AVA 1740s (အခန်း ၂၈)

AVA 1740s

                                            အခန်း(၂၈)    

                                ...............................................

၁၇၃၈ အောက်တိုဘာလ၊သန်လျင်မြို့။

ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောကျင်း၏ အပန်းဖြေခန်းမသည် စကားပြောသံများ ၊ ရယ်သံများနှင့် ဆူညံနေ၏။

သံလျင်သင်္ဘောကျင်းတွင် ဆောက်လုပ်နိုင်ခဲ့သည့် ပြင်သစ်တို့၏ လာဖလာရိ (La Fulvy) သင်္ဘောကြီး ကို ရေချနိုင်သည့် အထိမ်းအမှတ်ပါတီပွဲဖြစ်သည်။

ပြင်သစ်တို့နှင့် ပင်လယ်ပြင်တွင် အားပြိုင်နေကြသော အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီအရာရှိများမှအပ သန်လျင်နှင့် ဟံသာဝတီတွင် ရောက်ရှိနေသော ပြင်သစ်၊ ပေါ်တူဂီ၊ ဒတ်ချ် ၊ အာမေးနီးယန်း စသော အနောက်တိုင်းသားများအားလုံး နီးပါးတက်ရောက်ကြသည်။

ထူးထူးခြားခြား ပြင်သစ်ပိုင် ပွန်ဒီချယ်ရီမှ အထူးအရာရှိ ဆာဘရူနို ကိုယ်တိုင် သင်္ဘောရေချပွဲသို့ တက်ရောက်သည်။

အနောက်တိုင်းသားတို့ကြားတွင် အင်းဝသူတို့၏ ဝတ်စုံကို ထူးထူးခြားခြားဝတ်ဆင်ထားသည့် လွီဇာ ကို အားလုံးက သတိထားမိကြ၏။

လွီဇာသည် ခုံတန်းလျားတစ်ခုတွင်ထိုင်ကာ အာမေးနီးယန်းကုန်သည်များ နှင့် စကားလက်ဆုံကျနေ၏။

ခဏအကြာတွင် သူတို့ဝိုင်းရှိရာသို့ ပြင်သစ်ကုမ္ပဏီကိုယ်စားလှယ် လာနို ရောက်လာသည်။

“လွီဇာ....မင်းကို ဆာဘရူနိုက သူ့ဝိုင်းဆီ ဖိတ်ခိုင်းလိုက်ပါတယ်..ကျုပ် သူ့ကို မင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်”

လွီဇာက အာမေးနီးယန်းကုန်သည်များကို ခွင့်တောင်းကာ လာနို နှင့် လိုက်ပါသွားသည်။

ပါတီပွဲ၏ အထူးဧည့်သည်တော်ဝိုင်းတွင် ဆာဘရူနိုသည် ဘရန်ဒီတစ်ခွက်ကို ဇိမ်ခံလျက် သောက်နေသည်။

သူ၏ နဘေးနားတွင် ပြင်သစ်ဘုန်းတော်ကြီး ဝီတိုနီ၊ ပြင်သစ်ရေကြောင်းသွားလာရေးအရာရှိ ပူအယ်(Puel)၊ သင်္ဘောလုံခြုံရေးလိုက်ပါလာသည့် ပြင်သစ်ရေတပ်မှ စစ်ဗိုလ်ကလေး ချီဗားလီယားမီးလပ်စ် တို့ က ရယ်မောကာ စကားပြောနေကြ၏။

လွီဇာ ရောက်လာသည့်အခါ ပုရိသတို့၏စကားဝိုင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

“ဒါကတော့ မစ်စ်လွီဇာဒီမဲလိုးပါ..မွန်စီယာတို့၊ အင်းဝနန်းတော်ကို ယမကာအထူးတင်သွင်းခွင့်ရထားတဲ့ ပေါ်တူဂီလူမျိုး ကုန်သည်တော်ကြီးပါ ၊ ကုန်သည်ကြီးဟာ အင်းဝမှာမွေးဖွားခဲ့တဲ့ အင်းဝသူစစ်စစ်ပါ”

“ဒါကတော့ မွန်စီယာ ဆာဘရူနို...ပွန်ဒီချယ်ရီပြင်သစ်ဘုရင်ခံမင်းမြတ် မွန်ဆီယာဒူဘလေ ရဲ့ အထူးအားထားရတဲ့ သံတမန်ကြီးပေါ့”

အသက် (၄၀)ခန့်ရှိ ဆာဘရူနို သည် နီစပ်စပ်အသားအရည်၊ နှာခေါင်းချွန်ချွန်နှင့်  ပါးပြင်ပေါ်မှ အဖြူရောင်အမာရွတ်ကြီးကို လွီဇာ သတိထားမိလိုက်၏။

“အနောက်တိုင်းအလှနဲ့ အင်းဝသူလေးတစ်ယောက် ကို ဖိတ်ခေါ်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်”

ဘရူနိုက လက်ကမ်းပေးသည်။ လွီဇာက နှုတ်ဆက်လိုက်၏။

“ဒါကတော့ ပြင်သစ်ဘုန်းတော်ကြီး ဝီတိုနီ ပါ..သင်္ဘောကျင်းက ပြင်သစ်အရာရှိတွေ၊ လုပ်သားတွေအတွက် ဘာသာရေးကိစ္စများဆောင်ရွက်ပေးဖို့လိုက်ပါလာတာပါ၊ ဒါကတော့ မွန်စီယာပူအယ် ပါ...အရှေ့အာရှပြင်သစ်သင်္ဘောများရဲ့ ရေကြောင်းသွားလာရေးအရာရှိချုပ်ပါ”

ဘုန်းတော်ကြီး၏ ခပ်ဝဝခန္ဓာကိုယ်၊ မျက်နှာပြဲပြဲကြီး နှင့် သူ့နဖူးပေါ်မှ သံပုရာခွံဉီးထုပ်လေးမှာ မလိုက်ဖက်လှ။

ရေကြောင်းအရာရှိ ပူအယ်မှာမူ အသက် (၃၀)ဝန်းကျင်၊ နှုတ်ခမ်းမွှေးအနီရောင်ဖြင့် အပြာရောင်မျက်လုံးပိုင်ရှင်ဖြစ်သည်။

“သူကတော့ ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက် အားကိုးရတဲ့ ရေတပ်ဗိုလ်လေး ချီဗားလီယားမီးလပ်စ် ပါ”

မီးလပ်စ်သည် အသက် နှစ်ဆယ်ကျော်ကျော်သာရှိဉီးမည့် လူငယ်လေးဖြစ်သည်။ သင်္ဘောသားတို့၏ နေလောင်သောမျက်နှာနုနုပေါ်တွင် ရွှေရောင်ဆံပင်အခွေလေးများ က ဝဲကျနေ၏။

(ချီဗားလီယားမီးလပ်စ်သည် ဆင်ဖြူရှင်မင်းလက်အောက်တွင် အမှုထမ်းကာ တရုတ် - မြန်မာ စစ်ပွဲတွင် အားကိုးရသော တပ်မှူးတစ်ဉီးအဖြစ် ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံဝင်ရောက်တိုက်ခိုက်ပေးခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ဆင်ဖြူရှင်မင်း၏ အထူးမျက်နှာသာပေးခံရသော စစ်သူကြီးဖြစ်လာသည်)

လွီဇာက မီလပ်စ်ကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။

မီလပ်စ် က လွီဇာ၏ လက်ကို ဆွဲယူကာ နမ်းလိုက်၏။

“ငယ်ငယ်က ဂရိပုံပြင်တွေဖတ်ဖူးပေမယ့်..နတ်သမီးတစ်ယောက်ရဲ့ လက်ဖဝါးကို နမ်းရမယ်လို့တော့ ကျွန်တော် ဘယ်တော့မှ မျှော်လင့်မထားခဲ့ဖူးပါဘူး”

မီလပ်စ်၏ စကားကြောင့် တဝိုင်းလုံးမှ လူများက သဘောတကျ ရယ်လိုက်ကြသည်။

မီလပ်စ်က သူထိုင်လက်စ ခုံမှ ထကာ လွီဇာကို ထိုင်ရန် နေရာပေးလိုက်၏။

“ကောင်းကင်ဘုံက ဆင်းလာတဲ့ အလှတရားအတွက် ကျွန်တော် မတ်တပ်ရပ်ပေးရတာ တန်ပါတယ်”

ဒီတကြိမ်တွင်တော့ လွီဇာပါ ပြုံးလိုက်မိ၏။

“ကဲ...ဗိုလ်လေးမီးလပ်စ် ရဲ့ ကဗျာတွေ ရွတ်တာခဏရပ်ပါဉီး...ကျုပ်တို့က အင်းဝမြို့တော်ကို နာမည်သာ ကြားဖူးတာ မရောက်ဖူးကြတော့..အင်းဝမြို့တော်အကြောင်း ကုန်သည်ကြီးဆီက နားဆင်ပါရစေဉီး”

ဆာဘရူနိုက လွီဇာအတွက် စကားလမ်းစဖော်ပေးလိုက်သည်။

လွီဇာကား သူမ၏ အလှတရား၊ သွက်လက်သည့်စကားဟန်ပန်တို့ဖြင့် ခဏချင်းပင် ထိုစကားဝိုင်းကို ထိန်းချုပ်နိုင်လိုက်၏။

“ကျုပ်ကို ခဏခွင့်ပြုပါဉီး..ဟိုမှာ မိတ်ဆွေ ဘုန်းတော်ကြီးတွေ ရောက်လာလို့ပါ”

ဖာသာဝီတိုနီက ဝိုင်းမှ ထလိုက်သည်။ ဖာသာဝီတိုနီ ညွှန်ပြရာသို့ လွီဇာကြည့်လိုက်၏။

သန်လျင်ဘာနာဘိုက်ကျောင်းတော်မှ ဖာသာဂါလစ်ဇီယာ နှင့် ဖာသာနာရေနီ တို့ကို တွေ့လိုက်ရသည်။

ဘရန်ဒီတစ်လုံးခန့် ကုန်သွားပြီဖြစ်သဖြင့် အခြားသူများမှာလည်း အတော်ပင် ခရီးရောက်နေကြပြီဖြစ်၏။

“ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီအနေနဲ့လည်း မစ်စ်လွီဇာ နဲ့ အလုပ်လုပ်စရာတွေ နောက်ပိုင်းရှိလာနိုင်ပါတယ်..အဲ့ဒီအတွက် မနက်ဖြန်ကျ သင်္ဘောကျင်းရုံးခန်းမှာ ကျုပ်တို့ သီးသန့် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်...မစ်စ်လွီဇာအနေနဲ့ လက်ခံနိုင်ပါ့မလား”

ဘရူနို၏ မျက်လုံးထဲတွင် လျှို့ဝှက်သောအရိပ်အယောင်များကိုလွီဇာ မြင်လိုက်ရသည်။

“ဟုတ်ကဲ့...ကျွန်မ လာခဲ့ပါ့မယ်”

“ဒါဆို ကျုပ်ကို ခွင့်ပြုပါဉီး..တခြားသင်္ဘောအရာရှိတွေကိုလည်း သွားနှုတ်ဆက်ချင်လို့ပါ”

ဘရူနိုက ဝိုင်းမှထသွား၏။ ရေကြောင်းအရာရှိ ပူအယ်ကလည်း ဒတ်ချ်အမျိုးသမီးတစ်ဉီးနှင့် အတူ ထွက်ခွာသွားပြီဖြစ်သည်။

ထိုဝိုင်းတွင် မီးလပ်စ် နှင့် လွီဇာတို့သာ ကျန်ရစ်တော့၏။

မီးလပ်စ်က ဘရန်ဒီပုလင်းအသစ်ကို ဖောက်လိုက်ပြီး လွီဇာ ထံ ငှဲ့ပေးလိုက်သည်။

“တော်ပြီ..ကျွန်မ များနေပြီ”

“လွီဇာလို့ပဲ ကျွန်တော် ရင်းရင်းနှီးနှီးခေါ်လို့ရမလား”

“ရပါတယ်..ဗိုလ်လေး”

“မီးလပ်စ်လို့ပဲ ခေါ်ပါ”

“ဟုတ်ကဲ့”

“လွီဇာ က အင်းဝမှာပဲ မွေးတာပေါ့”

“ဟုတ်ပါတယ်”

“လွီဇာ ရဲ့ ပြင်သစ်စကားပြောက အတော်ကောင်းတာပဲ”

“ကျွန်မက အင်းဝဆိပ်ကမ်းမှာ ကုန်သည်လုပ်လာတာပါ..အရက်လည်းရောင်းဖူးတယ်..ဂင်ဇာမှောင်ခိုလည်း လုပ်ခဲ့ဖူးတယ်....ပေါ်တူဂီ၊ ဒတ်ချ် စကားတွေတတ်တယ်၊ ဟံသာဝတီကို ရောက်တဲ့နှစ်တွေမှာ ပြင်သစ်စကားနဲ့ အင်္ဂလိပ်စကားကိုလည်း ပြောတတ်သွားတယ်”

“အား...ကျွန်တော်တောင် (၁၄)နှစ်သားကတည်းက ရေတပ်သားဘဝ နဲ့ ကမ္ဘာပတ်ခဲ့တာ..ဘာသာစကားတွေ အဲ့ဒီလောက် မတတ်ဘူးဗျ..လစ်စဘွန်းဆိပ်ကမ်း မှာ တစ်နှစ်လုံးနေဖူးပေမယ့်.ပေါ်တူဂီစကားလုံးဝမတတ်ခဲ့ဘူး..ခင်ဗျားက တော်တော်များများ ကို တတ်တာပဲ”

“ဘယ်အရာမဆို စိတ်ဝင်စားမှုရှိရင် လွယ်ပါတယ်”

“အင်း..ဒီမြေမှာမွေးပေမယ့်...အသွင်အပြင်တွေ ကိုးကွယ်မှုတွေကအစ ဒီက ဗမာတွေနဲ့ ကွာခြားနေတော့ ဘယ်လိုခံစားရလဲ.အဆင်ပြေကြရဲ့လား”

“ကျွန်မတို့က ဧည့်သည်တွေပါပဲ...ဒါပေမယ့်...ပေါ်တူဂီထက်စာရင်တော့ ဒီမြေကို သူတို့ ပိုရင်းနှီးကြပါတယ်လေ”

“သူတို့ ဆိုတော့....လွီဇာက မပါဘူးလား”

“ကျွန်မ က လစ်စဘွန်းမပြောနဲ့......ပေါ်တူဂီကိုလိုနီဂိုအာကိုတောင် မရောက်ဖူးဘူး..ဒါပေမယ့် ကျွန်မ တစ်နေ့မှာ ကျွန်မလူမျိုးတွေကို ကျွန်မတို့ ဘိုးဘွားတွေတိုင်းပြည်ဆီ ရောက်အောင်ပြန်ခေါ်သွားမယ်လို့ စိတ်ကူးဖူးတယ်..အဲ့ဒီအတွက်လည်း ကျွန်မ အမြဲတမ်း ကြံစည်နေတယ်..ဒါပေမယ့် ကျွန်မတို့ရဲ့ ပေါ်တူဂီအစိုးရက ကမ္ဘာ့ရေကြောင်းစစ်အင်အားမှာ အရမ်အားနည်းသွားပြီ...သူတို့ခေတ်လည်း ကုန်သွားခဲ့ပြီ..သူတို့ဆီက အကူအညီကို ကျွန်မ မမျှော်လင့်တော့ဘူး..ကိုယ့်ဘာသာကိုယ်ပဲ ရတဲ့နည်းနဲ့ ရုန်းကန်တော့မယ်လို့ ဆုံးဖြတ်ထားတယ်”

မီလပ်စ်က ပါးစပ်အဟောင်းသားဖြင့် လွီဇာကို ကြည့်လိုက်သည်။

“ခင်ဗျားက....စိတ်ဝင်စားဖို့ကောင်းတဲ့ အမျိုးသမီးပဲ..လွီဇာ...မနက်ဖြန် ဘရူနို နဲ့ တွေ့တဲ့အခါ...သူတို့က အင်းဝအခြေအနေရယ်..ဟံသာဝတီအခြေအနေရယ်ကို မင်းဆီက နှိုက်ထုတ်လိမ့်မယ်..ပြီးတော့ အင်းဝ နဲ့ ဟံသာဝတီ နှစ်နေရာလုံးမှာ နှံ့စပ်နေတဲ့ ဗရင်ဂျီဘာသာဝင်တစ်ယောက်အနေနဲ့ မင်းဆီကနေ ပြင်သစ်ဟာ အကူအညီတစ်ခုတောင်းလိမ့်မယ်.......အဲဒီအခါကျ....မင်းကိစ္စကိုလည်း ပြောဖြစ်အောင် ပြောပါ.. ကျုပ်ပြင်သစ်တွေဟာ ဈေးဆစ်တတ်ကြတယ်....ဒါပေမယ့် သူတို့အတွက် အကျိုးအမြတ်များမယ့်ကိစ္စဆို...ကြာကြာဈေးမဆစ်တတ်ကြပါဘူး....ဒီတော့ ဘရူနိုနဲ့ ဆွေးနွေးတဲ့အခါ ကိုယ်လိုချင်တာကို ရအောင် အရင်တောင်းပါ.....သူစိတ်မဝင်စားတောင်...ဘုရင်ခံချုပ်ဆီ ဒီသတင်းရောက်သွားတဲ့အခါ....အပေးအယူတစ်ခုအနေနဲ့ အကျိုးဖြစ်လာနိုင်တယ်”

မီလပ်စ်၏ စကားကြောင့် လွီဇာ၏ မျက်လုံးများ အရောင်လက်သွားသည်။

“.ကျွန်တော် တို့ သင်္ဘောမထွက်ခင် တလလောက် ဒီမှာ ကြာဉီးမှာ..ခင်ဗျားရဲ့ မိတ်ဆွေအဖြစ် ဟံသာဝတီကို လာလည်ချင်ပါသေးတယ်..ပြီးတော့ ခင်ဗျားကို စမြင်လိုက်ရတဲ့ ဟော့ဒီည ရဲ့ အခိုက်အတန့်မှာ ကျွန်တော့်ရင်ထဲ ဘာတွေဖြစ်နေလဲဆိုတာ..... ”

မီလပ်စ်က စကားကို ဆက်မပြောသေးပဲ ရပ်နေလိုက်၏။

“မွန်စီယာ..ကျေးဇူးပြုပြီး”

ထိုအချိန်တွင် လွီဇာ၏ ပုခုံးကို လူတစ်ဉီးက လာကိုင်ကာ ခွင့်တောင်းလိုက်သည်။

ဖာသာနာရနေီ။

“ဖာသာ...လာထိုင်ပါ..ဒါ ကျွန်မမိတ်ဆွေ ရေတပ်ဗိုလ် မွန်စီယာမီလပ်စ်ပါ..ဒါက သန်လျင်ဘာနာဗိုက်အသင်းတော်က အီတာလျံဘုန်းတော်ကြီး နာရေနီပါ”

နာရေနီ နှင့် မီလပ်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

မီလပ်စ်က ပြောလက်စ စကားရပ်တန့်ခံလိုက်ရသဖြင့် အိုးတို့အန်းတန်းဖြစ်သွား၏။

“လွီဇာ ကျုပ် စကားပြောစရာရှိလို့.ကိုယ်ရေးကိုယ်တာမို့ အရေးကြီးတယ်”

နာရေနီ၏ စကားကြောင့် မီလပ်စ်က သူတို့ကို နှုတ်ဆက်ကာ ထထွက်သွားသည်။

“ဖာသာ ဘာဖြစ်လို့လဲ”

“လွီဇာ ဟံသာဝတီကို ဘယ်တော့ပြန်မလဲ”

“ဒီမှာ နှစ်ရက်လောက်တော့ ကြာဉီးမယ်”

“သူ့ကို မှာလိုက်စရာရှိလို့”

“ဘယ်သူ့ကိုလဲ”

နာရေနီက ခေါင်းငုံ့လိုက်သည်။

“လက်ျာဗိုလ်”

လွီဇာ ပြုံးလိုက်၏။

“အင်း ပြောပေးမယ်လေ..ဘာများလဲ”
“ကျုပ်တို့နှစ်ယောက်အခြေအနေကို ဖာသာဂါလစ်စီယာက လုံးဝမကြိုက်တာ လွီဇာလည်းသိပါတယ်. လက်ျာဗိုလ်ကိုတော့ မြို့စောင့်တပ်မှူးမို့ သူ မပြောရဲဘူး.....အခု ကျုပ်ကို တနင်္သာရီ ကို ပို့ဖို့ လုပ်နေပြီ.... ဘာတီကန်က အမိန့်ကို သူစောင့်နေတာ”

“အဲ့ဒါ ပြောပေးရမှာလား”

“ကျုပ် သံလျင်က နေ ဘယ်မှာ မသွားချင်ဘူး..အဓိက က ဘာတီကန်ဟာ ဟံသာဝတီမှာ ဘုရားရှိခိုးကျောင်းတစ်ခု ဖွင့်ဖို့ အားသန်နေတယ်...အင်းဝကလည်း အဲ့ဒီကိစ္စ ဘာအကြောင်းမှ မပြန်ဘူး..လက်ျာဗိုလ် က ဟံသာဝတီအုပ်ချုပ်ရေးပိုင်းထဲကမို့...သူ့ဆီကနေ.ဟံသာဝတီမှာ ဘုရားကျောင်းဖွင့်ဖို့ကိစ္စ သူကူညီမယ်လို့ နည်းနည်း လေသံပစ်ထားစေချင်တယ်....ပြီးရင် ကျုပ်ကို တနင်္သာရီ မပို့ဖို့ ဖာသာဂါလစ်စီယာကို မသိမသာလေး သတိပေးစေချင်တယ်.ကျုပ် သူနဲ့ မခွဲနိုင်ဘူး”

“ဘယ်သူနဲ့..မခွဲနိုင်တာတုန်း”

“ဘယ်သူရှိရမတုန်း..ရှင်တို့ မြို့စောင့်တပ်မှူးပေါ့”

ဖာသာနာရေနီက လွီဇာ၏ ပုခုံးကို ဆတ်ခနဲ ရိုက်လိုက်၏။ လွီဇာက တခစ်ခစ်ရယ်လိုက်သည်။

.................................................................................................................................................

၁၇၃၈ ခုနှစ်။ အောက်တိုဘာလ ၂၀ ရက်နေ့။

မဟာဓမ္မရာဇာဓိပတိ၏ ဘထွေးတော် ကိုးသိန်းသခင် ဉီးဆောင်သည့် အင်းဝစစ်ကြောင်းသည် ဟံသာဝတီ၊ ပြည်၊ မုတ္တမ၊ ရေး၊ ထားဝယ် မှ စစ်ကူများနှင့်အတူ ကသည်းတို့ရှိရာ ဒီပဲယင်းသို့ ချီတက်လာကြသည်။

ကသည်းတို့ကား ဒီပဲယင်းမြို့ကို မြေလှန်မီးတိုက်ကာ အထက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြပြီဖြစ်သည်။

ကိုးသိန်းသခင်၏ အမိန့်အရ မွန်စစ်သူကြီး သမိန်စက္ကရူ ဉီးဆောင်သည့် ဟံသာဝတီ၊ မုတ္တမ ရာမညစစ်ကြောင်း အဖွဲ့မှာ ရှေ့ဆုံးမှ အပြင်းချီတက်ကာ ကသည်းတို့အား အမှီလိုက်လေသည်။

ရာမညတပ်မှာ အယောင်ပြဆုတ်ခွာသွားသော ဂါရစ်နာဝဇ်၏ တပ်ဆီသို့အမှီလိုက်ပြီး ကိုးသိန်းသခင် နှင့် အခြားတပ်များမှ နောက်မှ ပုံမှန်သာ လိုက်လာခဲ့သည်။

ရာမညတပ်မှာ မင်းကင်းရှိ၊ သံပေါက်ချောင်း တစ်ဖက်ကမ်းတွင် စခန်းချနေသော ဂါရစ်နာဝဇ်၏ ကသည်းတပ်ကို တဖြည်းဖြည်း မှီလာခဲ့ပြီဖြစ်သည်။

ချောင်းတစ်ဖက်ကမ်းလွင်ပြင်ဆီမှ ဆင်များ၊ မြင်းများနှင့် အောင်စည်အောင်မောင်းသံတို့ က ကသည်းတပ်တွင်း ပျံ့လွင့်လာသည်။

ဂါရစ်နာဝဇ် ၏ ယာယီတဲနန်းအတွင်းသို့ ဝေါစီးအမတ် မဟာသျှန်သီ နှင့် သမားတော်ကြီးတို့ ဝင်လာ၏။

“ကောင်မလေးအတွက် အချိန်ကျပါပြီ..အရှင်မင်းမြတ်”

“သူ့ အခြေအနေရော”

“တိုက်နေကျ အားဆေးမြစ် ထဲ အိပ်ဆေးထည့်ထားပါပြီ..နောက်သုံးနာရီအကြာအထိ သူ သတိလစ်သလို အိပ်ပျော်နေပါလိမ့်မယ်”

“ငါမိန့်သလို ငါတို့ မဏိပူရတော်ဝင်သွေးကို ဘယ်ကိုမှ ရောယှက်ပါမသွားစေချင်ဘူးနော်..အဲ့ဒါကရော”

သမားတော်ကြီးမှာ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်၏။

“နောက် နေ့တဝက်လောက်ဆို....မရှိတော့ပါဘူး..အရှင်မင်းမြတ်”

“ကဲ..ဒါဆို တပ်ဆုတ်ဖို့ အချက်ပြလိုက်တော့”

သမိန်စက္ကရူ၏ တပ်များ သံပေါက်ချောင်းကို ကျော်ဖြတ်လာသည့်အခါ ညနေ နေဝင်ခဲ့ပြီဖြစ်သည်။ ကသည်းတို့ ချန်ထားရစ်သော စခန်းအဟောင်းကိုသာ တွေ့ရတော့၏။

ကသည်းတို့ကား ချောင်းဖျားသို့ ဆက်လက်ဆုတ်ခွာသွားပြီဖြစ်သည်။

သမိန်စက္ကရူသည် ကသည်းတို့ မသိမ်းဆည်းနိုင်သဖြင့် ကျန်ရစ်ခဲ့သော သေနတ်များကို စာရင်းပြုလုပ်ကာ လိုက်လံသိမ်းဆည်းနေ၏။

“ဗိုလ်မင်း..ဟိုးတဲ ထဲမှာ အမျိုးသမီးတစ်ယောက်  တွေ့လို့ ဖမ်းချုပ်ထားပါတယ်”

“ကသည်းမလား”

“ကသည်းနဲ့တော့ သိပ်မတူပါဘူး”

“ငါ့ရှေ့ခေါ်ခဲ့စမ်း”

နားလဲသည် ပြူးကြောင်သောမျက်လုံးအစုံဖြင့် မွန်စစ်သားတို့ ဆွဲခေါ်ရာသို့ လိုက်လာခဲ့၏။

နေ့လည်က သမားတော်ကြီးတိုက်သော ဆေးကို သောက်ပြီး သူမအိပ်ပျော်သွားသည်မှာ ကသည်းတို့၏ ယာယီတပ်စခန်းတွင်ဖြစ်သည်။

ယခု သူမ နိုးလာသည့်အခါ ကသည်းတပ်စခန်းတွင် မွန်စစ်သားများကိုသာတွေ့ရတော့သည်။

သမိန်စက္ကရူက သူ့ရှေ့တွင် မတ်တပ်ရပ်နေသော အမျိုးသမီးကို သေချာကြည့်လိုက်၏။

“မယ်မင်း..ဗမာစကားတတ်လား”

“တတ်ပါတယ်”

“ကသည်းမလား”

နားလဲ က အခြေအနေကို အကဲခတ်လိုက်သည်။ သူတို့ချင်း စကားပြောသံများမှာ ဗမာစကားမဟုတ်ပဲ မွန်စကားများဖြစ်နေသည်ကို နားလဲသဘောပေါက်လိုက်သည်။

မတ္တရာတွင်နေစဉ်က အနီးအနားရွာများရှိ မွန်များ၏ စကားပြောသံကို နားလဲ ကျက်မိပြီးသားဖြစ်၏။

“ကျွန်မ..ကွေ့လူမျိုးပါ... မတ္တရာဘက်ကပါ....ဒီပဲရင်းမှာ အလုပ်လာလုပ်ရင်း သူတို့က သုံ့ပန်းအဖြစ် ဖမ်းလာကြတာပါ”

“သေချာလို့လား....မယ်မင်းကြည့်ရတာ...”

သမိန်စက္ကရူသည် ထိုင်နေရာမှ အလန့်တကြားထရပ်ပြီး နားလဲ၏ အောက်ပိုင်းကို သေချာကြည့်နေသည်။

ပေါင်ကြားဆီမှ စီးဆင်းလာသော ညိုညစ်ညစ်သွေးများက နားလဲ၏ ခြေရင်းတွင် အိုင်ထွန်းစပြုလာသည်။

နားလဲ က သမိန်စက္ကရူ၏ အပြုအမူကြောင့် သူ့အောက်ပိုင်းသို့ ငုံ့ကြည့်လိုက်၏။

ထိုအခါကျမှ သူမ၏ ဝမ်းဗိုက်ဆီမှ နာကြင်သည့်ဝေဒနာကို ခံစားလာရတော့သည်။

နားလဲ ရုတ်တရက် ပျော့ခွေသွားသည်။

အနီးတွင်ရှိသော မွန်စစ်သားက နားလဲကို ပွေ့ထူလိုက်၏။

သမိန်စက္ကရူက ထိုင်နေရာမှ ထလာကာ နားလဲ အနီးတွင် ဒူးထောက်လိုက်သည်။

“ကိုယ်ဝန်ပျက်တာပဲ...သမားတော်ဆီ အမြန်ခေါ်သွား”

 

ခက်ဇော်

(Zawgyi)

AVA 1740s

                                            အခန္း(၂၈)    

                                ...............................................

၁၇၃၈ ​ေအာက္တိုဘာလ၊သန္လ်င္ၿမိဳ႕။

ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီပိုင္ သေဘၤာက်င္း၏ အပန္းေျဖခန္းမသည္ စကားေျပာသံမ်ား ၊ ရယ္သံမ်ားႏွင့္ ဆူညံေန၏။

သံလ်င္သေဘၤာက်င္းတြင္ ေဆာက္လုပ္ႏိုင္ခဲ့သည့္ ျပင္သစ္တို႔၏ လာဖလာရိ (La Fulvy) သေဘၤာႀကီး ကို ေရခ်ႏိုင္သည့္ အထိမ္းအမွတ္ပါတီပြဲျဖစ္သည္။

ျပင္သစ္တို႔ႏွင့္ ပင္လယ္ျပင္တြင္ အားၿပိဳင္ေနၾကေသာ အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီအရာရွိမ်ားမွအပ သန္လ်င္ႏွင့္ ဟံသာဝတီတြင္ ေရာက္ရွိေနေသာ ျပင္သစ္၊ ေပၚတူဂီ၊ ဒတ္ခ်္ ၊ အာေမးနီးယန္း စေသာ အေနာက္တိုင္းသားမ်ားအားလုံး နီးပါးတက္ေရာက္ၾကသည္။

ထူးထူးျခားျခား ျပင္သစ္ပိုင္ ပြန္ဒီခ်ယ္ရီမွ အထူးအရာရွိ ဆာဘ႐ူႏို ကိုယ္တိုင္ သေဘၤာေရခ်ပြဲသို႔ တက္ေရာက္သည္။

အေနာက္တိုင္းသားတို႔ၾကားတြင္ အင္းဝသူတို႔၏ ဝတ္စုံကို ထူးထူးျခားျခားဝတ္ဆင္ထားသည့္ လြီဇာ ကို အားလုံးက သတိထားမိၾက၏။

လြီဇာသည္ ခုံတန္းလ်ားတစ္ခုတြင္ထိုင္ကာ အာေမးနီးယန္းကုန္သည္မ်ား ႏွင့္ စကားလက္ဆုံက်ေန၏။

