AVA 1740s (အခန်း ၂၉)
AVA 1740s
အခန်း(၂၉)
...............................................
“ကလေးမ...ကလေးမ”
နားလဲ က သမိန်စက္ကရူ၏ အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
“မင်း...ကိုယ်ဝန်ပျက်ကျသွားပြီ”
နားလဲ ထံမှ မည်သည့် အသံမှထွက်မလာ။
“သမားတော်က ပြောတယ်.... မင်း ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးတစ်ခု တိုက်ခံလိုက်ရတယ်တဲ့”
နားလဲ အံကိုသာ ကြိတ်ထားလိုက်သည်။
မျက်လုံးထဲတွင် သူ၏ တဲထဲသို့ ဝင်လာကာ အားဆေးလာတိုက်သည့် သမားတော်ကြီးနှင့် အပြင်တွင် ရပ်ကာစောင့်ကြည့်နေသော ဝေါစီးအမတ် မဟာသျှန်သီ တို့ကို မြင်ယောင်လာ၏။
“အခု ကျွန်မကို သတ်ကြမှာလား..သတ်ကြတော့လေ”
သမိန်စက္ကရူက သက်ပြင်းချလိုက်သည်။
“သမီး..စိတ်သိပ်မလှုပ်ရှားပါနဲ့...ငါတို့ မင်းကို ဘာမှမလုပ်ပါဘူး..ငါတို့မင်းကို ကယ်တင်ချင်ပါတယ်..ဒါပေမယ့်..ငါတို့က စစ်လိုက်တိုက်ရဉီးမယ်...ပြီးတော့ဒီနေရာက စစ်မြေပြင်ပဲ..နောက်မှာလည်း ငါတို့တပ်တွေ လိုက်လာကြဉီးမှာ..နောက်တပ်မှူးတွေက မင်းကို မသင်္ကာရင် မင်းတခုခုဖြစ်သွားနိုင်တယ်.ဟိုမှာ မင်းအတွက် မြင်းတစ်စီးနဲ့ ရိက္ခာခြောက်တွေ၊ ဂင်ဇာငွေနည်းနည်း စီစဉ်ပေးထားတယ်.. ဒီကနေ မင်း လာခဲ့တဲ့နေရာဆီကို ရအောင်ပြန်တော့”
ခဏအကြာတွင် မွန်သမားတော်တစ်ဉီးရောက်လာသည်။
သမိန်းစက္ကရူလက်ထဲသို့ ဖက်ဖြင့် ထုတ်ထားသည့်အရာတစ်ခုကို ပေးလိုက်၏။
“ရော့..ဒါကြိတ်မှန်ရွက်ကို ထန်းလျက်၊ရှောက်သီးတွေနဲ့ ရောကြိုထားတဲ့ ကြိတ်မှန်ယိုပဲ...မင်းဝေဒနာတွေအတွက် အကောင်းဆုံးဆေး..ကဲ..ငါတို့ သွားတော့မယ်..ရဲမက်တွေ..သူ့ကို မြင်းပေါ်တင်ပေးလိုက်ကြပါ”
ရဲမက်နှစ်ဉီးက နားလဲ ကို မြင်းပေါ်တင်ရန် တွဲထူလိုက်ကြ၏။
“ဟို...ဟို...ဉီးကြီး”
သမိန်စက္ကရူက ပြန်လှည့်လာ၏။
“ဘာပြောမလို့လဲ..ကလေးမ”
“ကျွန်မ ကလေးလေးရော”
သမိန်စက္ကရူက စခန်း၏ ထောင့်ဘက်တစ်နေရာသို့ မေးငေါ့ပြလိုက်သည်။
မီးခိုးငွေ့ငွေ့ထွက်နေသေးသော ပြာပုံလေးတစ်ပုံ။
“လ နုသေးလို့ မင်းခံသာသွားတာ...အဆိုးထဲက အကောင်းလို့ပဲမှတ်ပါ..သမီး”
သမိန်စက္ကရူက သက်ပြင်းချကာ ကျောခိုင်းထွက်ခွာသွားသည်။
မြင်းကျောကုန်းပေါ်တွင် ကောက်ရိုးများဖြင့်သီထားသော ကုန်းနှီးထူထူကို ခင်းထား၏။
နားလဲမှာ နာနာကြင်ကြင်ဖြင့်ပင် ခွထိုင်လိုက်သည်။
ရာမညတပ်ကြီးမှာ ရှေ့သို့ တရွေ့ရွေ့ဆက်လက်ထွက်ခွာကြပြီဖြစ်သည်။
နားလဲ မှာ သူတို့နှင့် ဆန့်ကျင်ဘက်အရပ်သို့။
တရွေ့ရွေ့။
တရွေ့ရွေ့။
“ဟိတ်..ရပ်စမ်း”
မည်သည့်အရပ်သို့ပင် ရောက်ပေါက်မှန်းမသိ။
နေပူပူတွင် နွမ်းလျနေသော နားလဲ။
သူ့ရှေ့တွင် ဝိုင်းထားသော လူအုပ်စုတစ်စု။ ဝါးချွန်များကိုယ်စီဖြင့်။
“မြင်းပေါ်က ဆင်း”
သူတို့ အသံများက ပဲ့တင်ထပ်နေသည်။ နားလဲ ခေါင်းများ မူးဝေနေ၏။
ကြိတ်မှန်ရွက်ယိုထုတ်ကလေးကို လက်တွင် ကိုင်ထားသည်။
ဝါးချွန်တစ်ချောင်းက နားလဲ၏ လည်မြိုကို ထောက်လိုက်သည်။
“ခဏနေကြဉီးဟေ့”
အနောက်ဘက်မှ အသံထွက်လာသည်။ ဝါးချွန်များက နားလဲ လည်မြိုမှ ပြန်လည်ဆုတ်ုခွာသွားကြ၏။
ယင်းမာခေါက်ဆိုးထားသည့် သင်္ကန်းကို ခေါင်းမြီးခြုံကာ မျက်နှာအုပ်ထားသည့် လူတစ်ဉီး။
“ခင်ဗျား...အင်းဝအနောက်ထောင်က လွတ်သွားတဲ့ နားလဲ မဟုတ်လား”
ထိုသူက ခေါင်းတွင် အုပ်ထားသော သင်္ကန်းကို ဆွဲခွာလိုက်သည်။
“ကျုပ်ကို မှတ်မိလား”
ကတုံးပြောင်ပြောင်နှင့် မျက်နှာကြီးက ရုပ်ဆိုးအကျဉ်းတန်လွန်းလှသည်။ ကျောက်ပေါက်အရာ ချိုင့်ခွက်များက မျက်နှာတစ်ခုလုံး အပြည့်။
“ကျုပ်...ပါးကွက်သား ငလှေးပဲ....ဒကာမ”
ထိုအခါမှ နားလဲက မျက်လုံးကို ပြူးကာ သေချာကြည့်သည်။
ကျောက်ပေါက်အမာရွတ်များက ငလှေး နဖူးမှ နွားခိုး ဆိုသည့် စာတမ်းကို ပျက်စေခဲ့ပြီဖြစ်သည်။
သို့သော် ငလှေး ၏ ရုပ်မှာမူ ကျောက်ပေါက်မာအပြည့်ဖြင့် အကျဉ်းတန်သွားခဲ့ပြီ။ ကြောက်မက်ဖွယ်ဖြစ်သွားခဲ့ပေပြီ။
“ခင်ဗျား..နေမကောင်းလာဘူးနဲ့..တူတယ်”
“ဟုတ်တယ်..ကျွန်မ ကိုယ်ဝန်ပျက်ကျလာတာ”
“ဟေ့...ဒကာတို့ သူ့ကို မြင်းပေါ်က ဆင်းနိုင်အောင် လုပ်ပေးလိုက်ကြ”
နားလဲအား ဝိုင်းရံနေသည့် လူတစ်စုက မြင်းပေါ်မှ တွဲချပေးလိုက်ကြသည်။
“ဟို သစ်ပင်ရိပ်အောက်မှာ စကားပြောကြတာပေါ့”
ငလှေး တဖြစ်လဲ ဘုန်းကြီးက သစ်ပင်အောက်တွင် သူ၏ အခင်းလေးကို ခင်းကာ ထိုင်လိုက်သည်။
“ခင်ဗျား သက်သာသလိုထိုင်ပါ..ကျုပ်က အခြေအနေအရ သင်္ကန်းစည်းထားရတာ”
နားလဲက သစ်ရိပ်အောက်တွင် ထိုင်ချလိုက်သည်။
“ဘယ်လိုဖြစ်လာတာလဲဗျာ..ခင်ဗျားက လွီဇာ နဲ့ အတူ ရှိနေတာမဟုတ်ဘူးလား”
“မဟုတ်ဘူး...ငါ..ကသည်းတွေလက်ထဲ ရောက်သွားတာ”
“ဟူး..ကျုပ်က ခင်ဗျားကို တွေ့တော့ပျော်သွားတာ..ကျုပ်မိန်းမ မယ်ဖူးက လွီဇာနဲ့ ပါသွားတာတဲ့...သူ့အကြောင်းသိရတော့မယ်ထင်တယ်”
“ငါ ကသည်းတွေ လက်ထဲမှာ တစ်နှစ်ကျော်ကြာတယ်..အခုလည်း သူတို့ တပ်ဆုတ်တော့ ငါ့ကို ထားသွားခဲ့ကြတာ”
