AVA 1740s အခန်း(၈)



AVA 1740s
အခန်း(၈)
...............................................
“ဘာဖြစ်တာလဲ..ဘာဖြစ်ချင်တာလဲ...အရမ်းမလုပ်နဲ့နော်...ခင်ဗျားတခုခုဖြစ်ရင်...ကျုပ်တို့အားလုံး ခေါင်းပြတ်ကုန်မယ်”
“ကျွန်မ ရှင်ဘုရင်နဲ့ တွေ့ချင်တယ်”
“ဟာဗျာ... ရှင်ဘုရင်များ..တွေ့ချင်တိုင်းတွေ့ရအောင်..ခင်ဗျားလင် မှတ်နေလား....ကျုပ် အဆင့်နဲ့ ဘယ်လိုလုပ် ခင်ဗျားကို ရှင်ဘုရင်ဆီ ခေါ်သွားရမလဲ”
“ဒါဆို ဗိုလ်မှူးဘယကျော်သူ မုတ္တမကို မသွားရသေးဘူးလို့ ကျွန်မကြားတယ်...သူနဲ့ တွေ့ချင်တယ်”
“ဗိုလ်မှူးသီဟပတေ့ ဆီ သတင်းပို့ပေးပါ့မယ်”
“ဟင်အင်း..မရဘူး..ဗိုလ်မှူးဘယကျော်သူကိုပဲ ဒီစခန်းထဲ လာခဲ့ဖို့ သွားပြောပေးပါ..မဟုတ်ရင် ကျွန်မ ကိုယ်ကျွန်မ သတ်သေမယ်”
သွေးသောက်ကြီးက စစ်သည်တစ်ဦးထံ တိုးတိုးကပ်ပြောလိုက်သည်။
စစ်သည်က ကင်းစခန်းရှိ မြင်းချည်တိုင်တွင် ချည်ထားသော မြင်းကို စီးကာ ဒုံးစိုင်းထွက်သွား၏။
...................................................................................
တကိုယ်လုံးတွင် ကညင်ဆီများ ရွှဲနေသော လွီဇာကို တပ်မှူးဘယကျော်သူက မျက်လုံးပြူးပြီး ကြည့်လိုက်သည်။
“ဘာများဖြစ်လို့လဲ...ဒီအချိန်ကြီး”
“ကျွန်မ နဲ့ လိုက်ခဲ့”
လွီဇာက အကျဥ်းစခန်းအတွင်းရှိ ဖြစ်သလို ဆောက်လုပ်ထားသော တဲတန်းများဆီသို့ ခေါ်သွားသည်။
တဲတန်းတစ်ခုရှေ့ရောက်တွင် ဖနောင့်အကြောများ လှီးခံထားရသဖြင့် နာနာကြင်ကြင်ညည်းညူသံများကို ကြားရ၏။
ဘယကျော်သူက မျက်မှောင်ကြုံ့လိုက်ပြီး တဲအတွင်းသို့ ဝင်ကြည့်လိုက်သည်။
ခဏအကြာတွင် ဘယကျော်သူက မျက်နှာမသာမယာဖြင့် ပြန်ထွက်လာသည်။
“ဒါ ဘုရင့်အမိန့်တော့ မဟုတ်ဘူး....ကျုပ် မနက်ကျ ဘုရင့်ဆီ လျှောက်တင်ပေးပါ့မယ်..စိတ်ချပါ...ဒါမျိုးကို ရွှေနန်းရှင်လည်း ကြိုက်မယ်မထင်ဘူး”
“ရှင်တို့ အင်းဝသားတွေ တော်တော် ရက်စက်ကြတာပဲ.. လူယဥ်ကျေးတွေမှ ဟုတ်ကြရဲ့လား”
ဘယကျော်သူက ပြုံးလိုက်သည်။
“ခင်ဗျား ဟိုးဘက်က ဘင်္ဂါလီပန်းတွေ စခန်းကို ရောက်ဖူးလား”
လွီဇာက ဘယကျော်သူ ၏ မျက်နှာကို စူးစမ်းသလိုကြည့်လိုက်သည်။
“အဲ့ဒီမှာ ခင်ဗျားကို ကျွန်တော်ပြစရာရှိတယ်..လိုက်ခဲ့”
ဘယကျော်သူနောက်သို့ လွီဇာ နှင့် ဒီဘရင်းရင်းတို့ လိုက်ပါလာကြသည်။
ပေါ်တူဂီအကျဥ်းစခန်း၏ ဘေးကပ်လျက်တွင် စစ်တကောင်းသား ဘင်္ဂါလီကျွန်သုံ့ပန်းတို့၏ အကျဥ်းစခန်းရှိနေသည်။
ယင်းတို့မှာ သန်လျင်မြို့ပေါ်ရှိ ပေါ်တူဂီလူဂုဏ်တန်မိသားစုများ၊ ဥရောပသားမိသားစုများထံ ကျွန်အဖြစ် အဝယ်ခံထားရခြင်းဖြစ်သည်။
ယခုတော့ သခင်မဲ့ကျွန်များအဖြစ်ဖြင့် အင်းဝတပ်များ၏ သုံ့ပန်းဖြစ်နေကြပြီ။
တပ်မှူးဘယကျော်သူ ဝင်လာသည်နှင့် ရှေ့ကင်းစခန်းမှ စစ်သည်များက အလန့်တကြားထကာ လက်အုပ်ချီကြသည်။
“နေ..နေ..ငါ့ကိစ္စတစ်ခုရှိလို့လာတာ...သုံ့ပန်းထဲကတစ်ယောက်လောက် ခေါ်ပေးစမ်းပါ”
မကြာမီ အစောင့်စစ်သည်တစ်ဦးနှင့်အတူ ဘင်္ဂလားကျွန်တစ်ဦး ပါလာသည်။
“သူကတော့ ဒီစခန်းက စစ်တကောင်းသားတွေရဲ့ အကြီးအကဲပါ”
ဘယကျော်သူက ဘင်္ဂလားအကြီးအကဲ၏ ညာဘက်လက်ကို ဆွဲယူလိုက်ပြီး လွီဇာ ထံ ထိုးပြလိုက်သည်။
လက်ဖဝါးအလယ်တည့်တည့်တွင် ကြီးမားသော အသားမာဖုကြီးတစ်ခုဖြစ်နေသည်ကို တွေ့ရ၏။
“ဒီကလူတွေအားလုံးရဲ့ ညာဘက်လက်ဖဝါးမှာ ဒီလို အဖုကြီးတွေ ရှိကြတယ်..အဲ့ဒါဘာဖြစ်တာလဲ သိလား”
လွီဇာက ခေါင်းခါလိုက်သည်။ ဒီဘရစ်ရင်းက သက်ပြင်းချလိုက်၏။
“သူတို့အားလုံးဟာ စစ်တကောင်းနဲ့ ဘင်္ဂလားနယ်ထဲက လယ်သမားတွေချည်းပဲ...သူတို့ရွာတွေကို ခင်ဗျားတို့ပေါ်တူဂီလူမျိုး ကျွန်ကုန်သည်တွေက အတင်းဖျက်စီးပြီး လူတွေကိုဝင်ဖမ်းကြတယ်..ပြီးရင် မြောက်ဦးကျွန်စျေးဆီ သင်္ဘောနဲ့ ခေါ်လာကြတယ်..အဲ့ဒီလို ခေါ်လာတဲ့အခါ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အိုတွေ အကုန်လုံးရဲ့ ညာဘက်လက်ဖဝါးတွေကို သံချွန်နဲ့အပေါက်ဖောက် ကြိမ်ကြိုးနဲ့တွဲပြီး လူတန်းကြီးအဖြစ် ခေါ်လာခဲ့ကြတာ....ခရီးတလျှောက်.အစားအစာဆိုလည်း ကြက်တွေကို ကျွေးသလို ဆန်စေ့တွေ ကြဲပေးခဲ့ကြတယ်.....အဲ့ဒါ အင်းဝသားတွေ လုပ်တာမဟုတ်ဘူး.. ခင်ဗျားတို့ ပေါ်တူဂီတွေ လုပ်ခဲ့တာ..ခင်ဗျားယောက်ျားတောင် အဲ့ဒီလိုလုပ်တဲ့အထဲ ပါချင်ပါခဲ့ဦးမှာ”
လွီဇာက သူ့ရှေ့တွင်ရပ်နေသော အသားနက်နက်ဖြင့် ဘင်္ဂလီလူမျိုးအဘိုးအိုကို ကြည့်ရင်း ငိုင်သွားသည်။
ဘေးနားမှာ ဒီဘရစ်ရင်းကို လှည့်ကြည့်သည်။
ဒီဘရစ်ရင်းက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားက ဂိုအာက နန်းတော်ထဲမှာ ကြီးပြင်းတယ်...ပြီးတော့ ခင်ဗျားယောက်ျား သိမ်းပိုက်ထားတဲ့ သံလျင်က အိမ်တော်ထဲကိုရောက်တယ်..ခင်ဗျားတို့သိတာ ဒီမြေက ရွှေငွေကျောက်သံပတ္တမြားတွေပဲ..အဲ့ဒါတွေအတွက် လူတွေဟာ လူလူချင်း ဘယ်လောက်ရက်စက်ခဲ့ကြလဲ..မြင်ပြီမဟုတ်လားဗျ...အင်းဝသားမှ ဟံသာဝတီသားမှ..ပေါ်တူဂီသားမှမဟုတ်ဘူး...ကိုယ့်အတ္တအတွက် လူလူချင်း ရက်စက်တဲ့လူက ရက်စက်ကြတာပဲဗျ..သူတပါးနာကြင်တာကို အောင်ပွဲဆိုပြီးအရသာခံတတ်တဲ့လူတွေ၊ သူတပါး ရဲ့ အသက်တွေနဲ့ တည်ထားတဲ့ပလ္လင်တွေကြားမှာ ကျုပ်တို့အားလုံးဟာ ကိုယ့်ရှင်သန်ရေး..ကိုယ့်အတ္တကလွဲလို့ တခြားဘက်ကို မစဥ်းစားပေးနိုင်ပဲ သံသရာလည်နေကြတာကို...ခင်ဗျားနားလည်စေချင်ပါတယ်.. မနက်ဖြန် မနက်စောစော ကျုပ် ဘုရင့်ဆီ ချက်ချင်းဝင်ပြီး ဒီအကြောင်း လျှောက်ပေးမှာပါ...ကဲ..ခင်ဗျားတကိုယ်လုံးလဲ..ကညင်စီနံ့တွေနံနေပြီ..ရေပြန်ချိုးလိုက်ပါဦး.”
