရစ္တိုဝိုင္နီကြန္တီ” ဟူေသာ ဘြဲ႕ကို ဖတ္ၾကားရာတြင္ ခန္းမတစ္ခုလုံး လက္ခုပ္သံမ်ား ေသာေသာညံသြားသည္။
မင္းသမီးလြီဇာ သည္ လက္ခုပ္ၾသဘာသံမ်ားၾကားမွ ထိုလူထူးဆန္းကို ေငးၾကည့္ေနသည္။
လြီဇာသည္ ဂိုအာဘုရင္ခံခ်ဳပ္၏ တူမေတာ္၏ တရားဝင္နာမည္တပ္ျခင္းကို ခံရသည္။
သို႔ေသာ္ တကယ္တမ္းကား ဂိုအာဘုရင္ခံခ်ဳပ္ႏွင့္ အင္ဒိုနီးရွားဂ်ားဗားသူ တရားမဝင္ဇနီးမွ ေမြးဖြားေသာ သမီးအရင္းျဖစ္သည္။
သို႔ေသာ္လြီဇာကား ေပၚတူဂီေသြးအစစ္မဟုတ္သျဖင့္ ဂိုအာထီးနန္းမွာ သူႏွင့္လားလားမွ မဆိုင္ခဲ့။
ထီးႏွင့္ နန္းႏွင့္ ဆိုသည့္ ထိပ္ေခါင္ဘဝကို လြီဇာ ငယ္စဥ္ကတည္းက အိပ္မက္ မက္ခဲ့သည္။
သူ႔ေရွ႕တြင္ ဂုဏ္ျပဳခံေနရၿပီျဖစ္ေသာ ထိုပုဂၢိဳလ္သည္ ဂိုအာကဲ့သို႔ပင္ တခ်ိန္ျဖစ္လာႏိုင္သည့္ သန္လ်င္၏ ဘုရင္ခံတဲ့။
ထိုသို႔ေသာ ေယာက္်ားေကာင္းမ်ိဳးကို လြီဇာ ေငးေမာသည္မွာ ဆန္းသလား။
ဒီဘရစ္တိုႏွင့္ သူ၏လက္ေထာက္ ဒီအာဂို တို႔ အား ဧည့္ခံေနသည့္ နန္းရင္းဝန္အနားသို႔ လြီဇာ ကပ္သြားၿပီး ႏႈတ္ဆက္လိုက္သည္။
“ေၾသာ္..သံလ်င္ၿမိဳ႕စားကို မိတ္ဆက္ေပးပါရေစ..ဒါက ဘုရင္ခံခ်ဳပ္ရဲ႕ တူမေတာ္ ဒြန္နာလြီဇာပါ”
လြီဇာက သူမ၏ လက္ကို ကမ္းေပးလိုက္သည္။
ဒီဘရစ္တိုက သူ႔ေခါင္းမွ သရဖူကို ခြၽတ္ကာ ရင္ခြင္တြင္ပိုက္လိုက္၏။ ထို႔ေနာက္ ဒူးကို ေထာက္လိုက္ကာ လြီဇာကမ္းလာေသာ လက္ကို နမ္းရႈိက္လိုက္သည္။
“သိကြၽမ္းခြင့္ရတာ ဂုဏ္ယူပါတယ္..သခင္မ..ကြၽန္ေတာ္မ်ိဳး သန္လ်င္ၿမိဳ႕စား ဖိလစ္ဒီဘရစ္တိုပါ”
လြီဇာက သူ႔လက္ထဲတြင္ ကိုင္လာေသာ ဝိုင္အရက္ခြက္ကို ဒီဘရစ္တိုထံ ကမ္းေပးလိုက္၏။
ဒီဘရစ္တို က ဝိုင္ခြက္ကို တေလးတစားယူကာ ေသာက္လိုက္သည္။
“ကြၽန္မက မုတၱမတို႔၊ ပဲခူးတို႔ဆိုတဲ့ ၿမိဳ႕ႀကီးေတြအေၾကာင္း စာထဲပဲ ဖတ္ဖူးတာ..သိပ္လွ်ိဳဝွက္ဆန္းၾကယ္ၿပီး သိပ္ခ်မ္းသာၾကတာပဲဆို..အဲ့ဒီက အေၾကာင္းေတြ ရွင္ေျပာျပႏိုင္မလား”
“အသင့္ပါပဲ..သခင္မ”
“ဒီအခန္းထဲမွာ သိပ္ပူတာပဲ..လူသံသူသံေတြနဲ႔လည္း ဆူညံလိုက္တာ..ကြၽန္မတို႔ အေနာက္ဖက္ ဥယ်ာဥ္ထဲ ေအးေအးေဆးေဆး စကားသြားေျပာၾကမလား”
