AVA 1740s (အခန်း ၃၃)
AVA 1740s
အခန်း(၃၃)
...............................................
ရှေ့ခပ်လှမ်းလှမ်းတွင် မြင်နေရသော မောဓောစေတီကို ကိုးသိန်းသခင်က ဆင်ပေါ်မှ လက်အုပ်ချီ ဖူးမြှော်လိုက်သည်။
အင်းဝမှ လက်နက်ကိုင်အင်အား တစ်ထောင်ဖြင့် ချီတက်လာသော ကိုးသိန်းသခင် ၏တပ်များ ရောက်သည်နှင့် ဟံသာဝတီသည် ပိတ်ထားသော မြို့တံခါးများကို ဖွင့်ပေးလိုက်ရတော့၏။
ကိုးသိန်းသခင်သည် ပြည်မြို့စားမြင်းမှူးမင်းသား၊ သန်လျင်မြို့ဝန်မင်းရဲအောင်နိုင် တို့ ဝန်းရံလျက် မြို့တွင်းသို့ စစ်အင်္ဂါခင်းဝင်လာသည်။
မော်ဓောစေတီတော်ရှေ့သို့ရောက်သည့်အခါ ဆင်ဝန်ဉီးအောင်လှ၊ အခွန်ဝန်ဉီးကို၊ ဉီးမောင်၊ စာရေးကြီးထားကစား၊ နဲရွဲရွာသူကြီးတို့မှာ လက်အုပ်ချီလျက် မြေပြင်တွင် ဝပ်တွားနေကြ၏။
ကိုးသိန်းသခင်သည် ဆင်ပေါ်မှ ဆင်းလိုက်သည်။
“ဆင်ဝန်မင်း....လျှောက်ထားစရာရှိတာ လျှောက်ချေ”
နဲရွဲရွာသူကြီးက ကတ္တီပါဝတ်အုပ်ထားသော ပလိုင်းတစ်လုံးကို ဆင်ဝန်ဉီးအောင်လှ ထံ ကမ်းပေးလိုက်သည်။
ဆင်ဝန်ဉီးအောင်လှ က ပလိုင်းကို ကိုးသိန်းသခင်ထံ ဒူးထောက်လျက်ပေးလိုက်၏။
ကိုးသိန်းသခင်က ကတ္တီပါအဝတ်ကို လှန်လိုက်သည်။
ဝါးပလိုင်းထဲတွင် ဉီးခေါင်းတစ်ခု။ သွေးစတို့ မခြောက်သေး။ မျက်လုံးနှစ်လုံးက ပွင့်နေသည်။
“သူပုန်ငသာအောင် ရဲ့ ခေါင်းပါ..ကိုးသိန်းသခင်...ဟော့ဒီက ဟံသာဝတီအမှုအထမ်းများ ဟာ ငသာအောင်ရဲ့ ဓါးမိုးခြိမ်းခြောက်မှုကြောင့် ပုန်ကန်ရာတွင် အလိုမတူပဲ ပါခဲ့မိပါတယ်...အခွင့်သာခိုက် ငသာအောင်ရဲ့ အသက်ကို စီရင်ပြီး အင်းဝရွှေနန်းရှင်ထံ ဆက်သခြင်းဖြစ်ပါတယ်... ကျွန်တော်မျိုးအမှုထမ်းများရဲ့ အသက်နဲ့ခန္ဓာကိုယ်ကို ရွှေနန်းရှင်ကိုယ်စား ငဲ့ညှာပေးဖို့ ရှိခိုးတောင်းပန်ပါတယ်..ဘုရား”
ကိုးသိန်းသခင်က ကတ္တီပါအဝတ်ကို ပြန်အုပ်လိုက်သည်။
“အိမ်း..ငသာအောင်ငယ် ဟာ ရာဇဝတ်တော်အမှုကြီးကို လွန်ကျူးခဲ့တာပဲ..ကျန်တဲ့သူများကတော့ နီးရာဓါးကြောက်ရတာပ..အခုလို သူပုန်ခေါင်းကို ဆက်သတဲ့အတွက် အပြစ်က လွတ်ထိုက်ပါတယ်..ကဲ.. ငသာအောင် ခေါင်းကို ဟံသာဝတီမြို့ မောဓောတံခါးထိပ်မှာ တပတ်တိတိချိတ်ဆွဲထားစေ..သင်းအလောင်းကောင်ကို လည်း ခြေ၊ လက်တို့ ဖြတ်ပြီး မြို့တံခါးမှာ ပြည်သူတွေ မြင်အောင် ပြသထားကြ....ငသာအောင်နဲ့ တကြိတ်တည်းတဉာဏ်တည်း ပါခဲ့သူတွေ ကို သားမယားနှင့်တကွ မီးတိုက်စေ..ဒါကိုသန်လျင်မြို့ဝန်က တာဝန်ယူပေးပါ”
သန်လျင်မြို့ဝန် မင်းရဲအောင်နိုင်က လက်အုပ်ချီလိုက်သည်။
“ကဲ..မင်းရဲအောင်နိုင်ကို ဟံသာဝတီမြို့ဝန်ခန့်အပ်ပေးတဲ့ ရွှေနန်းရှင်ရဲ့ အမိန့်တော်ကို ဟံသာဝတီမြို့ဝန် အိမ်တော်မှာ လက်ခံပေးဖို့ စီစဉ်ကြစေဗျ”
ဉီးသာအောင် နှင့် အတူ ပုန်ကန်မှုကို ဉီးဆောင်ခဲ့သူများဖြစ်သည့် ဉီးကိုတို့အုပ်စုမှာ အသက်ဘေးမှ လွတ်သည့်အတွက် ဝမ်းသာအားရဖြစ်သွားကြသည်။
“ဆင်ဝန်မင်း..နေခဲ့ပါဉီး..အနားတိုး ခစား”
ဆင်ဝန်ဉီးအောင်လှ က လက်အုပ်ချီလျက် ရှေ့သို့ တိုးလာသည်။
“လွီဇာ ရော.... ဘေးကင်းရဲ့လား”
“ဘေးကင်းကြောင်းပါ..ဘုရား...ကျွန်တော်မျိုးအိမ်အနီးအနားက သူ့ရဲ့ အိမ်မှာ ရှိနေပါတယ်”
“အင်း..မောင်မင်းတို့ နှစ်ယောက် သတိပေးပါလျက်..ကျုပ် ပေါ့လျော့ခဲ့မိတာ... မောင်မင်းတို့ နှစ်ယောက်ရဲ့ သစ္စာအတွက် ကျုပ် နှစ်ထောင်းအားရပါတယ်..ညကျ ကျုပ်ခဏနေမယ့် မြို့ဝန်အိမ်တော်ကို လာခဲ့ကြ...လွီဇာမငယ် ကိုပါ..ခေါ်ခဲ့စမ်းပ”
.........................................................................................
ဟံသာဝတီ ကား ညဉ့်ဉီးပိုင်းတွင်ပင် ဖြစ်သော်ငြား ဆူညံရှုပ်ထွေးနေသည်။
မကြာမီ ဟံသာဝတီမြို့ဝန်ဖြစ်လာမည့် သံလျင်မြို့ဝန်မင်းရဲအောင်နိုင် ၏ တပ်များသည် ဉီးသာအောင် နှင့် ပတ်သက်သူ ၊ မသင်္ကာသူမှန်သမျှကို ဖိုက်စိပ်တိုက်ကာ လိုက်လံဖမ်းဆီးနေ၏။
အင်းဝမှ ချီတက်လာသောတပ်များ၊ ပြည်နှင့် ပုသိမ်ကိုးမြို့တပ်များကိုလည်း ဟံသာဝတီမြို့သားများက တည်းခိုရန်နေရာချကာ ကျွေးမွေးဧည့်ခံနေကြသည်။
မြို့ဝန်အိမ်တော်တွင် ကိုးသိန်းသခင်သည် မင်းရဲအောင်နိုင် ၊ လက်ျာဗိုလ်အပါအဝင် ဟံသာဝတီမြို့ အမှုထမ်းအချို့နှင့် စည်းဝေးတိုင်ပင်နေကြ၏။
“သန်လျင်မှာ ဘုရားကျောင်းလာဖွင့်ထားတဲ့ ဗရင်ဂျီဘုန်းကြီးတွေဟာလည်း ငသာအောင် နဲ့ အကြံတူကြပြီး ပုန်ကန်ရာမှာ ပူးပေါင်းဖို့ ကတိရှိခဲ့ကြပါတယ်..အရှင်..သူတို့ကိုရော ဘယ်လို အပြစ်ပေးရမလဲ..အမိန့်ရှိပါ”
မင်းရဲအောင်နိုင်၏ လျှောက်တင်မှုကြောင့် နဘေးတွင် ရှိနေသော လက်ျာဗိုလ်မှာ ထိတ်ခနဲဖြစ်သွားသည်။
“ဒါဟာ သူပုန်မှုဖြစ်တယ်...နိုင်ငံခြားသားဖြစ်ပါလျက်..ပြည့်ရှင်မင်းသစ္စာမထောက်..ဒီလို ဖောက်ပြန်တဲ့ လူတွေကို သာသနာပြုခွင့်ပေးတာ အန္တရာယ်ကြီးလှတယ်..သူတို့ကိုပါ ကွပ်လေ”
“မှန်ပါ...သစ္စာရည်သောက်ပြီး ပါဝင်ခဲ့တဲ့ ဗရင်ဂျီခင်ကြီး ဂါလစ်ဇီယာ နဲ့ မွန်ဒယ်လီတို့ကိုတော့ ဟံသာဝတီမြို့ထဲက ဘုရားကျောင်းဆောက်လုပ်မယ့်မြေနေရာမှာတင် ဖမ်းမိထားပါတယ်..သန်လျင်က ကျောင်းလည်းရှိပါသေးတယ်”
“မင်းရဲအောင်နိုင်...မင်းကို ဟံသာဝတီမြို့ဝန်အဖြစ် ရွှေနန်းတော်က အခွင့်ပေးပြီးသား..အချို့ကိစ္စတွေ..ကျုပ်ကို ချည်း လျှောက်တင်မနေပဲ..လုပ်စရာရှိတာလုပ်ပါလေ..ဖနောင့်မှာ ဆူးတဲ့ ညှောင့်လောက်ကို ထွင်း မထွင်း ကျုပ် ဆုံးဖြတ်ပေးနေစရာမလိုဘူးကွဲ့”
ကိုးသိန်းသခင်၏ လေသံခပ်မာမာကြောင့် ဟံသာဝတီမြို့ဝန်အသစ်မှာ လက်အုပ်ချီလျက် နောက်သို့ ခပ်ယို့ယို့ဆုတ်သွားတော့သည်။
“ဆင်ဝန်မင်း မလာသေးဘူးလားဟေ့”
“ရှေ့မှာ ရောက်နေပါပြီ..ခစားဖို့ စောင့်နေပါတယ်..ဘုရား”
“ကဲ...ဒါဆို..မောင်တို့လည်း သွားကြတော့...ကျုပ် ဆင်ဝန် နဲ့ တိုင်ပင်စရာအချို့ ရှိသေးတယ်”
ကိုးသိန်းသခင်ရှေ့တွင် ခစားနေသူများက ထွက်ခွာသွားကြသည်။
ဆင်ဝန်ဉီးအောင်လှ တစ်ဉီးတည်းဝင်လာသဖြင့် ကိုးသိန်းသခင်က မျက်မှောင်ကြုံ့လိုက်သည်။
“ဟိုကလေးမရောကွဲ့”
“အရှင့်အတွက် ပြင်သစ်ပြည်ဖြစ် ဘရန်ဒီတစ်ပုလင်း ဆက်သဖို့အတွက် သန်လျင်ကလာမယ့် လူကြုံ မလာသေးလို့ စောင့်နေပါတယ်..ခဏနေရောက်ပါတော့မယ်..ဘုရား”