“ခင်ဗျားကို အင်းဝအနောက်ထောင်မှာ လူနှစ်ယောက်လာရှာသေးတယ်...ကျုပ်က လွီဇာ ဆီ ပါသွားတယ်လို့ ပြောလိုက်တယ်”
“ဟုတ်လား..ဘယ်သူတွေလဲ”
“ဘယ်သူတွေလဲလို့တော့ သေချာမသိဘူး..ခင်ဗျားလွတ်သွားတာသိတော့ အတော်ဝမ်းသာသွားကြပုံပဲ”
“နင့် ကျေးဇူးတွေပါ..ငလှေး”
“ကျုပ်ကျေးဇူးမဟုတ်ဘူး..လွီဇာကျေးဇူးဗျ”
“နင်က အခု ဘုန်းကြီးဖြစ်နေပြီလား”
“အင်းဝမှာ ကျောက်ကြီးပေါက်ကြတော့ ကျုပ်ကိုလည်း သေလူဆိုပြီး သူတို့က ဇရပ်ပေါ်စွန့်ပစ်ထားခဲ့ကြတယ်..ကျုပ်လည်း ခင်ဗျားကိုလာရှာတဲ့ သူတွေ ပေးခဲ့တဲ့ ငွေစ နဲ့ မြို့ပြင်ကို ရအောင်ထွက်တယ်...နောက်တော့ အင်းဝအနောက်ဘက်က ပဲကြီးခင်းအရပ်မှာ ဟိန်ဘုန်းကြီး ဆိုတဲ့ ကျုပ်ဆရာနဲ့ တွေ့တာပဲ...သူက ကျုပ်ကို ကုသပေးပြီး ကျွေးမွေးခဲ့တာ..အခုကျုပ်က ဘုန်းကြီး လူယုံကိုရင်ကြီးပေါ့”
“နင်တို့က အခု ဘာလာလုပ်ကြတာလဲ”
“ကျောင်းအတွက် အလှူခံထွက်လာကြတာလေ”
“ဟင်..နင်တို့ အလှူခံကလဲ”
ငလှေးက ခပ်ထေ့ထေ့ပြုံးလိုက်ပြီး ပတ်ထားသည့် သင်္ကန်းကို ငုံ့ကြည့်လိုက်သည်။
“ကျုပ်ဆရာ ဘုန်းကြီးက ပြောဖူးတယ်...ဟော့ဒီလို ခေတ်ပျက်ကြီးထဲမှာ မကောင်းမှုကို ဖုန်းကွယ်ဖို့ဆိုတာ သစ်ခေါက်ဆိုးအဝတ်စလေးပတ်ပြီး ကတုံးတုံးလိုက်ရုံပါပဲတဲ့... အခုလည်း ကျုပ်တို့က သူတော်စင်တွေပါ...ဒီလမ်းက လာသမျှလူရဲ့ လည်မြိုကို ဝါးချွန်လေးနဲ့ ထောက်..မမြဲခြင်းတရားကို ပြပြီး အလှူခံစားနေတဲ့ သူတော်စင် နဲ့ သူ့ဒကာတွေပေါ့”
“ငါ့မှာတော့...ဘာမှ မပါဘူး...မွန်တပ်တွေပေးသွားတဲ့ ဂင်ဇာနည်းနည်းနဲ့ ထမင်းခြောက်တွေပဲပါတယ်..ပြီးတော့မီးနေသွေးတွေ စွန်းနေတဲ့ မြင်းတစ်ကောင်ပဲပါတယ်”
“ခင်ဗျားကို ကျုပ်ဓါးပြမတိုက်ပါဘူး...ကျုပ်ကိုယ်တိုင် ခင်ဗျားအသက်ကို လွှတ်ပေးခဲ့ဖူးတာပဲ..အခုလည်း....ခင်ဗျားသွားချင်တဲ့နေရာကို သေချာလမ်းညွှန်ပေးပါ့မယ်”
“ငါ မတ္တရာကို ပြန်ချင်တယ်..ရွာပြန်ချင်တယ်”
“ခင်ဗျားအကို ဂုဏ္ဏအိန်တို့ ဆီလား”
“နင် သူ့ကို သိလို့လား”
“သူလည်း အခု ဝတ်ဖြူစင်ကြယ်နဲ့ ခေါင်းဆောင်ကြီး ဂုဏ္ဏအိမ်ဖြစ်နေပြီ ဖြစ်နေပြီ....ကျုပ်တို့အဖွဲ့အချင်းချင်း ချိတ်ဆက်ထားကြတယ်”
နားလဲ၏ မျက်နှာကလေး ဝင်းလက်သွားသည်။
“ခင်ဗျားကို သူ့ဆီ ရောက်အောင် ကျုပ်တာဝန်ယူပါတယ်..နားလဲ”
..............................................................................
အရှေ့ဘက်တွင် ချီတက်သွားသော သမိန်စက္ကရူ၏ ရာမညတပ်များသည် သံပေါက်ချောင်းရိုးတစ်နေရာတွင် ဂါရစ်နာဝဇ်၏ တပ်များနှင့် ထိပ်တိုက်တွေ့ကြတော့သည်။
အနီးကပ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြသည်။ ထိုအချိန်တွင် နောက်ချန်ကျန်ရစ်သော ဆန်ဂျေးခူရာလက်ပ၏ တပ်များမှာ အနောက်ဘက်မှ ပတ်ကာ သမိန်စက္ကရူ၏ တပ်ကို ဝင်တိုက်ကြသည်။
ရာမညတပ်မှာ ရှေ့တန်းတွင် အနည်းငယ်သာထားပြီး အနောက်ဘက်မှ ဝင်လာသည့် ဆန်ဂျေး၏ တပ်ကို ခုခံ တိုက်ရပြန်သည်။
ရာမညတပ်များမှာ ကသည်းတပ်တို့၏ နှစ်ဖက်ညပ်တိုက်မှုကို အသည်းအသန်ခုခံကြရသည်။
တိုက်ပွဲတွင် မွန်စစ်သူကြီး သမိန်စက္ကရူ၊ စစ်ကဲ စက္ကရူ နှင့် ပိုက်မဟာတို့ကျဆုံးသည်။ ကသည်းတပ်များဘက်မှ စစ်သူကြီးစန္နယော် ကျဆုံးသည်။
ရာမညတပ်များအားပျော့သွားချိန်တွင် ဂါရစ်နာဝဇ်၏ တပ်မှာ လာရာလမ်းအတိုင်း ဖြန့်ခွဲထွက်ပြီး အနောက်တွင် ချီတက်လာသည့် ကိုးသိန်းသခင်မင်းခေါင်၏ တပ်ကို အလစ်ဝင်တိုက်ပြန်သည်။
ရှေ့မှ ရာမညတပ်နှင့် ဆန်ဂျေးတို့ တိုက်ပွဲဆီသာ ဉီးတည်အာရုံစိုက်ကာ ချီတက်နေသော ကိုးသိန်းသခင်၏ တပ်များမှာ ရုတ်တရက် အနောက်ဘက်မှ ကသည်းတပ်များဝင်လာသည်ကို ခံလိုက်ရသည်။
စစ်သည်များစုစည်းမရတော့ပဲ..တပ်ပျက်ကာ ကိုးသိန်းသခင်သည် ဒီပဲရင်းသို့ ပြန်လည်ဆုတ်ခွာလာရတော့၏။
(မှတ်ချက် မနေ့က အခန်း(၁၈)မှာ ကျွန်တော်ရဲ့ လေ့လာမှုအားနည်းချက်နဲ့ အယူအဆအလွဲကြောင့် ကိုးသိန်းသခင်မင်းခေါင် နှင့် မင်းသားရာဇဝင်ကို တစ်ဉီးစီပုံစံ ရေးခဲ့မိပါတယ်။ တကယ်က တစ်ယောက်တည်းပါပဲ။ မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်ကို မင်းရဲကျော်ခေါင်၊ ကိုးသိန်းသခင်မင်းခေါင်၊ ဘုရင်မင်းခေါင်၊ ဘုရင့်နောင်၊ တောင်ငူရာဇာ စတဲ့ ဘွဲ့ပေါင်း ငါးခုထက်မနည်း ပေးခဲ့တဲ့အတွက် သမိုင်းစာအုပ်တွေထဲ ရောထွေးသွားရခြင်းဖြစ်ပါတယ်ဗျ။ အဲ့ဒီနေ့က ကွန်မန့်မှာ လာရောက်ထောက်ပြတဲ့ အကိုတစ်ယောက်ကို ငြင်းခုန်မိခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်)
အင်းဝတပ်များ ဆုံးရှုံးသည့် သတင်းကို ကြားလျှင် မဟာဓမ္မရာဇာဓိပတိသည် အလွန် တုန်လှုပ်သွား၏။
စစ်ဉီးစီးဖြစ်သည့် ကိုးသိန်းသခင်မင်းခေါင်ကိုလည်း ဒေါသထွက်ပြီး အင်းဝသို့ ပြန်မဝင်လာရန် အမိန့်ထုတ်လိုက်သည်။
ထို့ကြောင့် ကိုးသိန်းသခင်ဉီးစီးသည့် အင်းဝစစ်တပ်ကြီးမှာ ၁၇၃၉ ခုနှစ်အထိ ဒီပဲရင်းတွင်ပင် တပ်ချကာ နေခဲ့ရသည်။
..................................................................................................................