အိပ်ချင်မူးတူးမျက်လုံးများဖြင့်သူတို့ကို ကြောက်လန့်တကြားထကြည့်နေသည့် ဘင်္ဂါလီသုံ့ပန်းစုများကို လွီဇာ ငေးကြည့်နေခဲ့သည်။
မကြာမီ မိုးက တဖျောက်ဖျောက်ကျလာ၏။
..............................................................................................................................
နောက်တစ်နေ့နံနက်တွင် ပေါ်တူဂီသုံ့ပန်းစခန်းတာဝန်ခံ ဗိုလ်မှူးသီဟပတေ့သည် အနောက်ဘက်လွန်မင်းမှ ဆင့်ခေါ်သဖြင့် ယာယီနန်းတော်သို့ ထွက်ခွာသွားသည်။
ခဏအကြာတွင် ဗိုလ်မှူးသီဟပတေ့၏ တပ်များကို ရုတ်သိမ်းလိုက်ပြီး ဗိုလ်မှူးဘယကျော်သူ ၏ တပ်များက ပေါ်တူဂီသုံ့ပန်းစခန်းကို တာဝန်ပြန်လည်လွှဲပြောင်းယူလိုက်ကြ၏။
ဒွန်နာလွီဇာ ရှိနေသည့် တဲရှေ့သို့ ဗိုလ်မှူးဘယကျော်သူ ရောက်လာသည်။
“ရွှေနန်းရှင်က ခင်ဗျားတို့ကို အင်းဝကို ခေါ်သွားမယ့်ခရီးမှာ..သီဟပတေ့အစား ကျုပ်ကို တာဝန်ပြန်လွှဲပေးလိုက်ပါပြီ”
“ရှင့်ကို ကျေးဇူးတင်ပါတယ်..တပ်မှူး”
“နောက်တစ်ခုက ဒီစခန်းက ပေါ်တူဂီလူငယ်တွေကို ဒီလိုအဖြစ်မျိုး နောက်ထပ်လုံးဝမဖြစ်စေရဘူးလို့ မင်းတရားကြီးက အာမခံပေးလိုက်ပါတယ်..ဒါပေမယ့်...သူတို့အားလုံးဟာ အင်းဝတပ်အတွက် အမြှောက်စစ်သည်တွေအဖြစ် အမှုထမ်းပေးရပါလိမ့်မယ်”
လွီဇာက အနောက်ဘက်တွင် ရပ်နေသော ပေါ်တူဂီသုံ့ပန်းခေါင်းဆောင်များကို လှည့်ကြည့်လိုက်သည်။
အားလုံးက လွီဇာ့ကို ခေါင်းညိတ်ပြလိုက်ကြ၏။
“ကျွန်မတို့က ရှင်တို့ သုံ့ပန်းတွေပဲ..ကျွန်မတို့ကိုသာ နောက်ထပ် ဒီလို နာကြင်အောင် မလုပ်ပါနဲ့...ရှင်တို့ ခိုင်းတာအကုန်လုပ်ပါ့မယ်”
“စိတ်ချပါ....ရွှေနန်းရှင်က ပေါ်တူဂီစစ်သည်တွေကိုလည်း အင်းဝစစ်သည်တွေလိုပဲ ရိက္ခာတော်နဲ့တကွ ချီးမြှင့်ပေးကမ်းမှာပါ”
...................................................................................................
တပတ်အကြာတွင် ပေါ်တူဂီသုံ့ပန်းများသည် သန်လျင်မှ မိုင်ငါးရာဝေးသည့် အင်းဝသို့ သွားရန် ပြင်ဆင်ကြပြီဖြစ်သည်။
ခရီးလမ်းအတွက် ဆုတောင်းဝတ်ပြုခြင်းအစီအစဥ်ကို ဘရင်ဂျီဘုန်းတော်ကြီးများက ဦးဆောင်ကာ ကျင်းပပေးကြသည်။
ဖနောင့်ကြောလှီးခံထားရသည့် လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ နှင့် ရိက္ခာများတင်ရန်အတွက် အတွက် တပ်မှူးဘယကျော်သူက လှည်းအစီး ငါးဆယ် စီစဥ်ပေးသည်။
လမ်းခရီး၏ ကျန်းမာရေးကိစ္စများအတွက် ပဲခူးမြို့စားအိမ်တော်မှ မွန်သမားတော် နှစ်ဦးကိုလည်း အနောက်ဘက်လွန်မင်းက ထည့်ပေးမည်ဖြစ်သည်။
“အားလုံး..အဆင့်သင့်ရင် နှောင်ကြိုးတွေ တည်းဟေ့...ထွက်ကြမယ်”
ရှေ့ဆုံးမှ မြင်းစီးလျက် အလံကိုင်ထားသော အင်းဝစစ်သည်ထံမှ အသံထွက်လာသည်။
အုန်းခွံများဖြင့် ကျစ်ထားသော ကြိုးကိုင်ထားသည့် အင်းဝစစ်သည်များက ပေါ်တူဂီအကျဥ်းသားများ၏ လက်များကို ကြိုးများဖြင့် နှင် တွဲဆက်ကာ သုံးယောက်တစ်တန်းတွဲချည်လိုက်သည်။
ဒွန်နာလွီဇာ၊ ဗိုလ်ဒီဘရစ်ရင်းနှင့် ‌ဘရင်ဂျီဘုန်းတော်ကြီးသုံးပါးကိုမူ လည်ပင်းတွင် ကြိုးကွင်းများ စွပ်ကာ ချည်နှောင်ပြီး ဗိုလ်မှူးဘယကျော်သူ၏ ဝေါယာဥ်နောက်တွင် တန်းလန်းဆွဲထားလိုက်သည်။
ထို့နောက် ပေါ်တူဂီ နှင့် ပသီစစ်သည်များ ပါဝင်သော သုံ့ပန်းလူတန်းကြီးမှာ အင်းဝမြင်းတပ်များခြံရံလျက် အင်းဝသို့ ခြေလျင်ခရီးကို ခရီးစတင်လိုက်ကြတော့သည်။
ဘင်္ဂါလီသုံပန်းများကိုမူ ဟံသာဝတီကျွန်စျေးမှ ဒတ်ချ်ကုန်သည်အချို့နှင့် အာမေးနီးယန်းကျွန်ကုန်သည်များထံ ရောင်းချလိုက်သည်။
အနောက်ဘက်လွန်မင်းနှင့် သူ၏တပ်အများစုမှာမူ လွန်ခဲ့သည့် နှစ်ရက်ကတည်းက အင်းဝသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
တမိုင်ခန့်ရှည်လျားသော ပေါ်တူဂီ၊ ပသီစစ်သုံ့ပန်းတန်းကြီးကို တပ်မှူးဘယကျော်သူ၏ အင်းဝတပ်က ခြံရံလျက် သန်လျင်မှ အင်းဝသို့ ခက်ခဲစွာ ခရီးဆက်ခဲ့ကြသည်။
သုံ့ပန်းများမှာ ကြိုးဖြင့် တုတ်နှောင်ခံထားရခြင်းကြောင့် ခရီးမတွင်ပဲ ကြာမြင့်နေရခြင်းဖြစ်သည်။
လမ်းခရီးတွင် သုံ့ပန်းနှစ်ဆယ်ခန့်မှာ ရေနစ်ခြင်း၊ ဖျားနာခြင်း၊ ပိုးမွှားကိုက်ခံရခြင်းတို့ကြောင့် ကွယ်လွန်ခဲ့ကြသည်။
ဒွန်နာလွီဇာ နှင့် ဒီဘရစ်ရင်းတို့သည် ပေါ်တူဂီသုံ့ပန်းများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးရင်း လိုက်ပါခဲ့ကြသည်။
တလအကြာတွင် တောင်ငူသို့ရောက်သည့်အခါ နန္ဒဘုရင်ကိုးကွယ်ခဲ့သည့် တောင်ငူဆရာတော်က ပေါ်တူဂီသုံ့ပန်းများကို သူ့ကျောင်းတွင်း လိုလိုလားလားစခန်းချခွင့်ပြုကာ ဆေးဝါးကုသနားနေစေခဲ့သည်။
ဆရာတော်က သုံ့ပန်းများအား နှောင်ကြိုးများမှ ဖြုတ်ပေးရန် ၊ သူ့အသက်နှင့် အနောက်ဘက်လွန်မင်းထံ အာမခံလျှောက်တင်ပေးမည်ဆိုသဖြင့် ဘယကျော်သူက သုံ့ပန်းများကို ကြိုးများ ဖြည်ပေးခဲ့သည်။
ဆရာတော်များ သုံ့ပန်းများထွက်မပြေးစေရေး သူ့အသက်နှင့်အာမခံထားသည့်အကြောင်း လွီဇာနှင့် ပေါ်တူဂီခေါင်းဆောင်များအား ခေါ်ယူအသိပေးခဲ့သည်။
ထိုသို့နှင့် ပေါ်တူဂီသုံ့ပန်းများမှာ အင်းဝသို့ လွတ်လပ်စွာခရီးဆက်ခွင့်ရခဲ့၏။
သို့သော်ငြား ပေါ်တူဂီဘုန်းတော်ကြီး ဖာသာဒီဖွန်ဆီကာမှာမူ လမ်းခရီးတွင်ပင် ကွယ်လွန်သွားခဲ့လေသည်။
ခုနှစ်ဆယ့်ငါးရက်မြောက်နေ့။
လှံကိုင်မြင်းစီးစစ်သားများခြံရံလျက် တန်းစီပြီးလျှောက်လာသော ပေါ်တူဂီသုံ့ပန်းလူတန်းကြီးသည် ဓမ္မတေးသီချင်းများကို ညီညီညာညာ သီဆိုလာကြသည်။
ခပ်လှမ်းလှမ်းသစ်ရိပ်များအလွန်တွင် အင်းဝနန်းမြို့ရိုးကိုပင် လှမ်းမြင်နေရပြီဖြစ်သည်။
မြို့ရိုးအပြင် ရပ်ကွက်များမှ လူများသည် သူတို့နားမလည်သည့်ဘာသာဖြင့် သီချင်းများဆိုလာသည့် နိုင်ငံခြားသားလူတန်းကြီးကို အထူးအဆန်းအဖြစ် ထွက်ကြည့်ကြသည်။
တပ်မှူးဘယကျော်သူက ဝေါယာဥ်ပေါ်မှ မြင်းပေါ်သို့ ပြောင်းလိုက်ပြီဖြစ်သည်။
“သူတို့ဘာတွေဆိုနေကြတာလဲ”
ဒွန်နာလွီဇာက ပြုံးပြလိုက်သည်။
“အင်းဝကို ဘေးကင်းစွာရောက်လာအောင် စောင့်ရှောက်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း သီဆိုနေကြတာပါ”
“ဟုတ်ပြီ..ခင်ဗျားတို့ ဘာသာ‌ရေးကို ကျုပ်တို့ ဘာမှ မပိတ်ပင်ပါဘူး..ဒါပေမယ့်...မြို့တံခါးနား ရောက်ရင်တော့ သီချင်းမဆိုစေချင်ဘူး..မြို့စောင့်တပ်တွေက ခင်ဗျားတို့ အသံတွေကြားရင် သူတို့ဘာမှန်းမသိတော့ တခုခုဖြစ်မှာစိုးရတယ်ဗျ”
လွီဇာက ခေါင်းညိတ်ပြလိုက်သည်။
.................................................................................