ထိုအခါမှ ကိုးသိန်းသခင်က ပြုံးသွားသည်။
လွီဇာ၏ အိမ်ခြံဝန်းအတွင်းသို့ လူတစ်ဉီးမြင်းစီးလျက်ဝင်လာ၏။
“လမ်းမှာ မိုးကသည်းတော့ ချောင်းရေကျကို စောင့်နေရလို့ နောက်ကျသွားတာပါ...မမလွီဇာ”
“အေး..ဒီမှာငါလည်း နင့်ကို စောင့်နေတာ..ဘယ်မလဲ..ဘရန်ဒီပုလင်း”
သန်လျင်တွင် အရက်တင်သွင်းသည့် လုပ်ငန်းဆိုင်ရာများလုပ်ပေးရန်အတွက် လွီဇာခန့်အပ်ထားသော ထိုလူငယ်က မြင်းပေါ်မှ ဆင်းပြီး ဘရန်ဒီပုလင်းကို ကမ်းပေးလိုက်၏။
“မယ်ဖူး...ငါပြောတဲ့အတိုင်း သေချာလုပ်ပြီး ထုတ်ပိုးခဲ့နော်...သွား”
လွီဇာက မယ်ဖူးကို ဘရန်ဒီပုလင်းအား ပေးလိုက်သည်။ မယ်ဖူးက ပုလင်းကို ကိုင်ကာ အိမ်ထဲသို့ ဝင်သွား၏။
“နင် ဒီည ဒီမှာပဲအိပ်..မနက်ကျမှ သန်လျင်ပြန်ပေါ့”
“ဟုတ်ကဲ့...မမလွီဇာ”
ထိုအချိန်တွင် နောက်ထပ်မြင်းတစ်စီးက လွီဇာ၏ ခြံထဲ ဒုန်းစိုင်းဝင်လာသဖြင့် သူတို့နှစ်ဉီးလုံး လန့်သွားကြသည်။
မြင်းပေါ်မှ ဆင်းလာသူက လက်ျာဗိုလ်။
“လွီဇာ...ခင်ဗျားဆီကို သန်လျင်က လူကြုံ ဒီညနေလာမယ်လို့ ဉီးအောင်လှ ပြောတာ ကျုပ်ကြားလိုက်တယ်..သူရောက်ပြီလား”
“ရောက်ပြီလေ..ဒီမှာပဲ”
“ဒါဆို အရေးကြီးတယ်...သန်လျင်ကို သူ့ကို အခုပြန်ခိုင်းပါ...ဖာသာနာရေနီဆီ သွားခိုင်းပေးပါ”
လက်ျာဗိုလ်၏ အသက်ရှုသံများမြန်နေသည်။ အသံတို့က တုန်ရီနေ၏။
“ဘာဖြစ်လာတာလဲ..ဘာတွေအရေးကြီးလို့လဲ..လက်ျာဗိုလ်ရဲ့”
“မင်းရဲအောင်နိုင်က ဟံသာဝတီမှာ ရှိနေတဲ့ ဖာသာဂါလီဇီယာတို့ကို ကွပ်မျက်ဖို့ အမိန့်ရသွားပြီ..သန်လျင်က နာရေနီကိုပါ ကွပ်မျက်နိုင်တယ်..အဲ့ဒါ ဒီကနေ သတင်းမရောက်ခင် နာရေနီ သန်လျင်ကနေ ရှောင်ဖို့လိုတယ်...ကျုပ်ကိုယ်တိုင် သွားချင်ပေမယ့်..ဒီအချိန်မှာ ဟံသာဝတီက ကျုပ်ပျောက်သွားရင် ကိုးသိန်းသခင်နဲ့ မင်းရဲအောင်နိုင်တို့က တမျိုးထင်သွားလိမ့်မယ်..လွီဇာ..အဲ့ဒါ သူ့ကို ဒီညတွင်းချင်းပဲ...သန်လျင်ကို ပြန်ခိုင်းပါ”
“ကျွန်တော်လာတော့ မြို့တံခါးတွေ ပိတ်သွားပြီဗျ..မနက်မှ ပြန်မှရတော့မယ်”
“အဲ့ဒါ...မလိုဘူး...ကျုပ်က မြိုု့စောင့်တပ်မှူးပဲ...ခင်ဗျား အခုပြန်ရမယ်..သန်လျင်က ဘာနာဘိုက်ဗရင်ဂျီကျောင်းတော်ကိုသွား..ဟံသာဝတီကိုရောက်နေတဲ့ ခင်ကြီးအကုန် သေဒဏ်ပေးခံလိုက်ရပြီ..ဒါကြောင့်.. အင်းဝနဲ့ ဟံသာဝတီရဲ့ အာဏာစက်ကလွတ်တဲ့ တနင်္သာရီဘက်ကို ပြေးတော့လို့ ပြောပေးပါ”
“ဟာ..ကျွန်တော် ထမင်းမစားရသေးဘူးဗျ”
လက်ျာဗိုလ်က ဓါးရှည်ကို ထုတ်ကာ လူငယ်၏ လည်ပင်းပေါ် ရွယ်လိုက်သည်။
“နေ..နေ လက်ျာဗိုလ်...ကျွန်မလူ ကျွန်မပြောရင် ရပါတယ်”
လွီဇာက အိမ်ထဲ ခဏဝင်သွား၏။ ထို့နောက် ငွေစထုတ်တစ်ထုတ်ကို ယူလာသည်။
“ရော့...နင့်သားလေး ဝါကျွတ်ရင် ရှင်ပြုချင်တယ်ပြောထားတယ်..မဟုတ်လား.ဒီငွေစနဲ့ ဆို အလှူကြီးပေးလို့ပါရတယ်...အခုချက်ချင်း သန်လျင်ကို အမြန်ဆုံးရောက်အောင်သွား..လက်ျာဗိုလ်မှာတာကို သွားပြောချေ..လမ်းမှာ ဒီသတင်း ဘယ်သူမှ မသိစေနဲ့”
“ကျေးဇူးကြီးလှပါတယ်..မမလွီဇာ..ကျွန်တော် အခုပဲ သွားပါ့မယ်”
လူငယ်က ချက်ချင်းပင် မြင်းပေါ်သို့ တက်ခွလိုက်သည်။
“လက်ျာဗိုလ်..မြို့တံခါးဖွင့်ပေးဖို့ ကိစ္စ ရှင် လိုက်လုပ်ပေးလိုက်ဉီး...မြို့ထဲ အခြေအနေတွေက ရှုပ်ထွေးနေတာ”
လက်ျာဗိုလ်နှင့် လူငယ်ထွက်သွားကြသည်။
ခဏအကြာတွင် မယ်ဖူးထွက်လာသည်။
ခြင်းတစ်ခြင်းထဲတွင် ပုလင်း၊ ခွက်နှင့် အမြည်းများ စုံစုံလင်လင်။
ရွှေကွပ်ထားသော ကတ္တီပါအိပ်ရှုံ့လေးဖြင့် ဘရန်ဒီပုလင်းမှာလည်း လှလှပပဖြစ်သွားခဲ့ပြီ။
.........................................................................
ကိုးသိန်းသခင်က ဂဠုန်နဂါးတိုက်ခိုက်နေသည့်ပုံထွင်းထားသည့် ငွေထွေးခံဖလားကို ယူကာ ကွမ်းတံတွေး တချက်ထွေးလိုက်သည်။
လွီဇာ လက်ထဲမှ ကတ္တီပါအိတ်ရှုံ့လေးကိုဖွင့်ပြီး ဘရန်ဒီပုလင်းကို ကြည့်လိုက်၏။
“အင်း..လွီဇာမငယ်...ဟံသာဝတီမှာ အဆင်ပြေရဲ့လားကွဲ့”
“ပြေပါတယ်..အရှင်..လောင်းရှည်မင်းသမီးကြီးရော ကျန်းမာပါစ”
“အိမ်း..သူကလည်း ဒီတိုင်းပဲလကွယ်...မယ်မင်း က အောက်ပြည်ရေ လေ နဲ့ တည့်ပုံပဲ...ပိုတောင် စိုပြေလာပါပေါ့လား”
လွီဇာက ခပ်လှပ်လှပ်ပြုံးလိုက်၏။
“ဆင်ဝန်မင်း လျှောက်တင်လို့ တချို့ကိစ္စတွေ ကျုပ်သိပြီးပါပြီ..မယ်မင်း ဟာ ထက်မြက်တဲ့ မိန်းမ တစ်ယောက်ပဲ..အင်းဝရွှေနန်းကို သစ္စာရှိတဲ့အတွက်လည်း ကျုပ် နှစ်ထောင်းအားရပါတယ်..ရော့ကွယ်.. ဒါက ရွှေနန်းရှင်ကိုယ်စား ချီးမြှောက်တာပ”
ကိုးသိန်းသခင်က ပတ္တမြားလက်စွပ်တကွင်းကို လွီဇာထံ ကမ်းပေးလိုက်သည်။
“ကျေးဇူးကြီးလှပါတယ်..အရှင်”
“ကဲ...ဉီးအောင်လှ..ညဉ့်လည်းနက်တော့မယ်..ကျုပ်ပြောခဲ့တာတွေ စီမံစရာရှိတာ စီမံဗျာ..မင်းရဲအောင်နိုင်တို့ကိုလည်း ခင်ဗျားတို့ပဲ လိုအပ်တာကူလိုက်ပေါ့...ကျုပ် နဲ့ လွီဇာ အင်းဝကို ကုန်စည်တင်သွင်းဖို့ကိစ္စနည်းနည်းဆွေးနွေးစရာရှိသေးတယ်..ခင်ဗျား ပြန်တော့”
ဉီးအောင်လှက လွီဇာကို မျက်လုံးဖြင့် အသာငဲ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
လွီဇာက အံကိုကြိတ်ထား၏။
ဉီးအောင်လှ ထသွားပြီးသည့်နောက် ကိုးသိန်းသခင်သည် အခန်းတံခါးကို သွားပိတ်လိုက်သည်။
“ပြည်ထဲရေးနဲ့ ဝမ်းရေးထက် လွမ်းရေးက ခက်ပါဘိတဲ့..ထပါဉီး..လွီဇာ..ကိုယ်တော် တချိန်လုံး မင်းကို သတိရနေတာ...နေပြည်တော်မှာက ကသည်းအရေးကလည်း လွှတ်ထားလို့မရလို့..မနက်ဖြန် မနက်ဆို ကျုပ်ပြန်ရတော့မှာ..ဒီညတော့ ကျုပ်နဲ့ အတူရှိပေးမယ်မဟုတ်လား..လွီဇာ”
ကိုးသိန်းသခင် က လွီဇာ၏ ပုခုံးကို လာရောက်ဆုပ်ကိုင်သည်။
လွီဇာက ခပ်ဖြည်းဖြည်းထလိုက်ပြီး ကိုးသိန်းသခင်ကို ပြုံးပြလိုက်၏။
“အင်းဝ က ည တည ကို ကိုယ်တော် အခုထိ မင်းလို့ မရဘူး..မင်းရော”
လွီဇာက ကိုးသိန်းသခင် ကို လက်အုပ်ချီလိုက်သည်။
ကိုးသိန်းသခင်က လွီဇာကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
ထို့နောက် ဖဲမွေ့ယာပြင်ထားသည့် ကုတင်ဆီသို့ ခြေကိုလှမ်းလိုက်သည်။
