AVA 1740s (အခန်း ၂၆)

AVA 1740s

                                            အခန်း(၂၆)    

                                ...............................................

၁၇၃၇ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်။

အောင်နန်းကျော်ဘုံနန်းတော်တွင်း ဇာတ်ပွဲဆီမှ ပတ်မကြီး တီးလိုက်သံ ဟိန်းထွက်လာသည်။

နန်းတော်ဆီမှ ပတ်မကြီးသံနှင့် အပြိုင် အင်းဝမြို့တွင်း လူနေရပ်ကွက်များတွင်လည်း ငိုသံများ ဟိုမှသည် ဆူညံထွက်‌နေ၏။

လွန်ခဲ့သည့် တနှစ်ကျော်ကတည်းက စတင်ဖြစ်ပွားလာခဲ့သော ကျောက်ကြီးရောဂါသည် အင်းဝမြို့ တစ်မြို့လုံးကို ပျံ့နှံ့လာတော့သည်။

၁၆၁၄ ခုနှစ်မှ ၁၆၇၅ ခုနှစ်အထိ ဥရောပတိုက်တွင် ကျရောက်ခဲ့သော ကျောက်ကြီးရောဂါကပ်ဆိုးသည် အင်းဝမြို့ဆီသို့လည်း ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

အင်းဝတွင်ရှိသော သုဿာန် နှစ်ခု ၏ ဇရပ်ပေါ်နှင့် မြေပြင်တစ်လျှောက်တွင် ဖျာလိပ်ဖြင့် ပတ်ထားသည့် အလောင်းများစုပုံနေသည်။

အင်းဝလမ်းများပေါ်တွင်လည်း သုဿာန်သို့ မပို့နိုင်သေးသည့်အလောင်းများ၊ ပြည်တစိုစိုကျောက်အနာများကြောင့် အော်ညည်းနေသောလူများ၊  ပြည်များခြောက်ကာ ကျောက်ဖေးများ ကွာကျနေသော လူများမှာ စောင်ထူကြီးများကို ခြုံကာ ညည်းတွားနေကြသည်။

စားဝတ်နေရေး၊ ဆေးကုသရေးနှင့် သေဆုံးသူမိသားစုဝင်တို့အား သုဿာန်တို့ ပို့ဆောင်နိုင်ရေးအတွက် အချို့သော ကျောက်ရောဂါကူးစက်ခံရသူများမှာ စောင်ကြီးများ ခြုံကာ မြို့တွင်းသွားလာကြရသည်။

ကျောက်ရောဂါအခြေအနေဆိုးချိန်မှစတင်ကာ အောင်နန်းကျော်ဘုံနန်းတော်၏ နန်းမြို့တံခါးကို လေးဘက်လေးတန် အလုံပိတ်ထားလိုက်ကြသည်။

အင်းဝ၏ အကောင်းဆုံးသမားတော်များကို မိသားစုလိုက် နန်းတော်တွင်းသို့ ခေါ်သွင်းလိုက်ကြသဖြင့် နန်းပြင်ပ မြို့အတွင်း သမားတော်များကလည်း ရှားပါးလာသည်။

နန်းတော်မြို့ရိုးအတွင်းတွင်မူ ရှင်ဘုရင်မိသားစု၊ မူးမတ်မိသားစုများ၊ နန်းတွင်းထိပ်တန်းအရာရှိကြီးများ၊ ဘုရင့်ကိုးကွယ်ခံ ဘုန်းတော်ကြီးများ က သမားတော်ကြီးများအစောင့်အရှောက်၊ ရိက္ခာအပြည့်အစုံတို့ဖြင့် ရောဂါဘေးမှ ရှောင်ကြဉ်ကြသည်။

မြို့တွင်းရောဂါအခြေအနေများမှာ ဆေးကုသတတ်သည့် တောနေဘုန်းတော်ကြီးများနှင့် သာမန်သမားတော်ငယ်များကိုသာ အားကိုးနေကြရ၏။

ထို့ကြောင့် မြို့တွင်း လူအသေအပျောက်မှာ တနေ့တခြားများပြားလာသည်။

အင်းဝမြို့တွင်း ကျောက်ရောဂါဆိုးများ ကွယ်ပျောက်လွင့်ပါးစေရန် မဟာဓမ္မရာဇာဓိပတိသည် အထူးအစီအစဉ်တစ်ရပ် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုကား အခြားမဟုတ်။

နန်းတော်တွင်း ခေါ်ယူထားသော ဆရာတော်ကြီးများ ဉီးဆောင်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပွဲ၊ ဆွမ်းကပ်လှူပွဲများကို ခုနှစ်ရက်တိတိကျင်းပခြင်းဖြစ်သည်။

ယနေ့သည် အန္တရာယ်ကင်းပရိတ်ရွတ်ပွဲ ခုနှစ်ရက်မြောက်ပြီးဆုံးသည့်နေ့ဖြစ်သဖြင့် မကြာမီ အင်းဝမြို့မှ ကျောက်ရောဂါဆိုးကြီး ကင်းဝေးတော့မည်ဟု ဆိုကာ နန်းတော်တွင်း ဇာတ်သဘင်ပွဲများ စားသောက်ပျော်ပွဲများ ကျင်းပနေခြင်းဖြစ်သည်။

ထိုပွဲတော်ဆီမှ ပတ်မကြီးသံနှင့်အတူ အင်းဝ၏ ရပ်ကွက်များမှ ငိုသံများမှာ ပဏာရနေသည်။

အနောက်လက်မရွံထောင်ဘက်ဆီသို့ စောင်အထူခြုံထားသော လူနှစ်ဉီး ခပ်သွက်သွက်လမ်းလျှောက်လာ၏။

စောင်အထူခြုံထားသောကြောင့် ကျောက်ရောဂါကူးစက်ခံရသူမှန်းသိကြသဖြင့် ကင်းလှည့်စစ်သည်များမှာ ခပ်ဝေးဝေးမှ ရှောင်ဖယ်သွားကြသည်။

အနောက်ထောင်တွင်လည်း ကျောက်ရောဂါကူးစက်မှုကြောင့် အကျဉ်းသားများရော၊ ပါးကွက်သားများပါ သေဆုံးနေကြ၏။

အချို့ သေဆုံးသူများကို ထောင်ဝန်းရှေ့ မြေကွက်လပ်တွင် ပုဆိုးဖြင့်အုပ်ကာ ဖြစ်သလို ချထားကြသည်။

ရောဂါသည်းထန်နေသူများကိုမူ ထောင်ရှေ့မှ ဇရပ်ပေါ်တွင် ပို့ထားသည်။

အလောင်းကောင်များ၊ သေလုဆဲဆဲလူမမာများကြောင့် အကျဉ်းထောင်အစောင့်တို့မှာ စိတ်ဓာတ်များ ကျနေကြသည်။

ထိုအချိန်တွင် စောင်ခြုံထားသော လူနှစ်ဉီးမှာ ထောင်ရှေ့ ဇရပ်သို့ ရောက်ရှိလာ၏။

“ဟေ့...ဘာလာလုပ်တာလဲ..ဒီနား အခွင့်မရှိ မဖြတ်ရတာ မသိဘူးလား”

မလှမ်းမကမ်း ထောင်ဝန်းအဝတွင် စောင့်နေသော အစောင့်နှစ်ဉီးအနက်မှ ဓားလွတ်ကိုင်ပါးကွက်သားတစ်ဉီးက လှမ်းအော်သည်။

“ငါတို့ ရှမ်းပြည်ကလာတဲ့ သမားတော်တွေပါ.ကျောက်ရောဂါကာကွယ်ဖို့ ဆေးကောင်းတစ်ရပ် တွေ့လို့ ရောင်းမလို့ လာကြတာ”

အစောင့်မှာ ထိုစကားကို စိတ်ဝင်စားသွား၏။

“မင်းတို့ဆေးက ကျောက်တကယ်ပျောက်တာလား”

“အေးကွယ့်...ငါတို့ လာပြမယ်..ဒီမှာကြည့်”

“ဟေ့..အနားမကပ်ကြနဲ့..နင်တို့မှာ ရောဂါတွေနဲ့”

“ငါတို့မှာ ရောဂါမရှိပါဘူးကွယ့်”

စောင်ခြုံမှာ ခေါင်းကို ဖော်ပြလိုက်ကြသည်။

အစောင့်များက မီးတုတ်အရောင်အောက်မှ ထိုသူတို့၏ မျက်နှာများကို သေချာကြည့်လိုက်ကြ၏။

ကျောက်အနာများမရှိကြ။

“လာ..ဒါဆိုလည်း”

စောင်ခြုံလူနှစ်ဉီးမှာ အနားသို့ရောက်သည်နှင့် စောင်ကို ရုတ်တရက်ဆွဲခွာလိုက်ကြသည်။

သူတို့လက်ထဲတွင် ဓါးတစ်ချောင်းစီထွက်လာပြီး အစောင့်နှစ်ဉီးအား ရုတ်တရက် ဓါးဖြင့် လည်မြိုကို ထောက်ထားလိုက်ကြ၏။

“နင်တို့ မှန်မှန်ပြောစမ်း...နားလဲ ဆိုတဲ့ ကွေ့မလေး အထဲမှာရှိလား”

“မရှိတော့ပါဘူး..မရှိတော့ပါဘူး..သေသွားပြီ”

“ဟင်..မညာနဲ့နော်”

“တကယ်ပါ..လွန်ခဲ့တဲ့နှစ်ကတည်းက ကွပ်မျက်လိုက်ကြပြီ”

“ငါတို့ အထဲဝင်ကြည့်မှာနော်”

“အထဲမှာ တခြားအစောင့်တွေရှိသေးတယ်..ဝင်ကြည့်လည်းအပိုပဲ....နင်တို့ လူက သေတာကြာပြီ”

သူတို့နှစ်ဉီးလုံး ခေတ္တမျှ ငြိမ်သက်သွားကြသည်။

“သေချာတယ်နော်”

“သေချာပါတယ်..ငါတို့ကို မသတ်ပါနဲ့..ငါတို့က သူတို့ခိုင်းတာလုပ်ရတဲ့သူတွေပါပဲ”

ထို့နောက် အစောင့်နှစ်ဉီး၏ ပခုံးနေရာကို ဓါးနှောင့်များဖြင့် ရှေ့ဆင့်နောက်ဆင့် ထုလိုက်ကြသည်။

အစောင့်များ မေ့လဲကျသွား၏။

“အထဲဝင်ကြည့်မလား..ဗိုလ်မင်း”

“မကြည့်နဲ့တော့.....သူတို့ပြောသလိုပဲ အထဲမှာ အစောင့်တွေရှိလောက်တယ်...သူတို့ပြောတာ သေချာလောက်တယ်”

ဗိုလ်မင်းသူရိန်စောအသံက သိသိသာသာ တိမ်ဝင်သွားသည်။

“ဟာ..ဗျာ..ဒါဆို နားလဲက..သေပြီပေါ့...ဂုဏ္ဏအိမ်ကို ကျုပ်တို့ ဘယ်လိုပြန်ပြောကြမလဲ..ဗိုလ်မင်း...”