တကယ်တမ်းတွင်မူ ပေါ်တူဂီသုံပန်းများမှာ နန်းမြို့ရိုးတွင်းသို့ မဝင်ခဲ့ရ။
နန်းမြို့ရိုးဘေးမှ ဖြတ်ကာ အင်းဝမြို့ အနောက်ဘက်မလှမ်းမကမ်းရှိ နရဲပျားကွင်းပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ကွင်းပြင်တစ်ခုလုံးကို ထန်းလုံးများဖြင့် ခြံစည်းရိုးကာထား၏။
အဝင်အဝတွင် အင်းဝစစ်သည်ဆယ်ဦးခန့်က စောင့်ကြပ်နေသည်။
ထန်းလုံးစည်းရိုးအတွင်း ဝင်လိုက်သည့်အခါ စနစ်တကျအကွက်ရိုက်ထားသည့် ခြံဝန်းများနှင့် တဲငယ်များကို တွေ့လိုက်ကြရတော့သည်။
ဘယကျော်သူက သုံ့ပန်းများကို ရပ်တန့်ရန်အမိန့်ပေးလိုက်သည်။
“ဒွန်ာလွီဇာ နဲ့ ခေါင်းဆောင်တွေ..ဘုရင်ညီတော် ပြည်မင်းသား နဲ့ တွေ့ရမယ်”
ထို့နောက် ဒွန်နာလွီဇာ နှင့် ပေါ်တူဂီများခေါင်းဆောင်အချို့ကို တဲစခန်းတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့၏။
တဲအတွင်း မင်းသားဝတ်စုံဖြင့် ပုဂ္ဂိုလ်တစ်ဦး ထိုင်နေသည်ကို တွေ့ရသည်။
ထိုပုဂ္ဂိုလ်ရှေ့တွင် ဘယကျော်သူရော၊ ဒွန်နာလွီဇာတို့ပါ ဒူးထောက်ခစားလိုက်ကြ၏။
နောင်တချိန်တွင် သာလွန်မင်းဖြစ်လာမည့် ပြည်မင်းသားသည် စစ်‌ရေးစစ်ရာတွင်သာမက စီမံခန့်ခွဲရေးတွင်လည်း ကျွမ်းကျင်သူဖြစ်သည်။
ပြည်မင်းသားက သူ့ရှေ့တွင် ဝပ်တွားနေသော သူများကို တချက်ကြည့်လိုက်သည်။
“ဒီနေရာမှာ မောင်မင်းတို့ လွတ်လပ်စွာနေခွင့်ရှိမယ်..တံခါးဝမှာ အစောင့်တပ်စိတ်တစ်စိတ်သာ လုံခြုံရေးအတွက်ရှိနေလိမ့်မယ်...လုပ်ငန်းဆောင်တာများအတွက် အင်းဝမြို့ထဲကို ဝင်ထွက်ခွင့်ရှိပေမယ့်...နေမဝင်မီ သစ်တပ်ထဲ ပြန်ဝင်လာကြရမယ်...စစ်မှုထမ်းမည့်သူများကိုတော့ နန်းမြို့ရိုးအတွင်းမှာ နေရာချထားပေးမှာဖြစ်တယ်... အခု ငါတို့ တတ်နိုင်သမျှ တဲ အလုံးတစ်ရာဆောက်ပေးထားတယ်..သင်တို့ဟာသင်တို့ သစ်ဝါးရှာနိုင်လို့ အိမ်တွေ ဆောက်ချင်သပဆိုလည်း ဒီသစ်တပ်ထဲ ကြိုက်သလို ဆောက်နေနိုင်တယ်...မောင်မင်းတို့လမ်းခရီးမှာ ခံစားခဲ့ရတာတွေ ကိုယ်တော်လည်း ကြားပါတယ်..အဲ့ဒီအတွက်လည်း စိတ်မကောင်းပါဘူး..ကဲ..ကိုယ်တော်ကြွတော့မယ်..ကျန်တာ ဘယကျော်သူ နဲ့ ညှိနှိုင်းပြီးလုပ်ကြပါလေ”
ပြည်မင်းသားက ဆန်နှင့်ချက်လုပ်ထားသော အရက်ပုံးနှစ်ဆယ်နှင့် ရိက္ခာစပါးများကို ပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။
“ကဲ..ကျုပ်လည်း အိမ်မပြန်ရတာ နှစ်နဲ့ချီခဲ့ပြီ..မယားတွေသားတွေတွေ့ချင်သေးတယ်..ပြောစရာရှိ အစောင့်တပ်မှူး ငကျောက်ကိုသာ ပြောကြတော့ ကျုပ်..မနက်ဖြန်မှာ တစ်ခေါက်ပြန်လာတော့မယ်”
ဘယကျော်သူက ဒွန်နာလွီဇာကို နှုတ်ဆက်ပြီး ထွက်သွား၏။
ထိုညက သူတို့ သည် ပြည်မင်းသား၏ လက်ဆောင် အရက်ပုံးများကို ဖောက်လိုက်ကြသည်။
လောလောဆယ် ဒုက္ခခရီးရှည်ကြီးထဲမှ လွတ်မြောက်လာကြပြီဖြစ်သဖြင့် အားလုံး၏ မျက်နှာများမှာ ရွှင်ပျနေကြ၏။
ဒွန်နာလွီဇာက မီးပုံကြီးဖိုထားသည့်ရှေ့တွင် အရက်ခွက်ကို ကိုင်ရင်း မတ်တပ်ရပ်လိုက်သည်။
“တနေ့နေ့ တချိန်ချိန်မှာ ကျွန်မတို့ရဲ့ အမိမြေဖြစ်တဲ့ ပေါ်တူဂီမြေကို ရှင်တို့အားလုံးကို ကျွန်မ ဦးဆောင်ပြီး ပြန်ခေါ်သွားပေးပါ့မယ်”
လွီဇာအသံက တိမ်ဝင်သွား၏။
ပေါ်တူဂီများမှာ အရက်ခွက်များကို မော့ရင်း စကားပြောဆိုနေကြသဖြင့် လွီဇာ၏ စကားသံကို ဂရုမထားကြတော့။
မီးပုံနဘေးတွင် ခပ်ကွေးကွေးလေးထိုင်ကာ ခုနှစ်နှစ်အရွယ် မက်ဂ်ဒါလီနာ ကမူ လွီဇာပြောလိုက်သည့် စကားသံများကို သဲသဲကွဲကွဲနားစိုက်ထောင်နေသည်။
.....................................................................................................................
