AVA 1740s (အခန်း ၁၂)

(unicode)

AVA 1740s

                                            အခန်း(၁၂)    

                                ...............................................

ထမီကိုရင်လျားတွင် ပုဝါနီစည်းထားသော အနောက်ဆောင်မိန်းမစိုးအရာရှိ မစာ သည် နန်းဆောင်အတွင်းသို့ အလန့်တကြားပြေးဝင်လာသည်။

“လုပ်ကြပါဦး..ဟိုမှာ သေနေပြီ..ဘုရား..သေနေပြီဘုရား”

သူ့အသံကြားသည်နှင့် နန်းဆောင်နဘေးရှိ ဘုရင်ကိုယ်ရံ‌တော်တပ်က ရုတ်တရက်ဝင်လာကာ နန်းဆောင်တစ်ခုလုံးကို ဝိုင်းထားလိုက်ကြသည်။

“တစ်ယောက်မှ အပြင်မထွက်နဲ့..ဒူးတုပ်ထား...တစုံတစ်ခုလှုပ်တာရှားတာမြင်ရင် ခုတ်သတ်မယ်”

နန်းမတော်ဝန် အက်ဂါမိုင်းနပ်စ်၏ အသံက ဟိန်းထွက်လာ၏။

“တော်ကြီးဘုရားကို ... နန်းမတော်ဆောင်ကို ပို့ဖို့ ဝေါပြင်ကြ”

မဟာဓမ္မရာဇာဓိပတိသည် အမူးရှိန်မပြေသေးသော်လည်း အခြေအနေကို ရုတ်တရက် မှင်တက်နေသည်။

“ကိုယ်တော်...ပြန်ကြွဖို့လိုပြီဘုရား.ဥယျာဥ်တော်ထဲမှ လူတစ်ယောက် အသတ်ခံထားရပါတယ်”

ကိုးသိန်းသခင်က ရှင်ဘုရင်လေးကို ဖေးမကာ ဝေါပေါ်သို့ တင်ပေးလိုက်သည်။

“အာကာရွှေတောင်...ဘယ်သူ လဲ..ဘယ်သူသတ်ခံရတာလဲ”

ကိုးသိန်းသခင်က အက်ဂါမိုင်းနပ်စ်အနီးသို့ သွားကာ မေးလိုက်သည်။

“သူကြွယ်ကြီးလော်တာဖုန်းပါ..အစောပိုင်းက ကျွန်တော်မျိုးနဲ့ စကားပြောနေတာ.. ဥယျာဥ်ထဲ ခဏဆိုပြီး ထွက်သွားတာ..အခု လည်စိညှစ်ခံရပြီးသေပြီတဲ့”

“ဘယ်သူသတ်သွားတာလဲ..မြင်လိုက်ကြလား”

“ဒီနေ့ အနောက်ဆောင်တာဝန်ကျ ပုပ္ပါးမိဖုရားက ရှင်ဘုရင်လေး အခေါ်တော်ရှိတယ်ဆိုလို့ ဒီဘက်ကို ကူးလာရင်း တွေ့တာပါ”

“ပုပ္ပါးမိဖုရားဘယ်မှာလဲ”

“အလောင်းကောင်ကို မြင်ပြီး ကြောက်လန့်ပြီး ပြန်သွားပါပြီ..မိန်းမစိုးအရာရှိက သတင်းလာပေးတာပါ”

ကိုးသိန်းသခင်က နန်းဆောင်အတွင်း ငြိမ်သက်နေသော လူများကို မျက်လုံးဝေ့ကြည့်လိုက်သည်။

ထောင့်တစ်နေရာတွင် ခေါင်းငုံ့လျက်ရှိသော လွီဇာကို မြင်လိုက်ရမှ သက်ပြင်းချလိုက်၏။

“အေး..နန်းတော်ကြီး ထွက်ပေါက်တွေ အကုန်ပိတ်...ဒီခန်းမထဲမှာ ပွဲလာတက်ပြီး အခုပျောက်နေတဲ့လူစာရင်းကိုလည်း စစ်ကြောချေ..နန်းစောင့်တပ်ကို နင်ကိုယ်တိုင်သေချာကြီဂကြပ်...ဘုန်းတော်ကြီးဘုရားစံမြန်းမယ့်အဆောင်ကို စောင့်ဖို့ ငါ့စဥ်ကိုင်တပ်က လူတွေ လွှတ်လိုက်မယ်”

ကိုးသိန်းသခင် က ရေးကြီးသုတ်ပြာဖြင့်ထွက်သွားသည်။

ခဏအကြာတွင် နန်းတော်စောင့်တပ်များရောက်လာပြီး နန်းဆောင်ထဲတွင်ရှိသော လူများအား တစ်ဦးချင်း စိစစ်ကြတော့သည်။

အသတ်ခံရသူ အင်းဝမြို့ သူကြွယ်စာရင်းဝင် လော်တာဖုန်း မှာ ဝန်ကြီးဦးပု နှင့် အလွန်ရင်းနှီးသူဖြစ်ပြီး ဦးပု၏ ရဲတစ်ထောင် နောင်တစ်ရာ စီမံကိန်းအတွက် ငွေကြေးအဓိကထောက်ပံ့ပေးနေသူလည်းဖြစ်သည်။

ထိုအချက်ကြောင့် သတ်ဖြတ်သူမှာ ဦးပု နှင့် သြဇာပြိုင်ဘက် ဝန်ကြီးဦးရွှေဖြိုး ဘက်မှ ဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။

ကိုးသိန်းသခင်က မူ ထိုညက နန်းဆောင်တွင်း လွီဇာပါ ရှိနေသဖြင့် စိတ်ထဲတွင် ဒွိဟဖြစ်နေတော့သည်။

...................................................................................................

“မောင်ငယ်ကိုတွန်...အင်းဝရောက်ပြီးကတည်းက ကျွန်မကို ဆက်ဆံတာ တဖြောင့်တတန်းကြီး ဆက်ဆံနေပါ့လား..ဘာများဖြစ်လို့တုန်း”

စစ်ကိုင်းရှိ ရှမ်းမြင်းစျေးပွဲတွင် လွီဇာအတွက် မြင်းတစ်စီးဝယ်ယူရန် ကိုးသိန်းသခင်က ငတွန်ကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။

“ဘာမှမဖြစ်ပါဘူး..ခင်ဗျား ဟံသာဝတီမှာ အတော်မှ ပျော်ခဲ့ရဲ့လား”

“အင်း...ပျော်တယ်ရယ်တော့..ဘယ်ဟုတ်မလဲ.. အောက်မေ့ရတဲ့သူများရှိတဲ့ အင်းဝကိုလည်း သတိတော့ရတာပေါ့”

“အောက်မေ့ရတဲ့သူဆိုတော့..ကိုးသိန်းသခင်ကိုလား”

လွီဇာက မျက်မှောင်ကြုံ့ပြီး ငတွန်ကို ကြည့်လိုက်သည်။

“ရှင်..ဘာပြောလိုက်တာလဲ”

“သြော်..ဟံသာဝတီသွားနေချိန် ကိုးသိန်းသခင်ကို အောက်မေ့နေတာလားလို့”

“နေပါဦး...ကျွန်မနဲ့ ကိုးသိန်းသခင်က ဘာမို့လို့ ကျွန်မက အောက်မေ့ရမှာလဲ”

ငတွန် က ခေတ္တမျှ တိတ်ဆိတ်သွားသည်။

“ဟိုဘက်ခြမ်းမှာ...ဖောင်းဝတ်ပျောက်မြင်း တစ်ကောင် ခုန တွေ့ခဲ့တယ်..သွားကြည့်ကြမလား”