ငနက်၏ အသံက အနည်းငယ်ကျယ်လောင်သွား၏။

“သူ မသေပါဘူး”

အမှောင်ထဲမှ ထွက်လာသောအသံကြောင့် ဗိုလ်မင်းသူရိန်စောနှင့် ငနက်တို့က အသင့်အနေအထား လှုပ်ရှားရန်ပြင်လိုက်သည်။

အသံရှင်က စောင်ခြုံကိုဖယ်လိုက်သည်။

သူ့မျက်နှာတစ်ခုလုံးတွင် ကျောက်ရောဂါအပိန့်အပိန့်များက ကြောက်စရာကောင်းလောက်အောင် ပြည့်နှက်နေ၏။

ကွာကျနေသောကျောက်ဖေးများက ရောဂါ၏ အသည်းထန်ဆုံးအချိန်များကို ကျော်ဖြတ်ခဲ့ကြောင်းပြသနေသည်။

“ကျုပ်ဒီက အာဏာပါးကွက်သားပါ..ငလှေးလို့ခေါ်ပါတယ်..နားလဲကို ကျုပ်ကိုယ်တိုင် လွှတ်ပေးခဲ့တာ..သူမသေဘူး”

“ဟင်..ဒါဆို သူဘယ်မှာလဲ”

“သူ့ကို ကယ်ဖို့စီစဉ်းပေးခဲ့တာ...ဒီမြို့က လွီဇာ ဆိုတဲ့ ဗရင်ဂျီမပဲ...သူလည်းလွတ်သွားပြီဆိုတော့...သူ့ဆီမှာ ရှိနိုင်ပါတယ်”

“သူဘယ်မှာနေလဲ သိလား”

“ကျုပ်မသိဘူး....အင်းဝမှာပဲ သူရှိလိမ့်မယ်”

သူရိန်စော နှင့် ငနက်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“ခင်ဗျားတို့ သွားကြတော့..မကြာခင် နောက်ကင်းလဲတော့မှာ...လဲနေတဲ့ ဟိုလူတွေကို နောက်အဖွဲ့တွေ့သွားရင် မလွယ်ဘူး..မသွားခင်...ကျုပ်ကို ငွေတစ်ကျပ်လောက်ပါရင် ပေးသွားပါလား..ကျုပ်က သေရတော့မှာပါ..ရောဂါက ကျွမ်းနေပြီ..မသေခင် ထမင်းလေး တဆုပ်ဝယ်စားချင်လို့”

သူရိန်စောက အိတ်ထဲမှ ဂင်ဇာငွေ နှစ်ကျပ်သား ကို ထုတ်ပေးလိုက်သည်။

“ခင်ဗျား နာမည် ငလှေးနော်”

“ဟုတ်ပါတယ်..ခင်ဗျားတို့ နားလဲကို ကျုပ်ကိုယ်တိုင် သုသာန်ကနေ လွှတ်ပေးလိုက်တာပါ”

ငလှေး၏ စကားပင်မဆုံးလိုက်....သူရိန်စောနှင့် ငနက်တို့က အမှောင်ထဲတွင် လှစ်ခနဲပျောက်ကွယ်သွားတော့သည်။

..................................................................................................................

“ဘယ်ကလာတာလဲ”

“ဟံသာဝတီကပါ”

“အင်းဝမြို့ထဲ ဘယ်သူမှ ဝင်ခွင့်မပြုဘူး..အထဲမှာ..ရောဂါတွေဖြစ်နေကြတယ်”

“ကျွန်မ နာရေးကိစ္စလာတာပါ....ရဟိုင်းမြင်းတပ်က ဗိုလ်မှူးဘယကျော်သူ အသုဘ လာပို့တာပါ..ပေါ်တူဂီရပ်ကွက်ထဲသွားမှာပါ”

“ဗိုလ်မှူးဘယကျော်သူ အလောင်းက ဒီကို မရောက်လာဘူး..ရေဉီး ဗရင်ဂျီဘုရားကျောင်းမှာလို့ ကြားတယ်..အဲ့ဒီမှာပဲ နာရေးလုပ်လိမ့်မယ်”

“ကျွန်မတို့ အဝေးကြီးက လာကြရတာ...နေလည်းဝင်တော့မယ်..မြို့ပြင်မှာ တည်းခိုဖို့လည်း ဓါးပြတွေ အရမ်းသောင်းကျန်းနေတယ်ဆို”

“ကျုပ်တို့က ဖွင့်ပေးချင်ပါတယ်...ဒါပေမယ့်..အထဲမှာ ရောဂါအခြေအနေက အတော်ဆိုးနေတာပါ”

“ကျွန်မ လွီဇာဒီမဲလိုးပါ..နန်းတွင်းကို ဗျစ်ရည်သွင်းတဲ့ကုန်သည်တော်ပါ...ကိုးသိန်းသခင်မင်းခေါင် ဆီလည်း အရေးတကြီးလျှောက်တင်စရာရှိလို့ပါ”

ကိုးသိန်းသခင်ဆိုသည့်အမည်ကြားသည်နှင့် မြို့စောင့်တပ်သားမှာ အနည်းငယ်တွေဝေသွားသည်။

“ခဏနေဉီး.. မြို့စောင့်တပ်မှူးကို သွားပြောပေးမယ်”

ခဏအကြာတွင် မြို့စောင့်တပ်မှူးထွက်လာသည်။

မြို့စောင့်တပ်မှူးကား လွီဇာကို သိရှိပြီးသားဖြစ်၏။

“ခင်ဗျားကိုးဗျ....ကိုသိန်းသခင် လည်း မြို့ထဲမှာ မရှိဘူး...ကသည်းစစ်ချီတဲ့အခါ ရိက္ခာကိစ္စတွေနဲ့ အသည်ဝန်နဲ့အတူတူ ကျောက်ဆည်ဘက်ကို သွားနေကြတယ်”

“နေလည်းဝင်တော့မယ်...ကျွန်မ မှာ ဟံသာဝတီက လက်ဆောင်ပါးလိုက်တဲ့ ပစ္စည်းတွေလဲ ပါသေးတယ်.. ကျွန်မလူကလည်း သုံးယောက်ပဲပါလာတာမို့..မြို့ပြင်မှာ..စိတ်မချရလို့ပါ”

မြို့စောင့်တပ်မှူးက အနည်းငယ်စဉ်းစားလိုက်သည်။

“ကျုပ်စေတနာနဲ့ပြောတာပါ..အထဲမှာ ရောဂါတွေက အတော်ကူးနေကြတယ်..ဖြစ်နိုင်ရင်..စစ်ကိုင်းဘက်ကို ဆက်သွားပါလား...နေမဝင်ခင်တော့ ရောက်ကောင်းပါတယ်..ခင်ဗျား ဟံသာဝတီက လာတာြဖစ်ကြောင်း စစ်ကိုင်းမြို့စောင့်တပ်ကို ကျုပ် စာရေးပေးလိုက်မယ်လေ”

ခဏအကြာတွင် မြို့စောင့်တပ်မှူးက သူရဲခိုပေါ်မှ ပေစာလိပ်တစ်လိပ် ပစ်ချပေးသည်။

ထို့နောက်တွင်တော့ လွီဇာသည် စစ်ကိုင်းဆီသို့ ဉီးတည်လိုက်တော့၏။

................................................................................................................

မှောင်ပြီ။

အင်းဝ နှင့် လက်တကမ်းတွင်ရှိသော စစ်ကိုင်းမြို့ တွင်တော့ ကျောက်ရောဂါသည် ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေး။

ကောင်းမှုတော်ဘုရားသည် လရောင်အောက်တွင် ထီးထီးကြီး.။

ရှမ်းမြင်းပွဲဈေးပြုလုပ်သည့် ကွင်းပြင်ကြီးကို ဖြတ်သည့်အခါ လွီဇာ မှာ ခပ်ဆွေးဆွေးကလေးဖြစ်သွားရသည်။

တချိန်က ထိုနေရာတွင် သူ့ဘဝ၏ ပထမဆုံးမြင်းကို ငတွန်နှင့်အတူ လာဝယ်ခဲ့ဖူးသည်မဟုတ်လား။

ရှင်မိငယ်၏ အိမ်ဝိုင်းလေးသည် ဆီမီးခွက်ရောင်လေး ပျပျဖြင့်။

လှည်းများ ခြံဝန်းအတွင်းသို့ ဝင်လိုက်သည့်အခါ ရှင်မိငယ် က ထွက်ကြည့်သည်။

“မောင်ကြီးအောင်ဇေယျရေ..မောင်ကြီး ဧည့်သည်တွေထင်ရဲ့”

စစ်ကိုင်းသို့ ညအိပ်ရောက်နေသည့် အောင်ဇေယျက အိပ်ရာထဲတွင် ကြေးဆေးတံကို ဇိမ်ဖြင့် ဖွာနေရာမှ ထလာသည်။

“မဟုတ်ဘူး..မိငယ်ရဲ့..ဘယ်သူတွေများလဲ”

အောင်ဇေယျက တဲနံရံတွင် ထောင်ထားသော တင်ကျည်းဝါးတုတ်ရှည်ကို လှမ်းယူလိုက်ပြီး အပြင်သို့ထွက်လာ၏။

“မိငယ်...လွီဇာပါ”

“ဟယ်...မမလွီဇာ..ဒီအချိန်ပြီး ရောက်လာတာလား”

“ဟုတ်တယ်..ဟံသာဝတီကနေ လာတာ..အင်းဝ က ရောဂါတွေနဲ့မို့ အဝင်မခံလို့...မိငယ်ရေ”

လွီဇာက က တဲကလေးပေါ် တက်လာ၏။

လွီဇာနှင့်အတူ ဟံသာဝတီမှ ပါလာသည့် လှည်းသမား၊ အစောင့်အရှောက်တို့က ခြံဝန်းထဲတွင်နေရာချနေသည်။

“ဒီမှာ တညလောက် အိပ်လို့ ဖြစ်တယ်မဟုတ်လား...မိငယ်”

ရှင်မိငယ်က အနောက်တွင် ရပ်နေသော အောင်ဇေယျကို လှမ်းကြည့်လိုက်သည်။

အောင်ဇေယျက ခေါင်းညိတ်ပြလိုက်၏။

“အောင်ဇေယျ လည်းရောက်နေတာပဲကိုး..ဘာလဲ...ဟိုတခါလို မုဆိုးဖိုက အိမ်သူ နဲ့ ရန်ဖြစ်လာပြန်ပြီလား”

“မဟုတ်ပါဘူး..မလွီဇာ....ကျုပ်တို့မုဆိုးဖိုက မြို့စောင့်တပ်ဆင့်ဆိုတဲ့အထဲ လူအင်အားနဲ့ ရိက္ခာပေးရမယ့်ကိစ္စတွေရှိတယ်..အဲ့ဒါ ကျုပ် အဖေကိုယ်စား ကိုးသိန်းသခင်ဆီကို စာရင်းအင်း သွားပေးရမှာ...မနက်က အင်းဝကိုရောက်တော့ မြို့ထဲပေးမဝင်ဘူး..ကိုးသိန်းသခင်ကလည်း ကျောက်ဆည်မှာဆိုတော့....အဲ့ဒီကိုလိုက်သွားရမှာပဲ...ဒါနဲ့ စစ်ကိုင်းဘက် ခဏပြန်ကူးလာပြီး ဒီမှာ တညအိပ်လိုက်တာပါ”