“တနေ့မှာ ငါ့မြေးမလေးဟာလည်း တို့တွေကို ဇာတိမြေ ပေါ်တူဂီပြည်ဆီ ပြန်လည်ခေါ်သွားပေးနိုင်လိမ့်မယ်လို့ အဘွားယုံကြည်တယ်..ဒါကြောင့် သခင်မ လွီဇာ ရဲ့ ဝိညာဥ်တွေ ၊ စိတ်ဓာတ်ခိုင်မာမှုတွေ ပူးကပ်နေစေဖို့..သမီးနာမည်ရှေ့စာလုံးကို လွီဇာ လို့ အဖွားက နာမည်ပေးခဲ့တာပဲ”
လွီဇာ၏ နားထဲတွင် အဘွားဖြစ်သူ မက်ဂ်ဒါလီနာ၏ အသံများက လတ်ဆတ်စွာကြားယောင်နေသည်။
ဟံသာဝတီနန်းမြို့ရိုးထက်မှ စည်တော်ရွမ်းသံနှင့်အတူ မြို့တံခါးပွင့်သွားပြီဖြစ်သည်။
“မမဇာ..ဒါဟံသာဝတီတဲ့...ဟံသာဝတီတဲ့..သိပ်ချမ်းသာခဲ့တဲ့ မြို့ကြီးတဲ့”
ဂမုန်း၏ အသံများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့်။
အင်းဝမှာ လာကြသည့် အောက်မားဝန်နှင့်အဖွဲ့ကို ဟံသာဝတီမြို့ဝန်ဦးသာအောင် ပြီးလျှင် အရာရောက်ဆုံးဖြစ်သည့် ကျီဝန်ဦးမောင်၊ နဲရွဲရွာစား အခွန်ဝန် ဦးကို တို့က လာရောက်ကြိုဆိုကာ ယာယီတည်းခိုရာသို့ ခေါ်ဆောင်သွားကြသည်။
ကျီဝန်ဦးမောင်နှင့် ဦးကို တို့သည် အောက်မားဝန်ဦးအောင်လှ နှင့် စကားပြောနေကြသော်လည်း သူတို့နှင့်အတူ ပါလာသည့် ပေါ်တူဂီအမျိုးသမီးကို အကဲခတ်နေကြ၏။
ထိုအခြေအနေကို ဦးအောင်လှ က သဘောပေါက်လိုက်သည်။
“သူက လွီဇာလို့ ခေါ်ပါတယ်.... ကုန်စည်ရောင်းဝယ်ရေးအတွက် လေ့လာဖို့ ကိုးသိန်းသခင်ကိုယ်တိုင် ကျွန်တော်နဲ့ ထည့်ပေးလိုက်တာပါ”
ကိုးသိန်းသခင်အမည်ကို ကြားလိုက်မှ ဟံသာဝတီအရာရှိနှစ်ဦးမှာ လွီဇာထံမှ မျက်နှာလွှဲသွားကြတော့၏။
ထိုနေ့က ဟံသာဝတီအရာရှိများက အောက်မားဝန်နှင့် အဖွဲ့များကို ညစာဖြင့် ဧည့်ခံကြသည်။
နောက်တစ်နေ့တွင် လွီဇာ သည် ဦးအောင်လှကတော်၊ သမီးများဖြစ်သော ဂမုန်း၊ သီရိတို့ မောင်နှမနှင့်အတူ ဟံသာဝတီမြို့ထဲသို့ လည်ပတ်ရန် အလှပြင်နေသည်။
ထိုအချိန်တွင် ဦးအောင်လှ နှင့်အတူ အမျိုးသားတစ်ဦးတဲပေါ်သို့ တက်လာ၏။
“လုံမ...မင့် သန်လျင်ကို သွားဖို့တော့...အဖော်ရပြီကွဲ့”
လွီဇာက ထမီရင်လျားပေါ်တွင် ပုဝါကို ဖုံးအုပ်လိုက်ပြီး သင်ဖြူးဖျာကို ခင်းပေးလိုက်သည်။
ဦးအောင်လှ နှင့် လူစိမ်းက သင်ဖြူးပေါ်တွင် ထိုင်လိုက်သည်။
လွီဇာက သူတို့ရှေ့တွင် ခပ်ကြုံ့ကြုံ့ထိုင်လိုက်ပြီး သီရိက ပါ အတွင်းခန်းထဲမှ ပြေးထွက်လာပြီး လွီဇာ့ ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဒါ ဟံသာဝတီမြို့စောင့်တပ်မှူး လက်ျာဗိုလ် တဲ့..ကျုပ်တူဝမ်းကွဲတော်တယ်...သူကတော့ ငါပြောတဲ့ ဘရင်ဂျီမငယ်ပဲ..ဗိုလ်မှူး”
လက်ျာဗိုလ်သည် မြန်မာများကဲ့သို့ သျှောင်ထုံးမထားပဲ မွန်ပုံစံ ဆံပင်ကို ဖြတ်ထားသည်။
အသားဖြူဖြူနှင့် အသက် (၃၀)ဝန်းကျင်သာရှိဦးမည်ဖြစ်သော်လည်း နှုတ်ခမ်းမွှေးကြီးများက မဲနက်နေသဖြင့် အတန်ငယ်ရင့်သယောင်ထင်ရသည်။
ပါးစပ်တွင်လည်း ကွမ်းယာများကို ပလုပ်ပလောင်းငုံထား၏။
“လာမယ့် လကွယ်နေ့မှာ သန်လျင်ကို တပ်စစ်ကိစ္စတစ်ခုနဲ့ သွားဖို့ရှိတယ်...မယ်မင်း လိုက်ချင်သပဆို လိုက်ခဲ့နိုင်ပါတယ်..သန်လျင်ရောက်ရင် တည်းခိုစရာမရှိလည်း ကျုပ်တို့ စီစဥ်ပေးပါ့မယ်”
“ဟုတ်ကဲ့..လိုက်ခွင့်ရတာပဲ ကျေးဇူးတင်ပါတယ်...ကျွန်မ သံလျင်က ဘရင်ဂျီဘုန်းတော်ကြီး ဖာသာဂါလစ်ဇီယာ ဆီမှာပဲ တည်းခိုပါမယ်..သူ့ဆီကိုလည်း အင်းဝက ဖာသာမန်းဒဇ်က စာလွှာ ပါးလိုက်သေးလို့ပါ”
“ကောင်းပြီလေ....နောက်သုံးရက်နေရင် မနက်စောစောထွက်ပါမယ်..ခင်ဗျားအတွက် မြင်းတကောင် စီစဥ်ပေးထားပါ့မယ်”
“ရှင်”
မြင်း စီစဥ်ပေးမည်ဆိုသည့် စကားကြောင့် လွီဇာရော၊ ဦးအောင်လှ ပါ တအံတသြဖြစ်သွားသည်။
အင်းဝနန်းတော်တွင် ရှင်ဘုရင်မှ မြင်းစီးခွင့်ပေးထားသည့် အမှုထမ်းများမှလွဲပြီး သာမန်အရပ်သားများမှာ မြင်းစီးခွင့်၊ မြင်းမွေးခွင့်မရှိပေ။
လက်ျာဗိုလ်က ပြုံးလိုက်သည်။
“လှေနဲ့သွားလို့ရတဲ့ခရီးပေမယ့်..လမ်းခရီးမှာ ကျုပ်ကင်းထောက်စခန်းတွေကို ဝင်စစ်ဆေးစရာလေးရှိလို့ပါ..ဒဂုံသစ်တပ်နဲ့ တာမွေသစ်တပ်ကိုလည်း ဝင်စစ်ရပါမယ်..ဒါကြောင့် ကုန်းလမ်းကသွားတာပါ..မြင်းကိစ္စက မပူပါနဲ့...ဟံသာဝတီမှာတော့ အရပ်သားများလည်း နားလည်မှုနဲ့ မြင်းစီးကြတာပါပဲ...အင်းဝဟာ အင်းဝ..ဟံသာဝတီဟာ ဟံသာဝတီပါ.ဒီမှာအနေကြာရင် ဟံသာဝတီအကြောင်း သဘောပေါက်လာပါလိမ့်မယ်”
လက်ျာဗိုလ်၏ စကားထဲတွင် အဓိပ္ပါယ်တစ်ချို့ပါနေကြောင်း ဦးအောင်လှ ရိပ်စားမိလိုက်သည်။
လွီဇာကမူ မြင်းစီးရမည့်ကိစ္စအတွက် အနည်းငယ်ရင်ခုန်သွား၏။
အင်းဝတွင် အရပ်သားများ မြင်းစီးခွင့်မရှိ။ အထူးသဖြင့် အမျိုးသမီးများမှာ မြင်းစီးခွင့်လုံးဝမရှိကြ။
ယခု သူမ မြင်းစီးရတော့မည်။
“ဒါဆို ငါ့ကိုလည်း မြင်းသုံးစီး ရှာပေးပါလား...ဒီက လုံမရော..မင်းနှမတွေကိုပါ ဒီရက်တွေအတွင်း မြင်းစီးသင်ထားပေးချင်လို့..မကြာခင်သူတို့လည်း ဟံသာဝတီက မင်းသမီးလေးတွေ ဖြစ်လာကြတော့မှာ မဟုတ်လား”
ဦးအောင်လှ အသံက ရွှင်ပြနေသည်။
ခက်ဇော်








(zawgyi)


AVA 1740s အခန္း(၈) ............................................... “ဘာျဖစ္တာလဲ..ဘာျဖစ္ခ်င္တာလဲ...အရမ္းမလုပ္နဲ႔ေနာ္...ခင္ဗ်ားတခုခုျဖစ္ရင္...က်ဳပ္တို႔အားလုံး ေခါင္းျပတ္ကုန္မယ္” “ကြၽန္မ ရွင္ဘုရင္နဲ႔ ေတြ႕ခ်င္တယ္” “ဟာဗ်ာ... ရွင္ဘုရင္မ်ား..ေတြ႕ခ်င္တိုင္းေတြ႕ရေအာင္..ခင္ဗ်ားလင္ မွတ္ေနလား....က်ဳပ္ အဆင့္နဲ႔ ဘယ္လိုလုပ္ ခင္ဗ်ားကို ရွင္ဘုရင္ဆီ ေခၚသြားရမလဲ” “ဒါဆို ဗိုလ္မႉးဘယေက်ာ္သူ မုတၱမကို မသြားရေသးဘူးလို႔ ကြၽန္မၾကားတယ္...သူနဲ႔ ေတြ႕ခ်င္တယ္” “ဗိုလ္မႉးသီဟပေတ့ ဆီ သတင္းပို႔ေပးပါ့မယ္” “ဟင္အင္း..မရဘူး..ဗိုလ္မႉးဘယေက်ာ္သူကိုပဲ ဒီစခန္းထဲ လာခဲ့ဖို႔ သြားေျပာေပးပါ..မဟုတ္ရင္ ကြၽန္မ ကိုယ္ကြၽန္မ သတ္ေသမယ္” ေသြးေသာက္ႀကီးက စစ္သည္တစ္ဦးထံ တိုးတိုးကပ္ေျပာလိုက္သည္။ စစ္သည္က ကင္းစခန္းရွိ ျမင္းခ်ည္တိုင္တြင္ ခ်ည္ထားေသာ ျမင္းကို စီးကာ ဒုံးစိုင္းထြက္သြား၏။ ................................................................................... တကိုယ္လုံးတြင္ ကညင္ဆီမ်ား ႐ႊဲေနေသာ လြီဇာကို တပ္မႉးဘယေက်ာ္သူက မ်က္လုံးျပဴးၿပီး ၾကည့္လိုက္သည္။ “ဘာမ်ားျဖစ္လို႔လဲ...ဒီအခ်ိန္ႀကီး” “ကြၽန္မ နဲ႔ လိုက္ခဲ့” လြီဇာက အက်ဥ္းစခန္းအတြင္းရွိ ျဖစ္သလို ေဆာက္လုပ္ထားေသာ တဲတန္းမ်ားဆီသို႔ ေခၚသြားသည္။ တဲတန္းတစ္ခုေရွ႕ေရာက္တြင္ ဖေနာင့္အေၾကာမ်ား လွီးခံထားရသျဖင့္ နာနာၾကင္ၾကင္ညည္းညဴသံမ်ားကို ၾကားရ၏။ ဘယေက်ာ္သူက မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး တဲအတြင္းသို႔ ဝင္ၾကည့္လိုက္သည္။ ခဏအၾကာတြင္ ဘယေက်ာ္သူက မ်က္ႏွာမသာမယာျဖင့္ ျပန္ထြက္လာသည္။ “ဒါ ဘုရင့္အမိန႔္ေတာ့ မဟုတ္ဘူး....က်ဳပ္ မနက္က် ဘုရင့္ဆီ ေလွ်ာက္တင္ေပးပါ့မယ္..စိတ္ခ်ပါ...ဒါမ်ိဳးကို ေ႐ႊနန္းရွင္လည္း ႀကိဳက္မယ္မထင္ဘူး” “ရွင္တို႔ အင္းဝသားေတြ ေတာ္ေတာ္ ရက္စက္ၾကတာပဲ.. လူယဥ္ေက်းေတြမွ ဟုတ္ၾကရဲ႕လား” ဘယေက်ာ္သူက ၿပဳံးလိုက္သည္။ “ခင္ဗ်ား ဟိုးဘက္က ဘဂၤါလီပန္းေတြ စခန္းကို ေရာက္ဖူးလား” လြီဇာက ဘယေက်ာ္သူ ၏ မ်က္ႏွာကို စူးစမ္းသလိုၾကည့္လိုက္သည္။ “အဲ့ဒီမွာ ခင္ဗ်ားကို ကြၽန္ေတာ္ျပစရာရွိတယ္..လိုက္ခဲ့” ဘယေက်ာ္သူေနာက္သို႔ လြီဇာ ႏွင့္ ဒီဘရင္းရင္းတို႔ လိုက္ပါလာၾကသည္။ ေပၚတူဂီအက်ဥ္းစခန္း၏ ေဘးကပ္လ်က္တြင္ စစ္တေကာင္းသား ဘဂၤါလီကြၽန္သုံ႔ပန္းတို႔၏ အက်ဥ္းစခန္းရွိေနသည္။ ယင္းတို႔မွာ သန္လ်င္ၿမိဳ႕ေပၚရွိ ေပၚတူဂီလူဂုဏ္တန္မိသားစုမ်ား၊ ဥေရာပသားမိသားစုမ်ားထံ ကြၽန္အျဖစ္ အဝယ္ခံထားရျခင္းျဖစ္သည္။ ယခုေတာ့ သခင္မဲ့ကြၽန္မ်ားအျဖစ္ျဖင့္ အင္းဝတပ္မ်ား၏ သုံ႔ပန္းျဖစ္ေနၾကၿပီ။ တပ္မႉးဘယေက်ာ္သူ ဝင္လာသည္ႏွင့္ ေရွ႕ကင္းစခန္းမွ စစ္သည္မ်ားက အလန႔္တၾကားထကာ လက္အုပ္ခ်ီၾကသည္။ “ေန..ေန..ငါ့ကိစၥတစ္ခုရွိလို႔လာတာ...သုံ႔ပန္းထဲကတစ္ေယာက္ေလာက္ ေခၚေပးစမ္းပါ” မၾကာမီ အေစာင့္စစ္သည္တစ္ဦးႏွင့္အတူ ဘဂၤလားကြၽန္တစ္ဦး ပါလာသည္။ “သူကေတာ့ ဒီစခန္းက စစ္တေကာင္းသားေတြရဲ႕ အႀကီးအကဲပါ” ဘယေက်ာ္သူက ဘဂၤလားအႀကီးအကဲ၏ ညာဘက္လက္ကို ဆြဲယူလိုက္ၿပီး လြီဇာ ထံ ထိုးျပလိုက္သည္။ လက္ဖဝါးအလယ္တည့္တည့္တြင္ ႀကီးမားေသာ အသားမာဖုႀကီးတစ္ခုျဖစ္ေနသည္ကို ေတြ႕ရ၏။ “ဒီကလူေတြအားလုံးရဲ႕ ညာဘက္လက္ဖဝါးမွာ ဒီလို အဖုႀကီးေတြ ရွိၾကတယ္..အဲ့ဒါဘာျဖစ္တာလဲ သိလား” လြီဇာက ေခါင္းခါလိုက္သည္။ ဒီဘရစ္ရင္းက သက္ျပင္းခ်လိုက္၏။ “သူတို႔အားလုံးဟာ စစ္တေကာင္းနဲ႔ ဘဂၤလားနယ္ထဲက လယ္သမားေတြခ်ည္းပဲ...သူတို႔႐ြာေတြကို ခင္ဗ်ားတို႔ေပၚတူဂီလူမ်ိဳး ကြၽန္ကုန္သည္ေတြက အတင္းဖ်က္စီးၿပီး လူေတြကိုဝင္ဖမ္းၾကတယ္..ၿပီးရင္ ေျမာက္ဦးကြၽန္ေစ်းဆီ သေဘၤာနဲ႔ ေခၚလာၾကတယ္..အဲ့ဒီလို ေခၚလာတဲ့အခါ ကေလး၊ လူႀကီး၊ သက္ႀကီး႐ြယ္အိုေတြ အကုန္လုံးရဲ႕ ညာဘက္လက္ဖဝါးေတြကို သံခြၽန္နဲ႔အေပါက္ေဖာက္ ႀကိမ္ႀကိဳးနဲ႔တြဲၿပီး လူတန္းႀကီးအျဖစ္ ေခၚလာခဲ့ၾကတာ....ခရီးတေလွ်ာက္.အစားအစာဆိုလည္း ၾကက္ေတြကို ေကြၽးသလို ဆန္ေစ့ေတြ ႀကဲေပးခဲ့ၾကတယ္.....အဲ့ဒါ အင္းဝသားေတြ လုပ္တာမဟုတ္ဘူး.. ခင္ဗ်ားတို႔ ေပၚတူဂီေတြ လုပ္ခဲ့တာ..ခင္ဗ်ားေယာက္်ားေတာင္ အဲ့ဒီလိုလုပ္တဲ့အထဲ ပါခ်င္ပါခဲ့ဦးမွာ” လြီဇာက သူ႔ေရွ႕တြင္ရပ္ေနေသာ အသားနက္နက္ျဖင့္ ဘဂၤလီလူမ်ိဳးအဘိုးအိုကို ၾကည့္ရင္း ငိုင္သြားသည္။ ေဘးနားမွာ ဒီဘရစ္ရင္းကို လွည့္ၾကည့္သည္။ ဒီဘရစ္ရင္းက ဟုတ္မွန္ေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ “ခင္ဗ်ားက ဂိုအာက နန္းေတာ္ထဲမွာ ႀကီးျပင္းတယ္...ၿပီးေတာ့ ခင္ဗ်ားေယာက္်ား သိမ္းပိုက္ထားတဲ့ သံလ်င္က အိမ္ေတာ္ထဲကိုေရာက္တယ္..ခင္ဗ်ားတို႔သိတာ ဒီေျမက ေ႐ႊေငြေက်ာက္သံပတၱျမားေတြပဲ..အဲ့ဒါေတြအတြက္ လူေတြဟာ လူလူခ်င္း ဘယ္ေလာက္ရက္စက္ခဲ့ၾကလဲ..ျမင္ၿပီမဟုတ္လားဗ်...အင္းဝသားမွ ဟံသာဝတီသားမွ..ေပၚတူဂီသားမွမဟုတ္ဘူး...ကိုယ့္အတၱအတြက္ လူလူခ်င္း ရက္စက္တဲ့လူက ရက္စက္ၾကတာပဲဗ်..သူတပါးနာၾကင္တာကို ေအာင္ပြဲဆိုၿပီးအရသာခံတတ္တဲ့လူေတြ၊ သူတပါး ရဲ႕ အသက္ေတြနဲ႔ တည္ထားတဲ့ပလႅင္ေတြၾကားမွာ က်ဳပ္တို႔အားလုံးဟာ ကိုယ့္ရွင္သန္ေရး..ကိုယ့္အတၱကလြဲလို႔ တျခားဘက္ကို မစဥ္းစားေပးႏိုင္ပဲ သံသရာလည္ေနၾကတာကို...ခင္ဗ်ားနားလည္ေစခ်င္ပါတယ္.. မနက္ျဖန္ မနက္ေစာေစာ က်ဳပ္ ဘုရင့္ဆီ ခ်က္ခ်င္းဝင္ၿပီး ဒီအေၾကာင္း ေလွ်ာက္ေပးမွာပါ...ကဲ..ခင္ဗ်ားတကိုယ္လုံးလဲ..ကညင္စီနံ႔ေတြနံေနၿပီ..ေရျပန္ခ်ိဳးလိုက္ပါဦး.” အိပ္ခ်င္မူးတူးမ်က္လုံးမ်ားျဖင့္သူတို႔ကို ေၾကာက္လန႔္တၾကားထၾကည့္ေနသည့္ ဘဂၤါလီသုံ႔ပန္းစုမ်ားကို လြီဇာ ေငးၾကည့္ေနခဲ့သည္။ မၾကာမီ မိုးက တေဖ်ာက္ေဖ်ာက္က်လာ၏။ .............................................................................................................................. ေနာက္တစ္ေန႔နံနက္တြင္ ေပၚတူဂီသုံ႔ပန္းစခန္းတာဝန္ခံ ဗိုလ္မႉးသီဟပေတ့သည္ အေနာက္ဘက္လြန္မင္းမွ ဆင့္ေခၚသျဖင့္ ယာယီနန္းေတာ္သို႔ ထြက္ခြာသြားသည္။ ခဏအၾကာတြင္ ဗိုလ္မႉးသီဟပေတ့၏ တပ္မ်ားကို ႐ုတ္သိမ္းလိုက္ၿပီး ဗိုလ္မႉးဘယေက်ာ္သူ ၏ တပ္မ်ားက ေပၚတူဂီသုံ႔ပန္းစခန္းကို တာဝန္ျပန္လည္လႊဲေျပာင္းယူလိုက္ၾက၏။ ဒြန္နာလြီဇာ ရွိေနသည့္ တဲေရွ႕သို႔ ဗိုလ္မႉးဘယေက်ာ္သူ ေရာက္လာသည္။ “ေ႐ႊနန္းရွင္က ခင္ဗ်ားတို႔ကို အင္းဝကို ေခၚသြားမယ့္ခရီးမွာ..သီဟပေတ့အစား က်ဳပ္ကို တာဝန္ျပန္လႊဲေပးလိုက္ပါၿပီ” “ရွင့္ကို ေက်းဇူးတင္ပါတယ္..တပ္မႉး” “ေနာက္တစ္ခုက ဒီစခန္းက ေပၚတူဂီလူငယ္ေတြကို ဒီလိုအျဖစ္မ်ိဳး ေနာက္ထပ္လုံးဝမျဖစ္ေစရဘူးလို႔ မင္းတရားႀကီးက အာမခံေပးလိုက္ပါတယ္..ဒါေပမယ့္...သူတို႔အားလုံးဟာ အင္းဝတပ္အတြက္ အေျမႇာက္စစ္သည္ေတြအျဖစ္ အမႈထမ္းေပးရပါလိမ့္မယ္” လြီဇာက အေနာက္ဘက္တြင္ ရပ္ေနေသာ ေပၚတူဂီသုံ႔ပန္းေခါင္းေဆာင္မ်ားကို လွည့္ၾကည့္လိုက္သည္။ အားလုံးက လြီဇာ့ကို ေခါင္းညိတ္ျပလိုက္ၾက၏။ “ကြၽန္မတို႔က ရွင္တို႔ သုံ႔ပန္းေတြပဲ..ကြၽန္မတို႔ကိုသာ ေနာက္ထပ္ ဒီလို နာၾကင္ေအာင္ မလုပ္ပါနဲ႔...ရွင္တို႔ ခိုင္းတာအကုန္လုပ္ပါ့မယ္” “စိတ္ခ်ပါ....ေ႐ႊနန္းရွင္က ေပၚတူဂီစစ္သည္ေတြကိုလည္း အင္းဝစစ္သည္ေတြလိုပဲ ရိကၡာေတာ္နဲ႔တကြ ခ်ီးျမႇင့္ေပးကမ္းမွာပါ” ................................................................................................... တပတ္အၾကာတြင္ ေပၚတူဂီသုံ႔ပန္းမ်ားသည္ သန္လ်င္မွ မိုင္ငါးရာေဝးသည့္ အင္းဝသို႔ သြားရန္ ျပင္ဆင္ၾကၿပီျဖစ္သည္။ ခရီးလမ္းအတြက္ ဆုေတာင္းဝတ္ျပဳျခင္းအစီအစဥ္ကို ဘရင္ဂ်ီဘုန္းေတာ္ႀကီးမ်ားက ဦးေဆာင္ကာ က်င္းပေပးၾကသည္။ ဖေနာင့္ေၾကာလွီးခံထားရသည့္ လူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကေလးငယ္မ်ား ႏွင့္ ရိကၡာမ်ားတင္ရန္အတြက္ အတြက္ တပ္မႉးဘယေက်ာ္သူက လွည္းအစီး ငါးဆယ္ စီစဥ္ေပးသည္။ လမ္းခရီး၏ က်န္းမာေရးကိစၥမ်ားအတြက္ ပဲခူးၿမိဳ႕စားအိမ္ေတာ္မွ မြန္သမားေတာ္ ႏွစ္ဦးကိုလည္း အေနာက္ဘက္လြန္မင္းက ထည့္ေပးမည္ျဖစ္သည္။ “အားလုံး..အဆင့္သင့္ရင္ ေႏွာင္ႀကိဳးေတြ တည္းေဟ့...ထြက္ၾကမယ္” ေရွ႕ဆုံးမွ ျမင္းစီးလ်က္ အလံကိုင္ထားေသာ အင္းဝစစ္သည္ထံမွ အသံထြက္လာသည္။ အုန္းခြံမ်ားျဖင့္ က်စ္ထားေသာ ႀကိဳးကိုင္ထားသည့္ အင္းဝစစ္သည္မ်ားက ေပၚတူဂီအက်ဥ္းသားမ်ား၏ လက္မ်ားကို ႀကိဳးမ်ားျဖင့္ ႏွင္ တြဲဆက္ကာ သုံးေယာက္တစ္တန္းတြဲခ်ည္လိုက္သည္။ ဒြန္နာလြီဇာ၊ ဗိုလ္ဒီဘရစ္ရင္းႏွင့္ ‌ဘရင္ဂ်ီဘုန္းေတာ္ႀကီးသုံးပါးကိုမူ လည္ပင္းတြင္ ႀကိဳးကြင္းမ်ား စြပ္ကာ ခ်ည္ေႏွာင္ၿပီး ဗိုလ္မႉးဘယေက်ာ္သူ၏ ေဝါယာဥ္ေနာက္တြင္ တန္းလန္းဆြဲထားလိုက္သည္။ ထို႔ေနာက္ ေပၚတူဂီ ႏွင့္ ပသီစစ္သည္မ်ား ပါဝင္ေသာ သုံ႔ပန္းလူတန္းႀကီးမွာ အင္းဝျမင္းတပ္မ်ားၿခံရံလ်က္ အင္းဝသို႔ ေျခလ်င္ခရီးကို ခရီးစတင္လိုက္ၾကေတာ့သည္။ ဘဂၤါလီသုံပန္းမ်ားကိုမူ ဟံသာဝတီကြၽန္ေစ်းမွ ဒတ္ခ်္ကုန္သည္အခ်ိဳ႕ႏွင့္ အာေမးနီးယန္းကြၽန္ကုန္သည္မ်ားထံ ေရာင္းခ်လိုက္သည္။ အေနာက္ဘက္လြန္မင္းႏွင့္ သူ၏တပ္အမ်ားစုမွာမူ လြန္ခဲ့သည့္ ႏွစ္ရက္ကတည္းက အင္းဝသို႔ ထြက္ခြာသြားခဲ့ၿပီျဖစ္သည္။ တမိုင္ခန႔္ရွည္လ်ားေသာ ေပၚတူဂီ၊ ပသီစစ္သုံ႔ပန္းတန္းႀကီးကို တပ္မႉးဘယေက်ာ္သူ၏ အင္းဝတပ္က ၿခံရံလ်က္ သန္လ်င္မွ အင္းဝသို႔ ခက္ခဲစြာ ခရီးဆက္ခဲ့ၾကသည္။ သုံ႔ပန္းမ်ားမွာ ႀကိဳးျဖင့္ တုတ္ေႏွာင္ခံထားရျခင္းေၾကာင့္ ခရီးမတြင္ပဲ ၾကာျမင့္ေနရျခင္းျဖစ္သည္။ လမ္းခရီးတြင္ သုံ႔ပန္းႏွစ္ဆယ္ခန႔္မွာ ေရနစ္ျခင္း၊ ဖ်ားနာျခင္း၊ ပိုးမႊားကိုက္ခံရျခင္းတို႔ေၾကာင့္ ကြယ္လြန္ခဲ့ၾကသည္။ ဒြန္နာလြီဇာ ႏွင့္ ဒီဘရစ္ရင္းတို႔သည္ ေပၚတူဂီသုံ႔ပန္းမ်ားကို အတတ္ႏိုင္ဆုံး အကာအကြယ္ေပးရင္း လိုက္ပါခဲ့ၾကသည္။ တလအၾကာတြင္ ေတာင္ငူသို႔ေရာက္သည့္အခါ နႏၵဘုရင္ကိုးကြယ္ခဲ့သည့္ ေတာင္ငူဆရာေတာ္က ေပၚတူဂီသုံ႔ပန္းမ်ားကို သူ႔ေက်ာင္းတြင္း လိုလိုလားလားစခန္းခ်ခြင့္ျပဳကာ ေဆးဝါးကုသနားေနေစခဲ့သည္။ ဆရာေတာ္က သုံ႔ပန္းမ်ားအား ေႏွာင္ႀကိဳးမ်ားမွ ျဖဳတ္ေပးရန္ ၊ သူ႔အသက္ႏွင့္ အေနာက္ဘက္လြန္မင္းထံ အာမခံေလွ်ာက္တင္ေပးမည္ဆိုသျဖင့္ ဘယေက်ာ္သူက သုံ႔ပန္းမ်ားကို ႀကိဳးမ်ား ျဖည္ေပးခဲ့သည္။ ဆရာေတာ္မ်ား သုံ႔ပန္းမ်ားထြက္မေျပးေစေရး သူ႔အသက္ႏွင့္အာမခံထားသည့္အေၾကာင္း လြီဇာႏွင့္ ေပၚတူဂီေခါင္းေဆာင္မ်ားအား ေခၚယူအသိေပးခဲ့သည္။ ထိုသို႔ႏွင့္ ေပၚတူဂီသုံ႔ပန္းမ်ားမွာ အင္းဝသို႔ လြတ္လပ္စြာခရီးဆက္ခြင့္ရခဲ့၏။ သို႔ေသာ္ျငား ေပၚတူဂီဘုန္းေတာ္ႀကီး ဖာသာဒီဖြန္ဆီကာမွာမူ လမ္းခရီးတြင္ပင္ ကြယ္လြန္သြားခဲ့ေလသည္။ ခုႏွစ္ဆယ့္ငါးရက္ေျမာက္ေန႔။ လွံကိုင္ျမင္းစီးစစ္သားမ်ားၿခံရံလ်က္ တန္းစီၿပီးေလွ်ာက္လာေသာ ေပၚတူဂီသုံ႔ပန္းလူတန္းႀကီးသည္ ဓမၼေတးသီခ်င္းမ်ားကို ညီညီညာညာ သီဆိုလာၾကသည္။ ခပ္လွမ္းလွမ္းသစ္ရိပ္မ်ားအလြန္တြင္ အင္းဝနန္းၿမိဳ႕႐ိုးကိုပင္ လွမ္းျမင္ေနရၿပီျဖစ္သည္။ ၿမိဳ႕႐ိုးအျပင္ ရပ္ကြက္မ်ားမွ လူမ်ားသည္ သူတို႔နားမလည္သည့္ဘာသာျဖင့္ သီခ်င္းမ်ားဆိုလာသည့္ ႏိုင္ငံျခားသားလူတန္းႀကီးကို အထူးအဆန္းအျဖစ္ ထြက္ၾကည့္ၾကသည္။ တပ္မႉးဘယေက်ာ္သူက ေဝါယာဥ္ေပၚမွ ျမင္းေပၚသို႔ ေျပာင္းလိုက္ၿပီျဖစ္သည္။ “သူတို႔ဘာေတြဆိုေနၾကတာလဲ” ဒြန္နာလြီဇာက ၿပဳံးျပလိုက္သည္။ “အင္းဝကို ေဘးကင္းစြာေရာက္လာေအာင္ ေစာင့္ေရွာက္ေပးတဲ့အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ေၾကာင္း သီဆိုေနၾကတာပါ” “ဟုတ္ၿပီ..ခင္ဗ်ားတို႔ ဘာသာ‌ေရးကို က်ဳပ္တို႔ ဘာမွ မပိတ္ပင္ပါဘူး..ဒါေပမယ့္...ၿမိဳ႕တံခါးနား ေရာက္ရင္ေတာ့ သီခ်င္းမဆိုေစခ်င္ဘူး..ၿမိဳ႕ေစာင့္တပ္ေတြက ခင္ဗ်ားတို႔ အသံေတြၾကားရင္ သူတို႔ဘာမွန္းမသိေတာ့ တခုခုျဖစ္မွာစိုးရတယ္ဗ်” လြီဇာက ေခါင္းညိတ္ျပလိုက္သည္။ ................................................................................. တကယ္တမ္းတြင္မူ ေပၚတူဂီသုံပန္းမ်ားမွာ နန္းၿမိဳ႕႐ိုးတြင္းသို႔ မဝင္ခဲ့ရ။ နန္းၿမိဳ႕႐ိုးေဘးမွ ျဖတ္ကာ အင္းဝၿမိဳ႕ အေနာက္ဘက္မလွမ္းမကမ္းရွိ နရဲပ်ားကြင္းျပင္သို႔ ေခၚေဆာင္သြားခဲ့သည္။ ကြင္းျပင္တစ္ခုလုံးကို ထန္းလုံးမ်ားျဖင့္ ၿခံစည္း႐ိုးကာထား၏။ အဝင္အဝတြင္ အင္းဝစစ္သည္ဆယ္ဦးခန႔္က ေစာင့္ၾကပ္ေနသည္။ ထန္းလုံးစည္း႐ိုးအတြင္း ဝင္လိုက္သည့္အခါ စနစ္တက်အကြက္႐ိုက္ထားသည့္ ၿခံဝန္းမ်ားႏွင့္ တဲငယ္မ်ားကို ေတြ႕လိုက္ၾကရေတာ့သည္။ ဘယေက်ာ္သူက သုံ႔ပန္းမ်ားကို ရပ္တန႔္ရန္အမိန႔္ေပးလိုက္သည္။ “ဒြန္ာလြီဇာ နဲ႔ ေခါင္းေဆာင္ေတြ..ဘုရင္ညီေတာ္ ျပည္မင္းသား နဲ႔ ေတြ႕ရမယ္” ထို႔ေနာက္ ဒြန္နာလြီဇာ ႏွင့္ ေပၚတူဂီမ်ားေခါင္းေဆာင္အခ်ိဳ႕ကို တဲစခန္းတစ္ခု ဆီသို႔ ေခၚေဆာင္သြားခဲ့၏။ တဲအတြင္း မင္းသားဝတ္စုံျဖင့္ ပုဂၢိဳလ္တစ္ဦး ထိုင္ေနသည္ကို ေတြ႕ရသည္။ ထိုပုဂၢိဳလ္ေရွ႕တြင္ ဘယေက်ာ္သူေရာ၊ ဒြန္နာလြီဇာတို႔ပါ ဒူးေထာက္ခစားလိုက္ၾက၏။ ေနာင္တခ်ိန္တြင္ သာလြန္မင္းျဖစ္လာမည့္ ျပည္မင္းသားသည္ စစ္‌ေရးစစ္ရာတြင္သာမက စီမံခန႔္ခြဲေရးတြင္လည္း ကြၽမ္းက်င္သူျဖစ္သည္။ ျပည္မင္းသားက သူ႔ေရွ႕တြင္ ဝပ္တြားေနေသာ သူမ်ားကို တခ်က္ၾကည့္လိုက္သည္။ “ဒီေနရာမွာ ေမာင္မင္းတို႔ လြတ္လပ္စြာေနခြင့္ရွိမယ္..တံခါးဝမွာ အေစာင့္တပ္စိတ္တစ္စိတ္သာ လုံၿခဳံေရးအတြက္ရွိေနလိမ့္မယ္...လုပ္ငန္းေဆာင္တာမ်ားအတြက္ အင္းဝၿမိဳ႕ထဲကို ဝင္ထြက္ခြင့္ရွိေပမယ့္...ေနမဝင္မီ သစ္တပ္ထဲ ျပန္ဝင္လာၾကရမယ္...စစ္မႈထမ္းမည့္သူမ်ားကိုေတာ့ နန္းၿမိဳ႕႐ိုးအတြင္းမွာ ေနရာခ်ထားေပးမွာျဖစ္တယ္... အခု ငါတို႔ တတ္ႏိုင္သမွ် တဲ အလုံးတစ္ရာေဆာက္ေပးထားတယ္..သင္တို႔ဟာသင္တို႔ သစ္ဝါးရွာႏိုင္လို႔ အိမ္ေတြ ေဆာက္ခ်င္သပဆိုလည္း ဒီသစ္တပ္ထဲ ႀကိဳက္သလို ေဆာက္ေနႏိုင္တယ္...ေမာင္မင္းတို႔လမ္းခရီးမွာ ခံစားခဲ့ရတာေတြ ကိုယ္ေတာ္လည္း ၾကားပါတယ္..အဲ့ဒီအတြက္လည္း စိတ္မေကာင္းပါဘူး..ကဲ..ကိုယ္ေတာ္ႂကြေတာ့မယ္..က်န္တာ ဘယေက်ာ္သူ နဲ႔ ညႇိႏႈိင္းၿပီးလုပ္ၾကပါေလ” ျပည္မင္းသားက ဆန္ႏွင့္ခ်က္လုပ္ထားေသာ အရက္ပုံးႏွစ္ဆယ္ႏွင့္ ရိကၡာစပါးမ်ားကို ေပးအပ္ၿပီးေနာက္ ျပန္လည္ထြက္ခြာသြားသည္။ “ကဲ..က်ဳပ္လည္း အိမ္မျပန္ရတာ ႏွစ္နဲ႔ခ်ီခဲ့ၿပီ..မယားေတြသားေတြေတြ႕ခ်င္ေသးတယ္..ေျပာစရာရွိ အေစာင့္တပ္မႉး ငေက်ာက္ကိုသာ ေျပာၾကေတာ့ က်ဳပ္..မနက္ျဖန္မွာ တစ္ေခါက္ျပန္လာေတာ့မယ္” ဘယေက်ာ္သူက ဒြန္နာလြီဇာကို ႏႈတ္ဆက္ၿပီး ထြက္သြား၏။ ထိုညက သူတို႔ သည္ ျပည္မင္းသား၏ လက္ေဆာင္ အရက္ပုံးမ်ားကို ေဖာက္လိုက္ၾကသည္။ ေလာေလာဆယ္ ဒုကၡခရီးရွည္ႀကီးထဲမွ လြတ္ေျမာက္လာၾကၿပီျဖစ္သျဖင့္ အားလုံး၏ မ်က္ႏွာမ်ားမွာ ႐ႊင္ပ်ေနၾက၏။ ဒြန္နာလြီဇာက မီးပုံႀကီးဖိုထားသည့္ေရွ႕တြင္ အရက္ခြက္ကို ကိုင္ရင္း မတ္တပ္ရပ္လိုက္သည္။ “တေန႔ေန႔ တခ်ိန္ခ်ိန္မွာ ကြၽန္မတို႔ရဲ႕ အမိေျမျဖစ္တဲ့ ေပၚတူဂီေျမကို ရွင္တို႔အားလုံးကို ကြၽန္မ ဦးေဆာင္ၿပီး ျပန္ေခၚသြားေပးပါ့မယ္” လြီဇာအသံက တိမ္ဝင္သြား၏။ ေပၚတူဂီမ်ားမွာ အရက္ခြက္မ်ားကို ေမာ့ရင္း စကားေျပာဆိုေနၾကသျဖင့္ လြီဇာ၏ စကားသံကို ဂ႐ုမထားၾကေတာ့။ မီးပုံနေဘးတြင္ ခပ္ေကြးေကြးေလးထိုင္ကာ ခုႏွစ္ႏွစ္အ႐ြယ္ မက္ဂ္ဒါလီနာ ကမူ လြီဇာေျပာလိုက္သည့္ စကားသံမ်ားကို သဲသဲကြဲကြဲနားစိုက္ေထာင္ေနသည္။ ..................................................................................................................... “တေန႔မွာ ငါ့ေျမးမေလးဟာလည္း တို႔ေတြကို ဇာတိေျမ ေပၚတူဂီျပည္ဆီ ျပန္လည္ေခၚသြားေပးႏိုင္လိမ့္မယ္လို႔ အဘြားယုံၾကည္တယ္..