AVA 1740s (အခန်း ၇)



အခန်း(၇)
...............................................
အာရုဏ်လင်းကြက်၏ တွန်သံနှင့်အတူ လွီဇာ နှင့် ဂမုန်းတို့ နိုးလာကြသည်။
ထို့နောက် ဂမုန်းမှ ဦးဆောင်ကာ ဆင်စခန်းအနောက်ဘက်ရှိ ချောင်းငယ်တစ်ခုဆီ ကိုယ်လက်သန့်စင်ရန် သွားကြသည်။
ချောင်းအောက်ဘက်တွင် ဆင်ထိန်းများက ဆင်များကို ကိုယ်လက်သန့်ဆင်ပေးနေကြသည်။
“အထက်ဘက်ကိုလာ မမ..ဆင်တွေ အောက်ကနေဆို ရေတွေက နောက်ကျိပြီး ဆင်ချီးနံ့ နံ့နေလိမ့်မယ်”
ဆင်များနှင့်ပတ်သတ်ပြီး အတွေ့အကြုံရှိနေသူ ဂမုန်းက ဦးဆောင်ကာ ချောင်းဖျားဆီသို့ သူတို့ ဆက်တက်ခဲ့ကြသည်။
ချောင်းစပ်ရှိ ရေထဲတွင် ဂမုန်း၏ မိခင်က သမီးငယ်သီရိကို ကိုယ်လက်သန့်စင်ပေးနေသည်။
ဂမုန်းက ချောင်းစပ်သို့ ပြေးဆင်းသွားပြီး ညီမငယ်အား ရေဖြင့် ပက်ကာ ကျီစယ်လိုက်၏။
လွီဇာက ထမီကို ရင်လျားလျက် ချောင်းရေထဲသို့ တဖြည်းဖြည်း ဆင်းလာလိုက်သည်။
ချောင်းရေက ရင်စို့အထိ ရောက်လာသည်။
“လုံမ.အရမ်းဆက်မသွားနဲ့..ဒီချောင်းက အလယ်မှာ နက်တယ်နော်..တခါတည်းမျောသွားရင် ပဲခူးမြစ်ထဲ ရောက်သွားလိမ့်မယ်”
ဂမုန်းတို့ညီအစ်မ၏ မိခင် ဦးအောင်လှ၏ အမျိုးသမီးက လှမ်းအော်ကာ သတိပေးလိုက်သည်။
ရေက စိမ့်နေအောင်‌ အေးသည်။ ပဲခူးမြစ်သို့ စီးဝင်သည်တဲ့။
လွီဇာ အတွေးများက လွန်ခဲ့သော နှစ်တစ်ရာကျော် ၁၆၁၃ ခုနှစ်က ပဲခူးမြစ်ထဲတွင် ရှိနေသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းဆီ ခြေဦးပြန်လှည့်သွားခဲ့တော့သည်။
............................................................
၁၆၁၃ ဧပရယ်လ ၁၅ ရက်။ နေ့လည်ခင်း။
ပဲခူးမြစ် ။
ရေက စိမ့်နေအောင်အေးသည်။
ရင်စို့ခန့်နက်သော ရေထဲတွင် ဝါးတိုင်တစ်ချောင်းကို စိုက်ထားသည်။
ထိုဝါးတိုင်တွင် ဒွန်နာလွီဇာ၏ လက်နှင့် ခြေထောက်တို့ကို ကြိုးများဖြင့် ခပ်တင်းတင်း ကပ်ချည်ထား၏။
အပူရှိန်က ခေါင်းတည့်တည့်သို့ ရောက်လာသည်။
ဒွန်နာလွီဇာ၏ ခန္ဓာကိုယ်တပိုင်းသည် ရေထဲတွင်ရှိနေပြီး အေးစက်နူးရိနေပြီဖြစ်သည်။
အပေါ်ပိုင်းမှာမှု နေအပူဒဏ်ကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရ၏။
ဆိပ်ခံတံတားပေါ်တွင် ထိုင်ကာ ကင်းစောင့်နေသည့် အစောင့်စစ်သားသည်ပင် နေအပူရှိန်ကြောင့် မောက်တိုဦးထုတ်ကို ချွတ်ကာ ယပ်ခပ်နေရသည်။
ဒွန်နာလွီဇာသည် ခန္ဓာကိုယ်တပိုင်းကို ပဲခူးမြစ်ထဲ အစိမ်ခံထားရသည်မှာ ယခုဆိုလျှင် သုံးရက်တိတိရှိခဲ့ပြီဖြစ်၏။
ဒွန်နာလွီဇာသည် ကပ္ပတိန်ဒီဘရစ်ရင်းနှင့်အတူ သင်္ဘောကို သန်လျင်သို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြစ်ဝအရောက်တွင်ပင် အင်းဝရေတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ရေတပ်ဗိုလ်မှူး ဘယကျော်သူက ဒွန်နာလွီဇာကို အနောက်ဘက်လွန်မင်းထံ အပ်ခဲ့သည်။
တချိန်က ဖိလစ်ဒီဘရစ်တိုနှင့် ဒွန်နာလွီဇာတို့ ၏ အိမ်တော်ဖြစ်ခဲ့ဖူးသောနေရာသို့ သုံ့ပန့်တစ်ယောက် အနေဖြင့် ပြန်လည်ရောက်ရှိသွားတော့သည်။
“ဒူးထောက်စမ်း..ဒူးထောက်..ဘုန်းတော်ကြီးဘုရားကြွလာတော့မယ်”
ဒူးမထောက်ပဲ မတ်တပ်ရပ်နေသော ဒွန်နာလွီဇာ ကို စစ်သည်များက အတင်း ဒူးတပ်ခိုင်းကြသည်။
မရသည့်အဆုံးတွင် ဒွန်နာလွီဇာကို ချုပ်ကာ ဒူးတံကောက်ကွေးကို လှံတံများဖြင့် စောင့်ထိုးလိုက်၏။
ဒွန်နာလွီဇာမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
အနောက်ဘက်လွန်မင်းက ရွှေသလွန်ပေါ်တွင် နေရာယူလိုက်၏။
“ငဇင်ကာငယ်ရဲ့ မယား ဆိုသူ မဟုတ်လား”
ဒွန်နာလွီဇာက အနောက်ဘက်လွန်မင်းကို ခေါင်းမော့ကာ စူးစူးရဲရဲကြည့်လိုက်သည်။
“ဟုတ်တယ်”
“မယ်မင်းက..ဗမာစကားတတ်တာပဲ”
သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသည့် ပေါ်တူဂီအမျိုးသမီး၏ ဟန်ပန်က တမျိုးစွဲဆောင်မှုရှိနေသည်ကို အနောက်ဘက်လွန်မင်း ခံစားလိုက်ရသည်။
“ငဘောသင် ရောက်ပါပြီ...ဘုရား”
အင်းဝလက်အောက်ခံ မွန်တပ်မှူးဗညားလော လူတစ်ယောက်နှင့် အတူ ဝင်လာသည်။
ကျိုက်ခေါက်ဘုရား၏ ဘုရားကျွန်အလုပ်အကျွေးခေါင်း ငဘောသင်က ဒွန်နာလွီဇာ၏ဘေးတွင် ဒူးထောက် ထိုင်ချလိုက်သည်။
“ကဲ..မင်းက..ကျိုက်ခေါက်ဘုရား ဌာပနာတွေဖောက်တုန်းက ငဇင်ကာတို့ကို ကူညီပေးခဲ့တဲ့သူပေါ့.ဟုတ်စ”
“မှန်ပါ.နီးရာဓါးမို့ ကြောက်ရတာပါ..ဘုရား”
“တိတ်စမ်း..ငါမေးတာပဲ ဖြေ”
အနောက်ဘက်လွန်မင်း၏ အသံက တင်းမာလှသဖြင့် ဘောသင် မှာ တုန်ပင် တုန်တက်သွား၏။
“ကဲ....အဲ့ဒီတုန်းက ကျိုက်ခေါက်က ယူသွားတဲ့ ရွှေငွေရတနာစာရင်း တွေ ရွတ်ပြစမ်း”
“ကျွန်တော်မျိုးမှာ ပေရွက်နဲ့ မှတ်တမ်းတင်ထားတာ ရှိပါတယ်..ဘုရား”
“ဘယ်မလဲ..အဲ့ဒီပေရွက်”
ဗိုလ်မှူး ဗညားလော က ပေစာတစ်ထပ်ကို အနောက်ဘက်လွန်မင်းထံ ဒူးထောက်ဆက်သလိုက်သည်။
“ကဲ....ငဇင်ကာရဲ့ မယား....ငါတို့ မင်းတို့အိမ်တော်နဲ့ သန်လျင်တစ်မြို့လုံး ရှာပြီးပြီ..ကျိုက်ခေါက်ဘုရားက ယူသွားတဲ့ ဌာပနာတွေ ရှာမတွေ့ဘူး...အဲ့ဒါတွေ ဘယ်မှာ ဝှက်ထားလဲ.မယ်မင်း..သိရမယ်..ငါ့ကို မှန်မှန်လျှောက်တင်စမ်း”
“ငါ မသိဘူး”
“သယ်..ဒီဟာမ...ရုပ်ကလေးက သမားကမားနဲ့...နင့်လင်နောက်ကို လိုက်ချင်နေပြီလား..နင့်လင် သေတဲ့နည်းအတိုင်း သေချင်နေပြီလား”
“သတ်လိုက်..ငါ့ကို သတ်လိုက်...ငါ့ယောက်ျားကို သတ်တဲ့နည်းလမ်းနဲ့ပဲ သတ်....ငါတို့ အတူတူသေမယ်.”
ဒွန်နာလွီဇာက အသံကုန် ခြစ်အော်လိုက်သည်။
နဘေးမှာ ဘောသင်မှာ ကြောက်လွန်းသဖြင့် တုန်နေ၏။
စူးစူးဝါးဝါး အော်ဟစ်ပြောဆိုခြင်းခံလိုက်ရသဖြင့် အနောက်ဘက်လွန်မင်းမှာ မျက်စိမျက်နှာပျက်သွားသည်။
ခင်ပွန်းသည်၏ အလောင်းကို လောလောလတ်လတ်မြင်ခဲ့ရပြီဖြစ်ကြောင်း အနောက်ဘက်လွန်မင်း ခန့်မှန်းမိလိုက်သည်။
ထိုသို့ စိတ်ခံစားချက်ပြင်းထန်နေချိန်တွင် မည်သို့မှ စစ်မေးရမည်မဟုတ်မှန်း လည် သဘောပေါက်လိုက်၏။
“အရိုင်းအစိုင်းမပေပဲ..ဟဲ့..ဘယကျော်သူ...လာစမ်း”
ရေတပ်ဗိုလ်မှူးဘယကျော်သူက ခပ်လှမ်းလှမ်းအပြင်ဘက်တွင် ခစားနေရာမှ ‌ဒူးတုပ်လျက်ရှေ့သို့ အမြန်တိုးလာသည်။
“ဒီကောင်မကို အကျဥ်းစခန်းဆီ ပို့လိုက်တော့....ကိုယ်တော်မုတ္တမက ပြန်လာမှ ဒီအမှုကို ဆက်စီရင်မယ်”
ဘယကျော်သူက ဒွန်နာလွီဇာကို စစ်သည်များနှင့်အတူ လာဆွဲထုတ်သွားတော့သည်။
.....................................................................................
မွေ့နွန်းကုန်း ၏ အောက်ဘက်မြစ်ကမ်းနဘေးသည် ပေါ်တူဂီယာယီအကျဥ်းစခန်းအဖြစ် အသွင်းပြောင်းသွားသည်။
မွန်များ၊ တောင်ငူသားများကို မူ စစ်ကြောပြီး အများစုကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ပေါ်တူဂီလူမျိုး ခုနှစ်ရာ နှင့် ပေါ်တူဂီကပြား၊ ပသီကြေးစားစစ်သည်များ စုစုပေါင်း နှစ်ထောင်ကျော် ကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
အကျဥ်းစခန်းတွင်း ခင်ပွန်းပျောက်ရှာသူများ၊ ဖခင်ပျောက်ရှာသူများဖြင့် ဆူညံနေကြသည်။
ဒဏ်ရာရသူများ၏ ကယ်ပါ၊ ယူပါ တစာစာညည်းတွားသံများကြား ပေါ်တူဂီဘုန်းတော်ကြီးများနှင့် သူနာပြုများမှာ အပြေးအလွှား ပြုစုကုသပေးနေကြသည်။
ည ဦးယံ ရောက်သည်နှင့် ပင်လယ်လေနုအေးကို စတင်ခံစားလာရသည်။
အကျဥ်းစခန်းဆိုသော်ငြား အပြင်ဘက်ပတ်လည်တွင် ဝါးချွန်များဖြင့် ခြံစည်းရိုးခတ်ထားပြီး အထဲတွင် မီးကျွမ်းလောင်ထားသော အိမ်အပျက်၊ တဲအပျက်များသာ ရှိသည်။
ပင်လယ်လေက တဖြည်းဖြည်း ပြင်းထန်လာသဖြင့် ယောက်ျားသားများက ရရာပစ္စည်းများဖြင့် မီးဖိုကြသည်။
မီးပုံနဘေးတွင် ကလေးများ ၊ သက်ကြီးရွယ်အိုများကို အဓိကထားကာ အိပ်ခိုင်းကြသည်။
ဒွန်နာလွီဇာ သည် မလှမ်းမကမ်း အဆောက်အဦးပျက်ထဲတွင် လက်ပြန်ကြိုးတုတ်ထားခြင်းခံရသည်။
တချိန်က သူ့လက်အောက်ခံဖြစ်ခဲ့ကြသော ပေါ်တူဂီလူမျိုးမိသားစုများကို ကြောင်စီစီမျက်လုံးများဖြင့် ငေးမောနေ၏။
......................................................................................................