လွီဇာက ငတွန့်စကားကို ခေါင်းခါပြီး..ငတွန့် လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

“ကျွန်မ မေးတာကို ပြန်ဖြေဦး....ကိုးသိန်းသခင် နဲ့ ကျွန်မကို ရှင်က ဘာထင်နေတာလဲ”

ငတွန်က သူ့ပုခုံးပေါ်တွင် တင်ထားသော လွီဇာ၏ လက်ချောင်းဖြူဖြူလေးကို တချက်ငဲ့ကြည့်သည်။

“ကိုးသိန်းသခင်က...တချိန်မှာ မင်းကို မယားငယ်အဖြစ် သိမ်းပိုက်ပြီး မြှောက်စားမယ်တဲ့...ဝန်ကတော် နဲ့ ပြောနေတာ..ကျုပ် ကြားခဲ့တယ်”

“ဘာ”

“မင်းက ဝန်ကတော်ဖြစ်မှာလေ....ဘာဖြစ်တာလဲ”

“ကျွန်မ ဝန်ကတော်မဖြစ်ချင်ဘူး... ကျွန်မ က လွီဇာဒီမဲလိုး ပဲ..လွီဇာဒီမဲလိုးပဲ ဖြစ်ချင်တာ”

ငတွန် ၏ မျက်နှာက အနည်းငယ်ပြုံးသွားသည်။

“ကဲ..မြင်းပွဲစျေးက သိမ်းတော့မယ်..မင်းစိတ်ကြိုက် တစ်ကောင် အမြန်ရှာပါဦး”

လွီဇာက ငတွန့်ကို မှုန်တေတေဖြင့် ကြည့်ကာ မြင်းပွဲစျေးတွင်း ဝင်ခဲ့ကြ၏။

ငတွန် က လွီဇာစိတ်ကြိုက်မြင်းများတွင် မြင်းကောင်းတို့၏ လက္ခဏာဖြစ်သော ကြီးသုံးကြီး၊ ငယ်သုံးငယ်၊ တိုသုံးတို၊ ရှည်သုံးရှည်၊ နယ်သုံးနက်၊ ကျယ်သုံးကျယ် စသည့်အချက်များပါမပါ  ကြည့်ပေး၏။

နောက်ဆုံးတွင် လွီဇာစိတ်ကြိုက် မြင်းနက်အမျိုးအစားတကောင်ကို ငွေစင် ငါးဆယ့်ငါးကျပ်ဖြင့်ဝယ်ယူနိုင်ခဲ့သည်။

“ဟယ်..မမလွီဇာ..”

မြင်းစီးလာသော လွီဇာကို ရှင်မိငယ်က အံသြတကြီးဖြင့် နှုတ်ဆက်လိုက်၏။

မြင်းပွဲစျေးအတွင်းရှိ လူများကလည်း ငတွန်နှင့်အတူ မြင်းစီးလာသော အမျိုးသမီးကို အာရုံစိုက်နေကြသည်။

“မိငယ်...ဘယ်လိုလဲ...ဖိုးအောင်ဇေယျရော”

“သူ က တလတခါလောက်တော့..မိငယ်ဆီလာပါတယ်..မိငယ် ဒီမှာ သွားဆေးဆိုးဆိုင်ဖွင့်ထားတယ်.. အိမ်ကို လိုက်လည်ကြပါဦးလား”

“အမက မြင်းလာဝယ်တာ...နေမစောင်းခင် အင်းဝကို အရောက်ပြန်ရဦးမှာမို့..မိငယ်”

“တလောက မိငယ် အင်းဝရောက်သေးတယ်...အမတို့ ပေါ်တူဂီရပ်ကွက်ထဲ မေးကြည့်တော့ အမ ဟံသာဝတီကိုသွားတယ်ဆိုလို့”

“အင်း..ဟုတ်တယ်..ကိစ္စတစ်ခုနဲ့ပါ”

မိငယ်က လွီဇာ စီးလာသော မြင်းကို အကဲခတ်နေသည်ကို လွီဇာ သတိထားမိလိုက်သည်။

“အစ်မက အခု နန်းတော်တွင်းကို ကုန်ပစ္စည်းတစ်ခု သွင်းခွင့်ရထားတယ်..အဲ့ဒါ တော်ကြီးဘုရားဆီက မြင်းစီးခွင့်ပါ ရထားတယ်”

“ဟယ်..မမလွီဇာက က အထူးအဆန်းနော်..မိငယ်ဖြင့် အင်းဝသူတွေ မြင်းစီးတာ မတွေ့ဖူးပေါင်..မိငယ်တို့ မုတ္တမ၊ ဟံသာဝတီဘက်တော့ စီးကြပါရဲ့”

“ဒါလည်း ဟံသာဝတီမှာပဲ သင်ခဲ့တာလေ..မိငယ်”

မိငယ်က လွီဇာ၏ မြင်းနားသို့ တိုးကပ်လိုက်သည်။

“ဒါနဲ့..ဟံသာဝတီရော..အခြေအနေတည်ငြိမ်ရဲ့လား...မမလွီဇာ”

မိငယ်၏ အမေးကို လွီဇာက မျက်မှောင်ကြုံ့ကာ ကြည့်လိုက်၏။

“ဘာလို့လဲ..မိငယ်..ဘာသတင်းကြားလို့လဲ”

“အင်း...မဟုတ်ပါဘူး..အခု ဒီစစ်ကိုင်းမှာတော့ ကသည်းစစ် လာတော့မယ်လို့ သတင်းတွေ ကြားနေရတယ်...ဟံသာဝတီအခြေအနေရော ငြိမ်ဝပ်ရဲ့လားလို့ပါ”

“မိငယ်က ဟံသာဝတီ မုတ္တမဘက် ပြန်ချင်လို့လား”

“ဟင်အင်း..မပြန်ချင်ပါဘူး..ဒီမှာ မောင်ကြီးအောင်ဇေယျနဲ့က..ထမင်းလက်စုံစားခဲ့ပြီးပြီ”

လွီဇာက ပြုံးလိုက်သည်။

“အင်း..ဒါဆိုရင်တော့ ဟံသာဝတီအခြေအနေသိချင်တာ..အောင်ဇေယျထင်ပါရဲ့..ကဲ..မိငယ်..နေမစောင်းခင် အင်းဝကို အပြင်းနှင်ရဦးမှာမို့အေ”

လွီဇာက စကားကို ဖြတ်ကာ ထွက်လာခဲ့၏။

“ကသည်းစစ်တဲ့....သူတို့ တကယ်ပြန်လာနိုင်လား..ကိုတွန်”

“ပထမ ဘုရင်ကြီးလက်ထက်ကတော့ သူတို့ အထိနာပြီး ပြန်ဆုတ်သွားကြတာပဲ....ဒါပေမယ့်...မိုးကုန်ခါနီးဆို ဒီလိုပဲ စစ်သတင်း..ကောလဟလတွေက ကြားရတတ်ပါတယ်”

“အောင်ဇေယျ က မိငယ်ကို စစ်ကိုင်းမှာအထောက်တော်အဖြစ် ထားထားပုံပဲ..သူ့ဆီက သတင်းဆိုတော့ သတိတော့ ထားရမယ်”

“ကျုပ်ကတော့....အောင်ဇေယျထက်...ကိုးသိန်းသခင်ကို ပိုသတိထားတယ်”

“ဘာဖြစ်လို့တုန်း”

“ခင်ဗျားကြောင့်ပေါ့..လွီဇာ”

လွီဇာ က မြင်းပေါ်တွင် ထိုင်နေရင်း ငတွန်၏ မြင်းကို ခြေဖြင့် လှမ်းကန်လိုက်သည်။

ထို့နောက် မြင်းကို ရှေ့မှ ဒုံးစိုင်းနှင်လိုက်၏။

ငတွန်က မြင်းပေါ်တွင် ထိုင်ရင်း ပြုံးကျန်ရစ်သည်။

...........................................................................................................................