“ကျွန်တော်မျိုးမ ယူလာတဲ့ ဘရန်ဒီက ပြင်သစ်ပြည်ကနေ လုပ်တဲ့ နှစ်ချို့အရက်ပါ..ယောက်ျားတို့ရဲ့ ဟိုဟာကို အထူးကောင်းစေပါတယ်..ဘုရား..အဲ့ဒီအရက်လေးကို အချိန်ရတုန်း မှီဝဲစေချင်ပါတယ်”
''ဘယ်ဟာတုန်းကွဲ့''
လွီဇာက ကိုးသိန်းသခင်၏ တနေရာကို ရှက်စနိုးဟန်ဖြင့် လက်ညှိးထိုးပြလိုက်သည်။
ကိုးသိန်းသခင်က သဘောတကျဖြင့် ရယ်လိုက်၏။
“အင်း..ကောင်းသားပဲ..အချိန်ရှိခိုက် လုံ့လစိုက်တာပ”
လွီဇာက အသင့်ပြင်ဆင်လာသည်များကို ထုတ်လိုက်သည်။
“ကိုယ်တော့်ကို ဆက်သဖို့ ကျွန်တော်မ ပြင်ဆင်ထားတာတွေပါ...အင်္ဂလိပ်ပြည်လုပ် ဒိန်ခဲတွေလည်း မြည်းဖို့ပါလာပါသေးတယ်”
ကိုးသိန်းသခင်မှာ ထိုင်ခုံတွင် ထိုင်လျက် လွီဇာကို ပြုံးပြုံးကြီးသာ ကြည့်နေ၏။
လွီဇာက ဘရန်ဒီတစ်ခွက်ကို ငှဲ့ပေးလိုက်၏။
ဒတ်ချ်တို့တင်သွင်းလာသော ရွှေကနုတ်ဖန်ထည်ခွက်အတွင်းမှ ပတ္တမြားသွေးစွန်းနေသည့် ဘရန်ဒီ ရနံ့က ကိုးသိန်းသခင်ကို စွဲဆောင်လိုက်သည်။
ကိုးသိန်းသခင်က ဖန်ခွက်ထဲမှ အရက်ကို တရှိန်ထိုးမော့လိုက်သည်။
“အား..မွှေးပြီး ပူဆင်းသွားတာပါလား”
လွီဇာက ကြက်ကြော် တဖဲ့ ဖဲ့ပေးလိုက်သည်။
ကိုးသိန်းသခင်မှာ ဘရန်ဒီသောက်ရင်း လွီဇာ၏ ခန္ဓာဗေဒကို စက္ခုအမြည်းလုပ်မြည်းနေသည်။
လေးခွက်မြောက်တွင် စကားသံများ တဖြည်းဖြည်းလေးလံလာ၏။
ကိုးသိန်းသခင်က ထလာပြီး လွီဇာ၏ လက်မောင်းသားကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
လွီဇာက အလိုက်သင့် ထလိုက်၏။
“ကိုယ်တော့ကို အိပ်ရာထဲ လိုက်ပို့တော့..လွီဇာလေးရယ်”
ကိုးသိန်းသခင်သည် လွီဇာ၏ ခန္ဓာကိုယ်ကိုသိမ်းကြုံးဖက်ကာ ပါးပြင်ကို နမ်းရင်း လိုက်လာ၏။
သူတို့ အိပ်ရာပေါ်လှဲလိုက်ကြသည်။
“ခဏနေပါဉီး..ကိုယ်တော်ရဲ့..ဒီတိုင်းက ပျော်စရာမကောင်းဘူး..ပဟေဠိလေးတွေလုပ်ပြီး နိုင်တဲ့သူ က ကြိုက်တာလုပ်ကြေးလေ..ဘယ့်နှယ့်တုန်း”
ကိုးသိန်းသခင်မှာ တဟားဟားအော်ရယ်သည်။
“ဟုတ်ပြီ ကိုယ်တော်နိုင်ရင်..လွီဇာကို ကြိုက်တာလုပ်မယ်..လွီဇာနိုင်ရင်လည်း ကိုယ်တော့်ကို ကြိုက်တာလုပ်..ဒါပေမယ့်..ကိုယ်တော်ကြိုက်တာကိုပဲ လုပ်ပေးရမှာနော်..ဒါ အင်းဝရွှေနန်းရှင် ကိုယ်စား ပေးတဲ့ အမိန့်ပဲ...ဟားဟား”
လွီဇာသည် ကိုးသိန်းသခင်၏ နှာတံထိုးစစ်ကို အလူးအလဲခံနေရသည့် သူ့ပါးပြင်ကို ဆံပင်များဖြင့် ခေတ္တအုပ်ထားလိုက်သည်။
“ကဲ..ဒါဆိုမေးမယ်...ဖြေ”
“မေးစေဗျား”
“ကိုယ်တော်က မိန်းမတွေရဲ့ ချက်ကောင်းကို သိတယ်နော်..ဉပမာ ကျွန်တော်မကို ကိုယ်တော် အိပ်ရာထဲ ရအောင် ခေါ်ခဲ့တာပဲကြည့်..ပြောပါဉီး..မိန်းမတစ်ယောက်ကို ကိုယ်တော့်ရင်ခွင်ထဲရောက်ဖို့ ဘာလို သိမ်းသွင်းတာလဲ”
“ကိုယ်တော်က စစ်တိုက်လာတာ လွီဇာလေးရဲ့...မိန်းမတစ်ယောက်မှာ အားနည်းချက်က မိခင်စိတ်ပဲ...အဲ့ဒီမိခင်စိတ်ဟာ သူ့အားနည်းချက်ပဲ..လွီဇာကို ကိုယ်တော် စိတ်ဝင်စားတော်မူတဲ့အခါ အားနည်းချက်ကို ရှာရတယ်...လွီဇာအဖမ်းခံရတဲ့အခါ ငတွန်တို့အပေါ်ထားတဲ့ စိတ်..အဲ့ဒီစိတ်ကို ကိုယ်တော် သိလိုက်တယ်... စစ်ဆိုတာ အားပျော့ရာကို အရင်ရှာတိုက်ရတယ်...ချက်ကောင်းကို သိရတယ်.အဲ့ဒီလိုပဲ..စိတ်ဓာတ်သိပ်မာပါတဲ့ ဆိုတဲ့ မင်းကို မင်းရဲ့ အားနည်းချက် နှလုံးသားတည့်တည့်ကို ထိမယ့်ကိစ္စမျိုးနဲ့ အပေးအယူလုပ်ရတာပေါ့...မဟုတ်လား..ဟား..ဟား”
လွီဇာက ပါးစပ်ပိတ်ရယ်ဟန်ပြုကာ ကိုးသိန်းသခင် ၏ ပါးစပ်မှထွက်လာသော ကွမ်းဖတ်အချို့ကို ကာထားလိုက်သည်။
“တော်လှချည်လား...ကိုယ်တော်ရယ်”
“ကဲ..ကျုပ်နိုင်ပြီလား”
“ဒီလောက်တော်တဲ့ စစ်သူရဲကောင်း နဲ့ အတူရှိရတာ ကျွန်တော်မ ဂုဏ်ယူတယ်..ကျွန်တော်မတို့ ခရီးမဆက်ခင်..တခွက်လောက် ဂုဏ်ပြုသောက်ပေးဉီး”
လွီဇာက ကိုးသိန်းသခင်၏ လက်မောင်းကို ဖယ်ကာ နဘေးနားရှိ ဘရန်ဒီခွက်ကို ထပ်ငှဲ့သည်။
“ဟေ..သောက်ရဉီးမလား”
“ကျွန်တော်မကြားဖူးတာ အင်းဝသား မင်းရဲကျော်စွာ က စစ်တိုက်တော်သလို အရက်တအားသောက်နိုင်တာတဲ့...ကျွန်တော်မတို့ ဘိုးဘေးတွေရဲ့ အနောက်နိုင်ငံတွေမှာလည်း ယောက်ျားကောင်းတွေဆိုတာ အရက်သောက်နိုင်မသောက်နိုင်နဲ့ပါ ဆုံးဖြတ်တာ..ကိုယ်တော်ရဲ့.. ဒီ အရက်က ဟိုဟာပါကောင်းတယ်ဆိုတော့..ကိုယ်တော့်အတွက်...ယောက်ျားပီသတဲ့ ကိုယ်တော့်အတွက်”
ကိုးသိန်းသခင်က လွီဇာလက်ထဲမှ ခွက်ကို ယူကာ ဂွပ်ခနဲ မော့သောက်လိုက်၏။
ထို့နောက် လွီဇာ၏ ပုခုံနှစ်ဖက်ကို တွန်းလှဲကာ သူခန္ဓာကိုယ်ဖြင့် အပေါ်မှ ဖိထားလိုက်သည်။
လွီဇာက ကိုးသိန်းသခင်၏ နှုတ်ခမ်းမွှေးစစကို လက်ဝါးဖြင့် အသာကာလိုက်ရင်း
“ယားတယ်...အဲ့ဒါကြီးက”
“ခဏပဲ ယားမှာပါ..လွီဇာရဲ့”
“နေဉီး...မကျေနပ်သေးဘူး..မေးခွန်းမေးဉီးမယ်..ဖြေနိုင်ရင်..မနက်ထိ ကျွန်တော်မမပြန်ဘူး”
“ပြောလေ..လွီဇာလေး..မေးစမ်းပါ..ငါကိုယ်တော် မဖြေနိုင်တာ ဘာမှ မရှိဘူး..ဒီအင်းဝမှာ ရှင်ဘုရင်ပြီးရင် တန်ခိုးအကြီးဆုံး စစ်သေနာပတိဗိုလ်ချုပ်ကွဲ့”
“ကိုယ်တော်က မိန်းမကျမ်းကြေသလို...စစ်ရေးမှာလည်း ပါရဂူပါ..ဒီတော့ ကျွန်တော်မ မေးမယ်....အင်းဝမြို့ကြီးဟာ မိန်းမတစ်ယောက်ဆို..သူ့ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ..ကိုယ်တော်”
ကိုးသိန်းသခင်က ရုတ်တရက် လွီဇာ၏ မျက်နှာနား ရစ်ဝဲနေသော သူ့နှုတ်ခမ်းတို့ကို ခွာလိုက်သည်။
ထို့နောက် လွီဇာအား ခပ်တည်တည်ဖြင့် စိုက်ကြည့်လိုက်၏။
လွီဇာက ကိုးသိန်းသခင်၏ လည်ပင်းကို သိုင်းဖက်ကာ နားရွက်ဖျားလေးကို သွားဖြင့်ကိုက်လိုက်ရင်း
“မဖြေနိုင်တော့ဘူး..မဟုတ်လား..ဗိုလ်ချုပ်ရဲ့”
“ဟေ့.ဖြေနိုင်ပါတယ်ကွ...အင်းဝက မိန်းမတစ်ယောက်ဆို သူ့အားနည်းချက်က ကျောက်ဆည်ပဲ...သူ့ရဲ့ ရပ်တည်ရာ နှလုံးသား ကျောက်ဆည်ပဲ”
“ဟင်..ဘာဆိုင်လို့လဲ..ရှင်းပြ”
“အင်းဝ ရဲ့ စားနပ်ရိက္ခာဟာ ကျောက်ဆည်လွင်ပြင်ကလယ်ကွင်းတွေကို အားထားနေရတာ..ကျည်ဆံမရှိရင်နေလို့ရတယ်..စားစရာမရှိရင်နေလို့မရဘူး..ဟုတ်ပြီလား..ကဲ..”
“တော်တယ်..တော်တယ်...ကဲ...ကိုယ်တော်အောက်ကနေ...ကျွန်တော်မ အရင် အကြောအချင်ပြေအောင် အနှိပ်တော်ဆက်ပေးမယ်”
လွီဇာက တွန်းဖယ်လိုက်ရာ ကိုးသိန်းသခင်၏ ခန္ဓာကိုယ်ကြီးမှာ ဖဲမွေ့ယာပေါ် ပြိုကျသွားသည်။
“ပြီးရင်နော်...”