ဒီဘရစ္တိုက သူ႔ေဘးနားတြင္ ရပ္ေနေသာ လက္ေထာက္ ဒီအာဂိုကို တစ္ခ်က္ၾကည့္လိုက္သည္။
ဒီအာဂိုက ၿပဳံးျပလိုက္၏။
ခဏအၾကာတြင္ ဖိလစ္ဒီဘရစ္တိုႏွင့္ ဒြန္နာလြီဇာ တို႔သည္ နန္းေတာ္ေနာက္ဖက္ ဥယ်ာဥ္၏ လမ္းက်ဥ္းကေလးထဲသို႔ ေရာက္သြားၾကေတာ့သည္။
ေနာက္တစ္ေန႔ ဘုရင္ခံခ်ဳပ္စံအိမ္ေတာ္တြင္ ကပြဲတစ္ခု ထပ္မံက်င္းပမည္ျဖစ္သည္။
ထိုကပြဲမတိုင္မီ ညေနေလးနာရီတြင္ ဒီဘရစ္တို၏ ျမင္းရထားက ဘုရင္ခံခ်ဳပ္ အိမ္ေတာ္ေရွ႕သို႔ ေရာက္လာ၏။
ဒီဘရစ္တိုက စံအိမ္ေတာ္အဝသို႔ ေရာက္ေသာအခါ အိမ္ေတာ္ထိန္းအရာရွိက ေစာင့္ႀကိဳေနသည္။
ေနာက္ဖက္ ဥယ်ာဥ္ေတာ္သို႔ လက္ညႇိးထိုးျပလိုက္သည္။ ၿခဳံပင္ႀကီးမ်ားကိုသာ ျမင္ရသည္။
ဒီဘရစ္တိုက လမ္းကို ဆက္ေလွ်ာက္သြားသည္။
ၿခဳံပင္ႀကီးမ်ား ပတ္လည္ဝိုင္းထားသည့္ ေနာက္မွ ျမက္ခင္းစိမ္းစိမ္းေပၚတြင္ ဒြန္နာလြီဇာတစ္ဦးတည္း ထိုင္ေနသည္။
ထိုေနရာက ၿခဳံပင္မ်ားၾကားထဲမွ သီးျခားကမာၻေလးသို႔ပင္။
သီးျခားကမာၻ၏ မင္းသမီးေလး ဒြန္နာလြီဇာသည္ သူေမြးထားေသာ သာလိကာကေလးႏွင့္ စကားေတြေျပာေနသည္။
ဒီဘရစ္တိုကို ျမင္သည္ႏွင့္ လြီဇာက ျမက္ခင္းေပၚထိုင္ရန္ ျပလိုက္သည္။
“ရွင္ အခ်ိန္ တိက်သားပဲ...ဖိလစ္”
“သခင္မ နဲ႔ ေတြ႕ဖို႔ဆို ကြၽန္ေတာ္မ်ိဳး မေပါ့ဆဝံ့ပါဘူး”
“ကဲ...ထားပါေလ...ကပြဲက စဖို႔ေတာ့ လိုေသးတယ္”
“သခင္မအတြက္ လက္ေဆာင္ပါ”
ဒီဘရစ္တိုက သံလ်င္ဌာနပနာတိုက္တစ္ခုမွ ရရွိလာသည့္ ေ႐ႊသားအတိၿပီးေသာ သူရႆတီနတ္သမီး႐ုပ္ကေလးကို ဒြန္နာလြီဇာထံ ကမ္းေပးလိုက္သည္။
“ဟယ္..လွလိုက္တာေနာ္”
“ကြၽန္ေတာ္မ်ိဳးပိုင္ဆိုင္တဲ့ နယ္ေျမမွာ ဒီလို တန္ဖိုးရွိတဲ့ အလွအပအႏုပညာေတြ ျပည့္ႏွက္ေနပါတယ္”
“ဒါနဲ႔ ပတၱျမားဆိုတာေရာ..အဲ့ဒီဘက္မွာ သိပ္ေပါတယ္ဆို”
“ဟုတ္ပါတယ္..သခင္မ”
“အင္း..ကြၽန္မ စိတ္ကူးယဥ္ဖူးတယ္သိလား..ကြၽန္မကို အေရွ႕တိုင္း အိမ္ေရွ႕မင္းသားတပါးပါးက ပတၱျမားလက္စြပ္ နဲ႔သာ လက္ထပ္ခြင့္ေတာင္းခဲ့ရင္ သိပ္ေပ်ာ္စရာေကာင္းမွာပဲလို႔..”