အောင်ဇေယျစကားကြောင့် လွီဇာ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။

“ဒါဆို ငါလည်း ကိုးသိန်းသခင်ဆီ သွားဖို့ရှိတယ်..မနက်လိုက်ခဲ့လို့ရမလား”

“ရပါတယ်..မမလွီဇာ မြင်းစီးတတ်ကဲ့ မဟုတ်လား”

“စီးတတ်ပ”

“ဒါဆို ကျုပ်ဉီးရီးဆီက မနက်ကို မြင်းတစ်ကောင်ငှားပြီး တစ်ယောက် တစ်စီး စီးသွားကြတာပေါ့..စောစောထထွက်ပြီး အပြင်းနှင်ရင် နေမဝင်ခင် ရောက်ကောင်းပါရဲ့”

အောင်ဇေယျက ဖွာလက်စ ဆေးတံကို အားရပါးရဖွာရှိုက်လိုက်၏။

“ဒါနဲ့...ဒီကာလကြီးတောင် ဟံသာဝတီကနေ အင်းဝကို ရောက်ချလာတာ..ဘယ်လို အရေးကြီးကိစ္စ ရှိလို့လဲ...မမလွီဇာ”

“ရဟိုင်းမြင်းတပ်က ဗိုလ်မှူးပက်ဒရို အသုဘလာပို့တာပါ”

အောင်ဇေယျက ပြုံးလိုက်သည်။

“အင်းဝမှာ ကူးစက်ရောဂါတွေဖြစ်နေတယ်။ ကသည်းတွေကလည်း ဒီကို နေ့လားညလားမသိ ရောက်လာတော့မယ်..ဒီအခြေအနေမှာတောင် အသုဘလာပို့သေးတယ်ပေါ့....အခုကျ အသုဘမပို့တော့ပဲ....ကျောက်ဆည်မှာ ကိုသိန်းသခင်ဆီသွားဖို့ ကျုပ်နဲ့ လိုက်ဉီးမယ်တဲ့....ပြောပါဉီး..မမလွီဇာ...ဟံသာဝတီမှာ ဘာတွေဖြစ်နေပြီလဲ”

လွီဇာက ခေါင်းခါလိုက်သည်။

“သိတော့ရော....နင်က ဘာလုပ်မှာလဲ..အောင်ဇေယျ”

“ကျုပ် တို့ကို အခုဆို ရွှေနန်းရှင်ကလည်း အကာအကွယ်မပေးနိုင်တော့ဘူး..မမလွီဇာ။ လူဆိုးတွေဓါးပြတွေဆိုတာအရင်လို တောပုန်းတွေမဟုတ်တော့ဘူး။ နန်းတော်ကနေ ရွှေထီးဆောင်းဆင်းလာပြီး ဘေးနားရွာတွေကို ဓါးပြလိုက်တိုက်နေကြတဲ့ အဆင့်ဖြစ်နေပြီ။ ကျုပ်တို့မှာ ကိုယ့်ရွာကိုယ် ကာကွယ်နေရာတဲ့အပြင် အင်းဝကို ကာကွယ်ဖို့ စစ်အင်အားပေးရသေးတယ်။ ဒီတော့ ကျုပ်ရွာရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အင်းဝ ဟာ ဘာဖြစ်လာမှာလဲဆိုတာ သိထားသင့်တယ် မဟုတ်လား”

လွီဇာက အောင်ဇေယျကို အသေအချာ အကဲခတ်လိုက်သည်။

အောင်ဇေယျတွင် အနောက်ဘက်သို့ ကျယ်ပြန့်သွားသော နဖူးနှင့် မျက်ခုံးမွှေးထင်းထင်းတို့ ရှိနေသည်။

မျက်လုံးအတွင်းသားတို့တွင် နူးညံခြင်း၊ ရက်စက်ခြင်း၊ ပြတ်သားခြင်း၊ ချင့်ချိန်ခြင်း စသည့် ဆန့်ကျင်ဘက်တို့ဖြင့် ပြည့်နှက်နေ၏။

သူ၏ စကားလုံးများထဲတွင် အမျှော်အမြင်များကို လွီဇာ ခံစားလိုက်ရသည်။

“ဒီကိစ္စကို နင့်စိတ်ထဲပဲ ထားပါ..အောင်ဇေယျ..နင့်ရွာအတွက် စီစဉ်စရာရှိတာတွေ တွေးထားရအောင်ပါ”

“ကျုပ်..ယောက်ျားကောင်းပါ..ဆိုခဲစေ...မြဲစေပါ”

“ဟံသာဝတီ လည်း အနှေးနဲ့ အမြန်ပဲ..အောင်ဇေယျ...ငါ အဲ့ဒီကိစ္စ ကိုးသိန်းသခင်ဆီ သတင်းလာပါးတာ”

အောင်ဇေယျက ဆေးတံကို ပါးစပ်မှ ချွတ်လိုက်သည်။

ထို့နောက် အမှောင်ထုဆီသို့ စူးစူးစိုက်စိုက်ကြည့်ရင်း တိတ်ဆိတ်သွားသည်။

လွီဇာက အောင်ဇေယျ အနားမှ ထကာ အနောက်ဖေးတွင်ရှိသော ရှင်မိငယ်ထံ ထလာလိုက်၏။

ရှင်မိငယ်က လွီဇာတို့ အဖွဲ့စားရန်အတွက် ထမင်းအိုး ကို ချက်ချင်းတည်သည်။ မန်းကျည်းရွက်ချဉ်ကို သုပ်ရန်ပြင်နေသည်။

“မိငယ်...ဘာဝိုင်းကူရဉီးမလဲ”

“ရတယ်...မမလွီဇာ...ပြီးပါပြီ..ဟင်းကတော့ သိပ်မကောင်းဘူးနော်”

“ရပါတယ်..ဟံသာဝတီက ဂျီသားခြောက်တွေလည်းပါလာတယ်...ပြီးရင် သူတို့ကို ဖုတ်ခိုင်းလိုက်မယ်”

“ဟုတ်ကဲ့...မမလွီဇာလာတာ ဟင်းကောင်းကောင်းချက်မကျွေးရတော့..အားနာတယ်”

“ရပါတယ်..မိငယ်ရဲ့”

“မမလွီဇာ...ဟံသာဝတီမှာ ပျော်ရဲ့လားဟင်”

လွီဇာထံမှ အဖြေမကြားရ။

“မမကို တွေ့တော့ မောင်ကြီးငတွန်ကို သတိရတယ်....သူရှမ်းပြည်သွားခါနီး မိငယ်ဆိုင်ကို ရောက်လာသေးတယ်....သူက သူ့ကိုယ်သူ လုံးဝ ခွင့်မလွှတ်ဘူးတဲ့...မမလွီဇာ ဟာ သူ့ကြောင့် ဒီလိုဖြစ်ရတာမို့....သူတသက်လုံး နောင်တရလို့မဆုံးဘူးတဲ့...တနေ့မှာ အာဏာရှိတဲ့ ဘဝမျိုးနဲ့ မမလွီဇာ ဆီ သူပြန်လာနိုင်အောင်လုပ်မယ်တဲ့”

“ငါ သူ့ကိုယုံတယ်..သူက ပြောတိုင်းအတိုင်းဖြစ်အောင်လုပ်တယ်..သူက ငတွန်လေ”

လွီဇာ၏ နှုတ်မှ တတွတ်တွတ်ရွတ်နေတော့၏။

.............................................................................................................................

လွီဇာ၏ စကားကြောင့် ကိုးသိန်းသခင်မှာ အတန်ကြာ တိတ်ဆိတ်သွားတော့သည်။

“အဲ့ဒီကိစ္စပြောဖို့ လာခဲ့တာ သက်သက်ဆိုပါတော့..လွီဇာ”

“ဟုတ်ပါတယ်...ဆင်ဝန်ဉီးအောင်လှ က...သူ့သမီးမင်္ဂလာပွဲနဲ့မို့ လာလို့ အခြေအနေမပေးလို့ပါ”

ကိုးသိန်းသခင်က သူ့ခြေရင်းတွင် ဝပ်တွားနေသော လွီဇာကို အသေအချာအကဲခတ်လိုက်၏။

“ဒီကိစ္စ မင်း ဘယ်သူ့ကို ပြောပြီးပြီလဲ”

“ဘယ်သူမှ မပြောရသေးကြောင်းပါ”

“ဟုတ်ပြီ..မင်းစိတ်ထဲပဲ ရှိနေပါစေ..မသေချာပဲ ရမ်းလုပ်လို့ ရတဲ့ ကိစ္စတွေမဟုတ်ဘူး...ပြီးတော့အထူးသဖြင့် ဒီသတင်းကို သယ်လာသူက မင်းဖြစ်နေတာက ပြဿနာရှိတယ်..လွီဇာ..မင်းက အရင်တုန်းက ပုပ္ပါးမင်းသမီးတို့ကသည်းတွေနဲ့ ဆက်နွယ်ကြတဲ့ကိစ္စမှာ ပါခဲ့ဖူးတယ်...အခု ကသည်းစစ်ပြင်နေချိန်မှာ အင်းဝ နဲ့ ဟံသာဝတီကြား စိတ်ဝမ်းကွဲမယ့်စကားမျိုး ပြောလာတယ်ဆိုပြီး တယ်ယုံကြမှာမဟုတ်ဘူး... ပြီးတော့...အခု ကသည်းတပ်ကို တပ်ဉီးက တိုက်ဖို့ကလည်း ဟံသာဝတီက မွန်ဗိုလ်မှူးတွေ ဉီးစီးကြမှာ...အခန့်မသင်ရင်...မင်းကို ရှင်ဘုရင်က အရေးပါယူနိုင်တယ်”

“ကျွန်တော်မျိုးမတို့က အခြေအနေကို သိပါလျက်နဲ့...အင်းဝကို မလျှောက်ရင် တချိန် တစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မင်းပြစ်ဒဏ်ကို ခံနေရမှာစိုးလို့ပါ”

“အင်းလေ..ဒါလည်း ဟုတ်တာပဲ..မင်းတို့ ဆင်ဝန်တို့ကို ငါ့တာဝန်ထားပါ..မင်းတို့ ဒီလို လာလျှောက်ထားတာကို ငါမှတ်ထားပါ့မယ်..တခုခုဆို  မင်းတို့မှာ အပြစ်မရှိကြောင်း ငါတာဝန်ခံပါ့မယ်..ဟုတ်ပြီလား”

“မှန်ပါ..ဒီလိုဆို...ကျွန်တော်မကို ပြန်ခွင့်ပြုပါ..လောင်းရှည်မင်သမီးအတွက်ရော..သခင့်အတွက်ပါ ဟံသာဝတီက လက်ဆောင်တွေ ထားခဲ့ပါတယ်..ဘုရား”

ကိုးသိန်းသခင်က ကွမ်းတံတွေးကို အလျင်စလိုထွေးလိုက်သည်။

“ချက်ချင်းပြန်ကြမလို့လား...မိုးလည်းချုပ်နေပြီ....ဒီမှာ တညအိပ်သွားလေကွယ်”