“အင်းပါ..ကိုယ်တော်ရဲ့..ဇက်ကြာလေး အရင်နှိပ်ပေးမယ်”
တခူးခူး ဟောက်သံများ ထွက်ပေါ်လာမှ လွီဇာက ကိုးသိန်းသခင်ကို နှိပ်ပေးနေသည့် သူ့လက်များကို ဖယ်လိုက်သည်။
ထို့နောက် ကိုးသိန်းသခင်၏ ပင့်ကူလက်တံ့များကြောင့် နေရာယွင်းခဲ့သည့် ခန္ဓာကိုယ်အနေအထားများကို ပြုပြင်လိုက်သည်။
သက်ပြင်းကို ခပ်လေးလေးချလိုက်၏။
ချက်ထိုးထားသော တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။
“မလွီဇာ”
အပြင်တွင် ရပ်နေသော တစုံတစ်ယောက်၏ ခေါ်သံကြောင့် လွီဇာ လန့်သွားသည်။
“ဟင်..ချစ်မြ”
“ဟိုလူကြီး အိပ်သွားပြီလား”
“အင်း...နင်က ဘယ်လိုလုပ် ပါလာတာလဲ”
“ကျွန်တော်က ကိုးသိန်းသခင်ရဲ့ ကိုယ်ရံတော်တပ်မှာ သွေးသောက်ကြီးဖြစ်နေပြီ...သူနဲ့အတူ ပါလာတာပဲ”
လွီဇာက ရှုပ်ပွနေသော ဆံပင်ကို အနည်းငယ်ပြုပြင်လိုက်သည်။
ချစ်မြက လွီဇာ့ကို စိတ်မကောင်းဟန်ဖြင့် တချက်ကြည့်လိုက်၏။
“နင် တချိန်လုံး အပြင်မှာရှိနေတာလား”
“အင်း...ကျွန်တော် မလွီဇာကို စကားပြောချင်လို့ စောင့်နေတာ”
“သူနိုးလာလို့မဖြစ်ဘူး..ငါ အမြန်ပြန်မှဖြစ်မှာ”
“ကျွန်တော်လိုက်ပို့မယ်”
“ရပါတယ်..ငါ့ဘာသာပြန်မယ်”
“ကျွန်တော့်မှာ ခင်ဗျားကို ပြောစရာတွေရှိတယ်..မလွီဇာ”
လွီဇာက အိမ်ပြင်တွင် ရပ်ထားသော သူ့မြင်းကို ကြိုးဖြည်ကာ တက်လိုက်သည်။
ချစ်မြကလည်း မြင်းတစ်စီးဖြင့်။
“ဟေ့..ငါ ကုန်သည်ကြီးကို သူ့အိမ်လိုက်ပို့လိုက်ဉီးမယ်...ကိုးသိန်းသခင် အိပ်ပျော်နေပြီ..အိပ်ဖန်စောင့်တွေ ကင်းအသင့်ပြင်ကြတော့”
ချစ်မြက အစောင့်များကို အော်ပြောကာ အပြင်သို့ ထွက်လာကြသည်။
ဟံသာဝတီကား တိတ်ဆိတ်စပြုနေပြီဖြစ်၏။
“မလွီဇာ...ခင်ဗျားက အင်းဝမှာ ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့..လွီဇာမဟုတ်တော့ဘူး..တကယ်ပဲ အများကြီး ပြောင်းလဲသွားခဲ့ပြီနော်”
“နင် ဘာကို ပြောတာလဲ..ချစ်မြ”
“ကျွန်တော် စိတ်မကောင်းလို့..ကျွန်တော်ရှိနေလျက်နဲ့ ခင်ဗျားကို မကာကွယ်ပေးနိုင်ခဲ့ဘူး”
လွီဇာက မြင်းပေါ်မှ ခပ်လွင်လွင်လေး ရယ်လိုက်သည်။
“ခုန ကိစ္စကိုပြောတာလား..ချစ်မြ...နင် အောက်မားဆင်မတွေ ဆင်ကျော့တာ မြင်ဖူးလား”
“အင်းဝမှာတော့ သုံးလေးခါ သွားကြည့်ဖူးပါတယ်”
“ငါ ခုနက ဆင်ရိုင်းကြီးကို ကျုံးသွင်းပြီး..အိပ်ခိုင်းလိုက်တာပါ... နင်တို့သခင်ကို အရက်ထဲ အိပ်ဆေးနည်းနည်းခပ်ထားခဲ့ရုံပဲ.သူ ငါ့ကို ဘာမှ မလုပ်နိုင်ခင်..အိပ်ပျော်သွားတယ်လေ..ဟင်းဟင်း..စိတ်မကောင်းမဖြစ်ပါနဲ့ဟ..ငါ့ကိုယ်ငါကာကွယ်နိုင်နေပါပြီ”
“အင်း...တော်ပါသေးရဲ့ဗျာ..ဒါပေမယ့်..ဒီနှစ်ပိုင်းတွေအတွင်း မလွီဇာ ဟာ တခြားတစ်ယောက်ဖြစ်သွားတယ်လို့ ကျွန်တော်ခံစားရတယ်”
“ချစ်မြ..အဲ့ဒီလို တခြားတစ်ယောက်ဖြစ်သွားအောင်လည်း သူတို့တွေကပဲ ငါ့ကို လုပ်လိုက်ကြတာလေ..ချစ်မြ..အောက်မားဆင်မတွေလိုမျိုး ငါကျင့်ကြံတတ်သွားပြီဟ”
“မလွီဇာ..ကြုံးသွင်းတဲ့အထဲတော့ ကျွန်တော်လည်း ပါကောင်းပါခဲ့လိမ့်မယ်..ဒါပေမယ့်..ကိုတွန့်ကိုတော့ မပါစေချင်ဘူး”
“ဘာ..”
ငတွန်အမည်ကြားသည်နှင့် လွီဇာ၏ အာမေဋိတ်သံထွက်လာသည်။
“ကျွန်တော် အင်းဝအချုပ်ထဲမှာ အတူရှိတဲ့အချိန် ကိုတွန်ဟာ တချိန်လုံး ခင်ဗျားအတွက်ပဲ စိတ်ပူနေခဲ့တာ... သူ နဲ့ ကျွန်တော်လွန်ခဲ့တဲ့လက သိန်းနီခံတပ်မှာ တွေ့ခဲ့ရတယ်”
“ဟင်...မောင်ကြီးငတွန်ကို နင်တွေ့ခဲ့တာလား..သူ..သူ ဘာလုပ်နေလဲဟင်”
“သူ မောပြည် မှာရှိတဲ့ စော်ဘွားကိုးကွယ်တဲ့ ရှမ်းဆရာတော်တွေဆီမှာ စစ်ချီစစ်တက်တွေ၊ သိုင်းပညာတွေ ရသလောက် သင်ယူနေတယ်..ကျွန်တော်က ကိုးသိန်းသခင်လွှတ်လို့ ကင်းတပ်တွေ စစ်တာကို လိုက်သွားရင် ဆုံခဲ့ရတာ”
“သူ...နေကောင်းရဲ့လားဟင်”
“အင်း..ကောင်းပါတယ်..အခု ကျွန်တော်နဲ့တွေ့တော့ ခင်ဗျားက သူ့အကြောင်းတွေချည်း မေးသလို... သူလည်း ခင်ဗျားအကြောင်းတွေချည်း မေးတယ်.... ကျွန်တော်ကလည်း မလွီဇာ ဟံသာဝတီကို သွားတဲ့ အကြောင်းပဲ ပြောပြနိုင်တာလေဗျာ...သူနဲ့ စကားတွေအများကြီးပြောဖြစ်တယ်...သူက ခင်ဗျားအတွက် ထွက်သွားခဲ့တာ...သူ သိပ်ချစ်တဲ့ ခင်ဗျားထိခိုက်မှုအတွက် သူ့ကိုယ်သူခွင့်မလွှတ်နိုင်ဖြစ်နေခဲ့တာ”
လွီဇာ တိတ်ဆိတ်သွားသည်။
ခပ်လှမ်းလှမ်းတွင် လွီဇာ၏ အိမ်ကို လှမ်းမြင်နေရပြီဖြစ်သည်။
“ချစ်မြ...ငါ့ကို တခု ကတိပေးပါ”
“ပြောပါ..မလွီဇာ”
“အင်းဝမြို့ကြီး ကို ပျက်စီးတဲ့တနေ့...သူ့ကို အင်းဝမှာ ငါရှိစေချင်တယ်...မောင်ကြီးငတွန်ရဲ့ ရင်ခွင်ထဲမှာ ဝင်ပြီး သာမန်အခြေခံလူတန်းစားတွေရဲ့ ဘဝပေါင်းများစွာကို ဖျက်ဆီးခဲ့တဲ့ အကျင့်စာရိတ္တတွေပျက်နေတဲ့ အင်းဝမြို့ကြီး မီးဟုန်းဟုန်းတောက်တာကို ငါထိုင်ကြည့်ချင်တယ်....အဲ့ဒီအချိန် သူအင်းဝကို မဖြစ်ဖြစ်အောင် ပြန်လာပေးပါ...ငါသူ့ကို သိပ်ချစ်ပါတယ်လို့.နင် စကားပါးပေးပါ”
လွီဇာ စကားကြောင့် ချစ်မြ မှာ ရုတ်တရတ်မြင်းကိုပင် ဇက်ကြိုးစောင့်ဆွဲလိုက်မိတော့သည်။
ခက်ဇော်
ကိုယ်စီတာဝန် ကျေပွန်ခြင်းဟာ ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းပါ။
ပတ်ဝန်းကျင်ကို စောင့်ရှောက်တာဟာလည်း လောကကို စောင့်ရှောက်ခြင်းပါပဲ။
အဓမ္မကို တွန်းလှန်တဲ့ ပွဲမှာ ကျင့်ဝတ်ရှိသော တာဝန်များ ကိုယ်စီကျေပွန်ကြစို့ဗျာ။
(Zawgyi)
AVA 1740s
အခန္း(၃၃)
...............................................