“အင်းဝရဲ့ အခု စစ်ပွဲအခြေအနေကို မင်း ကြားပြီးပြီ မဟုတ်လား”
ဘရူနို ၏ အမေးကို လွီဇာက ခေါင်းညိတ်ပြလိုက်သည်။
“ဟံသာဝတီမြို့ဝန် ဉီးသာအောင် ကို မင်း ဘယ်လိုမြင်လဲ လွီဇာ”
လွီဇာက ခေါင်းခါလိုက်သည်။
“ကျွန်မ သူ့အကြောင်းသိပ်မသိဘူး”
ဘရူနို က သူ့ပါးပြင်မှာ အမာရွတ်ကြီး တွန့်တက်သွားသည်အထိ ပြုံးလိုက်သည်။
“ပြင်သစ်သင်္ဘောတွေက အရက်စည်တွေ၊ ပုလင်းအကောင်းစားတွေအများကြီး သယ်လာပေးနိုင်တယ်။ သူတို့တွေ အမြတ်ရာခိုင်နှုန်းအားလုံးကို ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီကချုပ်ကိုင်ထားတာ။ ကုမ္ပဏီရဲ့ လက်ထဲမှာ ကိုယ်စားလှယ်တွေကို ရာခိုင်နှုန်းအလိုက် ပေးပိုင်ခွင့်တွေရှိတယ်..လွီဇာ။ မင်း အဲ့ဒါတော့ စိတ်ဝင်စားမှာပါ”
လွီဇာက ပြုံးလိုက်သည်။
“ဒါကတော့ ကျွန်မ အလုပ်ပဲ”
“ဒါဆို ငါဆက်ပြောမယ်....လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ဘုရင်ခံဒူပလေ က သန်လျင်မှာ ပြင်သစ်ရေတပ်အခြေစိုက်စခန်းတစ်ခုထားဖို့ စီမံကိန်းဆွဲထားဖူးတယ်....အင်္ဂလိပ်တွေမှာလည်း ဒီအကြံအစည်ကရှိနေတယ်..ဒါပေမယ့် အင်းဝနန်းတွင်းက လုံးဝ ခွင့်မပြုခဲ့ဘူး..အခု အင်းဝဟာ စစ်မီးတွေ တောက်နေပြီ..ဟံသာဝတီမြို့ဝန် က အင်းဝက တောင်းတဲ့ အင်အားထက် ပိုတဲ့ စစ်သည်တွေကို စုပြီး မြို့ထဲကို ထည့်နေတယ်...ဒါကို မင်းဘယ်လိုထင်လဲ”
“ရှင်တို့ ထင်သလိုပါပဲ..မွန်စီယာ”
“အင်းဝက မဏိပူရတွေနဲ့ ဖြစ်တဲ့စစ်မှာ ရှုံးသွားနိုင်သလား”
“ကျွန်မ တစ်ခုပြောမယ်...မဏိပူရ နဲ့ အင်းဝ ဖြစ်တဲ့စစ်ပွဲဟာ ရှင်တို့ အနောက်တိုင်းသားတွေ ဒီမှာ အိန္ဒိယသမုဒ္ဒရာထဲမှာလာဖြစ်နေတဲ့ စစ်ပွဲနဲ့မတူကြဘူး..ကျွန်မက အင်းဝမှာ မွေးတာ၊ ပြီးတော့ ကသည်းတွေ အင်းဝကို စဝင်မယ့်အချိန်မှာ ပတ်သက်ခဲ့ဖူးတယ်...သူတို့မှာ နိုင်ငံတစ်ခုကို ကိုလိုနီပြုတယ်ဆိုတာ ရှင်တို့လို စီးပွားရေးသမားဆန်ဆန် ဖြည်းဖြည်းချင်း သွေးစုပ်ပြီး အုပ်ချုပ်ဖို့မဟုတ်ဘူး...ဒီအတိုင်းတိုက်ခိုက်လုယက်ပြီး ပြန်သွားကြတာမျိုးပဲ...ပြီးရင်သူတို့အမိန့်နာခံမယ့် သူကို နန်းတင်မယ်...ပဏ္ဏာဆက် နိုင်ငံငယ်အနေနဲ့ ထားခဲ့တာမျိုးပဲများတယ်....အင်းဝရဲ့ အဝေးမှာရှိတဲ့ ပဏ္ဏာဆက်နိုင်ငံငယ်လေးပဲ..တချိန်လုံး သူတို့ ခေါင်းငုံ့ခံလာရသမျှ အခုချိန်မှာ သူတို့ အင်အားကြီးမားလာတာကို အင်းဝကို ပြဖို့သက်သက် ရယ်၊ တိုက်ခိုက်လုယက်ဖို့ရယ်၊ ဘာသာရေးယုံကြည်ချက်တစ်ခုရယ်နဲ့ သူတို့ စစ်လာတိုက်ကြတာ..ဒီတော့ ဒီစစ်ပွဲက ဘယ်သူမှ နိုင်မှာမဟုတ်ဘူး..ကြားက ပြည်သူတွေပဲ သေမယ့်ပွဲ”
“မင်းက ငါထင်တာထက် အများကြီး သိထား၊ လေ့လာထားတာပဲ..လွီဇာ..ဆက်ပါဉီး...အဲ့ဒီအချိန်မှာ ဟံသာဝတီက အင်းဝကို ပုန်ကန်မယ်ဆိုရင်ရော..ဘာဖြစ်လာနိုင်လဲ”
“မလွယ်ဘူး....အင်းဝဟာ ဟံသာဝတီကိုတော့ မဏိပူရလို ထားခဲ့တာမဟုတ်ဘူး..သူ့ရဲ့ အုပ်ချုပ်ရေးတွေနဲ့ စနစ်တကျသက်ဝင်အောင် လုပ်ထားခဲ့တာ...ပြီးတော့..ဒီအချိန်ဟာ.အင်းဝ ရဲ့ စစ်အင်အားကို အံတုရမယ့် အချိန်မဟုတ်သေးဘူး..အင်းဝဟာ ကသည်းတွေနဲ့ စစ်ပြေငြိမ်းလိုက်ပြီဆိုတာနဲ့ ဟံသာဝတီစိစိညက်ညက်အချေခံရလိမ့်မယ်”
“ဟံသာဝတီရဲ့ မိတ်ဆွေဖြစ်လာမယ့် နိုင်ငံတွေက လက်နက်တွေ ကူမယ်ဆိုရင်ရော”
“အချိန်မကျသေးဘူးလို့ ကျွန်မထင်တယ်”
“အချိန်က ဘယ်တော့ကျမှာလဲ”
“အင်းဝ ဟာ ငြိမ်းတော့မယ့် ဆီမီးခွက်ပဲ...ငြိမ်းခါနီး ရှိစုမဲ့စုအားနဲ့ သူအတောက်လောက်ဆုံးအချိန်မှာ သွားကိုင်လို့ ကတော့ သေချာပေါက်ပူလိမ်မ့ယ်....သူ့မီးနဲ့သူ မီးစလေး တိုဝင်သွားတဲ့အချိန်ကျ လေနဲ့ မှုတ်တောင်ပြိုပါတယ်..အခုကတော့ အချိန်မကျသေးဘူး”