“ဟဲ့..ချစ်မြ..လှည်းနောက်မှ ပါလာတဲ့ မြင်းစီးက မိန်းမတစ်ယောက်ပါလားဟဲ့..ကြည့်စမ်းပါဦး..နေဝင်ရီတရောကြီး ဆံပင်ဖားလျားချလို့..အပတွေ ဘာတွေများလား..မှန်း”

ဒေါ်ဇံကုလား က လက်ကို မျက်ခုံးပေါ်တင်ရင်း သေချာကြည့်လိုက်၏။

ဘေးတွင်ထိုင်နေသော ချစ်မြက မြင်ကွင်းကို သေချာကြည့်သည်။

တဖြည်းဖြည်း မြင်ကွင်းက နီးလာ၏။

“လွီဇာ ပဲ..ဘယ့်နှယ့်..မြင်းစီးတာ တယ်ဟန်ကျတာကလား”

ချစ်မြ၏ စကားသံကြောင့် လှည်းမောင်းနေသော ချစ်ဝပင် နောက်သို့လှည့်ကြည့်လိုက်၏။

လမ်းက ကျဥ်းနေသဖြင့် လွီဇာ၏ မြင်းက လှည်းနားရောက်သည့်အခါ အရှိန်သတ်သွားသည်။

“ဟဲ့..ဒီသူငယ်မက မင်းနဲ့ သိလို့လား..ချစ်မြ”

ချစ်မြ က ပြုံးပြုံးရွှင်ရွှင်။

“သိပါသည်ကော..အမေ...အမေ့သားကြီး..ကိုးသိန်းသခင်ဆီ ဖမ်းခံရတာ သူ့ကြောင့်ပေါ့...သူ့ဆိုင်မှာ လာသောင်းကျန်းတဲ့ ဟိုလော်ညီနောင်ကို သူက ခံချလို့ အမေ့သားကြီးက ဝိုင်းချပေးရင် သတ်မိသွားတာလေ”

“ဟေ့..ကိုချစ်မြ..မဆိုင်တာတွေ မပြောနဲ့လေ”

လှည်းမောင်းနေသော ချစ်ဝက လှမ်းဟန့်သည်။

“သြော်...ချစ်မြ..ဘယ့်နှယ့်လဲ...ဟိုတခါ မီးလောင်တဲ့ညကတည်းက ပျောက်သွားလိုက်တာ..ဒါနဲ့..နင့်အကို ချစ်ညိုကြီး မပါဘူးလားဟေ့”

“မပါဘူး..မလွီဇာ..ခင်ဗျားကရော..မြင်းတွေဘာတွေစီးလို့..မင်းမှုထမ်းတွေမြင်ရင် ရာဇဘေးသင့်နေမှနော်”

လွီဇာက ခေါင်းမော့ကာ ရယ်လိုက်သည်။

“ကျွန်မက မြင်းစီးဘွဲ့ နန်းတော်က ပေးထားပြီးသားရှင့်..ဒါကြောင့်..စီးနေတာပေါ့”

ချစ်မြ က လွီဇာကို ငေးနေသည်။

အမျိုးသမီးတစ်ဦးအား နန်းတော်မှ မြင်းစီးဘွဲ့ပေးသည်ဆိုသဖြင့် ဒေါ်ဇံကုလားကလည်း တအံတသြဖြစ်သွား၏။

“ကဲ...လှည်းဘေးကပ်ပေးဖို့ ပြောပါဦး..ချစ်မြရေ...သွားလိုက်ပါဦးမယ်”

ချစ်ဝက လှည်းကို ဘေးချပေးလိုက်၏။

လွီဇာက မြင်းတင်ပါးကို ဗုံးခနဲ ပုတ်ကာ ကျော်တက်သွားတော့သည်။

“ချစ်မြ”

“ဗျာ..အမေ”

“နင်လို ကောင်မျိုးက ဒါမျိုး အာဂမိန်းမကို ရမှ ဖြစ်မှာ....ကြည့်စမ်း..မြင်းစီးဘွဲ့ နန်းတော်က ပေးလိုက်သတဲ့...ချစ်မြ..ဒါမျိုး ဒေါင်းတိမောင်းတိ မိန်းကလေးမျိုးကိုမှ ငါချွေးမတော်ချင်တာဟဲ့...နင်တို့ အသုံးမကျကြပါလား”

“ဟာ..အမေကလည်း”

“အမေကလည်း မလုပ်နဲ့....ဘုရင်ဂျီမ လှကလှ..ထက်က ထက်မယ့်ပုံနဲ့..ငါဖြင့် မင့်ကို သူနဲ့သာ ပြေးမြင်တာပဲ”

ချစ်မြက ခေါင်းကုတ်သည်။

မကြာမီ နောက်မှ ငတွန်၏မြင်းက သူတို့လှည်းကို မှီလာပြန်၏။

“ကောင်မလေးက ဒီအကောင်နဲ့ အတူလာတာလားမသိဘူး..ချစ်မြ..နင်တော့လေ..ကျန်ရစ်ဖြစ်မယ်.. မရပါဘူး...ငါ ကြံစည်ပေးမှဖြစ်တော့မယ်”

“အမေ..လျှောက်မလုပ်ပါနဲ့ဗျာ.”

“ဟဲ့..ဘာလျှောက်လုပ်ရမလဲ..ခုနကဖြင့် ပါးစပ်ကြီးဟောင်းလောင်းနဲ့ လိုက် ကြည့်နေပြီးတော့”

လှည်းမောင်းနေသော ချစ်ဝက တဟားဟားဖြင့်‌ အော်ရယ်လိုက်သည်။

.....................................................................................................

“ပုပ္ပါးမိဖုရားအဆောင်က ကုန်သည်ကြီးလွီဇာဒီမဲလိုး ကို အခေါ်တော်ရှိလိုက်ပါတယ်”

နန်းတော်အနောက်ဆောင်တွင် စားတော်ကဲတုရင်ဗလ နှင့်အတူ ဗျစ်ရည်၊ ဗျန်ရည် မှာသွင်းရမည့် စာရင်းများလုပ်နေစဥ် မိန်းမစိုးတစ်ဦးက ဝင်လာသည်။

နန်းတွင်းမိန်းမစိုးများမှာ ယောက်ျားအင်္ဂါမစုံလင်သူ နတ်ကွပ်အချို့ရှိသကဲ့သို့ အများစုမှာ ကာယဗလတောင့်တင်းသော မိန်းမကြီးများဖြစ်ကြသည်။

တနည်းအားဖြင့် နန်းတော်အနောက်ဆောင်ရှိ မိဖုရားများကို စောင့်ရှောက်ရသော နန်းတွင်းရဲမေများ ဖြစ်သည်။

မိန်းမစိုးအဖြစ် တာဝန်ထမ်းဆောင်ရန် သန်စွမ်းသောကာယဗလရှိခြင်း၊ စိတ်ဓာတ်ထက်မြက်ခက်ထန် ခြင်း၊ အနာရောဂါကင်းရှင်းသူများဖြစ်ခြင်း၊ စာရေးစာဖတ်တတ်မြောက်ပြီး နန်းတွင်းသုံး အလေ့အထ အသုံးအနှုန်းများတွင် ကျွမ်းကျင်သူဖြစ်ရန် လိုအပ်သည်။

အများအားဖြင့် မိန်းမစိုးအုပ်စုမှာ မြို့ဝန်၊ တံခါးဝန်းမှူး အစရှိသည့် အလယ်အလတ်တန်းအရာရှိများ၏ မယားငယ်များဖြစ်ကြသည်။