ေရွ႕ခပ္လွမ္းလွမ္းတြင္ ျမင္ေနရေသာ ေမာေဓာေစတီကို ကိုးသိန္းသခင္က ဆင္ေပၚမွ လက္အုပ္ခ်ီ ဖူးေျမႇာ္လိုက္သည္။
အင္းဝမွ လက္နက္ကိုင္အင္အား တစ္ေထာင္ျဖင့္ ခ်ီတက္လာေသာ ကိုးသိန္းသခင္ ၏တပ္မ်ား ေရာက္သည္ႏွင့္ ဟံသာဝတီသည္ ပိတ္ထားေသာ ၿမိဳ႕တံခါးမ်ားကို ဖြင့္ေပးလိုက္ရေတာ့၏။
ကိုးသိန္းသခင္သည္ ျပည္ၿမိဳ႕စားျမင္းမႉးမင္းသား၊ သန္လ်င္ၿမိဳ႕ဝန္မင္းရဲေအာင္ႏိုင္ တို႔ ဝန္းရံလ်က္ ၿမိဳ႕တြင္းသို႔ စစ္အဂၤါခင္းဝင္လာသည္။
ေမာ္ေဓာေစတီေတာ္ေရွ႕သို႔ေရာက္သည့္အခါ ဆင္ဝန္ဉီးေအာင္လွ၊ အခြန္ဝန္ဉီးကို၊ ဉီးေမာင္၊ စာေရးႀကီးထားကစား၊ နဲ႐ြဲ႐ြာသူႀကီးတို႔မွာ လက္အုပ္ခ်ီလ်က္ ေျမျပင္တြင္ ဝပ္တြားေနၾက၏။
ကိုးသိန္းသခင္သည္ ဆင္ေပၚမွ ဆင္းလိုက္သည္။
“ဆင္ဝန္မင္း....ေလွ်ာက္ထားစရာရွိတာ ေလွ်ာက္ေခ်”
နဲ႐ြဲ႐ြာသူႀကီးက ကတၱီပါဝတ္အုပ္ထားေသာ ပလိုင္းတစ္လုံးကို ဆင္ဝန္ဉီးေအာင္လွ ထံ ကမ္းေပးလိုက္သည္။
ဆင္ဝန္ဉီးေအာင္လွ က ပလိုင္းကို ကိုးသိန္းသခင္ထံ ဒူးေထာက္လ်က္ေပးလိုက္၏။
ကိုးသိန္းသခင္က ကတၱီပါအဝတ္ကို လွန္လိုက္သည္။
ဝါးပလိုင္းထဲတြင္ ဉီးေခါင္းတစ္ခု။ ေသြးစတို႔ မေျခာက္ေသး။ မ်က္လုံးႏွစ္လုံးက ပြင့္ေနသည္။
“သူပုန္ငသာေအာင္ ရဲ႕ ေခါင္းပါ..ကိုးသိန္းသခင္...ေဟာ့ဒီက ဟံသာဝတီအမႈအထမ္းမ်ား ဟာ ငသာေအာင္ရဲ႕ ဓါးမိုးၿခိမ္းေျခာက္မႈေၾကာင့္ ပုန္ကန္ရာတြင္ အလိုမတူပဲ ပါခဲ့မိပါတယ္...အခြင့္သာခိုက္ ငသာေအာင္ရဲ႕ အသက္ကို စီရင္ၿပီး အင္းဝေ႐ႊနန္းရွင္ထံ ဆက္သျခင္းျဖစ္ပါတယ္... ကြၽန္ေတာ္မ်ိဳးအမႈထမ္းမ်ားရဲ႕ အသက္နဲ႔ခႏၶာကိုယ္ကို ေ႐ႊနန္းရွင္ကိုယ္စား ငဲ့ညႇာေပးဖို႔ ရွိခိုးေတာင္းပန္ပါတယ္..ဘုရား”
ကိုးသိန္းသခင္က ကတၱီပါအဝတ္ကို ျပန္အုပ္လိုက္သည္။
“အိမ္း..ငသာေအာင္ငယ္ ဟာ ရာဇဝတ္ေတာ္အမႈႀကီးကို လြန္က်ဴးခဲ့တာပဲ..က်န္တဲ့သူမ်ားကေတာ့ နီးရာဓါးေၾကာက္ရတာပ..အခုလို သူပုန္ေခါင္းကို ဆက္သတဲ့အတြက္ အျပစ္က လြတ္ထိုက္ပါတယ္..ကဲ.. ငသာေအာင္ ေခါင္းကို ဟံသာဝတီၿမိဳ႕ ေမာေဓာတံခါးထိပ္မွာ တပတ္တိတိခ်ိတ္ဆြဲထားေစ..သင္းအေလာင္းေကာင္ကို လည္း ေျခ၊ လက္တို႔ ျဖတ္ၿပီး ၿမိဳ႕တံခါးမွာ ျပည္သူေတြ ျမင္ေအာင္ ျပသထားၾက....ငသာေအာင္နဲ႔ တႀကိတ္တည္းတဉာဏ္တည္း ပါခဲ့သူေတြ ကို သားမယားႏွင့္တကြ မီးတိုက္ေစ..ဒါကိုသန္လ်င္ၿမိဳ႕ဝန္က တာဝန္ယူေပးပါ”
သန္လ်င္ၿမိဳ႕ဝန္ မင္းရဲေအာင္ႏိုင္က လက္အုပ္ခ်ီလိုက္သည္။
“ကဲ..မင္းရဲေအာင္ႏိုင္ကို ဟံသာဝတီၿမိဳ႕ဝန္ခန႔္အပ္ေပးတဲ့ ေ႐ႊနန္းရွင္ရဲ႕ အမိန႔္ေတာ္ကို ဟံသာဝတီၿမိဳ႕ဝန္ အိမ္ေတာ္မွာ လက္ခံေပးဖို႔ စီစဥ္ၾကေစဗ်”
ဉီးသာေအာင္ ႏွင့္ အတူ ပုန္ကန္မႈကို ဉီးေဆာင္ခဲ့သူမ်ားျဖစ္သည့္ ဉီးကိုတို႔အုပ္စုမွာ အသက္ေဘးမွ လြတ္သည့္အတြက္ ဝမ္းသာအားရျဖစ္သြားၾကသည္။
“ဆင္ဝန္မင္း..ေနခဲ့ပါဉီး..အနားတိုး ခစား”
ဆင္ဝန္ဉီးေအာင္လွ က လက္အုပ္ခ်ီလ်က္ ေရွ႕သို႔ တိုးလာသည္။
“လြီဇာ ေရာ.... ေဘးကင္းရဲ႕လား”
“ေဘးကင္းေၾကာင္းပါ..ဘုရား...ကြၽန္ေတာ္မ်ိဳးအိမ္အနီးအနားက သူ႔ရဲ႕ အိမ္မွာ ရွိေနပါတယ္”
“အင္း..ေမာင္မင္းတို႔ ႏွစ္ေယာက္ သတိေပးပါလ်က္..က်ဳပ္ ေပါ့ေလ်ာ့ခဲ့မိတာ... ေမာင္မင္းတို႔ ႏွစ္ေယာက္ရဲ႕ သစၥာအတြက္ က်ဳပ္ ႏွစ္ေထာင္းအားရပါတယ္..ညက် က်ဳပ္ခဏေနမယ့္ ၿမိဳ႕ဝန္အိမ္ေတာ္ကို လာခဲ့ၾက...လြီဇာမငယ္ ကိုပါ..ေခၚခဲ့စမ္းပ”
.........................................................................................
ဟံသာဝတီ ကား ညဥ့္ဉီးပိုင္းတြင္ပင္ ျဖစ္ေသာ္ျငား ဆူညံရႈပ္ေထြးေနသည္။
မၾကာမီ ဟံသာဝတီၿမိဳ႕ဝန္ျဖစ္လာမည့္ သံလ်င္ၿမိဳ႕ဝန္မင္းရဲေအာင္ႏိုင္ ၏ တပ္မ်ားသည္ ဉီးသာေအာင္ ႏွင့္ ပတ္သက္သူ ၊ မသကၤာသူမွန္သမွ်ကို ဖိုက္စိပ္တိုက္ကာ လိုက္လံဖမ္းဆီးေန၏။
အင္းဝမွ ခ်ီတက္လာေသာတပ္မ်ား၊ ျပည္ႏွင့္ ပုသိမ္ကိုးၿမိဳ႕တပ္မ်ားကိုလည္း ဟံသာဝတီၿမိဳ႕သားမ်ားက တည္းခိုရန္ေနရာခ်ကာ ေကြၽးေမြးဧည့္ခံေနၾကသည္။
ၿမိဳ႕ဝန္အိမ္ေတာ္တြင္ ကိုးသိန္းသခင္သည္ မင္းရဲေအာင္ႏိုင္ ၊ လက္်ာဗိုလ္အပါအဝင္ ဟံသာဝတီၿမိဳ႕ အမႈထမ္းအခ်ိဳ႕ႏွင့္ စည္းေဝးတိုင္ပင္ေနၾက၏။
“သန္လ်င္မွာ ဘုရားေက်ာင္းလာဖြင့္ထားတဲ့ ဗရင္ဂ်ီဘုန္းႀကီးေတြဟာလည္း ငသာေအာင္ နဲ႔ အႀကံတူၾကၿပီး ပုန္ကန္ရာမွာ ပူးေပါင္းဖို႔ ကတိရွိခဲ့ၾကပါတယ္..အရွင္..သူတို႔ကိုေရာ ဘယ္လို အျပစ္ေပးရမလဲ..အမိန႔္ရွိပါ”
မင္းရဲေအာင္ႏိုင္၏ ေလွ်ာက္တင္မႈေၾကာင့္ နေဘးတြင္ ရွိေနေသာ လက္်ာဗိုလ္မွာ ထိတ္ခနဲျဖစ္သြားသည္။
“ဒါဟာ သူပုန္မႈျဖစ္တယ္...ႏိုင္ငံျခားသားျဖစ္ပါလ်က္..ျပည့္ရွင္မင္းသစၥာမေထာက္..ဒီလို ေဖာက္ျပန္တဲ့ လူေတြကို သာသနာျပဳခြင့္ေပးတာ အႏၲရာယ္ႀကီးလွတယ္..သူတို႔ကိုပါ ကြပ္ေလ”
“မွန္ပါ...သစၥာရည္ေသာက္ၿပီး ပါဝင္ခဲ့တဲ့ ဗရင္ဂ်ီခင္ႀကီး ဂါလစ္ဇီယာ နဲ႔ မြန္ဒယ္လီတို႔ကိုေတာ့ ဟံသာဝတီၿမိဳ႕ထဲက ဘုရားေက်ာင္းေဆာက္လုပ္မယ့္ေျမေနရာမွာတင္ ဖမ္းမိထားပါတယ္..သန္လ်င္က ေက်ာင္းလည္းရွိပါေသးတယ္”
“မင္းရဲေအာင္ႏိုင္...မင္းကို ဟံသာဝတီၿမိဳ႕ဝန္အျဖစ္ ေ႐ႊနန္းေတာ္က အခြင့္ေပးၿပီးသား..အခ်ိဳ႕ကိစၥေတြ..က်ဳပ္ကို ခ်ည္း ေလွ်ာက္တင္မေနပဲ..လုပ္စရာရွိတာလုပ္ပါေလ..ဖေနာင့္မွာ ဆူးတဲ့ ေညႇာင့္ေလာက္ကို ထြင္း မထြင္း က်ဳပ္ ဆုံးျဖတ္ေပးေနစရာမလိုဘူးကြဲ႕”
ကိုးသိန္းသခင္၏ ေလသံခပ္မာမာေၾကာင့္ ဟံသာဝတီၿမိဳ႕ဝန္အသစ္မွာ လက္အုပ္ခ်ီလ်က္ ေနာက္သို႔ ခပ္ယို႔ယို႔ဆုတ္သြားေတာ့သည္။
“ဆင္ဝန္မင္း မလာေသးဘူးလားေဟ့”
“ေရွ႕မွာ ေရာက္ေနပါၿပီ..ခစားဖို႔ ေစာင့္ေနပါတယ္..ဘုရား”
“ကဲ...ဒါဆို..ေမာင္တို႔လည္း သြားၾကေတာ့...က်ဳပ္ ဆင္ဝန္ နဲ႔ တိုင္ပင္စရာအခ်ိဳ႕ ရွိေသးတယ္”
ကိုးသိန္းသခင္ေရွ႕တြင္ ခစားေနသူမ်ားက ထြက္ခြာသြားၾကသည္။
ဆင္ဝန္ဉီးေအာင္လွ တစ္ဉီးတည္းဝင္လာသျဖင့္ ကိုးသိန္းသခင္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဟိုကေလးမေရာကြဲ႕”