ဆယ်ရက်ခန့်အကြာတွင် အနောက်ဘက်လွန်မင်းသည် မုတ္တမသို့ စစ်ချီရာမှ ပြန်လာခဲ့ပြီဖြစ်သည်။
မုတ္တမစားအား သစ္စာပေးပြီးနောက် သမက်ဖြစ်သူ ဆိုင်မွန်ဒီဘရစ်တိုနှင့် မြေးဖြစ်သူတို့အား မုတ္တမစားကိုယ်တိုင် သတ်ဖြတ်ပစ်ရန် အမိန့်ပေးခဲ့သည်။
ထိုသတင်းကို အကျဥ်းစခန်းအစောင့်များမှတဆင့် အကျဥ်းစခန်းအတွင်းသို့ ပြန့်နှံ့သွားကြသည်။
အားလုံးက သခင်မလွီဇာ ၏ ဇာတ်သိမ်းခန်းကို ရင်တမမ ဖြစ်နေကြသည်။
သားအရင်းမဟုတ်သော်လည်း ဒီဘရစ်တို၏ သွေးသားဖြစ်သည့် ဆိုင်မွန်၏ သတင်းကြောင့် ဒွန်နာလွီဇာမှာ ပိုမိုစိတ်ထိခိုက်နေသည်။
မကြာမီ ဗိုလ်မှူးဘယကျော်သူ နှင့် တပ်သားအချို့ သူမဆီသို့လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
“ဘဝရှင်မင်းတရားကြီးက ခင်ဗျားကို အခစားဝင်ဖို့ ခေါ်ခိုင်းလိုက်ပြန်တယ်”
.................................................................................
ဆယ်ရက်လုံးလုံးအဝတ်အစားလဲခွင့်၊ရေချိုးခွင့်မရပဲ ကြိုးတုပ်ခံထားရသဖြင့် ဒွန်နာလွီဇာ၏ ခန္ဓာကိုယ်မှာ နံစော်နေသည်။
လူကလည်း ပျော့ခွေနေ၏။
ယာယီနန်းအရှေ့သို့ ရောက်သောအခါ တပ်မှူးဘယကျော်သူက ကြိုးများကို ဖြည်ပေးလိုက်သည်။
ထို့နောက် သူတို့အသင့်ခေါ်ထားသော ပေါ်တူဂီကပြား သုံ့ပန်းအမျိုးသမီးနှစ်ဦး ရောက်လာ၏။
အမျိုးသမီးများမှာ အင်းဝသူတို့ပုံစံ ဝတ်ထားသည်။
“သခင်မကို..ကိုယ်လက်သန့်စင်ပေးဖို့ပါ”
“ဒါငါ့အိမ်...ငါ့ဟာငါလုပ်မယ်”
ဒွန်နာလွီဇာက ယခင်က သူမ၏ ရေချိုးခန်းရှိရာသို့ ဦးတည်လိုက်သည်။
“ရေချိုခန်း သုံးခွင့်ကိုတော့ အင်းဝဘုရင်က မပေးပါဘူး...အနောက်ဘက်က စဥ့်အိုးထဲမှာ သခင်မအတွက် ရေအပြည့်ဖြည့်ပေးထားပါတယ်..ဒါက လဲရမယ့်..ဝတ်စုံတွေပါ”
“ဗမာအဝတ်အစားတွေ..ငါမဝတ်တတ်ဘူး”
ပေါ်တူဂီမလေးနှစ်ဦး၏ မျက်နှာက ငိုတော့မည့်ပုံစံဖြစ်သွား၏။
“သခင်မ ကို ဒီဝတ်စုံတွေ ရအောင်ဝတ်ပေးရမယ်တဲ့..မဟုတ်ရင်..ကျွန်တော်မျိုးမတို့ အသတ်ခံရပါလိမ့်မယ်”
လွီဇာ မျက်မှောင်ကြုံ့လိုက်သည်။
“နင်တို့ကို အရင်က သန်လျင်မှာ မတွေ့ဖူးပါဘူး...နင်တို့ ဘယ်သူတွေလဲ”
“ကျွန်တော်မျိုးမတို့က မုတ္တမက ပါလာတာပါ...မုတ္တမကင်းမှူး ဒီဖွန်စီကာရဲ့ အနွယ်တွေပါ..ကျွန်တော်မျိုးမတို့အသက်က သခင်မ နဲ့ ဒီအဝတ်အစားတွေပေါ် မူတည်နေပါတယ်..မင်းတရားကြီးရှေ့ သခင်မ ခစားတဲ့အခါ ဒီအဝတ်တွေ မဝတ်လာရင် ကျွန်တော်မျိုးမတို့ ခေါင်းဖြတ်ခံရပါလိမ့်မယ်”
‌ခဏအကြာတွင် နောက်ထပ် အမျိုးသမီးငယ်များရောက်လာပြီး ရေချိုးဆိပ်လုပ်ထားသောနေရာပတ်ချာလည်ကို ယင်းလိပ်များဖြင့် ကာပေးလိုက်ကြသည်။
ရေချိုးသန့်စင်ပြီးနောက် အမျိုးသမီးနှစ်ဦး အကူအညီဖြင့် ဒွန်နာလွီဇာသည် အင်းဝဝတ်စုံကို ဆင်မြန်းလိုက်သည်။
ခါသာအင်္ကျီပေါ်တွင် အစိမ်းရောင်ဇာကိုယှက်လွှမ်းထားပြီး ဖဲသားစိမ်းဗလာထမီကို ဝတ်ဆင်လိုက်သည့်အခါ ပေါ်တူဂီသွေးသူမ၏ ထွားကျိုင်းပြည့်ဖူးသော ခန္ဓာကိုယ်ကောက်ကြောင်းများမှာ ပိုမိုပေါ်လွင်သွား၏။
“သခင်မက..တကယ့် မိဖုရားခေါင်ကြီး ကျနေတာပဲ”
ပြင်ဆင်ပေးနေသော အမျိုးသမီးငယ်ကို ဒွန်နာလွီဇာက ခပ်တင်းတင်း ကြည့်လိုက်သည်။
ထို့နောက် ဗိုလ်မှူးဘယကျော်သူရောက်လာပြီး ယာယီနန်းဆီသို့ ခေါ်ဆောင်သွားတော့၏။
........................................................................................
ယခုတစ်ခေါက်တွင်တော့ အနောက်ဖက်လွန်မင်း၏ မျက်နှာမှာ ရွှင်ပျနေသည်။
အင်းဝမင်းသမီးဝတ်စုံဖြင့် သူ့ရှေ့တွင် ခစားနေသော ဒွန်နာလွီဇာကို ရွှန်းရွှန်းစားစားကြည့်လိုက်သည်။
“ငါကိုယ်တော်မရှိတုန်း...ငါ့ကျွန်များက သင့်ကိုအဆင်ပြေပြေ ထားပါရဲ့လား”
လွီဇာက ရှင်ဘုရင်ကို စကားပြန်မပေးပဲ မော့ကြည့်လိုက်သည်။
“အင်း...မယ်မင်း ဟာ ဂိုအာဘုရင်ခံချုပ်ရဲ့ သွေးသားလို့ သိရတယ်...ဂိုအာဘုရင်ခံချုပ်မင်းကလည်း ငါ့ရဲ့ အဆွေတော်လို့ ငါသတ်မှတ်ထားတယ်...မယ်မင်းလင် ငဇင်ကာငယ်ဟာ ငါ့ရန်သူနဲ့ပေါင်း၊ ငါ့သာသနာကိုဖျက်ဆီးလို့ ငါကွပ်မျက်ခဲ့ပြီးပြီ..မယ်မင်းကိုတော့ အကြည်တော်ဂိုအာမင်း ရဲ့ ဂုဏ်သိက္ခာကို စောင့်ထိန်းသောအားဖြင့် ငါ မသတ်၊ ငါတို့ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းဖောက်ဖို့ရာ သင့်ကို မိဖုရားဖြစ် သိမ်းပိုက်ချီးမြှောက်ဖို့ ငါဆုံးဖြတ်လိုက်ပြီ..နှမ”
ဒွန်နာလွီဇာက အထိတ်တလန့်ပုံစံဖြင့် အနောက်ဘက်လွန်မင်းကို စိုက်ကြည့်လိုက်သည်။
သို့သော် သူ၏ အကြည့်တို့မှာ အရင်လောက် စူးစူးရှရှမရှိတော့။
“ဟဲ့..ငါလို အရပ်ရှစ်မျက်နှာကို အောင်နိုင်တဲ့ စကြာမင်းက ချီးမြှင့်တာကို ဘာများဖြစ်နေရသလဲ”
“ငါကိုယ့်ဘာသာ သတ်သေပစ်မယ်”
လွီဇာက သူဘာသာ ရေရွတ်သည့်ပုံစံဖြင့် အသံခပ်တိုးတိုး။
“ဘာ..ဘာပြောလိုက်တယ်..ကျယ်ကျယ်လျှောက်တင်စမ်း”
“ငါ အသေခံပစ်မယ်..ငါအသေခံပစ်မယ်”
လွီဇာက ကြမ်းပြင်နှင့် သူမ၏ နဖူးကို ခပ်ကြမ်းကြမ်းစောင့်ပစ်လိုက်သည်။
သွေးများ ဖြာခနဲ ကျလာ၏။
အနောက်ဘက်လွန်မင်းနှင့် တခန်းလုံးက မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေကြသည်။
ဆယ်ချက်ခန့် စောင့်အပြီးတွင် လွီဇာ ၏ ဦးခေါင်းတွင် သွေးများ ရဲတွတ်နေတော့၏။
အနောက်ဘက်လွန်မင်းက မတ်တပ်ထရပ်လိုက်သည်။
“အင်း..သူငယ်မ..သွေးက ရဲပါဘိ..ဘယ်လောက်ရဲ မလဲ ကြည့်တာပေါ့...ကဲ...ငါကိုယ်တော်က သနားသက်ညှာခဲ့ပြီးပြီ..သင်က မခံယူဘူးဆိုတော့..သင့်ထိုက်နဲ့ သင့်ကံပဲ... ဟဲ့..ဘယကျော်သူ”
“ဘုရား”
“ပဲခူးမြစ်ထဲ..သင်းကို သုံးရက်စိမ်ထားစမ်း...ပြီးရင် ကျိုက်ခေါက်ဘုရားဌာပနာတွေနဲ့ သင်းတို့ တိုက်ခိုက်လုယက်ထားတဲ့ တခြားဘုရားပစ္စည်းတွေ ဘယ်မှာ ရှိမလဲ..ရအောင်စစ်”
................................................................................................................
သုံးရက်ပြည့်ခဲ့ပြီ။
ရေထဲတွင် ကိုယ်တစ်ဝက်ခန့် အစိမ်ခံထားရသော်လည်း လွီဇာ ၏ ခန္ဓာကိုယ်တစ်ခုလုံး ခြစ်ခြစ်တောက်ပူနေသည်။
အပူဒဏ်နှင့် အအေးဒဏ်ကို ခန္ဓာကိုယ်အတွင်း မညီမျှစွာ ခံစားရမှုကြောင့် အဖျားရှိန် တက်နေပြီဖြစ်သည်။
အသက်ကို ခပ်ပြင်းပြင်းရှုသွင်းနေသော်လည်း သတိရတချက် မရတချက်ဖြင့်။
တပ်မှူဘယကျော်သူ ရောက်လာသဖြင့် ဆိပ်ခံပေါ်မှ အစောင့်စစ်သားမှာ အလန်တကြား မတ်တပ်ထရပ်လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ”
“ဒီတိုင်းဆို..မလွယ်ဘူး..ဗိုလ်မှူး”
ဘယကျော်သူက ရေထဲမှ လွီဇာကို စိတ်မသက်သာစွာဖြင့် ကြည့်လိုက်သည်။
နှုတ်ခမ်းတို့က ဖြူဖျော့နေသည်။ မျက်လုံးများက ရဲတွတ်နေသည်။
“ကျုပ် နှမ....ခင်ဗျား... အသေမခံပါနဲ့... အဲ့ဒီပစ္စည်းတွေက ကျုပ်တို့ ဘိုးဘွားတွေ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေ... ခင်ဗျားတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး...အဲ့ဒီတစ်ခုတော့ နားလည်ထားပါ”
ဘယကျော်သူ၏ စကားသံက ဒွန်နာလွီဇာ၏ နားထဲတွင် ကြားတစ်ချက်..မကြားတစ်ချက်။
“ကျုပ်ပြောတာကြားလား.... ခင်ဗျားကို မင်းတရားကြီးက သတ်မိန့်မပေးတာ..ခင်ဗျားအပေါ် သူ စိတ်ကောင်းရှိနေသေးတဲ့သဘောပဲ....ခင်ဗျားအခုလို ခေါင်းမာနေရင်..ကျုပ်စိုးရိမ်တာ နောက်တစ်ခု ရှိသေးတယ်..”