သူတို့သည် ထမီရင်လျား၊ ပုဝါနီစည်းပြီး ရွှေနားတောင်းကြီးများ ပန်ဆင်ခွင့်ရရှိကြသည်။

ပုပ္ပါးမိဖုရား သည် မဟာဓမ္မရာဇာ၏ မိဖုရားမဟုတ်ပဲ...၄င်း၏ဖခင်ဖြစ်သူ တနင်္ဂနွေမင်း၏ မိဖုရားဖြစ်သည်။

မဟာဓမ္မရာဇာ၏ အဘိုးဖြစ်သူ စနေမင်းလက်ထက်က  မဏိပူရဘုရင် ပီတန်ဘားသည် သမီးတော် နီလာခမ်း ကို ပဏ္ဏာတော်အဖြစ် ဆက်သခဲ့ရသည်။

နီလာခမ်းကို စနေမင်းက ပုပ္ပါးနယ်ကိုစားစေခဲ့ပြီး တကျွန်းမင်းသမီးဘွဲ့ခံယူစေကာ သားတော် အိမ်ရှေ့စံ တနင်္ဂနွေမင်း၏ မိဖုရားငယ်အဖြစ် ပေးခဲ့သည်။

နီလာခမ်း ခေါ် ပုပ္ပါးမိဖုရားသည် မောင်ဖြူနှင့် မောင်မင်းဟူသော သားတော်နှစ်ပါးထွန်းကားခဲ့သည်။

ယခု နီလာခမ်းသည် အနောက်ဆောင်စားတော်ဆောင်များကို စားတော်ကဲနှင့်အတူ ကွပ်ကဲရသူလည်းဖြစ်သည်။

ထို့ကြောင့် နီလာခမ်းမှ အခေါ်တော်ရှိသည်ဆိုသဖြင့် လွီဇာမှာ မိန်းမစိုးနှင့်အတူ မိဖုရားဆောင်သို့ လိုက်လာခဲ့၏။

နီလာခမ်းသည် အသားဖြူဖြူ ပိန်ပိန်သေးသေးညှက်ညှက်ဖြစ်သည်။

သို့သော် နှာခေါင်းချွန်ချွန်၊ မေးလုံးလုံးဖြင့် ချစ်စဖွယ်အမူအရာရှိသည်။

“တော်ရာမှာ သင့်သလို ခစားပါ..နှမကုန်သည်တော်”

သလွန်ပေါ်တွင် လျောင်းလျက် ထိုင်နေသော နီလာခမ်းက ဒူးတုပ်ခစားနေသည့် လွီဇာကို ပြောလိုက်သည်။

လွီဇာက ဝပ်တွားရာမှ ပုံစံပြောင်းကာ လက်အုပ်ချီထားလိုက်၏။

“ဘုရင့် စားတော်ပွဲတွေထဲ ဗျစ်ရည်၊ ဗျန်ရည်တွေက ဒီက နှမကုန်သည်တော်ကြီးက ဆက်သွင်းတာဆို”

“မှန်ပါ..ပြင်သစ်.ပြည်ဖြစ်များပါ..ဘုရား..သန်လျင်ဆိပ်ကမ်းကနေ ကုန်သွယ်ယူခဲ့ခြင်းပါ”

“အင်း..ဘုရင်ကြီးကျန်းမာရေးအတွက် နည်းနည်းဆွေးနွေးခြင်သေးတယ်..ဟဲ့..ဒေါ်ဇာ...ပြတင်းတံခါးတွေ သွားပိတ်..အပြင်က လူရိပ်လူခြေကြည့်ကွယ်..ထူးရင်..ငါ့လာပြောချေ.ငါ ဘုရင်ကြီးရဲ့ ကျန်းမာရေးကို အတွင်းရေးပြောမှာမို့..လူအများသိခံလို့မဖြစ်”

ဘုရင်က အထူးယုံကြည်ပြီး စားတော်ပွဲပြင်ခိုင်းလေ့ရှိသူ မိထွေးတော်ဖြစ်သဖြင့် မိန်းမစိုးကြီးမှာ စောဒက မတက်ဝံ့။

နန်းဆောင်ပတ်ချာလည်မှ တံခါးများကို လိုက်ပိတ်ပြီး အပြင်သို့ ထွက်သွား၏။

မိန်းမစိုးထွက်သွားပြီးနောက် နီလာခမ်းက သလွန်ပေါ်မှ ထလာသည်။

လွီဇာ၏ ဘေး ကြမ်းပြင်တွင် ကပ်ထိုင်လိုက်၏။

“ကုန်သည်ကြီးက မြင်းစီးဘွဲ့ ဘုရင့်ဆီက ရထားတယ်ဆို”

“မှန်ပါ”

“အိန်း..အမျိုးသမီးမြင်းစီး ဆိုတာ..ငါဒီနန်းတော်မှာ နေတဲ့ကာလတစ်လျှောက် ဒါပထမဆုံး ကြားဖူးခြင်းပဲ..အင်းလေ....မင်းက သာမန်မိန်းမမှ မဟုတ်တာပဲ”

လွီဇာက သူ့နားကပ်ခါ လေသံဖြင့် ပြောနေသော နီလာခမ်းကို အကဲခတ်လိုက်သည်။

“ဟော့ဒီ စုံပုဝါလေးနဲ့ လူတစ်ယောက်လုံးကို သတ်ခဲ့တာနော်”

“ရှင်”

“အော်...ဟိုတနေ့ညတုန်းက ပြောပါတယ်....ဟော့ဒီ ရင်စည်းပုဝါလေးတစ်ထည် နဲ့နော်...ဟိုလူခမြာ...မချိမဆန့်ပဲ..အင်း.. အဲ့ဒီညက မြင်ကွင်းကို အခုထိ မျက်စိထဲက မထွက်ဘူး..”

နီလာခမ်းက လွီဇာ ၏ အပေါ်ပိုင်းတွင် ခြုံထားသော ပုဝါစကို ကိုင်ကာ ပြောလိုက်၏။

လွီဇာ ၏ ရင်ခုန်သံတို့ ဒိတ်ခနဲ။

 

ခက်ဇော်



(Zawgyi)

AVA 1740s

                                            အခန္း(၁၂)    

                                ...............................................

ထမီကိုရင္လ်ားတြင္ ပုဝါနီစည္းထားေသာ အေနာက္ေဆာင္မိန္းမစိုးအရာရွိ မစာ သည္ နန္းေဆာင္အတြင္းသို႔ အလန႔္တၾကားေျပးဝင္လာသည္။

“လုပ္ၾကပါဦး..ဟိုမွာ ေသေနၿပီ..ဘုရား..ေသေနၿပီဘုရား”

သူ႔အသံၾကားသည္ႏွင့္ နန္းေဆာင္နေဘးရွိ ဘုရင္ကိုယ္ရံ‌ေတာ္တပ္က ႐ုတ္တရက္ဝင္လာကာ နန္းေဆာင္တစ္ခုလုံးကို ဝိုင္းထားလိုက္ၾကသည္။

“တစ္ေယာက္မွ အျပင္မထြက္နဲ႔..ဒူးတုပ္ထား...တစုံတစ္ခုလႈပ္တာရွားတာျမင္ရင္ ခုတ္သတ္မယ္”

နန္းမေတာ္ဝန္ အက္ဂါမိုင္းနပ္စ္၏ အသံက ဟိန္းထြက္လာ၏။

“ေတာ္ႀကီးဘုရားကို ... နန္းမေတာ္ေဆာင္ကို ပို႔ဖို႔ ေဝါျပင္ၾက”