“အရွင့္အတြက္ ျပင္သစ္ျပည္ျဖစ္ ဘရန္ဒီတစ္ပုလင္း ဆက္သဖို႔အတြက္ သန္လ်င္ကလာမယ့္ လူႀကဳံ မလာေသးလို႔ ေစာင့္ေနပါတယ္..ခဏေနေရာက္ပါေတာ့မယ္..ဘုရား”
ထိုအခါမွ ကိုးသိန္းသခင္က ၿပဳံးသြားသည္။
လြီဇာ၏ အိမ္ၿခံဝန္းအတြင္းသို႔ လူတစ္ဉီးျမင္းစီးလ်က္ဝင္လာ၏။
“လမ္းမွာ မိုးကသည္းေတာ့ ေခ်ာင္းေရက်ကို ေစာင့္ေနရလို႔ ေနာက္က်သြားတာပါ...မမလြီဇာ”
“ေအး..ဒီမွာငါလည္း နင့္ကို ေစာင့္ေနတာ..ဘယ္မလဲ..ဘရန္ဒီပုလင္း”
သန္လ်င္တြင္ အရက္တင္သြင္းသည့္ လုပ္ငန္းဆိုင္ရာမ်ားလုပ္ေပးရန္အတြက္ လြီဇာခန႔္အပ္ထားေသာ ထိုလူငယ္က ျမင္းေပၚမွ ဆင္းၿပီး ဘရန္ဒီပုလင္းကို ကမ္းေပးလိုက္၏။
“မယ္ဖူး...ငါေျပာတဲ့အတိုင္း ေသခ်ာလုပ္ၿပီး ထုတ္ပိုးခဲ့ေနာ္...သြား”
လြီဇာက မယ္ဖူးကို ဘရန္ဒီပုလင္းအား ေပးလိုက္သည္။ မယ္ဖူးက ပုလင္းကို ကိုင္ကာ အိမ္ထဲသို႔ ဝင္သြား၏။
“နင္ ဒီည ဒီမွာပဲအိပ္..မနက္က်မွ သန္လ်င္ျပန္ေပါ့”
“ဟုတ္ကဲ့...မမလြီဇာ”
ထိုအခ်ိန္တြင္ ေနာက္ထပ္ျမင္းတစ္စီးက လြီဇာ၏ ၿခံထဲ ဒုန္းစိုင္းဝင္လာသျဖင့္ သူတို႔ႏွစ္ဉီးလုံး လန႔္သြားၾကသည္။
ျမင္းေပၚမွ ဆင္းလာသူက လက္်ာဗိုလ္။
“လြီဇာ...ခင္ဗ်ားဆီကို သန္လ်င္က လူႀကဳံ ဒီညေနလာမယ္လို႔ ဉီးေအာင္လွ ေျပာတာ က်ဳပ္ၾကားလိုက္တယ္..သူေရာက္ၿပီလား”
“ေရာက္ၿပီေလ..ဒီမွာပဲ”
“ဒါဆို အေရးႀကီးတယ္...သန္လ်င္ကို သူ႔ကို အခုျပန္ခိုင္းပါ...ဖာသာနာေရနီဆီ သြားခိုင္းေပးပါ”
လက္်ာဗိုလ္၏ အသက္ရႈသံမ်ားျမန္ေနသည္။ အသံတို႔က တုန္ရီေန၏။
“ဘာျဖစ္လာတာလဲ..ဘာေတြအေရးႀကီးလို႔လဲ..လက္်ာဗိုလ္ရဲ႕”
“မင္းရဲေအာင္ႏိုင္က ဟံသာဝတီမွာ ရွိေနတဲ့ ဖာသာဂါလီဇီယာတို႔ကို ကြပ္မ်က္ဖို႔ အမိန႔္ရသြားၿပီ..သန္လ်င္က နာေရနီကိုပါ ကြပ္မ်က္ႏိုင္တယ္..အဲ့ဒါ ဒီကေန သတင္းမေရာက္ခင္ နာေရနီ သန္လ်င္ကေန ေရွာင္ဖို႔လိုတယ္...က်ဳပ္ကိုယ္တိုင္ သြားခ်င္ေပမယ့္..ဒီအခ်ိန္မွာ ဟံသာဝတီက က်ဳပ္ေပ်ာက္သြားရင္ ကိုးသိန္းသခင္နဲ႔ မင္းရဲေအာင္ႏိုင္တို႔က တမ်ိဳးထင္သြားလိမ့္မယ္..လြီဇာ..အဲ့ဒါ သူ႔ကို ဒီညတြင္းခ်င္းပဲ...သန္လ်င္ကို ျပန္ခိုင္းပါ”
“ကြၽန္ေတာ္လာေတာ့ ၿမိဳ႕တံခါးေတြ ပိတ္သြားၿပီဗ်..မနက္မွ ျပန္မွရေတာ့မယ္”
“အဲ့ဒါ...မလိုဘူး...က်ဳပ္က ၿမိဳု႔ေစာင့္တပ္မႉးပဲ...ခင္ဗ်ား အခုျပန္ရမယ္..သန္လ်င္က ဘာနာဘိုက္ဗရင္ဂ်ီေက်ာင္းေတာ္ကိုသြား..ဟံသာဝတီကိုေရာက္ေနတဲ့ ခင္ႀကီးအကုန္ ေသဒဏ္ေပးခံလိုက္ရၿပီ..ဒါေၾကာင့္.. အင္းဝနဲ႔ ဟံသာဝတီရဲ႕ အာဏာစက္ကလြတ္တဲ့ တနသၤာရီဘက္ကို ေျပးေတာ့လို႔ ေျပာေပးပါ”
“ဟာ..ကြၽန္ေတာ္ ထမင္းမစားရေသးဘူးဗ်”
လက္်ာဗိုလ္က ဓါးရွည္ကို ထုတ္ကာ လူငယ္၏ လည္ပင္းေပၚ ႐ြယ္လိုက္သည္။
“ေန..ေန လက္်ာဗိုလ္...ကြၽန္မလူ ကြၽန္မေျပာရင္ ရပါတယ္”
လြီဇာက အိမ္ထဲ ခဏဝင္သြား၏။ ထို႔ေနာက္ ေငြစထုတ္တစ္ထုတ္ကို ယူလာသည္။
“ေရာ့...နင့္သားေလး ဝါကြၽတ္ရင္ ရွင္ျပဳခ်င္တယ္ေျပာထားတယ္..မဟုတ္လား.ဒီေငြစနဲ႔ ဆို အလႉႀကီးေပးလို႔ပါရတယ္...အခုခ်က္ခ်င္း သန္လ်င္ကို အျမန္ဆုံးေရာက္ေအာင္သြား..လက္်ာဗိုလ္မွာတာကို သြားေျပာေခ်..လမ္းမွာ ဒီသတင္း ဘယ္သူမွ မသိေစနဲ႔”
“ေက်းဇူးႀကီးလွပါတယ္..မမလြီဇာ..ကြၽန္ေတာ္ အခုပဲ သြားပါ့မယ္”
လူငယ္က ခ်က္ခ်င္းပင္ ျမင္းေပၚသို႔ တက္ခြလိုက္သည္။
“လက္်ာဗိုလ္..ၿမိဳ႕တံခါးဖြင့္ေပးဖို႔ ကိစၥ ရွင္ လိုက္လုပ္ေပးလိုက္ဉီး...ၿမိဳ႕ထဲ အေျခအေနေတြက ရႈပ္ေထြးေနတာ”
လက္်ာဗိုလ္ႏွင့္ လူငယ္ထြက္သြားၾကသည္။
ခဏအၾကာတြင္ မယ္ဖူးထြက္လာသည္။
ျခင္းတစ္ျခင္းထဲတြင္ ပုလင္း၊ ခြက္ႏွင့္ အျမည္းမ်ား စုံစုံလင္လင္။
ေ႐ႊကြပ္ထားေသာ ကတၱီပါအိပ္ရႈံ႕ေလးျဖင့္ ဘရန္ဒီပုလင္းမွာလည္း လွလွပပျဖစ္သြားခဲ့ၿပီ။
.........................................................................
ကိုးသိန္းသခင္က ဂဠဳန္နဂါးတိုက္ခိုက္ေနသည့္ပုံထြင္းထားသည့္ ေငြေထြးခံဖလားကို ယူကာ ကြမ္းတံေတြး တခ်က္ေထြးလိုက္သည္။
လြီဇာ လက္ထဲမွ ကတၱီပါအိတ္ရႈံ႕ေလးကိုဖြင့္ၿပီး ဘရန္ဒီပုလင္းကို ၾကည့္လိုက္၏။
“အင္း..လြီဇာမငယ္...ဟံသာဝတီမွာ အဆင္ေျပရဲ႕လားကြဲ႕”
“ေျပပါတယ္..အရွင္..ေလာင္းရွည္မင္းသမီးႀကီးေရာ က်န္းမာပါစ”
“အိမ္း..သူကလည္း ဒီတိုင္းပဲလကြယ္...မယ္မင္း က ေအာက္ျပည္ေရ ေလ နဲ႔ တည့္ပုံပဲ...ပိုေတာင္ စိုေျပလာပါေပါ့လား”
လြီဇာက ခပ္လွပ္လွပ္ၿပဳံးလိုက္၏။
“ဆင္ဝန္မင္း ေလွ်ာက္တင္လို႔ တခ်ိဳ႕ကိစၥေတြ က်ဳပ္သိၿပီးပါၿပီ..မယ္မင္း ဟာ ထက္ျမက္တဲ့ မိန္းမ တစ္ေယာက္ပဲ..အင္းဝေ႐ႊနန္းကို သစၥာရွိတဲ့အတြက္လည္း က်ဳပ္ ႏွစ္ေထာင္းအားရပါတယ္..ေရာ့ကြယ္.. ဒါက ေ႐ႊနန္းရွင္ကိုယ္စား ခ်ီးေျမႇာက္တာပ”
ကိုးသိန္းသခင္က ပတၱျမားလက္စြပ္တကြင္းကို လြီဇာထံ ကမ္းေပးလိုက္သည္။
“ေက်းဇူးႀကီးလွပါတယ္..အရွင္”
“ကဲ...ဉီးေအာင္လွ..ညဥ့္လည္းနက္ေတာ့မယ္..က်ဳပ္ေျပာခဲ့တာေတြ စီမံစရာရွိတာ စီမံဗ်ာ..မင္းရဲေအာင္ႏိုင္တို႔ကိုလည္း ခင္ဗ်ားတို႔ပဲ လိုအပ္တာကူလိုက္ေပါ့...က်ဳပ္ နဲ႔ လြီဇာ အင္းဝကို ကုန္စည္တင္သြင္းဖို႔ကိစၥနည္းနည္းေဆြးေႏြးစရာရွိေသးတယ္..ခင္ဗ်ား ျပန္ေတာ့”
ဉီးေအာင္လွက လြီဇာကို မ်က္လုံးျဖင့္ အသာငဲ့ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။
လြီဇာက အံကိုႀကိတ္ထား၏။
ဉီးေအာင္လွ ထသြားၿပီးသည့္ေနာက္ ကိုးသိန္းသခင္သည္ အခန္းတံခါးကို သြားပိတ္လိုက္သည္။
“ျပည္ထဲေရးနဲ႔ ဝမ္းေရးထက္ လြမ္းေရးက ခက္ပါဘိတဲ့..ထပါဉီး..လြီဇာ..ကိုယ္ေတာ္ တခ်ိန္လုံး မင္းကို သတိရေနတာ...ေနျပည္ေတာ္မွာက ကသည္းအေရးကလည္း လႊတ္ထားလို႔မရလို႔..မနက္ျဖန္ မနက္ဆို က်ဳပ္ျပန္ရေတာ့မွာ..ဒီညေတာ့ က်ဳပ္နဲ႔ အတူရွိေပးမယ္မဟုတ္လား..လြီဇာ”
ကိုးသိန္းသခင္ က လြီဇာ၏ ပုခုံးကို လာေရာက္ဆုပ္ကိုင္သည္။
လြီဇာက ခပ္ျဖည္းျဖည္းထလိုက္ၿပီး ကိုးသိန္းသခင္ကို ၿပဳံးျပလိုက္၏။
“အင္းဝ က ည တည ကို ကိုယ္ေတာ္ အခုထိ မင္းလို႔ မရဘူး..မင္းေရာ”
လြီဇာက ကိုးသိန္းသခင္ ကို လက္အုပ္ခ်ီလိုက္သည္။
ကိုးသိန္းသခင္က လြီဇာကို သူ၏ ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္၏။