“မင်း ငါတို့ကို ကူညီမလား”
“ရှင်တို့ကရော ကျွန်မကို ကူညီမလား”
“ငါတို့ ဘာကူညီရမလဲ”
“လူ တစ်ရာ ဆန့်တဲ့ သင်္ဘောနှစ်စင်း။ ပြင်သစ်အလံလွှင့်ထားပေးရမယ်၊ ပြင်သစ်ရေတပ်အစောင့်အရှောက်နဲ့ လစ္စဘွန်းအထိ ရွက်လွှင့်ပေးရမယ်”
“မင်းက ဘယ်သူတွေကို ခေါ်သွားမှာလဲ”
“ကျွန်မလိုပဲ ဘိုးဘွားတွေရှိတဲ့ မြေကို ပြန်ချင်တဲ့...အင်းဝ က ကျွန်မလူမျိုးတွေ”
“ခက်ခဲတဲ့ကိစ္စပဲ”
“လုပ်ပေးချင်ရင် လွယ်မှာပါ... မွန်စီယာ”
“ကောင်းပြီလေ...ဘုရင်ခံကို ငါတင်ပြပေးပါ့မယ်..ကဲ.ငါတို့ ကိစ္စ ဆက်ပြောမယ်... ဟံသာဝတီသာ အင်းဝလက်က လွတ်မြောက်ခဲ့ရင်..အခြေစိုက်စခန်းကိစ္စ မင်း ငါတို့ကို ကူညီနိုင်မလား..မင်းရဲ့ ဓနအင်အားနဲ့ ဟံသာဝတီက အရာရှိတွေကို အခုကတည်းက သိမ်းသွင်းထားနိုင်မလား”
“ဟံသာဝတီကို အင်းဝလက်က လွတ်အောက်လုပ်ပေးနိုင်တဲ့ အင်အားစုတစ်ခုရှိတယ်...အဲ့ဒါ...အခုမြို့ဝန် ဉီးသာအောင် တော့ မဟုတ်ဘူး”
“ငါတို့ မသိရပါလား..ဘယ်သူတွေလဲ”
“ဉီးအောင်လှ”
“ဟင်..သူက ဘယ်သူလဲ”
“သူက ဘယ်သူလဲ ဆိုတာထက်...သူ့လက်ထဲမှာ ဟံသာဝတီမြို့စောင့်တပ်ရှိတယ်၊ မွန်စစ်သူကြီး မိသားစုတွေရှိတယ်၊ ပြီးတော့.........အင်းဝနန်းသွေးပါတဲ့ မင်းသားတစ်ပါးလည်း ရှိနေတယ်”
ဘရူနိုက လွီဇာ ကို တအံတဩကြည့်လိုက်၏။
......................................................................................................................
ဉီးအောင်လှ က အဝိုင်းကျေးရွာဆရာတော်ကို ဉီးချကာ ကျောင်းပြတင်းပေါက်ဆီသို့ လျှောက်လာသည်။
ထို့နောက် ကွမ်းဖတ်အချို့ကို ထွေးထုတ်လိုက်၏။
ခပ်လှမ်းလှမ်းသရက်ပင်ရိပ်တွင် ထင်းခွဲနေသော ပဉ္ဇင်းငယ်တစ်ပါး နှင့် သမီးဖြစ်သူ ဂမုန်းတို့ ရယ်မောနေကြသည်ကို အကဲခတ်လိုက်သည်။
ထိုနှစ်ဉီးကတော့ ဉီးအောင်လှကို သတိမထားမိကြ။
“ဉီးပဉ္ဇင်းသာလှ က ကြွက်သားတွေတောင် အတော်ထွက်လာမှပဲ..ဂမုန်း တွေ့ခါစကလို စုတ်ချွန်းချွန်းလေး မဟုတ်တော့ဘူးနော်”
“ရှင်လိင်ပျံ တဲ့အရွယ်ကိုဗျ.....ဂမုန်းတောင်မှ အရင်ကထက် ပိုပြီး လှ လာသေးတာပဲ”
“ဟယ်”
“တကယ်ဗျ..အရင်က ဆံရစ်ဝိုင်းကလေး ကို ခုထိ မှတ်မိပါရဲ့”
“ဟိုတုန်းက ဉီးပဉ္ဇင်းသာလှ ကျောင်းပေါ်မှာ အဖကို ချောင်းကြည့်နေတုန်း ဂမုန်းသွားတိုင်လိုက်တာရော သိလား”
“သိပါ့ဗျာ..အဲ့ဒီတုန်းက ကျုပ်မှာ ကျောင်းပေါ်က ခုန်ချပြေးရတာ..ခြေထောက်တောင် နာပါလေရောလား”
“ဆင်ပွဲထဲမှာ တွေ့တော့လည်း အဖကို ဂမုန်းပဲ တိုင်လိုက်တာပဲ”
“အလိုဗျာ..ကျုပ်ကို ဒုက္ခပေးဖို့ မွေးလာသလား..အမိ”
ဂမုန်းက တခစ်ခစ်ရယ်သည်။
“ဟံသာဝတီကို တစ်ခေါက်လောက် လိုက်လည်ပါလား..ဂမုန်းတို့ အိမ်မှာ တည်းလေ”
“ရွှေမောဓောဘုရားကြီးကို အနီးကပ်ဖူးချင်တာဗျ..တခါ ဆရာတော်နဲ့ လိုက်ရင်း မောကရုပ်တံခါးဘက်ကနေ ပဲ လှမ်းဖူးလိုက်ရတယ်”
“ဒါကြောင့်...လာခဲ့ပါဆို”
“ဂမုန်းတို့ အဖ ကို ကျုပ်က ကြောက်ပါတယ်ဗျာ...သူခေါ်မှ လာရဲမှာပါ”
ပဥ္ဇင်းကလေး မောင်သာလှ ၏ စကားသံကြောင့် ကျောင်းလှေကားမှ ဆင်းလာသော ဉီးအောင်လှက တချက်ပြုံးလိုက်သည်။
ခက်ဇော်
ဟော့ဒီခေတ်ပျက်ကြီးထဲမှာ အချင်းချင်း ဖေးမကြမယ်။ မျှဝေကြမယ်။
သူတော်စင်အရည်ခွံခြုံထားတဲ့ မတရားမှုဘက်ကလူတွေကို မှတ်တမ်းတင်ထားကြမယ်။
(Zawgyi)
AVA 1740s
အခန္း(၂၉)
...............................................