“မှန်ပါ....နောက်ရက်များမှာ ဟံသာဝတီကို အချိန်မှီ ပြန်ဆင်းရမှာမို့ပါ”

“အိမ်း...ညဘက်ဆို လမ်းက အန္တရာယ်မများဘူးလား..လွီဇာငယ်ရဲ့..ကျုပ်တို့ မတွေ့တာများလည်းကြာပြီ..ဟံသာဝတီအကြောင်းလေးလည်း မေးမြန်းစူးစမ်းချင်သေးတာပ”

“လပြည့်ရက်မို့ လရောင်လည်းရှိနေပါတယ်..အတူပါလာတဲ့ အောင်ဇေယျတို့ နဲ့ ပြန်လိုက်သွားမှာပါ..ကျွန်တော်မျိုးမအတွက် ဟံသာဝတီက အစောင့်အရှောက်နှစ်ယောက်လည်း ပါပါတယ်....နောက်ပြီးတော့ အင်းဝကို အဝင်မှာ ကျောက်ရောဂါဖြစ်နေတဲ့ မိတ်ဆွေတစ်ယောက် နဲ့ အနီးကပ်သွားစကားပြောမိထားလို့..မတော်တဆရောဂါကူးထားရင်”

လွီဇာရှိရာသို့ ညွှတ်ကိုင်းလျက် စကားပြောနေသော ကိုးသိန်းသခင်မှာ ရုတ်တရက် အနောက်သို့ ကိုယ်ကို ရို့ကာ သလွန်ကို ကိုင်ထားလိုက်သည်။

“အေး..အေး...ပြန်မယ်ဆိုတော့လည်း..ပြန်ချေကွယ်..မယ်မင်းဆက်သတဲ့ လက်ဆောင်များလည်း မမလောင်းရှည် ကို တဆင့်ပို့ပေးလိုက်ပါ့မယ်..ပြန်..ပြန်”

လွီဇာမှာ ထိုအခါမှ သက်ပြင်းရှည်ကြီးကို ခပ်တိုးတိုးချလိုက်နိုင်တော့၏။

.............................................................................................................................

ရောင်နီလုလု မြင်ရပြီ။ ရှေ့ဆီက အင်းဝမြို့တံခါးကို ဖြတ်ကျော်ရမည်။ ထိုမှတဆင့် ဧရာဝတီမြစ်ကို ဖြတ်ကာ စစ်ကိုင်းသို့ ခရီးဆက်ရမည်။

တညလုံးခရီးဆက်လာသဖြင့် မြင်းများမှာ ပင်ပန်းနွမ်းနယ်နေကြ၏။

လွီဇာမှာ အင်းဝမြို့ရိုးရှေ့မှ ဖြတ်ရင်း မြို့ကြီးကို အပြင်မှ လှမ်းငေးနေသည်။

အထဲတွင် ဘာတွေဖြစ်ပျက်နေကြပြီလဲ။

လွန်ခဲ့သည့်ရက်က သူရောက်ခဲ့သည်နှင့် မတူ။

မြို့ရိုးပေါ်တွင် အမြောက်ကြီးများကို တန်းစီသာ အသင့်အနေအထား ရှိနေ၏။

မြို့တံခါးအဝတွင် သေနတ်ကိုင်ထားသော ပေါ်တူဂီစစ်သားများ၊ ကုလားပျိုသေနတ်တပ်ဟုခေါ်သော မူဆလင်ကမန်စစ်သားများမှာ သေနတ်ကိုယ်စီဖြင့် ရှုပ်ယှက်နေသည်။

အောင်ဇေယျက မြင်းကို ဒုံးစိုင်းပြီး မြို့ရိုးနား ချဉ်းကပ်သွားသည်။ ထို့နောက် လွီဇာတို့ အုပ်စုရှိရာသို့ ပြန်လာ၏။

“ဘာဖြစ်နေကြတာလဲ..အောင်ဇေယျ”

“ဒီနေ့ မနက်ပဲ...မဏိပူရတပ်တွေ ဒီပဲရင်းကို ဝိုင်းတိုက်နေကြပြီတဲ့...ဟိုတခေါက်က မြေဒူးကနေ ခေါ်သွားတဲ့ ပေါ်တူဂီစစ်သားတွေရော ကသည်းသေနတ်ကိုင်တွေပါ စစ်ကြောင်းသုံးကြောင်း ခွဲတိုက်တာတဲ့လေ”

“အခြေအနေဘယ်လိုရှိတယ်တဲ့လဲ”

“အင်းဝဘက်က ဗိုလ်မှူးမင်းရဲသီဟ ကျသွားပြီလို့ သတင်းတွေထွက်နေတယ်...ဟုတ်မဟုတ်တော့ မပြောတတ်သေးဘူးတဲ့..”

“ဘယ်လိုဖြစ်ကုန်တာလဲ”

“ကျုပ်သိသလောက်တော့ အင်းဝက အခုမှ စစ်ပြင်တုန်းပဲရှိသေးတယ်..ဗိုလ်မှူမင်းရဲသီဟ တပ်က ဒီပဲရင်းမှာ ခံတပ်တည်ပြီး အင်းဝက လာတဲ့ အင်အားနဲ့ ပေါင်းပြီး စစ်ချီဖို့ စောင့်နေကြတာ...သူ့တပ်မှာ ဆင် ၅၀ ၊ မြင်းသည် ၅၀၀၀ နဲ့ သေနတ်သမား နှစ်ထောင်တော့ရှိတယ်..ဒါနည်းတဲ့ အင်အားမဟုတ်ဘူး..အဲ့ဒါ..အခု ကသည်းတွေက ဝုန်းခနဲ ပေါ်လာကြပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ခွဲတိုက်တယ်ဆိုတော့..သေချာတယ်...ကသည်းတပ်မှာ လူအင်အား သောင်းချီပါလာမှာပဲ..ဖြစ်နိုင်တာက..မနှစ်က မြေဒူးကနေ ခေါ်သွားတဲ့ ပေါ်တူဂီတွေပါ ပါလာမယ်ထင်တယ်..ဒီတိုင်းဆို ဒီပဲရင်းတပ်ကျဖို့များသွားပြီ...ဒီပဲရင်းကျတာနဲ့....အင်းဝကို အနှေးနဲ့ အမြန်ရောက်လာနိုင်တယ်”

အောင်ဇေယျ အသံက စိတ်လှုပ်ရှားနေသည်။

လွီဇာကမူ စစ်ရေးစစ်ရာများကို နှုတ်မှ တရစပ်အလွတ်တန်းရွတ်ကာ သုံးသပ်နေသည့် အောင်ဇေယျကို အထူးအဆန်းသဖွယ်ကြည့်နေတော့သည်။

ထိုအချိန်တွင် သူတို့အနောက်ဘက်ဆီမှ စည်တော်ရွမ်းသံများ ကြားလိုက်ရ၏။

စစ်တပ်ကြီးတတပ်။

အောင်ဇေယျက တပ်ဉီးမှ တံခွန်များကို ကြည့်လိုက်သည်။

“တော်ပါသေးရဲ့....ဒါ ကိုးသိန်းသခင်ရဲ့တပ်ပဲ”

ကိုးသိန်းသခင်တပ်ဆိုသဖြင့် လွီဇာမှာ တွန့်ခနဲဖြစ်သွားသည်။

ညကမှ ကျောက်ဆည်တွင် သူတို့ရောက်ရှိခဲ့သည့်  ကိုးသိန်းသခင်၏ ရိက္ခာစုဆောင်းရေးလုပ်နေသည့် တပ်ကြီးသည် ဒီပဲရင်းတိုက်ပွဲသတင်းကြောင့် အင်းဝသို့ အပြင်းချီတက်ပြန်လာနေခြင်းဖြစ်၏။

“ကိုးသိန်းသခင်တပ်ကြီး လား...အဲ့ဒါဆို...ငါ့အတွက်တော့ မတော်ဘူး..အောင်ဇေယျရေ.... ဒီနေ့ပဲ ဟံသာဝတီကို ပြန်ဆင်းတော့မယ်”

 

ခက်ဇော်

(စစ်နည်းဗျူဟာ ဘယ်လိုသာလည်း

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

ပြည်သူ့အင်အားမလေးစားလျှင်

ဓါးသွားလည်းကြွေ..လှံလည်းခွေအံ့)

(Zawgyi)

AVA 1740s

                                            အခန္း(၂၆)    

                                ...............................................

၁၇၃၇ ခုႏွစ္၊ ႏိုဝင္ဘာ ၁၇ ရက္။

ေအာင္နန္းေက်ာ္ဘုံနန္းေတာ္တြင္း ဇာတ္ပြဲဆီမွ ပတ္မႀကီး တီးလိုက္သံ ဟိန္းထြက္လာသည္။

နန္းေတာ္ဆီမွ ပတ္မႀကီးသံႏွင့္ အၿပိဳင္ အင္းဝၿမိဳ႕တြင္း လူေနရပ္ကြက္မ်ားတြင္လည္း ငိုသံမ်ား ဟိုမွသည္ ဆူညံထြက္‌ေန၏။

လြန္ခဲ့သည့္ တႏွစ္ေက်ာ္ကတည္းက စတင္ျဖစ္ပြားလာခဲ့ေသာ ေက်ာက္ႀကီးေရာဂါသည္ အင္းဝၿမိဳ႕ တစ္ၿမိဳ႕လုံးကို ပ်ံ႕ႏွံ႔လာေတာ့သည္။

၁၆၁၄ ခုႏွစ္မွ ၁၆၇၅ ခုႏွစ္အထိ ဥေရာပတိုက္တြင္ က်ေရာက္ခဲ့ေသာ ေက်ာက္ႀကီးေရာဂါကပ္ဆိုးသည္ အင္းဝၿမိဳ႕ဆီသို႔လည္း ဆိုက္ေရာက္ခဲ့ၿပီျဖစ္သည္။

အင္းဝတြင္ရွိေသာ သုႆာန္ ႏွစ္ခု ၏ ဇရပ္ေပၚႏွင့္ ေျမျပင္တစ္ေလွ်ာက္တြင္ ဖ်ာလိပ္ျဖင့္ ပတ္ထားသည့္ အေလာင္းမ်ားစုပုံေနသည္။

အင္းဝလမ္းမ်ားေပၚတြင္လည္း သုႆာန္သို႔ မပို႔ႏိုင္ေသးသည့္အေလာင္းမ်ား၊ ျပည္တစိုစိုေက်ာက္အနာမ်ားေၾကာင့္ ေအာ္ညည္းေနေသာလူမ်ား၊  ျပည္မ်ားေျခာက္ကာ ေက်ာက္ေဖးမ်ား ကြာက်ေနေသာ လူမ်ားမွာ ေစာင္ထူႀကီးမ်ားကို ၿခဳံကာ ညည္းတြားေနၾကသည္။

စားဝတ္ေနေရး၊ ေဆးကုသေရးႏွင့္ ေသဆုံးသူမိသားစုဝင္တို႔အား သုႆာန္တို႔ ပို႔ေဆာင္ႏိုင္ေရးအတြက္ အခ်ိဳ႕ေသာ ေက်ာက္ေရာဂါကူးစက္ခံရသူမ်ားမွာ ေစာင္ႀကီးမ်ား ၿခဳံကာ ၿမိဳ႕တြင္းသြားလာၾကရသည္။

ေက်ာက္ေရာဂါအေျခအေနဆိုးခ်ိန္မွစတင္ကာ ေအာင္နန္းေက်ာ္ဘုံနန္းေတာ္၏ နန္းၿမိဳ႕တံခါးကို ေလးဘက္ေလးတန္ အလုံပိတ္ထားလိုက္ၾကသည္။

အင္းဝ၏ အေကာင္းဆုံးသမားေတာ္မ်ားကို မိသားစုလိုက္ နန္းေတာ္တြင္းသို႔ ေခၚသြင္းလိုက္ၾကသျဖင့္ နန္းျပင္ပ ၿမိဳ႕အတြင္း သမားေတာ္မ်ားကလည္း ရွားပါးလာသည္။

နန္းေတာ္ၿမိဳ႕႐ိုးအတြင္းတြင္မူ ရွင္ဘုရင္မိသားစု၊ မူးမတ္မိသားစုမ်ား၊ နန္းတြင္းထိပ္တန္းအရာရွိႀကီးမ်ား၊ ဘုရင့္ကိုးကြယ္ခံ ဘုန္းေတာ္ႀကီးမ်ား က သမားေတာ္ႀကီးမ်ားအေစာင့္အေရွာက္၊ ရိကၡာအျပည့္အစုံတို႔ျဖင့္ ေရာဂါေဘးမွ ေရွာင္ၾကဥ္ၾကသည္။

ၿမိဳ႕တြင္းေရာဂါအေျခအေနမ်ားမွာ ေဆးကုသတတ္သည့္ ေတာေနဘုန္းေတာ္ႀကီးမ်ားႏွင့္ သာမန္သမားေတာ္ငယ္မ်ားကိုသာ အားကိုးေနၾကရ၏။

ထို႔ေၾကာင့္ ၿမိဳ႕တြင္း လူအေသအေပ်ာက္မွာ တေန႔တျခားမ်ားျပားလာသည္။

အင္းဝၿမိဳ႕တြင္း ေက်ာက္ေရာဂါဆိုးမ်ား ကြယ္ေပ်ာက္လြင့္ပါးေစရန္ မဟာဓမၼရာဇာဓိပတိသည္ အထူးအစီအစဥ္တစ္ရပ္ လုပ္ေဆာင္ရန္ ဆုံးျဖတ္လိုက္သည္။

ထိုကား အျခားမဟုတ္။

နန္းေတာ္တြင္း ေခၚယူထားေသာ ဆရာေတာ္ႀကီးမ်ား ဉီးေဆာင္ကာ အႏၲရာယ္ကင္းပရိတ္႐ြတ္ဖတ္ပြဲ၊ ဆြမ္းကပ္လႉပြဲမ်ားကို ခုႏွစ္ရက္တိတိက်င္းပျခင္းျဖစ္သည္။

ယေန႔သည္ အႏၲရာယ္ကင္းပရိတ္႐ြတ္ပြဲ ခုႏွစ္ရက္ေျမာက္ၿပီးဆုံးသည့္ေန႔ျဖစ္သျဖင့္ မၾကာမီ အင္းဝၿမိဳ႕မွ ေက်ာက္ေရာဂါဆိုးႀကီး ကင္းေဝးေတာ့မည္ဟု ဆိုကာ နန္းေတာ္တြင္း ဇာတ္သဘင္ပြဲမ်ား စားေသာက္ေပ်ာ္ပြဲမ်ား က်င္းပေနျခင္းျဖစ္သည္။

ထိုပြဲေတာ္ဆီမွ ပတ္မႀကီးသံႏွင့္အတူ အင္းဝ၏ ရပ္ကြက္မ်ားမွ ငိုသံမ်ားမွာ ပဏာရေနသည္။

အေနာက္လက္မ႐ြံေထာင္ဘက္ဆီသို႔ ေစာင္အထူၿခဳံထားေသာ လူႏွစ္ဉီး ခပ္သြက္သြက္လမ္းေလွ်ာက္လာ၏။

ေစာင္အထူၿခဳံထားေသာေၾကာင့္ ေက်ာက္ေရာဂါကူးစက္ခံရသူမွန္းသိၾကသျဖင့္ ကင္းလွည့္စစ္သည္မ်ားမွာ ခပ္ေဝးေဝးမွ ေရွာင္ဖယ္သြားၾကသည္။

အေနာက္ေထာင္တြင္လည္း ေက်ာက္ေရာဂါကူးစက္မႈေၾကာင့္ အက်ဥ္းသားမ်ားေရာ၊ ပါးကြက္သားမ်ားပါ ေသဆုံးေနၾက၏။

အခ်ိဳ႕ ေသဆုံးသူမ်ားကို ေထာင္ဝန္းေရွ႕ ေျမကြက္လပ္တြင္ ပုဆိုးျဖင့္အုပ္ကာ ျဖစ္သလို ခ်ထားၾကသည္။

ေရာဂါသည္းထန္ေနသူမ်ားကိုမူ ေထာင္ေရွ႕မွ ဇရပ္ေပၚတြင္ ပို႔ထားသည္။

အေလာင္းေကာင္မ်ား၊ ေသလုဆဲဆဲလူမမာမ်ားေၾကာင့္ အက်ဥ္းေထာင္အေစာင့္တို႔မွာ စိတ္ဓာတ္မ်ား က်ေနၾကသည္။

ထိုအခ်ိန္တြင္ ေစာင္ၿခဳံထားေသာ လူႏွစ္ဉီးမွာ ေထာင္ေရွ႕ ဇရပ္သို႔ ေရာက္ရွိလာ၏။

“ေဟ့...ဘာလာလုပ္တာလဲ..ဒီနား အခြင့္မရွိ မျဖတ္ရတာ မသိဘူးလား”

မလွမ္းမကမ္း ေထာင္ဝန္းအဝတြင္ ေစာင့္ေနေသာ အေစာင့္ႏွစ္ဉီးအနက္မွ ဓားလြတ္ကိုင္ပါးကြက္သားတစ္ဉီးက လွမ္းေအာ္သည္။

“ငါတို႔ ရွမ္းျပည္ကလာတဲ့ သမားေတာ္ေတြပါ.ေက်ာက္ေရာဂါကာကြယ္ဖို႔ ေဆးေကာင္းတစ္ရပ္ ေတြ႕လို႔ ေရာင္းမလို႔ လာၾကတာ”

အေစာင့္မွာ ထိုစကားကို စိတ္ဝင္စားသြား၏။

“မင္းတို႔ေဆးက ေက်ာက္တကယ္ေပ်ာက္တာလား”

“ေအးကြယ့္...ငါတို႔ လာျပမယ္..ဒီမွာၾကည့္”

“ေဟ့..အနားမကပ္ၾကနဲ႔..နင္တို႔မွာ ေရာဂါေတြနဲ႔”

“ငါတို႔မွာ ေရာဂါမရွိပါဘူးကြယ့္”

ေစာင္ၿခဳံမွာ ေခါင္းကို ေဖာ္ျပလိုက္ၾကသည္။

အေစာင့္မ်ားက မီးတုတ္အေရာင္ေအာက္မွ ထိုသူတို႔၏ မ်က္ႏွာမ်ားကို ေသခ်ာၾကည့္လိုက္ၾက၏။

ေက်ာက္အနာမ်ားမရွိၾက။

“လာ..ဒါဆိုလည္း”

ေစာင္ၿခဳံလူႏွစ္ဉီးမွာ အနားသို႔ေရာက္သည္ႏွင့္ ေစာင္ကို ႐ုတ္တရက္ဆြဲခြာလိုက္ၾကသည္။

သူတို႔လက္ထဲတြင္ ဓါးတစ္ေခ်ာင္းစီထြက္လာၿပီး အေစာင့္ႏွစ္ဉီးအား ႐ုတ္တရက္ ဓါးျဖင့္ လည္ၿမိဳကို ေထာက္ထားလိုက္ၾက၏။

“နင္တို႔ မွန္မွန္ေျပာစမ္း...နားလဲ ဆိုတဲ့ ေကြ႕မေလး အထဲမွာရွိလား”

“မရွိေတာ့ပါဘူး..မရွိေတာ့ပါဘူး..ေသသြားၿပီ”

“ဟင္..မညာနဲ႔ေနာ္”

“တကယ္ပါ..လြန္ခဲ့တဲ့ႏွစ္ကတည္းက ကြပ္မ်က္လိုက္ၾကၿပီ”

“ငါတို႔ အထဲဝင္ၾကည့္မွာေနာ္”

“အထဲမွာ တျခားအေစာင့္ေတြရွိေသးတယ္..ဝင္ၾကည့္လည္းအပိုပဲ....နင္တို႔ လူက ေသတာၾကာၿပီ”

သူတို႔ႏွစ္ဉီးလုံး ေခတၱမွ် ၿငိမ္သက္သြားၾကသည္။

“ေသခ်ာတယ္ေနာ္”

“ေသခ်ာပါတယ္..ငါတို႔ကို မသတ္ပါနဲ႔..ငါတို႔က သူတို႔ခိုင္းတာလုပ္ရတဲ့သူေတြပါပဲ”

ထို႔ေနာက္ အေစာင့္ႏွစ္ဉီး၏ ပခုံးေနရာကို ဓါးေႏွာင့္မ်ားျဖင့္ ေရွ႕ဆင့္ေနာက္ဆင့္ ထုလိုက္ၾကသည္။

အေစာင့္မ်ား ေမ့လဲက်သြား၏။

“အထဲဝင္ၾကည့္မလား..ဗိုလ္မင္း”

“မၾကည့္နဲ႔ေတာ့.....သူတို႔ေျပာသလိုပဲ အထဲမွာ အေစာင့္ေတြရွိေလာက္တယ္...သူတို႔ေျပာတာ ေသခ်ာေလာက္တယ္”

ဗိုလ္မင္းသူရိန္ေစာအသံက သိသိသာသာ တိမ္ဝင္သြားသည္။

“ဟာ..ဗ်ာ..ဒါဆို နားလဲက..ေသၿပီေပါ့...ဂုဏၰအိမ္ကို က်ဳပ္တို႔ ဘယ္လိုျပန္ေျပာၾကမလဲ..ဗိုလ္မင္း...”

ငနက္၏ အသံက အနည္းငယ္က်ယ္ေလာင္သြား၏။

“သူ မေသပါဘူး”

အေမွာင္ထဲမွ ထြက္လာေသာအသံေၾကာင့္ ဗိုလ္မင္းသူရိန္ေစာႏွင့္ ငနက္တို႔က အသင့္အေနအထား လႈပ္ရွားရန္ျပင္လိုက္သည္။

အသံရွင္က ေစာင္ၿခဳံကိုဖယ္လိုက္သည္။

သူ႔မ်က္ႏွာတစ္ခုလုံးတြင္ ေက်ာက္ေရာဂါအပိန႔္အပိန႔္မ်ားက ေၾကာက္စရာေကာင္းေလာက္ေအာင္ ျပည့္ႏွက္ေန၏။

ကြာက်ေနေသာေက်ာက္ေဖးမ်ားက ေရာဂါ၏ အသည္းထန္ဆုံးအခ်ိန္မ်ားကို ေက်ာ္ျဖတ္ခဲ့ေၾကာင္းျပသေနသည္။

“က်ဳပ္ဒီက အာဏာပါးကြက္သားပါ..ငေလွးလို႔ေခၚပါတယ္..နားလဲကို က်ဳပ္ကိုယ္တိုင္ လႊတ္ေပးခဲ့တာ..သူမေသဘူး”

“ဟင္..ဒါဆို သူဘယ္မွာလဲ”

“သူ႔ကို ကယ္ဖို႔စီစဥ္းေပးခဲ့တာ...ဒီၿမိဳ႕က လြီဇာ ဆိုတဲ့ ဗရင္ဂ်ီမပဲ...သူလည္းလြတ္သြားၿပီဆိုေတာ့...သူ႔ဆီမွာ ရွိႏိုင္ပါတယ္”

“သူဘယ္မွာေနလဲ သိလား”

“က်ဳပ္မသိဘူး....အင္းဝမွာပဲ သူရွိလိမ့္မယ္”

သူရိန္ေစာ ႏွင့္ ငနက္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ခင္ဗ်ားတို႔ သြားၾကေတာ့..မၾကာခင္ ေနာက္ကင္းလဲေတာ့မွာ...လဲေနတဲ့ ဟိုလူေတြကို ေနာက္အဖြဲ႕ေတြ႕သြားရင္ မလြယ္ဘူး..မသြားခင္...က်ဳပ္ကို ေငြတစ္က်ပ္ေလာက္ပါရင္ ေပးသြားပါလား..က်ဳပ္က ေသရေတာ့မွာပါ..ေရာဂါက ကြၽမ္းေနၿပီ..မေသခင္ ထမင္းေလး တဆုပ္ဝယ္စားခ်င္လို႔”

သူရိန္ေစာက အိတ္ထဲမွ ဂင္ဇာေငြ ႏွစ္က်ပ္သား ကို ထုတ္ေပးလိုက္သည္။

“ခင္ဗ်ား နာမည္ ငေလွးေနာ္”

“ဟုတ္ပါတယ္..ခင္ဗ်ားတို႔ နားလဲကို က်ဳပ္ကိုယ္တိုင္ သုသာန္ကေန လႊတ္ေပးလိုက္တာပါ”

ငေလွး၏ စကားပင္မဆုံးလိုက္....သူရိန္ေစာႏွင့္ ငနက္တို႔က အေမွာင္ထဲတြင္ လွစ္ခနဲေပ်ာက္ကြယ္သြားေတာ့သည္။

..................................................................................................................

“ဘယ္ကလာတာလဲ”

“ဟံသာဝတီကပါ”

“အင္းဝၿမိဳ႕ထဲ ဘယ္သူမွ ဝင္ခြင့္မျပဳဘူး..အထဲမွာ..ေရာဂါေတြျဖစ္ေနၾကတယ္”

“ကြၽန္မ နာေရးကိစၥလာတာပါ....ရဟိုင္းျမင္းတပ္က ဗိုလ္မႉးဘယေက်ာ္သူ အသုဘ လာပို႔တာပါ..ေပၚတူဂီရပ္ကြက္ထဲသြားမွာပါ”

“ဗိုလ္မႉးဘယေက်ာ္သူ အေလာင္းက ဒီကို မေရာက္လာဘူး..ေရဉီး ဗရင္ဂ်ီဘုရားေက်ာင္းမွာလို႔ ၾကားတယ္..အဲ့ဒီမွာပဲ နာေရးလုပ္လိမ့္မယ္”

“ကြၽန္မတို႔ အေဝးႀကီးက လာၾကရတာ...ေနလည္းဝင္ေတာ့မယ္..ၿမိဳ႕ျပင္မွာ တည္းခိုဖို႔လည္း ဓါးျပေတြ အရမ္းေသာင္းက်န္းေနတယ္ဆို”

“က်ဳပ္တို႔က ဖြင့္ေပးခ်င္ပါတယ္...ဒါေပမယ့္..အထဲမွာ ေရာဂါအေျခအေနက အေတာ္ဆိုးေနတာပါ”

“ကြၽန္မ လြီဇာဒီမဲလိုးပါ..နန္းတြင္းကို ဗ်စ္ရည္သြင္းတဲ့ကုန္သည္ေတာ္ပါ...ကိုးသိန္းသခင္မင္းေခါင္ ဆီလည္း အေရးတႀကီးေလွ်ာက္တင္စရာရွိလို႔ပါ”

ကိုးသိန္းသခင္ဆိုသည့္အမည္ၾကားသည္ႏွင့္ ၿမိဳ႕ေစာင့္တပ္သားမွာ အနည္းငယ္ေတြေဝသြားသည္။

“ခဏေနဉီး.. ၿမိဳ႕ေစာင့္တပ္မႉးကို သြားေျပာေပးမယ္”

ခဏအၾကာတြင္ ၿမိဳ႕ေစာင့္တပ္မႉးထြက္လာသည္။

ၿမိဳ႕ေစာင့္တပ္မႉးကား လြီဇာကို သိရွိၿပီးသားျဖစ္၏။

“ခင္ဗ်ားကိုးဗ်....ကိုသိန္းသခင္ လည္း ၿမိဳ႕ထဲမွာ မရွိဘူး...ကသည္းစစ္ခ်ီတဲ့အခါ ရိကၡာကိစၥေတြနဲ႔ အသည္ဝန္နဲ႔အတူတူ ေက်ာက္ဆည္ဘက္ကို သြားေနၾကတယ္”

“ေနလည္းဝင္ေတာ့မယ္...ကြၽန္မ မွာ ဟံသာဝတီက လက္ေဆာင္ပါးလိုက္တဲ့ ပစၥည္းေတြလဲ ပါေသးတယ္.. ကြၽန္မလူကလည္း သုံးေယာက္ပဲပါလာတာမို႔..ၿမိဳ႕ျပင္မွာ..စိတ္မခ်ရလို႔ပါ”

ၿမိဳ႕ေစာင့္တပ္မႉးက အနည္းငယ္စဥ္းစားလိုက္သည္။

“က်ဳပ္ေစတနာနဲ႔ေျပာတာပါ..အထဲမွာ ေရာဂါေတြက အေတာ္ကူးေနၾကတယ္..ျဖစ္ႏိုင္ရင္..စစ္ကိုင္းဘက္ကို ဆက္သြားပါလား...ေနမဝင္ခင္ေတာ့ ေရာက္ေကာင္းပါတယ္..ခင္ဗ်ား ဟံသာဝတီက လာတာျဖစ္ေၾကာင္း စစ္ကိုင္းၿမိဳ႕ေစာင့္တပ္ကို က်ဳပ္ စာေရးေပးလိုက္မယ္ေလ”

ခဏအၾကာတြင္ ၿမိဳ႕ေစာင့္တပ္မႉးက သူရဲခိုေပၚမွ ေပစာလိပ္တစ္လိပ္ ပစ္ခ်ေပးသည္။

ထို႔ေနာက္တြင္ေတာ့ လြီဇာသည္ စစ္ကိုင္းဆီသို႔ ဉီးတည္လိုက္ေတာ့၏။

................................................................................................................

ေမွာင္ၿပီ။

အင္းဝ ႏွင့္ လက္တကမ္းတြင္ရွိေသာ စစ္ကိုင္းၿမိဳ႕ တြင္ေတာ့ ေက်ာက္ေရာဂါသည္ က်ယ္က်ယ္ျပန႔္ျပန႔္မျဖစ္ေသး။

ေကာင္းမႈေတာ္ဘုရားသည္ လေရာင္ေအာက္တြင္ ထီးထီးႀကီး.။

ရွမ္းျမင္းပြဲေဈးျပဳလုပ္သည့္ ကြင္းျပင္ႀကီးကို ျဖတ္သည့္အခါ လြီဇာ မွာ ခပ္ေဆြးေဆြးကေလးျဖစ္သြားရသည္။

တခ်ိန္က ထိုေနရာတြင္ သူ႔ဘဝ၏ ပထမဆုံးျမင္းကို ငတြန္ႏွင့္အတူ လာဝယ္ခဲ့ဖူးသည္မဟုတ္လား။

ရွင္မိငယ္၏ အိမ္ဝိုင္းေလးသည္ ဆီမီးခြက္ေရာင္ေလး ပ်ပ်ျဖင့္။

လွည္းမ်ား ၿခံဝန္းအတြင္းသို႔ ဝင္လိုက္သည့္အခါ ရွင္မိငယ္ က ထြက္ၾကည့္သည္။

“ေမာင္ႀကီးေအာင္ေဇယ်ေရ..ေမာင္ႀကီး ဧည့္သည္ေတြထင္ရဲ႕”

စစ္ကိုင္းသို႔ ညအိပ္ေရာက္ေနသည့္ ေအာင္ေဇယ်က အိပ္ရာထဲတြင္ ေၾကးေဆးတံကို ဇိမ္ျဖင့္ ဖြာေနရာမွ ထလာသည္။

“မဟုတ္ဘူး..မိငယ္ရဲ႕..ဘယ္သူေတြမ်ားလဲ”

ေအာင္ေဇယ်က တဲနံရံတြင္ ေထာင္ထားေသာ တင္က်ည္းဝါးတုတ္ရွည္ကို လွမ္းယူလိုက္ၿပီး အျပင္သို႔ထြက္လာ၏။

“မိငယ္...လြီဇာပါ”

“ဟယ္...မမလြီဇာ..ဒီအခ်ိန္ၿပီး ေရာက္လာတာလား”

“ဟုတ္တယ္..ဟံသာဝတီကေန လာတာ..အင္းဝ က ေရာဂါေတြနဲ႔မို႔ အဝင္မခံလို႔...မိငယ္ေရ”

လြီဇာက က တဲကေလးေပၚ တက္လာ၏။

လြီဇာႏွင့္အတူ ဟံသာဝတီမွ ပါလာသည့္ လွည္းသမား၊ အေစာင့္အေရွာက္တို႔က ၿခံဝန္းထဲတြင္ေနရာခ်ေနသည္။

“ဒီမွာ တညေလာက္ အိပ္လို႔ ျဖစ္တယ္မဟုတ္လား...မိငယ္”

ရွင္မိငယ္က အေနာက္တြင္ ရပ္ေနေသာ ေအာင္ေဇယ်ကို လွမ္းၾကည့္လိုက္သည္။

ေအာင္ေဇယ်က ေခါင္းညိတ္ျပလိုက္၏။

“ေအာင္ေဇယ် လည္းေရာက္ေနတာပဲကိုး..ဘာလဲ...ဟိုတခါလို မုဆိုးဖိုက အိမ္သူ နဲ႔ ရန္ျဖစ္လာျပန္ၿပီလား”

“မဟုတ္ပါဘူး..မလြီဇာ....က်ဳပ္တို႔မုဆိုးဖိုက ၿမိဳ႕ေစာင့္တပ္ဆင့္ဆိုတဲ့အထဲ လူအင္အားနဲ႔ ရိကၡာေပးရမယ့္ကိစၥေတြရွိတယ္..အဲ့ဒါ က်ဳပ္ အေဖကိုယ္စား ကိုးသိန္းသခင္ဆီကို စာရင္းအင္း သြားေပးရမွာ...မနက္က အင္းဝကိုေရာက္ေတာ့ ၿမိဳ႕ထဲေပးမဝင္ဘူး..ကိုးသိန္းသခင္ကလည္း ေက်ာက္ဆည္မွာဆိုေတာ့....အဲ့ဒီကိုလိုက္သြားရမွာပဲ...ဒါနဲ႔ စစ္ကိုင္းဘက္ ခဏျပန္ကူးလာၿပီး ဒီမွာ တညအိပ္လိုက္တာပါ”

ေအာင္ေဇယ်စကားေၾကာင့္ လြီဇာ မ်က္လုံးမ်ား လက္ခနဲျဖစ္သြားသည္။

“ဒါဆို ငါလည္း ကိုးသိန္းသခင္ဆီ သြားဖို႔ရွိတယ္..မနက္လိုက္ခဲ့လို႔ရမလား”

“ရပါတယ္..မမလြီဇာ ျမင္းစီးတတ္ကဲ့ မဟုတ္လား”

“စီးတတ္ပ”

“ဒါဆို က်ဳပ္ဉီးရီးဆီက မနက္ကို ျမင္းတစ္ေကာင္ငွားၿပီး တစ္ေယာက္ တစ္စီး စီးသြားၾကတာေပါ့..ေစာေစာထထြက္ၿပီး အျပင္းႏွင္ရင္ ေနမဝင္ခင္ ေရာက္ေကာင္းပါရဲ႕”

ေအာင္ေဇယ်က ဖြာလက္စ ေဆးတံကို အားရပါးရဖြာရႈိက္လိုက္၏။

“ဒါနဲ႔...ဒီကာလႀကီးေတာင္ ဟံသာဝတီကေန အင္းဝကို ေရာက္ခ်လာတာ..ဘယ္လို အေရးႀကီးကိစၥ ရွိလို႔လဲ...မမလြီဇာ”

“ရဟိုင္းျမင္းတပ္က ဗိုလ္မႉးပက္ဒ႐ို အသုဘလာပို႔တာပါ”

ေအာင္ေဇယ်က ၿပဳံးလိုက္သည္။

“အင္းဝမွာ ကူးစက္ေရာဂါေတြျဖစ္ေနတယ္။ ကသည္းေတြကလည္း ဒီကို ေန႔လားညလားမသိ ေရာက္လာေတာ့မယ္..ဒီအေျခအေနမွာေတာင္ အသုဘလာပို႔ေသးတယ္ေပါ့....အခုက် အသုဘမပို႔ေတာ့ပဲ....ေက်ာက္ဆည္မွာ ကိုသိန္းသခင္ဆီသြားဖို႔ က်ဳပ္နဲ႔ လိုက္ဉီးမယ္တဲ့....ေျပာပါဉီး..မမလြီဇာ...ဟံသာဝတီမွာ ဘာေတြျဖစ္ေနၿပီလဲ”

လြီဇာက ေခါင္းခါလိုက္သည္။

“သိေတာ့ေရာ....နင္က ဘာလုပ္မွာလဲ..ေအာင္ေဇယ်”

“က်ဳပ္ တို႔ကို အခုဆို ေ႐ႊနန္းရွင္ကလည္း အကာအကြယ္မေပးႏိုင္ေတာ့ဘူး..မမလြီဇာ။ လူဆိုးေတြဓါးျပေတြဆိုတာအရင္လို ေတာပုန္းေတြမဟုတ္ေတာ့ဘူး။ နန္းေတာ္ကေန ေ႐ႊထီးေဆာင္းဆင္းလာၿပီး ေဘးနား႐ြာေတြကို ဓါးျပလိုက္တိုက္ေနၾကတဲ့ အဆင့္ျဖစ္ေနၿပီ။ က်ဳပ္တို႔မွာ ကိုယ့္႐ြာကိုယ္ ကာကြယ္ေနရာတဲ့အျပင္ အင္းဝကို ကာကြယ္ဖို႔ စစ္အင္အားေပးရေသးတယ္။ ဒီေတာ့ က်ဳပ္႐ြာရဲ႕ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ အင္းဝ ဟာ ဘာျဖစ္လာမွာလဲဆိုတာ သိထားသင့္တယ္ မဟုတ္လား”

လြီဇာက ေအာင္ေဇယ်ကို အေသအခ်ာ အကဲခတ္လိုက္သည္။

ေအာင္ေဇယ်တြင္ အေနာက္ဘက္သို႔ က်ယ္ျပန႔္သြားေသာ နဖူးႏွင့္ မ်က္ခုံးေမႊးထင္းထင္းတို႔ ရွိေနသည္။

မ်က္လုံးအတြင္းသားတို႔တြင္ ႏူးညံျခင္း၊ ရက္စက္ျခင္း၊ ျပတ္သားျခင္း၊ ခ်င့္ခ်ိန္ျခင္း စသည့္ ဆန႔္က်င္ဘက္တို႔ျဖင့္ ျပည့္ႏွက္ေန၏။

သူ၏ စကားလုံးမ်ားထဲတြင္ အေမွ်ာ္အျမင္မ်ားကို လြီဇာ ခံစားလိုက္ရသည္။

“ဒီကိစၥကို နင့္စိတ္ထဲပဲ ထားပါ..ေအာင္ေဇယ်..နင့္႐ြာအတြက္ စီစဥ္စရာရွိတာေတြ ေတြးထားရေအာင္ပါ”

“က်ဳပ္..ေယာက္်ားေကာင္းပါ..ဆိုခဲေစ...ၿမဲေစပါ”

“ဟံသာဝတီ လည္း အေႏွးနဲ႔ အျမန္ပဲ..ေအာင္ေဇယ်...ငါ အဲ့ဒီကိစၥ ကိုးသိန္းသခင္ဆီ သတင္းလာပါးတာ”

ေအာင္ေဇယ်က ေဆးတံကို ပါးစပ္မွ ခြၽတ္လိုက္သည္။

ထို႔ေနာက္ အေမွာင္ထုဆီသို႔ စူးစူးစိုက္စိုက္ၾကည့္ရင္း တိတ္ဆိတ္သြားသည္။

လြီဇာက ေအာင္ေဇယ် အနားမွ ထကာ အေနာက္ေဖးတြင္ရွိေသာ ရွင္မိငယ္ထံ ထလာလိုက္၏။

ရွင္မိငယ္က လြီဇာတို႔ အဖြဲ႕စားရန္အတြက္ ထမင္းအိုး ကို ခ်က္ခ်င္းတည္သည္။ မန္းက်ည္း႐ြက္ခ်ဥ္ကို သုပ္ရန္ျပင္ေနသည္။

“မိငယ္...ဘာဝိုင္းကူရဉီးမလဲ”

“ရတယ္...မမလြီဇာ...ၿပီးပါၿပီ..ဟင္းကေတာ့ သိပ္မေကာင္းဘူးေနာ္”

“ရပါတယ္..ဟံသာဝတီက ဂ်ီသားေျခာက္ေတြလည္းပါလာတယ္...ၿပီးရင္ သူတို႔ကို ဖုတ္ခိုင္းလိုက္မယ္”

“ဟုတ္ကဲ့...မမလြီဇာလာတာ ဟင္းေကာင္းေကာင္းခ်က္မေကြၽးရေတာ့..အားနာတယ္”

“ရပါတယ္..မိငယ္ရဲ႕”

“မမလြီဇာ...ဟံသာဝတီမွာ ေပ်ာ္ရဲ႕လားဟင္”

လြီဇာထံမွ အေျဖမၾကားရ။

“မမကို ေတြ႕ေတာ့ ေမာင္ႀကီးငတြန္ကို သတိရတယ္....သူရွမ္းျပည္သြားခါနီး မိငယ္ဆိုင္ကို ေရာက္လာေသးတယ္....သူက သူ႔ကိုယ္သူ လုံးဝ ခြင့္မလႊတ္ဘူးတဲ့...မမလြီဇာ ဟာ သူ႔ေၾကာင့္ ဒီလိုျဖစ္ရတာမို႔....သူတသက္လုံး ေနာင္တရလို႔မဆုံးဘူးတဲ့...တေန႔မွာ အာဏာရွိတဲ့ ဘဝမ်ိဳးနဲ႔ မမလြီဇာ ဆီ သူျပန္လာႏိုင္ေအာင္လုပ္မယ္တဲ့”

“ငါ သူ႔ကိုယုံတယ္..သူက ေျပာတိုင္းအတိုင္းျဖစ္ေအာင္လုပ္တယ္..သူက ငတြန္ေလ”

လြီဇာ၏ ႏႈတ္မွ တတြတ္တြတ္႐ြတ္ေနေတာ့၏။

.............................................................................................................................

လြီဇာ၏ စကားေၾကာင့္ ကိုးသိန္းသခင္မွာ အတန္ၾကာ တိတ္ဆိတ္သြားေတာ့သည္။

“အဲ့ဒီကိစၥေျပာဖို႔ လာခဲ့တာ သက္သက္ဆိုပါေတာ့..လြီဇာ”

“ဟုတ္ပါတယ္...ဆင္ဝန္ဉီးေအာင္လွ က...သူ႔သမီးမဂၤလာပြဲနဲ႔မို႔ လာလို႔ အေျခအေနမေပးလို႔ပါ”

ကိုးသိန္းသခင္က သူ႔ေျခရင္းတြင္ ဝပ္တြားေနေသာ လြီဇာကို အေသအခ်ာအကဲခတ္လိုက္၏။

“ဒီကိစၥ မင္း ဘယ္သူ႔ကို ေျပာၿပီးၿပီလဲ”

“ဘယ္သူမွ မေျပာရေသးေၾကာင္းပါ”

“ဟုတ္ၿပီ..မင္းစိတ္ထဲပဲ ရွိေနပါေစ..မေသခ်ာပဲ ရမ္းလုပ္လို႔ ရတဲ့ ကိစၥေတြမဟုတ္ဘူး...ၿပီးေတာ့အထူးသျဖင့္ ဒီသတင္းကို သယ္လာသူက မင္းျဖစ္ေနတာက ျပႆနာရွိတယ္..လြီဇာ..မင္းက အရင္တုန္းက ပုပၸါးမင္းသမီးတို႔ကသည္းေတြနဲ႔ ဆက္ႏြယ္ၾကတဲ့ကိစၥမွာ ပါခဲ့ဖူးတယ္...အခု ကသည္းစစ္ျပင္ေနခ်ိန္မွာ အင္းဝ နဲ႔ ဟံသာဝတီၾကား စိတ္ဝမ္းကြဲမယ့္စကားမ်ိဳး ေျပာလာတယ္ဆိုၿပီး တယ္ယုံၾကမွာမဟုတ္ဘူး... ၿပီးေတာ့...အခု ကသည္းတပ္ကို တပ္ဉီးက တိုက္ဖို႔ကလည္း ဟံသာဝတီက မြန္ဗိုလ္မႉးေတြ ဉီးစီးၾကမွာ...အခန႔္မသင္ရင္...မင္းကို ရွင္ဘုရင္က အေရးပါယူႏိုင္တယ္”