မဟာဓမၼရာဇာဓိပတိသည္ အမူးရွိန္မေျပေသးေသာ္လည္း အေျခအေနကို ႐ုတ္တရက္ မွင္တက္ေနသည္။

“ကိုယ္ေတာ္...ျပန္ႂကြဖို႔လိုၿပီဘုရား.ဥယ်ာဥ္ေတာ္ထဲမွ လူတစ္ေယာက္ အသတ္ခံထားရပါတယ္”

ကိုးသိန္းသခင္က ရွင္ဘုရင္ေလးကို ေဖးမကာ ေဝါေပၚသို႔ တင္ေပးလိုက္သည္။

“အာကာေ႐ႊေတာင္...ဘယ္သူ လဲ..ဘယ္သူသတ္ခံရတာလဲ”

ကိုးသိန္းသခင္က အက္ဂါမိုင္းနပ္စ္အနီးသို႔ သြားကာ ေမးလိုက္သည္။

“သူႂကြယ္ႀကီးေလာ္တာဖုန္းပါ..အေစာပိုင္းက ကြၽန္ေတာ္မ်ိဳးနဲ႔ စကားေျပာေနတာ.. ဥယ်ာဥ္ထဲ ခဏဆိုၿပီး ထြက္သြားတာ..အခု လည္စိညႇစ္ခံရၿပီးေသၿပီတဲ့”

“ဘယ္သူသတ္သြားတာလဲ..ျမင္လိုက္ၾကလား”

“ဒီေန႔ အေနာက္ေဆာင္တာဝန္က် ပုပၸါးမိဖုရားက ရွင္ဘုရင္ေလး အေခၚေတာ္ရွိတယ္ဆိုလို႔ ဒီဘက္ကို ကူးလာရင္း ေတြ႕တာပါ”

“ပုပၸါးမိဖုရားဘယ္မွာလဲ”

“အေလာင္းေကာင္ကို ျမင္ၿပီး ေၾကာက္လန႔္ၿပီး ျပန္သြားပါၿပီ..မိန္းမစိုးအရာရွိက သတင္းလာေပးတာပါ”

ကိုးသိန္းသခင္က နန္းေဆာင္အတြင္း ၿငိမ္သက္ေနေသာ လူမ်ားကို မ်က္လုံးေဝ့ၾကည့္လိုက္သည္။

ေထာင့္တစ္ေနရာတြင္ ေခါင္းငုံ႔လ်က္ရွိေသာ လြီဇာကို ျမင္လိုက္ရမွ သက္ျပင္းခ်လိုက္၏။

“ေအး..နန္းေတာ္ႀကီး ထြက္ေပါက္ေတြ အကုန္ပိတ္...ဒီခန္းမထဲမွာ ပြဲလာတက္ၿပီး အခုေပ်ာက္ေနတဲ့လူစာရင္းကိုလည္း စစ္ေၾကာေခ်..နန္းေစာင့္တပ္ကို နင္ကိုယ္တိုင္ေသခ်ာႀကီဂၾကပ္...ဘုန္းေတာ္ႀကီးဘုရားစံျမန္းမယ့္အေဆာင္ကို ေစာင့္ဖို႔ ငါ့စဥ္ကိုင္တပ္က လူေတြ လႊတ္လိုက္မယ္”

ကိုးသိန္းသခင္ က ေရးႀကီးသုတ္ျပာျဖင့္ထြက္သြားသည္။

ခဏအၾကာတြင္ နန္းေတာ္ေစာင့္တပ္မ်ားေရာက္လာၿပီး နန္းေဆာင္ထဲတြင္ရွိေသာ လူမ်ားအား တစ္ဦးခ်င္း စိစစ္ၾကေတာ့သည္။

အသတ္ခံရသူ အင္းဝၿမိဳ႕ သူႂကြယ္စာရင္းဝင္ ေလာ္တာဖုန္း မွာ ဝန္ႀကီးဦးပု ႏွင့္ အလြန္ရင္းႏွီးသူျဖစ္ၿပီး ဦးပု၏ ရဲတစ္ေထာင္ ေနာင္တစ္ရာ စီမံကိန္းအတြက္ ေငြေၾကးအဓိကေထာက္ပံ့ေပးေနသူလည္းျဖစ္သည္။

ထိုအခ်က္ေၾကာင့္ သတ္ျဖတ္သူမွာ ဦးပု ႏွင့္ ၾသဇာၿပိဳင္ဘက္ ဝန္ႀကီးဦးေ႐ႊၿဖိဳး ဘက္မွ ျဖစ္ႏိုင္ေၾကာင္း ေကာက္ခ်က္ဆြဲၾကသည္။

ကိုးသိန္းသခင္က မူ ထိုညက နန္းေဆာင္တြင္း လြီဇာပါ ရွိေနသျဖင့္ စိတ္ထဲတြင္ ဒြိဟျဖစ္ေနေတာ့သည္။

...................................................................................................

“ေမာင္ငယ္ကိုတြန္...အင္းဝေရာက္ၿပီးကတည္းက ကြၽန္မကို ဆက္ဆံတာ တေျဖာင့္တတန္းႀကီး ဆက္ဆံေနပါ့လား..ဘာမ်ားျဖစ္လို႔တုန္း”

စစ္ကိုင္းရွိ ရွမ္းျမင္းေစ်းပြဲတြင္ လြီဇာအတြက္ ျမင္းတစ္စီးဝယ္ယူရန္ ကိုးသိန္းသခင္က ငတြန္ကို ထည့္ေပးလိုက္ျခင္းျဖစ္သည္။

“ဘာမွမျဖစ္ပါဘူး..ခင္ဗ်ား ဟံသာဝတီမွာ အေတာ္မွ ေပ်ာ္ခဲ့ရဲ႕လား”

“အင္း...ေပ်ာ္တယ္ရယ္ေတာ့..ဘယ္ဟုတ္မလဲ.. ေအာက္ေမ့ရတဲ့သူမ်ားရွိတဲ့ အင္းဝကိုလည္း သတိေတာ့ရတာေပါ့”

“ေအာက္ေမ့ရတဲ့သူဆိုေတာ့..ကိုးသိန္းသခင္ကိုလား”

လြီဇာက မ်က္ေမွာင္ႀကဳံ႕ၿပီး ငတြန္ကို ၾကည့္လိုက္သည္။

“ရွင္..ဘာေျပာလိုက္တာလဲ”

“ေၾသာ္..ဟံသာဝတီသြားေနခ်ိန္ ကိုးသိန္းသခင္ကို ေအာက္ေမ့ေနတာလားလို႔”

“ေနပါဦး...ကြၽန္မနဲ႔ ကိုးသိန္းသခင္က ဘာမို႔လို႔ ကြၽန္မက ေအာက္ေမ့ရမွာလဲ”

ငတြန္ က ေခတၱမွ် တိတ္ဆိတ္သြားသည္။

“ဟိုဘက္ျခမ္းမွာ...ေဖာင္းဝတ္ေပ်ာက္ျမင္း တစ္ေကာင္ ခုန ေတြ႕ခဲ့တယ္..သြားၾကည့္ၾကမလား”

လြီဇာက ငတြန႔္စကားကို ေခါင္းခါၿပီး..ငတြန႔္ လက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။

“ကြၽန္မ ေမးတာကို ျပန္ေျဖဦး....ကိုးသိန္းသခင္ နဲ႔ ကြၽန္မကို ရွင္က ဘာထင္ေနတာလဲ”

ငတြန္က သူ႔ပုခုံးေပၚတြင္ တင္ထားေသာ လြီဇာ၏ လက္ေခ်ာင္းျဖဴျဖဴေလးကို တခ်က္ငဲ့ၾကည့္သည္။