“ကေလးမ...ကေလးမ”
နားလဲ က သမိန္စကၠ႐ူ၏ အသံေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
“မင္း...ကိုယ္ဝန္ပ်က္က်သြားၿပီ”
နားလဲ ထံမွ မည္သည့္ အသံမွထြက္မလာ။
“သမားေတာ္က ေျပာတယ္.... မင္း ကိုယ္ဝန္ပ်က္က်ေစတဲ့ ေဆးတစ္ခု တိုက္ခံလိုက္ရတယ္တဲ့”
နားလဲ အံကိုသာ ႀကိတ္ထားလိုက္သည္။
မ်က္လုံးထဲတြင္ သူ၏ တဲထဲသို႔ ဝင္လာကာ အားေဆးလာတိုက္သည့္ သမားေတာ္ႀကီးႏွင့္ အျပင္တြင္ ရပ္ကာေစာင့္ၾကည့္ေနေသာ ေဝါစီးအမတ္ မဟာသွ်န္သီ တို႔ကို ျမင္ေယာင္လာ၏။
“အခု ကြၽန္မကို သတ္ၾကမွာလား..သတ္ၾကေတာ့ေလ”
သမိန္စကၠ႐ူက သက္ျပင္းခ်လိုက္သည္။
“သမီး..စိတ္သိပ္မလႈပ္ရွားပါနဲ႔...ငါတို႔ မင္းကို ဘာမွမလုပ္ပါဘူး..ငါတို႔မင္းကို ကယ္တင္ခ်င္ပါတယ္..ဒါေပမယ့္..ငါတို႔က စစ္လိုက္တိုက္ရဉီးမယ္...ၿပီးေတာ့ဒီေနရာက စစ္ေျမျပင္ပဲ..ေနာက္မွာလည္း ငါတို႔တပ္ေတြ လိုက္လာၾကဉီးမွာ..ေနာက္တပ္မႉးေတြက မင္းကို မသကၤာရင္ မင္းတခုခုျဖစ္သြားႏိုင္တယ္.ဟိုမွာ မင္းအတြက္ ျမင္းတစ္စီးနဲ႔ ရိကၡာေျခာက္ေတြ၊ ဂင္ဇာေငြနည္းနည္း စီစဥ္ေပးထားတယ္.. ဒီကေန မင္း လာခဲ့တဲ့ေနရာဆီကို ရေအာင္ျပန္ေတာ့”
ခဏအၾကာတြင္ မြန္သမားေတာ္တစ္ဉီးေရာက္လာသည္။
သမိန္းစကၠ႐ူလက္ထဲသို႔ ဖက္ျဖင့္ ထုတ္ထားသည့္အရာတစ္ခုကို ေပးလိုက္၏။
“ေရာ့..ဒါႀကိတ္မွန္႐ြက္ကို ထန္းလ်က္၊ေရွာက္သီးေတြနဲ႔ ေရာႀကိဳထားတဲ့ ႀကိတ္မွန္ယိုပဲ...မင္းေဝဒနာေတြအတြက္ အေကာင္းဆုံးေဆး..ကဲ..ငါတို႔ သြားေတာ့မယ္..ရဲမက္ေတြ..သူ႔ကို ျမင္းေပၚတင္ေပးလိုက္ၾကပါ”
ရဲမက္ႏွစ္ဉီးက နားလဲ ကို ျမင္းေပၚတင္ရန္ တြဲထူလိုက္ၾက၏။
“ဟို...ဟို...ဉီးႀကီး”
သမိန္စကၠ႐ူက ျပန္လွည့္လာ၏။
“ဘာေျပာမလို႔လဲ..ကေလးမ”
“ကြၽန္မ ကေလးေလးေရာ”
သမိန္စကၠ႐ူက စခန္း၏ ေထာင့္ဘက္တစ္ေနရာသို႔ ေမးေငါ့ျပလိုက္သည္။
မီးခိုးေငြ႕ေငြ႕ထြက္ေနေသးေသာ ျပာပုံေလးတစ္ပုံ။
“လ ႏုေသးလို႔ မင္းခံသာသြားတာ...အဆိုးထဲက အေကာင္းလို႔ပဲမွတ္ပါ..သမီး”
သမိန္စကၠ႐ူက သက္ျပင္းခ်ကာ ေက်ာခိုင္းထြက္ခြာသြားသည္။
ျမင္းေက်ာကုန္းေပၚတြင္ ေကာက္႐ိုးမ်ားျဖင့္သီထားေသာ ကုန္းႏွီးထူထူကို ခင္းထား၏။
နားလဲမွာ နာနာၾကင္ၾကင္ျဖင့္ပင္ ခြထိုင္လိုက္သည္။
ရာမညတပ္ႀကီးမွာ ေရွ႕သို႔ တေ႐ြ႕ေ႐ြ႕ဆက္လက္ထြက္ခြာၾကၿပီျဖစ္သည္။
နားလဲ မွာ သူတို႔ႏွင့္ ဆန႔္က်င္ဘက္အရပ္သို႔။
တေ႐ြ႕ေ႐ြ႕။
တေ႐ြ႕ေ႐ြ႕။
“ဟိတ္..ရပ္စမ္း”
မည္သည့္အရပ္သို႔ပင္ ေရာက္ေပါက္မွန္းမသိ။
ေနပူပူတြင္ ႏြမ္းလ်ေနေသာ နားလဲ။
သူ႔ေရွ႕တြင္ ဝိုင္းထားေသာ လူအုပ္စုတစ္စု။ ဝါးခြၽန္မ်ားကိုယ္စီျဖင့္။
“ျမင္းေပၚက ဆင္း”
သူတို႔ အသံမ်ားက ပဲ့တင္ထပ္ေနသည္။ နားလဲ ေခါင္းမ်ား မူးေဝေန၏။
ႀကိတ္မွန္႐ြက္ယိုထုတ္ကေလးကို လက္တြင္ ကိုင္ထားသည္။
ဝါးခြၽန္တစ္ေခ်ာင္းက နားလဲ၏ လည္ၿမိဳကို ေထာက္လိုက္သည္။
“ခဏေနၾကဉီးေဟ့”
အေနာက္ဘက္မွ အသံထြက္လာသည္။ ဝါးခြၽန္မ်ားက နားလဲ လည္ၿမိဳမွ ျပန္လည္ဆုတ္ုခြာသြားၾက၏။
ယင္းမာေခါက္ဆိုးထားသည့္ သကၤန္းကို ေခါင္းၿမီးၿခဳံကာ မ်က္ႏွာအုပ္ထားသည့္ လူတစ္ဉီး။
“ခင္ဗ်ား...အင္းဝအေနာက္ေထာင္က လြတ္သြားတဲ့ နားလဲ မဟုတ္လား”
ထိုသူက ေခါင္းတြင္ အုပ္ထားေသာ သကၤန္းကို ဆြဲခြာလိုက္သည္။
“က်ဳပ္ကို မွတ္မိလား”
ကတုံးေျပာင္ေျပာင္ႏွင့္ မ်က္ႏွာႀကီးက ႐ုပ္ဆိုးအက်ဥ္းတန္လြန္းလွသည္။ ေက်ာက္ေပါက္အရာ ခ်ိဳင့္ခြက္မ်ားက မ်က္ႏွာတစ္ခုလုံး အျပည့္။
“က်ဳပ္...ပါးကြက္သား ငေလွးပဲ....ဒကာမ”
ထိုအခါမွ နားလဲက မ်က္လုံးကို ျပဴးကာ ေသခ်ာၾကည့္သည္။
ေက်ာက္ေပါက္အမာ႐ြတ္မ်ားက ငေလွး နဖူးမွ ႏြားခိုး ဆိုသည့္ စာတမ္းကို ပ်က္ေစခဲ့ၿပီျဖစ္သည္။
သို႔ေသာ္ ငေလွး ၏ ႐ုပ္မွာမူ ေက်ာက္ေပါက္မာအျပည့္ျဖင့္ အက်ဥ္းတန္သြားခဲ့ၿပီ။ ေၾကာက္မက္ဖြယ္ျဖစ္သြားခဲ့ေပၿပီ။
“ခင္ဗ်ား..ေနမေကာင္းလာဘူးနဲ႔..တူတယ္”
“ဟုတ္တယ္..ကြၽန္မ ကိုယ္ဝန္ပ်က္က်လာတာ”
“ေဟ့...ဒကာတို႔ သူ႔ကို ျမင္းေပၚက ဆင္းႏိုင္ေအာင္ လုပ္ေပးလိုက္ၾက”
နားလဲအား ဝိုင္းရံေနသည့္ လူတစ္စုက ျမင္းေပၚမွ တြဲခ်ေပးလိုက္ၾကသည္။
“ဟို သစ္ပင္ရိပ္ေအာက္မွာ စကားေျပာၾကတာေပါ့”
ငေလွး တျဖစ္လဲ ဘုန္းႀကီးက သစ္ပင္ေအာက္တြင္ သူ၏ အခင္းေလးကို ခင္းကာ ထိုင္လိုက္သည္။
“ခင္ဗ်ား သက္သာသလိုထိုင္ပါ..က်ဳပ္က အေျခအေနအရ သကၤန္းစည္းထားရတာ”
နားလဲက သစ္ရိပ္ေအာက္တြင္ ထိုင္ခ်လိုက္သည္။
“ဘယ္လိုျဖစ္လာတာလဲဗ်ာ..ခင္ဗ်ားက လြီဇာ နဲ႔ အတူ ရွိေနတာမဟုတ္ဘူးလား”
“မဟုတ္ဘူး...ငါ..ကသည္းေတြလက္ထဲ ေရာက္သြားတာ”
“ဟူး..က်ဳပ္က ခင္ဗ်ားကို ေတြ႕ေတာ့ေပ်ာ္သြားတာ..က်ဳပ္မိန္းမ မယ္ဖူးက လြီဇာနဲ႔ ပါသြားတာတဲ့...သူ႔အေၾကာင္းသိရေတာ့မယ္ထင္တယ္”
“ငါ ကသည္းေတြ လက္ထဲမွာ တစ္ႏွစ္ေက်ာ္ၾကာတယ္..အခုလည္း သူတို႔ တပ္ဆုတ္ေတာ့ ငါ့ကို ထားသြားခဲ့ၾကတာ”
“ခင္ဗ်ားကို အင္းဝအေနာက္ေထာင္မွာ လူႏွစ္ေယာက္လာရွာေသးတယ္...က်ဳပ္က လြီဇာ ဆီ ပါသြားတယ္လို႔ ေျပာလိုက္တယ္”