ဒီဘရစ္တိုက ၿပဳံးေနသည္။
ထို႔ေနာက္ သူ႔လက္သူႂကြယ္တြင္ ဝတ္ဆင္ထားေသာ ပတၱျမားလက္စြပ္ကို ခြၽတ္ကာ လြီဇာ၏ လက္သူႂကြယ္တြင္ အသာစြပ္ေပးလိုက္၏။
“ကြၽန္ေတာ္မ်ိဳးဟာ အေရွ႕တိုင္းရဲ႕ ရွင္ဘုရင္ေလာင္းပါပဲ..သခင္မ”
“ဟင္..ေတာ္လည္းမေတာ္ပဲနဲ႔”
“ဒီတစ္ကြင္းမေတာ္လည္း...အရွင္မအတြက္ဆို ေနာက္ထပ္ ပတၱျမားလက္စြပ္ေတြအမ်ားႀကီး ကြၽန္ေတာ္မ်ိဳး ဆက္သႏိုင္ပါတယ္”
ေဒၚနယ္ လြီဇာ ၿပဳံးေနသည္။
ဒီဘရစ္တို ဆုပ္ကိုင္ထားေသာ သူမလက္ကို မ႐ုန္းမိ။
အေမွာင္သည္ ညေနကို ေခါင္းၿမီးၿခဳံလိုက္ၿပီျဖစ္သည္။
ဧည့္ခံပြဲခန္းမဆီမွ တေယာသံ သဲ့သဲ့ၾကားရၿပီ။ ကပြဲ စေခ်ၿပီ။
သူတို႔ ႏွစ္ဦးလုံး ကပြဲသို႔ ေရာက္မလာ။
သို႔ေသာ္။
ဥယ်ာဥ္ေတာ္ ေမွာင္ရိပ္အတြင္းရွိ ျမက္ခင္းျပင္ေပၚတြင္ေတာ့ တေယာသံႏွင့္အၿပိဳင္ ညင္သာယစ္မူးဖြယ္ ညည္းသံခပ္သဲ့သဲ့ကေလးမ်ား။
အိပ္ေပ်ာ္ခါစ ညေမႊးပန္းကေလးမ်ားပင္ ျဖတ္ခနဲ လန႔္ႏိုးလာခဲ့ၾကသည္။

မိုးစုန္းစုန္းခ်ဳပ္ခဲ့ၿပီ။
ယာယီညအိပ္ နားခိုရာဆင္စခန္းသို႔ ေရာက္သည့္အခါ မီးမ်ားပင္ ဖိုထားႏွင့္ၿပီျဖစ္သည္။
ေအာက္မားဆင္မႈထမ္းမ်ားက လြီဇာႏွင့္ ဂမုန္း တို႔အတြက္ ယာယီတဲကေလးတစ္လုံး စီစဥ္ေပးခဲ့သည္။
ေတာျခင္မ်ားရန္မွ ကင္းေစရန္ မီးရႈိ႕ထားေသာ နႏြင္းတက္အနံ႔မ်ားက ခပ္ပ်ံ႕ပ်ံ႕သင္းေန၏။
“မမက သိပ္လွတာပဲေနာ္....သမီးတို႔ထင္တာက နန္းတြင္းက မင္းသမီးလို႔ေတာင္ ထင္ထားတာ”
“ဂမုန္းလည္း အဲ့ဒီေလာက္လည္း မေျမႇာက္ပါနဲ႔...မမတို႔က ဗရင္ဂ်ီေတြပါ..ဘယ္ကဘယ္လို နန္းတြင္း မင္းသမီးျဖစ္ရမွာလဲ”
“အင္းေနာ္..သမီးတို႔ကိုလည္း အဘက မင္းသမီးေလးေတြ သိပ္ျဖစ္ေစခ်င္တာတဲ့...အဘက နန္းေတာ္ႀကီးက အႀကီးေတာ္ေတြကို ေငြေပးၿပီး သမီး တို႔ကို နန္းတြင္းတတ္အပ္တဲ့ စာေတြ၊ ဓေလ့ေတြ သင္ခိုင္းတယ္... သမီး ကေတာ့ မင္းသမီး မျဖစ္ခ်င္ပါဘူး....အဲ့ဒီ နန္းေတာ္ဆိုၿပီး ေလးဘက္ေလးတန္ကာထားတဲ့ ေနရာႀကီးမွာ မေနခ်င္ဘူးရယ္.. ေဟာ့ဒီလိုေတာႀကီးထဲမွ လြတ္လြတ္လပ္လပ္ေဆာ့ကစားလို႔ရေသးတယ္..မမရဲ႕”
စကားမ်ားမေလး ဂမုန္းက သူ႔ထုံးစံအတိုင္း တြတ္တီးတြတ္တာစကားမ်ားေျပာၿပီး မီးပုံေဘးတြင္ အိပ္ေပ်ာ္သြား၏။