“ကြၽန္ေတာ္မ်ိဳးမတို႔က အေျခအေနကို သိပါလ်က္နဲ႔...အင္းဝကို မေလွ်ာက္ရင္ တခ်ိန္ တစ္စုံတစ္ရာ ျဖစ္လာတဲ့အခါ မင္းျပစ္ဒဏ္ကို ခံေနရမွာစိုးလို႔ပါ”

“အင္းေလ..ဒါလည္း ဟုတ္တာပဲ..မင္းတို႔ ဆင္ဝန္တို႔ကို ငါ့တာဝန္ထားပါ..မင္းတို႔ ဒီလို လာေလွ်ာက္ထားတာကို ငါမွတ္ထားပါ့မယ္..တခုခုဆို  မင္းတို႔မွာ အျပစ္မရွိေၾကာင္း ငါတာဝန္ခံပါ့မယ္..ဟုတ္ၿပီလား”

“မွန္ပါ..ဒီလိုဆို...ကြၽန္ေတာ္မကို ျပန္ခြင့္ျပဳပါ..ေလာင္းရွည္မင္သမီးအတြက္ေရာ..သခင့္အတြက္ပါ ဟံသာဝတီက လက္ေဆာင္ေတြ ထားခဲ့ပါတယ္..ဘုရား”

ကိုးသိန္းသခင္က ကြမ္းတံေတြးကို အလ်င္စလိုေထြးလိုက္သည္။

“ခ်က္ခ်င္းျပန္ၾကမလို႔လား...မိုးလည္းခ်ဳပ္ေနၿပီ....ဒီမွာ တညအိပ္သြားေလကြယ္”

“မွန္ပါ....ေနာက္ရက္မ်ားမွာ ဟံသာဝတီကို အခ်ိန္မွီ ျပန္ဆင္းရမွာမို႔ပါ”

“အိမ္း...ညဘက္ဆို လမ္းက အႏၲရာယ္မမ်ားဘူးလား..လြီဇာငယ္ရဲ႕..က်ဳပ္တို႔ မေတြ႕တာမ်ားလည္းၾကာၿပီ..ဟံသာဝတီအေၾကာင္းေလးလည္း ေမးျမန္းစူးစမ္းခ်င္ေသးတာပ”

“လျပည့္ရက္မို႔ လေရာင္လည္းရွိေနပါတယ္..အတူပါလာတဲ့ ေအာင္ေဇယ်တို႔ နဲ႔ ျပန္လိုက္သြားမွာပါ..ကြၽန္ေတာ္မ်ိဳးမအတြက္ ဟံသာဝတီက အေစာင့္အေရွာက္ႏွစ္ေယာက္လည္း ပါပါတယ္....ေနာက္ၿပီးေတာ့ အင္းဝကို အဝင္မွာ ေက်ာက္ေရာဂါျဖစ္ေနတဲ့ မိတ္ေဆြတစ္ေယာက္ နဲ႔ အနီးကပ္သြားစကားေျပာမိထားလို႔..မေတာ္တဆေရာဂါကူးထားရင္”

လြီဇာရွိရာသို႔ ၫႊတ္ကိုင္းလ်က္ စကားေျပာေနေသာ ကိုးသိန္းသခင္မွာ ႐ုတ္တရက္ အေနာက္သို႔ ကိုယ္ကို ႐ို႕ကာ သလြန္ကို ကိုင္ထားလိုက္သည္။

“ေအး..ေအး...ျပန္မယ္ဆိုေတာ့လည္း..ျပန္ေခ်ကြယ္..မယ္မင္းဆက္သတဲ့ လက္ေဆာင္မ်ားလည္း မမေလာင္းရွည္ ကို တဆင့္ပို႔ေပးလိုက္ပါ့မယ္..ျပန္..ျပန္”

လြီဇာမွာ ထိုအခါမွ သက္ျပင္းရွည္ႀကီးကို ခပ္တိုးတိုးခ်လိုက္ႏိုင္ေတာ့၏။

.............................................................................................................................

ေရာင္နီလုလု ျမင္ရၿပီ။ ေရွ႕ဆီက အင္းဝၿမိဳ႕တံခါးကို ျဖတ္ေက်ာ္ရမည္။ ထိုမွတဆင့္ ဧရာဝတီျမစ္ကို ျဖတ္ကာ စစ္ကိုင္းသို႔ ခရီးဆက္ရမည္။

တညလုံးခရီးဆက္လာသျဖင့္ ျမင္းမ်ားမွာ ပင္ပန္းႏြမ္းနယ္ေနၾက၏။

လြီဇာမွာ အင္းဝၿမိဳ႕႐ိုးေရွ႕မွ ျဖတ္ရင္း ၿမိဳ႕ႀကီးကို အျပင္မွ လွမ္းေငးေနသည္။

အထဲတြင္ ဘာေတြျဖစ္ပ်က္ေနၾကၿပီလဲ။

လြန္ခဲ့သည့္ရက္က သူေရာက္ခဲ့သည္ႏွင့္ မတူ။

ၿမိဳ႕႐ိုးေပၚတြင္ အေျမာက္ႀကီးမ်ားကို တန္းစီသာ အသင့္အေနအထား ရွိေန၏။

ၿမိဳ႕တံခါးအဝတြင္ ေသနတ္ကိုင္ထားေသာ ေပၚတူဂီစစ္သားမ်ား၊ ကုလားပ်ိဳေသနတ္တပ္ဟုေခၚေသာ မူဆလင္ကမန္စစ္သားမ်ားမွာ ေသနတ္ကိုယ္စီျဖင့္ ရႈပ္ယွက္ေနသည္။

ေအာင္ေဇယ်က ျမင္းကို ဒုံးစိုင္းၿပီး ၿမိဳ႕႐ိုးနား ခ်ဥ္းကပ္သြားသည္။ ထို႔ေနာက္ လြီဇာတို႔ အုပ္စုရွိရာသို႔ ျပန္လာ၏။

“ဘာျဖစ္ေနၾကတာလဲ..ေအာင္ေဇယ်”

“ဒီေန႔ မနက္ပဲ...မဏိပူရတပ္ေတြ ဒီပဲရင္းကို ဝိုင္းတိုက္ေနၾကၿပီတဲ့...ဟိုတေခါက္က ေျမဒူးကေန ေခၚသြားတဲ့ ေပၚတူဂီစစ္သားေတြေရာ ကသည္းေသနတ္ကိုင္ေတြပါ စစ္ေၾကာင္းသုံးေၾကာင္း ခြဲတိုက္တာတဲ့ေလ”

“အေျခအေနဘယ္လိုရွိတယ္တဲ့လဲ”

“အင္းဝဘက္က ဗိုလ္မႉးမင္းရဲသီဟ က်သြားၿပီလို႔ သတင္းေတြထြက္ေနတယ္...ဟုတ္မဟုတ္ေတာ့ မေျပာတတ္ေသးဘူးတဲ့..”

“ဘယ္လိုျဖစ္ကုန္တာလဲ”

“က်ဳပ္သိသေလာက္ေတာ့ အင္းဝက အခုမွ စစ္ျပင္တုန္းပဲရွိေသးတယ္..ဗိုလ္မႉမင္းရဲသီဟ တပ္က ဒီပဲရင္းမွာ ခံတပ္တည္ၿပီး အင္းဝက လာတဲ့ အင္အားနဲ႔ ေပါင္းၿပီး စစ္ခ်ီဖို႔ ေစာင့္ေနၾကတာ...သူ႔တပ္မွာ ဆင္ ၅၀ ၊ ျမင္းသည္ ၅၀၀၀ နဲ႔ ေသနတ္သမား ႏွစ္ေထာင္ေတာ့ရွိတယ္..ဒါနည္းတဲ့ အင္အားမဟုတ္ဘူး..အဲ့ဒါ..အခု ကသည္းေတြက ဝုန္းခနဲ ေပၚလာၾကၿပီး စစ္ေၾကာင္းသုံးေၾကာင္းနဲ႔ ခြဲတိုက္တယ္ဆိုေတာ့..ေသခ်ာတယ္...ကသည္းတပ္မွာ လူအင္အား ေသာင္းခ်ီပါလာမွာပဲ..ျဖစ္ႏိုင္တာက..မႏွစ္က ေျမဒူးကေန ေခၚသြားတဲ့ ေပၚတူဂီေတြပါ ပါလာမယ္ထင္တယ္..ဒီတိုင္းဆို ဒီပဲရင္းတပ္က်ဖို႔မ်ားသြားၿပီ...ဒီပဲရင္းက်တာနဲ႔....အင္းဝကို အေႏွးနဲ႔ အျမန္ေရာက္လာႏိုင္တယ္”

ေအာင္ေဇယ် အသံက စိတ္လႈပ္ရွားေနသည္။

လြီဇာကမူ စစ္ေရးစစ္ရာမ်ားကို ႏႈတ္မွ တရစပ္အလြတ္တန္း႐ြတ္ကာ သုံးသပ္ေနသည့္ ေအာင္ေဇယ်ကို အထူးအဆန္းသဖြယ္ၾကည့္ေနေတာ့သည္။

ထိုအခ်ိန္တြင္ သူတို႔အေနာက္ဘက္ဆီမွ စည္ေတာ္႐ြမ္းသံမ်ား ၾကားလိုက္ရ၏။

စစ္တပ္ႀကီးတတပ္။

ေအာင္ေဇယ်က တပ္ဉီးမွ တံခြန္မ်ားကို ၾကည့္လိုက္သည္။

“ေတာ္ပါေသးရဲ႕....ဒါ ကိုးသိန္းသခင္ရဲ႕တပ္ပဲ”

ကိုးသိန္းသခင္တပ္ဆိုသျဖင့္ လြီဇာမွာ တြန႔္ခနဲျဖစ္သြားသည္။

ညကမွ ေက်ာက္ဆည္တြင္ သူတို႔ေရာက္ရွိခဲ့သည့္  ကိုးသိန္းသခင္၏ ရိကၡာစုေဆာင္းေရးလုပ္ေနသည့္ တပ္ႀကီးသည္ ဒီပဲရင္းတိုက္ပြဲသတင္းေၾကာင့္ အင္းဝသို႔ အျပင္းခ်ီတက္ျပန္လာေနျခင္းျဖစ္၏။

“ကိုးသိန္းသခင္တပ္ႀကီး လား...အဲ့ဒါဆို...ငါ့အတြက္ေတာ့ မေတာ္ဘူး..ေအာင္ေဇယ်ေရ.... ဒီေန႔ပဲ ဟံသာဝတီကို ျပန္ဆင္းေတာ့မယ္”

 

ခက္ေဇာ္

အခန္း (၂၇) သဘက္ခါ

(စစ္နည္းဗ်ဴဟာ ဘယ္လိုသာလည္း

စြဲကိုင္လက္နက္ ဘယ္လိုထက္လည္း

ျပည္သူ႔ႏွလုံး မသိမ္းႀကဳံးလွ်င္

ျပည္သူ႔အင္အားမေလးစားလွ်င္

ဓါးသြားလည္းေႂကြ..လွံလည္းေခြအံ့)

Comments

Post a Comment