“ဟုတ္လား..ဘယ္သူေတြလဲ”
“ဘယ္သူေတြလဲလို႔ေတာ့ ေသခ်ာမသိဘူး..ခင္ဗ်ားလြတ္သြားတာသိေတာ့ အေတာ္ဝမ္းသာသြားၾကပုံပဲ”
“နင့္ ေက်းဇူးေတြပါ..ငေလွး”
“က်ဳပ္ေက်းဇူးမဟုတ္ဘူး..လြီဇာေက်းဇူးဗ်”
“နင္က အခု ဘုန္းႀကီးျဖစ္ေနၿပီလား”
“အင္းဝမွာ ေက်ာက္ႀကီးေပါက္ၾကေတာ့ က်ဳပ္ကိုလည္း ေသလူဆိုၿပီး သူတို႔က ဇရပ္ေပၚစြန႔္ပစ္ထားခဲ့ၾကတယ္..က်ဳပ္လည္း ခင္ဗ်ားကိုလာရွာတဲ့ သူေတြ ေပးခဲ့တဲ့ ေငြစ နဲ႔ ၿမိဳ႕ျပင္ကို ရေအာင္ထြက္တယ္...ေနာက္ေတာ့ အင္းဝအေနာက္ဘက္က ပဲႀကီးခင္းအရပ္မွာ ဟိန္ဘုန္းႀကီး ဆိုတဲ့ က်ဳပ္ဆရာနဲ႔ ေတြ႕တာပဲ...သူက က်ဳပ္ကို ကုသေပးၿပီး ေကြၽးေမြးခဲ့တာ..အခုက်ဳပ္က ဘုန္းႀကီး လူယုံကိုရင္ႀကီးေပါ့”
“နင္တို႔က အခု ဘာလာလုပ္ၾကတာလဲ”
“ေက်ာင္းအတြက္ အလႉခံထြက္လာၾကတာေလ”
“ဟင္..နင္တို႔ အလႉခံကလဲ”
ငေလွးက ခပ္ေထ့ေထ့ၿပဳံးလိုက္ၿပီး ပတ္ထားသည့္ သကၤန္းကို ငုံ႔ၾကည့္လိုက္သည္။
“က်ဳပ္ဆရာ ဘုန္းႀကီးက ေျပာဖူးတယ္...ေဟာ့ဒီလို ေခတ္ပ်က္ႀကီးထဲမွာ မေကာင္းမႈကို ဖုန္းကြယ္ဖို႔ဆိုတာ သစ္ေခါက္ဆိုးအဝတ္စေလးပတ္ၿပီး ကတုံးတုံးလိုက္႐ုံပါပဲတဲ့... အခုလည္း က်ဳပ္တို႔က သူေတာ္စင္ေတြပါ...ဒီလမ္းက လာသမွ်လူရဲ႕ လည္ၿမိဳကို ဝါးခြၽန္ေလးနဲ႔ ေထာက္..မၿမဲျခင္းတရားကို ျပၿပီး အလႉခံစားေနတဲ့ သူေတာ္စင္ နဲ႔ သူ႔ဒကာေတြေပါ့”
“ငါ့မွာေတာ့...ဘာမွ မပါဘူး...မြန္တပ္ေတြေပးသြားတဲ့ ဂင္ဇာနည္းနည္းနဲ႔ ထမင္းေျခာက္ေတြပဲပါတယ္..ၿပီးေတာ့မီးေနေသြးေတြ စြန္းေနတဲ့ ျမင္းတစ္ေကာင္ပဲပါတယ္”
“ခင္ဗ်ားကို က်ဳပ္ဓါးျပမတိုက္ပါဘူး...က်ဳပ္ကိုယ္တိုင္ ခင္ဗ်ားအသက္ကို လႊတ္ေပးခဲ့ဖူးတာပဲ..အခုလည္း....ခင္ဗ်ားသြားခ်င္တဲ့ေနရာကို ေသခ်ာလမ္းၫႊန္ေပးပါ့မယ္”
“ငါ မတၱရာကို ျပန္ခ်င္တယ္..႐ြာျပန္ခ်င္တယ္”
“ခင္ဗ်ားအကို ဂုဏၰအိန္တို႔ ဆီလား”
“နင္ သူ႔ကို သိလို႔လား”
“သူလည္း အခု ဝတ္ျဖဴစင္ၾကယ္နဲ႔ ေခါင္းေဆာင္ႀကီး ဂုဏၰအိမ္ျဖစ္ေနၿပီ ျဖစ္ေနၿပီ....က်ဳပ္တို႔အဖြဲ႕အခ်င္းခ်င္း ခ်ိတ္ဆက္ထားၾကတယ္”
နားလဲ၏ မ်က္ႏွာကေလး ဝင္းလက္သြားသည္။
“ခင္ဗ်ားကို သူ႔ဆီ ေရာက္ေအာင္ က်ဳပ္တာဝန္ယူပါတယ္..နားလဲ”
..............................................................................
အေရွ႕ဘက္တြင္ ခ်ီတက္သြားေသာ သမိန္စကၠ႐ူ၏ ရာမညတပ္မ်ားသည္ သံေပါက္ေခ်ာင္း႐ိုးတစ္ေနရာတြင္ ဂါရစ္နာဝဇ္၏ တပ္မ်ားႏွင့္ ထိပ္တိုက္ေတြ႕ၾကေတာ့သည္။
အနီးကပ္တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားၾကသည္။ ထိုအခ်ိန္တြင္ ေနာက္ခ်န္က်န္ရစ္ေသာ ဆန္ေဂ်းခူရာလက္ပ၏ တပ္မ်ားမွာ အေနာက္ဘက္မွ ပတ္ကာ သမိန္စကၠ႐ူ၏ တပ္ကို ဝင္တိုက္ၾကသည္။
ရာမညတပ္မွာ ေရွ႕တန္းတြင္ အနည္းငယ္သာထားၿပီး အေနာက္ဘက္မွ ဝင္လာသည့္ ဆန္ေဂ်း၏ တပ္ကို ခုခံ တိုက္ရျပန္သည္။
ရာမညတပ္မ်ားမွာ ကသည္းတပ္တို႔၏ ႏွစ္ဖက္ညပ္တိုက္မႈကို အသည္းအသန္ခုခံၾကရသည္။
တိုက္ပြဲတြင္ မြန္စစ္သူႀကီး သမိန္စကၠ႐ူ၊ စစ္ကဲ စကၠ႐ူ ႏွင့္ ပိုက္မဟာတို႔က်ဆုံးသည္။ ကသည္းတပ္မ်ားဘက္မွ စစ္သူႀကီးစႏၷေယာ္ က်ဆုံးသည္။
ရာမညတပ္မ်ားအားေပ်ာ့သြားခ်ိန္တြင္ ဂါရစ္နာဝဇ္၏ တပ္မွာ လာရာလမ္းအတိုင္း ျဖန႔္ခြဲထြက္ၿပီး အေနာက္တြင္ ခ်ီတက္လာသည့္ ကိုးသိန္းသခင္မင္းေခါင္၏ တပ္ကို အလစ္ဝင္တိုက္ျပန္သည္။
ေရွ႕မွ ရာမညတပ္ႏွင့္ ဆန္ေဂ်းတို႔ တိုက္ပြဲဆီသာ ဉီးတည္အာ႐ုံစိုက္ကာ ခ်ီတက္ေနေသာ ကိုးသိန္းသခင္၏ တပ္မ်ားမွာ ႐ုတ္တရက္ အေနာက္ဘက္မွ ကသည္းတပ္မ်ားဝင္လာသည္ကို ခံလိုက္ရသည္။
စစ္သည္မ်ားစုစည္းမရေတာ့ပဲ..တပ္ပ်က္ကာ ကိုးသိန္းသခင္သည္ ဒီပဲရင္းသို႔ ျပန္လည္ဆုတ္ခြာလာရေတာ့၏။
(မွတ္ခ်က္ မေန႔က အခန္း(၁၈)မွာ ကြၽန္ေတာ္ရဲ႕ ေလ့လာမႈအားနည္းခ်က္နဲ႔ အယူအဆအလြဲေၾကာင့္ ကိုးသိန္းသခင္မင္းေခါင္ ႏွင့္ မင္းသားရာဇဝင္ကို တစ္ဉီးစီပုံစံ ေရးခဲ့မိပါတယ္။ တကယ္က တစ္ေယာက္တည္းပါပဲ။ မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္ကို မင္းရဲေက်ာ္ေခါင္၊ ကိုးသိန္းသခင္မင္းေခါင္၊ ဘုရင္မင္းေခါင္၊ ဘုရင့္ေနာင္၊ ေတာင္ငူရာဇာ စတဲ့ ဘြဲ႕ေပါင္း ငါးခုထက္မနည္း ေပးခဲ့တဲ့အတြက္ သမိုင္းစာအုပ္ေတြထဲ ေရာေထြးသြားရျခင္းျဖစ္ပါတယ္ဗ်။ အဲ့ဒီေန႔က ကြန္မန႔္မွာ လာေရာက္ေထာက္ျပတဲ့ အကိုတစ္ေယာက္ကို ျငင္းခုန္မိခဲ့တဲ့အတြက္လည္း ေတာင္းပန္ပါတယ္)
အင္းဝတပ္မ်ား ဆုံးရႈံးသည့္ သတင္းကို ၾကားလွ်င္ မဟာဓမၼရာဇာဓိပတိသည္ အလြန္ တုန္လႈပ္သြား၏။
စစ္ဉီးစီးျဖစ္သည့္ ကိုးသိန္းသခင္မင္းေခါင္ကိုလည္း ေဒါသထြက္ၿပီး အင္းဝသို႔ ျပန္မဝင္လာရန္ အမိန႔္ထုတ္လိုက္သည္။
ထို႔ေၾကာင့္ ကိုးသိန္းသခင္ဉီးစီးသည့္ အင္းဝစစ္တပ္ႀကီးမွာ ၁၇၃၉ ခုႏွစ္အထိ ဒီပဲရင္းတြင္ပင္ တပ္ခ်ကာ ေနခဲ့ရသည္။
..................................................................................................................