လြီဇာက ဂမုန္းကို မေပြ႕ၿပီး ယာယီတဲေပၚမွ အိပ္ရာတြင္ တင္လိုက္သည္။
ထို႔ေနာက္..အိပ္စက္ရန္ လွဲေလ်ာင္းလိုက္၏။

သံလ်င္တဲ့။
ၿမိဳ႕စားဖိလစ္ဒီဘရစ္တို၏ ဇနီးအသစ္စက္စက္ ပါလာမည္ဆိုသျဖင့္ သံလ်င္ဆိပ္ကမ္းေပၚတြင္ လူအမ်ား စိတ္ဝင္တစားျဖစ္ေနၾကသည္။
အစပိုင္းတြင္ ဒီဘရစ္တိုမွာ ဘုရင္ခံခ်ဳပ္၏ တူမေတာ္ႏွင့္ ျမင္ျမင္ခ်င္း ခ်စ္ႀကိဳးသြယ္မိသည့္အတြက္ ထိတ္လန႔္ေနခဲ့သည္။
ထို႔ျပင္သူ႔တြင္ ပထမအိမ္ေထာင္ႏွင့္ ရရွိခဲ့ေသာ သားႏွစ္ဦးလည္း ရွိေနေသးသည္။
သို႔ေသာ္ ဒြန္နာလြီဇာ က မည္သည့္အေျခအေနမ်ိဳးတြင္ျဖစ္ျဖစ္ ဒီဘရစ္တိုကို လက္ထပ္မည္ဟုသာ ေျဖခဲ့သည္။
ဂိုအာဘုရင္ခံခ်ဳပ္ကလည္း သူတို႔ႏွစ္ဦးကို သေဘာတူခဲ့၏။
သူတို႔သည္ ဂိုအာၿမိဳ႕ရွိ စိန႔္ကက္သရင္းဘုရားေက်ာင္းတြင္ မဂၤလာပြဲကိုက်င္းပခဲ့သည္။
ထိုဇနီးေလးမွာ ဂိုအာဘုရင္ခံခ်ဳပ္၏ တူမျဖစ္သည္ဆိုသည့္အတြက္ သံလ်င္၊ ဟံသာဝတီရွိ ေပၚတူဂီလူဂုဏ္တန္မိသားစုမ်ား၊ အာေမးနီးယန္းကုန္သည္မိသားစုမ်ားမွာ အလုအယက္မိတ္ဆက္ရန္ ျပင္ဆင္ၾကသည္။
ဖိလစ္ဒီဘရစ္တို၏ ငယ္စဥ္ဘဝက မယားတစ္ဦးႏွင့္ ရရွိခဲ့သည့္ မားကို႔စ္ဒီဘရစ္တို ႏွင့္ ဆိုင္မြန္ဒီဘရစ္တိုဆိုသည့္သားႏွစ္ေယာက္လည္း ပါလာခဲ့သည္။
သာသနာျပဳရန္အတြက္ ဗရင္ဂ်ီဘုန္းေတာ္ႀကီး ဖာသာ ပီမန္းတားႏွင့္ ဖာသာေဗာဗစ္တို႔လည္း ဂိုအာဘုရင္ခံက ထည့္ေပးလိုက္သည္။
ဂိုအာဘုရင္ခံ၏တူမေတာ္ဒြန္နာလြီဇာ၏ အေႁခြအရံလွပ်ိဳျဖဴမ်ား၊ ဒီဘရစ္တို၏ သားမ်ား၊ ဂိုအာမွ ထည့္ေပးလိုက္ေသာ လက္ေ႐ြးစင္စစ္သည္မ်ား ပါဝင္သည့္ ျပည္ေတာ္ျပန္ခရီးက ခမ္းခမ္းနားနား။
ဆီရိယန္ ဟု ေခၚေသာ သံလ်င္ၿမိဳ႕။
ပင္လယ္ဝမွ ဟံသာဝတီ၊ မုတၱမ၊ ပုသိမ္စေသာ ဆိပ္ကမ္းၿမိဳ႕ႀကီးမ်ား ထံသို႔ သြားရာလမ္းတြင္ အခြန္အေကာက္ျဖစ္ေသာ ခံတပ္ၿမိဳ႕၊ ႂကြယ္ဝစျပဳလာၿပီျဖစ္ေသာ ဆိပ္ကမ္းၿမိဳ႕။
လြီဇာသည္ သံလ်င္၏ သခင္မ ျဖစ္လာခဲ့ၿပီ။
ပင္လယ္ဝဘက္သို႔ မ်က္ႏွာမူထားၿပီး သာယာေသာ ေတာင္ကုန္းေလးတစ္ခုေပၚတြင္ ၿမိဳ႕စားဒီဘရစ္တိုႏွင့္ ဇနီးသစ္ကေလး လြီဇာတို႔ ၏ အိမ္ေတာ္တည္ရွိသည္။