“ကိုးသိန္းသခင္က...တခ်ိန္မွာ မင္းကို မယားငယ္အျဖစ္ သိမ္းပိုက္ၿပီး ေျမႇာက္စားမယ္တဲ့...ဝန္ကေတာ္ နဲ႔ ေျပာေနတာ..က်ဳပ္ ၾကားခဲ့တယ္”

“ဘာ”

“မင္းက ဝန္ကေတာ္ျဖစ္မွာေလ....ဘာျဖစ္တာလဲ”

“ကြၽန္မ ဝန္ကေတာ္မျဖစ္ခ်င္ဘူး... ကြၽန္မ က လြီဇာဒီမဲလိုး ပဲ..လြီဇာဒီမဲလိုးပဲ ျဖစ္ခ်င္တာ”

ငတြန္ ၏ မ်က္ႏွာက အနည္းငယ္ၿပဳံးသြားသည္။

“ကဲ..ျမင္းပြဲေစ်းက သိမ္းေတာ့မယ္..မင္းစိတ္ႀကိဳက္ တစ္ေကာင္ အျမန္ရွာပါဦး”

လြီဇာက ငတြန႔္ကို မႈန္ေတေတျဖင့္ ၾကည့္ကာ ျမင္းပြဲေစ်းတြင္း ဝင္ခဲ့ၾက၏။

ငတြန္ က လြီဇာစိတ္ႀကိဳက္ျမင္းမ်ားတြင္ ျမင္းေကာင္းတို႔၏ လကၡဏာျဖစ္ေသာ ႀကီးသုံးႀကီး၊ ငယ္သုံးငယ္၊ တိုသုံးတို၊ ရွည္သုံးရွည္၊ နယ္သုံးနက္၊ က်ယ္သုံးက်ယ္ စသည့္အခ်က္မ်ားပါမပါ  ၾကည့္ေပး၏။

ေနာက္ဆုံးတြင္ လြီဇာစိတ္ႀကိဳက္ ျမင္းနက္အမ်ိဳးအစားတေကာင္ကို ေငြစင္ ငါးဆယ့္ငါးက်ပ္ျဖင့္ဝယ္ယူႏိုင္ခဲ့သည္။

“ဟယ္..မမလြီဇာ..”

ျမင္းစီးလာေသာ လြီဇာကို ရွင္မိငယ္က အံၾသတႀကီးျဖင့္ ႏႈတ္ဆက္လိုက္၏။

ျမင္းပြဲေစ်းအတြင္းရွိ လူမ်ားကလည္း ငတြန္ႏွင့္အတူ ျမင္းစီးလာေသာ အမ်ိဳးသမီးကို အာ႐ုံစိုက္ေနၾကသည္။

“မိငယ္...ဘယ္လိုလဲ...ဖိုးေအာင္ေဇယ်ေရာ”

“သူ က တလတခါေလာက္ေတာ့..မိငယ္ဆီလာပါတယ္..မိငယ္ ဒီမွာ သြားေဆးဆိုးဆိုင္ဖြင့္ထားတယ္.. အိမ္ကို လိုက္လည္ၾကပါဦးလား”

“အမက ျမင္းလာဝယ္တာ...ေနမေစာင္းခင္ အင္းဝကို အေရာက္ျပန္ရဦးမွာမို႔..မိငယ္”

“တေလာက မိငယ္ အင္းဝေရာက္ေသးတယ္...အမတို႔ ေပၚတူဂီရပ္ကြက္ထဲ ေမးၾကည့္ေတာ့ အမ ဟံသာဝတီကိုသြားတယ္ဆိုလို႔”

“အင္း..ဟုတ္တယ္..ကိစၥတစ္ခုနဲ႔ပါ”

မိငယ္က လြီဇာ စီးလာေသာ ျမင္းကို အကဲခတ္ေနသည္ကို လြီဇာ သတိထားမိလိုက္သည္။

“အစ္မက အခု နန္းေတာ္တြင္းကို ကုန္ပစၥည္းတစ္ခု သြင္းခြင့္ရထားတယ္..အဲ့ဒါ ေတာ္ႀကီးဘုရားဆီက ျမင္းစီးခြင့္ပါ ရထားတယ္”

“ဟယ္..မမလြီဇာက က အထူးအဆန္းေနာ္..မိငယ္ျဖင့္ အင္းဝသူေတြ ျမင္းစီးတာ မေတြ႕ဖူးေပါင္..မိငယ္တို႔ မုတၱမ၊ ဟံသာဝတီဘက္ေတာ့ စီးၾကပါရဲ႕”

“ဒါလည္း ဟံသာဝတီမွာပဲ သင္ခဲ့တာေလ..မိငယ္”

မိငယ္က လြီဇာ၏ ျမင္းနားသို႔ တိုးကပ္လိုက္သည္။

“ဒါနဲ႔..ဟံသာဝတီေရာ..အေျခအေနတည္ၿငိမ္ရဲ႕လား...မမလြီဇာ”

မိငယ္၏ အေမးကို လြီဇာက မ်က္ေမွာင္ႀကဳံ႕ကာ ၾကည့္လိုက္၏။

“ဘာလို႔လဲ..မိငယ္..ဘာသတင္းၾကားလို႔လဲ”

“အင္း...မဟုတ္ပါဘူး..အခု ဒီစစ္ကိုင္းမွာေတာ့ ကသည္းစစ္ လာေတာ့မယ္လို႔ သတင္းေတြ ၾကားေနရတယ္...ဟံသာဝတီအေျခအေနေရာ ၿငိမ္ဝပ္ရဲ႕လားလို႔ပါ”

“မိငယ္က ဟံသာဝတီ မုတၱမဘက္ ျပန္ခ်င္လို႔လား”

“ဟင္အင္း..မျပန္ခ်င္ပါဘူး..ဒီမွာ ေမာင္ႀကီးေအာင္ေဇယ်နဲ႔က..ထမင္းလက္စုံစားခဲ့ၿပီးၿပီ”

လြီဇာက ၿပဳံးလိုက္သည္။

“အင္း..ဒါဆိုရင္ေတာ့ ဟံသာဝတီအေျခအေနသိခ်င္တာ..ေအာင္ေဇယ်ထင္ပါရဲ႕..ကဲ..မိငယ္..ေနမေစာင္းခင္ အင္းဝကို အျပင္းႏွင္ရဦးမွာမို႔ေအ”

လြီဇာက စကားကို ျဖတ္ကာ ထြက္လာခဲ့၏။

“ကသည္းစစ္တဲ့....သူတို႔ တကယ္ျပန္လာႏိုင္လား..ကိုတြန္”

“ပထမ ဘုရင္ႀကီးလက္ထက္ကေတာ့ သူတို႔ အထိနာၿပီး ျပန္ဆုတ္သြားၾကတာပဲ....ဒါေပမယ့္...မိုးကုန္ခါနီးဆို ဒီလိုပဲ စစ္သတင္း..ေကာလဟလေတြက ၾကားရတတ္ပါတယ္”

“ေအာင္ေဇယ် က မိငယ္ကို စစ္ကိုင္းမွာအေထာက္ေတာ္အျဖစ္ ထားထားပုံပဲ..သူ႔ဆီက သတင္းဆိုေတာ့ သတိေတာ့ ထားရမယ္”

“က်ဳပ္ကေတာ့....ေအာင္ေဇယ်ထက္...ကိုးသိန္းသခင္ကို ပိုသတိထားတယ္”

“ဘာျဖစ္လို႔တုန္း”

“ခင္ဗ်ားေၾကာင့္ေပါ့..လြီဇာ”

လြီဇာ က ျမင္းေပၚတြင္ ထိုင္ေနရင္း ငတြန္၏ ျမင္းကို ေျချဖင့္ လွမ္းကန္လိုက္သည္။

ထို႔ေနာက္ ျမင္းကို ေရွ႕မွ ဒုံးစိုင္းႏွင္လိုက္၏။

ငတြန္က ျမင္းေပၚတြင္ ထိုင္ရင္း ၿပဳံးက်န္ရစ္သည္။

...........................................................................................................................