“အင္းဝရဲ႕ အခု စစ္ပြဲအေျခအေနကို မင္း ၾကားၿပီးၿပီ မဟုတ္လား”
ဘ႐ူႏို ၏ အေမးကို လြီဇာက ေခါင္းညိတ္ျပလိုက္သည္။
“ဟံသာဝတီၿမိဳ႕ဝန္ ဉီးသာေအာင္ ကို မင္း ဘယ္လိုျမင္လဲ လြီဇာ”
လြီဇာက ေခါင္းခါလိုက္သည္။
“ကြၽန္မ သူ႔အေၾကာင္းသိပ္မသိဘူး”
ဘ႐ူႏို က သူ႔ပါးျပင္မွာ အမာ႐ြတ္ႀကီး တြန႔္တက္သြားသည္အထိ ၿပဳံးလိုက္သည္။
“ျပင္သစ္သေဘၤာေတြက အရက္စည္ေတြ၊ ပုလင္းအေကာင္းစားေတြအမ်ားႀကီး သယ္လာေပးႏိုင္တယ္။ သူတို႔ေတြ အျမတ္ရာခိုင္ႏႈန္းအားလုံးကို ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီကခ်ဳပ္ကိုင္ထားတာ။ ကုမၸဏီရဲ႕ လက္ထဲမွာ ကိုယ္စားလွယ္ေတြကို ရာခိုင္ႏႈန္းအလိုက္ ေပးပိုင္ခြင့္ေတြရွိတယ္..လြီဇာ။ မင္း အဲ့ဒါေတာ့ စိတ္ဝင္စားမွာပါ”
လြီဇာက ၿပဳံးလိုက္သည္။
“ဒါကေတာ့ ကြၽန္မ အလုပ္ပဲ”
“ဒါဆို ငါဆက္ေျပာမယ္....လြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းက ဘုရင္ခံဒူပေလ က သန္လ်င္မွာ ျပင္သစ္ေရတပ္အေျခစိုက္စခန္းတစ္ခုထားဖို႔ စီမံကိန္းဆြဲထားဖူးတယ္....အဂၤလိပ္ေတြမွာလည္း ဒီအႀကံအစည္ကရွိေနတယ္..ဒါေပမယ့္ အင္းဝနန္းတြင္းက လုံးဝ ခြင့္မျပဳခဲ့ဘူး..အခု အင္းဝဟာ စစ္မီးေတြ ေတာက္ေနၿပီ..ဟံသာဝတီၿမိဳ႕ဝန္ က အင္းဝက ေတာင္းတဲ့ အင္အားထက္ ပိုတဲ့ စစ္သည္ေတြကို စုၿပီး ၿမိဳ႕ထဲကို ထည့္ေနတယ္...ဒါကို မင္းဘယ္လိုထင္လဲ”
“ရွင္တို႔ ထင္သလိုပါပဲ..မြန္စီယာ”
“အင္းဝက မဏိပူရေတြနဲ႔ ျဖစ္တဲ့စစ္မွာ ရႈံးသြားႏိုင္သလား”
“ကြၽန္မ တစ္ခုေျပာမယ္...မဏိပူရ နဲ႔ အင္းဝ ျဖစ္တဲ့စစ္ပြဲဟာ ရွင္တို႔ အေနာက္တိုင္းသားေတြ ဒီမွာ အိႏၵိယသမုဒၵရာထဲမွာလာျဖစ္ေနတဲ့ စစ္ပြဲနဲ႔မတူၾကဘူး..ကြၽန္မက အင္းဝမွာ ေမြးတာ၊ ၿပီးေတာ့ ကသည္းေတြ အင္းဝကို စဝင္မယ့္အခ်ိန္မွာ ပတ္သက္ခဲ့ဖူးတယ္...သူတို႔မွာ ႏိုင္ငံတစ္ခုကို ကိုလိုနီျပဳတယ္ဆိုတာ ရွင္တို႔လို စီးပြားေရးသမားဆန္ဆန္ ျဖည္းျဖည္းခ်င္း ေသြးစုပ္ၿပီး အုပ္ခ်ဳပ္ဖို႔မဟုတ္ဘူး...ဒီအတိုင္းတိုက္ခိုက္လုယက္ၿပီး ျပန္သြားၾကတာမ်ိဳးပဲ...ၿပီးရင္သူတို႔အမိန႔္နာခံမယ့္ သူကို နန္းတင္မယ္...ပဏၰာဆက္ ႏိုင္ငံငယ္အေနနဲ႔ ထားခဲ့တာမ်ိဳးပဲမ်ားတယ္....အင္းဝရဲ႕ အေဝးမွာရွိတဲ့ ပဏၰာဆက္ႏိုင္ငံငယ္ေလးပဲ..တခ်ိန္လုံး သူတို႔ ေခါင္းငုံ႔ခံလာရသမွ် အခုခ်ိန္မွာ သူတို႔ အင္အားႀကီးမားလာတာကို အင္းဝကို ျပဖို႔သက္သက္ ရယ္၊ တိုက္ခိုက္လုယက္ဖို႔ရယ္၊ ဘာသာေရးယုံၾကည္ခ်က္တစ္ခုရယ္နဲ႔ သူတို႔ စစ္လာတိုက္ၾကတာ..ဒီေတာ့ ဒီစစ္ပြဲက ဘယ္သူမွ ႏိုင္မွာမဟုတ္ဘူး..ၾကားက ျပည္သူေတြပဲ ေသမယ့္ပြဲ”
“မင္းက ငါထင္တာထက္ အမ်ားႀကီး သိထား၊ ေလ့လာထားတာပဲ..လြီဇာ..ဆက္ပါဉီး...အဲ့ဒီအခ်ိန္မွာ ဟံသာဝတီက အင္းဝကို ပုန္ကန္မယ္ဆိုရင္ေရာ..ဘာျဖစ္လာႏိုင္လဲ”
“မလြယ္ဘူး....အင္းဝဟာ ဟံသာဝတီကိုေတာ့ မဏိပူရလို ထားခဲ့တာမဟုတ္ဘူး..သူ႔ရဲ႕ အုပ္ခ်ဳပ္ေရးေတြနဲ႔ စနစ္တက်သက္ဝင္ေအာင္ လုပ္ထားခဲ့တာ...ၿပီးေတာ့..ဒီအခ်ိန္ဟာ.အင္းဝ ရဲ႕ စစ္အင္အားကို အံတုရမယ့္ အခ်ိန္မဟုတ္ေသးဘူး..အင္းဝဟာ ကသည္းေတြနဲ႔ စစ္ေျပၿငိမ္းလိုက္ၿပီဆိုတာနဲ႔ ဟံသာဝတီစိစိညက္ညက္အေခ်ခံရလိမ့္မယ္”
“ဟံသာဝတီရဲ႕ မိတ္ေဆြျဖစ္လာမယ့္ ႏိုင္ငံေတြက လက္နက္ေတြ ကူမယ္ဆိုရင္ေရာ”
“အခ်ိန္မက်ေသးဘူးလို႔ ကြၽန္မထင္တယ္”
“အခ်ိန္က ဘယ္ေတာ့က်မွာလဲ”
“အင္းဝ ဟာ ၿငိမ္းေတာ့မယ့္ ဆီမီးခြက္ပဲ...ၿငိမ္းခါနီး ရွိစုမဲ့စုအားနဲ႔ သူအေတာက္ေလာက္ဆုံးအခ်ိန္မွာ သြားကိုင္လို႔ ကေတာ့ ေသခ်ာေပါက္ပူလိမ္မ့ယ္....သူ႔မီးနဲ႔သူ မီးစေလး တိုဝင္သြားတဲ့အခ်ိန္က် ေလနဲ႔ မႈတ္ေတာင္ၿပိဳပါတယ္..အခုကေတာ့ အခ်ိန္မက်ေသးဘူး”