သားႏွစ္ေယာက္မွာ ၿမိဳ႕တြင္းတြင္ သီးျခားအိမ္ေတာ္မ်ားျဖင့္ ေနၾကသည္။
ရခိုင္ဘုရင့္လက္ေအာက္ခံ သာမန္ေပၚတူဂီသေဘၤာသားေလးဘဝမွ ၿမိဳ႕စားျဖစ္လာသည့္ ဒီဘရစ္တိုသည္ သံလ်င္ကို အေကာင္းဆုံးခံတပ္တစ္ခုျဖစ္ရန္ ျပဳျပင္ေတာ့သည္။
စစ္တပ္ကို စနစ္တက်ျပန္လည္တည္ေဆာက္သည္။
ၿမိဳ႕တြင္းခံတပ္ႏွင့္အေဆာက္အဦမ်ားကို လစၥဘြန္းမွ ဗိသုကာပညာရွင္ ဇြင္သရာရီႏိုး ကို ေခၚယူတည္ေဆာက္သည္။
ဆိပ္ကမ္းပတ္ခ်ာလည္တြင္ အေျမာက္ အလက္ ၆၀ တပ္ဆင္လိုက္သည္။
ဒီဘရစ္တိုသည္ သန္လ်င္ႏွင့္ ဒဂုံရွိ ဘုရားမ်ားမွ ေခါင္းေလာင္းမ်ား၊ ေၾကးဆင္းတုေတာ္မ်ားကို အရည္ႀကိဳကာ အေျမာက္ဆံမ်ား ျပဳလုပ္သည္။
ဒြန္နာလြီဇာအတြက္လည္း ဘုရားဌာပနာမ်ားထဲမွ လက္ဝတ္ရတနာအမ်ားအျပားကို လက္ေဆာင္ေပးခဲ့သည္။
ဟံသာဝတီနန္းတြင္းရွိ မြန္တိုင္းရင္းသားအမတ္မ်ား၊ စစ္ကဲမ်ားကိုလည္း တံဆိုးလက္ေဆာင္မ်ားေပးကာ စည္း႐ုံးသိမ္းသြင္းသည္။
ထိုစဥ္က ဟံသာဝတီကို ေတာင္ငူမွလွမ္းအုပ္ခ်ဳပ္ရသည္။
ဘုရင္ေနာင္လက္ထက္က မြန္အမတ္မ်ားႏွင့္အတူ ဟံသာဝတီတြင္ အမႈထမ္းခဲ့ဖူးသည့္ ဗိုလ္မႉးဆာေဗးဒိုးက ဒီဘရစ္တိုဘကၼွေနၿပီး မြန္အမတ္မ်ားစြာကို စည္း႐ုံးေပးခဲ့သည္။
သံလ်င္သည္ ေရွးေဟာင္းၿမိဳ႕တစ္ခုမွ ေခတ္မီဆိပ္ကမ္းၿမိဳ႕ျပတစ္ခု အျဖစ္ တမုဟုတ္ခ်င္း ေျပာင္းလဲခဲ့၏။
သို႔ေသာ္...ေဒသခံ မြန္လူမ်ိဳးတို႔မွာမူ မိမိတို႔၏ ဘုရားေစတီမ်ားဖ်က္ဆီးခံရမႈ၊ အထူးသျဖင့္ က်ိဳက္ေခါက္ေစတီေတာ္ေပၚတြင္ စစ္တန္းလ်ားမ်ားေဆာက္လုပ္မႈ၊ ဗုဒၶဘာသာဆိုင္ရာအခမ္းအနားတို႔ကို တရားဝင္က်င္းပခြင့္ မျပဳျခင္းတို႔အေပၚ ခါးခါးသီးသီး နာၾကဥ္းၾကသည္။
တခ်ိန္တည္းတြင္ပင္ အထၾကၼန္မာႏိုင္ငံတြင္ ဘုရင့္ေနာင္၏ သားေတာ္တစ္ပါးျဖစ္ေသာ ေညာင္ရမ္းၿမိဳ႕စားက ထီးေဆာင္းမင္းတစ္ပါးအျဖစ္ေၾကညာကာ ေညာင္ရမ္းမင္းဆက္ကို စတင္ထူေထာင္လိုက္ေတာ့သည္။
ေအာၾကၼန္မာႏိုင္ငံတြင္လည္း ဒီဘရစ္တိုက သူ၏ သားငယ္ ဆိုင္မြန္ဒီဘရစ္တို ကို မုတၱမၿမိဳ႕စား ဗညားဒလ ၏ သမီးႏွင့္ လက္ထပ္ထိမ္းျမားေပးကာ ေအာၾကၼန္မာျပည္အင္အားကို စုစည္းလိုက္သည္။
မုတၱမစားမွာ အယုဒၶယဘုရင္ ျဗနရာဇ္ေခၚ ဖရားနေရ႕ဆူဝမ္ ၏ မဟာမိတ္ျဖစ္သျဖင့္ ဒီဘရစ္တိုမွာ အယုဒၶယႏွင့္ပါ မဟာမိတ္ဖြဲ႕ၿပီးသည့္အေျခအေနျဖစ္သြား၏။
ေတာင္ငူႏွင့္ ရခိုင္ပူးေပါင္းကာ သံလ်င္ကို တိုက္ခိုက္ေသာ္လည္း ရခိုင္အိမ္ေရွ႕မင္းသားကို ဒီဘရစ္တိုက ဖမ္းမိသြားသျဖင့္ ရခိုင္ဘုရင္မင္းရာဇာႀကီးႏွင့္ ေတာင္ငူဘုရင္နတ္သွ်င္ေနာင္တို႔က စတင္ၿပီး ေစ့စပ္ေျပၿငိမ္းရသည့္ အဆင့္ျဖစ္သြားသည္။
ေပၚတူဂီေရတပ္သည္လည္း အေရွ႕ေတာင္အာရွတြင္ နာမည္ေက်ာ္မ်ားျဖစ္ေသာ ရခိုင္ေရတပ္ႏွင့္ ေတာင္ငူၾကည္းတပ္တို႔၏ ပူးေပါင္းစစ္ေၾကာင္းကို ခုခံႏိုင္ခဲ့သျဖင့္ အေတာ္ပင္ နာမည္ႀကီးသြားခဲ့သည္။
ပုသိမ္ဆိပ္ကမ္းႏွင့္ မုတၱမဆိပ္ကမ္းတို႔ကိုပါ ဒီဘရစ္တိုက သိမ္းပိုက္ႏိုင္ခဲ့သျဖင့္ အထက္ပိုင္းသည္ ကုန္းတြင္းပိတ္ျဖစ္ခဲ့ေတာ့သည္။
ဖိလစ္ဒီဘရစ္တို၏ မာနသည္လည္း အဆုံးစြန္းေထာင္လႊားျခင္းသို႔ ေရာက္လာေတာ့၏။
မၾကာမီ အထက္ဘက္တြင္လည္း ေညာင္ရမ္းမင္း၏ သားေတာ္ ဓမၼရာဇာ (ေခၚ) အေနာက္ဘက္လြန္မင္း နန္းတက္လာသည္။
အထက္ဘက္ရွိ အင္းဝႏိုင္ငံသားတို႔မွာ ဆိပ္ကမ္းမ်ားကို ဒီဘရစ္တိုက သိမ္းပိုက္ထားသျဖင့္ အထည္အလိပ္မ်ား၊ ကုန္စည္မ်ားကို ေစ်းႀကီးေပးဝယ္ယူၾကရသည္။
ဆားခ်က္ရန္ပင္ ခက္ခဲသျဖင့္ ဟံသာဝတီအနီးတြင္ တပ္အင္အားမ်ား ခ်ကာ ဆားခ်က္ၾကရသည္။
ထို႔ေၾကာင့္ အေနာက္ဖက္လြန္မင္းက ဆိပ္ကမ္းထြက္ေပါက္မ်ားကို ျပန္သိမ္းရန္ ေတာင္ဘက္သို႔ စစ္အင္အား ျဖန႔္က်က္လာေတာ့သည္။
အေနာက္ဖက္လြန္မင္း၏ ညီဝမ္းကြဲေတာ္စပ္သူ ေတာင္ငူဘုရင္နတ္သွ်င္ေနာင္ပင္လွ်င္ ဒီဘရစ္တိုႏွင့္ မဟာမိတ္ျပဳကာ ခိုလႈံလာ၏။
ဒီဘရစ္တို၏ ေနာက္ဆုံးေန႔ရက္မ်ားသို႔ ေရာက္ရွိလာသည္ ႏွင့္အတူ ဒြန္နာလြီဇာ ၏ ခရီးၾကမ္းအစ ကလည္း တစစ နီးကပ္လာၿပီျဖစ္သည္။

၁၆၁၂ ဒီဇင္ဘာ ၂၅။
ခရစၥမတ္ေန႔။
သန္လ်င္ၿမိဳ႕႐ိုးေပၚတြင္ ရပ္ေနေသာ ဒီဘရစ္တိုက မွန္ေျပာင္းကို နေဘးရွိ နတ္သွ်င္ေနာင္ထံ ကမ္းေပးလိုက္သည္။
ၿမိဳ႕႐ိုးပတ္ခ်ာလည္တြင္ အင္အားတစ္သိန္းႏွစ္ေသာင္းရွိေသာ အင္းဝလက္ေအာက္ခံ ဗမာတပ္မ်ား ၊ ရွမ္းေစာ္ဘြားတပ္မ်ားက ေဖြးေဖြးလႈပ္ေနသည္။
ၿမိဳ႕႐ိုးႏွင့္ မနီးမေဝး ေတာင္ကုန္းျမင့္မ်ားေပၚတြင္ အင္းဝတပ္ေလာက္ေအာက္ခံ မြတ္ဆလင္ေသနတ္ကိုင္ေၾကးစားစစ္သည္ ေလးေထာင္က ပစ္ခတ္ရန္အသင့္ရွိေနၾက၏။
နတ္သွ်င္ေနာင္က သက္ျပင္းခ်လိုက္ၿပီး ျမစ္ဝဘက္ဆီသို႔ မွန္ေျပာင္းကိုလွည့္လိုက္သည္။
ျမစ္ဝတြင္လည္း အင္းဝေရတပ္၏ သေဘၤာအစင္း (၄၀၀) က သန္လ်င္ကို တိုက္ခိုက္ရန္ အသင့္ျဖစ္ေနၾကၿပီျဖစ္သည္။
မလွမ္းမကမ္းၿမိဳ႕႐ိုးေပၚတြင္ ထီးကိုေဆာင္းလ်က္ သူတို႔ဆီေလွ်ာက္လာေသာ ဒြန္နာလြီဇာကို ဒီဘရစ္တိုျမင္လိုက္ရသည္။
ေလထဲတြင္ လြီဇာ၏ ဂါဝန္တို႔က တျဖတ္ျဖတ္လြင့္လ်က္။
လြီဇာက ေလတိုးေသာ ထီးကိုတဖက္ကထိန္းရင္း လြင့္ေနေသာ ဂါဝန္ကို ဖိခ်ကာ ကပိုက႐ိုျဖစ္ေနပုံက စြဲေဆာင္မႈရွိေန၏။
နတ္သွ်င္ေနာင္ပင္ ထိုျမင္ကြင္းကို တဒဂၤေငးေမာသြားသည္။
“ဖိလစ္....ဟိုးက ကြင္းျပင္အဆုံးကို မွန္ေျပာင္းနဲ႔ ၾကည့္လိုက္စမ္းပါ”
လြီဇာစကားေၾကာင့္ ဖိလစ္ဒီဘရစ္တိုက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဘာျဖစ္လို႔လဲ..လြီဇာ”
“ေ႐ႊေရာင္လက္ခနဲ လက္ခနဲကို ကြၽန္မျမင္လိုက္ရတယ္....အင္းဝဘုရင္ရဲ႕ ေ႐ႊထီးကျဖစ္မယ္ထင္တယ္..သူ အဲ့ဒီမွာပဲ”
လြီဇာက ဗမာဘာသာစကားျဖင့္ ပီပီသသေျပာလိုက္၏။
သူသည္ သန္လ်င္သို႔ေရာက္သည့္ႏွစ္မ်ားအတြင္း ဖိလစ္ဒီဘရစ္တိုနည္းတူ ဗမာစကားႏွင့္ မြန္စကားမ်ားကို ကြၽမ္းက်င္စြာတတ္ေျမာက္ခဲ့ၿပီျဖစ္သည္။
ဒီဘရစ္တိုက လြီဇာ ၫႊန္ျပရာသို႔ ၾကည့္လိုက္သည္။
နတ္သွ်င္ေနာင္ကလည္း မွန္ေျပာင္းျဖင့္ ေသခ်ာၾကည့္လိုက္၏။
“ဟုတ္တယ္..အဲ့ဒါ ေနာင္ေတာ္အင္းဝမင္း ပဲ..သူကိုယ္တိုင္ တိုက္ပြဲကို ကြပ္ကဲဖို႔ ေရာက္လာေနၿပီ”
“ဘာလုပ္ေနတာလဲ..အဲ့ဒီေနရာကို အေျမႇာက္ေတြနဲ႔ ပစ္ခိုင္းေတာ့ေလ”
လြီဇာက အေျမႇာက္စစ္သည္မ်ားႏွင့္ ေမးေငါ့ရင္း ေျပာလိုက္သည္။
“လြီဇာ...ေနာက္ကို.ၿမိဳ႕႐ိုးေပၚတက္မလာပါနဲ႔..အႏၲရာယ္ရွိတယ္..မၾကာခင္ရက္ပိုင္းမွာ တိုက္ပြဲက အႀကီးအက်ယ္ျဖစ္ေတာ့မွာ..အိမ္ေတာ္ကိုျပန္..ည နာတာလူးညစာစားပြဲအတြက္ အေစခံေတြနဲ႔ ျပင္ဆင္စရာရွိတာ ျပင္ဆင္ထားပါ”
ဒြန္နာလြီဇာ က ဒီဘရစ္တို၏ ပုခုံးကိုေက်ာ္လ်က္ ၿမိဳ႕႐ိုးအေရွ႕ဘက္ကြင္းဆီမွ ရန္သူ႔တပ္မ်ားဆီ သာေငးေနသည္။
“လြီဇာ..ေသခ်ာနားေထာင္ပါ..ဒီပြဲက လခ်ီၿပီး ၾကာလိမ့္မယ္..တကယ္လို႔ ဂိုအာက စစ္ကူေတြ အျမန္ဆုံးေရာက္လာရင္ေတာ့ ပြဲျမန္ျမန္ျပတ္လိမ့္မယ္..သူတို႔ေနာက္က်ေနရင္ေတာ့..ဘာမွ မေသခ်ာေတာ့ဘူး...ငါကေတာ့ ဒီၿမိဳ႕နဲ႔အတူ ေနာက္ဆုံးအခ်ိန္ထိ က်န္ေနရစ္ခဲ့မွာပါ.....မင္း..အတြက္ သေဘၤာတစ္စင္းနဲ႔ ကိုယ္ရံေတာ္တိုက္သေဘၤာႏွစ္စင္းကို အခုကတည္းက အသင့္စီစဥ္ထားတယ္....သံလ်င္ အေျခအေနမေကာင္းတာနဲ႔ မင္းရေအာင္ေဖာက္ထြက္ၿပီး ဂိုအာကို ေရာက္ေအာင္ ျပန္ပါ...ၾကားလား”
ဒြန္နာလြီဇာ ေခါင္းမညိတ္ပါ။ ထို႔အတူ ေခါင္းလည္းမခါပါ။
ဒီဘရစ္တို က ဒြန္နာလြီဇာ၏ ပုခုံးကို ဖက္ကာ ၿမိဳ႕႐ိုးေပၚမွ ဆင္းခိုင္းလိုက္သည္။
ခဏအၾကာတြင္ ၿမိဳ႕႐ိုးေပၚမွ အေျမႇာက္သံမ်ား ဆူညံစြာ ထြက္ေပၚလာေတာ့၏။
“ေဖာင္း..ေဖာင္း..ေဖာင္း..ေဖာင္း”

ဆူဆူညံညံ အသံမ်ားေၾကာင့္ လြီဇာ လန႔္ႏိုးလာေတာ့သည္။
မည္သည့္အခ်ိန္ထဲက ႏိုးေနသည္မသိေသာ ဂမုန္းက လြီဇာ၏ အလန႔္တၾကားပုံစံကို ၾကည့္ကာ ရယ္ေမာေနသည္။
“ဘာျဖစ္တာလဲ..ဂမုန္း..ဘာျဖစ္တာလဲ”
“ဒီမွာပါလာတဲ့ ဆင္မေတြ အနံ႔ေၾကာင့္ထင္တယ္...ေတာဆင္႐ိုင္းတစ္ေကာင္ အနားကပ္လာလို႔....အဘတို႔ ဝါးဆစ္ေတြကို မီးရႈိ႕ၿပီး ေျခာက္တာပါ....မမ...ျပန္အိပ္..ျပန္အိပ္..သမီးတို႔ကေတာ့ အဘနဲ႔ ဆင္ေက်ာ့လိုက္ေနက်ဆိုေတာ့ ဒီအသံေတြ ႐ိုးေနၿပီ”
ဂမုန္းက ေစာင္ကို ၿခဳံၿပီး တစ္ဖက္သို႔ လွည့္သြားသည္။
လြီဇာ အိပ္မေပ်ာ္ေတာ့။ မၾကာမီ သူမ၏ ဘိုးေဘး စစ္သူႀကီးဒိုအိုဂိုဒီမဲလိုး ေအာင္ပြဲမ်ားခံယူခဲ့ရာ ဟံသာဝတီေျမသို႔ ေရာက္ရေတာ့မည္။
ထိုမွတဆင့္ သူမႏွင့္ နာမည္တူ သခင္မဒြန္နာလြီဇာ ၏ အတိတ္ေျခရာမ်ားရွိရာ သန္လ်င္သို႔။
ခက္ေဇာ္

Done🐬
ReplyDeleteThanks you , fighting clickers.
ReplyDeleteDone 🤍
ReplyDeleteFighting clicker
ReplyDeleteDone 💪
ReplyDeleteGood
ReplyDeleteDone
ReplyDeleteGood
ReplyDeletedone
ReplyDelete