“ဟဲ့..ခ်စ္ျမ..လွည္းေနာက္မွ ပါလာတဲ့ ျမင္းစီးက မိန္းမတစ္ေယာက္ပါလားဟဲ့..ၾကည့္စမ္းပါဦး..ေနဝင္ရီတေရာႀကီး ဆံပင္ဖားလ်ားခ်လို႔..အပေတြ ဘာေတြမ်ားလား..မွန္း”

ေဒၚဇံကုလား က လက္ကို မ်က္ခုံးေပၚတင္ရင္း ေသခ်ာၾကည့္လိုက္၏။

ေဘးတြင္ထိုင္ေနေသာ ခ်စ္ျမက ျမင္ကြင္းကို ေသခ်ာၾကည့္သည္။

တျဖည္းျဖည္း ျမင္ကြင္းက နီးလာ၏။

“လြီဇာ ပဲ..ဘယ့္ႏွယ့္..ျမင္းစီးတာ တယ္ဟန္က်တာကလား”

ခ်စ္ျမ၏ စကားသံေၾကာင့္ လွည္းေမာင္းေနေသာ ခ်စ္ဝပင္ ေနာက္သို႔လွည့္ၾကည့္လိုက္၏။

လမ္းက က်ဥ္းေနသျဖင့္ လြီဇာ၏ ျမင္းက လွည္းနားေရာက္သည့္အခါ အရွိန္သတ္သြားသည္။

“ဟဲ့..ဒီသူငယ္မက မင္းနဲ႔ သိလို႔လား..ခ်စ္ျမ”

ခ်စ္ျမ က ၿပဳံးၿပဳံး႐ႊင္႐ႊင္။

“သိပါသည္ေကာ..အေမ...အေမ့သားႀကီး..ကိုးသိန္းသခင္ဆီ ဖမ္းခံရတာ သူ႔ေၾကာင့္ေပါ့...သူ႔ဆိုင္မွာ လာေသာင္းက်န္းတဲ့ ဟိုေလာ္ညီေနာင္ကို သူက ခံခ်လို႔ အေမ့သားႀကီးက ဝိုင္းခ်ေပးရင္ သတ္မိသြားတာေလ”

“ေဟ့..ကိုခ်စ္ျမ..မဆိုင္တာေတြ မေျပာနဲ႔ေလ”

လွည္းေမာင္းေနေသာ ခ်စ္ဝက လွမ္းဟန႔္သည္။

“ေၾသာ္...ခ်စ္ျမ..ဘယ့္ႏွယ့္လဲ...ဟိုတခါ မီးေလာင္တဲ့ညကတည္းက ေပ်ာက္သြားလိုက္တာ..ဒါနဲ႔..နင့္အကို ခ်စ္ညိဳႀကီး မပါဘူးလားေဟ့”

“မပါဘူး..မလြီဇာ..ခင္ဗ်ားကေရာ..ျမင္းေတြဘာေတြစီးလို႔..မင္းမႈထမ္းေတြျမင္ရင္ ရာဇေဘးသင့္ေနမွေနာ္”

လြီဇာက ေခါင္းေမာ့ကာ ရယ္လိုက္သည္။

“ကြၽန္မက ျမင္းစီးဘြဲ႕ နန္းေတာ္က ေပးထားၿပီးသားရွင့္..ဒါေၾကာင့္..စီးေနတာေပါ့”

ခ်စ္ျမ က လြီဇာကို ေငးေနသည္။

အမ်ိဳးသမီးတစ္ဦးအား နန္းေတာ္မွ ျမင္းစီးဘြဲ႕ေပးသည္ဆိုသျဖင့္ ေဒၚဇံကုလားကလည္း တအံတၾသျဖစ္သြား၏။

“ကဲ...လွည္းေဘးကပ္ေပးဖို႔ ေျပာပါဦး..ခ်စ္ျမေရ...သြားလိုက္ပါဦးမယ္”

ခ်စ္ဝက လွည္းကို ေဘးခ်ေပးလိုက္၏။

လြီဇာက ျမင္းတင္ပါးကို ဗုံးခနဲ ပုတ္ကာ ေက်ာ္တက္သြားေတာ့သည္။

“ခ်စ္ျမ”

“ဗ်ာ..အေမ”

“နင္လို ေကာင္မ်ိဳးက ဒါမ်ိဳး အာဂမိန္းမကို ရမွ ျဖစ္မွာ....ၾကည့္စမ္း..ျမင္းစီးဘြဲ႕ နန္းေတာ္က ေပးလိုက္သတဲ့...ခ်စ္ျမ..ဒါမ်ိဳး ေဒါင္းတိေမာင္းတိ မိန္းကေလးမ်ိဳးကိုမွ ငါေခြၽးမေတာ္ခ်င္တာဟဲ့...နင္တို႔ အသုံးမက်ၾကပါလား”

“ဟာ..အေမကလည္း”

“အေမကလည္း မလုပ္နဲ႔....ဘုရင္ဂ်ီမ လွကလွ..ထက္က ထက္မယ့္ပုံနဲ႔..ငါျဖင့္ မင့္ကို သူနဲ႔သာ ေျပးျမင္တာပဲ”

ခ်စ္ျမက ေခါင္းကုတ္သည္။

မၾကာမီ ေနာက္မွ ငတြန္၏ျမင္းက သူတို႔လွည္းကို မွီလာျပန္၏။

“ေကာင္မေလးက ဒီအေကာင္နဲ႔ အတူလာတာလားမသိဘူး..ခ်စ္ျမ..နင္ေတာ့ေလ..က်န္ရစ္ျဖစ္မယ္.. မရပါဘူး...ငါ ႀကံစည္ေပးမွျဖစ္ေတာ့မယ္”

“အေမ..ေလွ်ာက္မလုပ္ပါနဲ႔ဗ်ာ.”

“ဟဲ့..ဘာေလွ်ာက္လုပ္ရမလဲ..ခုနကျဖင့္ ပါးစပ္ႀကီးေဟာင္းေလာင္းနဲ႔ လိုက္ ၾကည့္ေနၿပီးေတာ့”

လွည္းေမာင္းေနေသာ ခ်စ္ဝက တဟားဟားျဖင့္‌ ေအာ္ရယ္လိုက္သည္။

.....................................................................................................