ဘယကျော်သူ၏ စကားသံက ရပ်သွားသည်။
“ခင်ဗျား..စဥ်းစားပါ...ပေါ်တူဂီမိသားစုပေါင်း ၇၀၀ ကျော်၊ နောက် တခြားစစ်သားနှစ်ထောင်ကျော် ရှိနေတယ်..... မင်းတရားကြီးရဲ့ အမိန့်တစ်ခုအောက်မှာ သူတို့အားလုံး သေသွားနိုင်တယ်...ရှင်းရှင်း ပြောရရင် ...သံလျင်ကို ကျုပ်တို့ ဝိုင်းတုန်းက ကျိုက်ခေါက်ဘုရားကိုသိမ်းတော့ မင်းတရားကြီးက ဘုရားမှာ သစ္စာဆိုခဲ့တယ်...ဒီစစ်ပွဲနိုင်ရင် ဘုရားက ယူသွားတဲ့ ဌာပနတွေပြန်ထည့်ပေးပါမယ်တဲ့..သူ မရရအောင် ပြန်ယူလိမ့်မယ်...မဟုတ်ရင်..ခင်ဗျားတင်မက ခင်ဗျားတို့ကို အားကိုးယုံကြည်ခဲ့တဲ့ ပေါ်တူဂီမိသားစုအားလုံးကို သူ မီးလောင်တိုက်သွင်းချင် သွင်းလိမ့်မယ်”
ဒွန်နာလွီဇာ၏ မျက်လုံးထဲတွင် ပေါ်တူဂီအကျဥ်းစခန်းမှ မိသားစုများ၊ ကလေးငယ်များ၏ အသံများ ကြားယောင်လာသည်။
ဒွန်နာလွီဇာက ခေါင်းကို အားယူမော့လိုက်သည်။
လူက ဖြူဖျော့နေသော်လည်း..သူ့မျက်လုံးများက တင်းမာနေဆဲ။
“ကျုပ်ကတိပေးတယ်..ခင်ဗျားသာ ကျိုက်ခေါက်ဘုရာဌာပနာတွေ မြုပ်ထားတဲ့နေရာကို ပြော..ခင်ဗျားအသက်ရော...ပေါ်တူဂီလူမျိုးတွေအသက်ပါ ကျုပ် အာမခံတယ်”
ခဏ တိတ်ဆိတ်သွားသည်။
နေပူရှိန်ကြောင့် တပ်မှူးဘယကျော်သူ၏ နဖူးတွင် ချွေးများပင် ရွှဲနစ်လာ၏။
လွီဇာ ခေါင်းပြန်မော့လာသည်။
“ကျွန်မ သဘောတူတယ်”
သုံးရက်လုံးလုံးရေစိမ်ခံထားရသည့်တိုင် သူမ၏ အသံက နွမ်းလျမနေ။
မာထန်နေဆဲ။
တပ်မှူးဘယကျော်သူက လွီဇာကို အထူးအဆန်းသတ္တဝါတစ်ကောင်လို ကြည့်လိုက်သည်။
...........................................................................................................
ဒွန်နာလွီဇာထံမှ အဖြေရပြီးသည့်နောက် အင်းဝတပ်များသည် မွေ့နွန်းတောင်ကုန်းအနောက်ဖက်၊ မယ်တော်မာရီကျောင်းဆောင်အောက်ဖက်သို့ တူးဖော်ရန် ထွက်သွားကြသည်။
အနောက်ဘက်လွန်မင်းက ဒွန်နာလွီဇာအား ပေါ်တူဂီအကျဥ်းသားစခန်းသို့ ပြန်ပို့ရန် အမိန့်ပေးလိုက်၏။
မြစ်ထဲမှ ကြိုးဖြေပေးလိုက်ချိန်တွင်ပင် လွီဇာမှာ ပျော့ခွေကာ သတိလစ်နေပြီဖြစ်သည်။
သုံးရက်လုံးလုံး အစာမစားရသောကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ချိနဲ့နေ၏။
အင်္ကျီနှင့် ထမီကြားတွင် ရွှံဗွက်များ၊ ပိုးမွှားကောင်များ ကပ်ငြိနေကြသည်။
နေလောင်ဒဏ်ကြောင့်မျက်နှာမှ ရင်ညွှန့်အထိအသားအရည်များမှာ ညိုညစ်ညစ်အရောင်ပေါက်နေကြသည်။
ရင်ညွန့်မှ ခြေဖျားအထိ ခန္ဓာကိုယ်အရည်ပြားများကတော့ သုံးရက်ကြာ ရေစိမ်ခံထားရသဖြင့် ဖြူလျော်ရှုံ့တွနေ၏။
ဒွန်နာလွီဇာ သတိပြန်လည်လာသည်။
မျက်လုံးများကို ဖွင့်ကြည့်လိုက်စဥ် ပေါ်တူဂီအမျိုးသမီးငယ်လေးတစ်ဦးက သူမကို ပြုံးပြသည်။
သူမ တခုခုပြောရန် ပြင်လိုက်စဥ် အမျိုးသမီးငယ်က နှုတ်ခမ်းကို လက်ညှိးနှင့်ကပ်ကာ စကားမပြောရန် သတိပေးလိုက်၏။
“သခင်မ...အရမ်းအားနည်းတယ်...ဒါလေး ဝင်အောင်စားပြီး.အနားယူပါဦး...ကျွန်မ ဘေးနားမှာ ရှိပါတယ်”
အမျိုးသမီးငယ်က ရှားရှားပါးပါးအစောင့်များထံမှ ရလာသည့် ကြက်စွပ်ပြုတ်ရည်ပန်းကန်ကို နှုတ်ခမ်းဝတွင် တေ့ပေးလိုက်သည်။
ဒွန်နာလွီဇာက ကြက်ပြုတ်ရည် ကို အငမ်းမရမော့သောက်ပစ်လိုက်သည်။
ထို့နောက် ဒယီးဒယိုင်ဖြင့် မတ်တပ်ရပ်ရန် ကြိုးစားသည်။
“သခင်မ..မရပ်ပါနဲ့ဦး...ငြိမ်ငြိမ်လေး လှဲနေပါ”
“ဟင်အင်း..ငါ ထမှ ရမယ်...ငါ့လူတွေ ဘာဖြစ်ကုန်ကြပြီလဲ..သူတို့ သတ်လိုက်ကြပြီလား”
“မသတ်ပါဘူး..သခင်မ..ရှိပါတယ်..အပြင်မှာရှိပါတယ်”
“ကျွန်တော်တို့ ရှိကြပါတယ်..သခင်မ”
ထိုစဥ် တံခါးဝမှ ဒီဘရစ်ရင်း၏ အသံကို ကြားလိုက်ရသည်။
“ရှင် မသေဘူးပေါ့”
“ကျွန်တော်တို့အားလုံးကို အင်းဝဘုရင်က အသက်ချမ်းသာပေးလိုက်ပါပြီ...ပြီးတော့...ဂျင်နရယ်ရဲ့...”
“ဘာဖြစ်လဲ..ဘာဖြစ်လဲ ဆက်ပြော”
“နတ်သျှင်နောင်ရဲ့ အရိုးအိုးကို သူ့ညီတော်မင်းရဲကျော်ထင်က ကျိုက်ခေါက်စေတီခြေရင်းမှာ ဂူသင်္ချိုင်းလုပ်ပြီး သင်္ဂြိုလ်လိုက်ပါပြီ...ဂျင်နရယ်ရဲ့ အလောင်းကိုလည်း မြေမြုပ်သင်္ဂြိုလ်ခွင့်ရခဲ့ပါတယ်..ဒါပေမယ့်”
“ဆက်ပြောပါ....”
“ဒါပေမယ့်..ကပ္ပတိန်ဂျင်နရယ်ဒီဘရစ်တိုရဲ့ အထိမ်းအမှတ်အုတ်ဂူတော့ လုပ်ခွင့်မပေးပါဘူး..မြေမြုပ်သင်္ဂြိုလ်ခွင့်ပဲရခဲ့ပါတယ်..အဲ့ဒါ သခင်မ နေကောင်းရင်..ဂျင်နရယ်ရဲ့ မြေပုံကို လိုက်ပို့ပေးပါ့မယ်”
လွီဇာ မျက်နှာက ပိုမိုတင်းမာသွားသည်။ ထို့နောက် တဒင်္ဂမျှ တိတ်ဆိတ်သွား၏။
“ကျွန်မတို့ ပေါ်တူဂီမိသားစုတွေ....နေရေး..စားရေး..အဆင်ပြေရဲ့လား”
“အဆင်ပြေအောင်တော့ နေနေရတာပါပဲ...သခင်မ..ကျွန်တော်တို့က သုံ့ပန်းတွေလေ”
ဒွန်နာလွီဇာ က ဒီဘရစ်ရင်းကို မျက်နှာလွှဲကာ အိပ်ရာထက် ပြန်လှဲလျောင်းလိုက်သည်။
...........................................................