“မင္း ငါတို႔ကို ကူညီမလား”
“ရွင္တို႔ကေရာ ကြၽန္မကို ကူညီမလား”
“ငါတို႔ ဘာကူညီရမလဲ”
“လူ တစ္ရာ ဆန႔္တဲ့ သေဘၤာႏွစ္စင္း။ ျပင္သစ္အလံလႊင့္ထားေပးရမယ္၊ ျပင္သစ္ေရတပ္အေစာင့္အေရွာက္နဲ႔ လစၥဘြန္းအထိ ႐ြက္လႊင့္ေပးရမယ္”
“မင္းက ဘယ္သူေတြကို ေခၚသြားမွာလဲ”
“ကြၽန္မလိုပဲ ဘိုးဘြားေတြရွိတဲ့ ေျမကို ျပန္ခ်င္တဲ့...အင္းဝ က ကြၽန္မလူမ်ိဳးေတြ”
“ခက္ခဲတဲ့ကိစၥပဲ”
“လုပ္ေပးခ်င္ရင္ လြယ္မွာပါ... မြန္စီယာ”
“ေကာင္းၿပီေလ...ဘုရင္ခံကို ငါတင္ျပေပးပါ့မယ္..ကဲ.ငါတို႔ ကိစၥ ဆက္ေျပာမယ္... ဟံသာဝတီသာ အင္းဝလက္က လြတ္ေျမာက္ခဲ့ရင္..အေျခစိုက္စခန္းကိစၥ မင္း ငါတို႔ကို ကူညီႏိုင္မလား..မင္းရဲ႕ ဓနအင္အားနဲ႔ ဟံသာဝတီက အရာရွိေတြကို အခုကတည္းက သိမ္းသြင္းထားႏိုင္မလား”
“ဟံသာဝတီကို အင္းဝလက္က လြတ္ေအာက္လုပ္ေပးႏိုင္တဲ့ အင္အားစုတစ္ခုရွိတယ္...အဲ့ဒါ...အခုၿမိဳ႕ဝန္ ဉီးသာေအာင္ ေတာ့ မဟုတ္ဘူး”
“ငါတို႔ မသိရပါလား..ဘယ္သူေတြလဲ”
“ဉီးေအာင္လွ”
“ဟင္..သူက ဘယ္သူလဲ”
“သူက ဘယ္သူလဲ ဆိုတာထက္...သူ႔လက္ထဲမွာ ဟံသာဝတီၿမိဳ႕ေစာင့္တပ္ရွိတယ္၊ မြန္စစ္သူႀကီး မိသားစုေတြရွိတယ္၊ ၿပီးေတာ့.........အင္းဝနန္းေသြးပါတဲ့ မင္းသားတစ္ပါးလည္း ရွိေနတယ္”
ဘ႐ူႏိုက လြီဇာ ကို တအံတဩၾကည့္လိုက္၏။
......................................................................................................................
ဉီးေအာင္လွ က အဝိုင္းေက်း႐ြာဆရာေတာ္ကို ဉီးခ်ကာ ေက်ာင္းျပတင္းေပါက္ဆီသို႔ ေလွ်ာက္လာသည္။
ထို႔ေနာက္ ကြမ္းဖတ္အခ်ိဳ႕ကို ေထြးထုတ္လိုက္၏။
ခပ္လွမ္းလွမ္းသရက္ပင္ရိပ္တြင္ ထင္းခြဲေနေသာ ပၪၨင္းငယ္တစ္ပါး ႏွင့္ သမီးျဖစ္သူ ဂမုန္းတို႔ ရယ္ေမာေနၾကသည္ကို အကဲခတ္လိုက္သည္။
ထိုႏွစ္ဉီးကေတာ့ ဉီးေအာင္လွကို သတိမထားမိၾက။
“ဉီးပၪၨင္းသာလွ က ႂကြက္သားေတြေတာင္ အေတာ္ထြက္လာမွပဲ..ဂမုန္း ေတြ႕ခါစကလို စုတ္ခြၽန္းခြၽန္းေလး မဟုတ္ေတာ့ဘူးေနာ္”
“ရွင္လိင္ပ်ံ တဲ့အ႐ြယ္ကိုဗ်.....ဂမုန္းေတာင္မွ အရင္ကထက္ ပိုၿပီး လွ လာေသးတာပဲ”
“ဟယ္”
“တကယ္ဗ်..အရင္က ဆံရစ္ဝိုင္းကေလး ကို ခုထိ မွတ္မိပါရဲ႕”
“ဟိုတုန္းက ဉီးပၪၨင္းသာလွ ေက်ာင္းေပၚမွာ အဖကို ေခ်ာင္းၾကည့္ေနတုန္း ဂမုန္းသြားတိုင္လိုက္တာေရာ သိလား”
“သိပါ့ဗ်ာ..အဲ့ဒီတုန္းက က်ဳပ္မွာ ေက်ာင္းေပၚက ခုန္ခ်ေျပးရတာ..ေျခေထာက္ေတာင္ နာပါေလေရာလား”
“ဆင္ပြဲထဲမွာ ေတြ႕ေတာ့လည္း အဖကို ဂမုန္းပဲ တိုင္လိုက္တာပဲ”
“အလိုဗ်ာ..က်ဳပ္ကို ဒုကၡေပးဖို႔ ေမြးလာသလား..အမိ”
ဂမုန္းက တခစ္ခစ္ရယ္သည္။
“ဟံသာဝတီကို တစ္ေခါက္ေလာက္ လိုက္လည္ပါလား..ဂမုန္းတို႔ အိမ္မွာ တည္းေလ”
“ေ႐ႊေမာေဓာဘုရားႀကီးကို အနီးကပ္ဖူးခ်င္တာဗ်..တခါ ဆရာေတာ္နဲ႔ လိုက္ရင္း ေမာက႐ုပ္တံခါးဘက္ကေန ပဲ လွမ္းဖူးလိုက္ရတယ္”
“ဒါေၾကာင့္...လာခဲ့ပါဆို”
“ဂမုန္းတို႔ အဖ ကို က်ဳပ္က ေၾကာက္ပါတယ္ဗ်ာ...သူေခၚမွ လာရဲမွာပါ”
ပၪၨင္းကေလး ေမာင္သာလွ ၏ စကားသံေၾကာင့္ ေက်ာင္းေလွကားမွ ဆင္းလာေသာ ဉီးေအာင္လွက တခ်က္ၿပဳံးလိုက္သည္။
ခက္ေဇာ္
အခန္း(၃၀) သဘက္ခါ
ေဟာ့ဒီေခတ္ပ်က္ႀကီးထဲမွာ အခ်င္းခ်င္း ေဖးမၾကမယ္။ မွ်ေဝၾကမယ္။
သူေတာ္စင္အရည္ခြံၿခဳံထားတဲ့ မတရားမႈဘက္ကလူေတြကို မွတ္တမ္းတင္ထားၾကမယ္။
Done 💪
ReplyDeletedone
ReplyDeleteDone
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDelete