AVA 1740s (အခန်း ၃၆) ဇာတ်သိမ်း
AVA 1740s
အခန်း(၃၆)
...............................................
“သမီးတော်သျှတ္တရမာလာ ဟာ အခုမှ (၇)နှစ်သမီးအရွယ်သာရှိပါသေးတယ်..ဒါကြောင့် သင့်တင့်တဲ့ အရွယ်ရောက်မှ အင်းဝဘုရင်ထံ လာရောက်ဆက်သမည့်အကြောင်း ဘုရင်ဂါရစ်နာဝဇ်က အမိန့်ရှိလိုက်ပါတယ်”
အင်းဝ နှင့် မဏိပူရတပ်များနှစ်ဖက်ဆိုင်ထားသည့် ကြားတွင် တဲကန္နာကြီးတစ်ခု ထိုးထားသည်။
ထိုတဲကန္နားထဲတွင် အင်းဝဘက်မှ ကိုးသိန်းသခင်ခေါင်းဆောင်သောတပ်မှူးများနှင့် မဏိပူရဘက်မှ ချန်ဒရာမော်နီဉီးဆောင်သာတပ်မှူးများ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။
ချန်ဒရာမော်နီ၏ စကားကို ကိုးသိန်းသခင်က ကွမ်းတဝါးဝါးဖြင့် နားထောင်နေသည်။
“စနေမင်းလက်ထက်တော်က မဏိပူရက ဆက်သခဲ့တဲ့ ပုပ္ပါးမင်းသမီးနီလာခမ်း ဆိုရင်လည်း အသက် (၁၁)နှစ်အရွယ်ကတည်းက အင်းဝဘုရင်ဆီ ဆက်သခဲ့တယ်မဟုတ်လား...ကျုပ်တို့ ဘုရင်တွေက ချက်ချင်းတော့ တော်ကောက်မှာမဟုတ်ပါဘူး...အရွယ်ရောက်ပြီးမှပဲ မိဖုရားအဖြစ် ခြေတော်တင်ကြရိုးပါ.. အခုအရွယ်ဆက်သထားလို့လည်း စောစောစီးစီးနှစ်ပြည်ထောင် ရွှေလမ်းဖောက်ပြီးသားဖြစ်တာပေါ့”
“မှန်ပါ...သမီးတော်ဆက်သရေးကိစ္စဟာ ချက်ချင်းဆောင်ရွက်ဖို့ရာ ခက်ခဲပါသေးတယ်...သမီးတော်ချည်းမဟုတ်ပဲ လက်ဆောင်ပဏ္ဏာများ ပါ ပြည့်စုံကုံလုံစွာဆက်သဖို့ ..အရှင်ဂါရစ်နာဝဇ် ကိုယ်တော် က လိုလားပါတယ်..ဒါကြောင့် ကိုယ်တော်တိုင် ကန်ကလာနန်းတော်ကို ပြန်ပြီး စီမံစရာတွေရှိနေသေးလို့ ခဏတော့ ပြန်ရပါဉီးမယ်....မကြာခင်မှာ ဂါရစ်နာဝဇ်မင်းတရားကိုယ်တိုင် အင်းဝအထိ သမီးတော်ကို လာဆက်သပါ့မယ်လို့ အင်းဝရွှေနန်းရှင်ကို လျှောက်တင်ပေးပါ”
“ဟုတ်ပြီလေ..အခုက တပ်တွေလည်း အတော်လေး ပန်းနေကြတာသဘောပေါက်ပါတယ်...ရွှေနန်းရှင်ကို ဒီအတိုင်းပဲ လျှောက်လိုက်ပါ့မယ်”
နှစ်ဖက်တပ်မှူးများ၏ ညှိနှိုင်းပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
နဂါးရုပ်အလံတလူလူလွင့်ကာ ပြန်လာနေသော ချန်ဒရာမော်နီ နှင့်အဖွဲ့ကို ဂါရစ်နာဝဇ်က ခံတပ်ပေါ်မှ ကြည့်နေသည်။
“မင်း ကန်ကလာကို ပြန်လိုက်ခဲ့ဖို့ ငါ အမိန့်ပေးတယ်..သားတော်”
“သားတော်မှာ နားလဲကို ရှာရမယ့်..တာဝန်ရှိသေးတယ်..ခမည်းတော်”
ဂါရစ်နာဝဇ်က ခေါင်းကို ခါရမ်းလိုက်သည်။
“မင်း..ကန်ကလာကို ပြန်လိုက်ခဲ့မှ ရမယ်....ဆန်ဂျေး...မင်းဒီစစ်ပွဲမှ ပြန်ပါမလာတဲ့အခါ ပြည်သူတွေက တမျိုးတမည်ထင်လိမ့်မယ်...ပြီးတော့ သျှန်သျှားဆနာဟန်....သူ့ပြဿနာရှိသေးတယ်...အခု သမီးတော်သျှန်သီကို အင်းဝဘုရင်ဆီ ဆက်သဖို့ ငါကတိပေးခဲ့တာ သူသိရင်..အခြေအနေက ဘာဖြစ်လာမယ်မှန်းမသိသေးဘူး...သူ့ကိုလည်း အိမ်ရှေ့ကအရာက ဖယ်ရှားမယ်...သူ့ညီမအရင်း ကိုလည်း အင်းဝကို ပို့မယ်ဆိုရင်...လွယ်လွယ်ကူကူတော့ဖြစ်မှာမဟုတ်ဘူး.....ဒီတော့ ငါ့ဘေးမှာ မင်းနဲ့ မင်းအင်အားစုတွေရှိဖို့လိုတယ်...ဆန်ဂျေး”
ဂါရစ်နာဝဇ်၏ စကားအဆုံးတွင် ဆန်ဂျေးက တိတ်ဆိတ်သွားသည်။ ဂါရစ်နာဝဇ်တွင် မိဖုရားများမှ မွေးသောသားတော် (၇)ပါးရှိသည်။
ထိုသားတော်များအနက် ဆန်ဂျေးခူရာလက်ပ မှာ အကြီးဆုံးဖြစ်သည်။
သို့သော် အိမ်ရှေ့အရာအပ်နှင်းခံရသူမှာ မိဖုရားငယ်မှမွေးသည့် သျှန်သျှားဖြစ်နေသည်။
နောက်ထပ် မိဖုရားငယ်များမှမွေးသော သားတော်များဖြစ်သည့် နန်းရှား၊ တွန်းရှား၊ ဆဘိုဆချီ၊ ဘာရတ်ရှား၊ ချန်ဒရာဂနေရှား (စန္ဒရကန္တရှိန်) တို့မှာ လည်း အရွယ်ကိုယ်စီရောက်လာကြပြီဖြစ်သည်။
ထို့နောက် မဏိပူရ၏ ထီးမွေနန်းလျာပြဿနာသည် အထိအခိုက်မခံသည့်အခြေအနေဖြစ်၏။
အထူးသဖြင့် ခမည်းတော်နှင့် အကိုတော်ကြီးဆန်ဂျေးတို့မှာ နှစ်နှင့်ချီကာ စစ်တိုက်ထွက်ပြီး အနိုင်မရပဲ ပြန်လာသည့်အခါ မည်သို့ဖြစ်လာနိုင်သည်ကို ခန့်မှန်းမရနိုင်ခဲ့။
“တို့က ဒီစစ်ပွဲကို မနိုင်ပဲ ပြန်လာခဲ့တာပါ..ဆန်ဂျေး..အဲ့ဒီအချိန် ငါ့သားက ခမည်းတော်နားမှာ ရှိပေးပါ”
ဂါရစ်နာဝဇ် လေသံက ဖျော့တော့နေ၏။
“သားတော် ပြန်လိုက်ခဲ့ပါ့မယ်...ဒါပေမယ့်..နောက်နှစ်များ အင်းဝကို ပြန်လာခွင့်ရရင် သားတော် နားလဲကို သွားရောက်ရှာဖွေခွင့်ပေးပါ”
ဂါရစ်နာဝဇ်က သားဖြစ်သူ၏ ခေါင်းကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။
နောက်တနေ့ နံနက်စောစောတွင် မဏိပူရတပ်ကြီးသည် အင်းဝမြေမှ စတင် ဆုတ်ခွာလာခဲ့ပြီဖြစ်သည်။
ဆန်ဂျေးခူရာလက်ပသည် မြင်း ကို ဖြည်းဖြည်းမှန်မှန်စီးနေရင်းမှ အနောက်ဘက်လွင်ပြင်ဆီသို့ သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။
ဧရာဝတီကို အုပ်မိုးထားသော ထိုကောင်းကင်ပြာပြာကြီးကို သူဘယ်တော့မှ မမေ့။
ညသန်းခေါင်အချိန် လှေတစင်းဖြင့် မြေနုကျွန်းပေါ် ရောက်လာသော မိန်းကလေးတစ်ယောက်။
သူ..ဘယ်တော့မှမမေ့။
မဏိပူရတို့၏ နဂါးအလံတော်များရှိရာ တပ်ဉီးသို့ သာ သူပြန် မျက်နှာမူလိုက်၏။
ဧရာဝတီ ကား ဟိုးအနောက်တွင် တရွေ့ရွေ့ကျန်ရစ်ပြီ။
.............................................................................................
လေးဘက်လေးတန် ရာဇမတ်ကွက်များ အလယ်တွင် ဝါးဖြင့်ဆောက်ထားသော မဏ္ဏပ်တစ်ခု ရှိနေသည်။
မဏ္ဏပ်အလယ်တွင် ဟံသာဝတီအရာထမ်းကြီးများဖြစ်သော ဆင်ဝန်ဉီးအောင်လှ၊ ဉီးမောင်၊ ဉီးကို၊ စာရေးကြီးထားစကား၊ ဉီးပေါ်ရွဲ၊ ဉီးအောင်လှ၏ သမက် စစ်ကဲစောဗြ တို့ ထိုင်နေကြသည်။
သူတို့အနီးတဖက်တချက်တွင် တပ်မှူးတလပန်း ရှိနေသည်။ လက်ျာဗိုလ်မှာ ဟံသာဝတီတွင် ကျန်နေရစ်သည်။
အဝိုင်းရွာဆီသို့ အခေါ်လွှတ်လိုက်သော မင်းလောင်း သာလှ သည် ရာဇမတ်ကွက်အကာအရံများရှေ့သို့ ရောက်နေပြီဖြစ်သည်။
ဉီးအောင်လှနှင့် ဟံသာဝတီအရာထမ်းများမှာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည်။
မဏ္ဏပ်အနောက်တွင် အမဖြစ်သူ သီရိနှင့် အတူရှိနေသည့် ဂမုန်းက မြင်ကွင်းကို မျက်တောင်မခပ်တန်းကြည့်နေသည်။
အခြားအမှုထမ်းများမှာလည်း ရာဇမတ်ကွက်၏ လေးဘက်လေးတန်မှ ဝင်ချီ ထွက်ချီ သွားလာလှုပ်ရှားနေကြ၏။
သရက်တပင်ရွာသည် သစ်ကြီးဝါးကြီးများဖြင့် အေးစိမ့်နေသည်။
အရှေ့ဘက်ဆီမှ တက်လာသော နေရောင်ခြည်က သာလှ ၏ မျက်နှာကို ထိုးထား၏။
သာလှက ရာဇမတ်ကွက်ကို ပတ်လျှောက်ကာ အရှေ့ဘက်အပေါက်ဆီတွင် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် အရှေ့ဘက်အပေါက်မှ မဏ္ဏပ်ဆီသို့ ဝင်လာ၏။
မဏ္ဏပ်အလည်၊ကွမ်းစင်တော်အနီးတွင် ရပ်နေသည့် အခါတော်ပေးဗြဟ္မဏပုဏ္ဏားတော်ကြီး၏ ခရုသင်းသံ က ကျယ်လောင်စွာထွက်ပေါ်လာသည်။
“အောင်ပြီ..အောင်ပြီ..အောင်ပြီ”
ဉီးအောင်လှက လက်ပန်းပေါက်ခတ်ကာ ထအော်သည်။
ကျန်သည့် သူများအားလုံးက ထိုင်နေရာမှ ဆင်းလိုက်ပြီး မြေပေါ်တွင် ဝပ်တွားလိုက်ကြ၏။
ဉီးအောင်လှကလည်း မင်းလောင်းသာလှ လာသည့် လမ်းတွင် ဒူးတုပ်လက်အုပ်ချီကာဝပ်တွားလိုက်သည်။
“ဘုန်းတော်ကြီးမြတ်လှပါသော ရာမညတလိုင်းသုံးရပ်တို့၏ အရှင်သခင် သမိန်ထောဗုဒ္ဓကိတ္တိဘွဲ့ကို ခံယူပြီး ဟံသာဝတီနေပြည်တော်၏ နေထွက်ဘုရင်မင်းမြတ် အဖြစ် လက်ခံတော်မူပါမည့်အကြောင်း..ကျေးတော်မျိုး ကျွန်တော်မျိုး အမူးအမတ်အပေါင်းက လျှောက်ထားအပ်ပါသည်..အရှင့်သား”
သာလှက စိတ်လှုပ်ရှားလွန်းသဖြင့် လက်များပင် တုန်ရီနေ၏။
မဏ္ဏပ်တစ်ခုလုံးမှ လူများသည် သာလှ၏ ရှေ့တွင် ဝပ်တွားနေကြသည်။
သို့သော် တနေရာတွင် သူ့အား ခေါင်းမော့လျက် ငေးကြည့်နေသည့် မျက်လုံးတစ်စုံကို သာလှ သတိထားမိလိုက်သည်။
ထိုမျက်ဝန်းများသည် စတွေ့စဉ်အခါကတည်းက သူ့ကို အမြဲလိုက်ကြည့်နေသည့် မျက်ဝန်းများ။
ဂမုန်း ကို သူပြုံးပြလိုက်၏။
ထို့နောက် အဝိုင်းဘုန်းတော်ကြီး သင်ပေးထားသည့် အသုံးအနှုန်းများကို သူ့ခေါင်းထဲတွင် ရုတ်တရတ် စဉ်းစားလိုက်သည်။
“ငါကိုယ်တော် လက်ခံတော်မူတယ်”
“မှန်ပါ..ဟံသာဝတီကို ကြွလျက် မင်းမြောက်တန်ဆာငါးပါးကို ခံယူပြီး ထီးနန်းကို သိမ်းပိုက်တော်မူပါ...ဆင်တော်မြတ် သန်လျင်စွာ ထက် ကြွတော်မူပါ..အရှင့်သား”
မဏ္ဏပ်အနောက်ဘက်တွင် သဲဖြူခင်းထားသည့် လမ်းအဆုံးတွင် စီးတော်ဆင်က အသင့်ရှိနေသည်။
အောင်စည်တော်များရွမ်းသံများနှင့်အတူ မွန်ရိုးရာမိကျောင်းတူရိယာတီးသံများထွက်ပေါ်လာ၏။ ဗီဇယတြထီးဖြူများကိုင်ဆောင်လာသည့် ထီးတော်မိုးများက သာလှကို ဝိုင်းမိုးလိုက်ကြသည်။
၁၇၄၀ ဒီဇင်ဘာလတွင် သမိန်ထောဗုဒ္ဓကတ္တိဘွဲ့ခံ ကွေ့မင်းသာလှ က ဟံသာဝတီ၏ ရှင်ဘုရင်ဖြစ်လာခဲ့သည်။
ကွေ့မင်းဟု အမည်တပ်သည်မှာ သာလှ၏ ဖခင်မှာ စနေမင်း၏ ညီတော် ပုဂံမင်းသားဖြစ်ပြီး မိခင်မှာ သုပဘာဘွဲ့ခံ လားဟူကွေ့အမျိုးသမီး ဖြစ်သည်။
သာလှနှင့် သူ၏မိခင်တို့မှာ ငယ်စဉ်က အင်းဝမင်း၏ ရန်ကိုကြောက်သဖြင့် ကွေ့များရှိရာ မတ္တရာ၊ ရှမ်းပြည်ဘက်ဆီတွင် လည်း ပြေးလွှားပုန်းအောင်းခဲ့ရဖူးသည်။
သာလှ၏ ကွေ့အမည်မှာ ကျာလ ဖြစ်သည်။ထို့ကြောင့် သာလှကို ကွေ့မင်းဟုလည်း ပြည်သူများက အမည်သမုတ်ကြ၏။
ဟံသာဝတီတွင် တထီးတနန်းဖြစ်သည်နှင့် အင်းဝမှခန့်ထားသောမုတ္တမမြို့ဝန်မင်းရဲဇေယျသူမှာလည်း မြို့တွင် မနေဝံ့တော့ပေ။
မုတ္တမမှ တလပန်း၏ တပ်များသည် ဟံသာဝတီနှင့်ပူးပေါင်းသွားကြသဖြင့် မုတ္တမမြို့ဝန်မှာ အယုဒ္ဓယဘက်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထို့ကြောင့် ဟံသာဝတီကား မုတ္တမကိုပါ အလွယ်တကူရရှိသွားလေတော့သည်။
....................................................................................................................
“ကျွန်မက ဉီးအောင်လှ အိမ်တော်ဆီ သွားရဉီးမှာမို့....ဖာသာတို့ပဲ နန်းတော်ကိုသွားနှင့်ပါ..မကြာခင် လက်ျာဗိုလ်လွှတ်လိုက်တဲ့ လှည်းယာဉ်လည်း ရောက်လာပါလိမ့်မယ်”
လွီဇာက သူ့အိမ်ရှေ့ ဧည့်ခန်းတွင် ထိုင်နေသော ဖာသာဂါလစ်ဇီယာ တို့ ငါးဉီးကို လွီဇာက တောင်းပန်ကာ အပြင်သို့ ထွက်သွား၏။
ဖာသာဂါလစ်ဇီယာ နှင့် ဖာသာမွန်ဒယ်လီ တို့မှာ မင်းရဲအောင်နိုင် က မကွပ်မျက်သေးပဲ အချုပ်ထဲ ထည့်ထားခဲ့သဖြင့် သေဘေးမှ ကံကောင်းစွာ လွတ်မြောက်သွားခဲ့သည်။
ဟံသာဝတီအခြေအနေရှုပ်ထွေးနေစဉ်အတွင်း ဖာသာနာရနီမှာ တနင်္ဿာရီသို့ မပြေးပဲ သန်လျင်၌သာ ပုန်းအောင်းနေခဲ့သည်။
ထိုအချိန်တွင် ဟံသာဝတီ၌ ဘုရားကျောင်းဖွင့်နိုင်ရန် ဉီးသာလှက သဘောတူလိုက်ကြောင်း ဖာသာဂါလစ်ဇီယာ၏ အကြောင်းကြားမှုကြောင့် ဖာသာဂျွန်ဒယ်လ်ကွန်တေ နှင့် ဆရာဝန်ဘရာသာ ကာပယ်လို တို့သည် သန်လျင်သို့ ရောက်ရှိလာကြသည်။
မင်းရဲအောင်နိုင်လုပ်ကြံခံရပြီးနောက် ဖာသာဂါလစ်ဇီယာ ၊ ဖာသာမွန်ဒယ်လီ၊ ဖာသာနာရေနီ နှင့် နောက်ရောက်လာသည့်ဖာသာများမှာ ဟံသာဝတီဘုရင်အသစ် သမိန်ထောနှင့် တွေ့ဆုံရန် လွီဇာမှ တဆင့် ချိတ်ဆက်ကာ ရောက်ရှိနေကြခြင်းဖြစ်၏။
ဘုရင်သစ်သမိန်ထော အား ဆက်သရန်အတွက် မြန်မာဂဏန်းများရေးထိုးထားသည့် နာရီတစ်လုံးနှင့် အီတလီပြည်ဖြစ် အဝတ်အထည်အသုံးအဆောင်များလည်း ပါရှိလာသည်။
ဉီးအောင်လှ၏ အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ယခင်နှင့်မတူသော အငွေ့အသက်များကို လွီဇာ ခံစားလိုက်ရသည်။
ဉီးအောင်လှသည် ဗညားဒလဘွဲ့ခံ ဟံသာဝတီ၏ အမတ်ချုပ်ကြီးအဖြစ် ရာထူးရရှိခဲ့ပြီဖြစ်သည်။
ထို့ပြင် မကြာမီအချိန်တွင် နန်းတော်ဥကင်ဖွင့်ပွဲနှင့်အတူ ဉီးအောင်လှ၏ သမီးအငယ် ဂမုန်း အား သမိန်ထောဘုရင်ထံ ဆက်သမည်ဖြစ်သည်။
ထို့ကြောင့် အစောင့်အကြပ်စစ်သည်များ၊ အမျိုးအဆွေများဖြင့် အိမ်မှာ ရှုပ်ယှက်နေ၏။
သီရိ နှင့် မယ်ဖူး က ဂမုန်းကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးနေကြ၏။
ဂမုန်းကား မုတ္တမဆိပ်ကမ်းမှ ဆက်သသည့်အကောင်းဆုံး ရွှေချည်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။
“ဟယ်..မမလွီဇာ”
လွီဇာက ဂမုန်းကို ပြုံးပြလိုက်သည်။
“ဂမုန်း.အရမ်းပျော်နေလား”
“မပျော်ပဲနေမလား..မမရဲ့..သူက ငယ်ချစ်ကိုလည်း ရမယ်...မိဖုရားလည်းဖြစ်တော့မယ်လေ.. နောက်ဆို မယ်ဖူးတို့က သူ့ကို လက်အုပ်ချီရတော့မှာပ”
“ဟယ်..အဲ့လိုတော့မလုပ်ပါနဲ့..တို့မနေတတ်ဘူး..ဖူးဖူးရဲ့..အချင်းချင်းတွေပဲဟာ..အရင်လို ခေါ်ကြပြောကြပေါ့”
“ဒီလိုတော့ မဟုတ်ဘူးလေ..ညီမလေးရဲ့..ငါ့ညီမက မိဖုရားခေါင်ကြီးဖြစ်တော့မှာ...မမတို့က အစ လူကြားသူကြားဆို လက်အုပ်ချီ ခစားရမှာ..ဟုတ်တယ်နော် မမလွီဇာ”
သီရိက ဂမုန်း၏ ဆံထုံးလေးကို ပြင်ဆင်ပေးရင်း ပြောလိုက်သည်။
“မမလွီဇာ တို့လည်း နန်းတော်ထဲကို မကြာခဏလာနော်...ဂမုန်းတစ်ယောက်တည်း ပျင်းနေမှာ”
“အံမယ်လေး..ရှင်ဘုရင်လေးရှိနေတာပဲ...ပျင်းချိန်ရပါ့မလား..ဂမုန်းရယ်”
မယ်ဖူးစကားကြောင့် အားလုံးက ဝိုင်းရယ်လိုက်ကြ၏။
ထိုအချိန်တွင် ဉီးအောင်လှ ကတော် က အိမ်ရှေ့မှ အခန်းတွင်းသို့ ဝင်လာ၏။
“ရှေ့မှာ နန်းတော်က ဝေါယာဉ် နဲ့ အမှုထမ်းတွေရောက်ပြီ..အသင့်ထွက်ဖို့ ပြင်ကြတော့ဟေ့..တို့မိဖုရားလေးကို ဂရုစိုက်ကြနော်”
ဂမုန်းက လွီဇာအနားသို့ ကပ်လာပြီး လွီဇာလက်ကို ဆုပ်ကိုင်ထားသည်။
ဂမုန်း၏လက်ကလေးများမှာ အေးစက်နေ၏။
“ဂမုန်း...သူ့ ရဲ့ မယားဖြစ်ရတော့မှာပေါ့နော်...မမလွီဇာ”
“မိဖုရားလို့ ပြောပါ..ဂမုန်းရဲ့”
“ဟင်အင်း..ဂမုန်း မိဖုရားဖြစ်ရမှာမို့ပျော်တာမဟုတ်ဘူး..သူနဲ့ လက်ဆက်ရမှာမို့ပျော်တာ...ဂမုန်း သူ့မိန်းမ ဖြစ်ရတာကိုပဲ ကျေနပ်တယ်..မမလွီဇာရဲ့”
“ကဲ..ဖြစ်ရမှာပါ..မဖုရားရယ်..ဖြစ်ရမှာပါ”
.....................................................................................................................
၁၇၄၀ ဒီဇင်ဘာလကုန်။
မဟာဓမ္မရာဇာဓိပတိသည် သဘင်နန်းတော်ဟု အမည်ပေးထားသော နန်းဆောင်အတွင်း ပွဲတော်ကျင်းပနေသည်။
ကသည်းတို့ကို အထက်စီးမှ စစ်ပြေငြိမ်းလိုက်နိုင်သည့်အတွက် မဟာဓမ္မရာဇာဓိပတိသည် နန်းဆောင်အသစ်အတွင်းသဘင်သည်များစွာကို ခေါ်ယူကာ ကပြဖျော်ဖြေစေသည်။
အင်းဝကို ပြန်ရောက်မလာသေးသော စစ်ဗိုလ်ချုပ် ကိုးသိန်းသခင်နှင့် တပ်မှူးများကိုလည်း ဘွဲ့တော်များ ပေးအပ်ချီးမြှင့်သည်။
အခြားမူးမတ်များကို ဘွဲ့အသစ်များ ပေးအပ်သည်။
အထူးခြားဆုံးမှာ ဝက်သားဟင်းချက်ရာတွင် အလွန်တော်သော စားတော်ကဲတုရင်ဗလကို သတိုးမင်းငယ်အမည်ဖြင့် ဝန်ကြီးရာထူးပေးလိုက်ခြင်းနှင့် စစ်ကိုင်းအုပ်ကျွန်းမှူးသား ငပုလှ ကို လောကမင်း ဘွဲ့ဖြင့် နန်းတွင်းသက်တော်ရှည်ရာထူးပေးလိုက်ခြင်းပင်။
ရှင်ဘုရင်၏ ပါးစပ်ထဲတွင်ဖြစ်နေသော ဘွဲ့များ၊ ရာထူးများသည် ထုံးစံနှင့်မလျော်ညီကြောင်း လျှောက်တင်မည့် အမတ်များလည်း မရှိကြ။
နန်းတော်တစ်ခုလုံး ပျော်ရွှင်နေကြချိန်တွင် ပြည်စားမြင်းမှူးမင်းသားထံသို့ အထောက်တော်များမှ တဆင့် သတင်းစကားတစ်ခု ရောက်လာသည်။
မြင်းမှူးမင်းသားသည် မဟာဓမ္မာရာဇာဓိပတိ နားသို့ တိုးကပ်သွား၏။
မဟာဓမ္မရာဇာဓိပတိသည် စောင်းသံနှင့်အတူ သီချင်းတပုဒ်ကိုလိုက်ဆိုနေရာမှာ ရပ်သွားသည်။
“ဘာများ လျှောက်တင်စရာရှိလဲ...ညီတော်”
မြင်းမှူးမင်းသားက ခပ်တိုးတိုး လျှောက်တင်လိုက်သည်။
မဟာဓမ္မရာဇာဓိပတိသည် အလန့်တကြား မတ်တပ်ထရပ်လိုက်၏။
မကြာမီ သဘင်ဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
သဘင်သည်များအားလုံးကို ထွက်ခွာခိုင်းလိုက်ပြီဖြစ်သည်။
ဟံသာဝတီတွင် မင်းရဲအောင်နိုင်ကို လုပ်ကြံသတ်ဖြတ်ပြီး သမိန်ထောဗုဒ္ဓကိတ္တိ အမည်ရှိ ဘုရင်ကို တင်မြှောက်ပြီးဖြစ်ကြောင်း သတင်းက မဟာဓမ္မရာဇာဓိပတိ နှင့်တကွ နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သမိန်ထောဗုဒ္ဓကိတ္တိဆိုသည်မှာ ယခင် စနေမင်း၏ ညီတော် ပုဂံမင်း၏ သားဖြစ်ပြီး အင်းဝမင်းသွေး ဖြစ်နေသည့်အချက်ကလည်း မဟာဓမ္မရာဇာဓိပတိအတွက် ထိုးနှက်ချက်တစ်ခုဖြစ်နေသည်။
အင်းဝ၊ ပြည်၊ တောင်ငူ တို့မှ စစ်အင်အားများအားလုံးမှာ ကသည်းစစ်မြေပြင်မှ ပြန်မလာရသေး။
ထို့ကြောင့် ဟံသာဝတီသို့ တပ်များချက်ချင်း ပို့ရန်လည်း အင်းဝတွင် တပ်အလုံအလောက်မရှိ။
ဝန်ကြီးဉီးဖြိုးက ခပ်တိုးတိုးလျှောက်တင်သည်။
“ကိုးသိန်းသခင်ကို ဟံသာဝတီသို့ တပါတည်းဆက်လက်ချီတက်ခိုင်းလျင် သင့်တော်ပါမည်..ဘုရား”
ပြည်စားမြင်းမှူးမင်းသား မင်းရဲရန်နောင် က ခေါင်းကို ခပ်ဖြည်းဖြည်းခါလိုက်သည်။
“ကိုးသိန်းသခင်နဲ့ တပ်တွေဟာ ကသည်းတို့နဲ့ တိုက်ရာမှာ ပင်ပန်းလာကြပါတယ်..ချက်ချင်းချီစေချင်းငှာ မသင့်ပါ....ဟံသာဝတီသို့ ချီရာတွင် လှေတပ်ဖွဲ့ပြီး ကျွန်တော်မျိုးကိုယ်တိုင် ရှေ့ပြေးချီပါ့မယ်..နောက်မှသာ ကိုးသိန်းသခင်ကို ဗိုလ်ချုပ်အဖြစ်နှင့် ကြည်းကြောင်းလိုက်ပါစေလျင်သင့်ကြောင်းပါ”
“ငါစဉ်းစားပါ့မယ်ကွယ်..ဘထွေးတော်ကိုးသိန်းသခင်တို့ကရော အခုဘယ်ရောက်နေပြီတဲ့တုန်း”
“နောက်တပတ်လောက်နေလျှင် အင်းဝနန်းတော်ဆီ ဝင်ပါမယ်တဲ့..ဘုရား”
“ကြာလိုက်ရန်ကောကွယ်...ဒီမှာ အရေးက ပေါ်နေပြီဆိုမှ...ခက်နေပါပြီ..ကိုင်း မင်းရဲရန်နောင်က ရေကြောင်းက တပ်ဖွဲ့ချီတာလည်း ချီ....ဘထွေးတော်ဆီ လည်း အမိန့်တော်ပါးကြ...ဘထွေးတော်နဲ့ တပ်များဟာ နေပြည်တော်ကို မဝင်ကြစေနဲ့...ဟံသာဝတီသို့သာ ဆက်လက်ချီတက်ကြစေလို့”
မဟာဓမ္မရာဇာဓိပတိ၏ အမိန့်သံက အားမပါလှ။
................................................................................................
မောဓောဘုရားပွဲတော်။
ဟံသာဝတီတစ်မြို့လုံးကား ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေကြသည်။
ဟံသာဝတီသည် အင်းဝလက်အောက်မှ လွတ်မြောက်ခဲ့ပြီး ကိုယ်ပိုင်ထီးနန်းနှင့် ဖြစ်ပြီဖြစ်သဖြင့် ပြည်သူလူထုမှာ အထူးပျော်ရွှင်နေကြ၏။
ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ မှလည်း အထူးတင်သွင်းလာသော ယမကာများ၊ ကုန်စည်များကို ရောင်းချပေးသည်။
အာမေးနီးယန်းကုန်သည်တို့ တင်သွင်းလာသော အိန္ဒိယကချေသည်များ၏ မြေဝိုင်းအက က လည်း လူအများစိတ်ဝင်စားကြသည်။ ဆပ်ကပ်ဟု ခေါ်သော အထူးအဆန်းများ ပြသပွဲတွင်လည်း လူများ အုတ်အုတ်ကျက်ကျက်။
လွီဇာသည် ဝိုင်နီတစ်ခွက်ကို ကိုင်ကာ အိမ်ရှေ့လေသာဆောင်တွင်ထိုင်ရင်း လမ်းသွားလမ်းလာများကို ငေးနေ၏။
ဟံသာဝတီသည် လွတ်လပ်သွားခဲ့ပြီ။ ထိုမြေတွင် လွီဇာသည်လည်း အနှောက်အယှက်ကင်းကင်းဖြင့် ဩဇာအာဏာရှိသော ကုန်သည်တစ်ယောက်ဘဝကို ထူထောင်ရတော့မည်။
သို့သော် ရှေ့တွင် သွားလာနေကြသော မိသားစုများ၊ ချစ်သူများ၊ မိတ်ဆွေများကို ငေးရင်း လွီဇာရင်ထဲ လှိုက်တက်လာသည်။
လောကဓံလှိုင်းတံပိုးများ ငြိမ်သက်သွားချိန်တွင်မှ အထီးကျန်မှုသည် သူ့ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်ကို သူခံစားမိလိုက်၏။
ထိုအချိန်တွင် အိမ်ရှေ့မှ လူရိပ်တစ်ခုကို လွီဇာ တွေ့လိုက်ရသည်။
သျှောင်ထုံးခွေခွေကို ဘေးတစ်စောင်းချထားသည့် ထိုသူ။
လွီဇာ့ ရင်တစ်ခုလုံး ဒိတ်ခနဲ ခုန်သွားသည်။
လူရိပ်က သူ့အိမ်ရှေ့တည့်တည့်တွင် ရပ်ကာ သူ့ကို ငေးကြည့်နေ၏။
လွီဇာက ဝိုင်ခွက်ကို ချကာ အိမ်အောက်သို့ ပြေးဆင်းသွားသည်။
ခြံရှေ့သို့ ရောက်သောအခါ မည်သူမျှ မရှိ။
ပွဲတော်သွားလာနေကြသည့် မိသားစုများသာ တွေ့ရသည်။
လွီဇာ သက်ပြင်းချလိုက်သည်။
ထို့နောက်....အိမ်ထဲသို့ ဝင်ရန် ခြေလှမ်းတို့ လေးလံစွာဖြင့် ပြန်လှည့်လိုက်စဉ်
“လွီဇာ”
အသံ။ ထိုအသံနှင့်အတူ သူရင်းနှီးခဲ့ဖူးသော အပြုံးတစ်ခု။
“မောင်ကြီးငတွန်”
လွီဇာက ငတွန် ၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
ငတွန်က လွီဇာ့ကို ဖက်ထားလိုက်၏။
“ရှင်..ကျွန်မကို အကြာကြီးပစ်ထားခဲ့တယ်နော်”
လွီဇာ၏ မျက်ရည်များက ငတွန်၏ ရင်ဘတ်ကို စိုစွတ်သွားစေသည်။
“ကျွန်မတို့ ဟံသာဝတီမှာ ကျွန်မနဲ့ အတူနေမယ်မဟုတ်လားဟင်..ကျွန်မကို ခွဲမသွားတော့ဘူးမဟုတ်လား”
ငတွန်၏ ကိုယ်ငွေ့နွေးနွေးက လွီဇာ၏ တကိုယ်လုံးကို ခြုံလွှမ်းထားသလို။
“မဟုတ်ဘူး..လွီဇာ..ကျုပ် ခင်ဗျားကို လာခေါ်တာ”
“ဟင်”
လွီဇာက ငတွန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။
“ဟုတ်တယ်..လွီဇာ..အင်းဝက ကသည်းတွေနဲ့ စစ်ပြေငြိမ်းလိုက်ပြီ...အဲ့ဒီတပ်တွေအကုန်လုံး မကြာခင် ဟံသာဝတီကို ချီလာကြတော့မှာ...သူတို့ ဟံသာဝတီကို စိစိညက်ညက်ကြေအောင်အပြီးတိုင် ချေမှုန်းပစ်ဖို့ နန်းတော်က အမိန့်ထုတ်ထားလိုက်ပြီ..အဲ့ဒါ မင်းအတွက် အန္တရာယ်ရှိတယ်...ကျုပ်နဲ့ လိုက်ခဲ့ပါ..တို့နှစ်ယောက် ရှမ်းပြည်ဘက်မှာ အေးအေးဆေးဆေးသွားနေကြမယ်”
လွီဇာက မျက်ရည်များကို သုတ်လိုက်ကာ ခေါင်းကို ခါရမ်းလိုက်သည်။
............................................................
AVA 1740s (Season 1) ပြီးပါပြီ။
ခက်ဇော်
(Zawgyi)
AVA 1740s
အခန္း(၃၆)
...............................................
“သမီးေတာ္သွ်တၱရမာလာ ဟာ အခုမွ (၇)ႏွစ္သမီးအ႐ြယ္သာရွိပါေသးတယ္..ဒါေၾကာင့္ သင့္တင့္တဲ့ အ႐ြယ္ေရာက္မွ အင္းဝဘုရင္ထံ လာေရာက္ဆက္သမည့္အေၾကာင္း ဘုရင္ဂါရစ္နာဝဇ္က အမိန႔္ရွိလိုက္ပါတယ္”
အင္းဝ ႏွင့္ မဏိပူရတပ္မ်ားႏွစ္ဖက္ဆိုင္ထားသည့္ ၾကားတြင္ တဲကႏၷာႀကီးတစ္ခု ထိုးထားသည္။
ထိုတဲကႏၷားထဲတြင္ အင္းဝဘက္မွ ကိုးသိန္းသခင္ေခါင္းေဆာင္ေသာတပ္မႉးမ်ားႏွင့္ မဏိပူရဘက္မွ ခ်န္ဒရာေမာ္နီဉီးေဆာင္သာတပ္မႉးမ်ား ေတြ႕ဆုံေဆြးေႏြးၾကျခင္းျဖစ္သည္။
ခ်န္ဒရာေမာ္နီ၏ စကားကို ကိုးသိန္းသခင္က ကြမ္းတဝါးဝါးျဖင့္ နားေထာင္ေနသည္။
“စေနမင္းလက္ထက္ေတာ္က မဏိပူရက ဆက္သခဲ့တဲ့ ပုပၸါးမင္းသမီးနီလာခမ္း ဆိုရင္လည္း အသက္ (၁၁)ႏွစ္အ႐ြယ္ကတည္းက အင္းဝဘုရင္ဆီ ဆက္သခဲ့တယ္မဟုတ္လား...က်ဳပ္တို႔ ဘုရင္ေတြက ခ်က္ခ်င္းေတာ့ ေတာ္ေကာက္မွာမဟုတ္ပါဘူး...အ႐ြယ္ေရာက္ၿပီးမွပဲ မိဖုရားအျဖစ္ ေျခေတာ္တင္ၾက႐ိုးပါ.. အခုအ႐ြယ္ဆက္သထားလို႔လည္း ေစာေစာစီးစီးႏွစ္ျပည္ေထာင္ ေ႐ႊလမ္းေဖာက္ၿပီးသားျဖစ္တာေပါ့”
“မွန္ပါ...သမီးေတာ္ဆက္သေရးကိစၥဟာ ခ်က္ခ်င္းေဆာင္႐ြက္ဖို႔ရာ ခက္ခဲပါေသးတယ္...သမီးေတာ္ခ်ည္းမဟုတ္ပဲ လက္ေဆာင္ပဏၰာမ်ား ပါ ျပည့္စုံကုံလုံစြာဆက္သဖို႔ ..အရွင္ဂါရစ္နာဝဇ္ ကိုယ္ေတာ္ က လိုလားပါတယ္..ဒါေၾကာင့္ ကိုယ္ေတာ္တိုင္ ကန္ကလာနန္းေတာ္ကို ျပန္ၿပီး စီမံစရာေတြရွိေနေသးလို႔ ခဏေတာ့ ျပန္ရပါဉီးမယ္....မၾကာခင္မွာ ဂါရစ္နာဝဇ္မင္းတရားကိုယ္တိုင္ အင္းဝအထိ သမီးေတာ္ကို လာဆက္သပါ့မယ္လို႔ အင္းဝေ႐ႊနန္းရွင္ကို ေလွ်ာက္တင္ေပးပါ”
“ဟုတ္ၿပီေလ..အခုက တပ္ေတြလည္း အေတာ္ေလး ပန္းေနၾကတာသေဘာေပါက္ပါတယ္...ေ႐ႊနန္းရွင္ကို ဒီအတိုင္းပဲ ေလွ်ာက္လိုက္ပါ့မယ္”
ႏွစ္ဖက္တပ္မႉးမ်ား၏ ညႇိႏႈိင္းပြဲက ေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့သည္။
နဂါး႐ုပ္အလံတလူလူလြင့္ကာ ျပန္လာေနေသာ ခ်န္ဒရာေမာ္နီ ႏွင့္အဖြဲ႕ကို ဂါရစ္နာဝဇ္က ခံတပ္ေပၚမွ ၾကည့္ေနသည္။
“မင္း ကန္ကလာကို ျပန္လိုက္ခဲ့ဖို႔ ငါ အမိန႔္ေပးတယ္..သားေတာ္”
“သားေတာ္မွာ နားလဲကို ရွာရမယ့္..တာဝန္ရွိေသးတယ္..ခမည္းေတာ္”
ဂါရစ္နာဝဇ္က ေခါင္းကို ခါရမ္းလိုက္သည္။
“မင္း..ကန္ကလာကို ျပန္လိုက္ခဲ့မွ ရမယ္....ဆန္ေဂ်း...မင္းဒီစစ္ပြဲမွ ျပန္ပါမလာတဲ့အခါ ျပည္သူေတြက တမ်ိဳးတမည္ထင္လိမ့္မယ္...ၿပီးေတာ့ သွ်န္သွ်ားဆနာဟန္....သူ႔ျပႆနာရွိေသးတယ္...အခု သမီးေတာ္သွ်န္သီကို အင္းဝဘုရင္ဆီ ဆက္သဖို႔ ငါကတိေပးခဲ့တာ သူသိရင္..အေျခအေနက ဘာျဖစ္လာမယ္မွန္းမသိေသးဘူး...သူ႔ကိုလည္း အိမ္ေရွ႕ကအရာက ဖယ္ရွားမယ္...သူ႔ညီမအရင္း ကိုလည္း အင္းဝကို ပို႔မယ္ဆိုရင္...လြယ္လြယ္ကူကူေတာ့ျဖစ္မွာမဟုတ္ဘူး.....ဒီေတာ့ ငါ့ေဘးမွာ မင္းနဲ႔ မင္းအင္အားစုေတြရွိဖို႔လိုတယ္...ဆန္ေဂ်း”
ဂါရစ္နာဝဇ္၏ စကားအဆုံးတြင္ ဆန္ေဂ်းက တိတ္ဆိတ္သြားသည္။ ဂါရစ္နာဝဇ္တြင္ မိဖုရားမ်ားမွ ေမြးေသာသားေတာ္ (၇)ပါးရွိသည္။
ထိုသားေတာ္မ်ားအနက္ ဆန္ေဂ်းခူရာလက္ပ မွာ အႀကီးဆုံးျဖစ္သည္။
သို႔ေသာ္ အိမ္ေရွ႕အရာအပ္ႏွင္းခံရသူမွာ မိဖုရားငယ္မွေမြးသည့္ သွ်န္သွ်ားျဖစ္ေနသည္။
ေနာက္ထပ္ မိဖုရားငယ္မ်ားမွေမြးေသာ သားေတာ္မ်ားျဖစ္သည့္ နန္းရွား၊ တြန္းရွား၊ ဆဘိုဆခ်ီ၊ ဘာရတ္ရွား၊ ခ်န္ဒရာဂေနရွား (စႏၵရကႏၲရွိန္) တို႔မွာ လည္း အ႐ြယ္ကိုယ္စီေရာက္လာၾကၿပီျဖစ္သည္။
ထို႔ေနာက္ မဏိပူရ၏ ထီးေမြနန္းလ်ာျပႆနာသည္ အထိအခိုက္မခံသည့္အေျခအေနျဖစ္၏။
အထူးသျဖင့္ ခမည္းေတာ္ႏွင့္ အကိုေတာ္ႀကီးဆန္ေဂ်းတို႔မွာ ႏွစ္ႏွင့္ခ်ီကာ စစ္တိုက္ထြက္ၿပီး အႏိုင္မရပဲ ျပန္လာသည့္အခါ မည္သို႔ျဖစ္လာႏိုင္သည္ကို ခန႔္မွန္းမရႏိုင္ခဲ့။
“တို႔က ဒီစစ္ပြဲကို မႏိုင္ပဲ ျပန္လာခဲ့တာပါ..ဆန္ေဂ်း..အဲ့ဒီအခ်ိန္ ငါ့သားက ခမည္းေတာ္နားမွာ ရွိေပးပါ”
ဂါရစ္နာဝဇ္ ေလသံက ေဖ်ာ့ေတာ့ေန၏။
“သားေတာ္ ျပန္လိုက္ခဲ့ပါ့မယ္...ဒါေပမယ့္..ေနာက္ႏွစ္မ်ား အင္းဝကို ျပန္လာခြင့္ရရင္ သားေတာ္ နားလဲကို သြားေရာက္ရွာေဖြခြင့္ေပးပါ”
ဂါရစ္နာဝဇ္က သားျဖစ္သူ၏ ေခါင္းကို ကိုင္ကာ ႏွစ္သိမ့္လိုက္သည္။
ေနာက္တေန႔ နံနက္ေစာေစာတြင္ မဏိပူရတပ္ႀကီးသည္ အင္းဝေျမမွ စတင္ ဆုတ္ခြာလာခဲ့ၿပီျဖစ္သည္။
ဆန္ေဂ်းခူရာလက္ပသည္ ျမင္း ကို ျဖည္းျဖည္းမွန္မွန္စီးေနရင္းမွ အေနာက္ဘက္လြင္ျပင္ဆီသို႔ သမင္လည္ျပန္ လွည့္ၾကည့္လိုက္သည္။
ဧရာဝတီကို အုပ္မိုးထားေသာ ထိုေကာင္းကင္ျပာျပာႀကီးကို သူဘယ္ေတာ့မွ မေမ့။
ညသန္းေခါင္အခ်ိန္ ေလွတစင္းျဖင့္ ေျမႏုကြၽန္းေပၚ ေရာက္လာေသာ မိန္းကေလးတစ္ေယာက္။
သူ..ဘယ္ေတာ့မွမေမ့။
မဏိပူရတို႔၏ နဂါးအလံေတာ္မ်ားရွိရာ တပ္ဉီးသို႔ သာ သူျပန္ မ်က္ႏွာမူလိုက္၏။
ဧရာဝတီ ကား ဟိုးအေနာက္တြင္ တေ႐ြ႕ေ႐ြ႕က်န္ရစ္ၿပီ။
.............................................................................................
ေလးဘက္ေလးတန္ ရာဇမတ္ကြက္မ်ား အလယ္တြင္ ဝါးျဖင့္ေဆာက္ထားေသာ မဏၰပ္တစ္ခု ရွိေနသည္။
မဏၰပ္အလယ္တြင္ ဟံသာဝတီအရာထမ္းႀကီးမ်ားျဖစ္ေသာ ဆင္ဝန္ဉီးေအာင္လွ၊ ဉီးေမာင္၊ ဉီးကို၊ စာေရးႀကီးထားစကား၊ ဉီးေပၚ႐ြဲ၊ ဉီးေအာင္လွ၏ သမက္ စစ္ကဲေစာျဗ တို႔ ထိုင္ေနၾကသည္။
သူတို႔အနီးတဖက္တခ်က္တြင္ တပ္မႉးတလပန္း ရွိေနသည္။ လက္်ာဗိုလ္မွာ ဟံသာဝတီတြင္ က်န္ေနရစ္သည္။
အဝိုင္း႐ြာဆီသို႔ အေခၚလႊတ္လိုက္ေသာ မင္းေလာင္း သာလွ သည္ ရာဇမတ္ကြက္အကာအရံမ်ားေရွ႕သို႔ ေရာက္ေနၿပီျဖစ္သည္။
ဉီးေအာင္လွႏွင့္ ဟံသာဝတီအရာထမ္းမ်ားမွာ ရင္တထိတ္ထိတ္ျဖင့္ ၾကည့္ေနၾကသည္။
မဏၰပ္အေနာက္တြင္ အမျဖစ္သူ သီရိႏွင့္ အတူရွိေနသည့္ ဂမုန္းက ျမင္ကြင္းကို မ်က္ေတာင္မခပ္တန္းၾကည့္ေနသည္။
အျခားအမႈထမ္းမ်ားမွာလည္း ရာဇမတ္ကြက္၏ ေလးဘက္ေလးတန္မွ ဝင္ခ်ီ ထြက္ခ်ီ သြားလာလႈပ္ရွားေနၾက၏။
သရက္တပင္႐ြာသည္ သစ္ႀကီးဝါးႀကီးမ်ားျဖင့္ ေအးစိမ့္ေနသည္။
အေရွ႕ဘက္ဆီမွ တက္လာေသာ ေနေရာင္ျခည္က သာလွ ၏ မ်က္ႏွာကို ထိုးထား၏။
သာလွက ရာဇမတ္ကြက္ကို ပတ္ေလွ်ာက္ကာ အေရွ႕ဘက္အေပါက္ဆီတြင္ မတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ အေရွ႕ဘက္အေပါက္မွ မဏၰပ္ဆီသို႔ ဝင္လာ၏။
မဏၰပ္အလည္၊ကြမ္းစင္ေတာ္အနီးတြင္ ရပ္ေနသည့္ အခါေတာ္ေပးျဗဟၼဏပုဏၰားေတာ္ႀကီး၏ ခ႐ုသင္းသံ က က်ယ္ေလာင္စြာထြက္ေပၚလာသည္။
“ေအာင္ၿပီ..ေအာင္ၿပီ..ေအာင္ၿပီ”
ဉီးေအာင္လွက လက္ပန္းေပါက္ခတ္ကာ ထေအာ္သည္။
က်န္သည့္ သူမ်ားအားလုံးက ထိုင္ေနရာမွ ဆင္းလိုက္ၿပီး ေျမေပၚတြင္ ဝပ္တြားလိုက္ၾက၏။
ဉီးေအာင္လွကလည္း မင္းေလာင္းသာလွ လာသည့္ လမ္းတြင္ ဒူးတုပ္လက္အုပ္ခ်ီကာဝပ္တြားလိုက္သည္။
“ဘုန္းေတာ္ႀကီးျမတ္လွပါေသာ ရာမညတလိုင္းသုံးရပ္တို႔၏ အရွင္သခင္ သမိန္ေထာဗုဒၶကိတၱိဘြဲ႕ကို ခံယူၿပီး ဟံသာဝတီေနျပည္ေတာ္၏ ေနထြက္ဘုရင္မင္းျမတ္ အျဖစ္ လက္ခံေတာ္မူပါမည့္အေၾကာင္း..ေက်းေတာ္မ်ိဳး ကြၽန္ေတာ္မ်ိဳး အမူးအမတ္အေပါင္းက ေလွ်ာက္ထားအပ္ပါသည္..အရွင့္သား”
သာလွက စိတ္လႈပ္ရွားလြန္းသျဖင့္ လက္မ်ားပင္ တုန္ရီေန၏။
မဏၰပ္တစ္ခုလုံးမွ လူမ်ားသည္ သာလွ၏ ေရွ႕တြင္ ဝပ္တြားေနၾကသည္။
သို႔ေသာ္ တေနရာတြင္ သူ႔အား ေခါင္းေမာ့လ်က္ ေငးၾကည့္ေနသည့္ မ်က္လုံးတစ္စုံကို သာလွ သတိထားမိလိုက္သည္။
ထိုမ်က္ဝန္းမ်ားသည္ စေတြ႕စဥ္အခါကတည္းက သူ႔ကို အၿမဲလိုက္ၾကည့္ေနသည့္ မ်က္ဝန္းမ်ား။
ဂမုန္း ကို သူၿပဳံးျပလိုက္၏။
ထို႔ေနာက္ အဝိုင္းဘုန္းေတာ္ႀကီး သင္ေပးထားသည့္ အသုံးအႏႈန္းမ်ားကို သူ႔ေခါင္းထဲတြင္ ႐ုတ္တရတ္ စဥ္းစားလိုက္သည္။
“ငါကိုယ္ေတာ္ လက္ခံေတာ္မူတယ္”
“မွန္ပါ..ဟံသာဝတီကို ႂကြလ်က္ မင္းေျမာက္တန္ဆာငါးပါးကို ခံယူၿပီး ထီးနန္းကို သိမ္းပိုက္ေတာ္မူပါ...ဆင္ေတာ္ျမတ္ သန္လ်င္စြာ ထက္ ႂကြေတာ္မူပါ..အရွင့္သား”
မဏၰပ္အေနာက္ဘက္တြင္ သဲျဖဴခင္းထားသည့္ လမ္းအဆုံးတြင္ စီးေတာ္ဆင္က အသင့္ရွိေနသည္။
ေအာင္စည္ေတာ္မ်ား႐ြမ္းသံမ်ားႏွင့္အတူ မြန္႐ိုးရာမိေက်ာင္းတူရိယာတီးသံမ်ားထြက္ေပၚလာ၏။ ဗီဇယၾတထီးျဖဴမ်ားကိုင္ေဆာင္လာသည့္ ထီးေတာ္မိုးမ်ားက သာလွကို ဝိုင္းမိုးလိုက္ၾကသည္။
၁၇၄၀ ဒီဇင္ဘာလတြင္ သမိန္ေထာဗုဒၶကတၱိဘြဲ႕ခံ ေကြ႕မင္းသာလွ က ဟံသာဝတီ၏ ရွင္ဘုရင္ျဖစ္လာခဲ့သည္။
ေကြ႕မင္းဟု အမည္တပ္သည္မွာ သာလွ၏ ဖခင္မွာ စေနမင္း၏ ညီေတာ္ ပုဂံမင္းသားျဖစ္ၿပီး မိခင္မွာ သုပဘာဘြဲ႕ခံ လားဟူေကြ႕အမ်ိဳးသမီး ျဖစ္သည္။
သာလွႏွင့္ သူ၏မိခင္တို႔မွာ ငယ္စဥ္က အင္းဝမင္း၏ ရန္ကိုေၾကာက္သျဖင့္ ေကြ႕မ်ားရွိရာ မတၱရာ၊ ရွမ္းျပည္ဘက္ဆီတြင္ လည္း ေျပးလႊားပုန္းေအာင္းခဲ့ရဖူးသည္။
သာလွ၏ ေကြ႕အမည္မွာ က်ာလ ျဖစ္သည္။ထို႔ေၾကာင့္ သာလွကို ေကြ႕မင္းဟုလည္း ျပည္သူမ်ားက အမည္သမုတ္ၾက၏။
ဟံသာဝတီတြင္ တထီးတနန္းျဖစ္သည္ႏွင့္ အင္းဝမွခန႔္ထားေသာမုတၱမၿမိဳ႕ဝန္မင္းရဲေဇယ်သူမွာလည္း ၿမိဳ႕တြင္ မေနဝံ့ေတာ့ေပ။
မုတၱမမွ တလပန္း၏ တပ္မ်ားသည္ ဟံသာဝတီႏွင့္ပူးေပါင္းသြားၾကသျဖင့္ မုတၱမၿမိဳ႕ဝန္မွာ အယုဒၶယဘက္သို႔ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္။
ထို႔ေၾကာင့္ ဟံသာဝတီကား မုတၱမကိုပါ အလြယ္တကူရရွိသြားေလေတာ့သည္။
....................................................................................................................
“ကြၽန္မက ဉီးေအာင္လွ အိမ္ေတာ္ဆီ သြားရဉီးမွာမို႔....ဖာသာတို႔ပဲ နန္းေတာ္ကိုသြားႏွင့္ပါ..မၾကာခင္ လက္်ာဗိုလ္လႊတ္လိုက္တဲ့ လွည္းယာဥ္လည္း ေရာက္လာပါလိမ့္မယ္”
လြီဇာက သူ႔အိမ္ေရွ႕ ဧည့္ခန္းတြင္ ထိုင္ေနေသာ ဖာသာဂါလစ္ဇီယာ တို႔ ငါးဉီးကို လြီဇာက ေတာင္းပန္ကာ အျပင္သို႔ ထြက္သြား၏။
ဖာသာဂါလစ္ဇီယာ ႏွင့္ ဖာသာမြန္ဒယ္လီ တို႔မွာ မင္းရဲေအာင္ႏိုင္ က မကြပ္မ်က္ေသးပဲ အခ်ဳပ္ထဲ ထည့္ထားခဲ့သျဖင့္ ေသေဘးမွ ကံေကာင္းစြာ လြတ္ေျမာက္သြားခဲ့သည္။
ဟံသာဝတီအေျခအေနရႈပ္ေထြးေနစဥ္အတြင္း ဖာသာနာရနီမွာ တနၤႆာရီသို႔ မေျပးပဲ သန္လ်င္၌သာ ပုန္းေအာင္းေနခဲ့သည္။
ထိုအခ်ိန္တြင္ ဟံသာဝတီ၌ ဘုရားေက်ာင္းဖြင့္ႏိုင္ရန္ ဉီးသာလွက သေဘာတူလိုက္ေၾကာင္း ဖာသာဂါလစ္ဇီယာ၏ အေၾကာင္းၾကားမႈေၾကာင့္ ဖာသာဂြၽန္ဒယ္လ္ကြန္ေတ ႏွင့္ ဆရာဝန္ဘရာသာ ကာပယ္လို တို႔သည္ သန္လ်င္သို႔ ေရာက္ရွိလာၾကသည္။
မင္းရဲေအာင္ႏိုင္လုပ္ႀကံခံရၿပီးေနာက္ ဖာသာဂါလစ္ဇီယာ ၊ ဖာသာမြန္ဒယ္လီ၊ ဖာသာနာေရနီ ႏွင့္ ေနာက္ေရာက္လာသည့္ဖာသာမ်ားမွာ ဟံသာဝတီဘုရင္အသစ္ သမိန္ေထာႏွင့္ ေတြ႕ဆုံရန္ လြီဇာမွ တဆင့္ ခ်ိတ္ဆက္ကာ ေရာက္ရွိေနၾကျခင္းျဖစ္၏။
ဘုရင္သစ္သမိန္ေထာ အား ဆက္သရန္အတြက္ ျမန္မာဂဏန္းမ်ားေရးထိုးထားသည့္ နာရီတစ္လုံးႏွင့္ အီတလီျပည္ျဖစ္ အဝတ္အထည္အသုံးအေဆာင္မ်ားလည္း ပါရွိလာသည္။
ဉီးေအာင္လွ၏ အိမ္ေတာ္ထဲသို႔ ဝင္လိုက္သည္ႏွင့္ ယခင္ႏွင့္မတူေသာ အေငြ႕အသက္မ်ားကို လြီဇာ ခံစားလိုက္ရသည္။
ဉီးေအာင္လွသည္ ဗညားဒလဘြဲ႕ခံ ဟံသာဝတီ၏ အမတ္ခ်ဳပ္ႀကီးအျဖစ္ ရာထူးရရွိခဲ့ၿပီျဖစ္သည္။
ထို႔ျပင္ မၾကာမီအခ်ိန္တြင္ နန္းေတာ္ဥကင္ဖြင့္ပြဲႏွင့္အတူ ဉီးေအာင္လွ၏ သမီးအငယ္ ဂမုန္း အား သမိန္ေထာဘုရင္ထံ ဆက္သမည္ျဖစ္သည္။
ထို႔ေၾကာင့္ အေစာင့္အၾကပ္စစ္သည္မ်ား၊ အမ်ိဳးအေဆြမ်ားျဖင့္ အိမ္မွာ ရႈပ္ယွက္ေန၏။
သီရိ ႏွင့္ မယ္ဖူး က ဂမုန္းကို အလွဆုံးျဖစ္ေအာင္ ျပင္ဆင္ေပးေနၾက၏။
ဂမုန္းကား မုတၱမဆိပ္ကမ္းမွ ဆက္သသည့္အေကာင္းဆုံး ေ႐ႊခ်ည္ေရးဝတ္စုံကို ဝတ္ဆင္ထားသည္။
“ဟယ္..မမလြီဇာ”
လြီဇာက ဂမုန္းကို ၿပဳံးျပလိုက္သည္။
“ဂမုန္း.အရမ္းေပ်ာ္ေနလား”
“မေပ်ာ္ပဲေနမလား..မမရဲ႕..သူက ငယ္ခ်စ္ကိုလည္း ရမယ္...မိဖုရားလည္းျဖစ္ေတာ့မယ္ေလ.. ေနာက္ဆို မယ္ဖူးတို႔က သူ႔ကို လက္အုပ္ခ်ီရေတာ့မွာပ”
“ဟယ္..အဲ့လိုေတာ့မလုပ္ပါနဲ႔..တို႔မေနတတ္ဘူး..ဖူးဖူးရဲ႕..အခ်င္းခ်င္းေတြပဲဟာ..အရင္လို ေခၚၾကေျပာၾကေပါ့”
“ဒီလိုေတာ့ မဟုတ္ဘူးေလ..ညီမေလးရဲ႕..ငါ့ညီမက မိဖုရားေခါင္ႀကီးျဖစ္ေတာ့မွာ...မမတို႔က အစ လူၾကားသူၾကားဆို လက္အုပ္ခ်ီ ခစားရမွာ..ဟုတ္တယ္ေနာ္ မမလြီဇာ”
သီရိက ဂမုန္း၏ ဆံထုံးေလးကို ျပင္ဆင္ေပးရင္း ေျပာလိုက္သည္။
“မမလြီဇာ တို႔လည္း နန္းေတာ္ထဲကို မၾကာခဏလာေနာ္...ဂမုန္းတစ္ေယာက္တည္း ပ်င္းေနမွာ”
“အံမယ္ေလး..ရွင္ဘုရင္ေလးရွိေနတာပဲ...ပ်င္းခ်ိန္ရပါ့မလား..ဂမုန္းရယ္”
မယ္ဖူးစကားေၾကာင့္ အားလုံးက ဝိုင္းရယ္လိုက္ၾက၏။
ထိုအခ်ိန္တြင္ ဉီးေအာင္လွ ကေတာ္ က အိမ္ေရွ႕မွ အခန္းတြင္းသို႔ ဝင္လာ၏။
“ေရွ႕မွာ နန္းေတာ္က ေဝါယာဥ္ နဲ႔ အမႈထမ္းေတြေရာက္ၿပီ..အသင့္ထြက္ဖို႔ ျပင္ၾကေတာ့ေဟ့..တို႔မိဖုရားေလးကို ဂ႐ုစိုက္ၾကေနာ္”
ဂမုန္းက လြီဇာအနားသို႔ ကပ္လာၿပီး လြီဇာလက္ကို ဆုပ္ကိုင္ထားသည္။
ဂမုန္း၏လက္ကေလးမ်ားမွာ ေအးစက္ေန၏။
“ဂမုန္း...သူ႔ ရဲ႕ မယားျဖစ္ရေတာ့မွာေပါ့ေနာ္...မမလြီဇာ”
“မိဖုရားလို႔ ေျပာပါ..ဂမုန္းရဲ႕”
“ဟင္အင္း..ဂမုန္း မိဖုရားျဖစ္ရမွာမို႔ေပ်ာ္တာမဟုတ္ဘူး..သူနဲ႔ လက္ဆက္ရမွာမို႔ေပ်ာ္တာ...ဂမုန္း သူ႔မိန္းမ ျဖစ္ရတာကိုပဲ ေက်နပ္တယ္..မမလြီဇာရဲ႕”
“ကဲ..ျဖစ္ရမွာပါ..မဖုရားရယ္..ျဖစ္ရမွာပါ”
.....................................................................................................................
၁၇၄၀ ဒီဇင္ဘာလကုန္။
မဟာဓမၼရာဇာဓိပတိသည္ သဘင္နန္းေတာ္ဟု အမည္ေပးထားေသာ နန္းေဆာင္အတြင္း ပြဲေတာ္က်င္းပေနသည္။
ကသည္းတို႔ကို အထက္စီးမွ စစ္ေျပၿငိမ္းလိုက္ႏိုင္သည့္အတြက္ မဟာဓမၼရာဇာဓိပတိသည္ နန္းေဆာင္အသစ္အတြင္းသဘင္သည္မ်ားစြာကို ေခၚယူကာ ကျပေဖ်ာ္ေျဖေစသည္။
အင္းဝကို ျပန္ေရာက္မလာေသးေသာ စစ္ဗိုလ္ခ်ဳပ္ ကိုးသိန္းသခင္ႏွင့္ တပ္မႉးမ်ားကိုလည္း ဘြဲ႕ေတာ္မ်ား ေပးအပ္ခ်ီးျမႇင့္သည္။
အျခားမူးမတ္မ်ားကို ဘြဲ႕အသစ္မ်ား ေပးအပ္သည္။
အထူးျခားဆုံးမွာ ဝက္သားဟင္းခ်က္ရာတြင္ အလြန္ေတာ္ေသာ စားေတာ္ကဲတုရင္ဗလကို သတိုးမင္းငယ္အမည္ျဖင့္ ဝန္ႀကီးရာထူးေပးလိုက္ျခင္းႏွင့္ စစ္ကိုင္းအုပ္ကြၽန္းမႉးသား ငပုလွ ကို ေလာကမင္း ဘြဲ႕ျဖင့္ နန္းတြင္းသက္ေတာ္ရွည္ရာထူးေပးလိုက္ျခင္းပင္။
ရွင္ဘုရင္၏ ပါးစပ္ထဲတြင္ျဖစ္ေနေသာ ဘြဲ႕မ်ား၊ ရာထူးမ်ားသည္ ထုံးစံႏွင့္မေလ်ာ္ညီေၾကာင္း ေလွ်ာက္တင္မည့္ အမတ္မ်ားလည္း မရွိၾက။
နန္းေတာ္တစ္ခုလုံး ေပ်ာ္႐ႊင္ေနၾကခ်ိန္တြင္ ျပည္စားျမင္းမႉးမင္းသားထံသို႔ အေထာက္ေတာ္မ်ားမွ တဆင့္ သတင္းစကားတစ္ခု ေရာက္လာသည္။
ျမင္းမႉးမင္းသားသည္ မဟာဓမၼာရာဇာဓိပတိ နားသို႔ တိုးကပ္သြား၏။
မဟာဓမၼရာဇာဓိပတိသည္ ေစာင္းသံႏွင့္အတူ သီခ်င္းတပုဒ္ကိုလိုက္ဆိုေနရာမွာ ရပ္သြားသည္။
“ဘာမ်ား ေလွ်ာက္တင္စရာရွိလဲ...ညီေတာ္”
ျမင္းမႉးမင္းသားက ခပ္တိုးတိုး ေလွ်ာက္တင္လိုက္သည္။
မဟာဓမၼရာဇာဓိပတိသည္ အလန႔္တၾကား မတ္တပ္ထရပ္လိုက္၏။
မၾကာမီ သဘင္ေဆာင္တစ္ခုလုံး တိတ္ဆိတ္သြားသည္။
သဘင္သည္မ်ားအားလုံးကို ထြက္ခြာခိုင္းလိုက္ၿပီျဖစ္သည္။
ဟံသာဝတီတြင္ မင္းရဲေအာင္ႏိုင္ကို လုပ္ႀကံသတ္ျဖတ္ၿပီး သမိန္ေထာဗုဒၶကိတၱိ အမည္ရွိ ဘုရင္ကို တင္ေျမႇာက္ၿပီးျဖစ္ေၾကာင္း သတင္းက မဟာဓမၼရာဇာဓိပတိ ႏွင့္တကြ နန္းတြင္းတစ္ခုလုံးကို တုန္လႈပ္သြားေစခဲ့သည္။
သမိန္ေထာဗုဒၶကိတၱိဆိုသည္မွာ ယခင္ စေနမင္း၏ ညီေတာ္ ပုဂံမင္း၏ သားျဖစ္ၿပီး အင္းဝမင္းေသြး ျဖစ္ေနသည့္အခ်က္ကလည္း မဟာဓမၼရာဇာဓိပတိအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ေနသည္။
အင္းဝ၊ ျပည္၊ ေတာင္ငူ တို႔မွ စစ္အင္အားမ်ားအားလုံးမွာ ကသည္းစစ္ေျမျပင္မွ ျပန္မလာရေသး။
ထို႔ေၾကာင့္ ဟံသာဝတီသို႔ တပ္မ်ားခ်က္ခ်င္း ပို႔ရန္လည္း အင္းဝတြင္ တပ္အလုံအေလာက္မရွိ။
ဝန္ႀကီးဉီးၿဖိဳးက ခပ္တိုးတိုးေလွ်ာက္တင္သည္။
“ကိုးသိန္းသခင္ကို ဟံသာဝတီသို႔ တပါတည္းဆက္လက္ခ်ီတက္ခိုင္းလ်င္ သင့္ေတာ္ပါမည္..ဘုရား”
ျပည္စားျမင္းမႉးမင္းသား မင္းရဲရန္ေနာင္ က ေခါင္းကို ခပ္ျဖည္းျဖည္းခါလိုက္သည္။
“ကိုးသိန္းသခင္နဲ႔ တပ္ေတြဟာ ကသည္းတို႔နဲ႔ တိုက္ရာမွာ ပင္ပန္းလာၾကပါတယ္..ခ်က္ခ်င္းခ်ီေစခ်င္းငွာ မသင့္ပါ....ဟံသာဝတီသို႔ ခ်ီရာတြင္ ေလွတပ္ဖြဲ႕ၿပီး ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ ေရွ႕ေျပးခ်ီပါ့မယ္..ေနာက္မွသာ ကိုးသိန္းသခင္ကို ဗိုလ္ခ်ဳပ္အျဖစ္ႏွင့္ ၾကည္းေၾကာင္းလိုက္ပါေစလ်င္သင့္ေၾကာင္းပါ”
“ငါစဥ္းစားပါ့မယ္ကြယ္..ဘေထြးေတာ္ကိုးသိန္းသခင္တို႔ကေရာ အခုဘယ္ေရာက္ေနၿပီတဲ့တုန္း”
“ေနာက္တပတ္ေလာက္ေနလွ်င္ အင္းဝနန္းေတာ္ဆီ ဝင္ပါမယ္တဲ့..ဘုရား”
“ၾကာလိုက္ရန္ေကာကြယ္...ဒီမွာ အေရးက ေပၚေနၿပီဆိုမွ...ခက္ေနပါၿပီ..ကိုင္း မင္းရဲရန္ေနာင္က ေရေၾကာင္းက တပ္ဖြဲ႕ခ်ီတာလည္း ခ်ီ....ဘေထြးေတာ္ဆီ လည္း အမိန႔္ေတာ္ပါးၾက...ဘေထြးေတာ္နဲ႔ တပ္မ်ားဟာ ေနျပည္ေတာ္ကို မဝင္ၾကေစနဲ႔...ဟံသာဝတီသို႔သာ ဆက္လက္ခ်ီတက္ၾကေစလို႔”
မဟာဓမၼရာဇာဓိပတိ၏ အမိန႔္သံက အားမပါလွ။
................................................................................................
ေမာေဓာဘုရားပြဲေတာ္။
ဟံသာဝတီတစ္ၿမိဳ႕လုံးကား ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားျဖင့္ စည္ကားေနၾကသည္။
ဟံသာဝတီသည္ အင္းဝလက္ေအာက္မွ လြတ္ေျမာက္ခဲ့ၿပီး ကိုယ္ပိုင္ထီးနန္းႏွင့္ ျဖစ္ၿပီျဖစ္သျဖင့္ ျပည္သူလူထုမွာ အထူးေပ်ာ္႐ႊင္ေနၾက၏။
ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီ မွလည္း အထူးတင္သြင္းလာေသာ ယမကာမ်ား၊ ကုန္စည္မ်ားကို ေရာင္းခ်ေပးသည္။
အာေမးနီးယန္းကုန္သည္တို႔ တင္သြင္းလာေသာ အိႏၵိယကေခ်သည္မ်ား၏ ေျမဝိုင္းအက က လည္း လူအမ်ားစိတ္ဝင္စားၾကသည္။ ဆပ္ကပ္ဟု ေခၚေသာ အထူးအဆန္းမ်ား ျပသပြဲတြင္လည္း လူမ်ား အုတ္အုတ္က်က္က်က္။
လြီဇာသည္ ဝိုင္နီတစ္ခြက္ကို ကိုင္ကာ အိမ္ေရွ႕ေလသာေဆာင္တြင္ထိုင္ရင္း လမ္းသြားလမ္းလာမ်ားကို ေငးေန၏။
ဟံသာဝတီသည္ လြတ္လပ္သြားခဲ့ၿပီ။ ထိုေျမတြင္ လြီဇာသည္လည္း အေႏွာက္အယွက္ကင္းကင္းျဖင့္ ဩဇာအာဏာရွိေသာ ကုန္သည္တစ္ေယာက္ဘဝကို ထူေထာင္ရေတာ့မည္။
သို႔ေသာ္ ေရွ႕တြင္ သြားလာေနၾကေသာ မိသားစုမ်ား၊ ခ်စ္သူမ်ား၊ မိတ္ေဆြမ်ားကို ေငးရင္း လြီဇာရင္ထဲ လႈိက္တက္လာသည္။
ေလာကဓံလႈိင္းတံပိုးမ်ား ၿငိမ္သက္သြားခ်ိန္တြင္မွ အထီးက်န္မႈသည္ သူ႔ဆိပ္ကမ္းသို႔ ဆိုက္ကပ္လာခဲ့သည္ကို သူခံစားမိလိုက္၏။
ထိုအခ်ိန္တြင္ အိမ္ေရွ႕မွ လူရိပ္တစ္ခုကို လြီဇာ ေတြ႕လိုက္ရသည္။
ေသွ်ာင္ထုံးေခြေခြကို ေဘးတစ္ေစာင္းခ်ထားသည့္ ထိုသူ။
လြီဇာ့ ရင္တစ္ခုလုံး ဒိတ္ခနဲ ခုန္သြားသည္။
လူရိပ္က သူ႔အိမ္ေရွ႕တည့္တည့္တြင္ ရပ္ကာ သူ႔ကို ေငးၾကည့္ေန၏။
လြီဇာက ဝိုင္ခြက္ကို ခ်ကာ အိမ္ေအာက္သို႔ ေျပးဆင္းသြားသည္။
ၿခံေရွ႕သို႔ ေရာက္ေသာအခါ မည္သူမွ် မရွိ။
ပြဲေတာ္သြားလာေနၾကသည့္ မိသားစုမ်ားသာ ေတြ႕ရသည္။
လြီဇာ သက္ျပင္းခ်လိုက္သည္။
ထို႔ေနာက္....အိမ္ထဲသို႔ ဝင္ရန္ ေျခလွမ္းတို႔ ေလးလံစြာျဖင့္ ျပန္လွည့္လိုက္စဥ္
“လြီဇာ”
အသံ။ ထိုအသံႏွင့္အတူ သူရင္းႏွီးခဲ့ဖူးေသာ အၿပဳံးတစ္ခု။
“ေမာင္ႀကီးငတြန္”
လြီဇာက ငတြန္ ၏ ရင္ခြင္ထဲသို႔ ေျပးဝင္လိုက္သည္။
ငတြန္က လြီဇာ့ကို ဖက္ထားလိုက္၏။
“ရွင္..ကြၽန္မကို အၾကာႀကီးပစ္ထားခဲ့တယ္ေနာ္”
လြီဇာ၏ မ်က္ရည္မ်ားက ငတြန္၏ ရင္ဘတ္ကို စိုစြတ္သြားေစသည္။
“ကြၽန္မတို႔ ဟံသာဝတီမွာ ကြၽန္မနဲ႔ အတူေနမယ္မဟုတ္လားဟင္..ကြၽန္မကို ခြဲမသြားေတာ့ဘူးမဟုတ္လား”
ငတြန္၏ ကိုယ္ေငြ႕ေႏြးေႏြးက လြီဇာ၏ တကိုယ္လုံးကို ၿခဳံလႊမ္းထားသလို။
“မဟုတ္ဘူး..လြီဇာ..က်ဳပ္ ခင္ဗ်ားကို လာေခၚတာ”
“ဟင္”
လြီဇာက ငတြန္၏ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္သည္။
“ဟုတ္တယ္..လြီဇာ..အင္းဝက ကသည္းေတြနဲ႔ စစ္ေျပၿငိမ္းလိုက္ၿပီ...အဲ့ဒီတပ္ေတြအကုန္လုံး မၾကာခင္ ဟံသာဝတီကို ခ်ီလာၾကေတာ့မွာ...သူတို႔ ဟံသာဝတီကို စိစိညက္ညက္ေၾကေအာင္အၿပီးတိုင္ ေခ်မႈန္းပစ္ဖို႔ နန္းေတာ္က အမိန႔္ထုတ္ထားလိုက္ၿပီ..အဲ့ဒါ မင္းအတြက္ အႏၲရာယ္ရွိတယ္...က်ဳပ္နဲ႔ လိုက္ခဲ့ပါ..တို႔ႏွစ္ေယာက္ ရွမ္းျပည္ဘက္မွာ ေအးေအးေဆးေဆးသြားေနၾကမယ္”
လြီဇာက မ်က္ရည္မ်ားကို သုတ္လိုက္ကာ ေခါင္းကို ခါရမ္းလိုက္သည္။
............................................................
AVA 1740s (Season 1) ၿပီးပါၿပီ။
ခက္ေဇာ္
AVA 1740s (Season 2) မၾကာမီေပါ့ဗ်ာ....
Done 💪
ReplyDeleteလွီဇာနဲ့ငတွန်ကပေါင်းရအုံးမှာလား😢
ReplyDeleteDone
ReplyDelete