ဧပြီလကုန်လွန်ခဲ့ပြီ။
မေလတွင် မိုးရေချိန်များလွန်းသဖြင့် သံလျင်တဝိုက်တွင် မြစ်ရေများတက်လာပြီး မြို့ထဲအထိ ရေများဝင်လာနေပြီဖြစ်သည်။
အနောက်ဘက်လွန်မင်းသည် အင်းဝနန်းတော်သို့ ပြန်ရန်ပြင်ဆင်နေသည်။
သန်လျင်တွင် ဖမ်းဆီးရမိခဲ့သော ပေါ်တူဂီနှင့် ပသီစစ်သုံ့ပန်းများအားလုံး အင်းဝသို့ လိုက်ပါရမည်ဟု အမိန့်ထွက်ပေါ်လာသည်။
ယခင်က ဒွန်နာလွီဇာနှင့်တကွ ပေါ်တူဂီသုံ့ပန်းများအရေးကို တာဝန်ယူထားရသော ရေကြောင်းတပ်မှူး ဘယကျော်သူမှာ မကြာမီ မုတ္တမသို့ ပြန်ရမည်ဖြစ်သည်။
ထို့ကြောင့် စစ်သုံ့ပန်းများအား အင်းဝသို့ ခေါ်ဆောင်ရေးအတွက် ကြည်းတပ်ဗိုလ်မှူး ဗိုလ်မှူး ပခန်းကြီးသီဟပတေ့က တာဝန်လွှဲပြောင်းယူခဲ့သည်။
သီဟပတေ့ သည် ဘယကျော်သူကဲ့သို့ သဘောထားပျော့ပြောင်းသူမဟုတ်။
ပေါ်တူဂီနှင့် လူမျိုးစုံစစ်သုံ့ပန်း နှစ်ထောင်ကျော်ကို ခေါ်ဆောင်ရန်အတွက် သူ့အား အစောင့်တပ်သား ငါးရာကျော်ကိုသာ အနောက်ဘက်လွန်မင်းက ခွင့်ပြုထားသည်။
ပေါ်တူဂီစစ်သုံ့ပန်းများတွင် သန်မာဖြတ်လတ်သောစစ်သားငယ်များ၊ အရပ်သားများ များစွာ ပါဝင်နေသည်။
ထိုအတောတွင်း အကျဥ်းစခန်းကို ကွပ်ကဲရာတွင် ပေါ်တူဂီလူငယ်များက အင်းဝတပ်များအပေါ် မခန့်လေးစားလုပ်လာကြသည်။
ပြန်လည်ခုခံမည့် အရိပ်အယောင်များပင် မြင်ရလာရသည်။
သန်လျင်မှ မိုင်းငါးရာကျော်ဝေးကွာသော အင်းဝသို့ ထိုသူများကို မပျောက်မပျက်အောင် ခေါ်ဆောင်သွားရမည့်ကိစ္စမှာ သီဟပတေ့အတွက် ခေါင်းခဲစရာဖြစ်လာသည်။
အင်းဝသို့ ခရီးဆက်ရန် သတ်မှတ်ထားသည့် ရက်မတိုင်မီ တပတ်ခန့်အလိုတွင် ဖြစ်သည်။
သီဟပတေ့၏ တပ်များက ပေါ်တူဂီအကျဥ်းစခန်းသို့ ရုတ်ချည်းဝင်ရောက်လာကြသည်။
အကျဥ်းစခန်းတွင်း ယောက်ျားမှန်သမျှကို တန်းစီစေသည်။
ဒွန်နာလွီဇာက အခြေအနေကို အကဲခတ်ရင်း ဒီဘရစ်ရင်းနှင့်အတူ သီဟပတေ့ဆီ လျှောက်သွား၏။
“ဘာလုပ်မလို့လဲ...ဗိုလ်မှူး..ကျွန်မက ဒီအကျဥ်းသားတွေရဲ့ အကြီးအကဲပဲ”
ဗိုလ်မှူးသီဟပတေ့ က လွီဇာကိုခပ်တင်းတင်းစိုက်ကြည့်လိုက်သည်။
“ကျုပ် အလုပ် ကျုပ်လုပ်မှာပါ...ခင်ဗျားတို့ အကူအညီမလိုပါဘူး”
ဗိုလ်မှူသီဟပတေ့ အချက်ပြလိုက်သည်နှင့် အရှေ့ဆုံးမှ ရပ်နေသော အင်းဝစစ်ဗိုလ်မှ ပေါ်တူဂီနာမည်များကို ခေါ်လိုက်သည်။
“ပါထရိုနူနက်...ဖလန့်ဇစ်ကို...အန်တော်ညာ”
အင်းဝစစ်ဗိုလ်က ပေါ်တူဂီနာမည်ကို မပီကလာ ပီကလာခေါ်သံကြောင့် တန်းစီနေသည့် ပေါ်တူဂီလူငယ်ထုအတွင်းမှ လှောင်ရယ်သံများ ထွက်လာသည်။
ဗိုလ်မှူးသီဟပတေ့၏ မျက်နှာက တင်းမာသွား၏။
မထီမဲ့မြင့် ရယ်နေသည့် ပေါ်တူဂီလူငယ်များကို ဆွဲထုတ်ရန် အမိန့်ပေးလိုက်သည်။
လူငယ်ဆယ်ယောက်ကို အင်းဝစစ်သားများက လှံများဖြင့် ဝိုင်းလိုက်ကြသည်။
ထို့နောက် အနောက်ဖက်တောင်ကုန်းပေါ်မှ မီးလောင်ကျွမ်းထားသော ဘုရားကျောင်းဆီသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။
“သူတို့ကို သတ်ပစ်မလို့လား...သူတို့မှာ ဘာအပြစ်ရှိလို့လဲ”
ဒွန်နာလွီဇာက သီဟပတေ့၏ ရှေ့တွင် ပိတ်ရပ်ကာ မေးလိုက်သည်။
“မသတ်ပါဘူး...စိတ်ချပါ..ကျုပ်လုပ်စရာရှိတာ လုပ်ပြီး ပြန်လွှတ်ပေးမှာပါ.. ဟေ့..နောက်ထပ် ဆယ်ယောက်တတွဲ...ထပ်ထုတ်ထားလိုက်စမ်း..သူတို့ပြန်လာတာနဲ့ နောက်တသုတ်ကို ကုန်းပေါ်ကိုလာပို့ကြ”
ဗိုလ်မှူးသီဟပတေ့ နှင့် တပ်အချို့က ပေါ်တူဂီလူငယ်ဆယ်ဦးကို ဘုရားကျောင်းကုန်းမြင့်ပေါ်သို့ ခေါ်ဆောင်သွားကြသည်။
တလမ်းလုံးအော်ဟစ်ရယ်မောကာ အင်းဝစစ်သားများကို လှောင်လာကြသည့် ပေါ်တူဂီလူငယ်များမှာ ရှေ့က မြင်ကွင်းကြောင့် အသံတိတ်သွားကြ၏။
အင်းဝစစ်သည် ဆယ်ဦးက ဓါးမြှောင်ကိုယ်စီနှင့် အဝါရောင်နနွင်းမှုန့်အိတ်များကို ကိုင်ထားပြီး သူတို့ကို စောင့်နေကြသည်။
ပေါ်တူဂီတစ်ဦးလျှင် အင်းဝစစ်သည်လေးဦးနှုန်းဖြင့် ချုပ်လိုက်ကြသည်။
ထို့နောက် ကြမ်းပြင်ပေါ်သို့ မှောက်လျက်လှဲခိုင်းကာ သူတို့ခြေထောက်များကို ဖိလိုက်ကြ၏။
“ဘာလုပ်ကြမလို့လဲ့..မလုပ်ပါနဲ့...မလုပ်ပါနဲ့”
ပေါ်တူဂီလူငယ်များ ထံ မှ သွေးပျက်သည့်အသံများထွက်လာသည်။
အော်ဟစ်နေသော သူတို့၏ ပါးစပ်ထဲသို့ အဝတ်စများ လိုက်ထိုးထည့်‌ပေးလိုက်ကြ၏။
ထို့နောက် ဓါးမြှောင်ကိုင်ထားသော စစ်သည်များက သူတို့၏ ညာဘက်ဖနှောင့်ကျောများကို တိခနဲ လှီးချလိုက်သည်။
သွေးများပန်းထွက်လာချိန်တွင် ဆနွင်းမှုန့်များဖြင့် သိပ်ပြီး ဝါးခြမ်းအပြာအတိုလေးကို ခံစကာ အဝတ်စများဖြင့် စည်းနှောင်ပေးလိုက်ကြသည်။
အင်းဝသို့ သွားရာလမ်းခရီးတွင် သန်စွမ်းသောလူငယ်များအနေဖြင့် အဝေးသို့ထွက်မပြေးနိုင်ရန်နှင့် မခုခံနိုင်ရန်အတွက် သီဟပတေ့၏ စီမံချက်ပင်ဖြစ်သည်။
ထိုတညတည်းတွင်ပင် ပေါ်တူဂီအကျဥ်းစခန်းမှ ကျန်းမာသန်စွမ်းသော အကျဥ်းသားလူငယ် လေးဆယ်ဦးမှာ ညာဘက်ဖနောင့်အရွတ်များ လှီးဖြတ်ခြင်းခံခဲ့ရသည်။
လူငယ်များ၏ ညည်းညူသံများက စခန်းတစ်ခုလုံးကို ဖုံးလွှမ်းနေ၏။
စခန်းအလယ်တွင်ရှိသော မီးပုံဘေးတွင် သက်ဆိုင်ရာပေါ်တူဂီခေါင်းဆောင်များ အားလုံး စုဖွဲ့ထိုင်နေကြသည်။
သူတို့၏ မျက်နှာများတွင် သောကကိုယ်စီနှင့်။
ဒွန်နာလွီဇာ က မီးပုံဘေးနားရှိ သေတ္တာပုံးခွံအလွတ်ပေါ်တွင် တက်ထိုင်လိုက်သည်။
“အားလုံး နားထောင်ကြပါ...ရှင်တို့ ဒီနေ့ ကြုံရတဲ့ ပြဿနာအားလုံးအတွက် ဖိလစ် နဲ့ ကျွန်မ မှာ တာဝန်ရှိပါတယ်...ဖိလစ်မရှိတော့တဲ့အတွက် ကျွန်မမှာ တာဝန်အရှိဆုံးပါ..အဲ့ဒီအတွက် အားလုံးကို ကျွန်မ တောင်းပန်ပါတယ်”
အားလုံးက သူမ မျက်နှာကိုသာ ငေးကြည့်နေကြသည်။
“ကျွန်မတို့ သေလို့မဖြစ်သေးပါဘူး....ဖိနှိပ်ခံရတဲ့ကာလတွေအလွန်မှာ လွတ်လပ်တဲ့နေ့တွေရှိနေပါသေးတယ်.... နောင်တချိန် ကျွန်မတို့ မျိုးဆက်တွေကို ငါတို့ဟာ ဒီလို အန္တရာယ်တွေ၊ ရက်စက်မှုတွေကြားထဲကနေ ရှင်သန်အောင်နေနိုင်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ရမယ်..အားလုံး ဒီခရီးအတွက် စည်းလုံးကြပါ....ရှင်တို့ကို ကာကွယ်ဖို့ ကျွန်မ အသက်ကို ဘုရားထံ အပ်နှံထားပြီးသားပါ..ကျွန်မကို ရှင်တို့ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြပါသလား”
ဒွန်နာလွီဇာက သစ်သားသေတ္တာပေါ်တွင် မတ်တပ်ထရပ်ကာ မေးလိုက်သည်။
“သခင်မ က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပါပဲ”
ဘေးနားတွင်ထိုင်နေသော ဒီဘရစ်ရင်းက စပြောလိုက်သည်။
နောက်လူများကလည်း ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း ပြောလိုက်ကြ၏။
လွီဇာက မီးပုံဖိုရာတွင် သုံးသည့် ကညင်ဆီပုံးကို လှမ်းယူလိုက်သည်။
လက်တစ်ဖက်မှ မီးတောက်လောက်နေသော ထင်းစကို ယူလိုက်၏။
ထို့နောက် အကျဥ်းစခန်း၏ ထိပ်တွင်ရှိသော ဗဟိုကင်းအဆောက်အဦထံ ဦးတည်လိုက်သည်။
“ဟေ့..ဘာကိစ္စရှိလို့လဲ”
ဝါးအဆောက်အဦပေါ်မှ သွေးသောက်ကြီး က သေနတ်ဖြင့် ချိန်ရင်း လှမ်းမေးလိုက်သည်။
“ကျွန်မ..ဖိလစ်ဒီဘရစ်တိုရဲ့ မိဖုရား....ဒွန်နာလွီဇာပဲ”
“အင်း..ဘာဖြစ်လဲ..အဲ့ဒီတော့”
“ရှင်တို့ အင်းဝဘုရင်နဲ့ ကျွန်မ တွေ့ချင်တယ်”
“အရူးထမနေနဲ့..ပြန်တော့”
ဒွန်နာလွီဇာ က သူ့လက်ထဲတွင် ကိုင်လာသော ကညင်ဆီများဖြင့် တစ်ကိုယ်လုံးကို လောင်းချလိုက်သည်။
“မဟုတ်ရင်....ကျွန်မကိုယ် ကျွန်မ မီးရှို့ပြီး သတ်သေပစ်လိုက်မယ်”
သွေးသောက်ကြီး ပြူးပြူးပြာပြာဖြစ်ပြီး ဝါးတဲပေါ်မှ ခုန်ချလာတော့သည်။
ခက်ဇော်








(zawgyi)


အခန္း(၇) ............................................... အာ႐ုဏ္လင္းၾကက္၏ တြန္သံႏွင့္အတူ လြီဇာ ႏွင့္ ဂမုန္းတို႔ ႏိုးလာၾကသည္။ ထို႔ေနာက္ ဂမုန္းမွ ဦးေဆာင္ကာ ဆင္စခန္းအေနာက္ဘက္ရွိ ေခ်ာင္းငယ္တစ္ခုဆီ ကိုယ္လက္သန႔္စင္ရန္ သြားၾကသည္။ ေခ်ာင္းေအာက္ဘက္တြင္ ဆင္ထိန္းမ်ားက ဆင္မ်ားကို ကိုယ္လက္သန႔္ဆင္ေပးေနၾကသည္။ “အထက္ဘက္ကိုလာ မမ..ဆင္ေတြ ေအာက္ကေနဆို ေရေတြက ေနာက္က်ိၿပီး ဆင္ခ်ီးနံ႔ နံ႔ေနလိမ့္မယ္” ဆင္မ်ားႏွင့္ပတ္သတ္ၿပီး အေတြ႕အႀကဳံရွိေနသူ ဂမုန္းက ဦးေဆာင္ကာ ေခ်ာင္းဖ်ားဆီသို႔ သူတို႔ ဆက္တက္ခဲ့ၾကသည္။ ေခ်ာင္းစပ္ရွိ ေရထဲတြင္ ဂမုန္း၏ မိခင္က သမီးငယ္သီရိကို ကိုယ္လက္သန႔္စင္ေပးေနသည္။ ဂမုန္းက ေခ်ာင္းစပ္သို႔ ေျပးဆင္းသြားၿပီး ညီမငယ္အား ေရျဖင့္ ပက္ကာ က်ီစယ္လိုက္၏။ လြီဇာက ထမီကို ရင္လ်ားလ်က္ ေခ်ာင္းေရထဲသို႔ တျဖည္းျဖည္း ဆင္းလာလိုက္သည္။ ေခ်ာင္းေရက ရင္စို႔အထိ ေရာက္လာသည္။ “လုံမ.အရမ္းဆက္မသြားနဲ႔..ဒီေခ်ာင္းက အလယ္မွာ နက္တယ္ေနာ္..တခါတည္းေမ်ာသြားရင္ ပဲခူးျမစ္ထဲ ေရာက္သြားလိမ့္မယ္” ဂမုန္းတို႔ညီအစ္မ၏ မိခင္ ဦးေအာင္လွ၏ အမ်ိဳးသမီးက လွမ္းေအာ္ကာ သတိေပးလိုက္သည္။ ေရက စိမ့္ေနေအာင္‌ ေအးသည္။ ပဲခူးျမစ္သို႔ စီးဝင္သည္တဲ့။ လြီဇာ အေတြးမ်ားက လြန္ခဲ့ေသာ ႏွစ္တစ္ရာေက်ာ္ ၁၆၁၃ ခုႏွစ္က ပဲခူးျမစ္ထဲတြင္ ရွိေနေသာ အမ်ိဳးသမီးတစ္ဦး၏ ဇာတ္လမ္းဆီ ေျခဦးျပန္လွည့္သြားခဲ့ေတာ့သည္။ ............................................................ ၁၆၁၃ ဧပရယ္လ ၁၅ ရက္။ ေန႔လည္ခင္း။ ပဲခူးျမစ္ ။ ေရက စိမ့္ေနေအာင္ေအးသည္။ ရင္စို႔ခန႔္နက္ေသာ ေရထဲတြင္ ဝါးတိုင္တစ္ေခ်ာင္းကို စိုက္ထားသည္။ ထိုဝါးတိုင္တြင္ ဒြန္နာလြီဇာ၏ လက္ႏွင့္ ေျခေထာက္တို႔ကို ႀကိဳးမ်ားျဖင့္ ခပ္တင္းတင္း ကပ္ခ်ည္ထား၏။ အပူရွိန္က ေခါင္းတည့္တည့္သို႔ ေရာက္လာသည္။ ဒြန္နာလြီဇာ၏ ခႏၶာကိုယ္တပိုင္းသည္ ေရထဲတြင္ရွိေနၿပီး ေအးစက္ႏူးရိေနၿပီျဖစ္သည္။ အေပၚပိုင္းမွာမႈ ေနအပူဒဏ္ကို ျပင္းျပင္းထန္ထန္ရင္ဆိုင္ေနရ၏။ ဆိပ္ခံတံတားေပၚတြင္ ထိုင္ကာ ကင္းေစာင့္ေနသည့္ အေစာင့္စစ္သားသည္ပင္ ေနအပူရွိန္ေၾကာင့္ ေမာက္တိုဦးထုတ္ကို ခြၽတ္ကာ ယပ္ခပ္ေနရသည္။ ဒြန္နာလြီဇာသည္ ခႏၶာကိုယ္တပိုင္းကို ပဲခူးျမစ္ထဲ အစိမ္ခံထားရသည္မွာ ယခုဆိုလွ်င္ သုံးရက္တိတိရွိခဲ့ၿပီျဖစ္၏။ ဒြန္နာလြီဇာသည္ ကပၸတိန္ဒီဘရစ္ရင္းႏွင့္အတူ သေဘၤာကို သန္လ်င္သို႔ ျပန္လွည့္ရန္ ဆုံးျဖတ္ခဲ့ၾကသည္။ ျမစ္ဝအေရာက္တြင္ပင္ အင္းဝေရတပ္၏ ဖမ္းဆီးျခင္းခံခဲ့ရသည္။ ေရတပ္ဗိုလ္မႉး ဘယေက်ာ္သူက ဒြန္နာလြီဇာကို အေနာက္ဘက္လြန္မင္းထံ အပ္ခဲ့သည္။ တခ်ိန္က ဖိလစ္ဒီဘရစ္တိုႏွင့္ ဒြန္နာလြီဇာတို႔ ၏ အိမ္ေတာ္ျဖစ္ခဲ့ဖူးေသာေနရာသို႔ သုံ႔ပန႔္တစ္ေယာက္ အေနျဖင့္ ျပန္လည္ေရာက္ရွိသြားေတာ့သည္။ “ဒူးေထာက္စမ္း..ဒူးေထာက္..ဘုန္းေတာ္ႀကီးဘုရားႂကြလာေတာ့မယ္” ဒူးမေထာက္ပဲ မတ္တပ္ရပ္ေနေသာ ဒြန္နာလြီဇာ ကို စစ္သည္မ်ားက အတင္း ဒူးတပ္ခိုင္းၾကသည္။ မရသည့္အဆုံးတြင္ ဒြန္နာလြီဇာကို ခ်ဳပ္ကာ ဒူးတံေကာက္ေကြးကို လွံတံမ်ားျဖင့္ ေစာင့္ထိုးလိုက္၏။ ဒြန္နာလြီဇာမွာ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည္။ အေနာက္ဘက္လြန္မင္းက ေ႐ႊသလြန္ေပၚတြင္ ေနရာယူလိုက္၏။ “ငဇင္ကာငယ္ရဲ႕ မယား ဆိုသူ မဟုတ္လား” ဒြန္နာလြီဇာက အေနာက္ဘက္လြန္မင္းကို ေခါင္းေမာ့ကာ စူးစူးရဲရဲၾကည့္လိုက္သည္။ “ဟုတ္တယ္” “မယ္မင္းက..ဗမာစကားတတ္တာပဲ” သူ႔ကို စူးစူးရဲရဲစိုက္ၾကည့္ေနသည့္ ေပၚတူဂီအမ်ိဳးသမီး၏ ဟန္ပန္က တမ်ိဳးစြဲေဆာင္မႈရွိေနသည္ကို အေနာက္ဘက္လြန္မင္း ခံစားလိုက္ရသည္။ “ငေဘာသင္ ေရာက္ပါၿပီ...ဘုရား” အင္းဝလက္ေအာက္ခံ မြန္တပ္မႉးဗညားေလာ လူတစ္ေယာက္ႏွင့္ အတူ ဝင္လာသည္။ က်ိဳက္ေခါက္ဘုရား၏ ဘုရားကြၽန္အလုပ္အေကြၽးေခါင္း ငေဘာသင္က ဒြန္နာလြီဇာ၏ေဘးတြင္ ဒူးေထာက္ ထိုင္ခ်လိုက္သည္။ “ကဲ..မင္းက..က်ိဳက္ေခါက္ဘုရား ဌာပနာေတြေဖာက္တုန္းက ငဇင္ကာတို႔ကို ကူညီေပးခဲ့တဲ့သူေပါ့.ဟုတ္စ” “မွန္ပါ.နီးရာဓါးမို႔ ေၾကာက္ရတာပါ..ဘုရား” “တိတ္စမ္း..ငါေမးတာပဲ ေျဖ” အေနာက္ဘက္လြန္မင္း၏ အသံက တင္းမာလွသျဖင့္ ေဘာသင္ မွာ တုန္ပင္ တုန္တက္သြား၏။ “ကဲ....အဲ့ဒီတုန္းက က်ိဳက္ေခါက္က ယူသြားတဲ့ ေ႐ႊေငြရတနာစာရင္း ေတြ ႐ြတ္ျပစမ္း” “ကြၽန္ေတာ္မ်ိဳးမွာ ေပ႐ြက္နဲ႔ မွတ္တမ္းတင္ထားတာ ရွိပါတယ္..ဘုရား” “ဘယ္မလဲ..အဲ့ဒီေပ႐ြက္” ဗိုလ္မႉး ဗညားေလာ က ေပစာတစ္ထပ္ကို အေနာက္ဘက္လြန္မင္းထံ ဒူးေထာက္ဆက္သလိုက္သည္။ “ကဲ....ငဇင္ကာရဲ႕ မယား....ငါတို႔ မင္းတို႔အိမ္ေတာ္နဲ႔ သန္လ်င္တစ္ၿမိဳ႕လုံး ရွာၿပီးၿပီ..က်ိဳက္ေခါက္ဘုရားက ယူသြားတဲ့ ဌာပနာေတြ ရွာမေတြ႕ဘူး...အဲ့ဒါေတြ ဘယ္မွာ ဝွက္ထားလဲ.မယ္မင္း..သိရမယ္..ငါ့ကို မွန္မွန္ေလွ်ာက္တင္စမ္း” “ငါ မသိဘူး” “သယ္..ဒီဟာမ...႐ုပ္ကေလးက သမားကမားနဲ႔...နင့္လင္ေနာက္ကို လိုက္ခ်င္ေနၿပီလား..နင့္လင္ ေသတဲ့နည္းအတိုင္း ေသခ်င္ေနၿပီလား” “သတ္လိုက္..ငါ့ကို သတ္လိုက္...ငါ့ေယာက္်ားကို သတ္တဲ့နည္းလမ္းနဲ႔ပဲ သတ္....ငါတို႔ အတူတူေသမယ္.” ဒြန္နာလြီဇာက အသံကုန္ ျခစ္ေအာ္လိုက္သည္။ နေဘးမွာ ေဘာသင္မွာ ေၾကာက္လြန္းသျဖင့္ တုန္ေန၏။ စူးစူးဝါးဝါး ေအာ္ဟစ္ေျပာဆိုျခင္းခံလိုက္ရသျဖင့္ အေနာက္ဘက္လြန္မင္းမွာ မ်က္စိမ်က္ႏွာပ်က္သြားသည္။ ခင္ပြန္းသည္၏ အေလာင္းကို ေလာေလာလတ္လတ္ျမင္ခဲ့ရၿပီျဖစ္ေၾကာင္း အေနာက္ဘက္လြန္မင္း ခန႔္မွန္းမိလိုက္သည္။ ထိုသို႔ စိတ္ခံစားခ်က္ျပင္းထန္ေနခ်ိန္တြင္ မည္သို႔မွ စစ္ေမးရမည္မဟုတ္မွန္း လည္ သေဘာေပါက္လိုက္၏။ “အ႐ိုင္းအစိုင္းမေပပဲ..ဟဲ့..ဘယေက်ာ္သူ...လာစမ္း” ေရတပ္ဗိုလ္မႉးဘယေက်ာ္သူက ခပ္လွမ္းလွမ္းအျပင္ဘက္တြင္ ခစားေနရာမွ ‌ဒူးတုပ္လ်က္ေရွ႕သို႔ အျမန္တိုးလာသည္။ “ဒီေကာင္မကို အက်ဥ္းစခန္းဆီ ပို႔လိုက္ေတာ့....ကိုယ္ေတာ္မုတၱမက ျပန္လာမွ ဒီအမႈကို ဆက္စီရင္မယ္” ဘယေက်ာ္သူက ဒြန္နာလြီဇာကို စစ္သည္မ်ားႏွင့္အတူ လာဆြဲထုတ္သြားေတာ့သည္။ ..................................................................................... ေမြ႕ႏြန္းကုန္း ၏ ေအာက္ဘက္ျမစ္ကမ္းနေဘးသည္ ေပၚတူဂီယာယီအက်ဥ္းစခန္းအျဖစ္ အသြင္းေျပာင္းသြားသည္။ မြန္မ်ား၊ ေတာင္ငူသားမ်ားကို မူ စစ္ေၾကာၿပီး အမ်ားစုကို ျပန္လႊတ္ေပးလိုက္ၿပီျဖစ္သည္။ ေပၚတူဂီလူမ်ိဳး ခုႏွစ္ရာ ႏွင့္ ေပၚတူဂီကျပား၊ ပသီေၾကးစားစစ္သည္မ်ား စုစုေပါင္း ႏွစ္ေထာင္ေက်ာ္ ကိုမူ ဆက္လက္ဖမ္းဆီးထားဆဲျဖစ္သည္။ အက်ဥ္းစခန္းတြင္း ခင္ပြန္းေပ်ာက္ရွာသူမ်ား၊ ဖခင္ေပ်ာက္ရွာသူမ်ားျဖင့္ ဆူညံေနၾကသည္။ ဒဏ္ရာရသူမ်ား၏ ကယ္ပါ၊ ယူပါ တစာစာညည္းတြားသံမ်ားၾကား ေပၚတူဂီဘုန္းေတာ္ႀကီးမ်ားႏွင့္ သူနာျပဳမ်ားမွာ အေျပးအလႊား ျပဳစုကုသေပးေနၾကသည္။ ည ဦးယံ ေရာက္သည္ႏွင့္ ပင္လယ္ေလႏုေအးကို စတင္ခံစားလာရသည္။ အက်ဥ္းစခန္းဆိုေသာ္ျငား အျပင္ဘက္ပတ္လည္တြင္ ဝါးခြၽန္မ်ားျဖင့္ ၿခံစည္း႐ိုးခတ္ထားၿပီး အထဲတြင္ မီးကြၽမ္းေလာင္ထားေသာ အိမ္အပ်က္၊ တဲအပ်က္မ်ားသာ ရွိသည္။ ပင္လယ္ေလက တျဖည္းျဖည္း ျပင္းထန္လာသျဖင့္ ေယာက္်ားသားမ်ားက ရရာပစၥည္းမ်ားျဖင့္ မီးဖိုၾကသည္။ မီးပုံနေဘးတြင္ ကေလးမ်ား ၊ သက္ႀကီး႐ြယ္အိုမ်ားကို အဓိကထားကာ အိပ္ခိုင္းၾကသည္။ ဒြန္နာလြီဇာ သည္ မလွမ္းမကမ္း အေဆာက္အဦးပ်က္ထဲတြင္ လက္ျပန္ႀကိဳးတုတ္ထားျခင္းခံရသည္။ တခ်ိန္က သူ႔လက္ေအာက္ခံျဖစ္ခဲ့ၾကေသာ ေပၚတူဂီလူမ်ိဳးမိသားစုမ်ားကို ေၾကာင္စီစီမ်က္လုံးမ်ားျဖင့္ ေငးေမာေန၏။ ...................................................................................................... ဆယ္ရက္ခန႔္အၾကာတြင္ အေနာက္ဘက္လြန္မင္းသည္ မုတၱမသို႔ စစ္ခ်ီရာမွ ျပန္လာခဲ့ၿပီျဖစ္သည္။ မုတၱမစားအား သစၥာေပးၿပီးေနာက္ သမက္ျဖစ္သူ ဆိုင္မြန္ဒီဘရစ္တိုႏွင့္ ေျမးျဖစ္သူတို႔အား မုတၱမစားကိုယ္တိုင္ သတ္ျဖတ္ပစ္ရန္ အမိန႔္ေပးခဲ့သည္။ ထိုသတင္းကို အက်ဥ္းစခန္းအေစာင့္မ်ားမွတဆင့္ အက်ဥ္းစခန္းအတြင္းသို႔ ျပန႔္ႏွံ႔သြားၾကသည္။ အားလုံးက သခင္မလြီဇာ ၏ ဇာတ္သိမ္းခန္းကို ရင္တမမ ျဖစ္ေနၾကသည္။ သားအရင္းမဟုတ္ေသာ္လည္း ဒီဘရစ္တို၏ ေသြးသားျဖစ္သည့္ ဆိုင္မြန္၏ သတင္းေၾကာင့္ ဒြန္နာလြီဇာမွာ ပိုမိုစိတ္ထိခိုက္ေနသည္။ မၾကာမီ ဗိုလ္မႉးဘယေက်ာ္သူ ႏွင့္ တပ္သားအခ်ိဳ႕ သူမဆီသို႔ေလွ်ာက္လာသည္ကိုေတြ႕လိုက္ရသည္။ “ဘဝရွင္မင္းတရားႀကီးက ခင္ဗ်ားကို အခစားဝင္ဖို႔ ေခၚခိုင္းလိုက္ျပန္တယ္” ................................................................................. ဆယ္ရက္လုံးလုံးအဝတ္အစားလဲခြင့္၊ေရခ်ိဳးခြင့္မရပဲ ႀကိဳးတုပ္ခံထားရသျဖင့္ ဒြန္နာလြီဇာ၏ ခႏၶာကိုယ္မွာ နံေစာ္ေနသည္။ လူကလည္း ေပ်ာ့ေခြေန၏။ ယာယီနန္းအေရွ႕သို႔ ေရာက္ေသာအခါ တပ္မႉးဘယေက်ာ္သူက ႀကိဳးမ်ားကို ျဖည္ေပးလိုက္သည္။ ထို႔ေနာက္ သူတို႔အသင့္ေခၚထားေသာ ေပၚတူဂီကျပား သုံ႔ပန္းအမ်ိဳးသမီးႏွစ္ဦး ေရာက္လာ၏။ အမ်ိဳးသမီးမ်ားမွာ အင္းဝသူတို႔ပုံစံ ဝတ္ထားသည္။ “သခင္မကို..ကိုယ္လက္သန႔္စင္ေပးဖို႔ပါ” “ဒါငါ့အိမ္...ငါ့ဟာငါလုပ္မယ္” ဒြန္နာလြီဇာက ယခင္က သူမ၏ ေရခ်ိဳးခန္းရွိရာသို႔ ဦးတည္လိုက္သည္။ “ေရခ်ိဳခန္း သုံးခြင့္ကိုေတာ့ အင္းဝဘုရင္က မေပးပါဘူး...အေနာက္ဘက္က စဥ့္အိုးထဲမွာ သခင္မအတြက္ ေရအျပည့္ျဖည့္ေပးထားပါတယ္..ဒါက လဲရမယ့္..ဝတ္စုံေတြပါ” “ဗမာအဝတ္အစားေတြ..ငါမဝတ္တတ္ဘူး” ေပၚတူဂီမေလးႏွစ္ဦး၏ မ်က္ႏွာက ငိုေတာ့မည့္ပုံစံျဖစ္သြား၏။ “သခင္မ ကို ဒီဝတ္စုံေတြ ရေအာင္ဝတ္ေပးရမယ္တဲ့..မဟုတ္ရင္..ကြၽန္ေတာ္မ်ိဳးမတို႔ အသတ္ခံရပါလိမ့္မယ္” လြီဇာ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ “နင္တို႔ကို အရင္က သန္လ်င္မွာ မေတြ႕ဖူးပါဘူး...နင္တို႔ ဘယ္သူေတြလဲ” “ကြၽန္ေတာ္မ်ိဳးမတို႔က မုတၱမက ပါလာတာပါ...မုတၱမကင္းမႉး ဒီဖြန္စီကာရဲ႕ အႏြယ္ေတြပါ..ကြၽန္ေတာ္မ်ိဳးမတို႔အသက္က သခင္မ နဲ႔ ဒီအဝတ္အစားေတြေပၚ မူတည္ေနပါတယ္..မင္းတရားႀကီးေရွ႕ သခင္မ ခစားတဲ့အခါ ဒီအဝတ္ေတြ မဝတ္လာရင္ ကြၽန္ေတာ္မ်ိဳးမတို႔ ေခါင္းျဖတ္ခံရပါလိမ့္မယ္” ‌ခဏအၾကာတြင္ ေနာက္ထပ္ အမ်ိဳးသမီးငယ္မ်ားေရာက္လာၿပီး ေရခ်ိဳးဆိပ္လုပ္ထားေသာေနရာပတ္ခ်ာလည္ကို ယင္းလိပ္မ်ားျဖင့္ ကာေပးလိုက္ၾကသည္။ ေရခ်ိဳးသန႔္စင္ၿပီးေနာက္ အမ်ိဳးသမီးႏွစ္ဦး အကူအညီျဖင့္ ဒြန္နာလြီဇာသည္ အင္းဝဝတ္စုံကို ဆင္ျမန္းလိုက္သည္။ ခါသာအက်ႌေပၚတြင္ အစိမ္းေရာင္ဇာကိုယွက္လႊမ္းထားၿပီး ဖဲသားစိမ္းဗလာထမီကို ဝတ္ဆင္လိုက္သည့္အခါ ေပၚတူဂီေသြးသူမ၏ ထြားက်ိဳင္းျပည့္ဖူးေသာ ခႏၶာကိုယ္ေကာက္ေၾကာင္းမ်ားမွာ ပိုမိုေပၚလြင္သြား၏။ “သခင္မက..တကယ့္ မိဖုရားေခါင္ႀကီး က်ေနတာပဲ” ျပင္ဆင္ေပးေနေသာ အမ်ိဳးသမီးငယ္ကို ဒြန္နာလြီဇာက ခပ္တင္းတင္း ၾကည့္လိုက္သည္။ ထို႔ေနာက္ ဗိုလ္မႉးဘယေက်ာ္သူေရာက္လာၿပီး ယာယီနန္းဆီသို႔ ေခၚေဆာင္သြားေတာ့၏။ ........................................................................................ ယခုတစ္ေခါက္တြင္ေတာ့ အေနာက္ဖက္လြန္မင္း၏ မ်က္ႏွာမွာ ႐ႊင္ပ်ေနသည္။ အင္းဝမင္းသမီးဝတ္စုံျဖင့္ သူ႔ေရွ႕တြင္ ခစားေနေသာ ဒြန္နာလြီဇာကို ႐ႊန္း႐ႊန္းစားစားၾကည့္လိုက္သည္။ “ငါကိုယ္ေတာ္မရွိတုန္း...ငါ့ကြၽန္မ်ားက သင့္ကိုအဆင္ေျပေျပ ထားပါရဲ႕လား” လြီဇာက ရွင္ဘုရင္ကို စကားျပန္မေပးပဲ ေမာ့ၾကည့္လိုက္သည္။ “အင္း...မယ္မင္း ဟာ ဂိုအာဘုရင္ခံခ်ဳပ္ရဲ႕ ေသြးသားလို႔ သိရတယ္...ဂိုအာဘုရင္ခံခ်ဳပ္မင္းကလည္း ငါ့ရဲ႕ အေဆြေတာ္လို႔ ငါသတ္မွတ္ထားတယ္...မယ္မင္းလင္ ငဇင္ကာငယ္ဟာ ငါ့ရန္သူနဲ႔ေပါင္း၊ ငါ့သာသနာကိုဖ်က္ဆီးလို႔ ငါကြပ္မ်က္ခဲ့ၿပီးၿပီ..မယ္မင္းကိုေတာ့ အၾကည္ေတာ္ဂိုအာမင္း ရဲ႕ ဂုဏ္သိကၡာကို ေစာင့္ထိန္းေသာအားျဖင့္ ငါ မသတ္၊ ငါတို႔ ႏွစ္ျပည္ေထာင္ ေ႐ႊလမ္းေငြလမ္းေဖာက္ဖို႔ရာ သင့္ကို မိဖုရားျဖစ္ သိမ္းပိုက္ခ်ီးေျမႇာက္ဖို႔ ငါဆုံးျဖတ္လိုက္ၿပီ..ႏွမ” ဒြန္နာလြီဇာက အထိတ္တလန႔္ပုံစံျဖင့္ အေနာက္ဘက္လြန္မင္းကို စိုက္ၾကည့္လိုက္သည္။ သို႔ေသာ္ သူ၏ အၾကည့္တို႔မွာ အရင္ေလာက္ စူးစူးရွရွမရွိေတာ့။ “ဟဲ့..ငါလို အရပ္ရွစ္မ်က္ႏွာကို ေအာင္ႏိုင္တဲ့ စၾကာမင္းက ခ်ီးျမႇင့္တာကို ဘာမ်ားျဖစ္ေနရသလဲ” “ငါကိုယ့္ဘာသာ သတ္ေသပစ္မယ္” လြီဇာက သူဘာသာ ေရ႐ြတ္သည့္ပုံစံျဖင့္ အသံခပ္တိုးတိုး။ “ဘာ..ဘာေျပာလိုက္တယ္..က်ယ္က်ယ္ေလွ်ာက္တင္စမ္း” “ငါ အေသခံပစ္မယ္..ငါအေသခံပစ္မယ္” လြီဇာက ၾကမ္းျပင္ႏွင့္ သူမ၏ နဖူးကို ခပ္ၾကမ္းၾကမ္းေစာင့္ပစ္လိုက္သည္။ ေသြးမ်ား ျဖာခနဲ က်လာ၏။ အေနာက္ဘက္လြန္မင္းႏွင့္ တခန္းလုံးက ျမင္ကြင္းကို ၿငိမ္သက္စြာ ၾကည့္ေနၾကသည္။ ဆယ္ခ်က္ခန႔္ ေစာင့္အၿပီးတြင္ လြီဇာ ၏ ဦးေခါင္းတြင္ ေသြးမ်ား ရဲတြတ္ေနေတာ့၏။ အေနာက္ဘက္လြန္မင္းက မတ္တပ္ထရပ္လိုက္သည္။ “အင္း..သူငယ္မ..ေသြးက ရဲပါဘိ..ဘယ္ေလာက္ရဲ မလဲ ၾကည့္တာေပါ့...ကဲ...ငါကိုယ္ေတာ္က သနားသက္ညႇာခဲ့ၿပီးၿပီ..သင္က မခံယူဘူးဆိုေတာ့..သင့္ထိုက္နဲ႔ သင့္ကံပဲ... ဟဲ့..ဘယေက်ာ္သူ” “ဘုရား” “ပဲခူးျမစ္ထဲ..သင္းကို သုံးရက္စိမ္ထားစမ္း...ၿပီးရင္ က်ိဳက္ေခါက္ဘုရားဌာပနာေတြနဲ႔ သင္းတို႔ တိုက္ခိုက္လုယက္ထားတဲ့ တျခားဘုရားပစၥည္းေတြ ဘယ္မွာ ရွိမလဲ..ရေအာင္စစ္” ................................................................................................................ သုံးရက္ျပည့္ခဲ့ၿပီ။ ေရထဲတြင္ ကိုယ္တစ္ဝက္ခန႔္ အစိမ္ခံထားရေသာ္လည္း လြီဇာ ၏ ခႏၶာကိုယ္တစ္ခုလုံး ျခစ္ျခစ္ေတာက္ပူေနသည္။ အပူဒဏ္ႏွင့္ အေအးဒဏ္ကို ခႏၶာကိုယ္အတြင္း မညီမွ်စြာ ခံစားရမႈေၾကာင့္ အဖ်ားရွိန္ တက္ေနၿပီျဖစ္သည္။ အသက္ကို ခပ္ျပင္းျပင္းရႈသြင္းေနေသာ္လည္း သတိရတခ်က္ မရတခ်က္ျဖင့္။ တပ္မႉဘယေက်ာ္သူ ေရာက္လာသျဖင့္ ဆိပ္ခံေပၚမွ အေစာင့္စစ္သားမွာ အလန္တၾကား မတ္တပ္ထရပ္လိုက္သည္။ “အေျခအေန ဘယ္လိုလဲ” “ဒီတိုင္းဆို..မလြယ္ဘူး..ဗိုလ္မႉး” ဘယေက်ာ္သူက ေရထဲမွ လြီဇာကို စိတ္မသက္သာစြာျဖင့္ ၾကည့္လိုက္သည္။ ႏႈတ္ခမ္းတို႔က ျဖဴေဖ်ာ့ေနသည္။ မ်က္လုံးမ်ားက ရဲတြတ္ေနသည္။ “က်ဳပ္ ႏွမ....ခင္ဗ်ား... အေသမခံပါနဲ႔... အဲ့ဒီပစၥည္းေတြက က်ဳပ္တို႔ ဘိုးဘြားေတြ လႉဒါန္းခဲ့တဲ့ ပစၥည္းေတြ... ခင္ဗ်ားတို႔နဲ႔ ဘာမွ မသက္ဆိုင္ဘူး...အဲ့ဒီတစ္ခုေတာ့ နားလည္ထားပါ” ဘယေက်ာ္သူ၏ စကားသံက ဒြန္နာလြီဇာ၏ နားထဲတြင္ ၾကားတစ္ခ်က္..မၾကားတစ္ခ်က္။ “က်ဳပ္ေျပာတာၾကားလား.... ခင္ဗ်ားကို မင္းတရားႀကီးက သတ္မိန႔္မေပးတာ..ခင္ဗ်ားအေပၚ သူ စိတ္ေကာင္းရွိေနေသးတဲ့သေဘာပဲ....ခင္ဗ်ားအခုလို ေခါင္းမာေနရင္..က်ဳပ္စိုးရိမ္တာ ေနာက္တစ္ခု ရွိေသးတယ္..” ဘယေက်ာ္သူ၏ စကားသံက ရပ္သြားသည္။ “ခင္ဗ်ား..စဥ္းစားပါ...ေပၚတူဂီမိသားစုေပါင္း ၇၀၀ ေက်ာ္၊ ေနာက္ တျခားစစ္သားႏွစ္ေထာင္ေက်ာ္ ရွိေနတယ္..... မင္းတရားႀကီးရဲ႕ အမိန႔္တစ္ခုေအာက္မွာ သူတို႔အားလုံး ေသသြားႏိုင္တယ္...ရွင္းရွင္း ေျပာရရင္ ...သံလ်င္ကို က်ဳပ္တို႔ ဝိုင္းတုန္းက က်ိဳက္ေခါက္ဘုရားကိုသိမ္းေတာ့ မင္းတရားႀကီးက ဘုရားမွာ သစၥာဆိုခဲ့တယ္...ဒီစစ္ပြဲႏိုင္ရင္ ဘုရားက ယူသြားတဲ့ ဌာပနေတြျပန္ထည့္ေပးပါမယ္တဲ့..သူ မရရေအာင္ ျပန္ယူလိမ့္မယ္...မဟုတ္ရင္..ခင္ဗ်ားတင္မက ခင္ဗ်ားတို႔ကို အားကိုးယုံၾကည္ခဲ့တဲ့ ေပၚတူဂီမိသားစုအားလုံးကို သူ မီးေလာင္တိုက္သြင္းခ်င္ သြင္းလိမ့္မယ္” ဒြန္နာလြီဇာ၏ မ်က္လုံးထဲတြင္ ေပၚတူဂီအက်ဥ္းစခန္းမွ မိသားစုမ်ား၊ ကေလးငယ္မ်ား၏ အသံမ်ား ၾကားေယာင္လာသည္။ ဒြန္နာလြီဇာက ေခါင္းကို အားယူေမာ့လိုက္သည္။ လူက ျဖဴေဖ်ာ့ေနေသာ္လည္း..သူ႔မ်က္လုံးမ်ားက တင္းမာေနဆဲ။ “က်ဳပ္ကတိေပးတယ္..ခင္ဗ်ားသာ က်ိဳက္ေခါက္ဘုရာဌာပနာေတြ ျမဳပ္ထားတဲ့ေနရာကို ေျပာ..ခင္ဗ်ားအသက္ေရာ...ေပၚတူဂီလူမ်ိဳးေတြအသက္ပါ က်ဳပ္ အာမခံတယ္” ခဏ တိတ္ဆိတ္သြားသည္။ ေနပူရွိန္ေၾကာင့္ တပ္မႉးဘယေက်ာ္သူ၏ နဖူးတြင္ ေခြၽးမ်ားပင္ ႐ႊဲနစ္လာ၏။ လြီဇာ ေခါင္းျပန္ေမာ့လာသည္။ “ကြၽန္မ သေဘာတူတယ္” သုံးရက္လုံးလုံးေရစိမ္ခံထားရသည့္တိုင္ သူမ၏ အသံက ႏြမ္းလ်မေန။ မာထန္ေနဆဲ။ တပ္မႉးဘယေက်ာ္သူက လြီဇာကို အထူးအဆန္းသတၱဝါတစ္ေကာင္လို ၾကည့္လိုက္သည္။ ........................................................................................................... ဒြန္နာလြီဇာထံမွ အေျဖရၿပီးသည့္ေနာက္ အင္းဝတပ္မ်ားသည္ ေမြ႕ႏြန္းေတာင္ကုန္းအေနာက္ဖက္၊ မယ္ေတာ္မာရီေက်ာင္းေဆာင္ေအာက္ဖက္သို႔ တူးေဖာ္ရန္ ထြက္သြားၾကသည္။ အေနာက္ဘက္လြန္မင္းက ဒြန္နာလြီဇာအား ေပၚတူဂီအက်ဥ္းသားစခန္းသို႔ ျပန္ပို႔ရန္ အမိန႔္ေပးလိုက္၏။ ျမစ္ထဲမွ ႀကိဳးေျဖေပးလိုက္ခ်ိန္တြင္ပင္ လြီဇာမွာ ေပ်ာ့ေခြကာ သတိလစ္ေနၿပီျဖစ္သည္။ သုံးရက္လုံးလုံး အစာမစားရေသာေၾကာင့္ သူမ၏ ခႏၶာကိုယ္မွာ ခ်ိနဲ႔ေန၏။ အက်ႌႏွင့္ ထမီၾကားတြင္ ႐ႊံဗြက္မ်ား၊ ပိုးမႊားေကာင္မ်ား ကပ္ၿငိေနၾကသည္။ ေနေလာင္ဒဏ္ေၾကာင့္မ်က္ႏွာမွ ရင္ၫႊန႔္အထိအသားအရည္မ်ားမွာ ညိဳညစ္ညစ္အေရာင္ေပါက္ေနၾကသည္။ ရင္ၫြန႔္မွ ေျခဖ်ားအထိ ခႏၶာကိုယ္အရည္ျပားမ်ားကေတာ့ သုံးရက္ၾကာ ေရစိမ္ခံထားရသျဖင့္ ျဖဴေလ်ာ္ရႈံ႕တြေန၏။ ဒြန္နာလြီဇာ သတိျပန္လည္လာသည္။ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္စဥ္ ေပၚတူဂီအမ်ိဳးသမီးငယ္ေလးတစ္ဦးက သူမကို ၿပဳံးျပသည္။ သူမ တခုခုေျပာရန္ ျပင္လိုက္စဥ္ အမ်ိဳးသမီးငယ္က ႏႈတ္ခမ္းကို လက္ညႇိးႏွင့္ကပ္ကာ စကားမေျပာရန္ သတိေပးလိုက္၏။ “သခင္မ...အရမ္းအားနည္းတယ္...ဒါေလး ဝင္ေအာင္စားၿပီး.အနားယူပါဦး...ကြၽန္မ ေဘးနားမွာ ရွိပါတယ္” အမ်ိဳးသမီးငယ္က ရွားရွားပါးပါးအေစာင့္မ်ားထံမွ ရလာသည့္ ၾကက္စြပ္ျပဳတ္ရည္ပန္းကန္ကို ႏႈတ္ခမ္းဝတြင္ ေတ့ေပးလိုက္သည္။ ဒြန္နာလြီဇာက ၾကက္ျပဳတ္ရည္ ကို အငမ္းမရေမာ့ေသာက္ပစ္လိုက္သည္။ ထို႔ေနာက္ ဒယီးဒယိုင္ျဖင့္ မတ္တပ္ရပ္ရန္ ႀကိဳးစားသည္။ “သခင္မ..မရပ္ပါနဲ႔ဦး...ၿငိမ္ၿငိမ္ေလး လွဲေနပါ” “ဟင္အင္း..ငါ ထမွ ရမယ္...ငါ့လူေတြ ဘာျဖစ္ကုန္ၾကၿပီလဲ..သူတို႔ သတ္လိုက္ၾကၿပီလား” “မသတ္ပါဘူး..သခင္မ..ရွိပါတယ္..အျပင္မွာရွိပါတယ္” “ကြၽန္ေတာ္တို႔ ရွိၾကပါတယ္..သခင္မ” ထိုစဥ္ တံခါးဝမွ ဒီဘရစ္ရင္း၏ အသံကို ၾကားလိုက္ရသည္။ “ရွင္ မေသဘူးေပါ့” “ကြၽန္ေတာ္တို႔အားလုံးကို အင္းဝဘုရင္က အသက္ခ်မ္းသာေပးလိုက္ပါၿပီ...ၿပီးေတာ့...ဂ်င္နရယ္ရဲ႕...” “ဘာျဖစ္လဲ..ဘာျဖစ္လဲ ဆက္ေျပာ” “နတ္သွ်င္ေနာင္ရဲ႕ အ႐ိုးအိုးကို သူ႔ညီေတာ္မင္းရဲေက်ာ္ထင္က က်ိဳက္ေခါက္ေစတီေျခရင္းမွာ ဂူသခ်ႋဳင္းလုပ္ၿပီး သၿဂႋဳလ္လိုက္ပါၿပီ...ဂ်င္နရယ္ရဲ႕ အေလာင္းကိုလည္း ေျမျမဳပ္သၿဂႋဳလ္ခြင့္ရခဲ့ပါတယ္..ဒါေပမယ့္” “ဆက္ေျပာပါ....” “ဒါေပမယ့္..ကပၸတိန္ဂ်င္နရယ္ဒီဘရစ္တိုရဲ႕ အထိမ္းအမွတ္အုတ္ဂူေတာ့ လုပ္ခြင့္မေပးပါဘူး..ေျမျမဳပ္သၿဂႋဳလ္ခြင့္ပဲရခဲ့ပါတယ္..အဲ့ဒါ သခင္မ ေနေကာင္းရင္..ဂ်င္နရယ္ရဲ႕ ေျမပုံကို လိုက္ပို႔ေပးပါ့မယ္” လြီဇာ မ်က္ႏွာက ပိုမိုတင္းမာသြားသည္။ ထို႔ေနာက္ တဒဂၤမွ် တိတ္ဆိတ္သြား၏။ “ကြၽန္မတို႔ ေပၚတူဂီမိသားစုေတြ....ေနေရး..စားေရး..အဆင္ေျပရဲ႕လား” “အဆင္ေျပေအာင္ေတာ့ ေနေနရတာပါပဲ...သခင္မ..ကြၽန္ေတာ္တို႔က သုံ႔ပန္းေတြေလ” ဒြန္နာလြီဇာ က ဒီဘရစ္ရင္းကို မ်က္ႏွာလႊဲကာ အိပ္ရာထက္ ျပန္လွဲေလ်ာင္းလိုက္သည္။ ........................................................... ဧၿပီလကုန္လြန္ခဲ့ၿပီ။ ေမလတြင္ မိုးေရခ်ိန္မ်ားလြန္းသျဖင့္ သံလ်င္တဝိုက္တြင္ ျမစ္ေရမ်ားတက္လာၿပီး ၿမိဳ႕ထဲအထိ ေရမ်ားဝင္လာေနၿပီျဖစ္သည္။ အေနာက္ဘက္လြန္မင္းသည္ အင္းဝနန္းေတာ္သို႔ ျပန္ရန္ျပင္ဆင္ေနသည္။ သန္လ်င္တြင္ ဖမ္းဆီးရမိခဲ့ေသာ ေပၚတူဂီႏွင့္ ပသီစစ္သုံ႔ပန္းမ်ားအားလုံး အင္းဝသို႔ လိုက္ပါရမည္ဟု အမိန႔္ထြက္ေပၚလာသည္။ ယခင္က ဒြန္နာလြီဇာႏွင့္တကြ ေပၚတူဂီသုံ႔ပန္းမ်ားအေရးကို တာဝန္ယူထားရေသာ ေရေၾကာင္းတပ္မႉး ဘယေက်ာ္သူမွာ မၾကာမီ မုတၱမသို႔ ျပန္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ စစ္သုံ႔ပန္းမ်ားအား အင္းဝသို႔ ေခၚေဆာင္ေရးအတြက္ ၾကည္းတပ္ဗိုလ္မႉး ဗိုလ္မႉး ပခန္းႀကီးသီဟပေတ့က တာဝန္လႊဲေျပာင္းယူခဲ့သည္။ သီဟပေတ့ သည္ ဘယေက်ာ္သူကဲ့သို႔ သေဘာထားေပ်ာ့ေျပာင္းသူမဟုတ္။ ေပၚတူဂီႏွင့္ လူမ်ိဳးစုံစစ္သုံ႔ပန္း ႏွစ္ေထာင္ေက်ာ္ကို ေခၚေဆာင္ရန္အတြက္ သူ႔အား အေစာင့္တပ္သား ငါးရာေက်ာ္ကိုသာ အေနာက္ဘက္လြန္မင္းက ခြင့္ျပဳထားသည္။ ေပၚတူဂီစစ္သုံ႔ပန္းမ်ားတြင္ သန္မာျဖတ္လတ္ေသာစစ္သားငယ္မ်ား၊ အရပ္သားမ်ား မ်ားစြာ ပါဝင္ေနသည္။ ထိုအေတာတြင္း အက်ဥ္းစခန္းကို ကြပ္ကဲရာတြင္ ေပၚတူဂီလူငယ္မ်ားက အင္းဝတပ္မ်ားအေပၚ မခန႔္ေလးစားလုပ္လာၾကသည္။ ျပန္လည္ခုခံမည့္ အရိပ္အေယာင္မ်ားပင္ ျမင္ရလာရသည္။ သန္လ်င္မွ မိုင္းငါးရာေက်ာ္ေဝးကြာေသာ အင္းဝသို႔ ထိုသူမ်ားကို မေပ်ာက္မပ်က္ေအာင္ ေခၚေဆာင္သြားရမည့္ကိစၥမွာ သီဟပေတ့အတြက္ ေခါင္းခဲစရာျဖစ္လာသည္။ အင္းဝသို႔ ခရီးဆက္ရန္ သတ္မွတ္ထားသည့္ ရက္မတိုင္မီ တပတ္ခန႔္အလိုတြင္ ျဖစ္သည္။ သီဟပေတ့၏ တပ္မ်ားက ေပၚတူဂီအက်ဥ္းစခန္းသို႔ ႐ုတ္ခ်ည္းဝင္ေရာက္လာၾကသည္။ အက်ဥ္းစခန္းတြင္း ေယာက္်ားမွန္သမွ်ကို တန္းစီေစသည္။ ဒြန္နာလြီဇာက အေျခအေနကို အကဲခတ္ရင္း ဒီဘရစ္ရင္းႏွင့္အတူ သီဟပေတ့ဆီ ေလွ်ာက္သြား၏။ “ဘာလုပ္မလို႔လဲ...ဗိုလ္မႉး..ကြၽန္မက ဒီအက်ဥ္းသားေတြရဲ႕ အႀကီးအကဲပဲ” ဗိုလ္မႉးသီဟပေတ့ က လြီဇာကိုခပ္တင္းတင္းစိုက္ၾကည့္လိုက္သည္။ “က်ဳပ္ အလုပ္ က်ဳပ္လုပ္မွာပါ...ခင္ဗ်ားတို႔ အကူအညီမလိုပါဘူး” ဗိုလ္မႉသီဟပေတ့ အခ်က္ျပလိုက္သည္ႏွင့္ အေရွ႕ဆုံးမွ ရပ္ေနေသာ အင္းဝစစ္ဗိုလ္မွ ေပၚတူဂီနာမည္မ်ားကို ေခၚလိုက္သည္။ “ပါထ႐ိုႏူနက္...ဖလန႔္ဇစ္ကို...အန္ေတာ္ညာ” အင္းဝစစ္ဗိုလ္က ေပၚတူဂီနာမည္ကို မပီကလာ ပီကလာေခၚသံေၾကာင့္ တန္းစီေနသည့္ ေပၚတူဂီလူငယ္ထုအတြင္းမွ ေလွာင္ရယ္သံမ်ား ထြက္လာသည္။ ဗိုလ္မႉးသီဟပေတ့၏ မ်က္ႏွာက တင္းမာသြား၏။ မထီမဲ့ျမင့္ ရယ္ေနသည့္ ေပၚတူဂီလူငယ္မ်ားကို ဆြဲထုတ္ရန္ အမိန႔္ေပးလိုက္သည္။ လူငယ္ဆယ္ေယာက္ကို အင္းဝစစ္သားမ်ားက လွံမ်ားျဖင့္ ဝိုင္းလိုက္ၾကသည္။ ထို႔ေနာက္ အေနာက္ဖက္ေတာင္ကုန္းေပၚမွ မီးေလာင္ကြၽမ္းထားေသာ ဘုရားေက်ာင္းဆီသို႔ ေခၚေဆာင္သြားရန္ အမိန႔္ေပးလိုက္သည္။ “သူတို႔ကို သတ္ပစ္မလို႔လား...သူတို႔မွာ ဘာအျပစ္ရွိလို႔လဲ” ဒြန္နာလြီဇာက သီဟပေတ့၏ ေရွ႕တြင္ ပိတ္ရပ္ကာ ေမးလိုက္သည္။ “မသတ္ပါဘူး...စိတ္ခ်ပါ..က်ဳပ္လုပ္စရာရွိတာ လုပ္ၿပီး ျပန္လႊတ္ေပးမွာပါ.. ေဟ့..ေနာက္ထပ္ ဆယ္ေယာက္တတြဲ...ထပ္ထုတ္ထားလိုက္စမ္း..သူတို႔ျပန္လာတာနဲ႔ ေနာက္တသုတ္ကို ကုန္းေပၚကိုလာပို႔ၾက” ဗိုလ္မႉးသီဟပေတ့ ႏွင့္ တပ္အခ်ိဳ႕က ေပၚတူဂီလူငယ္ဆယ္ဦးကို ဘုရားေက်ာင္းကုန္းျမင့္ေပၚသို႔ ေခၚေဆာင္သြားၾကသည္။ တလမ္းလုံးေအာ္ဟစ္ရယ္ေမာကာ အင္းဝစစ္သားမ်ားကို ေလွာင္လာၾကသည့္ ေပၚတူဂီလူငယ္မ်ားမွာ ေရွ႕က ျမင္ကြင္းေၾကာင့္ အသံတိတ္သြားၾက၏။ အင္းဝစစ္သည္ ဆယ္ဦးက ဓါးေျမႇာင္ကိုယ္စီႏွင့္ အဝါေရာင္နႏြင္းမႈန႔္အိတ္မ်ားကို ကိုင္ထားၿပီး သူတို႔ကို ေစာင့္ေနၾကသည္။ ေပၚတူဂီတစ္ဦးလွ်င္ အင္းဝစစ္သည္ေလးဦးႏႈန္းျဖင့္ ခ်ဳပ္လိုက္ၾကသည္။ ထို႔ေနာက္ ၾကမ္းျပင္ေပၚသို႔ ေမွာက္လ်က္လွဲခိုင္းကာ သူတို႔ေျခေထာက္မ်ားကို ဖိလိုက္ၾက၏။ “ဘာလုပ္ၾကမလို႔လဲ့..မလုပ္ပါနဲ႔...မလုပ္ပါနဲ႔” ေပၚတူဂီလူငယ္မ်ား ထံ မွ ေသြးပ်က္သည့္အသံမ်ားထြက္လာသည္။ ေအာ္ဟစ္ေနေသာ သူတို႔၏ ပါးစပ္ထဲသို႔ အဝတ္စမ်ား လိုက္ထိုးထည့္‌ေပးလိုက္ၾက၏။ ထို႔ေနာက္ ဓါးေျမႇာင္ကိုင္ထားေသာ စစ္သည္မ်ားက သူတို႔၏ ညာဘက္ဖေႏွာင့္ေက်ာမ်ားကို တိခနဲ လွီးခ်လိုက္သည္။ ေသြးမ်ားပန္းထြက္လာခ်ိန္တြင္ ဆႏြင္းမႈန႔္မ်ားျဖင့္ သိပ္ၿပီး ဝါးျခမ္းအျပာအတိုေလးကို ခံစကာ အဝတ္စမ်ားျဖင့္ စည္းေႏွာင္ေပးလိုက္ၾကသည္။ အင္းဝသို႔ သြားရာလမ္းခရီးတြင္ သန္စြမ္းေသာလူငယ္မ်ားအေနျဖင့္ အေဝးသို႔ထြက္မေျပးႏိုင္ရန္ႏွင့္ မခုခံႏိုင္ရန္အတြက္ သီဟပေတ့၏ စီမံခ်က္ပင္ျဖစ္သည္။ ထိုတညတည္းတြင္ပင္ ေပၚတူဂီအက်ဥ္းစခန္းမွ က်န္းမာသန္စြမ္းေသာ အက်ဥ္းသားလူငယ္ ေလးဆယ္ဦးမွာ ညာဘက္ဖေနာင့္အ႐ြတ္မ်ား လွီးျဖတ္ျခင္းခံခဲ့ရသည္။ လူငယ္မ်ား၏ ညည္းညဴသံမ်ားက စခန္းတစ္ခုလုံးကို ဖုံးလႊမ္းေန၏။ စခန္းအလယ္တြင္ရွိေသာ မီးပုံေဘးတြင္ သက္ဆိုင္ရာေပၚတူဂီေခါင္းေဆာင္မ်ား အားလုံး စုဖြဲ႕ထိုင္ေနၾကသည္။ သူတို႔၏ မ်က္ႏွာမ်ားတြင္ ေသာကကိုယ္စီႏွင့္။ ဒြန္နာလြီဇာ က မီးပုံေဘးနားရွိ ေသတၱာပုံးခြံအလြတ္ေပၚတြင္ တက္ထိုင္လိုက္သည္။ “အားလုံး နားေထာင္ၾကပါ...ရွင္တို႔ ဒီေန႔ ႀကဳံရတဲ့ ျပႆနာအားလုံးအတြက္ ဖိလစ္ နဲ႔ ကြၽန္မ မွာ တာဝန္ရွိပါတယ္...ဖိလစ္မရွိေတာ့တဲ့အတြက္ ကြၽန္မမွာ တာဝန္အရွိဆုံးပါ..အဲ့ဒီအတြက္ အားလုံးကို ကြၽန္မ ေတာင္းပန္ပါတယ္” အားလုံးက သူမ မ်က္ႏွာကိုသာ ေငးၾကည့္ေနၾကသည္။ “ကြၽန္မတို႔ ေသလို႔မျဖစ္ေသးပါဘူး....ဖိႏွိပ္ခံရတဲ့ကာလေတြအလြန္မွာ လြတ္လပ္တဲ့ေန႔ေတြရွိေနပါေသးတယ္.... ေနာင္တခ်ိန္ ကြၽန္မတို႔ မ်ိဳးဆက္ေတြကို ငါတို႔ဟာ ဒီလို အႏၲရာယ္ေတြ၊ ရက္စက္မႈေတြၾကားထဲကေန ရွင္သန္ေအာင္ေနႏိုင္ခဲ့တယ္ဆိုတာကို ေျပာျပႏိုင္ရမယ္..အားလုံး ဒီခရီးအတြက္ စည္းလုံးၾကပါ....ရွင္တို႔ကို ကာကြယ္ဖို႔ ကြၽန္မ အသက္ကို ဘုရားထံ အပ္ႏွံထားၿပီးသားပါ..ကြၽန္မကို ရွင္တို႔ရဲ႕ ေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳၾကပါသလား” ဒြန္နာလြီဇာက သစ္သားေသတၱာေပၚတြင္ မတ္တပ္ထရပ္ကာ ေမးလိုက္သည္။ “သခင္မ က ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္ပါပဲ” ေဘးနားတြင္ထိုင္ေနေသာ ဒီဘရစ္ရင္းက စေျပာလိုက္သည္။ ေနာက္လူမ်ားကလည္း ေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳေၾကာင္း ေျပာလိုက္ၾက၏။ လြီဇာက မီးပုံဖိုရာတြင္ သုံးသည့္ ကညင္ဆီပုံးကို လွမ္းယူလိုက္သည္။ လက္တစ္ဖက္မွ မီးေတာက္ေလာက္ေနေသာ ထင္းစကို ယူလိုက္၏။ ထို႔ေနာက္ အက်ဥ္းစခန္း၏ ထိပ္တြင္ရွိေသာ ဗဟိုကင္းအေဆာက္အဦထံ ဦးတည္လိုက္သည္။ “ေဟ့..ဘာကိစၥရွိလို႔လဲ” ဝါးအေဆာက္အဦေပၚမွ ေသြးေသာက္ႀကီး က ေသနတ္ျဖင့္ ခ်ိန္ရင္း လွမ္းေမးလိုက္သည္။ “ကြၽန္မ..ဖိလစ္ဒီဘရစ္တိုရဲ႕ မိဖုရား....ဒြန္နာလြီဇာပဲ” “အင္း..ဘာျဖစ္လဲ..အဲ့ဒီေတာ့” “ရွင္တို႔ အင္းဝဘုရင္နဲ႔ ကြၽန္မ ေတြ႕ခ်င္တယ္” “အ႐ူးထမေနနဲ႔..ျပန္ေတာ့” ဒြန္နာလြီဇာ က သူ႔လက္ထဲတြင္ ကိုင္လာေသာ ကညင္ဆီမ်ားျဖင့္ တစ္ကိုယ္လုံးကို ေလာင္းခ်လိုက္သည္။ “မဟုတ္ရင္....ကြၽန္မကိုယ္ ကြၽန္မ မီးရႈိ႕ၿပီး သတ္ေသပစ္လိုက္မယ္” ေသြးေသာက္ႀကီး ျပဴးျပဴးျပာျပာျဖစ္ၿပီး ဝါးတဲေပၚမွ ခုန္ခ်လာေတာ့သည္။ ခက္ေဇာ္

Comments

Post a Comment