ထို႔ေနာက္ ဖဲေမြ႕ယာျပင္ထားသည့္ ကုတင္ဆီသို႔ ေျခကိုလွမ္းလိုက္သည္။
“ကြၽန္ေတာ္မ်ိဳးမ ယူလာတဲ့ ဘရန္ဒီက ျပင္သစ္ျပည္ကေန လုပ္တဲ့ ႏွစ္ခ်ိဳ႕အရက္ပါ..ေယာက္်ားတို႔ရဲ႕ ဟိုဟာကို အထူးေကာင္းေစပါတယ္..ဘုရား..အဲ့ဒီအရက္ေလးကို အခ်ိန္ရတုန္း မွီဝဲေစခ်င္ပါတယ္”
''ဘယ္ဟာတုန္းကြဲ႕''
လြီဇာက ကိုးသိန္းသခင္၏ တေနရာကို ရွက္စႏိုးဟန္ျဖင့္ လက္ညႇိးထိုးျပလိုက္သည္။
ကိုးသိန္းသခင္က သေဘာတက်ျဖင့္ ရယ္လိုက္၏။
“အင္း..ေကာင္းသားပဲ..အခ်ိန္ရွိခိုက္ လုံ႔လစိုက္တာပ”
လြီဇာက အသင့္ျပင္ဆင္လာသည္မ်ားကို ထုတ္လိုက္သည္။
“ကိုယ္ေတာ့္ကို ဆက္သဖို႔ ကြၽန္ေတာ္မ ျပင္ဆင္ထားတာေတြပါ...အဂၤလိပ္ျပည္လုပ္ ဒိန္ခဲေတြလည္း ျမည္းဖို႔ပါလာပါေသးတယ္”
ကိုးသိန္းသခင္မွာ ထိုင္ခုံတြင္ ထိုင္လ်က္ လြီဇာကို ၿပဳံးၿပဳံးႀကီးသာ ၾကည့္ေန၏။
လြီဇာက ဘရန္ဒီတစ္ခြက္ကို ငွဲ႔ေပးလိုက္၏။
ဒတ္ခ်္တို႔တင္သြင္းလာေသာ ေ႐ႊကႏုတ္ဖန္ထည္ခြက္အတြင္းမွ ပတၱျမားေသြးစြန္းေနသည့္ ဘရန္ဒီ ရနံ႔က ကိုးသိန္းသခင္ကို စြဲေဆာင္လိုက္သည္။
ကိုးသိန္းသခင္က ဖန္ခြက္ထဲမွ အရက္ကို တရွိန္ထိုးေမာ့လိုက္သည္။
“အား..ေမႊးၿပီး ပူဆင္းသြားတာပါလား”
လြီဇာက ၾကက္ေၾကာ္ တဖဲ့ ဖဲ့ေပးလိုက္သည္။
ကိုးသိန္းသခင္မွာ ဘရန္ဒီေသာက္ရင္း လြီဇာ၏ ခႏၶာေဗဒကို စကၡဳအျမည္းလုပ္ျမည္းေနသည္။
ေလးခြက္ေျမာက္တြင္ စကားသံမ်ား တျဖည္းျဖည္းေလးလံလာ၏။
ကိုးသိန္းသခင္က ထလာၿပီး လြီဇာ၏ လက္ေမာင္းသားကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။
လြီဇာက အလိုက္သင့္ ထလိုက္၏။
“ကိုယ္ေတာ့ကို အိပ္ရာထဲ လိုက္ပို႔ေတာ့..လြီဇာေလးရယ္”
ကိုးသိန္းသခင္သည္ လြီဇာ၏ ခႏၶာကိုယ္ကိုသိမ္းႀကဳံးဖက္ကာ ပါးျပင္ကို နမ္းရင္း လိုက္လာ၏။
သူတို႔ အိပ္ရာေပၚလွဲလိုက္ၾကသည္။
“ခဏေနပါဉီး..ကိုယ္ေတာ္ရဲ႕..ဒီတိုင္းက ေပ်ာ္စရာမေကာင္းဘူး..ပေဟဠိေလးေတြလုပ္ၿပီး ႏိုင္တဲ့သူ က ႀကိဳက္တာလုပ္ေၾကးေလ..ဘယ့္ႏွယ့္တုန္း”
ကိုးသိန္းသခင္မွာ တဟားဟားေအာ္ရယ္သည္။
“ဟုတ္ၿပီ ကိုယ္ေတာ္ႏိုင္ရင္..လြီဇာကို ႀကိဳက္တာလုပ္မယ္..လြီဇာႏိုင္ရင္လည္း ကိုယ္ေတာ့္ကို ႀကိဳက္တာလုပ္..ဒါေပမယ့္..ကိုယ္ေတာ္ႀကိဳက္တာကိုပဲ လုပ္ေပးရမွာေနာ္..ဒါ အင္းဝေ႐ႊနန္းရွင္ ကိုယ္စား ေပးတဲ့ အမိန႔္ပဲ...ဟားဟား”
လြီဇာသည္ ကိုးသိန္းသခင္၏ ႏွာတံထိုးစစ္ကို အလူးအလဲခံေနရသည့္ သူ႔ပါးျပင္ကို ဆံပင္မ်ားျဖင့္ ေခတၱအုပ္ထားလိုက္သည္။
“ကဲ..ဒါဆိုေမးမယ္...ေျဖ”
“ေမးေစဗ်ား”
“ကိုယ္ေတာ္က မိန္းမေတြရဲ႕ ခ်က္ေကာင္းကို သိတယ္ေနာ္..ဉပမာ ကြၽန္ေတာ္မကို ကိုယ္ေတာ္ အိပ္ရာထဲ ရေအာင္ ေခၚခဲ့တာပဲၾကည့္..ေျပာပါဉီး..မိန္းမတစ္ေယာက္ကို ကိုယ္ေတာ့္ရင္ခြင္ထဲေရာက္ဖို႔ ဘာလို သိမ္းသြင္းတာလဲ”
“ကိုယ္ေတာ္က စစ္တိုက္လာတာ လြီဇာေလးရဲ႕...မိန္းမတစ္ေယာက္မွာ အားနည္းခ်က္က မိခင္စိတ္ပဲ...အဲ့ဒီမိခင္စိတ္ဟာ သူ႔အားနည္းခ်က္ပဲ..လြီဇာကို ကိုယ္ေတာ္ စိတ္ဝင္စားေတာ္မူတဲ့အခါ အားနည္းခ်က္ကို ရွာရတယ္...လြီဇာအဖမ္းခံရတဲ့အခါ ငတြန္တို႔အေပၚထားတဲ့ စိတ္..အဲ့ဒီစိတ္ကို ကိုယ္ေတာ္ သိလိုက္တယ္... စစ္ဆိုတာ အားေပ်ာ့ရာကို အရင္ရွာတိုက္ရတယ္...ခ်က္ေကာင္းကို သိရတယ္.အဲ့ဒီလိုပဲ..စိတ္ဓာတ္သိပ္မာပါတဲ့ ဆိုတဲ့ မင္းကို မင္းရဲ႕ အားနည္းခ်က္ ႏွလုံးသားတည့္တည့္ကို ထိမယ့္ကိစၥမ်ိဳးနဲ႔ အေပးအယူလုပ္ရတာေပါ့...မဟုတ္လား..ဟား..ဟား”
လြီဇာက ပါးစပ္ပိတ္ရယ္ဟန္ျပဳကာ ကိုးသိန္းသခင္ ၏ ပါးစပ္မွထြက္လာေသာ ကြမ္းဖတ္အခ်ိဳ႕ကို ကာထားလိုက္သည္။
“ေတာ္လွခ်ည္လား...ကိုယ္ေတာ္ရယ္”
“ကဲ..က်ဳပ္ႏိုင္ၿပီလား”
“ဒီေလာက္ေတာ္တဲ့ စစ္သူရဲေကာင္း နဲ႔ အတူရွိရတာ ကြၽန္ေတာ္မ ဂုဏ္ယူတယ္..ကြၽန္ေတာ္မတို႔ ခရီးမဆက္ခင္..တခြက္ေလာက္ ဂုဏ္ျပဳေသာက္ေပးဉီး”
လြီဇာက ကိုးသိန္းသခင္၏ လက္ေမာင္းကို ဖယ္ကာ နေဘးနားရွိ ဘရန္ဒီခြက္ကို ထပ္ငွဲ႔သည္။
“ေဟ..ေသာက္ရဉီးမလား”
“ကြၽန္ေတာ္မၾကားဖူးတာ အင္းဝသား မင္းရဲေက်ာ္စြာ က စစ္တိုက္ေတာ္သလို အရက္တအားေသာက္ႏိုင္တာတဲ့...ကြၽန္ေတာ္မတို႔ ဘိုးေဘးေတြရဲ႕ အေနာက္ႏိုင္ငံေတြမွာလည္း ေယာက္်ားေကာင္းေတြဆိုတာ အရက္ေသာက္ႏိုင္မေသာက္ႏိုင္နဲ႔ပါ ဆုံးျဖတ္တာ..ကိုယ္ေတာ္ရဲ႕.. ဒီ အရက္က ဟိုဟာပါေကာင္းတယ္ဆိုေတာ့..ကိုယ္ေတာ့္အတြက္...ေယာက္်ားပီသတဲ့ ကိုယ္ေတာ့္အတြက္”
ကိုးသိန္းသခင္က လြီဇာလက္ထဲမွ ခြက္ကို ယူကာ ဂြပ္ခနဲ ေမာ့ေသာက္လိုက္၏။
ထို႔ေနာက္ လြီဇာ၏ ပုခုံႏွစ္ဖက္ကို တြန္းလွဲကာ သူခႏၶာကိုယ္ျဖင့္ အေပၚမွ ဖိထားလိုက္သည္။
လြီဇာက ကိုးသိန္းသခင္၏ ႏႈတ္ခမ္းေမႊးစစကို လက္ဝါးျဖင့္ အသာကာလိုက္ရင္း
“ယားတယ္...အဲ့ဒါႀကီးက”
“ခဏပဲ ယားမွာပါ..လြီဇာရဲ႕”
“ေနဉီး...မေက်နပ္ေသးဘူး..ေမးခြန္းေမးဉီးမယ္..ေျဖႏိုင္ရင္..မနက္ထိ ကြၽန္ေတာ္မမျပန္ဘူး”
“ေျပာေလ..လြီဇာေလး..ေမးစမ္းပါ..ငါကိုယ္ေတာ္ မေျဖႏိုင္တာ ဘာမွ မရွိဘူး..ဒီအင္းဝမွာ ရွင္ဘုရင္ၿပီးရင္ တန္ခိုးအႀကီးဆုံး စစ္ေသနာပတိဗိုလ္ခ်ဳပ္ကြဲ႕”
“ကိုယ္ေတာ္က မိန္းမက်မ္းေၾကသလို...စစ္ေရးမွာလည္း ပါရဂူပါ..ဒီေတာ့ ကြၽန္ေတာ္မ ေမးမယ္....အင္းဝၿမိဳ႕ႀကီးဟာ မိန္းမတစ္ေယာက္ဆို..သူ႔ရဲ႕ အားနည္းခ်က္က ဘာျဖစ္မလဲ..ကိုယ္ေတာ္”
ကိုးသိန္းသခင္က ႐ုတ္တရက္ လြီဇာ၏ မ်က္ႏွာနား ရစ္ဝဲေနေသာ သူ႔ႏႈတ္ခမ္းတို႔ကို ခြာလိုက္သည္။
ထို႔ေနာက္ လြီဇာအား ခပ္တည္တည္ျဖင့္ စိုက္ၾကည့္လိုက္၏။
လြီဇာက ကိုးသိန္းသခင္၏ လည္ပင္းကို သိုင္းဖက္ကာ နား႐ြက္ဖ်ားေလးကို သြားျဖင့္ကိုက္လိုက္ရင္း
“မေျဖႏိုင္ေတာ့ဘူး..မဟုတ္လား..ဗိုလ္ခ်ဳပ္ရဲ႕”
“ေဟ့.ေျဖႏိုင္ပါတယ္ကြ...အင္းဝက မိန္းမတစ္ေယာက္ဆို သူ႔အားနည္းခ်က္က ေက်ာက္ဆည္ပဲ...သူ႔ရဲ႕ ရပ္တည္ရာ ႏွလုံးသား ေက်ာက္ဆည္ပဲ”
“ဟင္..ဘာဆိုင္လို႔လဲ..ရွင္းျပ”
“အင္းဝ ရဲ႕ စားနပ္ရိကၡာဟာ ေက်ာက္ဆည္လြင္ျပင္ကလယ္ကြင္းေတြကို အားထားေနရတာ..က်ည္ဆံမရွိရင္ေနလို႔ရတယ္..စားစရာမရွိရင္ေနလို႔မရဘူး..ဟုတ္ၿပီလား..ကဲ..”
“ေတာ္တယ္..ေတာ္တယ္...ကဲ...ကိုယ္ေတာ္ေအာက္ကေန...ကြၽန္ေတာ္မ အရင္ အေၾကာအခ်င္ေျပေအာင္ အႏွိပ္ေတာ္ဆက္ေပးမယ္”
လြီဇာက တြန္းဖယ္လိုက္ရာ ကိုးသိန္းသခင္၏ ခႏၶာကိုယ္ႀကီးမွာ ဖဲေမြ႕ယာေပၚ ၿပိဳက်သြားသည္။
“ၿပီးရင္ေနာ္...”
“အင္းပါ..ကိုယ္ေတာ္ရဲ႕..ဇက္ၾကာေလး အရင္ႏွိပ္ေပးမယ္”
တခူးခူး ေဟာက္သံမ်ား ထြက္ေပၚလာမွ လြီဇာက ကိုးသိန္းသခင္ကို ႏွိပ္ေပးေနသည့္ သူ႔လက္မ်ားကို ဖယ္လိုက္သည္။
ထို႔ေနာက္ ကိုးသိန္းသခင္၏ ပင့္ကူလက္တံ့မ်ားေၾကာင့္ ေနရာယြင္းခဲ့သည့္ ခႏၶာကိုယ္အေနအထားမ်ားကို ျပဳျပင္လိုက္သည္။
သက္ျပင္းကို ခပ္ေလးေလးခ်လိုက္၏။
ခ်က္ထိုးထားေသာ တံခါးကို ဖြင့္ကာ အျပင္သို႔ ထြက္လိုက္သည္။
“မလြီဇာ”
အျပင္တြင္ ရပ္ေနေသာ တစုံတစ္ေယာက္၏ ေခၚသံေၾကာင့္ လြီဇာ လန႔္သြားသည္။
“ဟင္..ခ်စ္ျမ”
“ဟိုလူႀကီး အိပ္သြားၿပီလား”
“အင္း...နင္က ဘယ္လိုလုပ္ ပါလာတာလဲ”
“ကြၽန္ေတာ္က ကိုးသိန္းသခင္ရဲ႕ ကိုယ္ရံေတာ္တပ္မွာ ေသြးေသာက္ႀကီးျဖစ္ေနၿပီ...သူနဲ႔အတူ ပါလာတာပဲ”
လြီဇာက ရႈပ္ပြေနေသာ ဆံပင္ကို အနည္းငယ္ျပဳျပင္လိုက္သည္။
ခ်စ္ျမက လြီဇာ့ကို စိတ္မေကာင္းဟန္ျဖင့္ တခ်က္ၾကည့္လိုက္၏။
“နင္ တခ်ိန္လုံး အျပင္မွာရွိေနတာလား”
“အင္း...ကြၽန္ေတာ္ မလြီဇာကို စကားေျပာခ်င္လို႔ ေစာင့္ေနတာ”
“သူႏိုးလာလို႔မျဖစ္ဘူး..ငါ အျမန္ျပန္မွျဖစ္မွာ”
“ကြၽန္ေတာ္လိုက္ပို႔မယ္”
“ရပါတယ္..ငါ့ဘာသာျပန္မယ္”
“ကြၽန္ေတာ့္မွာ ခင္ဗ်ားကို ေျပာစရာေတြရွိတယ္..မလြီဇာ”
လြီဇာက အိမ္ျပင္တြင္ ရပ္ထားေသာ သူ႔ျမင္းကို ႀကိဳးျဖည္ကာ တက္လိုက္သည္။
ခ်စ္ျမကလည္း ျမင္းတစ္စီးျဖင့္။
“ေဟ့..ငါ ကုန္သည္ႀကီးကို သူ႔အိမ္လိုက္ပို႔လိုက္ဉီးမယ္...ကိုးသိန္းသခင္ အိပ္ေပ်ာ္ေနၿပီ..အိပ္ဖန္ေစာင့္ေတြ ကင္းအသင့္ျပင္ၾကေတာ့”
ခ်စ္ျမက အေစာင့္မ်ားကို ေအာ္ေျပာကာ အျပင္သို႔ ထြက္လာၾကသည္။
ဟံသာဝတီကား တိတ္ဆိတ္စျပဳေနၿပီျဖစ္၏။
“မလြီဇာ...ခင္ဗ်ားက အင္းဝမွာ ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ဖူးတဲ့..လြီဇာမဟုတ္ေတာ့ဘူး..တကယ္ပဲ အမ်ားႀကီး ေျပာင္းလဲသြားခဲ့ၿပီေနာ္”
“နင္ ဘာကို ေျပာတာလဲ..ခ်စ္ျမ”
“ကြၽန္ေတာ္ စိတ္မေကာင္းလို႔..ကြၽန္ေတာ္ရွိေနလ်က္နဲ႔ ခင္ဗ်ားကို မကာကြယ္ေပးႏိုင္ခဲ့ဘူး”
လြီဇာက ျမင္းေပၚမွ ခပ္လြင္လြင္ေလး ရယ္လိုက္သည္။
“ခုန ကိစၥကိုေျပာတာလား..ခ်စ္ျမ...နင္ ေအာက္မားဆင္မေတြ ဆင္ေက်ာ့တာ ျမင္ဖူးလား”
“အင္းဝမွာေတာ့ သုံးေလးခါ သြားၾကည့္ဖူးပါတယ္”
“ငါ ခုနက ဆင္႐ိုင္းႀကီးကို က်ဳံးသြင္းၿပီး..အိပ္ခိုင္းလိုက္တာပါ... နင္တို႔သခင္ကို အရက္ထဲ အိပ္ေဆးနည္းနည္းခပ္ထားခဲ့႐ုံပဲ.သူ ငါ့ကို ဘာမွ မလုပ္ႏိုင္ခင္..အိပ္ေပ်ာ္သြားတယ္ေလ..ဟင္းဟင္း..စိတ္မေကာင္းမျဖစ္ပါနဲ႔ဟ..ငါ့ကိုယ္ငါကာကြယ္ႏိုင္ေနပါၿပီ”
“အင္း...ေတာ္ပါေသးရဲ႕ဗ်ာ..ဒါေပမယ့္..ဒီႏွစ္ပိုင္းေတြအတြင္း မလြီဇာ ဟာ တျခားတစ္ေယာက္ျဖစ္သြားတယ္လို႔ ကြၽန္ေတာ္ခံစားရတယ္”
“ခ်စ္ျမ..အဲ့ဒီလို တျခားတစ္ေယာက္ျဖစ္သြားေအာင္လည္း သူတို႔ေတြကပဲ ငါ့ကို လုပ္လိုက္ၾကတာေလ..ခ်စ္ျမ..ေအာက္မားဆင္မေတြလိုမ်ိဳး ငါက်င့္ႀကံတတ္သြားၿပီဟ”
“မလြီဇာ..ႀကဳံးသြင္းတဲ့အထဲေတာ့ ကြၽန္ေတာ္လည္း ပါေကာင္းပါခဲ့လိမ့္မယ္..ဒါေပမယ့္..ကိုတြန႔္ကိုေတာ့ မပါေစခ်င္ဘူး”
“ဘာ..”
ငတြန္အမည္ၾကားသည္ႏွင့္ လြီဇာ၏ အာေမဋိတ္သံထြက္လာသည္။
“ကြၽန္ေတာ္ အင္းဝအခ်ဳပ္ထဲမွာ အတူရွိတဲ့အခ်ိန္ ကိုတြန္ဟာ တခ်ိန္လုံး ခင္ဗ်ားအတြက္ပဲ စိတ္ပူေနခဲ့တာ... သူ နဲ႔ ကြၽန္ေတာ္လြန္ခဲ့တဲ့လက သိန္းနီခံတပ္မွာ ေတြ႕ခဲ့ရတယ္”
“ဟင္...ေမာင္ႀကီးငတြန္ကို နင္ေတြ႕ခဲ့တာလား..သူ..သူ ဘာလုပ္ေနလဲဟင္”
“သူ ေမာျပည္ မွာရွိတဲ့ ေစာ္ဘြားကိုးကြယ္တဲ့ ရွမ္းဆရာေတာ္ေတြဆီမွာ စစ္ခ်ီစစ္တက္ေတြ၊ သိုင္းပညာေတြ ရသေလာက္ သင္ယူေနတယ္..ကြၽန္ေတာ္က ကိုးသိန္းသခင္လႊတ္လို႔ ကင္းတပ္ေတြ စစ္တာကို လိုက္သြားရင္ ဆုံခဲ့ရတာ”
“သူ...ေနေကာင္းရဲ႕လားဟင္”
“အင္း..ေကာင္းပါတယ္..အခု ကြၽန္ေတာ္နဲ႔ေတြ႕ေတာ့ ခင္ဗ်ားက သူ႔အေၾကာင္းေတြခ်ည္း ေမးသလို... သူလည္း ခင္ဗ်ားအေၾကာင္းေတြခ်ည္း ေမးတယ္.... ကြၽန္ေတာ္ကလည္း မလြီဇာ ဟံသာဝတီကို သြားတဲ့ အေၾကာင္းပဲ ေျပာျပႏိုင္တာေလဗ်ာ...သူနဲ႔ စကားေတြအမ်ားႀကီးေျပာျဖစ္တယ္...သူက ခင္ဗ်ားအတြက္ ထြက္သြားခဲ့တာ...သူ သိပ္ခ်စ္တဲ့ ခင္ဗ်ားထိခိုက္မႈအတြက္ သူ႔ကိုယ္သူခြင့္မလႊတ္ႏိုင္ျဖစ္ေနခဲ့တာ”
လြီဇာ တိတ္ဆိတ္သြားသည္။
ခပ္လွမ္းလွမ္းတြင္ လြီဇာ၏ အိမ္ကို လွမ္းျမင္ေနရၿပီျဖစ္သည္။
“ခ်စ္ျမ...ငါ့ကို တခု ကတိေပးပါ”
“ေျပာပါ..မလြီဇာ”
“အင္းဝၿမိဳ႕ႀကီး ကို ပ်က္စီးတဲ့တေန႔...သူ႔ကို အင္းဝမွာ ငါရွိေစခ်င္တယ္...ေမာင္ႀကီးငတြန္ရဲ႕ ရင္ခြင္ထဲမွာ ဝင္ၿပီး သာမန္အေျခခံလူတန္းစားေတြရဲ႕ ဘဝေပါင္းမ်ားစြာကို ဖ်က္ဆီးခဲ့တဲ့ အက်င့္စာရိတၱေတြပ်က္ေနတဲ့ အင္းဝၿမိဳ႕ႀကီး မီးဟုန္းဟုန္းေတာက္တာကို ငါထိုင္ၾကည့္ခ်င္တယ္....အဲ့ဒီအခ်ိန္ သူအင္းဝကို မျဖစ္ျဖစ္ေအာင္ ျပန္လာေပးပါ...ငါသူ႔ကို သိပ္ခ်စ္ပါတယ္လို႔.နင္ စကားပါးေပးပါ”
လြီဇာ စကားေၾကာင့္ ခ်စ္ျမ မွာ ႐ုတ္တရတ္ျမင္းကိုပင္ ဇက္ႀကိဳးေစာင့္ဆြဲလိုက္မိေတာ့သည္။
ခက္ေဇာ္
Done 💪
ReplyDeleteDone🐬🐬
ReplyDeleteDone
ReplyDelete