“ပုပၸါးမိဖုရားအေဆာင္က ကုန္သည္ႀကီးလြီဇာဒီမဲလိုး ကို အေခၚေတာ္ရွိလိုက္ပါတယ္”

နန္းေတာ္အေနာက္ေဆာင္တြင္ စားေတာ္ကဲတုရင္ဗလ ႏွင့္အတူ ဗ်စ္ရည္၊ ဗ်န္ရည္ မွာသြင္းရမည့္ စာရင္းမ်ားလုပ္ေနစဥ္ မိန္းမစိုးတစ္ဦးက ဝင္လာသည္။

နန္းတြင္းမိန္းမစိုးမ်ားမွာ ေယာက္်ားအဂၤါမစုံလင္သူ နတ္ကြပ္အခ်ိဳ႕ရွိသကဲ့သို႔ အမ်ားစုမွာ ကာယဗလေတာင့္တင္းေသာ မိန္းမႀကီးမ်ားျဖစ္ၾကသည္။

တနည္းအားျဖင့္ နန္းေတာ္အေနာက္ေဆာင္ရွိ မိဖုရားမ်ားကို ေစာင့္ေရွာက္ရေသာ နန္းတြင္းရဲေမမ်ား ျဖစ္သည္။

မိန္းမစိုးအျဖစ္ တာဝန္ထမ္းေဆာင္ရန္ သန္စြမ္းေသာကာယဗလရွိျခင္း၊ စိတ္ဓာတ္ထက္ျမက္ခက္ထန္ ျခင္း၊ အနာေရာဂါကင္းရွင္းသူမ်ားျဖစ္ျခင္း၊ စာေရးစာဖတ္တတ္ေျမာက္ၿပီး နန္းတြင္းသုံး အေလ့အထ အသုံးအႏႈန္းမ်ားတြင္ ကြၽမ္းက်င္သူျဖစ္ရန္ လိုအပ္သည္။

အမ်ားအားျဖင့္ မိန္းမစိုးအုပ္စုမွာ ၿမိဳ႕ဝန္၊ တံခါးဝန္းမႉး အစရွိသည့္ အလယ္အလတ္တန္းအရာရွိမ်ား၏ မယားငယ္မ်ားျဖစ္ၾကသည္။

သူတို႔သည္ ထမီရင္လ်ား၊ ပုဝါနီစည္းၿပီး ေ႐ႊနားေတာင္းႀကီးမ်ား ပန္ဆင္ခြင့္ရရွိၾကသည္။

ပုပၸါးမိဖုရား သည္ မဟာဓမၼရာဇာ၏ မိဖုရားမဟုတ္ပဲ...၄င္း၏ဖခင္ျဖစ္သူ တနဂၤေႏြမင္း၏ မိဖုရားျဖစ္သည္။

မဟာဓမၼရာဇာ၏ အဘိုးျဖစ္သူ စေနမင္းလက္ထက္က  မဏိပူရဘုရင္ ပီတန္ဘားသည္ သမီးေတာ္ နီလာခမ္း ကို ပဏၰာေတာ္အျဖစ္ ဆက္သခဲ့ရသည္။

နီလာခမ္းကို စေနမင္းက ပုပၸါးနယ္ကိုစားေစခဲ့ၿပီး တကြၽန္းမင္းသမီးဘြဲ႕ခံယူေစကာ သားေတာ္ အိမ္ေရွ႕စံ တနဂၤေႏြမင္း၏ မိဖုရားငယ္အျဖစ္ ေပးခဲ့သည္။

နီလာခမ္း ေခၚ ပုပၸါးမိဖုရားသည္ ေမာင္ျဖဴႏွင့္ ေမာင္မင္းဟူေသာ သားေတာ္ႏွစ္ပါးထြန္းကားခဲ့သည္။

ယခု နီလာခမ္းသည္ အေနာက္ေဆာင္စားေတာ္ေဆာင္မ်ားကို စားေတာ္ကဲႏွင့္အတူ ကြပ္ကဲရသူလည္းျဖစ္သည္။

ထို႔ေၾကာင့္ နီလာခမ္းမွ အေခၚေတာ္ရွိသည္ဆိုသျဖင့္ လြီဇာမွာ မိန္းမစိုးႏွင့္အတူ မိဖုရားေဆာင္သို႔ လိုက္လာခဲ့၏။

နီလာခမ္းသည္ အသားျဖဴျဖဴ ပိန္ပိန္ေသးေသးညႇက္ညႇက္ျဖစ္သည္။

သို႔ေသာ္ ႏွာေခါင္းခြၽန္ခြၽန္၊ ေမးလုံးလုံးျဖင့္ ခ်စ္စဖြယ္အမူအရာရွိသည္။

“ေတာ္ရာမွာ သင့္သလို ခစားပါ..ႏွမကုန္သည္ေတာ္”

သလြန္ေပၚတြင္ ေလ်ာင္းလ်က္ ထိုင္ေနေသာ နီလာခမ္းက ဒူးတုပ္ခစားေနသည့္ လြီဇာကို ေျပာလိုက္သည္။

လြီဇာက ဝပ္တြားရာမွ ပုံစံေျပာင္းကာ လက္အုပ္ခ်ီထားလိုက္၏။

“ဘုရင့္ စားေတာ္ပြဲေတြထဲ ဗ်စ္ရည္၊ ဗ်န္ရည္ေတြက ဒီက ႏွမကုန္သည္ေတာ္ႀကီးက ဆက္သြင္းတာဆို”

“မွန္ပါ..ျပင္သစ္.ျပည္ျဖစ္မ်ားပါ..ဘုရား..သန္လ်င္ဆိပ္ကမ္းကေန ကုန္သြယ္ယူခဲ့ျခင္းပါ”

“အင္း..ဘုရင္ႀကီးက်န္းမာေရးအတြက္ နည္းနည္းေဆြးေႏြးျခင္ေသးတယ္..ဟဲ့..ေဒၚဇာ...ျပတင္းတံခါးေတြ သြားပိတ္..အျပင္က လူရိပ္လူေျခၾကည့္ကြယ္..ထူးရင္..ငါ့လာေျပာေခ်.ငါ ဘုရင္ႀကီးရဲ႕ က်န္းမာေရးကို အတြင္းေရးေျပာမွာမို႔..လူအမ်ားသိခံလို႔မျဖစ္”

ဘုရင္က အထူးယုံၾကည္ၿပီး စားေတာ္ပြဲျပင္ခိုင္းေလ့ရွိသူ မိေထြးေတာ္ျဖစ္သျဖင့္ မိန္းမစိုးႀကီးမွာ ေစာဒက မတက္ဝံ့။

နန္းေဆာင္ပတ္ခ်ာလည္မွ တံခါးမ်ားကို လိုက္ပိတ္ၿပီး အျပင္သို႔ ထြက္သြား၏။

မိန္းမစိုးထြက္သြားၿပီးေနာက္ နီလာခမ္းက သလြန္ေပၚမွ ထလာသည္။

လြီဇာ၏ ေဘး ၾကမ္းျပင္တြင္ ကပ္ထိုင္လိုက္၏။

“ကုန္သည္ႀကီးက ျမင္းစီးဘြဲ႕ ဘုရင့္ဆီက ရထားတယ္ဆို”

“မွန္ပါ”

“အိန္း..အမ်ိဳးသမီးျမင္းစီး ဆိုတာ..ငါဒီနန္းေတာ္မွာ ေနတဲ့ကာလတစ္ေလွ်ာက္ ဒါပထမဆုံး ၾကားဖူးျခင္းပဲ..အင္းေလ....မင္းက သာမန္မိန္းမမွ မဟုတ္တာပဲ”

လြီဇာက သူ႔နားကပ္ခါ ေလသံျဖင့္ ေျပာေနေသာ နီလာခမ္းကို အကဲခတ္လိုက္သည္။

“ေဟာ့ဒီ စုံပုဝါေလးနဲ႔ လူတစ္ေယာက္လုံးကို သတ္ခဲ့တာေနာ္”

“ရွင္”

“ေအာ္...ဟိုတေန႔ညတုန္းက ေျပာပါတယ္....ေဟာ့ဒီ ရင္စည္းပုဝါေလးတစ္ထည္ နဲ႔ေနာ္...ဟိုလူချမာ...မခ်ိမဆန႔္ပဲ..အင္း.. အဲ့ဒီညက ျမင္ကြင္းကို အခုထိ မ်က္စိထဲက မထြက္ဘူး..”

နီလာခမ္းက လြီဇာ ၏ အေပၚပိုင္းတြင္ ၿခဳံထားေသာ ပုဝါစကို ကိုင္ကာ ေျပာလိုက္၏။

လြီဇာ ၏ ရင္ခုန္သံတို႔ ဒိတ္ခနဲ။


 


ခက္ေဇာ္

Comments

Post a Comment