ဒါေၾကာင့္ သခင္မ လြီဇာ ရဲ႕ ဝိညာဥ္ေတြ ၊ စိတ္ဓာတ္ခိုင္မာမႈေတြ ပူးကပ္ေနေစဖို႔..သမီးနာမည္ေရွ႕စာလုံးကို လြီဇာ လို႔ အဖြားက နာမည္ေပးခဲ့တာပဲ” လြီဇာ၏ နားထဲတြင္ အဘြားျဖစ္သူ မက္ဂ္ဒါလီနာ၏ အသံမ်ားက လတ္ဆတ္စြာၾကားေယာင္ေနသည္။ ဟံသာဝတီနန္းၿမိဳ႕႐ိုးထက္မွ စည္ေတာ္႐ြမ္းသံႏွင့္အတူ ၿမိဳ႕တံခါးပြင့္သြားၿပီျဖစ္သည္။ “မမဇာ..ဒါဟံသာဝတီတဲ့...ဟံသာဝတီတဲ့..သိပ္ခ်မ္းသာခဲ့တဲ့ ၿမိဳ႕ႀကီးတဲ့” ဂမုန္း၏ အသံမ်ားက စိတ္လႈပ္ရွားမႈအျပည့္ျဖင့္။ အင္းဝမွာ လာၾကသည့္ ေအာက္မားဝန္ႏွင့္အဖြဲ႕ကို ဟံသာဝတီၿမိဳ႕ဝန္ဦးသာေအာင္ ၿပီးလွ်င္ အရာေရာက္ဆုံးျဖစ္သည့္ က်ီဝန္ဦးေမာင္၊ နဲ႐ြဲ႐ြာစား အခြန္ဝန္ ဦးကို တို႔က လာေရာက္ႀကိဳဆိုကာ ယာယီတည္းခိုရာသို႔ ေခၚေဆာင္သြားၾကသည္။ က်ီဝန္ဦးေမာင္ႏွင့္ ဦးကို တို႔သည္ ေအာက္မားဝန္ဦးေအာင္လွ ႏွင့္ စကားေျပာေနၾကေသာ္လည္း သူတို႔ႏွင့္အတူ ပါလာသည့္ ေပၚတူဂီအမ်ိဳးသမီးကို အကဲခတ္ေနၾက၏။ ထိုအေျခအေနကို ဦးေအာင္လွ က သေဘာေပါက္လိုက္သည္။ “သူက လြီဇာလို႔ ေခၚပါတယ္.... ကုန္စည္ေရာင္းဝယ္ေရးအတြက္ ေလ့လာဖို႔ ကိုးသိန္းသခင္ကိုယ္တိုင္ ကြၽန္ေတာ္နဲ႔ ထည့္ေပးလိုက္တာပါ” ကိုးသိန္းသခင္အမည္ကို ၾကားလိုက္မွ ဟံသာဝတီအရာရွိႏွစ္ဦးမွာ လြီဇာထံမွ မ်က္ႏွာလႊဲသြားၾကေတာ့၏။ ထိုေန႔က ဟံသာဝတီအရာရွိမ်ားက ေအာက္မားဝန္ႏွင့္ အဖြဲ႕မ်ားကို ညစာျဖင့္ ဧည့္ခံၾကသည္။ ေနာက္တစ္ေန႔တြင္ လြီဇာ သည္ ဦးေအာင္လွကေတာ္၊ သမီးမ်ားျဖစ္ေသာ ဂမုန္း၊ သီရိတို႔ ေမာင္ႏွမႏွင့္အတူ ဟံသာဝတီၿမိဳ႕ထဲသို႔ လည္ပတ္ရန္ အလွျပင္ေနသည္။ ထိုအခ်ိန္တြင္ ဦးေအာင္လွ ႏွင့္အတူ အမ်ိဳးသားတစ္ဦးတဲေပၚသို႔ တက္လာ၏။ “လုံမ...မင့္ သန္လ်င္ကို သြားဖို႔ေတာ့...အေဖာ္ရၿပီကြဲ႕” လြီဇာက ထမီရင္လ်ားေပၚတြင္ ပုဝါကို ဖုံးအုပ္လိုက္ၿပီး သင္ျဖဴးဖ်ာကို ခင္းေပးလိုက္သည္။ ဦးေအာင္လွ ႏွင့္ လူစိမ္းက သင္ျဖဴးေပၚတြင္ ထိုင္လိုက္သည္။ လြီဇာက သူတို႔ေရွ႕တြင္ ခပ္ႀကဳံ႕ႀကဳံ႕ထိုင္လိုက္ၿပီး သီရိက ပါ အတြင္းခန္းထဲမွ ေျပးထြက္လာၿပီး လြီဇာ့ ေဘးတြင္ ဝင္ထိုင္လိုက္သည္။ “ဒါ ဟံသာဝတီၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္ တဲ့..က်ဳပ္တူဝမ္းကြဲေတာ္တယ္...သူကေတာ့ ငါေျပာတဲ့ ဘရင္ဂ်ီမငယ္ပဲ..ဗိုလ္မႉး” လက္်ာဗိုလ္သည္ ျမန္မာမ်ားကဲ့သို႔ ေသွ်ာင္ထုံးမထားပဲ မြန္ပုံစံ ဆံပင္ကို ျဖတ္ထားသည္။ အသားျဖဴျဖဴႏွင့္ အသက္ (၃၀)ဝန္းက်င္သာရွိဦးမည္ျဖစ္ေသာ္လည္း ႏႈတ္ခမ္းေမႊးႀကီးမ်ားက မဲနက္ေနသျဖင့္ အတန္ငယ္ရင့္သေယာင္ထင္ရသည္။ ပါးစပ္တြင္လည္း ကြမ္းယာမ်ားကို ပလုပ္ပေလာင္းငုံထား၏။ “လာမယ့္ လကြယ္ေန႔မွာ သန္လ်င္ကို တပ္စစ္ကိစၥတစ္ခုနဲ႔ သြားဖို႔ရွိတယ္...မယ္မင္း လိုက္ခ်င္သပဆို လိုက္ခဲ့ႏိုင္ပါတယ္..သန္လ်င္ေရာက္ရင္ တည္းခိုစရာမရွိလည္း က်ဳပ္တို႔ စီစဥ္ေပးပါ့မယ္” “ဟုတ္ကဲ့..လိုက္ခြင့္ရတာပဲ ေက်းဇူးတင္ပါတယ္...ကြၽန္မ သံလ်င္က ဘရင္ဂ်ီဘုန္းေတာ္ႀကီး ဖာသာဂါလစ္ဇီယာ ဆီမွာပဲ တည္းခိုပါမယ္..သူ႔ဆီကိုလည္း အင္းဝက ဖာသာမန္းဒဇ္က စာလႊာ ပါးလိုက္ေသးလို႔ပါ” “ေကာင္းၿပီေလ....ေနာက္သုံးရက္ေနရင္ မနက္ေစာေစာထြက္ပါမယ္..ခင္ဗ်ားအတြက္ ျမင္းတေကာင္ စီစဥ္ေပးထားပါ့မယ္” “ရွင္” ျမင္း စီစဥ္ေပးမည္ဆိုသည့္ စကားေၾကာင့္ လြီဇာေရာ၊ ဦးေအာင္လွ ပါ တအံတၾသျဖစ္သြားသည္။ အင္းဝနန္းေတာ္တြင္ ရွင္ဘုရင္မွ ျမင္းစီးခြင့္ေပးထားသည့္ အမႈထမ္းမ်ားမွလြဲၿပီး သာမန္အရပ္သားမ်ားမွာ ျမင္းစီးခြင့္၊ ျမင္းေမြးခြင့္မရွိေပ။ လက္်ာဗိုလ္က ၿပဳံးလိုက္သည္။ “ေလွနဲ႔သြားလို႔ရတဲ့ခရီးေပမယ့္..လမ္းခရီးမွာ က်ဳပ္ကင္းေထာက္စခန္းေတြကို ဝင္စစ္ေဆးစရာေလးရွိလို႔ပါ..ဒဂုံသစ္တပ္နဲ႔ တာေမြသစ္တပ္ကိုလည္း ဝင္စစ္ရပါမယ္..ဒါေၾကာင့္ ကုန္းလမ္းကသြားတာပါ..ျမင္းကိစၥက မပူပါနဲ႔...ဟံသာဝတီမွာေတာ့ အရပ္သားမ်ားလည္း နားလည္မႈနဲ႔ ျမင္းစီးၾကတာပါပဲ...အင္းဝဟာ အင္းဝ..ဟံသာဝတီဟာ ဟံသာဝတီပါ.ဒီမွာအေနၾကာရင္ ဟံသာဝတီအေၾကာင္း သေဘာေပါက္လာပါလိမ့္မယ္” လက္်ာဗိုလ္၏ စကားထဲတြင္ အဓိပၸါယ္တစ္ခ်ိဳ႕ပါေနေၾကာင္း ဦးေအာင္လွ ရိပ္စားမိလိုက္သည္။ လြီဇာကမူ ျမင္းစီးရမည့္ကိစၥအတြက္ အနည္းငယ္ရင္ခုန္သြား၏။ အင္းဝတြင္ အရပ္သားမ်ား ျမင္းစီးခြင့္မရွိ။ အထူးသျဖင့္ အမ်ိဳးသမီးမ်ားမွာ ျမင္းစီးခြင့္လုံးဝမရွိၾက။ ယခု သူမ ျမင္းစီးရေတာ့မည္။ “ဒါဆို ငါ့ကိုလည္း ျမင္းသုံးစီး ရွာေပးပါလား...ဒီက လုံမေရာ..မင္းႏွမေတြကိုပါ ဒီရက္ေတြအတြင္း ျမင္းစီးသင္ထားေပးခ်င္လို႔..မၾကာခင္သူတို႔လည္း ဟံသာဝတီက မင္းသမီးေလးေတြ ျဖစ္လာၾကေတာ့မွာ မဟုတ္လား” ဦးေအာင္လွ အသံက ႐ႊင္ျပေနသည္။ ခက္ေဇာ္

Comments

Post a Comment