ခဏအၾကာတြင္ သူတို႔ဝိုင္းရွိရာသို႔ ျပင္သစ္ကုမၸဏီကိုယ္စားလွယ္ လာႏို ေရာက္လာသည္။

“လြီဇာ....မင္းကို ဆာဘ႐ူႏိုက သူ႔ဝိုင္းဆီ ဖိတ္ခိုင္းလိုက္ပါတယ္..က်ဳပ္ သူ႔ကို မင္းနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္”

လြီဇာက အာေမးနီးယန္းကုန္သည္မ်ားကို ခြင့္ေတာင္းကာ လာႏို ႏွင့္ လိုက္ပါသြားသည္။

ပါတီပြဲ၏ အထူးဧည့္သည္ေတာ္ဝိုင္းတြင္ ဆာဘ႐ူႏိုသည္ ဘရန္ဒီတစ္ခြက္ကို ဇိမ္ခံလ်က္ ေသာက္ေနသည္။

သူ၏ နေဘးနားတြင္ ျပင္သစ္ဘုန္းေတာ္ႀကီး ဝီတိုနီ၊ ျပင္သစ္ေရေၾကာင္းသြားလာေရးအရာရွိ ပူအယ္(Puel)၊ သေဘၤာလုံၿခဳံေရးလိုက္ပါလာသည့္ ျပင္သစ္ေရတပ္မွ စစ္ဗိုလ္ကေလး ခ်ီဗားလီယားမီးလပ္စ္ တို႔ က ရယ္ေမာကာ စကားေျပာေနၾက၏။

လြီဇာ ေရာက္လာသည့္အခါ ပုရိသတို႔၏စကားဝိုင္းမွာ ေခတၱမွ် တိတ္ဆိတ္သြားၾကသည္။

“ဒါကေတာ့ မစ္စ္လြီဇာဒီမဲလိုးပါ..မြန္စီယာတို႔၊ အင္းဝနန္းေတာ္ကို ယမကာအထူးတင္သြင္းခြင့္ရထားတဲ့ ေပၚတူဂီလူမ်ိဳး ကုန္သည္ေတာ္ႀကီးပါ ၊ ကုန္သည္ႀကီးဟာ အင္းဝမွာေမြးဖြားခဲ့တဲ့ အင္းဝသူစစ္စစ္ပါ”

“ဒါကေတာ့ မြန္စီယာ ဆာဘ႐ူႏို...ပြန္ဒီခ်ယ္ရီျပင္သစ္ဘုရင္ခံမင္းျမတ္ မြန္ဆီယာဒူဘေလ ရဲ႕ အထူးအားထားရတဲ့ သံတမန္ႀကီးေပါ့”

အသက္ (၄၀)ခန႔္ရွိ ဆာဘ႐ူႏို သည္ နီစပ္စပ္အသားအရည္၊ ႏွာေခါင္းခြၽန္ခြၽန္ႏွင့္  ပါးျပင္ေပၚမွ အျဖဴေရာင္အမာ႐ြတ္ႀကီးကို လြီဇာ သတိထားမိလိုက္၏။

“အေနာက္တိုင္းအလွနဲ႔ အင္းဝသူေလးတစ္ေယာက္ ကို ဖိတ္ေခၚခြင့္ရတဲ့အတြက္ ဂုဏ္ယူပါတယ္”

ဘ႐ူႏိုက လက္ကမ္းေပးသည္။ လြီဇာက ႏႈတ္ဆက္လိုက္၏။

“ဒါကေတာ့ ျပင္သစ္ဘုန္းေတာ္ႀကီး ဝီတိုနီ ပါ..သေဘၤာက်င္းက ျပင္သစ္အရာရွိေတြ၊ လုပ္သားေတြအတြက္ ဘာသာေရးကိစၥမ်ားေဆာင္႐ြက္ေပးဖို႔လိုက္ပါလာတာပါ၊ ဒါကေတာ့ မြန္စီယာပူအယ္ ပါ...အေရွ႕အာရွျပင္သစ္သေဘၤာမ်ားရဲ႕ ေရေၾကာင္းသြားလာေရးအရာရွိခ်ဳပ္ပါ”

ဘုန္းေတာ္ႀကီး၏ ခပ္ဝဝခႏၶာကိုယ္၊ မ်က္ႏွာၿပဲၿပဲႀကီး ႏွင့္ သူ႔နဖူးေပၚမွ သံပုရာခြံဉီးထုပ္ေလးမွာ မလိုက္ဖက္လွ။

ေရေၾကာင္းအရာရွိ ပူအယ္မွာမူ အသက္ (၃၀)ဝန္းက်င္၊ ႏႈတ္ခမ္းေမႊးအနီေရာင္ျဖင့္ အျပာေရာင္မ်က္လုံးပိုင္ရွင္ျဖစ္သည္။

“သူကေတာ့ ကြၽန္ေတာ္တို႔ရဲ႕လုံၿခဳံေရးအတြက္ အားကိုးရတဲ့ ေရတပ္ဗိုလ္ေလး ခ်ီဗားလီယားမီးလပ္စ္ ပါ”

မီးလပ္စ္သည္ အသက္ ႏွစ္ဆယ္ေက်ာ္ေက်ာ္သာရွိဉီးမည့္ လူငယ္ေလးျဖစ္သည္။ သေဘၤာသားတို႔၏ ေနေလာင္ေသာမ်က္ႏွာႏုႏုေပၚတြင္ ေ႐ႊေရာင္ဆံပင္အေခြေလးမ်ား က ဝဲက်ေန၏။

(ခ်ီဗားလီယားမီးလပ္စ္သည္ ဆင္ျဖဴရွင္မင္းလက္ေအာက္တြင္ အမႈထမ္းကာ တ႐ုတ္ - ျမန္မာ စစ္ပြဲတြင္ အားကိုးရေသာ တပ္မႉးတစ္ဉီးအျဖစ္ ေရွ႕တန္းမွ ႐ြပ္႐ြပ္ခြၽံခြၽံဝင္ေရာက္တိုက္ခိုက္ေပးခဲ့သူျဖစ္သည္။ ေနာက္ပိုင္းတြင္ ဆင္ျဖဴရွင္မင္း၏ အထူးမ်က္ႏွာသာေပးခံရေသာ စစ္သူႀကီးျဖစ္လာသည္)

လြီဇာက မီလပ္စ္ကို လက္ဆြဲႏႈတ္ဆက္ရန္ လက္ကမ္းေပးလိုက္သည္။

မီလပ္စ္ က လြီဇာ၏ လက္ကို ဆြဲယူကာ နမ္းလိုက္၏။

“ငယ္ငယ္က ဂရိပုံျပင္ေတြဖတ္ဖူးေပမယ့္..နတ္သမီးတစ္ေယာက္ရဲ႕ လက္ဖဝါးကို နမ္းရမယ္လို႔ေတာ့ ကြၽန္ေတာ္ ဘယ္ေတာ့မွ ေမွ်ာ္လင့္မထားခဲ့ဖူးပါဘူး”

မီလပ္စ္၏ စကားေၾကာင့္ တဝိုင္းလုံးမွ လူမ်ားက သေဘာတက် ရယ္လိုက္ၾကသည္။

မီလပ္စ္က သူထိုင္လက္စ ခုံမွ ထကာ လြီဇာကို ထိုင္ရန္ ေနရာေပးလိုက္၏။

“ေကာင္းကင္ဘုံက ဆင္းလာတဲ့ အလွတရားအတြက္ ကြၽန္ေတာ္ မတ္တပ္ရပ္ေပးရတာ တန္ပါတယ္”

ဒီတႀကိမ္တြင္ေတာ့ လြီဇာပါ ၿပဳံးလိုက္မိ၏။

“ကဲ...ဗိုလ္ေလးမီးလပ္စ္ ရဲ႕ ကဗ်ာေတြ ႐ြတ္တာခဏရပ္ပါဉီး...က်ဳပ္တို႔က အင္းဝၿမိဳ႕ေတာ္ကို နာမည္သာ ၾကားဖူးတာ မေရာက္ဖူးၾကေတာ့..အင္းဝၿမိဳ႕ေတာ္အေၾကာင္း ကုန္သည္ႀကီးဆီက နားဆင္ပါရေစဉီး”

ဆာဘ႐ူႏိုက လြီဇာအတြက္ စကားလမ္းစေဖာ္ေပးလိုက္သည္။

လြီဇာကား သူမ၏ အလွတရား၊ သြက္လက္သည့္စကားဟန္ပန္တို႔ျဖင့္ ခဏခ်င္းပင္ ထိုစကားဝိုင္းကို ထိန္းခ်ဳပ္ႏိုင္လိုက္၏။

“က်ဳပ္ကို ခဏခြင့္ျပဳပါဉီး..ဟိုမွာ မိတ္ေဆြ ဘုန္းေတာ္ႀကီးေတြ ေရာက္လာလို႔ပါ”

ဖာသာဝီတိုနီက ဝိုင္းမွ ထလိုက္သည္။ ဖာသာဝီတိုနီ ၫႊန္ျပရာသို႔ လြီဇာၾကည့္လိုက္၏။

သန္လ်င္ဘာနာဘိုက္ေက်ာင္းေတာ္မွ ဖာသာဂါလစ္ဇီယာ ႏွင့္ ဖာသာနာေရနီ တို႔ကို ေတြ႕လိုက္ရသည္။

ဘရန္ဒီတစ္လုံးခန႔္ ကုန္သြားၿပီျဖစ္သျဖင့္ အျခားသူမ်ားမွာလည္း အေတာ္ပင္ ခရီးေရာက္ေနၾကၿပီျဖစ္၏။

“ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီအေနနဲ႔လည္း မစ္စ္လြီဇာ နဲ႔ အလုပ္လုပ္စရာေတြ ေနာက္ပိုင္းရွိလာႏိုင္ပါတယ္..အဲ့ဒီအတြက္ မနက္ျဖန္က် သေဘၤာက်င္း႐ုံးခန္းမွာ က်ဳပ္တို႔ သီးသန႔္ ေဆြးေႏြးဖို႔ ဖိတ္ေခၚပါတယ္...မစ္စ္လြီဇာအေနနဲ႔ လက္ခံႏိုင္ပါ့မလား”

ဘ႐ူႏို၏ မ်က္လုံးထဲတြင္ လွ်ိဳ႕ဝွက္ေသာအရိပ္အေယာင္မ်ားကိုလြီဇာ ျမင္လိုက္ရသည္။

“ဟုတ္ကဲ့...ကြၽန္မ လာခဲ့ပါ့မယ္”

“ဒါဆို က်ဳပ္ကို ခြင့္ျပဳပါဉီး..တျခားသေဘၤာအရာရွိေတြကိုလည္း သြားႏႈတ္ဆက္ခ်င္လို႔ပါ”

ဘ႐ူႏိုက ဝိုင္းမွထသြား၏။ ေရေၾကာင္းအရာရွိ ပူအယ္ကလည္း ဒတ္ခ်္အမ်ိဳးသမီးတစ္ဉီးႏွင့္ အတူ ထြက္ခြာသြားၿပီျဖစ္သည္။

ထိုဝိုင္းတြင္ မီးလပ္စ္ ႏွင့္ လြီဇာတို႔သာ က်န္ရစ္ေတာ့၏။

မီးလပ္စ္က ဘရန္ဒီပုလင္းအသစ္ကို ေဖာက္လိုက္ၿပီး လြီဇာ ထံ ငွဲ႔ေပးလိုက္သည္။

“ေတာ္ၿပီ..ကြၽန္မ မ်ားေနၿပီ”

“လြီဇာလို႔ပဲ ကြၽန္ေတာ္ ရင္းရင္းႏွီးႏွီးေခၚလို႔ရမလား”

“ရပါတယ္..ဗိုလ္ေလး”

“မီးလပ္စ္လို႔ပဲ ေခၚပါ”

“ဟုတ္ကဲ့”

“လြီဇာ က အင္းဝမွာပဲ ေမြးတာေပါ့”

“ဟုတ္ပါတယ္”

“လြီဇာ ရဲ႕ ျပင္သစ္စကားေျပာက အေတာ္ေကာင္းတာပဲ”

“ကြၽန္မက အင္းဝဆိပ္ကမ္းမွာ ကုန္သည္လုပ္လာတာပါ..အရက္လည္းေရာင္းဖူးတယ္..ဂင္ဇာေမွာင္ခိုလည္း လုပ္ခဲ့ဖူးတယ္....ေပၚတူဂီ၊ ဒတ္ခ်္ စကားေတြတတ္တယ္၊ ဟံသာဝတီကို ေရာက္တဲ့ႏွစ္ေတြမွာ ျပင္သစ္စကားနဲ႔ အဂၤလိပ္စကားကိုလည္း ေျပာတတ္သြားတယ္”

“အား...ကြၽန္ေတာ္ေတာင္ (၁၄)ႏွစ္သားကတည္းက ေရတပ္သားဘဝ နဲ႔ ကမာၻပတ္ခဲ့တာ..ဘာသာစကားေတြ အဲ့ဒီေလာက္ မတတ္ဘူးဗ်..လစ္စဘြန္းဆိပ္ကမ္း မွာ တစ္ႏွစ္လုံးေနဖူးေပမယ့္.ေပၚတူဂီစကားလုံးဝမတတ္ခဲ့ဘူး..ခင္ဗ်ားက ေတာ္ေတာ္မ်ားမ်ား ကို တတ္တာပဲ”

“ဘယ္အရာမဆို စိတ္ဝင္စားမႈရွိရင္ လြယ္ပါတယ္”

“အင္း..ဒီေျမမွာေမြးေပမယ့္...အသြင္အျပင္ေတြ ကိုးကြယ္မႈေတြကအစ ဒီက ဗမာေတြနဲ႔ ကြာျခားေနေတာ့ ဘယ္လိုခံစားရလဲ.အဆင္ေျပၾကရဲ႕လား”

“ကြၽန္မတို႔က ဧည့္သည္ေတြပါပဲ...ဒါေပမယ့္...ေပၚတူဂီထက္စာရင္ေတာ့ ဒီေျမကို သူတို႔ ပိုရင္းႏွီးၾကပါတယ္ေလ”

“သူတို႔ ဆိုေတာ့....လြီဇာက မပါဘူးလား”

“ကြၽန္မ က လစ္စဘြန္းမေျပာနဲ႔......ေပၚတူဂီကိုလိုနီဂိုအာကိုေတာင္ မေရာက္ဖူးဘူး..ဒါေပမယ့္ ကြၽန္မ တစ္ေန႔မွာ ကြၽန္မလူမ်ိဳးေတြကို ကြၽန္မတို႔ ဘိုးဘြားေတြတိုင္းျပည္ဆီ ေရာက္ေအာင္ျပန္ေခၚသြားမယ္လို႔ စိတ္ကူးဖူးတယ္..အဲ့ဒီအတြက္လည္း ကြၽန္မ အၿမဲတမ္း ႀကံစည္ေနတယ္..ဒါေပမယ့္ ကြၽန္မတို႔ရဲ႕ ေပၚတူဂီအစိုးရက ကမာၻ႔ေရေၾကာင္းစစ္အင္အားမွာ အရမ္အားနည္းသြားၿပီ...သူတို႔ေခတ္လည္း ကုန္သြားခဲ့ၿပီ..သူတို႔ဆီက အကူအညီကို ကြၽန္မ မေမွ်ာ္လင့္ေတာ့ဘူး..ကိုယ့္ဘာသာကိုယ္ပဲ ရတဲ့နည္းနဲ႔ ႐ုန္းကန္ေတာ့မယ္လို႔ ဆုံးျဖတ္ထားတယ္”

မီလပ္စ္က ပါးစပ္အေဟာင္းသားျဖင့္ လြီဇာကို ၾကည့္လိုက္သည္။

“ခင္ဗ်ားက....စိတ္ဝင္စားဖို႔ေကာင္းတဲ့ အမ်ိဳးသမီးပဲ..လြီဇာ...မနက္ျဖန္ ဘ႐ူႏို နဲ႔ ေတြ႕တဲ့အခါ...သူတို႔က အင္းဝအေျခအေနရယ္..ဟံသာဝတီအေျခအေနရယ္ကို မင္းဆီက ႏႈိက္ထုတ္လိမ့္မယ္..ၿပီးေတာ့ အင္းဝ နဲ႔ ဟံသာဝတီ ႏွစ္ေနရာလုံးမွာ ႏွံ႔စပ္ေနတဲ့ ဗရင္ဂ်ီဘာသာဝင္တစ္ေယာက္အေနနဲ႔ မင္းဆီကေန ျပင္သစ္ဟာ အကူအညီတစ္ခုေတာင္းလိမ့္မယ္.......အဲဒီအခါက်....မင္းကိစၥကိုလည္း ေျပာျဖစ္ေအာင္ ေျပာပါ.. က်ဳပ္ျပင္သစ္ေတြဟာ ေဈးဆစ္တတ္ၾကတယ္....ဒါေပမယ့္ သူတို႔အတြက္ အက်ိဳးအျမတ္မ်ားမယ့္ကိစၥဆို...ၾကာၾကာေဈးမဆစ္တတ္ၾကပါဘူး....ဒီေတာ့ ဘ႐ူႏိုနဲ႔ ေဆြးေႏြးတဲ့အခါ ကိုယ္လိုခ်င္တာကို ရေအာင္ အရင္ေတာင္းပါ.....သူစိတ္မဝင္စားေတာင္...ဘုရင္ခံခ်ဳပ္ဆီ ဒီသတင္းေရာက္သြားတဲ့အခါ....အေပးအယူတစ္ခုအေနနဲ႔ အက်ိဳးျဖစ္လာႏိုင္တယ္”

မီလပ္စ္၏ စကားေၾကာင့္ လြီဇာ၏ မ်က္လုံးမ်ား အေရာင္လက္သြားသည္။

“.ကြၽန္ေတာ္ တို႔ သေဘၤာမထြက္ခင္ တလေလာက္ ဒီမွာ ၾကာဉီးမွာ..ခင္ဗ်ားရဲ႕ မိတ္ေဆြအျဖစ္ ဟံသာဝတီကို လာလည္ခ်င္ပါေသးတယ္..ၿပီးေတာ့ ခင္ဗ်ားကို စျမင္လိုက္ရတဲ့ ေဟာ့ဒီည ရဲ႕ အခိုက္အတန႔္မွာ ကြၽန္ေတာ့္ရင္ထဲ ဘာေတြျဖစ္ေနလဲဆိုတာ..... ”

မီလပ္စ္က စကားကို ဆက္မေျပာေသးပဲ ရပ္ေနလိုက္၏။

“မြန္စီယာ..ေက်းဇူးျပဳၿပီး”

ထိုအခ်ိန္တြင္ လြီဇာ၏ ပုခုံးကို လူတစ္ဉီးက လာကိုင္ကာ ခြင့္ေတာင္းလိုက္သည္။

ဖာသာနာရေနီ။

“ဖာသာ...လာထိုင္ပါ..ဒါ ကြၽန္မမိတ္ေဆြ ေရတပ္ဗိုလ္ မြန္စီယာမီလပ္စ္ပါ..ဒါက သန္လ်င္ဘာနာဗိုက္အသင္းေတာ္က အီတာလ်ံဘုန္းေတာ္ႀကီး နာေရနီပါ”

နာေရနီ ႏွင့္ မီလပ္တို႔ လက္ဆြဲႏႈတ္ဆက္လိုက္ၾကသည္။

မီလပ္စ္က ေျပာလက္စ စကားရပ္တန႔္ခံလိုက္ရသျဖင့္ အိုးတို႔အန္းတန္းျဖစ္သြား၏။

“လြီဇာ က်ဳပ္ စကားေျပာစရာရွိလို႔.ကိုယ္ေရးကိုယ္တာမို႔ အေရးႀကီးတယ္”

နာေရနီ၏ စကားေၾကာင့္ မီလပ္စ္က သူတို႔ကို ႏႈတ္ဆက္ကာ ထထြက္သြားသည္။

“ဖာသာ ဘာျဖစ္လို႔လဲ”

“လြီဇာ ဟံသာဝတီကို ဘယ္ေတာ့ျပန္မလဲ”

“ဒီမွာ ႏွစ္ရက္ေလာက္ေတာ့ ၾကာဉီးမယ္”

“သူ႔ကို မွာလိုက္စရာရွိလို႔”

“ဘယ္သူ႔ကိုလဲ”

နာေရနီက ေခါင္းငုံ႔လိုက္သည္။

“လက္်ာဗိုလ္”

လြီဇာ ၿပဳံးလိုက္၏။

“အင္း ေျပာေပးမယ္ေလ..ဘာမ်ားလဲ”
“က်ဳပ္တို႔ႏွစ္ေယာက္အေျခအေနကို ဖာသာဂါလစ္စီယာက လုံးဝမႀကိဳက္တာ လြီဇာလည္းသိပါတယ္. လက္်ာဗိုလ္ကိုေတာ့ ၿမိဳ႕ေစာင့္တပ္မႉးမို႔ သူ မေျပာရဲဘူး.....အခု က်ဳပ္ကို တနသၤာရီ ကို ပို႔ဖို႔ လုပ္ေနၿပီ.... ဘာတီကန္က အမိန႔္ကို သူေစာင့္ေနတာ”

“အဲ့ဒါ ေျပာေပးရမွာလား”

“က်ဳပ္ သံလ်င္က ေန ဘယ္မွာ မသြားခ်င္ဘူး..အဓိက က ဘာတီကန္ဟာ ဟံသာဝတီမွာ ဘုရားရွိခိုးေက်ာင္းတစ္ခု ဖြင့္ဖို႔ အားသန္ေနတယ္...အင္းဝကလည္း အဲ့ဒီကိစၥ ဘာအေၾကာင္းမွ မျပန္ဘူး..လက္်ာဗိုလ္ က ဟံသာဝတီအုပ္ခ်ဳပ္ေရးပိုင္းထဲကမို႔...သူ႔ဆီကေန.ဟံသာဝတီမွာ ဘုရားေက်ာင္းဖြင့္ဖို႔ကိစၥ သူကူညီမယ္လို႔ နည္းနည္း ေလသံပစ္ထားေစခ်င္တယ္....ၿပီးရင္ က်ဳပ္ကို တနသၤာရီ မပို႔ဖို႔ ဖာသာဂါလစ္စီယာကို မသိမသာေလး သတိေပးေစခ်င္တယ္.က်ဳပ္ သူနဲ႔ မခြဲႏိုင္ဘူး”

“ဘယ္သူနဲ႔..မခြဲႏိုင္တာတုန္း”

“ဘယ္သူရွိရမတုန္း..ရွင္တို႔ ၿမိဳ႕ေစာင့္တပ္မႉးေပါ့”

ဖာသာနာေရနီက လြီဇာ၏ ပုခုံးကို ဆတ္ခနဲ ႐ိုက္လိုက္၏။ လြီဇာက တခစ္ခစ္ရယ္လိုက္သည္။

.................................................................................................................................................

၁၇၃၈ ခုႏွစ္။ ေအာက္တိုဘာလ ၂၀ ရက္ေန႔။

မဟာဓမၼရာဇာဓိပတိ၏ ဘေထြးေတာ္ ကိုးသိန္းသခင္ ဉီးေဆာင္သည့္ အင္းဝစစ္ေၾကာင္းသည္ ဟံသာဝတီ၊ ျပည္၊ မုတၱမ၊ ေရး၊ ထားဝယ္ မွ စစ္ကူမ်ားႏွင့္အတူ ကသည္းတို႔ရွိရာ ဒီပဲယင္းသို႔ ခ်ီတက္လာၾကသည္။

ကသည္းတို႔ကား ဒီပဲယင္းၿမိဳ႕ကို ေျမလွန္မီးတိုက္ကာ အထက္ဘက္သို႔ ျပန္လည္ဆုတ္ခြာသြားၾကၿပီျဖစ္သည္။

ကိုးသိန္းသခင္၏ အမိန႔္အရ မြန္စစ္သူႀကီး သမိန္စကၠ႐ူ ဉီးေဆာင္သည့္ ဟံသာဝတီ၊ မုတၱမ ရာမညစစ္ေၾကာင္း အဖြဲ႕မွာ ေရွ႕ဆုံးမွ အျပင္းခ်ီတက္ကာ ကသည္းတို႔အား အမွီလိုက္ေလသည္။

ရာမညတပ္မွာ အေယာင္ျပဆုတ္ခြာသြားေသာ ဂါရစ္နာဝဇ္၏ တပ္ဆီသို႔အမွီလိုက္ၿပီး ကိုးသိန္းသခင္ ႏွင့္ အျခားတပ္မ်ားမွ ေနာက္မွ ပုံမွန္သာ လိုက္လာခဲ့သည္။

ရာမညတပ္မွာ မင္းကင္းရွိ၊ သံေပါက္ေခ်ာင္း တစ္ဖက္ကမ္းတြင္ စခန္းခ်ေနေသာ ဂါရစ္နာဝဇ္၏ ကသည္းတပ္ကို တျဖည္းျဖည္း မွီလာခဲ့ၿပီျဖစ္သည္။

ေခ်ာင္းတစ္ဖက္ကမ္းလြင္ျပင္ဆီမွ ဆင္မ်ား၊ ျမင္းမ်ားႏွင့္ ေအာင္စည္ေအာင္ေမာင္းသံတို႔ က ကသည္းတပ္တြင္း ပ်ံ႕လြင့္လာသည္။

ဂါရစ္နာဝဇ္ ၏ ယာယီတဲနန္းအတြင္းသို႔ ေဝါစီးအမတ္ မဟာသွ်န္သီ ႏွင့္ သမားေတာ္ႀကီးတို႔ ဝင္လာ၏။

“ေကာင္မေလးအတြက္ အခ်ိန္က်ပါၿပီ..အရွင္မင္းျမတ္”

“သူ႔ အေျခအေနေရာ”

“တိုက္ေနက် အားေဆးျမစ္ ထဲ အိပ္ေဆးထည့္ထားပါၿပီ..ေနာက္သုံးနာရီအၾကာအထိ သူ သတိလစ္သလို အိပ္ေပ်ာ္ေနပါလိမ့္မယ္”

“ငါမိန႔္သလို ငါတို႔ မဏိပူရေတာ္ဝင္ေသြးကို ဘယ္ကိုမွ ေရာယွက္ပါမသြားေစခ်င္ဘူးေနာ္..အဲ့ဒါကေရာ”

သမားေတာ္ႀကီးမွာ စိတ္မေကာင္းဟန္ျဖင့္ သက္ျပင္းခ်လိုက္၏။

“ေနာက္ ေန႔တဝက္ေလာက္ဆို....မရွိေတာ့ပါဘူး..အရွင္မင္းျမတ္”

“ကဲ..ဒါဆို တပ္ဆုတ္ဖို႔ အခ်က္ျပလိုက္ေတာ့”

သမိန္စကၠ႐ူ၏ တပ္မ်ား သံေပါက္ေခ်ာင္းကို ေက်ာ္ျဖတ္လာသည့္အခါ ညေန ေနဝင္ခဲ့ၿပီျဖစ္သည္။ ကသည္းတို႔ ခ်န္ထားရစ္ေသာ စခန္းအေဟာင္းကိုသာ ေတြ႕ရေတာ့၏။

ကသည္းတို႔ကား ေခ်ာင္းဖ်ားသို႔ ဆက္လက္ဆုတ္ခြာသြားၿပီျဖစ္သည္။

သမိန္စကၠ႐ူသည္ ကသည္းတို႔ မသိမ္းဆည္းႏိုင္သျဖင့္ က်န္ရစ္ခဲ့ေသာ ေသနတ္မ်ားကို စာရင္းျပဳလုပ္ကာ လိုက္လံသိမ္းဆည္းေန၏။

“ဗိုလ္မင္း..ဟိုးတဲ ထဲမွာ အမ်ိဳးသမီးတစ္ေယာက္  ေတြ႕လို႔ ဖမ္းခ်ဳပ္ထားပါတယ္”

“ကသည္းမလား”

“ကသည္းနဲ႔ေတာ့ သိပ္မတူပါဘူး”

“ငါ့ေရွ႕ေခၚခဲ့စမ္း”

နားလဲသည္ ျပဴးေၾကာင္ေသာမ်က္လုံးအစုံျဖင့္ မြန္စစ္သားတို႔ ဆြဲေခၚရာသို႔ လိုက္လာခဲ့၏။

ေန႔လည္က သမားေတာ္ႀကီးတိုက္ေသာ ေဆးကို ေသာက္ၿပီး သူမအိပ္ေပ်ာ္သြားသည္မွာ ကသည္းတို႔၏ ယာယီတပ္စခန္းတြင္ျဖစ္သည္။

ယခု သူမ ႏိုးလာသည့္အခါ ကသည္းတပ္စခန္းတြင္ မြန္စစ္သားမ်ားကိုသာေတြ႕ရေတာ့သည္။

သမိန္စကၠ႐ူက သူ႔ေရွ႕တြင္ မတ္တပ္ရပ္ေနေသာ အမ်ိဳးသမီးကို ေသခ်ာၾကည့္လိုက္၏။

“မယ္မင္း..ဗမာစကားတတ္လား”

“တတ္ပါတယ္”

“ကသည္းမလား”

နားလဲ က အေျခအေနကို အကဲခတ္လိုက္သည္။ သူတို႔ခ်င္း စကားေျပာသံမ်ားမွာ ဗမာစကားမဟုတ္ပဲ မြန္စကားမ်ားျဖစ္ေနသည္ကို နားလဲသေဘာေပါက္လိုက္သည္။

မတၱရာတြင္ေနစဥ္က အနီးအနား႐ြာမ်ားရွိ မြန္မ်ား၏ စကားေျပာသံကို နားလဲ က်က္မိၿပီးသားျဖစ္၏။

“ကြၽန္မ..ေကြ႕လူမ်ိဳးပါ... မတၱရာဘက္ကပါ....ဒီပဲရင္းမွာ အလုပ္လာလုပ္ရင္း သူတို႔က သုံ႔ပန္းအျဖစ္ ဖမ္းလာၾကတာပါ”

“ေသခ်ာလို႔လား....မယ္မင္းၾကည့္ရတာ...”

သမိန္စကၠ႐ူသည္ ထိုင္ေနရာမွ အလန႔္တၾကားထရပ္ၿပီး နားလဲ၏ ေအာက္ပိုင္းကို ေသခ်ာၾကည့္ေနသည္။

ေပါင္ၾကားဆီမွ စီးဆင္းလာေသာ ညိဳညစ္ညစ္ေသြးမ်ားက နားလဲ၏ ေျခရင္းတြင္ အိုင္ထြန္းစျပဳလာသည္။

နားလဲ က သမိန္စကၠ႐ူ၏ အျပဳအမူေၾကာင့္ သူ႔ေအာက္ပိုင္းသို႔ ငုံ႔ၾကည့္လိုက္၏။

ထိုအခါက်မွ သူမ၏ ဝမ္းဗိုက္ဆီမွ နာၾကင္သည့္ေဝဒနာကို ခံစားလာရေတာ့သည္။

နားလဲ ႐ုတ္တရက္ ေပ်ာ့ေခြသြားသည္။

အနီးတြင္ရွိေသာ မြန္စစ္သားက နားလဲကို ေပြ႕ထူလိုက္၏။

သမိန္စကၠ႐ူက ထိုင္ေနရာမွ ထလာကာ နားလဲ အနီးတြင္ ဒူးေထာက္လိုက္သည္။

“ကိုယ္ဝန္ပ်က္တာပဲ...သမားေတာ္ဆီ အျမန္ေခၚသြား”

 

ခက္ေဇာ္

အခန္း(၂၉) မနက္ျဖန္

ဟိုရက္ေတြက ကြၽန္ေတာ္ စိတ္အေျခအေန နည္းနည္းေလး မေကာင္းလို႔ ဆက္မေရးျဖစ္တာပါ။ အခုေတာ့ အိုေကပါၿပီ။မနက္ျဖန္ ဆက္တင္ေပးပါ့မယ္။

ကြၽန္ေတာ္တို႔ ၿငိမ္မခံဘူး၊ အညံ့မခံဘူး...စိတ္ေဆာင္ရင္ အရာရာေအာင္ျမင္ပါတယ္။

Comments

Post a Comment